" ကလေးငယ်...."
" ဗျာ...."
အိပ်ယာနိုးနိုးချင်း လစ်လပ်နေခဲ့သော ရင်ငွေ့နွေးနွေးလေးကြောင့် အပေါ်ဝတ်T-shirt အနက်လေးကိုကောက်စွပ်ကာ လှေကားတစ်လျှောက်ဟစ်အော်ကာ ခေါ်နေမိသည့် နာမ်စားလေး။
ဒုန်းဆိုင်း ဆင်းလာသော သားငယ် ရဲရင့် အသံကြောင့် တစ်အိမ်လုံးကအလုပ်မားတွေက ဘာဖြစ်သလဲ ခေါင်းထူကြည့်ချင်သော်လည်း နူတ်မှ " ကလေးငယ်" ဟူသော နာမ်စားကိုသာ မပြတ်ရွတ်ဆိုနေသူမို့ ကိုယ့်အလုပ်ကိုယ်သာ အေးဆေးလုပ်နေမိသည်။
" ဗျာ" ဟူသော အသံလေးကြားမှ ရင်အေးရတယ်ဆိုပေမယ့် သူ့လေးမျက်နှာတော် မမြင်ရသေးသမျှ ဒီကောင်ရင် မငြိမ်းချမ်းသည်မို့ အသံလာရာဆီသာ ရှေ့ရူမိသည်။
Dinning room ထဲမှာ coffee jar လေးဖြင့် အလုပ်ရူပ်နေသူလေး။
ဝတ်ထားသောအညိုရောင် ရှပ်အကျီပွပွလေးက မနေ့ညက ကိုယ့်ချစ်သက်သေ အပြူအမူသက်သေတို့ကို မနိုင်မနင်း ဖုံးဖိထားရဟန်။
ပြေလည်ကြပြီဆိုကတည်းက မျက်စိအောက်မှာထား၍ အစွမ်းကုန် ချစ်ပေးပြီး မျက်နှာတစ်ချက်မည်ိုးနွမ်းစေရ။ သားသားကို အပါးက နံနက်အချိန်အခါ လာရောက်ခေါ်ဆောင်တက်သော်လည်း ရံဖန်ရံခါ အပါးနဲ့သာ အတူနေသည့် သားသားကြောင့် ကလေးငယ်မျက်နာလေးကို အညိုးမခံနိင်လောက်အောင် ပိုမိုချစ်ကဲပိုရပြန်သည်။
Jack တို့ ဂျာမဏီပြန်သွားသော်ကြောင့်အပါးက တစ်ယောက်တည်းမို့ အိမ်ခွဲမနေစေဘဲ ဟန်သာအိမ်တော်မှာသာ နေစေခဲ့သည်။ သားသားကိုယ်တိုင်က သူ့အဖိုးကိုစိတ်မချ၍ ကလေးငယ်ကိုပါ အတူနေထိုင်စေခဲ့သည်လေ။
" ဘယ်ချိန်ကတည်းက နိုးနေတာလဲ ..."
Kitchen room ထဲက coffee pot လေးနဲ့အလုပ်ရူပ်နေသူလေး၏ နောက် ဖက်ဆီကနေ ရစ်သိုင်း၍ မြတ်နိုးရသည့် ခါးသွယ်သွယ်လေးကို ခပ်ဖွဖွဖက်ထားကာ သူ့လေး၏ လည်ဂုတ်သားဆီ မျက်နှာအပ်၍ ကလေးငယ် ကိုယ်သင်းရနံ့ကို နံနက်ချိန်ခါဝယ် အပြည့်အဝမွှေးကြူနမ်းရိူက်မိသည်။
" လွှတ်အုံး....ဟိုမှာ ကလေးမတွေ ရှိနေတယ်လေဗျာ..."
ကလေးငယ်စကားအဆုံး မျက်လုံးကိုဝေ့ဝိုက်ကာ ထွက်သွားပေးဆိုတဲ့အကြည့်မျိုးကြောင့် လုပ်လက်စ အလုပ်များကို ခတ္တရပ်ဆိုင်းကာ ခေါင်းငုံ့၍ ထွက်သွားကြသော အိမ်အကူကောင်မလေးများ။
" ဘာလို့ ခြိမ်းခြောက်နေလဲ ဗျ....."
ခပ်ဖွဖွပွေ့ဖက်ထားမူကြောင့် ကိုယ်ရင်ခွင်အတွင်း ရပ်နေသူလေးကြောင့် အပေါ်စီးမှမြင်ရသော ရူမငြီးဖွယ် ထူထဲကော့ညွှတ်လှသည့် မျက်တောင်များပေါ်သို့ ခပ်ပွပွနမ်းရိူက်လိုက်သည်။
မြတ်နိုးရသည်များမို့ .....။
" ပြွတ်စ်.......မွှေးလိုက်တာကွာ....."
" ကဲဗျာ...လွှတ်ပေးအုံး ...ဒီမှာအပူလောင်မယ်ဗျ..."
" ကလေးငယ် ဖယ်လေ....ကိုကို ရွေ့ပေးမယ်..."
" မျက်နှာသစ်ပြီးပြီလားဟင်...."
မယုံသလို အမေးစကားလေးဝင့်ကာ မျက်နှာလေးကိုမော့ဟန်ချီ၍ မေးနေသူလေးကြောင့် မျက်နှာချင်းဆိုင်အနေအထားပြောင်းယူပြီး နဖူးပြေပြေလေးကအစတည်လို့ ချိုမြမြနူတ်ခမ်းလေးထက်ဝယ် တစ်ခဏ နမ်းရိူက်မိသည်။
နံနက်ချိန်ခါ လိုနေသော အားအင်တွေမို့ ။
" တော်ပြီဗျာ....ဖယ်တော့....."
" သစ်ပြီးပြီ ကလေးငယ်၊ အိပ်ယာထထချင်း သန့်ရှင်းရေး လုပ်ရမှ နှစ်သက်တဲ့ကိုယ့်အမျိုးသားလေးအလိုကြ ကိုကိုသန့်ရှင်းခဲ့ပါပြီဗျာ.... ခု ဘာစားပြီးပြီလဲ ..."
ခေါင်းရမ်းကာ ဖြေလာသူလေးကြောင့် အိပ်ယာထနောက်ကျမိသည့် ကိုယ်ကိုကိုယ့်အပြစ်တင်မိသည်။
" လာထိုင် ကလေး၊ ဘာစားမလဲ....ကိုကိုပြင်ပေးမယ်...."
နန်းကြီးသုပ်ရှိရာဆီသို့လက်ညိုးညွှန်ပြသည့် အမျိုးသားလေးကြောင့် စားပွဲပေါ် အရံသင့် တင်ထားသော plastic အကြည်အိတ်လေးကိုကောက်စွပ်ကာ ပါဝင်ဖြည့်စွက််အရာများကို သေသပ်စွာ ပြင်ဆင်ပေးနေမိသည်။
ကိုယ်တိုင်ပြင်ပေးသော နံနက်လေးစာကာ ဘေးကနေ မြတ်န်ုးမူဖြင့် ငေးမောသည်က များမကြာခင် ကာလများဆီက။
ကော်ဖီခွက်လေး နှစ်ခုထဲဝယ် ဖြည့်ပေးနေသည့် ကော်ဖီရနံ့မွှေးမွှေးတို့ကြောင့် ကလေးငယ်၏ အပြုအမူများကို အသေးစိတ်ကအစ မှတ်တမ်းတင်ကာကျေးဇူးတင်နေမိသည်။
ယခုလိုအခြေအနေလေးကို ပြန်လည်အပ်နှင်းပေးခဲ့သောကြောင့်။
" ကလေးငယ် မြည်းကြည့်အုံး၊ ကလေးအကြိုက်.....ကိုကို အစပ်လျော့ထားတယ် "
ကလေးငယ်ပါးစပ်နားတွေ့၍ ခွံ့ကြွေးမိသည့် မူန့်ဖက်လေးကြောင့် သူလေးနှစ်သက်သည့်အရသာ မဖြစ်မှာစိုးရိမ်နေသည်ကိုယ်က ကလေးငယ်မျက်နှာပေါ်က ခံစားမူသွင်ပြင်ကို သေချာလေ့လာဖတ်ရူနေမိသည်။
မျက်ဝန်းလေးပြုံးရောင်သန်းလာပြီး လက်မလေးထောင်ကာ ထပ်၍ ခွံ့ကြွေးစေရန် တောင်းခံလာသူလေးကြောင့် နှလုံးသားက တသိမ့်သိမ့်၊ တငြိမ့်ငြိမ့်။
" ကိုကိုပဲ ခွံ့ကြွေးပေးမယ်လေ "
" ဟင်းအင်း ....ကိုယ်ဘာသာစားမယ်လေ..."
" အိုခေဗျာ...ကလေးငယ်အလိုကျ "
နန်းကြီးသုပ်ပန်းကန်လေးကို ကလေးရှေ့ ချပေးကာ plastic အိတ်လေးကိုချွတ်ကာ trash ထဲ စနစ်တကျထည့်ပြီး လက်ကိုပြန်လည်ဆေးကြောကာ အခြောက်ခံနေမိသည်။
ကိုယ်အလာကိုစောင့်ဆိုင်း၍ နံနက်စာ အတူစားသုံးရန် စောင့်နေသူလေး၏ နားထင်စပ်လေးကိုလည်းမွှေးကြူဖို့ မမေ့ခဲ့။
" အရသာက အဆင်ပြေလား ကလေး..."
" အွင်း.."
" ဒါနဲ့ သားသားရော...."
" မင်းမေ့နေပြီထင်နေတာ ဟိတ်ကောင်..."
" အပါးကလည်းဗျာ...."
" သားသားလည်း စားမယ် ပါးပါး...."
အပါးနဲ့အတူဝင်လာသော သားသားက မကျေနပ်ဖွယ် ခပ်ဆူဆူမျက်နှာပေးလေးဖြင့်ကိုယ်ကို မကြည်ကြည့်ကာ သူ့အဖေလေးဆီ က ကိုယ်တိုင်ပြင်ပေးထားသော နန်းကြီးသုပ်ပန်းကန်ဆီသို့ အာရုံရနေချိန်။
" သားသား အတွက် ဒယ်ဒီပြင်ပေးမယ်လေ...."
" ဟွန့်...." ဆိုကာစိတ်ကောက်နေသူလေးက ကျွန်တော်သား ကောင်းစစ်ဟန်သာ ။
" နေပါ ...ကျွန်တော်ခွံ့လိုက်မယ်...သားသား အာ....."
သားသားကို သေချာလေးခွံ့ကာကြွေးနေသူလေးက မျက်စိမလွှဲချင်စရာ။
" သား company သွားမှာလား ..."
" ဟုတ်အပါး....ဟောင်ကောင်က ဧည့်သည်တွေ နဲ့ တွေ့ရမယ်နောက်ပြီး department တစ်ခုချင်းဆီလည်း တွေ့ဆုံစရာရှိလို့အပါး"
" အင်း ...ဒါနဲ့သားငယ်လေးရော ခေါ်သွားမှာလား...."
" ကလေးငယ်သဘောကရော....."
အပါးအမေးကို ကိုယ်တိုင်မဖြေပဲ ကိုယ်ဆီဦးတည်လာသော မြှား။
တမင်ရွဲ့ကာဖြေမိသည်က အငြင်းစကား တစ်ခွန်း ။
" ဟင်းအင်း...သား မူန့်ဆိုင်သွားမှာ အပါး ...."
" ဟာ ဘယ်ဖြစ်မလဲ ကလေးရ....ကိုကိုနဲ့ လိုက်ခဲ့လေနော်၊ ကလေးမှာထားတဲ့ ပစ္စည်းတချို့ ကိုကိုရုံးခန်းထဲရောက်နေပြီ ကိုယ်မနေ့ညကပဲ ကိုမျိုးကို စီစဉ်ခိုင်းလိုက်တာလေ ...."
အကြောင်းအရာနှင့်အခြေအနေကို ယှဉ်တွဲကာ ထောက်ပြလာပြီး company ကိုအတူသွားလိုသော တောင်းဆိုမျက်ဝန်းတို့ကြောင့် မသိမသာ ကြည့်နေမိသည်။
" နော်...ကလေး...ကိုက်ုနဲ့ လိုက်ခဲ့ပါကွာ meeting ပြီးရင် ကလေးဆိုင် ကိုယ်ပါလိုက်မယ်လေ ..ဟင် .."
ထိုင်ခုံကို ဘေးနားဆွဲကပ်လာကာ ချော့မော့ပြောဆိုနေသူ၊ အပါးရှိနေသည်ကို မမူပါပဲ ကိုယ်ဆီပဲ ဦးတိုက်လာသော ဆန္ဒတွေကိုဖော်ထုတ်ဖို့ကြိုးစားနေသူကြောင့် ခေါင်းတစ်ချက်ည်ိမ့်ကာ ဖြေကြားမိသည်။
" ပါးပါး...ကျောင်းလိုက်ပို့ဘူးလား ...."
သားကို သူကိုပစ်ထားသည်ထင်မှာစိုးသောကြောင့် နူတ်ခမ်းနားဝယ်ပေကျံနေသော ဆီဝေ့လေးများကို tissue လေးဖြင့် အသာတို့သုတ်ကာ ရှင်းပြမိသည်က....။
" ဒီနေ့ ဖိုးဖိုးကြီးက သားသားကိုလိုက်ပို့ချင်တာတဲ့ဗျာ...ဒါကြောင့် ပါးပါးက သားကျောင်းပြန်လာမှအိမ်စာအတူကူလုပ်ပေးဖို့ စောင့်နေမယ်လေ...."
" အဲလိုလား..."
၅ နှစ်သားဆိုသည့် ကလေးသဘာဝ အလျှောက် စကားလုံးတတစ်ချို့တို့ကို သေချာရှင်းပြရင် သိနားလည်တက်တဲ့အရွယ်မို့ တခါတလေ သားသားကို အကြောင်းအရာနှင့်အခြေအနေတွေကိုပါ တွဲပြီး အချက်ကျကျ အေးဆေး ရှင်းပြသွင်သင်မိသည်။
ငယ်စဉ်ကတည်းက သိနားလည်တက်တဲ့သားက ခုမှသာ တောင်းဆိုတက်တာ၊ အလိုမကျရင် ဒေါသကြီးတာကို သူ့ပတ်ဝန်းကျင်က အလိုလိုက်သူများကြား ဖော်ပြတက်သည့်အလေ့အကျင့်လေးတစ်ခုကို ဖော်ပြတက်သည်လေ။
အိမ်တော်ရှိ လူကြီးအားလုံးက ဝိုင်း၍ အလိုလိုက်အကြိုက်ဆောင်နေကြတော့ သားသားမမှားရယ်လို့ မဆိုသာတော့။ အကြောင်းအရာကိုသာ သေချာစေ့စပ်ပြီး ကလေးအသိ၊ ကလေးသဘာဝနဲ့ ကိုက်ညီစေမယ့် စကားလုံးတို့က်ို ယှဉ်ကျေးစွာ ပြောဆိုတက်ရန် သွင်သင်ခဲ့ရသည်။
" ဖိုးဖိုးကြီးအပေါ် မဆိုးရဘူးနော် သား"
" အွန်း...ဆိုးပါဘူး ပါးပါးရ"
ခွံ့ကြွေးသမျှကို ဒိုင်ခံပါးစပ်လေးဟပြီး ပလုတ်ပလောင်းစားနေသော သားတော်မောင်ကောင်းစစ်ဟန်သာကိုကြည့်ပြီး ငါ့ယောကျာ်းဆီက အမှတ်ပြည့်ရဖို့ အိမ်တော်ကစားဖိုမှူးဆီကနေ သင်ကြားထားရသည့် အသုပ်သုတ်နည်းများကို သားတော်မောင်က စားသောက်နေပုံကိုကြည့်ပြီး ကိုယ်မှာ အီလည်လည်။ သားသားအတွက် သီးသန့်သုပ်ပေးမယ်ပြောတော့ မထောက်ခံသည့်သားက ခုတော့ ဒယ်ဒီမပြောရဲတဲ့ဆန္ဒတွေကို မေ့လျော့ထားနေလား သားငယ်။
" ဒယ်ဒီ စားချင်လို့လား..."
အတွေးများခိုက် နန်းကြီးသုပ်စားနေသောသားအဖဆီ အကြည့်စိုက်နေသည်ကို သတိမမူမိ။
" သားငယ်ပဲ စားပါဗျာ....ဘယ်လိုလဲ ဒယ်ဒီလက်ရာလေးကို review ပေးပါအုံးဗျ..."
" So delicious Daddy "
လက်မလေးထောင်ကာ English လို ဖြေကြားလာသည့်သားက international school ကျောင်းဆင်းဆိုရမလို၊ သူ့ပါးပါးနဲ့ဆို အမြဲ ဗိုလ်လိုမူတ်နေတက်သော သားငယ်။
ဖိုးဖိုးကြီးနဲ့ဆို မြန်မာစကားကို ပီသစွာ ပြောကြားတက်ပေမယ့် အိမ်တော်က ကောင်မလေးတွေအပေါ်ဆို ဆရာကြီးလေ သံဖြင့် ရံဖန်ရံခါ ဗိုလ်လိုမူတ်တက်သော သားသားကို အိမ်ထိန်းတော်ကြီးကအစ အားလုံးက သည်းသည်းလူပ်ချစ်ကြသည်။
စားချင်သော မူန့်အမျိုးအမည်များကို Internet ပေါ်ကတွေ့လျှင် အိမ်ထိန်းဖိုးဖိုးဆီ Tablet ကိုမနိုင်မနင်းသယ်ကာ လက်ညိုးထိုးပြပြီး စားချင်ကြောင်းပြောကာ ချက်ပြုတ်စေသည့် သားသားက တကယ့် လူလည်ပတ်ကား။ အပြင်ထွက်ခဲသည့် ကလေးတို့သားအဖကို တခါတရံ အပြင်မှာ ညစာစားအောင်ပြောသော်လည်း အပါးတစ်ယောက်တည်း အိမ်တော်မှာပဲ အပါးနဲ့အတူ စားမည်ဟုဆိုကာ ငြင်းဆိုတက်သည်လေ။ အိမ်တော်ရှိ စားဖိုးမှူးများ၏ လက်ရာများကို အမြဲ စိတ်ကြိုပ်လက်ညိုးလေးထိုးပြီး ချက်ပြုတ်ခိုင်းစေသူက လူလည်ကောင်လေး ကောင်းစစ်ဟန်သာ။
တစ်ဦးတည်းသော မြေးလေးမို့ အပါးက အတော်ချစ်သလို ကျောင်းတက်ချိန်မှလွဲ အပါးအနားမှာသာ အမြဲရှိနေသည့် သားငယ်က အပါူ၏ရင်နှစ်သည်းခြာ မြေးအလှရတနာ။
"အပါးရော....showroom သွားမှာလား ..."
" မြေးငယ်ကို ကျောင်းပို့ပြီးချိန်ကြမှ ခဏသွားမလားလို့ နံနက်ပိုင်း ကိုမျိုးနောင်လာမယ်ဆိုလို့ သား "
" အော်....ဟုတ်ကဲ့ပါ အပါး..."
" သခင်လေး ....ကျောင်းဝတ်စုံလဲဖို့ အချိန်ရောက်ပါပြီ.."
အပါးရဲ့နားကို ခါးလေးကုန်းကာ သားသားကျောင်းသွားချိန်နီးပြီမို့ အသိပေးလာသည့် အိမ်ထိန်းတော်ကြီးက သားသားအပေါ် အပါးထက်မလျော့သော အချစ်မျိုးနဲ့ မျက်စိအောက်က အပျောက်မခံခဲ့ကြပေ။
"ဖိုးလေး သားသားဖို့ Hot chocolate ပူပူလေးနော်..."
" ဖိုးလေး ပြင်ထားပေးပါ့မယ်သခင်လေး..."
" အွန်း...ကျေးဇူးတင်ပါတယ်ဗျ..."
လိုချင်တာရရင် ကျေးဇူးတင်စကားဖြင့်အမြဲ တုန့်ပြန်တက်သည့်ကလေး။
အိမ်ထိန်းတော်ကြီး နောက် ဖင်လေးနောက်ပစ်ကာ ကောက်ကောက်ပါအောင် လိုက်သွားသည့် ကောင်းစစ်ဟန်သာကိုကြည့်ပြီး dinning table မှာ ထိုင်နေကြသည့် လူကြီးသုံးယောက်မှာ အပြုံးမပျက်။
" သားတို့လည်း company သွားဖို့ ပြင်ဆင်လိုက်အုံးမယ်အပါး...."
" အေးအေး...လုပ်လေ သား..."
" ကလေး...ထလေ...."
တမင်ပေကပ်ကာထိုင်နေသည့် ကလေးငယ် ပုခုံးအနားတိုးကပ်ကာ နား, အနားကပ်ကာ ခေါ်နေမိသည်။
" ဟား...လိုက်သွားလ်ိုက်ပါသားငယ်ရေ.....ရဲရင့်က ငါ့မြေးထက်အခြေအနေဆိုးနေပြီနော်.."
" အာ...ဟုတ်..ဟုတ်ကဲ့ပါ အပါး...သွားခွင့်ပြုပါအုံးဗျ..."
လက်ဆွဲကာ ခေါ်နေသူနောက်ကို ထပ်ကြပ်မကွာ လိုက်ရင်း အပေါ်ထပ်ဆီတက်တော့ လှေကားနံဘေးက ဧည့်ခန်းမကြီးက အလုပ်လုပ်နေကြသော ကောင်မလေးတွေက ခေါင်းကိုငုံ့ကာ ရပ်နေကြသည်။
အိမ်ထိန်းတော်ကြီး က ခပ်ပြုံးပြုံးဖြင့်ခေါင်းညိမ့်ပြရင်း သားသားအတွက် Hot chocolate ဗူးလေးကိုကိုင်ကာ သားသားစားနေကြ စတော်ကိတ်သေးသေးလေးကလည်းမပါမဖြစ်။
" ကိုကို ရေချိုးအုံးမယ်....ကိုယ်နဲ့အတူ ချိုးမလား...ကလေး .."
ရယ်ရွှင်နေသောမျက်နှာပေးဖြင့် ပြောသော အမေးစကားကို ခေါင်းရမ်းရွေ့သာ ဖြေမိသည်။
" နောက်မှချိုးမယ်...ခင်များ ချိုးတော့လေဗျာ...."
" ကိုကိုလို့ ခေါ်ပါအုံးလား အသည်းရာ...ကိုယ်ကိုခွင့်မလွတ်နိုင်သေးဘူးလား...ကိုယ်တောင်းပန်ပါတယ် ကလေးငယ်...ရယ်"
အကျီင်္ချွတ်လျှက်သား ကျောဘက်ဆီကနေ ခါးတစ်ဝှိက် ဖြန့်ကျက်ကာ သိုင်းဖက်ထားသော ထိုလူလက်တွေပေါ်ကနေ ဖယ်ခွါရန်ပြင်တော့ ထွက်လာသော ထိုသူ့၏ ညိုးငယ်စကားတွေကြောင့် အသာရပ်ပေးနေမိသည်။
" ကိုကို မှားခဲ့တယ်...ကိုယ်သိပ်မိုက်မဲခဲ့တာပါ ကလေးရယ်.....ကိုကိုတောင်းပန်ပါတယ်ကွာ..."
တစ်ခွန်းတည်းသော စကားတွေကို နင့်နင်နဲနဲပြောဆို တောင်းပန်မူနဲ့အတူ ဂုတ်ပိုးပေါ်ကျရောက်လာသော ထိုသူ့မျက်နှာထားနှင့် ထွက်သက်နွေးနွေးတို့ကြောင့် တစ်ချက်တွန့်သွားမိ၏။
" မ...ဟုတ်ပါဘူး...."
" ကလေးငယ် နာကျင်ခဲ့ရသမျှ အတိုးချကာ ကိုကို ပိုချစ်ပေးပါ့မယ်၊ ကြင်နာပေးပါ့မယ် "
" ရေချိုးတော့လေဗျာ...နောက်ကျတော့မယ် ...."
မျက်နှာချင်းဆိုင်လှည့်၍ သိမ်းဖက်ထားသော သူ့၏ လက်တံရှည်တွေကြားကနေ စီးကျနေသော နောင်တမျက်ရရည်တို့ကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ခပ်ဖွဖွ သုတ်ပေးနေမိသည်။
" ပြွတ်! ....ကိုကို ရေချိုးတော့မယ်နော်...."
နဖူးပြင်ပြေပြေလေးကို တစ်ချက်နမ်းကာ လက်ခုံဖြင့် မျက်ရည်တို့ကိုသုတ်ကာ bathroom ထဲ ဝင်သွားသူ၏ ကျောပြင်ကိုကြည့်ကာ တစ်ခဏတွေဝေနေမိသည်။
အဝတ်လဲခန်းထဲဝင်၍ သားဒယ်ဒီ ဝတ်ဆင်ရန် နက်ပြာsuits ကို ထုတ်ယူကာ suits နဲ့လိုက်ဖက်မည့် necktie နှင့် နာရီတို့ကိုရွေးချယ်ပြီး အိပ်ယာပေါ် တင်ထားပေးမိသည်။ ကိုယ်တိုင်လည်း ရေချိုးရမည်မို့ ပေါ့ပါးသော jean pans နှင့်အတူ အမြဲမပြတ်ဝတ်ဆင်လေ့ရှိသော grey color ရှပ်ကလေးပြင်ဆင်ကာ အိပ်ယာပေါ်ချ၍ ရေချိုးခန်းက ထွက်လာမည့် ခေါင်းလျှော်လာမည့်သူအား စောင့်ဆိုင်းနေမိသည်။
ချောက် ~ ဆိုတဲ့ တံခါးဖွင့်သံလေးနဲ့အတူ တပတ်ဖြူလေးကို ပတ်ပြီး ခေါင်းကရေစိုလက်စဖြင့်ထွက်လာသောသူကိုကြည့်ပြီး တောင့်တင်းခိုင်မာလှသည့် ကြွက်သားများကို အမှန်တကယ်အားကျနေမိသည်။
" ကလေး...."
ရေစက်လေးဖြင့် ကိုယ့်ကို မျက်တောင်မခတ်ငေးနေသေ ကလေးငယ်မျက်နှာလေးကို ေတာက်ချမိသည်။ အံသြခြင်းေတွနှင့်စုံမှိတ်ချလိုက်သည့် မျက်ဝန်းဝိုင်းတို့ေကြာင့် ေပွ့ဖက်နမ်းရူံ့ချင်စိတ်က ထိန်းမချင်ပြီ။
"ရေ....ရေသွားချိုးတော့မယ်..."
" ဟုတ်ပါပြီဗျာ....မြန်မြန်ချိုးနော် ကလေး..."
ကိုယ်ရှေ့ကိုစုံလာရပ်ကာ စူးစိုက်ကြည့်နေသူအား ရောင်ရမ်းကာ ခေါင်းညိမ့်ပြမိသည်။
ရေချိုးခန်းတံခါးကို ခပ်မြန်မြန်ဆွဲပိတ်ကာ အခန်းတွင်းဝယ်ခုံနေသော ရင်ဘတ်ကို လက်ကလေးဖြင့် ဖိချကာ မျက်နှာထက်ဝယ် အပြုံးလေးက မပြယ်တပြယ်။ ချစ်ခြင်းတရားဆိုသည်ကား နာကျင်မူတွေကြားထဲမှာပင် သည်လူကိုမှ စွဲစွဲမြဲမြဲ ချစ်မိနေသလို၊ သည်လူတစ်ယောက်တည်းကိုပဲ သည်လူပေးသော ချစ်ခြင်း၊ မုန်းခြင်း၊ စသော ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနေသော်ငြား သူတစ်ယောက်တည်းကိုသာ သေတဖန်သက်တစ်ဆုံး နှလုံးထက်ဝယ် စွဲမြဲစွာ မြတ်နိုးမည်သည်။
"ရှက်စရာကောင်းနေလား ....အရမ်းငေးမိသွားလား ..." ကိုယ့်ကိုကို ပြန်တွေးရင်း နီရဲဆွေးလာသော ပါးနှစ်ဖက်ကို လက်ကလေးဖြင့်အုပ်ကိုင်ကာ bathroom ထဲက mirror ထက်ဝယ် ရှက်ပြုံးမျက်နှာရဲရဲလေးက သက်သေတည်နေပြီ။
" ကလေး....မကြာစေနဲ့နော် " ဆိုသည့် အခန်းပြင်ပက ဟစ်အော်သံတို့ကြားရသော် ရှက်ပြုံးမျက်နှာထက်က မြတ်နိုးခြင်းရိပ်ယောင်တို့ပါရောယှက်ကာ နေလေ၏။
" ဒီလူကြီးက သိပ်ပဲများနေတာ"
" သားအဖေ ဖြစ်နေပြီက်ို ခုထိ ပဲများချင်နေတုန်းပဲ ...ဟွန့်..." စသည့် မကျေနပ်သလို မျက်နှာပေးဖြင့် ရင်ထဲက ခုန်လူပ်နေသော နှလုံးသားခံစားပျော်ဝင်မူကိုပါ ဖုံးထိထားလိုက်သည်လေ။
အမှန်တကယ်ပါ ! သားဒယ်ဒီက ခုထိ အရမ်းကြည့်ကောင်းနေဆဲ.....။
မိန်းမပျိုတွေကြား ရေပန်းစားနေဆဲ၊ သမီးရှင်များက ကမ်းလှမ်းခွင့်ရလျှင် တောင်လိုပုံနေမည့် ကမ်းလှမ်းသူများနေဆဲ....။
" သူကိုက အရမ်းပဲများနေတာ.....အာ......."
မကျေနပ်သလို ရေရွတ်ကာ အခန်းပြင်ခြေချမိတော့ Bathroom တံခါးဝဘေး suits အပြည့်ဖြင့် ချောမောနေတဲ့ သားဒယ်ဒီဆိုတဲ့လူကြောင့် နှလုံးသွေးတို့ ရပ်မတက်။
ရင်ခုန်ရလွန်းလို့ !
ကြည့်ကောင်းလွန်းလို့ !
ကိုယ်ပြင်ပေးထားမိတဲ့ နက်ပြာရောင် suites ကို ဖက်ရှင်ကျကျ ဝတ်ဆင်ထားသူကို ပါးစပ်လေးဟကာ ငေးမောနေမိချိန် ခေါင်းပေါ်ကို ဖုံးအုပ်ခံလိုက်ရသည့် ပါဝါဖြူလေးက ရေစက်များကို ဖယ်ရှာပေးဖို့ရာများလား ဟူ၍......။
" ပြွတ်စ်.....ဘာတွေငေးနေလဲ ကလေးရဲ့....လာ ကိုကို ရေသုတ်ပေးမယ်ဗျာ..."
ပါဝါဖြူလေးဖြင့် ခေါင်းပေါ်က ရေစက်လက်များကို ခပ်ဖွဖွသုတ်ပေးပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ နီရဲဆွေးနေသော ခန္ဓာကိုယ်ပေါ်သို့ ဖြေးညှင်းစွာ သုတ်ပေးလာသူအား မော့ကြည့်မိသည့်အခိုက်....ထပ်တူကျလာသော နူတ်ခမ်းလေးနှစ်ခု။
" ကိုကိုက သိပ်ချစ်တာနော်.....ပြွတ်စ်...."
နွေးသွားသောနူတ်ခမ်းဖျားလေးကို မြတ်နိုးခြင်းတို့ဖြင့်တခဏ ထိတွေ့လိုက်သည့်အခိုက် ...။
ခုန်လူပ်နေသော ရင်ခုန်သံတွေကို ဆက်မဖုံးကွယ်နိုင်သောကြောင့်များလား...ဖွင့်ဟမိသည့် စကားလေးတစ်ခွန်း....။
" ကျွန်တော်လည်း ချစ်တယ်......."
" ကျေးဇူးတင်ပါတယ် ကလေးရယ်....ကိုကိုလေ ....အရင်ချိန်တွေကို အရမ်းနောင်တရမိတယ်....ခုထိလည်း ကိုယ်ကိုကိုယ် မလုံလောက်သေးဖူးဆိုတာ သိပေမယ့် ကိုယ်ပေါ် ချစ်မြတ်နိုးပေးတဲ့ ကလေးကို ကျေးဇူးတင်ပါတယ်....အသက်ခန္ဓာတည်နေသရွေ့ ကလေးတို့သားအဖ မျက်နာမညိုးငယ်စေရပါဘူး ကိုကို ကတိပေးတယ်နော်..."
" အင်းပါ...."
"အကျီဝတ်မယ် အပြင်ထွက်ပေး....."
" ဟောဗျာ....မမြင်ဖူးတာလည်းမဟုတ်ပဲ..."
" ဟွန့်..."
" အိုခေ....စိတ်တော့မကောက်ပါနဲ့ဗျာ....အောက်ထပ်မှာစောင့်နေမယ်နော် အသည်း..."
အိတ်ကိုကောက်ကာ ခပ်မြန်မြန် အခန်းထဲကထွက်သွားသူကိုကြည့်ပြီး အပြုံးအရယ်ကရပ်မရခဲ့။
ထိုလူကြီးက ဆိုးပါသည်။
ဤသို့၊ ဤပုံ အလိုလိုက်လျှင်ဖြင့် ကျွန်တော်ဆိုးပေမိတော့မလား.....။
ရှက်စရာကောင်းလိုက်မည့်ဖြစ်ခြင်း ။
ထိုလူနမ်းရိူက်သွားသော နှင်းဆီဖူးလေးကို လက်လေးဖြင့်ခပ်ဖွဖွ ထိတွေ့ရင်း ရင်ထဲမှ ကြည့်နူးမူတို့ကတသိမ့်သိမ့်ခုန်လူပ်နေသည်လေ။
" အင်း......အပြင်ကြ ဘာကိုစိတ်ကောက်ရမလဲ.....အဟိ! ....."
အလိုလိုကိပေးသူရှိလို့ ကျွန်ုပ်ဆိုးသွမ်းလာပါသည်။
သားသားနှင့်အပြိုင် ဆူကောက်ချင်နေသော နှင်းဆီဖူးလေးပေါ် လိပ်ပြာလေးဝဲချိန်တစ်ခဏ မှေးမှိတ်လိုက်သည့် မျက်ဝန်းဝိုင်းဝိုင်းတွေကို ကာရံထားသည့် မျက်တောင်ကော့တွေထဲ တိုးဝင်လာသည့် အနမ်းတွေကြောင့် ရင်ခုန်နေသည်မှာ ကြိမ်ဖန်များစွာ...."ထိုလူသည် ကဝေတွေလို ရစ်သိုင်းဖက်ထားရင်း ပြုစားတက်စေ၏"
" ချစ်ခြင်းတို့အလွန်က နာကျင်ခြင်းတွေကို ပြေပျောက်စေမည့် မြတ်နိုးယုယမူတွေကြားက အကြင်နာတွေကို ခံယူရင်း...ပြုံးရယ်မူသည်ကား....ရင်ခုန်သံမြန်သရွေ့ အမြဲမပြတ်စီးဆင်းနေသော စမ်းချောင်းလေးလို တသိမ့်သိမ့်၊ တငြိမ့်ငြိမ့်လေး.....။
# ဒီနေ့ မမရဲ့ မွေးနေ့ မို့ ongoing ရေးနေတဲ့ ၂ပုဒ်နှင့် completed ဖြစ်သားတစ်ပုဒ်ကို birthday gifts အနေနဲ့ extra လေး ရေးပြီး triple update အပြိုင်ပေးလိုက်တယ်နော်..
# မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#မမက အများကြီး သတိရတယ်နော်....
zawgyi
" ကလေးငယ်...."
" ဗျာ...."
Kitchen room ထဲက coffee pot လေးနဲ့အလုပ်ရူပ်နေသူလေး၏ နောက် ဖက်ဆီကနေ ရစ်သိုင်း၍ မြတ်နိုးရသည့် ခါးသွယ်သွယ်လေးကို ခပ်ဖွဖွဖက်ထားကာ သူ့လေး၏ လည်ဂုတ်သားဆီ မျက်နှာအပ်၍ ကလေးငယ် ကိုယ်သင်းရနံ့ကို နံနက်ချိန်ခါဝယ် အပြည့်အဝမွှေးကြူနမ်းရိုက်မိသည်။
ခပ်ဖွဖွပွေ့ဖက်ထားမူကြောင့် ကိုယ်ရင်ခွင်အတွင်း ရပ်နေသူလေးကြောင့် အပေါ်စီးမှမြင်ရသော ရူမငြီးဖွယ် ထူထဲကော့ညွှတ်လှသည့် မျက်တောင်များပေါ်သို့ ခပ်ပွပွနမ်းရိုက်လိုက်သည်။
မယုံသလို အမေးစကားလေးဝင့်ကာ မျက်နှာလေးကိုမော့ဟန်ချီ၍ မေးနေသူလေးကြောင့် မျက်နှာချင်းဆိုင်အနေအထားပြောင်းယူပြီး နဖူးပြေပြေလေးကအစတည်လို့ ချိုမြမြနူတ်ခမ်းလေးထက်ဝယ် တစ်ခဏ နမ်းရိုက်မိသည်။
" တော်ပြီဗျာ....ဖယ်တော့....."
နန်းကြီးသုပ်ရှိရာဆီသို့လက်ညိုးညွှန်ပြသည့် အမျိုးသားလေးကြောင့် စားပွဲပေါ် အရံသင့် တင်ထားသော plastic အကြည်အိတ်လေးကိုကောက်စွပ်ကာ ပါဝင်ဖြည့်စွက်အရာများကို သေသပ်စွာ ပြင်ဆင်ပေးနေမိသည်။
ကိုယ်တိုင်ပြင်ပေးသော နံနက်လေးစာကာ ဘေးကနေ မွတျနျုးမူဖွငျ့ ငေးမောသည်က များမကြာခင် ကာလများဆီက။
" အရသာက အဆင်ပြေလား ကလေး..."
" အွင်း.."
" ဒါနဲ့ သားသားရော...."
" အပါးကလည်းဗျာ...."
" ကလေးငယ်သဘောကရော....."
" နော်...ကလေး...ကိုကျုနဲ့ လိုက်ခဲ့ပါကွာ meeting ပြီးရင် ကလေးဆိုင် ကိုယ်ပါလိုက်မယ်လေ ..ဟင် .."
" အဲလိုလား..."
" ဒယ်ဒီ စားချင်လို့လား..."
" So delicious Daddy "
" အော်....ဟုတ်ကဲ့ပါ အပါး..."
" အေးအေး...လုပ်လေ သား..."
" ကလေး...ထလေ...."
" ဟား...လိုကျသှားလျိုကျပါသားငယျရေ.....ရဲရင့်က ငါ့မြေးထက်အခြေအနေဆိုးနေပြီနော်.."
" မ...ဟုတ်ပါဘူး...."
" ကလေး...."
ရေစက်လေးဖြင့် ကိုယ့်ကို မျက်တောင်မခတ်ငေးနေသေ ကလေးငယ်မျက်နှာလေးကို တောကျခမြိသညျ။ အံသြခြင်းေတွနှင့်စုံမှိတ်ချလိုက်သည့် မျက်ဝန်းဝိုင်းတို့ေကြာင့် ေပွ့ဖက်နမ်းရူံ့ချင်စိတ်က ထိန်းမချင်ပြီ။
" သားအဖေ ဖွဈနပွေီကျို ခုထိ ပဲများချင်နေတုန်းပဲ ...ဟွန့်..." စသည့် မကျေနပ်သလို မျက်နှာပေးဖြင့် ရင်ထဲက ခုန်လူပ်နေသော နှလုံးသားခံစားပျော်ဝင်မူကိုပါ ဖုံးထိထားလိုက်သည်လေ။
ရင်ခုန်ရလွန်းလို့ !
" အင်းပါ...."
" ဟွန့်..."
ထိုလူကြီးက ဆိုးပါသည်။
ထိုလူနမ်းရိုက်သွားသော နှင်းဆီဖူးလေးကို လက်လေးဖြင့်ခပ်ဖွဖွ ထိတွေ့ရင်း ရင်ထဲမှ ကြည့်နူးမူတို့ကတသိမ့်သိမ့်ခုန်လူပ်နေသည်လေ။