ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလး...

Autorstwa MaungKaung6

8.6K 583 113

ကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလိ... Więcej

တောင်းပန်လွှာ(ေတာင္းပန္လႊာ)
1(U/Z)
2(U/Z)
3(U/Z)
4(U/Z)
5(U/Z)
6(U/Z)
7(U/Z)
8(U/Z)
10(U/Z)
11(U/Z)
12(U/Z)
13(U/Z)
14(U/Z)
15(U/Z)
16(U/Z)
17(U/Z)
18(U/Z)
Part 19(U/Z)
20(U/Z)
21(U/Z)
22
23(U/Z)
24(Z/U)
25(U/Z)
26(U/Z)
27(U/Z)

9(U/Z)

212 20 0
Autorstwa MaungKaung6

U....

"ငါ...ငါမင်းကို တောင်းပန်ပါတယ်."

ထမင်းစားကျောင်းဆင်းတဲ့ခေါင်းလောင်းထိုးလိုက်ပြီ။သင်္ချာဆရာမ အိမ်စာပေးလိုက်တဲ့ပုစ္ဆာတွေကို လိုက်မှတ်နေမိတဲ့အချိန် အသံခပ်တိုးတိုးလေးကိုကြားလိုက်ရတော့ ကျွန်တော်မော့ကြည့်လိုက်မိတယ်။ဖျော့တော့နေတဲ့မျက်ဝန်းတွေကို ခနခ​နပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးမဝံ့ရဲတဲ့အကြည့်တွေက သူကပဲအပြစ်တွေလုပ်ထားသလိုနဲ့ မလုံမလဲ အပြစ်မကင်းသလို ကျွန်တော့်ကိုကြည့်နေတယ်။

"ဘာအတွက်လဲ.."

ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကို ကျွန်တော်မသိပါ။ကျွန်တော်နဲ့သူက စကားလုံးကွဲအောင်တောင်စကားပြောဖူးတာမဟုတ်တော့ တစ်ယောက်နဲ့တစ်ယောက်တောင်းပန်စရာအကြောင်းလဲမရှိမှဘဲ။ခပ်ကြောင်ကြောင် ကျွန်တော်မေးလိုက်တော့ ပြန်ဖြေတဲ့အသံလေးတွေမှာ စိုးထိတ်မှုတွေပါနေသည်။လူတစ်ယောက်ကို စကားပြောဖို့အတွက် တွန့်ဆုတ်နေတဲ့ဟန်တွေ။ဒါကြောင့်ပဲဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်၊ အထီးကျန်စွာနေနေတာလား တွေးမိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။

"မ..မနက်က ငါ့အမေပြောတာလွန်သွားမှန်းငါသိပါတယ်။ငါ..တကယ်စိတ်ရင်းနဲ့တောင်းပန်တာပါ."

"ထားလိုက်ပါ.."

မနက်ကစိတ်တိုလွန်းလို့သာ ကျောင်းရောက်ရင်တော့ ခြောက်တာ၊လှန့်တာမျိုးတစ်ခုခုလုပ်လိုက်အုံးမယ်တွေးထားမိပေမယ့်.ဒီပြသနာက သူနဲ့မှမဆိုင်ပါပဲ။မိဘတွေမော်ကြွားတာနဲ့ ဒီကောင်လေးနဲ့မသက်ဆိုင်ဘူးဆိုတာသိပေမယ့် တစ်ယောက်တည်းတသီးတသန့်နေတာက ဘဝင်မြင့်နေတဲ့စိတ်ကြောင့်လို့ထင်ခဲ့မိသေးတာ။ကျွန်တော်လူကဲခတ်မတော်ပါ။ဒါပေမယ့် စကားသေချာမပြောဖူးတာတောင် ဒီကောင်လေးရဲ့အတွင်းစိတ်ကို ထိုးဖောက်ဖတ်တတ်ခဲ့ပြီ။

နေ့လည်ထမင်းစားဆင်းချိန်မို့လူတွေရှင်းနေသည်။မြို့ပေါ်ကျောင်းဆိုတော့ နီးနီးနားနားသူတွေကထမင်းပြန်စားတယ်။ကျွန်တော်တို့လိုဝေးတဲ့သူတွေကတော့ ထမင်းချိုင့်တွေထုပ်ပြီး ကိုယ့်အဖွဲ့နဲကိုယ်စားနေကျ။အလျှိုလျှိုပြန်သွားတဲ့လူတွေနဲ့ထမင်းချိုင့်ပါလာတဲ့ကောင်တစ်ချို့က အပေါ့အပါးသွားကြတာဖြစ်လို့လူရှင်းတာဖြစ်သည်။

ငှက်ခါးဆိုတဲ့ကောင်လေးကလဲ ဒီအခြေနေကိုစောင့်နေဟန်တူသည်။လူရှင်းသွားတဲ့အချ်န်မှာ မှကျွန်တော့်စာရေးခုံလေးဘေးမှာရပ်နေတာအကြာကြီး။လူရှုပ်တာကိုပဲမကြိုက်တာလား။ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ချင်တဲ့စိတ်နဲ့ သီးသန့်နေတာမဟုတ်မှန်းတော့ တစ်စွန်းတစ်စရိပ်မိပါတယ်။မပြီးသတ်သေးတဲ့သင်္ချာတွေကိုဆက်တွက်နေပေမယ့် သူ့အရိပ်ကိုလဲသတိထားမိသည်။ဒါပေမယ့်ဘာသံမှထွက်မလာ။ကျွန်နော်မော့ကြည့်တော့မှ အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်လာတာက မဝံ့မရဲနဲ့ကလေးဆန်တဲ့စကားတွေ။

"ဒါ..ဒါဆို မင်းစိတ်မဆိုးနဲ့တော့နော်။ငါမုန့်ဝယ်ကျွေးရမလား.."

ချော့မော့တဲ့လေသံနဲ့ပြောနေတာ ကျွန်တော့်ကိုသူ့လိုကလေးစိတ်မပျောက်သေးတဲ့ကောင်မှတ်နေလားမသိ။မုန့်ကျွေးပြီးစိတ်ဆိုးပြေခိုင်းတဲ့အကွက်က မူလတန်းကလေးတွေ လုပ်တဲ့လုပ်ကွက်ဆိုတာ ဒီကောင်လေးမေ့နေတာလား။

"ဘာ.."

ကျွန်တော့်ကို ကြည့်ကာရှိန်နေတဲ့ပုံပေါက်နေတာကြောင့် မစသင့်မှန်းသိပေမယ့် စချင်လာတာကြောင့် မျက်မှောင်ကျုံ့ကာ အသံမာမာနဲ့မေးလိုက်၏။ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားသလို၊မဝံ့ရဲတဲ့မျက်ဝန်းတွေဟာ အရည်လဲ့လို့နေတယ်။အစာကောက်နေတဲ့ ဥဒေါင်းငှက်တွေရဲ့ မျက်ဝန်းတွေလို ကြည်လင်ကာ ရွှန်းလဲ့နေပုံက ဘယ်တော့ကြည့်ကြည့်မရိုးနိုင်တဲ့ တန်ဖိုးကြီးပန်ချီကားတစ်ချပ်လိုပါပဲ။

"မ..မဟုတ်။မင်း..မုန့်စားချင်ရင်..ငါဝယ်..ဝယ်ကျွေး.."

"မလိုဘူး.."

"ဟို..ဟို.."

"ဘာလဲကွာ..သင်္ချာတွေကခေါင်းရှုပ်ရတဲ့ကြားထဲ..."

ကျွန်တော်လေသံမာလေ မျက်နှာငယ်လေးဖြစ်သွားလေ။အဲ့လိုရုပ်လေးက်ုမြင်ရတာ ကျွန်တော့်မှာအသဲတယားယား။တမင်မျက်နှာတည်ပြီး အသံခပ်ဆက်ဆက်နဲ့ပြောနေပေမယ့် ထိုကောင်လေးကတော့ ငိုတော့မယ့်ဆိုက်နဲ့လေ။အသံမထွက်မိအောင်ခိုးရယ်နေတာတောင် မသိလောက်တဲ့အထိ ခေါင်းကိုငုံ့ထားသေးတာ။

"ဟို..နီနီကပြောတယ်။မင်း..မင်းစာကူးပေးမယ်ဆို.."

သက်ပြင်းချသံတိုးတိုးလေးနဲ့အတူ ခပ်ညှင်းညှင်းထွက်လာတဲ့ သူ့အသံခပ်တိုးတိုး။ရှိန်တာတွေဘာတွေရှိပေမယ့် သူဖြစ်စေချင်တာကိုတော့ အကူညီတောင်းရဲတဲ့ သတ္တိတော့ရှိတယ်။သူ့မျက်ဝန်းတွေက စူးရှသလို၊ခံစားချက်ကို တိုက်ရိုက်ဖော်ပြတဲ့ပြတင်းပေါက်တစ်ချပ်လိုပဲ။နဂိုက ရဲတင်းပြီးပြတ်သားတဲ့ခံစားချက်တွေရှိနေတယ်ဆိုတာ မျက်ဝန်းတွေကပြနေပေမယ့်,ဒီလိုဖြစ်နေတဲ့ကြောက်စိတ်ကို ဘယ်သူသွင်းပေးခဲ့တာပါလဲ။

"အင်း..ငါဘယ်ဘာသာတွေကူးပေးရမှာလဲ.."

"ဟို.."

"ပြောမှာကိုပြောစမ်းပါ။ဟိုတွေဒီတွေလုပ်မနေနဲ့.."

ကျွန်တော်စိတ်မရှည်ဟန်ပြလေ သူ့မှာအခက်တွေ့လေ။ခေါင်းကိုအကြိမ်ကြိမ်ကုတ်ရင်း အဝင်အထွက်ရှိရာတံခါးကိုလဲတကြည့်ကြည့်။သူရတို့နဲ့မျက်နှာချင်းမဆိုင်ချင်လို့လဲဖြစ်မှာပါ။သူရတို့ကလဲ ငှက်ခါးကိုဆိုမထိတထိစတတ်တာကြောင့် ဟိုကောင်လေးကရန်ရှောင်ရှာပါသည်။တစ်ရွာတည်းနေ၊တစ်ကျောင်းတည်းငယ်ငယ်တည်းကတက်ခဲ့ရပေမယ့် ဒီကောင်လေးမှာအပေါင်းအသင်းကမှမရှိပါပဲ။

"သမိုင်းနဲ့သိပ္ပံမှတ်စုတွေရေးပေးဖို့ပဲလိုတော့တာ.."

"ဒါဆို မင်းမှတိစုစာအုပ်တွေပေးလိုက်။ငါရေးခဲ့မယ်။တခြားတွက်စာတွေကရော..."

"တွက်စာတွေက နားမလည်တာရှိပေမယ့် ကိုကြီးကိုပဲရှင်းပြခိုင်းတော့မလို့..."

"မင်းသဘောပဲ။ပေးပေးစာအုပ်တွေ ခုပေးထားတော့.."

စိတ်မရှည်ဟန်နဲ့ခပ်မြန်မြန်ပြောတော့ သူ့ကျောပိုးအိတ်ထဲက စာအုပ်နှစ်အုပ်ကိုထုတ်ရင်း ကျွန်တော့်စားပွဲပေါ်လာတင်ထားသည်။ပြီးတော့ သူ့ခုံမှာ ငြိမ်ငြိမ်လေးထိုင်ရင်း အပြင်ဘက်ကိုတွေတွေလေးငေးနေတယ်။ဒီကောင်လေးကိုကြည့်ရတာ တစ်ခုခုကိုအမြဲတွေးတောနေတဲ့ပုံစံလေး။ကျွန်တော့်မှာအားမလိုအားမရဖြစ်ရတာလဲ အကြိမ်ကြိမ်ပင်။

အသက်ရှူသံကအစ နူးညံ့နေတာလား၊ကျွန်တော့်စိတ်ကိုက ပျားဖယောင်းလိုနူးညံ့နေတာလား။ဒေါင်ကျကျပြားကျကျ ဝုန်းဒိုင်းကြဲတတ်တဲ့ ကျွန်တော့်စရိုက်က ဒီကောင်လေးရဲ့မျက်ဝန်းတွေဆီမှာတော့ ကျရှုံးမိခဲ့တယ်။

သူရတို့အုပ်စုပြန်ဝင်လာတာကြောင့် အခန်းထဲမှာ ဟောင်ဖွာဟောင်ဖွာနဲ့အသံတွေထွက်လာပြန်သည်။ဟိုကောင်လေးက သူရတို့ကို တစ်ချက်သာကြည့်ရင်း အကြည့်ပြန်လွှဲသွားတယ်။အသီးသီးထမင်းစားနေပြီ ဟိုကောင်လေးကတော့အပြင်ကိုငေးတုန်း။ဆယ့်နှစ်နာရီရဲ့အစွန်းထွက်မိနစ်က နံပါတ်သုံးကိုရောက်နေပြီ။ဆူဆူညံညံအသံတွေကြား ထိုကောင်ငယ်လေးကိုတော့ ခေတ္တမေ့သွားခဲ့သည်။

"ခုနေ့ဘာဟင်းလဲ ဝဠာ.."

"ဖွင့်ကြည့်ကွာ.."

ငှက်ခါးရဲ့စာအုပ်တွေကို ကျွန်တော့လွယ်အိတ်ထဲထည့်ရင်း တွက်လက်စသင်္ချာစာအုပ်ကိုပိတ်လိုက်သည်။သူငယ်ချင်းလေးယောက်လောက်ဝိုင်းစားတဲ့ ထမင်းဝိုင်းက ဟင်းစုံသလိုပျော်စရာကောင်းသည်။တစ်ခါတစ်လေဆိုလဲ ကြက်ဥချည်းငါးမျိုးလောက်နဲ့ကြုံရသေးတာ။ကြက်ဥပြုတ်၊ကြက်ဥချဥ်ရည်ဟင်း၊ကြက်ဥခရမ်းချဥ်သီးကြော်၊ကြက်ဥကိုကြက်သွန်နဲ့ကြော်။စတဲ့ဥတောထဲကမထွက်တဲ့ဟင်းတွေနဲ့လဲ စကားတပြောပြောဆိုတော့ ထမင်းမြိန်သား။

"ဟ..ငါးလေးအိုးကပ်ကွ.။ဟေ့ကောင် ပါကျဲ မင်းကရောဘာဟင်းလဲ.."

ကျွန်တော်တို့ရွာလေးကရေမရှားတဲ့ဒေသဖြစ်သလို၊ချောင်းလဲရှိတာကြောင့် မိုးတွင်းဘက်ဆို ငါးသေးငါးနုပ်လေးတွေပေါတယ်။ကျွန်တော်လဲ တစ်ခါတစ်လေ ချောင်းထဲမှာရေသွားကူးရင်း ပုဇွန်နှိုက်တာ၊ခရုတွေဂုံးတွေကောက်တာကအစ ဟင်းစားရှာတယ်။အိမ်စားရသလို၊ကြီးလှကလဲ ပိုတာလျှံတာတွေမုန့်ဖိုးရအောင်ရောင်းပေးတတ်သည်။ရေကျချိန်ဆို ငါးကျီး၊ငါးခူစတဲ့ငါးတွေကို ပိုက်တားပြီးဖမ်းရတယ်။

ကြီးလှကတော့ ကျွန်တော့်ကို ငါးရှာဖားရှာမလုပ်စေချင်။ဒီအလုပ်တွေကို ဝါသနာမပါစမ်းပါနဲ့ဆိုပြီးအတန်တန်တားတတ်ပေမယ့် သူ့လယ်တွေမှာတော့ ကျွန်တော့်ကို အားကိုးကြောင်း စကားတွေပြောတတ်တယ်။ကျွန်တော့်စိတ်ကလဲ ကျောင်းတွေတက်ပြီးဆယ်တန်းတွေအောင်၊ဘွဲ့တွေရပြီးရင် ဘာဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒထွေထွေထူးထူးလဲမရှိပါ။ကြီးလှကိုကူရင်း လယ်တွေလုပ်ဖို့လောက်သာခနခနစိတ်ကူးမိတယ်။ဘွဲ့တစ်ခုတော့ ကျွန်တော်ရအောင်ယူမှာပါ။ကျန်တာတွေကတော့ အခြေအနေအရလို့ပဲတွေးထားတော့တယ်။

သူရက သူ့ထမင်းချိုင့်ကိုမဖွင့်သေးဘဲစပ်စုနေသည်။သူမကြိုက်တဲ့ဟင်းဆိုတို့တောင်မကြည့်ပေမယ့် သူကြိုက်တာနဲ့တွေ့ရင်တော့ သူ့လက်ကမလွတ်တော့ပါ။သူရက ဟိုစပ်စပ်ဒီစပ်စပ်ပါသလို ပါးစပ်ကလဲအငြိမ်မနေ၊ဟိုလူ့စဒီလူ့စနဲ့မလို့ ကျွန်တော်နဲ့သိပ်မတည့်လှ။ယောက်ျားလေးတွေမို့ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် တစ်ခါတစ်လေတော့စိတ်ဆိုးချင်စရာကောင်းတယ်။သူရကမနက်က ကိစ္စကိုလဲကျေနပ်ပုံမပေါ်ပေမယ့် ယောက်ျားလေးတွေပီပီမေ့မေ့ပျောက်ပျောက်ပဲ နေပါတယ်။

ဒီလိုပြသနာအသေးလေးတွေက ကျွန်​တော်တို့ကြားမှာ ဖြစ်နေကျပင်။ဦးတဲ့သူကထိုးသလို၊စိတ်မထင်ရင်လဲနပန်းပြေးလုံးကြတဲ့အထိ ခင်ကြတယ်။ကျွန်တော်က ဖာသိဖာသာခပ်အေးအေး​ေနချင်ပေမယ့် သူရကအဲ့လိုမဟုတ်ဘူး။အနားကိုလာလာကပ်ပြီး ဆိတ်ဆွဲလိုက်၊ပေါင်တွေကို မထိတထိလက်သီးနဲ့ထိုးလိုက်၊ဟိုကိုင်သည်ကိုင်နဲ့မို့ ခန္တီပါရမီထားလို့လဲမရလှပါ။

"နေ့ခင်း အင်္ဂလိပ်စာနှစ်ချိန်ဆက်ကွာ သေတောင်သေချင်တယ်။ငါတော့အိပ်ငိုက်တော့မှာပဲ."

ထမင်းလုတ်ကို ပါးစပ်ထဲထည့်ရင်း ညီးငြူနေတယ်။စာသင်ချိန်တိုင်း တဝါးဝါးသန်းနေတဲ့ကောင်က အထူးအဆန်းတွေထပြောနေတာကြောင့် အကောင်းကမပြောချင်တော့။

"မင်းမငိုက်တဲ့အချိန်ရော ရှိလို့လားကွာ။.."

"သင်္ချာချိန်တော့မငိုက်ပါဘူးကွာ။ဆရာမဒေါ်ခင်ပြုံးလက်ကိုကြောက်လွန်းလို့ မထင်ရင်မထင်သလိုလုပ်တာသူက.."

အခန်းဆုံးစာမေးပွဲဖြေခါနီးပြီဆိုတော့ တစ်ချို့အချိန်တွေမှာလွတ်လွတ်လပ်လပ်ပင်။ခပ်ဆိုးဆိုးကောင်တွေကြောက်တာဆို အတန်းပိုင်နဲ့သင်္ချာဆရာမဒေါ်ခင်ပြုံးကိုပင်။သင်္ချာ(၂)ဆရာမအချိန်ဆို အားလုံးဖရီးပဲ။ပင်စင်ယူခါနီးပြီဖြစ်တဲ့ဆရာမက စိတ်ရှည်သလိုကျွန်တော်တို့ကိုလဲချစ်သည်။ဆရာမစာသင်ရင်ဂရုတစိုက်လိုက်ပြီးနားထောင်မယ့်သူမရှိပဲ လေတွေပဲပေါနေကြတာ။

ကျွန်တော်တို့တစ်တန်းလုံး ဆူညံပွက်လောရိုက်နေရင်တောင် single chairကကောင်လေးကတော့ ဂရုတစိုက်နားထောင်မြဲ။တသီးတသန့်နေမြဲပင်။ဒါကြောင့်ဆရာမတွေက ငှက်ခါးကိုဆိုအသည်း။စာလဲတော်သလို၊အာရုံစူးစိုက်မှုကကောင်းတာကြောင့် ကျောင်းပျက်ရက်များရင်တောင် ခနလေးအာရုံစူးစိုက်ရုံနဲ့ သူအကုန်သိတယ်။အဲ့လောက်ထိ ပညာပါရမီပါတဲ့ကောင်လေးလေ ငှက်ခါးက။

စိတ်ကူးထဲမှာ ဂျူတီကုတ်လေးနဲ့၊ပြီးတော့ အဖြူအစိမ်းနဲ့ ကြင်ကြင်နာနာပြုံးနေတတ်တဲ့ကောင်လေး။ကလေးတွေကို ဂရုတစိုက်စာသင်ပေးနေတဲ့ပုံရိပ်လေးကို စိတ်ကူးယဥ်ကြည့်မိသည်။စိတ်ကူးထဲမှာ​တောင် ကြည်လင်စူးရှနေတဲ့မျက်ဝန်းလေးတွေနဲ့ မမှိတ်မသုန်ကျွန်တော့်ကိုကြည့်နေတဲ့ သူ့ပုံရိပ်တွေက နှလုံးသားကို ပြပြနွေးစေတယ်။

"ဟေ့ကောင်..ဘာတွေတွေးနေတာလဲ။မျက်နှာက ပြုံးကျဲကျဲနဲ့ ဘယ်ကောင်မလေးနဲ့စိတ်ကူးယဥ်နေတာလဲ။မသိရင် သူ့ချစ်သူအကြောင်းတွေးနေတာကျရော။ပြုံးနေတဲ့ပုံကိုက အကြင်နာအပြည့်နဲ့။မင်းရုပ်ကြီးကြည့်ရတာရွံစရာကြီးကွာ.."

"နေစမ်းပါကွာ။ဟေ့ကောင်သူရ ဆီပေတဲ့လက်ကြီးနဲ့ ငါ့ပူဆိုးကိုလာသုတ်ရလားနွားရ။ဟိုမှာ လက်သုတ်ဝတ်ရှိနေတာကို.."

ပုခုံးတွန့်ကာ ပြောင်ပြနေတဲ့ သူရက ကျွန်တော့်ပုဆိုးကိုသုတ်လို့ပြီးနေပြီ။တော်တော်ညစ်ပတ်တဲ့ကောင်။

"ဒီနှစ်အလှူတော့ တော်တော်စီမယ့်ပုံပဲနော်ဝဠာ။ဆင်တွေငှားတယ်တောင်ပြောနေကြတယ်.."

"အင်း...."

ကျွန်တော်ကစိတ်မဝင်စားဟန်ပြနေပေမယ့် သူရကတော့ ဒီအထာတွေရိုးနေပြီဆိုကာ သူပြောချင်တာတွေစွတ်ပြောနေသည်။ရှင်တစ်ပါးတည်းပြုမယ့်အကြောင်း၊ငါးသလောက်ပေါင်းကျွေးမယ့်အကြောင်း၊ပျော်ပွဲရွှင်ပွဲတွေပါပါတဲ့အကြောင်းဆက်ပြောနေသည်။ဒီအကြောင်းတွေကလဲ သူရမပြောလဲ ကျွန်တော်သိပြီးသားပင်။

"ဝဠာ..ခန.."

စကားဝိုင်းထဲဝင်လာတာက စာသင်ခန်းဝမှာရပ်နေတဲ့ ကောင်မလေးဆီက။ထုံးစံအတိုင်းသူ့လက်ထဲမှာလဲ ဖော့ဘူးအဖြူ၊နှင်းဆီပန်းအဖြူရောင်တွေနဲ့ ပလတ်စတစ်အိတ်တစ်လုံးရှိနေတယ်။

"သွားစမ်းပါကွာ..မင်းမစားရင် ငါစားမယ်သွားယူ."

"ကျစ်.."

"သွားစမ်းပါကွာ...အလကားစားရနည်းလား။တော်ရုံငါတို့မုန့်ဖိုးနဲ့ဝယ်မစားနိုင်တဲ့ဟာတွေ။သွားယူဟေ့ရောင်..ောက်သုံးမကျလိုက်တဲ့ကောင်ကွာ။ငါသာဆို အဲ့ကောင်မလေးနဲ့တွဲလိုက်ပြီ။ယောက်ျားမဟုတ်တဲ့အတိုင်းပဲမူနေတာ."

စားလက်စထမင်းကိုအသာထားရင်း အခန်းဝကရပ်နေသူထံသွားရသည်။ကျွန်တော့်စာသင်ခန်းကို ခနခနမလာဖို့ပြောပေမယ့်လဲမရ။တစ်ဖက်ကမိန်းကလေးကို အားနာသလို၊သူရတို့ပြောနေတဲ့ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ၊အဲ့ကောင်မလေးနဲ့တွဲလိုက်ပါလား ဆိုတဲ့စကားတွေကို တုန့်ပြန်ဖို့အင်အားမရှိတော့ဘူးလေ။အချစ်မပါဘဲ တွဲတယ်ဆိုတာ ရေရှည်မှာအဆင်ပြေနိုင်မှာမဟုတ်ဘူး။ပြီးတော့ ကျွန်တော်မှသဘောမကျတာ။သူပေးခိုင်းတဲ့ တန်ဖိုးကြီးမုန့်တွေ၊လက်ဆောင်တွေကို ကျွန်တော်ယူလဲမယူ၊စားလဲမစား။

သူရတို့လက်ချက်နဲ့သာ ကုန်ကုန်သွားတာ။ဒီတစ်ခါတော့အပြတ်ပြောပစ်တော့မယ်။တစ်ဖက်မိန်းကလေးက ကျွန်တော့်ကိုဘယ်လိုထင်မလဲ။မျှော်လင့်ချက်ပေးတာလို့လဲမထင်စေချင်ပါ။ကျွန့်တော့်သဘောထားကို ပြတ်ပြတ်သားသား​ပြောပြီးပေမယ့် အောင်သွယ်လာလုပ်နေတဲ့ အင်ကြင်းက ဘယ်လိုတွေစကားကိုပြောင်းပြန်ပြောထားလဲ ကျွန်တော်လဲမသိနိုင်ပါ။

ဟိုကောင်လေးကိုကြည့်လိုက်တော့လဲ မလှုပ်မယှက်နဲ့ပင်။သူပဲအေးတယ်..စာဖတ်ချင်ဖတ်၊မဟုတ်ရင်စာပဲလုပ်နေတာ။စာဖတ်ကတော့တော်တော်ဝါသနာပါတဲ့ကောင်လေးပင်။ပြီးတော့ ဆရာမခင်ခင်ထူးရဲ့ ပရိတ်သတ်အကြီးစား။သူ့လက်ထဲမှာခုကိုင်ထားတဲ့စာအုပ်လေးက ဆရာမခင်ခင်ထူးရဲ့ "အညာသူအညာသားကျွန်မဆွေမျိုးများ"ဆိုတဲ့စာအုပ်လေးပေါ့။ခေါင်းစည်းဖတ်ရုံနဲ့တင် နွေးထွေးမှုအပြည့်ရနေတဲ့ခံစားချက်ကလေးပင်။နောက်ရက်မှ သူ့ဆီက​ငှားဖတ်ကြည့်ရအုံးမည်။

ဒီကောင်လေးကဆယ်ကျော်သက်အရွယ်ရင်ခုန်မှုဆိုတာလဲ သိသေးမှာမဟုတ်။အတန်းထဲကကောင်တွေလို ရည်းစားထားမှာလဲမဟုတ်သလို၊ဘယ်ကောင်မလေးနဲ့မှ တရေးတယူလဲမရှိ။သူပူးပူးကပ်ကပ်နေတာဆို ဟိုကောင်တစ်ယောက်တည်းနဲ့သာ။

အဲ့ကောင်နဲ့ငှက်ခါးအကြောင်းစိတ်ရောက်မိရင်တော့ ရင်ထဲမှာတစ်စို့စို့ခံစားရတယ်။

"ရော့.."

Cokeသံဗူးနဲ့အတူ ဖော့ဗူးအဖြူနဲ့တည့်လာတဲ့ မုန့်တွေ။ချောကလတ်တွေနဲ့ အသည်းပုံသကြားလုံးပန်းရောင်တွေက အင်ကြင်းရဲ့လက်ထဲက ပလတ်စတစ်အိတ်ထဲမှာ အတော်များများရှိနေတယ်။

"အင်ကြင်း..နင့်ကိုငါပြောထားပြီးသားနော်။အောင်သွယ်လုပ်ပြီးအဲ့ဒါတွေယူမလာနဲ့လို့.."

"နင်ကလဲ ဟိုကပေးတာပဲ။ယူထားလိုက်စမ်းပါ.."

"မယူချင်ဘူး နင်ပြန်ယူသွားလိုက်.။ဒီတစ်ခါတော့ ထပ်မလုပ်နဲ့တော့ အင်ကြင်းရာ။တစ်ဖက်က ငါ့ကိုဘယ်လိုကောင်လို့မြင်သွားမလဲ။အချောင်သမား၊မိန်းကလေးဆီက ချူစားတယ်ဆိုတဲ့စကားတွေ ငါပြန်မကြားချင်ဘူး။ခုတောင် ငါ့ကိုမကျေနပ်တဲ့ကောင်တွေ ငါ့အကြောင်းဘယ်လောက်တောင်ပြောနေကြမလဲ။ငါပြန်ကြားရင်တော့ သူသေကိုယ်သေနော်။ငါကငြိမ်ခံနေမယ့် ကောင်မဟုတ်ဘူး"

အင်ကြင်းက ကျွန်တော်တို့နဲ့တစ်ရွာထဲ။ငယ်ငယ်ကတစ်တန်းတည်းတက်ခဲ့ရပေမယ့် ခုတော့သူကရှစ်တန်းကျောင်းသူဖြစ်နေပြီ။ငယ်ငယ်ကလို အသားမည်းမည်းနဲ့သနပ်ခါးထူထူလိမ်းတတ်သူမဟုတ်တော့။ဆံပင်ကျစ်ဆံမြီးနှစ်ဖက်ချကာ သနပ်ခါးပြေပြေလေးလိမ်းတတ်လာပြီ။သဘောမနောကောင်းပေမယ့် သူ့အားနည်းချက်က အောင်သွယ်လုပ်တာပင်။ကျွန်တော့်ကိုမှမဟုတ် အလယ်တန်းအထက်တန်းအစုံက အတွဲတွေမှာအင်ကြင်းကြောင့် နီးစပ်သွားတဲ့အတွဲတွေမှအများကြီး။အတန်းပတ်လည်ရဲ့ဆရာမတွေ ပါးစပ်ဖျားမှာတော့ အင်ကြင်းကနာမည်ကြီးပဲ။ကျောင်းအုပ်ရုံးခန်းရောက်ရင်ရောက်ပါစေ။အောင်သွယ်မလုပ်ဘဲမနေနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ပင်။

"ခုတစ်ခါယူထားလိုက်စမ်းပါဟယ်..ပေးတဲ့သူကပေးတာကို.."

"တစ်ခါတစ်ခါနဲ့အရမ်းများနေပြီ အင်ကြင်း။မိန်းကလေးတစ်ယောက်က အဲ့လိုတွေလုပ်နေစရာလား။ပြီးတော့ ငါစကားအကုန်ပြောပြီးသား ငါသူ့ကိုစိတ်မဝင်စားဘူး။ဟိုကောင်နဲ့လဲ ဘာလိုလိုဆိုတာ ငါကြားတယ်။အဲ့ကောင်နဲ့ငါကတည့်တာမဟုတ်ဘူးနော်အင်ကြင်း။နင်မသိတာလဲမဟုတ်ဘူး.."

"နင်လိုကောင်ကများ..မိန်းကလေးဘက်က ဖြစ်နေတာတောင် ငြင်းရဲတယ်။သူက အခြေမဲ့အနေမဲ့မဟုတ်ဘူးဟဲ့။နင့်ထက်သာတဲ့ကောင်တွေသူ့ကိုလိုက်နေတာတောင် မသိသလိုနေနေတာ။နင့်ကိုမှ ဒီလိုဆက်ဆံတာ နလပိန်းတုန်းရဲ့။နင်က ဘာကိုစျေးကိုင်နေတာလဲ.."

အင်ကြင်းရဲ့အသံတိုးတိုးက ဒေါသသံတွေပါနေပြီသား။နေ့တိုင်းကျွန်တော်ငြင်းနေပေမယ့် အရာလဲမရောက်ခဲ့ပါ။သူရနဲ့တစ်ဖက်လှည့်ပြီးထည့်ပေးတတ်မြဲပင်။သူတို့အဖို့ ကျွန်တော့်ကိုအဲ့ကောင်မလေးနဲ့နီးစပ်စေချင်တာသိပေမယ့် ကျွန်တော်မှစိတ်မဝင်စားပဲ။ကျွန်တော်တို့အတန်းဘက်ကို တစ်နေ့နှစ်ခေါက်လောက် ဖြတ်ဖြတ်လျှောက်နေတဲ့သူမကို သတိမထားမိတာလဲမဟုတ်။

"ငါမယူချင်ဘူး အင်ကြင်း။တစ်ဖက်လူအတွက် မျှော်လင့်ချက်ဖြစ်မနေစေချင်ဘူး။ငါပြောခိုင်းတာရော နင်ပြောလိုက်ပြီလား.."

"မပြောပါဘူး..ရူးနေလို့ပြောရမှာလား။နင်ပေးတာယူထားတယ်၊ဝဠာကလဲ နင့်ကိုစိတ်ဝင်စားနေတဲ့ပုံပါ။ငါအဲ့လိုပဲပြောတာ။နင်စိတ်မဝင်စားပေမယ့် ငါတို့ကတော့နီးစပ်စေချင်တယ်.."

"အင်ကြင်း..နင့်စကားထဲမှာ ငါဘာကောင်ဖြစ်သွားပြီလဲ။အဲ့မိန်းကလေးကိုမကြိုက်ဘဲ သူပေးတာကိုငြိမ်ပြီးလက်ခံနေတဲ့ကောင်ဖြစ်မသွားဘူးလား။ငါ့သိက္ခာနဲ့ငါနေတာ။နင့်ဟာတွေအကုန်ပြန်ယူသွား..."

"နင်လိုကောင်ကလေ ဝမရှိဘဲဝိလုပ်ချင်နေတာ.။အလကားကောင်.."

တစ်ရွာတည်းနေ၊ငယ်ငယ်တည်းကပေါင်းလာခဲ့တဲ့သူငယ်ချင်းတွေမို့ ဝဠာ့ကိုသံယောဇဥ်ရှိသည်။ရုပ်ရည်ဖြောင့်ဖြောင့်နဲ့ သူကြီးသားကိုလယ်ဗယ်လိုက်နိုင်တဲ့ပုဲစံမှာ ကွဲထွက်နေတာက သူ့ရဲ့မာန။တိုးတက်နေတဲ့ခေတ်မှာ အချစ်ကိုချစ်ကြောင်း မိန်းကလေးတွေဖက်ကပင် ဖွင့်ထုတ်ပြနေတတ်ပြီ။တစ်ဖက်မိန်းကလေးက အခြေအနေမဲ့ သူလိုကိုယ်လိုမဟုတ်။ကျိကျိတက်ချမ်းသာတဲ့မိန်းကလေးတစ်ယောက်။

သူမကစာတော်သလို၊သူ့အဖေကိုယ်တိုင်ကကျောင်းအကျိုးတော်တောင်။အပို့အကြို ကားနဲ့ငြိမ့်ငြိမ့်လေးကျောင်းလာတက်တဲ့ မိန်းကလေးတစ်ယောက်၊ရုပ်ရည်ကလဲရွက်ကြမ်းရေကြိုမဟုတ်ဘူး။ဒါကိုတောင်ငြင်းတယ်ဆိုတော့ ဝဠာ့စိတ်ကို တကယ်နားမလည်။သူ့အပေါ်ဖြစ်တဲ့ဒေါသနဲ့အားမလိုအားမရစိတ်တွေကြောင့်အသားပါ တဇတ်ဇတ်တုန်နေတယ်။

ဝဠာဆိုတဲ့ဂျစ်ကန်ကန်ကောင်က ဘယ်လိုသူမျိုးကိုမှ သဘောကျပြီးချစ်မှာလဲ။

"မင်းကတော့ စံပဲဟေ့ကောင် သွားသာသေလိုက်တော့..."

သူရရဲ့ထောပနာသံကိုလျစ်လျူရှုကာ ထမင်းကိုလဲဆက်မစားချင်တော့။ပြီးတော့မိန်းကလေးဋီကာဖွင့်နေတဲ့သူတို့စကားဝိုင်းထဲလဲ ဝင်မပါချင်။သူများအကြောင်း ပါးစပ်အရသာခံပြီးပြောရတာလောက် စိတ်မရှည်တာမရှိ။သူတို့ပြောနေတဲ့ကောက်ကြောင်းတွေထက် နှုတ်ခမ်းလေးစူပွစူပွနဲ့စာဖတ်နေတဲ့ကောင်လေးကို မသိသလိုငေးနေတာကမှ စိတ်ချမ်းသာရသေးတယ်။

တကယ်ပြောတာ။မလိမ်ဘူး။အဲ့ကောင်လေးက တကယ်စိတ်ချမ်းသာစရာနဲ့ထွေးပွေ့ထားချင်းရာလေး။

"မင်း စိတ်ဝင်စားတဲ့ကောင်မလေးဘာလေးရှိလို့လား..."

"ငါ့မှာလား.."

သူရအမေးကို ပခုံးဆက်ပြရင်းသာဖြေလိုက်တယ်။ငါချင်းမိုးမွှန်နေတဲ့ သူရအသံကိုလဲ တဟားဟားအော်ရယ်ပေးရင်းနဲ့သာထောက်ခံလိုက်တယ်။သူရလို မျက်နှာရူးက မိန်းကလေးတွေရဲ့အလှကို ဖွင့်ဟတဲ့နေရာမှာတော့ဆရာကြီးတစ်ပိုင်း။ဒီကောင်နဲ့နေရတာလွယ်တော့မလွယ်လှ။

"ဒီအရွယ်မှ ရင်မခုန်တတ်သေးရင်လဲ ဘုန်းကြီးပဲဝတ်လိုက်တော့ မင်း.."

သူရအပြောကို ခပ်ပြုံးပြုံးနဲ့သာ တုန့်ပြန်ဖြစ်တယ်။ဆယ့်နှစ်နာရီခွဲပြီမို့ ကျောင်းသာတစ်ချို့ပြန်ရောက်လာကြပြီ။မြေညီထပ်စာသင်ဆောင်ဖြစ်လို့ အခန်းထဲတင်ကြိုးခုန်ကြတဲ့မိန်းကလေးတွေ၊ပုံပစ်ကြတဲ့ကောင်တွေတောင်ရှိသည်။လွယ်အိတ်ထဲမှာ ပါလာတဲ့ပုံတွေကိုထုတ်ရင်း ပိုက်ဆံကြေးဖဲရိုက်ဖို့ သူရတို့နဲ့လူစုလိုက်သည်။
ကျွန်တော်တို့အချိန်ကောင်းက ခုမှအသက်ဝင်တာလေ။

ဖဲထုပ်ဆိုအပြစ်ကြီးမှာဆိုးလို့ ဝှက်ပြီးတော့သာရှမ်းကိုးမီးဆော့ကြတယ်။ဒိုင်မပါပဲ ဘုံစုလုပ်ကာ အပွင့်အများဆုံးသူစား။တစ်ယောက်မှ ငါးဆယ်ပဲထိုးခွင့်ရှိတဲ့ ကျွန်တော်တို့ကစားဝိုင်းလေးက တစ်နေ့တာမုန့်ဖိုးဝေဆာတဲ့နေ့တွေရှိသလို၊တစ်ပတ်စာကုန်လို့အကြွေးတင်တဲ့နေ့တွေပါရှိတယ်။တစ်ခါဆရာမမိလို့ ကြိမ်လုံးကျိုးအောင်အဆော်ခံရပြီးပြီ။

ယေက်ျားလေးဆိုတော့ ဖဲဝါသနာပါသူကခပ်များများ။တစ်ယောက်ပြီးတစ်ယောက်အုံလာတဲ့အတွက်အသက်ရှူတွေပါကြပ်ရသည်။အချိန်နာရီဝက်လောက်ရသေးတာမလို့ ဆယ်ပွဲလောက်တော့အေးဆေးဆော့လို့ရသည်။ပုံချပ်တွေဝေရင်း အပွင့်တွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရသည်။နိုင်ရင်တော့ ခုညနေကျောင်းဆင်းရင် ဝက်သားတုတ်ထိုးသွားစွဲပစ်အုံးမယ်။

......

"ဒိုတယ်..ဟေ့ရောင်..ငါဒိုတယ်.."

"ပြ..မင်းဘယ်နှစ်ဆမလို့လဲ။သူရမင်းလက်ထဲပိုက်ဆံတွေပြန်ချ။ငါလဲဒိုတယ်ကွ.."

"မင်းချည်းပဲဟေ့ရောင်ဝဠာ..ထစမ်း,ဖဲတွေခိုးထားသေးလား.."

"ဟေ့ရောင် မင်းရှုံးတာနဲ့ ရှုံးမဲမမဲနဲ့။မင်းနိုင်နေတုန်းကဘအဲ့လေသံမဟုတ်ဘူး။ဖယ်..ငါက ကိုးနဲ့ဒိုတာ.ဟေ့ရောင်ဖယ်လိုက်တော့ မင်းလက်.."

ငြင်းသံခုန်သံတွေက ယောက်ျားလေးတန်းဘက်မှာဆူညံနေသလို၊မုန့်စျေးတန်းကပြန်လာတဲ့ကောင်မလေးတွေလဲအများသား။သွက်သွက်လက်လက် သွားလယလှုပ်ရှားနေတဲ့သူတွေကိုကြည့်ရင်း စိတ်ထဲမှာ တင်းကြပ်ကြပ်လိုလို၊အပေါင်းအသင်းမရှိလို့ အားငယ်တာလိုလိုဖြစ်လာတယ်။ပြီးတော့ကိုယ့်ဝမ်းနာကိုယ်သာသိပေမို့ ထမင်းချိုင့်ပါမလာတဲ့အဖြစ်က အတော်ဆိုးတယ်။အစားဆို ခနခနစားတတ်တဲ့သူမို့ ဗိုက်ဆာလွန်းလို့လက်တွေပါတုန်လာပြီ။ကျောပိုးအိတ်နက်ပြာလေးထဲမှာ မုန့်ဖိုးရှိပေမယ့် ကျောင်းစျေးတန်းဘက်ကိုလဲသွားလေ့သွားထမရှိတာမို့ မသွားချင်။အိမ်ကယူလာတဲ့ မုန့်တွေလဲကုန်နေပြီ။

အတန်းထဲမှာဆူဆူညံညံတွေနဲ့မို့ စိတ်လဲရှုပ်ရသလိုဗိုက်ပါဆာတာကြောင့်ရော လူကမအီမသာဖြစ်နေပြီ။လိုရာမယ်ရ ပိုက်ဆံငါးရာယူပြီး မုန့်စျေးတန်းဘက်ကို ခပ်ဖြည်းဖြည်းလျှောက်လာခဲ့လိုက်သည်။အဖြူအစိမ်းတူညီဝတ်စုံနဲ့အရွယ်စုံကျောင်းသားတွေက ကျောင်းဝန်းကျင်တစ်ခုလုံးပြပန်းခပ်နေတယ်။

ဒါပေမယ့် အားလုံးက နှစ်ယောက်တွဲ၊သုံးယောက်တွဲ သာ့အစုနဲ့သူ။ကျွန်တော်..ကျွန်တော်ကသာ အဖော်မရှိပဲ တစ်ယောက်တည်း။ကျွန်တော်မညာဘူး...တကယ်ဝမ်းနည်းနေမိတယ်။

လူရှုပ်တာမကြိုက်တဲ့သူမလို့ စျေးတန်းနဲ့ခပ်လှမ်းလှမ်းကမန်ကျည်းပင်အောက်လေးမှာထိုင်နေဖြစ်တယ်။ကျိတ်ကျိတ်တိုးကာ အလုအယက်ဝယ်နေကြတဲ့သူတွေကြား ကျွန်တော်မတိုးရဲ။မိန်းကလေးတွေကိုတောင် လက်ရဲဇက်ရဲနဲ့စချင်တဲ့ကောင်တွေကြား အရဲစွန့်ပြီးလဲမသွားချင်။
အလိုလိုအားငယ်ပြီးလူတောမတိုးရဲတဲ့ကိုယ့်ကိုကိုယ်လဲ ပထမဆုံးအကြိမ်အားမလိုအားမရဖြစ်ခဲ့ရပြီ။

.........

16.11.22(Wed)
10:00pm

Z.....

"ငါ...ငါမင္းကို ေတာင္းပန္ပါတယ္."

ထမင္းစားေက်ာင္းဆင္းတဲ့ေခါင္းေလာင္းထိုးလိုက္ၿပီ။သခၤ်ာဆရာမ အိမ္စာေပးလိုက္တဲ့ပုစ္ဆာေတြကို လိုက္မွတ္ေနမိတဲ့အခ်ိန္ အသံခပ္တိုးတိုးေလးကိုၾကားလိုက္ရေတာ့ ကြၽန္ေတာ္ေမာ့ၾကည့္လိုက္မိတယ္။ေဖ်ာ့ေတာ့ေနတဲ့မ်က္ဝန္းေတြကို ခနခနပုတ္ခတ္ပုတ္ခတ္လုပ္ေနၿပီးမဝံ့ရဲတဲ့အၾကည့္ေတြက သူကပဲအျပစ္ေတြလုပ္ထားသလိုနဲ႕ မလုံမလဲ အျပစ္မကင္းသလို ကြၽန္ေတာ့္ကိုၾကည့္ေနတယ္။

"ဘာအတြက္လဲ.."

ဘာေၾကာင့္ဆိုတဲ့အေၾကာင္းျပခ်က္ကို ကြၽန္ေတာ္မသိပါ။ကြၽန္ေတာ္နဲ႕သူက စကားလုံးကြဲေအာင္ေတာင္စကားေျပာဖူးတာမဟုတ္ေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ေတာင္းပန္စရာအေၾကာင္းလဲမရွိမွဘဲ။ခပ္ေၾကာင္ေၾကာင္ ကြၽန္ေတာ္ေမးလိုက္ေတာ့ ျပန္ေျဖတဲ့အသံေလးေတြမွာ စိုးထိတ္မႈေတြပါေနသည္။လူတစ္ေယာက္ကို စကားေျပာဖို႔အတြက္ တြန့္ဆုတ္ေနတဲ့ဟန္ေတြ။ဒါေၾကာင့္ပဲဘယ္သူနဲ႕မွအေပါင္းအသင္းမလုပ္၊ အထီးက်န္စြာေနေနတာလား ေတြးမိေတာ့ စိတ္မေကာင္းျဖစ္ရျပန္သည္။

"မ..မနက္က ငါ့အေမေျပာတာလြန္သြားမွန္းငါသိပါတယ္။ငါ..တကယ္စိတ္ရင္းနဲ႕ေတာင္းပန္တာပါ."

"ထားလိုက္ပါ.."

မနက္ကစိတ္တိုလြန္းလို႔သာ ေက်ာင္းေရာက္ရင္ေတာ့ ေျခာက္တာ၊လွန့္တာမ်ိဳးတစ္ခုခုလုပ္လိုက္အုံးမယ္ေတြးထားမိေပမယ့္.ဒီျပသနာက သူနဲ႕မွမဆိုင္ပါပဲ။မိဘေတြေမာ္ႂကြားတာနဲ႕ ဒီေကာင္ေလးနဲ႕မသက္ဆိုင္ဘူးဆိုတာသိေပမယ့္ တစ္ေယာက္တည္းတသီးတသန့္ေနတာက ဘဝင္ျမင့္ေနတဲ့စိတ္ေၾကာင့္လို႔ထင္ခဲ့မိေသးတာ။ကြၽန္ေတာ္လူကဲခတ္မေတာ္ပါ။ဒါေပမယ့္ စကားေသခ်ာမေျပာဖူးတာေတာင္ ဒီေကာင္ေလးရဲ႕အတြင္းစိတ္ကို ထိုးေဖာက္ဖတ္တတ္ခဲ့ၿပီ။

ေန႕လည္ထမင္းစားဆင္းခ်ိန္မို႔လူေတြရွင္းေနသည္။ၿမိဳ႕ေပၚေက်ာင္းဆိုေတာ့ နီးနီးနားနားသူေတြကထမင္းျပန္စားတယ္။ကြၽန္ေတာ္တို႔လိုေဝးတဲ့သူေတြကေတာ့ ထမင္းခ်ိဳင့္ေတြထုပ္ၿပီး ကိုယ့္အဖြဲ႕နဲကိုယ္စားေနက်။အလွ်ိုလွ်ိုျပန္သြားတဲ့လူေတြနဲ႕ထမင္းခ်ိဳင့္ပါလာတဲ့ေကာင္တစ္ခ်ိဳ႕က အေပါ့အပါးသြားၾကတာျဖစ္လို႔လူရွင္းတာျဖစ္သည္။

ငွက္ခါးဆိုတဲ့ေကာင္ေလးကလဲ ဒီအေျခေနကိုေစာင့္ေနဟန္တူသည္။လူရွင္းသြားတဲ့အခ်္န္မွာ မွကြၽန္ေတာ့္စာေရးခုံေလးေဘးမွာရပ္ေနတာအၾကာႀကီး။လူရႈပ္တာကိုပဲမႀကိဳက္တာလား။ဘယ္သူနဲ႕မွအေပါင္းအသင္းမလုပ္ခ်င္တဲ့စိတ္နဲ႕ သီးသန့္ေနတာမဟုတ္မွန္းေတာ့ တစ္စြန္းတစ္စရိပ္မိပါတယ္။မၿပီးသတ္ေသးတဲ့သခၤ်ာေတြကိုဆက္တြက္ေနေပမယ့္ သူ႕အရိပ္ကိုလဲသတိထားမိသည္။ဒါေပမယ့္ဘာသံမွထြက္မလာ။ကြၽန္ေနာ္ေမာ့ၾကည့္ေတာ့မွ အထစ္ထစ္အေငါ့ေငါ့နဲ႕ထြက္လာတာက မဝံ့မရဲနဲ႕ကေလးဆန္တဲ့စကားေတြ။

"ဒါ..ဒါဆို မင္းစိတ္မဆိုးနဲ႕ေတာ့ေနာ္။ငါမုန့္ဝယ္ေကြၽးရမလား.."

ေခ်ာ့ေမာ့တဲ့ေလသံနဲ႕ေျပာေနတာ ကြၽန္ေတာ့္ကိုသူ႕လိုကေလးစိတ္မေပ်ာက္ေသးတဲ့ေကာင္မွတ္ေနလားမသိ။မုန့္ေကြၽးၿပီးစိတ္ဆိုးေျပခိုင္းတဲ့အကြက္က မူလတန္းကေလးေတြ လုပ္တဲ့လုပ္ကြက္ဆိုတာ ဒီေကာင္ေလးေမ့ေနတာလား။

"ဘာ.."

ကြၽန္ေတာ့္ကို ၾကည့္ကာရွိန္ေနတဲ့ပုံေပါက္ေနတာေၾကာင့္ မစသင့္မွန္းသိေပမယ့္ စခ်င္လာတာေၾကာင့္ မ်က္ေမွာင္က်ဳံ႕ကာ အသံမာမာနဲ႕ေမးလိုက္၏။ခႏၶာကိုယ္ေလးတစ္ခ်က္တြန့္သြားသလို၊မဝံ့ရဲတဲ့မ်က္ဝန္းေတြဟာ အရည္လဲ့လို႔ေနတယ္။အစာေကာက္ေနတဲ့ ဥေဒါင္းငွက္ေတြရဲ႕ မ်က္ဝန္းေတြလို ၾကည္လင္ကာ ႐ႊန္းလဲ့ေနပုံက ဘယ္ေတာ့ၾကည့္ၾကည့္မရိုးနိုင္တဲ့ တန္ဖိုးႀကီးပန္ခ်ီကားတစ္ခ်ပ္လိုပါပဲ။

"မ..မဟုတ္။မင္း..မုန့္စားခ်င္ရင္..ငါဝယ္..ဝယ္ေကြၽး.."

"မလိုဘူး.."

"ဟို..ဟို.."

"ဘာလဲကြာ..သခၤ်ာေတြကေခါင္းရႈပ္ရတဲ့ၾကားထဲ..."

ကြၽန္ေတာ္ေလသံမာေလ မျက်နှာငယ်လေးဖြစ်သွားလေ။အဲ့လိုရုပ်လေးက်ုမြင်ရတာ ကြၽန္ေတာ့္မွာအသဲတယားယား။တမင္မ်က္ႏွာတည္ၿပီး အသံခပ္ဆက္ဆက္နဲ႕ေျပာေနေပမယ့္ ထိုေကာင္ေလးကေတာ့ ငိုေတာ့မယ့္ဆိုက္နဲ႕ေလ။အသံမထြက္မိေအာင္ခိုးရယ္ေနတာေတာင္ မသိေလာက္တဲ့အထိ ေခါင္းကိုငုံ႕ထားေသးတာ။

"ဟို..နီနီကေျပာတယ္။မင္း..မင္းစာကူးေပးမယ္ဆို.."

သက္ျပင္းခ်သံတိုးတိုးေလးနဲ႕အတူ ခပ္ညွင္းညွင္းထြက္လာတဲ့ သူ႕အသံခပ္တိုးတိုး။ရွိန္တာေတြဘာေတြရွိေပမယ့္ သူျဖစ္ေစခ်င္တာကိုေတာ့ အကူညီေတာင္းရဲတဲ့ သတၱိေတာ့ရွိတယ္။သူ႕မ်က္ဝန္းေတြက စူးရွသလို၊ခံစားခ်က္ကို တိုက္ရိုက္ေဖာ္ျပတဲ့ျပတင္းေပါက္တစ္ခ်ပ္လိုပဲ။နဂိုက ရဲတင္းၿပီးျပတ္သားတဲ့ခံစားခ်က္ေတြရွိေနတယ္ဆိုတာ မ်က္ဝန္းေတြကျပေနေပမယ့္,ဒီလိုျဖစ္ေနတဲ့ေၾကာက္စိတ္ကို ဘယ္သူသြင္းေပးခဲ့တာပါလဲ။

"အင္း..ငါဘယ္ဘာသာေတြကူးေပးရမွာလဲ.."

"ဟို.."

"ေျပာမွာကိုေျပာစမ္းပါ။ဟိုေတြဒီေတြလုပ္မေနနဲ႕.."

ကြၽန္ေတာ္စိတ္မရွည္ဟန္ျပေလ သူ႕မွာအခက္ေတြ႕ေလ။ေခါင္းကိုအႀကိမ္ႀကိမ္ကုတ္ရင္း အဝင္အထြက္ရွိရာတံခါးကိုလဲတၾကည့္ၾကည့္။သူရတို႔နဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္လို႔လဲျဖစ္မွာပါ။သူရတို႔ကလဲ ငွက္ခါးကိုဆိုမထိတထိစတတ္တာေၾကာင့္ ဟိုေကာင္ေလးကရန္ေရွာင္ရွာပါသည္။တစ္႐ြာတည္းေန၊တစ္ေက်ာင္းတည္းငယ္ငယ္တည္းကတက္ခဲ့ရေပမယ့္ ဒီေကာင္ေလးမွာအေပါင္းအသင္းကမွမရွိပါပဲ။

"သမိုင္းနဲ႕သိပၸံမွတ္စုေတြေရးေပးဖို႔ပဲလိုေတာ့တာ.."

"ဒါဆို မင္းမွတိစုစာအုပ္ေတြေပးလိုက္။ငါေရးခဲ့မယ္။တျခားတြက္စာေတြကေရာ..."

"တြက္စာေတြက နားမလည္တာရွိေပမယ့္ ကိုႀကီးကိုပဲရွင္းျပခိုင္းေတာ့မလို႔..."

"မင္းသေဘာပဲ။ေပးေပးစာအုပ္ေတြ ခုေပးထားေတာ့.."

စိတ္မရွည္ဟန္နဲ႕ခပ္ျမန္ျမန္ေျပာေတာ့ သူ႕ေက်ာပိုးအိတ္ထဲက စာအုပ္ႏွစ္အုပ္ကိုထုတ္ရင္း ကြၽန္ေတာ့္စားပြဲေပၚလာတင္ထားသည္။ၿပီးေတာ့ သူ႕ခုံမွာ ၿငိမ္ၿငိမ္ေလးထိုင္ရင္း အျပင္ဘက္ကိုေတြေတြေလးေငးေနတယ္။ဒီေကာင္ေလးကိုၾကည့္ရတာ တစ္ခုခုကိုအၿမဲေတြးေတာေနတဲ့ပုံစံေလး။ကြၽန္ေတာ့္မွာအားမလိုအားမရျဖစ္ရတာလဲ အႀကိမ္ႀကိမ္ပင္။

အသက္ရႉသံကအစ ႏူးညံ့ေနတာလား၊ကြၽန္ေတာ့္စိတ္ကိုက ပ်ားဖေယာင္းလိုႏူးညံ့ေနတာလား။ေဒါင္က်က်ျပားက်က် ဝုန္းဒိုင္းႀကဲတတ္တဲ့ ကြၽန္ေတာ့္စရိုက္က ဒီေကာင္ေလးရဲ႕မ်က္ဝန္းေတြဆီမွာေတာ့ က်ရႈံးမိခဲ့တယ္။

သူရတို႔အုပ္စုျပန္ဝင္လာတာေၾကာင့္ အခန္းထဲမွာ ေဟာင္ဖြာေဟာင္ဖြာနဲ႕အသံေတြထြက္လာျပန္သည္။ဟိုေကာင္ေလးက သူရတို႔ကို တစ္ခ်က္သာၾကည့္ရင္း အၾကည့္ျပန္လႊဲသြားတယ္။အသီးသီးထမင္းစားေနၿပီ ဟိုေကာင္ေလးကေတာ့အျပင္ကိုေငးတုန္း။ဆယ့္ႏွစ္နာရီရဲ႕အစြန္းထြက္မိနစ္က နံပါတ္သုံးကိုေရာက္ေနၿပီ။ဆူဆူညံညံအသံေတြၾကား ထိုေကာင္ငယ္ေလးကိုေတာ့ ေခတၱေမ့သြားခဲ့သည္။

"ခုေန႕ဘာဟင္းလဲ ဝဠာ.."

"ဖြင့္ၾကည့္ကြာ.."

ငွက္ခါးရဲ႕စာအုပ္ေတြကို ကြၽန္ေတာ့လြယ္အိတ္ထဲထည့္ရင္း တြက္လက္စသခၤ်ာစာအုပ္ကိုပိတ္လိုက္သည္။သူငယ္ခ်င္းေလးေယာက္ေလာက္ဝိုင္းစားတဲ့ ထမင္းဝိုင္းက ဟင္းစုံသလိုေပ်ာ္စရာေကာင္းသည္။တစ္ခါတစ္ေလဆိုလဲ ၾကက္ဥခ်ည္းငါးမ်ိဳးေလာက္နဲ႕ႀကဳံရေသးတာ။ၾကက္ဥျပဳတ္၊ၾကက္ဥခ်ဥ္ရည္ဟင္း၊ၾကက္ဥခရမ္းခ်ဥ္သီးေၾကာ္၊ၾကက္ဥကိုၾကက္သြန္နဲ႕ေၾကာ္။စတဲ့ဥေတာထဲကမထြက္တဲ့ဟင္းေတြနဲ႕လဲ စကားတေျပာေျပာဆိုေတာ့ ထမင္းၿမိန္သား။

"ဟ..ငါးေလးအိုးကပ္ကြ.။ေဟ့ေကာင္ ပါက်ဲ မင္းကေရာဘာဟင္းလဲ.."

ကြၽန္ေတာ္တို႔႐ြာေလးကေရမရွားတဲ့ေဒသျဖစ္သလို၊ေခ်ာင္းလဲရွိတာေၾကာင့္ မိုးတြင္းဘက္ဆို ငါးေသးငါးႏုပ္ေလးေတြေပါတယ္။ကြၽန္ေတာ္လဲ တစ္ခါတစ္ေလ ေခ်ာင္းထဲမွာေရသြားကူးရင္း ပုဇြန္ႏွိုက္တာ၊ခ႐ုေတြဂုံးေတြေကာက္တာကအစ ဟင္းစားရွာတယ္။အိမ္စားရသလို၊ႀကီးလွကလဲ ပိုတာလွ်ံတာေတြမုန့္ဖိုးရေအာင္ေရာင္းေပးတတ္သည္။ေရက်ခ်ိန္ဆို ငါးက်ီး၊ငါးခူစတဲ့ငါးေတြကို ပိုက္တားၿပီးဖမ္းရတယ္။

ႀကီးလွကေတာ့ ကြၽန္ေတာ့္ကို ငါးရွာဖားရွာမလုပ္ေစခ်င္။ဒီအလုပ္ေတြကို ဝါသနာမပါစမ္းပါနဲ႕ဆိုၿပီးအတန္တန္တားတတ္ေပမယ့္ သူ႕လယ္ေတြမွာေတာ့ ကြၽန္ေတာ့္ကို အားကိုးေၾကာင္း စကားေတြေျပာတတ္တယ္။ကြၽန္ေတာ့္စိတ္ကလဲ ေက်ာင္းေတြတက္ၿပီးဆယ္တန္းေတြေအာင္၊ဘြဲ႕ေတြရၿပီးရင္ ဘာျဖစ္ခ်င္တယ္ဆိုတဲ့ဆႏၵေထြေထြထူးထူးလဲမရွိပါ။ႀကီးလွကိုကူရင္း လယ္ေတြလုပ္ဖို႔ေလာက္သာခနခနစိတ္ကူးမိတယ္။ဘြဲ႕တစ္ခုေတာ့ ကြၽန္ေတာ္ရေအာင္ယူမွာပါ။က်န္တာေတြကေတာ့ အေျခအေနအရလို႔ပဲေတြးထားေတာ့တယ္။

သူရက သူ႕ထမင္းခ်ိဳင့္ကိုမဖြင့္ေသးဘဲစပ္စုေနသည္။သူမႀကိဳက္တဲ့ဟင္းဆိုတို႔ေတာင္မၾကည့္ေပမယ့္ သူႀကိဳက္တာနဲ႕ေတြ႕ရင္ေတာ့ သူ႕လက္ကမလြတ္ေတာ့ပါ။သူရက ဟိုစပ္စပ္ဒီစပ္စပ္ပါသလို ပါးစပ္ကလဲအၿငိမ္မေန၊ဟိုလူ႕စဒီလူ႕စနဲ႕မလို႔ ကြၽန္ေတာ္နဲ႕သိပ္မတည့္လွ။ေယာက္်ားေလးေတြမို႔ေပါ့ေပါ့ပါးပါးေနတတ္ေပမယ့္ တစ္ခါတစ္ေလေတာ့စိတ္ဆိုးခ်င္စရာေကာင္းတယ္။သူရကမနက္က ကိစၥကိုလဲေက်နပ္ပုံမေပၚေပမယ့္ ေယာက္်ားေလးေတြပီပီေမ့ေမ့ေပ်ာက္ေပ်ာက္ပဲ ေနပါတယ္။

ဒီလိုျပသနာအေသးေလးေတြက ကြၽန္ေတာ္တို႔ၾကားမွာ ျဖစ္ေနက်ပင္။ဦးတဲ့သူကထိုးသလို၊စိတ္မထင္ရင္လဲနပန္းေျပးလုံးၾကတဲ့အထိ ခင္ၾကတယ္။ကြၽန္ေတာ္က ဖာသိဖာသာခပ္ေအးေအးေနချင်ပေမယ့် သူရကအဲ့လိုမဟုတ္ဘူး။အနားကိုလာလာကပ္ၿပီး ဆိတ္ဆြဲလိုက္၊ေပါင္ေတြကို မထိတထိလက္သီးနဲ႕ထိုးလိုက္၊ဟိုကိုင္သည္ကိုင္နဲ႕မို႔ ခႏၱီပါရမီထားလို႔လဲမရလွပါ။

"ေန႕ခင္း အဂၤလိပ္စာႏွစ္ခ်ိန္ဆက္ကြာ ေသေတာင္ေသခ်င္တယ္။ငါေတာ့အိပ္ငိုက္ေတာ့မွာပဲ."

ထမင္းလုတ္ကို ပါးစပ္ထဲထည့္ရင္း ညီးျငဴေနတယ္။စာသင္ခ်ိန္တိုင္း တဝါးဝါးသန္းေနတဲ့ေကာင္က အထူးအဆန္းေတြထေျပာေနတာေၾကာင့္ အေကာင္းကမေျပာခ်င္ေတာ့။

"မင္းမငိုက္တဲ့အခ်ိန္ေရာ ရွိလို႔လားကြာ။.."

"သခၤ်ာခ်ိန္ေတာ့မငိုက္ပါဘူးကြာ။ဆရာမေဒၚခင္ၿပဳံးလက္ကိုေၾကာက္လြန္းလို႔ မထင္ရင္မထင္သလိုလုပ္တာသူက.."

အခန္းဆုံးစာေမးပြဲေျဖခါနီးၿပီဆိုေတာ့ တစ္ခ်ိဳ႕အခ်ိန္ေတြမွာလြတ္လြတ္လပ္လပ္ပင္။ခပ္ဆိုးဆိုးေကာင္ေတြေၾကာက္တာဆို အတန္းပိုင္နဲ႕သခၤ်ာဆရာမေဒၚခင္ၿပဳံးကိုပင္။သခၤ်ာ(၂)ဆရာမအခ်ိန္ဆို အားလုံးဖရီးပဲ။ပင္စင္ယူခါနီးၿပီျဖစ္တဲ့ဆရာမက စိတ္ရွည္သလိုကြၽန္ေတာ္တို႔ကိုလဲခ်စ္သည္။ဆရာမစာသင္ရင္ဂ႐ုတစိုက္လိုက္ၿပီးနားေထာင္မယ့္သူမရွိပဲ ေလေတြပဲေပါေနၾကတာ။

ကြၽန္ေတာ္တို႔တစ္တန္းလုံး ဆူညံပြက္ေလာရိုက္ေနရင္ေတာင္ single chairကေကာင္ေလးကေတာ့ ဂ႐ုတစိုက္နားေထာင္ၿမဲ။တသီးတသန့္ေနၿမဲပင္။ဒါေၾကာင့္ဆရာမေတြက ငွက္ခါးကိုဆိုအသည္း။စာလဲေတာ္သလို၊အာ႐ုံစူးစိုက္မႈကေကာင္းတာေၾကာင့္ ေက်ာင္းပ်က္ရက္မ်ားရင္ေတာင္ ခနေလးအာ႐ုံစူးစိုက္႐ုံနဲ႕ သူအကုန္သိတယ္။အဲ့ေလာက္ထိ ပညာပါရမီပါတဲ့ေကာင္ေလးေလ ငွက္ခါးက။

စိတ္ကူးထဲမွာ ဂ်ဴတီကုတ္ေလးနဲ႕၊ၿပီးေတာ့ အျဖဴအစိမ္းနဲ႕ ၾကင္ၾကင္နာနာၿပဳံးေနတတ္တဲ့ေကာင္ေလး။ကေလးေတြကို ဂ႐ုတစိုက္စာသင္ေပးေနတဲ့ပုံရိပ္ေလးကို စိတ္ကူးယဥ္ၾကည့္မိသည္။စိတ္ကူးထဲမွာေတာင္ ၾကည္လင္စူးရွေနတဲ့မ်က္ဝန္းေလးေတြနဲ႕ မမွိတ္မသုန္ကြၽန္ေတာ့္ကိုၾကည့္ေနတဲ့ သူ႕ပုံရိပ္ေတြက ႏွလုံးသားကို ျပျပႏြေးေစတယ္။

"ေဟ့ေကာင္..ဘာေတြေတြးေနတာလဲ။မ်က္ႏွာက ၿပဳံးက်ဲက်ဲနဲ႕ ဘယ္ေကာင္မေလးနဲ႕စိတ္ကူးယဥ္ေနတာလဲ။မသိရင္ သူ႕ခ်စ္သူအေၾကာင္းေတြးေနတာက်ေရာ။ၿပဳံးေနတဲ့ပုံကိုက အၾကင္နာအျပည့္နဲ႕။မင္း႐ုပ္ႀကီးၾကည့္ရတာ႐ြံစရာႀကီးကြာ.."

"ေနစမ္းပါကြာ။ေဟ့ေကာင္သူရ ဆီေပတဲ့လက္ႀကီးနဲ႕ ငါ့ပူဆိုးကိုလာသုတ္ရလားႏြားရ။ဟိုမွာ လက္သုတ္ဝတ္ရွိေနတာကို.."

ပုခုံးတြန့္ကာ ေျပာင္ျပေနတဲ့ သူရက ကြၽန္ေတာ့္ပုဆိုးကိုသုတ္လို႔ၿပီးေနၿပီ။ေတာ္ေတာ္ညစ္ပတ္တဲ့ေကာင္။

"ဒီႏွစ္အလႉေတာ့ ေတာ္ေတာ္စီမယ့္ပုံပဲေနာ္ဝဠာ။ဆင္ေတြငွားတယ္ေတာင္ေျပာေနၾကတယ္.."

"အင္း...."

ကြၽန္ေတာ္ကစိတ္မဝင္စားဟန္ျပေနေပမယ့္ သူရကေတာ့ ဒီအထာေတြရိုးေနၿပီဆိုကာ သူေျပာခ်င္တာေတြစြတ္ေျပာေနသည္။ရွင္တစ္ပါးတည္းျပဳမယ့္အေၾကာင္း၊ငါးသေလာက္ေပါင္းေကြၽးမယ့္အေၾကာင္း၊ေပ်ာ္ပြဲ႐ႊင္ပြဲေတြပါပါတဲ့အေၾကာင္းဆက္ေျပာေနသည္။ဒီအေၾကာင္းေတြကလဲ သူရမေျပာလဲ ကြၽန္ေတာ္သိၿပီးသားပင္။

"ဝဠာ..ခန.."

စကားဝိုင္းထဲဝင္လာတာက စာသင္ခန္းဝမွာရပ္ေနတဲ့ ေကာင္မေလးဆီက။ထုံးစံအတိုင္းသူ႕လက္ထဲမွာလဲ ေဖာ့ဘူးအျဖဴ၊ႏွင္းဆီပန္းအျဖဴေရာင္ေတြနဲ႕ ပလတ္စတစ္အိတ္တစ္လုံးရွိေနတယ္။

"သြားစမ္းပါကြာ..မင္းမစားရင္ ငါစားမယ္သြားယူ."

"က်စ္.."

"သြားစမ္းပါကြာ...အလကားစားရနည္းလား။ေတာ္႐ုံငါတို႔မုန့္ဖိုးနဲ႕ဝယ္မစားနိုင္တဲ့ဟာေတြ။သြားယူေဟ့ေရာင္..ောက်သုံးမကျလိုက်တဲ့ကောင်ကွာ။ငါသာဆို အဲ့ေကာင္မေလးနဲ႕တြဲလိုက္ၿပီ။ေယာက္်ားမဟုတ္တဲ့အတိုင္းပဲမူေနတာ."

စားလက္စထမင္းကိုအသာထားရင္း အခန္းဝကရပ္ေနသူထံသြားရသည္။ကြၽန္ေတာ့္စာသင္ခန္းကို ခနခနမလာဖို႔ေျပာေပမယ့္လဲမရ။တစ္ဖက္ကမိန္းကေလးကို အားနာသလို၊သူရတို႔ေျပာေနတဲ့ ေယာက္်ားမဟုတ္တဲ့အတိုင္းပဲ၊အဲ့ေကာင္မေလးနဲ႕တြဲလိုက္ပါလား ဆိုတဲ့စကားေတြကို တုန့္ျပန္ဖို႔အင္အားမရွိေတာ့ဘူးေလ။အခ်စ္မပါဘဲ တြဲတယ္ဆိုတာ ေရရွည္မွာအဆင္ေျပနိုင္မွာမဟုတ္ဘူး။ၿပီးေတာ့ ကြၽန္ေတာ္မွသေဘာမက်တာ။သူေပးခိုင္းတဲ့ တန္ဖိုးႀကီးမုန့္ေတြ၊လက္ေဆာင္ေတြကို ကြၽန္ေတာ္ယူလဲမယူ၊စားလဲမစား။

သူရတို႔လက္ခ်က္နဲ႕သာ ကုန္ကုန္သြားတာ။ဒီတစ္ခါေတာ့အျပတ္ေျပာပစ္ေတာ့မယ္။တစ္ဖက္မိန္းကေလးက ကြၽန္ေတာ့္ကိုဘယ္လိုထင္မလဲ။ေမွ်ာ္လင့္ခ်က္ေပးတာလို႔လဲမထင္ေစခ်င္ပါ။ကြၽန့္ေတာ့္သေဘာထားကို ျပတ္ျပတ္သားသားေျပာၿပီးေပမယ့္ ေအာင္သြယ္လာလုပ္ေနတဲ့ အင္ၾကင္းက ဘယ္လိုေတြစကားကိုေျပာင္းျပန္ေျပာထားလဲ ကြၽန္ေတာ္လဲမသိနိုင္ပါ။

ဟိုေကာင္ေလးကိုၾကည့္လိုက္ေတာ့လဲ မလႈပ္မယွက္နဲ႕ပင္။သူပဲေအးတယ္..စာဖတ္ခ်င္ဖတ္၊မဟုတ္ရင္စာပဲလုပ္ေနတာ။စာဖတ္ကေတာ့ေတာ္ေတာ္ဝါသနာပါတဲ့ေကာင္ေလးပင္။ၿပီးေတာ့ ဆရာမခင္ခင္ထူးရဲ႕ ပရိတ္သတ္အႀကီးစား။သူ႕လက္ထဲမွာခုကိုင္ထားတဲ့စာအုပ္ေလးက ဆရာမခင္ခင္ထူးရဲ႕ "အညာသူအညာသားကြၽန္မေဆြမ်ိဳးမ်ား"ဆိုတဲ့စာအုပ္ေလးေပါ့။ေခါင္းစည္းဖတ္႐ုံနဲ႕တင္ ႏြေးေထြးမႈအျပည့္ရေနတဲ့ခံစားခ်က္ကေလးပင္။ေနာက္ရက္မွ သူ႕ဆီကငွားဖတ္ၾကည့္ရအုံးမည္။

ဒီေကာင္ေလးကဆယ္ေက်ာ္သက္အ႐ြယ္ရင္ခုန္မႈဆိုတာလဲ သိေသးမွာမဟုတ္။အတန္းထဲကေကာင္ေတြလို ရည္းစားထားမွာလဲမဟုတ္သလို၊ဘယ္ေကာင္မေလးနဲ႕မွ တေရးတယူလဲမရွိ။သူပူးပူးကပ္ကပ္ေနတာဆို ဟိုေကာင္တစ္ေယာက္တည္းနဲ႕သာ။

အဲ့ေကာင္နဲ႕ငွက္ခါးအေၾကာင္းစိတ္ေရာက္မိရင္ေတာ့ ရင္ထဲမွာတစ္စို႔စို႔ခံစားရတယ္။

"ေရာ့.."

Cokeသံဗူးနဲ႕အတူ ေဖာ့ဗူးအျဖဴနဲ႕တည့္လာတဲ့ မုန့္ေတြ။ေခ်ာကလတ္ေတြနဲ႕ အသည္းပုံသၾကားလုံးပန္းေရာင္ေတြက အင္ၾကင္းရဲ႕လက္ထဲက ပလတ္စတစ္အိတ္ထဲမွာ အေတာ္မ်ားမ်ားရွိေနတယ္။

"အင္ၾကင္း..နင့္ကိုငါေျပာထားၿပီးသားေနာ္။ေအာင္သြယ္လုပ္ၿပီးအဲ့ဒါေတြယူမလာနဲ႕လို႔.."

"နင္ကလဲ ဟိုကေပးတာပဲ။ယူထားလိုက္စမ္းပါ.."

"မယူခ်င္ဘူး နင္ျပန္ယူသြားလိုက္.။ဒီတစ္ခါေတာ့ ထပ္မလုပ္နဲ႕ေတာ့ အင္ၾကင္းရာ။တစ္ဖက္က ငါ့ကိုဘယ္လိုေကာင္လို႔ျမင္သြားမလဲ။အေခ်ာင္သမား၊မိန္းကေလးဆီက ခ်ဴစားတယ္ဆိုတဲ့စကားေတြ ငါျပန္မၾကားခ်င္ဘူး။ခုေတာင္ ငါ့ကိုမေက်နပ္တဲ့ေကာင္ေတြ ငါ့အေၾကာင္းဘယ္ေလာက္ေတာင္ေျပာေနၾကမလဲ။ငါျပန္ၾကားရင္ေတာ့ သူေသကိုယ္ေသေနာ္။ငါကၿငိမ္ခံေနမယ့္ ေကာင္မဟုတ္ဘူး"

အင္ၾကင္းက ကြၽန္ေတာ္တို႔နဲ႕တစ္႐ြာထဲ။ငယ္ငယ္ကတစ္တန္းတည္းတက္ခဲ့ရေပမယ့္ ခုေတာ့သူကရွစ္တန္းေက်ာင္းသူျဖစ္ေနၿပီ။ငယ္ငယ္ကလို အသားမည္းမည္းနဲ႕သနပ္ခါးထူထူလိမ္းတတ္သူမဟုတ္ေတာ့။ဆံပင္က်စ္ဆံၿမီးႏွစ္ဖက္ခ်ကာ သနပ္ခါးေျပေျပေလးလိမ္းတတ္လာၿပီ။သေဘာမေနာေကာင္းေပမယ့္ သူ႕အားနည္းခ်က္က ေအာင္သြယ္လုပ္တာပင္။ကြၽန္ေတာ့္ကိုမွမဟုတ္ အလယ္တန္းအထက္တန္းအစုံက အတြဲေတြမွာအင္ၾကင္းေၾကာင့္ နီးစပ္သြားတဲ့အတြဲေတြမွအမ်ားႀကီး။အတန္းပတ္လည္ရဲ႕ဆရာမေတြ ပါးစပ္ဖ်ားမွာေတာ့ အင္ၾကင္းကနာမည္ႀကီးပဲ။ေက်ာင္းအုပ္႐ုံးခန္းေရာက္ရင္ေရာက္ပါေစ။ေအာင္သြယ္မလုပ္ဘဲမေနနိုင္ဘူးဆိုတဲ့ ပုံစံနဲ႕ပင္။

"ခုတစ္ခါယူထားလိုက္စမ္းပါဟယ္..ေပးတဲ့သူကေပးတာကို.."

"တစ္ခါတစ္ခါနဲ႕အရမ္းမ်ားေနၿပီ အင္ၾကင္း။မိန္းကေလးတစ္ေယာက္က အဲ့လိုေတြလုပ္ေနစရာလား။ၿပီးေတာ့ ငါစကားအကုန္ေျပာၿပီးသား ငါသူ႕ကိုစိတ္မဝင္စားဘူး။ဟိုေကာင္နဲ႕လဲ ဘာလိုလိုဆိုတာ ငါၾကားတယ္။အဲ့ေကာင္နဲ႕ငါကတည့္တာမဟုတ္ဘူးေနာ္အင္ၾကင္း။နင္မသိတာလဲမဟုတ္ဘူး.."

"နင္လိုေကာင္ကမ်ား..မိန္းကေလးဘက္က ျဖစ္ေနတာေတာင္ ျငင္းရဲတယ္။သူက အေျခမဲ့အေနမဲ့မဟုတ္ဘူးဟဲ့။နင့္ထက္သာတဲ့ေကာင္ေတြသူ႕ကိုလိုက္ေနတာေတာင္ မသိသလိုေနေနတာ။နင့္ကိုမွ ဒီလိုဆက္ဆံတာ နလပိန္းတုန္းရဲ႕။နင္က ဘာကိုေစ်းကိုင္ေနတာလဲ.."

အင္ၾကင္းရဲ႕အသံတိုးတိုးက ေဒါသသံေတြပါေနၿပီသား။ေန႕တိုင္းကြၽန္ေတာ္ျငင္းေနေပမယ့္ အရာလဲမေရာက္ခဲ့ပါ။သူရနဲ႕တစ္ဖက္လွည့္ၿပီးထည့္ေပးတတ္ၿမဲပင္။သူတို႔အဖို႔ ကြၽန္ေတာ့္ကိုအဲ့ေကာင္မေလးနဲ႕နီးစပ္ေစခ်င္တာသိေပမယ့္ ကြၽန္ေတာ္မွစိတ္မဝင္စားပဲ။ကြၽန္ေတာ္တို႔အတန္းဘက္ကို တစ္ေန႕ႏွစ္ေခါက္ေလာက္ ျဖတ္ျဖတ္ေလွ်ာက္ေနတဲ့သူမကို သတိမထားမိတာလဲမဟုတ္။

"ငါမယူခ်င္ဘူး အင္ၾကင္း။တစ္ဖက္လူအတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္မေနေစခ်င္ဘူး။ငါေျပာခိုင္းတာေရာ နင္ေျပာလိုက္ၿပီလား.."

"မေျပာပါဘူး..႐ူးေနလို႔ေျပာရမွာလား။နင္ေပးတာယူထားတယ္၊ဝဠာကလဲ နင့္ကိုစိတ္ဝင္စားေနတဲ့ပုံပါ။ငါအဲ့လိုပဲေျပာတာ။နင္စိတ္မဝင္စားေပမယ့္ ငါတို႔ကေတာ့နီးစပ္ေစခ်င္တယ္.."

"အင္ၾကင္း..နင့္စကားထဲမွာ ငါဘာေကာင္ျဖစ္သြားၿပီလဲ။အဲ့မိန္းကေလးကိုမႀကိဳက္ဘဲ သူေပးတာကိုၿငိမ္ၿပီးလက္ခံေနတဲ့ေကာင္ျဖစ္မသြားဘူးလား။ငါ့သိကၡာနဲ႕ငါေနတာ။နင့္ဟာေတြအကုန္ျပန္ယူသြား..."

"နင္လိုေကာင္ကေလ ဝမရွိဘဲဝိလုပ္ခ်င္ေနတာ.။အလကားေကာင္.."

တစ္႐ြာတည္းေန၊ငယ္ငယ္တည္းကေပါင္းလာခဲ့တဲ့သူငယ္ခ်င္းေတြမို႔ ဝဠာ့ကိုသံေယာဇဥ္ရွိသည္။႐ုပ္ရည္ေျဖာင့္ေျဖာင့္နဲ႕ သူကြီးသားကိုလယ်ဗယ်လိုက်နိုင်တဲ့ပုဲစံမှာ ကြဲထြက္ေနတာက သူ႕ရဲ႕မာန။တိုးတက္ေနတဲ့ေခတ္မွာ အခ်စ္ကိုခ်စ္ေၾကာင္း မိန္းကေလးေတြဖက္ကပင္ ဖြင့္ထုတ္ျပေနတတ္ၿပီ။တစ္ဖက္မိန္းကေလးက အေျခအေနမဲ့ သူလိုကိုယ္လိုမဟုတ္။က်ိက်ိတက္ခ်မ္းသာတဲ့မိန္းကေလးတစ္ေယာက္။

သူမကစာေတာ္သလို၊သူ႕အေဖကိုယ္တိုင္ကေက်ာင္းအက်ိဳးေတာ္ေတာင္။အပို႔အႀကိဳ ကားနဲ႕ၿငိမ့္ၿငိမ့္ေလးေက်ာင္းလာတက္တဲ့ မိန္းကေလးတစ္ေယာက္၊႐ုပ္ရည္ကလဲ႐ြက္ၾကမ္းေရႀကိဳမဟုတ္ဘူး။ဒါကိုေတာင္ျငင္းတယ္ဆိုေတာ့ ဝဠာ့စိတ္ကို တကယ္နားမလည္။သူ႕အေပၚျဖစ္တဲ့ေဒါသနဲ႕အားမလိုအားမရစိတ္ေတြေၾကာင့္အသားပါ တဇတ္ဇတ္တုန္ေနတယ္။

ဝဠာဆိုတဲ့ဂ်စ္ကန္ကန္ေကာင္က ဘယ္လိုသူမ်ိဳးကိုမွ သေဘာက်ၿပီးခ်စ္မွာလဲ။

"မင္းကေတာ့ စံပဲေဟ့ေကာင္ သြားသာေသလိုက္ေတာ့..."

သူရရဲ႕ေထာပနာသံကိုလ်စ္လ်ဴရႈကာ ထမင္းကိုလဲဆက္မစားခ်င္ေတာ့။ၿပီးေတာ့မိန္းကေလးဋီကာဖြင့္ေနတဲ့သူတို႔စကားဝိုင္းထဲလဲ ဝင္မပါခ်င္။သူမ်ားအေၾကာင္း ပါးစပ္အရသာခံၿပီးေျပာရတာေလာက္ စိတ္မရွည္တာမရွိ။သူတို႔ေျပာေနတဲ့ေကာက္ေၾကာင္းေတြထက္ ႏႈတ္ခမ္းေလးစူပြစူပြနဲ႕စာဖတ္ေနတဲ့ေကာင္ေလးကို မသိသလိုေငးေနတာကမွ စိတ္ခ်မ္းသာရေသးတယ္။

တကယ္ေျပာတာ။မလိမ္ဘူး။အဲ့ေကာင္ေလးက တကယ္စိတ္ခ်မ္းသာစရာနဲ႕ေထြးေပြ႕ထားခ်င္းရာေလး။

"မင္း စိတ္ဝင္စားတဲ့ေကာင္မေလးဘာေလးရွိလို႔လား..."

"ငါ့မွာလား.."

သူရအေမးကို ပခုံးဆက္ျပရင္းသာေျဖလိုက္တယ္။ငါခ်င္းမိုးမႊန္ေနတဲ့ သူရအသံကိုလဲ တဟားဟားေအာ္ရယ္ေပးရင္းနဲ႕သာေထာက္ခံလိုက္တယ္။သူရလို မ်က္ႏွာ႐ူးက မိန္းကေလးေတြရဲ႕အလွကို ဖြင့္ဟတဲ့ေနရာမွာေတာ့ဆရာႀကီးတစ္ပိုင္း။ဒီေကာင္နဲ႕ေနရတာလြယ္ေတာ့မလြယ္လွ။

"ဒီအ႐ြယ္မွ ရင္မခုန္တတ္ေသးရင္လဲ ဘုန္းႀကီးပဲဝတ္လိုက္ေတာ့ မင္း.."

သူရအေျပာကို ခပ္ၿပဳံးၿပဳံးနဲ႕သာ တုန့္ျပန္ျဖစ္တယ္။ဆယ့္ႏွစ္နာရီခြဲၿပီမို႔ ေက်ာင္းသာတစ္ခ်ိဳ႕ျပန္ေရာက္လာၾကၿပီ။ေျမညီထပ္စာသင္ေဆာင္ျဖစ္လို႔ အခန္းထဲတင္ႀကိဳးခုန္ၾကတဲ့မိန္းကေလးေတြ၊ပုံပစ္ၾကတဲ့ေကာင္ေတြေတာင္ရွိသည္။လြယ္အိတ္ထဲမွာ ပါလာတဲ့ပုံေတြကိုထုတ္ရင္း ပိုက္ဆံေၾကးဖဲရိုက္ဖို႔ သူရတို႔နဲ႕လူစုလိုက္သည္။
ကြၽန္ေတာ္တို႔အခ်ိန္ေကာင္းက ခုမွအသက္ဝင္တာေလ။

ဖဲထုပ္ဆိုအျပစ္ႀကီးမွာဆိုးလို႔ ဝွက္ၿပီးေတာ့သာရွမ္းကိုးမီးေဆာ့ၾကတယ္။ဒိုင္မပါပဲ ဘုံစုလုပ္ကာ အပြင့္အမ်ားဆုံးသူစား။တစ္ေယာက္မွ ငါးဆယ္ပဲထိုးခြင့္ရွိတဲ့ ကြၽန္ေတာ္တို႔ကစားဝိုင္းေလးက တစ္ေန႕တာမုန့္ဖိုးေဝဆာတဲ့ေန႕ေတြရွိသလို၊တစ္ပတ္စာကုန္လို႔အေႂကြးတင္တဲ့ေန႕ေတြပါရွိတယ္။တစ္ခါဆရာမမိလို႔ ႀကိမ္လုံးက်ိဳးေအာင္အေဆာ္ခံရၿပီးၿပီ။

ေယက္်ားေလးဆိုေတာ့ ဖဲဝါသနာပါသူကခပ္မ်ားမ်ား။တစ္ေယာက္ၿပီးတစ္ေယာက္အုံလာတဲ့အတြက္အသက္ရႉေတြပါၾကပ္ရသည္။အခ်ိန္နာရီဝက္ေလာက္ရေသးတာမလို႔ ဆယ္ပြဲေလာက္ေတာ့ေအးေဆးေဆာ့လို႔ရသည္။ပုံခ်ပ္ေတြေဝရင္း အပြင့္ေတြကိုရင္တထိတ္ထိတ္နဲ႕ၾကည့္ရသည္။နိုင္ရင္ေတာ့ ခုညေနေက်ာင္းဆင္းရင္ ဝက္သားတုတ္ထိုးသြားစြဲပစ္အုံးမယ္။

......

"ဒိုတယ္..ေဟ့ေရာင္..ငါဒိုတယ္.."

"ျပ..မင္းဘယ္ႏွစ္ဆမလို႔လဲ။သူရမင္းလက္ထဲပိုက္ဆံေတြျပန္ခ်။ငါလဲဒိုတယ္ကြ.."

"မင္းခ်ည္းပဲေဟ့ေရာင္ဝဠာ..ထစမ္း,ဖဲေတြခိုးထားေသးလား.."

"ေဟ့ေရာင္ မင္းရႈံးတာနဲ႕ ရႈံးမဲမမဲနဲ႕။မင္းနိုင္ေနတုန္းကဘအဲ့ေလသံမဟုတ္ဘူး။ဖယ္..ငါက ကိုးနဲ႕ဒိုတာ.ေဟ့ေရာင္ဖယ္လိုက္ေတာ့ မင္းလက္.."

ျငင္းသံခုန္သံေတြက ေယာက္်ားေလးတန္းဘက္မွာဆူညံေနသလို၊မုန့္ေစ်းတန္းကျပန္လာတဲ့ေကာင္မေလးေတြလဲအမ်ားသား။သြက္သြက္လက္လက္ သြားလယလႈပ္ရွားေနတဲ့သူေတြကိုၾကည့္ရင္း စိတ္ထဲမွာ တင္းၾကပ္ၾကပ္လိုလို၊အေပါင္းအသင္းမရွိလို႔ အားငယ္တာလိုလိုျဖစ္လာတယ္။ၿပီးေတာ့ကိုယ့္ဝမ္းနာကိုယ္သာသိေပမို႔ ထမင္းခ်ိဳင့္ပါမလာတဲ့အျဖစ္က အေတာ္ဆိုးတယ္။အစားဆို ခနခနစားတတ္တဲ့သူမို႔ ဗိုက္ဆာလြန္းလို႔လက္ေတြပါတုန္လာၿပီ။ေက်ာပိုးအိတ္နက္ျပာေလးထဲမွာ မုန့္ဖိုးရွိေပမယ့္ ေက်ာင္းေစ်းတန္းဘက္ကိုလဲသြားေလ့သြားထမရွိတာမို႔ မသြားခ်င္။အိမ္ကယူလာတဲ့ မုန့္ေတြလဲကုန္ေနၿပီ။

အတန္းထဲမွာဆူဆူညံညံေတြနဲ႕မို႔ စိတ္လဲရႈပ္ရသလိုဗိုက္ပါဆာတာေၾကာင့္ေရာ လူကမအီမသာျဖစ္ေနၿပီ။လိုရာမယ္ရ ပိုက္ဆံငါးရာယူၿပီး မုန့္ေစ်းတန္းဘက္ကို ခပ္ျဖည္းျဖည္းေလွ်ာက္လာခဲ့လိုက္သည္။အျဖဴအစိမ္းတူညီဝတ္စုံနဲ႕အ႐ြယ္စုံေက်ာင္းသားေတြက ေက်ာင္းဝန္းက်င္တစ္ခုလုံးျပပန္းခပ္ေနတယ္။

ဒါေပမယ့္ အားလုံးက ႏွစ္ေယာက္တြဲ၊သုံးေယာက္တြဲ သာ့အစုနဲ႕သူ။ကြၽန္ေတာ္..ကြၽန္ေတာ္ကသာ အေဖာ္မရွိပဲ တစ္ေယာက္တည္း။ကြၽန္ေတာ္မညာဘူး...တကယ္ဝမ္းနည္းေနမိတယ္။

လူရႈပ္တာမႀကိဳက္တဲ့သူမလို႔ ေစ်းတန္းနဲ႕ခပ္လွမ္းလွမ္းကမန္က်ည္းပင္ေအာက္ေလးမွာထိုင္ေနျဖစ္တယ္။က်ိတ္က်ိတ္တိုးကာ အလုအယက္ဝယ္ေနၾကတဲ့သူေတြၾကား ကြၽန္ေတာ္မတိုးရဲ။မိန္းကေလးေတြကိုေတာင္ လက္ရဲဇက္ရဲနဲ႕စခ်င္တဲ့ေကာင္ေတြၾကား အရဲစြန့္ၿပီးလဲမသြားခ်င္။
အလိုလိုအားငယ္ၿပီးလူေတာမတိုးရဲတဲ့ကိုယ့္ကိုကိုယ္လဲ ပထမဆုံးအႀကိမ္အားမလိုအားမရျဖစ္ခဲ့ရၿပီ။

.........

16.11.22(Wed)
10:00pm

Czytaj Dalej

To Też Polubisz

6.4K 135 16
2နှစ်ကျော်ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်.....​ဘာရယ်ကြောင့်မှန်းမသိဝေးကွဲခဲ့ကြအပြီး5နှစ်ကြာမှပြန်တွေ့လေသော်အခါ
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
10K 348 35
He Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလွ်င္ အခ်စ္ဆုံးေပမို႔) Start Date ..... 22.2.2022 End ..... 27.5.2...