Unicode
ခဲယ်လ်တစ်က ပိုင်မုကို သူ့မှတ်ဉာဏ်ထဲကနေရာဆီ ခေါ်သွားခဲ့တယ်။ သူရှာနေတဲ့ ပြာပင်ကို မတွေ့လိုက်ရတဲ့အတွက် ပိုင်မုကစိတ်ပျက်သွားတယ်။အဲ့ဒီနောက် ခဲယ်လ်တစ်က သူ့ကို အနီးနားမှာရှိတဲ့ တောအုပ်ထဲ သယ်သွားပေးတယ်။ ဒါပေမယ့် တကယ်ပဲ အနီးနားမှာ ပြာပင်တွေ တွေ့ဖို့တော့ မမျှော်လင့်ခဲ့ဘူး။
ပိုင်မုက အရမ်းပျော်သွားပြီး ပျားဖယောင်းစုရာမှာ ကူညီပေးဖို့အတွက် ခဲယ်လ်တစ်ကို ခေါ်လိုက်ကာ ခြင်းတစ်ခြင်းကို ယူထုတ်လိုက်တယ်။ဒီနေရာမှာ ပြာပင်အများအပြားရှိပြီး မလုံလောက်မှာကို သူမစိုးရိမ်ပါဘူး။
ညနေစောင်းတော့ နှစ်ယောက်သားက အတူအိမ်ပြန်ခဲ့ကြပြီး ပိုင်မုက နေရာလွတ်ထဲက လူလူသားရဲကို ယူထုတ်လိုက်ကာ အန်းချီလော့ဆီ လွှဲပေးလိုက်တယ်။ ပိုင်မုရဲ့ လမ်းညွှန်မှုအောက်မှာ အန်းချီလော့ရဲ့ လက်ရာကလည်းပဲ အခု အရမ်းကောင်းလာပြီဖြစ်တယ်။ လူလူသားရဲကို သူ့ဆီလွှဲပေးလိုက်တော့ သူ(ပိုင်မု)အနားယူနိုင်ပြီလေ။ဒီနေ့စားဖို့က အရသာရှိတဲ့လူလူသားရဲဆိုတာကို မြင်လိုက်ရတော့ အန်းချီလော့လည်းပဲ အရမ်းပျော်သွားပုံပေါ်တယ်။
တကယ်တော့ သူတို့ ဒီနေ့ လူလူသားရဲတစ်ကောင်ထက်ပိုပြီးဖမ်းမိခဲ့တာ။ဒါပေမယ့် ခဲယ်လ်တစ်က သူတို့ကို သိုလှောင်ခန်းထဲ အကုန်ထည့်ထားလိုက်တယ်လေ။သူတို့ ဒီနေ့အမဲမလိုက်ခဲ့ဘူး။စမ်းချောင်းနားမှာ လူလူသားရဲအများအပြားရှိပြီး သူတို့က အဲ့ဒါတွေကို သတ်ပြီး သိုလှောင်ခန်းထဲ ထည့်လိုက်ရုံပဲ။
နောက်ကျရင် ပိုင်မု အပြင်ထပ်ထွက်ဖို့မစီစဉ်ထားဘူး။သူ့မှာ လုပ်စရာအများကြီးရှိသေးတယ်။ဒီနေ့ သူစုဆောင်းထားတဲ့ ပျားဖယောင်းတွေကို ဖယ်ထားလိုက်ပြီး မနက်ဖြန်မှာ ဖယောင်းတိုင်လုပ်ဖို့ အဆင်သင့်စပြင်ထားလိုက်တယ်။
သူ့(ပိုင်မု)ရဲ့ အချုပ်အလုပ်က သိပ်မကောင်းမွန်ဘူး။ဒါကြောင့် အန်းချီလော့က တိရိစ္ဆာန်သားရေစောင်တွေနဲ့ ကူရှင်တွေကို ချုပ်ပေးခဲ့တယ်။ပြီးတော့ တိရိစ္ဆာန်သားရေဖျာအောက်မှာ ရိုးရှင်းပြီးကြမ်းတမ်းတဲ့ ကောက်ရိုးဖျာတစ်ခု လုပ်ပေးဖို့ ကောက်ရိုးလိုတယ်။
ပြီးတော့ လူတိုင်းကို ကျောက်မီးသွေးဘယ်လိုသုံးရမလဲဆိုတာကို သူသင်ပေးရမယ်။ မဟုတ်ရင် အဲဒီ orcs တွေ အေးခဲပြီးသေမယ့်အစား အဆိပ်သင့်သွားမှာကို သူတကယ်စိုးရိမ်တယ်။
"သားပြန်လာပြီ၊ အစ်ကိုကြီးတို့ ဒီနေ့ လူလူသားရဲအသားစားကြမှာလား?အဝေးကနေတောင် လူလူသားရဲနံ့ကို အနံ့ရနေတယ်" ညစာစားဖို့အချိန်နီးနေပြီဆိုတော့ တပေါက ပွင့်ပွင့်လင်းလင်းပြန်လာခဲ့တယ်။
"တပေါ မင်း အခု အရမ်းပြည့်(၀)လွန်းနေပြီဆိုတာမင်းသိလား မင်းတစ်ရက်တောင် အသားဆက်စားလို့မရတော့ဘူး" အန်းချီလော့က တပေါရဲ့ပိုဝိုင်းစက်လာတဲ့ သွင်ပြင်ကို ကြည့်ပြီး ပူပန်မှုအချို့နဲ့ပြောလိုက်တယ်။
"အဆင်ပြေပါတယ် ဆောင်းရာသီကို ဖြတ်ကျော်ရဦးမှာမဟုတ်ဘူးလား ဒီကလေးက ဘယ်လောက်တောင်ပိန်သွားမလဲ ဆောင်းရာသီမှာ ဘာမှမဖြစ်ရဘူးလေ" တပေါပြန်လည်မချေပရသေးခင် ပိုင်မုကပြောလိုက်ပြီး စကားပြောနေရင်းလည်း တပေါရဲ့အသားကို ညှစ်ကာ သူ့ရင်ခွင်ထဲကို ခေါ်လိုက်တယ်။
"ဟုတ်တယ်၊ သားမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ် သားခန္ဓာကိုယ်အရွယ်အစားနဲ့ဆို ဆောင်းရာသီမှာ ဘာမှဖြစ်မှာမဟုတ်ဘူး" တပေါက ဂုဏ်ယူနေ တယ်။ ပိုင်မုရဲ့ ပြောဆိုပုံကို သူသဘောတူတယ်။
"အဲ့မှာဂုဏ်ယူနေလိုက် မင်းအရမ်း၀နေရင် ဖေးကျီ မင်းကိုသေချာပေါက် စွန့်ပစ်သွားလိမ့်မယ်"သူ့အမြီးက ကောင်းကင်ရောက်လုနီးပါးဖြစ်သွားတာကို မြင်လိုက်ရတော့ အန်းချီလော့က ကူကယ်မဲ့စွာနဲ့ သူ့ကိုရိုက်ချင်လာတယ်။
"ဒါဆို ဒုတိယအစ်ကို အဲ့ဒါကို စိတ်ပူစရာ မလိုဘူး အဲ့ဒါနဲ့ပတ်သက်ပြီး သားက အရမ်းယုံကြည်ချက်ရှိတယ်"တပေါက သူ့စကားတွေကို လျစ်လျူရှုလိုက်တယ်။
ဆောင်းရာသီက မကြာခင်ရောက်လာတော့မယ်။အဲ့ဒါက လူတိုင်းရဲ့နောက်ကို ပြေးလိုက်လာသလိုပါပဲ။အားလုံး အဆင်သင့်ဖြစ်လုနီးပါးရှိရုံလေးပဲရှိသေး ပထမဆုံး နှင်းက ကျရောက်လာပါပြီ။ အခုက နှင်းတွေ သိပ်မကျသေးဘူး။ လူတွေက အစားအစာပြင်ဆင်တာနဲ့ သိပ်အလုပ်မရှုပ်နေကြတော့တာကြောင့် ဆောင်းရာသီမှာ သားရဲအုပ်ကို ရှောင်ရှားဖို့ ဂူအ၀င်ဝမှာ သစ်သားအကာအရံတွေ ထပ်ထည့်ကြတယ်။
နောက်ဆုံးမှာတော့ နှင်းတွေက ပိုပိုကျလာပြီး ရာသီဥတုက အေးသထက်ပိုအေးလာတယ်။ပိုင်မုက တိရိစ္ဆာန်သားရေအင်္ကျီထူထူနဲ့ သူ့ကိုယ်သူထုပ်ပိုးထားပြီး အကာအရံကို နည်းနည်းလှစ်ဟထားတဲ့ ဂူအ၀င်၀မှာ ရပ်နေကာ ငွေရောင်လွှမ်းနေတဲ့ ကမ္ဘာကြီးကို ကြည့်လိုက်တယ်။ လယ်ကွင်းထဲက ဟင်းသီး ဟင်းရွက်တွေကို သူတို့ ပြန်သယ်လာပြီးပြီ။ ပျိုးပင်ငယ်တွေ အေးခဲသေသွားမှာကို စိုးရိမ်လို့ ပိုင်မုက သူတို့ကို ကောက်ရိုးနဲ့လွှမ်းထားတယ်။
ခဲယ်လ်တစ်က သူ့နောက်ကို လျှောက်လာပြီး အနောက်ကနေ သူ့ကို ပွေ့ဖက်လိုက်တယ်။ ပိုင်မုကို သူ့ရဲ့ရင်ခွင်ထဲထည့်လိုက်ပြီး အဖြူရောင်ကမ္ဘာကြီးကို သူနဲ့အတူ ကြည့်လိုက်တယ်။
"အခုအေးနေလား" ပိုင်မုက ခဲယ်လ်တစ်ရဲ့ ပွေ့ဖက်မှုကို မငြင်းဘဲ သူ့ရင်ခွင်ကို သဘာဝကျကျလေး မှီလိုက်တယ်။ဒါပေမယ့် အခုက ထူထဲတဲ့တိရိစ္ဆာန်သားရေကြောင့် အေးတာကို သိပ်မခံစားရပါဘူး။
"ဆောင်းတွင်း၀င်ရုံပဲရှိသေးတာလေ ရာသီဥတုက တော်တော်ကောင်းတယ်"
"တာ့ဝူက ဆောင်းရာသီမှာ တစ်ယောက်တည်းနေမှာလား"ပိုင်မုက ပါတနာမရှိတဲ့တာ့ဝူကို တွေးမိသွားတယ်။ တာ့ဝူက အမြဲတမ်းတစ်ယောက်တည်း နေခဲ့တာ။ သူ(ပိုင်မု)သာ အအေးဒဏ်ကနေ ခိုအောင်းနေဖို့ ဆောင်းရာသီတစ်လျှောက်လုံး အိမ်မှာ တစ်ယောက်တည်းဖြစ်နေရမယ်ဆိုရင် အဲ့ဒါက တကယ်ကို စိတ်ဓာတ်ကျစရာဖြစ်နေမှာပဲ။
"မဟုတ်ဘူး၊ ဆောင်းရာသီမှာ တစ်ယောက်တည်းနေတဲ့မိန်းမပျိုက တာ့ဝူနဲ့ တူတူနေထိုင်ဖို့ ပြောင်းရွှေ့လိမ့်မယ် ဒါဆို သူတို့က တစ်ယောက်ကိုတစ်ယောက်အဖော်ပြုနိုင်ပြီး ဆောင်းရာသီမှာ အရမ်းစိတ်ဓာတ်ကျနေမှာမဟုတ်ဘူး"
"သူတို့ရဲ့ ဆောင်းတွင်းအတွက်အစားအစာရော ဘယ်လိုနေလဲ" ပိုင်မုက မေးတယ်။
"တာဝန်ကျတဲ့စစ်သည်တွေ အမဲလိုက်ပေးတဲ့ အစားအစာတွေကို မျိုးနွယ်စုခေါင်းဆောင်က ခွဲဝေပေးတယ် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
"ဒါပေမယ့် တာ့ဝူက မိန်းမပျိုလေ သူတို့မှာ ဟင်းသီးဟင်းရွက်တွေ အများကြီးမရှိနိုင်ဘူးမလား"
“ဒါကတော့ မှန်တယ်”ခဲယ်လ်တစ်က ဘယ်သူ့ကို တွေးနေတာလဲ။ မင်းရဲ့အိမ်မှာ ဟင်းသီးဟင်းရွက်တွေ အများကြီးရှိတယ်လေ။
"တာ့ဝူကို ကျွန်တော်တို့ သစ်သီးအချို့နဲ့ ဟင်းသီးဟင်းရွက်တွေ ပို့ပေးရင်ရော ဘယ်လိုလဲ" တကယ်တော့ ပိုင်မုက တာ့ဝူကို အမြင်ကောင်းရှိပြီး ဒီဆောင်းရာသီမှာ သူ သက်တောင့်သက်သာရှိဖို့ မျှော်လင့်တယ်။
"ကောင်းပြီ ခဏစောင့်" ထို့နောက် ခဲယ်တစ်က သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ခြင်းတစ်ခြင်းစာ ထည့်လိုက်ပြီး တာ့ဝူဆီ ပို့ပေးလိုက်တယ် ။ ပိုင်မုခန့်မှန်းထားတဲ့အတိုင်း ဟင်းသီးဟင်းရွက်တွေကို လက်ခံရရှိတဲ့အတွက် တာ့ဝူက အရမ်းပျော်ရွှင်နေတယ်။သူနဲ့အတူ ဆောင်းရာသီကို ကုန်ဆုံးရမယ့်မိန်းမပျိုကလည်း သူတို့ကို အရမ်းကျေးဇူးတင်နေခဲ့တယ်။
ပိုင်မုက လတ်တလောမှာ အနည်းငယ် စိုးရိမ်နေတယ် ။အခုက အေးစက်တဲ့ဆောင်းရာသီ ဝင်ရောက်လာပြီဖြစ်တာကြောင့် ရာသီဥတုက မြောက်ဘက်မှာရှိတဲ့ ပိုအေးတဲ့နေရာတွေကို မှီလုနီးပါးဖြစ်နေပြီလို့ သူခံစားရတယ် ။အအေးဆုံးအချိန်ကိုသာရောက်လာရင် ဘာတွေဖြစ်လာမလဲဆိုတာ သူမသိတော့ဘူး ။ သေချာတာပေါ့၊ လူတွေက အေးခဲသေလိမ့်မယ်။
အခု အန်းချီလော့နေတဲဂူငယ်လေးမှာ ကျောက်သားအိပ်ရာငါးခုကို နေရာချထားတယ်။ ကျောက်သားအိပ်ရာတွေကို ပဉ္စဂံပုံသဏ္ဍာန်ခင်းထားပြီး အလျားလိုက်အိပ်ရာတစ်ခုစီကို ကူရှင်ထူထူတွေနဲ့ ဖုံးအုပ်ထားကာ ထူထဲတဲ့တိရိစ္ဆာန်သားရေစောင်တွေရှိတယ်။ စောင်ရဲ့ အပေါ်ဆုံးအလွှာက တိရိစ္ဆာန်သားရေတစ်ခုလုံးနဲ့ပြုလုပ်ထားပြီး အလယ်ကအလွှာတွေက သိပ်မပြည့်စုံတဲ့တိရစ္ဆာန်သားရေတွေနဲ့ ပြုလုပ်ထားတယ်။ အဲ့လိုကြီးမားတဲ့တိရစ္ဆာန်သားရေအပိုင်းတွေက ရှာဖွေရခက်ခဲပါတယ်။
ကျောက်သားအိပ်ရာရဲ့အလယ်မှာ မီးပလ္လင်တစ်ခုရှိတယ်။ ရာသီဥတုက တကယ်အေးလာတဲ့အခါ အလယ်နေရာကို မီးသွေးထည့်လိုက်ရင် ပိုနွေးအောင် လုပ်နိုင်လိမ့်မယ်။ အခု တပေါက အပြင်ထွက်ပြီး မကစားနိုင်တော့ဘူး။သူ့ဂိမ်းရဲ့ တိုက်ပွဲထိရောက်မှုကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို အိမ်မှာ လေ့လာဖို့ပဲ တတ်နိုင်တယ်။ နွေဦးရာသီရောက်ပြီးနောက်မှာ ကြွားဝါဖို့အတွက် သူ့သူငယ်ချင်းတွေကို သွားရှာဖို့လည်း စီစဉ်ထားတယ်။
Zawgyi
ခဲယ္လ္တစ္က ပိုင္မုကို သူ႕မွတ္ဉာဏ္ထဲကေနရာဆီ ေခၚသြားခဲ့တယ္။ သူရွာေနတဲ့ ျပာပင္ကို မေတြ႕လိုက္ရတဲ့အတြက္ ပိုင္မုကစိတ္ပ်က္သြားတယ္။အဲ့ဒီေနာက္ ခဲယ္လ္တစ္က သူ႕ကို အနီးနားမွာရွိတဲ့ ေတာအုပ္ထဲ သယ္သြားေပးတယ္။ ဒါေပမယ့္ တကယ္ပဲ အနီးနားမွာ ျပာပင္ေတြ ေတြ႕ဖို႔ေတာ့ မေမွ်ာ္လင့္ခဲ့ဘူး။
ပိုင္မုက အရမ္းေပ်ာ္သြားၿပီး ပ်ားဖေယာင္းစုရာမွာ ကူညီေပးဖို႔အတြက္ ခဲယ္လ္တစ္ကို ေခၚလိုက္ကာ ျခင္းတစ္ျခင္းကို ယူထုတ္လိုက္တယ္။ဒီေနရာမွာ ျပာပင္အမ်ားအျပားရွိၿပီး မလုံေလာက္မွာကို သူမစိုးရိမ္ပါဘူး။
ညေနေစာင္းေတာ့ ႏွစ္ေယာက္သားက အတူအိမ္ျပန္ခဲ့ၾကၿပီး ပိုင္မုက ေနရာလြတ္ထဲက လူလူသားရဲကို ယူထုတ္လိုက္ကာ အန္းခ်ီေလာ့ဆီ လႊဲေပးလိုက္တယ္။ ပိုင္မုရဲ႕ လမ္းၫႊန္မႈေအာက္မွာ အန္းခ်ီေလာ့ရဲ႕ လက္ရာကလည္းပဲ အခု အရမ္းေကာင္းလာၿပီျဖစ္တယ္။ လူလူသားရဲကို သူ႕ဆီလႊဲေပးလိုက္ေတာ့ သူ(ပိုင္မု)အနားယူနိုင္ၿပီေလ။ဒီေန႕စားဖို႔က အရသာရွိတဲ့လူလူသားရဲဆိုတာကို ျမင္လိုက္ရေတာ့ အန္းခ်ီေလာ့လည္းပဲ အရမ္းေပ်ာ္သြားပုံေပၚတယ္။
တကယ္ေတာ့ သူတို႔ ဒီေန႕ လူလူသားရဲတစ္ေကာင္ထက္ပိုၿပီးဖမ္းမိခဲ့တာ။ဒါေပမယ့္ ခဲယ္လ္တစ္က သူတို႔ကို သိုေလွာင္ခန္းထဲ အကုန္ထည့္ထားလိုက္တယ္ေလ။သူတို႔ ဒီေန႕အမဲမလိုက္ခဲ့ဘူး။စမ္းေခ်ာင္းနားမွာ လူလူသားရဲအမ်ားအျပားရွိၿပီး သူတို႔က အဲ့ဒါေတြကို သတ္ၿပီး သိုေလွာင္ခန္းထဲ ထည့္လိုက္႐ုံပဲ။
ေနာက္က်ရင္ ပိုင္မု အျပင္ထပ္ထြက္ဖို႔မစီစဥ္ထားဘူး။သူ႕မွာ လုပ္စရာအမ်ားႀကီးရွိေသးတယ္။ဒီေန႕ သူစုေဆာင္းထားတဲ့ ပ်ားဖေယာင္းေတြကို ဖယ္ထားလိုက္ၿပီး မနက္ျဖန္မွာ ဖေယာင္းတိုင္လုပ္ဖို႔ အဆင္သင့္စျပင္ထားလိုက္တယ္။
သူ႕(ပိုင္မု)ရဲ႕ အခ်ဳပ္အလုပ္က သိပ္မေကာင္းမြန္ဘူး။ဒါေၾကာင့္ အန္းခ်ီေလာ့က တိရိစ္ဆာန္သားေရေစာင္ေတြနဲ႕ ကူရွင္ေတြကို ခ်ဳပ္ေပးခဲ့တယ္။ၿပီးေတာ့ တိရိစ္ဆာန္သားေရဖ်ာေအာက္မွာ ရိုးရွင္းၿပီးၾကမ္းတမ္းတဲ့ ေကာက္ရိုးဖ်ာတစ္ခု လုပ္ေပးဖို႔ ေကာက္ရိုးလိုတယ္။
ၿပီးေတာ့ လူတိုင္းကို ေက်ာက္မီးေသြးဘယ္လိုသုံးရမလဲဆိုတာကို သူသင္ေပးရမယ္။ မဟုတ္ရင္ အဲဒီ orcs ေတြ ေအးခဲၿပီးေသမယ့္အစား အဆိပ္သင့္သြားမွာကို သူတကယ္စိုးရိမ္တယ္။
"သားျပန္လာၿပီ၊ အစ္ကိုႀကီးတို႔ ဒီေန႕ လူလူသားရဲအသားစားၾကမွာလား?အေဝးကေနေတာင္ လူလူသားရဲနံ႕ကို အနံ႕ရေနတယ္" ညစာစားဖို႔အခ်ိန္နီးေနၿပီဆိုေတာ့ တေပါက ပြင့္ပြင့္လင္းလင္းျပန္လာခဲ့တယ္။
"တေပါ မင္း အခု အရမ္းျပည့္(၀)လြန္းေနၿပီဆိုတာမင္းသိလား မင္းတစ္ရက္ေတာင္ အသားဆက္စားလို႔မရေတာ့ဘူး" အန္းခ်ီေလာ့က တေပါရဲ႕ပိုဝိုင္းစက္လာတဲ့ သြင္ျပင္ကို ၾကည့္ၿပီး ပူပန္မႈအခ်ိဳ႕နဲ႕ေျပာလိုက္တယ္။
"အဆင္ေျပပါတယ္ ေဆာင္းရာသီကို ျဖတ္ေက်ာ္ရဦးမွာမဟုတ္ဘူးလား ဒီကေလးက ဘယ္ေလာက္ေတာင္ပိန္သြားမလဲ ေဆာင္းရာသီမွာ ဘာမွမျဖစ္ရဘူးေလ" တေပါျပန္လည္မေခ်ပရေသးခင္ ပိုင္မုကေျပာလိုက္ၿပီး စကားေျပာေနရင္းလည္း တေပါရဲ႕အသားကို ညွစ္ကာ သူ႕ရင္ခြင္ထဲကို ေခၚလိုက္တယ္။
"ဟုတ္တယ္၊ သားမွာ က်န္းမာသန္စြမ္းတဲ့ ကိုယ္လုံးကိုယ္ေပါက္ရွိတယ္ သားခႏၶာကိုယ္အ႐ြယ္အစားနဲ႕ဆို ေဆာင္းရာသီမွာ ဘာမွျဖစ္မွာမဟုတ္ဘူး" တေပါက ဂုဏ္ယူေန တယ္။ ပိုင္မုရဲ႕ ေျပာဆိုပုံကို သူသေဘာတူတယ္။
"အဲ့မွာဂုဏ္ယူေနလိုက္ မင္းအရမ္း၀ေနရင္ ေဖးက်ီ မင္းကိုေသခ်ာေပါက္ စြန႔္ပစ္သြားလိမ့္မယ္"သူ႕အၿမီးက ေကာင္းကင္ေရာက္လုနီးပါးျဖစ္သြားတာကို ျမင္လိုက္ရေတာ့ အန္းခ်ီေလာ့က ကူကယ္မဲ့စြာနဲ႕ သူ႕ကိုရိုက္ခ်င္လာတယ္။
"ဒါဆို ဒုတိယအစ္ကို အဲ့ဒါကို စိတ္ပူစရာ မလိုဘူး အဲ့ဒါနဲ႕ပတ္သက္ၿပီး သားက အရမ္းယုံၾကည္ခ်က္ရွိတယ္"တေပါက သူ႕စကားေတြကို လ်စ္လ်ဴရႈလိုက္တယ္။
ေဆာင္းရာသီက မၾကာခင္ေရာက္လာေတာ့မယ္။အဲ့ဒါက လူတိုင္းရဲ႕ေနာက္ကို ေျပးလိုက္လာသလိုပါပဲ။အားလုံး အဆင္သင့္ျဖစ္လုနီးပါးရွိ႐ုံေလးပဲရွိေသး ပထမဆုံး ႏွင္းက က်ေရာက္လာပါၿပီ။ အခုက ႏွင္းေတြ သိပ္မက်ေသးဘူး။ လူေတြက အစားအစာျပင္ဆင္တာနဲ႕ သိပ္အလုပ္မရႈပ္ေနၾကေတာ့တာေၾကာင့္ ေဆာင္းရာသီမွာ သားရဲအုပ္ကို ေရွာင္ရွားဖို႔ ဂူအ၀င္ဝမွာ သစ္သားအကာအရံေတြ ထပ္ထည့္ၾကတယ္။
ေနာက္ဆုံးမွာေတာ့ ႏွင္းေတြက ပိုပိုက်လာၿပီး ရာသီဥတုက ေအးသထက္ပိုေအးလာတယ္။ပိုင္မုက တိရိစ္ဆာန္သားေရအကၤ်ီထူထူနဲ႕ သူ႕ကိုယ္သူထုပ္ပိုးထားၿပီး အကာအရံကို နည္းနည္းလွစ္ဟထားတဲ့ ဂူအ၀င္၀မွာ ရပ္ေနကာ ေငြေရာင္လႊမ္းေနတဲ့ ကမၻာႀကီးကို ၾကည့္လိုက္တယ္။ လယ္ကြင္းထဲက ဟင္းသီး ဟင္း႐ြက္ေတြကို သူတို႔ ျပန္သယ္လာၿပီးၿပီ။ ပ်ိဳးပင္ငယ္ေတြ ေအးခဲေသသြားမွာကို စိုးရိမ္လို႔ ပိုင္မုက သူတို႔ကို ေကာက္ရိုးနဲ႕လႊမ္းထားတယ္။
ခဲယ္လ္တစ္က သူ႕ေနာက္ကို ေလွ်ာက္လာၿပီး အေနာက္ကေန သူ႕ကို ေပြ႕ဖက္လိုက္တယ္။ ပိုင္မုကို သူ႕ရဲ႕ရင္ခြင္ထဲထည့္လိုက္ၿပီး အျဖဴေရာင္ကမၻာႀကီးကို သူနဲ႕အတူ ၾကည့္လိုက္တယ္။
"အခုေအးေနလား" ပိုင္မုက ခဲယ္လ္တစ္ရဲ႕ ေပြ႕ဖက္မႈကို မျငင္းဘဲ သူ႕ရင္ခြင္ကို သဘာဝက်က်ေလး မွီလိုက္တယ္။ဒါေပမယ့္ အခုက ထူထဲတဲ့တိရိစ္ဆာန္သားေရေၾကာင့္ ေအးတာကို သိပ္မခံစားရပါဘူး။
"ေဆာင္းတြင္း၀င္႐ုံပဲရွိေသးတာေလ ရာသီဥတုက ေတာ္ေတာ္ေကာင္းတယ္"
"တာ့ဝူက ေဆာင္းရာသီမွာ တစ္ေယာက္တည္းေနမွာလား"ပိုင္မုက ပါတနာမရွိတဲ့တာ့ဝူကို ေတြးမိသြားတယ္။ တာ့ဝူက အၿမဲတမ္းတစ္ေယာက္တည္း ေနခဲ့တာ။ သူ(ပိုင္မု)သာ အေအးဒဏ္ကေန ခိုေအာင္းေနဖို႔ ေဆာင္းရာသီတစ္ေလွ်ာက္လုံး အိမ္မွာ တစ္ေယာက္တည္းျဖစ္ေနရမယ္ဆိုရင္ အဲ့ဒါက တကယ္ကို စိတ္ဓာတ္က်စရာျဖစ္ေနမွာပဲ။
"မဟုတ္ဘူး၊ ေဆာင္းရာသီမွာ တစ္ေယာက္တည္းေနတဲ့မိန္းမပ်ိဳက တာ့ဝူနဲ႕ တူတူေနထိုင္ဖို႔ ေျပာင္းေ႐ႊ႕လိမ့္မယ္ ဒါဆို သူတို႔က တစ္ေယာက္ကိုတစ္ေယာက္အေဖာ္ျပဳနိုင္ၿပီး ေဆာင္းရာသီမွာ အရမ္းစိတ္ဓာတ္က်ေနမွာမဟုတ္ဘူး"
"သူတို႔ရဲ႕ ေဆာင္းတြင္းအတြက္အစားအစာေရာ ဘယ္လိုေနလဲ" ပိုင္မုက ေမးတယ္။
"တာဝန္က်တဲ့စစ္သည္ေတြ အမဲလိုက္ေပးတဲ့ အစားအစာေတြကို မ်ိဳးႏြယ္စုေခါင္းေဆာင္က ခြဲေဝေပးတယ္ ဘာျပႆနာမွ ရွိမွာမဟုတ္ဘူး"
"ဒါေပမယ့္ တာ့ဝူက မိန္းမပ်ိဳေလ သူတို႔မွာ ဟင္းသီးဟင္း႐ြက္ေတြ အမ်ားႀကီးမရွိနိုင္ဘူးမလား"
“ဒါကေတာ့ မွန္တယ္”ခဲယ္လ္တစ္က ဘယ္သူ႕ကို ေတြးေနတာလဲ။ မင္းရဲ႕အိမ္မွာ ဟင္းသီးဟင္း႐ြက္ေတြ အမ်ားႀကီးရွိတယ္ေလ။
"တာ့ဝူကို ကြၽန္ေတာ္တို႔ သစ္သီးအခ်ိဳ႕နဲ႕ ဟင္းသီးဟင္း႐ြက္ေတြ ပို႔ေပးရင္ေရာ ဘယ္လိုလဲ" တကယ္ေတာ့ ပိုင္မုက တာ့ဝူကို အျမင္ေကာင္းရွိၿပီး ဒီေဆာင္းရာသီမွာ သူ သက္ေတာင့္သက္သာရွိဖို႔ ေမွ်ာ္လင့္တယ္။
"ေကာင္းၿပီ ခဏေစာင့္" ထို႔ေနာက္ ခဲယ္တစ္က သစ္သီးေတြနဲ႕ ဟင္းသီးဟင္း႐ြက္ေတြကို ျခင္းတစ္ျခင္းစာ ထည့္လိုက္ၿပီး တာ့ဝူဆီ ပို႔ေပးလိုက္တယ္ ။ ပိုင္မုခန့္မွန္းထားတဲ့အတိုင္း ဟင္းသီးဟင္း႐ြက္ေတြကို လက္ခံရရွိတဲ့အတြက္ တာ့ဝူက အရမ္းေပ်ာ္႐ႊင္ေနတယ္။သူနဲ႕အတူ ေဆာင္းရာသီကို ကုန္ဆုံးရမယ့္မိန္းမပ်ိဳကလည္း သူတို႔ကို အရမ္းေက်းဇူးတင္ေနခဲ့တယ္။
ပိုင္မုက လတ္တေလာမွာ အနည္းငယ္ စိုးရိမ္ေနတယ္ ။အခုက ေအးစက္တဲ့ေဆာင္းရာသီ ဝင္ေရာက္လာၿပီျဖစ္တာေၾကာင့္ ရာသီဥတုက ေျမာက္ဘက္မွာရွိတဲ့ ပိုေအးတဲ့ေနရာေတြကို မွီလုနီးပါးျဖစ္ေနၿပီလို႔ သူခံစားရတယ္ ။အေအးဆုံးအခ်ိန္ကိုသာေရာက္လာရင္ ဘာေတြျဖစ္လာမလဲဆိုတာ သူမသိေတာ့ဘူး ။ ေသခ်ာတာေပါ့၊ လူေတြက ေအးခဲေသလိမ့္မယ္။
အခု အန္းခ်ီေလာ့ေနတဲဂူငယ္ေလးမွာ ေက်ာက္သားအိပ္ရာငါးခုကို ေနရာခ်ထားတယ္။ ေက်ာက္သားအိပ္ရာေတြကို ပၪၥဂံပုံသ႑ာန္ခင္းထားၿပီး အလ်ားလိုက္အိပ္ရာတစ္ခုစီကို ကူရွင္ထူထူေတြနဲ႕ ဖုံးအုပ္ထားကာ ထူထဲတဲ့တိရိစ္ဆာန္သားေရေစာင္ေတြရွိတယ္။ ေစာင္ရဲ႕ အေပၚဆုံးအလႊာက တိရိစ္ဆာန္သားေရတစ္ခုလုံးနဲ႕ျပဳလုပ္ထားၿပီး အလယ္ကအလႊာေတြက သိပ္မျပည့္စုံတဲ့တိရစ္ဆာန္သားေရေတြနဲ႕ ျပဳလုပ္ထားတယ္။ အဲ့လိုႀကီးမားတဲ့တိရစ္ဆာန္သားေရအပိုင္းေတြက ရွာေဖြရခက္ခဲပါတယ္။
ေက်ာက္သားအိပ္ရာရဲ႕အလယ္မွာ မီးပလႅင္တစ္ခုရွိတယ္။ ရာသီဥတုက တကယ္ေအးလာတဲ့အခါ အလယ္ေနရာကို မီးေသြးထည့္လိုက္ရင္ ပိုႏြေးေအာင္ လုပ္နိုင္လိမ့္မယ္။ အခု တေပါက အျပင္ထြက္ၿပီး မကစားနိုင္ေတာ့ဘူး။သူ႕ဂိမ္းရဲ႕ တိုက္ပြဲထိေရာက္မႈကို ဘယ္လိုတိုးတက္ေအာင္လုပ္ရမလဲဆိုတာကို အိမ္မွာ ေလ့လာဖို႔ပဲ တတ္နိုင္တယ္။ ႏြေဦးရာသီေရာက္ၿပီးေနာက္မွာ ႂကြားဝါဖို႔အတြက္ သူ႕သူငယ္ခ်င္းေတြကို သြားရွာဖို႔လည္း စီစဥ္ထားတယ္။