I Don't Know

By Yuxingyue

2.3K 152 10

သူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan More

intro(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。
Part-2
Part -3
Part-4
Part-5
Part-6

Part-1

485 30 0
By Yuxingyue

ဒီလိုပူပြင်းတဲ့နွေရာသီမှာ အဲကွန်းခန်းထဲမှာ ဇိမ်နဲ့ တီဗွီထိုင်ကြည့်ချင်တာ ရှောင်းကျန့်ရဲ့ အကြီးမားဆုံး ရည်မှန်းချက်လို့ ပြောရမလားပဲ။
ကျောင်းပြီးပြီး အလုပ်အကိုင်မရှိတဲ့သူ့ကို မားက အိမ်ပေါ်ကနှင်ချချင်နေပုံ။ဒါမဲ့သူ့မှာ ဒီသားတစ်ယောက်ပဲရှိတယ်ဆိုတော့ မလုပ်ရက်ဘူးထင်ပါရဲ့

"ရှောင်းကျန့်ရေ .....ကျန့် ကျန့်"

ဒါပါပဲ။နေ့လည်ခင်း တ‌စ်ရေးတစ်မော အိပ်မယ်ကြံတိုင်း မားက တစ်ခုမဟုတ်တစ်ခု ခိုင်းပြီနှောက်ယှက်စမြဲပါပဲ။

"ကျန့်ကျန့်.....ကျန့်ကျန့်"

"လာပြီ မားရာ သူများတစ်ရေးတစ်မော အိပ်တော့မယ်ဆို နှောက်ယှက်ပြီဗျာ"

အပေါ်ထပ်ကနေ ခြေထောင့်လို့ သူမကျေနပ်ကြောင်းပြပြီး ဆင်းလာလိုက်တယ်

"တရေးတမော အိပ်မယ် ပြောရအောင် ဘာတွေလုပ်လို့ မောတာတုန်း သခင်မင်းသားရဲ့"

"မားလာမရွဲ့‌နဲ ကျောင်းပြီးဖို့ မနှစ်က တစ်နှစ်လုံး နေ့မအိပ် ညမအိပ် စာတွေကြိုးစားရခဲ့တာလေဗျာ"

"ကျောင်းပြီးလို့ နားနေတာ တစ်လတောင်ရှိနေပြီမဟုတ်လား"

"ဟာမသိဘူး မားဘာခိုင်းမှာလဲ မြန်မြန်ခိုင်းဗျာ သားပြီးရင်ပြန်အိပ်မှာ"

ခေါင်းကုပ်ကာပြောလိုက်ပြီး...

"အပေါ်ထပ်က သားအခန်းဘေးကအခန်းကို သွားရှင်းပေး"

"မား ဒေါ်ရီကို ရှင်းခိုင်းလို့ရသားပဲ ဘာလို့သားကိုမှလဲ တစ်ခန်းလုံးကို သားမရှင်းနိုင်ဘူးလေ"

ဟုတ်တယ်လေ။တစ်ခန်းလုံးဖုန်တွေနဲ့ ညစ်ပတ်နေတာကို ဘယ်လိုသွားရှင်းရမှာတုန်း။နောက်ပြီး အဲအခန်းကို ဘာအတွက် ရှင်းခိုင်းတာပါလိမ့်

"အခန်းရှင်းမလား ဒီလ မုန့်ဖိုးအဖြတ်ခံမလားရွေး"

"မားးးး"

သူမျက်နှာငယ်နဲ့ လုပ်ပြသော်လည်း I don't care ပုံစံ ဖြစ်နေတဲ့မားကြောင့် လက်ခံလိုက်ရတော့သည်။သူ့မုန့်ဖိုးတော့ အဖြတ်မခံနိုင်ဘူးလေ။ဒီသားလေးတစ်ယောက်ပဲရှိတာကို မားတို့က ခိုင်းဖို့ချည်းပဲ။

"ရှင်းမယ်ဗျာ ရှင်းမယ် ရှင်းမယ် ဒါနဲ့ ဘာအတွက်အဲအခန်းကို ရှင်းရတာလဲ ဘာလဲ မားက ပါးနဲ့အခန်းခွဲအိပ်မလို့လား ဟုတ်ပါတယ်လေ အသက်တွေလဲ ကြီးလာကြပြီ‌ဆိုတော့ ခွဲအိပ်သင့်ပြီလေ"

"ငါကဘာကြောင့် ငါ့ယောက်ျားနဲ့ အခန်းခွဲအိပ်ရမှာလဲ မခွဲအိပ်နိုင်ပါဘူး"

"ဒါဆိုဘာလို့ အခန်းကို."

"နိုင်ငံခြားက မားသူငယ်ချင်းရဲ့သားဒီမှာလာနေမှာမို့"

"သူက ဒီကိုဘာလာလုပ်မှာလဲ"

"ကျောင်းပြောင်းလာမှာ သူ့အမေက အဆောင်မှာနေရအောင်လဲ စိတ်မချလို့ဆိုပြီး မားက မားဆီမှာ လာနေဖို့ပြောလိုက်တာ"

"မားဗျာ ရှုပ်ရှုပ်ယှက်ယှက်တွေ"

"ဘာရှုပ်ရှုပ်ယှက်ယှက်လဲ"

"အဲကောင်လေးကသားတို့အိမ်မှာလာနေပြီး သားကိုအနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ"

"အဲကောင်လေးက အနိုင်ကျင့်မှာလား နင်က အနိုင်ကျင့်မှာလား မသဲကွဲဘူး"

"မား ကိုယ့်သားကို ပြောရက်တယ်နော်"

"ငါ့သားအကြောင်းငါမသိတာကျလို့ သွား သွားရှင်းတော့ ဒီမှာလာပြီး စကားလမ်းကြောင်းလာရှည်နေတယ်"

"ဟွန့်" တစ်ချက်လုပ်ပြီး အိမ်ပေါ်တက်လာခဲ့တယ်။
မားသူငယ်ချင်းရဲ့သားဆို‌တဲ့ကောင် အိမ်ရောက်လာပြီး ငါ့ကို အနိုင်ကျင့်ရဲ ကျင့်ကြည့် ဂုတ်ချိုးသတ်ပြစ်မယ်။

လုပ်ရဲတယ်များ ထင်မနေနဲ့။မှား မှားလို့ မလုပ်ရဲဘူးများထင်မနေနဲ့ ဟားးအဲဒါ ရှောင်းကျန့်ပဲကွ...

ဘယ်သူမှန်းမသိတဲ့ မားသူငယ်ချင်းရဲ့သားဆိုတဲ့ သူကတော့ တဖက်မှာ နှာချေ လေရဲ့။
......................................................

ရှောင်းကျန့်ကတော့ ဒုက္ခရောက်ပြီထင်ပါရဲ့။ ညနေမုန့်ဝယ်ပြီး ပြန်အလာမှာ သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေပုံ။ သူနောက်လှည့်မကြည့်ရဲဘူး။ ရုပ်ရှင်ထဲကလို သူနောက်လှည့်တာနဲ့ သူ့ကိုမေ့ဆေးနဲ့ အုပ်ပြီးခေါ်သွားမယ်။ ပြီးရင် မားတို့ဆီ ဖုန်းဆက်ပြီး ချိန်းချောက်မယ်။

ဟင်အင့် မဖြစ်ဘူး။ သူသာ ပြန်ပေးဆွဲခံ ရရင် မားတို့ကို သေချာပေါက် သူ့ကို လာရွေးတော့ မှာ မဟုတ်ဘူး။ အစကတည်းက သူ့ကို အလုပ်မရှိလို့ အိမ်ပေါ်ကနေနင်ချချင် နေပါတယ်ဆို။

မဖြစ်ဘူး နောက်လှည့်ပြီး ကိုယ်သေ သူသေ ပြန်ချမယ်။ ဟုတ်တယ် ငါက ယောက်ျားပဲ ဘာကြောက်စရာမှ မလိုဘူး
ရှောင်းကျန့် အားတင်းပြီး နောက်ကို လှည့်ကြည့်လိုက်တယ်

ဝုတ်.....ဝုတ်

ချီးးးးးခွေးမဲကြီး။
ရှောင်းကျန့်လဲ ဘယ်ရမလဲ တန်းနေအောင်ပြေးရတာပေါ့။သူက တခြားဟာတွေသာ ကြောက်ရင် ကြောက်မယ် ခွေးဆို ပိုကြောက်တယ်။

အမောတကောနဲ့ အိမ်ပေါ်ပြေးတက်တော့မယ် သူ့ကို မားက ဧည့်ခန်းထဲကနေ လှမ်းခေါ်လာတယ်

"ဟဲ့ ကျန့်ကျန့် ဘာဖြစ်လာတာလဲ အိမ်ထဲကို ပြေးနေတာပဲ..လာအုံး ဒီမှာ မိတ်ဆက်ပေးမလို့"

"မား ဒီမှာ ခွေးလိုက်လို့ ပြေးလာရတာဆိုမှ ဘယ်သူနဲ့ မိတ်ဆက်ပေးမလို့လဲ"

ခြေတဆောင့်ဆောင့်နဲ့ ဧည့်ခန်းကိုလာခဲ့တယ်
ဧည့်ခန်းမှာ တွေ့ရတာတော့ မားအပြင် ကောင်လေး တစ်ယောက် ။ရှောင်းကျန့် တန်းသိသွားတယ် မားသူငယ်ချင်းရဲ့ သားဆိုတဲ့ကောင် ဆိုတာ။

ရှောင်းကျန့် သူမားဘေးနားဝင်ထိုင်လိုက်တယ်

"သား ကျန့်ကျန့် ဒါမား‌ပြောတဲ့ မားသူငယ်ချင်းရဲ့သား ဝမ်ရိပေါ်တဲ"

အရှေ့က သန့်သန့်ပြန့်ပြန့်နဲ့ကောင်လေးကို ကြည့်လိုက်တော့ ထိုကောင်လးက ရုပ်တည်ကြီးနဲ့ သူ့ကို ကြည့်နေတယ်။
ဘာလဲ ‌ပြုံးပြရကောင်းမှန်းတောင် မသိဘူးလား
အလကား ဘဝင်ဟက်နေတဲ့ကောင်။

"သား ရိပေါ် ဒါကတော့ အန်တီရဲ့သား ရှောင်းကျန့်တဲ့ ငပျင်းလေးလေ"

ရှောင်းကျန့်စိတ်လေသွားပြီ။ မားရာ ကိုယ့်သားကို အဲလိုမချီးကျူးလို့ မရဘူးလား။

"ကြည့်တာနဲ့ သိသာပါတယ်"

"ဘာကွ.."

အဲကောင်လေးဆီက မထမဆုံးကြားရတဲ့ စကားက သူ့ကို ဖဲ့ဖို့အတွက်လား
တွေ့ကြသေးတာပေါ့ ဝမ်ရိပေါ်ရာ

"ကဲပါ တစ်အိမ်ထဲနေကြရမဲ့ သူတွေပဲ ညီအကိုလို ချစ်ချစ်ခင်ခင်နေကြ ဟုတ်ပြီလား"

မျက်လုံးချင်းစစ်တိုက်နေတဲ့သူတို့ကို မားက ပြေလည်ရာပြေလည်ကြောင်း ဝင်ပြောပေး‌တယ်

"သားရိပေါ်လဲ လိုသာရှိရင် အန်တီတို့ကို အားမနာတမ်းပြောလို့ရတယ်နော် သိလားသား"

"ဟုတ်ကဲ့"

"သားကျန့်ကျန့်  သားညီလေးကို အခန်းလိုက်ပြပေးလိုက်ဦး"

"ဘာညီလေးလဲ သူ့ကိုကောင်ကို ညီလေး မတော်ချင်ပါဘူး"

ရှောင်းကျန့်ပြောပြီး ခြေတဆောင့်ဆောင့်နဲ့ အိမ်ပေါ်တက်သွားလေသည်။
ရှောင်းကျန့်ရဲ့ မားက ဝမ်ရိပေါ်ကို အားနာသလို ပြုံးပြပြီး

"ရိပေါ် သားလာ အန်တီသားနေရမဲ့ အခန်းလိုက်ပြပေးမယ် အဲကလေက တအားဆိုးတာ စိတ်ထဲထားမနေနဲ့ "

"ရပါတယ် အန်တီ"

ရိပါ်‌ အန်တီကို တချက်ပြုံးပြလိုက်တယ်။ရှေ့ဆက်ရမဲ့နေ့တွေမှာ အဲအစွာကောင်လေးနဲ့ ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ တွေးပူနေလေရဲ့။

ပထမဆုံးရေးခြင်းပါ
ပေါ့ပေါ့ပါးပါးပါပဲ
မတည့်အတူနေ မဟုတ်ဘူး တယောက်တည်းမတည့်တာ


Continue Reading

You'll Also Like

34.3K 1.4K 11
Oc female Jackson x Hermes x Apollo x Ares
62.2K 2K 43
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
63.8K 6.2K 123
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
136K 3.8K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။