Come Back (Complete)
Von KhinKay6
2.3K 207 123
Min Yoongi & Kim Taehyung Top-Yoongi Bottom-Taehyung မင်းကို စောင့်မျှော်နေရတဲ့ အချိန်ကာလတွေက ငါ့ရဲ့ဘဝကို အဓိ... Mehr
🍁1🍁
🍁3🍁
🍁4🍁
🍁5🍁
🍁6🍁
🍁7🍁
🍁8🍁
🍁Final🍁
Just want to say~
🍁2🍁
265 22 51
Von KhinKay6
Unicode
"ကင်မ်...ကင်မ်ထယ်ယောင်း..!"
သူ့နာမည်ကိုပြောလိုက်တော့ ထုံးစံအတိုင်း စပ်ဖြဲဖြဲနှင့်ရယ်ပြလာသည်။
အော်..တစ်ယောက်တည်း နားအေးပါးအေးနေချင်ပါတယ်ဆိုမှ တစ်ယောက်က ရောက်လာပြန်ပြီ။
ငယ်ငယ်ကတည်းက အပေါင်းအသင်းတွေအများကြီးကြားထဲမှာ အမြဲတမ်း လူဝင်ဆံ့တတ်တဲ့ထယ်ယောင်းက တစ်ကိုယ်တည်းအချေတစ်လိုင်းနေတတ်တဲ့
သူ့ကို တစ်ချိန်လုံးတွယ်ကပ်နေတတ်သည်။
အဲ့ဒါတွေကြောင့်ပဲ အာရုံနောက်တာ။
အဲ့ဒီ ကင်မ်ထယ်ယောင်းအကြောင်းပြောရရင် မူလတန်းကတည်းက ခင်ခဲ့တယ်ပဲဆိုပါတော့။
ချမ်းသာတဲ့ မျိုးရိုးမြင့်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာတဲ့ကင်မ်ထယ်ယောင်းက အနည်းငယ် လေကြီးတာကလွဲရင် ယွန်းဂီအပေါ်ကိုတော့ တကယ်ကိုရင်းရင်းနှီးနှီးဆက်ဆံပါသည်။
အင်းး..အရင်းနှီးလွန်နေတယ်ပဲ ပြောရမလား..?
Flash back..
.
.
.
"ရားးးး.ယွန်းဂီ! ငါ့ကိုစောင့်ဦးလေ.."
​ကျောင်းလွယ်အိတ်လေးကိုလွယ်ရင်း ခပ်သုတ်သုတ်လျှောက်သွားသည့် ယွန်းဂီနောက်ကို ထယ်ယောင်းအမောတကောပြေးလိုက်မိသည်။
"ဘာလို့ ငါ့နောက်ကိုလိုက်နေတာလဲ..!? မင်းမှာ လာကြိုမဲ့လူမရှိဘူးလား..?"
ကျောင်းကနေ အိမ်ပြန်ချိန်တိုင်း ကင်မ်ထယ်ယောင်းက အခုလိုပဲတွယ်ကပ်ပြီး လိုက်လာတတ်သည်မို့ မေးလိုက်ခြင်းပင်။
သူ့လိုလူက လာကြိုမည့်လူမရှိစရာ အကြောင်းမရှိ။ ယွန်းဂီသိသလောက်တော့ ထယ်ယောင်းအိမ်က သူ့အိမ်ထက်ပင် ဝေးသေးသည်။
ဒါတောင်မှ ဒီသူဌေးသားက ဘာလို့သူ့နောက်ကနေ အမြဲတကောက်ကောက်လျှောက်လိုက်နေလဲမသိ။
"ရှိတယ်...ဒါပေမယ့် ပြန်လွှတ်လိုက်ပြီ.."
သူ့အဖြေစကားကြောင့် မျက်မှောင်အသာကျုံ့ပြီး ကြည့်မိတော့ ဟီးကနဲရယ်ပြလာကာ..
"မင်းနဲ့အတူပြန်ချင်လို့လေ.."
သောက်ပိုတွေဟု ယွန်းဂီတွေးလိုက်မိသည်။
သူ့လိုအဖော်မရှိ၊ သူငယ်ချင်းမရှိပဲ အမြဲတစ်ကောင်ကြွက်ဖြစ်နေသောသူ့ကို ထယ်ယောင်းလိုလူက အိမ်ကိုအတူတူပြန်ချင်သည်တဲ့လား။
ဒီလိုနဲ့ပဲ အဲ့ဒီကင်မ်ထယ်ယောင်းဆိုသောကောင်လေးက သူသတိမထားမိခင်မှာပဲ သူ့ဘဝထဲကို တစ်စတစ်စ ဝင်ရောက်လာပါတော့သည်။
တကယ်တော့ ထယ်ယောင်း၏အဆင့်အတန်းနှင့် သူ့အဆင့်အတန်းမှာ ဘယ်နေရာကြည့်ကြည့် အမှန်ကိုကွာခြားလွန်းလှသည်။
ခြေထောက်ကို ကြည့်ရင်တောင်မှ
ထယ်ယောင်း၏တောက်ပြောင်နေတတ်သော ရှူးဖိနပ်တွေ၊ ရှန်ပူကောင်းကောင်းနှင့်လျှော်ထားသောကြောင့် နူးညံ့ပျော့အိပြီး မွှေးပျံ့နေသောဆံနွယ်တွေ၊ အဖြူရောင် ကျောင်း uniform လေးမှာလည်း သစ်လွင်ပြီး မထိရက်ချင်စရာကောင်းလောက်အောင် ဖြူစွတ်နေသည်။
တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်လျှင် ထယ်ယောင်းသည် ချစ်စရာကောင်းပြီး အသွေးအမွေးသန့်သော ကျောင်းသားကလေးဖြစ်သည်။
သူလိုလူနဲ့တော့ လားလားမျှမဆိုင်။
စီးထားသောဖိနပ်က မညစ်ပတ်ရင်တောင်မှ စီးတာကြာပြီဖြစ်သောကြောင့် အနည်းငယ်ဟောင်းနွမ်းနေသည်။
ဆံနွယ်တွေကိုလည်း ပုံမှန်မထိန်းသိမ်းနိုင်တာကြောင့် ငှက်သိုက်ကေကဲ့သို့ ဖြစ်နေမည့်အစား ညှပ်လိုက်တာမှ ပိုကောင်းဦးမည်ဟုဆိုကာ ထယ်ယောင်းနှင့်ခြားနားလျက် ခပ်ပါးပါးပုံတုံးဆံပင်ကေသာ ဖြစ်နေသည်။
အဖြူရောင် uniform လေးမှာလည်း ထိုနည်းအတိုင်းပင်။
များများစားစားမရှိသောကြောင့် ထပ်ခါတစ်လဲလဲ ဝတ်နေရာမှ အဖြူရောင်လေးမှ နို့နှစ်ဆင်ဆွယ်ရောင်ဘက်သို့ ကူးပြောင်းလာဟန်ရှိသည်။
ကိုယ့်ဘာသာ တစ်ယောက်တည်းနေလျှင်
မသိသာသော်လည်း အဲ့ဒီ ကင်မ်ထယ်ယောင်းနှင့်တွဲလျှောက်တိုင်း သိမ်ငယ်စိတ်တွေက တစ်ရိပ်ရိပ်ဝင်ရောက်လာသည်။
ထို့ကြောင့် တတ်နိုင်သမျှ ကင်မ်ထယ်ယောင်းနှင့် ဝေးဝေးနေသော်လည်း တစ်ချိန်လုံး ကိုအာလာတစ်ကောင်လို လိုက်တွယ်ကပ်နေတာကြောင့် ထယ်ယောင်းက သူ့ရဲ့အရိပ်လိုတောင် ဖြစ်လာသလိုပင်။
အဲ့လိုနဲ့ uni ရောက်တော့လည်း ထယ်ယောင်းရဲ့အကျင့်တွေက မပျောက်သွား။
ကျောင်းလွှတ်တာနှင့် အချိန်ပိုင်းအလုပ်ဆီကို
ခြေဦးလှည့်ရသည့်ယွန်းဂီက အိမ်ပြန်ချိန်တိုင်း လမင်းကြီးသာ အဖော်ပြုပေးနေခဲ့သည်။
အင်းးး..ထယ်ယောင်းနဲ့အတူပေါ့..
.
.
"ယွန်းဂီ!"
ယွန်းဂီ cafe ဆိုင်လေးထဲမှ အလုပ်လုပ်ပြီးထွက်လာသည်နှင့် ထယ်ယောင်းဆိုသော ကောင်စုတ်လေးက လူကိုရှက်စရာကောင်းလောက်အောင် လက်တွေဝှေ့ယမ်းပြသည်။
ဒါကတော့ ကင်မ်ထယ်ယောင်းအမြဲလုပ်နေကျပုံစံမို့ သက်ပြင်းအသာချရင် သူ့အနားလျှောက်သွားကာ..
"ထယ်ယောင်း..မှောင်နေပြီလေ..၊ မပြန်သေးဘူးလား..? မင်းအိမ်က စိတ်ပူနေလိမ့်မယ်.."
ထယ်ယောင်းက သူနဲ့အတူအမြဲပြန်နေကျဆိုသော်လည်း ဒီနေ့တော့ ဆိုင်မှာလူကျနေသည်မို့ အနည်းငယ်နောက်ကျသွားခြင်းပင်။
ဒါကို ဒီကောင်လေးက မပြန်ပဲ သူ့ကိုတစ်ညနေလုံးထိုင်စောင့်နေသည်လေ။
တကယ်ပဲ ဒီကောင် လူကိုဘာဖြစ်စေချင်နေတာလဲ..?
"စိတ်မပူပါဘူး ယွန်းဂီရဲ့..၊ အိမ်ကိုလည်း ကြိုပြောထားပါတယ်၊ အမေက မင်းနဲ့ဆိုခွင့်ပြုတယ်တဲ့..၊ နောက်ပြီး...မင်း ငါ့ကို တော့ပိုကီဝယ်ကျွေးမယ်ဆိုပြီး ကတိပေးထားတယ်လေ.."
ဆရာကြီးလေသံနှင့် ကလေးဆန်စွာပြောလာသည့်ကင်မ်ထယ်ယောင်းက အိမ်မှာ ဘယ်လောက်ထိ အလိုလိုက်ပြီး ဖူးဖူးမှုတ်ခံထားရသည်လဲမသိ။
ယွန်းဂီသိသလောက် ထယ်ယောင်း၏အမေက ထယ်ယောင်းကိုတော့ တော်တော်အလိုလိုက်သည်။
တစ်ခါတစ်ရံ အလွန်ကလေးဆန်တတ်ပြီး မကြာခဏလည်း နေမကောင်းဖြစ်တတ်သည့်
ကမ်ထယ်ယောင်းကြောင့် တစ်အိမ်လုံးက အချစ်ခံနေရတာတော့ သိပ်ပြီးမဆန်းပေ။
ထို့ကြောင့် ထယ်ယောင်းအလွန်ခင်တွယ်နေသောယွန်းဂီကိုလည်း သူတို့အိမ်က မိသားစုလိုနွေးထွေးကာ ချစ်ခင်ပေးသည်။
သူကတော့ uni ကျောင်းသားဘဝကတည်းက
အမေတို့က ဒယ်ဂူကိုပြန်သွားကြသည်မို့ အနည်းငယ်အထီးကျန်ဆန်ကာ တစ်ကောင်ကြွက်ဖြစ်နေခြင်းပင်။
သို့သော်လည်း ထယ်ယောင်းတို့မိသားစုကြောင့် သူ့ရဲ့ဘဝက အရင်လောက်တော့ အထီးကျန်မဆန်တော့။
🍁🍁
တစ်နေ့...
သူ့အနားမှာ အရိပ်လိုအမြဲတွယ်ကပ်နေတတ်သည့် ကင်မ်ထယ်ယောင်းကို ထူးထူးခြားခြားမတွေ့တာကြောင့် ယွန်းဂီ၏စိတ်အစုံမှာ မသိမသာ လေးလံထိုင်းမှိုင်းလာပါတော့သည်။
ဘာကြောင့် အခုလိုဖြစ်မှန်းလည်း သူသေချာမသိ။
ကျစ်..ကင်မ်ထယ်ယောင်း..
မင်းက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။
ထို့ကြောင့် ကျောင်းဆင်းတာနှင့် ယွန်းဂီ ထယ်ယောင်းနေသည့်အိမ်ကို ခြေဦးလှည့်လာခဲ့သည်။
ဒီကောင် ကျောင်းပြေးတာတော့ မဖြစ်နိုင်။
ဒါမှမဟုတ်...နေမကောင်းဖြစ်နေပြန်ပြီလား..?
အတွေးပေါင်းစုံက ယွန်းဂီ၏ရင်အစုံကို ရောက်ယက်ခက်စေသည်။
တွေ့မယ်... မင်းကိုတွေ့လို့ကတော့ ငါ အခုလိုစိတ်ရှုပ်ရတာ မင်းကြောင့်ဆိုပြီး အပီအပြင်ကို ငေါက်ပစ်လိုက်မယ်။
ကိုယ့်အတွေးနှင့်ကိုယ် တစ်ကိုယ်တည်းကြိမ်းဝါးနေရင်း ထယ်ယောင်းအိမ်ကို ရောက်သည့်အခါမှာတော့ ထိုအတွေးတွေက မြူမှုန်အလား တစ်ခဏအတွင်း လွင့်စင်သွားတော့သည်။
"အော်... ယွန်းဂီလေးလာတာပဲ.၊ မင်းကို အသိတော့ပေးချင်ပေမယ့် ယောင်းလေးက မပြောပါနဲ့ဆိုလို့..၊
သူ ဒီနေ့ တော်တော်ကို ဖျားနေတာကွယ့်၊ မင်းကိုလည်း ခဏခဏသတိရတယ်ပြောတယ်၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း ယောင်းလေးကခေါင်းသိပ်မာတာ၊ မင်းကို တစ်စက်မှ အသိမပေးခိုင်းဘူး.."
"ဒါဆို.. အခုရော..? သူဘယ်လိုနေသေးလဲ..? သက်သာရဲ့လား..?"
"ဒီညနေတော့ သက်သာသွားပါပြီ..၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း ယောင်းလေးက ဖျားရင် တအားအိပ်ပုတ်ကြီးတာ..၊ အခုလည်း အခန်းထဲမှာ အိပ်နေမှာပေါ့.."
အန်တီက စိတ်လေသလိုလေးပြောလာပေမယ့် ယွန်းဂီသိတာပေါ့၊ ထယ်ယောင်းအမေက ထယ်ယောင်းကို သိပ်ချစ်တယ်ဆိုတာကိုလေ..။
အခုလည်း ပြောသာပြောတာ၊ ထယ်ယောင်းကို စိတ်ပူနေတယ်ဆိုတာ အပြင်လူဖြစ်တဲ့ယွန်းဂီတောင် ခံစားသိနိုင်ပါသည်။
အန်တီနဲ့စကားပြောပြီးတာနှင့် ယွန်းဂီ၏ခြေလှမ်းတွေဟာ အိမ်အပေါ်ထပ်ဆီသွားသော လှေကားများသို့ ဦးတည်ပါတော့သည်။
.
.
.
'Tae bear 🐻' ဟု ရေးထားသည့် အခန်းတံခါးလေးကိုကြည့်ရင်း ဘာရယ်မဟုတ် ဟက်ကနဲတစ်ချက်ရယ်မိသည်။ ကင်မ်ထယ်ယောင်းတို့ ကလေးဆန်ပုံများ။
ထို့နောက် တံခါးလက်ကိုင်ဘုကို ​ဖွင့်ကြည့်တော့ မရ။ အထဲမှ Lock ချထားသည်ထင်။
ကျစ်...အိပ်နေတာကိုမနှိုးချင်လို့ ဒီတိုင်းဝင်သွားမလို့ဟာကို။
ယွန်းဂီစုတ်တစ်ချက်သက်ရင်း တံခါးအသာခေါက်လိုက်သည်။
*ဒေါက်...ဒေါက်*
"ထယ်ယောင်း..."
"မဝင်လာနဲ့!"
ယွန်းဂီအသံပြုပြီးခေါ်လိုက်တော့ အထဲမှ အလန့်တကြားပြန်အော်လာသည်။
ဘာတွေအဲ့လောက်တောင် အကြောက်အကန်ငြင်းနေပါလိမ့်။
"ထယ်ယောင်း.. မင်း နေမကောင်းဘူးဆို..? သက်သာရဲ့လား..?"
"ငါသက်သာတာမို့ မင်းသာမြန်မြန်ပြန်တော့.."
ယွန်းဂီမျက်မှောင်ကျုံ့ရင်း အတွေးလွန်နေရသည်။ သူ့ကိုဆို အမြဲတမ်းတွယ်ကပ်နေတတ်သည့်ကောင်လေးက အခုတော့ သူ့ကိုနှင်ထုတ်နေသတဲ့လား။
"ဒါဆိုလည်း ငါပြန်တော့မယ်..၊ မြန်မြန်နေကောင်းအောင်နေ.."
ယွန်းဂီ ထိုတစ်ခွန်းသာပြောရင်း လှည့်ထွက်လာခဲ့သည်။
သူမသိခဲ့သည်က ထယ်ယောင်းက သူ့ရဲ့ ပျော့ညံ့တဲ့တစ်ဖက်ခြမ်းကို ယွန်းဂီကို မပြချင်ခဲ့ယုံသာ။
ယွန်းဂီ၏အမြင်မှာ သူက အမြဲသန်မာနေရမည်လေ။
--------
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ထယ်ယောင်းနဲ့သူနဲ့ အတူတူဆုံချိန်တွေ နည်းလာသည်။
ငယ်ငယ်ကတည်းက ဂီတတွင် ဝါသနာပါခဲ့သည့်ယွန်းဂီက rap တွေကို ကောင်းစွာသီဆိုနိုင်သည့်အပြင် အသက်ငယ်ရွယ်စဥ်မှာပဲ အနုပညာလမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းနေခဲ့ပြီဖြစ်သည်။
သူနှင့် အရာရာကွဲပြားတတ်သော ထယ်ယောင်းတောင်မှ အနုပညာအလုပ်ကို စိတ်ဝင်စားခဲ့ဖူးပါသည်။
သူမှတ်မိသလောက်တော့ ထယ်ယောင်း၏ vocal က တကယ်ကိုနားထောင်လို့ကောင်းသည်။
ထယ်ယောင်းသီချင်းဆိုလိုက်တိုင်း သူ့ရဲ့ ဩရှရှအသံလေးက နားထောင်နေရသောသူအဖို့ သီချင်းထဲကို လုံးလုံးလျားလျားစီးမျောခံစားသွားစေသည်။ ကံကောင်းသည်ကတော့ ထယ်ယောင်း၏ ထိုအသံလေးကို ယွန်းဂီတစ်ယောက်သာ နားထောင်ခဲ့ရဖူးပါသည်။
ဒီလောက်ကောင်းသောအသံကို ပိုင်ဆိုင်ထားတာတောင်မှ ထယ်ယောင်းက အနုပညာအလုပ်ကို မလုပ်ခဲ့ပါ။ သို့သော် သူသာ ဒီလမ်းကိုလျှောက်လှမ်းလျှင်တော့ ထယ်ယောင်းက အပြည့်အဝအားပေးပါမည်ဟု မရေမရာကတိလေးတော့ ပေးလိုက်သေးသည်။
တစ်ဖြည်းဖြည်းနှင့် အနုပညာလမ်းကြောင်းပေါ်တွင် အောင်မြင်လာသောယွန်းဂီက လင်းလက်စွာတောက်ပနေသော ကြယ်ပွင့်လေးအလား။
ယွန်းဂီ၏ concert ပွဲတိုင်း၊ fan meeting ပွဲတိုင်း လာရောက်ကြသော fan များမှာ ယွန်းဂီအတွက်တော့ မရှိမဖြစ်သော ဖြစ်တည်မှုလေးများသာဖြစ်ပါသည်။
ထိုအထဲတွင် တစ်စုံတစ်ယောက်လည်း ပါဝင်နေခဲ့သည်လေ။
ကင်မ်ထယ်ယောင်း..။
ဟုတ်ပါသည်။ ထယ်ယောင်းဟာ သူ့ကတိကို သူတည်နိုင်ခဲ့ပါသည်။ ယွန်းဂီ၏ အနုပညာဘဝလမ်းတစ်လျှောက် အမြဲတမ်း အဝေးမှ supporting ပေးခဲ့သော တစ်ယောက်သောသူကို ပြပါဆိုလျှင် ထယ်ယောင်းတစ်ယောက်တည်းကိုသာ ယွန်းဂီပြရလိမ့်မည်။
ယွန်းဂီလွှင့်တတ်သော live တိုင်းတွင်လည်း 'Yoongi marry me' ဟူသော comment ကို လာလာမန့်တတ်သည်။
ယွန်းဂီကတော့ သူ့ကို မသိချင်ယောင်ဆောင်တတ်သော်လည်း ထယ်ယောင်း၏ ငယ်ငယ်ကအကျင့်တွေဟာ အခုထိမပျောက်သေးဟန်တူသည်။
Fan meeting ပွဲတိုင်းလည်း လူကို ပုံမှန်ထက် တွယ်ကပ်နေတတ်သည့် ထိုကောင်လေးကို တစ်ခါတစ်ရံလည်း ယွန်းဂီစိတ်မရှည်ချင်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် Public ကြီးမှာတော့ တကယ်ကိုအဆင်မပြေဘူးလေ။
တစ်ခါတစ်ရံ သူ့ရဲ့မန်နေဂျာက မင်ဂျယ် hyung လား၊ ထယ်ယောင်းလားဆိုတာတောင် သေချာမခွဲတတ်တော့ပါ။
ယွန်းဂီ၏အချိန်ဇယားတိုင်းကို အလွတ်ရနေတဲ့ ကင်မ်ထယ်ယောင်းကို သူတကယ်ပင် အံဩမိပါသည်။
.
.
.
Flash back end
အတိတ်က အဖြစ်အပျက်တွေကို အဆုံးသတ်ရမယ်ဆိုရင် အခုရော.. ကင်မ်ထယ်ယောင်းက သူ့အချိန်ဇယားတွေကိုသိပြီး လာခဲ့တာလား..?
"ယွန်းဂီ... ငါ့ကို အိမ်ထဲပေးမဝင်တော့ဘူးလားဟင်..?"
အိမ်ပေါက်ဝမှာ တံခါးကိုဖွင့်လျက်သား၊ ထယ်ယောင်းကို ကြောင်ပြီးရပ်ကြည့်နေမိတဲ့သူ့ကို သတိပေးသလိုပြောလာသည်။
ထိုအခါမှ ယွန်းဂီလည်း လက်ရှိကို စိတ်လုံးလုံးပြန်ရောက်ကာ..
"မင်း... ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ ထယ်ယောင်း..?
မဟုတ်မှ... မင်း ငါ့ကို လိုက် stalk နေတာလား..!?"
"အဲ့..အဲ့လိုမဟုတ်ပါဘူး ယွန်းဂီရာ..
ငါ...ငါ..ဒယ်ဂူက ငါ့အဖွားဆီကိုလာရင်း လမ်းပျောက်သွားလို့ကွ..၊ အဲ့ဒါ..မှောင်လည်းမှောင်တော့မှာဆိုတော့ လမ်းကြုံအိမ်ဝင်တည်းမလို့..၊ မမျှော်လင့်ဘဲ ဒါက မင်းနေတဲ့နေရာဖြစ်နေတာဘဲ.."
ထယ်ယောင်း၏အပြောကြောင့် ယွန်းဂီဆွံ့အသွားရသည်။ ဒီကောင် ဗြောင်လိမ်နေတာ ကလေးကိုသွားပြောတောင် သိတယ်။
ဘယ့်နှယ့်၊ ဒီလောက် တောအုပ်တွေကြားထဲမှာ တစ်သီးတစ်သန့် ဆောက်ထားတဲ့ဘန်ဂလိုကိုမှ လမ်းကြုံတာတဲ့လား။ ဘယ်လိုတောင် ယုတ္တိမရှိတာလဲ..?
နောက်ပြီး ထယ်ယောင်းက ဒယ်ဂူကသူ့အဖွားဆီကို အခုလိုတစ်ယောက်တည်း ထွက်လာသည်သတဲ့လား..?
ထယ်ယောင်းရဲ့အိမ်ကရော.. အခုလို တစ်ယောက်တည်း လွှတ်တာပဲလား..?
အရင်ကလည်း ထယ်ယောင်းက ဒယ်ဂူမှာ သူ့အဖွားရှိသည်ဟု ပြောဖူးတာကြောင့် မမြင်ဖူးပေမယ့်လည်း သိတော့သိနေသည်။ ဒါပေမယ့် အဲ့တုန်းက ဒယ်ဂူကိုသွားတိုင်း ထယ်ယောင်း၏အိမ်က သေချာလိုက်ပို့ပေးသည်။ အခုတော့...
"လမ်းကြုံ..? ဒီနေရာကို မင်း ဘယ်လိုများလမ်းကြုံလဲ..? ငါ မစဥ်းစားတတ်တော့ဘူး.."
"ဒီလိုပဲပေါ့ကွာ..၊ အဲ့ဒါတွေအသာထားပါ..ငါ့ကို အရင်အိမ်ထဲပေးဝင်ဦး.."
အိမ်ထဲသို့ အတင်းဝင်ရန်လုပ်နေသည့် ထိုသကောင့်သားကို ယွန်းဂီခန္ဓာကိုယ်ဖြင့် ကာထားလိုက်ရင်း..
"မရဘူး..!"
"ဟာ..ဘာလို့လဲ ယွန်းဂီရ..? ငါတို့ ခုလိုလွတ်လွတ်လပ်လပ်မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ..? ကိုယ့်ငယ်သူငယ်ချင်းလေးကို ရောက်တုန်းရောက်ခိုက် ဖော်ဖော်ရွေရွေဆက်ဆံမယ်မရှိဘူး.."
ထယ်ယောင်းက နှုတ်ခမ်းလေးဆူကာ စိတ်မကောင်းဖြစ်ဟန်ပြောလာသည်။
တကယ်တော့ သူလည်း ထယ်ယောင်းကိုစိတ်ဆိုးနေတာတော့မဟုတ်။ ဘယ်လောက်ပဲလူရည်လည်ပါစေ၊ ထယ်ယောင်းလို ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရသည့် နူးနူးညံ့ညံ့ကောင်လေးက ဒီလိုခရီးဝေးကို တစ်ယောက်တည်းလာတော့ ယွန်းဂီရင်ထဲတွင် စိတ်ပူသွားမိတာတော့ အမှန်ပင်။
ထို့ကြောင့် သူ့ကိုတစ်ဖက်လှည့်နှင့်လှည့်နေသည့် ထိုကောင်လေးကို အရမ်းမမှောင်ခင် သူ့အဖွားအိမ်ကိုမြန်မြန်သွားစေချင်တာ ယွန်းဂီဆန္ဒပင်။
"ဒီမှာ.. မင်းလို ဒယ်ဂူမှာ မသိတဲ့သူမရှိတဲ့ လူက လမ်းပျောက်တယ်လို့ပြောတော့ ငါကယုံပေးရမှာလား..?
နောက်ပြီး ငါတစ်ယောက်တည်းအေးအေးဆေးဆေး နေချင်လို့... မင်းသာ မင်းအဖွားအိမ်ကို မြန်မြန်သွားပါတော့.."
"မဟုတ်ဘူး ယွန်းဂီ.. ငါ.."
"ငါ့ဆီလာချင်ရင် မနက်ကျမှလာခဲ့.."
ထိုသို့ပြောရင်း ထယ်ယောင်းပြောမည့်စကားတို့ကို ဆုံးအောင်နားမထောင်ပဲ ယွန်းဂီတံခါးကို အမြန်ဆောင့်ပိတ်လိုက်သည်။
ပြီးမှ အပြင်ဘက်ကို မသိမသာနားစွင့်ကြည့်တော့ ဘာသံမှမကြားရတော့ပေ။
ထယ်ယောင်း ​ထွက်သွားပြီလား..?
ဘာပဲဖြစ်ဖြစ်ပါ သူလုပ်လိုက်တာမှန်ပါတယ်။ မဟုတ်ရင် ထယ်ယောင်းက ဒီတစ်ညလုံး သူ့အဖွားအိမ်မပြန်ပဲ ယွန်းဂီကိုပဲ တွယ်ကပ်နေမှာအသေအချာပင်။ အဲ့ဒီအခါကျရင် ထယ်ယောင်း၏အိမ်ကရော သူ့အဖွားကပါ စိတ်ပူနေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူလုပ်လိုက်တာမှန်တယ်။
ထိုနေ့ညအတွက်တော့ ယွန်းဂီအများကြီးထက်မတွေးတော့ပဲ သူ့ဦးနှောက်ကို အနားပေးကာ အိပ်စက်အနားယူလိုက်သည်။
အိမ်အပြင်ဘက်တွင်တော့ မိုးစက်မိုးပေါက်များဟာ ဖြောက်တောက်စွာ ရွာသွန်းလျက်။
Love you all 💜
TBC
15.5.2023
Zawgi
"ကင်မ်...ကင်မ်ထယ်ယောင်း..!"
Flash back..
.
.
.
.
.
"ယွန်းဂီ!"
တစ်နေ့...
ကျစ်..ကင်မ်ထယ်ယောင်း..
.
.
.
*ဒေါက်...ဒေါက်*
"ထယ်ယောင်း..."
"မဝင်လာနဲ့!"
--------
ကင်မ်ထယ်ယောင်း..။
.
.
.
Flash back end
"မရဘူး..!"
"မဟုတ်ဘူး ယွန်းဂီ.. ငါ.."
Love you all 💜
TBC
15.5.2023
Weiterlesen
Das wird dir gefallen
46.9K 4.2K 22
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK #Crd Photo to the owner ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ေ...
4.5K 80 6
The history of humanity has always been shrouded in mystery and speculation. there's been remains and technology found, but that only tells the speci...
12.7K 589 3
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK KTH - Baby! You Look So Sexy!
796K 29.7K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...