Reincarnated Love

By Kaotthefirst

125 1 0

fantasy genre . Ongoing past lives ကချစ်သူနှစ်ယောက် သုံးဘဝပြန်ဝင်စားပြီး ပြန်ချစ်မယ့် love story ပါ။ mature... More

1. where the story began
3. နန်းယွန်း
4. ဆူးကို

2. Net

12 0 0
By Kaotthefirst

ခြေဦးတည့်ရာလျှောက်သွားရင်း ကိုယ့်ဘဝအကြောင်းကိုတွေးမိတော့ ရင်ဘက်ထဲကနာတယ်
ကိုယ်လိုချင်တာက မေတ္တာတွေပါ ချစ်ခြင်းတရားတွေပါ နည်းနည်းလောက်ဖြစ်ဖြစ်ကျွန်တော့ကိုဂရုစိူက်ပေးခဲ့ရင် သိပ်ကောင်းမှာပဲ မား

သူ့ဘဝမှာချစ်ခြင်း မေတ္တာတွေအကြင်နာတွေပေးခဲ့ဖူးတာဆိုလို့ အပါးသာရှိသည်
သူ့အတွက်အရာရာဟာအပါးဖြစ်ခဲ့သည်
အပါးကိုသိပ်ချစ်သည် အခုတော့ အပါးလည်းမရှိတော့ပြီ
မားကသူ့ကိုမုန်းနေတာ မားဂရုတစိုက်ရှိတာဆိုလို့ သူ့အစ်ကိုနဲ့သူ့ညီမလေးပဲ
ဘာလို့မုန်းတာလဲဆိုတော့ မင်းဖြစ်နေလို့တဲ့
ငယ်ကတတည်းကမားလျစ်လျှူရှုတာခံရတိုင်း ငိုရမြဲ နည်းနည်းလောက်ဖြစ်ဖြစ်ကြည့်ပေးဖော်တောင်မရခဲ့
သူ့မိသားစုသူကိုမုန်းသည်။

လဟာတစ်လောကလုံးကိုအလင်းတွေပေးနေသည်။ ညငှက်တို့အော်သံကိုကြားရသည်။ လေတစ်ချက်ဝှေ့တိုင်း ပန်းနံ့ကမွှေးပျံ့လာသည်။ ကြယ်များကမှိတ်တုပ်မှိတ်တုပ် ..နဂါးငွေ့တန်းကိုမြင်ရသည့်ကောင်းကင်ဟာ အတော်လှပပါသည်။ သို့သော် ညဘက်တွင် မြင်းစီးရင်းညိမ်သက်စွာ ခရီးသွားနေသူ အနှီလူသား၏စိတ်ကတော့မအေးချမ်းနိုင်ပါ။
သွားစရာနေရာမရှိ။စံအိမ်ကိုလည်းပြန်မသွားချင်။ သူ့အစ်ကိုနှင့်ညီမမျက်နှာမမြင်ချင်ပါ။
အတွေးများစွာတွေးရင်း အာရုံတက်ချိန်တွင် ဆုံးဖြတ်ချက်တစ်ခုချပြီးနေပြီ။
ငါသန်မာရမယ်။ တစ်ယောက်တည်းနေရမယ်။ ဝမ်းနည်းနေဖို့အချိန်မရှိဘူး။ ငါ့အတွက်လုပ်စရာတွေရှိတယိ။

အနှီလူသားဦးတည်ရာနေရာ ရောက်တော့ မြင်းနက်ကြီးက ဟီတော့သည်။ သူ့အိမ်ပြန်ရောက်တာသိနေပုံ။
Netကတော့မနားနိုင်သေးပါ။ သူ့နယ်မြေကိုစည်းလိုက်တားသည်။ စည်းပါပိတ်ထားလိုက်သည်။
တစ်ယောက်တည်းနေဖို့ အပါးနဲ့အတူလာဖူးတဲ့နေရာကိုသူရွေးလိုက်သည်။
(Fantasy genre မလို့ မှော်ပညာတတ်ကြပါတယ် characters တိုင်း။ စည်းချပြီးပိတ်ထားရင် ပိုင်ရှင်ကလွဲလို့ ဘယ်သူမှလာလို့မရတော့ပါဘူး။ စည်းကိုဖောက်နိုင်ရင်လာလို့ရပါတယ်။ စည်းတားထားတဲ့သူရဲ့ စွမ်းအားပေါ်မူတည်ပြီး စည်းရဲ့သိပ်သည်းဆကွာပါတယ်။ ဖောက်ဖို့ကအလွန်ခက်တာပါ။ )
မြေအောက်ခန်းပါရှိတဲ့ ဂူလေးတစ်လုံး။ အရှေ့မှာ ဝက်သစ်ချပင်ကြီးရှိသည်။ ကွင်းပြင်ကျယ်ကြီးလည်းရှိပြီး အပါးနဲ့အတူ သိုင်းကျင့်ဖူးတဲ့နေရာဖြစ်သည်။
သူဒီနေရာမှာနေဖို့ဆုံးဖြတ်ပြီးပြီ။ အမွေရတဲ့ဓါးရှည်ရှယ်ရယ် ငွေ ဒင်းဂါး အနည်းငယ်ရယ် ရွှေစအနည်းငယ်ရယ် မြင်းရယ် စာအုပ်တွေရယ်ပဲရှိသည်။ ကျန်တာတွေမတွေးချင်။ လောလောဆယ်နားချင်သည်။
"Rain.."
မြင်းနက်ကသခင့်ခေါ်သံကြောင့် ချက်ချင်းလာသည်။
သူ့အတွက် Rain ပဲရှိတော့တယ်လို့တွေးမိတော့ ငိုချင်သလိုလို။ မျက်ရည်တွေကျရင်းရှိုက်သံထွက်မိသည်။

"မငိုနဲ့"
"ဟမ်..." သူ့နားထဲအသံကြားလိုက်တယ်သေချာကြီး။ ဘယ်သူမှလည်းမရှိ။ Rain လား ။ မဖြစ်နိုင်ဘူး။ Rain ကမြင်းလေ။ ခေါင်းကိုဟိုယမ်းဒီယမ်းလုပ်ရင်း အသံပိုင်ရှင်ကိုရှာကြည့်မိသည်။
မတွေ့ ။
ထားလိုက်တော့ အိပ်တော့မယ်။
Rainနားတိုးရင်းသူအိပ်ဖို့ပြင်လိုက်သည်။ ခဏအကြာ အနှီလူသား အိပ်ပျော်သွားတော့သည်။
အိမ်မက်ထဲမှာ သူချစ်တဲ့ပါးကိုတွေ့ပါသည်။
(Net ကဒီအပိုင်းမှာ အသက်၁၂နှစ်ပါ)

Continue Reading

You'll Also Like

753K 21.3K 57
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
31.3K 2.7K 24
ඒ ආත්මෙ වගේ රූපෙ නොතිබුනත් අපි අපේමයි ඒ කෝපි ඇස් ඒක සනාත කරනවා.
422K 15.9K 32
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
142K 5.5K 73
Elite3532, an individual who can be considered as an icon among the Tensura fandom community failed in accomplishing his dream... As he regretted his...