အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

843K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

chapter -70

4.5K 651 5
By Neko_san_ZP

Zawgyi

------
နတ္ဆရာဆီကေန ဒန္နာရီ ထြက္လာခ်ိန္မွာ ေကာင္းကင္ဟာ အေမွာင္ရိပ္သန္းေနၿပီျဖစ္ၿပီး ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္ေနေတာ့သည္၊

ဒန္နာရီဟာ ၾကယ္စင္မ်ားနဲ႕လွပေနတဲ့ေကာင္းကင္ႀကီးကို ေငးေမာၾကည့္ရင္း ရႈပ္ေထြးတဲ့အသံနဲ႕ေျပာလိုက္သည္၊

"ဧကရီက မေသဆုံးေသးဘူး..."

*နတ္ဆရာက ဘာကိုေျပာခ်င္တာလဲ လူငယ္ေလး မင္းနားမလည္ဘူးမလား...* ဇီနိုအသံေၾကာင့္ ဒန္နာရီဟာ ေခါင္းခါလိုက္သည္၊နတ္ဆရာေျပာခ်င္သည့္ သဲလြန္စဟာ အလြန္အေရးပါေသာ္လည္း သူနားလည္ရမည့္ပမာဏမဟုတ္ေသးေၾကာင္းသိလိုက္သည္၊

'ဆရာဇီနိုေရာ ဘယ္လိုထင္လဲ'

*ကုန္းတိုက္ႀကီးမွာ ဧကရီငါးပါးရွိတာေတာ့ သိေပမယ့္... သူတို႔ေတြက သူတို႔နယ္ပယ္အသီးသီးမွာ အုပ္စိုးေနတုန္းပဲ နတ္ဆရာေျပာတဲ့ဧကရီက ဘယ္သူလဲ ဒီလူအိုႀကီးလည္း မေျပာတတ္ဘူး* ဇီနိုဟာ သူမသိေၾကာင္း ပြင့္လင္းစြာေျပာလိုက္သည္၊

ဒန္နာရီလည္း သက္ျပင္းခ်လိဳက္ၿပီး ေကာင္းကင္ကိုကာ ေငးေမာၾကည့္ေနမိသည္၊သူရဲ႕စိတ္ေတြဟာ အလြန္ကို ရႈပ္ေထြးေနေတာ့သည္၊နတ္ဆရာဟာ သူ႕ကို အခ်က္အလက္မ်ားစြာေျပာဆိုခဲ့သည္၊

သူရဲ႕ျပန္လည္ေမြးဖြားလာမႈလမ္းေၾကာင္းဟာ အနာဂတ္မွာျဖစ္ပ်က္မည့္လမ္းေၾကာင္းကို ခ်ိဳ႕ယြင္းေစခဲ့သည္၊သူဟာ ေကာင္းကင္ရဲ႕ကံၾကမၼာကို စိန္ေခၚၿပီးသားပင္၊

ေနာက္တစ္ေန႕မွာေတာ့ ေရးလ္ဟာ ဟ်ဴးယာတို႔နဲ႕အတူ နတ္သူငယ္အစည္းအ႐ုံးရွိရွာကို သြားရန္ထြက္လာခဲ့ၿပီး ဒန္နာရီနဲ႕ရစ္နိုလ္တို႔အဖြဲ႕ကေတာ့ ဇီလ္ရာအင္ပါယာကို ျပန္ၾကေတာ့သည္၊ဟ်ဴးယာဟာ ရစ္နိုလ္ကို ဖိတ္ၾကားခဲ့ေပမယ့္ ရစ္နိုလ္ဟာ တာဝန္ေတြရွိေသးတာေၾကာင့္ ျငင္းလႊတ္ခဲ့ၿပီး မၾကာခင္ လာလည္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္၊
(A/N:ဇီလ္ရာအင္ပါယာက ဒန္နာရီတို႔ရဲ႕အင္ပါယာနာမည္ပါဗ်)

ဒန္နာရီကလည္း ရစ္နိုလ္ကို ဟ်ဴးယာတို႔နဲ႕လိုက္သြားနိုင္ေၾကာင္း မေျပာခဲ့သလို ရစ္နိုလ္ဟာလည္း ခြင့္ျပဳခ်က္မေတာင္းခဲ့ေပ၊ရစ္နိုလ္သာ တကယ္လိုက္ပါခ်င္တယ္ဆိုရင္ ဘယ္သူက တားဆီးနိုင္မလဲ၊

ဟ်ဴးယာတို႔အဖြဲ႕နဲ႕ဒန္နာရီတို႔အဖြဲ႕ လမ္းခြဲၿပီးေနာက္မွာ ဒန္နာရီတို႔ဟာ အီရႈရယ္အင္ပါယာရဲ႕ေနရာကူးေျပာင္းေရးေမွာ္ဂိတ္ကေနတစ္ဆင့္ တ်က္စရစ္အင္ပါယာၿမိဳ႕စြန္အနီးကို ေရာက္လာေတာ့သည္

"ဒီကေနတစ္ဆင့္ ၿမိဳ႕ထဲကိုသြားရအုံးမွာပဲ ၿပီးရင္ ဇီလ္ရာအင္ပါယာထဲကနယ္စပ္ဂိတ္ကို ကူးေျပာင္းရမယ္"ရစ္နိုလ္ဟာေျပာလိုက္ၿပီးေနာက္မွာ သူတို႔အဖြဲ႕ဟာ တ်က္စရစ္အင္ပါယာရဲ႕ ေတာ္ဝင္ၿမိဳ႕ေတာ္ဆီ ခရီးႏွင္လာေတာ့သည္၊

ဒန္နာရီဟာ အသက္ဆယ့္သုံးႏွစ္ဝန္းက်င္ထဲကို ေရာက္ရွိလာၿပီး မၾကာခင္ အသက္ဆယ့္ေလးႏွစ္ျပည့္ေတာ့မည္၊

(A/N:ပထမက ဒန္နာရီက ဆယ့္တစ္ႏွစ္ဝန္းက်င္မွာပါဗ် အတိတ္ပုံရိပ္ေယာင္ေလာကမွာ ႏွစ္ႏွစ္ခြဲပိတ္မိေနခဲ့ပါတယ္)

ဒီတစ္ေခါက္မွာေတာ့ ဒန္နာရီတို႔အဖြဲ႕ဟာ ေတာ္ဝင္ၿမိဳ႕ေတာ္ထိ အလြယ္တကူေက်ာ္ျဖတ္လာနိုင္ၿပီး မည္သည့္အခက္အခဲမ်ားျဖင္​့ မႀကဳံေတြ႕ခဲ့ရေပ၊ဒါေပမယ့္ ဒန္နာရီဟာ လူတစ္ေယာက္ကို သြားသတိရမိသည္၊ ထရစ္ခ်ဴ နဲလ္ ခရစ္တာရာဟာ ခ်ဲလ္ဂီယာနတ္ဆိုးရဲ႕နိုးလစ္က​်ိန္စာကို မိထားတာေၾကာင့္ သုံးႏွစ္ေတာင္ ရွင္သန္ရေတာ့မည္ျဖစ္ၿပီး ယခုဆိုရင္ ႏွစ္ႏွစ္ခြဲအခ်ိန္ကုန္ဆုံးသြားၿပီျဖစ္တာေၾကာင့္ ထိုလူငယ္ဟာ ေနာက္ထပ္ႏွစ္ဝက္ေတာင္ က်န္ေတာ့သည္၊

ထရစ္ခ်ဴကို ကုသမလား၊မကုသဘူးလာဆိုတာကို ဒန္နာရီမေတြးမိေပ၊ဒါေပမယ့္ ေရစက္ပါခဲ့ရင္ေတာ့ ဒန္နာရီအေနနဲ႕အေကာင္းဆုံး ကုသရန္ ႀကိဳးစားေပးမွာအမွန္ေပ၊

ရစ္နိုလ္ဟာ ၿမိဳ႕ေတာ္ထဲမွာ တည္းခိုခန္း နားၿပီးေနာက္မွာ ေမွာ္အစည္းအေဝးကေန ေနရာကူေျပာင္းေရးေမွာ္ယႏၱရားနဲ႕ပတ္သတ္ၿပီး စုံစမ္းလိုက္သည္၊ဒါေပမယ့္ ေနာက္သုံးရက္အေနမွာ အင္ပါယာမင္းရဲ႕ေမြးေန႕ပြဲရွိတာေၾကာင့္ ေနရာကူးေျပာင္းေရးေမွာ္ယႏၱရားမွာ အသုံးျပဳမည့္ေမွာ္ေက်ာက္တုံးေတြကို ဒီရက္ပိုင္း အသုံးမျပဳရန္ အထိန္းသိမ္းခံထားရတာေၾကာင့္ ဒန္နာရီတို႔ဟာ ေနာက္ႏွစ္ရက္ေနမွာ ခရီးထြက္ခြာရမည္ျဖစ္သည္၊

*တ်က္စရစ္အင္ပါယာက ဇီလ္ရာအင္ပါယာမႀကီးမားေပမယ့္ ႏွစ္ရွည္တည္တန့္ေနတဲ့အင္ပါယာဆိုေတာ့ အလယ္အလတ္အဆင္​့ အလင္းပုလဲရွိေလာက္တယ္*

ဇီနိုစကားေၾကာင့္ ဒန္နာရီဟာလက္ခံစြာေခါင္းညိတ္လိုက္သည္၊ဒါေပမယ္​​့ အလင္းပုလဲဆိုတာက အင္ပါယာတိုင္းရဲ႕အထြတ္အျမတ္ရတနာပစၥည္းလိုျဖစ္တာေၾကာင့္ လြယ္ကူစြာအနားကပ္ခြင့္ရမည္မဟုတ္ေပ၊

*မင္းမွာ ခ်ဲလ္ဂီယာနိုးလစ္က်ိန္စာကို ကုသေပးနိုင္မဲ့ပစၥည္းရွိတယ္... အဲ့တာနဲ႕ အေပးအယူလုပ္ၾကည့္ေပါ့*

ဇီနိုဟာ ထပ္မံအႀကံေပးလာေတာ့သည္၊အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴဟာ လက္သင့္ခံမည္လား ျငင္းမလား ဒန္နာရီမသိေပမယ့္ ႀကိဳးစားၾကည့္သင့္သည္ဟု ဒန္နာရီစိတ္ဟာေျပာဆိုေနေတာ့သည္၊ ျငင္းခဲ့ရင္လည္း ဒန္နာရီဟာ အျခားနည္းလမ္းရွာေဖြလို႔ရေသးသည္၊

"ရစ္နိုလ္ အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴအေၾကာင္းကို စုံစမ္းၾကည့္ေပးပါဗ်"

"ေကာင္းၿပီ သခင္ေလး" ရစ္နိုလ္ဟာ ဒန္နာရီအမိန့္ရသည္နဲ႕ တည္းခိုခန္းထဲကေနထြက္လာေတာ့သည္၊လူတစ္ေယာက္အေၾကာင္းကို စုံစမ္းရသည္ဟာ လြယ္ကူသည္မဟုတ္ေသာ္လည္း ေမွာင္ခိုသတင္းဌာနေတြရွိတာေၾကာင့္ ရစ္နိုလ္ဟာ ေမွာင္ခိုေစ်းကြက္ကို ဦးတည္သြားေတာ့သည္၊

ဒန္နာရီဟာ အခန္းတြင္းမွာေနရင္း ေမွာ္အင္းကြက္တခ်ိဳ႕ကို ေရးဆြဲေနတုန္း တစ္စုံတစ္ဦးဟာ ျပတင္းေပါက္တံခါးကို ေခါက္လာေတာ့သည္၊

အာလ္~ဟာ ခ်က္ခ်င္းထြက္လာၿပီး ျပတင္းေပါက္ကို ရန္လိုေနတဲ့အမူအရာနဲ႕ၾကည့္ကာ မာန္ဖီေနေတာ့သည္၊ဒန္နာရီဟာ အာလ္ရဲ႕ေခါင္းကို ဖြဖြေလးပုတ္လိုက္ၿပီး ျပတင္းေပါက္နားကပ္သြားကာ ၾကည့္လိုက္ေတာ့ အနီေရာင္ဆံပင္ရွည္မ်ားကို အေနာက္ဘက္ကို စီးႏွောင္ထားၿပီး ေလးေထာင့္ဆန္ဆန္မ်က္ႏွာပုံသ႑ာန္နဲ႕ၾကည့္ေကာင္းတဲ့လူငယ္တစ္ေယာက္ကို ေတြ႕လိုက္ရသည္၊ထိုလူငယ္ရဲ႕အနက္ေရာင္မ်က္ဝန္းမ်ားပိုင္ဆိုင္ထားတဲ့မ်က္လုံးဟာ အနည္းငယ္အသက္မဲ့ေနေပမယ့္ ဒန္နာရီဟာ ဘယ္သူမွန္းသိတာေၾကာင့္ ျပတင္းေပါက္တံခါးကို ဖြင့္ေပးလိုက္သည္၊

"အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴက ကြၽန္ေတာ့္ကို လာရွာမယ္လို႔ မထင္ခဲ့ဘူး" ဒန္နာရီဟာ သူ႕ကိုစိုက္ၾကည့္ေနတဲ့မင္းသားကို ျပန္စိုက္ၾကည့္ရင္း ေျပာလိုက္သည္၊

ထရစ္ခ်ဴဟာ တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္မွာ အနီးနားက ခုံမွာဝင္ထိုင္လိုက္ၿပီး စားပြဲခုံေပၚမွာ တင္ထားတဲ့ေခ်ာကလက္ကြက္တီးကို ႏွိုက္ရင္း တစ္ဖဲ့စားလိုက္သည္၊

"ဒန္နာရီ လာမယ္ဆိုတာ ကိုယ္သိေနတယ္ေလ" ထရစ္ခ်ဴဟာ လက္က်န္တစ္ဖဲ့ကို ပါးစပ္ထည့္ရင္း ေျပာလိုက္သည္၊

"ကြၽန္ေတာ္က အိမ္ေရွ႕စံမင္းသားကို လာရွာေတာ့မလို႔ဘဲ အိမ္ေရွ႕စံမင္းသားကိုယ္တိုင္လာေတာ့လည္း အဆင္ေျပသြားတာေပါ့" ဒန္နာရီဟာ လက္ဖက္ရည္ခရားကို ယူလိုက္ၿပီး လက္ဖက္ရည္ခြက္အတြင္း လက္ဖက္ရည္ကိုငွဲ႕ကာထည့္ေပးရင္ အိမ္ေရွ႕စံမင္းသားနား ခ်ေပးလိုက္သည္၊

"အိုး! ကိုယ့္ကို ရွာေဖြေနတာေပါ့.... ဘာအေၾကာင္းေၾကာင့္လဲ ဒန္နာရီ"

"အိမ္ေရွ႕စံမင္းသားနဲ႕အေပးအယူတစ္ခုလုပ္ခ်င္တယ္" ဒန္နာရီဟာ ခုံမွာ ဝင္ထိုင္ရင္း လက္ဖက္ရည္ကို ေအးေဆးေသာက္သုံးေနတဲ့ထရစ္ခ်ဴကို ၾကည့္ရင္းေျပာလိုက္သည္၊

"ဘယ္လိုအေပးအယူမ်ိဳးလဲ...?"

-*-*-*-*-*-*

Chapter -71ေမွ်ာ္

-*-*-**

Unicode

------
နတ်ဆရာဆီကနေ ဒန်နာရီ ထွက်လာချိန်မှာ ကောင်းကင်ဟာ အမှောင်ရိပ်သန်းနေပြီဖြစ်ပြီး ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတော့သည်၊

ဒန်နာရီဟာ ကြယ်စင်များနဲ့လှပနေတဲ့ကောင်းကင်ကြီးကို ငေးမောကြည့်ရင်း ရှုပ်ထွေးတဲ့အသံနဲ့ပြောလိုက်သည်၊

"ဧကရီက မသေဆုံးသေးဘူး..."

*နတ်ဆရာက ဘာကိုပြောချင်တာလဲ လူငယ်လေး မင်းနားမလည်ဘူးမလား...* ဇီနိုအသံကြောင့် ဒန်နာရီဟာ ခေါင်းခါလိုက်သည်၊နတ်ဆရာပြောချင်သည့် သဲလွန်စဟာ အလွန်အရေးပါသော်လည်း သူနားလည်ရမည့်ပမာဏမဟုတ်သေးကြောင်းသိလိုက်သည်၊

'ဆရာဇီနိုရော ဘယ်လိုထင်လဲ'

*ကုန်းတိုက်ကြီးမှာ ဧကရီငါးပါးရှိတာတော့ သိပေမယ့်... သူတို့တွေက သူတို့နယ်ပယ်အသီးသီးမှာ အုပ်စိုးနေတုန်းပဲ နတ်ဆရာပြောတဲ့ဧကရီက ဘယ်သူလဲ ဒီလူအိုကြီးလည်း မပြောတတ်ဘူး* ဇီနိုဟာ သူမသိကြောင်း ပွင့်လင်းစွာပြောလိုက်သည်၊

ဒန်နာရီလည်း သက်ပြင်းချလိုက်ပြီး ကောင်းကင်ကိုကာ ငေးမောကြည့်နေမိသည်၊သူရဲ့စိတ်တွေဟာ အလွန်ကို ရှုပ်ထွေးနေတော့သည်၊နတ်ဆရာဟာ သူ့ကို အချက်အလက်များစွာပြောဆိုခဲ့သည်၊

သူရဲ့ပြန်လည်မွေးဖွားလာမှုလမ်းကြောင်းဟာ အနာဂတ်မှာဖြစ်ပျက်မည့်လမ်းကြောင်းကို ချို့ယွင်းစေခဲ့သည်၊သူဟာ ကောင်းကင်ရဲ့ကံကြမ္မာကို စိန်ခေါ်ပြီးသားပင်၊

နောက်တစ်နေ့မှာတော့ ရေးလ်ဟာ ဟျူးယာတို့နဲ့အတူ နတ်သူငယ်အစည်းအရုံးရှိရှာကို သွားရန်ထွက်လာခဲ့ပြီး ဒန်နာရီနဲ့ရစ်နိုလ်တို့အဖွဲ့ကတော့ ဇီလ်ရာအင်ပါယာကို ပြန်ကြတော့သည်၊ဟျူးယာဟာ ရစ်နိုလ်ကို ဖိတ်ကြားခဲ့ပေမယ့် ရစ်နိုလ်ဟာ တာဝန်တွေရှိသေးတာကြောင့် ငြင်းလွှတ်ခဲ့ပြီး မကြာခင် လာလည်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊
(A/N:ဇီလ်ရာအင်ပါယာက ဒန်နာရီတို့ရဲ့အင်ပါယာနာမည်ပါဗျ)

ဒန်နာရီကလည်း ရစ်နိုလ်ကို ဟျူးယာတို့နဲ့လိုက်သွားနိုင်ကြောင်း မပြောခဲ့သလို ရစ်နိုလ်ဟာလည်း ခွင့်ပြုချက်မတောင်းခဲ့ပေ၊ရစ်နိုလ်သာ တကယ်လိုက်ပါချင်တယ်ဆိုရင် ဘယ်သူက တားဆီးနိုင်မလဲ၊

ဟျူးယာတို့အဖွဲ့နဲ့ဒန်နာရီတို့အဖွဲ့ လမ်းခွဲပြီးနောက်မှာ ဒန်နာရီတို့ဟာ အီရှုရယ်အင်ပါယာရဲ့နေရာကူးပြောင်းရေးမှော်ဂိတ်ကနေတစ်ဆင့် တျက်စရစ်အင်ပါယာမြို့စွန်အနီးကို ရောက်လာတော့သည်

"ဒီကနေတစ်ဆင့် မြို့ထဲကိုသွားရအုံးမှာပဲ ပြီးရင် ဇီလ်ရာအင်ပါယာထဲကနယ်စပ်ဂိတ်ကို ကူးပြောင်းရမယ်"ရစ်နိုလ်ဟာပြောလိုက်ပြီးနောက်မှာ သူတို့အဖွဲ့ဟာ တျက်စရစ်အင်ပါယာရဲ့ တော်ဝင်မြို့တော်ဆီ ခရီးနှင်လာတော့သည်၊

ဒန်နာရီဟာ အသက်ဆယ့်သုံးနှစ်ဝန်းကျင်ထဲကို ရောက်ရှိလာပြီး မကြာခင် အသက်ဆယ့်လေးနှစ်ပြည့်တော့မည်၊

(A/N:ပထမက ဒန်နာရီက ဆယ့်တစ်နှစ်ဝန်းကျင်မှာပါဗျ အတိတ်ပုံရိပ်ယောင်လောကမှာ နှစ်နှစ်ခွဲပိတ်မိနေခဲ့ပါတယ်)

ဒီတစ်ခေါက်မှာတော့ ဒန်နာရီတို့အဖွဲ့ဟာ တော်ဝင်မြို့တော်ထိ အလွယ်တကူကျော်ဖြတ်လာနိုင်ပြီး မည်သည့်အခက်အခဲများဖြင်​့ မကြုံတွေ့ခဲ့ရပေ၊ဒါပေမယ့် ဒန်နာရီဟာ လူတစ်ယောက်ကို သွားသတိရမိသည်၊ ထရစ်ချူ နဲလ် ခရစ်တာရာဟာ ချဲလ်ဂီယာနတ်ဆိုးရဲ့နိုးလစ်က​ျိန်စာကို မိထားတာကြောင့် သုံးနှစ်တောင် ရှင်သန်ရတော့မည်ဖြစ်ပြီး ယခုဆိုရင် နှစ်နှစ်ခွဲအချိန်ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ထိုလူငယ်ဟာ နောက်ထပ်နှစ်ဝက်တောင် ကျန်တော့သည်၊

ထရစ်ချူကို ကုသမလား၊မကုသဘူးလာဆိုတာကို ဒန်နာရီမတွေးမိပေ၊ဒါပေမယ့် ရေစက်ပါခဲ့ရင်တော့ ဒန်နာရီအနေနဲ့အကောင်းဆုံး ကုသရန် ကြိုးစားပေးမှာအမှန်ပေ၊

ရစ်နိုလ်ဟာ မြို့တော်ထဲမှာ တည်းခိုခန်း နားပြီးနောက်မှာ မှော်အစည်းအဝေးကနေ နေရာကူပြောင်းရေးမှော်ယန္တရားနဲ့ပတ်သတ်ပြီး စုံစမ်းလိုက်သည်၊ဒါပေမယ့် နောက်သုံးရက်အနေမှာ အင်ပါယာမင်းရဲ့မွေးနေ့ပွဲရှိတာကြောင့် နေရာကူးပြောင်းရေးမှော်ယန္တရားမှာ အသုံးပြုမည့်မှော်ကျောက်တုံးတွေကို ဒီရက်ပိုင်း အသုံးမပြုရန် အထိန်းသိမ်းခံထားရတာကြောင့် ဒန်နာရီတို့ဟာ နောက်နှစ်ရက်နေမှာ ခရီးထွက်ခွာရမည်ဖြစ်သည်၊

*တျက်စရစ်အင်ပါယာက ဇီလ်ရာအင်ပါယာမကြီးမားပေမယ့် နှစ်ရှည်တည်တန့်နေတဲ့အင်ပါယာဆိုတော့ အလယ်အလတ်အဆင်​့ အလင်းပုလဲရှိလောက်တယ်*

ဇီနိုစကားကြောင့် ဒန်နာရီဟာလက်ခံစွာခေါင်းညိတ်လိုက်သည်၊ဒါပေမယ်​​့ အလင်းပုလဲဆိုတာက အင်ပါယာတိုင်းရဲ့အထွတ်အမြတ်ရတနာပစ္စည်းလိုဖြစ်တာကြောင့် လွယ်ကူစွာအနားကပ်ခွင့်ရမည်မဟုတ်ပေ၊

*မင်းမှာ ချဲလ်ဂီယာနိုးလစ်ကျိန်စာကို ကုသပေးနိုင်မဲ့ပစ္စည်းရှိတယ်... အဲ့တာနဲ့ အပေးအယူလုပ်ကြည့်ပေါ့*

ဇီနိုဟာ ထပ်မံအကြံပေးလာတော့သည်၊အိမ်ရှေ့စံမင်းသားထရစ်ချူဟာ လက်သင့်ခံမည်လား ငြင်းမလား ဒန်နာရီမသိပေမယ့် ကြိုးစားကြည့်သင့်သည်ဟု ဒန်နာရီစိတ်ဟာပြောဆိုနေတော့သည်၊ ငြင်းခဲ့ရင်လည်း ဒန်နာရီဟာ အခြားနည်းလမ်းရှာဖွေလို့ရသေးသည်၊

"ရစ်နိုလ် အိမ်ရှေ့စံမင်းသားထရစ်ချူအကြောင်းကို စုံစမ်းကြည့်ပေးပါဗျ"

"ကောင်းပြီ သခင်လေး" ရစ်နိုလ်ဟာ ဒန်နာရီအမိန့်ရသည်နဲ့ တည်းခိုခန်းထဲကနေထွက်လာတော့သည်၊လူတစ်ယောက်အကြောင်းကို စုံစမ်းရသည်ဟာ လွယ်ကူသည်မဟုတ်သော်လည်း မှောင်ခိုသတင်းဌာနတွေရှိတာကြောင့် ရစ်နိုလ်ဟာ မှောင်ခိုစျေးကွက်ကို ဦးတည်သွားတော့သည်၊

ဒန်နာရီဟာ အခန်းတွင်းမှာနေရင်း မှော်အင်းကွက်တချို့ကို ရေးဆွဲနေတုန်း တစ်စုံတစ်ဦးဟာ ပြတင်းပေါက်တံခါးကို ခေါက်လာတော့သည်၊

အာလ်~ဟာ ချက်ချင်းထွက်လာပြီး ပြတင်းပေါက်ကို ရန်လိုနေတဲ့အမူအရာနဲ့ကြည့်ကာ မာန်ဖီနေတော့သည်၊ဒန်နာရီဟာ အာလ်ရဲ့ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး ပြတင်းပေါက်နားကပ်သွားကာ ကြည့်လိုက်တော့ အနီရောင်ဆံပင်ရှည်များကို အနောက်ဘက်ကို စီးနှောင်ထားပြီး လေးထောင့်ဆန်ဆန်မျက်နှာပုံသဏ္ဍာန်နဲ့ကြည့်ကောင်းတဲ့လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်၊ထိုလူငယ်ရဲ့အနက်ရောင်မျက်ဝန်းများပိုင်ဆိုင်ထားတဲ့မျက်လုံးဟာ အနည်းငယ်အသက်မဲ့နေပေမယ့် ဒန်နာရီဟာ ဘယ်သူမှန်းသိတာကြောင့် ပြတင်းပေါက်တံခါးကို ဖွင့်ပေးလိုက်သည်၊

"အိမ်ရှေ့စံမင်းသားထရစ်ချူက ကျွန်တော့်ကို လာရှာမယ်လို့ မထင်ခဲ့ဘူး" ဒန်နာရီဟာ သူ့ကိုစိုက်ကြည့်နေတဲ့မင်းသားကို ပြန်စိုက်ကြည့်ရင်း ပြောလိုက်သည်၊

ထရစ်ချူဟာ တစ်ချက်ပြုံးလိုက်ပြီးနောက်မှာ အနီးနားက ခုံမှာဝင်ထိုင်လိုက်ပြီး စားပွဲခုံပေါ်မှာ တင်ထားတဲ့ချောကလက်ကွက်တီးကို နှိုက်ရင်း တစ်ဖဲ့စားလိုက်သည်၊

"ဒန်နာရီ လာမယ်ဆိုတာ ကိုယ်သိနေတယ်လေ" ထရစ်ချူဟာ လက်ကျန်တစ်ဖဲ့ကို ပါးစပ်ထည့်ရင်း ပြောလိုက်သည်၊

"ကျွန်တော်က အိမ်ရှေ့စံမင်းသားကို လာရှာတော့မလို့ဘဲ အိမ်ရှေ့စံမင်းသားကိုယ်တိုင်လာတော့လည်း အဆင်ပြေသွားတာပေါ့" ဒန်နာရီဟာ လက်ဖက်ရည်ခရားကို ယူလိုက်ပြီး လက်ဖက်ရည်ခွက်အတွင်း လက်ဖက်ရည်ကိုငှဲ့ကာထည့်ပေးရင် အိမ်ရှေ့စံမင်းသားနား ချပေးလိုက်သည်၊

"အိုး! ကိုယ့်ကို ရှာဖွေနေတာပေါ့.... ဘာအကြောင်းကြောင့်လဲ ဒန်နာရီ"

"အိမ်ရှေ့စံမင်းသားနဲ့အပေးအယူတစ်ခုလုပ်ချင်တယ်" ဒန်နာရီဟာ ခုံမှာ ဝင်ထိုင်ရင်း လက်ဖက်ရည်ကို အေးဆေးသောက်သုံးနေတဲ့ထရစ်ချူကို ကြည့်ရင်းပြောလိုက်သည်၊

"ဘယ်လိုအပေးအယူမျိုးလဲ...?"

-*-*-*-*-*-*

Chapter -71မျှော်

Continue Reading

You'll Also Like

218K 24.1K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
182K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...
138K 13.2K 53
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Author permission Start Date - 5.3.2022 E...
38.7K 4.3K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား