10(U/Z)

192 23 0
                                    

U......

ခုနေ့ကတော့ ကျွန်တော့်အတွက်ရက်ရာဇာဖြစ်သည်။ကျောင်းသားတွေချည်း ရိုက်တဲ့ဖဲဝိုင်းမှာကျွန်တော်ချည်းဒိုတာကြောင့် တစ်ထောင့်ငါးရာလောက်နိုင်လိုက်တယ်။ရာတန်လေးတွေကို ရေတွက်နေတုန်း စိတ်ကူးထဲရောက်လာတာက နာရီစင်နားမှာရောင်းတဲ့ အသုပ်စုံနဲ့ဝက်သားတုတ်ထိုးဆီကို။ဝက်သားတုတ်ထိုးသွားစားဖို့တွေးရင်းဗိုက်ထဲမှာ ကလိကလိဖြစ်ရသည်။ကျောင်းတက်ဖို့ဆယ့်ငါးမိနစ်လောက်လိုသေးပေမယ့် တဖြည်းဖြည်းလူပိုများလာတာကြောင့် ကျွန်တော်တို့ဝိုင်းသိမ်းလိုက်ရပြီ။

ကျောင်းဆင်းတဲ့အချိန်တိုင်း ကျွန်တော်က အဖော်တွေနဲတစ်ခါတစ်လေမှပြန်တတ်တယ်။ကျောင်းအဆင်းအိမ်ပြန်ရင် ရွာပြန်ရောက်အောင်တော်တော်ကြာကြာနင်းရသည်။မနက်ကလို အဖေနဲ့ကတောက်ကဆက်ဖြစ်ရတဲ့နေ့တွေဆို စိတ်ညစ်လွန်းလို့ မြို့ထဲမှာအချိန်ကြာကြာပတ်ရင်း မှောင်ခါနီးမှအိမ်ပြန်လာဖြစ်သည်။ကျွန်တော်အိမ်ပြန်နောက်ကျလို့ ကြီးလှကအဟန့်သဘော​နဲ့ ဆူပူတတ်ပေမယ့် လူပျိုပေါက်အရွယ်ဖြစ်တဲ့ တူတစ်ယောက်ရဲ့ခံစားချက်ကို ရိပ်မိမယ်ထင်ပါရဲ့။အဖေမူးနေရင် အဖေ့မျက်စိရှေ့ကို ကျွန်တော်မသွားချင်ဘူး။

"ဟေ့ရောင် နှစ်ရာလောက်ပြန်ပေးအုံး.."

အတွေးကြားမှာနစ်မြောနေပေမယ့် ထိုအတွေးတို့ကကြာရှည်မခံလိုက်ပါ။

"ဆုတောင်းလေ.သွား.ဆုတောင်းလိုက်အုံး.."

"နှစ်ရာတည်းပါကွာ မင်းကလဲ အများကြီးပဲနိုင်ထားတာကို.."

"မရဘူးဟေ့ရောင် မင်းနိုင်တုန်းက ငါ့ကိုပြန်ပေးလို့လား။မပေးဘူးဆိုမပေးဘူးပဲ.."

သူရကတော့ သူ့ဝသီအတိုင်းရှုံးတော့ ပိုက်ဆံပြန်တောင်းနေပြီ။သူနိုင်ရင်တော့ နိုင်သမျှပိုက်ဆံအကုန်လုံးကို လွယ်အိတ်ထဲထိုးထည့်ထားတတ်တဲ့ကောင်က ကျွန်တော့်အလှည့်ကျမှ ပြန်တောင်းလို့ပေးမတဲ့လား။ပခုံးတွန့်ပြရင်း ပိုက်ဆံတွေကို သူ့မျက်စိရှေ့ဝှေ့ပြကာ လွယ်အိတ်ထဲကို သူ့စတိုင်အတိုင်းထည့်ပြလိုက်တော့ ရှူးရှူးရှဲရှဲဖြစ်ကာ အောင့်တက်သွားသည်က ကျွန်တော့်ပခုံးစွန်း။မျက်နှာကလဲ လငပုပ်ဖမ်းထားသလို မည်းနေပြီး၊မကြည်ကြည့်နဲ့ကြည့်နေသေးတယ်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Kde žijí příběhy. Začni objevovat