.
.
.
.
.
.
.
.
.
.
.
.
.
"မင်းအိမ်ပြန်ချင်လား"
"ပါးစပ်ကဖြေ"
့
"ဟုတ်..ဟုတ်ကဲ့"
.......................
"ကိုဇော်.. ကိုဇော်သိလားဝတ်ရည်ဒီနေ့ရုံးမှာအနိုင့်ကျင့်ခံရတယ်"
ဆောင်းဝတ်ရည်သည် ထိုယောက်ျားရဲ့ရင်ခွင်ထဲတွင်အဝတ်ဗလာနှင့်ကုတင်ပေါ်တွင်သူတို့နှစ်ယောက်က ညားခါစလင်မယားတွေလိုဖြစ်နေပြီး သူမသည် သူရဲ့အသံကိုပိုချွဲနွဲ့စွာ မျက်ရည်အဝိုင်းသားနှင့် ထိုယောက်ျားနှင့်အကြည့်ခြင်းဆုံလိုက်သည်။
"ကိုယ့်ရဲ့အချစ်လေးကိုဘယ်သူကအနိုင်ကျင့်ရဲတာလဲ မပူနဲ့ကိုယ်ဖြေရှင်းပေးမယ် "
ဆောင်းဝတ်ရည်သူမမှီထားတဲ့ရင်ခွင်ထဲကိုပိုမိုတိုးဝင်ကာ
"ကိုယ်ဇော်ကိုဒုတ္ခမပေးချင်ပါဘူး သူကအနောက်ပေါက်ကဝင်လာတာလေ သူအနောက်မှာအကောင်ကြီးကြီးရှိတယ် သူကိုသွားထိရင် ဝတ်ရည်ကြောင့်ကိုဇော်ပါ..."
သူမစကားမဆုံးခင်ဟန့်တားခံလိုက်ရပြီး
"ဘယ်လောက်အကောင်ကြီးကြီး ကိုယ်မကြောက်ပါဘူး မြူနှင်းဖြူလုပ်ငန်းစုမှာကိုယ့်အဖေကဒုတိယအကြီးဆုံးရှယ်ယာရှင်ပဲ တခြားရှယ်ယာဝင်ထားတဲ့လူနည်းနည်းနဲ့ပူးပေါင်းပြီး ဥက္ကဋ္ဌ ကြီးကိုတောင်ဖိအားပေးလို့ရတယ် ဘာကြောက်စရာလိုလို့လဲ"
သူ့စကားထဲမှာယုံကြည်မူ့အပြည့်ပါဝင်နေပြီး ဒါကိုဆောင်းဝတ်ရည်ကြားတော့ သူမကျေနပ်အားရစွာပြုံးလိုက်ရင်း
(ငါနဲ့လာယှည်ချင်တယ်ပေါ့ နင့်လိုခိုးကြောင်ခိုးဝှက်မယားငယ်မကများ)
ဆောင်းဝတ်ရည်သူမမျှော်မှန်းထားတဲ့အတိုင်းဖြစ်သွားတော့ တစ်ဖက်ယောက်ျားကိုပွတ်သီးပွတ်သက်လုပ်လိုက်ပြီး ထိုယောက်ျားရဲ့လည်တိုင်တွေကိုဖက်တွယ်လိုက်ကာ
"ကိုဇော်က ဝတ်ရည်ကိုဒီလောက်တောင်ဂရုစိုက်ပေးမှတော့ ကိုဇော်ကိုဝတ်ရည်ဂလဲပြန်ဂရုစိုက်ရမှာပေါ့"
ထိုလူသူပြုံးလိုက်ရင်း
"ဒီလိုအလိုက်သိနေလို့ကိုချစ်နေရတာ"
ထိုနောက်သူသည် ဆောင်းဝတ်ရည်ကိုယ်လေးအားအိပ်ယာပေါ်လှဲချလိုက်ရင်း
နှစ်ယောက်သားမိုးမမြင်လေမမြင် ချစ်ရည်လူးလိုက်ရတော့သည်။
.
.
.
.
.
.
.
.
.
.
.
.
.
"မင်းအိမ်ပြန်ချင်လား"
ထိုအမေးကိုကြားခြင်းခြင်းထူးမြတ်အမြန်ခေါင်းညှိပ်ပြလိုက်ပြီး သူ့ပုံဆံက ဒီမှာဆက်မနေချင်တာအရမ်းသိသာလှသည်။
သူရတစ်ဖက်ကောင်းကိုကြည့်လိုက်ပြီးအားမရစွာ
"ပါးစပ်ကဖြေ"
့
"အင်း ကျွန်တော်အိမ်ပြန်ချင်တယ်"
"ကောင်းပြီ မင်းအိမ်ပြန်ချင်ရင်ငါပြောတာနားထောင်ရမယ် မဟုတ်ရင် မင်းတစ်သက်လုံးမင်းအိမ်ပြန်ပြီး မင်းမိသားစုကိုတွေ့ရမယ်မထင်နဲ့"
သူရထူးမြတ်အားလေသံမာမာနဲ့ခြိမ်းခြောက်လိုက်ပြီး သူစိတ်ထဲမှာတော့ ထိုကောင်လေးကို သူအားကြောက်ပြီးသူ့စကားနာထောင်စေချင်ယုံသာ သိုပေမဲ့ဟိုကလန့်သွား ပြီး မျက်ရည်တွေဝိုင်းလာပြီး ငိုတော့မလိုဖြစ်တာကြောင့် သူ့မှာပူထူသွားပြီး ထိုင်နေရာမှအမြန်ထကာ ထူးမြတ်နားသို့အမြန်သွားပြီး
"ဟိတ်..ဟိတ်..မငိုနဲ့နော် ငါချော့မတတ်ဘူး ဟိတ်..ကောင်လေးမငိုနဲ့လို့"
သူအနားရောက်လာမှပိုဆိုးသွားတာကြောင့် သူရခြေဖျားလက်ဖျားတွေပါအေးစက်သွားကာ ဘာဆက်လုပ်ရမလဲသူမသိတော့ချေ
သူသိတာကထိုကလေးမငိုတော့ဖို့ဆက်ချော့နေယုံသာ သို့ပေမဲ့သူလို လူက လူတစ်ယောက်ကိုဘယ်လိုချော့ရမလဲသူဘယ်သိမှာလဲ သူရဲ့အချစ်ဦးကိုတောင် သူချော့ဘူးသည်မဟုတ် အချစ်ဦးလို့ပြောရမှာထက် လိုက်ဖက်လို့တွဲခဲ့သည်မှာပိုမှန်မည်။
သူတို့စကားများတိုင်းသူရဘက်ကတခါမှမချော့ဘူးပေ ဒီအတိုင်းရက်နည်းနည်းကြာရင် ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လေ ထို့ကြောင့် ရီးစားလဲထားခဲ့ဘူး play boyလဲဖြစ်တဲ့သူက ရီစားဟောင်းကိုတောင်အောက်မကျဘူးတဲ့သူက အခုတော့ ဒီကောင်လေးကို အောက်ကျခံပြီး ချော့နေရပြီလေ
၂နာရီလောက်ကြာအောင်သူကြိုးစားပြီးနောက်မှာတော့ သူအောင်အောင်မြင်မြင်နဲ့ ထိုကလေးအားအငိုတိတ်အောင်လုပ်နိုင်ခဲ့ပြီလေ ထို့နောက် သူရ သူအတတ်နိုင်ဆုံး သူလေသံအား ချိုသာအောင်လုပ်လိုက်ပြီးအသုံးနှုန်းတွေကိုပါပြောင်းကာ
"ကိုယ်ပြောချင်တာ ကိုယ့်အသံကအရင်ထဲကကျယ်တယ် လေသံမာတယ်
ကိုယ်မင်းကိုဆူနေတာမဟုတ်ဘူး ကိုယ်မင်းနဲ့ဆွေးနွေးနေတာ ဟုတ်ပြီလား"
"ဟုတ်..ဟုတ်ကဲ့"
"ဒါဆို မင်းမိသားစုအကြောင်း ကိုယ့်ကိုပြောတော့ သူတို့အကြောင်းသိထားမှသူတို့နဲ့တွေ့ရင့ အဆင်ပြေမှာ"
"အာ..ဟုတ် ကျွန်တော်မှာမေမေ မရှိတော့ဘူး အခုဖေဖေရယ်မမရယ်နဲ့အတူနေတယ် ဖေဖေကတော့ ခမ်အေးအေးပဲနေရတာကြိုက်တယ် မမကတော့သဘောကောင်းတယ်"
သူရအနည်းငယ်မှင်သက်သွားရသည် ဒီကောင်လေးက ကလေးသာသာဆိုသူသိပင်မဲ့ ဒီလိုကလေးအတွေးလောက်ပဲတွေးတတ်အုံးမယ်လိုတော့သူမထင်ခဲ့ပေ
အင်းလေထားပါတော့ သူပြောတာတွေကလဲသူမြင်တဲ့အတိုင်းပဲပြောတာနေမှာပေါ့ ဒီကလေးပြောပုံအရဆို သူအတွက်ဘာမှအခက်ခဲသိပ်မရှိလောက်ပေလို့သူရတွေးလိုက်မိသည်။
"အင်းကောင်းပြီ ဒါဆိုမင်းနားတော့ ကိုမင်းအိမ်ပြန်ဖို့စီစဉ်စရာရှိတာစီစဉ်ရအုံးမယ်"
သူပြောပြီးထူးမြတ်အခန်းထဲမှထွက်လာခဲ့ပြီး ထူးမြတ်ကတော့အိမ်ပြန်ရတော့မည်ဆိုတဲ့အတွေးနဲ့တင်ဘာကိုမှဂရုမစိုက်ပဲပျော်နေမိတော့သည်။
.......................
ကဲကဲနည်းနည်းကြာသွားတယ်😁