My Husband Hates Me ( Complet...

Af Eros_90

1.8M 81.1K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... Mere

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 4 (Unicode)

43.3K 2.4K 131
Af Eros_90


အပိုင်း - ၄

" သား သားကြောက်လို့ "

" ငါရှိနေပြီမို့ မကြောက်တော့နဲ့၊ နောက်ဆိုမင်းကိုမထားခဲ့တော့ဘူး "

ပေါ့ပါးလွန်းသည့်ခန္ဓာကိုယ်လေးကိုပွေ့ချီပြီး အခန်းအပြင်ကိုထွက်လာခဲ့လိုက်တော့သည်။

မင်းလုပ်ခဲ့တာတွေအတွက် မင်းအပြစ်ဒဏ်ခံနေရတယ်ဆိုရင်
ငါ့ပယောကကြောင့် ဖြစ်လာရတဲ့အရာရာအတွက် ငါတာဝန်ယူပေးမယ်သက်ထက်ပန်။ အဲဒါမှပဲ တရားမျှတမှာပေါ့။

*
*
*
*
*
*
*
*

" ကြီးကြီးနွယ် ကိုကိုက အလုပ်ကိုသွားပြီလားဟင် "

ဒီနေ့နဲ့ဆိုရင် ကိုကို့အိမ်ကိုရောက်နေတာ တစ်ပတ်လောက်ရှိနေပြီ။ ညဘက်ကြီး အိမ်ကိုနောက်တစ်ခေါက်ပြန်လာတဲ့ညထဲက ကိုယ့်ကို သူ့အိမ်ဆီခေါ်လာခြင်းဖြစ်သည်။

" ဟုတ်တယ် သက်ထက်လေးရဲ့ ၊ သားကိုကိုကအလုပ်သွားပြီ၊မနက်စာတောင်စားမသွားဘူး ၊ အလုပ်ကအရေးကြီးလို့နေမယ်၊ အိမ်မှာသားအတွက် မုန့်ဟင်းခါးလေးချက်ထားပေးတယ် သားလေးစားမယ်ဆို ကြီးနွယ်ထည့်ပေးမယ်လေ "

" ဟုတ် သားစားမယ်လေ ဗိုက်ဆာနေပြီ "

သူ့ဗိုက်လေးကိုပွတ်ပြလာရင်း သွားစွယ်လေးတွေရော
ပါးချိုင့်လေးပါပေါ်တဲ့အထိ ရီပြလာသည့်ကလေးငယ်လေးကို ဒေါ်နွယ်ရော အိမ်အကူ ကလေးမလေးတွေပါ ချစ်စိတ်နဲ့ငေး
ကြည့်နေမိသွားသည်။ ဒီကလေးရဲ့မိဘနှစ်ပါးစလုံးက ဆုံးပါးသွားတာကြောင့် သူစောင့်ရှောက်ရမယ့်ကလေးဆိုပြီး သူဌေးက တစ်အိမ်လုံးမှာရှိနေသည့်အလုပ်သမားတွေကို အသိပေးထားပြီးဖြစ်သည်။

" အဲလိုဆို ကြီးနွယ်ထည့်ပေးမယ်နော် "

ဒီအိမ်ကိုစရောက်ထဲက အပေါ်ထပ်တွေတက်ဖို့အတွက်
အဆင်မပြေတဲ့ကိုယ်နေဖို့အတွက် အိမ်အောက်ထပ်မှာပဲ
အဆင်ပြေအောင်စီစဉ်ပေးပြီး ကိုယ့်အခန်းဘေးမှာရှိနေတဲ့
အခန်းလွတ်ဆီမှာ သူကပြောင်းနေလေသည်။ ညရေးညတာ ကိုယ့်ကိုစိတ်မချလို့များလားဆိုပြီးတွေးမိပေမယ့် လက်တွေ့ မှာတော့ ဒီကိုစရောက်ထဲက မနက်အစောကြီးစာကိုအတူတူစားတာကလွဲရင် တစ်နေကုန်ညအိပ်တဲ့အထိ သူ့ကိုမမြင်ရပါ။ အလုပ်များတဲ့သူမို့ အပြင်မှာဘဲအချိန်ကုန်တာများတယ်လေ ။
ယုတ်စွအဆုံး ကိုကိုတစ်ယောက် ညဘက်တွေဘယ်အချိန်အိမ်ပြန်ရောက်လဲဆိုတာတောင် သက်ပန်မသိပါ။ သူပြန်လာချိန်ဆို ကိုယ်ကအိပ်ပျော်နေပြီ။

ဖေဖေနဲ့မေမေမရှိတော့တဲ့နောက်ပိုင်း ကြောက်စိတ်နဲ့
ညဘက်တွေမှာ မီးမှောင်နေရင်မနေရဲတဲ့စိတ် ၊ အိပ်မပျော်တဲ့
စိတ်တွေက ကိုကို့ရဲ့ အရိပ်အာဝါသအောက်ကိုရောက်လာရတဲ့အချိန်မှာတော့ တဖြေးဖြေးလျော့ပါးလာရလေ၏။ ညဘက်တွေမှာနှစ်ခြိုက်စွာအိပ်ပျော်ရခြင်းက ကိုယ့်ရဲ့ စိတ်အေးချမ်းရာဖြစ်နေလေ၏ ။

" စားလို့ဝပြီလား သားလေး ထပ်ပြင်ပေးရဦးမလား "

ပန်းကန်ထဲကမုန့်ကုန်သွားတော့ ကြီးကြီးနွယ်ကဂရုတစိုက်မေးလာပြန်သည်။

" သား ဝသွားပြီရယ် ၊ ဒါနဲ့လေကြီးကြီးနွယ် ကိုကိုက
အမြဲတမ်းလိုလို အပြင်မှာဘဲထမင်းစားတာလားဟင် "

" မနက်စာကိုပဲ ကုမ္မဏီမှာစားတာလေ ၊ ညစာကို သူတို့
အလုပ်နဲ့ပတ်သက်တဲ့ပွဲတွေမရှိရင် အိမ်မှာဘဲစားတယ်၊ သားရဲ့ကိုကိုက အလုပ်ပြန်ချိန်နောက်ကျတော့ သူပြန်ရောက်ရင် သားကအိပ်ပျော်နေပြီ ၊ အဲလိုကြောင့် သားနဲ့ညစာစားချိန်မဆုံဖြစ်တာ ၊ နောက်ပြီး သားကို ညစာကိုစောစောကျွေးဖို့မှာထားလို့လေ "

" အော် ... ဒါနဲ့လေကြီးကြီးနွယ် ကိုကိုကဘာဟင်းတွေကြိုက်လဲဟင် "

ခုံပေါ်မှာလက်လေးထောက် မေးလေးတင်ထားရင်း သူသိချင်တာတွေကိုမေးနေတဲ့ကောင်လေးပုံစံက အသဲယားစရာနဲ့
ချစ်စရာကောင်းလွန်းလှလေသည်။

" သားကိုကိုက ဆိတ်သားကိုနူးအိနေအောင်နှပ်ထားတာကိုကြိုက်တယ် ၊ နောက်ပြီးအသုပ်တွေကြိုက်တယ် ၊ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်လိုမျိုးပေါ့ ၊ နောက်ပြီးအရွက်ကြော်တွေကြိုက်တယ် ၊အိမ်မှာ အဲသုံးမျိုးဆုံပြီးချက်တဲ့နေ့တွေဆို အပြင်မှာထမင်းစားလာရင်တောင် နောက်တစ်ခေါက်ပြန်စားတတ်တယ် "

" ဟုတ်လား "

" ဟုတ်ပါ့တော် ဒီနေ့တောင် ဆိတ်သားနှပ်မလို့ပါ
အခုသားစားလို့ပြီးပြီဆိုရင် ကြီးနွယ်ဈေးသွားလိုက်ဦးမယ်နော်"

" ဟုတ်ကဲ့ပါ "

သက်ထက်ပန်ကတော့ ကြီးကြီးနွယ်တစ်ယောက်ဈေးကိုသွားတာနဲ့ မီးဖိုခန်းထဲမှာကျန်နေခဲ့သည့် အိမ်အကူကလေးမလေး
ုမြတ်မွန်ကို စတင်အလုပ်ရှုပ်နေပါတော့သည်။

*
*
*
*
*
*
*
*
*

အိမ်ပြန်ရောက်တော့ ညကိုးနာရီကျော်နေပြီမို့ ရေအရင်ချိုးပြီထမင်းမစားခင် ကိုယ့်အခန်းဘေးကအခန်းထဲမှာနှစ်ခြိုက်စွာအိပ်ပျော်နေမယ့်ကောင်လေးကို ထုံးစံအတိုင်းတစ်ခေါက်တော့
ဝင်ကြည့်မိသည်။ ခါတိုင်းဆို စောင်ပုံထဲမှာပုစွန်ထုတ်ကွေးလေးအိပ်ပျော်နေတက်တဲ့ကောင်လေးက ဒီညတော့ အိပ်ယာထဲမှာရှိမနေပါ။ ရေချိုးခန်းထဲသွားကြည့်တော့လည်း မရှိတာကြောင့် ဒီကောင်လေးဘာများဖြစ်နေလဲဆိုသည့်အတွေးဝင်လာကာ အိမ်ကလူတွေကိုမေးဖို့အတွက် ထမင်းစားခန်းဆီခပ်မြန်မြန်ပဲသွားလိုက်မိသည်။ ထမင်းစားခန်းအဝကိုရောက်တာနဲ့
လူတွေမမြင်ရသေးခင် အထဲကအသံတွေကိုကြားလိုက်ရ၏။

" သားရယ် ထမင်းစားလိုက်ပါတော့ သားကိုကိုက
စောစောကမှပြန်ရောက်လာတာ ၊ သူထမင်းစားဖို့က
နောက်ကျဦးမှာ ၊ သားကိုထမင်းစောစောကျွေးဖို့
ကြီးနွယ်တို့ကိုမှာထားခဲ့တာမို့ အခုစားလိုက်နော် "

" သားမှမဆာသေးတာကို ကြီးကြီးနွယ်ကလည်း ၊
မဆာဘဲစားရင် ရင်ပြည့်တက်တယ်သိလား "

ကြားလိုက်ရတဲ့စကားကြောင့် မကိုဋ်ကတော့ပြုံးမိသွားသည်။
သက်ထက်ပန်တို့ ဘာစိတ်ကူးပေါက်ပြီး အိမ်ကလူတွေကို
ရစ်နေတယ်မသိ။

" စားလိုက်ပါ သားလေးရယ် နော် "

" ဟင့်အင်းလို့ သား ဗိုက်မှမဆာသေးတာ "

" ကိုလေးသက်ထက်ပန် "

" မြတ်မွန်နော် နောက်ရက်တွေကျရင် ငါနင့်ကိုကြက်သွန်ဝိုင်းမခွာပေးဘဲနေမှာ ဘာမှတ်နေလဲ "

ဒေါ်နွယ်ကိုသာမက သူ့ထက်ငယ်တဲ့မြတ်မွန်ကိုပါ ဂျစ်တိုက်နေတဲ့သက်ထက်ပန်ကတော့ တကယ့်ကိုသူ့ဗီဇပြန်ပေါ်လာပုံရသည်။ ဒီကောင်လေးအကြောင်းကို မသိတဲ့လူတွေအနေနဲ့ အေးလိုက်တာလို့ထင်ရပေမယ့် တကယ်တမ်းဆို သက်ထက်ပန်က သူ့နည်းသူ့ဟန်နဲ့ တစ်မျိုးတစ်ဘာသာဆိုးတဲ့သူ။ ငယ်ငယ်ထဲက မိဘတွေအလိုလိုက်ထားမှုကြောင့် သူဖြစ်ချင်တာ သူလုပ်ချင်တာတွေကို မရရအောင်လုပ်တက်တဲ့သူမျိုး ။ သူရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီး ရိုးရိုးအေးအေးလေးလို့ထင်မိရင် အမှားကြီးမှားမယ်သာမှတ်ပေတော့ ။အခုလည်း ဘာတွေဂျစ်တိုက်နေတယ်မသိတာကြောင့်

" ဒီအချိန်ထိမအိပ်သေးဘဲ ဘာတွေဂျစ်တိုက်နေသလဲ
သက်ထက်ပန် "

အမေးစကားနဲ့အတူတူ ထမင်းစားခန်းထဲဝင်သွားလိုက်တော့
ဒေါ်နွယ်က အရင်ဦးငင်အောင်ပြောလာသည်။

" ထမင်းကျွေးတာကို မဆာလို့မစားသေးဘူးကြီးပြောနေတယ်
ညအိပ်ရင် အစာမကြေဖြစ်မှာစိုးလို့လေ "

" ထမင်းမဆာရင် နွားနို့သောက်ပြီးသွားအိပ်တော့ ၊
အိပ်ချိန်ရောက်နေပြီ "

" ကိုကိုကျ မအိပ်သေးပဲနဲ့ "

သူ့ဘာသာနှုတ်ခမ်းလှုပ်ယုံပြောပေမယ့် နားပါးသည့်ကိုယ်က
သေချာကြားလိုက်ရသည်။

" ဘာပြောတယ် "

" ဟင့်အင်း ဘာမှပြောဘူး "

စကားပြောနေတုန်း ကိုယ့်အတွက်ထမင်းပွဲပြင်ပေးလာတာ
ကြောင့် ဆိတ်သားဟင်းအနံ့ကမွှေးပျံ့လာလေ၏။
ထမင်းမဆာဘူးဆိုပြီး ဘူးခံငြင်းခဲ့တဲ့ကောင်ကတော့
သူ့အပြစ်နဲ့သူမို့ ထမင်းစားဖို့စကားမစရဲ။ ကိုယ်ထမင်းစား
ဖို့ပြင်လိုက်တာနဲ့ သူ့ဝှီးချဲလေးကိုတွန်းကာ ရေခဲသေတ္တာထဲကနေ ပန်းကန်တစ်လုံးကိုသွားထုတ်လာပြီး ကိုယ့်ရှေ့ကို
ချပေးလာလေသည်။

" ဘာတွေလဲ "

ဘာဆိုတာမြင်နေရပေမယ့် သက်သက်မဲ့မေးလိုက်ခြင်းဖြစ်သည်။

" ကိုကိုစားဖို့ ခရမ်းချဉ်သီးသုပ်ပေးထားတာ "

" မင်းကသုပ်တက်လို့လား "

" မြတ်မွန်ကိုမေးပြီးသုတ်ထားတာ ၊ မနက်ထဲကသုပ်ထားတော့မကောင်းတော့မှာစိုးလို့ ရေခဲသေတ္တာထဲထည့်သိမ်းထားတာ "

" ဟယ် သက်ထက်လေးရယ် ၊ သားကိုကိုက အဲလိုရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ဟင်းတွေဆိုမစားဘူးလေ "

ပြောပြောဆိုဆို ဒေါ်နွယ်က ကိုယ့်အရှေ့ကအသုပ်ပန်းကန်ကိုယူပြီး နေရာကနေဖယ်ဖို့ပြင်တဲ့အချိန် သက်ထက်ပန် တို့က ထုံးစံအတိုင်းသူလုပ်ချင်တာမလုပ်ရလို့ မျက်ရည်ဝဲနေ
ပါပြီ။

" ထားလိုက်ဒေါ်နွယ် ၊ ကျွန်တော်စားလိုက်မယ်  ဗိုက်မဆာဘူးဆို သွားအိပ်တော့လေ "

" ဂွီ! !"

ကိုယ့်စကားဆုံးတာနဲ့တပြိုင်ထဲ ဂွီးကနဲမြည်သံကထွက်လာတာ
ကြောင့် ထမင်းဝါးနေရင်းကနေ မသိမသာပြုံးလိုက်ရသေးသည်။

" ကို ... ကိုကို သားဗိုက်က အခုဆာလာပြီ "

" မင်းဗိုက်ဆာနေမှန်းငါသိသားပဲ ဒေါ်နွယ် သူ့ကိုထမင်း
ခူးပေးလိုက်ပါ "

ကိုယ့်အတွက်ထမင်းပန်းကန်ရောက်လာတာနဲ့ ဆိတ်သားနှပ်နဲ့အားရပါးရစားဖို့ပြင်လိုက်သည်။ ကိုကိုက
ကိုယ်သုပ်ပေးထားသည့် ခရမ်းချဉ်သီးသုပ်ကိုစားနေတာ
ကိုမြင်ရတော့ ဝမ်းသာစိတ်နဲ့အတူ ကိုယ်လဲအသုပ်တစ်ဇွန်းခတ်ပြီး ပထမဆုံးထမင်းလုပ်ကိုပါးစပ်ထဲသွင်းလိုက်တော့၏။

" ဖူး!!! "

ပါးစပ်ထဲမှာစူးကနဲခံစားလိုက်ရသည်အငံဓာတ်က ဆိုးရွားလွန်းတာကြောင့် စားနေတဲ့ထမင်းတွေပြန်ထွက်ဖို့ဖြစ်ကုန်သည်။
ရေ ရဲ့အကူအညီနဲ့ ထမင်းလုပ်ကိုလည်ချောင်းထဲရောက်အောင် အတင်းကြိုးစားလိုက်ရ၏ ။ အကုန်လုံးက ဘာများဖြစ်လို့လဲဆိုပြီးဝိုင်းကြည့်လာကျပေမယ့် ကိုကိုကတော့
ထမင်းစားမပျက်ပေ။

" ကိုကို "

ကိုယ်ကခေါ်လိုက်တော့ မျက်လုံးလှန်ပြီးကြည့်လာသည်။

" ငန်တယ်လေ "

" ငါသိတယ်လေ ငါလည်းအရသာခံတက်တယ် "

" ကိုကိုစားနေတဲ့ပုံစံက မငန်သလိုပဲ "

" ငါမစားရင် မင်းငိုမှာကြိုသိနေလို့ ၊ နောက်တစ်ခါ
ငါ့အတွက်လုပ်ပေးချင်ရင် အရသာတော့အစပ်အဟပ်တည့်
အောင်အရင်သင်ပါကွာ ၊ ငါက ဒီတစ်ညလုံးရေအိုးဖက်အိပ်ရတော့မှာ "

" မစား မစားတော့နဲ့နော် ကိုကို "

" ကဲ သက်ထက်ပန်ရယ် ထမင်းစားစမ်းပါ ၊ စကားတွေများမနေနဲ့ ၊ စားတော့ "

ပြောလည်းပြော ကိုယ့်ပန်းကန်ထဲကို ဆိတ်သားနှပ်တွေခပ်ထည့်ပေးလာတာကြောင့်  ကိုကို့ကိုသာအီလည်လည်နဲ့ပြန်ကြည့်နေမိတော့သည်။ ဒီလောက်တောင်ငန်တူးနေတာကိုစားပြနေတော့ အားနာတာပဲသိတော့တယ်။နောက်တစ်ခါဆို သေချာလေးသင်ရမယ်လို့ပဲတွေးထားလိုက်တော့သည်။

*
*
*
*
*
*
*
*

" အိမ်ထဲမှာတစ်နေကုန်ခွေနေဖို့မစဉ်းစားနဲ့ မင်အသက်က
ငယ်ငယ်လေးရှိသေးတယ် ၊ ဒီတိုင်းနေနေရင်းကနေ
ခြေထောက်တွေက တကယ်ကိုသုံးစားမရအောင်ဖြစ်ကုန်လိမ့်
မယ်၊ မနက်ကိုအိပ်ယာကနေစောစောထပြီး ခြံထဲမှာလမ်းဆင်းလျှောက်၊ မင်းလမ်းလျှောက်တဲ့အချိန် ဦးမောင်က
ဘေးကနေကူပေးလိမ့်မယ်၊ နောက်ပြီး ငါအသိအရိုးအကြောဆရာဝန်ကြီးရှိတယ်၊ သူနဲ့လည်းမင်းကိုပြပေးဖို့ပြောထားပြီးသား၊ရက်ချိန်းရရင် ဦးမောင်နဲ့သွားပြလိုက် ၊ တစ်ခါထဲနဲ့တော့
ကောင်းမှာမဟုတ်ဘူး၊ အချိန်လေးတော့ယူရမှာပေါ့၊ လေ့ကျင့်ခန်းလုပ်ဖို့ကို ပျင်းမနေနဲ့ "

ကွန်ပြူတာကိုသုံးနေရင်းကနေ ကိုယ့်ကိုလည်းသူဖြစ်ချင်တာတွေပြောနေတဲ့ကိုကို့ကို  ဒီတိုင်းငေးကြည့်နေမိတော့သည်။ ကိုကိုက ကိုယ်သိတက်တဲ့အရွယ်ထဲက အမြဲတမ်းငေးမောကြည့်နေရသည့် တစ်ဦးတည်းသောလူသားမဟုတ်လား ။ အတူမနေတော့သည့်နှစ်တွေအတွင်းမှာ ကိုကို့ကို
မြင်ချင်တိုင်း သူ့အလုပ်ရှိရာအထိလိုက်သွားပြီး အမြဲခိုးကြည့်နေကျ။ ဖေဖေနဲ့မေမေက ကိုကိုအိမ်ပေါ်ကဆင်းသွားတဲ့
အချိန်ထဲက သူကသားအကိုအရင်းမဟုတ်ဘူးလို့ အသိပေးခဲ့သည့်တိုင် ကိုယ့်ရဲ့တွယ်တာမှုက လျှော့မသွားခဲ့ချေ။

ကိုကိုက ဘာကြောင့်များ ကိုယ့်ကိုမုန်းနေရတာလဲဆိုသည့်
အတွေးကို ကလေးဘဝထဲက တွေးလို့ဉာဏ်မှီသမျှတွေးကြည့်မိသေးသည်။ ဒါပေမဲ့လည်း အဖြေကိုမထုတ်နိုင်ခဲ့ချေ။
အခုတော့ ကိုကို့ရဲ့အုပ်ထိန်းမှုအောက်မှာပြန်နေခွင့်ရခဲ့လေပြီ။
ဒီလူသားက ကိုယ့်အတွက်တော့တကယ်ကိုအနှိုင်းမဲ့ပါပဲ။

" သက်ထက်ပန်ရေ ငါပြောတာကိုကြားရင်လဲ ဟုတ်ကဲ့လောက်တော့စကားပြန်ဦးဟ ၊ မင်းကိုစကားပြောရတာလဲ
တကယ်မောတယ်၊ ရုပ်က ချစ်မွှေးတစ်စက်လေးမှမပါရတဲ့
ကြားထဲ ထုံထိုင်းပြီးလေးကွေးနေသေးတယ် ၊ တကယ်စိတ်
ကုန်စရာလေး "

" ကိုကိုကျတော့ရောဘာထူးလဲ ရုပ်ကအမြဲစူပုတ်နေတာ
ကိုကိုကမှ တစ်ရွာလုံးနဲ့တစ်ယောက် "

" ဘာ ဘာ ဘာ မင်းငါ့ကိုဘာပြောလိုက်တယ် "

" သားပြောတာမဟုတ်လို့လား ၊ သားကိုဆို ဘယ်သူကတွေ့တွေ့ သက်ထက်ပန်ကချစ်စရာလေးဆိုပြီး ပြောကျတာလေ
ကိုကိုတစ်ယောက်ထဲကပဲ ချစ်မွှေးမပါဘူးပြောတာ ၊
အများနဲ့တစ်ယောက်ဘယ်သူကမှားတာလဲ ၊ နောက်ပြီး
ကိုကိုပြောသလို လေ့ကျင့်ခန်းလည်းသေချာလုပ်ပါ့မယ်၊
ဆေးခန်းလဲအချိန်မှန်ပြပါ့မယ်၊ အဲဒါကြောင့် သားကိုတွေ့တိုင်း
နှဖူးကအကြောကြီးပေါ်နေအောင် မျက်နှာကြီးကိုတင်းမထားပါနဲ့၊ သားကဘာမှမဖြစ်ဘူး ကိုကိုပဲ အသက်သုံးဆယ်မပြည့်သေးခင် အရေးအကြောင်းတွေပေါ်လာမှ၊ တော်ကြာစကင်းတွေကဲနေရဦးမယ် အဟိ!!"

သက်ထက်ပန် ဒီကောင်ကတော့ ကိုယ့်ကို သူစရနောက်ရမယ့်သူလို့ထင်နေတာလားမသိဘူး ။ ကိုယ့်အကြောင်းနဲ့ကိုယ်
သူ့ကိုမျက်နှာသာလေးပေးမိတာကို ဒင်းက ကန်တက်ချင်လာပုံရလေသည်။

" ငါ့ကို မင်းနဲ့ရွယ်တူလိုပြောဆိုနေတာတွေကို ဒီနေရာမှာပဲ
ရပ်လိုက်ရင်ကောင်းမယ်ထင်တယ် ၊ နောက်တစ်ခုမင်းသိအောင်ပြောရမယ်ဆိုရင် မင်းကိုငါ့အိမ်အထိခေါ်လာတယ်ဆိုတာက
သိပ်ပြီးအမြင်ကြည်လင်နေလို့မဟုတ်ဘူး ၊ ငါတင်ခဲ့ဘူးတဲ့
ကျေးဇူးတရားအကြွေးကိုပြန်ဆပ်ယုံပဲ ၊ အဲဒါကိုနားလည်ထား
ငါကအရူးလိုသဘောထားပြီး လွှတ်ပေးထားတာကို လူပါးဝပြီးအိပ်ဦးခန်းမစင်တက်စွန့်ဖို့အထိလုပ်မလာနဲ့ ၊ကျန်းမာရေးကောင်းလာတဲ့တစ်နေ့ မင်းအိမ်ကိုမင်းပြန်ရမှာ၊ငါ့အတွက် သက်ထက်ပန်ဆိုတာ ငါ့ချစ်သူကိုသတ်ခဲ့တဲ့လူသတ်ကောင်တစ်ယောက်ထက်ဘာမှပိုမလာဘူး "

" သား ကိုကို့ချစ်သူကို မသတ်ခဲ့ဘူးလို့ "

အသံအကျယ်ကြီးနဲ့ပြန်အော်လာတဲ့ သက်ထက်ပန်ကတော့
ခန္ဓာကိုယ်တစ်ခုလုံးနတ်ပူးခံရသလိုမျိုး တဆက်ဆက်ပင်တုန်နေလေသည်။ သူ့မူပိုင်မျက်ရည်တွေကလည်း မပါမဖြစ်အားဖြည့်ပေးနေပြန်၏။

" အဲညက သားဘာသာ သားဘာသာ အဟင့် ဟီးး ဟီးး"

စကားပင်မဆုံးခင် ကလေးပိစိလေးလိုငိုချလာသည့် သက်ထက်ပန်ကြောင့် လုပ်လက်စအလုပ်ကို လက်စသတ်လိုက်ရင်း
ကွန်ပြူတာကိုပိတ်လိုက်မိတော့သည်။ သူငိုနေတာကို ဒီတိုင်းပဲထိုင်ကြည့်နေလိုက်၊ ။ အတော်ကြာအောင်ငိုနေပြီးမှ
သူဘာသာမျက်ရည်တွေကိုသုတ်လိုက်ရင်း

" သား သွားအိပ်တော့မယ် Good Night ကိုကို "

နှုတ်ဆက်ပြီးတာနဲ့ချက်ချင်းဆိုသလို သူ့အခန်းထဲဝင်သွားလေတော့သည်။ မကိုဋ်မှာတော့ လေးလံလာသည့်စိတ်တွေကြောင့်
အချိန်အကြာကြီးထိုင်နေမိတော့တယ် ။ ညသန်းခေါင်ကျော်တော့မှ အိပ်ဖို့အခန်းထဲဝင်ခဲ့၏။ကိုယ့်အခန်းထဲမဝင်ခင် ဘေးက
ကပ်ရက်မှာရှိနေသည့်အခန်းထဲကို ဝင်ခဲ့မိသေးသည်။
စောင်ကိုမျက်နှာလေးပဲဖော်ပြီး အိပ်ပျော်နေတဲ့ကောင်လေးက
တစ်ချက်တစ်ချက်မှာ ယောင်ယမ်းပြီးရှိုက်နေလေသေးသည်။

*
*
*
*
*
*
*
*

" သားဘာစားချင်လဲ ကြီးနွယ်လုပ်ကျွေးမယ်နော်၊ သားလေးကလိမ္မာတယ်လေ "

" ဟင့်အင်း မလိမ္မာတော့ဘူး ဦးမောင်ကိုခေါ်ပေးလို့ "

မနက်အလုပ်သွားခါနီး မနက်စာစားဖို့အခန်းထဲလာသည့်အချိန်
လူတွေမမြင်ရသေးခင်မှာပင် သက်ထက်ပန်၏ဂျစ်တိုက်နေသည့်အသံကဆီးကြိုနေလေပြီ။ ဒီကောင်လေးရောက်လာမှ
အိမ်ရှိလူကုန်လဲ ကလေးထိန်းဖြစ်ကုန်ကျပြီထင်ပါရဲ့။

" ဘာဖြစ်နေပြန်လဲ သက်ထက်ပန် တစ်နေ့တစ်မျိုး မရိုးရပါလားဟေ့ "

" အောင်မလေး ဒီကလေးကိုပြောပါဦး သားရယ်၊
ဟိုဘက်အိမ်မှာသူ့ဘာသာပြန်နေမယ်ဆိုပြီး ဦးမောင်ကိုကားနဲ့လိုက်ပို့ခိုင်းနေတယ် ၊ မနက်စာကိုကျွေးမရတော့ဘူး
ဒီကလေး ခါတိုင်းနေ့တွေဆိုဒီလိုမဟုတ်ပါဘူး "

" သား ဟိုဘက်အိမ်ပြန်နေတော့မယ် ၊ ဦးမောင်ကို
ခေါ်ပေး "

" ဘာ မင်းဘာပြောလိုက်တယ် "

ကြားလိုက်ရသည့်စကားကြောင့် မနက်ချိန်ခါဒေါသထွက်စရာ
ဖြစ်လာရပြန်သည်။ စူပုတ်ပုတ်နဲ့မျက်နှာနဲ့ မျက်လွှာချပြီးပြောနေပုံက နားရင်ကို ဆယ်ချက်လောက်ရိုက်ချင်စရာကောင်းနေသည်။

" ကိုကိုကြားလိုက်တဲ့အတိုင်းပဲလေ သားသာသာ ဟိုဘက်အိမ်မှာပြန်နေတော့မလို့ "

" သက်ထက်ပန် "

" သားကို မအော်နဲ့လို့ကိုကိုလူဆိုးကောင်ရဲ့ ၊ ကိုကိုပဲ
သားကိုမမြင်ချင်တာလေ ၊ အဲဒါကြောင့် "

" မင်း ေ-ာက်ပါးစပ်ကိုပိတ်ပြီး အခုငါနဲ့လိုက်ခဲ့ "

ငါနဲ့လိုက်ခဲ့လို့ခေါ်မိပေမယ့် တကယ်တမ်းမှာတော့ သူ့ဝှီးချဲကို
ကိုယ်ကတွန်းနေမိတာဖြစ်သည်။ သူ့အခန်းထဲအထိခေါ်လာပြီး
တံခါးကိုပိတ်လိုက်သည်။ပြီးကာမှ

" မင်း ဘာဖြစ်ချင်နေတာလဲ သက်ထက်ပန် "

" အဟင့် ဟီးးး ဟီးးး ဟီးးးး ကိုကိုက သားကိုမြင်နေရရင်
စိတ်ဆင်းရဲနေရတာမဟုတ်လား ၊ အဲဒါကြောင့်ဟိုဘက်အိမ် မှာပြန်နေပေးဖို့လုပ်တာလေ ၊ အဲလိုကျပြန်တော့လဲ
လူကိုလာအော်နေပြန်ရော ၊ တကယ်ပါဘဲ ကိုကိုစိတ်ကျေ
နပ်အောင် ဘာလုပ်ပေးရမလဲတောင်မသိတော့ဘူး "

" အဲအိမ်မှာပြန်နေတော့ မင်းရဲ့ဝေယျာဝစ္စကိုဘယ်သူက
လုပ်ပေးမှာလဲ ၊ ငတ်ပြတ်ပြီးသေချင်နေတာလား "

" သား ထမင်းချက်တက်နေပြီ ၊ တစ်ခုခုလိုရင် ဘမောင်ကို
လှမ်းဝယ်ခိုင်းမယ် "

" ဦးမောင်ကအသက်ကြီးကာမှ မင်းအလုပ်ကိုရော ဒီအိမ်ကအလုပ်တွေပါနှစ်အိမ်စာလုပ်ပေးနေရမှာလား "

" အဲလိုဆိုသားဘယ်လိုနေရမှာလဲလို့ ဟိုအိမ်ပြန်နေမယ်ဆိုလဲအဆင်မပြေ ဒီအိမ်မှာနေပြန်တော့လဲ ကိုကို့ကြောင့်
အသက်တောင်ရဲရဲမရှုရဲတော့ဘူး မေမေရေ မေမေရေလို့
သားကိုဘာလို့တစ်ယောက်ထဲထားခဲ့ရတာလဲ ဟီးးး ဟီးးးး
သားကိုဘာလို့ခေါ်မသွားရတာလဲ ဒီလိုကြီးကျန်နေခဲ့ရတာ
သားမပျော်ဘူးလို့ ဖေဖေရေ သားကိုလာခေါ်ပါလို့ "

ကလေးတစ်ယောက်လို ဟီးလေးတိုက်ငိုနေတဲ့ပုံစံကိုမြင်ရပြန်တော့လဲ ဘာကြောင့်မှန်းမသိ ရင်ထဲနာမိပြန်သည်။ မနေ့ညက
ကိုယ်ပြောလိုက်မိတဲ့စကားတွေကြောင့် ဒီအိမ်မှာဆက်ပြီးနေဖို့
မရဲတော့တာမျိုးထင်ပါရဲ့။ ဝှီးချဲရဲ့အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး

" ကဲ ငိုမနေတော့နဲ့မောင်သက်ထက်ပန်ရဲ့ ၊ ငါလည်း စိတ်ပင်ပန်းလှပြီ ၊ ငါပြောတဲ့စကားတွေကြောင့် မင်းစိတ်မကောင်း
ဖြစ်သွားတယ်ဆိုရင် အဲဒါတွေကိုမေ့လိုက်တော့၊ မင်းကျန်းမာရေးကောင်းအောင်သာ အရင်ဂရုစိုက်ရမယ်လေ၊ ငါပြောတာနားလည်လား ၊ ငါလည်း အလုပ်ကအရမ်းပင်ပန်းတယ်ကွာ လူပင်ပန်းရတဲ့ကြားထဲ စိတ်ပါပင်ပန်းရအောင်
မင်းက ထပ်မလုပ်ရင်ကောင်းမယ် ၊ ဒီမှာပဲနေ စားချင်တာ
လုပ်ချင်တာမှန်သမျှ အိမ်ကလူတွေကိုပြော၊ စိတ်ချမ်းသာအောင်နေ၊ အဲလိုဆို ငါက မင်းအတွက်ပူစရာမလိုတော့ဘူး ၊
ကျန်းမာရေးကောင်းသွားတဲ့အချိန်ကျမှ ကျန်တဲ့ကိစ္စကိုဆက်တွေးကျတာပေါ့ဟုတ်ပြီလား "

ဒီတစ်ခါတော့ကိုယ်ပြောတဲ့စကားအဆုံးမှာ ခေါင်းညှိမ့်ပြလာပြီး

" သား ဖေဖေနဲ့မေမေ့ကို လွမ်းတယ် "

ပြောပြီးတာနဲ့ကိုယ့်ပခုံးခေါင်းမှောက်ပြီး ငိုလာပြန်သည်။
တအိအိနဲ့ငိုနေပုံက ခွေးပေါက်လေးကအမေပျောက်လို့အီနေသည့်အတိုင်းပင်။ အတော်ကြာအောင်ငိုပြီးမှ ခေါင်းပြန်မော့လာကာ

" သားမျက်ရည်တွေ ကိုကို့အကျႌမှာပေကုန်ပြီ "

" အေးပေါ့ အခုတော့ငါအကျႌပြန်လဲရတော့မယ်
မသိရင်ခွေးပေါက်လေး အီနေတာကျနေတာပဲကွာ "

" ဟိုလေ သားကြောင့်ဆိုတော့ အကျႌတွေလိုက်ပြီး
ရွေးပေးရမလားဟင် "

ရတယ် ငါ့ဘာသာလုပ်လိုက်မယ်လို့ပြောလိုက်ချင်ပေမယ့်
ထပ်ငိုနေမှာစိုးတာနဲ့

" ဒါပေါ့ မင်းကြောင့်ဖြစ်တဲ့ဟာ မင်းလိုက်ရွေးပေးရမှာပေါ့ "

A/N - အာလူးနည်းနည်းထပ်ဖုတ်ဦးမယ် T^^T ။
မကိုဋ်က သက်ထက်ပန်ငိုတာကိုမြင်ရတာနဲ့ ချက်ချင်းစိတ်ပျော့ပြီး အကောင်းမြင်စိတ်ဝင်သွားတာမျိုးမဟုတ်ဘူး။
ဒီတိုင်းပဲ အသက်တောင်မပြည့်သေးခင် မိဘမဲ့ပြီးဒုက္ခိတလိုဖြစ်နေတဲ့ကလေးတစ်ယောက်အပေါ် သနားစိတ်ဝင်ယုံပဲ။
နောက်ပြီး သက်ထက်ပန်က မိဘမဲ့သွားတဲ့အချိန် ကလေးတစ်ယောက်အနေနဲ့ အကိုဖြစ်သူကိုတွယ်ကပ်နေတာမျိုး။
သူ့ရဲ့စကားပြောပုံတွေကြောင့် အရမ်းကြီး Weak ဖြစ်လွန်း
နေတဲ့ပုံစံလိုထင်ရပေမယ့် နောက်ပိုင်းကျမှသူ့စိတ်ရင်းအမှန်ကို
သိရမှာပါ။ စာရေးသူရဲ့အရေးအသားလိုအပ်ချက်ကြောင့်
ဒီအပိုင်းတွေကို စာဖတ်သူတွေမမြင်မှာစိုးလို့ ပြောပြထားတာပါ။ ဆိုတော့ကား ကူခင်းပေးမယ့်ဈေးဗန်းလေးတွေကို
မျှော်နေပါတယ်လို့ ။

Eros_90

4.4.23 ( ည  ၉ နာရီ  ၄၅ မိနစ် )

7.4.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။










Fortsæt med at læse

You'll Also Like

1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
61.2K 3.5K 55
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
559K 34.1K 68
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
114K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...