Unicode
အခန်း ၉.၁။ တံခါးမှာ မှန်တစ်ချပ်ချိတ်ထား
ပြောရရင် ကျောင်းမှာက တကယ်တန်း လူအိုရုံနှစ်ခုရှိလေသည်။ တစ်ခုက တက္ကသိုလ်ဝင်းထဲမှာရှိပြီး တစ်ခုက အဆောင်အဆောက်အဦးမှာ ဖြစ်သည်။
ဒါပေမဲ့ အဆောင်က ဟာက ပိုဝေးသည်။ အဲဒါက မိန်းကလေး အဆောင်အတွင်းဘက်ဆုံးမှာတည်ရှိပြီးတော့ တော်တော်လေးလည်း အိုဟောင်းနေပြီပင်။ ဒါပေမဲ့လည်း အဲဒါကတော့ မိန်းကလေးတွေအတွက် ပိုနီးတာမို့ တော်တော်များများက အဲကို သွားလေ့ရှိသည်။
စုချင်းချင်းနဲ့ စုရွှဲက ထိုနေရာနဲ့ တော်တော်လေးရင်းနှီးသည်။
အဆောင်ထဲက လူအိုရုံက တအားရိုးရှင်းသည်။ ပထမထပ်မှာ အခန်းတစ်ခန်းတည်းသာရှိပြီး များသောအားဖြင့် တာဝန်ကျ သူနာပြုတစ်ယောက်နဲ့ ဒေါက်တာ တစ်ယောက်သာရှိတတ်သည်။
စုချင်းချင်း ပြတင်းပေါက်ရှေ့မှာ ရပ်ကာ အော်ဖို့လုပ်လိုက်သည်။
သူမ မထင်ထားခဲ့ ပြတင်းပေါက်တွေက မပိတ်ထားတော့ လေတိုက်တာနဲ့လိုက်ကာတစ်ချက် အလွင့်မှာ အထဲက အရာအားလုံး ချက်ချင်းပေါ်လာတော့သည်။
စုရွှဲက သူမကို ကျောပေးပြီးဆေးရုံကုတင်မှာ လှဲနေကာ သူမ အိပ်ပျော်နေတဲ့အတိုင်းပင်။
စုချင်းချင်း လှမ်းအော်လိုက်သည်။ “စုရွှဲ။ နင် ဘာလို့ အိပ်ရာပေါ် အိပ်နေတာလဲ”
သူမ အသံငြိမ်သွားတာနဲ့ စုရွှဲက အိပ်ရာပေါ်ကနေ လှည့်လာကာ သူမကို မျက်နှာချင်းဆိုင်လာခဲ့သည်။ ဒါပေမဲ့ သူမ မျက်နှာက အလွန်ကိုမှ ကြောက်လန့်နေကာ ပါးစပ်ကို အကျယ်ကြီးဟပြီး ဘာအသံမှလည်းထွက်မလာခဲ့ပေ။
စုချင်းချင်း ထိုအချိန်ထိလည်း သတိမပြုမိသေး ပြီးတော့ သူမက ဆက်ကာ “နောက်တောင်ကျနေပြီ မြန်မြန်သွားရအောင် တကယ်လို့ ဒီမှာဘယ်သူမှမရှိရင် ရှေ့က လူအိုရုံကိုသွား…..”
သူမ ဆုံးအောင်မပြောနိုင်သေးခင်မှာပဲ သူမ မျက်လုံးပြူးသွားတော့သည်။
ကုတင်ပေါ်က စုရွှဲရဲ့ အနီရောင်နှုတ်ခမ်းသေးသေးလေးတွေက တဖြည်းဖြည်းနဲ့ဘေးကိုဆွဲခံရသလို ကွဲထွက်လာပြီး သွေးတွေ ထွက်လာခဲ့သည်။ တစ်ယောက်ယောက်က ကတ်ကြေးသုံးပြီး ပါးစပ်ကို ဖြတ်နေတဲ့အတိုင်းပင်။
စုချင်းချင်း စုရွှဲရဲ့ မချိတင်ကဲ ငိုကြွေးသံတွေကိုသာ အခန်းထဲ ကြားနေရတော့သည်။
သူမ ကိုယ်အောက်က အဖြူရောင်အိပ်ရာခင်းက သွေးတွေနဲ့စိုရွှဲလာပြီး သူမ မျက်နှာမှာလည်းသွေးတွေရွှဲလို့ သေချာကြည့်မယ်ဆို ကွဲထွက်နေတဲ့ သူမ နှုတ်ခမ်းတွေက လူပြတ်နဲ့တောင် တူနေသလိုပင်။
မကြာလိုက် ကွဲနေတာတွေကို ပြန်ချုပ်သွားသလို အပ်ချည်တွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ကြောက်ဖို့ကောင်းစွာ ပြန်ချုပ်နေလေသည်။
ဖြစ်ရပ်တစ်ခုလုံးမှာ လူတစ်ယောက်တောင်ပေါ်မလာခဲ့ဘဲ ဖြစ်နေခြင်း ဖြစ်သည်။
စုချင်းချင်း ထိုနေရာမှာပဲ မူးလဲသွားတော့သည်။
သူမနိုးလာတော့ ရဲတွေကရောက်နေပြီဖြစ်သလို နေရာတစ်ခုလုံးကိုလည်း ပိတ်ထားလိုက်ပြီပင်။ သူမကသာ သေချာဖြစ်ပျက်ခဲ့တတွေကို သေချာသိတဲ့သူဆိုပေမဲ့ ဘယ်သူကမှ သူမစကားတွေကို မယုံကြပေ။
ထိုဖြစ်ရပ်ပြီးကတည်းက သူမ ကျောင်းကို မပြန်တော့တာခုထိပင်။
ဒါပေမဲ့ အရာအာလုံးက စတင်နေခဲ့တာ ကြာပြီဖြစ်သည်။
ညပိုင်း သူမ အခန်းထဲမှာအိပ်တိုင်း ခြေသံတွေ ဆက်တိုက်ကြားရသလို မြန်တာလည်းမဟုတ် နှေးတလည်းမဟုတ် ဒါပေမဲ့ သူမအိပ်ရာပေါ်က ဆင်းလိုက်တိုင်း ပျောက်သွားနေကြသည်။
သူမ လွန်ခဲ့တဲ့နှစ်ရက်က ရေချိုးခန်းမှာရေချိုးတော့ သူမ အခန်းက ဖောက်ထွင်းမြင်ရတဲ့မှန်ခန်းမို့ အပြင်ကို မြင်ရသည်။ ဒါပေမဲ့ ထိုညက ရေငွေ့ရိုက်ပြီး မှုန်ဝါးလို့နေသည်။
သူမက အပြင်က အနီရောင်အရာတစ်ခုကို မြင်လိုက်ရသည်။ ပြီးတော့ ချက်ချင်း သူမ ဟွမ်လီသူမကိုခြောက်တုန်းက မြင်လိုက်ရတဲ့ မှုန်ဝါးဝါးအနီရောင် အရာတစ်ခုကို သတိရလိုက်တော့သည်။
သူမ ရေချိုးခန်းထဲမှာ နာရီများစွာ တုန်ယင်နေခဲ့ပြီး အိမ်မှာရှိတဲ့ သူမ ဒေါ်လေးက လာခေါ်တော့မှ သာ သူမ ထွက်ခဲ့လေသည်။သူမ အပြင်ကို စစ်ကြည့်လိုက်တော့လည်း ဘာမှရှိမနေခဲ့
“…ညတိုင်း အိပ်ဖို့လုပ်တိုင်း တစ်ယောက်ယောက်က ကျွန်မကိုယ်အပေါ်ပိုင်းကို ဖိထားသလိုမျိုး နိုးလာလို့ မှန်ထဲကြည့်လိုက်ရင်လည်း ကျွန်မ ပုခုံးထက်မှာ လက်ရာတွေကြည့်ပဲ”
နွေဖြစ်တာကြောင့် စုချင်းချင်းက ကြိုးသိုင်းဝတ်စုံကို ဝတ်ထားကာ သူမ ညှပ်ရိုးပေါ်မှာလည်း အနီရောင်အမှတ်တွေကို မြင်နေရသည်။
လက်ရာတွေကလည်း တအားမကြီးသလို တအားလည်းမသေး နင်းမုန်တွေးကြည့်လိုက်တော့ ထိုအရာက အရင်ဘဝက သူမ လက်နဲ့ဆိုဒ် အတူတူပင်။
ရှီချီလည်း ကြည့်လာခဲ့သည်။
ရှီမိသားစုက ဘာလဲဆိုတာ သူမသိပေမဲ့ ဒီနေ့ သူကြားလိုက်ရတာတွေက သူ့အသိဉာဏ်ထက်တောင် ကျော်လွန်နေသလို ဒီလူတွေကလည်း အဲဒါတွေကို သာမန်လို သဘောထားနေကြသည်။
နောက်ဆုံးတစ်ခါ သူမြင်ခဲ့တာနဲ့ တူတူပဲများလား။
သူတို့ သူ့ကို တအားအေးတိအေးစက် ဆက်ဆံလို့ သူ သူတို့ကို မမြင်နိုင်တာများလား။
ရှီချီ နှုတ်ခမ်းလေးကိုက်ကာ သူ့အမူအရာက မသိသာပေ ဒါပေမဲ့ သူ့အဘွားကို ကိုင်ထားတဲ့ သူလက်ကလေးကတော့ တင်းသွားတော့သည်။
နင်းမုန် ရင်ထဲ ကျိတ်ရယ်လိုက်မိသည်။
ဒီကြွက်ပေါက်လေးက ကြောက်နေတာပဲနေမည်။
လူနှစ်ယောက်က အတွေးတွေမတူကြ ဒါပေမဲ့ သူတို့ အပြုအမူတွေက အံဩဖို့ကောင်းလောက်အောင် အပြောင်းအလဲမရှိ သူတို့ ချင်းချင်း လက်တွေ ကျစ်ကျစ်ဆုတ်ထားကြသည်။ လက်အကြီးကြီးက လက်သေးသေးလေးကို ကာထားရင်းပေါ့
ပြီးတော့ ရှီရှန်းကျင်းကလည်း ထိုအရာကို သေချာမြင်သည်။
သူ့အမေက ဒီမြေးလေးကို ဒီလောက်ထိ သဘောကျမယ် မထင်ထားပေ။ သူ့မှာ ယင်ယန်မျက်လုံးတွေ မရှိလို့ နည်းနည်းစိတ်ပျက်မိပေမဲ့ သူ့အမေကို အဖော်ပြုပေးဖို့ ဒီမှာနေခိုင်းတာလည်း အကြံဆိုးတော့ ဟုတ်မနေချေ။
လူနှစ်ယောက်ရွေ့လျားမှုကိုတော့ မျက်နှာချင်းဆိုင်က လူနှစ်ယောက်က ဘာမှသတိမပြုမိပေ။
စုကျန်းဟွ မျက်နှာကတော့ သာယာမနေ “အရင်နှစ်က ဗုဒ္ဓဆီ ဝတ်ပြုဆုတောင်းဖို့သွားတော့ ချင်းချင်းက ကျောက်စိမ်းဗုဒ္ဓ ရုပ်လေးကို ဝတ်ထားသေးတယ် အဲမတော်တဆပြီးလို့ စပြီး စိတ်ဓာတ်တွေ ကျလာတော့ ကျောက်စိမ်းဆင်းတုတော်လေးက စပြီး အက်ကွဲကြောင်းတွေပေါ်လာတော့တာ”
ဘာတွေဖြစ်နေလဲဆိုတာ သူလုံးဝ နားမလည်တာတော့မဟုတ် သူ ကျောက်စိမ်းဗုဒ္ဓက သူ့သမီးဆီမှာ ဖြစ်နေတဲ့ မကောင်းတာတွေကို ကာကွယ်ပေးနေတယ်ဆိုတာကိုလည်း သိသည်။ ပြီးတော့ အခု အဲဒါက အဲမကောင်းတာတွေကို ကာကွယ်ဖို့ စွမ်းရည်တွေ ဆုံးရှုံးလာပြီး ကျိုးပဲ့ပျက်စီးတော့မည်ပင်။
သူ ဘုရားကျောင်းကို အဲဒါလေးထပ်သွားတောင်းတော့ သူကြားတာ အဲဒါကို ထွင်းထုတဲ့လူက ကွယ်လွန်သွားပြီဟု သူအိမ်ကို ယူလာသမျှ ကျောက်စိမ်းဗုဒ္ဓတွေကလည်း အလုပ်မဖြစ်တာမို့ သူရှီမိသားစုကို အခု ပြန်လာရလေသည်။
နောက်ဆုံးတစ်ခါ ဒီလာတုန်း အကြီးဆုံးသခင်လေးက သူ့ကို ပြန်ရောက်ရင် မှန်တစ်ချပ်ချိတ်ထားဖို့ ပြောလိုက်တာ မထင်ထားလောက်အောင်အလုပ် ဖြစ်သည်။
“သခင်လေး နောက်ဆုံးတစ်ခေါက်က အိမ်ရှေ့မှာ မှန်တစ်ချပ်ချိတ်ထားဖို့ပြောတာလေ အဲဒါအတွက် ကျေးဇူးတင်ချင်လို့ပါ” စုကျန်းဟွက ပြောလိုက်သည်။ “ချင်းချင်း အများကြီး ပိုအိပ်လို့ရသွားတယ် ဒါပေမဲ့ ခုတလောတော့ ပိုပြီး ပြန်ဖြစ်လာပြန်တယ်”
အစက မှန်ကို ထိုညတွေချိတ်ဆွဲတွေ အရာအားလုံးက အေးအေးဆေးဆေးပင်။ ဒါပေမဲ့ နောက်ပိုင်း အဲဒါလည်း သူ့သက်ရောက်မှုတွေ ဆုံးရှုံးပြီး မနေ့ညက တံခါးကိုခြစ်နေတဲ့အသံတွေ ပြန်ပေါ်လာပြန်သည်။
နင်းမုန် ထူးဆန်းသွားတော့သည်။
သူမ မှန်တွေကို အိပ်ရာရှေ့မှာ မထားသင့်ဘူးဆိုတာသာ သိလေသည်။ ဒါမှမဟုတ်ရင် မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်လာတတ်တယ် အခု တံခါးရှေ့မှာချိတ်တာက ဆန့်ကျင်ဘက်သက်ရောက်တာလား။
စနစ်က ဖြေပေးလာသည်။ “ဖုန်းရွှေမှန်တွေက မကောင်းဆိုးဝါးဝိညာဉ်တွေကို နှင်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိတယ် မှင်စာတွေက မှော်မှန်ကို ပြတယ်ဆိုတာတွေးကြည့် အကြောင်းမဲ့ မဟုတ်ဘူးလေ အိပ်ရာနဲ့မျက်နှာချင်းဆိုင် ထားမယ်ဆိုရင်ကျ အိပ်ရာထဲကလူရဲ့ အသက်ကို စုပ်ယူသလို ဖြစ်မှာ ဒါပေမဲ့ တံခါးမှာချိတ်ရင်ကျ မတူတော့ဘူး တူညီတဲ့ နည်းလမ်းကိုသုံးပြီး တံခါးအပြင်က မကောင်းဆိုးဝါးကို စုပ်ယူပေးတာ တားဆီးပေးတာမျိုးပေ့ါ”
ဒါပေမဲ့ သေချာကြည့်ရင် သူတို့က သာမန်မဟုတ်တဲ့ ဝိညာဉ်ကို ရန်စမိတာနေမည်။ ဘာလို့လဲဆိုတော့ မှန်ရဲ့သက်ရောက်မှုက ရက်အနည်းငယ်သာခံလို့ ဖြစ်သည်။
ဒီသတင်းအချက်အလက်ကြောင့် နင်းမုန် သူတို့အခြေအနေကို ကူကယ်ရာမဲ့စွာသာ သက်ပြင်းချလိုက်မိတော့သည်။
ကလောင်နတ်သမီးလို အန္တာရယ်များတဲ့ ဂိမ်းမျိုးကို ပျင်းနေတာနဲ့ဆော့ဖို့ ဘယ်သူကများ သူတို့ကို ပြောလိုက်တာလဲ။ သူတို့က ဝိညာဉ်ကိုတောင် သေချာပြန်မပို့ကြဘဲနဲ့ ဒီလိုအခြေအနေထိဖြစ်စေခဲ့တာ ဒီလောက်ထိဖြစ်လာမှတော့ ရပ်တန့်မှာလည်းမဟုတ်တော့ပေ။
သူမက တိတ်ဆိတ်စွာမေးလိုက်သည်။ “အာ့ဆိုငါတို့ဘာလုပ်နိုင်လဲ”
စနစ်က “သာမန်အားဖြင့် ငါတို့ ဒီကလောင်နတ်သမီးရဲ့ တကယ့်ကိုယ်အစစ်ကို ရှာဖို့ လိုတယ် သင့်တော်တဲ့ ဖြေရှင်းနည်းကို ရှာမတွေ့ခင်ပေါ့။ သရဲတိုင်းမှာလည်း ကိုယ်ပိုင်အားနည်းချက်ဆိုတာ ရှိကြတာပဲလေ။ ဆွဲကြိုးချသေတဲ့သရဲတွေပဲကြည့် သူတို့ဆို တနေကုန် လျှာကြီး အပြင်ထွက်နေပေမဲ့ တကယ်တန်း သူတို့က ကြိုးကို ကြေက်ကြတယ်လေ”
သေဆုံးမှုရဲ့ အဓိကအကြောင်းအရင်း တော်တော်များများက သူတို့ရဲ့ အားနည်းချက်သာ ဖြစ်သည်။
နင်းမုန် သရဲကားတွေထဲမှာတွေ့တတ်တဲ့ ဇာတ်လမ်းအများစု အကြောင်းတွေးမိကာ “အရင်က သမီးတို့ကျောင်းမှာ တစ်ယောက်ယောက်သေဖူးလား”
စုချင်းချင်း ခနလောက်တွေးပြီး ခေါင်းခါကာ “ကျောင်းမှာ လေးနှစ်လောက်နေလာပေမဲ့ အရင်က တစ်ယောက်ယောက် သေဖူးတာ ဘာညာတော့ မကြားဖူးဘူး”
ရှိရင် တစ်ယောက်မဟုတ် တစ်ယောက်တော့သိမှာပဲလေ။
ရှီရှန်းကျင်းက ရုတ်တရက်ချွေးတွေပြန်လာပြီး “ကျွန်တော်တို့ နေ့ခင်းကျ ကျောင်းကို သွားမလို့ ရင်းမြစ်က အဲမှာပဲရှိတာမို့လေ”
သူ့အသိစိတ်က ပြောနေတာက ကျောင်းမှာပဲ အကြောင်းအရင်းက သေချာရှိနေတာလို့ပင်။ မဟုတ်ရင် သူတို့ ဒီကလောင်နတ်သမီးဆိုတာကိုလည်း တွေ့မှာမဟုတ်ဘူးလေ
သူအဲလိုပြောတာကြားတော့ စုကျန်းဟွ ချက်ချင်း ပျော်သွားတော့သည်။ ထို့နောက် သူ ရှီမိသားစုကနေ စုချင်းချင်းနဲ့အတူ ပြန်သွားတော့သည်။
နင်းမုန်က “ငါလည်းလိုက်မယ်”
ရှီရှန်းကျင်းက မျက်မှောင်ကြုတ်ကာ “အမေ အမေက အခုကျန်းမာရေးကောင်းသေးတာ မဟုတ်ဘူး အပြင်ထွက်လည်း ပင်ပန်းမှာပဲရှိမှာ ကျောင်းက ကိစ္စကို သားကိုသာ လက်လွှဲထားလိုက်ပါ”
နင်းမုန်က မရ “မရဘူး ငါအိုနေပြီဆိုပေမဲ့ ငါ့ကိုယ်က ခုထိ ခိုင်မာနေတုန်း ၁၇ လေးကိုလည်း အဲကိုခေါ်သွားရမယ် အဲဒါမှ နောင်ကျ တစ်ခုခုဖြစ်လာရင် နည်းလမ်းတစ်ခုရှိမှာပေါ့”
ရှီရှန်းကျင်းလည်း သူမ စိတ်ပြောင်းအောင်မလုပ်နိုင်တာမို့ သဘောတူလိုက်ရတော့သည်။
Zawgyi
အခန္း ၉.၁။ တံခါးမွာ မွန္တစ္ခ်ပ္ခ်ိတ္ထား
ေျပာရရင္ ေက်ာင္းမွာက တကယ္တန္း လူအို႐ုံႏွစ္ခုရွိေလသည္။ တစ္ခုက တကၠသိုလ္ဝင္းထဲမွာရွိၿပီး တစ္ခုက အေဆာင္အေဆာက္အဦးမွာ ျဖစ္သည္။
ဒါေပမဲ့ အေဆာင္က ဟာက ပိုေဝးသည္။ အဲဒါက မိန္းကေလး အေဆာင္အတြင္းဘက္ဆုံးမွာတည္ရွိၿပီးေတာ့ ေတာ္ေတာ္ေလးလည္း အိုေဟာင္းေနၿပီပင္။ ဒါေပမဲ့လည္း အဲဒါကေတာ့ မိန္းကေလးေတြအတြက္ ပိုနီးတာမို႔ ေတာ္ေတာ္မ်ားမ်ားက အဲကို သြားေလ့ရွိသည္။
စုခ်င္းခ်င္းနဲ႕ စု႐ႊဲက ထိုေနရာနဲ႕ ေတာ္ေတာ္ေလးရင္းႏွီးသည္။
အေဆာင္ထဲက လူအို႐ုံက တအားရိုးရွင္းသည္။ ပထမထပ္မွာ အခန္းတစ္ခန္းတည္းသာရွိၿပီး မ်ားေသာအားျဖင့္ တာဝန္က် သူနာျပဳတစ္ေယာက္နဲ႕ ေဒါက္တာ တစ္ေယာက္သာရွိတတ္သည္။
စုခ်င္းခ်င္း ျပတင္းေပါက္ေရွ႕မွာ ရပ္ကာ ေအာ္ဖို႔လုပ္လိုက္သည္။
သူမ မထင္ထားခဲ့ ျပတင္းေပါက္ေတြက မပိတ္ထားေတာ့ ေလတိုက္တာနဲ႕လိုက္ကာတစ္ခ်က္ အလြင့္မွာ အထဲက အရာအားလုံး ခ်က္ခ်င္းေပၚလာေတာ့သည္။
စု႐ႊဲက သူမကို ေက်ာေပးၿပီးေဆး႐ုံကုတင္မွာ လွဲေနကာ သူမ အိပ္ေပ်ာ္ေနတဲ့အတိုင္းပင္။
စုခ်င္းခ်င္း လွမ္းေအာ္လိုက္သည္။ “စု႐ႊဲ။ နင္ ဘာလို႔ အိပ္ရာေပၚ အိပ္ေနတာလဲ”
သူမ အသံၿငိမ္သြားတာနဲ႕ စု႐ႊဲက အိပ္ရာေပၚကေန လွည့္လာကာ သူမကို မ်က္ႏွာခ်င္းဆိုင္လာခဲ့သည္။ ဒါေပမဲ့ သူမ မ်က္ႏွာက အလြန္ကိုမွ ေၾကာက္လန့္ေနကာ ပါးစပ္ကို အက်ယ္ႀကီးဟၿပီး ဘာအသံမွလည္းထြက္မလာခဲ့ေပ။
စုခ်င္းခ်င္း ထိုအခ်ိန္ထိလည္း သတိမျပဳမိေသး ၿပီးေတာ့ သူမက ဆက္ကာ “ေနာက္ေတာင္က်ေနၿပီ ျမန္ျမန္သြားရေအာင္ တကယ္လို႔ ဒီမွာဘယ္သူမွမရွိရင္ ေရွ႕က လူအို႐ုံကိုသြား…..”
သူမ ဆုံးေအာင္မေျပာနိုင္ေသးခင္မွာပဲ သူမ မ်က္လုံးျပဴးသြားေတာ့သည္။
ကုတင္ေပၚက စု႐ႊဲရဲ႕ အနီေရာင္ႏႈတ္ခမ္းေသးေသးေလးေတြက တျဖည္းျဖည္းနဲ႕ေဘးကိုဆြဲခံရသလို ကြဲထြက္လာၿပီး ေသြးေတြ ထြက္လာခဲ့သည္။ တစ္ေယာက္ေယာက္က ကတ္ေၾကးသုံးၿပီး ပါးစပ္ကို ျဖတ္ေနတဲ့အတိုင္းပင္။
စုခ်င္းခ်င္း စု႐ႊဲရဲ႕ မခ်ိတင္ကဲ ငိုေႂကြးသံေတြကိုသာ အခန္းထဲ ၾကားေနရေတာ့သည္။
သူမ ကိုယ္ေအာက္က အျဖဴေရာင္အိပ္ရာခင္းက ေသြးေတြနဲ႕စို႐ႊဲလာၿပီး သူမ မ်က္ႏွာမွာလည္းေသြးေတြ႐ႊဲလို႔ ေသခ်ာၾကည့္မယ္ဆို ကြဲထြက္ေနတဲ့ သူမ ႏႈတ္ခမ္းေတြက လူျပတ္နဲ႕ေတာင္ တူေနသလိုပင္။
မၾကာလိုက္ ကြဲေနတာေတြကို ျပန္ခ်ဳပ္သြားသလို အပ္ခ်ည္ေတြ တစ္ခုၿပီးတစ္ခုေပၚလာၿပီး ေၾကာက္ဖို႔ေကာင္းစြာ ျပန္ခ်ဳပ္ေနေလသည္။
ျဖစ္ရပ္တစ္ခုလုံးမွာ လူတစ္ေယာက္ေတာင္ေပၚမလာခဲ့ဘဲ ျဖစ္ေနျခင္း ျဖစ္သည္။
စုခ်င္းခ်င္း ထိုေနရာမွာပဲ မူးလဲသြားေတာ့သည္။
သူမနိုးလာေတာ့ ရဲေတြကေရာက္ေနၿပီျဖစ္သလို ေနရာတစ္ခုလုံးကိုလည္း ပိတ္ထားလိုက္ၿပီပင္။ သူမကသာ ေသခ်ာျဖစ္ပ်က္ခဲ့တေတြကို ေသခ်ာသိတဲ့သူဆိုေပမဲ့ ဘယ္သူကမွ သူမစကားေတြကို မယုံၾကေပ။
ထိုျဖစ္ရပ္ၿပီးကတည္းက သူမ ေက်ာင္းကို မျပန္ေတာ့တာခုထိပင္။
ဒါေပမဲ့ အရာအာလုံးက စတင္ေနခဲ့တာ ၾကာၿပီျဖစ္သည္။
ညပိုင္း သူမ အခန္းထဲမွာအိပ္တိုင္း ေျခသံေတြ ဆက္တိုက္ၾကားရသလို ျမန္တာလည္းမဟုတ္ ေႏွးတလည္းမဟုတ္ ဒါေပမဲ့ သူမအိပ္ရာေပၚက ဆင္းလိုက္တိုင္း ေပ်ာက္သြားေနၾကသည္။
သူမ လြန္ခဲ့တဲ့ႏွစ္ရက္က ေရခ်ိဳးခန္းမွာေရခ်ိဳးေတာ့ သူမ အခန္းက ေဖာက္ထြင္းျမင္ရတဲ့မွန္ခန္းမို႔ အျပင္ကို ျမင္ရသည္။ ဒါေပမဲ့ ထိုညက ေရေငြ႕ရိုက္ၿပီး မႈန္ဝါးလို႔ေနသည္။
သူမက အျပင္က အနီေရာင္အရာတစ္ခုကို ျမင္လိုက္ရသည္။ ၿပီးေတာ့ ခ်က္ခ်င္း သူမ ဟြမ္လီသူမကိုေျခာက္တုန္းက ျမင္လိုက္ရတဲ့ မႈန္ဝါးဝါးအနီေရာင္ အရာတစ္ခုကို သတိရလိုက္ေတာ့သည္။
သူမ ေရခ်ိဳးခန္းထဲမွာ နာရီမ်ားစြာ တုန္ယင္ေနခဲ့ၿပီး အိမ္မွာရွိတဲ့ သူမ ေဒၚေလးက လာေခၚေတာ့မွ သာ သူမ ထြက္ခဲ့ေလသည္။သူမ အျပင္ကို စစ္ၾကည့္လိုက္ေတာ့လည္း ဘာမွရွိမေနခဲ့
“…ညတိုင္း အိပ္ဖို႔လုပ္တိုင္း တစ္ေယာက္ေယာက္က ကြၽန္မကိုယ္အေပၚပိုင္းကို ဖိထားသလိုမ်ိဳး နိုးလာလို႔ မွန္ထဲၾကည့္လိုက္ရင္လည္း ကြၽန္မ ပုခုံးထက္မွာ လက္ရာေတြၾကည့္ပဲ”
ေႏြျဖစ္တာေၾကာင့္ စုခ်င္းခ်င္းက ႀကိဳးသိုင္းဝတ္စုံကို ဝတ္ထားကာ သူမ ညွပ္ရိုးေပၚမွာလည္း အနီေရာင္အမွတ္ေတြကို ျမင္ေနရသည္။
လက္ရာေတြကလည္း တအားမႀကီးသလို တအားလည္းမေသး နင္းမုန္ေတြးၾကည့္လိုက္ေတာ့ ထိုအရာက အရင္ဘဝက သူမ လက္နဲ႕ဆိုဒ္ အတူတူပင္။
ရွီခ်ီလည္း ၾကည့္လာခဲ့သည္။
ရွီမိသားစုက ဘာလဲဆိုတာ သူမသိေပမဲ့ ဒီေန႕ သူၾကားလိုက္ရတာေတြက သူ႕အသိဉာဏ္ထက္ေတာင္ ေက်ာ္လြန္ေနသလို ဒီလူေတြကလည္း အဲဒါေတြကို သာမန္လို သေဘာထားေနၾကသည္။
ေနာက္ဆုံးတစ္ခါ သူျမင္ခဲ့တာနဲ႕ တူတူပဲမ်ားလား။
သူတို႔ သူ႕ကို တအားေအးတိေအးစက္ ဆက္ဆံလို႔ သူ သူတို႔ကို မျမင္နိုင္တာမ်ားလား။
ရွီခ်ီ ႏႈတ္ခမ္းေလးကိုက္ကာ သူ႕အမူအရာက မသိသာေပ ဒါေပမဲ့ သူ႕အဘြားကို ကိုင္ထားတဲ့ သူလက္ကေလးကေတာ့ တင္းသြားေတာ့သည္။
နင္းမုန္ ရင္ထဲ က်ိတ္ရယ္လိုက္မိသည္။
ဒီႂကြက္ေပါက္ေလးက ေၾကာက္ေနတာပဲေနမည္။
လူႏွစ္ေယာက္က အေတြးေတြမတူၾက ဒါေပမဲ့ သူတို႔ အျပဳအမူေတြက အံဩဖို႔ေကာင္းေလာက္ေအာင္ အေျပာင္းအလဲမရွိ သူတို႔ ခ်င္းခ်င္း လက္ေတြ က်စ္က်စ္ဆုတ္ထားၾကသည္။ လက္အႀကီးႀကီးက လက္ေသးေသးေလးကို ကာထားရင္းေပါ့
ၿပီးေတာ့ ရွီရွန္းက်င္းကလည္း ထိုအရာကို ေသခ်ာျမင္သည္။
သူ႕အေမက ဒီေျမးေလးကို ဒီေလာက္ထိ သေဘာက်မယ္ မထင္ထားေပ။ သူ႕မွာ ယင္ယန္မ်က္လုံးေတြ မရွိလို႔ နည္းနည္းစိတ္ပ်က္မိေပမဲ့ သူ႕အေမကို အေဖာ္ျပဳေပးဖို႔ ဒီမွာေနခိုင္းတာလည္း အႀကံဆိုးေတာ့ ဟုတ္မေနေခ်။
လူႏွစ္ေယာက္ေ႐ြ႕လ်ားမႈကိုေတာ့ မ်က္ႏွာခ်င္းဆိုင္က လူႏွစ္ေယာက္က ဘာမွသတိမျပဳမိေပ။
စုက်န္းဟြ မ်က္ႏွာကေတာ့ သာယာမေန “အရင္ႏွစ္က ဗုဒၶဆီ ဝတ္ျပဳဆုေတာင္းဖို႔သြားေတာ့ ခ်င္းခ်င္းက ေက်ာက္စိမ္းဗုဒၶ ႐ုပ္ေလးကို ဝတ္ထားေသးတယ္ အဲမေတာ္တဆၿပီးလို႔ စၿပီး စိတ္ဓာတ္ေတြ က်လာေတာ့ ေက်ာက္စိမ္းဆင္းတုေတာ္ေလးက စၿပီး အက္ကြဲေၾကာင္းေတြေပၚလာေတာ့တာ”
ဘာေတြျဖစ္ေနလဲဆိုတာ သူလုံးဝ နားမလည္တာေတာ့မဟုတ္ သူ ေက်ာက္စိမ္းဗုဒၶက သူ႕သမီးဆီမွာ ျဖစ္ေနတဲ့ မေကာင္းတာေတြကို ကာကြယ္ေပးေနတယ္ဆိုတာကိုလည္း သိသည္။ ၿပီးေတာ့ အခု အဲဒါက အဲမေကာင္းတာေတြကို ကာကြယ္ဖို႔ စြမ္းရည္ေတြ ဆုံးရႈံးလာၿပီး က်ိဳးပဲ့ပ်က္စီးေတာ့မည္ပင္။
သူ ဘုရားေက်ာင္းကို အဲဒါေလးထပ္သြားေတာင္းေတာ့ သူၾကားတာ အဲဒါကို ထြင္းထုတဲ့လူက ကြယ္လြန္သြားၿပီဟု သူအိမ္ကို ယူလာသမွ် ေက်ာက္စိမ္းဗုဒၶေတြကလည္း အလုပ္မျဖစ္တာမို႔ သူရွီမိသားစုကို အခု ျပန္လာရေလသည္။
ေနာက္ဆုံးတစ္ခါ ဒီလာတုန္း အႀကီးဆုံးသခင္ေလးက သူ႕ကို ျပန္ေရာက္ရင္ မွန္တစ္ခ်ပ္ခ်ိတ္ထားဖို႔ ေျပာလိုက္တာ မထင္ထားေလာက္ေအာင္အလုပ္ ျဖစ္သည္။
“သခင္ေလး ေနာက္ဆုံးတစ္ေခါက္က အိမ္ေရွ႕မွာ မွန္တစ္ခ်ပ္ခ်ိတ္ထားဖို႔ေျပာတာေလ အဲဒါအတြက္ ေက်းဇူးတင္ခ်င္လို႔ပါ” စုက်န္းဟြက ေျပာလိုက္သည္။ “ခ်င္းခ်င္း အမ်ားႀကီး ပိုအိပ္လို႔ရသြားတယ္ ဒါေပမဲ့ ခုတေလာေတာ့ ပိုၿပီး ျပန္ျဖစ္လာျပန္တယ္”
အစက မွန္ကို ထိုညေတြခ်ိတ္ဆြဲေတြ အရာအားလုံးက ေအးေအးေဆးေဆးပင္။ ဒါေပမဲ့ ေနာက္ပိုင္း အဲဒါလည္း သူ႕သက္ေရာက္မႈေတြ ဆုံးရႈံးၿပီး မေန႕ညက တံခါးကိုျခစ္ေနတဲ့အသံေတြ ျပန္ေပၚလာျပန္သည္။
နင္းမုန္ ထူးဆန္းသြားေတာ့သည္။
သူမ မွန္ေတြကို အိပ္ရာေရွ႕မွာ မထားသင့္ဘူးဆိုတာသာ သိေလသည္။ ဒါမွမဟုတ္ရင္ မေကာင္းတဲ့သက္ေရာက္မႈေတြ ျဖစ္ေပၚလာတတ္တယ္ အခု တံခါးေရွ႕မွာခ်ိတ္တာက ဆန့္က်င္ဘက္သက္ေရာက္တာလား။
စနစ္က ေျဖေပးလာသည္။ “ဖုန္းေ႐ႊမွန္ေတြက မေကာင္းဆိုးဝါးဝိညာဥ္ေတြကို ႏွင္ထုတ္ေပးနိုင္တဲ့ အစြမ္းရွိတယ္ မွင္စာေတြက ေမွာ္မွန္ကို ျပတယ္ဆိုတာေတြးၾကည့္ အေၾကာင္းမဲ့ မဟုတ္ဘူးေလ အိပ္ရာနဲ႕မ်က္ႏွာခ်င္းဆိုင္ ထားမယ္ဆိုရင္က် အိပ္ရာထဲကလူရဲ႕ အသက္ကို စုပ္ယူသလို ျဖစ္မွာ ဒါေပမဲ့ တံခါးမွာခ်ိတ္ရင္က် မတူေတာ့ဘူး တူညီတဲ့ နည္းလမ္းကိုသုံးၿပီး တံခါးအျပင္က မေကာင္းဆိုးဝါးကို စုပ္ယူေပးတာ တားဆီးေပးတာမ်ိဳးေပ့ါ”
ဒါေပမဲ့ ေသခ်ာၾကည့္ရင္ သူတို႔က သာမန္မဟုတ္တဲ့ ဝိညာဥ္ကို ရန္စမိတာေနမည္။ ဘာလို႔လဲဆိုေတာ့ မွန္ရဲ႕သက္ေရာက္မႈက ရက္အနည္းငယ္သာခံလို႔ ျဖစ္သည္။
ဒီသတင္းအခ်က္အလက္ေၾကာင့္ နင္းမုန္ သူတို႔အေျခအေနကို ကူကယ္ရာမဲ့စြာသာ သက္ျပင္းခ်လိဳက္မိေတာ့သည္။
ကေလာင္နတ္သမီးလို အႏၲာရယ္မ်ားတဲ့ ဂိမ္းမ်ိဳးကို ပ်င္းေနတာနဲ႕ေဆာ့ဖို႔ ဘယ္သူကမ်ား သူတို႔ကို ေျပာလိုက္တာလဲ။ သူတို႔က ဝိညာဥ္ကိုေတာင္ ေသခ်ာျပန္မပို႔ၾကဘဲနဲ႕ ဒီလိုအေျခအေနထိျဖစ္ေစခဲ့တာ ဒီေလာက္ထိျဖစ္လာမွေတာ့ ရပ္တန့္မွာလည္းမဟုတ္ေတာ့ေပ။
သူမက တိတ္ဆိတ္စြာေမးလိုက္သည္။ “အာ့ဆိုငါတို႔ဘာလုပ္နိုင္လဲ”
စနစ္က “သာမန္အားျဖင့္ ငါတို႔ ဒီကေလာင္နတ္သမီးရဲ႕ တကယ့္ကိုယ္အစစ္ကို ရွာဖို႔ လိုတယ္ သင့္ေတာ္တဲ့ ေျဖရွင္းနည္းကို ရွာမေတြ႕ခင္ေပါ့။ သရဲတိုင္းမွာလည္း ကိုယ္ပိုင္အားနည္းခ်က္ဆိုတာ ရွိၾကတာပဲေလ။ ဆြဲႀကိဳးခ်ေသတဲ့သရဲေတြပဲၾကည့္ သူတို႔ဆို တေနကုန္ လွ်ာႀကီး အျပင္ထြက္ေနေပမဲ့ တကယ္တန္း သူတို႔က ႀကိဳးကို ေၾကက္ၾကတယ္ေလ”
ေသဆုံးမႈရဲ႕ အဓိကအေၾကာင္းအရင္း ေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အားနည္းခ်က္သာ ျဖစ္သည္။
နင္းမုန္ သရဲကားေတြထဲမွာေတြ႕တတ္တဲ့ ဇာတ္လမ္းအမ်ားစု အေၾကာင္းေတြးမိကာ “အရင္က သမီးတို႔ေက်ာင္းမွာ တစ္ေယာက္ေယာက္ေသဖူးလား”
စုခ်င္းခ်င္း ခနေလာက္ေတြးၿပီး ေခါင္းခါကာ “ေက်ာင္းမွာ ေလးႏွစ္ေလာက္ေနလာေပမဲ့ အရင္က တစ္ေယာက္ေယာက္ ေသဖူးတာ ဘာညာေတာ့ မၾကားဖူးဘူး”
ရွိရင္ တစ္ေယာက္မဟုတ္ တစ္ေယာက္ေတာ့သိမွာပဲေလ။
ရွီရွန္းက်င္းက ႐ုတ္တရက္ေခြၽးေတြျပန္လာၿပီး “ကြၽန္ေတာ္တို႔ ေန႕ခင္းက် ေက်ာင္းကို သြားမလို႔ ရင္းျမစ္က အဲမွာပဲရွိတာမို႔ေလ”
သူ႕အသိစိတ္က ေျပာေနတာက ေက်ာင္းမွာပဲ အေၾကာင္းအရင္းက ေသခ်ာရွိေနတာလို႔ပင္။ မဟုတ္ရင္ သူတို႔ ဒီကေလာင္နတ္သမီးဆိုတာကိုလည္း ေတြ႕မွာမဟုတ္ဘူးေလ
သူအဲလိုေျပာတာၾကားေတာ့ စုက်န္းဟြ ခ်က္ခ်င္း ေပ်ာ္သြားေတာ့သည္။ ထို႔ေနာက္ သူ ရွီမိသားစုကေန စုခ်င္းခ်င္းနဲ႕အတူ ျပန္သြားေတာ့သည္။
နင္းမုန္က “ငါလည္းလိုက္မယ္”
ရွီရွန္းက်င္းက မ်က္ေမွာင္ၾကဳတ္ကာ “အေမ အေမက အခုက်န္းမာေရးေကာင္းေသးတာ မဟုတ္ဘူး အျပင္ထြက္လည္း ပင္ပန္းမွာပဲရွိမွာ ေက်ာင္းက ကိစၥကို သားကိုသာ လက္လႊဲထားလိုက္ပါ”
နင္းမုန္က မရ “မရဘူး ငါအိုေနၿပီဆိုေပမဲ့ ငါ့ကိုယ္က ခုထိ ခိုင္မာေနတုန္း ၁၇ ေလးကိုလည္း အဲကိုေခၚသြားရမယ္ အဲဒါမွ ေနာင္က် တစ္ခုခုျဖစ္လာရင္ နည္းလမ္းတစ္ခုရွိမွာေပါ့”
ရွီရွန္းက်င္းလည္း သူမ စိတ္ေျပာင္းေအာင္မလုပ္နိုင္တာမို႔ သေဘာတူလိုက္ရေတာ့သည္။