Let me Love you
By hhi_hein
7.4K 1K 147
You can run away from me as much as you like, But in the end you have to come back to me , love โ™ก More
LMLY (1)
LMLY (2)
LMLY (4)
LMLY (5)
LMLY (6)
LMLY (7)
LMLY (8)
LMLY ( 9 )
LMLY (3)
581 105 5
By hhi_hein
Unicode
Jennie ရဲ့ အတန်းချိန်ပြီးတော့
နေ့လည်စာစားချိန်ရောက်နေပြီ ။
စောနကတည်းက Joohyun
က ‌နေ့လည်စာစားဖို့အတွက်
သူစောင့်နေမယ့်စားသောက်ဆိုင်
လိပ်စာလှမ်းပို့
ထားတာမို့ သူမ အဲ့ကိုပဲ
ထွက်လာလိုက်သည် ။
တစ်ခါတည်းစောင့်ပြီး
အတူတူသွားလိုက်ရင် Jennie
ကားမောင်းစရာ လိုမှာ မဟုတ်ဘူး ။
အခုတော့...Joohyun စုတ် !
စားသောက်ဆိုင်ထဲရောက်လာတော့
Joohyun က ဘေးမှာ လူတစ်ယောက်
နှင့်အတူ ထိုင်နေသည် ။
မိုးမမြင်လေမမြင် ပြုံးပျော်နေတယ့်
သူမ သူငယ်ချင်းရဲ့ မျက်နှာကို
မြင်လိုက်ရတည်းက အဲ့တစ်ယောက်
Kang Seulgi ဆိုတယ့်
Joohyun ရည်းစားဖြစ်မယ်ဆိုတာ
Jennie သိလိုက်သည် ။
ရည်းစားနဲ့အတူတူသွားမှာမို့
Jennie ကိုတောင် မစောင့်တာကိုး ။
အတော်လေး အားကိုးရတယ့်
သူငယ်ချင်းဖြစ်သည်  ။
Jennieခုံမှာဝင်ထိုင်လိုက်တော့
Joohyun ကနေပြီး
" Jennie...ဒါက Seulgi တယ့် ။
ငါ့ချစ်သူလေ...။ Seul...ဒါက Jennie
တယ့် ငါ့သူငယ်ချင်း...။ ဟိုတစ်ခေါက်
Seul ကို ဝိုင်လာပို့ပေးတယ့်
တစ်ယောက်လေ မှတ်မိလား..."
Joohyun က မိတ်ဆက်မေးတော့
Seulgi ဆိုတယ့်သူက တစ်ခုခုကို
သတိရသွားဟန်နှင့်
"အာ...ဟိုတစ်ခေါက် Jisoo နဲ့
တွေ့သွားတယ့် ကောင်မလေးဆိုတာ
မှတ်လား...။ ဒီက Jennie ကို
သူ Delivery နဲ့မှားသွားတာလေ..."
Jennie ရှက်ရှက်နဲ့ပဲ
ခေါင်းညိမ့်ပြလိုက်သည် ။ Seulgi
ကတော့ ဟက်ခနဲ ရယ်ချပြီး
" အဲ့တုန်းက Jisooက အိမ်လာလည်
တာလေ ။ အဲ့တာ Jennie
လာပို့တော့ သူ့ဟာသူထွက်ယူလိုက်တာ ။
ပြီးတော့ အိပ်ချင်မူးတူးနဲ့
ပြောချင်တာတွေပြောလိုက်တာ...Jennie
ကို အားနာလိုက်တာ "
Seulgi က တောင်းပန်ရှာသည် ။
Jennie အသာ ခေါင်းခါလိုက်ကာ
ပြုံးပြရင်း
" မဟုတ်တာ...ရပါတယ် "
တကယ်တော့ အဲ့နေ့က
Jennie တော်တော်လေးတင်းသွားခဲ့တာ
ဖြစ်သည် ။
သူမကိုများ Delivery နဲ့
မှားရတယ်လို့လေ ။
ဒါပေမယ့်လည်း Jennie က
ပိုပြီး အပြစ်ကြီးတာပေါ့ ။
စိတ်ထဲက Kim Jisooကို
ထင်ချင်သလိုထင်ပြီး
ကျိန်ဆဲနေမိခဲ့တာလေ ။
" ပြီးတော့ Jisoo က Joohyun ရဲ့
ရည်းစားမဟုတ်ပါဘူးနော်...။ စောနက
hyun ပြောပြလို့ ရယ်နေရတယ်..."
Seulgi ပြောတော့ Joohyunဆီ
အကြည့်ရောက်သွားသည် ။
ဘာတွေလျှောက်ဖွထားပြန်ပြီလဲ ။
" Jennie က
အမြဲတလွဲထင်ပြီး သူ့ဟာသူ
ကောက်ချက်ချတယ့် အကျင့်
ရှိတယ် ။ အခုလည်း အဲ့လိုပဲလေ
Hyun နဲ့ Jisoo ကိုများ တွဲနေတယ်လို့
ထင်ရတယ်လို့  "
Joohyun ကို မျက်စောင်း
ကြီးကြီးတစ်ချက်ထိုးပစ်လိုက်တယ် ။
" ဒါနဲ့ Yujin ကို စာပြပေးရတာ
အဆင်ပြေရဲ့လား..."
" အော်...ဟုတ် ။ အဆင်ပြေပါတယ် "
" သူက နဂိုတည်းက စာတော်တယ်လေ "
" ဟုတ်မယ်နော် ။ သင်ရတာ
တော်တော်လေး လွယ်ကူတယ် "
" Jisoo နဲ့ကော စကားပြောဖြစ်ရဲ့လား "
" ဟင့်အင်း ‌မပြောဖြစ်ဘူး ။
စာပြပြီးပထမတစ်ရက်ပဲ သူ့ကို
တစ်ခေါက်တွေ့လိုက်တယ် ။ နောက်ရက်
တွေ ယတော့ မတွေ့တော့ဘူး..."
သူမ စာပြပေးတာ
တစ်ပတ်ကျော်ကျော်ရှိသွားပြီလေ ။
ပထမတစ်ရက်ကလွဲရင်
Kim Jisoo ကို သူမ
မတွေ့ရတော့ဘူး ။
အဲ့တာကလည်း ကောင်းပါတယ် ။
မဟုတ်ရင် Jennie  တစ်ယောက်တည်း
စိတ်ထဲကနေ
မျက်နှာပူနေရမှာ ။
" အော်...ဟုတ်သားပဲ ။ နောက်အပတ်ထဲ
သူ့ Company က Game အသစ်
တစ်ခု မိတ်ဆက်မှာလေ ။
အဲ့တာကြောင့် သူအလုပ်ရှုပ်နေတာ
နေမယ် ။ details ကျကျကို
စစ်ဆေးပြင်‌ဆင်နေတာ...။
ပြီးတော့သူက အလုပ်လုပ်ပြီဆို
Robot လိုပဲ မရပ်မနားလေ...။
 လုံးဝကို non-stop ပဲ "
" ဟုတ်တယ် ။ Jisoo က
အလုပ်အရမ်းလုပ်တာ ။ ငါ့ဘေးက
တစ်စုံတစ်ယောက်နဲ့များ ကွာခြားသလား
မမေးနဲ့ "
Joohyun က ပြောတော့ Seulgi
မျက်နှာကြီးဆူပုတ်သွားသည် ။
ဒါပေမယ့်လည်း Joohyun က
ပြန်ချော့တော့ ဟိုကခဏလေးပဲ
ပြန်ပျော့သွားပြန်သည် ။
တစ်ကယ်ပါပဲ...အတွဲတွေဟာလေ ။
-
Yujin ကို ကျောင်းကြိုပြီး
အိမ်ပြန်တော့ လမ်းမှာမီးပွိုင့်မိနေသည် ။
အလုပ်နဲ့ မအားတာကြောင့်
ကျောင်းအကြိုအပို့ါထိ
လုပ်ပေးလေ့မရှိပေမယ့်
ကျောင်းကြိုကျောင်းပို့အတွက်
ငှားပေးထားတယ့် Driver ကောင်မလေး
က ဒီနေ့တစ်ရက် ခွင့်ယူထားသည် ။
Driver ကိုမိန်းကလေးငှားပေးထားတာက
ယောကျာ်းလေးတွေနဲ့ သူ့ညီမလေးကို
စိတ်မချလို့ဖြစ်သည် ။
လူဆိုတာ ပြောလို့ရတာမှ
မဟုတ်တာ ။
အခုက Company မှာ
အလုပ်လုပ်နေရင်းကနေ ထွက်လာပြီး
လာကြိုတာဖြစ်သည် ။
Yujin က Taxi ငှားပြီးပဲ ပြန်လိုက်မယ်
ပြောပေမယ့် တစ်ယောက်တည်း
Taxi စီးလွှတ်လိုက်ဖို့ကို
စိတ်မချတာကြောင့် ကိုယ်တိုင်လာ
ကြိုရခြင်း ။
မှောင်ခါနီးနေပြီမို့ Taxi ကို
မိန်းကလေးတစ်ယောက်တည်းစီးဖို့
မသင့်တော်ဘူးလေ ။
မီးပွိုင့်စောင့်ရင်း ဘေးဘီ
ဝေ့ကြည့်လိုက်တော့
သူတို့ရဲ့ တဖက်လမ်းက  ပလက်ဖောင်း
ပေါ်မှာ လမ်းလျှောက်လာတယ့်
မိန်းကလေး ။ အဲ့တစ်ယောက်ကို
Jisoo မှတ်မိတယ် ။ ဟိုတစ်ခေါက်
Seulgi အိမ်မှာ သူ့ကို
စွာသွားတယ့် ကောင်မလေး
ဖြစ်သည် ။
Yujin ကလည်း
သူငေးကြည့်နေတယ့်နေရာလိုက်
ကြည့်ပြီး
" အယ်...ဟိုအစ်မ ပဲ  "
" သိလို့လား "
" အင်းလေ...။ ညီမလေးကို
စာပြပေးနေတယ့် College က
Professor ‌ဆိုတယ့် သူလေ ။ ငှားပဲ
ငှားပေးထားပြီး တစ်ချိန်လုံး အိမ်မှ
မကပ်တာ ဘယ်သိမှာလဲ..."
" Kim Jennie ဆိုတာလား "
Yujin က ခေါင်းညိမ့်ပြသည် ။
ဒီရက်ပိုင်းအလုပ်ရှူပ်နေတာမို့
Company မှာ နောက်ကျတယ့်
အထိနေဖြစ်နေ‌တာလေ ။
ဒါကြောင့် အဲ့တစ်ယောက်
စာလာသင်ရင် သူ မသိတာ ဖြစ်မည် ။
" Wow! Kim Jisoo တို့ကတော့...!
ကိုယ့်ညီမလေးကို စာပြပေးနေတယ့်
လူမှန်းတောင်မသိဘဲ ငေးနေတာ...အံ့ဩမိတယ် ။ အဲ့အစ်မ လှတာသိပေမယ့်
ငါ့အစ်မကို ဖမ်းစားနိုင်တယ့်အထိ
လှမှန်း သတိမထားမိခဲ့ဘူး..."
Yujin က သူ့ကို
စနေတာမို့ Jisoo မကြည်ကြည့်နဲ့
ကြည့်လိုက်သည် ။
" ငေးတာမဟုတ်ဘူး ။ မြင်ဖူးတယ်
ထင်လို့ ကြည့်လိုက်တာ "
" ဟုတ်လား ။ ဘယ်မှာ
မြင်ဖူးတာလဲ "
" မသိဘူး...။ နင်ဘာလို့ ဒီလောက်
အမေးအမြန်းထူနေတာလဲ "
Yujin က သူ့စကားကို
မသိချင်ယောင်ဆောင်ကာ
ပုခုံးနှစ်ဖက်တွန့်ပြသည် ။ စတာ
ရပ်တန့်သွားပြီ ထင်လိုက်ပေမယ့်
မရပ်တန့်သွားခဲ့ ။
" ဖူးစာဟောတမ်းထဲမှာ မြင်ဖူးတာလား ။
အိမ်မက်ထဲမှာ မြှားနတ်မောင်က
လာပြသွားတာလား..."
" တော်လိုက်တော့ Kim Yujin
မဟုတ်ရင် နင့်ကို ကားပေါ်က
ပစ်ချခဲ့မှာ "
ရပ်တန့်ဖို့ စိတ်ကူးမရှိသော
Yujin ရဲ့ ရယ်သံတွေသာ အိမ်ပြန်လမ်း
တစ်လျှောက်လုံး ပျံ့လွင့်နေတော့သည် ။
-
Yujin ကို အိမ်ပြန်ပို့ပြီးတော့
Seulgi က ဖုန်းဆက်သည် ။
ဘာမှမပြောဘဲ အိမ်ကိုလာခဲ့ဖို့
ပြောသည် ။ ဒါကြောင့် Jisoo
Company ခဏဝင်ကာ ယူစရာရှိတာ
တွေဝင်ယူပြီး Seulgi ဆီ
ထွက်လာခဲ့သည် ။
အချိန်ကတော့ မှောင်စပျိုးနေပြီ ။
သောက်ဖို့များ ခေါ်သလားမသိ။ 
Seulgi ရဲ့တိုက်ခန်းရှေ့ရောက်တော့
သူဒီညအိမ်ပြန်နောက်ကျမယ့်
အကြောင်း Yujin ကို message
ပို့လိုက်သည် ။
ပြီးတော့ စာရိုက်နေရင်းပင်
အိမ်တံခါးဖွင့်လာလို့ ဝင်မယ်
လုပ်တော့ မဖယ်ဘဲ သူ့ရှေ့
ရပ်နေတာကြောင့်
ကြည့်လိုက်မိသည် ။
သူ့ရှေ့ရပ်နေတာက Seulgi
မဟုတ်ဘဲ ဟိုမိန်းကလေးဖြစ်နေတာမို့
အနည်းငယ် အံ့ဩသွားမိသည် ။
ရုတ်တရက်များ တိုက်ခန်းမှား
သွားလားလို့ ထင်မိပေမယ့်
သူမှားစရာ အကြောင်းမှ
မရှိတာ ။
Kang Seulgi ရဲ့ တိုက်ခန်းဆီကို
မျက်စိမှိတ်ပြီး လာရင်တောင်
တန်းတန်းရောက်တယ့်အထိ
ဒီနေရာကို အကျွမ်းတဝင်
ရှိပြီးသား ။
" အယ်...ဟို...ဝင်...ဝင်ပါ "
စကားအထစ်ထစ်နဲ့
မိန်းကလေးကို ခေါင်းညိမ့်ပြရင်း
တိုက်ခန်းထဲ ဝင်လာခဲ့လိုက်သည် ။
သူဝင်လာတော့ Seulgi ကို မတွေ့ ။
Joohyun က ဧည့်ခန်းက စားပွဲပေါ်မှာ
စားစရာတွေ ၊ သောက်စရာတွေ
နေရာချနေသည် ။
ဆိုဖာဆီ ဝင်ထိုင်လိုက်ပြီး
" Seulgi ကော "
" မီးဖိုချောင်ထဲမှာ...။ နင်ဟယ်
သူငယ်ချင်းတွေနဲ့ တွေ့တုန်းကို အဲ့
အလုပ် လုပ်ရဲလုပ်ကြည့်နော်...ငါနဲ့တွေ့မယ် "
Kim Jisoo ကို လက်သီးတကဲကဲ
ပြနေသော Joohyun ကို
မြင်တော့ အတော်လေး ရင်းနှီးကြပါလားလို့ တွေးမိသွားသည် ။
Joohyun က မီး‌ဖိုချောင်ဘက်
ပြန်သွားတော့ သူမနဲ့ Kim Jisoo
နှစ်ယောက်တည်း ဧည့်ခန်းထဲမှာ
ကျန်နေခဲ့သည် ။
Joohyun ခြိမ်းခြောက်ထားလို့လား
မသိ ။ Kim Jisooက သူ့ရဲ့ Laptop
အိတ်ကို ဘေးချထားပြီး ‌တောင်ကြည့်
မြောက်ကြည့် လုပ်နေသည် ။
Kim Jisoo က
လူကို သက်သောင့်သက်သာ
မရှိအောင် လုပ်ဖို့များ
မွေးဖွားလာသလားလို့
တွေးမိသွားသည် ။
သူမကို ဘာမှလည်း မပြောမဆို ၊
အကြည့်ချင်းဆုံရင်လည်း
အူတူတူရုပ်နဲ့မို့ Jennie တစ်ယောက်
ချွေးဇောပျံနေရသည် ။
ခဏနေ Seulgi နဲ့ Joohyun
ဧည့်ခန်းထဲ ရောက်လာတော့မှ
အဆင်ပြေတော့သည် ။
မဟုတ်ရင် ဒီ Kim Jisoo နဲ့
သူမ ရူးတော့မှာ ။
အကုန်လုံးသောက်စားပြီးကြ‌တော့
Joohyun နဲ့Kim Jennie ဟာတော့
မူးနေပြီ ။
Seulgi ကလည်း မူးနေပေမယ့်
အရမ်းကြီးတော့ မဟုတ် ။
Jisoo ကတော့ တစ်ခွက်သာ
သောက်ထားရသည် ။ ဒီည
အလုပ်တွေဆက်လုပ်မှာဆိုတော့
သူမူးလို့ မဖြစ်တာကြောင့်
ဖြစ်သည် ။
" Jisoo...နင်သူတို့နှစ်ယောက်ကို
အိမ်ပြန်ပို့ပေးပါလား ။ ငါက
တော်တော်လေး သောက်ထားတော့
ကားမောင်းလို့မရဘူး  "
" ဒီမှာ အိပ်ခိုင်းလိုက်ပေါ့ "
" ဒီကနေ မနက်အလုပ်တက်ဖို့
အဆင်မပြေဘူးတယ့်..."
အပန်းကြီးတယ့် အလုပ်မဟုတ်တော့
Jisoo သဘောတူလိုက်သည် ။
Seulgi က တိုက်ခန်းအောက်ထပ်ထိ
Joohyun ကို တွဲလာပေးပြီး
သူက ‌ဟိုကောင်မလေးကို တွဲလာ
ပေးရသည် ။
နှစ်ယောက်လုံးက မူးရိပ်ရိပ်နဲ့
ယိုင်ထွက်နေကြသည် ။
အနောက်ခန်းတံခါးဖွင့်ပေးတော့
Joohyun က အရင်တက်သွားပြီး
တုံးလုံးလှဲကာ အိပ်သွားသည်မို့
Jennie ကို အရှေ့ခန်းမှာသာ
ထိုင်ခိုင်းစေလိုက်ရသည် ။
အနောက်ခန်းက Joohyun က
မူးပြီး အိမ်မက်ယောင်သလို
ပွစိပွစိပြောနေသည် ။ ဘေးနားက
ဟိုကောင်မလေးကတော့
ငြိမ်ပြီး အိပ်ပျော်နေသည် ထင်သည် ။
တော်သေးသည် ။ သူအရက်မသောက်
ထားမိတာ ။ မဟုတ်ရင်
လမ်းမှာ Alcohol စစ်ဆေးတာနဲ့
တိုးပြီး ရဲစခန်းရောက်သွားမယ့်
အဖြစ်လေ ။
ကားမောင်းနေရင်း Yujin ဆီက
ဖုန်းလာသည်မို့ စပီကာ ဖွင့်လိုက်ပြီး
" အိမ်မပြန်လာသေးဘူးလား "
" ပြန်လာနေပြီ ။ လမ်းမှာ "
" အော်...အင်းပါ ။  Companyမှာများ
အိပ်မှာလားလို့ လှမ်းမေးကြည့်တာ "
" မအိပ်....."
ပုခုံးပေါ်သို့ ရောက်လာသော
အလေးချိန်တစ်ခုကြောင့် Jisoo
ပြောလက်စ စကားရပ်သွားသည် ။
ဟိုကောင်မလေးက သူ့ပုခုံးပေါ်
မှီထားပြီး အိပ်ပျော်နေခြင်းဖြစ်သည် ။
" အဲ့ဆိုဒါပဲနော် "
Yujin က ဖုန်းချသွားတယ့်အထိ
သူ့မှာ ကျောက်ရုပ်လို ဖြစ်နေသည် ။
အနောက်က ကားဟွန်းတီးသံကြားမှ
သာ သတိဝင်ပြီး ကားကို
သေချာအာရုံ‌စိုက်မောင်းဖို့
သတိရသွားသည် ။
သူဘာလို့ သတိလွတ်သွားမိတာ
ပါလိမ့်...။
တိုက်ခန်းရှေ့ရောက်တော့
သူ့ပုခုံးပေါ်က ‌ကောင်မလေးကို
အသာပြန်မတ်ကာ ထိုင်စေရင်း
အနောက်က Joohyun ကို
လှမ်းနှိုးရသည် ။
" ဟေး! Joohyun ! ထတော့
ရောက်ပြီ "
သူ့အသံကြားတော့ Joohyun က
တုံးလုံးလှဲနေရာက ကုန်းရှုန်းထလာ
သည် ။ ကြည့်ရတာ အမူးနည်းနည်း
ပြေသွားတယ့် ပုံစံ ။
" ရောက်တောင် ရောက်ပြီလား ။
ဟေ့ ! Jennie ! ကာလနဂါး ထတော့
အိမ်ပြန်ရောက်ပြီ "
Joohyun ရဲ့ vocal ကြောင့်
ဘေးနားက ကောင်မလေးလည်း
နိုးလာသည် ။ နိုးနိုးချင်း အိပ်ချင်မူးတူးနဲ့
အကြောတွေဘာတွေ ဆန့်နေသည်မို့ လက်သီးတွေနဲ့လွတ်အောင်
ရှောင်တိမ်းနေရသေးသည် ။
" အပေါ်တက်လို့ အဆင်ပြေလား "
" အင်း OK တယ် ။ အိပ်လိုက်
တော့ နည်းနည်းအမူးပြေသွားပြီ "
" အင်း ။ အဲ့တာဆိုရင်လည်း
ပြီးတာပဲ "
နှုတ်ဆက်ပြီး Joohyun တို့
နှစ်ယောက်က ကားပေါ်က
ဆင်းသွားကြသည် ။
Joohyun ရဲ့ဘေးနားက
ယိုင်တိုင်တိုင်နဲ့ လျှောကိနေတယ့်
ကောင်မလေးကို လှမ်းကြည့်ရင်းမှပင်
Jisoo တစ်ချက်ပြုံးသွားမိသည်...။ 
To be continued
Zawgi
စောနကတည်းက Joohyun
လိပ်စာလှမ်းပို့
ထွက်လာလိုက်သည် ။
တစ်ခါတည်းစောင့်ပြီး
အခုတော့...Joohyun စုတ် !
နှင့်အတူ ထိုင်နေသည် ။
Kang Seulgi ဆိုတယ့်
Jennie သိလိုက်သည် ။
သူငယ်ချင်းဖြစ်သည်  ။
Joohyun ကနေပြီး
" Jennie...ဒါက Seulgi တယ့် ။
ငါ့ချစ်သူလေ...။ Seul...ဒါက Jennie
တယ့် ငါ့သူငယ်ချင်း...။ ဟိုတစ်ခေါက်
တစ်ယောက်လေ မှတ်မိလား..."
သတိရသွားဟန်နှင့်
မှတ်လား...။ ဒီက Jennie ကို
Jennie ရှက်ရှက်နဲ့ပဲ
တာလေ ။ အဲ့တာ Jennie
ကို အားနာလိုက်တာ "
ပြုံးပြရင်း
" မဟုတ်တာ...ရပါတယ် "
တကယ်တော့ အဲ့နေ့က
ဖြစ်သည် ။
မှားရတယ်လို့လေ ။
ဒါပေမယ့်လည်း Jennie က
စိတ်ထဲက Kim Jisooကို
ထင်ချင်သလိုထင်ပြီး
ကျိန်ဆဲနေမိခဲ့တာလေ ။
အကြည့်ရောက်သွားသည် ။
" Jennie က
ရှိတယ် ။ အခုလည်း အဲ့လိုပဲလေ
ထင်ရတယ်လို့  "
အဆင်ပြေရဲ့လား..."
" အော်...ဟုတ် ။ အဆင်ပြေပါတယ် "
" ဟုတ်မယ်နော် ။ သင်ရတာ
သူမ စာပြပေးတာ
ပထမတစ်ရက်ကလွဲရင်
Kim Jisoo ကို သူမ
မတွေ့ရတော့ဘူး ။
စိတ်ထဲကနေ
မျက်နှာပူနေရမှာ ။
" အော်...ဟုတ်သားပဲ ။ နောက်အပတ်ထဲ
သူ့ Company က Game အသစ်
တစ်ခု မိတ်ဆက်မှာလေ ။
နေမယ် ။ details ကျကျကို
စစ်ဆေးပြင်‌ဆင်နေတာ...။
 လုံးဝကို non-stop ပဲ "
" ဟုတ်တယ် ။ Jisoo က
အလုပ်အရမ်းလုပ်တာ ။ ငါ့ဘေးက
မမေးနဲ့ "
-
စိတ်မချလို့ဖြစ်သည် ။
မဟုတ်တာ ။
အခုက Company မှာ
လာကြိုတာဖြစ်သည် ။
ကြိုရခြင်း ။
မသင့်တော်ဘူးလေ ။
ဝေ့ကြည့်လိုက်တော့
မိန်းကလေး ။ အဲ့တစ်ယောက်ကို
Jisoo မှတ်မိတယ် ။ ဟိုတစ်ခေါက်
Seulgi အိမ်မှာ သူ့ကို
ဖြစ်သည် ။
Yujin ကလည်း
ကြည့်ပြီး
" အယ်...ဟိုအစ်မ ပဲ  "
" သိလို့လား "
" အင်းလေ...။ ညီမလေးကို
မကပ်တာ ဘယ်သိမှာလဲ..."
" Kim Jennie ဆိုတာလား "
အထိနေဖြစ်နေ‌တာလေ ။
Yujin က သူ့ကို
ကြည့်လိုက်သည် ။
" ငေးတာမဟုတ်ဘူး ။ မြင်ဖူးတယ်
ထင်လို့ ကြည့်လိုက်တာ "
" ဟုတ်လား ။ ဘယ်မှာ
မြင်ဖူးတာလဲ "
" မသိဘူး...။ နင်ဘာလို့ ဒီလောက်
အမေးအမြန်းထူနေတာလဲ "
Yujin က သူ့စကားကို
မသိချင်ယောင်ဆောင်ကာ
မရပ်တန့်သွားခဲ့ ။
လာပြသွားတာလား..."
ပစ်ချခဲ့မှာ "
-
Seulgi က ဖုန်းဆက်သည် ။
ပြောသည် ။ ဒါကြောင့် Jisoo
ထွက်လာခဲ့သည် ။
ပို့လိုက်သည် ။
ရပ်နေတာကြောင့်
ကြည့်လိုက်မိသည် ။
သူမှားစရာ အကြောင်းမှ
မရှိတာ ။
ရှိပြီးသား ။
" အယ်...ဟို...ဝင်...ဝင်ပါ "
စကားအထစ်ထစ်နဲ့
နေရာချနေသည် ။
" Seulgi ကော "
" မီးဖိုချောင်ထဲမှာ...။ နင်ဟယ်
ပြနေသော Joohyun ကို
ကျန်နေခဲ့သည် ။
Kim Jisoo က
လူကို သက်သောင့်သက်သာ
မွေးဖွားလာသလားလို့
တွေးမိသွားသည် ။
ချွေးဇောပျံနေရသည် ။
အဆင်ပြေတော့သည် ။
သူမ ရူးတော့မှာ ။
မူးနေပြီ ။
အရမ်းကြီးတော့ မဟုတ် ။
Jisoo ကတော့ တစ်ခွက်သာ
သောက်ထားရသည် ။ ဒီည
ဖြစ်သည် ။
ကားမောင်းလို့မရဘူး  "
အဆင်မပြေဘူးတယ့်..."
Jisoo သဘောတူလိုက်သည် ။
ပေးရသည် ။
ယိုင်ထွက်နေကြသည် ။
အနောက်ခန်းက Joohyun က
ပွစိပွစိပြောနေသည် ။ ဘေးနားက
ဟိုကောင်မလေးကတော့
တော်သေးသည် ။ သူအရက်မသောက်
ထားမိတာ ။ မဟုတ်ရင်
အဖြစ်လေ ။
" ပြန်လာနေပြီ ။ လမ်းမှာ "
" အော်...အင်းပါ ။  Companyမှာများ
" မအိပ်....."
" အဲ့ဆိုဒါပဲနော် "
သာ သတိဝင်ပြီး ကားကို
သတိရသွားသည် ။
ပါလိမ့်...။
အနောက်က Joohyun ကို
လှမ်းနှိုးရသည် ။
" ဟေး! Joohyun ! ထတော့
ရောက်ပြီ "
ပြေသွားတယ့် ပုံစံ ။
အိမ်ပြန်ရောက်ပြီ "
" အင်း OK တယ် ။ အိပ်လိုက်
" အင်း ။ အဲ့တာဆိုရင်လည်း
ပြီးတာပဲ "
နှစ်ယောက်က ကားပေါ်က
ဆင်းသွားကြသည် ။
Joohyun ရဲ့ဘေးနားက
To be continued
Continue Reading
You'll Also Like
9.5M 629K 75
An Arranged Marriage Story. #1 Hot (17-11-23) #1 Happyending (17-11-23) #2 Shy (13-11-23) #3 Cold hearted (27- 10- 23) POWER!!!!! That's what he alwa...
3M 202K 52
" Do not be mistaken little flower, you are mine and mine alone. Any man who looks at you longer than three seconds will be dealt in a manner I find...
2.7M 150K 43
"Stop trying to act like my fiancรฉe because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
182K 7.4K 31
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...