ကျောင်းဆရာလည်းဖြစ်သလို စီးပွားရေးအတွက်ပါ တစ်ဖက်တစ်လမ်းကနေ ပညာယူနေတဲ့ သူရမောင်မောင်ဟာ မိဘမဲ့တစ်ဦးပင်ဖြစ်သည်။
သူ့အား ဘကြီးစောကကောက်ယူမွေးစားခဲ့ပြီးပညာရေးကိုထောက်ပံ့ပေးခဲ့ပြီး ခုလက်ရှိဘဝကို ရရှိစေခဲ့သည်ဆိုပါတော့။
မွေးစားအဖေလို့အခေါ်မခံချင်တဲ့ဘကြီးစောရဲ့ဆန္ဒကြောင့် သူ့မှာဘကြီးလို့သာခေါင်းစဥ်ပြောင်းခေါ်ခဲ့ရခြင်း။
ကားကိုကုန်တိုက်တစ်ခုရှေ့တွင်ရပ်လိုက်ပြီးမှ သူရမောင်မောင်ဖုန်းခေါ်ဆိုမှု့ကိုဆက်လက်လုပ်ဆောင်မိသည်။တစ်ဖက်သို့ဖုန်းဝင်သွားသည်နှင့်..သူသည်
''အန်ကယ်နှိုင်း သူသူပါ အမချစ်သဲရဲ့ဆောက်လုပ်ရေးပရောဂျက်ကို လက်စသတ်ပြီးပြီ အဲ့ဒါ
စာရင်းတွေနဲ့အတူ ဖိုင်တွေလာပို့ပေးမလို့
အလုပ်အားရဲ့လားဗျ။''
တဖက်မှ...
''အားပါတယ် မောင်သူရရာ မင်းရဲ့အမကတော့ သူ့ရဲ့သားနဲ့အပြင်ခဏသွားပုံပဲ။
အိမ်မှာက အန်ကယ်ပဲရှိတာ အရေးကြီးရင်
company ကမန်နေဂျာဆီမှာဝင်ပို့ပေးခဲ့လို့ရတယ် အန်ကယ်ဖုန်းကြိုဆက်ထားလိုက်မယ်လေ။''
''ဟုတ်ကဲ့ဗျ.. ဒါဆိုရင် အန်ကယ်နှိုင်းကိုသူသူအလုပ်ရှုတ်စေမိပြီထင်တယ်။''
''ရပါတယ်ကွာ..မိသားစုတွေပဲကို
ပိတ်ရက်ရောက်ရင်အိမ်ကိုလာလည်ပါဦးလား မင်းရဲ့တူက မင်းကိုသတိရလို့ထင်တယ် ခဏခဏမင်းအကြောင်းတွေပဲမေးမေးနေလို့။''
''အာ...ဟုတ်လား မဏိသဲလေးက စကားအရမ်းများနေတယ်ပေါ့။စိတ်ချပါဗျာ အလုပ်အားတဲ့ရက် သူသူလာခဲ့ပါ့မယ်။''
''အေးအေး.. ကားကိုဂရုတစိုက်မောင်းအုံး
အန်ကယ်ဖုန်းချလိုက်တော့မယ်မောင်သူရ။''
''ဟုတ်ကဲ့ဗျ.. see you uncle.''
''အေးပါကွာ.. see you too.''
ဖုန်းကျသွားတာနဲ့ သူရလည်းသူ့ရဲ့ကားပေါ်မှဆင်းကာ ကုန်တုန်အတွင်းဆီသို့ဝင်ခဲ့တော့သည်။
အဲ့ဒီနောက် ကုန်တိုက်ရဲ့အပေါ်ဆုံးထပ်ရှိရာသို့ lift ဖြင့်တက်ခဲ့တော့သည်။
.
.
.
.
နောက်နေ့မနက်အစောပိုင်းတွင်...
''ဒယ်ဒီပိုင် ဒယ်ဒီပိုင်..ဖေဖေလွန်းကနေမကောင်းဘူးလား။ သားနဲ့ကိုကိုကြီးကို မုန့်လည်းလုပ်မကျွေးဘူးမနေ့ကတည်းက အိပ်နေတယ်။''
''ဟုတ်တယ် ဒယ်ဒီပိုင်..ဖေဖေလွန်းကကတိမတည်ဘူး။''
''ရှူး...စစ်လွန်းပိုင်နဲ့စစ်လွန်းနိုင် စကားကိုအကျယ်ကြီးမပြောရဘူးလို့ ဒယ်ဒီမသင်ပေးထားဘူးလား။သားတို့ရဲ့ဖေကြီးက
မနေ့ကရေချိုးမှားပြီးနေမကောင်းဖြစ်နေတာ ဆေးသောက်ပြီးအနားယူနေလို့မဆူရဘူး။''
''ဟုတ်ကဲ့ဒယ်ဒီပိုင်..''
''ဒီနေ့မင်းတို့ဦးငယ်ဆီမသွားကြဘူးလား။
အိမ်မှာပဲအလိမ္မာတုံးလေးတွေလုပ်နေကြတယ်ပေါ့။''
''ဟီး..ဟီး ဒယ်ဒီပိုင် ဖေဖေလွန်းကိုဆေးသေချာတိုက်ပေးပါ သားတို့ဦးငယ်သုတဆီ လစ်တော့မယ်။''
''ညနေမိုးမချုပ်စေနဲ့နော်သားတို့။''
''ဟုတ်ကဲ့ဒယ်ဒီ.. ဒါဆိုရင် သားတို့သွားပြီနော်။''
''အေးအေး...''
.
.
.
ကော်ဖီခွက်တွေကိုနေရာတကျစီ၍ထားနေသည့်ကောင်လေးရဲ့ခါးကို အနောက်မှနေ၍ဖက်ထားသည့် မြင်ကွင်းအား မျက်စောင်းခဲကာကြည့်နေသူနှစ်ယောက်ကြောင့် သုတမှာခပ်ပြုံးပြုံးလေးဖြစ်နေသည်။
''ကိုကို..ကလေးတွေရှိနေတယ်လေ အနေအထိုင်ဆင်ခြင်စမ်းပါ။''
''ကလေးကလဲကွာ လူရှင်းတုန်းလေးအနားကပ်ရတာကို အပြစ်တင်နေပြန်ပြီ။''
''တူလေးတွေရဲ့မျက်နှာရိပ်ကိုလည်းပြန်ကြည့်ပါဦးကိုကို ဟိုမှာသတ်တော့မယ်။အကြည့်တွေက သေနတ်သာဆိုရင် ကိုကိုတော့
ဇကာပေါက်ဖြစ်နေရော့မယ်။''
အဲ့ဒီတော့မှ ကောင်တာအနီးကခုံဘေးမှာ
သူ့အားမျက်စောင်းများချီကာကြည့်နေသည့် စစ်ညီအကိုနှစ်ယောက်ကြောင့် မဟူရာမှာသုတအားဖက်ထားသည်ကိုမလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ရတော့သည်။
''သာသနာဖျက်လေးတွေ မာန်နတ်ပဲအဖျက်နတ်လို့ထင်ထားတာ သူတို့စစ်ညီအကိုကမာန်နတ်ထက်
ပိုတောင်မှဆိုးနေသေး။''
''ကိုကို ကြားသွားပါဦးမယ် ကလေးတွေစိတ်မကောင်းအောင်လုပ်မလို့လား။''
''ကလေးကလဲ..''
''သွားစားစရာသွားဝယ်ပေးဦး ကလေးလည်းဗိုက်ဆာနေပြီ ကိုကို''
''အင်းပါ''
''ဦးငယ် ဖေဖေလွန်းနေမကောင်းဘူး။''
လက်မှရေတွေကိုလက်သုတ်ပုဝါဖြင့်သုတ်လိုက်ပြီး သူ့ရဲ့တူနှစ်ယောက်ရှိရာဆီရောက်လာတဲ့သုတမှာ သူ့အကိုနေမကောင်းတဲ့သတင်းစကားကြောင့်..
''အယ် ဟုတ်လား ဘာဖြစ်တာလဲ ကိုကိုလွန်းက။''
''ရေချိုးမှားတာလို့ဒယ်ဒီပိုင်ကပြောတာပဲ။''
''အော်ဒါဆိုရင် မကြာခင်နေပြန်ကောင်းသွားမှာပါကိုကိုလွန်းက..ဒါနဲ့
သားတို့က အခုဘယ်ကိုသွားချင်လို့ ဦးငယ်ဆီရောက်လာပါလိမ့်။''
''ဦးငယ်ကိုသတိရလို့ လာခဲ့တာ။''
''ဟုတ်လို့လား... လိမ်နေပြီကြည့်
မင်းတို့ဦးငယ်ကငါ့အပိုင်နော်မင်းတို့ကမပိုင်တော့ဘူး။''
''ဦးလေးမဟူရာကသဝန်တိုနေတာလား
သားတို့ကို။
ဦးငယ်က သားတို့ရဲ့ခေါင်းကိုင်အဖေမို့သားတို့ပိုင်တယ် ဟွန့်။''
''အံမယ် သိပ်တတ်နေတယ်ပေါ့အငယ်ကောင်။''
''ဦးဦးကသဝန်တိုနေတာကိုး..''
''သူကငါယူထားတဲ့ငါ့ရဲ့ကြင်ဘက်လေ
ငါကမှသဝန်မတိုရင်ဘယ်သူကသဝန်တိုခွင့်ရှိပါ့မလဲ အရူးလေးတွေရဲ့။''
''ဒါဆိုရင် မုန့်ဝယ်ကျွေး ဦးဦးမဟူရာ။''
''ဘာမှလဲမဆိုင်ဘူး..
စလာပြီ..ငါ့ကိုပဲမင်းတို့ကောင်တွေနှိပ်စက်ပေါင်းများနေပြီနော်။''
''ကိုကိုကညိုငြင်နေတာလား..သူတို့က ကလေးရဲ့တူအရင်းတွေနော် သိဖို့သိဖို့။''
''ဟုတ်ပါပြီကွာ ကိုယ်ကပဲ အရှုံးပေးလိုက်ပါတယ် ဒီတူဝရီးတွေကို။
ခဏစောင့်အပြင်သွားပြီးမုန့်ဝယ်ပေးမယ်။''
''ထုံးစံအရ ကြက်ကြော်နဲ့ကိုလာပဲ
ပြီးတော့ ဂိမ်းပြိုင်ကြမယ် မကြာစေနဲ့နော်ဦးဦး။''
''အေးပါကွာ..''
''ဟီးဟီး ဦးဦးမဟူရာမျက်နှာကြီးရှုတ်မဲ့နေတာပဲ ကိုကို။''
''ဦးငယ်ကိုကြည့်အုံး ပင်ပန်းနေပုံပဲ မျက်တွင်းတွေက ကျနေသလိုလို။''
''အငယ်ကောင်မင်းကသိပ်စပ်စုတာပဲ..
လာ မဏိသဲကိုဖုန်းဆက်ခေါ်ရအောင်လူများတော့
ငါတို့တွေ ဂိမ်းဆော့တော့မပျင်းရတော့ဘူးပေါ့။''
''အင်းပါ ကိုကိုပဲဖုန်းဆက်လိုက်တော့။''
''ပြီးရော..လျှောက်ပြေးမနေနဲ့ဆိုင်ထဲမှာ
ငြိမ်ငြိမ်ထိုင်နေအုံး။ကိုကိုဖုန်းပြောလိုက်ဦးမယ်။''
''ဟုတ်ကဲ့..ကိုကို။''
ဆိုင်ထဲလူအနည်းငယ်ကျလာသဖြင့်
သုတမှာ အငယ်ကောင်လေးကိုမုန့်အနည်းငယ်ကျွေးထားပြီးအလုပ်ရှုတ်နေခဲ့သည်။
''ဝသာန်..ဟိတ်ကောင် ဟိုမှာဖုန်းပြောနေတဲ့ကောင်က မင်းရဲ့ရန်သူတော်ကြီးပိုင်မဟုတ်လား။''
''ဘာတုန်းကွ...မင်းဘာပြောလိုက်တာလဲ
ငါမရှင်းဘူး။''
''ဟိုမှာ ဆိုင်အပြင်ကကောင်လေ..အဲ့ဒါပိုင်မဟုတ်လား။သေချာကြည့်ကြည့်''
''ဟုတ်တယ်ကွ အဲ့ကောင်ပဲ ''
''ဒါဆိုရင် ငါတို့ဘာဆက်လုပ်ကြမလဲ..''
''မကြေပွဲနွှဲရမှာပေါ့''
''ဒီနေရာမှာလား..ဟုတ်မှလည်းလုပ်ပါကွာ
လူတွေနဲ့ကွ''
''သူကငါ့ပြိုင်ဘက် ပြီးတော့ငါ့ရန်သူ
ငါနဲ့ရန်ဘက်''
''ဒီနေ့တော့ အေးဆေးနေလိုက်ပါကွာ
ကျောင်းဖွင့်မှမင်းလုပ်ချင်တာလုပ်''
''သေချာတယ်နော်ဖြိုးဖြိုး... ငါဘာလုပ်လုပ်ဆိုတာ''
''အေးပါ ဝသာန်ရာ''
''ဒါနဲ့ဝသာန် မင်းရဲ့အိမ်နီးချင်းက မင်းအပေါ်အကောင်းမြင်ပြီလား''
''သဲလေးအကြောင်းကမေးနေစရာကိုမလိုတာ သူကအရမ်းမာနကြီးတာကွ ဖြိုးဖြိုးမင်းသိလား ခုချိန်ထိ သဲလေးကငါ့ကိုဆို
လေလိုပဲသဘောထားတာ။''
''ဟားဟားဟား...ခံစားနေလိုက်ဝသာန်
အဲ့ဒီကောင်လေးက မာနခဲလေးလေ
ချစ်စရာလဲကောင်းသလို သူ့ဦးလေးက
ကျောင်းဆရာဆိုတော့ ပိုတောင်မှသူ့အနားမကပ်ရဲကြတာ ဆန်းသွားသလား။
မင်းရှေ့ဆက်မတိုးသင့်ဘူးလို့ငါထင်တယ်။''
''ဟိုကောင်ကိုငါကအရှုံးပေးသလိုဖြစ်သွားမှာပေါ့ မရပ်နိုင်ပါဘူးဖြိုးဖြိုးရာ''
''ဒါဆိုရင် ငါအကြံပေးလိုက်မယ် သူ့ဦးလေးကျောင်းဆရာဆီကပ်ကြည့်''
''အဲ့ဒါက ဖြိုးဖြိုး မဖြစ်နိုင်ဘူးနော်''
''ငါတို့ကသူ့တပည့်တွေပဲဟာ အနုနည်းကိုသုံးပြီးလမ်းစရှာရမယ်လေ ဝသာန်ရာ မင်းကငတုံးပဲ။''
''အေးပါကွာ မြန်မြန်သောက် ပြီးရင်
သဲလေးကိုသွားချောင်းရအောင်''
''နှာခေါင်းရောဂါကမသေးပါလား ဝသာန်ရာ ဆေးမရှိဘူးပဲမင်းအတွက်''
''ဆေးမရှိလည်းရတယ်သဲလေးသာအနားနားရှိဖို့လိုအပ်တယ်''
''အော့နှလုံးနာလိုက်တာ အော့''
''မသာကောင် ဆက်ပြောနေရင်ငါအတည်ထိုးတော့မှာ ပိတ်လိုက်တော့''
''ဟားဟားဟား ''
mp Rockeain 🍁
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi
ေက်ာင္းဆရာလည္းျဖစ္သလို စီးပြားေရးအတြက္ပါ တစ္ဖက္တစ္လမ္းကေန ပညာယူေနတဲ့ သူရေမာင္ေမာင္ဟာ မိဘမဲ့တစ္ဦးပင္ျဖစ္သည္။
သူ႕အား ဘႀကီးေစာကေကာက္ယူေမြးစားခဲ့ၿပီးပညာေရးကိုေထာက္ပံ့ေပးခဲ့ၿပီး ခုလက္ရွိဘဝကို ရရွိေစခဲ့သည္ဆိုပါေတာ့။
ေမြးစားအေဖလို႔အေခၚမခံခ်င္တဲ့ဘႀကီးေစာရဲ႕ဆႏၵေၾကာင့္ သူ႕မွာဘႀကီးလို႔သာေခါင္းစဥ္ေျပာင္းေခၚခဲ့ရျခင္း။
ကားကိုကုန္တိုက္တစ္ခုေရွ႕တြင္ရပ္လိုက္ၿပီးမွ သူရေမာင္ေမာင္ဖုန္းေခၚဆိုမႈ႕ကိုဆက္လက္လုပ္ေဆာင္မိသည္။တစ္ဖက္သို႔ဖုန္းဝင္သြားသည္ႏွင့္..သူသည္
''အန္ကယ္ႏွိုင္း သူသူပါ အမခ်စ္သဲရဲ႕ေဆာက္လုပ္ေရးပေရာဂ်က္ကို လက္စသတ္ၿပီးၿပီ အဲ့ဒါ
စာရင္းေတြနဲ႕အတူ ဖိုင္ေတြလာပို႔ေပးမလို႔
အလုပ္အားရဲ႕လားဗ်။''
တဖက္မွ...
''အားပါတယ္ ေမာင္သူရရာ မင္းရဲ႕အမကေတာ့ သူ႕ရဲ႕သားနဲ႕အျပင္ခဏသြားပုံပဲ။
အိမ္မွာက အန္ကယ္ပဲရွိတာ အေရးႀကီးရင္
company ကမန္ေနဂ်ာဆီမွာဝင္ပို႔ေပးခဲ့လို႔ရတယ္ အန္ကယ္ဖုန္းႀကိဳဆက္ထားလိုက္မယ္ေလ။''
''ဟုတ္ကဲ့ဗ်.. ဒါဆိုရင္ အန္ကယ္ႏွိုင္းကိုသူသူအလုပ္ရႈတ္ေစမိၿပီထင္တယ္။''
''ရပါတယ္ကြာ..မိသားစုေတြပဲကို
ပိတ္ရက္ေရာက္ရင္အိမ္ကိုလာလည္ပါဦးလား မင္းရဲ႕တူက မင္းကိုသတိရလို႔ထင္တယ္ ခဏခဏမင္းအေၾကာင္းေတြပဲေမးေမးေနလို႔။''
''အာ...ဟုတ္လား မဏိသဲေလးက စကားအရမ္းမ်ားေနတယ္ေပါ့။စိတ္ခ်ပါဗ်ာ အလုပ္အားတဲ့ရက္ သူသူလာခဲ့ပါ့မယ္။''
''ေအးေအး.. ကားကိုဂ႐ုတစိုက္ေမာင္းအုံး
အန္ကယ္ဖုန္းခ်လိဳက္ေတာ့မယ္ေမာင္သူရ။''
''ဟုတ္ကဲ့ဗ်.. see you uncle.''
''ေအးပါကြာ.. see you too.''
ဖုန္းက်သြားတာနဲ႕ သူရလည္းသူ႕ရဲ႕ကားေပၚမွဆင္းကာ ကုန္တုန္အတြင္းဆီသို႔ဝင္ခဲ့ေတာ့သည္။
အဲ့ဒီေနာက္ ကုန္တိုက္ရဲ႕အေပၚဆုံးထပ္ရွိရာသို႔ lift ျဖင့္တက္ခဲ့ေတာ့သည္။
.
.
.
.
ေနာက္ေန႕မနက္အေစာပိုင္းတြင္...
''ဒယ္ဒီပိုင္ ဒယ္ဒီပိုင္..ေဖေဖလြန္းကေနမေကာင္းဘူးလား။ သားနဲ႕ကိုကိုႀကီးကို မုန့္လည္းလုပ္မေကြၽးဘူးမေန႕ကတည္းက အိပ္ေနတယ္။''
''ဟုတ္တယ္ ဒယ္ဒီပိုင္..ေဖေဖလြန္းကကတိမတည္ဘူး။''
''ရႉး...စစ္လြန္းပိုင္နဲ႕စစ္လြန္းနိုင္ စကားကိုအက်ယ္ႀကီးမေျပာရဘူးလို႔ ဒယ္ဒီမသင္ေပးထားဘူးလား။သားတို႔ရဲ႕ေဖႀကီးက
မေန႕ကေရခ်ိဳးမွားၿပီးေနမေကာင္းျဖစ္ေနတာ ေဆးေသာက္ၿပီးအနားယူေနလို႔မဆူရဘူး။''
''ဟုတ္ကဲ့ဒယ္ဒီပိုင္..''
''ဒီေန႕မင္းတို႔ဦးငယ္ဆီမသြားၾကဘူးလား။
အိမ္မွာပဲအလိမၼာတုံးေလးေတြလုပ္ေနၾကတယ္ေပါ့။''
''ဟီး..ဟီး ဒယ္ဒီပိုင္ ေဖေဖလြန္းကိုေဆးေသခ်ာတိုက္ေပးပါ သားတို႔ဦးငယ္သုတဆီ လစ္ေတာ့မယ္။''
''ညေနမိုးမခ်ဳပ္ေစနဲ႕ေနာ္သားတို႔။''
''ဟုတ္ကဲ့ဒယ္ဒီ.. ဒါဆိုရင္ သားတို႔သြားၿပီေနာ္။''
''ေအးေအး...''
.
.
.
ေကာ္ဖီခြက္ေတြကိုေနရာတက်စီ၍ထားေနသည့္ေကာင္ေလးရဲ႕ခါးကို အေနာက္မွေန၍ဖက္ထားသည့္ ျမင္ကြင္းအား မ်က္ေစာင္းခဲကာၾကည့္ေနသူႏွစ္ေယာက္ေၾကာင့္ သုတမွာခပ္ၿပဳံးၿပဳံးေလးျဖစ္ေနသည္။
''ကိုကို..ကေလးေတြရွိေနတယ္ေလ အေနအထိုင္ဆင္ျခင္စမ္းပါ။''
''ကေလးကလဲကြာ လူရွင္းတုန္းေလးအနားကပ္ရတာကို အျပစ္တင္ေနျပန္ၿပီ။''
''တူေလးေတြရဲ႕မ်က္ႏွာရိပ္ကိုလည္းျပန္ၾကည့္ပါဦးကိုကို ဟိုမွာသတ္ေတာ့မယ္။အၾကည့္ေတြက ေသနတ္သာဆိုရင္ ကိုကိုေတာ့
ဇကာေပါက္ျဖစ္ေနေရာ့မယ္။''
အဲ့ဒီေတာ့မွ ေကာင္တာအနီးကခုံေဘးမွာ
သူ႕အားမ်က္ေစာင္းမ်ားခ်ီကာၾကည့္ေနသည့္ စစ္ညီအကိုႏွစ္ေယာက္ေၾကာင့္ မဟူရာမွာသုတအားဖက္ထားသည္ကိုမလႊတ္ခ်င္လႊတ္ခ်င္နဲ႕ လႊတ္ရေတာ့သည္။
''သာသနာဖ်က္ေလးေတြ မာန္နတ္ပဲအဖ်က္နတ္လို႔ထင္ထားတာ သူတို႔စစ္ညီအကိုကမာန္နတ္ထက္
ပိုေတာင္မွဆိုးေနေသး။''
''ကိုကို ၾကားသြားပါဦးမယ္ ကေလးေတြစိတ္မေကာင္းေအာင္လုပ္မလို႔လား။''
''ကေလးကလဲ..''
''သြားစားစရာသြားဝယ္ေပးဦး ကေလးလည္းဗိုက္ဆာေနၿပီ ကိုကို''
''အင္းပါ''
''ဦးငယ္ ေဖေဖလြန္းေနမေကာင္းဘူး။''
လက္မွေရေတြကိုလက္သုတ္ပုဝါျဖင့္သုတ္လိုက္ၿပီး သူ႕ရဲ႕တူႏွစ္ေယာက္ရွိရာဆီေရာက္လာတဲ့သုတမွာ သူ႕အကိုေနမေကာင္းတဲ့သတင္းစကားေၾကာင့္..
''အယ္ ဟုတ္လား ဘာျဖစ္တာလဲ ကိုကိုလြန္းက။''
''ေရခ်ိဳးမွားတာလို႔ဒယ္ဒီပိုင္ကေျပာတာပဲ။''
''ေအာ္ဒါဆိုရင္ မၾကာခင္ေနျပန္ေကာင္းသြားမွာပါကိုကိုလြန္းက..ဒါနဲ႕
သားတို႔က အခုဘယ္ကိုသြားခ်င္လို႔ ဦးငယ္ဆီေရာက္လာပါလိမ့္။''
''ဦးငယ္ကိုသတိရလို႔ လာခဲ့တာ။''
''ဟုတ္လို႔လား... လိမ္ေနၿပီၾကည့္
မင္းတို႔ဦးငယ္ကငါ့အပိုင္ေနာ္မင္းတို႔ကမပိုင္ေတာ့ဘူး။''
''ဦးေလးမဟူရာကသဝန္တိုေနတာလား
သားတို႔ကို။
ဦးငယ္က သားတို႔ရဲ႕ေခါင္းကိုင္အေဖမို႔သားတို႔ပိုင္တယ္ ဟြန့္။''
''အံမယ္ သိတ္တတ္ေနတယ္ေပါ့အငယ္ေကာင္။''
''ဦးဦးကသဝန္တိုေနတာကိုး..''
''သူကငါယူထားတဲ့ငါ့ရဲ႕ၾကင္ဘက္ေလ
ငါကမွသဝန္မတိုရင္ဘယ္သူကသဝန္တိုခြင့္ရွိပါ့မလဲ အ႐ူးေလးေတြရဲ႕။''
''ဒါဆိုရင္ မုန့္ဝယ္ေကြၽး ဦးဦးမဟူရာ။''
''ဘာမွလဲမဆိုင္ဘူး..
စလာၿပီ..ငါ့ကိုပဲမင္းတို႔ေကာင္ေတြႏွိပ္စက္ေပါင္းမ်ားေနၿပီေနာ္။''
''ကိုကိုကညိုျငင္ေနတာလား..သူတို႔က ကေလးရဲ႕တူအရင္းေတြေနာ္ သိဖို႔သိဖို႔။''
''ဟုတ္ပါၿပီကြာ ကိုယ္ကပဲ အရႈံးေပးလိုက္ပါတယ္ ဒီတူဝရီးေတြကို။
ခဏေစာင့္အျပင္သြားၿပီးမုန့္ဝယ္ေပးမယ္။''
''ထုံးစံအရ ၾကက္ေၾကာ္နဲ႕ကိုလာပဲ
ၿပီးေတာ့ ဂိမ္းၿပိဳင္ၾကမယ္ မၾကာေစနဲ႕ေနာ္ဦးဦး။''
''ေအးပါကြာ..''
''ဟီးဟီး ဦးဦးမဟူရာမ်က္ႏွာႀကီးရႈတ္မဲ့ေနတာပဲ ကိုကို။''
''ဦးငယ္ကိုၾကည့္အုံး ပင္ပန္းေနပုံပဲ မ်က္တြင္းေတြက က်ေနသလိုလို။''
''အငယ္ေကာင္မင္းကသိပ္စပ္စုတာပဲ..
လာ မဏိသဲကိုဖုန္းဆက္ေခၚရေအာင္လူမ်ားေတာ့
ငါတို႔ေတြ ဂိမ္းေဆာ့ေတာ့မပ်င္းရေတာ့ဘူးေပါ့။''
''အင္းပါ ကိုကိုပဲဖုန္းဆက္လိုက္ေတာ့။''
''ၿပီးေရာ..ေလွ်ာက္ေျပးမေနနဲ႕ဆိုင္ထဲမွာ
ၿငိမ္ၿငိမ္ထိုင္ေနအုံး။ကိုကိုဖုန္းေျပာလိုက္ဦးမယ္။''
''ဟုတ္ကဲ့..ကိုကို။''
ဆိုင္ထဲလူအနည္းငယ္က်လာသျဖင့္
သုတမွာ အငယ္ေကာင္ေလးကိုမုန့္အနည္းငယ္ေကြၽးထားၿပီးအလုပ္ရႈတ္ေနခဲ့သည္။
''ဝသာန္..ဟိတ္ေကာင္ ဟိုမွာဖုန္းေျပာေနတဲ့ေကာင္က မင္းရဲ႕ရန္သူေတာ္ႀကီးပိုင္မဟုတ္လား။''
''ဘာတုန္းကြ...မင္းဘာေျပာလိုက္တာလဲ
ငါမရွင္းဘူး။''
''ဟိုမွာ ဆိုင္အျပင္ကေကာင္ေလ..အဲ့ဒါပိုင္မဟုတ္လား။ေသခ်ာၾကည့္ၾကည့္''
''ဟုတ္တယ္ကြ အဲ့ေကာင္ပဲ ''
''ဒါဆိုရင္ ငါတို႔ဘာဆက္လုပ္ၾကမလဲ..''
''မေၾကပြဲႏႊဲရမွာေပါ့''
''ဒီေနရာမွာလား..ဟုတ္မွလည္းလုပ္ပါကြာ
လူေတြနဲ႕ကြ''
''သူကငါ့ၿပိဳင္ဘက္ ၿပီးေတာ့ငါ့ရန္သူ
ငါနဲ႕ရန္ဘက္''
''ဒီေန႕ေတာ့ ေအးေဆးေနလိုက္ပါကြာ
ေက်ာင္းဖြင့္မွမင္းလုပ္ခ်င္တာလုပ္''
''ေသခ်ာတယ္ေနာ္ၿဖိဳးၿဖိဳး... ငါဘာလုပ္လုပ္ဆိုတာ''
''ေအးပါ ဝသာန္ရာ''
''ဒါနဲ႕ဝသာန္ မင္းရဲ႕အိမ္နီးခ်င္းက မင္းအေပၚအေကာင္းျမင္ၿပီလား''
''သဲေလးအေၾကာင္းကေမးေနစရာကိုမလိုတာ သူကအရမ္းမာနႀကီးတာကြ ၿဖိဳးၿဖိဳးမင္းသိလား ခုခ်ိန္ထိ သဲေလးကငါ့ကိုဆို
ေလလိုပဲသေဘာထားတာ။''
''ဟားဟားဟား...ခံစားေနလိုက္ဝသာန္
အဲ့ဒီေကာင္ေလးက မာနခဲေလးေလ
ခ်စ္စရာလဲေကာင္းသလို သူ႕ဦးေလးက
ေက်ာင္းဆရာဆိုေတာ့ ပိုေတာင္မွသူ႕အနားမကပ္ရဲၾကတာ ဆန္းသြားသလား။
မင္းေရွ႕ဆက္မတိုးသင့္ဘူးလို႔ငါထင္တယ္။''
''ဟိုေကာင္ကိုငါကအရႈံးေပးသလိုျဖစ္သြားမွာေပါ့ မရပ္နိုင္ပါဘူးၿဖိဳးၿဖိဳးရာ''
''ဒါဆိုရင္ ငါအႀကံေပးလိုက္မယ္ သူ႕ဦးေလးေက်ာင္းဆရာဆီကပ္ၾကည့္''
''အဲ့ဒါက ၿဖိဳးၿဖိဳး မျဖစ္နိုင္ဘူးေနာ္''
''ငါတို႔ကသူ႕တပည့္ေတြပဲဟာ အႏုနည္းကိုသုံးၿပီးလမ္းစရွာရမယ္ေလ ဝသာန္ရာ မင္းကငတုံးပဲ။''
''ေအးပါကြာ ျမန္ျမန္ေသာက္ ၿပီးရင္
သဲေလးကိုသြားေခ်ာင္းရေအာင္''
''ႏွာေခါင္းေရာဂါကမေသးပါလား ဝသာန္ရာ ေဆးမရွိဘူးပဲမင္းအတြက္''
''ေဆးမရွိလည္းရတယ္သဲေလးသာအနားနားရွိဖို႔လိုအပ္တယ္''
''ေအာ့ႏွလုံးနာလိုက္တာ ေအာ့''
''မသာေကာင္ ဆက္ေျပာေနရင္ငါအတည္ထိုးေတာ့မွာ ပိတ္လိုက္ေတာ့''
''ဟားဟားဟား ''
mp Rockeain🍁