Zawgyi
"အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴ နဲလ္ ထရစ္တာရာနဲ႕သခင္ေလးဒန္နာရီ ႂကြခ်ီလာၿပီ" အေစာင့့္ေရွာက္တစ္ဦးရဲ႕က်ယ္ေလာင္တဲ့အသံနဲ႕အတူ ခန္းမတံခါးႀကီးဟာလည္း ပြင့္သြားေတာ့သည္၊လူတိုင္းရဲ႕အာ႐ုံဟာ တံခါးဆီကို ေရာက္ရွိသြားေတာ့သည္၊ အိမ္ေရွ႕စံမင္းသားဟာ သူတို႔အင္ပါယာရဲ႕ပါရမီရွင္တစ္ဦးျဖစ္တာေၾကာင့္ လူတိုင္းဟာလည္း အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴရဲ႕တြဲဖက္ကို သိခ်င္သြားေတာ့သည္၊
လူတိုင္းဟာ အိမ္ေရွ႕စံမင္းသားနဲ႕အတူ ခန္းမပါတီထဲဝင္လာတဲ့သူကို ဝိုင္းၾကည့္ေနၾကေတာ့သည္၊အိမ္ေရွ႕စံမင္းသားရဲ႕တြဲဖက္ဟာ ငယ္႐ြယ္ေသးၿပီး ၾကည့္ေကာင္းသည္ကိုျမင္ခ်ိန္မွာ တစ္ခ်ိဳ႕လူေတြရဲ႕မ်က္ဝန္းထဲမွာ မနာလိုမႈမ်ားျဖတ္သန္းသြားေတာ့သည္၊
ဒန္နာရီရဲ႕႐ုပ္ရည္ဟာ ထူးျခားလွၿပီး ျမင္တဲ့သူတိုင္း ေငးမၾကည့္ဘဲ မေနနိုင္တဲ့အလွမ်ိဳးပိုင္ဆိုင္ထားသည္၊ရွင္းရွင္းေျပာရရင္ တမူထူးျခားတဲ့အလွေလးျဖစ္သည္၊
"လွေတာ့ေကာ ဘာျဖစ္လဲ သူ႕မွာမ်ိဳးရိုးနာမည္မွ မရွိတာ သာမန္လူတန္းစားကလူပဲေနမယ္" အိမ္ေရွ႕မင္းသားကို သေဘာက်ေနတဲ့သူတစ္ေယာက္ဟာ မေက်နပ္စြာေျပာလိုက္သည္၊အေစာက္အေရွာက္နာမည္ေအာ္လိုက္ခ်ိန္မွာ နာမည္တစ္ခုတည္းသာေအာ္ခဲ့ၿပီး မ်ိဳးရိုးနာမည္မေအာ္ခဲ့တာေၾကာင့္ သူတို႔ေတြဟာ အထင္ေသးေနေတာ့သည္၊
"အိမ္ေရွ႕စံမင္းသား ေရာက္လာၿပီပဲ" ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေပါက္နဲ႕လူငယ္ေလးဟာ ထရစ္ခ်ဴကို ဂါဝရျပဳရင္း ႏူတ္ဆက္လိုက္သည္၊သူဟာ ထရစ္ခ်ဴရဲ႕တြဲဖက္အျဖစ္ပါလာတဲ့ဒန္နာရီကို တစ္ခ်က္ေတာင္ မၾကည့္ေပ၊ဒါေပမယ့္ ဒန္နာရီကလည္း စိတ္ထဲမထားေပ၊သူနဲ႕ထရစ္ခ်ဴဟာ အေပးအယူသေဘာမ်ိဳးျဖင့္ အလုပ္တူတူလုပ္ေနတဲ့သူေတြသာျဖစ္သည္၊
"အိမ္ေရွ႕စံမင္းသားက စစ္ေဆးမႈမွာ ယွဥ္ၿပိဳင္မွာမလား...ကြၽန္ေတာ္ေတာ့ သိပ္ကိုစိတ္လႈပ္ရွားေနၿပီ" လူငယ္ရဲ႕မ်က္ႏွာဟာ ရွက္ေသြးျဖာေနၿပီး သူဟာ စိတ္လႈပ္ရွားေနတဲ့အမူအရာနဲ႕ေျပာေနေတာ့သည္၊အိမ္ေရွ႕စံမင္းသားဟာ ေခါင္းတစ္ခ်က္သာညိတ္လိုက္ၿပီး ဒန္နာရီဘက္ကို ၾကည့္လိုက္သည္၊
"ပ်င္းေနလား စစ္ေဆးမႈက အင္ပါယာမင္းလာမွ စလိမ့္မယ္ ကိုယ္တို႔ ကၾကမလား" ထရစ္ခ်ဴစကားေၾကာင့္ ဒန္နာရီဟာ ထရစ္ခ်ဴကို ေမာ့ၾကည့္လိုက္ၿပီး ေခါင္းခါလိုက္သည္၊
"ကြၽန္ေတာ္ မကတတ္ဘူး"
"မင္းက ဘယ္လိုေတာင္ အိမ္ေရွ႕စံမင္းသားရဲ႕ဖိတ္ေခၚမႈကို ျငင္းရဲတာလဲ" ထရစ္ခ်ဴနဲ႕ဒန္နာရီဟာ သူတို႔ဘာသာစကားေျပာဆိုေနေပမယ့္ စကားသံဟာ အနီးနားကလူေတြ ၾကားရန္လုံေလာက္တယ္၊ထိုေၾကာင့္ သူတို႔နား ရစ္သီရစ္သီလုပ္ေနတဲ့လူငယ္ဟာ ေဒါသထြက္သြားစြာျဖင့္ ဒန္နာရီကို အျပစ္တင္ေျပာဆိုေတာ့သည္၊
"မင္းထြက္သြားစမ္း" ထရစ္ခ်ဴဟာ ဒန္နာရီကို သူ႕ဘက္ဆြဲေခၚလိုက္ၿပီး ထိုလူငယ္ကို ေအးစက္စြာေျပာဆိုလိုက္သည္၊ထိုလူငယ္ဟာ ထိတ္လန့္သြားၿပီးေနာက္မွာ ရွက္႐ြံ႕မႈေၾကာင့္ မ်က္ရည္မ်ားက်လာၿပီး ေျပးထြက္သြားေတာ့သည္၊
"ကြၽန္ေတာ္ တကယ္ မကတတ္ဘူး" ဒန္နာရီဟာ ငိုယိုၿပီးေျပးထြက္သြားတဲ့သူရဲ႕ေက်ာျပင္ကိုၾကည့္ရင္း ထရစ္ခ်ဴကို ခပ္တိုးတိုးေလးေျပာလိုက္သည္၊အရင္ဘဝကလည္း သူရဲ႕အခ်ိန္ေတြကို စစ္ေျမျပင္မွာ ကုန္ဆုံးခဲ့ရသလို ဒီဘဝမွာလည္း အထက္တန္းလႊာသခင္ေလးေတြ အကပညာရပ္ကို ဒန္နာရီဟာ မသင္ယူရေသးေပ၊
"ကိုယ္ နားလည္ပါတယ္" ထရစ္ခ်ဴဟာ ၿပဳံးရင္းေျပာလိုက္သည္၊ထိုေနာက္မွာ ဆံပင္ေငြေရာင္နဲ႕ၾကည့္ေကာင္းၿပီးလွပတဲ့လူငယ္ေလးဟာ ထရစ္ခ်ဴတို႔ဆီေရာက္လာေတာ့သည္၊
"အိမ္ေရွ႕စံမင္းသားနဲ႕သခင္ေလးဒန္နာရီကို ဂါဝရျပဳပါတယ္" ထိုလူငယ္ဟာ ျဖဴစင္စြာၿပဳံးရင္း ႏူတ္ဆက္လိုက္သည္၊အိမ္ေရွ႕စံမင္းသားဟာ ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး ဒန္နာရီကလည္း ျပန္ႏူတ္ဆက္လိုက္သည္၊
"သခင္ေလးအန္ရီနာဟာ နတ္သားေလးလိုပဲ၊သူက ဒန္နာရီလို သာမန္လူတန္းစားကိုေတာင္ ေလးေလးစားစားႏူတ္ဆက္ေပးတယ္"
"သခင္ေလးအန္ရီနာက အလင္းရဲ႕သားေတာ္အျဖစ္ေမြးဖြားလာမွန္း လူတိုင္းသိတာပဲေလ သူရဲ႕စိတ္ထားေလးကအစ အလင္းနတ္ဘုရားဥယ်ာဥ္ေတာ္မွာပြင့္လန္းတဲ့ၾကာပန္းျဖဴေလးလို ျဖဴစင္လွတာကိုး"
လူေတာ္ေတာ္မ်ားမ်ားဟာ ဒန္နာရီတို႔ရဲ႕အေရွ႕ရွိ လူငယ္ေလးကို မ်ိဳးစုံခ်ီးက်ဴးေနေတာ့သည္၊သခင္ေလးအန္ရီနာမ်က္ဝန္းထဲ ေက်နပ္မႈမ်ားျဖတ္သန္းသြားေပမယ့္ သူဟာ ဘာမွမျဖစ္သည့္အတိုင္း ၿပဳံးၿပဳံးေလးသာရပ္ေနေတာ့သည္၊
အန္ရီနာဟာ သူရဲ႕႐ုပ္ရည္ေပၚ ယုံၾကည္ခ်က္အျပည့္ရွိၿပီး သူရဲ႕ေငြေရာင္ဆံပင္မ်ားနဲ႕ပုလဲလိုျဖဴေဖြးလွတဲ့အသားရည္နဲ႕အတူ ၾကာပန္းျဖဴလိုျဖဴေဖြးလွတဲ့အဝတ္အစားမ်ားကိုသာ လိုက္ဖက္စြာဝတ္ဆင္တတ္သည္၊ဒါဟာ သူရဲ႕ျဖဴစင္လွတဲ့ပုံသ႑ာန္ကို ပိုမိုထင္ဟက္ေစသည္မလား၊ ဒါေပမယ့္ ဒန္နာရီေပၚလာခ်ိန္မွာ သူရဲ႕အလွဟာ ေမွးမွိန္သြားသေယာင္ခံစားရသည္၊
ဒန္နာရီဟာ သူနဲ႕ဆန့္က်င္ဘက္တည္ရွိေနေပမယ့္ ပတၱျမားလိုနီရဲလွတဲ့မ်က္ဝန္းမ်ားဟာ တမူထူးျခားေနသည္ကို ဝန္ခံရလိမ့္မည္၊
"သခင္ေလးဒန္နာရီကို အရင္က အစ္ကိုထရစ္ခ်ဴနားမွာ မျမင္ဖူးဘူးေနာ္" အန္ရီနာရဲ႕စကားေၾကာင့္ ဒန္နာရီဟာ အန္ရီနာဘက္ကိုလွည့္လာေတာ့သည္၊သူဟာ ပါတီအလယ္မွာ သင့္တယ္စြာကေနၾကတဲ့အတြဲေတြဆီသာ အာ႐ုံေရာက္ေနျခင္းျဖစ္သည္၊
"ဟုတ္တယ္" ဒန္နာရီဟာ စိတ္မဝင္စားဟန္ျဖင့္ေျဖလိုက္သည္၊
"ကြၽန္ေတာ္နဲ႕အစ္ကိုထရစ္ခ်ဴက ငယ္ငယ္တည္းက ပညာသင္ေဖာ္သင္ဖက္ေတြဆိုေတာ့ သူ႕အနားမွာ ဘယ္သူရွိလဲ ဘယ္သူမရွိေတာ့ဘူးလဲဆိုတာ ကြၽန္ေတာ္က အၿမဲသိတယ္ေလ" အန္ရီနာရဲ႕ပါးမို႔ေလးဟာ အနည္းငယ္ရဲသြားေပမယ့္ ဒန္နာရီကေတာ့ စိတ္မဝင္စားတာေၾကာင့္ အန္ရီနာရဲ႕ဆိုလိုရင္းကို အဓိပၸါယ္လာေကာက္ဖို႔အခ်ိန္မရွိေပ၊
"ေအာ္ ေကာင္းတာေပါ့ "
အန္ရီနာရဲ႕အမူအရာဟာ အနည္းငယ္ပ်က္ယြင္းသြားေပမယ့္ သူဟာ လွပစြာၿပဳံးေနေသးၿပီး သူဟာ ဒန္နာရီရဲ႕နားအနားကပ္ကာ တိုးတိုးေလးေျပာလိုက္ေသးသည္၊
္"အရင္သုံးႏွစ္တုန္းက အင္ပါယာမင္းကိုယ္တိုင္ ကြၽန္ေတာ္တို႔အိမ္ေတာ္ကို အိမ္ေရွ႕စံၾကင္ယာေတာ္အျဖစ္ လာေတာင္းရဲဖူးတယ္...ကြၽန္ေတာ္နဲ႕အစ္ကိုထရစ္ခ်ဴက ေစ့စပ္ခံနီးနီးျဖစ္ခဲ့ဖူးတယ္" အန္ရီနာစကားေၾကာင့္ ဒန္နာရီဟာ လွည့္ၾကည့္လာေတာ့သည္၊အန္ရီနာဟာ ေျခတစ္လွမ္းဆုတ္သြားရင္ စိုးရိမ္သဖြယ္ေလးျဖင့္ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္က သခင္ေလးဒန္နာရီကို ခင္မင္လို႔ မဖုံးကြယ္ဘဲ ေျပာမိတာပါ... ေဒါသမထြက္ပါနဲ႕ေနာ္" လို႔ေျပာလာေတာ့သည္၊ဒန္နာရီဟာ အန္ရီနာကို အႏွောင့္အယွက္တစ္ေယာက္လိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိဳက္သည္၊
"အတိတ္က အတိတ္ပဲ ကြၽန္ေတာ္လည္း စိတ္မဝင္စားဘူး...ၿပီးေတာ့ မင္းက အိမ္ေရွ႕စံမင္းသားနားမွာ အဆုံးထိ ရပ္နိုင္ခဲ့တဲ့သူမွမဟုတ္တာ" ဒန္နာရီစကားေၾကာင့္ အန္ရီနာဟာ ေဒါသထြက္သြားေတာ့သည္၊ဒါေပမယ့္ ဒန္နာရီေျပာတာလည္းမမွားေပ၊ ေစ့စပ္ပြဲလမ္းေၾကာင္းျဖစ္သြားေပမယ့္ အိမ္ေရွ႕စံမင္းသားရဲ႕စြမ္းအားမ်ားယုတ္ေလ်ာ့လာတဲ့ေကာလဟာလၾကားခ်ိန္မွာ သူ႕အေဖဟာ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့သည္၊သူတို႔ဟာ ေတာ္ဝင္နန္းေတာ္က မသိတဲ့သတင္းေတြကိုေတာင္ သိေသးသည္၊ ထရစ္ခ်ဴဟာ က်ိန္စာမိေနတာနဲ႕ပတ္သတ္ၿပီးေတာ့ေပါ့၊
အန္ရီနာဟာ ရည္မွန္းခ်က္ႀကီးမားတဲ့သူျဖစ္သည္၊သူဟာ တ်က္စရစ္အင္ပါယာမွာ ရာထူးအႀကီးမားဆုံးလူတစ္ေယာက္ျဖစ္ခ်င္သည္၊ထရစ္ခ်ဴဟာ ခ်ဳပ္ထိန္းကခက္ၿပီး သူတို႔အေနနဲ႕ ထရစ္ခ်ဴ အင္အားႀကီးလာေလေလ သူတို႔အိမ္ေတာ္အိပ္မက္ေတြနဲ႕ေဝးလာေလေလ ခံစားေနရသည္၊ဒါေၾကာင့္ အငယ္ဆုံးမင္းသားရဲ႕မိခင္နဲ႕ေပါင္းကာ လုပ္ႀကံခဲ့သည္၊ဒါေတြအားလုံးကိက အန္ရီနာဟာ သေဘာေပါက္နားလည္သည္၊
သူ႕မွာ အိမ္ေရွ႕စံမင္းသားရဲ႕က်ိန္စာကို ဖိခ်ဳပ္ထားနိုင္တဲ့ပစၥည္းတစ္မ်ိဳးလည္းရွိၿပီး ထရစ္ခ်ဴတစ္ေယာက္ သာမန္မင္းသားအရာကို က်ဆင္းခ်ိန္မွာ ထိုပစၥည္းနဲ႕ထရစ္ခ်ဴရဲ႕ကယ္တင္ရွင္လုပ္ကာ မင္းသားႏွစ္ပါးလုံးရဲ႕ေထာက္ခံမႈကို အရယူရန္စဥ္းစားထားၿပီးသားျဖစ္သည္၊
ဒါေပမယ့္ အရင္တစ္ႏွစ္တည္းက ထိုကမ္းလွမ္းမႈကို လုပ္ခဲ့ေပမယ့္ ထရစ္ခ်ဴဟာ သူ႕ကိုျငင္းဆိုခဲ့သည္၊ဒီေန႕က်ေတာ့ ဘာမွမဟုတ္တဲ့အရပ္သားကိုေခၚလာကာ သူရဲ႕သိကၡာကိုနင္းခ်ရန္ ႀကံစည္ရဲေသးသည္၊
အန္ရီနာဟာ ထရစ္ခ်ဴကို မုန္းတီးစြာစိုက္ၾကည့္လိုက္ၿပီး 'ခင္ဗ်ားရဲ႕က်ိန္စာ နိုးထလာခ်ိန္ေရာက္မွ ကြၽန္ေတာ္ေျခေထာက္ကို လာလ်က္ေပးမွ ခြင့္လႊတ္ေပးေတာ့မယ္!' လို႔ေတြးေတာၿပီး သူဟာလည္း ထြက္သြားေတာ့သည္၊
ထရစ္ခ်ဴဟာ သူရဲ႕မိတ္ေဆြေတြနဲ႕ေျပာဆိုေနေပမယ့္ ဒန္နာရီကို စိတ္မခ်သလိုလို ခဏခဏလွည့္ၾကည့္ေနေတာ့သည္၊ထိုလူစုက သူရဲေကာင္းဆန္ဆန္အမူအရာနဲ႕လူ႐ြယ္ဟာ ဒန္နာရီဘက္ကို ၿပဳံးကာၾကည့္ၿပီးေနာက္မွာ ထရစ္ခ်ဴကို သေဘာက်ဟန္ေခါင္းညိတ္လိုက္သည္၊
"မင္းရဲ႕က်ိန္စာကို ေျဖရွင္းေပးတဲ့ေကာင္ေလးေပါ့...သူက တကယ္ကိုပင္ တမူထူးျခားတာပဲ "
"ဟုတ္တယ္ ၿပီးေတာ့ သူရဲ႕ေမွာ္စြမ္းအားက သိပ္သည္းလြန္းတယ္...သူရဲ႕အဆင့္ကိုေတာင္ ငါမခန့္မွန္းနိုင္ဘူး" ေဘးနားက လူငယ္ဟာလည္းေျပာလိုက္သည္၊ထိုလူငယ္ဟာ တ်က္စရစ္အင္ပါယာမွာ သန္မာလွတဲ့ အလယ္အလတ္အဆင့္ေမွာ္ဆရာတစ္ဦးျဖစ္ၿပီး သူရဲ႕စြမ္းရည္ဟာ ထိပ္တန္းအဆင့္မွာ တည္ရွိသည္၊
"အန္ရီနာက ထိုေကာင္ေလးကို သြားရႈပ္ေနတာပဲ..."
"ငါသာ သူ႕ေနရာမွာဆို ေအးေဆးေလး ေနေနၿပီးၿပီ..." ေမွာ္ဆရာလူငယ္ဟာ ရယ္ေမာရင္းေျပာလိုက္သည္၊
"သူက ငယ္ငယ္တည္းက ထရစ္ခ်ဴကို သေဘာက်ေနတာေလ ဒါေပမယ့္ ရည္မွန္းခ်က္ႀကီးလြန္းတယ္"ထိုအုပ္စုထဲက တစ္ေယာက္ဟာသက္ျပင္းခ်ကာေျပာလိုက္သည္၊သူတို႔ဟာ ထရစ္ခ်ဴနဲ႕တေလွတည္း စီးတဲ့သူေတြျဖစ္ၿပီး ဥာဏ္ရည္ထက္ျမက္လွၿပီး လူတစ္ဦးကို အေပၚယံၾကည့္ကာ ဆုံးျဖတ္ခ်က္ ခ်တတ္သူမ်ားမဟုတ္ေပ၊
-*-*-*-*-*-*-*
Chapter -73ေမွ်ာ္
-*-*-*-*-
Unicode
"အိမ်ရှေ့စံမင်းသားထရစ်ချူ နဲလ် ထရစ်တာရာနဲ့သခင်လေးဒန်နာရီ ကြွချီလာပြီ" အစောင့့်ရှောက်တစ်ဦးရဲ့ကျယ်လောင်တဲ့အသံနဲ့အတူ ခန်းမတံခါးကြီးဟာလည်း ပွင့်သွားတော့သည်၊လူတိုင်းရဲ့အာရုံဟာ တံခါးဆီကို ရောက်ရှိသွားတော့သည်၊ အိမ်ရှေ့စံမင်းသားဟာ သူတို့အင်ပါယာရဲ့ပါရမီရှင်တစ်ဦးဖြစ်တာကြောင့် လူတိုင်းဟာလည်း အိမ်ရှေ့စံမင်းသားထရစ်ချူရဲ့တွဲဖက်ကို သိချင်သွားတော့သည်၊
လူတိုင်းဟာ အိမ်ရှေ့စံမင်းသားနဲ့အတူ ခန်းမပါတီထဲဝင်လာတဲ့သူကို ဝိုင်းကြည့်နေကြတော့သည်၊အိမ်ရှေ့စံမင်းသားရဲ့တွဲဖက်ဟာ ငယ်ရွယ်သေးပြီး ကြည့်ကောင်းသည်ကိုမြင်ချိန်မှာ တစ်ချို့လူတွေရဲ့မျက်ဝန်းထဲမှာ မနာလိုမှုများဖြတ်သန်းသွားတော့သည်၊
ဒန်နာရီရဲ့ရုပ်ရည်ဟာ ထူးခြားလှပြီး မြင်တဲ့သူတိုင်း ငေးမကြည့်ဘဲ မနေနိုင်တဲ့အလှမျိုးပိုင်ဆိုင်ထားသည်၊ရှင်းရှင်းပြောရရင် တမူထူးခြားတဲ့အလှလေးဖြစ်သည်၊
"လှတော့ကော ဘာဖြစ်လဲ သူ့မှာမျိုးရိုးနာမည်မှ မရှိတာ သာမန်လူတန်းစားကလူပဲနေမယ်" အိမ်ရှေ့မင်းသားကို သဘောကျနေတဲ့သူတစ်ယောက်ဟာ မကျေနပ်စွာပြောလိုက်သည်၊အစောက်အရှောက်နာမည်အော်လိုက်ချိန်မှာ နာမည်တစ်ခုတည်းသာအော်ခဲ့ပြီး မျိုးရိုးနာမည်မအော်ခဲ့တာကြောင့် သူတို့တွေဟာ အထင်သေးနေတော့သည်၊
"အိမ်ရှေ့စံမင်းသား ရောက်လာပြီပဲ" ချစ်စရာကောင်းတဲ့မျက်နှာပေါက်နဲ့လူငယ်လေးဟာ ထရစ်ချူကို ဂါဝရပြုရင်း နူတ်ဆက်လိုက်သည်၊သူဟာ ထရစ်ချူရဲ့တွဲဖက်အဖြစ်ပါလာတဲ့ဒန်နာရီကို တစ်ချက်တောင် မကြည့်ပေ၊ဒါပေမယ့် ဒန်နာရီကလည်း စိတ်ထဲမထားပေ၊သူနဲ့ထရစ်ချူဟာ အပေးအယူသဘောမျိုးဖြင့် အလုပ်တူတူလုပ်နေတဲ့သူတွေသာဖြစ်သည်၊
"အိမ်ရှေ့စံမင်းသားက စစ်ဆေးမှုမှာ ယှဥ်ပြိုင်မှာမလား...ကျွန်တော်တော့ သိပ်ကိုစိတ်လှုပ်ရှားနေပြီ" လူငယ်ရဲ့မျက်နှာဟာ ရှက်သွေးဖြာနေပြီး သူဟာ စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ပြောနေတော့သည်၊အိမ်ရှေ့စံမင်းသားဟာ ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး ဒန်နာရီဘက်ကို ကြည့်လိုက်သည်၊
"ပျင်းနေလား စစ်ဆေးမှုက အင်ပါယာမင်းလာမှ စလိမ့်မယ် ကိုယ်တို့ ကကြမလား" ထရစ်ချူစကားကြောင့် ဒန်နာရီဟာ ထရစ်ချူကို မော့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်၊
"ကျွန်တော် မကတတ်ဘူး"
"မင်းက ဘယ်လိုတောင် အိမ်ရှေ့စံမင်းသားရဲ့ဖိတ်ခေါ်မှုကို ငြင်းရဲတာလဲ" ထရစ်ချူနဲ့ဒန်နာရီဟာ သူတို့ဘာသာစကားပြောဆိုနေပေမယ့် စကားသံဟာ အနီးနားကလူတွေ ကြားရန်လုံလောက်တယ်၊ထိုကြောင့် သူတို့နား ရစ်သီရစ်သီလုပ်နေတဲ့လူငယ်ဟာ ဒေါသထွက်သွားစွာဖြင့် ဒန်နာရီကို အပြစ်တင်ပြောဆိုတော့သည်၊
"မင်းထွက်သွားစမ်း" ထရစ်ချူဟာ ဒန်နာရီကို သူ့ဘက်ဆွဲခေါ်လိုက်ပြီး ထိုလူငယ်ကို အေးစက်စွာပြောဆိုလိုက်သည်၊ထိုလူငယ်ဟာ ထိတ်လန့်သွားပြီးနောက်မှာ ရှက်ရွံ့မှုကြောင့် မျက်ရည်များကျလာပြီး ပြေးထွက်သွားတော့သည်၊
"ကျွန်တော် တကယ် မကတတ်ဘူး" ဒန်နာရီဟာ ငိုယိုပြီးပြေးထွက်သွားတဲ့သူရဲ့ကျောပြင်ကိုကြည့်ရင်း ထရစ်ချူကို ခပ်တိုးတိုးလေးပြောလိုက်သည်၊အရင်ဘဝကလည်း သူရဲ့အချိန်တွေကို စစ်မြေပြင်မှာ ကုန်ဆုံးခဲ့ရသလို ဒီဘဝမှာလည်း အထက်တန်းလွှာသခင်လေးတွေ အကပညာရပ်ကို ဒန်နာရီဟာ မသင်ယူရသေးပေ၊
"ကိုယ် နားလည်ပါတယ်" ထရစ်ချူဟာ ပြုံးရင်းပြောလိုက်သည်၊ထိုနောက်မှာ ဆံပင်ငွေရောင်နဲ့ကြည့်ကောင်းပြီးလှပတဲ့လူငယ်လေးဟာ ထရစ်ချူတို့ဆီရောက်လာတော့သည်၊
"အိမ်ရှေ့စံမင်းသားနဲ့သခင်လေးဒန်နာရီကို ဂါဝရပြုပါတယ်" ထိုလူငယ်ဟာ ဖြူစင်စွာပြုံးရင်း နူတ်ဆက်လိုက်သည်၊အိမ်ရှေ့စံမင်းသားဟာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဒန်နာရီကလည်း ပြန်နူတ်ဆက်လိုက်သည်၊
"သခင်လေးအန်ရီနာဟာ နတ်သားလေးလိုပဲ၊သူက ဒန်နာရီလို သာမန်လူတန်းစားကိုတောင် လေးလေးစားစားနူတ်ဆက်ပေးတယ်"
"သခင်လေးအန်ရီနာက အလင်းရဲ့သားတော်အဖြစ်မွေးဖွားလာမှန်း လူတိုင်းသိတာပဲလေ သူရဲ့စိတ်ထားလေးကအစ အလင်းနတ်ဘုရားဥယျာဥ်တော်မှာပွင့်လန်းတဲ့ကြာပန်းဖြူလေးလို ဖြူစင်လှတာကိုး"
လူတော်တော်များများဟာ ဒန်နာရီတို့ရဲ့အရှေ့ရှိ လူငယ်လေးကို မျိုးစုံချီးကျူးနေတော့သည်၊သခင်လေးအန်ရီနာမျက်ဝန်းထဲ ကျေနပ်မှုများဖြတ်သန်းသွားပေမယ့် သူဟာ ဘာမှမဖြစ်သည့်အတိုင်း ပြုံးပြုံးလေးသာရပ်နေတော့သည်၊
အန်ရီနာဟာ သူရဲ့ရုပ်ရည်ပေါ် ယုံကြည်ချက်အပြည့်ရှိပြီး သူရဲ့ငွေရောင်ဆံပင်များနဲ့ပုလဲလိုဖြူဖွေးလှတဲ့အသားရည်နဲ့အတူ ကြာပန်းဖြူလိုဖြူဖွေးလှတဲ့အဝတ်အစားများကိုသာ လိုက်ဖက်စွာဝတ်ဆင်တတ်သည်၊ဒါဟာ သူရဲ့ဖြူစင်လှတဲ့ပုံသဏ္ဍာန်ကို ပိုမိုထင်ဟက်စေသည်မလား၊ ဒါပေမယ့် ဒန်နာရီပေါ်လာချိန်မှာ သူရဲ့အလှဟာ မှေးမှိန်သွားသယောင်ခံစားရသည်၊
ဒန်နာရီဟာ သူနဲ့ဆန့်ကျင်ဘက်တည်ရှိနေပေမယ့် ပတ္တမြားလိုနီရဲလှတဲ့မျက်ဝန်းများဟာ တမူထူးခြားနေသည်ကို ဝန်ခံရလိမ့်မည်၊
"သခင်လေးဒန်နာရီကို အရင်က အစ်ကိုထရစ်ချူနားမှာ မမြင်ဖူးဘူးနော်" အန်ရီနာရဲ့စကားကြောင့် ဒန်နာရီဟာ အန်ရီနာဘက်ကိုလှည့်လာတော့သည်၊သူဟာ ပါတီအလယ်မှာ သင့်တယ်စွာကနေကြတဲ့အတွဲတွေဆီသာ အာရုံရောက်နေခြင်းဖြစ်သည်၊
"ဟုတ်တယ်" ဒန်နာရီဟာ စိတ်မဝင်စားဟန်ဖြင့်ဖြေလိုက်သည်၊
"ကျွန်တော်နဲ့အစ်ကိုထရစ်ချူက ငယ်ငယ်တည်းက ပညာသင်ဖော်သင်ဖက်တွေဆိုတော့ သူ့အနားမှာ ဘယ်သူရှိလဲ ဘယ်သူမရှိတော့ဘူးလဲဆိုတာ ကျွန်တော်က အမြဲသိတယ်လေ" အန်ရီနာရဲ့ပါးမို့လေးဟာ အနည်းငယ်ရဲသွားပေမယ့် ဒန်နာရီကတော့ စိတ်မဝင်စားတာကြောင့် အန်ရီနာရဲ့ဆိုလိုရင်းကို အဓိပ္ပါယ်လာကောက်ဖို့အချိန်မရှိပေ၊
"အော် ကောင်းတာပေါ့ "
အန်ရီနာရဲ့အမူအရာဟာ အနည်းငယ်ပျက်ယွင်းသွားပေမယ့် သူဟာ လှပစွာပြုံးနေသေးပြီး သူဟာ ဒန်နာရီရဲ့နားအနားကပ်ကာ တိုးတိုးလေးပြောလိုက်သေးသည်၊
္"အရင်သုံးနှစ်တုန်းက အင်ပါယာမင်းကိုယ်တိုင် ကျွန်တော်တို့အိမ်တော်ကို အိမ်ရှေ့စံကြင်ယာတော်အဖြစ် လာတောင်းရဲဖူးတယ်...ကျွန်တော်နဲ့အစ်ကိုထရစ်ချူက စေ့စပ်ခံနီးနီးဖြစ်ခဲ့ဖူးတယ်" အန်ရီနာစကားကြောင့် ဒန်နာရီဟာ လှည့်ကြည့်လာတော့သည်၊အန်ရီနာဟာ ခြေတစ်လှမ်းဆုတ်သွားရင် စိုးရိမ်သဖွယ်လေးဖြင့်ကြည့်လိုက်ပြီး
"ကျွန်တော်က သခင်လေးဒန်နာရီကို ခင်မင်လို့ မဖုံးကွယ်ဘဲ ပြောမိတာပါ... ဒေါသမထွက်ပါနဲ့နော်" လို့ပြောလာတော့သည်၊ဒန်နာရီဟာ အန်ရီနာကို အနှောင့်အယှက်တစ်ယောက်လိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်၊
"အတိတ်က အတိတ်ပဲ ကျွန်တော်လည်း စိတ်မဝင်စားဘူး...ပြီးတော့ မင်းက အိမ်ရှေ့စံမင်းသားနားမှာ အဆုံးထိ ရပ်နိုင်ခဲ့တဲ့သူမှမဟုတ်တာ" ဒန်နာရီစကားကြောင့် အန်ရီနာဟာ ဒေါသထွက်သွားတော့သည်၊ဒါပေမယ့် ဒန်နာရီပြောတာလည်းမမှားပေ၊ စေ့စပ်ပွဲလမ်းကြောင်းဖြစ်သွားပေမယ့် အိမ်ရှေ့စံမင်းသားရဲ့စွမ်းအားများယုတ်လျော့လာတဲ့ကောလဟာလကြားချိန်မှာ သူ့အဖေဟာ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်၊သူတို့ဟာ တော်ဝင်နန်းတော်က မသိတဲ့သတင်းတွေကိုတောင် သိသေးသည်၊ ထရစ်ချူဟာ ကျိန်စာမိနေတာနဲ့ပတ်သတ်ပြီးတော့ပေါ့၊
အန်ရီနာဟာ ရည်မှန်းချက်ကြီးမားတဲ့သူဖြစ်သည်၊သူဟာ တျက်စရစ်အင်ပါယာမှာ ရာထူးအကြီးမားဆုံးလူတစ်ယောက်ဖြစ်ချင်သည်၊ထရစ်ချူဟာ ချုပ်ထိန်းကခက်ပြီး သူတို့အနေနဲ့ ထရစ်ချူ အင်အားကြီးလာလေလေ သူတို့အိမ်တော်အိပ်မက်တွေနဲ့ဝေးလာလေလေ ခံစားနေရသည်၊ဒါကြောင့် အငယ်ဆုံးမင်းသားရဲ့မိခင်နဲ့ပေါင်းကာ လုပ်ကြံခဲ့သည်၊ဒါတွေအားလုံးကိက အန်ရီနာဟာ သဘောပေါက်နားလည်သည်၊
သူ့မှာ အိမ်ရှေ့စံမင်းသားရဲ့ကျိန်စာကို ဖိချုပ်ထားနိုင်တဲ့ပစ္စည်းတစ်မျိုးလည်းရှိပြီး ထရစ်ချူတစ်ယောက် သာမန်မင်းသားအရာကို ကျဆင်းချိန်မှာ ထိုပစ္စည်းနဲ့ထရစ်ချူရဲ့ကယ်တင်ရှင်လုပ်ကာ မင်းသားနှစ်ပါးလုံးရဲ့ထောက်ခံမှုကို အရယူရန်စဥ်းစားထားပြီးသားဖြစ်သည်၊
ဒါပေမယ့် အရင်တစ်နှစ်တည်းက ထိုကမ်းလှမ်းမှုကို လုပ်ခဲ့ပေမယ့် ထရစ်ချူဟာ သူ့ကိုငြင်းဆိုခဲ့သည်၊ဒီနေ့ကျတော့ ဘာမှမဟုတ်တဲ့အရပ်သားကိုခေါ်လာကာ သူရဲ့သိက္ခာကိုနင်းချရန် ကြံစည်ရဲသေးသည်၊
အန်ရီနာဟာ ထရစ်ချူကို မုန်းတီးစွာစိုက်ကြည့်လိုက်ပြီး 'ခင်ဗျားရဲ့ကျိန်စာ နိုးထလာချိန်ရောက်မှ ကျွန်တော်ခြေထောက်ကို လာလျက်ပေးမှ ခွင့်လွှတ်ပေးတော့မယ်!' လို့တွေးတောပြီး သူဟာလည်း ထွက်သွားတော့သည်၊
ထရစ်ချူဟာ သူရဲ့မိတ်ဆွေတွေနဲ့ပြောဆိုနေပေမယ့် ဒန်နာရီကို စိတ်မချသလိုလို ခဏခဏလှည့်ကြည့်နေတော့သည်၊ထိုလူစုက သူရဲကောင်းဆန်ဆန်အမူအရာနဲ့လူရွယ်ဟာ ဒန်နာရီဘက်ကို ပြုံးကာကြည့်ပြီးနောက်မှာ ထရစ်ချူကို သဘောကျဟန်ခေါင်းညိတ်လိုက်သည်၊
"မင်းရဲ့ကျိန်စာကို ဖြေရှင်းပေးတဲ့ကောင်လေးပေါ့...သူက တကယ်ကိုပင် တမူထူးခြားတာပဲ "
"ဟုတ်တယ် ပြီးတော့ သူရဲ့မှော်စွမ်းအားက သိပ်သည်းလွန်းတယ်...သူရဲ့အဆင့်ကိုတောင် ငါမခန့်မှန်းနိုင်ဘူး" ဘေးနားက လူငယ်ဟာလည်းပြောလိုက်သည်၊ထိုလူငယ်ဟာ တျက်စရစ်အင်ပါယာမှာ သန်မာလှတဲ့ အလယ်အလတ်အဆင့်မှော်ဆရာတစ်ဦးဖြစ်ပြီး သူရဲ့စွမ်းရည်ဟာ ထိပ်တန်းအဆင့်မှာ တည်ရှိသည်၊
"အန်ရီနာက ထိုကောင်လေးကို သွားရှုပ်နေတာပဲ..."
"ငါသာ သူ့နေရာမှာဆို အေးဆေးလေး နေနေပြီးပြီ..." မှော်ဆရာလူငယ်ဟာ ရယ်မောရင်းပြောလိုက်သည်၊
"သူက ငယ်ငယ်တည်းက ထရစ်ချူကို သဘောကျနေတာလေ ဒါပေမယ့် ရည်မှန်းချက်ကြီးလွန်းတယ်"ထိုအုပ်စုထဲက တစ်ယောက်ဟာသက်ပြင်းချကာပြောလိုက်သည်၊သူတို့ဟာ ထရစ်ချူနဲ့တလှေတည်း စီးတဲ့သူတွေဖြစ်ပြီး ဥာဏ်ရည်ထက်မြက်လှပြီး လူတစ်ဦးကို အပေါ်ယံကြည့်ကာ ဆုံးဖြတ်ချက် ချတတ်သူများမဟုတ်ပေ၊
-*-*-*-*-*-*-*
Chapter -73ေမျှာ်