1
အသက် ၄၀ အရွယ် အမျိုးသားတဦး စရင်းစာအုပ်တေကြားထဲမှာ မျက်နှာအပ်၍
စရင်းဇယားများကို အမှားရှိမရှိ သေသေချာချာစစ်ဆေးနေစဉ်။
"ဂျွန်ဂျောင်ကုရေ ဂျွန်ဂျောင်ကု...
ကြားရာအရပ်ကနေအမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပီး အမြန်လာခဲ့ပါဟ.."
ထယ်ယောင်းတယောက် အရေးကြီးသုတ်ပြာနဲ့ ဂျောင်ကုရဲ့ စရင်းစစ်နေတဲ့အခန်းဆီသို့ အမောတကော ပြေးလာခဲ့လေသည်။
"ဘာလိုဖြစ်လို့ အတင်းနင်းကန်းပြီ ကျတော်
နာမည်ကို အရေးကြီးသုတ်ပြာနဲ့ အော်ခေါ်နေရတာလဲ"
"ဒုက္ခ ဒုက္ခတော့ ရောက်နေပြီ လာ လိုက်ခဲ့.."
ထယ်ယောင်း စရင်းစစ်နေတဲ့ဂျောင်ကုရဲ့
လက်တဖက်ကိုအတင်းဆွဲ၍ခေါ်နေလေသည်။
"ဘာလဲ ဘယ်ကုလားသိုက် ကျားဝင်ဆွဲလို့
အတင်းပြေးလာရတာလဲ.."
"ကုလားသိုက် ကျားဝင်ဆွဲတာကမှ
သက်သာအုံးမယ် အခုက မင်းကလေးတေ
"
"ဘာလဲ ဘာဖြစ်တာလဲ ကျတော်ကလေးတေက ဘာဖြစ်လို့လဲ.."
ဂျောင်ကု သူရဲ့ကလေးတေလဲ ကြားရရော
မျက်လုံးမျက်ဆံပြူးလျှက်။
"လာပါ အကိုလေးရယ် လမ်းမှရှင်းပြပါမယ်
အခုလိုက်သာလိုက်ခဲ့ပါ"
ဒီလိုနဲ့ ရွာလမ်းမအတိုင်း ထယ်ယောင်းဆွဲခေါ်ရာနောက်သို့ တရွတ်တိုက် လိုက်လာခဲ့လေ၏။
"ဟေ့ကောင် ဂျောင်ဝန် မင်းငါရဲ့ကလေးတေကို ဘာကိစ္စထိပ်တုံးခတ်ထားတာလဲ."
ဂျောင်ကု ထယ်ယောင်းဆွဲခေါ်ရာနောက်သို့
လိုက်ခဲ့စဉ် မြင်လိုက်ရသည့်မြင်ကွင်းက
သူရင်ကို ဓားနဲ့အစိမ်းလိုက်ခွဲနေသလို။
သူရဲ့အသည်းအမြစ်လေးတေမှာ ဆံပင်ဘုတ်သိုက် အကျီဖရိုဖရဲ ဖြူနေတဲ့ အကျီလေးတေက မဲမဲမှောင်မှောင် ခြေထောက်သေးသေး
လေးတေထပ်ဆီမှာ ထိပ်တုံးခတ်ထားလျှက်။
"မင်းသိချင် မင်းလင်မေးလိုက်"
ဂျောင်ဝန် ဂျောင်ကုစကားကို ခပ်ရွဲ့ရွဲ့ဖြေလိုက်လေသည်။
"ကလေး"
"ယောက်ျာဂျွန်"
ဂျောင်ကုသူရဲ့ယောက်ျာဖြစ်သူအမွှေစိန်လေးဆီသို့ အပြေးလေးသွားပြီ ပါးနှစ်ဘက်ဆီသို့
သူရဲ့လက်ချောင်းသွယ်သွယ်တေနဲ့အုပ်ကိုင်
ထားလျှက် ကြောင်ကြီးအိုးမျက်နှာလေးကို
စေ့စေ့စပ်စပ်သေသေချာချာ ကြည့်လိုက်မိ၏။
"ဖေဖေကြီး ဂျီဂျီတို့လဲ ရှိသေးတယ်နော်"
"ဟုတ်တယ် ဖေကြီး ကုကုတို့လဲ အတူတူ
ထိပ်တုံးအခတ်ခံထားရတာပဲ ဖေကြီးက
ဘာလို့ ဖေငယ်လေးပဲ မျက်လုံးထဲ ကွက်မြင်
နေရတာလဲ.."
ဂျီဂျီနဲ့ကုကု သူတို့အဖေတေသဲကဲနေသည်ကို
ကြည့်မရတော့ အသံပေးလိုက်ကြသည်။
"မြင်တယ်..မင်းတို့နှစ်ယောက်ကို ပီရင်
အပြစ်ကြီးကြီးပေးမှာ"
"ဘာကိစ္စ ငါတို့အမြစ်လေးတေကို
အပြစ်ပေးရမှာလဲ ပေးချင်းပေး ဟိုခုံပေါ်မှာ
မိန့်မိန့်ကြီးထိုင်နေကြတဲ့ အုပ်ကြီးကိုသာ
တချက်လောက် သွားအုပ်လိုက်"
ထိုအသံတေကြားလို့ ခြံစည်းရိုးဘက်သို့
လှည့်အကြည့် မြင်လိုက်ရသည့်က
အမွှေဂျီရဲ့ဘက်တော်သားတေဖြစ်ကြတဲ့
အကိုဂျင်တို့ဖြစ်သည်။
ဟိုဆော့ကောင်းမှူ့ကြောင့် အဂျင်မှာ
ယောင်းမကြီးလက်တဖက်က ကိုင်ထား
လျှက် တဖက်ကဒယ်အိုးအဖုံးကြီး
ကိုင်လျှက်ပြေးလာလိုက်သည်က
မြင်လို့မကောင်းပါ။
ကလေးတချို့ အဂျင်ကို မြင်လိုက်ယုံရှိသေး
"လေးဂျင်တို့ ကစားနေကြတာလား
သားလဲပါမယ် လေးဂျင်က စွမ်းအားရှင်ဆိုရင် သားက စူပါမန်လုပ်မယ်နော် ပြောတဲ့သူနဲ့ စပိုက်တာမန်လုပ်မှာ ပြောတဲ့သူနဲ့ ရွာထဲမှ ကလေးတသိုက် အဂျင်တို့နောက်သို့
အတန်းကြီးလိုက် လိုက်ပါလာကြလေသည်။
အဂျွန်ခင်မျာလဲ ဖတ်လက်စ စာအုပ်အထူကြီးကိုင်ထားလျှက်။
သူတို့ရွာထဲမှ ရှိရှိသမျှကလေးတေ လိုက်လာကြသည်ကို သူတို့မသိကြပါ သူတို့အပူနဲ့
သူတို့သာ ရွာလမ်းမအတိုင်း တရွေ့ရွေ့
ဖုန်လုံးကြီးတေက တလှိမ့်လှိမ့် ကလေးတသိုက်က တရုန်းရုန်းနဲ့ အတော်ကို ပွဲစည်
နေလေသည်။
"အကို"
ဂျောင်ဝန်အဂျင်တို့ဆီသို့ စူးစူးစိုက်စိုက်ကြည့်လျှက် အသာကုန်အော်လိုက်တဲ့အချိန်။
"မဟုတ်လို့လား မင်းက အားအားရှိ
ငါတို့ကလေးတေသာ ထိပ်တုံးခတ်နေတာ
အမှု့အမျိုးမျိုးတက်ပြီ.."
"ကျတော်က ကျတော်တို့ ဘန်ထန်ရွာမှာ
ခိုးဆိုးလုနှိုက်ပပျောက်ရေးအတွက်
နှိမ်နင်းနေတဲ့ ရွာရဲ့အုပ်ချုပ်ရေးမှူးဆိုတာ
မေ့နေကြသလား"
"အောင်မှာ အပြောကတော့ ရွှေမန်းပဲ
မင်းတို့လဲ ငါတို့မသိရင်ခက်မယ်
အခန်းထဲမှာ နှစ်ယောက်သား...."
အဂျင် ပြောမယ့်စကားဆက်မပြောပဲ
ရပ်လိုက်တော့ ဘေးကလူတေမှာ သိချင်ဇောနဲ့ အလောတကြီးမေးလိုက်သည်က....။
"ဖ....ဖာ...ဖ.."
"ကင်ထယ်ယောင်း"
နမ်ဂျွန်းထယ်ယောင်းပါးစပ်ကိုအမြန်လှမ်းပိတ်လိုက်ရသည်။
"ဖူး...ဖလူး"
"တော်လိုက်တော့ ကင်ထယ်ယောင်း
မင်းလုပ်မှ အမှူ့ကပိုကြီးသွားပီ."
"အကို လွှတ်ပါအုံး ကျတော်က ဖဲရိုက်တာလို့
ပြောမလို့ပါ အကိုကနင်းကန်ပါးစပ်လာပိတ်
တော့ ကျတော်စကားက လိုရင်းမရောက်
တော့ဘူး.."
ဂျောင်ဝန်နဲ့ ဆူဘင်တို့မှာ မျက်နှာတေက နီရဲ
နေလျှက် ။
"တော်ပီ ဒီနေ့ဒီအချိန်က စပီး ကျတော်
အုပ်ကြီးမလုပ်တော့ဘူး နှုတ်ထွက်တယ်
ဒီလိုပုံတိုင်းဆိုရင် ကျတော်တို့ ဘယ်နေ့ဖောင်းဒိုင်းခံရမလဲမသိဘူး အကိုတို့လုပ်တာနဲ့.."
"မင်းဘာသာ လုပ်ချင်လုပ် မလုပ်ချင်နေ
ငါတို့စိတ်မဝင်စားဘူး လောလောဆယ်
ငါကလေးတေကို ထိပ်တုံးဖြုတ်ပေးအုံး"
ဂျောင်ကု သူရဲ့ကလေးတေကို ကြည့်ပြီ
ရင်နာနေလျှက်။
"ဟေ့ကောင် ဂျွန်ဂျောင်ကု မင်းမျက်နှာက
အကယ်ဒမီးများရှင် ရုပ်ရှင်မင်းသားစတိုင်
လာဖမ်းပြမနေနဲ့ မင်းလင်နဲ့မင်းကလေးတေ
အခုမှထိပ်တုံးအခတ်ခံဘူးတာလဲမဟုတ်ဘူး
၃ ရက်တခါလောက် ငါအိမ်ရောက်နေတာကို
ပြီတော့ အကိုတို့လဲ ဘာထူးသေးလဲ
အကိုတို့ လုပ်တာနဲ့ ကျတော်တို့လင်လင်တေလဲ ဘယ်မှမထွက်ရဲတော့ဘူး ဒီနေ့ပဲ ဒီအုပ်ကြီးရာထူးက နှုတ်ထွက်တယ်"
"စကားကြီး စကားကျယ်တေ ပြောမနေနဲ့
ဟေ့ကောင် ဆူဘင် ငါတို့ဘာသာ
ဖဲပဲရိုက်ရိုက် ကြက်ပဲတိုက်တိုက် မင်းလာမဖမ်းရင် အခုလို အရှက်ကွဲရမှာမဟုတ်ဘူး"
ဂျီမင်တယောက် နှုတ်ခမ်းတထော်ထော်နဲ့
ဂျောင်ကုရင်ခွင်ထဲကနေ သူရဲ့ငယ်နိုင်ဖြစ်သူ
ဆူဘင်ကိုရန်ထောင်နေလိုက်သည်။
"ကြာနီ.ဘယ်မလဲ လာခဲ့စမ်း"
"လာပြီ လေးဘင် ကြာနီကို ဘာခိုင်းမလို့လဲ"
"အဲ့မျက်နှာအဲ့အသံတေ ငါမကြားချင်တော့ဘူး အခုချက်ချင်းထိပ်တုံးသွားဖြုတ်ပေးချည်.."
"ကျေးဇူးပဲ နောက်တခါ ငါတို့နဲ့လွှတ်လွှတ်ကင်းကင်းနေ.."
ဂျီမင်တို့သားဖသုံးယောက် ဖုန်ခါလျှက်
ပြောဆိုပြီထွက်သွားလေသည်။
အဂျင်တို့ခင်မျာ ကုကုနဲ့ဂျီဂျီတို့ ဘေးတဘက်ဆီဝန်းရံလျှက် သူတို့ ပတ်စံအိမ်သို့
တရွေ့ရွေ့။
ဂျောင်ကုခင်မျာ သူရဲ့ ကြက်သဲမြစ်လေးကို
ပွေ့ချီလိုက်တော့။
"အောင်မလေး..ဖေကြီး ဘယ်လိုဖြစ်နေတာလဲ ရှေ့မှာ ကိုကိုတို့နဲ့ ကလေးတေရှိသေးတယ်လေ ဖယ်ပါ လွှတ်"
ဂျီမင်လေး ဂျောင်ကုရင်ခွင်ထဲကနေ
အတင်းရုန်းကန်းနေပြီ အောက်ဆင်းဖို့
ပြောကြားလိုက်တော့။
"လွှတ်စရာလား တရွာလုံးပတ်ပြီ
မွှေနေတဲ့ ဟောဒီက ကျတော်မျိုးရဲ့
ယောက်ျာလေးကို အပြစ်ပေးရအုံးမှာ"
"ယောကျာ်ဂျွန်က ဂျီကိုအပြစ်ပေးရက်တယ်ပေါ့"
"အပြစ်လုပ်ထားရင်တော့ ပေးရမှာပ
ကြီးကြီးကြိုက်လား သေးသေးကြိုက်လား"
"ဟင့်အင် ဂျီက ယောက်ျာဂျွန်ပဲ ကြိုက်တာ
အဟီး.."
ဂျောင်ကုရင်ခွင်ထဲကနေ ဂျီမင်တယောက်
အပြစ်ဆိုတဲ့အသံလဲကြားရော မျက်နှာချို
သွေးနေလိုက်သည်။
"နေနှင့်အုံး လမ်းပေါ်မှာမို့ စိတ်ထိန်းထားတာ
အခန်းထဲရောက်ရင်တော့ ခင်မျာလေး
အရိုးတခြား အသားတခြားဖြစ်အောင်
လုပ်ပစ်အုံးမယ်."
"ခစ် ခစ် ဟီး"
ဂျောင်ကု ဂျီမင်ကို ပုခုံပေါ်သို့ထမ်းလာလျှက်
ကုကုတို့နောက်ကနေ လိုက်လာခဲ့လေသည်။
"လေးဂျင်.."
"ဟေး"
"အိမ်ကြရင်လေ ကုတို့ကို ဖေဖေကြီးက
ရိုက်မှာနေမှာ "
"ဟုတ်တယ် ဟုတ်တယ် ဦးမင် ဂျီဂျီတို့ကို
ကယ်ပါအုံး"
"အောင်မာ ရိုက်စရာလား ငါတို့အမြစ်လေးတေကို အဲ့ကောင်ရိုက်ရဲ ရိုက်ကြည့် အသတ်ချင်း လဲပစ်လိုက်မယ် စိတ်ချ ဦးထယ်က
ကုကုနဲ့ဂျီဂျီတို့ကို လက်ဖျားနဲ့ကို မထိစေရဘူး"
"ကတိနော်.."
"ကတိ"
ဟိုဆော့တယောက် သူရဲ့အမြစ်လေးတေကို
ကတိတေအထပ်ထပ်အခါခါပေးလိုက်လေ၏။
"ကဲ ပြောပါအုံး ထိပ်တုံးခတ်ခံရတဲ့
အကြောင်းအရင်းကို ကုကုနဲ့ဂျီဂျီကို
ဖေကြီး ဘာပြောထားလဲ မင်းတို့ရဲ့
ဖေငယ်လေးကို ဂရုစိုက်ဖို့ မမှာထားဘူးလား"
ဧည့်ခန်းထဲတွင် လူကြီးစုံရာရှေ့မှာဂျီဂျီနဲ့
ကုကုခေါင်းလေးတေငုံ့ထားလျှက်။
အပြစ်သားလေးတေသဖွယ် ဘေးမှာ
ဦးကြီးတေကလဲ မျက်နှာသိပ်မကောင်းကြပါ။
ဟွန့် ပြောတော့ဖြင့် ကုတို့ဘက်ကပါဆိုပြီ
အခုကြမျက်နှာလေးတေက ညှိုးငယ်နေလိုက်တာများ ရေမသောက်ရတဲ့ကြက်ဟင်းခါးပင်ကြီးတေကျနေရော..။
"ဖေကြီးက မျက်နှာတအားလိုက်တာပဲ
ဖေငယ်လေးကျ မဆူတဲ့အပြင် ရင်ခွင်ထဲ
ထည့်ထားပြီ ဂျီတို့ကြရင် စည်းဟောက်တာနော်..မျက်နှာလိုက်တာကြီး"
"ကဗျာဂျီတယောက် သူတို့ဖေငယ်လေးရဲ့
အမွေဖြစ်တဲ့ နှုတ်ခမ်းထော်ထော်လေးနဲ့သူတို့ရဲ့ယောက်ျာကြောက်ကြီးဖြစ်တဲ့ သူတို့ရဲ့
ဖေကြီးဖြစ်သူ ဂျွန်ဂျောင်ကုကို ပြန်ပြောနေလေသည်။
"တိတ်စမ်း မင်းတို့ဖေငယ်လေး ငါရဲ့
ယောက်ျာလေး ကလေးငယ်က
မင်းတို့စိတ်မချလို့ လိုက်ထိန်းပေးနေရတာ
ဒါကို မင်းတို့က ကျေးဇူးကန်းကြသေးတာလား"
"ပေါက်ကရစကားတေ ဖေကြီးသိပ်ပြော
ကုတို့ကသာ ဖေငယ်လေးကို လိုက်ထိန်း
ရတာပါနော် အခုလဲ ဖေငယ်လေး
ဖဲခိုးရာက စလို့ ရန်ဖြစ်ရတာ"
"လကာ်ကုရေ တော်ပြီလေ ငါတို့ညှိထားတာ
အဲ့လိုမဟုတ်ဘူးလေ "
ဂျီမင်တယောက် ကုကုရဲ့ စကားကြားတော့
ဂျောင်ကုရင်ခွင်ထဲကနေ ထွက်ပြီ ဟန့်တား
လိုက်လေ၏။
"တော်ပီ ညှိထားတာ ပြန်ဖျတ်တယ်
ပီရင် ဖေကြီးက မျက်နှာတအားလိုက်တာ
ဖေငယ်လေး အပြစ်လုပ်ရင် ဘယ်တုန်းကမှ
အပြစ်မပေးဘူး ဂျီတို့သာ ပတ်ပတ်ရမ်းတာ"
"နင်တို့မသိလို့နော် နင်တို့ဖေကြီးက
ငါကို လူတေရှေ့မှာသာ မပေးတာ
အခန်းထဲမှာဆို....."
"ပတ်ဂျီမင်.."
အကိုတေအားလုံးမှာ ဂျီမင်စကားတောင်ဆုံးအောင်မပြောရ အလန့်တကြား ထအော်
လိုက်ကြသည်။
"ဘာ..ဘာလဲ ကိုကိုကြီးတို့က ဘာလို့အော်တာလဲ"
"ဂျီဂျီ ကလေးတေရှေ့မှာ စကားကို ဘယ်လို
ပြောနေတာလဲ"
"ဟင် ဂျီက ရိုးရိုးပြောမလိုဟာ ကိုကိုတို့ဘာသာ ဂျီရဲ့စကားကိုဖြတ်ပြောနေကြတာ
ဂျီပြောတာက လူကြီးက ဂျီကို အခန်းထဲရောက်ရင် ထိုင် ထ လုပ်ခိုင်းတာ ပြောမလို့ဟာ'"
"အောင်မလေး တော်ပါသေးရဲ့ ထိုင် ထ ကယ်ပေလို့သာပေါ့"
ဂျောင်ကု စိတ်ထဲတွင်သာ အောင်မလေး
တနေလိုက်တော့သည်။ သူရဲ့ယောက်ျာ
လေးက ပြောမရဘူး ကလေးစိတ်
မထင်ရင်မထင်သလို လူကြားသူကြားလဲ
မရှောင် သူပြောချင် ပြောချလိုက်သည်။
ပြောရဲဆိုရဲရပ်ကွက်က ဆင်းသက်လာ
တာဆိုတော့.........။
>>>>>>ဟေးးးးးလွမ်းနေကြပြီလား......
ဒီကောင်မလေးကို မေ့နေကြပြီလား
အမွှေဂျီ အတွဲ _၂ လေး ပြန်လာပြီးနော်
တောင်းဆိုထားတဲ့ မင်းကွတ်သီးလေးတေအတွက် .......။ အမွှေဂျီ အတွဲ ၂ မှာလဲ ဘယ်လို
မွှေပြအုံးမလဲဆိုတာ ဆက်ဆက်စောင့်မျှော်
ပေးပါအုံး ခင်မျာလေးတို့ရဲ့ ရင်ထဲက
စကားလေးတေလဲ ကြားချင်သေးတယ်ဗျာ
တခုခုပြောပေးသွား ရေးရတာ အားရှိအောင်
အတွဲ ၁ မှာက တယောက်ထဲ မွှေတာ
အခု အတွဲ ၂ မှာတော့ ၃ ယောက်မွှေမှာဆိုတော့ ရှင်တို့မပျင်းရတော့ဘူး....
ဖေကြီးဂျွန် သူရဲ့အသည်းမြစ်လေးတေကို
ဘယ်လိုတေလိုက်ထိန်းပေးရမလဲဆိုတာ
ဆက်လက်ရှူ့စားစောင့်မျှော်ပေးပါအုံး။