💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ...

由 DarDar1642020

194K 5.3K 393

စည်းစိမ်ဓန♥ရှင်းပကတိ စည္းစိမ္ဓန♥ရွင္းပကတိ 更多

1U
1Z
2U
2Z
3U
3Z
4U
4Z
5U
5Z
6U
6Z
7U
7Z
8U
8Z
9U
9Z
10U
10Z
To my readers
11U
11Z
12U
12Z
13Z
14U
14Z
15U
15Z
16U
16Z
17U
17Z
18U
18Z
19U
19Z
20U
20Z
21U
21Z
22U
22Z
23U
23Z
24U
24Z
25U
25Z
26U
26Z
27U
27Z
28U
28Z
29U
29Z
DaNa🖤🖤🖤
30U
30Z
PaKaTi💙💙💙
31U
31Z
32U
32Z
33U
33Z
for my readers💜💜💜
34U
34Z
35U
35Z
36U
36Z
37U
37Z
End( Unicode )
End ( Zawgyi )
For Season 2
Heyyyy💜💜💜
Season2😍😍

13U

3.4K 103 4
由 DarDar1642020

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 13 ♡

"ကျွန်တော်နဲ့အတူရှိနေခဲ့တာ"
ခပ်ရှရှအသံကြောင့် အားလုံးရဲ့အကြည့်တွေဟာ ထိုနေရာသို့စုပြုံသွားရင်း
ပကတိကိုယ်တိုင်မှာလဲ ရင်းနှီးလှသည့်အသံကြောင့် အားကိုးရာတွေ့သွားသည့်နှယ်
အားလုံးရဲ့အကြည့်တွေလားရာအရပ်၌ရပ်နေသူသည်
Body fitရှပ်အပြာဖျော့ကိုမှ ဂျင်းPantဖြင့်တွဲဖက်ဝတ်ထားပေသည်
ကော်ဖီရောင်ဆံပင်ရှည်တို့အားအနောက်တွင်ဖြစ်သလိုစုစည်းထားပုံပေါ်ပါရဲ့
အချို့တစ်ဝက်က မျက်နှာထက်ဝဲကျနေစွာ
စံအိမ်မှာပြသနာတွေဒီလောက်ဖြစ်နေတာကို သူကတော့ဂရုမစိုက်ဟန် ဝင်ပေါက်ကနံရံအားမှီလျက်
မည်သူ့ကိုမျှ ဂရုမစိုက်
လက်ဖျံထက်မှတက်တူးတွေရယ် လည်ပင်းထက်တစ်စွန်းတစ်စပေါ်နေသော တက်တူးတွေက ကြောက်စိတ်များကိုထပ်လောင်းပေါင်းထည့်ရင်း
လက်ထဲမှရွှေအိုရောင်မီးခြစ်အား လှည့်ပတ်ဆော့ကစားနေပုံက မီးခြစ်နေရာတွင်သေနတ်ကိုမြင်သည့်နှယ်
ဓနရောက်လာကထဲက စပ်စုနေကြသည့်အလုပ်သမားတွေဟာ အနောက်သို့သိသိသာသာဆုတ်သွားကြလေသည်

မျက်နှာထက်ဘာအမူအရာမှမရှိဘဲ ခပ်အေးအေးပြောလိုက်ပေမယ့်
ပကတိပါးပြင်ထက်က နီရဲနေသော အရာများအားတွေ့လျှင် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားလေသည်
၆ပေ၂လက်မကျော်သောအရပ်ကြီးဖြင့် ပကတိအနားရောက်သွားသည်မှာလွှားခနဲ

ဓန ပကတိမျက်နှာထက်က အရာများအားကြည့်ကာ မီးထဲလောင်စာထည့်လိုက်သည့်နှယ်
ကိုယ်တောင် သေချာမနမ်းရသေးတဲ့ပါးပြင်ကို....
"ဒါဘယ်သူ့လက်ချက်လဲ"
ခပ်အေးအေးလေသံမှာ ခုနကအသံနှင့်မတူ ဒေါသတို့စွက်နေရင်း
အကြည့်တွေက ဒေါ်ချမ်းပြည့်စုံထံဦးတည်နေသည်
"အန်တီ့ငယ်လက်ချက်လား"
ဒေါ်ချမ်းပြည့်စုံမှာလဲ မျက်နှာအားမော်ချီလျက်
"အဲ့တော့ ဘာဖြစ်လဲ ငါ့ယောက်ျားနဲ့ ပတ်သက်လို့လုပ်လိုက်တာ မင်းနဲ့ဘာဆိုင်လဲ"
ဓန လက်သီးတို့အားကျစ်နေအောင်ဆုပ်လျက်
"အားလုံးမှတ်ထားလိုက် ရှင်းပကတိဆိုတာ ငါနဲ့သက်ဆိုင်တဲ့တစ်ဦးတည်းသောသူ သူ့ကိုထိရင် ငါနဲ့ငြိမှာပဲ"
"စည်းစိမ်ဓန!!!!!"
ဒီတစ်ခါအော်သံမှာ ဒေါ်ပန်း​ဒေဝီနံဘေးမှ ဓန မိခင်ထံ၌ပင်
ဓနမှာတော့ ဘာကိုမှမဂရုမစိုက်
"အန်တီငယ်ကို တော်စပ်မှုကြောင့် ဘာမှမလုပ်သေးပေမယ့် အေး ကျွန်တော့်သက်ဆိုင်သူကို ထိတဲ့အတွက် ကျွန်တော်လဲ အန်တီ့ငယ်ယောက်ျားကိုသတ်မယ်"
"ဘာ!!!!!"
ဒေါ်ချမ်းပြည့်စုံအသံထဲ စိုးရိမ်မှုများဖြင့်
"ငါ့ယောက်ျားဘယ်မှာလဲ"
"အဟက်"
"စည်းစိမ်ဓန....ဒါမင်းအကြံတွေပဲမလား"
"Sorry စည်းစိမ်ဓနတို့က အရှက်မရှိတဲ့လုပ်ရပ်မလုပ်ဘူး အန်တီ့ငယ့်ယောက်ျားက ဘာလုပ်လဲသိလား"
ဓန ပကတိ့ဘက်လက်ညှိုးထိုးလျက်
"သူ့ကို ပြန်ပေးဆွဲခဲ့တာ အလိုမတူပဲ အဓမ္မကျင့်ဖို့ကြံစည်ခဲ့တာ"
"ဟာ.."
"ဟယ်!!!!"
အာမေဋိတ်သံများဟာ အနားမှာရှိနေသော လူတွေအားလုံးထံမှ
"မဖြစ်နိုင်တာ"
"အဟက် သက်သေတွေ ကျွန်တော့်မှာအကုန်ရှိတယ် ဘယ်သွားမလဲ ရဲစခန်းသွားမလားတရားခံကလဲ ကျွန်တော့်လက်ထဲမှာ"
"နင်....နင်!!!!ငါ့ယောက်ျားကိုလွတ်ပေး"
"လွတ်ပေးမှာ ဒါပေမယ့် ကျွန်တော့်သက်ဆိုင်သူကို ထိတဲ့အတွက် ပြန်ယူရမယ် မင်းဟိန်း အဲ့အကောင်ကိုခေါ်ခဲ့"
ဓနရဲ့ ခပ်မာမာအသံအဆုံး လူနှစ်ယောက်က ဦးဝေစိုးအား လက်ပြန်ကြိုးတုပ်ကာခေါ်ခဲ့ကြလေသည်
မျက်နှာထက် ထိုးကြိတ်ခံထားရပုံဒဏ်ရာတွေဗလပွဖြင့်
'"စည်းစိမ်ဓန ဒါမင်းလက်ချက်မလား"
"အဟွန့်"
ဓန ခပ်မဲ့မဲ့ပြုံးရင်း အင်္ကျီလက်ရှည်တို့အား တံတောင်ဆစ်ထိခပ်အေးအေးပင် ခေါက်တင်နေမိသည်
" ငါ့ယောက်ျားကိုလွတ်ပေး"
ဒေါ်ချမ်းပြည့်စုံ ပြောရင်းဆိုရင်းပင် ခင်ပွန်းဖြစ်သူထံ သွားရန်ကြံရွယ်လိုက်ပေမယ့် ဓနလူများကအနားသိူ့အကပ်မခံ
"အေးဆေးပေါ့ အကြွေးပြန်ယူရဦးမှာ"
ခပ်အေးအေးစကားသံနှင့်အတူ ဦးဝေစိုးနားတဖြည်းဖြည်းလျှောက်သွားရင်း
ရင်ဝသို့ ခြေထောက်ရှည်တို့ဖြင့် ကန်လိုက်၏
"အာ့!!!!!"
"စည်းစိမ်ဓန!!!!!မင်းတော်တော့"
လဲကျသွားသော သူအားလှောင်ပြုံးများဖြင့်စိုက်ကြည့်နေပြီး
"ခင်ဗျားပုံစံကြည့်ပြီးသနားလာပြီ"
"ငါ့ကိုခွင့်လွတ်ပါ....ငါမှားသွားပါတယ်"
"အဟက်"
ဓန ပတ်ပတ်လည်တစ်ချက်ဝေ့ဝိုက်ကြည့်ပြီး အလှပန်းအိုးအား ယူလိုက်၍ ခေါင်းအားတစ်ဆုံးရိုက်ချလိုက်လေသည်
ခလွမ်း💥
"အမလေး!!!!!!"
စံအိမ်မှ အလုပ်သမားတွေဟာလဲ အသံအစ်အစ်ပင် မထွက်ရဲကြ
ဒေါ်ချမ်းပြည့်စုံမှာလဲ ကြောင်အနေမိသည်

"မြေးငယ် တော်လိုက်တော့"
ဓန ဒေါသတို့မပြေနိုင်သေးပါပဲ
ဦးဝေစိုး၏ ဆံပင်တို့ကနေ ဆွဲမ၍
" ခွေးကောင် မင်းလုပ်ရပ်တွေပြောပြလိုက်လေ"
"အာ့....ကျွန်တော်မှားသွားပါတယ် ရှင်းပကတိကိုလိုချင်လွန်းလို့ လုပ်ရပ်အမှားတွေကျူးလွန်မိပါတယ်"
"မောင်!!!!!မဟုတ်ဘူးမလား"
"ကျွန်တော်မှားသွားပါတယ်မ ကျွန်တော့်ကိုခွင့်လွတ်ပါ"
"ပြောလိုက်လေ အားလုံးကမင်းတစ်ယောက်ပဲ ကြံစည်ခဲ့တာဆိုတာ"
"ရှင်းပကတိကို ပြန်ပေးဆွဲပြီး မတော်မတရားကြံရွယ်ဖို့စီစဥ်ခဲ့မိပါတယ်"

"အို!!!!!"
"ယုတ်မာလိုက်တာ"
ထိုပြသနာအားကြည့်နေသော လူများရဲ့မျက်ဝန်းများတွင် ဦးဝေစိုးအားစက်ဆုပ်ရွံရှာမှုများအပြည့်

ဓန ဒေါ်ချမ်းပြည့်စုံအားစေ့စေ့ကြည့်လိုက်ပြီး
"ကြားတယ်မလား အန်တီငယ် ခင်ဗျားယောက်ျားတစ်ယောက်ထဲ ကြံစည်ခဲ့တယ်ဆိုတာ"
"......."
ဒေါ်ချမ်းပြည့်စုံ ဘာတစ်ခွန်းမှ ထပ်မပြောတော့

ဓန ဂျမ်းဂျမ်းနောက်တွင် ရပ်ကာ ငိုရှိုက်နေသော ပကတိအားလက်မှဆွဲကာ အားလုံးရှေ့ဆွဲထုတ်လာ၍
"တောင်းပန်ပါ"
"ဘာ!!!!!!"
"သူ့ကိုအားလုံးရှေ့မှ အရှက်ခွဲခဲ့တယ်မလား အဲ့တာမလို့ အားလုံးရှေ့မှာ ပြန်တောင်းပန်ပါ"
"စည်းစိမ်ဓန!!!!!!"
'ခင်ဗျားယောက်ျားနဲ့ ခင်ဗျားပြသနာကနောက်မှရှင်း ခုပကတိကိုတောင်းပန်လိုက်"
"ဘာရယ်....ငါကအဲ့အစေခံမကိုတောင်းပန်ရမယ်ဟုတ်လား"
"အစေခံ.....အဟွန်းးးး သူက ကျွန်တော့်ရဲ့!!!!!"
"တော်သင့်ပြီစည်းစိမ်ဓန"
ဒေါ်မေနီလာ သားထပ်ပြောမည့်စကားတွေအားမကြားနိုင်စွာဝင်ဟန့်တားလိုက်မိသည်
"စကားကျွံရင်နှုတ်ရခက်တယ် ခုအားလုံးလဲ ပြသနာကိုသိပြီးပြီပဲ တော်သင့်နေပြီ"
"မာမီ!!!!!"
"ရှင်းပကတိ မတရားခံလိုက်ရတာ မြင်လို့ဒေါသမထိန်းနိုင်တယ်ဆိုတာ နားလည်တယ် အားလုံးလဲ အမှန်တရားသိသွားကြပြီပဲ ကိုသက်နိုင် ရှင်လဲ ပြသနာကိုသေချာသိပြီပဲ မင်္ဂလာကိစ္စဘယ်လိုလုပ်ချင်လဲ"
ဒေါ်မေနီလာစကားအဆုံး ဦးသက်နိုင် သက်ပြင်းတစ်ချက်ချရင်း
"ပကတိလေး တစ်စုံတစ်ခုဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ဘာမှမထူးခြားသွားပါဘူး ကျွန်တော်နားလည်ပြီးသားပါ ဒါကြောင့် မင်္ဂလာပွဲကို အစီအစဥ်အတိုင်းဆက်လုပ်ကြတာပေါ့"
"ဘယ်သူ့သဘောနဲ့လဲ"
ဦးသက်နိုင်စကားဆုံးလျှင်ပဲ ဒေါသတကြီးဟိန်းထွက်လာသည့်စကားသံ
"သတ္တိရှိရင်လုပ်ကြည့်လိုက် စည်းစိမ်ဓနဆိုတဲ့ကောင်ရဲ့ အပိုင်ကိုထိရင် ဘယ်လိုဖြစ်မလဲဆိုတာ ခင်ဗျားနဲ့ဥပမာပေးပြမယ်"
"မြေးငယ်!!!!"
"စည်းစိမ်ဓန!!!!!"
ဓန တောက်တစ်ချက်အား​ခပ်ပြင်းပြင်းခေါက်လျက်
ပကတိအား ဒေါသမျက်ဝန်းတွေဖြင့်ကြည့်ကာ
"မင်းလဲ တခြားတစ်ယောက်ကိုလက်ထပ်ဖို့ထပ်တွေးရဲထပ်တွေးကြည့် ငါ့အကြောင်းသိစေရမယ် ငါဒေါသထွက်ရင်ဘာမှမြင်တာမဟုတ်ဘူးနော်"
ခွမ်း💥
ဓန ဒေါသတို့ဦးတည်ရာက စားပွဲထက်မှ အလှပန်းအိုးများအားဦးတည်သွားရလေသည်
"မာမီတို့လဲ သူ့ရဲ့လက်ထပ်ပွဲစီစဥ်ပေးကြည့်လိုက် မာမီ့သားကို လူသတ်သမားဖြစ်စေချင်ရင်ပေါ့ တောက်!!!!"
တောက်ခေါက်သံအကျယ်ကြီးက လွှမ်းမိုးသွားလေပြီး
ထိုနေရာမှ ဒေါသတကြီးထွက်သွားသူ

🍒🍒🍒🍒🍒🍒🍒🍒🍒🍒

စံအိမ်ကြီးထဲက အဖြစ်အပျက်တွေဟာ မြန်ဆန်လွန်းလှသည်
ဖွားဖွားကြီးရဲ့ ဆုံးဖြတ်ချက်အရ သခင်မလေးဒေါ်ချမ်းပြည့်စုံနှင့် သူ့ခင်ပွန်းအားတရားဝင်ပြတ်ဆဲစေခဲ့သည်
ဦးဝေစိုးအား စံအိမ်ကြီးရဲ့ဂုဏ်သိက္ခာအရ ဥပဒေအရအရေးယူခြင်းမရှိခဲ့ပေ
ပြီးတော့ အကိုလေးကလဲ ထိုနေ့ကထဲကအိမ်သို့ပြန်မလာတာ ၂ရက်မြောက်ရှိပြီ
ဖွားဖွားကြီးရဲ့ ပိတ်ပင်မှုကြောင့် စံအိမ်တစ်ခုလုံးကလူတွေ တိုက်ရိုက်ဘာစကားမှမဆိုကြသော်လည်း
အကြည့်တွေကတော့ စူးစမ်းနေကြရင်း
ဦးဝေစိုးနှင့်ကိစ္စကရှင်းသွားပေမယ့် ထိုညကအကိုလေးနှင့်ရှိခဲ့သည်ဆိုသောစကားအား တစ်မျိုးတစ်မည် ထင်မှတ်နေကြသည်
ပကတိရဲ့စိတ်အစဥ်တို့ဟာလဲ မနေ့ကသခင်မကြီးခေါ်တွေ့သောအချိန်သို့ ပြန်တွေးမိသည်

……Back……

ပကတိအားတွေ့ချင်သည်ဟူသော သခင်မကြီးစကားကြောင့် ပကတိလာတွေ့ရပေမယ့် အနည်းငယ်တော့ကြောက်နေမိသည်
"ထိုင်လေ"
ပကတိအားတစ်ချက်ပင်ကြည့်ကာ ဆိုလာသောလေသံတို့ကလည်းအေးစက်စက်
ပကတိ သခင်မကြီးရှေ့မှ ကြမ်းပြင်ထက် ရိုရိုသေသေထိုင်လိုက်မိသည်
"မင်းကတိမင်းမှတ်မိသေးလား"
မှတ်မိပါသည်
သခင်လေး နိုင်ငံခြားထွက်သွားတဲ့ရက်ကသူမအား သခင်မကြီးခေါ်တွေ့ခဲ့သည်
ပြီးနောက်ပြောခဲ့သည်များက ပကတိကိုကျောင်းပြီးအောင်ထားပေးမည်ဆိုသည့်အကြောင်း
ပကတိအတွက်နေစရာစားစရာပေးခဲ့သည်များ စသည့်ကျေးဇူးတရားများအားပြန်ပေးဆပ်လိုလျှင် အကိုလေးနှင့် နီးနီးကပ်ကပ်မနေရန်ပင်
ပကတိမှာလဲ သခင်လေးနှင့် မပတ်သက်ကြောင်းငြင်းဆန်မိသော်လည်း
မီးဆိုတာမလောင်ခင်တားရသည်တဲ့

ထိုနေ့က ကတိပေးခဲ့ရသည်က အကိုလေးရဲ့အဝေးမှာနေဖို့
တစ်ချိန်မှာ လိုအပ်ခဲ့လျှင်သခင်မကြီးရဲ့အစီအစဥ်များအားလက်ခံဖို့ပင်
ထိုကတိစကားများကြောင့် ပကတိမချစ်မနှစ်သက်သော ဦးသက်နိုင်ဖြင့် လက်ထပ်ဖို့ခေါင်းငြိမ့်ခဲ့ရခြင်း
သို့ပေမယ့် ကိစ္စတွေဟာ စီစဥ်ထားသည်အတိုင်းဖြစ်မလာခဲ့
လက်ထပ်ပွဲကရော ဘယ်လိုဖြစ်သွားပြီလဲ ပကတိမသိသလိုစိတ်လဲမဝင်စားခဲ့ပေ
"လက်ထပ်ပွဲကမရှိတော့ဘူးဆိုပေမယ့် ကတိကိုမမေ့ပါနဲ့"
"ပကတိမမေ့ပါဘူး"
"ဒီစံအိမ်ကြီးနဲ့အဝေးဆုံး ငါ့သားနဲ့အဝေးဆုံးကိုထွက်သွားပါ"

…………

အတွေးတို့နှင့်အတူ သက်ပြင်းအားချလိုက်မိသည်
"ပကတိလေး"
"ရှင် ကြီးဂျမ်း"
"စိတ်တွေရှုပ်နေပြီမလား ကြီးကြီးတစ်ခုမေးချင်တယ်ကွယ်"
"ဟုတ်မေးပါ"
ဒေါ်ဂျမ်းပတ်ဝန်းကျင်အားအကဲခတ်ရင်း ရှေ့မျက်နှာနောက်ထားလျက် "ပကတိနဲ့ စည်းလေးမဟုတ်မှ....."
"........"
ကြီးဂျမ်းက ပြောရခက်နေစွာ စကားအားတစ်ဝက်တစ်ပျက်တွင်ရပ်လေသည်
'ဟို....အတူနေခဲ့တာမဟုတ်ဘူးမလား"
"အို....မဟုတ်တာ ပကတိတို့ အဲ့လိုမနေခဲ့ကြပါဘူး"
ပကတိအမြန်အဆန်ပင်ငြင်းပယ်မိသည်
"တကယ်ပါ ကြီးဂျမ်းလဲ သခင်လေးစိတ်ကိုသိသားနဲ့ ဒီတိုင်းတိုက်ဆိုင်လို့ ကူညီပေးခဲ့ရုံပါ"
"ဘာပဲဖြစ်ဖြစ်ပေါ့ ပကတိလေးဒီကိစ္စတွေကြားညှပ်ပါနေပြီ မမလေးလဲ မနေ့ကခေါ်တွေ့တယ်ဆို ဘာတွေပြောတာလဲ"
"ဟင်းးးး"
ပကတိသက်ပြင်းတစ်ချက်အားချရင်း
"ကြီးဂျမ်း ပကတိဒီကထွက်သွားတော့မယ်"
".........."
ဒေါ်ဂျမ်းမတားမြစ်မိပေ
ဒီထက်ကြာရင် ပြသနာတွေဆိုးတော့မည်
ပြီးတော့စည်းလေးဆိုတာ ဖြစ်ချင်တာလိုချင်တာကို မရရအောင်လုပ်တတ်သူ
ခုလဲ အပြင်မှာ ဘာတွေကြံစည်နေလဲမသိ
"ပကတိက ဘယ်မှာသွားနေမှာလဲ ရွာပြန်မလို့လား"
"ဟင့်အင်း.....ပကတိတခြားတစ်နေရာကိုသွားမှာ ဒေါ်ဒေါ်တို့ဆီပြန်ရင် အတင်းအကြပ်စီစဥ်ခံရဦးမှာ"
"ဟင်းးးး ပကတိဆုံးဖြတ်ပြီးရင် ကြီးကြီးမတားတော့ပါဘူးဒါပေမယ့် ကြီးကြီးကိုတော့ဆက်သွယ်ဖို့သတိရနော်"
"ဟုတ်ကဲ့"
"သခင်မကြီးကိုတော့ အကျိုးအကြောင်းပြောရမယ်"
"ဟုတ်ကဲ့ ပကတိခဏနေသွားမလို့ပါ"
"ကြီးကြီးလဲ လိုက်ခဲ့ပေးပါ့မယ်"
"ဟုတ်ကဲ့"

🍓🍓🍓🍓🍓🍓🍓🍓🍓🍓

ပကတိ ထွက်သွားမည့်အကြောင်းပြောတော့ ဖွားဖွားကြီးကမသွားစေချင်ဟန်
"မသွားပါနဲ့ဦး ပြသနာတွေလဲသေချာမရှင်းရ​သေးဘူးလေ"
"ဦးသက်နိုင်နဲ့ လက်ထပ်ပွဲကလဲမရှိတော့ဘူးလေ ပကတိအပြင်မှာပဲလွတ်လွတ်လပ်လပ်နေချင်လို့ပါ"
ပကတိမုသားအနည်းငယ်သုံးမိလိုက်သည်
ပြသနာတွေကိုဘေးဖယ်လိုက်လျှင် ဒီရပ်ဝန်းလေးဟာနွေးထွေးမှုအပြည့်ဖြင့်
ပကတိမခွဲခွာချင်ပေမယ့်လည်း ခွဲခွာရမည်
"ဒါပေမယ့် မြေးငယ်သိရင်....ဟင်းးးးး မြေးငယ်နဲ့မရှင်းရသေးဘူးမလား"
"အဲ့ကိစ္စဆိုရင် ဖွားဖွားကြီးစိတ်ချနိုင်ပါတယ် ပကတိနဲ့ သခင်လေးက ဘာမှမပတ်သက်ပါဘူး အဲ့နေ့ကလဲ ကြုံလို့ကူညီလိုက်ရုံပါ ပကတိမှာ သခင်လေးအပေါ်ဘာစိတ်မှမရှိပါဘူး ပကတိကိုယုံပါနော်"
မျက်နှာငယ်လေးဖြင့်အသည်းအသန်ရှင်းပြနေသော ကောင်မလေးအားကြည့်ကာ ခေါင်းယမ်းမိသည်
သူမပြောနေတဲ့စကားတွေအမှန်ဆိုတာလဲသိသည်
ကြာလေ ပြသနာတွေရှုပ်မည်ဆိုတာလဲ ရိပ်မိသည်
ကိုယ့်မြေးအကြောင်းကိုယ်သာအသိဆုံး
ဟိုနေ့ကပြောသွားတာ စနောက်သွားတာမဟုတ်
ခုငြိမ်နေတာဆိုတာကလဲ ဘယ်လိုပြောမလဲ မုန်တိုင်းမလာခင်လေငြိမ်သလိုမျိုးပေါ့
မကြာခင် ဒီစံအိမ်အတွင်း မုန်တိုင်းပါမက လေဆင်နှာမောင်းပါမွှေမှာ ခုကအားယူနေတာ
မြေးငယ်ပြန်ရောက်လာချိန် ပကတိမရှိမှန်းသာသိရင် ဘယ်လိုဖြစ်မယ်မသိ
ဒီလိုပြသနာအကြီးကြီးကို ဝင်မပါချင်လို့ အားလုံးကိုမသိကျိုးကျွံပြုနေခါမှ ပြသနာက ကိုယ့်ရှေ့ရောက်လာရခြင်း
ကိုယ်သာထွက်သွားခွင့်ပြုလိုက်ရင် မြေးငယ်ဒေါသကိုယ့်ပေါ်ကျလောက်သည်
သို့မဟုတ် တားလိုက်ပြန်လျှင်လည်း သမီးနှစ်ယောက်ရဲ့အမေးတွေဘယ်လိုဖြေရမည်မသိ
ဟူးးးးးမလွယ်လိုက်တာ
ကိုယ့်အနေနဲ့က ဒီလိုဗိုင်းကောင်းကျောက်ဖိမိန်းကလေးကို မြေးချွေးမအနေနဲ့လက်ခံရမည်ဆိုလဲ ကန့်ကွက်စရာမရှိ
နောက်ခံမိသားစုမရှိတာကလွဲရင် ဘယ်နေရာမှ မကောင်းတဲ့အချက်မရှိပေ
ကြည့်ရတာ ကံကြမ္မာကိုမလွန်ဆန်နိုင်လောက်ဘူးထင်ပါရဲ့
ကံကြမ္မာက သတ်မှတ်ပေးပြီးသားအရာကို ပြင်ဆင်ဖို့ကြိုးစားလဲရမှမရတာ
ဖူးစာပဲပေါ့
ခက်တာက သားအမိနှစ်ယောက်ဘယ်လိုပြိုင်ဆိုင်ကြဦးမည်မသိ
ကိုယ်ကတော့ ထိုတိုက်ပွဲကိုမသိသလိုနေဖို့ရန်တွေးထားမိသည်

"ဖွားဖွားကြီး ပကတိကိုခွင့်ပြုပေးပါနော်"
မျက်နှာငယ်လေးဖြင့်ပြောလိုက်သူလေးကြောင့် အတွေးတို့အားဖြတ်တောက်ပစ်ရင်း
မြေးငယ်မပြန်လာခင်တော့ တားထားရမည်မလား
ကိုယ်မသွားဖို့​ပြောမည်အပြု
"ဘယ်သူက ထွက်သွားလို့ရပါတယ်ပြောလဲ"
ခပ်မာမာအသံကြောင့် ပတ်ဝန်းကျင်တစ်ခွင် တိမ်မဲများအုံ့မှိုင်းလာပုံ
ပကတိကိုယ်တိုင်မှာလဲ ကျောတွေပင်ချမ်းလာရသည်
မဝံ့မရဲ လှည့်ကြည့်လိုက်တော့ နားကြားမှားပါစေဟူသော ဆုတောင်းတို့မပြည့်
ပကတိအနောက်မှာရပ်ကာ အကြည့်စူစူးများဖြင့် မကျေမနပ်ကြည့်နေသူကြောင့် ထိုနေရာမှ ထွက်ပြေးချင်လာရသည်အထိ

ဓန ရှင်းပကတိဆိုသောကောင်မလေးကို တကယ်လက်လန်မိသည်
ကိုယ်ကတော့ သူနဲ့ပတ်သက်တဲ့အရှုပ်တွေရှင်းနေရတာ
ဦးသက်နိုင်ကို ပကတိကိုလုံးဝလက်လွတ်ဖို့စီးပွားရေးဖြင့်အကြပ်ကိုင်ခဲ့ရရုံမျှမက
ကိုယ့်အပိုင်ကိုထိပါးခဲ့သူ ဦးဝေစိုးကို နိုင်ငံခြားမရောက်ခင်လက်ဆောင်တို့ပေးနေရသေးသည်
ဓနအပိုင်ကို လာထိပါးပြီး အေးအေးဆေးဆေးထွက်သွားခွင့်ရမယ်ထင်နေလား
မနေ့က ဦးငယ်ကပကတိနဲ့ မာမီတို့စကားပြောသည်ကိုမြင်ကာ ကိုယ့်ကိုအကြောင်းကြားလာခြင်း
ရာရာစစ ကိုယ့်လက်ကပြေးလွတ်မယ်ထင်နေတာလား
ဓန သူမထိုင်နေရာသို့ ခပ်အေးအေးလမ်းလျှောက်သွားရင်း သူမလက်မောင်းမှ ဆွဲထူလိုက်မိသည်
"မင်းကိုနောက်မှ အပြစ်ပေးရမယ်"
ပကတိငိုချင်မိသွားသည်အထိ
ပကတိ သူ့လက်ထဲမှပြေးလို့ရောလွတ်ပါတော့မလား
ဓန အေးစက်နေသော သူမလက်ဖဝါးအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"ဂျမ်းဂျမ်းလဲရှိနေတာပဲ ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောမယ် ကျွန်တော်ပကတိနဲ့လက်ထပ်မှာ"
"ဟင်....."
ပကတိ သူ့စကားကြောင့်တအံ့တသြမော့ကြည့်လိုက်မိသည်အထိ
သူဘာတွေပြောနေတာလဲ
"ဖွားဖွားလဲ ခွင့်ပြုပေးဖို့မျှော်လင့်ပါတယ်"
"ငါခွင့်မပြုနိုင်ဘူး"
အခန်းထဲ ဝုန်းဒိုင်းဝင်ချလာသူက ဒေါ်မေနီလာ
ဓနနဲ့ပကတိရဲ့ တွဲလက်များအား အတင်းဆွဲဖြုတ်လျက်
'"စည်းစိမ်ဓန မင်းရူးနေလား"
ဓနမှာလဲ ဂရုမစိုက်ဟန်ဖြင့်
"မာမီ့သားရဲ့ အိုင်ကျူကို မာမီအသိဆုံး"
"စည်းစိမ်ဓန!!!!"
"မာမီလဲရှိနေတော့ကောင်းတာပဲ ကျွန်တော်ပြောတာလဲ ကြားသွားပြီဆိုတော့ ထပ်ပြောစရာမလိုတော့ဘူး"
"မင်း!!!!!ငါခွင့်မပြုနိုင်ဘူး"
"ကျွန်တော်ကရော ခွင့်ပြုချက်တောင်းနေမိလို့လား"
"စည်းစိမ်ဓန!!!!!မင်းမှာလက်ထပ်ရမည့်သူတစ်ယောက်လုံးရှိပြီးသား"
"ကျွန်တော်လက်ထပ်ပါ့မယ်တစ်ခွန်းမှမပြောခဲ့ဖူးဘူး မကျေနပ်ရင်ကိုယ့်ဘာသာလက်ထပ်လိုက်ကြ"
"မင်း!!!!!"
"ကျွန်တော်ကအသိပေးတာ အကုန်စီစဥ်ပြီးသား"
ဒေါ်မေနီလာ ခပ်မဲ့မဲ့ပြုံးရင်း
"ဒီစံအိမ်ကြီးက ဘယ်သူမှခွင့်မပြုပေးတဲ့လက်ထပ်ပွဲကတရားဝင်ဖြစ်မယ်တဲ့လား"
ဓနကလဲ မလျော့
ခပ်မိုက်မိုက်ပင် လက်ကိုပိုက်လျက်
"ဖွားဖွား ကျွန်တော်မသွားခင်တုန်းက ပေးခဲ့တဲ့ကတိမှတ်မိလား"
ဒေါ်ပန်းဒေဝီ မြေးရဲ့ပြောစကားကြောင့် မျက်ခုံးတို့ခပ်လှုပ်လှုပ်
"ကျွန်တော်လုပ်ချင်တဲ့ကိစ္စတစ်ခုကို ခွင့်ပြုမယ်ဆိုတာလေ"
"........."
သားစကားကြောင့် မိခင်ဖြစ်သူကိုကြည့်မိတော့လဲ မျက်နှာဟာအပျက်ပျက်အယွင်းယွင်း
"ကျွန်တော်ပကတိကို လိုချင်တယ်ဖွားဖွားကြီးကိုယ့်ကတိကိုယ်တည်ပါ"
ကိုယ့်မြေးကတော့သြချရလောက်သည်
တစ်ခါထဲချည်ပြီးတုပ်ပြီးပဲ
ဒီအဘွားကြီးကိုတော့အလွတ်မပေးနိုင်ဘူးလား
"အမေ...."
"ဖွားဖွားကတိ ဖွားဖွားမမေ့ပါနဲ့"
သားအမိနှစ်ယောက်ကြား အမြင်အာရုံတွေပင် ဝေဝါးလာရသည်
"ဒီကိစ္စမှာ ငါဘာတစ်ခွန်းမှ ဝင်စွက်ဖက်မှာမဟုတ်ဘူး အပြင်မှာဘယ်သူရှိလဲ"
ဒေါ်ပန်းဒေဝီအော်သံကြောင့် ကြွယ်ကြွယ်ကပြေးကာဝင်လာလျှင်
" ဒီမှာဆက်နေရင်မူးလဲတော့မယ် ငါ့အခန်းကို ပြန်လိုက်ပို့"
"ဟုတ်ကဲ့"
ဖွားဖွားကြီးကတော့ အလိမ္မာသုံးကာရှောင်ထွက်သွားပေမယ့် ပကတိနှင့်ကြီးဂျမ်းမှာတော့ သားအမိနှစ်ယောက်ရဲ့တိုက်ပွဲကြားညှပ်ပါနေရသည်
ပကတိကို သူကဘာလို့လက်ထပ်ချင်ရတာလဲ
လက်ထပ်ရမယ့်အကြောင်းစဥ်းစားလိုက်တာ တစ်ခုမှပေါ်မလာ
ပကတိတောင်ခုမှသိတဲ့ကိစ္စပင်မလား
ပကတိလဲ စိတ်တွေရှုပ်စွာ ဒီအခန်းကြီးထဲကလစ်ထွက်ဖို့ပြင်လိုက်လျှင်
"ဘယ်သွားမလို့လဲ"
အသံဟိန်းဟိန်းကြောင့် ခြေလှမ်းတို့တုံ့ခနဲ
"ဟို....."
"မင်းနဲ့ရှင်းစရာကျန်သေးတယ်"
ဟုဆိုကာ ပကတိလက်အားဆွဲကိုင်လာသူကြောင့် ပကတိမျက်လုံးတို့ပင်ပြူးသွားရသည်

ဓန သူမလက်အားဆွဲကာထွက်သွားဖို့ကြံရွယ်လိုက်ပြီးမှ တစ်စုံတစ်ခုကိုသတိရစွာ
"'အာ....ပကတိကို ကျွန်တော့်အဝေးတွန်းပို့လေ ကျွန်တော်နဲ့ပိုနီးလေပဲ မာမီ့သားကသူငယ်နှပ်စားလေးမဟုတ်တော့ဘူးနော် သိဖို့ လာသွားမယ်"
စကားအဆုံးပကတိလက်အားအတင်းဆုပ်ကိုင်ကာ တရွတ်တိုက်မတတ်ဆွဲသွားသူအား ဘာမှပြောချိန်ပင်မရ
သူ့ခြေလှမ်းကျယ်ကြီးတွေကို အမှီသာလိုက်နေရသည်
ဘဝကလဲ မလွယ်လိုက်တာ
ကိုယ့်ကိုကိုယ် ဘောလုံးတစ်လုံးလို့တောင်ခံစားနေရပြီ
ဟိုလူ့ဆီရောက် ဒီလူ့ဆီရောက်နဲ့....

🍉🍉🍉🍉🍉🍉🍉🍉🍉🍉

အခန်းထဲရောက်တော့မှ ပကတိလက်အားဖြေလျော့ပေးသူ
ပကတိရှေ့တည့်တည့်၌ရပ်ကာ မကျေနပ်သလိုကြည့်နေသူကြောင့် ပကတိဘာမှတောင်မပြောရဲ
"မင်း ငါ့လက်ကပြေးနိုင်မယ်ထင်နေလား"
"ဟုတ်"
"ဘာ!!!!!"
"မဟုတ်...."
ယောင်ကာဖြေလိုက်မိသည်ကို သူရဲ့ဘာ ဟူသောအသံကြီးကြောင့် လန့်ဖျတ်ကာပြန်ငြင်းမိသည်အထိ
"ပကတိပြေးတာမဟုတ်ပါဘူး ဒီတိုင်းစံအိမ်ကထွက်သွားရုံပါ"
"ထွက်သွားလေ...အေးငါကလဲ ရအောင်ပြန်ဖမ်းနိုင်တယ် ဖမ်းမိရင်တော့ ငါ့ဆီကပြေးတဲ့ခြေထောက်တွေကို အကောင်းအတိုင်းမထားဘူး ရိုက်...ချိုး...ပစ်မှာ"
ရိုက်ချိုး ဆိုသည့်နေရာမှာ တမင်ဖိကာပြောလိုက်သူကြောင့် ခြေထောက်တွေပင်ယောင်ယမ်းကိုင်စမ်းမိသည်အထိ

ဓနရှေ့မှ ကြောင်တောင်တောင်လုပ်နေသောကောင်မလေးအားအသည်းယားလာမိသည်
မထုံတတ်သေးနဲ့
ပုံစံကတော့ ကိုယ့်ကိုအတင်းကြောက်ပြ
တကယ်ကြောက်လားသွားမမေးနဲ့ သတ္တိကသိပ်ကောင်းတာ
ရာရာစစကိုယ့်ဆီကတောင်ထွက်ပြေးချင်နေသေးတယ်
မင်းကတကယ်ကိုမလွယ်တာ
"မင်းငါနဲ့လက်ထပ်ရမယ်"
"ရှင်!!!!!!"
ဘာလဲ ဒီတစ်ယောက်က ခုနကမာမီနဲ့အထပ်ထပ်အခါခါပြောခဲ့တဲ့စကားကို ခုမှတအားတွေအံ့သြပြနေတာ
ခုနက မကြားခဲ့ရအောင်လဲ ကန်းနေမှပဲဖြစ်မယ်
"မင်းမှာငြင်းဆန်ခွင့်မရှိဘူး ငါ့ကိုလက်ထပ်ရမယ်ဒီလိုပဲသိထား"
"ဘာလို့အကိုလေးက လက်ထပ်ချင်တာလဲ"
"မင်းကိုတာဝန်ယူဖို့"
အမြင်ကတ်ကတ်နှင့် ရွဲ့စောင်းပြောမိလေတော့
ခပ်တိုးတိုးလေသံလေးဖြင့်
"ပကတိနဲ့ သခင်လေးက ဘာမှမဖြစ်ခဲ့ဘူးလေ အဲ့တာမလို့"
ဓန တကယ်လက်မြောက်မိသည်
"အေး ဖြစ်မှယူရမှာလား လာခဲ့ ခုလုပ်မယ်"
"ရှင်....ဟင့်အင်း....အင့်!!!!!!!"
ပကတိငြင်းဆန်းကားပင်မဆုံးလိုက် ပကတိကိုယ်လေးဟာ သူ့ရဲ့အဖြူရောင်အိပ်ရာကြီးပေါ်သို့ပစ်လှဲသွားရသည်
သူကပကတိကိုယ်ထက်အုပ်မိုးလာရုံမျှမက သူ့အင်္ကျီတို့ကိုလဲ အတင်းဆွဲဖြုတ်လိုက်သဖြင့် ကြယ်သီးအချို့က ကြမ်းပြင်ပေါ်၌ပြန့်ကြဲသွားရသည်
"ဟင့်အင်း...."
ပကတိအားပြန်လည်အုပ်မိုးလာသူ၏ ရင်အုပ်ကျယ်ကျယ်အား လက်ဖြင့်တွန်းကန်ရင်း တားဆီးမိလိုက်သည်
"ပကတိကအဲ့လိုပြောတာမှမဟုတ်ဘူး"
"ငါကလဲတိကျမှကြိုက်တာ ခုလက်မထပ်ချင်ဘူးမလား ရတယ်ငါမင်းနဲ့အတူနေပြီးရင် တာဝန်ယူလို့ရပြီမလား"
ပြောနေရင်းပင် အတင်းငုံ့မိုးလာသူကြောင့် လန့်ကာ မျက်နှာအားတစ်ဖက်သို့လွဲရင်း
"ခဏ....မလုပ်ပါနဲ့"
ဓန မျက်နှာကလေး ဇီးရွက်လောက်သာကျန်တော့သော ပကတိအားစိတ်မရှည်စွာကြည့်လိုက်မိသည်
ဒီတစ်ယောက်ကတော့ ဘာဖြစ်ချင်နေတာလဲ
"ပကတိတို့ စကားခဏပြောကြရအောင်.....နော်"
ပုံမှန်ထက်နူးညံ့နေသည့်လေသံအား ဓနသဘောကျစွာပြုံးမိလိုက်သည်
ရှင်းပကတိဆိုသောမိန်းကလေးက သိပ်နူးညံ့သည်
ခု အဲ့ဒီနူးညံ့သည်ဆိုတာထက်လေသံကပိုပြီးပျော့ပြောင်းနေသောကြောင့် ချော့ပြောနေဟန်
မင်းဆိုတာကလဲ....ငါ့ကိုအမျိုးမျိုးသောခံစားချက်တွေပေးစွမ်းနိုင်တာ
ဓန တစ်ထစ်လျော့ကာ သူမကိုယ်ထက်အုပ်မိုးထားမိသည်အားဖယ်ပေးလိုက်တော့ အတင်းကုန်းရုန်းထလာလေသည်
ပြီးတော့ သူ့ခန္ဓာကိုယ်အားမြင်တော့ အနေခက်ဟန်တစ်ဖက်သို့မျက်နှာလွဲသွားသူအား အမြင်ကတ်ကတ်နှင့်
"ဒီဘက်လှည့်"
ပကတိ မေးဖျားမှာဆွဲကိုင်ကာ လှည့်စေလိုက်မိသည်
"ဘာပြောမှာလဲ"
"ဟို...အကိုလေးက ပကတိကို ဘာလို့လက်ထပ်ချင်တာလဲ"
"လက်မထပ်ဖူးလို့ လက်ထပ်ကြည့်မလို့"
"ဟိုအဲ့ဒါဆို အကိုလေးသတို့သမီးလောင်း....'
"တခြားသူတွေမဟုတ်တဲ့ မင်းကိုပဲ မင်းတစ်ယောက်ထဲကိုပဲ ယူမှာ ဘာလို့လဲဆိုတော့ ပိုင်ဆိုင်ချင်လို့ ရပြီလား"
ဓနဖြေပြီးတော့ ခေါင်းအားငုံ့ကာ တွေးတောနေဟန်
သောက်ကျိုးနည်း....ဘာတွေထပ်မေးဦးမလို့လဲ
"ဘာလို့ပိုင်ဆိုင်ချင်တာလဲ....ဟင်"
မျက်နှာငယ်လေးဖြင့်မေးနေပုံကြောင့် ဓနထွက်လုဆဲဆဲဒေါသတို့ အထဲပြန်ဝင်သွားရသည်
"မင်းဆိုတဲ့ ရှင်းပကတိကို ငါတစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်တာ ရှင်းပြီလား"
"အချစ်မပါတဲ့ အိမ်ထောင်ရေးကအဆင်ပြေနိုင်မှာမဟုတ်ဘူး အဲ့တာမလို့...အွန့်"
ပကတိပြောစကားတို့မပြီးရင် နှုတ်ခမ်းထက်ထိတွေ့လာသော ပူနွေးနွေးအထိအတွေ့တစ်ခု
ပကတိမျက်ဝန်းတို့ ပြူးကျယ်သွားရသည်

ဓနမှာလဲ အရင်ကတခြားကောင်နဲ့လက်ထပ်ဖို့လုပ်ခဲ့တာ သူမ မဟုတ်သည့်အတိုင်း
ခုမှ အချစ်တွေဘာညာပြောနေသော သူမအား အမြင်ကတ်ကတ်နှင့် နှုတ်ခမ်းတို့အားပိတ်လိုက်မိသည်
စက္ကန့်ပိုင်းလောက်ကြာမှ သူမနှုတ်ခမ်းထက်က ဖယ်ခွာရင်း
"အခုမှ အချစ်တွေ အိမ်ထောင်ရေးတွေပြောနေရအောင် အရင်ကမင်းအကောင်တွေနဲ့လက်ထပ်ဖို့ကြံရွယ်တုန်းက အဲ့တာတွေမတွေးခဲ့ဘူးလား"
"အဲ့တာက......"
ပကတိအားစကားတို့ဆုံးအောင်ပင်ပြောခွင့်မပြု
"ဘာလဲ ငါကဦးသက်နိုင်မဟုတ်လို့လား ဦးဝေစိုးမဟုတ်လို့လား မင်းသဘောကျတဲ့ တခြားကောင်မဟုတ်လို့လား"
"ပကတိမှာ သဘောကျတဲ့သူမှမရှိတာ"
"အေး ရှိလဲငါကခွင့်ပြုမယ်ထင်လား မင်းချစ်ရမယ့်သူ သဘောကျရမယ့်သူက ငါတစ်ယောက်ထဲဆိုတာမှတ်ထား လက်ထပ်ပွဲကိုငြင်းဖို့မကြံနဲ့ ပကတိ"
"ဟင့်အင်း ပကတိလက်မထပ်ချင်ဘူး ပကတိကြောင့်အကိုလေးဒုက္ခရောက်မှာမလိုလားဘူး"
သူမစကားအား နားရှုပ်သွားစွာ
"ကျစ်.....မင်းနဲ့လက်ထပ်တာနဲ့ ငါကဘာလို့ဒုက္ခရောက်ရမှာလဲ"
"အကိုလေးမသိပါဘူး ပကတိက ပကတိချစ်ရတဲ့သူတွေကို ကံဆိုးစေခဲ့တဲ့သူပါ ပကတိဒေါ်ဒေါ်တွေဆိုပြောကြတယ် ကံဆိုးမတဲ့"
"ကျစ်!!!!မဆိုင်တာ"
"ပကတိ ဘယ်သူ့ကိုမှချစ်မှာမဟုတ်ဘူးအကိုလေး ပကတိချစ်တဲ့သူ ပကတိကြောင့်ကံဆိုးမှာ မလိုလားဘူး"
"........."
ဓန ဇွတ်တွေဒရမ်မာဆန်နေသောကောင်မလေးအားမျက်မှောင်ကြုတ်လျက်ကြည့်နေမိသည်
မသိရင် သူနဲ့လက်ထပ်ရင် ကိုယ်ကပဲကံဆိုးတော့မည့်ပုံ
အဲ့တာတွေကို ဓနဆိုတဲ့ကောင်ကယုံတာဆိုတော့လေ.....
တွေးနေရင်းတစ်စုံတစ်ခုအားအတွေးပေါက်သွားရကာ အပြုံးတို့နေရာယူလျက်
"မင်းကိုယ်မင်းကံဆိုးစေတယ်ဆို ဘာလို့တခြားသူတွေနဲ့ကျလက်ထပ်ဖို့ကြံရွယ်နေသေးတာလဲ"
"ပကတိမှ သူတို့ကိုမချစ်တာ"
"ဟားဟားဟားးးးး"
သူမအဖြေကြောင့် စိတ်လွတ်ကိုယ်လွတ်အော်ရီမိသည်အထိ
ပကတိမှာလဲ ပြောမိသည့်စကားထဲရီစရာဘာများပါသွားသည်လဲဟု မနည်းပြန်စဥ်းစားယူနေရသည်

ဓန ရီလို့အားရတော့မှ နံဘေးမှ ကောင်မလေးအားအသည်းယားစွာ
သူမခါးလေးမှ ဆွဲဖက်လိုက်တော့ အလိုက်သင့်ပါလာလေသည်
"အင့်!!!!!"
ဓန သူမနဖူးလေးအားခပ်ဖွဖွတစ်ချက်နမ်းတော့ ရင်ခွင်ထဲကရုန်းကန်ဖို့ပင်မေ့နေပုံ
ငြိမ်သက်နေစွာ
"ဆိုတော့....မင်းက ကိုယ့်ကိုစိုးရိမ်တယ်ပေါ့"
ပုံမှန်စကားပြောသည်ထက် အနည်းငယ်နူးညံ့နေသော သခင်လေးစကားပြောပုံကြောင့် ပကတိမူမမှန်သလိုခံစားရကာ ကြက်သီးတို့ပင်ဖြန်းခနဲ
သခင်လေးမှဟုတ်ရဲ့လား
ပြီးတော့ သူ့နဖူးကိုလဲ နမ်းသေးသည်တဲ့
"ကိုယ်မေးတာဖြေလေ"
"ပကတိကြောင့် အကိုလေးကိုဒုက္ခမရောက်စေချင်ဘူး"
"အဲ့တာဆိုကိုယ့်ကိုချစ်လား"
"ဟင့်အင်း"
သူမအဖြေကြောင့် ကြည်လင်နေသောစိတ်များ အနည်းငယ်လေလွင့်သွားသည်
"'ပကတိ ကိုယ်အတည်မေးနေတာ"
"ပကတိလဲ အမှန်ဖြေနေတာ အင့်...ပကတိကိုလွတ်ပါ"
ခုမှ ရုန်းကန်ရမှန်းသိစွာအတင်းရုန်းကန်နေသဖြင့် ဓန သူမကိုယ်လေးအားလွတ်ပေးလိုက်မိသည်
"စိတ်ပူမနေနဲ့ မင်းချစ်တဲ့သူမှမဟုတ်တာ"
"ဟင့်အင်း အကိုလေးက ပကတိကျေးဇူးရှင်ပါ"
ဓနစိန်အချဥ်ပေါက်လာစွာဖြင့်
"အေး အဲ့ကျေးဇူးရှင်ကအမိန့်ပေးတယ် ငါ့ကိုလက်ထပ်"
"ပကတိ လက်ထပ်လိုက်ရင် အကိုလေးအတွက်ကံဆိုး...အွန့်"
ထပ်မံအနမ်းခံလိုက်ရသော နှူတ်ခမ်းပါးကြောင့် ပကတိအသက်ရှူတောင်မှားမတတ်
ထို့နောက် ပကတိကိုယ်လေးအားသူ့ရင်ခွင်ကျယ်ထဲဆွဲပွေ့ပြီးလျှင်
"ငါ့ဘဝတစ်ခုလုံးကံကောင်းခြင်းတွေပြည့်နှက်နေခဲ့တာ မင်းကြောင့်တကယ်ကံဆိုးရတယ်ဆိုလဲ အတွေ့အကြုံအသစ်အဆန်းလေးပေါ့ကွာ"
တဲ့
ပကတိမှာတော့ သူ့စကားတွေအားနားထောင်ရင်းအနေခက်ရုံမျှမက
သူ့ရဲ့ဘာမှမပါသော ရင်ခွင်ကျယ်ကြီးကြောင့် ရှက်ရွံ့ကာထူပူနေမိသည်
ထိုမျှမက သူပေးသော အနမ်းရိုင်းတို့ကြား ပကတိရင်တုန်ကာအသက်ပါရှူဖို့မေ့သည်
မနက်ဖြန်မှာ ဘာတွေဖြစ်မှာလဲလို့ မစဥ်းစားချင်တော့ဘူး ဘာလို့လဲဆိုတော့
ဖြစ်ပျက်သွားသမျှဟာ ပကတိဦးနှောက်လေးနှင့်လိုက်မမီနိုင်တော့လို့ပင်

5.1.2023<Thu>

#ဖန်ဆင်းရှင်

继续阅读

You'll Also Like

141K 3.6K 48
အနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝ...
1.7M 70.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
51.9K 3.2K 41
" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်း...
254K 7.4K 30
" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တာကြီး မကြိုက်ပါဘူး " . " ဒီမှာ မင်း ဂုဏ်မာ...