ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်...

By Layateloon2004

101K 2.5K 18

လရိပ်လွန်း။ ။ ကိုလင်းအတွက်ကရော ကိုလင်းရဲ့အဖိုးတန်ဆုံးကရော ဘာမို့လို့လဲ! လင်းရှိန်ခန့်။ ။ ဟ ကိုယ့်ရဲ့အဖိုး... More

Intro
အပိုင်း(၁)
အပိုင်း(၂)
Biography of Ko Lynn
အပိုင်း(၃)
Biography of Loon
အပိုင်း(၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း(၇ )
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
စာရေးသူမှ တောင်းပန်ခြင်း
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) Final
Extra

အပိုင်း (၂၁)

2.5K 73 0
By Layateloon2004

Unicode
~~~~~~

"မေမေ"

လွန်း မေမေတို့အခန်းထဲဝင်လိုက်တော့ မေမေက အိပ်နေသည်။ မဟုတ် အိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။

"မေမေ လွန်းလာတယ်လေ မေမေလွန်းကိုစကားမပြောချင်ဘူးလား"

"ဘာလဲသမီးရယ် မေမေအိပ်ချင်နေလို့"

လွန်းအဲ့လိုပြောတော့ မေမေက ခန္ဓာကိုယ်ကိုတစ်ချက်တွန့်ကာသူမကိုပြန်ပြော၏။

"လွန်းကိုမစိမ်းကားပါနဲ့မေမေရယ် ကိုလင်းကလည်းသူ့မိဘဆီက အကုန်ကြားပြီးပါပြီ ပြီးတော့ မနက်ဖြန် ကိုလင်းမိဘတွေဒီကိုလာကြလိမ်မယ်"

"အို ရှုပ်ကရှုပ်နဲ့ဘာလာလုပ်ကြမလို့လဲ"

မေမေက လှဲနေရာမှ ထကာလွန်းအားကြည့်၍ပြောလေသည်။

"ပြီးတော့မေမေ သမီးကိုတစ်ခါတည်းပြောထားပြီးသား သမီးဟိုဖက်ကလူတွေနဲ့နေမယ်ဆို မေမေဆီမလာနဲ့တော့ပါဆို"

ဒေါ်သူဇာသွေးက လရိပ်လွန်းအား အသံမာကပြောလိုက်သည်။

"ဟင့် ဟင့် လွန်းလည်းစိတ်ညစ်လာပြီမေမေရယ် လွန်းဘယ်လိုလုပ်ပေးမှ မေမေနဲ့ပြန်အဆင်ပြေမှာလဲ ဒေါ်ဒေါ်အဲ့တာတွေကြောင့်ဆုံးသွားတယ်ဆိုပေမယ် ဟင့် ကိုလင်းမိဘတွေကလည်းအရင်ကတည်းက ချစ်သူတွေလေ ဒေါ်ဒေါ်ဆုံးသွားတော့ အန်တီသီတာက အရာအားလုံးစွန့်လွတ်ပြီးထွက်လာခဲ့တာ အန်ကယ်ထွန်းလင်းက ဒေါ်ဒေါ်နဲ့လက်ထပ်ပြီးဖောက်ပြားခဲ့တာမှမဟုတ်တာ ဒေါ်ဒေါ်ဆုံးပြီးမှယူကြတာ တကယ်ဆို ဒေါ်ဒေါ်ကသာကြားဖြတ်ယူသွားတယ်လို့ လွန်းထင်တာပဲ ချစ်သူရှိရဲ့နဲ့နောက်ဆုတ်ပေးခဲ့သင့်တာ အဲ့အတွက် အနည်းဆုံးတော့ ဒေါ်ဒေါ်အသက်မဆုံးရှုံးခဲ့ရလောက်ဘူး"

လရိပ်လွန်း သူမ၏မိခင်အား ဖြစ်ရပ်မှန်များပြောကာ နားဝင်အောင် မျက်ရည်တစမ်းစမ်းဖြင့်ပြောပြရသည်။

ထိုအခါမှ ဒေါ်သူဇာသွေးမှ သမီးဖြစ်သူအားကြည့်ကာ သက်ပြင်းတစ်ချက်ချကာ သမီးဖြစ်သူအားကြည့်ကာ

"ဟုတ်တယ် သမီးပြောတာမှန်တယ် ဒါပေမယ့် ခဲအို.ဦးထွန်းလင်းက သမီးဒေါ်ဒေါ်ဘာဖြစ်နေသလဲဆိုတာ တစ်ချက်မှဂရုစိုက်ခဲ့တာမဟုတ်ဘူး စာချုပ်မှာ လက်မှတ်တစ်ခုလေးထိုးယုံထိုးခဲ့ ပြီး သမီးဒေါ်ဒေါ်ကိုပစ်ထားတယ် ဒါကိုသိတဲ့ညီမတစ်ယောက်အနေနဲ့မေမေ ဘယ်လောက်နာခဲ့ရမလဲ ဘယ်လောက်ပဲမချစ်ပါစေ သတိထားခဲ့ရမှာပေါ့ သမီးပြောခဲ့သလိုပဲ အနည်းဆုံးတော့ သမီးဒေါ်ဒေါ်ရဲ့အသက်ကို မဆုံးရှုံးခဲ့လောက်ဘူး"

ကြည့်ရတာမေမေက အန်ကယ်ထွန်းလင်းကို တော်တော်အစာမကြေခဲ့ဘူးထင်တယ်၊သူမစကားနဲ့သူမကို မေမေကပြန်မပြောနိုင်အောင်လုပ်နိုင်သည်။

"အီးးးမာမီ ဝါဝူးးးးး"

မေမေနဲ့လွန်းစကားပြောနေတုန်း ကိုကိုကသမီးငိုနေလို့ လွန်းဆီသို့ခေါ်လာပေးတော့ သမီးကိုချီကာ ချော့မြူရသည်။မေမေ့အခန်းထဲမှာပဲ သမီးကိုခနချော့တော့ သမီးက ဂျီကျတာတိတ်ပြီး ဖွားအေဖြစ်သူအားကြည့်နေလေ၏။

"အေးဟုတ်တယ် ဖွားစိတ်လျော့ပြီး Patriciaကိုကြည့်လို့"

"ဖွားးးကြည့် ခ် ခ်"

သမီးက ဖွားအေကိုကြည့်ကာ ပြောရင်း သူမဘာသာသဘောကျကာ ရယ်တော့ ဖွားအေက တင်းမထားနိုင်တော့ပဲ မြေးမလေးအား ချီလေတော့သည်။

"အမလေး ဖွားမြေးလေးက ချစ်မွှေးလေးတော့ ပြပါဦး ချစ်မွှေးလေးက ဒီမှာလား မွ ဒါမှမဟုတ် ဒီဖက်ရောလား မွ"

"ခ် ခ် ခ်"

ဖွားအေကချစ်ပြတော့ သမီးကသဘောကျကာရယ်နေလေ၏။

=======

"Patricia လေးရေ ဒယ်ဒီပြန်လာပြီ"

"ကိုလင်း တိုးတိုးသမီးအိပ်နေပြီ"

အရင်က ချစ်လှပါချည်ရဲ့ဆိုတဲ့လူက ပြန်လာတာတောင် သူ့သမီးကိုအရင်ခေါ်လေသည်မို့ လွန်းမျက်စောင်းထိုးကာ ပြောလိုက်၏။အဲ့တော့မှ သူကသဘောပေါက်ကာ ပြုံးရယ်လျက် လွန်းနှဖူးအား လာရောက်နမ်းရှိုက်ရင်း

"အခြေအနေဘယ်လိုလဲ အချစ် အန်တီက ဘာတဲ့လဲ"

"ဘာရမှာလဲ မေမေက အန်ကယ်ထွန်းလင်းကို တော်တော်အခဲမကြေသေးဘူး လွန်းတောင် မနည်းကပ်ရတယ် အဲ့တာ မနက်ဖြန် လွန်းတို့သားအမိအရင်သွားထားမယ် ကိုလင်းတို့က နောက်ကလိုက်လာခဲ့ကြ "

"အင်းပါ မိန်းမရဲ့ မိန်းမလည်းပင်းပန်းနေရပြီ"

သူက ဂရုစိုက်ကာပြောတော့ သူမမှာ အနှီလူသားကို အချစ်တွေသာတိုးပွားလာရပါသည်။ချစ်စိတ်ကလေးကတဖွားဖွားပေါ်လာသောကြောင့် သူ့ပါးပြင်အား တစ်ချက်နမ်းလိုက်ပြီး သူအားဖက်က ရင်ခွင်ထဲဂင်နေလိုက်သည်။

"လွန်းမပင်ပန်းပါဘူးကိုလင်းရဲ့ ပင်ပန်းရရင်လည်း ကိုလင်းသမီးကြောင့်ပဲ ပင်ပန်းမယ်ထင်တယ် လွန်းမိဘတွေအိမ်ရောက်တော့ ဆော့တာဆိုတာ ဗြောင်းဆန်နေတာပဲ ဟိုက အရမ်းအလိုလိုက်တယ်လေ ကိုလင်းသမီးက ချစ်ဖို့ကောင်းသလို ဆိုးကလည်းဆိုးသေး လွန်းတော့ မနိုင်ဘူး ဟင်းးဟင်းး"

သူမလေးက ပြောရင်းအိပ်နေသော သမီးဖြစ်သူအားကြည့်ကာ ရယ်နေပြန်သည်။မိဘဆိုတာ ဒီလိုပါပဲလေ တွေးရင်း သူမလေးအား စချင်စိတ်က ပေါ်လာပြန်ပြီ သူမလေးမျက်နှာကို မောယူကာ နှုတ်ခမ်းလေးအားခနအကြာ စုပ်ယူလိုက်ပြီး

"သမီးဆိုးတာ လွန်းဆီက အမွေရထားတာနေမယ်"

"ကိုလင်းနော် လွန်းဘယ်မှာဆိုးလို့လဲ"

သူအား ပြန်ရန်တွေ့တော့ သူ တဟားဟားဖြင့်ရယ်နေလိုက်တော့သည်။ တကယ်ပါ လရိပ်လွန်း ဆိုတဲ့အမျိုးသမီးလေးနဲ့သမီးက သူ့ဘဝမှာ ဘုရားပေးထားတဲ့ ဆုလာဒ်ဖြစ်သည်။

_______________

နောက်တစ်နေ့

"ဖေဖေ မေမေကို အပ်တယ်နော် လွန်းယောက္ခမတွေလာရင် ဖေဖေသေချာထိန်းပေးနော်"

"အေးပါ ငါ့သမီးရယ် မြေးမလေးက မချွဲဘူး သမီးကလာချွဲနေတယ် အဟင်း ဖေဖေကြည့်လုပ်ပေးမယ် ဟုတ်ပြီလား"

လွန်းဖေဖေ့ကို အပူကပ်ထားရသည် မဟုတ်ရင် မလွယ်ပါ။

ခနကြာတော့ လင်းရှိန်ခန့် နှင့်သူ၏မိဘနှစ်ပါးကလည်း ဦးမင်သူရိန် နေအိမ်သို့ရောက်လာကြသည်။

"အန်ကယ် လွန်း"

လင်းရှိန်ခန့် အိမ်ထဲဝင်ရင်း ခေါ်လိုက်သည်။

************

(A/N) ဒီနေ့ကစပြီး ပုံမှန်ပြန်တင်ပါတော့မယ် ဆက်လက်အားပေးကြပါဦးနော်

Zawgyi
~~~~~

"ေမေမ"

လြန္း ေမေမတို႔အခန္းထဲဝင္လိုက္ေတာ့ ေမေမက အိပ္ေနသည္။ မဟုတ္ အိပ္ခ်င္ေယာင္ေဆာင္ေနတာျဖစ္သည္။

"ေမေမ လြန္းလာတယ္ေလ ေမေမလြန္းကိုစကားမေျပာခ်င္ဘူးလား"

"ဘာလဲသမီးရယ္ ေမေမအိပ္ခ်င္ေနလို႔"

လြန္းအဲ့လိုေျပာေတာ့ ေမေမက ခႏၶာကိုယ္ကိုတစ္ခ်က္တြန့္ကာသူမကိုျပန္ေျပာ၏။

"လြန္းကိုမစိမ္းကားပါနဲ႕ေမေမရယ္ ကိုလင္းကလည္းသူ႕မိဘဆီက အကုန္ၾကားၿပီးပါၿပီ ၿပီးေတာ့ မနက္ျဖန္ ကိုလင္းမိဘေတြဒီကိုလာၾကလိမ္မယ္"

"အို ရႈပ္ကရႈပ္နဲ႕ဘာလာလုပ္ၾကမလို႔လဲ"

ေမေမက လွဲေနရာမွ ထကာလြန္းအားၾကည့္၍ေျပာေလသည္။

"ၿပီးေတာ့ေမေမ သမီးကိုတစ္ခါတည္းေျပာထားၿပီးသား သမီးဟိုဖက္ကလူေတြနဲ႕ေနမယ္ဆို ေမေမဆီမလာနဲ႕ေတာ့ပါဆို"

ေဒၚသူဇာေသြးက လရိပ္လြန္းအား အသံမာကေျပာလိုက္သည္။

"ဟင့္ ဟင့္ လြန္းလည္းစိတ္ညစ္လာၿပီေမေမရယ္ လြန္းဘယ္လိုလုပ္ေပးမွ ေမေမနဲ႕ျပန္အဆင္ေျပမွာလဲ ေဒၚေဒၚအဲ့တာေတြေၾကာင့္ဆုံးသြားတယ္ဆိုေပမယ္ ဟင့္ ကိုလင္းမိဘေတြကလည္းအရင္ကတည္းက ခ်စ္သူေတြေလ ေဒၚေဒၚဆုံးသြားေတာ့ အန္တီသီတာက အရာအားလုံးစြန့္လြတ္ၿပီးထြက္လာခဲ့တာ အန္ကယ္ထြန္းလင္းက ေဒၚေဒၚနဲ႕လက္ထပ္ၿပီးေဖာက္ျပားခဲ့တာမွမဟုတ္တာ ေဒၚေဒၚဆုံးၿပီးမွယူၾကတာ တကယ္ဆို ေဒၚေဒၚကသာၾကားျဖတ္ယူသြားတယ္လို႔ လြန္းထင္တာပဲ ခ်စ္သူရွိရဲ႕နဲ႕ေနာက္ဆုတ္ေပးခဲ့သင့္တာ အဲ့အတြက္ အနည္းဆုံးေတာ့ ေဒၚေဒၚအသက္မဆုံးရႈံးခဲ့ရေလာက္ဘူး"

လရိပ္လြန္း သူမ၏မိခင္အား ျဖစ္ရပ္မွန္မ်ားေျပာကာ နားဝင္ေအာင္ မ်က္ရည္တစမ္းစမ္းျဖင့္ေျပာျပရသည္။

ထိုအခါမွ ေဒၚသူဇာေသြးမွ သမီးျဖစ္သူအားၾကည့္ကာ သက္ျပင္းတစ္ခ်က္ခ်ကာ သမီးျဖစ္သူအားၾကည့္ကာ

"ဟုတ္တယ္ သမီးေျပာတာမွန္တယ္ ဒါေပမယ့္ ခဲအို.ဦးထြန္းလင္းက သမီးေဒၚေဒၚဘာျဖစ္ေနသလဲဆိုတာ တစ္ခ်က္မွဂ႐ုစိုက္ခဲ့တာမဟုတ္ဘူး စာခ်ဳပ္မွာ လက္မွတ္တစ္ခုေလးထိုးယုံထိုးခဲ့ ၿပီး သမီးေဒၚေဒၚကိုပစ္ထားတယ္ ဒါကိုသိတဲ့ညီမတစ္ေယာက္အေနနဲ႕ေမေမ ဘယ္ေလာက္နာခဲ့ရမလဲ ဘယ္ေလာက္ပဲမခ်စ္ပါေစ သတိထားခဲ့ရမွာေပါ့ သမီးေျပာခဲ့သလိုပဲ အနည္းဆုံးေတာ့ သမီးေဒၚေဒၚရဲ႕အသက္ကို မဆုံးရႈံးခဲ့ေလာက္ဘူး"

ၾကည့္ရတာေမေမက အန္ကယ္ထြန္းလင္းကို ေတာ္ေတာ္အစာမေၾကခဲ့ဘူးထင္တယ္၊သူမစကားနဲ႕သူမကို ေမေမကျပန္မေျပာနိုင္ေအာင္လုပ္နိုင္သည္။

"အီးးးမာမီ ဝါဝူးးးးး"

ေမေမနဲ႕လြန္းစကားေျပာေနတုန္း ကိုကိုကသမီးငိုေနလို႔ လြန္းဆီသို႔ေခၚလာေပးေတာ့ သမီးကိုခ်ီကာ ေခ်ာ့ျမဴရသည္။ေမေမ့အခန္းထဲမွာပဲ သမီးကိုခနေခ်ာ့ေတာ့ သမီးက ဂ်ီက်တာတိတ္ၿပီး ဖြားေအျဖစ္သူအားၾကည့္ေနေလ၏။

"ေအးဟုတ္တယ္ ဖြားစိတ္ေလ်ာ့ၿပီး Patriciaကိုၾကည့္လို႔"

"ဖြားးးၾကည့္ ခ္ ခ္"

သမီးက ဖြားေအကိုၾကည့္ကာ ေျပာရင္း သူမဘာသာသေဘာက်ကာ ရယ္ေတာ့ ဖြားေအက တင္းမထားနိုင္ေတာ့ပဲ ေျမးမေလးအား ခ်ီေလေတာ့သည္။

"အမေလး ဖြားေျမးေလးက ခ်စ္ေမႊးေလးေတာ့ ျပပါဦး ခ်စ္ေမႊးေလးက ဒီမွာလား မြ ဒါမွမဟုတ္ ဒီဖက္ေရာလား မြ"

"ခ္ ခ္ ခ္"

ဖြားေအကခ်စ္ျပေတာ့ သမီးကသေဘာက်ကာရယ္ေနေလ၏။

=======

"Patricia ေလးေရ ဒယ္ဒီျပန္လာၿပီ"

"ကိုလင္း တိုးတိုးသမီးအိပ္ေနၿပီ"

အရင္က ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့လူက ျပန္လာတာေတာင္ သူ႕သမီးကိုအရင္ေခၚေလသည္မို႔ လြန္းမ်က္ေစာင္းထိုးကာ ေျပာလိုက္၏။အဲ့ေတာ့မွ သူကသေဘာေပါက္ကာ ၿပဳံးရယ္လ်က္ လြန္းႏွဖူးအား လာေရာက္နမ္းရွိုက္ရင္း

"အေျခအေနဘယ္လိုလဲ အခ်စ္ အန္တီက ဘာတဲ့လဲ"

"ဘာရမွာလဲ ေမေမက အန္ကယ္ထြန္းလင္းကို ေတာ္ေတာ္အခဲမေၾကေသးဘူး လြန္းေတာင္ မနည္းကပ္ရတယ္ အဲ့တာ မနက္ျဖန္ လြန္းတို႔သားအမိအရင္သြားထားမယ္ ကိုလင္းတို႔က ေနာက္ကလိုက္လာခဲ့ၾက "

"အင္းပါ မိန္းမရဲ႕ မိန္းမလည္းပင္းပန္းေနရၿပီ"

သူက ဂ႐ုစိုက္ကာေျပာေတာ့ သူမမွာ အႏွီလူသားကို အခ်စ္ေတြသာတိုးပြားလာရပါသည္။ခ်စ္စိတ္ကေလးကတဖြားဖြားေပၚလာေသာေၾကာင့္ သူ႕ပါးျပင္အား တစ္ခ်က္နမ္းလိုက္ၿပီး သူအားဖက္က ရင္ခြင္ထဲဂင္ေနလိုက္သည္။

"လြန္းမပင္ပန္းပါဘူးကိုလင္းရဲ႕ ပင္ပန္းရရင္လည္း ကိုလင္းသမီးေၾကာင့္ပဲ ပင္ပန္းမယ္ထင္တယ္ လြန္းမိဘေတြအိမ္ေရာက္ေတာ့ ေဆာ့တာဆိုတာ ေျဗာင္းဆန္ေနတာပဲ ဟိုက အရမ္းအလိုလိုက္တယ္ေလ ကိုလင္းသမီးက ခ်စ္ဖို႔ေကာင္းသလို ဆိုးကလည္းဆိုးေသး လြန္းေတာ့ မနိုင္ဘူး ဟင္းးဟင္းး"

သူမေလးက ေျပာရင္းအိပ္ေနေသာ သမီးျဖစ္သူအားၾကည့္ကာ ရယ္ေနျပန္သည္။မိဘဆိုတာ ဒီလိုပါပဲေလ ေတြးရင္း သူမေလးအား စခ်င္စိတ္က ေပၚလာျပန္ၿပီ သူမေလးမ်က္ႏွာကို ေမာယူကာ ႏႈတ္ခမ္းေလးအားခနအၾကာ စုပ္ယူလိုက္ၿပီး

"သမီးဆိုးတာ လြန္းဆီက အေမြရထားတာေနမယ္"

"ကိုလင္းေနာ္ လြန္းဘယ္မွာဆိုးလို႔လဲ"

သူအား ျပန္ရန္ေတြ႕ေတာ့ သူ တဟားဟားျဖင့္ရယ္ေနလိုက္ေတာ့သည္။ တကယ္ပါ လရိပ္လြန္း ဆိုတဲ့အမ်ိဳးသမီးေလးနဲ႕သမီးက သူ႕ဘဝမွာ ဘုရားေပးထားတဲ့ ဆုလာဒ္ျဖစ္သည္။

_______________

ေနာက္တစ္ေန႕

"ေဖေဖ ေမေမကို အပ္တယ္ေနာ္ လြန္းေယာကၡမေတြလာရင္ ေဖေဖေသခ်ာထိန္းေပးေနာ္"

"ေအးပါ ငါ့သမီးရယ္ ေျမးမေလးက မခြၽဲဘူး သမီးကလာခြၽဲေနတယ္ အဟင္း ေဖေဖၾကည့္လုပ္ေပးမယ္ ဟုတ္ၿပီလား"

လြန္းေဖေဖ့ကို အပူကပ္ထားရသည္ မဟုတ္ရင္ မလြယ္ပါ။

ခနၾကာေတာ့ လင္းရွိန္ခန့္ ႏွင့္သူ၏မိဘႏွစ္ပါးကလည္း ဦးမင္သူရိန္ ေနအိမ္သို႔ေရာက္လာၾကသည္။

"အန္ကယ္ လြန္း"

လင္းရွိန္ခန့္ အိမ္ထဲဝင္ရင္း ေခၚလိုက္သည္။

************

(A/N) ဒီေန႕ကစၿပီး ပုံမွန္ျပန္တင္ပါေတာ့မယ္ ဆက္လက္အားေပးၾကပါဦးေနာ္

Continue Reading

You'll Also Like

303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
19.4K 685 28
"ချစ်တဲ့အကြောင်းတွေ ပြောလွန်းလွန်းတဲ့ မောင့်ကိုပင်......." အမယ်လေး တကယ်က ဒီက မိအေးကဘဲ ပြောနေရတာပါနော် (အေးမြသာကြည်) နင်က ငါ့အချစ်တွေကို မြင်မှမမြင်ဘ...
928 10 1
"မင်း နှုတ်ဖျားကနေ မုန်းတယ်တစ်ခါ ပြောတိုင်း ကိုယ် ရင်တွေနာတယ် မေလေ ကိုယ်အချစ်က အပြင်စားလျှော်ကြေးဆိုးတဲ့အတိုင်းဘဲ... "မင္း ႏႈတ္ဖ်ားကေန မုန္းတယ္တစ္ခါ...
34K 795 46
အရာရာ မေ့လို့ ရရင်တောင် အချစ်ဦးကိုတော့ မမေ့အောင် ထားမိမှာပါ။