🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(22)
တစ်နေ့ ကိုယံသည် ထူးထူးဆန်းဆန်းတိုက်ခန်းဝရံတာရှေ့ထွက်ပြီး လေကောင်းလေသန့်ရှူသည်။
"ရော့ ကိုယံ...ပူတုန်းလေးသောက်လိုက်ပါ"
"အင်း..."
ကိုယံကပြုံးပြီး ရဝေပေးသည့် ကော်ဖီခွက်ကိုယူသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်းပြုံးနေ၍ သိချင်သွားသည်။ ဘယ်အရာကများကိုယံကို ပြုံးစေလဲဆိုတာကို...
"ဒီနေ့ ဘာနေ့မို့လို့လဲ ကိုယံ့မျက်နှာလန်းနေတယ်"
"ဟုတ်လား...အစ်ကို သူငယ်ချင်းတစ်ယောက်ကိုသတိရလာလို့ ဒီနေ့က သူနဲ့အစ်ကိုရဲ့စသိခဲ့တဲ့နေ့လေ"
"ရေစက်ကောင်းပုံပဲ အဲဒီလူကို ကိုယံ ဒီလောက်ထိအလေးထားပုံပေါက်ရင်..."
"အင်း ရေစက်ကောင်းပဲ...အစ်ကိုရင်ဖွင့်သမျှနားထောင်ပေးတဲ့သူငယ်ချင်း အခုလောက်ဆို အစ်ကို့ဆီကအဆက်အသွယ်မရလို့စိတ်ပူပြီးရှာနေလောက်ပြီ"
"ကိုယံ့ကိုစိတ်ပူရင် အိမ်ကိုလာလို့ရတာပဲ လာရှာတဲ့သူမရှိပါဘူး...သူနဲ့ကဝေးလို့လား"
"အင်းဝေးတယ် သူ့အိမ်က စင်ကာပူမှာလေ...ပြီးတော့ အစ်ကိုပေးထားတဲ့အိမ်လိပ်စာက အရင်အိမ်ဟောင်း"
"အာ လိုင်းပေါ်ကနေလား?..."
"အင်း သူကအတော်ခင်ဖို့ကောင်းတယ်...မျက်နှာပေါက်ကတည်တင်းနေပေမဲ့ ပေါင်းသင်းရကောင်းတဲ့ကောင် စကားပြောတာအချိုးမပြေပေမဲ့ ခင်ဖို့တော့ကောင်းတယ်"
အဲ့ဒီလူက ကိုယံ့ကိုပျော်ရွှင်စေခဲ့ပုံပဲ။ ရဝေကျေနပ်ပါတယ်။ ခံစားချက်ကို မျှဝေလာတာကိုပဲ ကျေနပ်ပါတော့မယ်။ ရဝေလည်း တစ်ဖက်သတ်အချစ်ကို အဆုံးသတ်သင့်နေပါပြီ။
"ကိုယံဒီလောက်ထိအမွှန်းတင်နေတော့ ရဝေတောင်တွေ့ချင်လာပြီ"
"အစ်ကိုတို့ပြန်တွေ့ဖြစ်ခဲ့ကြရင် မိတ်ဆက်ပေးမယ်..."
"ဟုတ်ကဲ့"
ရဝေ ကိုယံဘေးနားမှာရပ်ကာ ဝရံတာလက်ရန်းပေါ်ကို ကော်ဖီခွက်လေးခဏတင်ထားရင်းမှ...
"အဲ့အစ်ကိုနာမည်ကဘာလဲဟင် မှတ်ထားရမယ် အစ်ကိုနဲ့အရမ်းခင်တော့ စိတ်ဝင်စားလာပြီ"
"စက်ဝန်း...နာမည်က စက်ဝန်းအလွန်လို့ခေါ်တယ်"
"ရှင်!.."
"ခွမ်း!..."
မမေးခဲ့သင့်ဘူး။ နာမည်ကို မမေးခဲ့သင့်ဘူး။
စက်ဝန်းအလွန်...အနှစ်သာရ...နှစ်ယောက်ကဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ။ နှစ်ယောက်စလုံးကကိုယံ့ဘဝရဲ့အရေးကြီးတဲ့ပတ်သတ်မှု။
"ဘာဖြစ်တာလဲ "
"ဟင့်အင်း ဘာမှမဖြစ်ဘူး"
ရဝေ ကော်ဖီခွက်ကျရာကိုငုံ့မကြည့်မိ။ လူကိုမထိသွားရင်ကောင်းမယ်။
"ကိုယံသူငယ်ချင်းနာမည်က စက်ဝန်းအလွန်"
"အင်း ဘာလို့လဲ...မင်းကသိလို့လား"
"ဟင့်အင်း နာမည်ကဆန်းလို့"
"ဟုတ်တယ်မလား"
"ဟုတ်ကဲ့..."
ရဝေ ကိုယံကို တွေးတွေးဆဆကြည့်ကာ...
"စက်ဝန်းအလွန်နဲ့အနှစ်ကျ ဘယ်အရာက ပိုအရေးကြီးလဲ ကိုယံ့အတွက်ပေါ့...သူငယ်ချင်းလား ချစ်ရသူလား..."
"မတူညီတဲ့အရာကို ရွေးချယ်ဖို့မလိုဘူးလေရဝေ"
"မဖြစ်မနေရွေးရမယ်ဆိုရင်ရော..."
ကိုယံက ဘာမှဆက်မပြောလာတော့ဘဲ တိတ်ဆိတ်သွား၏။ တစ်ကယ်က ရဝေ့မေးခွန်းကိုဘယ်လိုဖြေရမလဲစဉ်းစားနေတာဖြစ်မည်။
"တီ...တောင်"
ကိုယံ့အဖြေကို စိတ်ဝင်တစားစောင့်နေစဉ် အိမ်ရှေ့မှ ဘဲလ်တီးသံကြောင့် လူကလန့်သွားရသည်။ ဘယ်သူပါလိမ့်။ ပုံမှန်ဆို ဒီနေရာကို ဘယ်သူမှမလာပါဘူး။
"သွားကြည့်ပေးပါဦး ရဝေ..."
"ဟုတ်ကဲ့ ကိုယံခဏစောင့်နေပါ"
ကိုယံကခေါင်းငြိမ့်ပြသည်။ ရဝေအထဲကိုဝင်ကာ တံခါးကိုဖွင့်ပေးလိုက်တော့ လူတစ်ယောက်ရပ်နေသည်။ ထိုလူ့ပုံစံအရ တစ်ခုခုကိုမကျေနပ်နေသလို။ ဒီလူကို ရဝေမြင်ဖူးသည်။ စက်ဝန်းအလွန်ရဲ့သူငယ်ချင်း။
"ဘာကိစ္စလဲ..."
"ဘာကိုဘာကိစ္စရမှာလဲ မင်း ဖန်ခွက်ကိုခွဲချင်ရင် အခန်းထဲမှာခွဲလေ ဘာကိစ္စတိုက်အောက်ကိုပစ်ချရတာလဲ ဒီမှာတွေ့လား မင်းကြောင့် ခေါင်းကွဲသွားပြီ"
ထင်ရှား ဖန်ခွက်ကျထားသည့်နေရာကို လက်ညိုးထိုးပြမိသည်။ ဖန်ခွက်ပဲဆိုရင် တော်သေးတယ်။ အခုက အထဲကရေကပါ ပူနေတာ။ အတော်ကိုအီစိမ့်သွားသည်။ အဲ့တာထက် ကွဲကျသွားတာကို မသိသလိုနေတဲ့သူကြောင့် စိတ်တိုပြီး တက်လာတာဖြစ်သည်။ အနည်းဆုံးတော့ တောင်းပန်သင့်သည်။
"တောင်းပန်တယ် ကျွန်မမရည်ရွယ်ပဲဖြစ်သွားတာ...လျော်ပေးပါမယ်"
ခေါင်းကစီးကျလာတဲ့သွေးတစ်ချို့ကို ထင်ရှားလက်နဲ့အသာသုတ်လိုက်ရင်း တစ်ဖက်ကို ဒေါသထွက်စွာကြည့်မိသည်။
"လျော်ကြေးလိုချင်လို့ ကွင်ဆင်နေတဲ့ပုံပေါက်နေလို့လား ငါလိုချင်တာ တောင်းပန်စကား"
"ကျွန်မပြောပြီးပြီ တောင်းပန်တယ်လို့"
ထင်ရှားပိုပြီးစိတ်တိုသွားရသည်။ တောင်းပန်တာက သူ့အမှားကြောင့်မဟုတ်ဘဲ စိတ်မရှည်လို့တောင်းပန်နေတဲ့ပုံစံကို။
"ရော့ ဒီဆေးခန်းကိုသွားလိုက် ရဝေသော်က လွှတ်လိုက်တာလို့ပြောရင် သိလိမ့်မယ်"
ရဝေကပြောပြီးတာနဲ့တံခါးပိတ်ဖို့ပြင်သည်။ ထင်ရှားကအပိတ်မခံဘဲ အတင်းဆွဲထားသည်။ ထိုမျှသာမက ခြေတောက်ကပါ တံခါးကြားကိုညှပ်ထားလိုက်၏။
"မင်းအခုတောင်းပန်"
ရဝေတစ်ကယ်ကိုစိတ်မရှည်တော့ပေ။ တောင်းပန်ပြီးပြီ။ လျော်ကြေးပေးမယ်ပြောပြီးပြီ။ ပြီးပြီလေ။ ဒါကိုဘာလို့ထပ်ပြီးတောင်းပန်ခိုင်းနေတာလဲ။
"ဒီမှာ ရှင်ကျွန်မစကားကို မကြားဘူးလား"
"ဖြစ်ကတတ်ဆန်းတောင်းပန်တာမဟုတ်ဘဲ သေချာတောင်းပန်..."
ဖြစ်ကတတ်ဆန်း။ ဒီလူ စကားကိုမိန်းမဆန်ဆန်ပြောတတ်တာပဲ။ ရဝေ့ဘက်ကပြီးပြီးရောဆိုပြီး တောင်းပန်လိုက်တာဟုတ်သည်။ သို့သော် ရှေ့က မိန်းမနဲ့တူတဲ့လူကြောင့် မှားတယ်၊မှန်တယ် ဘာမှမစဉ်းစားဖြစ်တော့။ ဒီလိုလူကို လျှော့ပေးစရာအကြောင်းလုံးဝမရှိ။
"ဒီမှာ ရှင် ကျွန်မဆီက ပိုက်ဆံညစ်ချင်တာလား..."
"မင်းစကားကိုဆင်ခြင်ပြော...ဒီမှာနေတာချင်းတူရင် မင်းလိုလူမျိုးပဲဆိုတာသိသင့်တယ်"
"ဘယ်လိုလူမျိုးက ဘယ်လိုပါဆိုတာကို မျက်နှာမှာစာရေးထားတာမှမဟုတ်တာ ကျွန်မနဲ့ရှင် ဘာလို့တူရမှာလဲ..."
"ငါလည်းမတူပါဘူး အခုက တောင်းပန်တာကို လိုချင်ယုံပဲ"
"ကျွန်မက စကားတစ်ခွန်းကိုနှစ်ခါမပြောဘူး...ရှင်နားပင်းနေတာဆိုရင်တော့ဘယ်ကြားမလဲ...တစ်ကယ်ဆို ရှင့်ခေါင်းကဒဏ်ရာက ကျွန်မကြောင့်ဆိုတာ ဟုတ်ချင်မှဟုတ်မှာ..."
"မင်း! ဒီဒဏ်ရာက ငါ့ဘာသာလုပ်ထားတယ်လို့ပြောချင်တာလား"
"ပြောလို့ဘယ်ရမလဲ...ဖန်ခွက်ကျကွဲတုန်းက ကျွန်မအောက်ကိုကြည့်တော့ လူမရှိဘူး...ဒီဒဏ်ရာက ကျွန်မကြောင့်ဆိုတာ သက်သေရှိသလား ပြီးတော့ ကျွန်မ ရှင့်ဘာသာလုပ်တယ်လို့မပြောမိပါဘူးနော်"
အံမာ...ဗြောင်လိမ်ဗြောင်စား။
"လာ...လိုက်ခဲ့ CCTVမှာသွားကြည့်ကြမယ် ဒါဆိုအဖြေပေါ်တယ် ဒီခေါင်းက ဒဏ်ရာမင်းကြောင့်ဆိုရင် မင်းကိုအမှုဖွင့်ပြစ်မယ်"
အစက ဘာမှမပြောတော့ဘူးလို့စဉ်းစားထားတာ။ သို့သော် ဖန်ခွက်တစ်ခုလုံးကျသွားတာတောင် တစ်ချက်မှငုံ့မကြည့်သည့် သူမကြောင့် စိတ်တိုပြီးတက်လာရတာဖြစ်သည်။ ကိုယ့်ခွက်ကျသွားရင် လူကိုထိ၊မထိဆိုတာတော့ သေချာငုံ့ကြည့်သင့်တယ်မဟုတ်လား။ အဲ့လောက်တော့လူသားဆန်သင့်သည်။
"အထဲကိုခေါ်လိုက်ပါရဝေ...ညီလေးအထဲဝင်လာ...အစ်ကို့ညီမအစားအစ်ကိုကတောင်းပန်ပါတယ်"
"ကိုယံ..."
ရဝေဆီမှ ဆူဆူအောင့်အောင့်အသံ။
"ဟုတ်ကဲ့ဗျ..."
အနိုင်ရသည့်အပြုံးနှင့် အထဲကို ခပ်တည်တည်ဝင်လာသူက ထင်ရှား။ သူမ မဲ့ရွဲ့နေလို့ကို တမင်ဝင်လာတာ။
"ရဝေ ဆေးထည့်ပေးဖို့လုပ်လိုက်ပါ...ဒီကညီလေးကိုလည်းအစ်ကိုတောင်းပန်ပါတယ် အမှုဖွင့်တာထိတော့..."
"ရပါတယ်ဗျ ကျွန်တော်က တောင်းပန်တာလိုချင်ယုံပဲမို့ပါ"
ထင်ရှား ရှေ့ကအစ်ကိုကို ပြုံးကြည့်ရင်းမှဆိုမိသည်။ ညီမနဲ့အစ်ကို စိတ်ဓာတ်ချင်းက ကွာခြားလိုက်ပုံ။
ဒါနဲ့ ရှေ့ကအစ်ကိုက သိသိသာသာရင်းနှီးနေသလိုပဲ။ ဘယ်မှာမြင်ဖူးပါလိမ့်။
"ရဝေ ဆေးထည့်ဖို့..."
"ယူလာပြီ "
ထင်ရှားကြောင်သွားရ၏။ ဘာလဲ။ ဒီအစ်ကိုမျက်လုံးမမြင်ရတာလား။ သူ့ညီမကိုအနားမှာရှိတယ်ထင်ပြီး ပြောနေတာ။
"အာ့..."
အတွေးလွန်နေတုန်းမှာ ခေါင်းပေါ်ကျလာသည့် အရက်ပြန်တစ်ချို့ကြောင့် တော်တော်ကိုနာသွားသည်။
တောက်စ်...လူကိုသံလူသားများထင်နေလား။
"ဖြေးဖြေးချင်းရဝေ...
ဒီကညီလေးကိုတောင်းပန်ပါတယ်..."
"ရပါတယ်ဗျ..."
သူချိုသာနေတာကြည့်ပြီး သူ့ဘေးကမိန်းကလေးက မျက်စောင်းတထိုးထိုး။
"ကျွန်တော့်ညီမက သူနာပြုအကူသင်တန်းတက်ထားပါတယ်ဗျ စိတ်မပူပါနဲ့ ဒဏ်ရာကြီးရင်ချုပ်ပေးပါလိမ့်မယ်"
သူဘာမှမပြောဘဲခေါင်းသာငြိမ့်ပြလိုက်၏။
ကိုယံ...ရဝေသော်
သူတို့ကိုဘယ်မှာမြင်ဖူးတာပါလိမ့်။ မမှတ်မိပေမဲ့ တစ်နေရာရာမှာ မြင်ဖူးတာတော့ သေချာပါသည်။
✿............✿...........✿
"လွန်းကိုလာခေါ်ပေးနိုင်မလား စက်....နည်းနည်းမူးနေပြီ"
အနှစ်မျက်နှာကို သိသိသာသာမဲ့လိုက်သည်။ အသံကိုက နွဲ့တိနွဲ့နှောင်းနဲ့ ပျစ်ချွဲနေတာပဲ။ ဒါမျိုးတွေကြိုသိနေလို့ အလုပ်ကို တစ်ခါတည်းအပြီးဖြတ်ခဲ့တာ။ တွဲသွားတွဲလာလုပ်နေတဲ့ သတင်းတွေက မကြားချင်မှအဆုံး နယ်ဘက်ထိကို ရောက်လာတာလေ။
"ကိုကိုမအားဘူး အလုပ်ရှုပ်နေတယ်..."
"စက်မိန်းမပဲလား..."
"ဟုတ်တယ် အခုချိန်မှာ သူမိန်းမမကိုင်လို့ဘယ်သူကိုင်ရမှာလဲ..."
"မင်းမှာ တခြားသူရဲ့ privacyကိုလေးစားတတ်တဲ့အကျင့်မရှိဘူးလား..."
အော်ရယ်လိုက်ရမလား။ ယောက်ျား၊မိန်းမဆက်ဆံရေးပါဆို ဘယ်ကအရေးမပါတဲ့privacyလဲ။ လာနေတဲ့ဖုန်း ကိုင်ပေးတာကို လုပ်ပိုင်ခွင့်တွေ၊မူပိုင်ခွင့်တွေတပ်နေရဦးမှာလား။ အရေးကြီးတဲ့ဖုန်းထင်လို့ကိုင်လိုက်တာ။ သူ့ဖုန်းသာဆို ကိုင်မှာတောင်မဟုတ်ဘူး။ ဟိုလူကလည်း နာမည်ကိုမမှတ်ထားဘူး။ အလွတ်ရနေတဲ့အတိုင်းပဲ။
"ကျွန်မတို့ကလင်မယားတွေ ဒါတွေထည့်စဉ်းစားစရာမလိုဘူး "
"ဒါပေမဲ့လည်း ပြောပြလို့မရတဲ့ကိုယ်ရေးကိုယ်တာဆိုတာ ရှိတယ်..."
"ရှင်နဲ့ကိုကိုက ပြောပြလို့မရတဲ့ဆက်ဆံရေးလား အခု ဘာတွေပြောနေလဲဆိုတာ သိရဲ့လား"
"မစော်ကားနဲ့ တို့ပြောတာအဲ့လိုအဓိပ္ပါယ်မဟုတ်ဘူး...ဒီလိုပြောတာ မင်းလူရဲ့မာနဘယ်လောက်ထိခိုက်သွားမယ်ထင်နေလဲ နေရာတိုင်းမှာစည်းဆိုတာရှိတယ် သူ့မိန်းမဆိုပြီး နေရာတကာ လိုက်စွက်ဖက်မနေနဲ့"
"ဒါဆို ရှင်ပြောတာ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ ကိုယ့်ဘာသာအဖြေထုတ်ကြည့်ပါဦး...တစ်ကယ်ဆို အဖြေကသိသာနေတာမဟုတ်လား ညဘက်ကြီး သူများယောက်ျားကို မူးပြီး ဖုန်းဆက်နေကတည်းက ရှင့်ဘက်ကအတော်ဖြစ်နေတယ်ဆိုတာ သိသာတယ် ဒါက သိက္ခာရှိမိန်းမတစ်ယောက်ပုံစံမဟုတ်ဘူးနော် မလွန်းမြတ်...ကျွန်မကိုဝေမဖန်ခင် အရင်ဆုံးမမှားအောင်နေသင့်တယ်"
"တော်တော့ အနှစ်!...ကိုယ်ပြောလိုက်မယ်"
အခုမှရေချိုးခန်းထဲကထွက်လာဟန်တူသည့်ကိုကိုက အနှစ်ဆီမှာရှိနေတဲ့ သူ့ဖုန်းကိုဆွဲယူကာ ဖုန်းချပြစ်၏။
"ဘာလို့လဲ ကျွန်မက ဖုန်းလာနေလို့ဖြေပေးနေတာ..."
"အနှစ် ဧည့်သည်ကိုဧည့်သည်လို့ပဲမြင်ပေးလို့မရဘူးလား ဘာလို့စကားလုံးတွေကြမ်းရတာလဲ"
"ဧည့်သည်က ဧည့်သည်နဲ့တူအောင် နေရင် အနှစ်ဘက်ကဘာမှပြောစရာမရှိဘူး"
"ဘာဖြစ်နေတာလဲကွာ"
"ကိုကိုလိုချင်တာဒါမဟုတ်ဘူးလား အနှစ်သဝန်တိုတာလိုချင်နေတာ...ဒါကြောင့် ပတ်ဝန်းကျင်ကိုဂရုမစိုက်တာ...အနှစ် နယ်ဘက်ရောက်နေပေမဲ့ သတင်းတွေကြားတယ် ကိုကို အမြဲတမ်း သူနဲ့တတွဲတွဲရှိနေတယ်၊ သွားအတူ၊စားအတူ၊လည်အတူတဲ့ တစ်ကယ်က အနှစ်သဝန်တိုအောင်လုပ်တာဟုတ်ရဲ့လား ဒါက ကိုယ့်သိက္ခာကို ထိခိုက်အောင်လုပ်နေတာနဲ့အတူတူပဲ ကိုကိုမရှက်ဘူးလား"
အနှစ်တစ်ကယ်သိချင်မိပါ၏။ အနှစ်သဝန်တိုတာလိုချင်လို့လား၊ လွန်းမြတ်ကို ပြန်ပြီးသနားနေတာလားဆိုတာကို သိချင်ပါသည်။
"ကိုယ့်ကိုယုံပေးလို့မရဘူးလား ကိုယ်တို့ရိုးသားတယ်...ဘာလို့ ဒီလိုစကားတွေထိထွက်လာရတာလဲ"
"ကျွန်မ ကံတရားကိုမယုံဘူး...ဒီလိုနဲ့ တစ်ခုခုဖြစ်သွားရင်ရော"
ဒါက သူ့ကိုမယုံဘူးလို့ပြောတာနဲ့အတူတူပဲမဟုတ်ဘူးလား။ အနှစ်သာရ တစ်ကယ်ပဲ။
"မင်း ကိုယ့်ကိုမယုံဘူးလား"
"မယုံဘူး ကျွန်မက အပြောထက် မြင်နေရတာကိုပဲယုံကြည်တာ...ကျွန်မပတ်ဝန်းကျင်မှာ ရည်းစားဟောင်းနဲ့သူငယ်ချင်းပြန်ဖြစ်တဲ့လူတွေမရှိသလို ပိုင်ရှင်ရှိတဲ့ယောက်ျားတစ်ယောက်ကို ညဘက်ကြီးအပြင်ခေါ်ထုတ်တဲ့မိန်းကလေးက မိန်းမကောင်းပါလို့သတ်မှတ်ထားတာလည်းမရှိဘူး...အဲ့ဒါထက် ရှင်! ရှင်ကိုယ်တိုင်ကိုက လိုလိုလားလားလိုက်လျောပေးနေတာကို ကျွန်မမြင်နေရတယ် ကျေးဇူးပြုပြီး စည်းကျော်မဲ့အပြုအမူမျိုးရှောင်ပေးပါ...ကျွန်မ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်နဲ့အပြိုင်လုဖို့စိတ်ကူးမရှိဘူး"
"အနှစ်!.."
သူ့ဘက်မှ အတော်စိတ်တိုသွားပုံရကာ အော်သံနက်နက်ထွက်လာ၏။ ပြီးမှစိတ်ကိုလျှော့သွားကာ...
"နောက်မှဆက်ပြောရအောင်အနှစ် မင်း.စိတ်ငြိမ်အောင်အရင်လုပ်လိုက်ဦး စိတ်အေးသွားရင် ဒါကပုံမှန်ပဲဆိုတာ နားလည်အောင်ပြောပြမယ် ကိုယ်တို့ကြားမှာ ဘာဆက်ဆံရေးမှမရှိဘူး သူငယ်ချင်းဆက်ဆံရေးပဲ"
"မလိုဘူး အခု ရှင် သွားမှာဆိုသွား မတားဘူး...ဒါပေမဲ့ စည်းကိုတော့သတိထားပေး...ကျွန်မဘက်ကိုထိလာရင် ကျွန်မသည်းခံနေမှာမဟုတ်ဘူး"
အနှစ် သူနဲ့ဝေးရာကို ထွက်လာမိသည်။
ဒီတစ်ခါက ရွှေရည်သွန်းကိစ္စနဲ့မတူဘူး။ အသွန်းနဲ့တုန်းက သူ့ဘက်ကမကြိုက်ဘူးဆိုတာ သေချာလို့ ဘာမှမဖြစ်ခဲ့တာ။ အဲ့တာထက် ထိုအချိန်တုန်းက သူ့ကို သူမ,မချစ်မိသေး။ အခုက သူ့ရည်းစားဟောင်း။ သူချစ်ခဲ့ဖူးတဲ့သူ။ သူနဲ့လွန်းမြတ်ကိုတွဲမြင်လေ စိတ်ကသောကရောက်လေဖြစ်နေသည်။ ဒါကို သူကတစ်စက်ကလေးမှမရိပ်မိဘူးလား။
ဝန်ခံပါသည်။ သူမ ဆုံးရှုံးရမှာကြောက်သည်။
တောင်းပန်ပါတယ်ကိုကို။ အနှစ်က စိတ်ထားမပြည့်ဝတဲ့မိန်းကလေးမျိုးဖြစ်နေလို့။
ထိုနေ့ပြီးနောက်တစ်ရက်မနက် အနှစ်သည်အိမ်ကဆင်းသွားပြီး ညဘက်ကျ စက်ဝန်းသည်လည်းအမူးလွန်၍ ထင်ရှားတိုက်ခန်းဆီပါသွားလေသည်။
ဤချစ်ခြင်းမှာ ဖြောင့်တန်းနေတာမျိုးမရှိ။
✿............✿...........✿
ဒီတစ်ခါ သူတို့စကားများတာ နည်းနည်းတော့ပြင်းသည်။ အနှစ်က အိမ်ကို ပြန်မလာသလို စက်ဝန်းကလည်း လိုက်ပြီးမချော့။ တစ်ဖက်ကအေးစက်စက်ဆို တစ်ဖက်က ကပ်တတ်တတ်ဖြစ်သည်။ ပြောရမယ်ဆိုရင် မာနပြိုင်နေသလိုမျိုး။
"မင်းတို့တစ်ကယ်ပဲ မတွေ့ကြတော့ဘူးလား"
ချစ်သူနှစ်ယောက်ရန်ဖြစ်ကြလျှင် ဘေးနားကသူငယ်ချင်းတွေ ခေါင်းခြောက်ရသည်။ ယခုတွင်လည်း ကြားထဲမှာ ကန့်လန့်၊ကန့်လန့်နဲ့ ပါနေရသူကတော့ ထင်ရှား။ မွန်လေးလည်း တစ်ဖက်က အနှစ်ကို ဒါမျိုးမေးခွန်းမေးမယ်ဆိုတာ အသေအချာသိနေ၏။ အသွင်တူလို့အိမ်သူဖြစ်တာ။ အကျင့်စရိုက်တွေကတစ်ကယ်တူသည်။
"မင်းဆိုရင်ရော သွားချော့မှာလား မယုံဘူးဆိုပြီး ယတိပြတ်,ပြတ်သားခဲ့တဲ့သူကို..."
"ဒါကတော့ကွာ မင်းလည်းအနှစ်ဘယ်လောက်မာနကြီးလဲသိသားနဲ့...မင်းကဆင်ခြင်ခဲ့ရမှာ မင်းမှားတာ"
"ငါဘာမှမလုပ်ဘူး မလိုလားအပ်တာဖြစ်မှာဆိုးလို့ လူမြင်ကွင်းမှာပဲ တွဲသွားတွဲလာလုပ်ခဲ့တာ...မြန်မာပြည်မှာ လွန်းကိုကူညီမဲ့သူက ငါပဲရှိတာလေ ဒါတော့ နားလည်ပေးသင့်တယ်မဟုတ်လား အမြဲတမ်းလည်းမဟုတ်ဘူးကွာ လွန်းအကူအညီလိုတဲ့အချိန်ပဲ ငါကူညီတာ ဒါကို ငါ့ကိုမယုံသလိုပြောတာက လွန်တယ်မဟုတ်လား မင်းစဉ်းစားကြည့် ပြီးတော့ သူမှမာနရှိတာလား ငါလည်းမာနရှိတယ်"
"ငါနားလည်တယ် ဒါပေမဲ့ ညဘက်ထိဖုန်းဆက်ခေါ်တာကတော့မဟုတ်သေးဘူးစက်ဝန်း...မင်းဘာမှမပြောဘဲ လွန်းမြတ်ကိုလိုက်လျောပေးနေလို့ ကမ်းတက်နေတာ တစ်ကယ်ဆို ဒီမှာနေတာရက်ကြာနေပြီ တစ်ချို့ကိစ္စတွေကတော့ မင်းကိုမခေါ်ဘဲလည်းဖြေရှင်းလို့ရတယ် လွန်းမြတ်ဘက်ကလည်းမဟုတ်ဘူး မင်းဘက်ကသေချာရှင်းပြမှရမှာ မာနပြိုင်နေရမဲ့အခြေအနေမဟုတ်ဘူး"
ဒါကိုသူသိပါသည်။ သူ့ဘက်ကအေးဆေးနေရင် လွန်းမြတ်လည်း အချိန်တန်ရင်လက်လျော့သွားမယ်လို့စဉ်းစားထားတာကြောင့် ဖာသိဖာသာနေခြင်းဖြစ်သည်။ တစ်ကယ်ဆို အနှစ်က သူ့ကိုလုံးဝယုံပေးသင့်တယ်။ သူ့ထက် သူမ,မာနကို ပိုယုံတာကိုမကြိုက်တာဖြစ်သည်။
"ငါတို့ကြာကြာမှတစ်ခါတွေ့ဖြစ်တာ...ဘယ်သူက အနှစ်ကို စကားနားထိုးလိုက်လဲမသိဘူး ဘလိုင်းကြီးကွာ လွန်းမြတ်ကို ပြောပြစ်တာ ကြမ်းလွန်းတယ်..."
"ဒါပေမဲ့လည်း အနှစ်ကိုပြန်ခေါ်လိုက်ပါ...မင်းဘက်က ဆင်ခြင်ပေးပေါ့ အမှားကို မင်းအရင်စလုပ်တာ"
"ငါဝန်ခံတယ်...ဒါပေမဲ့ အနှစ်အရင်အိမ်ပေါ်ကဆင်းသွားတယ်"
ကျစ်...အနှစ်သာရ ဘယ်သူ့အားကိုးနဲ့ဒီလိုတွေလုပ်ရဲရတာလဲ။ ဘေးနားကသူငယ်ချင်းကလည်း သူမဘက်ကချည်း။
"ပြန်ချော့လေ ငါ့ကောင်! အနှစ်နေတဲ့နေရာကို မင်းမသိတာလည်းမဟုတ် မိန်းမဆိုတာ ချော့ရင်ပျော့တယ်ကွ"
"မင်းချော့ဖူးလို့လား..."
"ဟ မင်းကိုငါအကြံပေးနေတာ ငါ့ကိုဖဲ့ဖို့မဟုတ်ဘူး ခွေးကောင် ကူလည်းကူရသေး...ဟိုဟာကလှန်ပြချင်နေတယ်"
"ပြစရာလား ကြည့်ချင်ရင်ကိုယ့်ဟာကိုယ်ပြန်ကြည့်...အတူတူပဲ"
"ခွေးကောင်!.."
ထင်ရှားမျက်နှာနီရဲကာ သူ့ကိုဆဲပါတော့သည်။
ယောက်ျားချင်းကိုရှက်နေသေးသည်။ အခြောက်လို့ ပြောရင် သူ့မျက်နှာဒဏ်ရာဖြစ်မှာဆိုး၍ မပြောဖြစ်တော့။ ဒီကောင့်ပုံစံက အခြောက်လို့ပြောရင်တော့ တစ်ကယ်ထိုးမဲ့ပုံပဲ။
မိန်းမနဲ့မှအဆင်မပြေပါဘူးဆို မျက်နှာထက် ဒဏ်ရာရလို့မဖြစ်။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(22)
တစ္ေန႔ ကိုယံသည္ ထူးထူးဆန္းဆန္းတိုက္ခန္းဝရံတာေရွ႕ထြက္ၿပီး ေလေကာင္းေလသန႔္ရႉသည္။
"ေရာ့ ကိုယံ...ပူတုန္းေလးေသာက္လိုက္ပါ"
"အင္း..."
ကိုယံကၿပဳံးၿပီး ရေဝေပးသည့္ ေကာ္ဖီခြက္ကိုယူသည္။ ဒီေန႔မွ ထူးထူးဆန္းဆန္းၿပဳံးေန၍ သိခ်င္သြားသည္။ ဘယ္အရာကမ်ားကိုယံကို ၿပဳံးေစလဲဆိုတာကို...
"ဒီေန႔ ဘာေန႔မို႔လို႔လဲ ကိုယံ့မ်က္ႏွာလန္းေနတယ္"
"ဟုတ္လား...အစ္ကို သူငယ္ခ်င္းတစ္ေယာက္ကိုသတိရလာလို႔ ဒီေန႔က သူနဲ႔အစ္ကိုရဲ႕စသိခဲ့တဲ့ေန႔ေလ"
"ေရစက္ေကာင္းပုံပဲ အဲဒီလူကို ကိုယံ ဒီေလာက္ထိအေလးထားပုံေပါက္ရင္..."
"အင္း ေရစက္ေကာင္းပဲ...အစ္ကိုရင္ဖြင့္သမွ်နားေထာင္ေပးတဲ့သူငယ္ခ်င္း အခုေလာက္ဆို အစ္ကို႔ဆီကအဆက္အသြယ္မရလို႔စိတ္ပူၿပီးရွာေနေလာက္ၿပီ"
"ကိုယံ့ကိုစိတ္ပူရင္ အိမ္ကိုလာလို႔ရတာပဲ လာရွာတဲ့သူမရွိပါဘူး...သူနဲ႔ကေဝးလို႔လား"
"အင္းေဝးတယ္ သူ႔အိမ္က စင္ကာပူမွာေလ...ၿပီးေတာ့ အစ္ကိုေပးထားတဲ့အိမ္လိပ္စာက အရင္အိမ္ေဟာင္း"
"အာ လိုင္းေပၚကေနလား?..."
"အင္း သူကအေတာ္ခင္ဖို႔ေကာင္းတယ္...မ်က္ႏွာေပါက္ကတည္တင္းေနေပမဲ့ ေပါင္းသင္းရေကာင္းတဲ့ေကာင္ စကားေျပာတာအခ်ိဳးမေျပေပမဲ့ ခင္ဖို႔ေတာ့ေကာင္းတယ္"
အဲ့ဒီလူက ကိုယံ့ကိုေပ်ာ္႐ႊင္ေစခဲ့ပုံပဲ။ ရေဝေက်နပ္ပါတယ္။ ခံစားခ်က္ကို မွ်ေဝလာတာကိုပဲ ေက်နပ္ပါေတာ့မယ္။ ရေဝလည္း တစ္ဖက္သတ္အခ်စ္ကို အဆုံးသတ္သင့္ေနပါၿပီ။
"ကိုယံဒီေလာက္ထိအမႊန္းတင္ေနေတာ့ ရေဝေတာင္ေတြ႕ခ်င္လာၿပီ"
"အစ္ကိုတို႔ျပန္ေတြ႕ျဖစ္ခဲ့ၾကရင္ မိတ္ဆက္ေပးမယ္..."
"ဟုတ္ကဲ့"
ရေဝ ကိုယံေဘးနားမွာရပ္ကာ ဝရံတာလက္ရန္းေပၚကို ေကာ္ဖီခြက္ေလးခဏတင္ထားရင္းမွ...
"အဲ့အစ္ကိုနာမည္ကဘာလဲဟင္ မွတ္ထားရမယ္ အစ္ကိုနဲ႔အရမ္းခင္ေတာ့ စိတ္ဝင္စားလာၿပီ"
"စက္ဝန္း...နာမည္က စက္ဝန္းအလြန္လို႔ေခၚတယ္"
"ရွင္!.."
"ခြမ္း!..."
မေမးခဲ့သင့္ဘူး။ နာမည္ကို မေမးခဲ့သင့္ဘူး။
စက္ဝန္းအလြန္...အႏွစ္သာရ...ႏွစ္ေယာက္ကဘယ္လိုေတာင္တိုက္ဆိုင္ရတာလဲ။ ႏွစ္ေယာက္စလုံးကကိုယံ့ဘဝရဲ႕အေရးႀကီးတဲ့ပတ္သတ္မႈ။
"ဘာျဖစ္တာလဲ "
"ဟင့္အင္း ဘာမွမျဖစ္ဘူး"
ရေဝ ေကာ္ဖီခြက္က်ရာကိုငုံ႔မၾကည့္မိ။ လူကိုမထိသြားရင္ေကာင္းမယ္။
"ကိုယံသူငယ္ခ်င္းနာမည္က စက္ဝန္းအလြန္"
"အင္း ဘာလို႔လဲ...မင္းကသိလို႔လား"
"ဟင့္အင္း နာမည္ကဆန္းလို႔"
"ဟုတ္တယ္မလား"
"ဟုတ္ကဲ့..."
ရေဝ ကိုယံကို ေတြးေတြးဆဆၾကည့္ကာ...
"စက္ဝန္းအလြန္နဲ႔အႏွစ္က် ဘယ္အရာက ပိုအေရးႀကီးလဲ ကိုယံ့အတြက္ေပါ့...သူငယ္ခ်င္းလား ခ်စ္ရသူလား..."
"မတူညီတဲ့အရာကို ေ႐ြးခ်ယ္ဖို႔မလိုဘူးေလရေဝ"
"မျဖစ္မေနေ႐ြးရမယ္ဆိုရင္ေရာ..."
ကိုယံက ဘာမွဆက္မေျပာလာေတာ့ဘဲ တိတ္ဆိတ္သြား၏။ တစ္ကယ္က ရေဝ့ေမးခြန္းကိုဘယ္လိုေျဖရမလဲစဥ္းစားေနတာျဖစ္မည္။
"တီ...ေတာင္"
ကိုယံ့အေျဖကို စိတ္ဝင္တစားေစာင့္ေနစဥ္ အိမ္ေရွ႕မွ ဘဲလ္တီးသံေၾကာင့္ လူကလန႔္သြားရသည္။ ဘယ္သူပါလိမ့္။ ပုံမွန္ဆို ဒီေနရာကို ဘယ္သူမွမလာပါဘူး။
"သြားၾကည့္ေပးပါဦး ရေဝ..."
"ဟုတ္ကဲ့ ကိုယံခဏေစာင့္ေနပါ"
ကိုယံကေခါင္းၿငိမ့္ျပသည္။ ရေဝအထဲကိုဝင္ကာ တံခါးကိုဖြင့္ေပးလိုက္ေတာ့ လူတစ္ေယာက္ရပ္ေနသည္။ ထိုလူ႔ပုံစံအရ တစ္ခုခုကိုမေက်နပ္ေနသလို။ ဒီလူကို ရေဝျမင္ဖူးသည္။ စက္ဝန္းအလြန္ရဲ႕သူငယ္ခ်င္း။
"ဘာကိစၥလဲ..."
"ဘာကိုဘာကိစၥရမွာလဲ မင္း ဖန္ခြက္ကိုခြဲခ်င္ရင္ အခန္းထဲမွာခြဲေလ ဘာကိစၥတိုက္ေအာက္ကိုပစ္ခ်ရတာလဲ ဒီမွာေတြ႕လား မင္းေၾကာင့္ ေခါင္းကြဲသြားၿပီ"
ထင္ရွား ဖန္ခြက္က်ထားသည့္ေနရာကို လက္ညိဳးထိုးျပမိသည္။ ဖန္ခြက္ပဲဆိုရင္ ေတာ္ေသးတယ္။ အခုက အထဲကေရကပါ ပူေနတာ။ အေတာ္ကိုအီစိမ့္သြားသည္။ အဲ့တာထက္ ကြဲက်သြားတာကို မသိသလိုေနတဲ့သူေၾကာင့္ စိတ္တိုၿပီး တက္လာတာျဖစ္သည္။ အနည္းဆုံးေတာ့ ေတာင္းပန္သင့္သည္။
"ေတာင္းပန္တယ္ ကြၽန္မမရည္႐ြယ္ပဲျဖစ္သြားတာ...ေလ်ာ္ေပးပါမယ္"
ေခါင္းကစီးက်လာတဲ့ေသြးတစ္ခ်ိဳ႕ကို ထင္ရွားလက္နဲ႔အသာသုတ္လိုက္ရင္း တစ္ဖက္ကို ေဒါသထြက္စြာၾကည့္မိသည္။
"ေလ်ာ္ေၾကးလိုခ်င္လို႔ ကြင္ဆင္ေနတဲ့ပုံေပါက္ေနလို႔လား ငါလိုခ်င္တာ ေတာင္းပန္စကား"
"ကြၽန္မေျပာၿပီးၿပီ ေတာင္းပန္တယ္လို႔"
ထင္ရွားပိုၿပီးစိတ္တိုသြားရသည္။ ေတာင္းပန္တာက သူ႔အမွားေၾကာင့္မဟုတ္ဘဲ စိတ္မရွည္လို႔ေတာင္းပန္ေနတဲ့ပုံစံကို။
"ေရာ့ ဒီေဆးခန္းကိုသြားလိုက္ ရေဝေသာ္က လႊတ္လိုက္တာလို႔ေျပာရင္ သိလိမ့္မယ္"
ရေဝကေျပာၿပီးတာနဲ႔တံခါးပိတ္ဖို႔ျပင္သည္။ ထင္ရွားကအပိတ္မခံဘဲ အတင္းဆြဲထားသည္။ ထိုမွ်သာမက ေျခေတာက္ကပါ တံခါးၾကားကိုညႇပ္ထားလိုက္၏။
"မင္းအခုေတာင္းပန္"
ရေဝတစ္ကယ္ကိုစိတ္မရွည္ေတာ့ေပ။ ေတာင္းပန္ၿပီးၿပီ။ ေလ်ာ္ေၾကးေပးမယ္ေျပာၿပီးၿပီ။ ၿပီးၿပီေလ။ ဒါကိုဘာလို႔ထပ္ၿပီးေတာင္းပန္ခိုင္းေနတာလဲ။
"ဒီမွာ ရွင္ကြၽန္မစကားကို မၾကားဘူးလား"
"ျဖစ္ကတတ္ဆန္းေတာင္းပန္တာမဟုတ္ဘဲ ေသခ်ာေတာင္းပန္..."
ျဖစ္ကတတ္ဆန္း။ ဒီလူ စကားကိုမိန္းမဆန္ဆန္ေျပာတတ္တာပဲ။ ရေဝ့ဘက္ကၿပီးၿပီးေရာဆိုၿပီး ေတာင္းပန္လိုက္တာဟုတ္သည္။ သို႔ေသာ္ ေရွ႕က မိန္းမနဲ႔တူတဲ့လူေၾကာင့္ မွားတယ္၊မွန္တယ္ ဘာမွမစဥ္းစားျဖစ္ေတာ့။ ဒီလိုလူကို ေလွ်ာ့ေပးစရာအေၾကာင္းလုံးဝမရွိ။
"ဒီမွာ ရွင္ ကြၽန္မဆီက ပိုက္ဆံညစ္ခ်င္တာလား..."
"မင္းစကားကိုဆင္ျခင္ေျပာ...ဒီမွာေနတာခ်င္းတူရင္ မင္းလိုလူမ်ိဳးပဲဆိုတာသိသင့္တယ္"
"ဘယ္လိုလူမ်ိဳးက ဘယ္လိုပါဆိုတာကို မ်က္ႏွာမွာစာေရးထားတာမွမဟုတ္တာ ကြၽန္မနဲ႔ရွင္ ဘာလို႔တူရမွာလဲ..."
"ငါလည္းမတူပါဘူး အခုက ေတာင္းပန္တာကို လိုခ်င္ယုံပဲ"
"ကြၽန္မက စကားတစ္ခြန္းကိုႏွစ္ခါမေျပာဘူး...ရွင္နားပင္းေနတာဆိုရင္ေတာ့ဘယ္ၾကားမလဲ...တစ္ကယ္ဆို ရွင့္ေခါင္းကဒဏ္ရာက ကြၽန္မေၾကာင့္ဆိုတာ ဟုတ္ခ်င္မွဟုတ္မွာ..."
"မင္း! ဒီဒဏ္ရာက ငါ့ဘာသာလုပ္ထားတယ္လို႔ေျပာခ်င္တာလား"
"ေျပာလို႔ဘယ္ရမလဲ...ဖန္ခြက္က်ကြဲတုန္းက ကြၽန္မေအာက္ကိုၾကည့္ေတာ့ လူမရွိဘူး...ဒီဒဏ္ရာက ကြၽန္မေၾကာင့္ဆိုတာ သက္ေသရွိသလား ၿပီးေတာ့ ကြၽန္မ ရွင့္ဘာသာလုပ္တယ္လို႔မေျပာမိပါဘူးေနာ္"
အံမာ...ေျဗာင္လိမ္ေျဗာင္စား။
"လာ...လိုက္ခဲ့ CCTVမွာသြားၾကည့္ၾကမယ္ ဒါဆိုအေျဖေပၚတယ္ ဒီေခါင္းက ဒဏ္ရာမင္းေၾကာင့္ဆိုရင္ မင္းကိုအမႈဖြင့္ျပစ္မယ္"
အစက ဘာမွမေျပာေတာ့ဘူးလို႔စဥ္းစားထားတာ။ သို႔ေသာ္ ဖန္ခြက္တစ္ခုလုံးက်သြားတာေတာင္ တစ္ခ်က္မွငုံ႔မၾကည့္သည့္ သူမေၾကာင့္ စိတ္တိုၿပီးတက္လာရတာျဖစ္သည္။ ကိုယ့္ခြက္က်သြားရင္ လူကိုထိ၊မထိဆိုတာေတာ့ ေသခ်ာငုံ႔ၾကည့္သင့္တယ္မဟုတ္လား။ အဲ့ေလာက္ေတာ့လူသားဆန္သင့္သည္။
"အထဲကိုေခၚလိုက္ပါရေဝ...ညီေလးအထဲဝင္လာ...အစ္ကို႔ညီမအစားအစ္ကိုကေတာင္းပန္ပါတယ္"
"ကိုယံ..."
ရေဝဆီမွ ဆူဆူေအာင့္ေအာင့္အသံ။
"ဟုတ္ကဲ့ဗ်..."
အႏိုင္ရသည့္အၿပဳံးႏွင့္ အထဲကို ခပ္တည္တည္ဝင္လာသူက ထင္ရွား။ သူမ မဲ့႐ြဲ႕ေနလို႔ကို တမင္ဝင္လာတာ။
"ရေဝ ေဆးထည့္ေပးဖို႔လုပ္လိုက္ပါ...ဒီကညီေလးကိုလည္းအစ္ကိုေတာင္းပန္ပါတယ္ အမႈဖြင့္တာထိေတာ့..."
"ရပါတယ္ဗ် ကြၽန္ေတာ္က ေတာင္းပန္တာလိုခ်င္ယုံပဲမို႔ပါ"
ထင္ရွား ေရွ႕ကအစ္ကိုကို ၿပဳံးၾကည့္ရင္းမွဆိုမိသည္။ ညီမနဲ႔အစ္ကို စိတ္ဓာတ္ခ်င္းက ကြာျခားလိုက္ပုံ။
ဒါနဲ႔ ေရွ႕ကအစ္ကိုက သိသိသာသာရင္းႏွီးေနသလိုပဲ။ ဘယ္မွာျမင္ဖူးပါလိမ့္။
"ရေဝ ေဆးထည့္ဖို႔..."
"ယူလာၿပီ "
ထင္ရွားေၾကာင္သြားရ၏။ ဘာလဲ။ ဒီအစ္ကိုမ်က္လုံးမျမင္ရတာလား။ သူ႔ညီမကိုအနားမွာရွိတယ္ထင္ၿပီး ေျပာေနတာ။
"အာ့..."
အေတြးလြန္ေနတုန္းမွာ ေခါင္းေပၚက်လာသည့္ အရက္ျပန္တစ္ခ်ိဳ႕ေၾကာင့္ ေတာ္ေတာ္ကိုနာသြားသည္။
ေတာက္စ္...လူကိုသံလူသားမ်ားထင္ေနလား။
"ေျဖးေျဖးခ်င္းရေဝ...
ဒီကညီေလးကိုေတာင္းပန္ပါတယ္..."
"ရပါတယ္ဗ်..."
သူခ်ိဳသာေနတာၾကည့္ၿပီး သူ႔ေဘးကမိန္းကေလးက မ်က္ေစာင္းတထိုးထိုး။
"ကြၽန္ေတာ့္ညီမက သူနာျပဳအကူသင္တန္းတက္ထားပါတယ္ဗ် စိတ္မပူပါနဲ႔ ဒဏ္ရာႀကီးရင္ခ်ဳပ္ေပးပါလိမ့္မယ္"
သူဘာမွမေျပာဘဲေခါင္းသာၿငိမ့္ျပလိုက္၏။
ကိုယံ...ရေဝေသာ္
သူတို႔ကိုဘယ္မွာျမင္ဖူးတာပါလိမ့္။ မမွတ္မိေပမဲ့ တစ္ေနရာရာမွာ ျမင္ဖူးတာေတာ့ ေသခ်ာပါသည္။
✿............✿...........✿
"လြန္းကိုလာေခၚေပးႏိုင္မလား စက္....နည္းနည္းမူးေနၿပီ"
အႏွစ္မ်က္ႏွာကို သိသိသာသာမဲ့လိုက္သည္။ အသံကိုက ႏြဲ႕တိႏြဲ႕ေႏွာင္းနဲ႔ ပ်စ္ခြၽဲေနတာပဲ။ ဒါမ်ိဳးေတြႀကိဳသိေနလို႔ အလုပ္ကို တစ္ခါတည္းအၿပီးျဖတ္ခဲ့တာ။ တြဲသြားတြဲလာလုပ္ေနတဲ့ သတင္းေတြက မၾကားခ်င္မွအဆုံး နယ္ဘက္ထိကို ေရာက္လာတာေလ။
"ကိုကိုမအားဘူး အလုပ္ရႈပ္ေနတယ္..."
"စက္မိန္းမပဲလား..."
"ဟုတ္တယ္ အခုခ်ိန္မွာ သူမိန္းမမကိုင္လို႔ဘယ္သူကိုင္ရမွာလဲ..."
"မင္းမွာ တျခားသူရဲ႕ privacyကိုေလးစားတတ္တဲ့အက်င့္မရွိဘူးလား..."
ေအာ္ရယ္လိုက္ရမလား။ ေယာက္်ား၊မိန္းမဆက္ဆံေရးပါဆို ဘယ္ကအေရးမပါတဲ့privacyလဲ။ လာေနတဲ့ဖုန္း ကိုင္ေပးတာကို လုပ္ပိုင္ခြင့္ေတြ၊မူပိုင္ခြင့္ေတြတပ္ေနရဦးမွာလား။ အေရးႀကီးတဲ့ဖုန္းထင္လို႔ကိုင္လိုက္တာ။ သူ႔ဖုန္းသာဆို ကိုင္မွာေတာင္မဟုတ္ဘူး။ ဟိုလူကလည္း နာမည္ကိုမမွတ္ထားဘူး။ အလြတ္ရေနတဲ့အတိုင္းပဲ။
"ကြၽန္မတို႔ကလင္မယားေတြ ဒါေတြထည့္စဥ္းစားစရာမလိုဘူး "
"ဒါေပမဲ့လည္း ေျပာျပလို႔မရတဲ့ကိုယ္ေရးကိုယ္တာဆိုတာ ရွိတယ္..."
"ရွင္နဲ႔ကိုကိုက ေျပာျပလို႔မရတဲ့ဆက္ဆံေရးလား အခု ဘာေတြေျပာေနလဲဆိုတာ သိရဲ႕လား"
"မေစာ္ကားနဲ႔ တို႔ေျပာတာအဲ့လိုအဓိပၸါယ္မဟုတ္ဘူး...ဒီလိုေျပာတာ မင္းလူရဲ႕မာနဘယ္ေလာက္ထိခိုက္သြားမယ္ထင္ေနလဲ ေနရာတိုင္းမွာစည္းဆိုတာရွိတယ္ သူ႔မိန္းမဆိုၿပီး ေနရာတကာ လိုက္စြက္ဖက္မေနနဲ႔"
"ဒါဆို ရွင္ေျပာတာ ဘယ္လိုအဓိပၸါယ္လဲဆိုတာ ကိုယ့္ဘာသာအေျဖထုတ္ၾကည့္ပါဦး...တစ္ကယ္ဆို အေျဖကသိသာေနတာမဟုတ္လား ညဘက္ႀကီး သူမ်ားေယာက္်ားကို မူးၿပီး ဖုန္းဆက္ေနကတည္းက ရွင့္ဘက္ကအေတာ္ျဖစ္ေနတယ္ဆိုတာ သိသာတယ္ ဒါက သိကၡာရွိမိန္းမတစ္ေယာက္ပုံစံမဟုတ္ဘူးေနာ္ မလြန္းျမတ္...ကြၽန္မကိုေဝမဖန္ခင္ အရင္ဆုံးမမွားေအာင္ေနသင့္တယ္"
"ေတာ္ေတာ့ အႏွစ္!...ကိုယ္ေျပာလိုက္မယ္"
အခုမွေရခ်ိဳးခန္းထဲကထြက္လာဟန္တူသည့္ကိုကိုက အႏွစ္ဆီမွာရွိေနတဲ့ သူ႔ဖုန္းကိုဆြဲယူကာ ဖုန္းခ်ျပစ္၏။
"ဘာလို႔လဲ ကြၽန္မက ဖုန္းလာေနလို႔ေျဖေပးေနတာ..."
"အႏွစ္ ဧည့္သည္ကိုဧည့္သည္လို႔ပဲျမင္ေပးလို႔မရဘူးလား ဘာလို႔စကားလုံးေတြၾကမ္းရတာလဲ"
"ဧည့္သည္က ဧည့္သည္နဲ႔တူေအာင္ ေနရင္ အႏွစ္ဘက္ကဘာမွေျပာစရာမရွိဘူး"
"ဘာျဖစ္ေနတာလဲကြာ"
"ကိုကိုလိုခ်င္တာဒါမဟုတ္ဘူးလား အႏွစ္သဝန္တိုတာလိုခ်င္ေနတာ...ဒါေၾကာင့္ ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္တာ...အႏွစ္ နယ္ဘက္ေရာက္ေနေပမဲ့ သတင္းေတြၾကားတယ္ ကိုကို အၿမဲတမ္း သူနဲ႔တတြဲတြဲရွိေနတယ္၊ သြားအတူ၊စားအတူ၊လည္အတူတဲ့ တစ္ကယ္က အႏွစ္သဝန္တိုေအာင္လုပ္တာဟုတ္ရဲ႕လား ဒါက ကိုယ့္သိကၡာကို ထိခိုက္ေအာင္လုပ္ေနတာနဲ႔အတူတူပဲ ကိုကိုမရွက္ဘူးလား"
အႏွစ္တစ္ကယ္သိခ်င္မိပါ၏။ အႏွစ္သဝန္တိုတာလိုခ်င္လို႔လား၊ လြန္းျမတ္ကို ျပန္ၿပီးသနားေနတာလားဆိုတာကို သိခ်င္ပါသည္။
"ကိုယ့္ကိုယုံေပးလို႔မရဘူးလား ကိုယ္တို႔႐ိုးသားတယ္...ဘာလို႔ ဒီလိုစကားေတြထိထြက္လာရတာလဲ"
"ကြၽန္မ ကံတရားကိုမယုံဘူး...ဒီလိုနဲ႔ တစ္ခုခုျဖစ္သြားရင္ေရာ"
ဒါက သူ႔ကိုမယုံဘူးလို႔ေျပာတာနဲ႔အတူတူပဲမဟုတ္ဘူးလား။ အႏွစ္သာရ တစ္ကယ္ပဲ။
"မင္း ကိုယ့္ကိုမယုံဘူးလား"
"မယုံဘူး ကြၽန္မက အေျပာထက္ ျမင္ေနရတာကိုပဲယုံၾကည္တာ...ကြၽန္မပတ္ဝန္းက်င္မွာ ရည္းစားေဟာင္းနဲ႔သူငယ္ခ်င္းျပန္ျဖစ္တဲ့လူေတြမရွိသလို ပိုင္ရွင္ရွိတဲ့ေယာက္်ားတစ္ေယာက္ကို ညဘက္ႀကီးအျပင္ေခၚထုတ္တဲ့မိန္းကေလးက မိန္းမေကာင္းပါလို႔သတ္မွတ္ထားတာလည္းမရွိဘူး...အဲ့ဒါထက္ ရွင္! ရွင္ကိုယ္တိုင္ကိုက လိုလိုလားလားလိုက္ေလ်ာေပးေနတာကို ကြၽန္မျမင္ေနရတယ္ ေက်းဇူးျပဳၿပီး စည္းေက်ာ္မဲ့အျပဳအမူမ်ိဳးေရွာင္ေပးပါ...ကြၽန္မ ေယာက္်ားတစ္ေယာက္ကို မိန္းမတစ္ေယာက္နဲ႔အၿပိဳင္လုဖို႔စိတ္ကူးမရွိဘူး"
"အႏွစ္!.."
သူ႔ဘက္မွ အေတာ္စိတ္တိုသြားပုံရကာ ေအာ္သံနက္နက္ထြက္လာ၏။ ၿပီးမွစိတ္ကိုေလွ်ာ့သြားကာ...
"ေနာက္မွဆက္ေျပာရေအာင္အႏွစ္ မင္း.စိတ္ၿငိမ္ေအာင္အရင္လုပ္လိုက္ဦး စိတ္ေအးသြားရင္ ဒါကပုံမွန္ပဲဆိုတာ နားလည္ေအာင္ေျပာျပမယ္ ကိုယ္တို႔ၾကားမွာ ဘာဆက္ဆံေရးမွမရွိဘူး သူငယ္ခ်င္းဆက္ဆံေရးပဲ"
"မလိုဘူး အခု ရွင္ သြားမွာဆိုသြား မတားဘူး...ဒါေပမဲ့ စည္းကိုေတာ့သတိထားေပး...ကြၽန္မဘက္ကိုထိလာရင္ ကြၽန္မသည္းခံေနမွာမဟုတ္ဘူး"
အႏွစ္ သူနဲ႔ေဝးရာကို ထြက္လာမိသည္။
ဒီတစ္ခါက ေ႐ႊရည္သြန္းကိစၥနဲ႔မတူဘူး။ အသြန္းနဲ႔တုန္းက သူ႔ဘက္ကမႀကိဳက္ဘူးဆိုတာ ေသခ်ာလို႔ ဘာမွမျဖစ္ခဲ့တာ။ အဲ့တာထက္ ထိုအခ်ိန္တုန္းက သူ႔ကို သူမ,မခ်စ္မိေသး။ အခုက သူ႔ရည္းစားေဟာင္း။ သူခ်စ္ခဲ့ဖူးတဲ့သူ။ သူနဲ႔လြန္းျမတ္ကိုတြဲျမင္ေလ စိတ္ကေသာကေရာက္ေလျဖစ္ေနသည္။ ဒါကို သူကတစ္စက္ကေလးမွမရိပ္မိဘူးလား။
ဝန္ခံပါသည္။ သူမ ဆုံးရႈံးရမွာေၾကာက္သည္။
ေတာင္းပန္ပါတယ္ကိုကို။ အႏွစ္က စိတ္ထားမျပည့္ဝတဲ့မိန္းကေလးမ်ိဳးျဖစ္ေနလို႔။
ထိုေန႔ၿပီးေနာက္တစ္ရက္မနက္ အႏွစ္သည္အိမ္ကဆင္းသြားၿပီး ညဘက္က် စက္ဝန္းသည္လည္းအမူးလြန္၍ ထင္ရွားတိုက္ခန္းဆီပါသြားေလသည္။
ဤခ်စ္ျခင္းမွာ ေျဖာင့္တန္းေနတာမ်ိဳးမရွိ။
✿............✿...........✿
ဒီတစ္ခါ သူတို႔စကားမ်ားတာ နည္းနည္းေတာ့ျပင္းသည္။ အႏွစ္က အိမ္ကို ျပန္မလာသလို စက္ဝန္းကလည္း လိုက္ၿပီးမေခ်ာ့။ တစ္ဖက္ကေအးစက္စက္ဆို တစ္ဖက္က ကပ္တတ္တတ္ျဖစ္သည္။ ေျပာရမယ္ဆိုရင္ မာနၿပိဳင္ေနသလိုမ်ိဳး။
"မင္းတို႔တစ္ကယ္ပဲ မေတြ႕ၾကေတာ့ဘူးလား"
ခ်စ္သူႏွစ္ေယာက္ရန္ျဖစ္ၾကလွ်င္ ေဘးနားကသူငယ္ခ်င္းေတြ ေခါင္းေျခာက္ရသည္။ ယခုတြင္လည္း ၾကားထဲမွာ ကန႔္လန႔္၊ကန႔္လန႔္နဲ႔ ပါေနရသူကေတာ့ ထင္ရွား။ မြန္ေလးလည္း တစ္ဖက္က အႏွစ္ကို ဒါမ်ိဳးေမးခြန္းေမးမယ္ဆိုတာ အေသအခ်ာသိေန၏။ အသြင္တူလို႔အိမ္သူျဖစ္တာ။ အက်င့္စ႐ိုက္ေတြကတစ္ကယ္တူသည္။
"မင္းဆိုရင္ေရာ သြားေခ်ာ့မွာလား မယုံဘူးဆိုၿပီး ယတိျပတ္,ျပတ္သားခဲ့တဲ့သူကို..."
"ဒါကေတာ့ကြာ မင္းလည္းအႏွစ္ဘယ္ေလာက္မာနႀကီးလဲသိသားနဲ႔...မင္းကဆင္ျခင္ခဲ့ရမွာ မင္းမွားတာ"
"ငါဘာမွမလုပ္ဘူး မလိုလားအပ္တာျဖစ္မွာဆိုးလို႔ လူျမင္ကြင္းမွာပဲ တြဲသြားတြဲလာလုပ္ခဲ့တာ...ျမန္မာျပည္မွာ လြန္းကိုကူညီမဲ့သူက ငါပဲရွိတာေလ ဒါေတာ့ နားလည္ေပးသင့္တယ္မဟုတ္လား အၿမဲတမ္းလည္းမဟုတ္ဘူးကြာ လြန္းအကူအညီလိုတဲ့အခ်ိန္ပဲ ငါကူညီတာ ဒါကို ငါ့ကိုမယုံသလိုေျပာတာက လြန္တယ္မဟုတ္လား မင္းစဥ္းစားၾကည့္ ၿပီးေတာ့ သူမွမာနရွိတာလား ငါလည္းမာနရွိတယ္"
"ငါနားလည္တယ္ ဒါေပမဲ့ ညဘက္ထိဖုန္းဆက္ေခၚတာကေတာ့မဟုတ္ေသးဘူးစက္ဝန္း...မင္းဘာမွမေျပာဘဲ လြန္းျမတ္ကိုလိုက္ေလ်ာေပးေနလို႔ ကမ္းတက္ေနတာ တစ္ကယ္ဆို ဒီမွာေနတာရက္ၾကာေနၿပီ တစ္ခ်ိဳ႕ကိစၥေတြကေတာ့ မင္းကိုမေခၚဘဲလည္းေျဖရွင္းလို႔ရတယ္ လြန္းျမတ္ဘက္ကလည္းမဟုတ္ဘူး မင္းဘက္ကေသခ်ာရွင္းျပမွရမွာ မာနၿပိဳင္ေနရမဲ့အေျခအေနမဟုတ္ဘူး"
ဒါကိုသူသိပါသည္။ သူ႔ဘက္ကေအးေဆးေနရင္ လြန္းျမတ္လည္း အခ်ိန္တန္ရင္လက္ေလ်ာ့သြားမယ္လို႔စဥ္းစားထားတာေၾကာင့္ ဖာသိဖာသာေနျခင္းျဖစ္သည္။ တစ္ကယ္ဆို အႏွစ္က သူ႔ကိုလုံးဝယုံေပးသင့္တယ္။ သူ႔ထက္ သူမ,မာနကို ပိုယုံတာကိုမႀကိဳက္တာျဖစ္သည္။
"ငါတို႔ၾကာၾကာမွတစ္ခါေတြ႕ျဖစ္တာ...ဘယ္သူက အႏွစ္ကို စကားနားထိုးလိုက္လဲမသိဘူး ဘလိုင္းႀကီးကြာ လြန္းျမတ္ကို ေျပာျပစ္တာ ၾကမ္းလြန္းတယ္..."
"ဒါေပမဲ့လည္း အႏွစ္ကိုျပန္ေခၚလိုက္ပါ...မင္းဘက္က ဆင္ျခင္ေပးေပါ့ အမွားကို မင္းအရင္စလုပ္တာ"
"ငါဝန္ခံတယ္...ဒါေပမဲ့ အႏွစ္အရင္အိမ္ေပၚကဆင္းသြားတယ္"
က်စ္...အႏွစ္သာရ ဘယ္သူ႔အားကိုးနဲ႔ဒီလိုေတြလုပ္ရဲရတာလဲ။ ေဘးနားကသူငယ္ခ်င္းကလည္း သူမဘက္ကခ်ည္း။
"ျပန္ေခ်ာ့ေလ ငါ့ေကာင္! အႏွစ္ေနတဲ့ေနရာကို မင္းမသိတာလည္းမဟုတ္ မိန္းမဆိုတာ ေခ်ာ့ရင္ေပ်ာ့တယ္ကြ"
"မင္းေခ်ာ့ဖူးလို႔လား..."
"ဟ မင္းကိုငါအႀကံေပးေနတာ ငါ့ကိုဖဲ့ဖို႔မဟုတ္ဘူး ေခြးေကာင္ ကူလည္းကူရေသး...ဟိုဟာကလွန္ျပခ်င္ေနတယ္"
"ျပစရာလား ၾကည့္ခ်င္ရင္ကိုယ့္ဟာကိုယ္ျပန္ၾကည့္...အတူတူပဲ"
"ေခြးေကာင္!.."
ထင္ရွားမ်က္ႏွာနီရဲကာ သူ႔ကိုဆဲပါေတာ့သည္။
ေယာက္်ားခ်င္းကိုရွက္ေနေသးသည္။ အေျခာက္လို႔ ေျပာရင္ သူ႔မ်က္ႏွာဒဏ္ရာျဖစ္မွာဆိုး၍ မေျပာျဖစ္ေတာ့။ ဒီေကာင့္ပုံစံက အေျခာက္လို႔ေျပာရင္ေတာ့ တစ္ကယ္ထိုးမဲ့ပုံပဲ။
မိန္းမနဲ႔မွအဆင္မေျပပါဘူးဆို မ်က္ႏွာထက္ ဒဏ္ရာရလို႔မျဖစ္။
✿............✿...........✿
ဆက္ရန္