Zawgyi
ဒန္နာရီဟာ ေရွ႕ကျမင္ကြင္းကို ရပ္ၾကည့္ေနေတာ့သည္၊ဒီျမင္ကြင္းက အတိတ္ဘဝတုန္းက သူရဲ႕ေနာက္ဆုံးအခ်ိန္ပင္၊
ထိုတုန္းက ဘာေၾကာင့္ရယ္မသိ သူ႕အစ္ကိုေတြဟာ သူ႕ကို မုန္းတီးခဲ့ၿပီး သတ္ျဖတ္ခ်င္ခဲ့သည္၊ဒါေပမယ့္ ဒီတံခါးခ်ပ္ဟာ သူျဖစ္ပ်က္ခဲ့သည့္အတိတ္ကိုျပသေပး႐ုံသာမက ရႈေထာင့္မ်ိဳးစုံကို ျပသေပးတာေၾကာင့္ ဒန္နာရီဟာ ျဖစ္ေၾကာင္းကုန္အင္ကို နားလည္လာေတာ့သည္၊
ကလီနာဟာ နတ္ဆိုးေတြနဲ႕ပူေပါင္းခဲ့ေပမယ့္ ဒီဘဝကအတိုင္း ပထမသခင္ေလးနဲ႕ဒုတိယသခင္ေလးတို႔မိခင္ကို စြပ္စြဲခ်က္တင္ခဲ့သည္၊အရာအားလုံးဟာလည္း ကလီနာအစီအစဥ္အတိုင္းျဖစ္ခဲ့ၿပီး ကလီနာဟာ သူေတာ္ေကာင္းေယာင္ေဆာင္ၿပီး ပထမသခင္ေလးဆိုရက္စ္နဲ႕ဒုတိယသခင္ေလးေဒ့ကိုးနက္စ္တို႔ေရွ႕မွာ မားမားမတ္မတ္ရပ္ျပခဲ့ၿပီး ဒီျဖစ္စဥ္ဟာ ကေလးႏွစ္ေယာက္နဲ႕မပတ္သတ္ေၾကာင္း ရဲရင့္စြာေျပာျပခဲ့သည္၊
ဒီကိစၥကို ဒန္နာရီ မႀကဳံခဲ့ေပ၊ဒါက မထူးဆန္းပါဘူး၊ထိုအခ်ိန္က အျခားသူေတြရဲ႕အေရးကိစၥကို ဒန္နာရီ အာ႐ုံမစိုက္နိုင္ျဖစ္ခဲ့တာကိုး၊
"မင္းက ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းတာပဲ ဒန္နာရီ!" ဝိညာဥ္ဒန္နာရီဟာ ထြက္ေပၚလာတဲ့အသံေၾကာင့္ သူရဲ႕မ်က္လုံးမ်ားကို ပင့္ကာၾကည့္လိုက္သည္၊အိုလီဘာရင္ခြင္ထဲမွာ အန္ဒီးယားဟာ ေၾကာက္႐ြံ႕ထိတ္လန္ေနတဲ့ယုန္ငယ္ေလးလို ငိုယိုေနၿပီး အိုလီဘာဟာ ဒန္နာရီကို မုန္းတီးစြာစိုက္ၾကည့္ရင္း ေအးစက္ေသာေလသံျဖင့္ေျပာလာေတာ့သည္၊
ထိုေနာက္မွာ လူတစ္ေယာက္ဟာ ဒန္နာရီတို႔ၾကားေရာက္လာကာ ဒန္နာရီကို ဓားနဲ႕ခ်ိန္လာေတာ့သည္၊
"ဆရာရီစဲလ္" ဒန္နာရီရဲ႕ေမွးမွိုန္မွိုင္းေနတဲ့မ်က္လုံးမ်ားဟာ အနည္းငယ္အံ့အားသင့္သြားေတာ့သည္၊ဝိညာဥ္ဒန္နာရီဟာ ရီစဲလ္ကို ေအးစက္စြာစိုက္ၾကည့္ခဲ့သည္၊ထိုလူနဲ႕သူဟာ စစ္ပြဲေပါင္းမ်ားစြာ တူတူေက်ာ္ျဖတ္ခဲ့ေပမယ့္ ထိုလူကေတာ့ အန္ဒီးယားေပၚသာ သစၥာခိုင္ၿမဲခဲ့သည္၊ဘာေၾကာင့္လဲဆိုေတာ့ အန္ဒီးယားဟာ ရီစဲလ္ကို သူရဲ႕အသက္ကိုစြန့္ကာ ကယ္တင္ခဲ့ဖူးတာေၾကာင့္ ျဖစ္သည္၊
ေတာ္ေတာ္ရယ္ရတဲ့ဟာသတစ္ပုဒ္ေပ၊ဒန္နာရီဟာ ရီစဲလ္ကို အေစခံတစ္ေယာက္လို ဘယ္ေတာ့မွ သေဘာမထားဘဲ သူရဲ႕ေသြးေသာက္ညီအစ္ကိုတစ္ေယာက္ကို သေဘာထားခဲ့သည္၊ဒါေပမယ့္ ေနာက္ဆုံးေတာ့ သူဟာ သစၥာေဖာက္ခံလိုက္ရသည္မလား၊
ဝိညာဥ္ဒန္နာရီဟာ အံႀကိတ္လိုက္ၿပီး သက္ျပင္းကို ေလးေလးပင္ပင္ခ်လိဳက္သည္၊နာၾကဥ္းမႈေၾကာင့္ သူရဲ႕ဝိညာဥ္ပင္ နာက်င္လွသည္၊ဒါေတြအားလုံးဟာ အတိတ္က ပုံရိပ္ေယာင္ေတြျဖစ္ၿပီး လက္ေတြ႕ဘဝမွာ လုပ္စရာေတြမ်ားျပားလွတာေၾကာင့္ သူဟာ လူပိန္းတစ္ေယာက္လို ဒီထဲမွာ ပိတ္ေနစရာအေၾကာင္းမရွိေပ၊
"သခင္ေလး မင္းကို ဒီလိုလူမ်ိဳးလို႔ ငါမထင္ခဲ့ဘူး... ဒါက ငါ့ကို စိတ္ပ်က္ေစတယ္" ရီစဲလ္ဟာ အံ့ႀကိတ္ကာေျပာလာေတာ့သည္၊ဒန္နာရီရဲ႕ေျခာက္ေသြ႕ေနတဲ့ႏူတ္ခမ္းမ်ားဟာ ဖြင့္ဟသြားၿပီးေနာက္မွာ ျပန္ပိတ္သြားေတာ့သည္၊
'မင္းက ငါ့ကို ဒီလိုလူမ်ိဳးလို႔ပဲ အၿမဲေတြးေနခဲ့တာ မဟုတ္ဘူးလား' ဝိညာဥ္ဒန္နာရီဟာ စိတ္ထဲကေနေျပာလိုက္ၿပီး သူရဲ႕ရင္ဘက္ႏွလုံသားရွိရာကို ဖိလိုက္ၿပီး ခပ္ဟဟရီလိုက္သည္၊
ဒန္နာရီနားမွာ မိတ္ေဆြမ်ားစြာမရွိခဲ့ေပ၊ဒန္နာရီ အလြန္ယုံၾကည္ရတဲ့သူေတြထဲမွာ ရီစဲလ္လည္းပါဝင္ခဲ့သည္မလား၊အိုလီဘာေအးစက္စက္စကားေတြထက္ ရီစဲလ္ရဲ႕စကားဟာ ဒန္နာရီကို ပိုနာက်င္မိသည္၊
ဒန္နာရီရဲ႕မ်က္ဝန္းေတြဟာ အန္ဒီးယားဆီေရာက္သြားေတာ့သည္၊ ရီစဲလ္ဟာ ေရွ႕ကေန ပိတ္ကြယ္လိုက္သလို အိုလီဘာဟာလည္း ဒန္နာရီမျမင္ေအာင္ ကာကြယ္ေပးေနေတာ့သည္၊သူတို႔စိတ္ထဲမွာ ဒန္နာရီဟာ အန္ဒီးယားကို ထိခိုက္ေစမဲ့မေကာင္းဆိုးဝါးလိုပင္၊
ဒန္နာရီဟာ မ်က္ရည္မ်ားစီးက်ေနၿပီး သူ႕ကိုစိုက္ၾကည့္ေနတဲ့သူေတြကို ၾကည့္လိုက္သည္၊
"ကြၽန္ေတာ္ရဲ႕ဘဝက သူရဲ႕မ်က္ရည္တစ္စက္ေလာက္ေတာင္ တန္ဖိုးမရွိပါလား..."
"အေဖေျပာၾကည့္ပါ ကြၽန္ေတာ္ ငယ္စဥ္တည္းက ရိုစဲဆလပ္အိမ္ေတာ္ကို မ်ားစြာတိုးတက္ေအာင္ ကူညီေပးခဲ့တယ္၊ ကြၽန္ေတာ္နာမည္ကို ထုတ္ေဖာ္မျပသဘဲ အျခားသူနာမည္နဲ႕အစားထိုး ထုတ္ေဖာ္ခဲ့တာေတာင္ ကြၽန္ေတာ္ အျပစ္တင္ဖူးလား"
"မင္းသားအိုလီဘာ ေျပာၾကည့္ပါ ခင္ဗ်ားအနားကေန ေနၿပီး တိုက္ပြဲတိုင္း အေကာင္းဆုံးရလဒ္ေတြထြက္ေပၚေအာင္ ကြၽန္ေတာ္ အၿမဲတမ္းႀကိဳးစားခဲ့ေပမယ့္ မင္းသားက ကြၽန္ေတာ့္ဂုဏ္ပုဒ္ကို ထုတ္ေဖာ္မျပသခဲ့တုန္းက ကြၽန္ေတာ္အျပစ္တင္ဖူးလား"
"မင္းတို႔လည္း ေျပာၾကည့္ေလ ဘယ္သူ႕အေပၚ ငါအျပစ္တင္ဖူးလဲ... အခုေတာ့ အန္ဒီးယားဆီကေန ငါက သူ႕ကို ထိခိုက္ေစတယ္ဆိုတဲ့စကားနဲ႕တင္ မင္းတို႔က ငါ့ကို အျပစ္တင္႐ုံသာမက စိတ္ပ်က္ေစေၾကာင္း ေျပာဆိုခဲ့တယ္...တကယ္တည္း စိတ္ပ်က္ရမဲ့သူက ဘယ္သူလဲ..." ဒန္နာရီရဲ႕အသံဟာ တုန္ေနေပမယ့္ သူေျပာလိုသည့္အေၾကာင္းအရာမ်ားကို ေျပာဟခဲ့သည္၊
"ဒန္နာရီ... မင္း...မင္းက ဘာေၾကာင့္ ဒီအေၾကာင္းေတြေျပာေနတာလဲ... ငါ့ကို မင္းသတ္ဖို႔ရည္႐ြယ္တာ အကုန္လုံးျမင္တာပဲ... " အန္ဒီးယားဟာ လက္သီးကိုဆုပ္လိုက္ၿပီး သူဟာ ငိုယိုကာေျပာလာေတာ့သည္၊ေဘးကအေစခံေတြဟာလည္း လက္ခံစြာ ေထာက္ခံ့ေနေတာ့သည္၊ ဒန္နာရီဟာ ရီစဲလ္လက္ထဲက ဓားကို ၾကည့္လိုက္သည္၊ထိုဓားဟာ သူရဲ႕ရင္ဘက္ကို ခ်ိန္ထားဆဲပင္၊
"ငါက ရွင္းျပေနတာမဟုတ္ဘူး မင္းတို႔က ငါ့ကို ေသေစခ်င္ရင္လည္း တိုက္ရိုက္ေျပာလိုက္လို႔ရတယ္...ငါ ဒန္နာရီရိုစဲဆလပ္က... ရိုစဲဆလပ္အိမ္ေတာ္ရဲ႕အပယ္ခံသားတစ္ေယာက္သာသာပါပဲ..."
"အမတ္ႀကီး၏အခ်စ္ဆုံးသားရဲ႕မ်က္ရည္ေလာက္ေတာင္ ငါ့ဘဝက နိမ့္က်လြန္းတယ္မဟုတ္ဘူးလား... သတ္လိုက္ပါ "
ဝိညာဥ္ဒန္နာရီဟာ မ်က္ရည္မ်ားစီးက်ေနကာ ထိုျမင္ကြင္းကို စိုက္ၾကည့္ခဲ့သည္၊ရွင္းရွင္းေျပာရရင္ သူဟာ ထိုျမင္ကြင္းကို ေမ့ေလ်ာ့ေနခဲ့သည္၊သူမမွတ္မိခ်င္လို႔လည္း ျဖစ္နိုင္သည္၊သူသိခဲ့တာ သူရဲ႕သက္ေတာ္ေစာင့္ဟာ သူ႕ကို သတ္ခဲ့သည္ေပါ့၊
အန္ဒီးယား ရိုစဲဆလပ္... မင္းလည္း တူေသာအက်ိဳးကို ခံစားရလိမ့္မယ္၊ဒီအတိတ္ဘဝရဲ႕တူးေဖာ္မႈတိုင္းမွာ ငါရဲ႕ဆုံးျဖတ္ခ်က္က ခိုင္ၿမဲသတဲ့ခိုင္ၿမဲလာခဲ့ၿပီ၊
ကလဲ့စားကို ကလဲ့စားနဲ႕ေခ်ကာ ေကာင္းေသာအက်ိဳးမဟုတ္ေပ၊ မင္းတို႔လိုလူမ်ိဳးေတြက ငါတစ္ေယာက္တည္းကို ဒုကၡေပးခဲ့တာမဟုတ္ဘူး၊
ကံၾကမၼာတဲ့လား၊အနာဂတ္ကို သိေနတဲ့သူတစ္ေယာက္ကို ကံၾကမၼာက တားဆီးနိုင္ရဲ႕လား၊ငါဒန္နာရီက သိခ်င္ရဲ႕၊
*ဒင္*
[ဂုဏ္ယူပါတယ္ သင္ဟာ အတိတ္ရဲ႕တံခါးခ်ပ္ထဲမွာ စတုတၳေအာင္ျမင္သူတစ္ဦးျဖစ္ပါတယ္]
[သင့္ကို ျပန္လည္ပို႔ေဆာင္ေပးမည္ျဖစ္တာေၾကာင့္ ပို႔ေဆာင္ေနတဲ့လမ္းမွာ သင္ဟာ ၾကယ္ေတြကို ခူးစြတ္နိုင္ပါတယ္]
ဒန္နာရီဟာ ထိုစကားေၾကာင့္ ေၾကာင္အသြားေတာ့သည္၊ဒါေပမယ့္ တစ္စုံတစ္ဦးဟာ သူ႕ကို ေဆာင့္ဆြဲသြားသလိုခံစားရၿပီး ပုံရိပ္ေယာင္ျမင္ကြင္းေတြဟာလည္း ဒန္နာရီနဲ႕ ေဝးသတဲ့ေဝးလာေတာ့သည္၊
'ၾကယ္ေတြကို ခူးစြတ္ရမယ္'ဒန္နာရီဟာ ထိုအေၾကာင္းအရာကို နားမလည္ေပမယ့္ ေမွာင္မဲေနတဲ့လမ္းတစ္ေလွ်ာက္မွာ အလင္းေရာင္ ေဖ်ာက္ေဖ်ာက္ေတြကို ျမင္လိုက္ေတာ့ သူဟာ ေတြေဝမေနဘဲ လက္နဲ႕လွမ္းယူလိုက္ေတာ့သည္၊
သူရဲ႕ခႏၶာကိုယ္ဟာ ႏြေးေထြးသြားၿပီး အလြန္ေကာင္းမြန္တဲ့ခံစားတဲ့တစ္ခုျဖတ္သန္းသြားေတာ့သည္၊သူဟာ ေလးခုေျမာက္ၾကယ္ကို ခူးယူၿပီးေနာက္မွာ အလင္းေရာင္ကို စတင္ျမင္ေတြ႕ေနရေတာ့သည္၊
*သခင္ ဟိုဘက္က အျဖဴေရာင္အလင္းလုံးကို အျမန္ဆုံး လွမ္းဖမ္းလိုက္* ရႈ~ရဲ႕အသံထြက္ေပၚလာခ်ိန္မွာ ဒန္နာရီလည္း ေလစြမ္းအင္ကို အသုံးၿပဳံကာ ခႏၶာကိုယ္ကို ေ႐ြ႕လိုက္ၿပီး လူႀကီးလက္တစ္လုံးစာေလာက္ရွိတဲ့အျဖဴေရာင္အလင္းလုံးကို ဖမ္းလိုက္ေတာ့သည္၊ထိုေနာက္မွာ သူရဲ႕ကိုယ္ထဲ ေျပးဝင္သြားေတာ့သည္၊
"ဒါေတြက ဘာေတြလည္း..."
*spiritေတြရဲ႕ရွင္သန္မႈ* ရႈ~ဟာျပန္ေျဖလိုက္ၿပီးေနာက္မွာ သူဟာ ဆက္မေမးခင္မွာ တံခါးခ်ပ္လိုအလင္းေရာင္ကိုေတြ႕လိုက္ရၿပီး သူဟာ အျပင္ဘက္ကို ထြက္လာေတာ့သည္၊
*ဂ်ိန္း*
ဒန္နာရီလည္း အျပင္ဘက္ေရာက္ေတာ့ တံခါးႀကီးဟာလည္းပိတ္သြားၿပီး တံခါးဟာေပ်ာက္ကြယ္သြားေတာ့သည္၊
ေရးလ္ဟာ စာအုပ္ဖတ္ေနရင္း ဒန္နာရီထြက္လာတာျမင္ေတာ့ ဒန္နာရီကို လက္လွမ္းျပကာ ႏူတ္ဆက္လိုက္သည္၊
"သခင္ေလး ထြက္လာၿပီေပါ့ ကြၽန္ေတာ္က ဒီႏွစ္ကုန္မွ ထြက္လာမယ္ထင္ခဲ့တာ" ေရးလ္ဟာ စာ႐ြက္ကို လွန္ရင္း ေအးေဆးေသာအမူအရာျဖင့္ေျပာလိုက္သည္၊ ဒန္နာရီဟာ သူအဝတ္ေတြကို ခါမည့္ခ်ိန္မွာ သူ႕အဝတ္ေတြဟာ အနည္းငယ္ေသးေနသည္ကို သတိထားမိသြားေတာ့သည္၊
"ငါဘယ္ေလာက္ေတာင္ ၾကာသြားတာလဲ"
"ႏွစ္ႏွစ္နဲ႕ေလးလေက်ာ္ပါပဲ... ကြၽန္ေတာ္တို႔ အသက္ဆယ့္ႏွစ္ႏွစ္ျပည့္ၿပီပဲေလ"
ေရးလ္ဟာ အသက္အေၾကာင္းကို ေျပာလာခ်ိန္မွာ ဒန္နာရီဟာ နားမလည္စြာျဖင့္ မ်က္ခုံးတစ္ခ်က္ပင့္သြားေတာ့သည္၊ေရးလ္ဟာ ဒန္နာရီကို တစ္ခ်က္ၾကည့္လိုက္ၿပီး ပခုံးတြန့္ကာေျပာလိုက္ၿပီး အပ်င္းေၾကာဆြဲကာ အရင္ဆုံးထြက္သြားေတာ့သည္၊
ေရးလ္ေျပာသြားတဲ့စကားကေတာ့
"ေစ့စပ္လို႔ရတဲ့အ႐ြယ္ေရာက္ၿပီ"တဲ့
-*-*-*-*-*-*-*-*-*-*-*-
Chapter -69ေမွ်ာ္
-*-*-*-*-*-*
Unicode
ဒန်နာရီဟာ ရှေ့ကမြင်ကွင်းကို ရပ်ကြည့်နေတော့သည်၊ဒီမြင်ကွင်းက အတိတ်ဘဝတုန်းက သူရဲ့နောက်ဆုံးအချိန်ပင်၊
ထိုတုန်းက ဘာကြောင့်ရယ်မသိ သူ့အစ်ကိုတွေဟာ သူ့ကို မုန်းတီးခဲ့ပြီး သတ်ဖြတ်ချင်ခဲ့သည်၊ဒါပေမယ့် ဒီတံခါးချပ်ဟာ သူဖြစ်ပျက်ခဲ့သည့်အတိတ်ကိုပြသပေးရုံသာမက ရှုထောင့်မျိုးစုံကို ပြသပေးတာကြောင့် ဒန်နာရီဟာ ဖြစ်ကြောင်းကုန်အင်ကို နားလည်လာတော့သည်၊
ကလီနာဟာ နတ်ဆိုးတွေနဲ့ပူပေါင်းခဲ့ပေမယ့် ဒီဘဝကအတိုင်း ပထမသခင်လေးနဲ့ဒုတိယသခင်လေးတို့မိခင်ကို စွပ်စွဲချက်တင်ခဲ့သည်၊အရာအားလုံးဟာလည်း ကလီနာအစီအစဥ်အတိုင်းဖြစ်ခဲ့ပြီး ကလီနာဟာ သူတော်ကောင်းယောင်ဆောင်ပြီး ပထမသခင်လေးဆိုရက်စ်နဲ့ဒုတိယသခင်လေးေဒ့ကိုးနက်စ်တို့ရှေ့မှာ မားမားမတ်မတ်ရပ်ပြခဲ့ပြီး ဒီဖြစ်စဥ်ဟာ ကလေးနှစ်ယောက်နဲ့မပတ်သတ်ကြောင်း ရဲရင့်စွာပြောပြခဲ့သည်၊
ဒီကိစ္စကို ဒန်နာရီ မကြုံခဲ့ပေ၊ဒါက မထူးဆန်းပါဘူး၊ထိုအချိန်က အခြားသူတွေရဲ့အရေးကိစ္စကို ဒန်နာရီ အာရုံမစိုက်နိုင်ဖြစ်ခဲ့တာကိုး၊
"မင်းက တော်တော်စိတ်ပျက်စရာကောင်းတာပဲ ဒန်နာရီ!" ဝိညာဥ်ဒန်နာရီဟာ ထွက်ပေါ်လာတဲ့အသံကြောင့် သူရဲ့မျက်လုံးများကို ပင့်ကာကြည့်လိုက်သည်၊အိုလီဘာရင်ခွင်ထဲမှာ အန်ဒီးယားဟာ ကြောက်ရွံ့ထိတ်လန်နေတဲ့ယုန်ငယ်လေးလို ငိုယိုနေပြီး အိုလီဘာဟာ ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့်ပြောလာတော့သည်၊
ထိုနောက်မှာ လူတစ်ယောက်ဟာ ဒန်နာရီတို့ကြားရောက်လာကာ ဒန်နာရီကို ဓားနဲ့ချိန်လာတော့သည်၊
"ဆရာရီစဲလ်" ဒန်နာရီရဲ့မှေးမှိုန်မှိုင်းနေတဲ့မျက်လုံးများဟာ အနည်းငယ်အံ့အားသင့်သွားတော့သည်၊ဝိညာဥ်ဒန်နာရီဟာ ရီစဲလ်ကို အေးစက်စွာစိုက်ကြည့်ခဲ့သည်၊ထိုလူနဲ့သူဟာ စစ်ပွဲပေါင်းများစွာ တူတူကျော်ဖြတ်ခဲ့ပေမယ့် ထိုလူကတော့ အန်ဒီးယားပေါ်သာ သစ္စာခိုင်မြဲခဲ့သည်၊ဘာကြောင့်လဲဆိုတော့ အန်ဒီးယားဟာ ရီစဲလ်ကို သူရဲ့အသက်ကိုစွန့်ကာ ကယ်တင်ခဲ့ဖူးတာကြောင့် ဖြစ်သည်၊
တော်တော်ရယ်ရတဲ့ဟာသတစ်ပုဒ်ပေ၊ဒန်နာရီဟာ ရီစဲလ်ကို အစေခံတစ်ယောက်လို ဘယ်တော့မှ သဘောမထားဘဲ သူရဲ့သွေးသောက်ညီအစ်ကိုတစ်ယောက်ကို သဘောထားခဲ့သည်၊ဒါပေမယ့် နောက်ဆုံးတော့ သူဟာ သစ္စာဖောက်ခံလိုက်ရသည်မလား၊
ဝိညာဥ်ဒန်နာရီဟာ အံကြိတ်လိုက်ပြီး သက်ပြင်းကို လေးလေးပင်ပင်ချလိုက်သည်၊နာကြဥ်းမှုကြောင့် သူရဲ့ဝိညာဥ်ပင် နာကျင်လှသည်၊ဒါတွေအားလုံးဟာ အတိတ်က ပုံရိပ်ယောင်တွေဖြစ်ပြီး လက်တွေ့ဘဝမှာ လုပ်စရာတွေများပြားလှတာကြောင့် သူဟာ လူပိန်းတစ်ယောက်လို ဒီထဲမှာ ပိတ်နေစရာအကြောင်းမရှိပေ၊
"သခင်လေး မင်းကို ဒီလိုလူမျိုးလို့ ငါမထင်ခဲ့ဘူး... ဒါက ငါ့ကို စိတ်ပျက်စေတယ်" ရီစဲလ်ဟာ အံ့ကြိတ်ကာပြောလာတော့သည်၊ဒန်နာရီရဲ့ခြောက်သွေ့နေတဲ့နူတ်ခမ်းများဟာ ဖွင့်ဟသွားပြီးနောက်မှာ ပြန်ပိတ်သွားတော့သည်၊
'မင်းက ငါ့ကို ဒီလိုလူမျိုးလို့ပဲ အမြဲတွေးနေခဲ့တာ မဟုတ်ဘူးလား' ဝိညာဥ်ဒန်နာရီဟာ စိတ်ထဲကနေပြောလိုက်ပြီး သူရဲ့ရင်ဘက်နှလုံသားရှိရာကို ဖိလိုက်ပြီး ခပ်ဟဟရီလိုက်သည်၊
ဒန်နာရီနားမှာ မိတ်ဆေွများစွာမရှိခဲ့ပေ၊ဒန်နာရီ အလွန်ယုံကြည်ရတဲ့သူတွေထဲမှာ ရီစဲလ်လည်းပါဝင်ခဲ့သည်မလား၊အိုလီဘာအေးစက်စက်စကားတွေထက် ရီစဲလ်ရဲ့စကားဟာ ဒန်နာရီကို ပိုနာကျင်မိသည်၊
ဒန်နာရီရဲ့မျက်ဝန်းတွေဟာ အန်ဒီးယားဆီရောက်သွားတော့သည်၊ ရီစဲလ်ဟာ ရှေ့ကနေ ပိတ်ကွယ်လိုက်သလို အိုလီဘာဟာလည်း ဒန်နာရီမမြင်အောင် ကာကွယ်ပေးနေတော့သည်၊သူတို့စိတ်ထဲမှာ ဒန်နာရီဟာ အန်ဒီးယားကို ထိခိုက်စေမဲ့မကောင်းဆိုးဝါးလိုပင်၊
ဒန်နာရီဟာ မျက်ရည်များစီးကျနေပြီး သူ့ကိုစိုက်ကြည့်နေတဲ့သူတွေကို ကြည့်လိုက်သည်၊
"ကျွန်တော်ရဲ့ဘဝက သူရဲ့မျက်ရည်တစ်စက်လောက်တောင် တန်ဖိုးမရှိပါလား..."
"အဖေပြောကြည့်ပါ ကျွန်တော် ငယ်စဥ်တည်းက ရိုစဲဆလပ်အိမ်တော်ကို များစွာတိုးတက်အောင် ကူညီပေးခဲ့တယ်၊ ကျွန်တော်နာမည်ကို ထုတ်ဖော်မပြသဘဲ အခြားသူနာမည်နဲ့အစားထိုး ထုတ်ဖော်ခဲ့တာတောင် ကျွန်တော် အပြစ်တင်ဖူးလား"
"မင်းသားအိုလီဘာ ပြောကြည့်ပါ ခင်ဗျားအနားကနေ နေပြီး တိုက်ပွဲတိုင်း အကောင်းဆုံးရလဒ်တွေထွက်ပေါ်အောင် ကျွန်တော် အမြဲတမ်းကြိုးစားခဲ့ပေမယ့် မင်းသားက ကျွန်တော့်ဂုဏ်ပုဒ်ကို ထုတ်ဖော်မပြသခဲ့တုန်းက ကျွန်တော်အပြစ်တင်ဖူးလား"
"မင်းတို့လည်း ပြောကြည့်လေ ဘယ်သူ့အပေါ် ငါအပြစ်တင်ဖူးလဲ... အခုတော့ အန်ဒီးယားဆီကနေ ငါက သူ့ကို ထိခိုက်စေတယ်ဆိုတဲ့စကားနဲ့တင် မင်းတို့က ငါ့ကို အပြစ်တင်ရုံသာမက စိတ်ပျက်စေကြောင်း ပြောဆိုခဲ့တယ်...တကယ်တည်း စိတ်ပျက်ရမဲ့သူက ဘယ်သူလဲ..." ဒန်နာရီရဲ့အသံဟာ တုန်နေပေမယ့် သူပြောလိုသည့်အကြောင်းအရာများကို ပြောဟခဲ့သည်၊
"ဒန်နာရီ... မင်း...မင်းက ဘာကြောင့် ဒီအကြောင်းတွေပြောနေတာလဲ... ငါ့ကို မင်းသတ်ဖို့ရည်ရွယ်တာ အကုန်လုံးမြင်တာပဲ... " အန်ဒီးယားဟာ လက်သီးကိုဆုပ်လိုက်ပြီး သူဟာ ငိုယိုကာပြောလာတော့သည်၊ဘေးကအစေခံတွေဟာလည်း လက်ခံစွာ ထောက်ခံ့နေတော့သည်၊ ဒန်နာရီဟာ ရီစဲလ်လက်ထဲက ဓားကို ကြည့်လိုက်သည်၊ထိုဓားဟာ သူရဲ့ရင်ဘက်ကို ချိန်ထားဆဲပင်၊
"ငါက ရှင်းပြနေတာမဟုတ်ဘူး မင်းတို့က ငါ့ကို သေစေချင်ရင်လည်း တိုက်ရိုက်ပြောလိုက်လို့ရတယ်...ငါ ဒန်နာရီရိုစဲဆလပ်က... ရိုစဲဆလပ်အိမ်တော်ရဲ့အပယ်ခံသားတစ်ယောက်သာသာပါပဲ..."
"အမတ်ကြီး၏အချစ်ဆုံးသားရဲ့မျက်ရည်လောက်တောင် ငါ့ဘဝက နိမ့်ကျလွန်းတယ်မဟုတ်ဘူးလား... သတ်လိုက်ပါ "
ဝိညာဥ်ဒန်နာရီဟာ မျက်ရည်များစီးကျနေကာ ထိုမြင်ကွင်းကို စိုက်ကြည့်ခဲ့သည်၊ရှင်းရှင်းပြောရရင် သူဟာ ထိုမြင်ကွင်းကို မေ့လျော့နေခဲ့သည်၊သူမမှတ်မိချင်လို့လည်း ဖြစ်နိုင်သည်၊သူသိခဲ့တာ သူရဲ့သက်တော်စောင့်ဟာ သူ့ကို သတ်ခဲ့သည်ပေါ့၊
အန်ဒီးယား ရိုစဲဆလပ်... မင်းလည်း တူသောအကျိုးကို ခံစားရလိမ့်မယ်၊ဒီအတိတ်ဘဝရဲ့တူးဖော်မှုတိုင်းမှာ ငါရဲ့ဆုံးဖြတ်ချက်က ခိုင်မြဲသတဲ့ခိုင်မြဲလာခဲ့ပြီ၊
ကလဲ့စားကို ကလဲ့စားနဲ့ချေကာ ကောင်းသောအကျိုးမဟုတ်ပေ၊ မင်းတို့လိုလူမျိုးတွေက ငါတစ်ယောက်တည်းကို ဒုက္ခပေးခဲ့တာမဟုတ်ဘူး၊
ကံကြမ္မာတဲ့လား၊အနာဂတ်ကို သိနေတဲ့သူတစ်ယောက်ကို ကံကြမ္မာက တားဆီးနိုင်ရဲ့လား၊ငါဒန်နာရီက သိချင်ရဲ့၊
*ဒင်*
[ဂုဏ်ယူပါတယ် သင်ဟာ အတိတ်ရဲ့တံခါးချပ်ထဲမှာ စတုတ္ထအောင်မြင်သူတစ်ဦးဖြစ်ပါတယ်]
[သင့်ကို ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်တာကြောင့် ပို့ဆောင်နေတဲ့လမ်းမှာ သင်ဟာ ကြယ်တွေကို ခူးစွတ်နိုင်ပါတယ်]
ဒန်နာရီဟာ ထိုစကားကြောင့် ကြောင်အသွားတော့သည်၊ဒါပေမယ့် တစ်စုံတစ်ဦးဟာ သူ့ကို ဆောင့်ဆွဲသွားသလိုခံစားရပြီး ပုံရိပ်ယောင်မြင်ကွင်းတွေဟာလည်း ဒန်နာရီနဲ့ ဝေးသတဲ့ဝေးလာတော့သည်၊
'ကြယ်တွေကို ခူးစွတ်ရမယ်'ဒန်နာရီဟာ ထိုအကြောင်းအရာကို နားမလည်ပေမယ့် မှောင်မဲနေတဲ့လမ်းတစ်လျှောက်မှာ အလင်းရောင် ဖျောက်ဖျောက်တွေကို မြင်လိုက်တော့ သူဟာ တွေဝေမနေဘဲ လက်နဲ့လှမ်းယူလိုက်တော့သည်၊
သူရဲ့ခန္ဓာကိုယ်ဟာ နွေးထွေးသွားပြီး အလွန်ကောင်းမွန်တဲ့ခံစားတဲ့တစ်ခုဖြတ်သန်းသွားတော့သည်၊သူဟာ လေးခုမြောက်ကြယ်ကို ခူးယူပြီးနောက်မှာ အလင်းရောင်ကို စတင်မြင်တွေ့နေရတော့သည်၊
*သခင် ဟိုဘက်က အဖြူရောင်အလင်းလုံးကို အမြန်ဆုံး လှမ်းဖမ်းလိုက်* ရှု~ရဲ့အသံထွက်ပေါ်လာချိန်မှာ ဒန်နာရီလည်း လေစွမ်းအင်ကို အသုံးပြုံကာ ခန္ဓာကိုယ်ကို ရွေ့လိုက်ပြီး လူကြီးလက်တစ်လုံးစာလောက်ရှိတဲ့အဖြူရောင်အလင်းလုံးကို ဖမ်းလိုက်တော့သည်၊ထိုနောက်မှာ သူရဲ့ကိုယ်ထဲ ပြေးဝင်သွားတော့သည်၊
"ဒါတွေက ဘာတွေလည်း..."
*spiritတွေရဲ့ရှင်သန်မှု* ရှု~ဟာပြန်ဖြေလိုက်ပြီးနောက်မှာ သူဟာ ဆက်မမေးခင်မှာ တံခါးချပ်လိုအလင်းရောင်ကိုတွေ့လိုက်ရပြီး သူဟာ အပြင်ဘက်ကို ထွက်လာတော့သည်၊
*ဂျိန်း*
ဒန်နာရီလည်း အပြင်ဘက်ရောက်တော့ တံခါးကြီးဟာလည်းပိတ်သွားပြီး တံခါးဟာပျောက်ကွယ်သွားတော့သည်၊
ရေးလ်ဟာ စာအုပ်ဖတ်နေရင်း ဒန်နာရီထွက်လာတာမြင်တော့ ဒန်နာရီကို လက်လှမ်းပြကာ နူတ်ဆက်လိုက်သည်၊
"သခင်လေး ထွက်လာပြီပေါ့ ကျွန်တော်က ဒီနှစ်ကုန်မှ ထွက်လာမယ်ထင်ခဲ့တာ" ရေးလ်ဟာ စာရွက်ကို လှန်ရင်း အေးဆေးသောအမူအရာဖြင့်ပြောလိုက်သည်၊ ဒန်နာရီဟာ သူအဝတ်တွေကို ခါမည့်ချိန်မှာ သူ့အဝတ်တွေဟာ အနည်းငယ်သေးနေသည်ကို သတိထားမိသွားတော့သည်၊
"ငါဘယ်လောက်တောင် ကြာသွားတာလဲ"
"နှစ်နှစ်နဲ့လေးလကျော်ပါပဲ... ကျွန်တော်တို့ အသက်ဆယ့်နှစ်နှစ်ပြည့်ပြီပဲလေ"
ရေးလ်ဟာ အသက်အကြောင်းကို ပြောလာချိန်မှာ ဒန်နာရီဟာ နားမလည်စွာဖြင့် မျက်ခုံးတစ်ချက်ပင့်သွားတော့သည်၊ရေးလ်ဟာ ဒန်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ပခုံးတွန့်ကာပြောလိုက်ပြီး အပျင်းကြောဆွဲကာ အရင်ဆုံးထွက်သွားတော့သည်၊
ရေးလ်ပြောသွားတဲ့စကားကတော့
"စေ့စပ်လို့ရတဲ့အရွယ်ရောက်ပြီ"တဲ့
-*-*-*-*-*-*-*-*-*-*-*-
Chapter -69မျှော်