အမွှေဂျီ အတွဲ ၂

By user68921877

1.8K 145 21

ဖေကြီးဂျွန်နဲ့ ဖေငယ်လေး More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆

အပိုင်း ၃

240 19 7
By user68921877






3






"ဂျီဂျီ ဟိုဘက်သွား ...ကုကုက ဒီဝိုင်းမှာသေချာကြည့်ထား ရေခဲမုန့် ဘယ်နှစ်ခွက်
စားကြလဲဆိုတာ ....
သေချာကြည့်  တစ်ခွက်အပြင်ပိုစားရင်
စရင်းသေချာမှတ်ထားနော် ...ဖေငယ်လေး
လက်ဖွဲ့ထိုင်မှာ လူတေပိုက်ဆံဘယ်လောက်
ထည့်လဲ ဘယ်သူက ဘာပစ္စည်းတေ ထည့်ကြတာလဲဆိုတာ စနင်းနာလိုက်အုံးမယ်"

အဂျီလေး သူရဲ့သားဖြစ်သူ လက်ာကုနဲ့
ကဗျာဂျီတို့ကို သေသေချာချာ မှာလိုက်ပြီ
သူရဲ့ခြေလှမ်းတေက  လက်ဖွဲ့ငွေအကူထိုင်ဆီ
တရွေ့ရွေ့.....။

"အဟမ်း...အဟမ်း အခြေအနေဘယ်လိုရှိလဲ
ကိုငယ်လေး ကျတော်အတွက်ကျန်တော့
ကျန်ပါသေး‌တယ်နော်"

အဂျီလေး ခြေဖျားလေးထောက်လျှက်
ငွေဖလားထဲက ပိုက်ဆံကို တချက်ကြည့်
လိုက်ပြီ စရင်းထိုင်တေဖြစ်ကြတဲ့
ထယ်ယောင်းနဲ့ ဟိုဆော့တို့ကို မေးလိုက်ရာ။

"မ ဟန်ဘူး...ဒါရသေးတာ ရေခဲမုန့်က
၅ စည်ကုန်နေပြီတဲ့"

ထယ်ယောင်း ငွေဖလားမြောက်ပြလိုက်ပြီ
ခေါင်းရမ်းပြလိုက်လေသည်။
အဂျီလေး ထယ်ယောင်းရဲ့ မဟန်ဘူးစကားလဲ ကြားရော....။

"အဟွန့် ဒီမဂ်လာပွဲကန်ထရိုက်ယူမိတာ
မှားပြီနေမှာ စောနက စားသောက်နေတဲ့
သူတေကို ကြည့်လာတာ အငတ်တိုင်းပြည်က
ဆင်းသက်လာသလားအောက်မေ့ရတယ်
စားနေကြတာများ ဖုတ်ဝင်နေသလား
မှတ်တယ် မဖြစ်ဘူး အမြန်သွားတားမှ
ဒီပုံအတိုင်းဆိုရင် ကျတော်အရှုံးပေါ်မှာ"

အဂျီလေး ပြောပြောဆိုဆို ဟိုဆော့တို့ရှေ့မှ
အလျှင်အမြန် ပလူတိုမတို့ စားပွဲဝိုင်းရှိရာဆီ
ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားနေလေသည်။

"ဟိုးးးး Stop ...တစ်ခွက်ထပ်ပိုမစားနဲ့တော့"

ချဉ်ဖတ်မနဲ့ ပလူတိုမှာ စားနေရင်းတန်းလန်း
အဂျီလေးရဲ့ဟန့်တားမှူ့ကြောင့်  ရေခဲမုန့်
ကော်လက်စတန်းလန်းကြီးနဲ့ မေးလိုက်ရာ...။။


"ပိုက်ဆံက ဘယ်လောက်ထည့်တာလဲ"

"တစ်ထောင်လေ"

"ဘာ ပိုက်ဆံတစ်ထောင်နဲ့ လူနှစ်ယောက်လာပြီ ရေခဲမုန့်ကို ဘယ်နှစ်ခွက်များ စားချင်
သေးလို့လဲ "

အဂျီလေး နှုတ်ခမ်းလေးတထော်ထော်နဲ့
ခါးလေးထောက်ပြီ ချဉ်ဖတ်မတို့ကို
ပြောနေသည်မှာ မသိရင် အကြွေးတောင်း
နေသလို ။

"ကလေး ..."

ထိုအချိန်တွင် အမောင်ဂျောင်ကုတယောက်
ပုဆိုးနက်ပြာရောင်အကွက်လေးကို
စတစ်အကျီအဖြူလေးနဲ့ တွဲ၍ဝတ်ဆင်
ထားပြီး ဖိနပ်ကိုတော့ ကတ္တီပါအနက်ရောင်
လေးစီးထားလေသည်။
ဆံပင်များအားလုံးကို ဂျယ်နဲ့အကုန်လုံး
လှန်တင်ထားပြီး ပါဝါမျက်မှန်ကို
တပ်ထားလျှက် ဘေးကလူတေမြင်ရသည်
မှာ ကမ္ဘာကျော်မင်းသား မဂ်လာဆောင်ကို
လာချီးမြင့်နေသလို...။

"ဟင်...‌ယောက်ျာဂျွန် ဘယ်က ဘယ်လို
ရောက်လာရတာလဲ..."

"ဪ ကလေးရယ် အခုမဂ်လာဆောင်ကလဲ
ကိုယ်ရဲ့ ဝန်ထမ်းထဲကဆိုတော့ လာရတာပ"

"လာ ယောက်ျာဂျွန် ဒီနားကိုထိုင်"

အဂျီလေး ဂျောင်ကုလက်ကိုဆွဲ၍ အနီးနားက
ခုံတလုံးပေါ်တွင် ထိုင်စေလေသည်။
နှုတ်ခမ်းထော်ထော်လေးမှလဲ သူရဲ့သားနဲ့
သမီးဖြစ်သူတေကို ခေါ်လျှက်။

"လက်ာကုနဲ့ ကဗျာဂျီရေ ဒီမှာသားတို့ရဲ့
ဖေကြီး လာတယ် ဒီဘက်ဝိုင်းကို ရေခဲမုန့်
လာချပေးအုံး"

"ဟာ ဖေကြီးက လာတယ် ...အဲ့ဆို
ဖေငယ်လေး ဖေကြီးကိုရေခဲမုန့် ဘယ်နှစ်ခွက်
စားခိုင်းမှာလဲ"

သမီးဖြစ်သူ ကဗျာဂျီက သွက်သွက်လက်လက်နဲ့ သူတို့ရဲ့ဖေငယ်လေးမျက်နှာ
ကြည့်ပြီမေးလိုက်ရာ..။

"ယောက်ျာဂျွန် ကြိုက်သလောက်စား...အဟီး"

အဂျီလေးရဲ့ စကားကြားတော့ တဘက်ဝိုင်းမှ
ချဉ်ဖတ်မနဲ့ ပလူတိုမတို့...။

"အောင်မလေးအေ..ပတ်ဂျီမင်တို့များ
မျက်နှာလိုက်ချက် ငါတို့ကြရေခဲမုန့်
တခွက်တောင် မသထာဘူး သူလင်ကြတော့
ကြိုက်သလောက်တဲ့ အဲ့သလိုကို မျက်နှာ
ကကွာတာ"

ချဉ်ဖတ်မှာ မဲ့ရွဲ့နေပြီး တဖက်ဝိုင်းက
အဂျီတို့ဆီသို့ ငေါ့တော့တော့ ပြောလိုက်ရာ။

"ဒီမှာ အမတော်တို့ ခင်များကြီးတို့က
ပိုက်ဆံလေး တစ်ထောင်နဲ့ ၂ ယောက်
လာစားကြတာ ကျတော်ယောက်ျာ
ဂျွန်ဂျောင်ကုက တယောက်ထဲနဲ့
ပိုက်ဆံ ၁သိန်းထည့်ပြီ စားတာ
ယောက်ျာဂျွန်လို လာစားချင်ရင်
ယောက်ျာဂျွန်လို ပိုက်ဆံတစ်သိန်းထည့်ကြလေ အဲ့ကြရင် ဂျွန်ဂျီမင်တို့က တပိုးနင့်ယုံ
မကဘူး ရေခဲမုန့်စားပြီ ဘဝကူးအောင်ထိကို
ကျွေးမှာ ....ပီးတော့ ကျတော်နာမည်က
ဂျွန်ဂျီမင် ...ပတ်ဂျီမင်မဟုတ်ဘူး မှတ်ထားကြ"

ပွဲကတော့ စပါပြီ အမောင်ကုခင်မျာ
ရေခဲမုန့်ပဲ ဆက်စားရမလိုလို
စကားနိုင်လုနေတဲ့ သူရဲ့ချစ်လင်လေး
အမွှေဂျီကိုပဲ ထဆွဲရမလိုလိုနဲ့
လမ်းတေအတော်လေးကိုပျောက်
နေလေသည်။

"အောင်မလေးအေ ...စားရတာနဲ့ မကမိဘူး
အပြောခံလိုက်ရတာက တနင့်တပိုး"

"ကလေး တော် တော်ပီလေ သူများ မဂ်လာယူနေတဲ့အချိန်မှာ အဲ့လိုမပြောရဘူးလေ
"

မဂ်လာဆောင်လာကြတဲ့ ဧည့်သည်တေမှာ
ရုပ်ရှင်ပိတ်ကား ကြည့်နေသည့်အလား
သတို့သမီးရဲ့ အလှကိုမကြည်နိုင်ကြ
ပတ်ဂျီမွှေတို့ မွှေနေတာကို ရေခဲမုန့်စားရင်
ကြည့်နေကြသည်မှာ ရေခဲမုန့်တောင်
ပါးစပ်သို့မထည့်ပဲ ဘေးသို့ချော်ထိုး
နေကြသည်မှာ မြင်လို့မကောင်း။
ဂျောင်ကု အဂျီနားသို့သွား၍ လက်မောင်း
လေးကိုအသာလေးဆွဲပြီ ‌သူဘေးနားသို့
ခေါ်နေလေသည်။

"ယောက်ျာဂျွန် အသာနေ...သူတို့က
အဲ့လိုပြောမှ တန်ရာကြမှာ အချောင်နေ
အချောင်စားတေ ဒီလိုပွဲလိုက်ရှာစား
နေကြတာ"

အဂျီလေး စကားကြားတော့ ချဉ်ဖတ်မတို့
ခုံပေါ်မှ ဝုန်းကနဲထလိုက်ရာ စားပွဲခုံပေါ်မှ
ရေခဲမုန့်ခွက်တေက မြေပြင်ပေါ်သို့
ကျချိန်ဝယ်  မြို့မတီးဝိုင်းမြိုင်ဆိုင်စွာ
ထတီးနေသလို...။

"ဒုန်....ခလွမ်း....လွမ်...ချလွမ်.."

စရင်းထိုင်နေတဲ့ အမောင်ထယ်တို့ပါ
အကုန်ထလာကြလေသည်။
လက်ထဲမှာလဲ လက်ဖွဲ့ငွေ ငွေဖလားကြီးက
ပိုက်ထားလေရဲ့။

"သဲဂျီ...အဲ့လိုမလုပ်ရဘူးလေ ဒီမှာ
ကိုငယ်လေးတို့ အရင်းရပီ အမြတ်ပဲကျန်
တော့တယ် နာရီဝက်လောက်ဆိုရင်
ပွဲပီးပီ ခနစောင့်ပါအုံး သူတို့အကြောင်းလဲ
သိရဲ့သားနဲ့ လွတ်ထားလိုက်ပါ လာ..လာ"

ဟိုဆော့တယောက် အဂျီလက်လေးဆွဲခေါ်
နေလျှက် ဘေးနားက ထယ်ယောင်းရဲ့
ရင်ခွင်ထဲမှာပိုက်ထားတဲ့ ငွေဖလားထဲက
ပိုက်ဆံကို မျက်စပစ်ပြလိုက်ပြီ သူတို့ရဲ့
အမွှေဂျီလေးကို ချော့တော်‌မူနေလေသည်
ဘေးမှာ အမောင်ကုနဲ့ ကဗျာဂျီ လက်ာကု
တို့မှာလဲ ဟိုဆော့စကားကို ထောက်ခံသည့်
ပုံစံဖြင့် ခေါင်းတငြိမ့်ငြိမ့်။

"လာပါ ဖေငယ်လေးရဲ့ သူတို့နဲ့တုပြီ
ပြောမနေပါနဲ့ ပွဲပြက်သွားရင် ကဗျာဂျီတို့
အမြတ်မကျန်ပဲဖြစ်နေပါမယ်"

ဂျွန်ဂျီမင်ရဲ့ သမီးပီသချက်  ။

"ကလေး ..လာ ယောက်ျာနားလာခဲ့"

ဂျောင်ကုကပါ သူရဲ့အနားကို ဆွဲခေါ်လိုက်လေသည်။

"စားရတာနဲ့ မကာမိဘူး အပြောခံလိုက်ရတာ
တနင့်တပိုး ဟွန့်"

"ဟွန့် မပြောမခံချင်ရင် ဂျွန်ဂျီမင်နဲ့ လွှတ်အောင်ရှောင်လေ ...ဗလကြီး"

"ပြောပါ သူဌေးလေး.."

သူရဲ့ညာလက်ရုံးမှာ ပြာပြာသလဲ
အဂျီလေးနားအပြေးလေးလာလေသည်။

"ဟိုနေ့က နှစ်လုံးထိုးစရာမရှိလို့  လာပေါင်
ထားတဲ့ နားကပ်နဲ့ဆွဲကြိုးက အတိုး
ဘယ်လောက်ယူလိုက်လဲ"

"သူဌေးလေး ၁ဝ အတိုးပါ "

"အေး အဲ့ဆိုအခု ၂၀ တိုးလိုက် "

အဂျီစကားလဲကြားရော နှလုံးရောဂါသည်
တေဖြစ်ကြတဲ့ ချဉ်ဖတ်မနဲ့ ပလူတိုတို့မှာ
ပြာပြာသလဲ အဂျီနားသို့ မျက်စိမျက်နှာ
ပျက်ပျက်ဖြင့် ပြေးလာကြလေသည်။

"ဟို...ဟို ဂျွန်ဂျီမင်လေးရယ် အမတို့ကို
အဲ့လိုကြီး မရက်စက်ပါနဲ့လား "

"ဟုတ်ပါတယ် ဂျွန်ဂျီမင်လေးရယ်
မိုက်မဲမိတဲ့ ကျမရဲ့မိန်မိန်ကို ခွှင့်လွှတ်ပေးပါ
နောက်ဆို ဂျွန်ဂျီမင်လေး မကြိုက်တဲ့ဟာ
လုံးဝမပြောတော့ပါဘူး"

ပလူတိုမ မှာ သူရဲ့မိန်းမ ဖြစ်တဲ့ချဉ်ဖတ်မအစား အဂျီလေးကို မျက်နှာငယ်လေးနဲ့
တောင်းပန်နေရှာသည်။
ပလူတိုနဲ့ ချဉ်ဖတ်မှာ ပထမပိုင်းက အမွှေဂျီ
တို့ညီအကို တအုပ်လုံးမရလို့ သူတို့အချင်း
ချင်းယူလိုက်ကြရာဝယ် အသွင်တူ
အိမ်သူဖြစ်ဆိုသလို နှလုံးရောဂါကျွမ်းနေလေ
သည်။ လုံးဝကုသလို့ မရတော့ပါ ။
နှစ်လုံးပေါက်လို့ အချီကြီးရရင် ရွှေလေးဝယ်လိုက် နှစ်လုံးရှုံးရင် အဂျီတို့ဆီ
ရွှေ‌လေးတေ ပေါင်လိုက်ကြနဲ့ သံသရာ
အခါခါလယ်နေလေသည်။

"ကလေးငယ်"

အဂျင်တို့ ထုံးစံအတိုင်း ယောင်းမကြီး
ကိုင်ဆောင်လျှက် မဂ်လာယူနေတဲ့
မဏ္ဌုပ်ထဲသို့ ယောင်းမကြီး တရမ်းရမ်း
နဲ့အမောတကော လိုက်လာရာဝယ်
သူရဲ့နောက်မှာ ပါလာကြတဲ့ အဂျွန်ကြီးရယ်
ယွန်းဂီတို့အတွဲပါ ထိတ်ထိတ်ပြာပြာနဲ့
လိုက်လာရာ စီးထားတဲ့ဖိနပ်တေမှာ
ကျွဲတဖက် နွားတဖက်။

"လာပြန်ကြမယ် အိမ်မှာ အမေတို့ အဘတို့က
စောင့်နေကြတယ်"

"ဟ..ဘယ်သူက ချွန်တွန်းလုပ်လိုက်ပြန်ပီလဲ
သွားပါပီ မေကြီးတို့က ပွားတော့မှာပဲ"

အဂျီလေး ငြီးငြီးငြူငြူပြောလိုက်ချိန်တွင်
တဖက်သစ်ပင်ကွယ်မှ BBC, ဖြစ်တဲ့
ပါလေရာမှာ အဂျီလေး ကြောက်လို့
သစ်ပင်နောက်သို့ ပုန်းလိုက်ပေမဲ့
မျက်စိလျှင်တဲ့ အဂျီလုံး တွေ့သွားလေသည်။

"BBC "

"ခင်ညာ...."

"ခင်မျာနောက်ထား လူအရင်လာခဲ့"

BBcတို့ နာမည်နဲ့ လူ လိုက်ချက်
ဘန်ထန်ရွာတွင် အပ်ကြတာကအစ
အကုန်သိ။
သူကြားသမျှ အဂျီလေး တဆင့်ပြော
အဂျီလေး က တစ်ရွာလုံးပတ်မွှေ။

"လုပ်ကြပါအုံး အ...အကိုတို့"

ဂျောင်ကုဘက်သို့ မျက်နှာငယ်လေးနဲ့
အကူအညီတောင်းနေသည်မှာ
အကယ်ဒမီ ၅ထပ်ကွမ်းလောက်
ပစ်ခက်ပေးချင်စရာ။

"လာပါ ကလေးရယ် ကလေးငယ်ကို
ဘာမှမလုပ်စေရဘူး ယောက်ျာ
တာဝန်ယူတယ် အခုပြန်ကြမယ်လေ
အိမ်ရောက်ရင် ကလေးစိတ်ကြိုက်
ဟောဒီက လင်ကြီးက အကုန်လုံး
လိုက်ရောပေးမယ်"

"အဟီး ...I miss you......"

" Me to"

ပြောပြောဆိုဆို ဂျောင်ကု အဂျီလေးကို
ညင်ညင်သာသာ ပုခုံးလေးဖက်၍
မဂ်လာမဏ္ဌုပ်ဆီမှ ပြန်သွားလေသည်။

မဂ်လာဧည့်ခံပွဲ လာတဲ့သူတေကော
ကျန်အကိုတေကပါ ပါးစပ်အဟောင်းသား
နောက်မှ ကျန်နေခဲ့လေသည်။

ဂျွန်ဂျောင်ကုနဲ့ ဂျွန်ဂျီမင်တို့ရဲ့ လူအများ
ရှေ့ သဲကဲထားတဲ့ I miss you...me to
ဆိုပြီ ပုခုံးဖက်ပြီ ကြင်ကြင်နာနာ
ချစ်ပြထားတဲ့ ဗီဒီယိုဖိုင်လေးဟာ‌လဲ
တခနအတွင်းမှာတွင်  မဂ်လာ‌ေဆာင်မှာ
သတို့သား/သတို့သမီးငှားထားတဲ့
ဗီဒီယိုသမားက ငှားတဲ့သူတေမရိုက်ပဲ
ဂျွန်ဂျောင်ကုနဲ့ ဂျွန်ဂျီမင်ကြီးသာ
ဒေါက်ရှောက်လိုက်ရိုက်နေလေသည်။
တခနအတွင်း ပျံ့နံ့သွားသည်မှာက
သူရဲ့တပည့်ကျော် ဗီဒီယိုသမားရဲ့
လက်ထောက် ကောင်လေးက Liveလွှင့်
လိုက်သောကြောင့် ဖြစ်လေသည်။

ကျေးဇူးပါ မီးငယ်လေးရေ Khue တို့ဆီက
လိုင်းတေဖျတ်ထားလို့ Jikookတို့
mm တေ မသိရပေမဲ့လဲ သူလေးကျေးဇူး
ကြောင့်ကော ကောင်လေး ၇ ယောက်
အကြောင်းတေကော Jikook mm
လေးတေပါ ပြောပေးကြတဲ့ မုံရွာသူချောချော
လေးနဲ့ တန့်ဆည်သူ လှလှလေးကို
ဟောဒီက မမKhue ကျေးဇူးအထူးတင်
နေလျှက်ပါလို့ ပန်ကိတ်လေးတို့လဲ
အမွှေဂျီ အတွဲ ၂ ကို တောင်းဆိုပေးကြ
လို့ ချစ်ပါတယ် အတွဲ ၁ ထပ် ပိုပြီ
ကောင်းတဲ့အရေးအသားနဲ့ နောက်မကြာမှီ
လာခဲ့ပါအုံးမယ် ဆက်ဆက်စောင့်မျှော်ပေး
ပါအုံး စစ်ကိုင်းတိုင်းမှ နယ်မြို့လေးတေဆီကို
အင်တာနက်လိုင်းအမြန်ရအောင်
ဝိုင်းပြီး ဆုတောင်းပေးကြပါ အဲ့ကျမှ
အမွှေဂျီ အတွဲ ၂ လေးက မြန်မြန် ဖတ်ရမှာမို့
အခုတော့ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်
နောက်တခါပြန်တွေ့ခဲ့ရင် အခွီးတလိုင်းနဲ့
အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီ
ပန်ကိတ်မလေးတေဆီကို အပြေးလေး
လာချင်ပါတယ်...အားလုံးကို သတိရတယ်
လွမ်းတယ် အမွှေဂျီလေးကို မေ့မသွားကြပါနဲ့
အားလုံးကို ချစ်တယ်နော်....






Continue Reading

You'll Also Like

245K 8.8K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
184K 4.9K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
483K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
221K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...