'LOTUS KILLER' {Ongoing}

By Mary_koe552005

146K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

29

2.5K 230 21
By Mary_koe552005

"Hello . . . 118"

"ရောက်ပြီလား"

"ရောက်ပြီ"

"‌လူရှင်း မရှင်း ကြည့်"

"ရှင်းတယ်"

"ပိုက်ဆံထုပ်ကို ရှေ့က ဓာတ်တိုင်မှာ ထားခဲ့"

"ပစ္စည်းက ဘယ်နေ့ရမှာလဲ"

"နောက်တစ်ပတ်"

"OK"

အနက်ရောင် ဟူဒီနဲ့ လူက ငွေထုပ်ကို ဓာတ်တိုင်အောက် ဝယ် ထားလိုက်၏။ခေါင်းစွပ် ဦးထုပ်အောက်ဝယ် မထင်မရှား တစ်စွန်းတစ်စ ပေါ်နေသော ဆံစများက ဝါဝါစွေးစွာ။မျက်လုံးပြာပြာများသည်လည်း ပုန်းလျှိုးကွယ်လျှိုး။

မန္တလေးကျုံးသည် ည အချိန်တွင် တသုန်သုန် တိုက်နေသော လေညင်းသံလေးကတောင် ကျယ်လောင်နေသည်ထိ ငြိမ်သက်တိတ်ဆိတ်လွန်းလှသည်။

လူ ရှင်းသည်။ဒုစရိုက်သမားတွေ ထ တဲ့ ညဉ့်ချိန်။

ထိုအနက်ရောင်ဟူဒီနဲ့ လူက ငွေထုပ်ကို ထားခဲ့ပြီး အမှောင်ရိပ်ထဲဝယ် တိုးဝင် ပျောက်ကွယ်သွားသည်။

ထိုသူ ထွက်သွားပြီး ချက်ချင်းပင် နီညိုရောင်
လင်ခရူဆာ ကားတစ်စီး ငွေထုပ်ရှေ့ ဆိုက်ရောက်လာသည်။ပြီး ကားရှေ့ခန်းမှ လက်တစ်ဖက် ထွက်လာကာ ငွေထုပ်ကို စွေ့ကနဲ ဆွဲယူပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွား၏။

ကား အတွင်း၌ လူလေးယောက်ရှိသည်။

လူ လေးဦးအနက် သုံးဦးမှာ အနက်ရောင် suit ကို တူညီစွာ ဝတ်ဆင်ထားကြပြီး ကားနောက်ခန်း ညာဘက်၌ ထိုင်နေသူ ကျန်တစ်ဦးကမူ အပြာနုရောင် ရှပ်ကို ရင်ဘတ်ထိ ကြယ်သီးဖြုတ်ကာ အညိုရောင် ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ထိုသူကား 118 ဆိုသူ ဖြစ်သည်။

D.E.A.T.H ဆိုသော အာရှတိုက် ၏ အကြီးဆုံး လက်နက်မှောင်ခိုဂိုဏ်း တွင် ခေါင်းဆောင်လေးဦး ရှိသည်။‌ထို ခေါင်းဆောင်ကြီးများမှစ ဂိုဏ်းရဲ့ အောက်ဆုံး တောက်တိုမယ်ရ အထိ လျှို့ဝှက် နာမည်များရှိသည်။နာမည်အားလုံးသည် နံပါတ်တွေသာ ဖြစ်သည်။ဥပမာ 118၊ 69၊ 125၊ 555 စသည်။

D.E.A.T.H ဂိုဏ်း၏ ခေါင်းဆောင်လေးဦးတွင် 125 သည် leader ဖြစ်ပြီး 118သည် ဒု နေရာတွင် ရှိသည်။

118 ၊ 125 ၊ 69 ၊ 555 ဆိုသည့် ကိန်းဂဏန်းနံပါတ် နာမည်များသည် အာရှ ရဲများအကြား ရေပန်းစားလှသော်လည်း ခုထိ ထိုသူများရဲ့ ရုပ်ကို လည်းကောင်း ကိုယ်ရေးရာဇဝင်ကိုလည်းကောင်း စုံစမ်းဆဲဖြစ်သည်။

D.E.A.T.H ဂိုဏ်းသည် နာမည်နှင့်အညီ သေခြင်းတရားတို့၏ တံခါးဝ ဖြစ်သည်။အလွန် ရက်စက် ကြမ်းကြုတ်သည်။

ထိုဂိုဏ်းတွင် ကြီး ငယ် လတ် မရွေး လိုချင်သော လက်နက် ပစ္စည်းမှန်သမျှ အကုန်ရသည်။ထို့ပြင် တိရစ္ဆာန်များ၏ ကိုယ်‌တွင်း အင်္ဂါများကအစ လူတို့၏ မျက်ကြည်လွှာ၊အသည်း၊အဆုတ်၊နှလုံး၊ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများအဆုံး အကြီးအကျယ် ရောင်းဝယ်နေ၏။

D.E.A.T.Hဂိုဏ်းတွင် ခေါင်းဆောင်သည် အခရာ ဖြစ်ပြီး ခေါင်းဆောင်စကားသည်သာ ဉပဒေ ဖြစ်သည်။ထို့ကြောင့် ခေါင်းဆောင်သည် အလွန်တာဝန်ကြီးလှသည်။

118 တစ်ဦးတည်းသာ မြန်မာနိုင်ငံမှာရှိပြီး ကျန်ခေါင်းဆောင် သုံးဦးကမူ ကမ္ဘာပတ်နေကြသည်။

"ပိုက်ဆံ ရေလိုက်"

အမိန့်ပေးသံ အဆုံး လေအလျင်လို ပိုက်ဆံ ရေတွက်ပြီးသကာလ

"Boss ဒေါ် လာ တစ်သိန်းတည်း"

"ဘာ!"

ရှိုင်းမိုဟန် မျက်နှာ မဲ့သွားသည်။118 တစ်ဖြစ်လဲ ရှိုင်းမိုဟန်သည် D.E.A.T.Hဂိုဏ်း၏ ဒု ဂိုဏ်းချုပ်ဖြစ်သည်။White Rose မှာ ဆို ရှိုင်းမိုဟန် ၊ D.E.A.T.H မှာ ဆို 118။

ရှိုင်းသော်တာဟန်သည် သူ့အား ကလိမ်ကကျစ်ဉာဏ်ပညာကို အမွေပေးခဲ့သည်ဆိုလျှင် မို သည် သူ့အား ဒုစရိုက်အမွေကို ပေးခဲ့ပါ၏။

ရှိုင်းမိုဟန်က Telegram မှာ စာ ပြန်ပို့လိုက်သည်။Tele၏ လုံခြုံရေးသည် အားကောင်းလွန်းတာကြောင့် နိုင်ငံရေးသမားများကအစ ဒုစရိုက်သမားများပါ Teleကို အသုံးပြုကြသည်။

Massage ပို့လိုက်သော်လည်း seenမပြ စာ မပြန်တာမို့ ရှိုင်းမိုဟန် ဖုန်းဆက်လိုက်သည်။ဖုန်းဝင် ဝင်ချင်းပင် ပီပြင်သော ရုရှားစကားသံက ပေါ်ထွက်လာသည်။

"ပစ္စည်းရမှ ဒေါ်လာနောက်တစ်သိန်းထပ်ပေးမယ်"

"ဟက်. . . ငါတို့ လက်တွဲလာတာ နှစ်ပေါင်းကြာလှပြီပဲ. . . ငါ့ကို မယုံတာလား. . "

" ပစ္စည်းကို မှာထားတာ တစ်လ ရှိပြီ . . . မင်း ပြောတဲ့တိုင်း ပစ္စည်းယူဖို့ တွက်တောင် မြန်မာနိုင်ငံကို လာခဲ့ရတာ. .  တကယ်ဆို အဲ့တာတွေ အားလုံးက မင်းတို့ဘက်က အပြည့်ဝ လုပ်ပေးရမှာ. . .ငါ့ဘက်က အများကြီး လိုက်လျောပေးပြီးပြီ"

"Ok ok ကိုယ့်လူ relax . . .မြန်မာနိုင်ငံ လာခိုင်းရတာက မင်းတို့ ရုရှားက ဖမ်းဆီး များနေလို့လေ. . .နောက်ပြီး အဲ့ ပစ္စည်းက ထုတ်လုပ်တဲ့သူ အပေါ်မူတည်တာ. . . သူ ထုတ်ချင်တဲ့ချိန်မှ ထုတ်တာ ထုတ်ရင်လည်း ဒီပစ္စည်း လိုချင်တဲ့သူ ဘယ်လောက်များသလဲ ငါတို့က မူပိုင်ယူထားတာ မဟုတ်တဲ့တွက် လုဝယ်ရတာ. . .လွယ်ကူမနေဘူး. . ."

"Shit ! အဆိပ်လေး လေးလက်မ ပုလင်းလေးက ဘာတွေ ခက်နေလို့လဲ . . . "

"ငါ ပြောနေတယ်လေ တစ်ပတ်တွင်းရစေရမယ်လို့ တစ်ပတ်အတွင်း မင်း အဆိပ်ပုလင်း မရရင် မင်း ပိုက်ဆံထက် နှစ်ဆ ပြန်အမ်းမယ်. . .  "

"တကယ်လို့ မရရင် . . . ငါ မင်းကို တွေ့တဲ့ နေရာမှာ သတ်မယ်"

‌ကျသွားသော ဖုန်းကို ရှိုင်းမိုဟန် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်လိုက်သည်။ customer is always right မို့ ဒီတစ်ပတ်တွင်း ဒီပစ္စည်းရအောင် သူ ယူမှ ရမည်။ထို့ထက် ဒီcustomerသည် သူတို့၏ ဖောက်သည် ဖြစ်သည်။အမြဲတစ်စေ မရိုးသော လက်နက်တစ်မျိုးပြီး တစ်မျိုးလာဝယ်လေ့ရှိပြီး ငွေကို ဖောဖောသီသီ သုံးလေ့ရှိသည်။‌ငွေတွင်းကြီး မို့လို့လည်း လက်လွှတ်၍ မဖြစ်။

ယခုလည်း ထူးထူးဆန်းဆန်း 4လက်မ ခန့်သာ ရှိသော အဆိပ်ပုလင်းကို လာမှာသည်။

မှာ တာက ဟုတ်ပါပြီ။ရဖို့ရန် အတော် အားစိုက်ရသည်။

ဒီ အဆိပ်ကို ထုတ်သူသည် သူ စိတ်ပေါက်မှသာ ထုတ်တာ ဖြစ်သည်။သူ ဘယ်သူလဲ ဆိုတာလဲ မသိ၊ဘယ်ချိန် ရောင်းလို့ ရောင်းမယ်မှန်းလည်း ခန့်မှန်းမရ၊ကြိုလည်း မှာထားလို့မရ။သူ ထုတ်တဲ့ချိန်မှာ ရသလောက်ကို အကုန် လု ဝယ်ရသည်။

လျှာပေါ်တင် လိုက်တာနဲ့ တန်းသေသော အဆိပ်၊ကိုယ်တွင်းရောက်မှသာ တန်းသေသောအဆိပ်၊သောက်သုံးပြီး ဝေဒနာ အဆုံးထိ ခံစားပြီးကာမှ တဖြည်းဖြည်း သေစေသော အဆိပ်၊ ဝေဒနာတောင် မခံစားရဘဲ အေးအေးသာသာ အသက်ဘယ်က ထွက်မှန်းတောင် သိလိုက်မှာ မဟုတ်သော အဆိပ် စသည် စသည် အဆိပ် အမျိုးအစား ပေါင်းစုံ ထုတ်၏။ ဆေးပညာ နယ်ပယ်၌ ဖြစ်စေ၊ အချို့သော လက်နက်ယူ မရသော စစ်မြေပြင် အခြေအနေ၌ ဖြစ်စေ လူမသိ သူမသိ လုပ်ကြံမှုများတွင် ဖြစ်စေ လူဆိုး လူကောင်းမကျန် အများဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကြောင့် သူ့ အဆိပ်တွေသည် တော်တော် ရောင်းကောင်းသည်ဟု ဆိုနိုင်သည်။

ဈေးကလည်း ခေါင်ခိုက်။သို့သော် ပုလင်း အရွယ်အစား အလိုက်တော့ ဈေးကွာ၏။

အသေးဆုံး တစ် စင်တီမီတာကနေ အများဆုံး 1ပေ ပုလင်းထိ အစား စား ရှိ၏။အောက်ခြေဈေးနှုန်းသည်ကား ဒေါ်လာ တစ်ရာမှ စ သည်။

ခက်သည်ကား ထုတ်တဲ့ကောင်ကို မသိ။

"ငါ စုံစမ်းခိုင်းထားတာ ရပြီလား"

"သေချာတာကတော့ မြန်မာနိုင်ငံကပဲ. . ."

"မင်းဘိုးအေ မြန်မာနိုင်ငံက အကျယ်ကြီး. . .လိပ်စာ အတိအကျ ဘယ်သူ ဘယ်သူ ဘယ်ဝါ အကုန် စုံစမ်း. . ."

"ကမ္ဘာကြီးတောင် ကျဉ်းကျဉ်းလေးပါ တွေ့မှာပါ . . Bossရယ်"

"ငါတို့ အရင်သိရမှ ဖြစ်မယ် . . . လုချင်နေတဲ့ ကောင်တွေ တစ်ပုံကြီး. . .တစ်ပတ်တွင်း ရအောင် စုံစမ်း . . . အကုန် ကြားလား. . .ဒါလေးတောင် မလုပ်နိုင်ရင် မင်းတို့ကို 125ဆီ ပို့ပစ်မှာ. . ."

လူမိုက်ကြီးတွေ အကုန် မျက်လုံးပြူးသွားသည်။125 ဆီတော့ မဖြစ်။125ကို အနီး မပြောနဲ့ ကြားရုံနဲ့တင် သေးထွက်မတတ် ကြောက်၏။

"125 ဆီတော့ မပို့ပါနဲ့ Bossရယ် . . . တစ်ပတ်တွင်း အသေရရ အရှင် ရရ လုပ်ပါ့မယ်"

"ပြီးတာပဲ မနက်ဖြန် scheduleဘာရှိလဲ"

"Company မှာ meeting ရှိပါတယ် 9နာရီကနေ 12နာရီထိ . . ."

"ဘိုးတော်ကြီးတွေ ပွားတာ ထိုင်နားထောင်ရဦးမယ် ဆက်ပြော ပြီးတော့ရော. . ."

"ညနေ ပိုင်းကတော့ Boss လက်လျား လက်လျား လုပ်ရုံပါပဲ. . ."

"မင်းတို့လည်း သွားချင်ရာ သွားကြ စောက်ပြဿနာသာ ရှာမလာနဲ့ . . . "

"ဟုတ်ကဲ့ပါ ‌Boss"

ရှိုင်းမိုဟန်သည် ကောင်းကင်ပြာပြာတွင် အသက်ဝင်နေသော လဖြူဖြူကို ငေးကြည့်မိ၏။

ထိုအခါ လဖြူဖြူလို အေးချမ်းလှသော တစ်စုံတစ်ယောက် ကို သတိရသွားသည်။

ရှိုင်းမိုဟန်သည် မီးဆို ထိုတစ်စုံတစ်ယောက်သည်ကား သူ့ အပူမီးတွေကို ရှဲခနဲ ငြိမ်းစေမည့် ရေ အေးအေးလေး တစ်ခွက်သာ ဖြစ်လောက်မည်။

++++

"ဘယ်က ပြန်လာတာလဲ. . ."

ဒုတိယအထပ်မှ အသံတစ်သံက လှမ်းထွက်လာသည်။တစ်အိမ်လုံး မှောင်မည်းနေသည်မို့ ထိုအသံ ရှင်ကို ကား မမြင်ရဘဲ ကြောင်မျက်လုံးလို တောက်ပလဲ့ရီသော မျက်လုံးတစ်စုံကသာ ပေါ်နေသည်။

"Shit လန့်တာ. . .မင်းကကော ဒီအချိန်ကြီး မအိပ်ဘဲ ဘာလုပ်နေတာလဲ"

"ငါဟာငါ ဘာလုပ်လုပ်ပေါ့"

"ငါလည်း ငါဟာငါ ဘယ်က ပြန်လာ လာပေါ့"

ကိုးနောင်က စွပ်ထားသည့် လက်အိတ် အနက်ကို ချွတ်ရင်း လှေကားပေါ်မှာ တစ်လှမ်းချင်း ဆင်းလာသည်။ဘုရင်တစ်ပါးလို ရာဇအိန္ဒြေကြီးစွာ။

မက်ရှလေ က ဝတ်ထားသော ဟူဒီ ကို ချွတ်လိုက်သည်။

"မင်းတို့ နိုင်ငံက ပူလိုက်တာကွာ"

"မနေချင် ပြန်လေ"

"မင်းတို့နဲ့ မခွဲနိုင်လို့"

ကိုးနောင်က ရွံ့သလို အမူအရာ လုပ်ပြသည်။

မက်ရှလေက နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ရင်း ကိုးနောင်ကို ခပ်စွေစွေကြည့်ကာ

"မင်း . . . D.E.A.T.H ဂိုဏ်းကို သိလား"

ကိုးနောင် ပုခုံးတွန့်ပြသည်။

"ဘာဖြစ်လို့လဲ . . . "

"ထားပါ ဘာမှတော့ မဟုတ်ပါဘူး. . .တွေ့ရင် သတ်မလို့"

ကိုးနောင်က တွေးဆဆနှင့်

"Death . . .သေခြင်း . . .နာမည်လေးက လှသားပဲ. . .ဒါမဲ့ အဲ့ဂိုဏ်းက ကောင်တွေ အကုန် ကလေကချေ သူခိုးဂျပိုးတွေ . . . နာမည်တောင် နံပါတ်တွေနဲ့"

"မင်း သိတယ်ပေါ့"

"သိတယ်လို့လည်း မဟုတ်ပါဘူး "

"ဒါဆို သေချာပြီ မင်း သိနေတယ်. . ."

ကိုးနောင်က နာရေးယပ်တောင် ကို ဆွဲယူလိုက်ကာ တဖြတ်ဖြတ်ခတ်လိုက်ပြီး "ငါနဲ့ တည့်တဲ့သူ ကမ္ဘာမှာ ရှိမှ မရှိဘဲ" ဟု ပြောလိုက်လေသည်။ပြီးနောက် ဆက်ပြီး

"တစ်ဂိုဏ်းလုံး ‌တစ်ယောက်တစ်မျိုးစီ အရူးတွေ. . .တစ်ခုခု ပေါ်ပင် ဖြစ်လာပြီဆို အဲ့တာကို လိုက်ခိုးကြတာ "

မက်ရှလေ စဉ်းစားလိုက်သည်။

"မင်း ပြောတာ နားမလည်ဘူး"

"ကျစ် . . . ဒီလိုကွာ ဉပမာ ပစ္စည်းတစ်ခုခု က နာမည်ကြီးလာပြီ ဆို အဲ့ပစ္စည်း လိုက်ယူတာ . . . ပထမ ပိုက်ဆံပေးပြီး ပစ္စည်းကို ပိုင်ရှင်ဆီက ဝယ်တယ် မရောင်းရင် ခိုးတယ်. . . ဘာလုပ်မလဲ ဆိုတော့လဲ ဘာမှ မဟုတ်ဘူး သူများ‌မရစေချင်လို့ သူတို့ပဲ အပိုင်စီးချင်ရုံသက်သက်ပဲ ဗရုတ်သုတ်ခတွေ. . . တော်ရှာပါတယ် ခိုးတဲ့နေရာမှာ သူခိုးဝိဇ္ဇာတွေ. . ."

"မင်း . . . မဟုတ်မှ လွဲ အဲ့ကောင်တွေကို ရော သတ်ခဲ့သေးလား"

ကိုးနောင်က ဝါးခနဲ သန်းလိုက်သည်။

"အိပ်သင့်ပြီ . . . Good night "

"မအိပ်နိုင်သေးပါဘူး မင်းတို့နိုင်ငံက ပူရတဲ့ကြားထဲ မီးက မလာ လိုင်းက စုတ် . . .အချိန်တိုင်း မီးစက်ကြီးက နှိုးထားတော့ နားက ငြီးလိုက်တာမှ နားစည် ကွဲတော့မဲ့ တိုင်းပဲ. . .နေဦး မသွားနဲ့ ဖြေသွားဦး မင်း Deathဂိုဏ်းနဲ့ ပြဿနာတက်ထားတယ်မလား"

"သိပ်တော့ မတက်ပါဘူး သူတို့ခေါင်းဆောင် 125ကို ပုဆိန်နဲ့ ခုတ်လိုက်ရုံတင်ပါ. . .ကံမကောင်းစွာနဲ့ မသေဘူး"

မက်ရှလေ ပြောစရာမဲ့သွားသည်။

ကိုးနောင်က ယပ်တောင်နဲ့ ခြင်တွေကို ယန်းလိုက်ရင်း ဆက်ပြောသည်။

"ငါပြောတယ်လေ သူခိုးဂိုဏ်းပါဆို . . . ငါ့ဆီက ငါ့အဖိုးထားခဲ့တဲ့ စာအုပ်ကို လာခိုးတာ "

"ပရော်ဖက်ဆာ ရဲ့ မှတ်စုစာအုပ် . . . အဲ့ထဲမှာ သူ့တစ်သက်လုံး စုထားတဲ့ ပညာတွေ ရေးထားတာ . . . ငါ သိတယ် ငါ ကူးပေးထားတာ"

"ဟုတ်တယ် အဲ့စာအုပ်ကို ငါ့အဖိုး အိမ်က ငါ  ယူလာတာ. . . အဲ့ဒီအကြောင်းတွေကို ဘယ်ကနေ ဘယ်လို သတင်းရလဲ မသိဘူး ငါ့အဆောင်ထဲထိ ဝင်ပြီး စာအုပ်ကို လာခိုးတာ . . . ပုဆိန်နဲ့ ခုတ်လိုက်တာ လက်ထိသွားတယ် ဒါလည်း မရမက ခိုးသွားတာပဲ . . . မျက်နှာပြောင်တိုက်ချက်က ခိုးပြီး တော့ အေးဆေး မပြန်ဘူး တိုက်အောက်မှာ ရပ်ပြီး 125 ဆိုပြီး သူ့ကိုသူ မိတ်ဆက်ပြီး အော်ပြောသွားတာ . . ."

"ပြန်ရလား"

"အဲ့ စာအုပ်ကြီး ကြည့်လို့ သူတို့ ဘာသိမှာလဲ နှစ်ရက်လောက်ကြာတော့ အခန်းဝမှာ စာအုပ်ကို ပြန်လာထားတယ် စာလေးက ရေးပေးလိုက်သေးတယ်. . .နားမလည်လို့ ပြန်ပေးလိုက်ပါတယ် တဲ့ "

မက်ရှလေက အူလှိုက်သည်းလှိုက်ရယ်သည်။

"ငရှုပ်တွေ. . . သူတို့ကို မှောင်ခိုဂိုဏ်းလို့ပဲ ထင်တာ ဒီလိုမျိုး ပေါပေါတောတော လျှောက်လုပ်မယ်လို့ မထင်ဘူး. . .မင်း နဂါးနက် တွေကို ဗုံးခွဲတုံးက ဗုံးတွေကို ငါ
D. E .A .T. H ဂိုဏ်းက ဝယ်လာတာ"

"တကယ်ကို အဲ့ကောင်တွေနဲ့ ရေစက်ဆိုးပဲ တော်ပြီ အိပ်တော့ မက်ရှလေ "

ကိုးနောင်က အပေါ် ပြန်တက်သွားသည်။

"မင်းဂောာ မအိပ်သေးဘူးလား"

"သားကျွေးမှု သမီးကျွေးမှု လင်ကျွေးမှု တွက် ပိုက်ဆံရှာရဦးမယ် . . .ဒီကြားထဲ မင်းက ငါ့အိမ် အလကား တက်နေတော့ မင်း မြိုဖို့ပါ ပိုက်ဆံရှာပေးရဦးမယ်. . ."

ပြီး ကိုးနောင် အမှောင်ထဲမှာ ပျောက်ကွယ်သွားသည်။

ဉာဏ်ကိုးနောင်သည် တတိယ အထပ်သို့ တက်လာခဲ့သည်။

အိမ်တစ်ခုလုံး တစ္ဆေအိမ်လို တိတ်ဆိတ်နေသည်။

သူ ကျွန်းတံခါးမကြီးကို ဖွင့်သံသည် ညဉ့်ယံမှာ ထိုးသော ငှက်ဆိုးသံလို စူးစူးဝါးဝါး ဖြစ်လှ၏။

++++

Hotpot ဆိုင် တစ်ခုထဲတွင် ဖြစ်သည်။

ဆိုင်ရဲ့ ညာဘက်ထောင့် အစွန်းပိုင်းတွင် အမျိုးသားတစ်ဦးနှင့် သူ၏ ရှေ့မျက်နှာချင်းဆိုင်တွင် ကျောင်းဝတ်စုံနှင့် ပါးဖောင်းဖောင်း ကောင်မလေးတစ်ယောက်ထိုင်လျက်ရှိသည်။

ကလေးမလေးသည် တော့ပိုကီ ကို တမြုံ့မြုံ့စားလိုက် အသားကင်ကို သွပ်လိုက်နှင့် အလုပ်ရှုပ်နေသည်။

"နန်းနွယ် ထမင်းစားရင်း ဒူးမနှံ့စမ်းနဲ့. . ."

ကောင်မလေးသည် စူပုတ်ပုတ်နဲ့ ခြေထောက်တွေကို ခုံပေါ်တင်ထိုင်လိုက်သည်။

ဆတ်နွယ်က အကင်အိုးပေါ်က အသားတစ်ချို့ကို နန်းနွယ် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ဆတ်နွယ်သည် ဒီလို ရှုပ်ရှုပ်ရှက်ရှက် စားရတာမျိုးကို မကြိုက်ပေ။သို့သော်လည်း တူမက ပူဆာလွန်းတာကြောင့် အာသာပြေ စားရ ပြီးရော Hotpot ဆိုင်ခေါ်လာသည်။သို့သော် နန်းနွယ်က ဂျစ်ကျပြန်သည်။ဟန်းဂု မှ ဟန်းဂုHotpotဆိုင် ဟူ၍။

သို့နှင့် သူ့မှာ ဘာမှလည်း ဟုတ်တိပက်တိမစားပါဘဲ ဟော့ပေါ့ဆိုင်ကို ပိုက်ဆံ အလှူပေးလိုက်ရ၏။

နန်းနွယ်ကတော့ ဟိုစားလိုက် ဒီသွားလိုက် ဆိုင်ထဲ တောက်တောက် တောက်တောက်နဲ့ ပတ်ပြေးနေ၏။

ဓာတ်ပုံက ရိုက်သေးသည်။

"ဆန်ပြုတ်ပဲ သောက်နေရတဲ့ ကိုးကိုးလေးတွက် မမရဲ့ လက်ဆောင်လေး ပြန်လာရင် သူ့ကို ပြရမယ် . . ဘယ်လောက်တောင် ဒေါသတွေ ထွက်နေလိုက်မလဲ ခိခိ"

"ကိုးနွယ်က မသက်သာသေးဘူးလား"

"မသက်သာသေးဘူး. . ."

ဆတ်နွယ်က ရှပ်ဖြူကို pantမီးခိုးနဲ့ တွဲဝတ်ထားသည်။ကျယ်သော ပုခုံးသည် ရှပ်ဖြူအောက်ဝယ် စွံစွံကားကား နိုင်လှသည်။ဆံပင်ကို နောက်လှန်သိမ်းထားသောကြောင့် တည်ကြည်ရှင်းသန့်သော မျက်နှာတည်တည်က ထင်းနေ၏။ဆတ်နွယ်အသားအရည်သည် ကိုးနောင်လို မဟုတ်ဘဲ ရွှေအိုရောင် သန်းသည်။

"တိုက်ဆိုင်လိုက်တာ စိတ်ချင်းဆက်နေတယ်နဲ့ တူတယ်"

မြူးသောလေသံနှင့် ရှူးဖိနပ်သံ ဂွပ် ဂွပ် သံသည် ဆတ်နွယ်ဘေးဝယ် ခြေစုံရပ်သည်။

"ဦး က သမီးကိုလေ သတိ အရမ်း အရမ်း ရနေတာ"

ဆိုလိုသည်မှာ နန်းနွယ် ဖြစ်သော်လည်း ထိုသူ့မျက်လုံးများကမူ ဆတ်နွယ်ထံသာ ခစားသည်။

နန်းနွယ် မျက်နှာလေးမဲ့လိုက်သည်။

"သမီးကတော့ သတိမရပါဘူး"

သို့သော် ရှိုင်းမိုဟန်သည်မူ ပြုံးပြုံးလေးနှင့်  နန်းနွယ်ဘေး ကပ်ထိုင်လိုက်သည်။

"ဟိုဘက် နည်းနည်းတိုးနော် . . . သမီးလေး လိမ္မာတယ်"

"ကြပ်တယ် လာနဲ့"

ရှိုင်းမိုဟန် ၏ ရှည်လျားသော ခြေတံများက ဆတ်နွယ် ခြေထောက် ကို သွားထိသည်။

"ဆောရီးနော် မတော်တဆ ဖြစ်သွားတာ"

ဆတ်နွယ်ကမူ သူ့၏ တည်ရှိမှုကို အဖက်မလုပ်ပေ။လျစ်လျူရှူထားသည်။

ရှိုင်းမိုဟန်က နီညိုရောင် ဆွယ်တာပေါ် စိမ်းပုတ်ရောင် ဂျာကင်ထပ်ထားပြီး ဆံပင်များကို တစ်ဝက် နဖူးအလယ် ချထားသည်။သူ့ ပုံစံက အနည်းငယ် မိုက်မိုက်ကန်းကန်း နိုင်သည်။

"အငယ် ဖျော်ရည်. . ."

ဆတ်နွယ် က ထထွက်သွားသည်။

"ခြေလက် တွေ အကောင်းတိုင်းရှိနေတာပဲ ကိုယ့်ဘာသာကို သွားယူပါလား . . . ငါ့ကောင်လေးကို ခိုင်းစားနေတာ"

"အငယ် ကဖြင့် သူ့ကို လှည့်တောင် မကြည့်ဘဲ. . . "

"ငါ ကျွေးထားတာတွေ ပြန်ထုတ်စမ်း. . . စုံစမ်းခိုင်းထားတာ ရပြီလား"

"နေပါဦး စားနေတယ်လေ ဖြည်းဖြည်းပေါ့ . . ."

ရှိုင်းမိုဟန်က အိတ်ကပ်ထဲမှ V ပုံ PCလေးကို ထောင်ပြလိုက်သည်။ထပ်ပြီး jk ပုံ၊ jinပုံ အစဉ်လိုက် အစဉ်လိုက် တစ်ပုံချင်း နန်းနွယ် ရှေ့မှာ ယမ်းပြသည်။

"ဟီး ဟီး ဦးကလည်း . . . စတာ စတာ ဒီမှာရော့ အငယ့် အကောင့် . . .ဒါမဲ့ အငယ်က ဖုန်း သိပ်မကြည့်ဘူးနော်. . ."

နန်းနွယ် idol တွက်ဆို ဦးလေးကို တောင် ပျော်ပျော်ကြီး ရောင်းစားနိုင်ပါသည်။

ရှိုင်းမိုဟန်သည် ဆတ်နွယ် အကောင့်ကို ရှာကြည့်လိုက်သောအခါ ဗရုတ်သုတ်ခ ပေါင်းစုံ ကို တွေ့လိုက်ရသည်။ရှယ် သမျှ postတွေသည် ကိုရီးယားkpop နှင့် ပတ်သက်သော ပို့စ်တွေ သာ ဖြစ်သည်။

နန်းနွယ် က ဟီးခနဲ သွားဖြီးပြပြန်သည်။

"အငယ် ဖုန်းကို ယူဆော့ထားတာ . . . အငယ် fbမှ မသုံးတာ သူ ဘာမှ သိဘူး ဟိ ဟိ"

"ဒီ . . ."

ရှိုင်းမိုဟန် က ဆဲလု ဆဲ ပါးစပ်ကို စည်းတားလိုက်သည်။

အနာဂတ် တူမလေးရှေ့ဝယ် ဦးလေးကောင်း ပီသသ နေရမည်။

ခွက်နှစ်ခွက်ထဲ ရေထည့်ကာ တစ်ခွက်ကို နန်းနွယ်ကို ပေးကာ တစ်ခွက်ကို သူ ယူလိုက်သည်။ပြီး ခွက်ချင်းတိုက်ကာ

" ချီးယားစ် . . .ငါတို့က တစ်လှေတည်း စီးနေကြတဲ့ သူတွေပဲ. . .နောင်လည်း ကူညီပေးပါဦးနော် တူမလေး "

"ကူညီရမှာပေါ့. . .အလကားတော့ မရဘူးနော်"

"အေးပါ အေးပါ ငါ ရှာသမျှ နင့်အတွက်ပါ. . ."

ရှိုင်းမိုဟန်က ထ ထွက်သွားကာ ဆတ်နွယ်နောက်လိုက်သွားသည်။ဆတ်နွယ်က ရေခဲ ရှာနေဟန်ရှိ၍ ရေခဲပုံးထဲက ရေခဲ နှစ်ခဲ ယူကာ ချိုရည်ခွက်ထဲ ထည့်ပေးလိုက်သည်။

"ကျေးဇူး"

ဆတ်နွယ် က တုံးတိတိ ပြောသော်လည်း
ရှိုင်းမိုဟန် ရင်ထဲ ပန်းတစ်ထောင် ပွင့်လန်းသွားသည်။

ရှိုင်းမိုဟန် ပါးပြင်ဖြူဖြူသည် နီရဲ သွားပြီး လက်က ယောက်ယက်ခတ်ကာ ဂုတ်ပိုးကို သွားပွတ်နေ၏။

ဆတ်နွယ်က ကျေးဇူးတဲ့ ။ဆတ်နွယ်က ကျေးဇူးတဲ့ !!! ဆတ်နွယ်က တကယ်ကြီး ငါ့ကို ကျေးဇူးတဲ့။

ရှိုင်းမိုဟန်သည် တိုက်ဆိုင်လိုက်တာ ဆိုသော စကားကို အသုံးချကာ ဆတ်နွယ် နောက် အပ် သွားရာ  အပ်ချည်မျှင်လိုက်သလို လိုက်နေသည်မှာ ကြာလှပြီ။

ဆတ်နွယ်နေသော အိမ်ဘေးက လုံးချင်း နှစ်ထပ်တိုက်ကို အပြတ်ဝယ်ပြီး ပြောင်းလာသည်။ပြီး ဆတ်နွယ် အိမ်ကို မယောင်မလည် ရောက်လာကာ "တိုက်ဆိုင်လိုက်တာ" ဟု ပြောသည်။

ဆတ်နွယ်သည် နံနက်တိုင်း သံဃာတော်တွေကို ဆွမ်းထလောင်းတတ်သည့် အကျင့်ရှိသည်။ရှိုင်းမိုဟန်သည်လည်း ဆွမ်း လိုက်လောင်းသည်။နံနက် ဆွမ်းလောင်းရင် မျက်နှာချင်းဆိုင် ဆုံကြသည့်အခါ ရှိုင်းမိုဟန် သည် မျက်လုံးပြူးဆန်ပြာနှင့် ဝိုးခနဲ လုပ်ရင်း "တိုက်ဆိုင်လိုက်တာ" ဟု ပြောပြန်သည်။

ပထမ ဆတ်နွယ်နှင့် ခပ်ဝေးဝေးက လောင်းသော်လည်း တစ်နေ့ တစ်ပေ နှုန်းနဲ့
ဆတ်နွယ် အနား တိုးတိုး ကပ်လာသည်မှာ ဆတ်နွယ် ဆွမ်းလောင်းသည့်ခုံကို သူ အပိုင်စီးသွားပြီး ဖြစ်သည်။

တိုက် ဆိုင် ဆိုင် နိုင်လွန်းပါ၏။

ရှပ် အဖြူ လက်ရှည်ကို လက်ခေါက်တင်ကာ ပု‌ဆိုးအပြာနုရောင်နှင့် တွဲဖက် ဝတ်ဆင်၍ ကြည်လင်နှစ်လိုဖွယ် အပြုံးနှင့်အတူ ကိုရင်လေး တစ်ပါးကို ဆွမ်းလောင်းနေသော
ရှိုင်းမိုဟန် ပုံစံသည် ဆတ်နွယ်ကို အကြိမ်ကြိမ်ငေးမော ကြည့်စေနိုင်ခဲ့၏။

ရှိုင်းမိုဟန်မှာ ဒီလို သိမ်မွေ့မှုနှင့် လေးနက်တည်ငြိမ်မှု ရှိလိမ့်မည် ဟု ဆတ်နွယ် မထင်ထားပေ။

အရာအားလုံးသည် အနိစ္စ တရားမို့ ရှိုင်းမိုဟန်
လည်း အချို့အရာများတွင် ပြောင်းလဲကောင်း ပြောင်းလဲလေပြီလားမသိ။

ဆတ်နွယ်က ပန်းကန်လုံး တစ်ခုကို ယူပြီး
ကင်မ်ချီ ဟင်းရည် ထည့်ရန် ပြင်သောအခါ ရှိုင်းမိုဟန်က ခွက်ကို ဆွဲယူလိုက်ပြီး

"ငါ ထည့်ပေးမယ်. . ."

ဆတ်နွယ် အဖြေပင် မစောင့်ဘဲ သူ ဘာသာသူ ဆွဲယူသွားကာ သေချာဂရုတစိုက်နှင့် ထည့်ပေးလေသည်။

"အရင်သွားနှင့်လိုက် . . . ငါ အကုန် သယ်ခဲ့မယ်"

"အိုကေ"

ရှိုင်းမိုဟန်က ချိုရည် အပြင် အကုန် ယူချလာသည်။

"ရော့ ဒါက မမလေး အတွက် ဖျော်ရည်. . ."

တစ်ဆက်တည်း ဆတ်နွယ်ကို နူးညံ့စွာ ပြုံးပြကာ

"မင်းကြိုက်တဲ့ ထမင်းကြော်. . ."

နန်းနွယ်က ထ အော်သည်။

"ဟော့ပေါ့ ဆိုင်လာပြီး ထမင်းကြော်စားနေတယ်. . ."

သို့သော် ရှိုင်းမိုဟန်ကမူ ထမင်းကြော်ပန်းကန်ကို ဆတ်နွယ်ရှေ့ ချပေးလိုက်ကာ ဇွန်းကို ပါ တပ်ပေးလိုက်သည်။ရိုရိုကျိုးကျိုး လုပ်ကိုင်နေပုံမှာ အလိမ္မာလွန်နေတဲ့ အိမ်သူသက်ထား ဇနီးမယားလို။

ပြီး လက်အိတ်စွပ်ကာ ပုဇွန်နွှာရန် စိုင်းပြင်းတော့သည်။လက်အိတ်မစွပ်၍ လည်းမရ။ဆတ်နွယ်က အသန့်ကြိုက်သည်။

အသားမှန်သမျှကို ဆတ်နွယ်ထဲ ထည့်ပေးလိုက်ပြီး ခေါင်းမှန်သမျှ ကိူ နန်းနွယ်ထဲ ထည့်ပေးလိုက်သဖြင့် နန်းနွယ် မျက်စောင်းက ဒိုင်းကနဲ။

"ခေါင်း စား အားရှိတယ်. . "

"သမီး ရည်းစားရရင် ကလဲ့စား ချေပြမယ်"

နှစ်ယောက်သား အသံတိတ်ပြောနေတာ ဖြစ်သည်။

ထိုစဉ် ဆတ်နွယ် ဖုန်းက မြည်လာသောကြောင့် ဆတ်နွယ်က ဖုန်းကိုင်လိုက်သည်။စူးစမ်းနေသော မျက်လုံးတစ်စုံကြောင့် ဆတ်နွယ်သည် မမေးပါဘဲ ဖြေလာ၏။

"ငါ့ အကို"

နန်းနွယ်က ဇက်ကလေး ပုထားကာ လက်ခါ ပြသည်။အမှန်မှာမူ သူမ ကျောင်း ပြေးလာတာ ဖြစ်သည်။အငယ်ကလည်း ထူးထူးခြားခြား သဘောတွေ ကောင်းနေ၍ သူမ ရဲ့ အကြံအစည်ကြီး အထ မြောက်သွားသည်။သို့သော် ဒီ ကိစ္စ ဖခမည်းတော်နားဆီ ပေါက်လို့ မဖြစ်။နန်းနွယ် အသံတိုးတိုး တိုးတိုးနှင့်

"နန်းနွယ် ကျောင်းသွားပြီ . . . စာကျက်နေတာ "

"ဘာ စာကျက်နေတာလဲ!"

ဩရှရှ အသံ နှင့်အတူ မျက်နှာချောချောက အပေါက်ဝ မှာ ပေါ်လာသည်။

တစ်လှမ်းချင်း လျှောက်လာသော အမျိုးသား၏ ခြေလှမ်းများသည် ညင်သာသော်လည်း မာန်ပါ၏။

နန်းနွယ်က ဟီးခနဲ ရယ်ပြသည်။

"ဟိုင်း ဖေကြီးပဲ. . .ဒီနေ့မှ ဘာဖြစ်လို့ ဒီလောက်တောင် ချောနေတာလဲ. . ."

"တိတ်စမ်း"

ရှိုင်းမိုဟန် သည် ဉာဏ်ကိုးနောင်ကို အကဲခတ်လိုက်သည်။ဉာဏ်ကိုးနောင်သည် ထင်မထားလောက်အောင် အတော် ချောလှသည်။ရှိုင်းမိုဟန် သည် ချောပေ့လှပေ့ ဆိုသော သူများနှင့် ထည်လဲ တွဲဖူးသည်။သို့သော် သူ့ ဘဝ တစ်သက်တာ တွင် သူတောင် ဩချ သည်ထိ ချောသော သူ နှစ်ယောက်သာ တွေ့ဖူးသည်။

တစ်ယောက်က မင်းရှင်မော့် ညီ။
နောက်တစ်ယောက်က သူ့ရှေ့မှ ဤ လူသား။

ဉာဏ်ကိုးနောင် အလှသည် ပန်းချီကားတစ်ချပ်နှင့်တူ၏။သို့ပေသော်ငြား ထိုပန်းချီကားသည် ရှူခင်း လေးလို သာသာယာယာ တောက်ပ အေးချမ်းသော ပန်းချီကားမျိုး မဟုတ်။မှိုင်းညှို့သော နောက်ခံဝယ် ထီးထီးကြီး ပေါက်နေသော ပင်အို တစ်ပင်လို၊ဆေးနီ ဆေးပြာ ဆေးစိမ်း ဆေးဝါ ရောင်စုံပလုံစုံ လျှောက်လျှက်ခြစ်ကာ ရေးဆွဲထားသော စိတ္တဇ ဆန်သော အငွေ့သက်ညောင်းသည့် ပန်းချီကားတစ်ချပ်လို ဉာဏ်ကိုးနောင် အလှသည် ခြောက်ခြောက်ခြားခြားနှင့် စွဲမက်ဖို့ ကောင်းသည်။ထို့ပြင် မြွေ မြွေ ချင်း ခြေမြင်သလားတော့ မသိ ဉာဏ်ကိုးနောင်၏ စိမ်းစိမ်းရီသော မျက်လုံးများထဲမှ မကောင်းသော အငွေ့သက်ရသည်။

သို့သော်လည်း နန်းနွယ်ကို ကြည့်ပြီး ဉာဏ်ကိုးနောင် ပြုံးသောအခါ . . . F* လှတယ်ဟ။

"အဟမ်း"

ဆတ်နွယ် ချောင်းဟန့်သံ ကြားသော် ရှိုင်းမိုဟန် မျက်လုံးက ဆတ်နွယ်ဆီ ရောက်သွားသည်။တစ်ဆိတ် ဆတ်နွယ်က နည်းနည်း မကျေမနပ် ဖြစ်နေသလိုပဲ။

ဘယ်သူဘယ်ဝါတွေ ဘယ်လို မှုန်နေအောင်ချောကြပါစေ မင့် ခြေဖဝါးတော့ တစ်ယောက်မှ မမှီ‌ပါဘူး အချစ်ရယ်။

ရှိုင်းမိုဟန်က မတ်တပ်ရပ်လိုက်ပြီး ကိုးနောင်ကို ယဉ်ကျေးသော ဟန်မူယာနှင့်

"အစ်ကို ဒီမှာ ထိုင်မှာ ခင်ဗျ. . ."

ပြောပြီးချင်းပင် သူကမူ ဆတ်နွယ်ဘေး
စွေ့ကနဲ ဝင်ထိုင်လိုက်သည်။ဆတ်နွယ်နှင့် ဘေးကပ်ရပ် ထိုင်သောအခါ ရှိုင်းမိုဟန် နောင်တ ရမိချင်သွား၏။

ခုံသည် ‌အရွယ်ရောက်ပြီးသား ထွားကျိုင်းသော အမျိုးသားနှစ်ယောက်ဖို့ ကြပ်လှသည်။သူ့ပေါင်နှင့် ဆတ်နွယ် ပေါင်သည် စွယ်တော်ရွက်လို ပူးကပ်နေ၏။အဝတ်တစ်ထပ်ခံထားတာတောင်မှ
ဆတ်နွယ် အရေပြား၏ နွေးထွေးမှုကို အတိုင်းစား ခံစားမိနေသည်။ဆတ်နွယ် ပါးပြင်ပေါ်က ဝါဝါရှိန်းသော မွေးညှင်းနုနုလေးများကိုလည်း နမ်းရှိုက်မိတော့မတတ် နီးကပ်နေသည်။ဆတ်နွယ်လက်မောင်းနှင့် သူလက်မောင်းသည် ထိလုတစ်ခါ မထိတထိတစ်ခါဖြင့် ရင်မခုန် ခုန်အောင် ပြုစားသည့်နှယ် အသည်းယားဖွယ် အခြေအနေမှာ ရှိသည်။ရှိုင်းမိုဟန် နားထင်က ချွေးစီးတွေတောင် ထွက်လု မတတ်ပင်။

ကိုးနောင်က ခြေတစ်ဖက်ချိတ် ထိုင်လိုက်ပြီး  ရှိုင်းမိုဟန်ကို စိုက်ကြည့်နေသည်။ရိုးရိုး ကြည့်တာမဟုတ် တရားခံ ကို ကြည့်သော အမှုစစ်ရဲလို။

"ငါ့ ညီရဲ့ ရည်းစားဆို. . ."

"မဟုတ်ပါဘူး"

ဆတ်နွယ်က ငြင်းတုံးရှိသေး ရှိုင်းမိုဟန်က ထိုင်ရာမှ ထ၍ ကိုးနောင်ကို လေးစားသော အမူအရာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခါးကို ကိုင်းညွှတ်လိုက်ပြီး

"မင်္ဂလာပါ ရှိုင်းမိုဟန် လို့ ခေါ်ပါတယ်ဗျ. . . ကိုယ့် ညီလေး အရင်းလို သဘောထားပြီး ဂရုစိုက်ပေးပါဦးဗျ အစ်ကိုကြီး. . ."

ဉာဏ်ကိုးနောင်က ရှိုင်းမိုဟန်ကို အေးစက်သော အကြည့်နှင့် ကြည့်လိုက်ပြီး

"ငါ မေးတာ ရည်းစားတွေလားလို့ . . . ဟုတ်လား မဟုတ်ဘူးလား"

ရှိုင်းမိုဟန်က ရယ်လိုက်သည်။

"မဟုတ်ပါဘူး. . . နောင်တော့ ဟုတ်ရင် ဟုတ်မှာပေါ့"

ရှိုင်းမိုဟန်က သူ့နေရာမှာသူ ပြန်ထိုင်ကာ လက်ပိုက်လိုက်ပြီး ကိုးနောင်ကို ခပ်ထေ့ထေ့ကြည့်သည်။

"ဘာလို့လဲ ဆိုတော့ ကျွန်တော်က အစ်ကို့ ညီကို ချစ်လို့ မရမချင်း ယူမှာမလို့  . . .ကျွန်တော်တို့ ချစ်ချစ်ခင်ခင် နေကြရအောင်နော် ယောက်ဖ. . ."

ဉာဏ်ကိုးနောင် က မျက်လုံးတွေ စူးရဲ လာသည်။
ရှိုင်းမိုဟန်က စိန်ခေါ်သလို မျက်ခုံးပင့်ပြသည်။
ကျားနှင့်ဆင် လယ်ပြင်မှာ သတ်တော့မည့်ဟန် မာန်ဖီနေသည်။

ဆတ်နွယ် က ရှိုင်းမိုဟန် ခြေထောက်ကို တက်ကြိတ်လိုက်သည်။

ရှိုင်းမိုဟန်က လေသံ ပျော့ပျော့နှင့်

"ဆောရီး ကျွန်တော် ပြောမှား ဆိုမှားရှိရင် ဗွေ မယူပါနဲ့ . . . ကျွန်တော်က တစ်ခါတစ်လေ စကားပြောရင် ဘွင်းဘွင်းရှင်းရှင်း နိုင်လို့ပါ"

နန်းနွယ်ကလည်း ကိုးနောင်ကို မော့ကြည့်လိုက်ပြီး

"ဖေကြီး ဘာလို့ အိမ်က ထွက်လာတာလဲ. . ."

ဉာဏ်ကိုးနောင် မျက်လုံးက အရောင် အနည်းငယ် လျော့သွားသည်။

"သမီး အဖေက မုန့်ပြားသလက် စားချင်တယ်ဆိုလို့ လာဝယ်တာ. . .ပြီး အငယ့် ကားတွေ့လို့ ဝင်လာတာ"

မုန့်ပြားသလက်လေး တစ်ခုကို ဟိုးမြို့စွန်ကနေ မြို့ထဲ ထိ လာဝယ်သည်။

"ကိုကို ကလည်း အဝေးကြီး လာဝယ်နေတယ် "

"လျှာမရှည်နဲ့ ငါဟာငါ ဘယ်က ဝယ်ဝယ်"

ဉာဏ်ကိုးနောင်က ဆတ်နွယ်ကို ဟောက်သည်။ငါ့ ညီလေး တော်လှ တော်လှ နှင့် ယောင်းမ မြင်းစီးနေသည်။ကမ္ဘာပေါ်မှာ လူဦးရေ billion ကျော် ရှိသည့်ထဲမှ ဒီ တစ်ယောက်တည်းကိုသာ မခွာနိုင် မလွှတ်နိုင် သံယောဇဉ် အမျှင်တန်းနေသည့် ဆတ်နွယ်ကို ဉာဏ်ကိုးနောင် အမြင်ကပ်၏။

ပထမတစ်ခေါက် က မှားသည်။ကိုကို ရေ ဆိုပြီး ငိုကြီးချက်မ နဲ့ အိမ် ပြန်လာသည်။ကိစ္စမရှိ။

စောက်မှတ်မရှိဘဲ ဒုတိယတစ်ခေါက် ထပ်မှားကာမှ ကိုကိုရေ လာ လုပ်လို့ကတော့ လုပ်တဲ့ကောင်ရော သိသိကြီးနဲ့ အလုပ်ခံတဲ့ ကောင်ရော နုတ်နုတ်စင်းပြီး ခွေးစာ ကျွေးပစ်မည်။မွဲချင်တဲ့ ခွေး ပြာပုံတိုးဆိုသော စကားပုံသည် ဆက်နွယ်ကို ရည်ညွှန်းတာ ဖြစ်လိမ့်မည်။

"ယောက်ဖ ပုဇွန် စားဦးမလား"

"မစားဘူး"

ကိုးနောင် အသံက ဘောက်ဆတ်ဆတ်။

ဆတ်နွယ်က ရှိုင်းမိုဟန် ခြေထောက်ပြီး တက်ကြိတ်ပြီး eye language စကားပြောသည်။

*ငါ့ အစ်ကို ကို သွား သွား မစနဲ့. . .*

*သူ့ကို စေတနာနဲ့ ကျွေးတာကို*

*သူ မစား ငါ စားမယ်*

ဆတ်နွယ် ပန်းကန်ထဲ hotpot တစ်ဆိုင်လုံးရှိ ပုဇွန် တွေ ပုံနေသလား လို့ တောင် ထင်ရသည်ထိ ပုဇွန်တွေ ပြည့်နေသည်။မဆိုး ပုဇွန်တွေ ဈေးတက်နေသည်။ဟော့ပေါ့ စားရတာ တန်သွားပြီ။

"သမီး စားပြီး အိမ်ပြန်မယ် . . . "

ပြောပြီး ကိုးနောင်က ရှိုင်းမိုဟန်ကို ခေါင်းစ ခြေဆုံး တစ်ချက်မျှ ကြည့်လိုက်ပြီး

"ဒီနားက လေထု ညစ်ညမ်းတယ်. . ."

ဒီ ငါ ိုး . . .ရှိုင်းမိုဟန် က ဆဲချင်သည့် ပါးစပ်ကို အပြုံးလေးနှင့် ဖုံးလိုက်သည်။ယောက်ဖ သည် အထက်အရာရှိမို့ ရိုသေရမယ့်ထဲ ပါ၏။

ထိုနေ့က ရှိုင်းမိုဟန် အမြတ်တော့ ထွက်ခဲ့ပါသည်။

ဆတ်နွယ်က က သူ့ကို အိမ်ပြန်လိုက်ပို့ ပေး၏။အလာတုံးက ပါလာသည့် BMW ကားကြီးကို တော့ သူ့တပည့်တစ်ယောက်ကို ပြန်လာယူခိုင်းလိုက်သည်။BMW ဘယ်လောက်မိုက်မိုက် ဆတ်နွယ် မရှိတော့ အနွေးဓာတ်မရှိပေ။

အပိုဆောင်း အနေနှင့် ဆတ်နွယ် ကားနှင့် ကျုံးတောင် တစ်ပတ် ဝှီးကနဲ ဝှီးကနဲ ပျော်ပျော်ကြီး ပတ်ခဲ့သေး၏။

ဆတ်နွယ်က မရယ်မပြုံး ခပ်တည်တည်နေတာရယ်၊ စကားတုံးတိတိ ပြောတာရယ်ကလွဲပြီး အရင်ကလို သူစိမ်းမဆန်တော့ပေ။ပြောပါသည်။သူ့ တရားသူကြီးလေးက အရမ်း အရမ်းကို မြတ်နိုးဖွယ် ကောင်းပါသည် လို့။

ပျော်လွန်းလို့ ရှိုင်းမိုဟန် သူ့ company ပစ္စည်းတွေကို discount ချလိုက်သေးသည်။

ရှိုင်းမိုဟန်သည် မချစ်ဖူးဆို လုံးဝ မချစ်၊ချစ် ပြီဆိုလည်း ဘယ်သူမှ တားမရ ဆီးမရ တစ်ရှိန်ထိုး ချစ်ပစ်သည်။

ခုတစ်လော သူ့ D.E.A.T.Hဂိုဏ်းက လူတွေ သူ့နောက်ကွယ်မှာ သူ့ကို နာမည်ပြောင် ပေးထားသည်။

လင်တာရူး 118 ဆိုပြီး။

နေပါစေလေ။ပေးပါစေ။

သူ့ မျက်နှာသာ တစ်ကမ္ဘာမို့ ။

သူ့ လို မကောင်းတဲ့ကောင်ရဲ့ ဘဝဝယ် ဆတ်နွယ်က သာ အလင်းရောင်မို့။

ဆတ်နွယ်တွက်ဆို ဘာကိုမှ သောက်ဂရုစိုက်မည် မဟုတ်ပေ။

______________________________________

4.23p.m
3.4.2023(Monday)
Mary _Koe
50008

Shine Mo Han' art

Don't use and copy without my permission ❌❌

(A/N ဟိ ဟိ ဆွဲချင်နေတာ ကြာပြီ ရှိုင်းမိုဟန် ကို စဉ်းစားတယ် ဘယ်လို ဆွဲရမလဲပေါ့ သူ့ပုံစံက ဇိုးပုံစံ၊ဂျစ်ကန်ကန် လေး နောက်ကျ အရဲစွန့်ပြီး ဆွဲချလိုက်တာ

Hair styleက တို့ ကိုကိုရဲ့ style ကို inspire ယူထားတာပါရှင့်

ဒါကတော့ ကိုယ့် မျက်လုံးထဲက တိုတိုရှိုင်း ပုံစံပေါ့နော်

ကိုယ့်ဘေဘီတို့ နဲ့တော့ သဘောထားချင်း တိုက်ဆိုင်မှ ဆိုင်မယ် ဒါမဲ့ လွတ်လပ်စွာ ရဲရဲကြီး ပုံဖော်လိုက်ကြပါ. . .
အားလုံးကို ဆာရာငဲ🥺😘

MC MLတွေကို ပစ်ပြီး ကိုကိုရှိုင်းမိုဟန်ချည်း ထိုင်ဆွဲနေတာ 2ပုံရှိပြီ
တိတ်တိတ်လေး ပြောပြမယ်
ကိုယ့်က ရှိုင်းမိုဟန် team ကိုးနောင် မကြားပါစေနဲ့🤧 )

Zawgyi

"Hello . . . 118"

"ေရာက္ၿပီလား"

"ေရာက္ၿပီ"

"‌လူရွင္း မရွင္း ၾကည့္"

"ရွင္းတယ္"

"ပိုက္ဆံထုပ္ကို ေရွ႕က ဓာတ္တိုင္မွာ ထားခဲ့"

"ပစၥည္းက ဘယ္ေန႕ရမွာလဲ"

"ေနာက္တစ္ပတ္"

"OK"

အနက္ေရာင္ ဟူဒီနဲ႕ လူက ေငြထုပ္ကို ဓာတ္တိုင္ေအာက္ ဝယ္ ထားလိုက္၏။ေခါင္းစြပ္ ဦးထုပ္ေအာက္ဝယ္ မထင္မရွား တစ္စြန္းတစ္စ ေပၚေနေသာ ဆံစမ်ားက ဝါဝါေစြးစြာ။မ်က္လုံးျပာျပာမ်ားသည္လည္း ပုန္းလွ်ိုးကြယ္လွ်ိုး။

မႏၱေလးက်ဳံးသည္ ည အခ်ိန္တြင္ တသုန္သုန္ တိုက္ေနေသာ ေလညင္းသံေလးကေတာင္ က်ယ္ေလာင္ေနသည္ထိ ၿငိမ္သက္တိတ္ဆိတ္လြန္းလွသည္။

လူ ရွင္းသည္။ဒုစရိုက္သမားေတြ ထ တဲ့ ညဉ့္ခ်ိန္။

ထိုအနက္ေရာင္ဟူဒီနဲ႕ လူက ေငြထုပ္ကို ထားခဲ့ၿပီး အေမွာင္ရိပ္ထဲဝယ္ တိုးဝင္ ေပ်ာက္ကြယ္သြားသည္။

ထိုသူ ထြက္သြားၿပီး ခ်က္ခ်င္းပင္ နီညိုေရာင္
လင္ခ႐ူဆာ ကားတစ္စီး ေငြထုပ္ေရွ႕ ဆိုက္ေရာက္လာသည္။ၿပီး ကားေရွ႕ခန္းမွ လက္တစ္ဖက္ ထြက္လာကာ ေငြထုပ္ကို ေစြ႕ကနဲ ဆြဲယူၿပီးေနာက္ ထိုေနရာမွ လ်င္ျမန္စြာ ထြက္ခြာသြား၏။

ကား အတြင္း၌ လူေလးေယာက္ရွိသည္။

လူ ေလးဦးအနက္ သုံးဦးမွာ အနက္ေရာင္ suit ကို တူညီစြာ ဝတ္ဆင္ထားၾကၿပီး ကားေနာက္ခန္း ညာဘက္၌ ထိုင္ေနသူ က်န္တစ္ဦးကမူ အျပာႏုေရာင္ ရွပ္ကို ရင္ဘတ္ထိ ၾကယ္သီးျဖဳတ္ကာ အညိုေရာင္ ဂ်င္းေဘာင္းဘီႏွင့္ တြဲဖက္ဝတ္ဆင္ထားသည္။ထိုသူကား 118 ဆိုသူ ျဖစ္သည္။

D.E.A.T.H ဆိုေသာ အာရွတိုက္ ၏ အႀကီးဆုံး လက္နက္ေမွာင္ခိုဂိုဏ္း တြင္ ေခါင္းေဆာင္ေလးဦး ရွိသည္။‌ထို ေခါင္းေဆာင္ႀကီးမ်ားမွစ ဂိုဏ္းရဲ႕ ေအာက္ဆုံး ေတာက္တိုမယ္ရ အထိ လွ်ို႔ဝွက္ နာမည္မ်ားရွိသည္။နာမည္အားလုံးသည္ နံပါတ္ေတြသာ ျဖစ္သည္။ဥပမာ 118၊ 69၊ 125၊ 555 စသည္။

D.E.A.T.H ဂိုဏ္း၏ ေခါင္းေဆာင္ေလးဦးတြင္ 125 သည္ leader ျဖစ္ၿပီး 118သည္ ဒု ေနရာတြင္ ရွိသည္။

118 ၊ 125 ၊ 69 ၊ 555 ဆိုသည့္ ကိန္းဂဏန္းနံပါတ္ နာမည္မ်ားသည္ အာရွ ရဲမ်ားအၾကား ေရပန္းစားလွေသာ္လည္း ခုထိ ထိုသူမ်ားရဲ႕ ႐ုပ္ကို လည္းေကာင္း ကိုယ္ေရးရာဇဝင္ကိုလည္းေကာင္း စုံစမ္းဆဲျဖစ္သည္။

D.E.A.T.H ဂိုဏ္းသည္ နာမည္ႏွင့္အညီ ေသျခင္းတရားတို႔၏ တံခါးဝ ျဖစ္သည္။အလြန္ ရက္စက္ ၾကမ္းၾကဳတ္သည္။

ထိုဂိုဏ္းတြင္ ႀကီး ငယ္ လတ္ မေ႐ြး လိုခ်င္ေသာ လက္နက္ ပစၥည္းမွန္သမွ် အကုန္ရသည္။ထို႔ျပင္ တိရစ္ဆာန္မ်ား၏ ကိုယ္‌တြင္း အဂၤါမ်ားကအစ လူတို႔၏ မ်က္ၾကည္လႊာ၊အသည္း၊အဆုတ္၊ႏွလုံး၊ေက်ာက္ကပ္စသည့္ ကိုယ္တြင္းအဂၤါမ်ားအဆုံး အႀကီးအက်ယ္ ေရာင္းဝယ္ေန၏။

D.E.A.T.Hဂိုဏ္းတြင္ ေခါင္းေဆာင္သည္ အခရာ ျဖစ္ၿပီး ေခါင္းေဆာင္စကားသည္သာ ဉပေဒ ျဖစ္သည္။ထို႔ေၾကာင့္ ေခါင္းေဆာင္သည္ အလြန္တာဝန္ႀကီးလွသည္။

118 တစ္ဦးတည္းသာ ျမန္မာနိုင္ငံမွာရွိၿပီး က်န္ေခါင္းေဆာင္ သုံးဦးကမူ ကမၻာပတ္ေနၾကသည္။

"ပိုက္ဆံ ေရလိုက္"

အမိန႔္ေပးသံ အဆုံး ေလအလ်င္လို ပိုက္ဆံ ေရတြက္ၿပီးသကာလ

"Boss ေဒၚ လာ တစ္သိန္းတည္း"

"ဘာ!"

ရွိုင္းမိုဟန္ မ်က္ႏွာ မဲ့သြားသည္။118 တစ္ျဖစ္လဲ ရွိုင္းမိုဟန္သည္ D.E.A.T.Hဂိုဏ္း၏ ဒု ဂိုဏ္းခ်ဳပ္ျဖစ္သည္။White Rose မွာ ဆို ရွိုင္းမိုဟန္ ၊ D.E.A.T.H မွာ ဆို 118။

ရွိုင္းေသာ္တာဟန္သည္ သူ႕အား ကလိမ္ကက်စ္ဉာဏ္ပညာကို အေမြေပးခဲ့သည္ဆိုလွ်င္ မို သည္ သူ႕အား ဒုစရိုက္အေမြကို ေပးခဲ့ပါ၏။

ရွိုင္းမိုဟန္က Telegram မွာ စာ ျပန္ပို႔လိုက္သည္။Tele၏ လုံၿခဳံေရးသည္ အားေကာင္းလြန္းတာေၾကာင့္ နိုင္ငံေရးသမားမ်ားကအစ ဒုစရိုက္သမားမ်ားပါ Teleကို အသုံးျပဳၾကသည္။

Massage ပို႔လိုက္ေသာ္လည္း seenမျပ စာ မျပန္တာမို႔ ရွိုင္းမိုဟန္ ဖုန္းဆက္လိုက္သည္။ဖုန္းဝင္ ဝင္ခ်င္းပင္ ပီျပင္ေသာ ႐ုရွားစကားသံက ေပၚထြက္လာသည္။

"ပစၥည္းရမွ ေဒၚလာေနာက္တစ္သိန္းထပ္ေပးမယ္"

"ဟက္. . . ငါတို႔ လက္တြဲလာတာ ႏွစ္ေပါင္းၾကာလွၿပီပဲ. . . ငါ့ကို မယုံတာလား. . "

" ပစၥည္းကို မွာထားတာ တစ္လ ရွိၿပီ . . . မင္း ေျပာတဲ့တိုင္း ပစၥည္းယူဖို႔ တြက္ေတာင္ ျမန္မာနိုင္ငံကို လာခဲ့ရတာ. .  တကယ္ဆို အဲ့တာေတြ အားလုံးက မင္းတို႔ဘက္က အျပည့္ဝ လုပ္ေပးရမွာ. . .ငါ့ဘက္က အမ်ားႀကီး လိုက္ေလ်ာေပးၿပီးၿပီ"

"Ok ok ကိုယ့္လူ relax . . .ျမန္မာနိုင္ငံ လာခိုင္းရတာက မင္းတို႔ ႐ုရွားက ဖမ္းဆီး မ်ားေနလို႔ေလ. . .ေနာက္ၿပီး အဲ့ ပစၥည္းက ထုတ္လုပ္တဲ့သူ အေပၚမူတည္တာ. . . သူ ထုတ္ခ်င္တဲ့ခ်ိန္မွ ထုတ္တာ ထုတ္ရင္လည္း ဒီပစၥည္း လိုခ်င္တဲ့သူ ဘယ္ေလာက္မ်ားသလဲ ငါတို႔က မူပိုင္ယူထားတာ မဟုတ္တဲ့တြက္ လုဝယ္ရတာ. . .လြယ္ကူမေနဘူး. . ."

"Shit ! အဆိပ္ေလး ေလးလက္မ ပုလင္းေလးက ဘာေတြ ခက္ေနလို႔လဲ . . . "

"ငါ ေျပာေနတယ္ေလ တစ္ပတ္တြင္းရေစရမယ္လို႔ တစ္ပတ္အတြင္း မင္း အဆိပ္ပုလင္း မရရင္ မင္း ပိုက္ဆံထက္ ႏွစ္ဆ ျပန္အမ္းမယ္. . .  "

"တကယ္လို႔ မရရင္ . . . ငါ မင္းကို ေတြ႕တဲ့ ေနရာမွာ သတ္မယ္"

‌က်သြားေသာ ဖုန္းကို ရွိုင္းမိုဟန္ က်စ္က်စ္ပါေအာင္ ဆုပ္ရင္း အံႀကိတ္လိုက္သည္။ customer is always right မို႔ ဒီတစ္ပတ္တြင္း ဒီပစၥည္းရေအာင္ သူ ယူမွ ရမည္။ထို႔ထက္ ဒီcustomerသည္ သူတို႔၏ ေဖာက္သည္ ျဖစ္သည္။အၿမဲတစ္ေစ မရိုးေသာ လက္နက္တစ္မ်ိဳးၿပီး တစ္မ်ိဳးလာဝယ္ေလ့ရွိၿပီး ေငြကို ေဖာေဖာသီသီ သုံးေလ့ရွိသည္။‌ေငြတြင္းႀကီး မို႔လို႔လည္း လက္လႊတ္၍ မျဖစ္။

ယခုလည္း ထူးထူးဆန္းဆန္း 4လက္မ ခန႔္သာ ရွိေသာ အဆိပ္ပုလင္းကို လာမွာသည္။

မွာ တာက ဟုတ္ပါၿပီ။ရဖို႔ရန္ အေတာ္ အားစိုက္ရသည္။

ဒီ အဆိပ္ကို ထုတ္သူသည္ သူ စိတ္ေပါက္မွသာ ထုတ္တာ ျဖစ္သည္။သူ ဘယ္သူလဲ ဆိုတာလဲ မသိ၊ဘယ္ခ်ိန္ ေရာင္းလို႔ ေရာင္းမယ္မွန္းလည္း ခန႔္မွန္းမရ၊ႀကိဳလည္း မွာထားလို႔မရ။သူ ထုတ္တဲ့ခ်ိန္မွာ ရသေလာက္ကို အကုန္ လု ဝယ္ရသည္။

လွ်ာေပၚတင္ လိုက္တာနဲ႕ တန္းေသေသာ အဆိပ္၊ကိုယ္တြင္းေရာက္မွသာ တန္းေသေသာအဆိပ္၊ေသာက္သုံးၿပီး ေဝဒနာ အဆုံးထိ ခံစားၿပီးကာမွ တျဖည္းျဖည္း ေသေစေသာ အဆိပ္၊ ေဝဒနာေတာင္ မခံစားရဘဲ ေအးေအးသာသာ အသက္ဘယ္က ထြက္မွန္းေတာင္ သိလိုက္မွာ မဟုတ္ေသာ အဆိပ္ စသည္ စသည္ အဆိပ္ အမ်ိဳးအစား ေပါင္းစုံ ထုတ္၏။ ေဆးပညာ နယ္ပယ္၌ ျဖစ္ေစ၊ အခ်ိဳ႕ေသာ လက္နက္ယူ မရေသာ စစ္ေျမျပင္ အေျခအေန၌ ျဖစ္ေစ လူမသိ သူမသိ လုပ္ႀကံမႈမ်ားတြင္ ျဖစ္ေစ လူဆိုး လူေကာင္းမက်န္ အမ်ားဆုံး တြင္တြင္က်ယ္က်ယ္ အသုံးျပဳၾကတာေၾကာင့္ သူ႕ အဆိပ္ေတြသည္ ေတာ္ေတာ္ ေရာင္းေကာင္းသည္ဟု ဆိုနိုင္သည္။

ေဈးကလည္း ေခါင္ခိုက္။သို႔ေသာ္ ပုလင္း အ႐ြယ္အစား အလိုက္ေတာ့ ေဈးကြာ၏။

အေသးဆုံး တစ္ စင္တီမီတာကေန အမ်ားဆုံး 1ေပ ပုလင္းထိ အစား စား ရွိ၏။ေအာက္ေျခေဈးႏႈန္းသည္ကား ေဒၚလာ တစ္ရာမွ စ သည္။

ခက္သည္ကား ထုတ္တဲ့ေကာင္ကို မသိ။

"ငါ စုံစမ္းခိုင္းထားတာ ရၿပီလား"

"ေသခ်ာတာကေတာ့ ျမန္မာနိုင္ငံကပဲ. . ."

"မင္းဘိုးေအ ျမန္မာနိုင္ငံက အက်ယ္ႀကီး. . .လိပ္စာ အတိအက် ဘယ္သူ ဘယ္သူ ဘယ္ဝါ အကုန္ စုံစမ္း. . ."

"ကမၻာႀကီးေတာင္ က်ဥ္းက်ဥ္းေလးပါ ေတြ႕မွာပါ . . Bossရယ္"

"ငါတို႔ အရင္သိရမွ ျဖစ္မယ္ . . . လုခ်င္ေနတဲ့ ေကာင္ေတြ တစ္ပုံႀကီး. . .တစ္ပတ္တြင္း ရေအာင္ စုံစမ္း . . . အကုန္ ၾကားလား. . .ဒါေလးေတာင္ မလုပ္နိုင္ရင္ မင္းတို႔ကို 125ဆီ ပို႔ပစ္မွာ. . ."

လူမိုက္ႀကီးေတြ အကုန္ မ်က္လုံးျပဴးသြားသည္။125 ဆီေတာ့ မျဖစ္။125ကို အနီး မေျပာနဲ႕ ၾကား႐ုံနဲ႕တင္ ေသးထြက္မတတ္ ေၾကာက္၏။

"125 ဆီေတာ့ မပို႔ပါနဲ႕ Bossရယ္ . . . တစ္ပတ္တြင္း အေသရရ အရွင္ ရရ လုပ္ပါ့မယ္"

"ၿပီးတာပဲ မနက္ျဖန္ scheduleဘာရွိလဲ"

"Company မွာ meeting ရွိပါတယ္ 9နာရီကေန 12နာရီထိ . . ."

"ဘိုးေတာ္ႀကီးေတြ ပြားတာ ထိုင္နားေထာင္ရဦးမယ္ ဆက္ေျပာ ၿပီးေတာ့ေရာ. . ."

"ညေန ပိုင္းကေတာ့ Boss လက္လ်ား လက္လ်ား လုပ္႐ုံပါပဲ. . ."

"မင္းတို႔လည္း သြားခ်င္ရာ သြားၾက ေစာက္ျပႆနာသာ ရွာမလာနဲ႕ . . . "

"ဟုတ္ကဲ့ပါ ‌Boss"

ရွိုင္းမိုဟန္သည္ ေကာင္းကင္ျပာျပာတြင္ အသက္ဝင္ေနေသာ လျဖဴျဖဴကို ေငးၾကည့္မိ၏။

ထိုအခါ လျဖဴျဖဴလို ေအးခ်မ္းလွေသာ တစ္စုံတစ္ေယာက္ ကို သတိရသြားသည္။

ရွိုင္းမိုဟန္သည္ မီးဆို ထိုတစ္စုံတစ္ေယာက္သည္ကား သူ႕ အပူမီးေတြကို ရွဲခနဲ ၿငိမ္းေစမည့္ ေရ ေအးေအးေလး တစ္ခြက္သာ ျဖစ္ေလာက္မည္။

++++

"ဘယ္က ျပန္လာတာလဲ. . ."

ဒုတိယအထပ္မွ အသံတစ္သံက လွမ္းထြက္လာသည္။တစ္အိမ္လုံး ေမွာင္မည္းေနသည္မို႔ ထိုအသံ ရွင္ကို ကား မျမင္ရဘဲ ေၾကာင္မ်က္လုံးလို ေတာက္ပလဲ့ရီေသာ မ်က္လုံးတစ္စုံကသာ ေပၚေနသည္။

"Shit လန႔္တာ. . .မင္းကေကာ ဒီအခ်ိန္ႀကီး မအိပ္ဘဲ ဘာလုပ္ေနတာလဲ"

"ငါဟာငါ ဘာလုပ္လုပ္ေပါ့"

"ငါလည္း ငါဟာငါ ဘယ္က ျပန္လာ လာေပါ့"

ကိုးေနာင္က စြပ္ထားသည့္ လက္အိတ္ အနက္ကို ခြၽတ္ရင္း ေလွကားေပၚမွာ တစ္လွမ္းခ်င္း ဆင္းလာသည္။ဘုရင္တစ္ပါးလို ရာဇအိႏၵျေႀကီးစြာ။

မက္ရွေလ က ဝတ္ထားေသာ ဟူဒီ ကို ခြၽတ္လိုက္သည္။

"မင္းတို႔ နိုင္ငံက ပူလိုက္တာကြာ"

"မေနခ်င္ ျပန္ေလ"

"မင္းတို႔နဲ႕ မခြဲနိုင္လို႔"

ကိုးေနာင္က ႐ြံ႕သလို အမူအရာ လုပ္ျပသည္။

မက္ရွေလက ႏႈတ္ခမ္းကို လွ်ာနဲ႕ သပ္လိုက္ရင္း ကိုးေနာင္ကို ခပ္ေစြေစြၾကည့္ကာ

"မင္း . . . D.E.A.T.H ဂိုဏ္းကို သိလား"

ကိုးေနာင္ ပုခုံးတြန႔္ျပသည္။

"ဘာျဖစ္လို႔လဲ . . . "

"ထားပါ ဘာမွေတာ့ မဟုတ္ပါဘူး. . .ေတြ႕ရင္ သတ္မလို႔"

ကိုးေနာင္က ေတြးဆဆႏွင့္

"Death . . .ေသျခင္း . . .နာမည္ေလးက လွသားပဲ. . .ဒါမဲ့ အဲ့ဂိုဏ္းက ေကာင္ေတြ အကုန္ ကေလကေခ် သူခိုးဂ်ပိဳးေတြ . . . နာမည္ေတာင္ နံပါတ္ေတြနဲ႕"

"မင္း သိတယ္ေပါ့"

"သိတယ္လို႔လည္း မဟုတ္ပါဘူး "

"ဒါဆို ေသခ်ာၿပီ မင္း သိေနတယ္. . ."

ကိုးေနာင္က နာေရးယပ္ေတာင္ ကို ဆြဲယူလိုက္ကာ တျဖတ္ျဖတ္ခတ္လိုက္ၿပီး "ငါနဲ႕ တည့္တဲ့သူ ကမၻာမွာ ရွိမွ မရွိဘဲ" ဟု ေျပာလိုက္ေလသည္။ၿပီးေနာက္ ဆက္ၿပီး

"တစ္ဂိုဏ္းလုံး ‌တစ္ေယာက္တစ္မ်ိဳးစီ အ႐ူးေတြ. . .တစ္ခုခု ေပၚပင္ ျဖစ္လာၿပီဆို အဲ့တာကို လိုက္ခိုးၾကတာ "

မက္ရွေလ စဥ္းစားလိုက္သည္။

"မင္း ေျပာတာ နားမလည္ဘူး"

"က်စ္ . . . ဒီလိုကြာ ဉပမာ ပစၥည္းတစ္ခုခု က နာမည္ႀကီးလာၿပီ ဆို အဲ့ပစၥည္း လိုက္ယူတာ . . . ပထမ ပိုက္ဆံေပးၿပီး ပစၥည္းကို ပိုင္ရွင္ဆီက ဝယ္တယ္ မေရာင္းရင္ ခိုးတယ္. . . ဘာလုပ္မလဲ ဆိုေတာ့လဲ ဘာမွ မဟုတ္ဘူး သူမ်ား‌မရေစခ်င္လို႔ သူတို႔ပဲ အပိုင္စီးခ်င္႐ုံသက္သက္ပဲ ဗ႐ုတ္သုတ္ခေတြ. . . ေတာ္ရွာပါတယ္ ခိုးတဲ့ေနရာမွာ သူခိုးဝိဇၨာေတြ. . ."

"မင္း . . . မဟုတ္မွ လြဲ အဲ့ေကာင္ေတြကို ေရာ သတ္ခဲ့ေသးလား"

ကိုးေနာင္က ဝါးခနဲ သန္းလိုက္သည္။

"အိပ္သင့္ၿပီ . . . Good night "

"မအိပ္နိုင္ေသးပါဘူး မင္းတို႔နိုင္ငံက ပူရတဲ့ၾကားထဲ မီးက မလာ လိုင္းက စုတ္ . . .အခ်ိန္တိုင္း မီးစက္ႀကီးက ႏွိုးထားေတာ့ နားက ၿငီးလိုက္တာမွ နားစည္ ကြဲေတာ့မဲ့ တိုင္းပဲ. . .ေနဦး မသြားနဲ႕ ေျဖသြားဦး မင္း Deathဂိုဏ္းနဲ႕ ျပႆနာတက္ထားတယ္မလား"

"သိပ္ေတာ့ မတက္ပါဘူး သူတို႔ေခါင္းေဆာင္ 125ကို ပုဆိန္နဲ႕ ခုတ္လိုက္႐ုံတင္ပါ. . .ကံမေကာင္းစြာနဲ႕ မေသဘူး"

မက္ရွေလ ေျပာစရာမဲ့သြားသည္။

ကိုးေနာင္က ယပ္ေတာင္နဲ႕ ျခင္ေတြကို ယန္းလိုက္ရင္း ဆက္ေျပာသည္။

"ငါေျပာတယ္ေလ သူခိုးဂိုဏ္းပါဆို . . . ငါ့ဆီက ငါ့အဖိုးထားခဲ့တဲ့ စာအုပ္ကို လာခိုးတာ "

"ပေရာ္ဖက္ဆာ ရဲ႕ မွတ္စုစာအုပ္ . . . အဲ့ထဲမွာ သူ႕တစ္သက္လုံး စုထားတဲ့ ပညာေတြ ေရးထားတာ . . . ငါ သိတယ္ ငါ ကူးေပးထားတာ"

"ဟုတ္တယ္ အဲ့စာအုပ္ကို ငါ့အဖိုး အိမ္က ငါ  ယူလာတာ. . . အဲ့ဒီအေၾကာင္းေတြကို ဘယ္ကေန ဘယ္လို သတင္းရလဲ မသိဘူး ငါ့အေဆာင္ထဲထိ ဝင္ၿပီး စာအုပ္ကို လာခိုးတာ . . . ပုဆိန္နဲ႕ ခုတ္လိုက္တာ လက္ထိသြားတယ္ ဒါလည္း မရမက ခိုးသြားတာပဲ . . . မ်က္ႏွာေျပာင္တိုက္ခ်က္က ခိုးၿပီး ေတာ့ ေအးေဆး မျပန္ဘူး တိုက္ေအာက္မွာ ရပ္ၿပီး 125 ဆိုၿပီး သူ႕ကိုသူ မိတ္ဆက္ၿပီး ေအာ္ေျပာသြားတာ . . ."

"ျပန္ရလား"

"အဲ့ စာအုပ္ႀကီး ၾကည့္လို႔ သူတို႔ ဘာသိမွာလဲ ႏွစ္ရက္ေလာက္ၾကာေတာ့ အခန္းဝမွာ စာအုပ္ကို ျပန္လာထားတယ္ စာေလးက ေရးေပးလိုက္ေသးတယ္. . .နားမလည္လို႔ ျပန္ေပးလိုက္ပါတယ္ တဲ့ "

မက္ရွေလက အူလွိုက္သည္းလွိုက္ရယ္သည္။

"ငရႈပ္ေတြ. . . သူတို႔ကို ေမွာင္ခိုဂိုဏ္းလို႔ပဲ ထင္တာ ဒီလိုမ်ိဳး ေပါေပါေတာေတာ ေလွ်ာက္လုပ္မယ္လို႔ မထင္ဘူး. . .မင္း နဂါးနက္ ေတြကို ဗုံးခြဲတုံးက ဗုံးေတြကို ငါ
D. E .A .T. H ဂိုဏ္းက ဝယ္လာတာ"

"တကယ္ကို အဲ့ေကာင္ေတြနဲ႕ ေရစက္ဆိုးပဲ ေတာ္ၿပီ အိပ္ေတာ့ မက္ရွေလ "

ကိုးေနာင္က အေပၚ ျပန္တက္သြားသည္။

"မင္းေဂာာ မအိပ္ေသးဘူးလား"

"သားေကြၽးမႈ သမီးေကြၽးမႈ လင္ေကြၽးမႈ တြက္ ပိုက္ဆံရွာရဦးမယ္ . . .ဒီၾကားထဲ မင္းက ငါ့အိမ္ အလကား တက္ေနေတာ့ မင္း ၿမိဳဖို႔ပါ ပိုက္ဆံရွာေပးရဦးမယ္. . ."

ၿပီး ကိုးေနာင္ အေမွာင္ထဲမွာ ေပ်ာက္ကြယ္သြားသည္။

ဉာဏ္ကိုးေနာင္သည္ တတိယ အထပ္သို႔ တက္လာခဲ့သည္။

အိမ္တစ္ခုလုံး တစ္ေဆအိမ္လို တိတ္ဆိတ္ေနသည္။

သူ ကြၽန္းတံခါးမႀကီးကို ဖြင့္သံသည္ ညဉ့္ယံမွာ ထိုးေသာ ငွက္ဆိုးသံလို စူးစူးဝါးဝါး ျဖစ္လွ၏။

++++

Hotpot ဆိုင္ တစ္ခုထဲတြင္ ျဖစ္သည္။

ဆိုင္ရဲ႕ ညာဘက္ေထာင့္ အစြန္းပိုင္းတြင္ အမ်ိဳးသားတစ္ဦးႏွင့္ သူ၏ ေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ ေက်ာင္းဝတ္စုံႏွင့္ ပါးေဖာင္းေဖာင္း ေကာင္မေလးတစ္ေယာက္ထိုင္လ်က္ရွိသည္။

ကေလးမေလးသည္ ေတာ့ပိုကီ ကို တၿမဳံ႕ၿမဳံ႕စားလိုက္ အသားကင္ကို သြပ္လိုက္ႏွင့္ အလုပ္ရႈပ္ေနသည္။

"နန္းႏြယ္ ထမင္းစားရင္း ဒူးမႏွံ႕စမ္းနဲ႕. . ."

ေကာင္မေလးသည္ စူပုတ္ပုတ္နဲ႕ ေျခေထာက္ေတြကို ခုံေပၚတင္ထိုင္လိုက္သည္။

ဆတ္ႏြယ္က အကင္အိုးေပၚက အသားတစ္ခ်ိဳ႕ကို နန္းႏြယ္ ပန္းကန္ထဲ ထည့္ေပးလိုက္သည္။

ဆတ္ႏြယ္သည္ ဒီလို ရႈပ္ရႈပ္ရွက္ရွက္ စားရတာမ်ိဳးကို မႀကိဳက္ေပ။သို႔ေသာ္လည္း တူမက ပူဆာလြန္းတာေၾကာင့္ အာသာေျပ စားရ ၿပီးေရာ Hotpot ဆိုင္ေခၚလာသည္။သို႔ေသာ္ နန္းႏြယ္က ဂ်စ္က်ျပန္သည္။ဟန္းဂု မွ ဟန္းဂုHotpotဆိုင္ ဟူ၍။

သို႔ႏွင့္ သူ႕မွာ ဘာမွလည္း ဟုတ္တိပက္တိမစားပါဘဲ ေဟာ့ေပါ့ဆိုင္ကို ပိုက္ဆံ အလႉေပးလိုက္ရ၏။

နန္းႏြယ္ကေတာ့ ဟိုစားလိုက္ ဒီသြားလိုက္ ဆိုင္ထဲ ေတာက္ေတာက္ ေတာက္ေတာက္နဲ႕ ပတ္ေျပးေန၏။

ဓာတ္ပုံက ရိုက္ေသးသည္။

"ဆန္ျပဳတ္ပဲ ေသာက္ေနရတဲ့ ကိုးကိုးေလးတြက္ မမရဲ႕ လက္ေဆာင္ေလး ျပန္လာရင္ သူ႕ကို ျပရမယ္ . . ဘယ္ေလာက္ေတာင္ ေဒါသေတြ ထြက္ေနလိုက္မလဲ ခိခိ"

"ကိုးႏြယ္က မသက္သာေသးဘူးလား"

"မသက္သာေသးဘူး. . ."

ဆတ္ႏြယ္က ရွပ္ျဖဴကို pantမီးခိုးနဲ႕ တြဲဝတ္ထားသည္။က်ယ္ေသာ ပုခုံးသည္ ရွပ္ျဖဴေအာက္ဝယ္ စြံစြံကားကား နိုင္လွသည္။ဆံပင္ကို ေနာက္လွန္သိမ္းထားေသာေၾကာင့္ တည္ၾကည္ရွင္းသန႔္ေသာ မ်က္ႏွာတည္တည္က ထင္းေန၏။ဆတ္ႏြယ္အသားအရည္သည္ ကိုးေနာင္လို မဟုတ္ဘဲ ေ႐ႊအိုေရာင္ သန္းသည္။

"တိုက္ဆိုင္လိုက္တာ စိတ္ခ်င္းဆက္ေနတယ္နဲ႕ တူတယ္"

ျမဴးေသာေလသံႏွင့္ ရႉးဖိနပ္သံ ဂြပ္ ဂြပ္ သံသည္ ဆတ္ႏြယ္ေဘးဝယ္ ေျခစုံရပ္သည္။

"ဦး က သမီးကိုေလ သတိ အရမ္း အရမ္း ရေနတာ"

ဆိုလိုသည္မွာ နန္းႏြယ္ ျဖစ္ေသာ္လည္း ထိုသူ႕မ်က္လုံးမ်ားကမူ ဆတ္ႏြယ္ထံသာ ခစားသည္။

နန္းႏြယ္ မ်က္ႏွာေလးမဲ့လိုက္သည္။

"သမီးကေတာ့ သတိမရပါဘူး"

သို႔ေသာ္ ရွိုင္းမိုဟန္သည္မူ ၿပဳံးၿပဳံးေလးႏွင့္  နန္းႏြယ္ေဘး ကပ္ထိုင္လိုက္သည္။

"ဟိုဘက္ နည္းနည္းတိုးေနာ္ . . . သမီးေလး လိမၼာတယ္"

"ၾကပ္တယ္ လာနဲ႕"

ရွိုင္းမိုဟန္ ၏ ရွည္လ်ားေသာ ေျခတံမ်ားက ဆတ္ႏြယ္ ေျခေထာက္ ကို သြားထိသည္။

"ေဆာရီးေနာ္ မေတာ္တဆ ျဖစ္သြားတာ"

ဆတ္ႏြယ္ကမူ သူ႕၏ တည္ရွိမႈကို အဖက္မလုပ္ေပ။လ်စ္လ်ဴရႉထားသည္။

ရွိုင္းမိုဟန္က နီညိုေရာင္ ဆြယ္တာေပၚ စိမ္းပုတ္ေရာင္ ဂ်ာကင္ထပ္ထားၿပီး ဆံပင္မ်ားကို တစ္ဝက္ နဖူးအလယ္ ခ်ထားသည္။သူ႕ ပုံစံက အနည္းငယ္ မိုက္မိုက္ကန္းကန္း နိုင္သည္။

"အငယ္ ေဖ်ာ္ရည္. . ."

ဆတ္ႏြယ္ က ထထြက္သြားသည္။

"ေျခလက္ ေတြ အေကာင္းတိုင္းရွိေနတာပဲ ကိုယ့္ဘာသာကို သြားယူပါလား . . . ငါ့ေကာင္ေလးကို ခိုင္းစားေနတာ"

"အငယ္ ကျဖင့္ သူ႕ကို လွည့္ေတာင္ မၾကည့္ဘဲ. . . "

"ငါ ေကြၽးထားတာေတြ ျပန္ထုတ္စမ္း. . . စုံစမ္းခိုင္းထားတာ ရၿပီလား"

"ေနပါဦး စားေနတယ္ေလ ျဖည္းျဖည္းေပါ့ . . ."

ရွိုင္းမိုဟန္က အိတ္ကပ္ထဲမွ V ပုံ PCေလးကို ေထာင္ျပလိုက္သည္။ထပ္ၿပီး jk ပုံ၊ jinပုံ အစဥ္လိုက္ အစဥ္လိုက္ တစ္ပုံခ်င္း နန္းႏြယ္ ေရွ႕မွာ ယမ္းျပသည္။

"ဟီး ဟီး ဦးကလည္း . . . စတာ စတာ ဒီမွာေရာ့ အငယ့္ အေကာင့္ . . .ဒါမဲ့ အငယ္က ဖုန္း သိပ္မၾကည့္ဘူးေနာ္. . ."

နန္းႏြယ္ idol တြက္ဆို ဦးေလးကို ေတာင္ ေပ်ာ္ေပ်ာ္ႀကီး ေရာင္းစားနိုင္ပါသည္။

ရွိုင္းမိုဟန္သည္ ဆတ္ႏြယ္ အေကာင့္ကို ရွာၾကည့္လိုက္ေသာအခါ ဗ႐ုတ္သုတ္ခ ေပါင္းစုံ ကို ေတြ႕လိုက္ရသည္။ရွယ္ သမွ် postေတြသည္ ကိုရီးယားkpop ႏွင့္ ပတ္သက္ေသာ ပို႔စ္ေတြ သာ ျဖစ္သည္။

နန္းႏြယ္ က ဟီးခနဲ သြားၿဖီးျပျပန္သည္။

"အငယ္ ဖုန္းကို ယူေဆာ့ထားတာ . . . အငယ္ fbမွ မသုံးတာ သူ ဘာမွ သိဘူး ဟိ ဟိ"

"ဒီ . . ."

ရွိုင္းမိုဟန္ က ဆဲလု ဆဲ ပါးစပ္ကို စည္းတားလိုက္သည္။

အနာဂတ္ တူမေလးေရွ႕ဝယ္ ဦးေလးေကာင္း ပီသသ ေနရမည္။

ခြက္ႏွစ္ခြက္ထဲ ေရထည့္ကာ တစ္ခြက္ကို နန္းႏြယ္ကို ေပးကာ တစ္ခြက္ကို သူ ယူလိုက္သည္။ၿပီး ခြက္ခ်င္းတိုက္ကာ

" ခ်ီးယားစ္ . . .ငါတို႔က တစ္ေလွတည္း စီးေနၾကတဲ့ သူေတြပဲ. . .ေနာင္လည္း ကူညီေပးပါဦးေနာ္ တူမေလး "

"ကူညီရမွာေပါ့. . .အလကားေတာ့ မရဘူးေနာ္"

"ေအးပါ ေအးပါ ငါ ရွာသမွ် နင့္အတြက္ပါ. . ."

ရွိုင္းမိုဟန္က ထ ထြက္သြားကာ ဆတ္ႏြယ္ေနာက္လိုက္သြားသည္။ဆတ္ႏြယ္က ေရခဲ ရွာေနဟန္ရွိ၍ ေရခဲပုံးထဲက ေရခဲ ႏွစ္ခဲ ယူကာ ခ်ိဳရည္ခြက္ထဲ ထည့္ေပးလိုက္သည္။

"ေက်းဇူး"

ဆတ္ႏြယ္ က တုံးတိတိ ေျပာေသာ္လည္း
ရွိုင္းမိုဟန္ ရင္ထဲ ပန္းတစ္ေထာင္ ပြင့္လန္းသြားသည္။

ရွိုင္းမိုဟန္ ပါးျပင္ျဖဴျဖဴသည္ နီရဲ သြားၿပီး လက္က ေယာက္ယက္ခတ္ကာ ဂုတ္ပိုးကို သြားပြတ္ေန၏။

ဆတ္ႏြယ္က ေက်းဇူးတဲ့ ။ဆတ္ႏြယ္က ေက်းဇူးတဲ့ !!! ဆတ္ႏြယ္က တကယ္ႀကီး ငါ့ကို ေက်းဇူးတဲ့။

ရွိုင္းမိုဟန္သည္ တိုက္ဆိုင္လိုက္တာ ဆိုေသာ စကားကို အသုံးခ်ကာ ဆတ္ႏြယ္ ေနာက္ အပ္ သြားရာ  အပ္ခ်ည္မွ်င္လိုက္သလို လိုက္ေနသည္မွာ ၾကာလွၿပီ။

ဆတ္ႏြယ္ေနေသာ အိမ္ေဘးက လုံးခ်င္း ႏွစ္ထပ္တိုက္ကို အျပတ္ဝယ္ၿပီး ေျပာင္းလာသည္။ၿပီး ဆတ္ႏြယ္ အိမ္ကို မေယာင္မလည္ ေရာက္လာကာ "တိုက္ဆိုင္လိုက္တာ" ဟု ေျပာသည္။

ဆတ္ႏြယ္သည္ နံနက္တိုင္း သံဃာေတာ္ေတြကို ဆြမ္းထေလာင္းတတ္သည့္ အက်င့္ရွိသည္။ရွိုင္းမိုဟန္သည္လည္း ဆြမ္း လိုက္ေလာင္းသည္။နံနက္ ဆြမ္းေလာင္းရင္ မ်က္ႏွာခ်င္းဆိုင္ ဆုံၾကသည့္အခါ ရွိုင္းမိုဟန္ သည္ မ်က္လုံးျပဴးဆန္ျပာႏွင့္ ဝိုးခနဲ လုပ္ရင္း "တိုက္ဆိုင္လိုက္တာ" ဟု ေျပာျပန္သည္။

ပထမ ဆတ္ႏြယ္ႏွင့္ ခပ္ေဝးေဝးက ေလာင္းေသာ္လည္း တစ္ေန႕ တစ္ေပ ႏႈန္းနဲ႕
ဆတ္ႏြယ္ အနား တိုးတိုး ကပ္လာသည္မွာ ဆတ္ႏြယ္ ဆြမ္းေလာင္းသည့္ခုံကို သူ အပိုင္စီးသြားၿပီး ျဖစ္သည္။

တိုက္ ဆိုင္ ဆိုင္ နိုင္လြန္းပါ၏။

ရွပ္ အျဖဴ လက္ရွည္ကို လက္ေခါက္တင္ကာ ပု‌ဆိုးအျပာႏုေရာင္ႏွင့္ တြဲဖက္ ဝတ္ဆင္၍ ၾကည္လင္ႏွစ္လိုဖြယ္ အၿပဳံးႏွင့္အတူ ကိုရင္ေလး တစ္ပါးကို ဆြမ္းေလာင္းေနေသာ
ရွိုင္းမိုဟန္ ပုံစံသည္ ဆတ္ႏြယ္ကို အႀကိမ္ႀကိမ္ေငးေမာ ၾကည့္ေစနိုင္ခဲ့၏။

ရွိုင္းမိုဟန္မွာ ဒီလို သိမ္ေမြ႕မႈႏွင့္ ေလးနက္တည္ၿငိမ္မႈ ရွိလိမ့္မည္ ဟု ဆတ္ႏြယ္ မထင္ထားေပ။

အရာအားလုံးသည္ အနိစၥ တရားမို႔ ရွိုင္းမိုဟန္
လည္း အခ်ိဳ႕အရာမ်ားတြင္ ေျပာင္းလဲေကာင္း ေျပာင္းလဲေလၿပီလားမသိ။

ဆတ္ႏြယ္က ပန္းကန္လုံး တစ္ခုကို ယူၿပီး
ကင္မ္ခ်ီ ဟင္းရည္ ထည့္ရန္ ျပင္ေသာအခါ ရွိုင္းမိုဟန္က ခြက္ကို ဆြဲယူလိုက္ၿပီး

"ငါ ထည့္ေပးမယ္. . ."

ဆတ္ႏြယ္ အေျဖပင္ မေစာင့္ဘဲ သူ ဘာသာသူ ဆြဲယူသြားကာ ေသခ်ာဂ႐ုတစိုက္ႏွင့္ ထည့္ေပးေလသည္။

"အရင္သြားႏွင့္လိုက္ . . . ငါ အကုန္ သယ္ခဲ့မယ္"

"အိုေက"

ရွိုင္းမိုဟန္က ခ်ိဳရည္ အျပင္ အကုန္ ယူခ်လာသည္။

"ေရာ့ ဒါက မမေလး အတြက္ ေဖ်ာ္ရည္. . ."

တစ္ဆက္တည္း ဆတ္ႏြယ္ကို ႏူးညံ့စြာ ၿပဳံးျပကာ

"မင္းႀကိဳက္တဲ့ ထမင္းေၾကာ္. . ."

နန္းႏြယ္က ထ ေအာ္သည္။

"ေဟာ့ေပါ့ ဆိုင္လာၿပီး ထမင္းေၾကာ္စားေနတယ္. . ."

သို႔ေသာ္ ရွိုင္းမိုဟန္ကမူ ထမင္းေၾကာ္ပန္းကန္ကို ဆတ္ႏြယ္ေရွ႕ ခ်ေပးလိုက္ကာ ဇြန္းကို ပါ တပ္ေပးလိုက္သည္။ရိုရိုက်ိဳးက်ိဳး လုပ္ကိုင္ေနပုံမွာ အလိမၼာလြန္ေနတဲ့ အိမ္သူသက္ထား ဇနီးမယားလို။

ၿပီး လက္အိတ္စြပ္ကာ ပုဇြန္ႏႊာရန္ စိုင္းျပင္းေတာ့သည္။လက္အိတ္မစြပ္၍ လည္းမရ။ဆတ္ႏြယ္က အသန႔္ႀကိဳက္သည္။

အသားမွန္သမွ်ကို ဆတ္ႏြယ္ထဲ ထည့္ေပးလိုက္ၿပီး ေခါင္းမွန္သမွ် ကိူ နန္းႏြယ္ထဲ ထည့္ေပးလိုက္သျဖင့္ နန္းႏြယ္ မ်က္ေစာင္းက ဒိုင္းကနဲ။

"ေခါင္း စား အားရွိတယ္. . "

"သမီး ရည္းစားရရင္ ကလဲ့စား ေခ်ျပမယ္"

ႏွစ္ေယာက္သား အသံတိတ္ေျပာေနတာ ျဖစ္သည္။

ထိုစဥ္ ဆတ္ႏြယ္ ဖုန္းက ျမည္လာေသာေၾကာင့္ ဆတ္ႏြယ္က ဖုန္းကိုင္လိုက္သည္။စူးစမ္းေနေသာ မ်က္လုံးတစ္စုံေၾကာင့္ ဆတ္ႏြယ္သည္ မေမးပါဘဲ ေျဖလာ၏။

"ငါ့ အကို"

နန္းႏြယ္က ဇက္ကေလး ပုထားကာ လက္ခါ ျပသည္။အမွန္မွာမူ သူမ ေက်ာင္း ေျပးလာတာ ျဖစ္သည္။အငယ္ကလည္း ထူးထူးျခားျခား သေဘာေတြ ေကာင္းေန၍ သူမ ရဲ႕ အႀကံအစည္ႀကီး အထ ေျမာက္သြားသည္။သို႔ေသာ္ ဒီ ကိစၥ ဖခမည္းေတာ္နားဆီ ေပါက္လို႔ မျဖစ္။နန္းႏြယ္ အသံတိုးတိုး တိုးတိုးႏွင့္

"နန္းႏြယ္ ေက်ာင္းသြားၿပီ . . . စာက်က္ေနတာ "

"ဘာ စာက်က္ေနတာလဲ!"

ဩရွရွ အသံ ႏွင့္အတူ မ်က္ႏွာေခ်ာေခ်ာက အေပါက္ဝ မွာ ေပၚလာသည္။

တစ္လွမ္းခ်င္း ေလွ်ာက္လာေသာ အမ်ိဳးသား၏ ေျခလွမ္းမ်ားသည္ ညင္သာေသာ္လည္း မာန္ပါ၏။

နန္းႏြယ္က ဟီးခနဲ ရယ္ျပသည္။

"ဟိုင္း ေဖႀကီးပဲ. . .ဒီေန႕မွ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ေခ်ာေနတာလဲ. . ."

"တိတ္စမ္း"

ရွိုင္းမိုဟန္ သည္ ဉာဏ္ကိုးေနာင္ကို အကဲခတ္လိုက္သည္။ဉာဏ္ကိုးေနာင္သည္ ထင္မထားေလာက္ေအာင္ အေတာ္ ေခ်ာလွသည္။ရွိုင္းမိုဟန္ သည္ ေခ်ာေပ့လွေပ့ ဆိုေသာ သူမ်ားႏွင့္ ထည္လဲ တြဲဖူးသည္။သို႔ေသာ္ သူ႕ ဘဝ တစ္သက္တာ တြင္ သူေတာင္ ဩခ် သည္ထိ ေခ်ာေသာ သူ ႏွစ္ေယာက္သာ ေတြ႕ဖူးသည္။

တစ္ေယာက္က မင္းရွင္ေမာ့္ ညီ။
ေနာက္တစ္ေယာက္က သူ႕ေရွ႕မွ ဤ လူသား။

ဉာဏ္ကိုးေနာင္ အလွသည္ ပန္းခ်ီကားတစ္ခ်ပ္ႏွင့္တူ၏။သို႔ေပေသာ္ျငား ထိုပန္းခ်ီကားသည္ ရႉခင္း ေလးလို သာသာယာယာ ေတာက္ပ ေအးခ်မ္းေသာ ပန္းခ်ီကားမ်ိဳး မဟုတ္။မွိုင္းညွို႔ေသာ ေနာက္ခံဝယ္ ထီးထီးႀကီး ေပါက္ေနေသာ ပင္အို တစ္ပင္လို၊ေဆးနီ ေဆးျပာ ေဆးစိမ္း ေဆးဝါ ေရာင္စုံပလုံစုံ ေလွ်ာက္လွ်က္ျခစ္ကာ ေရးဆြဲထားေသာ စိတၱဇ ဆန္ေသာ အေငြ႕သက္ေညာင္းသည့္ ပန္းခ်ီကားတစ္ခ်ပ္လို ဉာဏ္ကိုးေနာင္ အလွသည္ ေျခာက္ေျခာက္ျခားျခားႏွင့္ စြဲမက္ဖို႔ ေကာင္းသည္။ထို႔ျပင္ ေႁမြ ေႁမြ ခ်င္း ေျချမင္သလားေတာ့ မသိ ဉာဏ္ကိုးေနာင္၏ စိမ္းစိမ္းရီေသာ မ်က္လုံးမ်ားထဲမွ မေကာင္းေသာ အေငြ႕သက္ရသည္။

သို႔ေသာ္လည္း နန္းႏြယ္ကို ၾကည့္ၿပီး ဉာဏ္ကိုးေနာင္ ၿပဳံးေသာအခါ . . . F* လွတယ္ဟ။

"အဟမ္း"

ဆတ္ႏြယ္ ေခ်ာင္းဟန႔္သံ ၾကားေသာ္ ရွိုင္းမိုဟန္ မ်က္လုံးက ဆတ္ႏြယ္ဆီ ေရာက္သြားသည္။တစ္ဆိတ္ ဆတ္ႏြယ္က နည္းနည္း မေက်မနပ္ ျဖစ္ေနသလိုပဲ။

ဘယ္သူဘယ္ဝါေတြ ဘယ္လို မႈန္ေနေအာင္ေခ်ာၾကပါေစ မင့္ ေျခဖဝါးေတာ့ တစ္ေယာက္မွ မမွီ‌ပါဘူး အခ်စ္ရယ္။

ရွိုင္းမိုဟန္က မတ္တပ္ရပ္လိုက္ၿပီး ကိုးေနာင္ကို ယဥ္ေက်းေသာ ဟန္မူယာႏွင့္

"အစ္ကို ဒီမွာ ထိုင္မွာ ခင္ဗ်. . ."

ေျပာၿပီးခ်င္းပင္ သူကမူ ဆတ္ႏြယ္ေဘး
ေစြ႕ကနဲ ဝင္ထိုင္လိုက္သည္။ဆတ္ႏြယ္ႏွင့္ ေဘးကပ္ရပ္ ထိုင္ေသာအခါ ရွိုင္းမိုဟန္ ေနာင္တ ရမိခ်င္သြား၏။

ခုံသည္ ‌အ႐ြယ္ေရာက္ၿပီးသား ထြားက်ိဳင္းေသာ အမ်ိဳးသားႏွစ္ေယာက္ဖို႔ ၾကပ္လွသည္။သူ႕ေပါင္ႏွင့္ ဆတ္ႏြယ္ ေပါင္သည္ စြယ္ေတာ္႐ြက္လို ပူးကပ္ေန၏။အဝတ္တစ္ထပ္ခံထားတာေတာင္မွ
ဆတ္ႏြယ္ အေရျပား၏ ႏြေးေထြးမႈကို အတိုင္းစား ခံစားမိေနသည္။ဆတ္ႏြယ္ ပါးျပင္ေပၚက ဝါဝါရွိန္းေသာ ေမြးညွင္းႏုႏုေလးမ်ားကိုလည္း နမ္းရွိုက္မိေတာ့မတတ္ နီးကပ္ေနသည္။ဆတ္ႏြယ္လက္ေမာင္းႏွင့္ သူလက္ေမာင္းသည္ ထိလုတစ္ခါ မထိတထိတစ္ခါျဖင့္ ရင္မခုန္ ခုန္ေအာင္ ျပဳစားသည့္ႏွယ္ အသည္းယားဖြယ္ အေျခအေနမွာ ရွိသည္။ရွိုင္းမိုဟန္ နားထင္က ေခြၽးစီးေတြေတာင္ ထြက္လု မတတ္ပင္။

ကိုးေနာင္က ေျခတစ္ဖက္ခ်ိတ္ ထိုင္လိုက္ၿပီး  ရွိုင္းမိုဟန္ကို စိုက္ၾကည့္ေနသည္။ရိုးရိုး ၾကည့္တာမဟုတ္ တရားခံ ကို ၾကည့္ေသာ အမႈစစ္ရဲလို။

"ငါ့ ညီရဲ႕ ရည္းစားဆို. . ."

"မဟုတ္ပါဘူး"

ဆတ္ႏြယ္က ျငင္းတုံးရွိေသး ရွိုင္းမိုဟန္က ထိုင္ရာမွ ထ၍ ကိုးေနာင္ကို ေလးစားေသာ အမူအရာျဖင့္ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ ခါးကို ကိုင္းၫႊတ္လိုက္ၿပီး

"မဂၤလာပါ ရွိုင္းမိုဟန္ လို႔ ေခၚပါတယ္ဗ်. . . ကိုယ့္ ညီေလး အရင္းလို သေဘာထားၿပီး ဂ႐ုစိုက္ေပးပါဦးဗ် အစ္ကိုႀကီး. . ."

ဉာဏ္ကိုးေနာင္က ရွိုင္းမိုဟန္ကို ေအးစက္ေသာ အၾကည့္ႏွင့္ ၾကည့္လိုက္ၿပီး

"ငါ ေမးတာ ရည္းစားေတြလားလို႔ . . . ဟုတ္လား မဟုတ္ဘူးလား"

ရွိုင္းမိုဟန္က ရယ္လိုက္သည္။

"မဟုတ္ပါဘူး. . . ေနာင္ေတာ့ ဟုတ္ရင္ ဟုတ္မွာေပါ့"

ရွိုင္းမိုဟန္က သူ႕ေနရာမွာသူ ျပန္ထိုင္ကာ လက္ပိုက္လိုက္ၿပီး ကိုးေနာင္ကို ခပ္ေထ့ေထ့ၾကည့္သည္။

"ဘာလို႔လဲ ဆိုေတာ့ ကြၽန္ေတာ္က အစ္ကို႔ ညီကို ခ်စ္လို႔ မရမခ်င္း ယူမွာမလို႔  . . .ကြၽန္ေတာ္တို႔ ခ်စ္ခ်စ္ခင္ခင္ ေနၾကရေအာင္ေနာ္ ေယာက္ဖ. . ."

ဉာဏ္ကိုးေနာင္ က မ်က္လုံးေတြ စူးရဲ လာသည္။
ရွိုင္းမိုဟန္က စိန္ေခၚသလို မ်က္ခုံးပင့္ျပသည္။
က်ားႏွင့္ဆင္ လယ္ျပင္မွာ သတ္ေတာ့မည့္ဟန္ မာန္ဖီေနသည္။

ဆတ္ႏြယ္ က ရွိုင္းမိုဟန္ ေျခေထာက္ကို တက္ႀကိတ္လိုက္သည္။

ရွိုင္းမိုဟန္က ေလသံ ေပ်ာ့ေပ်ာ့ႏွင့္

"ေဆာရီး ကြၽန္ေတာ္ ေျပာမွား ဆိုမွားရွိရင္ ေဗြ မယူပါနဲ႕ . . . ကြၽန္ေတာ္က တစ္ခါတစ္ေလ စကားေျပာရင္ ဘြင္းဘြင္းရွင္းရွင္း နိုင္လို႔ပါ"

နန္းႏြယ္ကလည္း ကိုးေနာင္ကို ေမာ့ၾကည့္လိုက္ၿပီး

"ေဖႀကီး ဘာလို႔ အိမ္က ထြက္လာတာလဲ. . ."

ဉာဏ္ကိုးေနာင္ မ်က္လုံးက အေရာင္ အနည္းငယ္ ေလ်ာ့သြားသည္။

"သမီး အေဖက မုန့္ျပားသလက္ စားခ်င္တယ္ဆိုလို႔ လာဝယ္တာ. . .ၿပီး အငယ့္ ကားေတြ႕လို႔ ဝင္လာတာ"

မုန႔္ျပားသလက္ေလး တစ္ခုကို ဟိုးၿမိဳ႕စြန္ကေန ၿမိဳ႕ထဲ ထိ လာဝယ္သည္။

"ကိုကို ကလည္း အေဝးႀကီး လာဝယ္ေနတယ္ "

"လွ်ာမရွည္နဲ႕ ငါဟာငါ ဘယ္က ဝယ္ဝယ္"

ဉာဏ္ကိုးေနာင္က ဆတ္ႏြယ္ကို ေဟာက္သည္။ငါ့ ညီေလး ေတာ္လွ ေတာ္လွ ႏွင့္ ေယာင္းမ ျမင္းစီးေနသည္။ကမၻာေပၚမွာ လူဦးေရ billion ေက်ာ္ ရွိသည့္ထဲမွ ဒီ တစ္ေယာက္တည္းကိုသာ မခြာနိုင္ မလႊတ္နိုင္ သံေယာဇဥ္ အမွ်င္တန္းေနသည့္ ဆတ္ႏြယ္ကို ဉာဏ္ကိုးေနာင္ အျမင္ကပ္၏။

ပထမတစ္ေခါက္ က မွားသည္။ကိုကို ေရ ဆိုၿပီး ငိုႀကီးခ်က္မ နဲ႕ အိမ္ ျပန္လာသည္။ကိစၥမရွိ။

ေစာက္မွတ္မရွိဘဲ ဒုတိယတစ္ေခါက္ ထပ္မွားကာမွ ကိုကိုေရ လာ လုပ္လို႔ကေတာ့ လုပ္တဲ့ေကာင္ေရာ သိသိႀကီးနဲ႕ အလုပ္ခံတဲ့ ေကာင္ေရာ ႏုတ္ႏုတ္စင္းၿပီး ေခြးစာ ေကြၽးပစ္မည္။မြဲခ်င္တဲ့ ေခြး ျပာပုံတိုးဆိုေသာ စကားပုံသည္ ဆက္ႏြယ္ကို ရည္ၫႊန္းတာ ျဖစ္လိမ့္မည္။

"ေယာက္ဖ ပုဇြန္ စားဦးမလား"

"မစားဘူး"

ကိုးေနာင္ အသံက ေဘာက္ဆတ္ဆတ္။

ဆတ္ႏြယ္က ရွိုင္းမိုဟန္ ေျခေထာက္ၿပီး တက္ႀကိတ္ၿပီး eye language စကားေျပာသည္။

*ငါ့ အစ္ကို ကို သြား သြား မစနဲ႕. . .*

*သူ႕ကို ေစတနာနဲ႕ ေကြၽးတာကို*

*သူ မစား ငါ စားမယ္*

ဆတ္ႏြယ္ ပန္းကန္ထဲ hotpot တစ္ဆိုင္လုံးရွိ ပုဇြန္ ေတြ ပုံေနသလား လို႔ ေတာင္ ထင္ရသည္ထိ ပုဇြန္ေတြ ျပည့္ေနသည္။မဆိုး ပုဇြန္ေတြ ေဈးတက္ေနသည္။ေဟာ့ေပါ့ စားရတာ တန္သြားၿပီ။

"သမီး စားၿပီး အိမ္ျပန္မယ္ . . . "

ေျပာၿပီး ကိုးေနာင္က ရွိုင္းမိုဟန္ကို ေခါင္းစ ေျခဆုံး တစ္ခ်က္မွ် ၾကည့္လိုက္ၿပီး

"ဒီနားက ေလထု ညစ္ညမ္းတယ္. . ."

ဒီ ငါ ိုး . . .ရွိုင္းမိုဟန္ က ဆဲခ်င္သည့္ ပါးစပ္ကို အၿပဳံးေလးႏွင့္ ဖုံးလိုက္သည္။ေယာက္ဖ သည္ အထက္အရာရွိမို႔ ရိုေသရမယ့္ထဲ ပါ၏။

ထိုေန႕က ရွိုင္းမိုဟန္ အျမတ္ေတာ့ ထြက္ခဲ့ပါသည္။

ဆတ္ႏြယ္က က သူ႕ကို အိမ္ျပန္လိုက္ပို႔ ေပး၏။အလာတုံးက ပါလာသည့္ BMW ကားႀကီးကို ေတာ့ သူ႕တပည့္တစ္ေယာက္ကို ျပန္လာယူခိုင္းလိုက္သည္။BMW ဘယ္ေလာက္မိုက္မိုက္ ဆတ္ႏြယ္ မရွိေတာ့ အႏြေးဓာတ္မရွိေပ။

အပိုေဆာင္း အေနႏွင့္ ဆတ္ႏြယ္ ကားႏွင့္ က်ဳံးေတာင္ တစ္ပတ္ ဝွီးကနဲ ဝွီးကနဲ ေပ်ာ္ေပ်ာ္ႀကီး ပတ္ခဲ့ေသး၏။

ဆတ္ႏြယ္က မရယ္မၿပဳံး ခပ္တည္တည္ေနတာရယ္၊ စကားတုံးတိတိ ေျပာတာရယ္ကလြဲၿပီး အရင္ကလို သူစိမ္းမဆန္ေတာ့ေပ။ေျပာပါသည္။သူ႕ တရားသူႀကီးေလးက အရမ္း အရမ္းကို ျမတ္နိုးဖြယ္ ေကာင္းပါသည္ လို႔။

ေပ်ာ္လြန္းလို႔ ရွိုင္းမိုဟန္ သူ႕ company ပစၥည္းေတြကို discount ခ်လိဳက္ေသးသည္။

ရွိုင္းမိုဟန္သည္ မခ်စ္ဖူးဆို လုံးဝ မခ်စ္၊ခ်စ္ ၿပီဆိုလည္း ဘယ္သူမွ တားမရ ဆီးမရ တစ္ရွိန္ထိုး ခ်စ္ပစ္သည္။

ခုတစ္ေလာ သူ႕ D.E.A.T.Hဂိုဏ္းက လူေတြ သူ႕ေနာက္ကြယ္မွာ သူ႕ကို နာမည္ေျပာင္ ေပးထားသည္။

လင္တာ႐ူး 118 ဆိုၿပီး။

ေနပါေစေလ။ေပးပါေစ။

သူ႕ မ်က္ႏွာသာ တစ္ကမၻာမို႔ ။

သူ႕ လို မေကာင္းတဲ့ေကာင္ရဲ႕ ဘဝဝယ္ ဆတ္ႏြယ္က သာ အလင္းေရာင္မို႔။

ဆတ္ႏြယ္တြက္ဆို ဘာကိုမွ ေသာက္ဂ႐ုစိုက္မည္ မဟုတ္ေပ။

______________________________________

4.23p.m
3.4.2023(Monday)
Mary _Koe
50008

Shine Mo Han' art


Don't use and copy without my permission ❌❌

(A/N ဟိ ဟိ ဆြဲခ်င္ေနတာ ၾကာၿပီ ရွိုင္းမိုဟန္ ကို စဥ္းစားတယ္ ဘယ္လို ဆြဲရမလဲေပါ့ သူ႕ပုံစံက ဇိုးပုံစံ၊ဂ်စ္ကန္ကန္ ေလး ေနာက္က် အရဲစြန႔္ၿပီး ဆြဲခ်လိဳက္တာ

Hair styleက တို႔ ကိုကိုရဲ႕ style ကို inspire ယူထားတာပါရွင့္

ဒါကေတာ့ ကိုယ့္ မ်က္လုံးထဲက တိုတိုရွိုင္း ပုံစံေပါ့ေနာ္

ကိုယ့္ေဘဘီတို႔ နဲ႕ေတာ့ သေဘာထားခ်င္း တိုက္ဆိုင္မွ ဆိုင္မယ္ ဒါမဲ့ လြတ္လပ္စြာ ရဲရဲႀကီး ပုံေဖာ္လိုက္ၾကပါ. . .
အားလုံးကို ဆာရာငဲ🥺😘

MC MLေတြကို ပစ္ၿပီး ကိုကိုရွိုင္းမိုဟန္ခ်ည္း ထိုင္ဆြဲေနတာ 2ပုံရွိၿပီ
တိတ္တိတ္ေလး ေျပာျပမယ္
ကိုယ့္က ရွိုင္းမိုဟန္ team ကိုးေနာင္ မၾကားပါေစနဲ႕🤧 )

Continue Reading

You'll Also Like

27.8K 1.5K 29
ဒေစီများလား ဒုဓလီရယ်ပါ သီကုံးပုလဲ၀ယ် လိပ်ပြာကပ်လို့ ဆင်မြန်းလည်ကျော့ စိမ်းရောင်လွှမ်းစဉ် ကမ္ဘာကြီးလည်း ဟန်နီပြုံးမှ လင်းတော့သည် ။ starting : 1 jan 2...
24.1K 1.7K 22
Satan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23
3.2K 441 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
68.6K 8.7K 44
Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။