Zawgyi
သူတို့ရဲ့မျိုးဆက်ဟာ သောတပိုင်တောအုပ်ထဲ အေးဆေးသွားရောက်နိုင်ဆဲဖြစ်ပြီး ဆယ်နှစ်မှာ တစ်ကြိမ်ပွင့်မည့်မြင့်မြတ်နယ်မြေဂိတ်တံခါးကိုသာ စောင့်နေရန်လိုအပ်ရုံသာဖြစ်သည်၊တကယ်လို့ သူတို့သာ ရူးမိုက်စွာပြုလုပ်မယ်ဆိုရင် ဟျူးယာဆိုတဲ့ညဘီလူးလက်ထဲမှာ သူတို့အင်ပါယာဟာ ပျက်စီးသွားရလိမ့်မည်၊ဒါဟာ သော့တစ်ချောင်းဆုံးရှူံးရသည်ထက် ပိုပြီးထိခိုက်မှုများလှသည်၊
"အာလ်နွန်ရစ်" လူငယ်လေးတစ်ဦးဟာ နာမည်တစ်ခုကို ခေါ်ဆောင်ပြီးနောက်မှာ လက်ကိုမြှောက်လိုက်တော့သည်၊ခုနက နတ်ဆိုးတွေကို တိုက်ခိုက်နေတဲ့ငှက်ဟာ လျှင်မြန်သောအချိန်ဖြင့် လူငယ်ရဲ့လက်ထဲက ပစ္စည်းတစ်မျိုးကို ယူလိုက်ပြီး ကိုက်ချလိုက်တော့သည်၊ထိုနောက်မှာ အာလ်နွန်ရစ်ဟာ အားအင်ပြည့်ဝသွားသလို ကောင်းကင်ကို ပြန်တက်သွားကာ လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန်အပတ်များစွာ ပျံသန်းပြီးနောက်မှာ ကြီးမားတဲ့တိမ်တိုက်ကြီးပေါ်ထွက်လာတော့သည်၊ နတ်ဆိုးတွေဟာ ထိုအခြေအနေကို သတိထားမိတာကြောင့် ထွက်ပြေးရန်လုပ်ချိန်မှာ စောနက လူငယ်လေးဟာ ရှေ့ကို တက်လာပြီး မှော်ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်၊
"အာလ်နွန်ရစ်!"
-*-*-*-*-*-*-*-*-*-*-*
Chapter -68မျှော်
-*-*-*-*-*
Unicode
ရေးလ်တို့ဟာ ဒန်နာရီကို သောတပိုင်နယ်မှာ စောင့်နေသည်ဟာ နှစ်နှစ်ရှိသွားပြီဖြစ်သည်၊ဒီကြားထဲ ပြဿနာများစွာဖြစ်ပျက်ခဲ့ပေမယ့် ဟျူးယာရဲ့နောက်ခံဟာ သာမန်မဟုတ်ခဲ့ပေ၊
နိုရှုရယ်အင်ပါယာရဲ့မင်းသားတစ်ပါးသေဆုံးသွားတာထက် အမွေဆက်ခံသော့ပျောက်ဆုံးသွားခြင်းကြောင့် နိုရှုရယ်အင်ပါယာမင်းဟာ ထိုကိစ္စနဲ့ပတ်သတ်ပြီး အီရှုရယ်အင်ပါယာဆီကို ဖြေရှင်းချက်တောင်းခဲ့ပေမယ့် မည်သည့်ဖြေရှင်းမှုမှ ရောက်မလာတာကြောင့် အင်ပါယာနှစ်အင်ပါယာကြားတင်းမာလာတော့သည်၊စစ်ပွဲဟာ နှစ်နှစ်ကြာမြင့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟျူးယာဟာ အီရှုရယ်အင်ပါယာကို ကူညီပေးခဲ့တာကြောင့် နိုရှုရယ်အင်ပါယာဟာ အရေးနိမ့်ခဲ့ပြီး ထိုကိစ္စကို မသိကျိုးကျွံပြုလိုက်တော့သည်၊
သော့နှစ်ချောင်းလုံးဟာ ဟျူးယာတို့ လက်ထဲမှာရှိနေသည်ကို အီရှုရယ်အင်ပါယာမင်းသာသိသည်၊ဒါပေမယ့် ဟျူးယာရဲ့ညဘီလူးနောက်ခံကိုထား လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အင်ပါယာကြီးကြောင့် အီရှုရယ်အင်ပါယာမင်းဟာ ကြိတ်ခံရုံသာ တတ်နိုင်တော့သည်၊
သူတို့ရဲ့မျိုးဆက်ဟာ သောတပိုင်တောအုပ်ထဲ အေးဆေးသွားရောက်နိုင်ဆဲဖြစ်ပြီး ဆယ်နှစ်မှာ တစ်ကြိမ်ပွင့်မည့်မြင့်မြတ်နယ်မြေဂိတ်တံခါးကိုသာ စောင့်နေရန်လိုအပ်ရုံသာဖြစ်သည်၊တကယ်လို့ သူတို့သာ ရူးမိုက်စွာပြုလုပ်မယ်ဆိုရင် ဟျူးယာဆိုတဲ့ညဘီလူးလက်ထဲမှာ သူတို့အင်ပါယာဟာ ပျက်စီးသွားရလိမ့်မည်၊ဒါဟာ ေသာ့တစ်ချောင်းဆုံးရှူံးရသည်ထက် ပိုပြီးထိခိုက်မှုများလှသည်၊
ရစ်နိုလ်ဟာ သောတပိုင်တောအုပ်ရဲ့အပြင်ဘက်မှာ ရပ်နေပြီး တောအုပ်ကြီးကို စိုက်ကာကြည့်နေတော့သည်၊သူရဲ့သခင်လေးဟာ မြင့်မြတ်နယ်မြေရဲ့ထိုတံခါးထဲမှာ ရှိနေသည်ဟာ နှစ်နှစ်နဲ့သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီသည်၊
သခင်ကြီးကိုလည်း အဆက်မပြတ်သတင်းမို့နေပေမယ့် သူဟာ အခြေအနေကို စိုးရိမ်ရတာကြောင့် ယနေ့ချိန်ထိ ကောင်းစွာအနားမယူရသေးပေ၊
"ရစ်နိုလ် ကိုယ် ဆက်စောင့်နေလိုက်မယ် သွားပြီး အနားယူချေ" ဟျူးယာဟာ သူရဲ့ဝက်ဝံသားရေကုတ်ကို ရစ်နိုလ်ပေါ် ခြုံပေးလိုက်ပြီး ပြောလိုက်သည်၊ရစ်နိုလ်ဟာ တိတ်ဆိတ်နေပြီး တောအုပ်ကိုသာ စိုက်ကြည့်နေခဲ့ပြီးနောက်မှာတော့ ဟျူးယာကို မော့ကြည့်လိုက်သည်၊
"သခင်လေးက ထိုတံခါးထဲမှာ တစ်ခုခုဖြစ်နေတာလား..."
ဟျူးယာဟာ ရစ်နိုလ်ရဲ့ဆံပင်တွေကို သပ်ပေးလိုက်ပြီး "မင်းရဲ့သခင်လေးကို မင်းကိုယ်တိုင်ယုံကြည်သင့်တယ်မလား" လို့ ပြောလိုက်တော့ ရစ်နိုလ်ဟာ ခေါင်းကို လေးပင်စွာညိတ်လိုက်သည်၊
ရစ်နိုလ်ဟာ သခင်လေးပေါ်ကို ယုံကြည်ပေမယ့် ကံကြမ္မာပေါ်ကိုတော့ မယုံကြည်နိုင်ပေ၊သူရဲ့သခင်လေးဟာ မည်သည့်အခက်အခဲနဲ့ကြုံနေလိမ့်မည်၊မည်သို့သော အန္တရာယ်နဲ့ဆုံနေလိမ့်မည်ကို တွေးရုံဖြင့် ရစ်နိုလ်ဟာ ရင်မပေါ့နိုင်ပေ၊
"ဒီတံခါးချပ်နဲ့ပတ်သတ်ပြီး ညဘီလူးရဲ့နတ်ဆရာက ဟောပြောထားပြီးပြီ"
"ဆဲနိုရာဆိုတဲ့တံခါးချပ်ရဲ့လေးယောက်မြောက်အောင်မြင်သူက လူသားနဲ့နတ်သူငယ်ကမွေးဖွားလာတဲ့သူတစ်ယောက်၊ထိုသူ ကုန်းတိုက်ကြီးရဲ့သူရဲကောင်းတစ်ဦးဖြစ်လာလိမ့်မယ်၊ spiritအရှင်သခင်ငါးပါးရဲ့ကောင်းချီးခံထားရသူဖြစ်ပြီး နောက်တစ်ခါဖြစ်ပေါ်လာမဲ့ မျိုးနွယ်စုတိုင်းရဲ့တိုက်ပွဲမှာ အထွန့်အထိပ်ကနေ အောင်မြင်မှုများစွာ သယ်ယူလာမဲ့ဖြစ်ပြီး လူသားမျိုးနွယ်ဟာ မျိုးနွယ်စုတိုင်းရဲ့ထိပ်ဆုံးမှာ ရပ်တည်လာလိမ့်မည်" ဟျူးယာဟာ သူတို့ရဲ့နတ်ဆရာဟောခဲ့သည့်အတိုင်းပြောလိုက်သည်၊
"ဒါက ဒန်နာရီကို ဆိုလိုလို့ရတယ် ဆဲနိုရာတံခါးချပ်ရဲ့ ပထမဆုံးအောင်မြင်သူက နဂါးမင်းသားတစ်ပါးဖြစ်ပြီး ဒုတိယအောင်မြင်သူဟာ နတ်ဆိုးအင်ပါယာ၊တတိယအောင်မြင်သူဟာ နတ်သူငယ်မျိုးက စတုတ္ထအောင်မြင်သူက မင်းတို့သခင်လေးဖြစ်နိုင်တယ်"
"ဒါပေမယ့် သခင်လေးက လူသား..."
"သေချာရဲ့လား" ဟျူးယာဟာ ပြုံးရင်းမေးလိုက်သည်၊သူဟာ အင်အားကြီးလှတဲ့အင်ပါယာကဖြစ်တာကြောင့် လူတစ်ယောက်ရဲ့နောက်ခံကို တူးဖော်ဖို့ဟာ တို့ဖူးကို ဓားနဲ့လှီးဖြတ်ရသလို လွယ်ကူလှသည်၊ဒါကြောင့် ဒန်နာရီ ရိုစဲဆလပ်ရဲ့မိခင်ဟာ နတ်သူငယ်တစ်ပါးဖြစ်နိုင်သည့်အချက်အလက်တွေကို သူဟာ ရှာဖွေတွေ့ရှိခဲ့သည်၊
"ဒါပေမယ့် ကျွန်တော် စိုးရိမ်နေတုန်းပဲ"
ဟျူးယာဟာ ရစ်နိုလ်ရဲ့ပူပန်နေတဲ့အမူအရာကြောင့် ဒန်နာရီအပေါ်တောင် မနာလိုစိတ်ဝင်မိသွားတော့သည်၊ကလေးတစ်ယောက်အပေါ် မနာလိုစိတ်မဝင်သင့်ပေမယ့် သူသဘောကျတဲ့လူသားဟာ ထိုကလေးကိုသာဂရုစိုက်နေတော့ အူတိုမိလှသည်၊
"မင်း အနားယူသင့်နေပြီ" ဟျူးယာဟာ ရစ်နိုလ်ကို ပွေ့ချီလိုက်ပြီး ယာယီဆောက်ထားတဲ့တဲအိမ်ဘက်ကို ခေါ်လာတော့သည်၊ရစ်နိုလ်ဟာ ဟျူးယာရင်ခွင်ထဲ သူရဲ့ခန္ဓာကိုယ်ကို သက်သောင့်သက်သာပုံစံပြင်လိုက်ပြီး ငြိမ်သက်စွာနေနေတော့သည်၊ဟျူးယာရဲ့ပွေ့ခေါ်မှုဟာ အကြိမ်ပေါင်းများစွာခံရပြီးပြီဖြစ်တာကြောင့် ရစ်နိုလ်အနေနဲ့ ရုန်းကန်နေရင် အားအင်သာကုန်ခမ်းသာကြောင့် အနားယူရန်သာစဥ်းစားလိုက်တော့သည်၊
ဟျူးယာဟာ ရစ်နိုလ်ကို တဲအိမ်အတွင်းရှိ အိပ်ယာပေါ်တင်လိုက်ပြီး စောင်ထူကို သေချာခြုံပေးလိုက်ပြီးနောက်မှာ ရစ်နိုလ်ကို ငါးမိနစ်ခန့်လောက်စိုက်ကြည့်နေတော့သည်၊ထိုနောက်မှာတော့ ဟျူးယာဟာ တဲအိမ်အတွင်းကနေ ထွက်လာပြီး တောအုပ်ကို လှမ်းကြည့်လိုက်သည်၊တောအုပ်ဟာ အရင်တိုင်းတိတ်ဆိတ်နေဆဲပင်၊
ဒါပေမယ့် သူဟာ စိုးရိမ်ပူပန်မှုမရှိပေ၊ဆဲနိုရာတံခါးချပ်ရဲ့အတိတ်ကို တူးဆွမှုဟာ ကြောက်စရာအလွန်ကောင်းတာကြောင့် ထိုထဲမှာ အချိန်ကြာမြင့်စွာရှိနေတတ်သည်ဟာ မထူးဆန်းပေ၊
"နတ်ဆရာပြောသလို ဒန်နာရီက ပြန်လည်မွေးဖွားလာတဲ့သူဆိုတော့ အတိတ်ဘဝက ဖြစ်ရပ်တွေ တူးဆွခံနေရတာကြောင့် အချိန်ကြာမြင့်နေတာ ဖြစ်လောက်တယ်" ဟျူးယာဟာ တစ်ယောက်ထဲကြားရုံအသံနဲ့သာ ပြောနေသည်၊ဒါပေမယ့် သူဟာ ဒန်နာရီဟာ ပြန်လည်မွေးလာသူဖြစ်စေ၊မဖြစ်စေ စိတ်မဝင်စားပေ၊
ဟျူးယာဟာ တဲအိမ်ဘက်ကိုကြည့်လိုက်ပြီး သူရဲ့နူတ်ခမ်းများဟာ ပြုံးသွားတော့သည်၊ ရစ်နိုလ် သူ့နောက်လိုက်မို့ သူဟာ အစွမ်းကုန်ကြိုးစားရဦးမည်၊တကယ်လို့ ရစ်နိုလ်က သူ့နောက်မလိုက်ရင်လည်း ကိစ္စမရှိပေ၊ သူလိုက်သွားမှာပေါ့၊
ဟျူးယာရဲ့သားသာ ဟျူးယာအတွေးကို သိရင် ထိုင်ရှိခိုးသွားမှာသေချာသည်၊အခြားသူတွေဟာ ကိုယ့်သားသမီးငယ်ငယ်လေးကို ကိုယ်နဲ့မခွာစောင့်ရှောက်ပေးချိန်မှာ သူရဲ့အဖေကတော့ သူ့ကို မြို့စားငယ်ဆိုတဲ့ဂုဏ်ပုဒ်ကို ပေးကာ လေးလံလှတဲ့တာဝန်တွေကြား ပစ်ထားခဲ့သည်၊သူ့မှာ သူ့အဖေပြန်လာမည့်ချိန်ကို စောင့်မျှော်နေပေမယ့် သူရဲ့အဖေဟာ သူ့လင်လေးနောက်ကို လိုက်သွားချင်တာ သိခဲ့ရင် ထိုနေရာမှာပဲ ဝမ်းနည်းလွန်းလို့ အော်ငိုသွားမှာသေချာလှသည်၊
အခြားအမှောင်ထုများ အနည်းငယ်စိုးမိုးနေတဲ့တောအုပ်ကြီးထဲမှာ လူတစ်စုဟာ နတ်ဆိုးတစ်ချို့နဲ့တိုက်ခိုက်နေတော့သည်၊ ကြီးမားတဲ့ငှက်ဟာလည်း ထိုလူတစ်စုကို တူညီပေးကာ နတ်ဆိုးတွေကို သူရဲ့ချွန်ထက်လှတဲ့လက်သည်းတွေနဲ့ တိုက်ခိုက်နေပြီး တိုက်ခိုက်လှတဲ့အချိန်တိုင်း လျှပ်စီးများထွက်ပေါ်လာတော့သည်၊
"အာလ်နွန်ရစ်" လူငယ်လေးတစ်ဦးဟာ နာမည်တစ်ခုကို ခေါ်ဆောင်ပြီးနောက်မှာ လက်ကိုမြှောက်လိုက်တော့သည်၊ခုနက နတ်ဆိုးတွေကို တိုက်ခိုက်နေတဲ့ငှက်ဟာ လျှင်မြန်သောအချိန်ဖြင့် လူငယ်ရဲ့လက်ထဲက ပစ္စည်းတစ်မျိုးကို ယူလိုက်ပြီး ကိုက်ချလိုက်တော့သည်၊ထိုနောက်မှာ အာလ်နွန်ရစ်ဟာ အားအင်ပြည့်ဝသွားသလို ေကာင်းကင်ကို ပြန်တက်သွားကာ လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန်အပတ်များစွာ ပျံသန်းပြီးနောက်မှာ ကြီးမားတဲ့တိမ်တိုက်ကြီးပေါ်ထွက်လာတော့သည်၊ နတ်ဆိုးတွေဟာ ထိုအခြေအနေကို သတိထားမိတာကြောင့် ထွက်ပြေးရန်လုပ်ချိန်မှာ စောနက လူငယ်လေးဟာ ရှေ့ကို တက်လာပြီး မှော်ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်၊
"ကမ္ဘာမြေသယ်ဆောင်လာခြင်း ကမ္ဘာ့ဖိအား ချုပ်စမ်း!"
နတ်ဆိုးတွေဟာ သူတို့ကိုယ်ပေါ်ကို လေးလံတဲ့သံကြီးတွေ ဖိထားခံရသလို မြေပြင်ပေါ် ဒူးထောက်လဲကျကုန်ကာ တစ်ချို့အင်အားကြီးတဲ့နတ်ဆိုးတွေဆို ခြေလှမ်းများဟာ နှေးကွေးသွားတော့သည်၊
"အာလ်နွန်ရစ်!"
အာလ်နွန်ရစ်ဟာ နတ်ဆိုးတွေကို အထင်သေးစွာစိုက်ကြည့်လိုက်ပြီး မိုးကြိုးမှော်ကို အသုံးပြုလိုက်တော့သည်၊ကြီးမားတဲ့မိုးကြိုးတွေဟာ နတ်ဆိုးတွေပေါ် ကျရောက်ကုန်ကာ နတ်ဆိုးတွေအကုန်လုံး ပြာအဖြစ်လောင်ကျွမ်းကုန်ကာ ပျက်စီးကုန်ကျတော့သည်၊ ထိုနောက်မှာ အာလ်နွန်ရစ်ဟာ လူငယ်ရဲ့အနီးနားက သစ်ပင်ပေါ်နားရင် မာန်တက်စွာဖြင့် လူငယ်ကို စိုက်ကြည့်နေတော့သည်၊
"ငါက မင်းထက် နတ်ဆိုးတစ်ဦး ပိုသတ်နိုင်တယ်" လူငယ်ဟာ ပြုံးကာပြောလိုက်သည်၊အာလ်နွန်ရစ်ဟာ ချက်ချင်းမကျေနပ်စွာ အော်ဟစ်လိုက်တော့သည်၊
ဘေးနားက စောင့်ရှောက်သူတပ်သားတွေဟာ သက်ပြင်းချလိုက်တော့သည်၊မင်းသားရှစ်နဲ့သခင်အာလ်နွန်ရစ်ဟာ နတ်ဆိုးသတ်တဲ့ဦးရေကို အမြဲပြိုင်ဆိုင်နေတတ်သည်၊
"နှစ်နှစ်ကျော် ကြာသွားခဲ့ပြီ... နဂါးရဲ့ကြေးခွံလည်း ရပြီးပြီဆိုတော့ ငါတို့တွေ ပြန်ဖို့ အချိန်ကျလာပြီ" နဂါးရဲ့ကြေးခွံဟာ လွန်ခဲ့တဲ့တစ်နှစ်တည်းက ရရှိခဲ့ပေမယ့် မင်းသားရှစ်ဟာ နတ်ဆိုးတွေရဲ့နယ်စပ်တောအုပ်ထိ ကျူးကျော်လာကာ နတ်ဆိုးတွေကို တိုက်ခိုက်ရင်း စွမ်းရည်တက်အောင် လေ့ကျင့်နေခဲ့သည်မလား၊
အိမ်ပြန်တော့မည်အကြောင်းကိုကြားတော့ အကုန်လုံးဟာ ပျော်ရွှင်သွားတော့သည်၊အာလ်နွန်ရစ်လည်း သူ့သခင်နဲ့တွေ့ရတော့မည်ကို သိရတော့ ပျော်ရွှင်စွာ မြည်တွန်းရင်း ကောင်းကင်ပေါ်ပျံတက်သွားတော့သည်၊
"ဒန်! ကိုယ်ပြန်လာပြီ" ဂျော့ဖရေးတို့အဖွဲ့ဟာလည်း အင်ပါယာဆီ ပြန်လည်ဦးတည်လာတော့သည်၊
-*-*-*-*-*-*-*-*-*-*-*
Chapter -68မျှော်