နှစ်ပတ်မြောက်တွင်မူ လွှမ်းဝဿာန် ဆေးရုံမှဆင်းရ၏။
ကိုကိုက ဝဿာန်သတိရလာကတည်းက အိမ်ကိုတစ်ရက်ရောက်မလာခဲ့ပေ။
သတိရလွန်းလို့ ကွန်ဒိုကိုလိုက်သွားချင်ပေမယ့်လည်း ထိုသို့လုပ်၍မဖြစ်။
ပြန်လည်မွေးဖွားလာအပြီး စိတ်လိုက်မာန်ပါမလုပ်မိဖို့က ပထမဦးစားပေးဖြစ်သည်။
"သားငယ် သူငယ်ချင်းတွေနဲ့သွားတွေ့မလား
သားသူငယ်ချင်းတွေက ဖုန်းဆက်ပြီးသတင်းမေးနေကြတာ
မေ့သားလည်း အိမ်ထဲနဲ့ဆေးရုံပဲနေနေရတော့ ပျင်းရောပေါ့"
မေမေ့၏တိုက်တွန်းချက်ကို ခေါင်းရမ်းပြလိုက်တော့ မေမေကသက်ပြင်းဖွဖွချကာ သူ့ခေါင်းကိုပွတ်သပ်လာသည်။
လွှမ်းဝဿာန် ထိုကလေကချေတစ်သိုက်နှင့်အပေါင်းအသင်းမလုပ်လို။
ထိုသူတို့က သူ့ကိုချူစားနေရုံသာ။
စစ်မှန်သော အပေါင်းအသင်းဆ်ိုပြီး လွှမ်းဝဿာန်တွင်မရှ်ိပေ။
အရင်ကတည်းကသိပေမယ့် မာနထောင်လွှားသောလွှမ်းဝဿာန်အဖို့ ခွေးအတွေဝန်းရံနေတာကိုကျေနပ်နေခဲ့မိခြင်း။
သူကဘွဲ့ယူပြီးခါစဖြစ်ကာ ဘွဲ့ယူပြီးနောက်ရက် အပေါင်းအပါတွေနှင့်လကလပ်မှာကဲနေတုန်း ကိုကို့နောက် နောက်ယောင်ခံလိုက်ခိုင်းထားသူကပို့ပေးသောပုံတွေကြောင့် ကော်ဖီဆိုင်ကိုအပြေးသွားရာမှ မြေခွေးမကိုနမ်းနေသည်ကိုမြင်သောကြောင့် ကားကို စိတ်လွတ်စွာမောင်းတာကြောင့် ယာဥ်တိုက်မှုဖြစ်သွားရခြင်းပေ။
သူက ပညာအရာမှာမတော်တော့ ကိုကို့လိုစီးပွားရေးနဲ့အုပ်ချုပ်ရေးဆ်ိုင်ရာမေဂျာမယူနိုင်ခဲ့။
ရုက္ခဗေဒနဲ့ပြီးပေမယ့် အပင်တွေကိုစိတ်မဝင်စားပေ။
လွှမ်းဝဿာန်က ကားပြိုင်ရတာကိုကြိုက်တယ်။
သူ့ကို အပတ်တိုင်းပြိုင်ကွင်းမှာတွေ့နိုင်တယ်...ဒါပေမယ့်
ရည်မှန်းချက်မဲ့လိုက်တာဆိုသော ကိုကို့အပြောကြောင့် ပြမ်လည်ရရှိလာတဲ့ဘဝကိုတော့အကျိုးရှိစွာရှင်သန်ရမည်။
"မေမေ သားအလုပ်လုပ်ချင်တယ်"
"ဟေ? မေ့သား...မေ့သားလေးရယ်"
ဝမ်းသာမျက်ရည်များကျလာပြီးနောက် ဒေါ်မေနှင်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ ဖြစ်စေရမည်ဟုပြောလာ၏။
ကျွန်တော် ကိုကို့ကိုမချစ်မိအောင်တော့နေလို့မရဘူး
ဒါပေမယ့်.. ပိုင်ဆိုင်ချင်စိတ်မရှိတော့အောင်တော့ကြိုးစားပါ့မယ်..
......
တည်တံ့အိမ်တွင်....
ဦးတည်တံ့သူနှင့် ဇနီးဖြစ်သူဒေါ်ကေသွယ်ပြန်လာမှုအတွက် အိမ်ကြီးတွင်ပါတီပေးဖို့ပြင်ဆင်နေကြသည်။
အိမ်ကြီးရှင်တွေကတော့ မနက်ကတည်းကရှော့ပင်းဆိုပြီးထွက်သွားပေမယ့် ယခုအချိန်ထိအခန်းအောင်းနေသော တည်တံ့သော်ကတော့ ထိုသူတို့ကိုပင်မတွေ့ရသေးပေ။
ထိုသူတို့ကလည်း သူ့တည်ရှိမှုကိုအရေးစိုက်၍မေးမနေချေ။
စဥ်းစားစမ်း...ဘယ်လိုပြုမူနေထိုင်ထမလဲ?
မူလတည်တံ့သော်တုန်းကရော ဘယ်လိုဆက်ဆံခဲ့တာလဲ?
ဖြတ်ခနဲ့ သတိရသွားသည်နှင့်အတူ ဒိုင်ယာရီစာအုပ်ထံသို့...
ထိုဒိုင်ယာရီစာအုပ်ကိုလည်း တည်တံ့သော်က ပန်းချီခန်းတွင်ထားထား၏။
သူတစ်ယောက်တည်းဝင်နိုင်သည့်အခန်းတွင်ပေါ့။
ရေးသားချက်များအရတော့ ထိုမိဘတွေကသူ့ကိုလေလိုသာသဘောထားကြောင်းနှင့် ပန်းချီကားချက်ထဲကသူ့အမေဟုယူဆရသော မိန်းမကြီးသေပြီးနောက် အဖေဆိုသူက မိထွေးကိုအိမ်ပေါ်ခေါ်တင်လာသည်။
ရည်းစားဦးဆိုလားပဲ
နွယ်တည်တံ့ကတော့ ထိုရည်းစားဦးနှင့်ရခဲ့သည့်ကလေးဖြစ်ကာ သူ့ထက်ခြောက်နှစ်ကြီးတယ်တဲ့
ဒါဆို သူ့အမေနဲ့မရခင်ကတည်းကခိုးစားနေခဲ့တာပေါ့
ဒါပေမယ့် ရေးထားသေးတာက ထိုသားအမိမရောက်ခင် ..သူ့အမေရောဂါနှင့်မသေခင်က အဖေဆိုသူက သူ့ကိုကောင်းမွန်စွာဆက်ဆံသည်တဲ့။
ဒီ့ထက်ပိုဇာတ်နာတာက အမေ့ရဲ့မိဘတွေကလည်း သူတို့သမီးဆုံးပြီးနောက် ယာဥ်တိုက်မှုဖြင့်တိမ်းပါးသွားကာ အမွေတွေကိုတော့ တည်တံ့သော်အားလွှဲပေးခဲ့သည်တဲ့
အမေ့ရဲ့အမွေအပြင် ဘိုးဘွားအမေတွေပါဆိုရင် တည်တံ့သော်ကယခုလက်ရှိလွှမ်းအဖွဲ့အစည်းနဲ့ ရင်ဘောင်တန်းနိုင်သည်ဆိုပဲ။
ဘိုးဘွားပိုင်ကုမ္ပဏီတွေကိုတော့ အဘိုးရဲ့လူယုံ ဦးဉာဏ်ဆိုသူကကွပ်ကဲနေကာ သူ့ကိုလည်းသားအရင်းလိုချစ်ခင်သည်တဲ့။
ဒါပေမယ့် လအတော်ကြာထိ ဦးဉာဏ်ကိုမတွေ့ရသေးဘူး။
သူ အက်စီးဒန့်ဖြစ်တာတောင်လာမတွေ့ပုံထောက် ဒီနိုင်ငံအတွင်းမရှိတာလား?
တွေးလေ ဘာကလွဲနေမှန်းကိုမသိပေ။
သို့ပေမယ့် လစဥ် သူ့ဘဏ်အကောင့်တွင်တိုးပွားနေသောကိန်းဂဏန်းများအရ ဦးဉာဏ် သူ့ကိုမမေ့ကြောင်းတော့သတိထားမိသည်။
သူ့အဖေထောက်ပံ့သော ဘဏ်စာအုပ်နှင့်ယှဥ်ပါက မိုးနဲ့မြေလိုကွာခြားမှုမျိုးပင်။
"မောင်လေးရေ"
အခန်းအပြင်ကနွယ်တည်တံ့အသံကြောင့် တံခါးဖွင့်ပေးလိုက်တော့ ဝတ်စုံတစ်ခုကိုကိုင်ကာပြုံးလျက်ဝင်လာ၏။
"မောင်လေး ညနေပါတီကျရင် ဝတ်ဖို့"
"မလာချင်တောင် မျက်နှာလေးတော့လာပြဦးတဲ့ ဖေဖေက"
"ဟုတ်"
နွယ်တည်တံ့အပြင်ထွက်သွားတာနဲ့ တံခါးကိုဂျက်ချကာ လရောင်ဝန်းဆီဖုန်းခေါ်လိုက်သည်။
"သော်သော် ကိုယ့်ကိုသတိရလို့လား"
စလာပြီ အော်ဂလီဆန်စရာတွေ!
"ငါ့အဖေတို့ပြန်ရောက်နေတော့ ခြေလှမ်းကျဲလို့မရသေးဘူး ဆိုင်ကိစ္စမင်းပဲလုပ်ပေးဦး ကျောင်းခေါ်ချိန်ပါအကူအညီတောင်းတယ်"
"သော်သော်က အကူအညီတောင်းတာကိုလေသံကမလျှော့ဘူး"
"မင်း ဘာလိုချင်လဲ"
တစ်ဖက်ဆီက ရယ်သံသဲ့သဲ့ကြားရပြီးနောက်...
"ဘာလိုချင်လဲဆိုတော့...အင်း အခုတော့စဥ်းစားမရသေးဘူး
နောက်မှ တောင်းမယ်"
"အင်း အဲ့ဒါဆို ဒါပဲ"
"နေပါဦးဟ မင်းတို့အိမ်ဒီညပါတီဆို
ငါတို့ကိုဖိတ်တယ် ငါလိုက်ခဲ့ရမလား"
"နေခဲ့ ငါကမျက်နှာပြပြီး အခန်းအောင်းနေမှာ"
ဖုန်းချလိုက်ပြီးနောက် ပေးထားသည့်ဝတ်စုံကိုတစ်ချက်ကြည့်လိုက်သည်။
အပြာနုရောင်ဖျော့ဖျော့ကုတ်ကို အောက်ကအဖြူခံနှင့်..
လည်စီးဖဲပွင့်နှင့်ပါဆိုတော့ တည်တံ့သော်စိတ်အိုက်သွားရသည်။
လည်စီးကြီးမစည်းချင်ပါဘူး။
ဒါပေမယ့် လူလိမ္မာပုံစံကလည်းပျောက်လို့မရပြန်ဘူး။
...
အိမ်ဝိုင်းထဲကမြက်ခင်းပြင်ပေါ်တွက်ခင်းကျင်းကာ ပွဲကျင်းပခြင်းဖြစ်သည်။
'စက်'အိမ်တုန်းကလောက်မကျယ်ပေမယ့် ပေါ်တီကိုအောက်တွေအပြင် အောက်ဆုံးထပ်တစ်ထပ်လုံးကိုပါခင်းကျင်းထားတာကြောင့် နေရာဆန့်တယ်ပဲပြောရမလားပဲ။
တည်တံ့သော်ကတော့ အဖေဆိုသူတို့နှင့်တစ်ကြိမ်သာစကားပြောလိုက်ရပြီးနောက် ချောင်တွင်ထိုင်ကာ မုန့်စားနေလိုက်သည်။
မျက်လုံးတွေကတော့ ပွဲထဲကလူတွေကိုအကဲခတ်ရင်းပေါ့။
ကြည့်နေတုန်းမှာပဲ ပြိုင်တူဝင်လာကြသည့် စက်နေယံနှင့် ကမ္ဘာလွှမ်း
သူတို့ရဲ့ကိုယ်ပိုင်အရောင်တွေလို့ခေါ်ရလောက်မယ့် အနက်ရောင် နှင့် အနီရောင်ကုတ်တွေကိုယ်စီဝတ်ဆင်ထားကြလျက်။
ထိုနှစ်ယောက်ဝင်လာသည်နှင့် နွယ်တည်တံ့ကနေရာမှထကာ ထိုအမျိုးသားတွေရဲ့လက်မောင်းတစ်ဖက်စီကိုဖက်တွယ်၍ သူ့မိဘတွေဆီခေါ်သွား၏။
တည်တံ့သော် မျက်နှာက်ိုအောက်ငုံ့ကာ ခိုးရယ်လိုက်သည်။
ပွဲကတော့လှပြီ
မသိရင် အရမ်းချစ်ကြသည့်သူငယ်ချင်းသုံးယောက်အလား!
ထို့နောက် ဒီနေရာမှထွက်ခွာသင့်ပြီဟူသောအတွေးနှင့်အတူ အခန်းသို့ပြန်လာခဲ့လိုက်၏။
အဝတ်အစားလဲလိုက်ပြီး လက်ပ်တော့ကိုယူလိုက်ကာ ဆွဲလက်စဂိမ်းကိုဆက်ရေးနေလိုက်သည်။
အလုပ်ထဲစျာန်ဝင်နေသည်နှင့် ပတ်ဝန်းကျင်ကိုသတိမရတော့တာ တည်တံ့သော်ရဲ့အားနည်းချက်ပေ။
တိုးညှင်းသော တံခါးခေါက်သံက တည်တံ့သော်နားကိုမတိုး။
ဖုန်းသံမြည်လာ၍ ကြည့်လိုက်ရာတွင်မူ...
စက်နေယံ???
သူကပွဲထဲရှိနေရမှာလေ??
"ဟုတ် စက်"
"အခန်းတံခါးဖွင့်ပေးဦး သော်"
ဟမ်????
တည်တံ့သော်ခေါင်းပေါ်မှာ ??? ပေါင်းများစွာပေါ်လာပြီး လက်ပ်တော့ကိုပိတ်လိုက်၏... ကြောင်အစွာဖြင့်ပင် တံခါးဖွင့်ပေးလိုက်ရာ..
စက်နေယံက နားမလည်နိုင်သောမျက်နှာပေးနှင့်သူ့ကို ပုခုံးမှတဆင့်ကိုင်ကာ ဘေးသို့ရွှေ့လိုက်ပြီး အခန်းထဲဝင်လာ၏။
အခန်းတံခါးပိတ်ပြီးသည်အထိ ဘာမှဆက်စပ်ပြီးမတွေးနိုင်။
အောက်ထပ်မှာရှိနေရမှာလေ?
သူပျောက်သွားမှန်းသိရင် နွယ်တည်တံ့က အေပါ်တက်လာပြီး စောင်ဇယားကရှုပ်ဦးမယ်
သောက်ဂွပဲ
စက်နေယံက ခပ်တည်တည်ပဲ တည်တံ့သော်ရဲ့ကုတင်စွန်းမှာဝင်ထိုင်နေသည်။
ခြေချိတ်ထိုင်ကာ လက်တို့ကိုယှက်လျက်ဒူးပေါ်တင်ထားသည်က သြဇာကြီးမားသောမင်းသားသဖွယ်။
အခန်းကိုတစ်ချက်ဝေ့ကြည့်ပြီးမှ တည်တံသော်ထံ အကြည့်တို့ဦးတည်လာသည်။
"အဲ့နေ့ပြီးကတည်းက မဆက်သွယ်တော့ဘူးပဲ"
သောက်ကျိုးနည်းစကားကြီးနဲ့ အစပျိုးလိုက်တာပဲ ဖခင်!
ငါက ?ဘာကိစ္စ? မင်းကို? ဆက်သွယ်ရမှာ?
"ဗျာ"
မလိမ်မိုးမလိမ္မာအူကြောင်ကြားရုပ်ကလေးနဲ့ နေရာမှာပဲရပ်နေဆဲ..
စက်နေယံက စက်နေယံမပီသစွာပြုမူနေတာကို ကိုယ့်ကိုယ်ကိုလည်းအလိုမကျပေမယ့်
ရာဇဝင်ရိုင်းစွာပဲ သူ့စိတ်တွေကိုမထိန်းနိုင်ခဲ့ပေ။
သူ ဒီကောင်ငယ်လေးကိုသတိရနေခဲ့တာ။
ဒါ့ကြောင့်ပဲ အတင့်ရဲလျက် အခန်းထိရောက်လာခဲ့ခြင်း။
"ထိုင်ပါဦး မတ်တပ်ကြီး ကိုယ်ကြည့်ရတာအဆင်မပြေဘူး"
ဖြစ်ရတယ် ဖခင်ရယ်!
တည်တံ့သော် စ်ိတ်ထဲမဲ့ရွဲ့နေပေမယ့် အပြင်ဘက်တွက်တော့ ခေါင်းလေးငုံ့ကာ စာကြည့်စားပွဲကထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
စက်နေယံ မျက်ခုံးတို့တွန့်သွားမိပေမယ့် ပုံမှန်အတိုင်းနေလိုက်ကာ..
"ဝေးတယ် ဒီနားလာ"
ဘယ်နား? ဘယ်နားလဲခင်ဗျ?????
ခင်ဗျားဟာက မဟုတ်သေးဘူးနော်အမောင်
ခင်ဗျားအပြုအမူတွေက ဂေးဆန်နေပြီဟ!
စက်နေယံကိုမော့ကြည့်လိုက်တော့ သူ့ဘေးထိုင်ရန် မျက်ရိပ်ပြသည်။
တည်တံ့သော် စောဒကတက်မနေတော့ဘဲ ဘေးနားတွက်ကျုံ့ကျုံ့လေးသွားထိုင်လိုက်၏။
ရုတ်တရက်....
တည်တံ့သော် အသက်ရှုခြင်းတို့ရပ်တန့်ကုန်ကာ မျက်လုံးတို့လည်းပြူးကျယ်ကုန်လျက်.....
ဖက်....ဖက်လိုက်တယ်?!!!!
မဟုတ်...ဟ ဘာတွေ...နေပါဦး..မဟုတ်သေးပါဘူး?!!!!!
"စက်...?"
တိုးညှင်းလှသော သူ့အသံအဆုံးတွင်မူ စက်နေယံကပိုတိုးလို့ဖက်လိုက်ရာ..
တည်တံ့သော်အသက်ရှူကြပ်ပြီး ထပ်သေရတော့မှာလားပဲတွေးမိတော့၏။
စက်နေယံ တည်တံ့သော်ရဲ့လည်တိုင်နဲ့ညှပ်ရိုးကြားမျက်နှာဝှက်၍ တည်တံ့သော်ရဲ့ကိုယ်သင်းနံ့ကို ရှိုက်ယူလိုက်သံကကျယ်လောင်စွာထွက်ပေါ်လာသည်။
ဘာလား Crushကလည်း ကြိုက်နေတာတဲ့လား ? သောက်ရမ်း ဒရာမာဆန်ချက်ပဲဟေး
"စက် ကျွန်တော်မနေတတ်ဘူး"
စက္ကန့်အနည်းငယ် ထိုအနေအထားအတိုင်းငြိမ်မိနေရာ ကောင်လေးအသံကြားမှ သူ့အသိတို့ပြန်ကပ်လာလေသည်။
စ်ိတ်မထိန်းနိုင်လိုက်ပြန်ဘူးပဲ။
"အနေခက်စေတဲ့အတွက်တောင်းပန်တယ် ဖက်ထားမိတာကိုတော့မတောင်းပန်ဘူး "
ကိုယ်တောင့်တနေတာ...ထိန်းချုပ်ထားတာကြာလှပြီမို့.....
"စက် ပြန်သင့်ပြီ မမရှာနေလောက်တယ်"
ပြောနေရင်းမှာပဲ စက်နေယံရဲ့ဖုန်းကအသံမြည်လာ၏။
ထင်သည့်အတိုင်းနွယ်တည်တံ့ပေမို့..
တစ်ဖက်ကဘာပြောသည်မသိပေမယ့် စက်နေယံပြောတာကြီးကတော့ သြချစရာကောင်းသည်။
"ကိုယ် တော်တော်မူးနေတာ နွယ်
ကားမမောင်းနိုင်ဘူး"
"အင်း ဒရိုင်ဘာမပါဘူး"
"အခုက တည်တံ့အခန်းမှာ ကိုယ်မူးနေတာမြင်ပြီး ခေါ်သွားပေးတာ"
excuse me?!!! ဟယ်လို ဘရားသား???
ခင်ဗျားက မာနနတ်ဘုရားဆိုတဲ့ဘွဲ့ရထားတာ ကျနော်သတင်းကြားမှားတာလားဗျ?
"အဆင်ပြေရင် ဒီတစ်ည ကိုယ်တည်တံ့အခန်းပဲအိပ်လိုက်လို့ရလား ?"
ခင်ဗျာ???????????!!!!!
"ကျေးဇူး နွယ်"
ဖုန်းပြောနေတဲ့တောက်လျှောက်လည်း လက်တစ်ဖက်တည်းနဲ့ သူ့လက်တွေကိုဆုပ်ကိုင်ထားသေးတယ်
အခု ဖုန်းကိုဘေးချလိုက်ပြီးတော့လည်း မျက်ဝန်းတွေထဲ စူးနင့်တဲ့အကြည့်နဲ့ ကြည့်လာပြန်တယ်
တကယ်ကြီးကိုပဲ......
"သော်လည်း အဆင်ပြေတယ်မလား ကိုယ်အိပ်ဖို့"
စကားကိုတုံးတိပြောတတ်တာလည်း ဒီလူ့ရဲ့ဆွဲဆောင်မှုပေလား။
ညှို့ယူနေတဲ့အကြည့်တွေကြောင့် လူကပါမိန်းမောသွားရကာ ခေါင်းညိတ်လိုက်မိလား ခေါင်းခါလိုက်မိလားမသိခင်မှာပဲ အရှေ့ကအမျိုးသားက တစ်ခါလေးမှမမြင်ဖူးသော အပြုံးလှလှတစ်ခုကို လှစ်ခနဲပြုမူလေသည်။
ဒီလူ ပြုံးလိုက်တော့ အကြည်ဓာတ်တစ်မျိုးကိုပေးနိုင်တာပဲ။
မပြုံးတော့လည်း ဩဇာပြင်းဟန်အသွင်တစ်ခုနှင့်။
မနာလိုစရာရုပ်ရည်ပဲဟ
....
နွယ်တည်တံ့ကဖုန်းချလိုက်ပေမယ့် စ်ိတ်တိုနေသည့်မျက်နှာအမူအရာတို့ကိုတော့ ကမ္ဘာလွှမ်းမမြင်အောင်မရုတ်သိမ်းနိုင်လိုက်။
"အဆင်ပြေရဲ့လား နွယ်"
"ပြေပါတယ် ကမ္ဘာရဲ့ နေယံကတော်တော်မူးနေလို့ ဒီမှာပဲအိပ်လို့ရလားမေးတာ မောင်လေးအခန်းမှာအခုက"
ကမ္ဘာလွှမ်းစိတ်ထဲ ဖျင်းခနဲ
အောင့်သက်သက်ခံစားချက်ကိုအတင်းချိုးနှိမ်၍ မိန်းမလှလေးကိုပြုံးပြလိုက်၏။
"နွယ်က မကြိုက်လို့လား အဲ့လိုအိပ်မှာကို"
"မဟုတ်ပါဘူး ကမ္ဘာရယ် မောင်လေးကြောင့်နေယံစိတ်ရှုပ်မှာပဲစိုးတာ မောင်လေးကနည်းနည်း..."
ပြောမကောင်းသည့်အရာတစ်ခုကို မပြောချင်ဟန် မျက်နှာလွှဲသွားသည့်နောက် သူကပါအလိုက်သင့်ငြိမ်နေပေးလိုက်သည်။
ဘာနေနေ ဒါတွေကသူနှင့်မဆိုင်
ဘာမဟုတ်သည့်စိတ်ခံစားချက်တွေတော့ သူ့ရည်မှန်းချက်ကိုအပျက်မခံလိုပါ။
ဒါပေမယ့်....စက်နေယံက အကောင်ပေါက်ရဲ့အခန်းထဲမှာဆိုသည့်စကားက သူ့နားထဲပဲ့တင်ထပ်နေတော့သည်။
.......
အိမ်ဖော်ကောင်မလေးလာပေးသည့် အဝတ်အစားတို့ကို ယူလိုက်ပြီးနောက် တည်တံ့သော် ရေချိုးခန်းတံခါးကိုခေါက်လိုက်သည်။
အထဲမှ စက်က ပုဝါပိုင်းတစ်ထည်ကိုခါးတွင်ပတ်ကာ ခေါင်းရေစက်လက်နဲ့ထွက်လာလေသည်။
အားပါး...ခြောက်လုံးတောင်မဟုတ်ဘူး ရှစ်လုံးဟ
အလုပ်များတာကို gymဆော့နိုင်သေးတယ်လား
သူတောင် စက်နေယံလောက်မဟုတ်တာကို အချ်ိန်ကိုမလောက်ဘူး
ဇီးကွက်မျက်လုံးနဲ့ကြည့်နေတဲ့ကောင်လေးကြောင့် စ်ိတ်ထဲရယ်မိသည်။
အပြင်တွင်တော့ မျက်နှာသေနဲ့ပေါ့
"သော်?"
"ဟို..အဝတ်လဲဖို့"
ကမ်းပေးလာတာကို ယူပြီး ရေချိုးခန်းထဲသို့ပြန်ဝင်သွားသော စက်နေယံကြောင့် အသံမထွက်အောင် အားခနဲအော်လိုက်ပြီး စိတ်ငြိမ်အောင်အသက်အရှူအထုတ်လုပ်နေမိ၏။
တံခါးပြန်ဖွင့်သံကြားသည်နှင့် မနည်းတည်ငြိမ်အောင်လုပ်လိုက်ရကာ ခေါင်းသုတ်ဖို့ သဘက်ပေးလိုက်တော့..
"လုပ်ပေးနိုင်မလား"
ဟ ဇွတ်ပဲဟ
ဒီလူနဲ့သူကြာကြာတွေ့ဖူးတာဆိုလို့ သူ့အိမ်အိပ်တဲ့နေ့ကပဲလေ
ဒီအတောအတွင်း ဘာအထိအတွေ့ အဆက်အသွယ်မှမရှိဘဲ ဘယ်လိုတောင်ခံစားချက်တွေပြင်းထန်ကုန်ရတာတုန်း
အရင်ကတည်းကကြိုက်တာတော့မဖြစ်နိုင်ဘူး
စက်နေယံရဲ့ပုံစံက သိုဝှက်သယောင်ထင်ရပေမယ့် သူစိတ်ပါရင်ကမ္ဘာကိုတောင်ပြောင်းပြန်လှန်ပစ်မယ့်သူမျိုး
စ်ိတ်ထဲမထည့်ရင်တေ့ ကမ္ဘာပျက်တောင်ထိုင်ကြည့်နေမယ့်လူစား
လုပ်ကိုလုပ်ရမယ်ဟူသော ဖိအားတွေကို စက်နေယံနဲ့မျက်လုံးတွေထဲကနေတဆင့်မြင်ရသောကြောင့် သက်ပြင်းခိုးချလိုက်ကာ မမှီမကမ်းခန္ဓာကိုယ်ကြီးကို ခြေဖျားထောက်၍ သုတ်ပေးရတော့သည်။
တည်တံ့သော်ရဲ့ပုံစံကို မကြည့်ရက်ဘူးထင်ပါရဲ့
စက်နေယံက သူ့လက်ကိုဆွဲကာ ကုတင်ဆီသွားပြီး...သူကတော့ ကုတင်ပေါ်အကျအနထိုင်ကာ တည်တံ့သော်ကမတ်တပ်ရပ်လျက် ဆံပင်တွေကိုဂရုတစိုက် သဘက်နဲ့သုတ်ပေးရ၏။
ဖိအားကြောင့်ပါနော်!!
"ဒီလောက်ဆို ရေပြောင်ပြီထင်တယ် နည်းနည်းတော့စိုဦးမယ် တန်းမအိပ်သေးနဲ့ဦး"
ခေါင်းအုံမှာစိုးလို့ပြောလိုက်မိတာကို စက်နေယံက သဘောတကျကြည့်နေလေတော့ မနေတတ်စွာခေါင်းငုံ့ထားလိုက်၏။
"ဟုတ်ပြီ ထိုင်ဦး"
ထိုင်ဦးဆိုတော့လည်း ထိုင်ရတာပေါ့ ဘေးနားကိုလေ ဟူး~~
"မေးချင်တာတွေများနေတယ်မလား"
ခေါင်းငြိမ့်ပြတော့ တည်တံ့သော်ရဲ့ ဆံပင်ညိုခွေခွေတို့ကြား လက်ချောင်းတွေနဲ့ထိုးဖွနေရင်းက...
"ကိုယ်ကအဲ့လောက်မပိန်းဘူးလေ"
နားမလည်ဟန်ဖြင့် မော့ကြည့်လာသော မျက်ဝန်းကြည်တောက်တောက်တွေက်ို သဘောကျမိသည်။
မျက်လုံးထောင့်နားကို လက်မဖြင့် ဖွဖွပွတ်သပ်၍....
"အိပ်တော့"
ကောင်လေးရဲ့ကိုယ်ပေါ်တွင်စောင်ခြုံပေးလိုက်ပြီး ညအိပ်မီးကိုပြောင်းလိုက်၏။
ထို့နောက် သူပါစောင်ထဲဝင်လိုက်ပြီး ပါးလျတဲ့ကိုယ်လေးကိုရင်ခွင်ထဲထည့်လိုက်တော့ တည်တံ့သော်ရဲ့ခန္ဓာကိုယ်ကတောင့်တောင့်လေးဖြစ်သွားသည်။
"သက်သောင့်သက်သာနေ အိပ်မပျော်ဘဲနေမယ်"
ထိုအခါမှ သူ့ကိုကျောပေးကာတစ်ဖက်သို့လှည့်အိပ်သွားသူကို လက်မောင်းတွေကြားပိုတိုး၍ ဆွဲယူလိုက်ကာ မျက်လုံးနွေမှိတ်လိုက်တော့သည်။
ကိုယ့်ခံစားချက်ကိုမသိရလောက်တဲ့အထိ ကိုယ်မပိန်းဘူး သော်
**********
I need vitamin votes and feedbacks na khap
တိုတော့တိုသွားတယ်
ပြန်ရေးတာဆိုတော့Moodကထည့်မရနေလို့ရယ်