ရေလိုအေးတဲ့ နွေလေးတစ်နွေ (ေရလ...

By Shein_La_Yaung

4.5K 367 52

အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်... More

စာညွှန်း
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)

အပိုင်း (၃၃)

42 5 1
By Shein_La_Yaung

Unicode

စိမ်းလဲ့လဲ့ညိုပြာ
ယိမ်းနွဲ့နွဲ့စိုကာ
ရေနဒီကလည်း တိုးလို့ပါကလား။
ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး
လွှမ်းဖိုဖွယ်ရာ။
(ရွှေပြည်စိုး)

" ဆိတ်ထောင်းထမင်း လေးပွဲ၊ ကြံရည်၃ခွက်နဲ့ သံပုရာရည်က ၁ခွက်၊ ဟိုဟာ ဆိတ်ထောင်းကင်ပါချပေးနော်"

" ဟုတ်ကဲ့ပါဗျ၊ အစ်ကိုတို့ခဏစောင့်ပေးပါနော်..လူကျနေလို့"

"ရတယ် ရတယ်"

ကုသိုလ်တော်ဘုရား၏ တောင်ဘက်ပေါက်လမ်းကူးတွင် လူအရမ်းစည်လေ့ရှိသည့်ဆိုင်ကို သက်ဝေအောင်တို့ ဝင်ခဲ့သည်။

နာမည်လေးက "ထနောင်းရိပ်" တဲ့။
နာမည်နဲ့လိုက်ဖက်ပုံက ဆိုင်ပတ်ဝန်းကျင်နေရာတစ်လျှောက်ကို နှစ်ချို့ထနောင်းပင်ကြီးက အုံ့မိုးထားလေသည်။
တစ်နိုင်တစ်ပိုင် စားပွဲပု၊ ခုံပုလေးများကို ဟိုစုစု၊ ဒီစုစုနေရာချထားပြီး မုန့်ချိုများဖြင့်လည်း ဧည့်ခံလေ့ရှိသည်။

သက်ဝေအောင်တို့ထိုင်နေသောနေရာသည် စိမ်းစိုနေသောကန်လယ်ဘုရားနားတွင်ဖြစ်သည်။ ကန်ရေစိမ်းစိမ်းကို အနီးကပ်မြင်ရ၍လည်း အမြင်ပသာရအားဖြင့် စိတ်ချမ်းသာဖို့ကောင်းသည်။

သဒ္ဒါနှင့် ရဲရင့်တို့သည် ဘေးချင်းပူးကပ်ထိုင်ပြီး ရိုက်ထားသောပုံများကို ပြန်ကြည့်ရင်း တခစ်ခစ်ဖြင့်ရယ်နေတာမပြီးတော့။

စဝေယံမိုး၏မျက်နှာ မှိုင်းသသဖြစ်နေသည်ကို သတိထားမိသော သက်ဝေအောင်သည် ဒူးပေါ်တင်ထားသောစဝေ၏လက်ကို အသာအယာကိုင်လိုက်ပြီး ချိုသာစွာစကားဆိုလေသည်။

" ညီ...မနှစ်က သင်္ကြန်တုန်းကကျ ကလေးဝမှာပဲလား"

" အင်း...ဒုလ္လဘဝတ်တာလေ၊ ရဲရင့်ရောပဲ"

ပြောပြောဆိုဆိုဖြင့် ရဲရင့်ကိုမေးငေါ့ပြလိုက်လေသည်။

" ဟုတ်တယ် မင်းသား၊ ကျုပ်တို့က ငြိမ်းချမ်းအေးမြခြင်းနဲ့ ပြည့်စုံအောင် နှစ်တိုင်းဝတ်ဖြစ်ကြတယ်။ အဲဒါကြောင့် ခုလို ချောမောနေတာပေါ့"

"ဟား ဟား ဟား ဟား ဟား"

ရဲရင့်၏အပြောကိုပိတ်ချလိုက်တာကတော့ သဒ္ဒါ၏ခွက်ထိုးခွက်နင်းရယ်သံကြီးပင်။ ပုံကြည့်နေသော ဖုန်းကို ရေစိုခံအိတ်ထဲထည့်သိမ်းကာ စကားဝိုင်းသို့ဝင်လိုက်သည်။

" နင့်မလဲ ဖြည်းဖြည်းရယ်ပါ၊ ထနောင်းပင်ကြီးတောင် ပြိုကျတော့မယ်"

ဘယ်စကားဝိုင်းမဆို သဒ္ဒါတို့၏ တစ်ယောက်နဲ့ တစ်ယောက် ဦးသူဖဲ့နေတာမပါလျှင် မပြည့်စုံဟု စဝေယံမိုး တွေးမိလေသည်။

" အစ်ကိုကရော မနှစ်က သင်္ကြန်မှာ ဘာလုပ်လဲ"

စဝေသည် သက်ဝေအောင်ကိုကြည့်ကာမေးလိုက်ပေမဲ့ အဖြေပေးသူကတော့ သဒ္ဒါ။

" အမယ်လေး ငါတို့ မနှစ်က ဟိုးဘက် တနိုင်းဘက်မှာ ဟုတ်တယ်နော သက်ဝေအောင်"

" အင်း ဟုတ်တယ်"

သဒ္ဒါ့ကိုခေါင်းငြိမ့်​ပြန်ပြောပြီး စဝေဘက်သို့မျက်နှာလှည့်ကာ စကားဆက်တော့သည်။

" မနှစ်က ပွဲကသွားတာတော့မဟုတ်ဘူး ညီရဲ့၊ ဒီတိုင်း ဇာတ်က အချို့ကိုပဲငှားတာ။ သီချင်းဆိုဖို့လေ။ တနိုင်းမဏ္ဍပ်မှာ ၅ရက်လုံး နေခဲ့ရတယ်"

" တနိုင်းဆိုတာက ဘယ်ဘက်လဲ အစ်ကို"

" မြစ်ကြီးနာဘက် ညီရဲ့၊ ညီ ပယင်းကိုသိတယ်မလား"

" အင်း သိတယ်၊ အစ်ကိုဆွဲထားတဲ့ ဆင်စွယ်လည်ဆွဲက ပယင်းမလား"

သက်ဝေအောင်၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ဆင်စွယ်သဏ္ဍာန် ပယင်းဆွဲကြိုးအား စဝေ လက်ညိုးထိုးပြလိုက်သည်။

" ဟုတ်တာပေါ့၊ ဒီပယင်းတွေက တနိုင်းကအဓိကထွက်တာလေညီရဲ့၊ အဲဒီမှာဆို ပယင်းစျေး ဆိုပြီး စျေးတန်းကြီးရှိတယ်။ အစ်ကို့ဒီလည်ဆွဲလေးက အဲဒီမှာ နှစ်သောင်းလားပဲပေးရတာ၊ မန္တလေးမှာသွားဝယ်ကြည့်...တစ်သိန်းကျော်တယ်"

" ဘုရား...ဘာလို့အဲလောက် စျေးတက်သွားတာလဲ"

" သွားလာခထည့်ယူကြတယ်ထင်ပါ့ညီရယ်၊ တနိုင်းဆိုတာ ဟိုးအထက် ကချင်ပြည်နယ်ဘက်လေ၊ ခရီးဝေးလည်းဖြစ်တော့ သိပ်သွားလေ့သွားထမရှိဘူးလေ"

" ရောက်ဖူးချင်လိုက်တာ၊ သင်္ကြန်သွားတာဆိုတော့ ပျော်စရာကြီးနေမှာနော်"

"ပျော်ရလားဆို အဲလိုတော့ ရေရေရာရာမရှိပါဘူးညီရယ်၊ သီချင်းဆိုတယ်၊ ရေတွေစိုတယ်၊ အိပ်တယ်။ အဲဒီလိုပဲကုန်ဆုံးသွားတာ။ အော် အဲအချိန်တုန်းက ဒီလိုလဲ မချူချာသေးတော့ ဒန်စာ (dancer) တွေနဲ့ရှယ်ကခဲ့တာပေါ့"

စဝေယံမိုးသည် သက်ဝေ၏ အပြောမှာ စူးခနဲ နာကျင်သွားရပါသည်။ သူတစ်ယောက်တည်းမဟုတ်ပါ။ တိတ်တိတ်လေးထိုင်နားထောင်နေကြသော သဒ္ဒါတို့ပင် စိတ်မကောင်းဖြစ်သွားလေသည်။

လေထုသည် ခတ္တခဏ ငြိမ်သက်သွားသည်။
စိမ်းလဲ့နေသော ကန်ရေပေါ်သို့ ထနောင်းကိုင်းကျသွားသဖြင့် လှိုင်းကြက်ခွပ်များထသွားသည်။

" ဘာ ဘာဖြစ်သွားကြတာတုန်းဟ၊ မျက်နှာတွေက မချဖြစ်တဲ့မသာလိုပဲ"

" ဟဲ့ စိတ်မကောင်းဖြစ်နေတာကို ဘယ်ရောက်သွားမှန်းမသိ ဟား ဟား၊ သက်ဝေအောင်ရယ် နင်လည်းပြောတတ်"

မဲ့နေသောမျက်နှာထားများဟာ သဒ္ဒါ့ရယ်သံကြောင့်ပင် တစ်ဖန်ပြန်ပြုံးလာကြပါတော့သည်။
စဝေကတောဘ သက်ဝေအောင်၏ စားပွဲပေါ်တင်ထားသော ဘယ်လက်ကလေးအား အသာအယာကိုင်ကာ ချိုသာစွာ ပြုံးပြလိုက်ပါသည်။
သက်ဝေအောင်ကလည်း စဝေ၏လက်ကိုပင် ညာလက်ဖြင့် ပြန်အုပ်မိုးကာ ခေါင်းငြိမ့်၍ ပြန်ပြုံးပြလိုက်သည်။

ထိုအပြုံးများသည် နက်နဲသောအဓိပ္ပာယ်များပြည့်နှက်လို့နေသည်။

အပြုံးနဲ့စကားပြောခြင်းဆိုတာ သိပ်ချစ်ကြတဲ့ လူနှစ်ဦးသာ ဆက်သွယ်နိုင်သော ဘာသာတစ်မျိုးမဟုတ်လား။
ကျန်ရစ်မယ့်သူနှင့် ထားရစ်မယ့်သူဟာ မည်သို့သော စကားလုံးတွေကို အပြုံးမှတစ်ဆင့် ဆိုခဲ့ကြသလဲဆိုတာ ထနောင်းပင်ကြီးပင် မသိနိုင်ပါ။

" ဆိတ်ထောင်းထမင်း၄ ရပါပြီရှင့်၊ ကြံရည်၃၊ သံပုရာ၁။ အကင်ကတော့ သက်သက်ရှင်းရမယ်ရှင့်"

မှာထားသော အစားအသောက်များအစုံအလင်လာချပေးပြီးပြီမို့ စကားဖြတ်ကာ အစာဆီကိုသာ အာရုံရနေတော့သည်။

" ဆိတ်ထောင်းက မွှေးနေတာပဲဟယ်"

" ဟုတ်ပါ့ ကြံရည်ကလည်း မိုက်မိုက်မိုက်ပဲ။ ခံတွင်းကိုရှင်းရော"

သဒ္ဒါနှင့် ရဲရင်တို့ကတော့ အတိုင်အဖောက်ညီညီ အစားအသောက်ကိုသာ အငမ်းမရဖြစ်နေလေသည်။

" အေး ကြိုက်ရင်လည်း မြန်မြန်စားကြ၊ မန္တလေးတောင်တက်ရဦးမှာ"

သက်ဝေအောင်သည် အချိန်ကိုကြည့်ကာ လောလောဖြင့်ပြောလိုက်ပြီးစဝေကို တစ်ချက်ပြန်ကြည့်လိုက်သည်။

" ညီ စားလေ"

" ဟုတ် အစ်ကို၊ ဒါနဲ့ မန္တလေးတောင်တက်ရမှာက တော်တော်မြင့်လားဟင်"

" ခြေကျင်လျှောက်ရင်တော့ ပိုပန်းတာပေါ့၊ အစ်ကိုတို့က ကားနဲ့တက်မှာလေ။ ဒါပေမဲ့ ကားကလည်း တောင်လယ်လောက်ကျ ရပ်ရမှာပဲ။ နည်းနည်းတော့ ဆက်လျှောက်ရဦးမယ်။"

" ဖြစ်ရဲ့လား အစ်ကိုရယ်၊ အတက်အဆင်းအရမ်းမလုပ်စေချင်ဘူး"

စဝေသည် ကြံရည်ခွက်ကို လက်မှချကာ စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည်။

" အစ်ကိုက မန္တလေးသားပါညီရယ်၊ ဒီလောက်ကတော့ဖြစ်ပါတယ်။ သိပ်စိတ်ပူမနေနဲ့ နော် ဟုတ်ပြီလား။ စား စား ပြီးရင်သွားရအောင်"

သက်ဝေအောင်သည် စဝေ၏ ပျော့အိနေသောဆံပင်ထိပ်ဖျားများကို အသာအယာခါယမ်းလိုက်ပြီး ဆိတ်ထောင်းကင်ကို သံပုရာသီးညှစ်ကာ စားလိုက်လေသည်။

နှစ်ယောက်သား​၏အပြုအမူကို မျက်လုံးပြူးပြူးဖြင့်ကြည့်နေသော သဒ္ဒါသည် ပါးစပ်ထဲသွင်းမလို့ ပြင်နေသော ဆိတ်သားကင်ကို ပြန်ချကာ ရဲရင့်ကိုကြည့်လိုက်သည်။

" ငရဲရေ ဒီဆိတ်သားကင်က တုတ်ချောင်းလေးတွေက ပန်းမဟုတ်ဘူးသိလား၊ မတော်တဲ့နေရာကိုထိုးရင်သေတတ်တယ်ဟေ့၊ ကြည့်ကြပ် အဖြစ်သည်းကြ"

" ဟ သူတို့ဘာသာ တစ်တီတူးနိုင်လို့ အဖြစ်သည်းကြတာ သည်းပါစေပေါ့၊ စားစရာရှိတာစား။ နင် အပျိုကြီးမှန်း လူသိအောင် ကြေညာမနေနဲ့။ စား စား ဆိတ်ထောင်းလေးကောင်းတယ်"

" အေးအေး မြိုမြို၊ ဗိုက်လေးလေးနဲ့ တောင်တက်မှ နားကြပါဦးဆိုရင် ပါးချမယ်"

ဘုနဲ့ဘောက်တို့၏ ထေ့ငေါ့မှုများကြောင့် စဝေတို့ ထမင်းမြိန်ရပြန်လေသည်။
သင်္ကြန်မိုးသက်လေဟာလည်း အနောက်အရပ်ဆီမှ တဖြူးဖြူးတိုက်ခက်လာပြီး ထနောင်းပင်မှ သစ်ရွက်၊ သစ်ခက်တို့ပင် လွင့်သွားသည်။

စားပွဲဝိုင်းအပြည့်ဖြင့် ထနောင်းရိပ်ထမင်းဆိုင်လေးတွင် မတူညီသောဘဝများ၊ ကွဲပြားသော ချစ်ခြင်းမေတ္တာများ လာရောက်ဆုံစည်းကြရသည်။

မဟာသင်္ကြန်အကျနေ့တွင်ပဲဖြစ်ပါသည်။
____________________________________

မန္တလေးတောင်

လှိုက်ဖိုရင်သပ်၊ ပန်းချီတစ်ရာ
မှိုင်းမှုန်ကာထပ်၊ ညိုပြာပြာ
နုအေးလို့လွမ်းပါဘိ။
ချစ်သူခွာသီ၊ မန်းအညာဆီ
တောင်တော်မဟီ၊ ဒီရပ်ဝန်းမှာ
မြွေနှစ်​ကောင် ညာသံပေးလို့
ခိုဖြူကိုလွှတ်၊ လှိုင်းကြက်ခွပ်။

  မန္တလေးမြို့ကို အထက်စီးမှ ရှင်းရှင်းလင်းလင်းမြင်နိုင်သည့် မန္တလေးတောင်တော်ထိပ်ဖျားဆီသို့ တက်လာရာသော ကားလမ်းတစ်လျှောက်ကို ခက်ခက်ခဲခဲဖြတ်ကျော်လာခဲ့ရသည်မှာအမှန်ပင်။

မိမိရှေ့တွင်ရှိသောကား၊ ဆိုင်ကယ်များအတက်ကိုစောင့်ရသလို အနောက်မှ တစ်တန်းကြီးပါလာသော  ကားတန်းကိုလည်းသတိထားရလေသည်။
ပုံမှန်ဆို သရဲ​ခြောက်မှာတောင်ကြောက်ရသည့် မန္တလေးတောင် အတက်လမ်းသည် သင်္ကြန်အကျနေ့ဖြစ်တာကြောင့် သူသူငါငါအလာဆုံသွားကြသည်။

မိနစ် ၂၀လောက် ရပ်လိုက်၊ မောင်းလိုက်လုပ်ရင်း ကား၊ ဆိုင်ကယ် ရပ်ရတဲ့ နေရာသို့ အောင်အောင်မြင်မြင်ရောက်ရှိသွားခဲ့သည်။

ဘိုးဘိုးကြီးနတ်နန်းကိုတော့ ခြေကျင်လျှောက်တက်သည်မဟုတ်တဲ့အတွက် မဝင်လိုက်ရပေမဲ့ တောင်ထိပ်ကိုတော့ ရောက်အောင်လမ်းလျှောက်ရပေသေးသည်။

မတ်စောက်သော စောင်းတန်းများကို လူအုံလိုက်ကျင်းလိုက်ဖြင့် အားယူတက်ရသည်မို့ ချွေးပေါက်များ တစ်စက်စက်ကျလာတော့သည်။
လူမကွဲအောင်လည်း တစ်ယောက်နှင့် တစ်ယောက် ကိုင်ထားကြရသည်။

တက်လာရသည်မှာ ပင်ပန်းသော်လည်း ရင်ပြင်တော်ပေါ်သို့ အရောက်မှာတော့ လေထုတစ်ခုလုံးပြောင်းလဲသွားတော့သည်။

" ရှုခင်းကြီးက လှလိုက်တာဟယ်၊ မရောက်ဖြစ်တာကြာလို့လားမသိဘူး၊ တော်တော်ကို အေးချမ်းလိုက်တာ"

သဒ္ဒါ၏ဆိုစကားကြောင့် အားလုံးဟာ ရင်ပြင်ပရဝုဏ်ကို ကာထားသော သံကာများနား ကပ်ကာ မန္တလေး၏ အလှတရားကို ရင်သပ်ရှုမောဖွယ်ကြည့်လိုက်ကြသည်။

" ငရဲ...လာ ဟိုမှာ မှန်​ဘီလူးငှားလို့ရတယ်၊ ဒီထပ်ပိုမိုက်တာကြည့်မယ်"

သဒ္ဒါသည် ရဲရင့်ကို ရင်ပြင်၏ အခြားတစ်ဖက်သို့ အတင်းဆွဲခေါ်သွားလေပြီမို့ သံကာနားတွင် စဝေတို့သာ ကျန်ခဲ့သည်။

" ဒီကကြည့်ရင် နန်းမြို့ရိုး နဲ့ ကျုံကို အထင်းသာမြင်ရတယ် ညီရဲ့၊ ဟိုးမှာတွေ့တယ်မလား"

" အင်း အင်း ဒီနေရာလေးက တကယ့်ကိုအေးချမ်းတာနော်"

" ဟုတ်တယ်...မန္တလေးတောင်သမိုင်းက အမျိုးမျိုးရှိတယ်ညီရယ်၊ ခေါ်ဝေါ်ခဲ့ပုံတွေကလည်း မတူဘူးဆိုတော့ မှတ်ရခက်တယ်။ အစ်ကိုသိသလောက် ပြောပြရမယ်ဆိုရင်..."

သက်ဝေအောင်သည် မန္တလေးတောင်သမိုင်းကြောင်းကို ကြားဖူးနားဝရှိတာရော ဖတ်ဖူးသည့်စာပေများမှအချက်အလက်များကိုရော ကိုးကားပြီး စဝေအားပြောပြနေလေသည်။

" အရင်က မဏ္ဍလေးတောင်ဆိုပြီးခေါ်တာတဲ့၊ ဘုရားရှင်လက်ထပ်အဆက်ဆက်မတူညီတဲ့အခေါ်ဝေါ်တွေရှိခဲ့သေးတယ်...မဏ္ဍလဆိုတာ ပျံပျူးသာယာတဲ့နယ်မြေတဲ့။ တကယ်လည်း အေးချမ်းသာယာနေတာပဲမလား။ အခုအစ်ကိုတို့ရောက်နေတာက ဆုတောင်းပြည့်မြတ်စွာဘုရားနား၊ ဟိုဘက်မြောက်နား  နည်းနည်းဆင်းလိုက်ရင် မြွေကြီးနှစ်ကောင်ကိုရောက်ပြီ"

" မြွေကြီးနှစ်ကောင်ကကျ ဘယ်လိုသမိုင်းရှိတာလဲဟင်"

" ပါးစပ်ရာဇဝင်တွေကတော့ အမျိုးမျိုးပေါ့ညီရယ်၊ အစ်ကိုသိရသလောက်ကတော့ ဒီမန္တလေးတောင်ကို တောရှင်းဖို့လုပ်ရင်း ရသေ့ကြီးဦးခန္တီက အလှူခံရာကနေ တွေ့တာတဲ့။ ဘယ်သူ့ကိုမှလည်း ရန်မမူဘူးတဲ့။ ဒီမန္တလေးတောင်က မြွေတွေက နောက်ပြီးလူကိုဒုက္ခမပေးဘူးတဲ့။ ဒီမြွေကြီးနှစ်ကောင်ကြောင့်ပဲ စိတ်ဝင်တစား လာရောက်လှူတဲ့သူတွေများလာပြီး အထမြောက်သွားတာလို့ပြောရမယ်။"

" အစ်ကိုပြောတာနားထောင်ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ အားမှ စာအုပ်တွေဘာတွေဖတ်ကြည့်ဦးမယ်"

ခေါင်းတငြိမ့်ငြိမ့်ဖြင့် စိတ်ဝင်တစားနားထောင်နေသော စဝေကို သက်ဝေအောင် သဘောကျသည့်မျက်လုံးများဖြင့်ကြည့်တာ ပြုံးနေမိသည်။

" ညီ ဒီလို အထက်စီးကနေမြင်ရတဲ့ရှုခင်းတွေကိုမြင်တော့ ဘာသတိရလဲဟင်"

စဝေ သည် မချိုမချဥ္အပြုံးလေးပြုံးကာ ခက်ခက်ခဲခဲစဥ္းစားနေဟန်လုပ်လိုက်သည်။

" ဟင် ဘာကို သတိရရမှာလဲ"

" ဒီလိုမျိုး အစ်ကိုနဲ့ညီ တစ်နေရာရာမှာ ကြုံခဲ့ဖူးသလားလို့လေ"

" ဟုတ်လား..ဟုတ်လို့လား"

" ကောင်လေး...မှတ်ဉာဏ်တွေကဘယ်လိုဖြစ်"

" ဘာကိုသတိရမှာလဲ လူကြီးရဲ့"

" အယ်"

စဝေသည် သက်ဝေအောင်ကို တစ်ခွန်းမကျန်ပြန်ပြောပြီး ခပ်ဝေးဝေးသို့ လှည့်ထွက်သွားလိုက်သည်။
အနောက်ကတကောက်ကောက်လိုက်ရသူကတော့ သက်ဝေအောင်။

" ဟိတ် ဘယ်ကိုထွက်သွားရတာလဲ"

" မသိဘူးလေ ဒီတိုင်းသွားတာ"

" ဟာကွာ ဒီကလေး ဘယ်လိုဖြစ်"

" ဟဲဟဲ စတာ စတာ"

စဝေသည် ဝေ့လည်ကြောင်ပတ်လုပ်နေရာမှ ရပ်လိုက်ပြီး သက်ဝေအောင်၏ မျက်လုံးများကို သေသေချာချာကြည့်လိုက်သည်။

" ဘာကိုသတိရလဲဆိုရင်လေ ကျွန်တော့်ဘဝကြီးက အဓိပ္ပာယ်ရှိသွားတဲ့နေ့ကိုသတိရတာပေါ့ အစ်ကိုရာ၊ ကြိတ်ပြီးသဘောကျရတဲ့မင်းသားနဲ့အတူ ရွှေမုဌောကုန်းပေါ်ကနေ ကလေးဝမြို့ကိုကြည့်ခွင့်ရခဲ့တယ်လေ။ ဘာကပိုလို့တောင် ကျွန်တော့်ကို ပျော်စေလဲဆိုရင်လေ အခုချိန်ထိ အစ်ကိုရဲ့ဘေးမှာရှိခွင့်ရပြီး မန္တလေးတောင်ပေါ်ခြေချခွင့်ရတာပဲ။ စိတ်တောင်မကူးရဲခဲ့ဖူးဘူး"

စဝေ၏ တည်တည်ငြိမ်ငြိမ်ပြောထွက်လာသောစကားတွေဟာ သက်ဝေအောင်၏ရင်ကို နည်းမျိုးစုံနဲ့ ကလိလို့နေသည်။

" ညီရယ်..."

" လူကြီိး ကြွေကြသွားပြီထင်တယ် ဟဟ..."

" မြတ်နိုးတယ်"

စဝေ၏ရင်ခုန်သံတွေဟာ ဖောက်လွဲဖောက်ပြန်ဖြစ်လို့နေသည်။

မြတ်နိုးတယ်ဆိုတဲ့ စကားကို အရင်ကလည်းကြားဖူးပေမဲ့အခုလောက် ခံစားချက်မွှန်းကြပ်မှုမရှိပါ။ ပျော်လည်းပျော်တယ်၊ စိတ်လည်းမကောင်းဘူး။ ဒီလို ရှုပ်ထွေးနေတဲ့ခံစားချက်ဟာ ဒီတစ်ဘဝစာတင်လုံလောက်ပါပြီ။

" အစ်ကိုရဲ့ မြတ်နိုးတယ် ဆိုတာကို ကြားတိုင်း ကျွန်တော် ကြက်သီးထဆဲပဲ။ အချစ်တွေကလက်ဆတ်တုန်းပါပဲ အစ်ကိုရာ"

ပြာရောင်ဝေသီ တောင်တော်မဟီ၌  သတ်မှတ်ပြီးသားအနာဂတ်ရှိသော လူသားနှစ်ယောက်သည် အချစ်ပန်းများစိုက်ပျိုးရင်း ပိတောက်တစ်ခက်ထက် မွှေးကြိုင်လျက်...။

#ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။ ကြယ်လေးနှိပ်ပြီး review လေးတွေလည်းပေးပါဦးနော်။
==================================

Zawgyi

စိမ္းလဲ့လဲ့ညိုျပာ
ယိမ္းႏြဲ႔ႏြဲ့စိုကာ
ေရနဒီကလည္း တိုးလို႔ပါကလား။
ေရႊျပည္စိုး ေရႊျပည္စိုး ေရႊျပည္စိုး
လႊမ္းဖိုဖြယ္ရာ။
(ေရႊျပည္စိုး)

" ဆိတ္ေထာင္းထမင္း ေလးပြဲ၊ ႀကံရည္၃ခြက္နဲ႔ သံပုရာရည်က ၁ခြက္၊ ဟိုဟာ ဆိတ္ေထာင္းကင္ပါခ်ေပးေနာ္"

" ဟုတ္ကဲ့ပါဗ်၊ အစ္ကိုတို႔ခဏေစာင့္ေပးပါေနာ္..လူက်ေနလို႔"

"ရတယ္ ရတယ္"

ကုသိုလ္ေတာ္ဘုရား၏ ေတာင္ဘက္ေပါက္လမ္းကူးတြင္ လူအရမ္းစည္ေလ့ရိွသည့္ဆိုင္ကို သက္ေဝေအာင္တို႔ ဝင္ခဲ့သည္။

နာမည္ေလးက "ထေနာင္းရိပ္" တဲ့။
နာမည္နဲ႔လိုက္ဖက္ပံုက ဆိုင္ပတ္ဝန္းက်င္ေနရာတစ္ေလ်ွာက္ကို ႏွစ္ခ်ိဳ႕ထေနာင္းပင္ႀကီးက အံု႔မိုးထားေလသည္။
တစ္ႏိုင္တစ္ပိုင္ စားပြဲပု၊ ခံုပုေလးမ်ားကို ဟိုစုစု၊ ဒီစုစုေနရာခ်ထားၿပီး မုန္႔ခ်ိဳမ်ားျဖင့္လည္း ဧည့္ခံေလ့ရိွသည္။

သက္ေဝေအာင္တို႔ထိုင္ေနေသာေနရာသည္ စိမ္းစိုေနေသာကန္လယ္ဘုရားနားတြင္ျဖစ္သည္။ ကန္ေရစိမ္းစိမ္းကို အနီးကပ္ျမင္ရ၍လည္း အျမင္ပသာရအားျဖင့္ စိတ္ခ်မ္းသာဖို႔ေကာင္းသည္။

သဒၵါႏွင့္ ရဲရင့္တို႔သည္ ေဘးခ်င္းပူးကပ္ထိုင္ၿပီး ရိုက္ထားေသာပံုမ်ားကို ျပန္ၾကည့္ရင္း တခစ္ခစ္ျဖင့္ရယ္ေနတာမၿပီးေတာ့။

စေဝယံမိုး၏မ်က္ႏွာ မိႈင္းသသျဖစ္ေနသည္ကို သတိထားမိေသာ သက္ေဝေအာင္သည္ ဒူးေပၚတင္ထားေသာစေဝ၏လက္ကို အသာအယာကိုင္လိုက္ၿပီး ခ်ိဳသာစြာစကားဆိုေလသည္။

" ညီ...မႏွစ္က သႂကၤန္တုန္းကက် ကေလးဝမွာပဲလား"

" အင္း...ဒုလႅဘဝတ္တာေလ၊ ရဲရင့္ေရာပဲ"

ေျပာေျပာဆိုဆိုျဖင့္ ရဲရင့္ကိုေမးေငါ့ျပလိုက္ေလသည္။

" ဟုတ္တယ္ မင္းသား၊ က်ဳပ္တို႔က ၿငိမ္းခ်မ္းေအးျမျခင္းနဲ႔ ျပည့္စံုေအာင္ ႏွစ္တိုင္းဝတ္ျဖစ္ၾကတယ္။ အဲဒါေၾကာင့္ ခုလို ေခ်ာေမာေနတာေပါ့"

"ဟား ဟား ဟား ဟား ဟား"

ရဲရင့္၏အေျပာကိုပိတ္ခ်လိုက္တာကေတာ့ သဒၵါ၏ခြက္ထိုးခြက္နင္းရယ္သံႀကီးပင္။ ပံုၾကည့္ေနေသာ ဖုန္းကို ေရစိုခံအိတ္ထဲထၫ့္သိမ္းကာ စကားဝိုင္းသို႔ဝင္လိုက္သည္။

" နင့္မလဲ ျဖည္းျဖည္းရယ္ပါ၊ ထေနာင္းပင္ႀကီးေတာင္ ၿပိဳက်ေတာ့မယ္"

ဘယ္စကားဝိုင္းမဆို သဒၵါတို႔၏ တစ္ေယာက္နဲ႔ တစ္ေယာက္ ဦးသူဖဲ့ေနတာမပါလ်ွင္ မျပည့္စံုဟု စေဝယံမိုး ေတြးမိေလသည္။

" အစ္ကိုကေရာ မႏွစ္က သႂကၤန္မွာ ဘာလုပ္လဲ"

စေဝသည္ သက္ေဝေအာင္ကိုၾကည့္ကာေမးလိုက္ေပမဲ့ အေျဖေပးသူကေတာ့ သဒၵါ။

" အမယ္ေလး ငါတို႔ မႏွစ္က ဟိုးဘက္ တႏိုင္းဘက္မွာ ဟုတ္တယ္ေနာ သက္ေဝေအာင္"

" အင္း ဟုတ္တယ္"

သဒၵါ့ကိုေခါင္းၿငိမ့္​ျပန္ေျပာၿပီး စေဝဘက္သို႔မ်က္ႏွာလွည့္ကာ စကားဆက္ေတာ့သည္။

" မႏွစ္က ပြဲကသြားတာေတာ့မဟုတ္ဘူး ညီရဲ့၊ ဒီတိုင္း ဇာတ္က အခ်ိဳ႕ကိုပဲငွားတာ။ သီခ်င္းဆိုဖို႔ေလ။ တႏိုင္းမ႑ပ္မွာ ၅ရက္လံုး ေနခဲ့ရတယ္"

" တႏိုင္းဆိုတာက ဘယ္ဘက္လဲ အစ္ကို"

" ျမစ္ႀကီးနာဘက္ ညီရဲ့၊ ညီ ပယင္းကိုသိတယ္မလား"

" အင္း သိတယ္၊ အစ္ကိုဆြဲထားတဲ့ ဆင္စြယ္လည္ဆြဲက ပယင္းမလား"

သက္ေဝေအာင္၏ လည္ပင္းတြင္ ဝတ္ဆင္ထားေသာ ဆင္စြယ္သ႑ာန္ ပယင္းဆြဲႀကိဳးအား စေဝ လက္ညိုးထိုးျပလိုက္သည္။

" ဟုတ္တာေပါ့၊ ဒီပယင္းေတြက တႏိုင္းကအဓိကထြက္တာေလညီရဲ့၊ အဲဒီမွာဆို ပယင္းေစ်း ဆိုၿပီး ေစ်းတန္းႀကီးရိွတယ္။ အစ္ကို႔ဒီလည္ဆြဲေလးက အဲဒီမွာ ႏွစ္ေသာင္းလားပဲေပးရတာ၊ မႏၲေလးမွာသြားဝယ္ၾကည့္...တစ္သိန္းေက်ာ္တယ္"

" ဘုရား...ဘာလို႔အဲေလာက္ ေစ်းတက္သြားတာလဲ"

" သြားလာခထည့္ယူၾကတယ္ထင္ပါ့ညီရယ္၊ တႏိုင္းဆိုတာ ဟိုးအထက္ ကခ်င္ျပည္နယ္ဘက္ေလ၊ ခရီးေဝးလည္းျဖစ္ေတာ့ သိပ္သြားေလ့သြားထမရိွဘူးေလ"

" ေရာက္ဖူးခ်င္လိုက္တာ၊ သႂကၤန္သြားတာဆိုေတာ့ ေပ်ာ္စရာႀကီးေနမွာေနာ္"

"ေပ်ာ္ရလားဆို အဲလိုေတာ့ ေရေရရာရာမရိွပါဘူးညီရယ္၊ သီခ်င္းဆိုတယ္၊ ေရေတြစိုတယ္၊ အိပ္တယ္။ အဲဒီလိုပဲကုန္ဆံုးသြားတာ။ ေအာ္ အဲအခ်ိန္တုန္းက ဒီလိုလဲ မခ်ူခ်ာေသးေတာ့ ဒန္စာ (dancer) ေတြနဲ႔ရွယ္ကခဲ့တာေပါ့"

စေဝယံမိုးသည္ သက္ေဝ၏ အေျပာမွာ စူးခနဲ နာက်င္သြားရပါသည္။ သူတစ္ေယာက္တည္းမဟုတ္ပါ။ တိတ္တိတ္ေလးထိုင္နားေထာင္ေနၾကေသာ သဒၵါတို႔ပင္ စိတ္မေကာင္းျဖစ္သြားေလသည္။

ေလထုသည္ ခတၲခဏ ၿငိမ္သက္သြားသည္။
စိမ္းလဲ့ေနေသာ ကန္ေရေပၚသို႔ ထေနာင္းကိုင္းက်သြားသျဖင့္ လိႈင္းၾကက္ခြပ္မ်ားထသြားသည္။

" ဘာ ဘာျဖစ္သြားၾကတာတုန္းဟ၊ မ်က္ႏွာေတြက မခ်ျဖစ္တဲ့မသာလိုပဲ"

" ဟဲ့ စိတ္မေကာင္းျဖစ္ေနတာကို ဘယ္ေရာက္သြားမွန္းမသိ ဟား ဟား၊ သက္ေဝေအာင္ရယ္ နင္လည္းေျပာတတ္"

မဲ့ေနေသာမ်က္ႏွာထားမ်ားဟာ သဒၵါ့ရယ္သံေၾကာင့္ပင္ တစ္ဖန္ျပန္ၿပံဳးလာၾကပါေတာ့သည္။
စေဝကေတာဘ သက္ေဝေအာင္၏ စားပြဲေပၚတင္ထားေသာ ဘယ္လက္ကေလးအား အသာအယာကိုင္ကာ ခ်ိဳသာစြာ ၿပံဳးျပလိုက္ပါသည္။
သက္ေဝေအာင္ကလည္း စေဝ၏လက္ကိုပင္ ညာလက္ျဖင့္ ျပန္အုပ္မိုးကာ ေခါင္းၿငိမ့္၍ ျပန္ၿပံဳးျပလိုက္သည္။

ထိုအၿပံဳးမ်ားသည္ နက္နဲေသာအဓိပၸာယ္မ်ားျပည့္ႏွက္လို႔ေနသည္။

အၿပံဳးနဲ႔စကားေျပာျခင္းဆိုတာ သိပ္ခ်စ္ၾကတဲ့ လူႏွစ္ဦးသာ ဆက္သြယ္ႏိုင္ေသာ ဘာသာတစ္မ်ိဳးမဟုတ္လား။
က်န္ရစ္မယ့္သူႏွင့္ ထားရစ္မယ့္သူဟာ မည္သို႔ေသာ စကားလံုးေတြကို အၿပံဳးမွတစ္ဆင့္ ဆိုခဲ့ၾကသလဲဆိုတာ ထေနာင္းပင္ႀကီးပင္ မသိႏိုင္ပါ။

" ဆိတ္ေထာင္းထမင္း၄ ရပါၿပီရွင့္၊ ႀကံရည္၃၊ သံပုရာ၁။ အကင္ကေတာ့ သက္သက္ရွင္းရမယ္ရွင့္"

မွာထားေသာ အစားအေသာက္မ်ားအစံုအလင္လာခ်ေပးၿပီးၿပီမို႔ စကားျဖတ္ကာ အစာဆီကိုသာ အာရံုရေနေတာ့သည္။

" ဆိတ္ေထာင္းက ေမႊးေနတာပဲဟယ္"

" ဟုတ္ပါ့ ႀကံရည္ကလည္း မိုက္မိုက္မိုက္ပဲ။ ခံတြင္းကိုရွင္းေရာ"

သဒၵါႏွင့္ ရဲရင္တို႔ကေတာ့ အတိုင္အေဖာက္ညီညီ အစားအေသာက္ကိုသာ အငမ္းမရျဖစ္ေနေလသည္။

" ေအး ႀကိဳက္ရင္လည္း ျမန္ျမန္စားၾက၊ မႏၲေလးေတာင္တက္ရဦးမွာ"

သက္ေဝေအာင္သည္ အခ်ိန္ကိုၾကည့္ကာ ေလာေလာျဖင့္ေျပာလိုက္ၿပီးစေဝကို တစ္ခ်က္ျပန္ၾကည့္လိုက္သည္။

" ညီ စားေလ"

" ဟုတ္ အစ္ကို၊ ဒါနဲ႔ မႏၲေလးေတာင္တက္ရမွာက ေတာ္ေတာ္ျမင့္လားဟင္"

" ေျခက်င္ေလ်ွာက္ရင္ေတာ့ ပိုပန္းတာေပါ့၊ အစ္ကိုတို႔က ကားနဲ႔တက္မွာေလ။ ဒါေပမဲ့ ကားကလည္း ေတာင္လယ္ေလာက္က် ရပ္ရမွာပဲ။ နည္းနည္းေတာ့ ဆက္ေလ်ွာက္ရဦးမယ္။"

" ျဖစ္ရဲ့လား အစ္ကိုရယ္၊ အတက္အဆင္းအရမ္းမလုပ္ေစခ်င္ဘူး"

စေဝသည္ ႀကံရည္ခြက္ကို လက္မွခ်ကာ စိုးရိမ္စိတ္ျဖင့္ေျပာလိုက္သည္။

" အစ္ကိုက မႏၲေလးသားပါညီရယ္၊ ဒီေလာက္ကေတာ့ျဖစ္ပါတယ္။ သိပ္စိတ္ပူမေနနဲ႔ ေနာ္ ဟုတ္ၿပီလား။ စား စား ၿပီးရင္သြားရေအာင္"

သက္ေဝေအာင္သည္ စေဝ၏ ေပ်ာ့အိေနေသာဆံပင္ထိပ္ဖ်ားမ်ားကို အသာအယာခါယမ္းလိုက္ၿပီး ဆိတ္ေထာင္းကင္ကို သံပုရာသီးၫွစ္ကာ စားလိုက္ေလသည္။

ႏွစ္ေယာက္သား​၏အျပဳအမူကို မ်က္လံုးျပဴးျပဴးျဖင့္ၾကည့္ေနေသာ သဒၵါသည္ ပါးစပ္ထဲသြင္းမလို႔ ျပင္ေနေသာ ဆိတ္သားကင္ကို ျပန္ခ်ကာ ရဲရင့္ကိုၾကည့္လိုက္သည္။

" ငရဲေရ ဒီဆိတ္သားကင္က တုတ္ေခ်ာင္းေလးေတြက ပန္းမဟုတ္ဘူးသိလား၊ မေတာ္တဲ့ေနရာကိုထိုးရင္ေသတတ္တယ္ေဟ့၊ ၾကည့္ၾကပ္ အျဖစ္သည္းၾက"

" ဟ သူတို႔ဘာသာ တစ္တီတူးႏိုင္လို႔ အျဖစ္သည္းၾကတာ သည္းပါေစေပါ့၊ စားစရာရိွတာစား။ နင္ အပ်ိဳႀကီးမွန္း လူသိေအာင္ ေၾကညာမေနနဲ႔။ စား စား ဆိတ္ေထာင္းေလးေကာင္းတယ္"

" ေအးေအး ၿမိဳၿမိဳ၊ ဗိုက္ေလးေလးနဲ႔ ေတာင္တက္မွ နားၾကပါဦးဆိုရင္ ပါးခ်မယ္"

ဘုနဲ႔ေဘာက္တို႔၏ ေထ့ေငါ့မႈမ်ားေၾကာင့္ စေဝတို႔ ထမင္းၿမိန္ရျပန္ေလသည္။
သႂကၤန္မိုးသက္ေလဟာလည္း အေနာက္အရပ္ဆီမွ တျဖဴးျဖဴးတိုက္ခက္လာၿပီး ထေနာင္းပင္မွ သစ္ရြက္၊ သစ္ခက္တို႔ပင္ လြင့္သြားသည္။

စားပြဲဝိုင္းအျပည့္ျဖင့္ ထေနာင္းရိပ္ထမင္းဆိုင္ေလးတြင္ မတူညီေသာဘဝမ်ား၊ ကြဲျပားေသာ ခ်စ္ျခင္းေမတၲာမ်ား လာေရာက္ဆံုစည္းၾကရသည္။

မဟာသႂကၤန္အက်ေန့တြင္ပဲျဖစ္ပါသည္။
____________________________________

မႏၲေလးေတာင္

လိႈက္ဖိုရင္သပ္၊ ပန္းခ်ီတစ္ရာ
မိႈင္းမႈန္ကာထပ္၊ ညိုျပာျပာ
ႏုေအးလို႔လြမ္းပါဘိ။
ခ်စ္သူခြာသီ၊ မန္းအညာဆီ
ေတာင္ေတာ္မဟီ၊ ဒီရပ္ဝန္းမွာ
ေႁမြႏွစ္​ေကာင္ ညာသံေပးလို႔
ခိုျဖဴကိုလႊတ္၊ လိႈင္းၾကက္ခြပ္။

  မႏၲေလးၿမိဳ႔ကို အထက္စီးမွ ရွင္းရွင္းလင္းလင္းျမင္ႏိုင္သည့္ မႏၲေလးေတာင္ေတာ္ထိပ္ဖ်ားဆီသို႔ တက္လာရာေသာ ကားလမ္းတစ္ေလ်ွာက္ကို ခက္ခက္ခဲခဲျဖတ္ေက်ာ္လာခဲ့ရသည္မွာအမွန္ပင္။

မိမိေရ႔ွတြင္ရိွေသာကား၊ ဆိုင္ကယ္မ်ားအတက္ကိုေစာင့္ရသလို အေနာက္မွ တစ္တန္းႀကီးပါလာေသာ  ကားတန္းကိုလည္းသတိထားရေလသည္။
ပံုမွန္ဆို သရဲ​ေျခာက္မွာေတာင္ေၾကာက္ရသည့္ မႏၲေလးေတာင္ အတက္လမ္းသည္ သႂကၤန္အက်ေန့ျဖစ္တာေၾကာင့္ သူသူငါငါအလာဆံုသြားၾကသည္။

မိနစ္ ၂၀ေလာက္ ရပ္လိုက္၊ ေမာင္းလိုက္လုပ္ရင္း ကား၊ ဆိုင္ကယ္ ရပ္ရတဲ့ ေနရာသို႔ ေအာင္ေအာင္ျမင္ျမင္ေရာက္ရိွသြားခဲ့သည္။

ဘိုးဘိုးႀကီးနတ္နန္းကိုေတာ့ ေျခက်င္ေလ်ွာက္တက္သည္မဟုတ္တဲ့အတြက္ မဝင္လိုက္ရေပမဲ့ ေတာင္ထိပ္ကိုေတာ့ ေရာက္ေအာင္လမ္းေလ်ွာက္ရေပေသးသည္။

မတ္ေစာက္ေသာ ေစာင္းတန္းမ်ားကို လူအံုလိုက္က်င္းလိုက္ျဖင့္ အားယူတက္ရသည္မို႔ ေခြၽးေပါက္မ်ား တစ္စက္စက္က်လာေတာ့သည္။
လူမကြဲေအာင္လည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ ကိုင္ထားၾကရသည္။

တက္လာရသည္မွာ ပင္ပန္းေသာ္လည္း ရင္ျပင္ေတာ္ေပၚသို႔ အေရာက္မွာေတာ့ ေလထုတစ္ခုလံုးေျပာင္းလဲသြားေတာ့သည္။

" ရႈခင္းႀကီးက လွလိုက္တာဟယ္၊ မေရာက္ျဖစ္တာၾကာလို႔လားမသိဘူး၊ ေတာ္ေတာ္ကို ေအးခ်မ္းလိုက္တာ"

သဒၵါ၏ဆိုစကားေၾကာင့္ အားလံုးဟာ ရင္ျပင္ပရဝုဏ္ကို ကာထားေသာ သံကာမ်ားနား ကပ္ကာ မႏၲေလး၏ အလွတရားကို ရင္သပ္ရႈေမာဖြယ္ၾကည့္လိုက္ၾကသည္။

" ငရဲ...လာ ဟိုမွာ မွန္​ဘီလူးငွားလို႔ရတယ္၊ ဒီထပ္ပိုမိုက္တာၾကည့္မယ္"

သဒၵါသည္ ရဲရင့္ကို ရင္ျပင္၏ အျခားတစ္ဖက္သို႔ အတင္းဆြဲေခၚသြားေလၿပီမို႔ သံကာနားတြင္ စေဝတို႔သာ က်န္ခဲ့သည္။

" ဒီကၾကည့္ရင္ နန္းၿမိဳ႔ရိုး နဲ႔ က်ံဳကို အထင္းသာျမင္ရတယ္ ညီရဲ့၊ ဟိုးမွာေတြ့တယ္မလား"

" အင္း အင္း ဒီေနရာေလးက တကယ့္ကိုေအးခ်မ္းတာေနာ္"

" ဟုတ္တယ္...မႏၲေလးေတာင္သမိုင္းက အမ်ိဳးမ်ိဳးရိွတယ္ညီရယ္၊ ေခၚေဝၚခဲ့ပံုေတြကလည္း မတူဘူးဆိုေတာ့ မွတ္ရခက္တယ္။ အစ္ကိုသိသေလာက္ ေျပာျပရမယ္ဆိုရင္..."

သက္ေဝေအာင္သည္ မႏၲေလးေတာင္သမိုင္းေၾကာင္းကို ၾကားဖူးနားဝရိွတာေရာ ဖတ္ဖူးသည့္စာေပမ်ားမွအခ်က္အလက္မ်ားကိုေရာ ကိုးကားၿပီး စေဝအားေျပာျပေနေလသည္။

" အရင္က မ႑ေလးေတာင္ဆိုၿပီးေခၚတာတဲ့၊ ဘုရားရွင္လက္ထပ္အဆက္ဆက္မတူညီတဲ့အေခၚေဝၚေတြရိွခဲ့ေသးတယ္...မ႑လဆိုတာ ပ်ံပ်ူးသာယာတဲ့နယ္ေျမတဲ့။ တကယ္လည္း ေအးခ်မ္းသာယာေနတာပဲမလား။ အခုအစ္ကိုတို႔ေရာက္ေနတာက ဆုေတာင္းျပည့္ျမတ္စြာဘုရားနား၊ ဟိုဘက္ေျမာက္နား  နည္းနည္းဆင္းလိုက္ရင္ ေႁမြၾကီးႏွစ္ေကာင္ကိုေရာက္ၿပီ"

" ေႁမြၾကီးႏွစ္ေကာင္ကက် ဘယ္လိုသမိုင္းရိွတာလဲဟင္"

" ပါးစပ္ရာဇဝင္ေတြကေတာ့ အမ်ိဳးမ်ိဳးေပါ့ညီရယ္၊ အစ္ကိုသိရသေလာက္ကေတာ့ ဒီမႏၲေလးေတာင္ကို ေတာရွင္းဖို႔လုပ္ရင္း ရေသ့ႀကီးဦးခႏၲီက အလႉခံရာကေန ေတြ့တာတဲ့။ ဘယ္သူ႔ကိုမွလည္း ရန္မမူဘူးတဲ့။ ဒီမႏၲေလးေတာင္က ေႁမြေတြက ေနာက္ၿပီးလူကိုဒုကၡမေပးဘူးတဲ့။ ဒီေႁမြၾကီးႏွစ္ေကာင္ေၾကာင့္ပဲ စိတ္ဝင္တစား လာေရာက္လႉတဲ့သူေတြမ်ားလာၿပီး အထေျမာက္သြားတာလို႔ေျပာရမယ္။"

" အစ္ကိုေျပာတာနားေထာင္ရတာ ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ၊ အားမွ စာအုပ္ေတြဘာေတြဖတ္ၾကည့္ဦးမယ္"

ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ စိတ္ဝင္တစားနားေထာင္ေနေသာ စေဝကို သက္ေဝေအာင္ သေဘာက်သည့္မ်က္လံုးမ်ားျဖင့္ၾကည့္တာ ၿပံဳးေနမိသည္။

" ညီ ဒီလို အထက္စီးကေနျမင္ရတဲ့ရႈခင္းေတြကိုျမင္ေတာ့ ဘာသတိရလဲဟင္"

စေဝ သည္ မခ်ိဳမခ်ဥ္အၿပံဳးေလးၿပံဳးကာ ခက္ခက္ခဲခဲစဥ္းစားေနဟန္လုပ္လိုက္သည္။

" ဟင္ ဘာကို သတိရရမွာလဲ"

" ဒီလိုမ်ိဳး အစ္ကိုနဲ႔ညီ တစ္ေနရာရာမွာ ႀကံဳခဲ့ဖူးသလားလို႔ေလ"

" ဟုတ္လား..ဟုတ္လို႔လား"

" ေကာင္ေလး...မွတ္ဉာဏ္ေတြကဘယ္လိုျဖစ္"

" ဘာကိုသတိရမွာလဲ လူႀကီးရဲ့"

" အယ္"

စေဝသည္ သက္ေဝေအာင္ကို တစ္ခြန္းမက်န္ျပန္ေျပာၿပီး ခပ္ေဝးေဝးသို႔ လွည့္ထြက္သြားလိုက္သည္။
အေနာက္ကတေကာက္ေကာက္လိုက္ရသူကေတာ့ သက္ေဝေအာင္။

" ဟိတ္ ဘယ္ကိုထြက္သြားရတာလဲ"

" မသိဘူးေလ ဒီတိုင္းသြားတာ"

" ဟာကြာ ဒီကေလး ဘယ္လိုျဖစ္"

" ဟဲဟဲ စတာ စတာ"

စေဝသည္ ေဝ့လည္ေၾကာင္ပတ္လုပ္ေနရာမွ ရပ္လိုက္ၿပီး သက္ေဝေအာင္၏ မ်က္လံုးမ်ားကို ေသေသခ်ာခ်ာၾကည့္လိုက္သည္။

" ဘာကိုသတိရလဲဆိုရင္ေလ ကြၽန္ေတာ့္ဘဝႀကီးက အဓိပၸာယ္ရိွသြားတဲ့ေန့ကိုသတိရတာေပါ့ အစ္ကိုရာ၊ ႀကိတ္ၿပီးသေဘာက်ရတဲ့မင္းသားနဲ႔အတူ ေရႊမုေဌာကုန္းေပၚကေန ကေလးဝၿမိဳ႔ကိုၾကည့္ခြင့္ရခဲ့တယ္ေလ။ ဘာကပိုလို႔ေတာင္ ကြၽန္ေတာ့္ကို ေပ်ာ္ေစလဲဆိုရင္ေလ အခုခ်ိန္ထိ အစ္ကိုရဲ့ေဘးမွာရိွခြင့္ရၿပီး မႏၲေလးေတာင္ေပၚေျခခ်ခြင့္ရတာပဲ။ စိတ္ေတာင္မကူးရဲခဲ့ဖူးဘူး"

စေဝ၏ တည္တည္ၿငိမ္ၿငိမ္ေျပာထြက္လာေသာစကားေတြဟာ သက္ေဝေအာင္၏ရင္ကို နည္းမ်ိဳးစံုနဲ႔ ကလိလို႔ေနသည္။

" ညီရယ္..."

" လူႀကီိး ေႂကြၾကသြားၿပီထင္တယ္ ဟဟ..."

" ျမတ္ႏိုးတယ္"

စေဝ၏ရင္ခုန္သံေတြဟာ ေဖာက္လြဲေဖာက္ျပန္ျဖစ္လို႔ေနသည္။

ျမတ္ႏိုးတယ္ဆိုတဲ့ စကားကို အရင္ကလည္းၾကားဖူးေပမဲ့အခုေလာက္ ခံစားခ်က္မႊန္းၾကပ္မႈမရိွပါ။ ေပ်ာ္လည္းေပ်ာ္တယ္၊ စိတ္လည္းမေကာင္းဘူး။ ဒီလို ရႈပ္ေထြးေနတဲ့ခံစားခ်က္ဟာ ဒီတစ္ဘဝစာတင္လံုေလာက္ပါၿပီ။

" အစ္ကိုရဲ့ ျမတ္ႏိုးတယ္ ဆိုတာကို ၾကားတိုင္း ကြၽန္ေတာ္ ၾကက္သီးထဆဲပဲ။ အခ်စ္ေတြကလက္ဆတ္တုန္းပါပဲ အစ္ကိုရာ"

ျပာေရာင္ေဝသီ ေတာင္ေတာ္မဟီ၌  သတ္မွတ္ၿပီးသားအနာဂတ္ရိွေသာ လူသားႏွစ္ေယာက္သည္ အခ်စ္ပန္းမ်ားစိုက္ပ်ိဳးရင္း ပိေတာက္တစ္ခက္ထက္ ေမႊးႀကိဳင္လ်က္...။

#ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ။ ၾကယ္ေလးႏိွပ္ၿပီး review ေလးေတြလည္းေပးပါဦးေနာ္။






Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
580K 36.6K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
2.4M 303K 63
Oh my god!!!!
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...