ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

由 OpalHawthorn28

544K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ 更多

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH 77

2.8K 508 43
由 OpalHawthorn28

ကျန်းဇီဟန် အခန်းထဲပြန်ကျန်းဇီဟန် အခန်းထဲပြန်ကျန်းဇီဟန် အခန်းထဲပြန်ရောက်ချိန်မှာ ရှဲ့ဟယ်ကို ပတ်တီးသစ်ပြန်လဲပြီးနေပြီ...သွေးမရှိတော့သလို ဖြူဖျော့နေတဲ့ ကောင်လေးကို မြင်ရတာ သိပ်ကိုစိတ်မကောင်းဖြစ်စရာပါပဲ...ကောင်လေးဆီ လက်လှမ်းလိုက်ချိန်မှာ သိသိသာသာကိုရှောင်ဖယ်နေခဲ့ပြီ.....

အခုချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ အလင်းရောင် စိုးစဉ်းမျှမရှိဘဲ မှောင်မိုက်မှုတွေသာ ကြီးစိုးနေတဲ့အပြင် မယုံနိုင်လောက်အောင် တည်ငြိမ်နေတယ်.....

" အစ်ကို..အကြောင်းစုံသိပြီးလောက်ပြီပေါ့......."

ရှဲ့ဟယ်အခုလိုဖြစ်နေရတာကိုမြင်နေရတာ ကျန်းဇီဟန်အတွက်လည်း နာကျင်နေရပါတယ်.....

" အစ်ကို ကျွန်တော့်ဆီ မလာပါနဲ့တော့...."

ကျန်းဇီဟန်က ကုတင်ဘေးမှာ ရပ်နေလိုက်ပြီး.....

" အကုန်သိပြီးပြီ...ဒါပေမယ့် သဘောကျနေတာက မင်းကိုလေ...တခြားသူတွေကို ဘာလို့ဂရုစိုက်နေရမှာလဲ....."

"ဒါပေမယ့် တခြားသူတွေကတော့ ဒါကို ဂရုစိုက်ကြတယ် အစ်ကိုရဲ့...."

တကယ်ဆို ဒါတွေကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် မဖြစ်နိုင်မှန်း ဒီနေ့မှပဲ နားလည်ခဲ့ရတော့တယ်....သူ့ကို သတ်ပစ်ချင်နေတဲ့ ရီဇဲရဲ့အမူအရာတွေကိုမြင်လိုက်ရချိန်မှာ ရှင်လျှက်နဲ့သေဆုံးသွားသလိုပါပဲ....

ကျန်းဇီဟန်ကို မြင်နေရလေ ဒီခံစားချက်ကိုပိုပြီးအမှတ်ရလာလေပါပဲ.....ဒါဟာ ထပ်ခါ ထပ်ခါ သေဆုံးရသလို နာကျင်လွန်းလှပါတယ်....

သူဟာ မြူတမှုန်စာလောက်တောင် တန်ဖိုးမရှိတဲ့ အတုအယောင်တစ်ခုဆိုတာကို အခိုက်အတန့်တိုင်းမှာ ထပ်ခါတလဲလဲ အမှတ်ရနေခဲ့တယ်....

ရှဲ့ဟယ်ရဲ့ခံစားချက်တွေကို နားလည်နေတဲ့အတွက် ကျန်းဇီဟန်ရဲ့ မျက်နှာတစ်ခုလုံးသွေးမရှိတော့သလို ဖြူဖျော့နေပြီ....အကြောင်းရင်းအလုံးစုံ သိလိုက်ရချိန်မှာ ရှဲ့ဟယ်အတွက် ပိုလို့တောင် နာကျင်ရပါတယ်...ရှဲ့ဟယ် သူ့ကို မမြင်ချင်တော့တာကိုလည်း နားလည်ပါတယ်......

"အများကြီးစဉ်းစားမနေဘဲ..ကောင်းကောင်းအနားယူပါ...ကိုယ် နောက်နေ့ကျမှတစ်ခေါက်ထပ်လာခဲ့မယ်...."

ကျန်းဇီဟန် ကောင်လေးကို တခဏလောက် ငေးကြည့်ပြီးမှသာ လှည့်ထွက်လာခဲ့လိုက်တယ်.....

ဘာပဲဖြစ်ဖြစ် သူရှိနေသ၍ ကောင်လေး အနေခက်လိမ့်မယ်...ကောင်လေးကို တွန်းအားသိပ်ပေးလို့မဖြစ်ဘူး...အချိန်တစ်ခုလောက်တော့ပေးသင့်တယ်မဟုတ်လား....

ဒါဟာ အပြီးသတ်လက်လျှော့လိုက်တာမဟုတ်ပါဘူး...ကောင်လေးဘက်က နှလုံးသားတံခါးကို လိုလိုလားလား ဖွင့်ပေးမယ့်နေ့အထိ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနေခြင်းပါ....

ကျန်းဇီဟန် ထွက်သွားတာကြောင့် ဝေကျန်းချင်က ရှဲ့ဟယ်အတွက် သူနာပြုငှားပေးခဲ့တယ်.....ဝေကျန်းချင်က ဘယ်လောက်ပဲအလုပ်များနေပါစေ တစ်နေ့တစ်ခေါက်တော့ရောက်လာပြီး ဖျော်ဖြေရေးနယ်ပယ်ထဲကသတင်းတွေကို ပြောပြပေးရှာတယ်....

အခုဆို ရှဲ့ဟယ်ရဲ့ လူနာခန်းလေး တိတ်ဆိတ်အေးချမ်းနေခဲ့ပြန်ပါပြီ....ဒဏ်ရာကျက်သွားပေမယ့်လည်း လပိုင်းလောက်တော့အနားယူရဉီးမယ်.....ဒါဟာ ရှဲ့ဟယ်ရဲ့ သရုပ်ဆောင်ဘဝအပေါ် ကြီးကြီးမားမားသက်ရောက်မှုတွေရှိခဲ့တယ်....စိတ်ပူလို့ ဝေကျန်းချင်ကိုမေးလိုက်တိုင်းလည်း....

"ဉက္ကဌရီဘက်က ရာဇသံပေးထားတာကို ဘယ်သူ ထိဝံ့မှာလဲ...စိတ်အေးလက်အေးသာအနားယူ...အကုန်အဆင်ပြေတယ်...."

"ဉက္ကဌရီက..."

" ဟုတ်တယ်....ဉက္ကဌရီနဲ့လမ်းခွဲဖို့ပြောခဲ့တုန်းက နားမထောင်ခဲ့တာ ကံကောင်းတယ်ပဲပြောရမယ်....အခုလို ဒဏ်ရာရထားချိန်မှာ မင်းကိုနင်းချေဖို့ ကြိုးစားနေတဲ့သူတွေ ဘယ်လောက်များလိုက်သလဲ..ဉက္ကဌရီရှိနေလို့သာပေါ့....."

ရှဲ့ဟယ် နှုတ်ဆိတ်ပြီး အားတင်းပြီးသာပြုံးနေလိုက်တော့တယ်....

အလုပ်များတဲ့ ဝေကျန်းချင်က ထွေရာလေးပါးပြောပြီးတာနဲ့ ပြန်သွားခဲ့တယ်....

[444: ရီရီ အဲ့တုန်းက အရမ်းဒေါသထွက်နေတာ...Hostတာ့တာ့ကို အခုလိုဂရုစိုက်ပေးမယ်လို့တောင် မထင်ထားဘူး...]

[ရှဲ့ဟယ်: ငါသူ့ကို ကယ်ခဲ့တဲ့အကြောင်း ဟန်ဟန် သေချာပေါက်ပြောပြလိုက်လိမ့်မယ်....အဲ့တော့ ဇဲဇဲကလည်း ငါ့ကို အထင်မှားမိတဲ့အတွက် အပြစ်ရှိသလိုခံစားနေရလိမ့်မယ်...အဲ့တာကို ပြန်လျော်ပေးဖို့ နည်းလမ်းတစ်ချို့တော့ စဉ်းစားနေလောက်ပြီ]

[444: မှားမှန်းသိရင် ဘာလို့ လူကိုယ်တိုင် လာမတောင်းပန်တာလဲ....]

[ရှဲ့ဟယ်: ဘေဘီရယ် သူ့မှာ တောင်းပန်ဖို့အခွင့်ရေးမှမရှိသေးတာ....]

[444.......]

[ရှဲ့ဟယ်: ဘာပဲဖြစ်ဖြစ်ပါ...သူ့ကို ဘယ်လိုသစ္စာစောင့်သိရမယ်ဆိုတာ သိသွားအောင် သေချာသင်ပြပေးမှာပါ]

ရီဇဲတစ်ယောက် ဆေးရုံကိုရောက်မလာခဲ့သလို ကျန်းဇီဟန်ကိုလည်း သွားမတွေ့ခဲ့ဘူး....အခုချိန်မှာ ကျန်းဇီဟန်ထက် ရှဲ့ဟယ်ရဲ့အကြောင်းတွေကိုပဲ ပိုတွေးနေမိတဲ့အတွက် ခံစားချက်တွေ ရှုပ်ထွေးနေတယ်....

ကျန်းဇီဟန်ပြောခဲ့တဲ့စကားတွေကိုသာ ထပ်ခါတလဲလဲ ပြန်တွေးနေခဲ့မိတယ်.....ရှစ်နှစ်လုံးလုံး ရှဲ့ဟယ် သူ့ဘေးမှာ ဘယ်လိုနေခဲ့သလဲ တွေးတောင်မတွေးတတ်တော့ဘူး.....

ကောင်လေးက လိမ်မာရေးခြားရှိတယ်၊နာခံတတ်တယ်၊အမြဲတမ်း ထိတ်လန့်နေတဲ့အကြည့်တွေနဲ့ကြည့်တတ်တယ်....သူ့ကိုယ်သူအစားထိုးခံမှန်းသိနေရက်နေတောင် ဘာလိုစိတ်နဲ့များ ကျန်းဇီဟန်ကို အသက်စွန့်ပြီး ကယ်တင်ခဲ့တာလဲ.....

အစားထိုးခံဖြစ်နေမှန်း သိသွားချိန်မှာ ကျန်းဇီဟန်ကို နည်းနည်းလေးတောင် မမုန်းခဲ့ဘူးလား....မတရားခံခဲ့ရတဲ့အတွက် နည်းနည်းလေးတောင် မနာကျည်းခဲ့ဘူးလား......

ကျန်းဇီဟန်ကပြောတယ်...ဒီကောင်လေး သူ့(ရီဇဲ)ကို ချစ်နေတယ်တဲ့...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ.....

ဒါပေမယ့်လည်း ရီဇဲကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး....တချိန်လုံး ကောင်လေးရဲ့အကြောင်းတွေပဲတွေးနေမိတယ်.....

အတွင်းရေးမှူးက ရှဲ့ဟယ်ရဲ့အခြေနေကို နေ့တိုင်း သတင်းပို့ပေးတယ်....ကောင်လေးကိုသွားတွေ့ချင်ပေမယ့်လည်း မျက်နှာမပြရဲတာကြောင့် သွားမတွေ့ဖြစ်ခဲ့ဘူး....

တောင်းပန်ဖို့လား....သူ့ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့အရာမို့ စဉ်းတောင်စဉ်းစားမနေနဲ့တော့.....

ကောင်လေးရဲ့အလုပ်တွေ အဆင်ပြေချောမွေ့အောင် နောက်ကွယ်ကနေ ပံ့ပိုးပေးတာကသာ သူရဲ့တောင်းပန်ခြင်းနည်းလမ်းတစ်ခုပါ.....

ဒီလောက်ဆို လုံလောက်ပြီမဟုတ်လား.....

ဒါပေမယ့်လည်း ဘာကြောင့်များ ကောင်လေးအကြောင်းတွေပဲ တွေးနေမိတာလဲ.....ကစားစရာတစ်ခုလိုသတ်မှတ်ထားသူကြောင့် အခုလိုသူ့အပေါ် သက်ရောက်မှုတွေရှိလာတဲ့အခါ  ဒေါသထွက်လာမိပြန်တယ်......

[တင်းတောင် ပစ်မှတ်ရဲ့နှစ်သက်မှု ၅မှတ် ထပ်တိုးပါတယ်...စုစုပေါင်း ၇၅မှတ်ပါ....]

ရှဲ့ဟယ်ကတော့ ဆေးရုံမှာ သာယာနေတော့တာပဲ...ဘယ်သူမှမရှိတဲ့အချိန်ဆို system store ကေန စားစရာတွေမှာစားတယ်...ရုပ်ရှင်တွေကြည့်ဖြစ်တယ်...ဒါပေမယ့် ကြာလာတော့ ပျင်းလာတယ်.....

တစ်လလောက်ကြာပြီးနောက် ရှဲ့ဟယ် အတော်လေးလှုပ်ရှားနိုင်ပြီဖြစ်တာကြောင့် ရိုက်ကူးရေးပြန်လုပ်ဖို့ ပြင်ဆင်နေပြီ....

ဝေကျန်းချင်က တားနေပေမယ့်လည်း ခေါင်းမာလွန်းတဲ့ ရှဲ့ဟယ်ကတော့ ရိုက်ကူးရေးပြန်စခဲ့တယ်.....ရှဲ့ဟယ်ကြောင့်အများကြီး နှောင့်နှေးခဲ့ရပေမယ့် ရီဇဲရဲ့အရှိန်အဝါကြောင့် မင်းသားအသစ်မပြောင်းဖြစ်ခဲ့ဘူး....

ကျန်းဇီဟန်နဲ့ ပြန်တွေ့ဖြစ်ကြပေမယ့်လည်း သာမာန်ခင်မင်ရင်းနှီးသူတွေလိုသာ ပြောဆိုဆက်ဆံဖြစ်ခဲ့တယ်....ကျန်းဇီဟန်ဘက်က ရှဲ့ဟယ်ကို တွန်းအားမပေးရက်တာကြောင့် ဒီလိုအခြေနေလေးကိုသာ ရင်နာနာနဲ့လက်ခံနေခဲ့ရတယ်....

ဒီလိုနဲ့ တလလောက်အကြာမှာတော့ ရိုက်ကူးရေးပြီးဆုံးဖို့သိပ်မလိုတော့ဘူး.....

တစ်နေ့မှာတော့ ရီဇဲဆီကနေ ခါတိုင်းလို " လာခဲ့.." ဆိုတဲ့ message ရောက်လာခဲ့တယ်....ရီဇဲကိုသွေးအေးအေးဆက်ဆံဖို့အတွက် message ကိုဖျက်ပစ်လိုက်တယ်....

အခုဆို အတော်လေးစိတ်ဓာတ်ကျနေပြီး အရာအားလုံးဆီကနေ ရှောင်ပြေးချင်နေသူလို သရုပ်ဆောင်ဖို့အချိန်ကျပြီ.....

ရှဲ့ဟယ် အလုပ်ပြန်လုပ်နေပြီဆိုတာကို အစောကြီးကတည်းက ရီဇဲသိနေခဲ့တယ်...ဒါပေမယ့် သူ့မာနက သွားတွေ့ဖို့ ခွင့်မပြုပေးနိုင်ခဲ့ဘူး.....

သေချာစေ့စေ့စပ်စပ်တွေးတောပြီးနောက်မှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့တယ်.....

ဘာကြောင့် သွားတွေ့ရမှာလဲ...ရှဲ့ဟယ်ကိုပဲလာတွေ့ခိုင်းရမှာပေါ့....အရင်တုန်းကလည်း သူခေါ်လိုက်တိုင်းရောက်လာနေကြပဲမဟုတ်လား.....ရှဲ့ဟယ် သူ့အပေါ်ကို ဘယ်တုန်းကများ လွန်ဆန်နိုင်လို့လဲ...သစ္စာဖောက်တဲ့လုပ်ရပ်တွေကလည်း အထင်မှားတာသက်သက်ပဲမို့ အရာရာက အရင်တိုင်းပြန်ဖြစ်သွားပြီမဟုတ်လား.....

တွေးလေ တွေးလေ ပိုပြီးယုံကြည်မှုရှိလာလေပါပဲ....နားလည်မှုလွဲခဲ့တဲ့အတွက်လည်း လျော်ကြေးပေးပြီးပြီပဲ....

မတွေ့ရတာ ကြာတော့ တွေ့ချင်စိတ်ကို ဘယ်လိုမှထိန်းမရတော့တဲ့ သူ့ကိုယ်သူလည်း နားမလည်နိုင်တော့ဘူး....

အခုဆို စာပို့ပြီးတာတောင် ဖုန်းကို လက်ကမချစမ်းကိုင်ထားနေတုန်းပဲ...အရင်ကဆို စာပို့ပြီးတာနဲ့ ဖုန်းကို ပစ်ချင်ရာပစ်ထားနေကြ....စာပို့ပြီးသိပ်မကြာခင် ရှဲ့ဟယ်ရောက်လာနေကြမဟုတ်လား.....

အခုဆို တစ်ဖက်က သူ့ကို ဘာပြန်ပို့မလဲ သိချင်စိတ်ကြောင့် ဖုန်းကိုသာ တစိုက်မတ်မတ်စောင့်ကြည့်နေခဲ့တယ်....

ဒါပေမယ့်....ရှဲ့ဟယ်ဘက်က စာပြန်မပို့သလို လူလည်း ရောက်မလာခဲ့ဘူး.....

နောက်တစ်နေ့ရောက်တဲ့ထိ ပေါ်မလာသေးတဲ့ရှဲ့ဟယ်ကြောင့် ရီဇဲ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး.....သူ စိတ်ဆိုးနေမှာစိုးလို့ မလာရဲတာလား....ဘာပဲဖြစ်ဖြစ် သူ့ဘက်က စမွားခဲ့တာမဟုတ္လား....ဒါ့ကြောင့်မို့ တထစ်လျှော့ပြီး ဖုန်းခေါ်လိုက်ပေမယ့် ရှဲ့ဟယ်က ဖုန်းတောင်မကိုင်တော့ဘူး.....

တော်လောက်ပြီ...တစ်လက်မလောက်ပေးလိုက်တာနဲ့ တစ်မိုင်လောက် လောဘတက်လာတာလား....

ရီဇဲတစ်ယောက်...ကိုယ်တိုင် လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ.....

[ရှဲ့ဟယ်: ဇဲဇဲလာနေပြီလား....]

[444: လာနေပြီ နောက်နာရီဝက်လောက်ဆိုရောက်ပြီ.....]

ဒီနေ့ ရိုက်ကူးနေတာက နောက်ဆုံး ဇာတ်ကွက်ဖြစ်တဲ့ မင်းသားနဲ့ စပွန်ဆာဘဲကြီးတို့ လမ်းခွဲကြတဲ့ ဇာတ်ကွက်ပါ.....

နမ်းရမယ့်အခန်းတွေပါတာကြောင့်အစကဟန်ပြလောက်ပဲ ရိုက်ဖို့စိတ်ကူးထားပေမယ့် သရုပ်ဆောင်နှစ်ယောက်စလုံးက ယောက်ကျားသားတွေဖြစ်နေတဲ့အတွက် ဒီအတိုင်းရိိုက်ဖို့ပဲဆုံးဖြတ်လိုက်ကြတယ်....

တကယ်ဆို နာမည်ကြီးသရုပ်ဆောင်တွေက ဒါမျိုးအခန်းတွေကရိုက်ဖို့လက်မခံချင်ကြဘူး....ရှဲ့ဟယ်ဘက်က အသာတကြည်ခွင့်ပြုတဲ့အပြင် ပိုပြီးအသက်ဝင်အောင်လို့သာ ဒါရိုက်တာဘက်ကခွင့်ပြုလိုက်တာပါ....

အစပိုင်းမှာ အိုးတို့အန်းတန်းဖြစ်နေတဲ့အတွက် အမှားတွေ ခဏခဏလုပ်မိကြတယ်....တဖက်မင်းသားကတော့ ခဏခဏအနမ်းခံရလို့ အတော်ရှက်နေရှာပြီ.....

အတော်လေးကြာတော့မှသာ ရှဲ့ဟယ်တစ်ယောက် ခံစားချက်တွေအသက်သွင်းနိုင်တော့တယ်.....

ရှဲ့ဟယ် ရှေ့ကလူကိုငေးကြည့်နေတယ်...ထိုလူက လေကာအင်းကျီကိုဝတ်ဆင်ထားပြီး လည်ပင်းမှာလဲ မာဖလာတစ်ခုပတ်ထားသေးတယ်...ဒီလူဟာ ရီဇဲလောက်မဟုတ်ရင်တောင် ကြည့်ကောင်းသူတစ်ယောက်ပါ.....

တစ်ဖက်လူရဲ့ပုံရိပ်ကိုပြန်မြင်ရလောက်တဲ့အထိ ရှဲ့ဟယ်ရဲ့မျက်ဝန်းတွေ ရှင်းသန့်ကြည်လင်နေပြီ ချစ်ခြင်းမေတ္တာတွေ တရိပ်ရိပ်လှိုင်တက်လာတယ်....နှုတ်ခမ်းပေါ်က အပြုံးလေးတစ်ခုက ဆောင်းရာသီမှာပွင့်လန်းလာတဲ့ မီးတောက်လေးတစ်ခုသဖွယ် ပူလောင်ပြင်းပြတဲ့ကိလေသာတွေကို သိုဝှက်ထားလေရဲ့......

အခုချိန်မှာ လမ်းဆုံးကိုရောက်နေခဲ့ပြီ.....လမ်းခွဲလိုက်ရုံမှတပါးအခြားမရှိနိုင်သူနှစ်ဉီးအတွက် ဒီအခိုက်အတန့်လေးဟာ အကြိုလမ်းခွဲခြင်း အခမ်းအနားလေးတစ်ခုပါပဲ...နောက်ဆို ဒီလူကို အခုလိုမြင်တွေ့ခွင့်ရနိုင်တော့မှာမဟုတ်ဘူး....

တစ်ဖက်လူရဲ့ လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နှုတ်ခမ်းနှစ်ခုကို ထပ်တူကျစေခဲ့တယ်.....

ဒီအနမ်းတွေထဲမှာ များစွာသော ချစ်ခြင်းတရားတွေရယ် မျှော်လင့်ချက်မဲ့လေသော လမ်းခွဲနှုတ်ဆက်ခြင်းတွေရယ်သာ ပြည့်နှက်နေပါတယ်......

တဖက်လူကို ရီဇဲအဖြစ် တွေးလိုက်တဲ့အခါ အရာရာဟာ သဘာဝကျလာခဲ့တယ်....တစ်ခုပါပဲ....ရီဇဲက သူ့အပေါ်လုံးဝဂရုမစိုက်တဲ့အတွက် အခုလိုနှုတ်ဆက်ခွင့်မျိုး ဘယ်တော့မှ ရလာနိုင်မှာမဟုတ်ပါဘူး.....

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာအကြောင်း ထုတ်ပြနိုင်ခဲ့တယ်လေ...အပြင်လောကမှာတော့ နှလုံးသားရဲ့အနက်ရှိုင်းနေရာတစ်ခုမှာ အရာအားလုံးကို မြှုပ်နှံထားကြောင်း ဘယ်သူ့ကိုမှထုတ်မပြောနိုင်ခဲ့ပါဘူး......

ရီဇဲ ရောက်လာပြီး ဒီမြင်ကွင်းကိုမြင်သွားခဲ့တယ်.....

ဒါဟာ ပထမဆုံးကြိမ်အဖြစ် ရှဲ့ဟယ်ရဲ့ရိုက်ကွင်းကို ရောက်လာခဲ့ခြင်းပါ......ရှုပ်ထွေးလှတဲ့ခံစားချက်တွေကို ရင်ဝယ်ပိုက်ပြီးရောက်လာချိန်မှာ ရှဲ့ဟယ်ကတော့ တခြားတစ်ယောက်ကို မက်မက်မောမောနမ်းရှိုက်နေတယ်....ဒါဟာ သရုပ်ဆောင်နေမှန်းသိနေပါရက်နဲ့ လူသတ်ချင်လောက်အောင် ဒေါသထွက်နေပြီ.....

တိုင်းတာလို့မရတဲ့ အမျက်ဒေါသတွေကဆင်ခြင်တုံတရားကို ဝါးမြိုသွားခဲ့လေပြီ.....ဒီအချိန်မှာ ရှဲ့ဟယ်ကို ဘယ်သူ့မှ ထိခွင့်မပေးချင်တာကလွဲရင် ခေါင်းထဲမှာ ဘာတစ်ခုမှမရှိတော့ဘူး.....

ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒါမျိုးရိုက်ရဲရတာလဲ.....

အမြန်ဆုံးသော​ခြေလှမ်းတွေနဲ့ ရှဲ့ဟယ်တို့ရှိရာဆီ သွားခဲ့ပြီး တဖက်ကမင်းသားကို လက်သီးနဲ့ထိုးပစ်လိုက်တယ်.....

ရှဲ့ဟယ်ရော မင်းသားပါ ကြောင်အကုန်တယ်.....

ရှဲ့ဟယ်ဆို ကြောက်လွန်းလို့ အသံတွေပါတုန်နေပြီ.....

" ဘာ...ဘာလာလုပ်တာလဲ..... "

ဒါရုပ်ရှင်ရိုက်နေတာ.....လူကိုနင်းချေရတာအားမရလို့ ထမင်းအိုးပါလာခွဲနေတာလား.....

ရီဇဲကိုကြည့်ရတာ အခုထိဒေါသမပြေသေးတာကြောင့် မင်းသားကို ထပ်ထိုးလိုက်မှာစိုးလို့ ရှဲ့ဟယ်ကပဲ ဆွဲခေါ်လာခဲ့ရတယ်.....

တကယ်ဆို ရီဇဲရဲ့ခွန်အားကို ရှဲ့ဟယ်မယှဉ်နိုင်ပါဘူး....ရှဲ့ဟယ်ရဲ့ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံကြောင့်သာ ရီဇဲစိတ်လျှော့ပြီး လိုက်သွားခဲ့တာပါ......

ရှဲ့ဟယ် သူ့ကို အခန်းထဲထိဆွဲခေါ်လာပြီး.....

" ဒီကို ဘာလာလုပ်တာလဲ..... "

ရီဇဲလည်း သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင်မသိတော့ဘူး....ရှဲ့ဟယ်ကိုတွေ့ချင်လို့လိုက်လာတယ်...တခြားသူနဲ့နမ်းနေတာတွေ့လို့ဒေါသထွက်တယ်....ဒါ... သဝန်နေတာများလား.....သူမဟုတ်တဲ့တခြားတစ်ယောက်ကို ညှင်သာနူးညံ့စွာနမ်းနေလို့ သဝန်တိုနေတာလား......

ကျန်းဇီဟန်မှာ ရည်းစားရှိနေမှန်းသိလိုက်ရတုန်းကတောင် အခုလောက်ထိ ဒေါသမထွက်ခဲ့ဘူး.....

ဘာပဲဖြစ်ဖြစ် ရှဲ့ဟယ်က သူ့အပိုင်.....

ရီဇဲရဲ့ မှောင်မိုက်အေးစက်နေတဲ့အကြည့်တွေကြောင့် ရှဲ့ဟယ် ကြောက်လန့်လာပြီး နောက်ဆုတ်လိုက်မိတယ်.....

" စိတ်မပူပါနဲ့....ကျွန်တော် ကျန်းဇီဟန်နဲ့ မပတ်သတ်တော့ပါဘူး....."

စကားမဆုံးသေးခင်မှာပဲ ရီဇဲ သူ့ကိုနံရံမှာဖိကပ်လိုက်ပြီး နှုတ်ခမ်းတွေကို ပွတ်သပ်နေတယ်.....

" ဘယ်သူခွင့်ပြုလို့ တခြားတစ်ယောက်ကို နမ်းတာလဲ...."

အော်...ဒါဆို စိတ်ဆိုးနေတာ ဒါ့ကြောင့်လား.....

" ရုပ်..ရုပ်ရှင်ရိုက်နေတာပါ...."

ဒါကို ရီဇဲမသိစရာလား...ဒါပေမယ့်လည်း ဒေါသထွက်နေတုန်းပဲ....သူအလိုရှိချိန်တိုင်းသာ ခေါ်တွေ့ဖြစ်ခဲ့တယ်.....ရှဲ့ဟယ်ရဲ့ရုပ်ရှင်တွေ တစ်ခုမှ မကြည့်ခဲ့ဖူးတဲ့အတွက် ဒါမျိုးကို တစ်ခါမှမ​မြင်ဖူးခဲ့ဘူး....တကယ်ဆို ရှဲ့ဟယ်ကို ခေါင်းထဲမထည့်ထားခဲ့ပေမယ့် ဖူယွမ်နဲ့တွဲတွေ့လိုက်တုန်းကရယ် အခုလိုအနမ်းခန်းရိုက်နေတာမြင်လိုက်တာရယ်ကြောင့် သူ့အတွေးထဲမှာ ရှဲ့ဟယ်နေရာယူထားမှန်စးနားလည်လာခဲ့ပြီ....

ဒါ့အပြင် အရင်တုန်းက တစ်ခါမှမတွေးခဲ့ဖူးပေမယ့် အခုလိုအနမ်းခန်းမျိုး ဘယ်နှယောက်နဲ့ရိုက်ခဲ့ဖူးလဲ.....ဒီကောင်လေးကို ဘယ်သူမှမြင်နိုင်တဲ့နေရာမှာ သော့ခတ်သိမ်းဆည်းထားချင်စိတ်တွေသာ ကြီးစိုးနေခဲ့ပြီ.... .

ဒီကောင်လေးက သူ့တစ်ယောက်တည်းအတွက်ပဲဖြစ်ရမယ်......

[တင်းတောင် ပစ်မှတ်ရဲ့နှစ်သက်မှု ၅ မှတ်ထပ်တိုးပါတယ်... စုစုပေါင်း ၈၀ပါ....]

" ငါနဲ့အတူရှိနေသ၍ ကိုယ့်အခြေနေကိုယ်မမေ့ဖို့  မင်းကို အရင်တုန်းကတည်းက ပြောခဲ့ဖူးတယ်....မလုပ်သင့်တာတွေ မလုပ်နဲ့ ....."

" ရီကော....ကျွန်တော် ထွက်သွားတော့မယ်...."

ဒါလေးပြောဖို့အတွက် ရှိသမျှ သတ္တိတွေခွန်အားတွေ အကုန်ထုတ်သုံးလိုက်ရတယ်.....တကယ်ကျတော့လည်း ထင်ထားသလောက် မနာကျင်ဘူးပဲ....အဲ့အစားလွတ်လပ်သွားသလိုခံစားလိုက်ရတယ်....

ဟုတ်ပါတယ်....ဒီလူကို အသက်တမျှချစ်ရပါတယ်....ဒါပေမယ့် ချစ်နေတာတစ်ခုတည်းအတွက် တွယ်ကပ်နေစရာမှမလိုတာ....ထွက်သွားဖို့အချိန်တန်ပြီလေ......

သူသာ ဆက်နေနေမယ်ဆို ရီဇဲ ပျော်မှာမှမဟုတ်တာ....ရီဇဲ ပျော်နေဖို့အတွက်သာ အနားမှာ ရှိနေပေးချင်ခဲ့တာပါ.....

အခုချိန်ကစပြီး ချစ်ခြင်းမေတ္တာတွေကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းထားလိုက်ပါတော့မယ်....အချိန်တန်ရင် ကျန်ခဲ့ရမယ်မှန်းသိထားတဲ့အတွက် ဘယ်အချိန်စွန့်ပစ်ခံရမလဲ ရင်တထိတ်ထိတ် စိုးရွံ့နေခဲ့ရသူပါ....အခုလို သူ့ဘက်ကမစွန့်ပစ်ခင် ကိုယ့်ဘက်က စွန့်ခွာရမယ့်နေမျိုးရောက်လာမယ်မှန်း ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး....

ရီဇဲ အေးခဲသွားသလိုခံစားနေရတယ်....ရှဲ့ဟယ်ရဲ့ လေးနက်တဲ့အကြည့်တွေကြောင့် ဒါဟာအစစ်အမှန်ဖြစ်ကြောင်း နားလည်လိုက်တာနဲ့တပြိုက်နက် ဒေါသလည်းထွက်လာတယ်.....

သူဘယ်တုန်းကမှ အရေးတယူ ဂရုမစိုက်ဖူးတဲ့သူက ရာရာစစ လမ်းခွဲဖို့ပြောရဲတယ်ပေါ့......

"မင်း...ဘာ...ပြော...လိုက်...တယ်...."

အေးစက်လွန်းတဲ့မေးခွန်းတွေ တစ်လုံးချင်းစီပွင့်အန်လာချိန်မှာ နာကျင်မှုကို ကွယ်ဝှက်ဖို့ ရှဲ့ဟယ် မျက်စိမှိတ်ထားရတယ်......

"ကျွန်တော် ထွက်သွားချင်ပြီ....ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ချင်ပြီ.....ဖြစ်ပျက်ခဲ့သမျှအားလုံး ကျွန်တော့်အမှားတွေပါ.....ကျန်းဇီဟန်နဲ့လည်း မရင်းနှီးခဲ့သင့်ပါဘူး....ရှစ်နှစ်တာ အနားမှာရှိပေးခဲ့တာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ.....ကတိပေးပါတယ် ရီကောကို မနှောက်မယှက်တော့ပါဘူး....."

အရာအားလုံးကို သူ့အပြစ်လို့ပဲသတ်မှတ်လိုက်တယ်....နည်းလမ်းပေါင်းစုံနဲ့ သတ်ပစ်လိုက်နိုင်တဲ့ ဒီလူ့ရှေ့မှာ ဉီးညွှတ်ထားလိုက်တာအကောင်းဆုံးပါပဲ...စိတ်ထဲရှိတဲ့အတိုင်း ငိုတာမျိုးတွေ ရှင်းပြတာမျိုးတွေနဲ့ ဒီလူကို စိတ်ရှုပ်အောင် မလုပ်တော့ဘဲ နှိမ့်ချမှုအပြည့်နဲ့သာ ထွက်သွားဖို့​တောင်းဆိုလိုက်တော့တယ်.....

ကိုယ့်အဆင့်၊ကိုယ့်အခြေနေကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး.....

ရီဇဲ လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်မိတယ်.....သူလိုချင်တာ ဒါမျိုးမဟုတ်ဘူး.....

တကယ်ဆို ရှဲ့ဟယ်ဘက်က အနားမှာနေခွင့်ပေးဖို့ ခခယယတောင်းပန်တာမျိုးပဲကြားချင်ခဲ့တာ....အခုလို ထွက်သွားဖို့တောင်းဆိုတာမျိုး ဘယ်တုန်းကမှ မကြားချင်ခဲ့ဘူး.....ဒီကောင်လေး သူ့အနားမှာ မနေရတော့မှာကို သိပ်ကြောက်ခဲ့တယ်မဟုတ်လား....ဘာလို့မတောင်းပန်တော့တာလဲ...ဘာလို့မရှင်းပြတော့တာလဲ......

သူ့မှာ တခြားတစ်ယောက်ရှိနေလို့လား....ဖူယွမ်လား.....

ရီဇဲ ငတုံးမဟုတ်ဘူး...အရင်တုန်းက ဂရုမစိုက်မိခဲ့လို့မတွေးမိပေမယ့် သေချာတွေးကြည့်လိုက်တဲ့အခါ ဒီပြသာနာမှာ အဓိကလက်သည်က ဖူယွမ်ပဲ....ဖူယွမ်သာမပြောခဲ့ရင် ဒီကောင်လေး ကျန်းဇီဟန်အကြောင်းကို ဘယ်နည်းနဲ့မှ သိနိုင်မှာမဟုတ်ဘူး.....

စေ့စေ့တွေးလေ ရေးရေးပေါ်လာလေပဲ.... ဒီလိုမှမဟုတ်ရင် ဒီကောင်လေး လမ်းခွဲစကားပြောစရာအကြောင်းမရှိဘူး....သူမရှိဘဲ ဖျော်ဖြေရေးလောကထဲမှာ ဘယ်လိုရပ်တည်မှာလဲ.......

" ဖူယွမ်ကြောင့်လား....သူ့ဘက်က ဘာတွေမက်လုံးပေးထားလို့လဲ...."

ဒီမေးခွန်းးကြောင့် ရှဲ့ဟယ် ပြုံးလိုက်မိတယ်....မျှော်လင့်ချက်အားလုံးကို လွှတ်ချလိုက်တဲ့အခါ ထင်သလောက်မနာကျင်ရတော့ဘူး....မျှော်လင့်ချက်ထားနေသ၍သာ နာကျင်ဝမ်းနည်းနေရမှာပါ......

" ကျွန်တော့်ကို ဘယ်သူမှ မက်လုံးမပေးထားပါဘူး.....ရီကော ယုံချင်မှယုံပါ...ကျွန်တော့်မှာ သက်သေပြစရာမှမရှိတာ.....ကျွန်တော်က ရီကောအနားမှာနေဖို့ မထိုက်တန်ပါဘူး....."

ရီဇဲ ကောင်လေးကို အေးစက်လွန်းတဲ့အကြည့်တွေနဲ့သာ စိုက်ကြည့်နေမိတယ်....တစ်ခုခုပြောလိုကချင်ပေမယ့် ဘာပြောလို့ပြောရမှန်းကိုမသိတော့တာ.....

တကယ်ဆို ရှဲ့ဟယ်ဘက်က သူ့ကို ရန်စနေတာမျိုးတွေ ပုတ်ခတ်စော်ကားတာမျိုးတွေ ဘာတစ််ခုမှမလုပ်ဘဲ လမ်းခွဲစကားပြောနေတာတောင် အရင်လို နှိမ့်ချဉီးညွှတ်နေဆဲပဲ.....

လှိုက်တက်ဆူဝေလာတဲ့ ဒေါသတွေကထွေးရအခက် အန်ရအခက်ပါပဲ....ကျန်းဇီဟန်ဆီက အငြင်းခံလိုက်ရတုန်းကတောင် အခုလောက်ထိ မဖြစ်ဖူးဘူး.....

အတော်လေးကြာတော့မှ ရီဇဲ ကောင်လေးဆီကို အကြည့်စူးစူးတစ်ချက်ပစ်လွှတ်လိုက်ပြီး.....

" နောင်တမရစေနဲ့...."

ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတဲ့ ရီဇဲရဲ့ကျောပြင်ကို ကြည့်ပြီးနောက် တစ်ဖက်လှည့်လိုက်ချိန်မှာ ရှဲ့ဟယ်ရဲ့အမူအရာတွေ ပြောင်းလဲသွားပါပြီ......

[ရှဲ့ဟယ်: အချိန်ကျပြီ.....]

[444: ဘာကိုလဲ....]

[ရှဲ့ဟယ်: ခုနကရိုက်ခိုင်းထားတဲ့ ဓာတ်ပုံတွေတချက်လောက်ပြစမ်းပါဉီး.........]

【444:(⊙v⊙) ဟမ်!】

[ရှဲ့ဟယ်: ဒါရယ်..ဒါရယ်...ဒါလေးလဲမဆိုးဘူး...အခုရွေးပေးထားတဲ့ပုံတွေကို ရီဇဲရဲ့မျက်နှာမပါအောင်ဖျက်ပြီး online မှာဖြန့်လိုက်တော့.....]

【444:ဘာလို့ဖြန့်ရမှာလဲ... 】Hostတာ့တာ့က သူ့ scandal သူပြန်ဖြန့်နေတာလား.....

[ရှဲ့ဟယ်:ဇဲဇဲက ငါ့ကို အရင်လိုကြမ်းကြမ်းတမ်းတမ်းတွေ မပြောသွားဘူး....ငါ သူ့ကိုသိပ်ချစ်သွားပြီ.....အဲ့တော့ ငဲ့ညှာတဲ့အနေနဲ့ လာတောင်းပန်ဖို့လမ်းဖွင့်ပေးရတော့မှာပေါ့....တခြားနည်းလမ်းနဲ့ဆို အချိန်ကုန်ပြီး အလုပ်သိပ်ဖြစ်မှာမဟုတ်ဘူး...ဒီနည်းလမ်းက အကောင်းဆုံးပဲ......]

【444:……】

[ရှဲ့ဟယ်:ဘေဘီ ကောင်းကောင်းလုပ်ပြီး ဘယ်လောက်တော်ကြောင်း သက်သေပြလိုက်စမ်းပါ....ဒါနဲ့ onlineမှာ သတင်းတွေဖောင်းဖွအောင်ဘယ်လိုလုပ်ရမလဲရောသိရဲ့လား....]

[444: ကျွန်တော် level 4အထိ အဆင့်မြှင့်ပြီးပါပြီနော်...ဟွန့်....]

[ရှဲ့ဟယ်: အေးပါကွာ.. ဘေဘီ့ကို ယုံကြည်ပါတယ်....]

ရီဇဲ ပြန်သွားတာနဲ့ အထိုးခံရတဲ့မင်းသားကို ရှဲ့ဟယ် ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခဲ့တယ်.....ရီဇဲအကြောင်းသိနေတဲ့ မင်းသားကတော့ မကျေနပ်ကြောင်းပါးစပ်ကထုတ်မပြောရဲဘဲ ရှဲ့ဟယ်က်ိုသာ ကြိတ်မုန်းနေတော့တယ်.....

ကိုယ့်လူကိုယ်မပိုင်ဘဲ လာလို့အနမ်းခန်းရိုက်နေသေးလဲ....ကြားထဲက ငါပဲအထိုးခံလိုက်ရတယ်......

ဒါပေမယ့်လည်း အဓိကအချက်တွေကို အမိအရရိုက်ကူးထားလိုက်နိုင်တာကြောင့် အဆင်ပြေပြေနဲ့ပဲ ရိုက်ကူးရေးပြီးဆုံးသွားခဲ့တယ်.....

ရက်အနည်းငယ်အကြာမှာ အုန်းအုန်းကြွက်ကြွက်ဖြစ်စေတဲ့ scandal တစ်ခုထွက်ပေါ်လာခဲ့တယ်......

နာမည်ကြီး ဆုရသရုပ်ဆောင် ရှီမင်းဟွေက Gay တစ်ယောက်ဟူသော ခေါင်းစဉ်နဲ့အစချီပြီး စပွန်ဆာဘဲကြီးရှိနေကြောင်း၊ အပြင်ပိုင်းမှာ နူးညံ့သိမ်မွေ့သလောက် အတွင်းပိုင်းမှာ ပုပ်ပွနေသူဖြစ်ကြောင်း လက်ရှိစပွန်ဆာ မတိုင်ခင် ခန္ဓာကိုယ်ရောင်းစားခဲ့ကြောင်းတွေတစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်.....

Online ပေါ်မှာ ကျိန်ဆဲသံတွေ ပြည့်နှက်နေတာကြောင့် အမာခံပရိတ်သတ်တွေကအတတ်နိုင်ဆုံး ခုခံပေးနေကြပေမယ့် အမညမဖော်လိုသူတစ်ယောက်ကနေ သက်သေခံဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ထုတ်ပြလာတယ်....ယောက်ကျားတစ်ယောက်နဲ့အတူ ဗီလာထဲဝင်သွားတဲ့ပုံတွေ၊ပူးကပ်နေပုံတွေ ထွက်ပေါ်လာချိန်မှာ အမာခံပရိတ်သတ်တွေလည်း လက်လျှော့လိုက်ရတော့တယ်.....

နဂိုကတည်း နာမည်ကြီးပြီးသားဖြစ်တဲ့အတွက် scandal ထွက်ပေါ်လာချိန်မှာ အရင်ကထက်တောင် အာရုံစိုက်ခံနေရတယ်.....

အရင်က အမာခံပရိတ်သတ်တွေက​တောင် ဝင်ဆဲနေပြီဖြစ်တဲ့အတွက် ရှဲ့ဟယ်အိမ်အပြင်တောင် မထွက်ရဲတော့ဘူး......

သတင်းကြားကြားချင်း ဝေကျန်းချင်ရောက်ချလာတယ်.....

" အဆင်ပြေရဲ့လား....ဘယ်သူ့ကို အတိုက်ခံလုပ်မိလို့လဲ....ချိန်းခြောက်ခံရသေးလား...."

ရှဲ့ဟယ် ဘာတစ်ခွန်းမှ မပြောဘဲ ငြိမ်နေတာကြောင့် ဝေကျန်းချင် စိတ်တိုလာရော.....

"မင်းဘာလို့ ငြိမ်နေတာလဲ...ပြသာနာကအတော်ကြီးနေပြီ....အခုဆို ကုမ္ပဏီတွေက လျော်ကြေးပေးဖို့ တရားရုံးကနေ စာပို့နေပြီ......"

" ကျွန်တော့်မှာ စုဆောင်းထားတာလေးတွေရှိပါသေးတယ်....လျော်ကြေးပေးဖို့ လောက်လောက်မှာပါ......"

" ငါပြောတာ အဲ့သဘောမဟုတ်ဘူး.....အခြေနေတွေက ထိန်းလို့ရသေးတယ်...မင်း ဉက္ကရီဆီ အကူအညီသွားတောင်းလိုက်ပါ.....လောလောဆယ် ပြသာနာကို ငြိမ်အောင်ထိန်းပြီးမှာ မင်းကမဟုတ်မမှန်ကြောင်း ရှင်းပြဖို့နည်းလမ်းရှာရမယ်လေ....."

" ကျွန်တော်တို့ လမ်းခွဲပြီးပြီ....သူဘာမှလုပ်ပေးနိူင်မှ မဟုတ်ဘူး....."

" ဟမ်...ဘယ်တုန်းက လမ်းခွဲလိုက်တာလဲ"

"ရိုက်ကွင်းကို လိုက်လာတဲ့နေ့တုန်းကတည်းက......"

ဝေကျန်းချင် စိတ်ပူနေပြီ....အဖြစ်က အိမ်ပြိုနေတုန်း မိုးရွာဆိုသလိုဖြစ်နေပြီ......

" လမ်းခွဲလိုက်လဲကွာ နှစ်တွေအများကြီးအတူရှိနေခဲ့ကြတာကို ထောက်ထားပြီး ကူညီပေးမှာပါ...."

" ကျွန်တော့်ကို မဖျောင်းဖြပါနဲ့တော့.....လျော်ကြေးပေးလိုက်ရုံပဲမလား...ပိုငိဆိုင်မှုတွေ ရောင်းဖို့ ကိုယ်စားလှယ်ရှားပေးပါ....ငွေပို ရတော့လည်း နည်းလား....."

" မင်းတကယ်ကြီးပြောနေတာလား....."

ZawGyi




















"ဉက္ကဌရီက..."








[444.......]



































နမ်းရမယ့်အခန်းတွေပါတာကြောင့်အစကဟန်ပြလောက်ပဲ ရိုက်ဖို့စိတ်ကူးထားပေမယ့် သရုပ်ဆောင်နှစ်ယောက်စလုံးက ယောက်ကျားသားတွေဖြစ်နေတဲ့အတွက် ဒီအတိုင်းရိုက်ဖို့ပဲဆုံးဖြတ်လိုက်ကြတယ်....


















" ဘာ...ဘာလာလုပ်တာလဲ..... "





" ဒီကို ဘာလာလုပ်တာလဲ..... "






















"မင်း...ဘာ...ပြော...လိုက်...တယ်...."














တကယ်ဆို ရှဲ့ဟယ်ဘက်က သူ့ကို ရန်စနေတာမျိုးတွေ ပုတ်ခတ်စော်ကားတာမျိုးတွေ ဘာတစ်ခုမှမလုပ်ဘဲ လမ်းခွဲစကားပြောနေတာတောင် အရင်လို နှိမ့်ချဉီးညွှတ်နေဆဲပဲ.....



" နောင်တမရစေနဲ့...."


[ရှဲ့ဟယ်: အချိန်ကျပြီ.....]

[444: ဘာကိုလဲ....]


【444:(⊙v⊙) ဟမ်!】




【444:……】




ရီဇဲ ပြန်သွားတာနဲ့ အထိုးခံရတဲ့မင်းသားကို ရှဲ့ဟယ် ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခဲ့တယ်.....ရီဇဲအကြောင်းသိနေတဲ့ မင်းသားကတော့ မကျေနပ်ကြောင်းပါးစပ်ကထုတ်မပြောရဲဘဲ ရှဲ့ဟယ်ကိုသာ ကြိတ်မုန်းနေတော့တယ်.....














" ကျွန်တော်တို့ လမ်းခွဲပြီးပြီ....သူဘာမှလုပ်ပေးနိုင်မှ မဟုတ်ဘူး....."







继续阅读

You'll Also Like

68.2K 10.6K 136
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
35K 4.9K 61
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
106K 10.4K 145
အပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊
271K 14.6K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...