💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ...

By DarDar1642020

200K 5.4K 393

စည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ More

1U
1Z
2U
2Z
3U
3Z
4U
4Z
5U
5Z
6U
6Z
7U
7Z
8U
8Z
9U
9Z
10U
10Z
To my readers
11U
11Z
12U
13U
13Z
14U
14Z
15U
15Z
16U
16Z
17U
17Z
18U
18Z
19U
19Z
20U
20Z
21U
21Z
22U
22Z
23U
23Z
24U
24Z
25U
25Z
26U
26Z
27U
27Z
28U
28Z
29U
29Z
DaNa🖤🖤🖤
30U
30Z
PaKaTi💙💙💙
31U
31Z
32U
32Z
33U
33Z
for my readers💜💜💜
34U
34Z
35U
35Z
36U
36Z
37U
37Z
End( Unicode )
End ( Zawgyi )
For Season 2
Heyyyy💜💜💜
Season2😍😍

12Z

987 20 4
By DarDar1642020

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 12 ♡

ကားများပြည့်နှက်နေသော Highwayလမ်းမကြီးထက် အနက်ရောင်ပြိုင်ကားတစ်စီးကလျင်မြန်စွာမောင်းနှင်နေလေသည်
ကားထက်မှာ အံကိုကြိတ်လျက်အနေအထားဖြင့် ဒေါသတို့မထိန်းနိုင်စွာ တောက်အားခေါက်နေမိသည်
အစကထဲက ပိုသတိထားခဲ့မိသင့်တာ
မဆိုင်းမတွအလုပ်ကိစ္စတွေအဆင်မပြေကထဲက စိတ်ထဲခုနေခဲ့တာ
ဒါ​ကြောင့် မင်းဟိန်းကိုခေါ်မသွားဘဲ စံအိမ်ကအခြေအနေကို စောင့်ကြည့်ခိုင်းခဲ့တာမှန်သွားတယ်
ဦးဝေစိုး.....ခင်ဗျားကခင်ဗျားသေတွင်းခင်ဗျားတူးနေတာပဲ
ရာရာစစ ငါ့အပိုင်ကိုများထိရဲသေးတယ်
စိတ်ထဲ ကြိမ်းဝါးရင်း ဦးဝေစိုးနောက်လိုက်ခိုင်းထားသည့်မင်းဟိန်းထံဖုန်းဆက်နေမိသည်
တီ....တီ....
သိပ်မကြာလိုက် တစ်ဖက်လူကဖုန်းကိုင်လေသည်
"အဲ့လူဘယ်မှာလဲ"
"........."
"အေး မျက်ခြေမပြတ်စေနဲ့ ငါလာခဲ့မယ်"
ဖုန်းအားချပြီး စိတ်တို့တိုစွာ ရင်ဘတ်မှကြယ်သီးများအား တစ်ဝက်လောက်ထိဆွဲဖြုတ်မိသည်
ဖုန်းscreenမပိတ်သေးသဖြင့် မကြာသေးမီက မင်းဟိန်းပို့ထားသည့်ပုံများက ဖွင့်လျက်ပင်
"ရှင်းပကတိ...ရှင်းပကတိ မင်းကတော်တော်ကိုအာရုံစားတာပဲ အဲ့လောက်အလှတွေပြင်ထားတာ ဘယ်အကောင့်အတွက်လဲ"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဦးဝေစိုး ကားအားမောင်းနေရင်း စိတ်တို့အစိုးမရစွာ လက်တစ်ဖက်က ပကတိ၏အင်္ကျီဖုံးမထားသည့် လည်တိုင်ထက်တို့ထိနေမိသည်
"မင်းလေးက သိပ်ကိုလှတာ"
ထိုစဉ် သူ့ကားရှေ့တိုးဝင်လာသည့် ကားတစ်စီးကြောင့် လက်တို့ကိုပြန်သိမ်းရင်း ဘရိတ်အားအတင်းအုပ်လိုက်ရသည်
"ဘယ်က မသာလဲ"
ကြည်နူးနေချိန် ဖျက်သလိုဖြစ်သွားသဖြင့် စိတ်တို့ကမကြည်
ဒါကြောင့် ကားပေါ်ကဆင်းကာ တစ်ဖက်ကားသမားအား အပြတ်ဆော်ရန်တွေးလိုက်ပေမယ့်
"ဘယ်ကေ-ာက်ကောင်လဲ!!!!!"
စကားတို့မဆုံးခင် မြင်လိုက်ရသောသူအား မယုံနိုင်ဖြစ်နေတုန်း လက်သီးချက်များကဆက်တိုက်မျက်နှာပေါ်သို့ကျရောက်လာသည်
"လူယုတ်မာ ခင်ဗျားကများရာရာစစ"
ခွပ်!!!!!
ခွပ်!!!!!!
"ငါ့အပိုင်ကိုထိရဲတယ်ပေါ့ မင်းမှာအသက်ပိုနေလား"
ခွပ်!!!!!
" ခွေးသူတောင်းစား######"
ပါးစပ်ကဆဲရေးတိုင်းထွာနေရုံမျှမက လက်ကလဲအထိုးမပြတ်
လမ်းမကြီးတွင်ဖြစ်သော်လည်း ဘယ်သူမှဝင်မပါရဲသည်က
ဓန နောက်ဘက်တွင်နေရာယူထားသည့် ဝတ်စုံပြည့်လူများကြောင့်ပင်

ဦးဝေစိုးအား ထိုးလို့မဝသေးသော်လည်း ကားပေါ်ရှိပကတိအား စိုးရိမ်မိပြန်သည်
"မင်းဟိန်း!!!!!"
ဓန ခေါ်လိုက်တော့ မဆိုင်းမတွပင် အနားရောက်လာပြီး
"ဟုတ်"
"အဲ့ခွေးကောင်ကို သေချာစောင့်ကြည့်ထား ပြီးမှဆက်ရှင်းမယ်"
"ဟုတ်ကဲ့"
ဓန ခြေလှမ်းကြဲများဖြင့် ဦးဝေစိုးကားထံသွားကာ ကားတံခါးအားဆွဲဖွင့်မိသည်
စိုးရိမ်မှုများစွာဖြင့် ပကတိပါးအားခပ်ဖွဖွတို့ထိရင်း
"ပကတိ!!!! ရှင်းပကတိ"
ဘယ်လိုခေါ်ခေါ်မနိုးလာပေ
ဟိုလူကြီးဘာလုပ်ထားတာလဲမသိ
"တောက်!!!!"
ဓန ပကတိကိုယ်လေးအားပွေ့ချီရင်း ကားပေါ်ရွေ့ပြောင်းမိသည်
ခါးပတ်ပတ်ပေးနေချိန်
"အဟင်းးးး"
ခပ်ဖွဖွ ငြီးသံကြောင့်
'"ပကတိ မင်းသတိရလာပြီလား"
"ဟင့် ပူတယ်"
"ပကတိ!!!!!!"
"အင့်....ကြီးကြီး ပကတိ....နေရခက်တယ်"
ခပ်တိုးတိုးငြီးသံနှင့်အတူ လက်တို့ကလဲ ကိုယ်ထက်မှအင်္ကျီတို့အား ဆွဲကိုင်နေသောကြောင့်
ဓန မူမမှန်သောအခြေအနေအားရိပ်မိသွားရသည်
"လူမဆန်တဲ့ကောင် မင်းကိုအရှင်မထားဘူး"
"ဟင်းးးးးး"
အချိန်ခဏလေးအတွင်းမှာပင် ဆေးအစွမ်းကပြလာပုံပေါ်သည်
ဓန နံဘေးက ပကတိမှာ အင်္ကျီတို့အားဆွဲချွတ်ရန်ပြုနေလေပြီ
"ဟာ....ဟိတ်"
ဓန သူမလက်တွေအားဆုပ်ကိုင်လိုက်မိသည်
"ကျစ်!!!!!"
"ဟင့်....အကိုလေး!!!!"
ဓန ပြုတ်လုဆဲဆဲဖြစ်နေသော သူမကိုယ်ထက်မှ အင်္ကျီကြယ်သီးများအားပြန်တပ်ပေးနေချိန် သူ့အားခေါ်လိုက်သံကြောင့် ပကတိမျက်နှာလေးအားငေးကြည့်မိသည်
နီမြန်းနေသော မျက်နှာလေးက အနေရခက်နေပုံ
"အကိုလေး....ပကတိကြောက်တယ်"
ဓန မျက်နှာထက် အပြုံးတို့ဖြတ်ပြေးသွားရင်း
"ပုံမှန်အချိန်မှာသာ ငါ့ကို​ရှောင်နေတာ ဒုက္ခရောက်နေချိန်တော့ ငါ့ကိုသတိရသေးသား....မင်းကတော့လေ"
ခပ်တိုးတိုးရေရွတ်ရင်း သူမနဖူးအား ခပ်နာနာလေးတောက်မိ၏
ထို့နောက်ဦးတည်မိသည်က သူအမြဲသွားနေနေကြ ကွန်ဒိုသို့ပင်....

💖💖💖💖💖💖💖💖💖💖

"အသဲစားလေ"
နေနိုင်ရှေ့၌ရှိနေသော အလှလေးအားတစိမ့်စိမ့်ကြည့်နေမိသည်
မဒီက နေနိုင်နဲ့မနေ့ကမှစတွဲသောကြောင့် ဂရုစိုက်ယုယမှုတွေဟာ ပိုပိုလျှံလျှံ
SocialမှာCeleဖြစ်သောကြောင့် လှသည်ဆိုတာထက် အလန်းလွန်အလွန်လန်း
နေနိုင် ဒီလိုကောင်မလေးနဲ့တွဲလိုက်ရသည့်အတွက်ကျေနပ်မှုများအပြည့်
ထိုစဉ် သူတို့ဝိုင်းသို့ အစားအသောက်များလာချပေးသော စားပွဲထိုးအား ဘာရယ်မဟုတ်ကြည့်မိလိုက်သည်
စိတ်ထဲရင်းရင်းနှီးနှီးနှင့် တစ်နေရာရာမှာ မြင်ဖူးနေသလိုလို
သိချင်စိတ်တို့က ထိန်းမရစွာ
"ကျွန်တော်တို့တွေ့ဖူးကြလား"
ခေတ်သူ့အားကြောင်တောင်တောင်လုပ်နေသည့် ထိုသူအားအမြင်ပတ်ကတ်ပြန်ကြည့်ပေးမိသည်
ရုပ်ကိုက နှာဘူးရုပ်
" တွေ့ဖူးစရာလား"
ခေတ် ထိုသူအားအမြင်မကြည်စွာ ခပ်မာမာပြောလိုက်မိသည်
"ဟုတ်လား"
နေနိုင်မရေရာခြင်းများစွာနှင့်အတူ ဦးနှောက်အားအလုပ်ပေးမိတော့
ခပ်ဝါးဝါးမှတ်ဥာဏ်များဖြင့် တဖြည်းဖြည်းရုပ်လုံးပေါ်လာသော ကောင်လေးတစ်ယောက်
နေနိုင် မျက်နှာကြီးတင်းခနဲဖြစ်သွားကာ
"မင်းကိုး......"
အပြောနှင့်အတူ ဟင်းပွဲများချပေးနေသော လက်အားဆွဲဖမ်းရင်း
"မင်းကြောင့် ငါ့မျက်နှာယောင်သွားခဲ့ရတာ"
နေနိုင်ပြောလိုက်သော်လည်း ထိုဖြူဖြူသေးသေးအကောင်က ဂရုမစိုက်ဟန်
"Sorry ကျွန်တော်တော့မမှတ်မိဘူး"
"အေးမင်းမမှတ်မိလဲ ငါမှတ်မိတယ် ငါမင်းကိုမကျေနပ်ဘူးဟေ့ရောင်"
ခေတ် သူ့ပုခုံးအားနောက်သို့တွန်းထုတ်ကာပြောလာသောကြောင့် စိတ်တို့ကချဉ်တူးလာစွာ
" မကျေနပ်ရင် လဲသေလိုက်"
"ဘာ!!!!!!"
နေနိုင် ရှေ့ကကောင်ကို ကိုင်ပေါက်ချင်စိတ်ကတဖွားဖွား
ဘဝမှာ ဒီလိုကတ်သီးကတ်သတ်ကောင်ကိုတွေ့ရလိမ့်မည်လို့ကိုမထင်ထားခဲ့ဖူးဘူး
"ကိုကို....လူတွေဝိုင်းကြည့်နေတယ်"
နံဘေးက အသစ်စက်စက်ရည်းစားလေး၏ သတိပေးသံလဲ နားထဲမဝင်
အာရုံအကုန်လုံး ထိုအမြင်ကတ်စရာကောင်ထံ၌
"ငါမကျေနပ်ဘူး မင်းကြောင့် ငါ့မျက်နှာချောချောထိခိုက်သွားတာ"
ခေတ် ထိုသူ့စကားအား ဟာသတစ်ခုနှယ် ဟက်ဟက်ပက်ပက်ရီလိုက်မိသည်
လူကြည့်တော့တစ်ပြားမပြောနဲ့ ပြားတစ်ဝက်တောင် တန်တဲ့ရုပ်မဟုတ်
ဖင်ကြီးဖင်ကျယ်နဲ့ ပြောတာက....
"ဘာလဲ မကျေနပ်တော့ ပြန်ထိုးချင်တာလား ထိုး!!!!!"
ထိုအမြင်ကတ်စရာကောင်က ပါးအားအတင်းထိုးပေးနေသော်လည်း
နေနိုင်မထိုးရက်
ယောက်ျားတန်မဲ့ မျက်နှာကဝင်းမွတ်နေတာမနာလိုစရာအပြည့်
ထိရက်စရာပင်မရှိ
"တော်ပါ....မင်းကြည့်ရတာတုတ်ချောင်းထောင်ထားသလိုပဲ ဘယ်အချိန်ပျော့လဲမလဲတွေးပူနေရတယ် ငါကပဲသဘောထားကြီးပေးလိုက်မယ်'
"အေး ငါ့လက်သီးကတော့မာတယ်"
ခွပ်👊
အသံအဆုံး နေနိုင်ညာဘက်မျက်လုံးအားအုပ်ကိုင်လိုက်ရသည်
လူကလဲ ဒေါသတို့ဖြင့် တရှူးရှူးတရှားရှား
"မင်း!!!!!!"
နေနိုင်စိတ်မထိန်းနိုင်စွာ ထိုကောင်လေးအား ပြန်ထိုးဖို့ပြင်လိုက်တော့ ဆိုင်ထဲကလူတွေက ဝိုင်းဆွဲလာကြသဖြင့် လူတွေတရုန်းရုန်းဖြစ်သွားရသည်
တောက်!!!!!ကောင်းကျိုး​မပေးတဲ့ ငပျော့ကောင်

💞💞💞💞💞💞💞💞💞💞

ဓန ပကတိကိုယ်လေးအား အိပ်ခန်းထဲသို့ပွေ့ချီလာခဲ့မိသည်
ဓနလက်ထဲ ပကတိကိုယ်လေးဟာ အငြိမ်မနေ
ငြီးငြူသံများအပြည့်
ဓန အဖြူရောင်အိပ်ရာထက်ချပေးမိတော့ အတင်းရုန်းကန်ထလာပြီး
"ပူတယ်...."
ခပ်လေးလေးအသံဖြင့် ပြောရုံမျှမက လက်တို့ဟာလဲ အင်္ကျီကြယ်သီးတို့အားဆွဲဖြုတ်နေပြန်သည်
ဓန သူမအပြုအမူကြောင့်
"ဟာ...ဟိတ်!!!!ကျစ် ဆေးကဘယ်လောက်များပြင်းတာလဲကွာ"
"ဟင့်....နေရခက်တယ်"
အင်္ကျီတွေအတင်းဆွဲဖြုတ်နေရုံမျှမက တစ်ကိုယ်လုံးဟာလဲတွန့်လိမ်နေပြန်သည်
အင်္ကျီအဝတ်အစားတို့ဖရိုဖရဲနှင့် ပကတိပုံစံကြောင့် ဓန တစ်ဖက်သို့လှည့်ရင်း သက်ပြင်းတို့ချလိုက်မိသည်
"ကျစ်!!!!!"
ဓန ရေချိုးခန်းအတွင်းဝင်ကာ bathtubအတွင်း ရေအားအနည်းငယ်အေးအေးစပ်လိုက်မိသည်
အကုန်ပြင်ပြီးသည်နှင့် ရေချိုးခန်းမှထွက်ကာ သူမရှိရာကုတင်ထံဦးတည်လိုက်တော့ ဓန မျက်ဝန်းတို့ပြူးကျယ်သွားရသည်
အင်္ကျီကြယ်သီးများဟာအကုန်ပြုတ်ထွက်လုနီးနီး
"ပကတိ မင်းကငါ့စိတ်ကိုလာလာဆွနေတာ"
ဓန သက်ပြင်းတို့အားအခါခါချနေရင်း ထကြွလာသောစိတ်တို့အားထိန်းနေမိသည်
"ဟင့်...ပူတယ်"
သူမလေးငြီးသံကြားလျှင် ဗီရိုထဲမှတဘက်တစ်ထည်အား သူမကိုယ်ထက်ဖုံးလွှမ်းရင်း တစ်ဖက်သို့မျက်နှာလွဲကာ ပွေ့ချီလျက်
ရေချိုးခန်းအတွင်းဦးတည်လိုက်သည်

"သဘောကျတယ်"
ရင်ဘတ်ထက်တိုးဝှေ့နေသည့်အထိအတွေ့ကြောင့် ဓနငုံ့ကြည့်မိတော့ အပေါ်ကြယ်သီးတပ်မထားသဖြင့်လွတ်နေသည့် သူ့ရင်ဘတ်တို့အားအတင်းတိုးကပ်နေလျက်
"အဟားးးး"
ရှင်းပကတိ မင်းကတော့တော်တော်မလွယ်တာ
ဒီလိုပုံနဲ့ ဒီတစ်ညလုံး ဘယ်လိုနှစ်ပါးသွားရမလဲ

ခြေလှမ်းတို့အားခပ်သွက်သွက်လှမ်းရင်း သူမအားBathtubထဲချပေးမိ၏
ရေအေးထဲရောက်တော့ သူမသက်သာရာတွေ့သွားဟန် တကိုယ်လုံးရေထဲငုံ့လိုက်သောကြောင့်
"ဟာ...မွန်းသွားမှာပေါ့"
ဓန အလျင်အမြန်ပဲ သူမပုခုံးမှဆွဲထူလိုက်ရသည်
"ဟင့်အင်း"
ဒါကိုပင် အတင်းရုန်းကန်နေရင်း ရေထဲသို့ငုံ့ငုံ့ချနေသောကြောင့် ဓနကိုယ်ထက်မှ ရှပ်အင်္ကျီအားချွတ်လိုက်ပြီး သူမရှိနေသော Bathtubထဲဝင်ထိုင်လိုက်မိသည်
သူမကျောဘက်နေရာယူကာ သူ့ခြေထောက်များကြားတွင် ပကတိအားထိုင်စေရင်း
"အေးသွားပြီလား"
အင်္ကျီကင်းလွတ်ကာ ပေါ်နေသောဂုတ်ပိုးဖြူဖြူလေးအား နှုတ်ခမ်းဖြင့်ထိတွေ့မိတော့ ယားသွားဟန်ပင်
ကိုယ်လေးတွန့်ခနဲဖြစ်သွားလေသည်
ဓန အသည်းယားစွာရီမိလိုက်၏
ထို့နောက် သူမခေါင်းထက်ခပ်ဖွဖွထုံးထားသော ဆံထုံးအားဖြေချမိတော့ အညိုရောင်ဆံနွယ်တို့က အလုအယက်ပြေးဆင်းလာကြသည်
"အကိုလေး....."
ခပ်တိုးတိုးငြီးသံလေးကြောင့် ဓနရင်ခွင်ထဲမှ သူမလေးအားအာရုံပိုစိုက်မိသည်
သူ့ရင်ခွင်ထဲက သူမလေးပုံစံက ထိန်းချုပ်နေရသောစိတ်တို့အား ကင်းလွတ်စေပြန်သည်
ကြယ်သီးအချို့ပြုတ်နေသောကြောင့် မမြင်အပ်သောသူမရဲ့အတွင်းသားတို့ကို မြင်စေရသည်
ထမိန်ဝတ်ထားသဖြင့် ရေကန်ထဲအထက်သို့လိပ်တက်နေကာ သူမရဲ့ခြေသလုံးသွယ်သွယ်တို့ကိုလဲ မမြင်ချင်မှအဆုံး
ရေစိုကြောင့် ခန္ဓာကိုယ်နဲ့တစ်သားတည်းကပ်နေသည့်အင်္ကျီကြောင့် သူမရဲ့ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်တို့က ပိုမိုထင်ရှားနေစွာ
သူ့ရင်ဘတ်ထက်မှီတွယ်နေသောအထိအတွေ့များကြောင့် စိတ်တို့ကလွတ်ချင်လုလု
တစ်ဖက်သို့လှည့်ကာ အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ရင်း ရေရွတ်မိသည်က
"ရှင်းပကတိဆိုတဲ့ မင်းနဲ့ကျမှ ငါ့သမိုင်းပြန်ပြောင်းရတော့မယ် မင်းကတော်တော်ကိုမလွယ်တာ"
"ဟင်းးးး"
ရေရွတ်နေရင်းပင် သူမထံက ငြီးသံတို့ကမစဲ
"တောင်းပန်ပါတယ်....."
ခပ်တိုးဖျဖျရေရွတ်သံကြောင့် မျက်နှာလွဲနေရာမှငုံ့ကြည့်မိတော့
ဖြူနစ်နေသော မျက်နှာလေးက ခါတိုင်းလိုမဟုတ်ပါပဲ ဆေးအရှိန်ကြောင့် ခပ်ရဲရဲ
"အကိုလေး....တောင်းပန်ပါတယ်"
ထပ်ခါထပ်ခါရွတ်နေသော စကားစုကြောင့် ဓနသိလိုစိတ်များဖြင့်
ရေများရွံနစ်နေသော သူမပုခုံးကနေဆွဲရင်း Bathtubထဲ မျက်နှာချင်းဆိုင်စေရင်း
"ပကတိ ဒီကိုကြည့်"
သူမမေးဖျားမှဆွဲမော့လိုက်လျှင် သူ့မျက်နှာထက် ခပ်မှေးမှေးရီဝေဝေစိုက်ကြည့်လာသည်
"မင်းကိုယ့်ကို ဘာလို့ရှောင်နေခဲ့တာလဲ"
"ဟင်းးးး"
ငြီးငြူသံနှင့်အတူ ဓနရင်ခွင်ထဲပြိုကျလာလေ၏
"ကျစ်!!!!"
"ကတိကြောင့်"
ရင်ခွင်ထက်ခေါင်းမှီနေရင်းမှ ခပ်တိုးတိုးထွက်လာသော အသံလေးကြောင့် မျက်မှောင်ကြုတ်မိရင်း
ဘာကတိတွေလဲ.....
အချို့ကိစ္စတွေအဖြေရှာကြည့်ဖို့လိုနေပြီပဲ

ဓန ပကတိရဲ့ရေစိုအင်္ကျီတို့အား သူ့ရှပ်လက်ရှည်တစ်ထည်ဖြင့် လဲပေးပြီး
ကုတင်ပေါ်ထက်အပူအပင်ကင်းမဲ့စွာ အိပ်နေသူအားကြည့်ကာ တဟားဟားအော်ရီချင်မိသည်အထိ
"ဒီကောင်မလို့ မင်းလွတ်သွားတာ ထိန်းနေတဲ့ကြားထဲကတောင်စိတ်တွေကလွတ်ထွက်ချင်သွားတယ် မင်းနဲ့ကျမှ စည်းစိမ်ဓနဆိုတဲ့ကောင်က မလုပ်ဖူးတာတွေ သည်းခံမှုတွေမြင့်တက်နေတာပဲ ဟူးးးး"
သက်ပြင်းတစ်ချက်အားရှိုက်ရင်း ကုတင်အစွန်းဝင်ထိုင်မိသည်
သူမမျက်နှာထက်ဝေ့ဝဲကျနေသော ဆံနွယ်တို့အားသိမ်းပေးပြီး ခပ်ဖွဖွပြုံးမိသည်
အာရုံတို့က ဖူးဖူးပြည့်ပြည့်နီနေသော နှုတ်ခမ်းအစုံမှ မလွဲနိုင်တော့
"အင်းးးး ငါမင်းကိုအများကြီးသည်းခံပေး စိတ်ရှည်ပေးထားတာ ဒါကိုအဖိုးအခလို့သတ်မှတ်တာပေါ့'"
ခပ်တိုးတိုးရေရွတ်သံအဆုံး နမ်းဖူးသည့် ကကြီးပုံနှုတ်ခမ်းပြည့်ပြည့်တို့အားဦးတည်မိလိုက်သည်
ညကိုအမှောင်က စိုးမိုးလေသည်
ပကတိ၏ အိပ်မက်များအား ပကတိအမြဲရှောင်ပြေးနေမိသူက ကြီးစိုးရင်း
စကားသံအချို့နှင့်အတူ နှုတ်ခမ်းထက်ထိတွေ့မှုတစ်ခု
ထိုအရာက ပကတိအာရုံတို့အားခြယ်လှယ်နေရင်း
သက်ပြင်းရှိုက်သံတွေကြားမှ တစ်ချက်တစ်ချက်ရနေသည့် ကိုယ့်သင်းရနံ့ကြောင့် စိတ်တို့ကလုံခြုံနေစွာ...

❤❤❤❤❤❤❤❤❤❤

☀☀☀

မနက်ခင်းနေရောင်ခြည်က ပကတိမျက်နှာထက်ကျရောက်လာသောကြောင့် မျက်ခုံးတန်းတို့စုံ​ကျုံ့မိသည်
အပူချိန်ကြောင့် နေမြင့်နေပြီဆိုတာခံစားမိသည်
ထို့ကြောင့် မျက်လုံးများအား အားယူဖွင့်ကြည့်မိတော့ မြင်လိုက်ရသည်က ရင်ဘတ်တစ်ခု
ပကတိ လိပ်ပြာတို့ပင်လွတ်ထွက်သွားမတတ်
မနေ့က အဖြစ်အပျက်တို့အား ပြန်တွေးမိတော့ ပကတိငိုချင်လာရသည်
ပကတိ ဘဝပျက်သွားခဲ့ပြီလား
မနေ့က ပကတိကိုတယောက်ယောက်ဖမ်းခဲ့တယ်
ခုနိုးလာတော့ ပကတိအနားယောက်ျားတစ်ယောက်
ပကတိဘဝလေး ညစ်နွမ်းခဲ့ပြီလား
အတွေးတို့နှင့်အတူ မျက်ရည်တို့ကပေါက်ခနဲ
ပကတိခန္ဓာကိုယ်လေးအား ကျစ်နေအောင်သိုင်းဖက်ထားသူကြောင့် ပကတိရင်ခွင်ထဲက ရုန်းထွက်မိသည်
ရုန်းထွက်ပြီးရင်ရော ပကတိဘာဆက်လုပ်ရမလဲ
အတွေးများစွာနှင့် အတင်းရုန်းကန်နေမိသော်
"ငြိမ်ငြိမ်နေစမ်းကွာ တစ်ညလုံးမင်းကြောင့် အိပ်ရေးပျက်ခဲ့ရတာ"
ရင်းနှီးလှသည့်လေသံကြောင့် ပကတိ အတင်းရုန်လျက် အပေါ်မော့ကြည့်မိတော့ ပကတိအားမကျေမနပ်မျက်ဝန်းများဖြင့်စိုက်ကြည့်သူနှင့်ဆုံသည်
တစ်ခဏလေးပါပဲ ပကတိစိတ်ထဲပူပန်မှုတွေလျော့သွားရသလို
တော်သေးပါရဲ့ဆိုပြီးတွေးနေမိသည်
သို့ပေမယ့် စက္ကန့်ပိုင်းအတွင်း ပကတိစိတ်တို့ဗြောင်းဆန်ကုန်ပြန်သည်
ခုနကအတွေးတို့တွေးမိသော မိမိကိုယ်ကိုနားမလည်နိုင်
ပကတိ အကိုလေးနဲ့တစ်ခုခုဖြစ်ခဲ့လျှင်.....
ပကတိကတိမတည်တဲ့သူဖြစ်သွားလိမ့်မယ် အကိုလေးဆိုတာ ပကတိနဲ့မှမအပ်စပ်တာ
အို.....ဘာတွေလျှောက်တွေးနေမိတာလဲ
အကိုလေးက အဲ့လိုမျိုးလူမဟုတ်ဘူး
တစ်ခုခုလွဲမှားနေတာဖြစ်ရမယ်

ဓန ရင်ခွင်ထဲကမထွက်ပဲ မျက်နှာအမူအယာအမျိုးမျိုးပြောင်းနေသူအား ကြည့်လိုက်မိသည်
ဘာတွေဒီလောက်တောင်တွေးနေတာလဲ

"အကိုလေး...."
ကြည့်နေရင်းခေါ်လိုက်သံကြောင့် ပြောဆိုသည့်သဘောမျက်ခုံးပင့်ပြမိတော့
"ဟိုလေ....ပကတိက ဘယ်လိုလုပ်ပြီး..."
"ညက မင်းဘာသာမင်းငါ့ရင်ခွင်ထဲဝင်အိပ်ပြီး"
"ရှင်!!!!!"
"ဘာလဲ လန့်သွားပုံက ငါ့ရင်ခွင်ထဲဖြစ်နေလို့စိတ်ပျက်သွားတာလား"
"မဟုတ်တာ"
ဓန ခက်ထေ့ထေ့ပြုံးလိုက်ပြီး
"အဟွန့် သိပ်သဘောကျသွားတယ်ပေါ့"
"အာ......"
"ဟားဟားဟား"
ဖြေရခက်နေဟန် စဉ်းစားနေပုံကြောင့် ဓနအသံထွက်အောင်ပင်ရီလိုက်မိသည်
"ဟို ညက...."
"မင်းကို ဦးဝေစိုး ပြန်ပေးဆွဲဖို့ကြံစည်ခဲ့တာ"
"ရှင်...."
ခုနကအပြုံးတွေ ကွယ်ပျောက်သွားကာ အံကိုကြိတ်လိုက်ပုံက မေးရိုးကြီးတွေထင်းခနဲ
"အဲ့ကောင်က မင်းကိုစိတ်ကြွဆေးတွေတိုက်ခဲ့တာရောသိလား"
အကိုလေး ထပ်ပြောလိုက်သောစကားများကြောင့် ပကတိတစ်ကိုယ်လုံးအင်အားများချိနဲ့သွားရင်း
စိတ်ကြွဆေး....ဒါဆို!!!!!
ပကတိ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်တော့ ပကတိအဝတ်အစားများမဟုတ်သော အဖြူရောင်ရှပ်တစ်ထည်သာ
ပကတိ အဖြစ်အပျက်များအားနားမလည်နိုင်တော့
"အရမ်းတွေတွေးမနေနဲ့ ငါအချိန်မှီရောက်လာလို့ မင်းအဲ့ကောင်နောက်မပါသွားတာ"
ပကတိ ခဏမျှစိတ်အေးသွားသော်ငြား ခုနကသူပြောလိုက်တဲ့ထဲမှာ ပကတိစိတ်ကြွဆေးမိနေခဲ့တာမလား
ပကတိဘာတွေလုပ်ခဲ့မိလဲ
ပကတိနိုးလာတော့ သူ့ရင်ခွင်ထဲမှာ
မဟုတ်မှ.....

ဓန အတွေးတွေများနေသောကောင်မလေးအားကြည့်ကာ စချင်လာရသည်
"ညက မင်းကသိပ်ကိုဆွဲဆောင်မှုရှိတာ"
ထိုသို့ဆိုလိုက်တော့ မျက်ဝန်းအဝိုင်းသားငေးကြည့်လာရုံမျှမက မျက်ဝန်းဝိုင်းဝိုင်းထဲ မျက်ရည်စတို့တွဲလွဲခိုလျက်သား
"ဟာ...ဟိတ်မငိုနဲ့လေ"
ဓနပြောလိုက်တော့ ပိုဆိုးလာစွာ မျက်ရည်မိုးတို့ပါးပေါ်အလုအယက်ခဆင်းလာကြသည်
"ကျစ်!!!!မင်းနဲ့ငါ ဘာမှမဖြစ်ခဲ့ဘူး"
"အင့်!!!!"
ဓန စကားအဆုံး ရှိုက်သံလေးကအင့်ခနဲ
"မင်းက ငါ့ကိုဘယ်လိုကောင်မှတ်နေတာလဲ ဆေးမိနေတဲ့မိန်းကလေးကို ကြံရအောင် Feelမလာဘူး"
"ဒါ...ဒါဆို ပကတိအင်္ကျီတွေက...."
"ငါလဲပေးထားတာ"
"........"
ပကတိ သိပ်ကိုရှက်မိသွားတာ
သူ....ပကတိရဲ့အလုံးစုံကို မြင်ပြီးပြီပေါ့
ဘာမှမဖြစ်ခဲ့ရင်တောင် ဒီအခြေအနေကြီးက....ဘယ်လိုခေါင်းစဉ်တပ်သင့်လဲ

ပကတိ အတွေးတွေခါထုတ်ပစ်ရင်း ကုတင်ပေါ်ကဆင်းဖို့ကြံရွယ်လိုက်လျှင်
အားကောင်းသော လက်တစ်ဖက်၏ ဆွဲခံလိုက်ရမှုနှင့်အတူ ပကတိပြိုလဲသွားသည်ကရင်ခွင်ကျယ်ကြီးတခုထဲ
အင်္ကျီမပါသော ရင်ဘတ်ထက် မျက်နှာအပ်နေရမှုကြောင့် ပကတိရှက်ရွံ့စွာရုန်းထွက်မိတော့
ခပ်ရှရှအသံဖြင့်
"မင်းကငါပိုင်တဲ့လူတစ်ယောက်မလို့ ဒီအခြေအနေနဲ့ပတ်သက်ပြီးဘာမှထပ်မတွေးနဲ့ မင်းကငါနဲ့သက်ဆိုင်တဲ့သူ နောက်ထပ်ပြီးဒီထက်ပိုတဲ့ပတ်သက်မှုမျိုးတွေရှိလာမှာမလို့ အနေရမခက်နဲ့"
သူ့စကားတွေကဘာအဓိပ္ပါယ်များလဲ
"မင်းဦးနှောက်သေးသေးလေးနဲ့လျှောက်တွေးမနေနဲ့မကြာခင်မင်းနားလည်သွားလိမ့်မယ်'"
ပကတိအတွေးတွေကို သိစွာသူကဆိုလိုက်ပြန်သေးသည်
ပကတိကတော့ ဘာဆိုဘာမှလိုက်မမီတော့
အိမ်ကလူတွေပကတိပျောက်သွားတာ သိကြပြီလား
တကယ်လို့သိသွားခဲ့ရင်ရော ပကတိဘယ်လိုဖြေရမလဲ

💙💙💙💙💙💙💙💙💙💙

တစ်ဖက်တွင်လည်း စံအိမ်တစ်ခုလုံးဝရုန်းသုန်းကား ဖြစ်နေရသည်
အကြောင်းမှာ ခင်ပွန်းဖြစ်သူထားခဲ့သော ကွာရှင်းစာချုပ်နှင့် စာတစ်စောင်ရယ်ကြောင့်
"အမလေးးးးကြားလို့မှကောင်းရဲ့လား"
မြောက်ဘက်စံအိမ်မှ ဒေါ်ချမ်းပြည့်စုံအသံကြောင့် အလုပ်သမားတစ်ချို့က အခြေအနေကိုစူးစမ်းနေကြဟန်
ဒေါ်ပန်းဒေဝီမှာလဲ အကူကောင်မလေး၏ အကူအညီနှင့်အတူ သမီးထံလျှောက်လှမ်းလာလေသည်
အလုပ်သွားရန်ပြင်ဆင်နေကြသော ဦးစည်းခြားသူနှင့် ဒေါ်မေနီလာကပါ ထိုနေရာသို့အပြေးရောက်လာရင်း
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲ အမေ့ကောင်းမှုနဲ့ လူစိမ်းအိမ်ပေါ်ခေါ်တင်ခဲ့တာ ခုတော့ကြားလို့မှကောင်းကြသေးရဲ့လား"
"ဘာဖြစ်တာလဲ ချမ်းပြည့်စုံ ဒီအမေကိုရှင်းအောင်ပြောစမ်း"
"အကြောင်းကိုသိချင်ရင် ဒါကိုသာ ကြည့်တော့"
ဟုဆိုကာ မြေပြင်ထက်ပစ်ချလိုက်သော လက်မှတ်ထိုးပြီးသား ကွာရှင်းစာချုပ်ရယ်နှင့်အတူ
💬မ ကျွန်တော့်ကိုခွင့်မလွတ်ပါနဲ့
မရဲ့ချစ်ခြင်းတွေကို သိပေမယ့် ကျွန်တော်နှလုံးသားဖြစ်တဲ့ရှင်းပကတိနဲ့ အတူနေဖို့ဆုံးဖြတ်ပြီးပါပြီ
💬
"ဒေါ်ဂျမ်းခိုင် ရှင့်တူမလုပ်ပုံကောင်းသေးရဲ့လား"
"သခင်မလေးရယ် ကြီးဂျမ်းတူမက အဲ့လိုမျိုးမဟုတ်ပါဘူး ဒီကိစ္စမှာတစ်ခုခုလွဲမှားတာဖြစ်ရမယ်"
"အဟက်....လွဲမှားတာဟုတ်လား အဲ့တာဆို ဘယ်မှာလဲရှင့်တူမ"
"ဟို...."
ဒေါ်ဂျမ်းခိုင်ဖြေရခက်သွားစွာ
ပကတိလေးဒီလောက်မိုက်မည်မဟုတ်မှန်း ယုံကြည်ပေမယ့် ခက်တာကညကထဲကပျောက်နေတာ
"မမစိတ်အေးအေးထပါဦး ရှင်းပကတိက အဲ့လိုကလေးမဟုတ်ဘူး"
ဦးစည်းခြားသူဝင်ပြောလိုက်လျှင် ဒေါ်ချမ်းပြည့်စုံ ဟာသတစ်ခုကိုကြားလိုက်သည့်နှယ်
"အမလေး အဲ့ကောင်မအစွမ်းက အံ့မခန်းပါလား တစ်အိမ်လုံးသူ့ဘက်က"
"တော်တော့သမီး ပြသနာတစ်ခုကို ထင်ရာချည်းမပြောနဲ့ ကဲ ဂျမ်းခိုင် ပကတိလေးကိုသွားခေါ်လိုက်ပါ ပြသနာတွေရှင်းသွားတာပေါ့"
"ဟို...."
"ဘာဖြစ်လို့လဲ"
ဒေါ်ဂျမ်းခိုင် ပြသနာတွေအားနားမလည်တော့စွာ
ပကတိလေးကပျောက်နေတာဆိုတော့သူတို့ပြောနေသလိုများလား
ဘုရား ဘုရား....
"ဘယ်မှာလဲ ရှင့်တူမက"
"ဟို ပကတိလေးက ညကထဲကပျောက်နေတာပါ"
"ဟားဟားဟား ဒါဆိုသေချာပြီပေါ့ အမေဘာပြောချင်သေးလဲ"
"ပကတိလေးက အဲ့လိုလူမျိုးမဟုတ်ပါဘူးကွယ်"
"ကြီးဂျမ်း...."
ခပ်တိုးတိုးလေသံလေးကြောင့် အကြည့်တွေဟာ ထိုနေရာသို့အတိုင်းသား
မျက်နှာလေးဖြူဖျော့နေရုံကလွဲလို့ ကျန်တာမနေ့ကအတိုင်းပင်
"မမပကတိ"
"ပကတိလေး!!!!!"
အားလုံးအသံလာရာကိုငေးကြည့်နေမိစဉ်
"ရှင်းပကတိ!!!!!"
ဒေါ်ချမ်းပြည့်စုံ ခြေလှမ်းကျဲတို့ဖြင့် ပကတိအနားတိုးကပ်သွားသည်က မျက်တောင်တစ်ခတ်စာအတွင်းပင်
အားလုံးငေးကြည့်နေစဉ်မှာပဲ
ဒေါ်ချမ်းပြည့်စုံ လက်တစ်ဖက်က လေထဲမြောက်တက်သွားပြီး ဦးတည်ရာက ပကတိပါးပြင်နုနုထက်
ဖြောင်း👋
"နင်မြူဆွယ်လို့ ငါ့ယောက်ျားကနင့်ကိုလိုချင်သွားတာ နင့်ကြောင့် အိမ်ထောင်ရေးတစ်ခုပျက်စီးသွားပြီ"
ဒေါမောနှင့်ပြောနေသော ဒေါ်ချမ်းပြည့်စုံအား ပကတိနားမလည်စွာမော့ကြည့်မိရင်း
' သူများအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့ကောင်မ"
ထပ်ဆဲဆိုသံများနှင့်အတူ လက်တစ်ဖက်ဟာလဲ မြောက်ခနဲ
"ချမ်းပြည့်စုံတော်တော့"
သခင်မကြီးရဲ့ ဟိန်းဟောက်သံနှင့်အတူ ကြီးဂျမ်းကလဲ ပကတိအနားရောက်လာရသည်
"ကြီးဂျမ်း ဟင့် ပကတိနားမလည်ဘူး"
"မျက်နှာလေးကြည့်တော့အပြစ်မရှိတဲ့ပုံလေး တကယ်ကသူများအိမ်ထောင်ရေးဖြိုခွဲဖို့စဉ်းလဲမှုမျိုးစုံနဲ့"
"ဟင့်အင်းမဟုတ်ဘူး"
ပကတိ ခေါင်းကိုတွင်တွင်ခါယမ်းရင်းငြင်းဆန်မိသည်
မဟုတ်ဘူး ပကတိသူများအိမ်ထောင်ရေးကိုဖြိုခွဲဖို့အတွေးဆိုတာ လုံးဝမရှိခဲ့တာ

"တော်တော့ အိမ်ထဲဝင်ခဲ့ပြီးမှ ဆက်ရှင်း"
ဖွားဖွားကြီးရဲ့ တစ်ချက်လွတ်စကားသံကြောင့် အိမ်ထဲသို့ဦးတည်ရရင်း

ဧည့်ခန်းမကြီးထက် မျက်နှာထားတင်းမာစွာ ထိုင်နေကြသော သူများ
အားလုံးရဲ့မျက်နှာဟာ ပြသနာအားဘယ်ကစရှင်းရမည်မသိစွာ စိတ်ရှုပ်နေဟန်
ဒေါ်ချမ်းပြည့်စုံမှာတော့ပကတိအားစားမတတ်ဝါးမတတ်ကြည့်နေလေ၏
"ညက ပကတိဘယ်ရောက်နေခဲ့တာလဲ"
ဖွားဖွားကြီးရဲ့အမေးအဆုံး ပကတိမျက်လုံးဝိုင်းဝိုင်းလေးတွေလှုပ်ရှားလာခဲ့ပြီး တစ်ခုခုဖြေဖို့ကြံရွယ်မိပေမယ့်ဝင်လာသည့်အတွေးများကြောင့် ဘရိတ်အုပ်လိုက်ရသည်
ပကတိ ဘယ်လိုဖြေရမလဲ
တစ်ညလုံးအကိုလေးနှင့် အတူရှိနေသည် ဟုလား
ဒါဆို တစ်ခြားသူတွေဘယ်လိုတွေးကြမည်နည်း
ပကတိ ထိုသို့မဖြေလျှင်လဲ ဦးဝေစိုးနှင့်ကိစ္စကို ဝန်ခံသလိုဖြစ်သွားလိမ့်မည်
ပကတိအတွက် ဘယ်အဖြေကအသင့်တော်ဆုံးလဲ...
"ဖြေလေ ညကနင် ငါ့ယောက်ျားနဲ့ရှိနေခဲ့တာမလား"
"ဟင့်အင်း ပကတိနဲ့မရှိခဲ့ပါဘူး"
"ဒါဆို နင်ဘယ်မှာရှိနေခဲ့တာလဲ ညကနင်ပျောက်သွားတာ အားလုံးအသိပဲ"
"ညက...ညက ပကတိအဖမ်းခံခဲ့ရပါတယ်"
"ဟားဟားဟား ဟာသတွေလာပြောမနေနဲ့ အဖမ်းခံရတယ်ဟုတ်လား"
ဒေါ်ချမ်းပြည့်စုံ နီရဲနေသော နှုတ်ခမ်းပါးတို့အား မဲ့လိုက်ပြီး
"ဒါဆိုပြောပါဦး နင်ကဘယ်လိုလွတ်လာတာလဲ"
"ဟို.....ဟို"
"ဖြေလေ"
"ဟင့်!!!!!"
ခေါင်းထဲအတွေးတို့ရှုပ်ထွေးစွာ
မဟုတ်ပါဘူးလို့ဖြေချင်သော်လည်း ဘယ်လိုဖြေရမည်နည်း
ဦးဝေစိုးနဲ့စွပ်စွဲချက်တွေကိုရှောင်နိုင်ပေမယ့်
အကိုလေးနှင့် ဘယ်လိုအတူရှိနေတာလဲဆိုသည့်အမေးကို ဘယ်လိုဖြေရမည်မသိ
ပကတိဘဝကိုကယ်ခဲ့တဲ့ အကိုလေးကိုတော့ မထိခိုက်စေလိုပါ
ပကတိဘဝက ဒီထက်ပိုပြီးနိမ့်ကျဖို့မှမရှိတော့တာ
"ဖြေလေ"
ဒေါ်ချမ်းပြည့်စုံရဲ့အော်သံကြောင့် ကိုယ်လေးပင်တွန့်သွားရသည်
"အဟင့် ပကတိမဖြေပါရစေနဲ့"
"ပကတိလေး ဖွားဖွားကြီးကိုပြော ညကဘယ်ရောက်နေခဲ့တာလဲ"
"အဟင့် ပကတိအဖမ်းခံရတာတကယ်ပါ လူတစ်ယောက်ကြောင့်ဘာမှမထိခိုက်ခဲ့တာ"
"အဲ့လူကဘယ်သူလဲ သက်သေပြော"
"ဟင့်အင်း ပကတိမပြောပါရစေနဲ့"
"ဒီမှာ ရှင်းပကတိ နင့်ရဲ့လိမ်ဇာတ်ကြီးကို ခုရပ်လိုက်တော့"
"ဟင့်အင်း ပကတိတကယ်မလိမ်ပါဘူး"
"ငါတို့ကယုံမယ်ထင်နေတာလား အဟင်းးးး လူတစ်ယောက်ကကယ်တယ်ထားပါဦး ဘာလဲတစ်ညလုံးအဲ့လူနဲ့ အတူရှိနေခဲ့တာလား နင်ကတော်တော်မလွယ်တဲ့မိန်းမပဲ"
'"အဟင့်....မ...မဟုတ်ပါဘူး"
"သခင်မလေး ဦးသက်နိုင်ရောက်နေပါတယ်"
ဒေါ်ချမ်းပြည့်စုံ ခပ်မဲ့မဲ့ပြုံးရင်း
"ဝင်ခဲ့ခိုင်းလိုက်"

ဦးသက်နိုင်က ပကတိတို့အားနားမလည်စွာဝေ့ဝိုက်ကြည့်လိုက်ပြီး
"တစ်ခုခုဖြစ်နေကြတာလား"
"အဟင်းးး ပြသနာကတော့ရှင့်သတို့သမီးလောင်းကြောင့်ပေါ့ရှင်"
ဒေါ်ချမ်းပြည့်စုံခပ်ရွဲ့ရွဲ့ဖြေလိုက်လေ၏
"ပကတိလေး တစ်ခုခုဖြစ်လို့လား"
ဒေါ်ချမ်းပြည့်စုံ သူ့ယောက်ျားထားခဲ့သည့်စာရွက်အား ပေးလိုက်ပြီး
"ဒါ ကျွန်မယောက်ျားထားခဲ့တာစာ အဲ့စာထဲ ဒီကောင်မနဲ့ ထွက်ပြေးတဲ့သဘောမျိုးရေးထားတယ်"
"မဖြစ်နိုင်ဘူး ပကတိကအဲ့လိုမိန်းကလေးမျိုးမဟုတ်ဘူး"
"အဟင်း ဟုတ်မှာပေါ့ရှင် ရှင်တို့က ဒီကောင်မရဲ့မူယာမာယာတွေကြားနစ်မွန်းနေသကိုး"
"ဒေါ်ချမ်းပြည့်စုံ ခင်ဗျားစကားပြောတာဆင်ခြင်ပြောပါ ပကတိက ကျွန်တော့်ဇနီးလောင်း လေးစားမှုရှိပေးပါ"
"သြော်....လေးစားမှု အဟင်းးးးအ့ဒါဆိုရှင့်ဇနီးလောင်းကိုမေးကြည့်ပါဦး တစ်ညလုံးဘယ်သူနဲ့အတူရှိနေခဲ့လဲလို့"
ဦးသက်နိုင် ပကတိထံတစ်ချက်ဝေ့ဝိုက်ကြည့်လာခဲ့ပြီး
"ကျွန်တော်သူ့ကို ယုံတယ် မင်္ဂလာကိစ္စက အရင်အတိုင်းပဲ သူဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူကကျွန်တော့်ဇနီးလောင်းပါပဲ"
"အဟား ရှင်တို့တွေဒီကောင်မမာယာကြားနစ်မျောနေတာကို"
"ကျွန်တော်သူ့ကိုယုံတယ်"
"ဒါဆို ဒီစာကိုဘယ်လိုရှင်းမလဲ နင်ငါ့ယောက်ျားနဲ့ဖောက်ပြန်ခဲ့တယ်မလား"
ပကတိလက်မောင်းမှအကြမ်းပတမ်း ဆွဲကိုင်မရင်းပြောလိုက်မိသည်
"ဟင့်အင်း ပကတိကျိန်ဆိုကျိန်ရဲပါတယ်"
"အဲ့တာဆို တစ်ညလုံးဘယ်သူနဲ့ရှိနေခဲ့တာလဲ"
"ဟင့်အင်း ပကတိမဖြေပါရစေနဲ့ ဟင့်"
ပကတိငိုရှိုက်ကာ ငြင်းဆန်မိသော်ငြား ယုံကြည်သည့်ဟန်မပေါ်
"အေး နင်တစ်ညလုံးဘယ်သူနဲ့အတူရှိနေခဲ့လဲဆိုတာမပြောနိုင်ရင် နင် ငါ့ယောက်ျားနဲ့ပတ်သက်နေတာပဲ"
"ဟင့်အင်း အင့် ပကတိမပတ်သက်ရပါဘူး"
"ဖြေလေ နင်တစ်ညလုံးဘယ်ကောင်နဲ့အတူရှိခဲ့တာလဲ"
"အဟင့်"
"ကျွန်တော်နဲ့အတူရှိနေခဲ့တာ"
ခပ်ရှရှအသံကြောင့် အားလုံးရဲ့အကြည့်တွေဟာ ထိုနေရာသို့စုပြုံသွားရင်း

31.12.2022<Sat>

အသဲတွေ ဓနကြီးကိုမေ့များမေ့နေကြပြီလားမသိဘူး
လိုင်းပြန်ရတာမဟုတ်ပါဘူးနော်
ကိစ္စလေးရှိလို့လိုင်းလာသုံးရင်း နှစ်ပိုင်းUpပေးလိုက်တာ
အသဲတွေကို သိပ်လွမ်းနေတယ်😘
တန်းလန်းကြီးဖြစ်နေတာသိပေမယ့် အသဲတွေရဲ့Motiမရှိတော့ စာရေးဖို့ပျင်းနေသူပါ
အစစအရာရာဂရုစိုက်ကြပါနော်
လိုင်းတွေပြန်ရတဲ့တစ်နေ့ ဒါဒါကသဲတွေကိုအတိုးနဲ့ ပြန်ဆပ်ပါ့မယ်
Take careအသဲတို့ရေ❤💛💚

#ဖန်ဆင်းရှင်

Continue Reading

You'll Also Like

30.2K 943 24
ကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
54.3K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
45.9K 1.1K 11
ခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ...