🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(20)
"တွီ!.."
*ဒီနေ့ဖုန်းမပြောနိုင်လို့ခွင့်လွှတ်နော်ကိုကို သဲလေးအလုပ်အရမ်းရှုပ်နေလို့*
မနက်စောစော မက်ဆေ့ခ်ျပို့လာသည့် သူမလေးကြောင့် စက်ဝန်းမျက်ခုံးတို့သည် သိသိသာသာတွန့်ချိုးသွား၏။ မနက်(၆)နာရီတိုင်းမှာ ဖုန်းထဲက သူမလေးအသံနဲ့အတူ သူ့ရဲ့တစ်နေ့တာကိုစတင်ခဲ့တာ တစ်လကျော်ခဲ့ပြီ။ ဒါပေမဲ့ ဒီနေ့မှာတော့ မက်ဆေ့ခ်ျတစ်စောင်သာရလာသည်။
အသက်(၂၃)နှစ်ပြည့်တဲ့ မွေးနေ့အစက ပျော်စရာမကောင်းတော့ပေ။ ခါတိုင်းမွေးနေ့မှာလည်းပျော်စရာမကောင်းပေမဲ့ အခုက ချစ်ရသူနဲ့အတူကြုံတဲ့ပထမဆုံးမွေးနေ့မဟုတ်လား။ အတူရှိချင်တာပေါ့။ ဒါပေမဲ့ အဝေးကသူမလေးကတော့ ဒီနေ့က သူ့မွေးနေ့ဆိုတာတောင်သိမည့်မပေါ်။
တစ်ကယ် အရင်တွဲခဲ့တဲ့သူတွေကို ချေခဲ့သမျှ အနှစ်သာရနဲ့မှ သူဝဋ်လည်တာ။
ကျစ်!...
အနှစ်သာရကို ဖုန်းဆက်လို့မရသည့်နေ့က ဒီနေ့မှဖြစ်ရသလား။ ထူးထူးဆန်းဆန်းသူ့မွေးနေ့မှလေ။ ပုံမှန်အဆက်အသွယ်မရရင် ဒီလိုတစ်နေကုန်မဟုတ်။ အခုက ရုံးဆင်းတဲ့အထိကို ဆက်မရတာ။
အလုပ်ကအပြန်၊ ချစ်ရသူကဖုန်းမဆက်လာတော့ သူ ကိုမင်းထက်ဆိုင်ရှိရာဘက်ကို ခြေဦးလှည့်ဖြစ်သည်။ လက်ထပ်ပြီးကတည်းက ဆိုင်ကိုမရောက်ဖြစ်တာ။ အနှစ်ကိုခေါ်လာရင် ဟိုလူကြည့်၊ဒီလူကြည့်မကြိုက်၍ အခုမှသာခြေဦးလှည့်ရတော့သည်။
"ဟော ငါ့ညီ! အနှစ်အနားမှာမရှိမှဘဲ လာတော့တယ်"
"အစ်ကို့ညီမက ပြစ်ထားလို့လေဗျာ..."
"ဟား ဟား..."
ကိုမင်းထက်က အားပါးတရရယ်ကာ သူသောက်နေကျမျိုးမှာပေးသွားသည်။ ဆိုင်မှာလူကျနေ၍ အထူးတလည် ဧည့်မခံခိုင်းတော့ပေ။ အချင်းချင်းတွေကို လိုအပ်တာမှတ်လို့။
"Happy birthdayကင်းကောင်!..."
ကိုမင်းထက်ဆိုင်မှာအေးချမ်းမလားမှတ်ပါတယ်။ ဆယ့်ငါးမိနစ်တောင်မထိုင်ရသေးပါဘဲနှင့် ထင်ရှားကရောက်လာသည်။
"အေး အဲ့ကင်းကောင်က စိတ်မကြည်နေဘူးနော်! ရုပ်က ပြောင်စပ်စပ်နဲ့"
"ဟ! ဘာလဲ မွေးနေ့ကြီးမှာ မျက်နှာရှစ်ခေါက်ချိုးရုပ်က"
"ပျော်လို့လေ..."
စက်ဝန်းရွဲ့ပြောတာကို ထင်ရှားကသဘောကျပြီးရယ်ပြန်သည်။ ဒီကောင်ကဘာလဲ။ ဆေးမရှိတော့တာလား။ ကျပ်မပြည့်လိုက်တာ။
"တစ်မိုးအောက်စက်ဝန်းအလွန်က မိန်းမရမှ ကောင်းနေရော...ဘယ်လိုလဲ အခုတော့ မင်းပြစ်သွားခဲ့တဲ့မိန်းကလေးတွေရဲ့ခံစားချက်ကို နားလည်ပြီလား"
"ပေါက်ကရတွေ!.."
"ဟား ဟား..."
ထင်ရှား စက်ဝန်းရဲ့လွမ်းနာကျနေသည့်ပုံစံကို ဗီဒီယိုပင်ရိုက်ထားချင်သည်။ အဲ့လောက်ထိကို စက်ဝန်းပုံစံကဖြစ်ပျက်နေတာဖြစ်သည်။
စက်ဝန်းဘက်က သဲလေး၊သဲလေးနဲ့ ခေါ်နေသလောက် အနှစ်က ဖုန်းcontactမှာတောင် စက်ဝန်းနာမည်ကို ""ကင်းကောင်""ဆိုပြီးမှတ်ထားတာ မပြောင်းသေး။ နောက် စက်ဝန်းသိသွားပြီးစိတ်ဆိုးမှပြောင်းပေးခဲ့ရတာ။ ထိုနေ့ကဆို အနှစ် အတော်ချော့ယူလိုက်ရသည်။
စိတ်ကောက်တာ၊စိတ်ဆိုးတာက အလကားသက်သက်အချိန်ဖြုန်းတာပဲလို့ ပြောခဲ့တဲ့သူက အနှစ်နဲ့ကျ စိတ်ကောက်ပြသည်။ ဘယ်လောက်တောင် တရားကျလိုက်သည့်စက်ဝန်းလဲ။
ထင်ရှား စက်ဝန်းကို သဘောကျစွာကြည့်နေရင်းမှ မျက်လုံးထောင့်မှာ မြင်လိုက်ရသည့် အရိပ်တစ်ခုကြောင့် မျက်နှာကပြုံးသွားရသည်။ လာပါပြီ လွမ်းနာကျနေတဲ့ကောင်လေးကိုတွေ့ဖို့ အဝေးကလာရတဲ့ကောင်မလေး။
"အဟမ်း!.."
"မင်းအတော်ပျော်နေပုံပဲ...ငါ့ရှေ့မှာ!..."
"Happy birthday KoKo..."
ထင်ရှားကို ဆဲဆိုဖို့လုပ်နေစဉ်မှာ ကျောဘက်ကနေ ခန္ဓာကိုယ်သေးသေးတစ်ခုက ထိကပ်လာပြီး အသံဖျော့ဖျော့လေးက သူ့နားစပ်ဆီကို တိုက်ရိုက်ဦးတည်လာသည်။
"သဲလေး!.."
စက်ဝန်း သူမလေးကို လွမ်းရိပ်ဆွေးရိပ်များဖြင့် အဝကြီးကြည့်မိသည်။ အပြင်မှာမမြင်ရတဲ့ရက်တွေကြာတော့ သူ့မှာ ကြည့်လို့မဝနိုင်။
"စပရိုက်နော်ကိုကို...ကိုကိုမွေးနေ့မှာပျော်ရွှင်ပါစေ..."
"ကိုကို့ကို စပရိုက်တိုက်ချင်လို့ဖုန်းမကိုင်နိုင်တာလား..."
"အင်း ဒီက အဝေးကနေလာရတာ ဘယ်လောက်တောင်ဝေးတယ်မှတ်လဲ မျက်ခုံးတွန့်ထားတာကြီးက ဖြေပါဦး...အနှစ်ပြန်သွားမှာနော်"
"ကိုကိုကလွှတ်မယ်ထင်လို့လား..."
စက်ဝန်းက အနှစ်ပြောတာကို လက်မခံတဲ့အပြင် သူမကိုယ်လေးကိုပါ သူ့ရင်ခွင်ထဲထိရောက်အောင်ဆွဲသွင်းလိုက်တာကြောင့် သူမမျက်နှာပန်းဆီရောင်သန်းသွား၏။
ထင်ရှားရှေ့မှာကို သူမို့လို့ လုပ်ရဲတယ်။
"ငါရှိတယ်နော် "
"မကြည့်နဲ့လေ!.."
"ဟ ငါ့ရှေ့တည့်တည့်မှာ လွမ်းနာကျနေတာကို မမြင်ချင်ရင်တောင် မြင်နေရတယ်"
"မင်းမနာလိုနေတာမလား"
"ဘာက္!.."
"ဟုတ်တယ်လေ ငါတို့နှစ်ယောက်ကိုကြည့်ပြီး မနာလိုနေတာမလား...အင်းလေ မင်းက ကြည့်ယုံပဲတတ်နိုင်မှာ ကြည့်! မင်းမှာ ချစ်သူမှမရှိတာ"
"ဘာကွ!..မင်းက မင်းမိန်းမရောက်လာတော့ ငါ့ကိုဖဲ့ပြီပေါ့...အနှစ်မလာခင်အထိ အတူရှိနေပေးတာ ငါနော် ဟေ့ကောင်"
စက်ဝန်းက ပုခုံးတွန့်ပြသည်။
"အေး ငါရည်းစားရတဲ့နေ့ မင်းသေပြီမှတ်..."
"အဲ့နေ့ကို စောင့်နေမယ်...ဟားဟား"
အနှစ်ရောက်လာတာနဲ့ စက်ဝန်းတို့က ဒီလိုပါဆို။ အပြောင်းအလဲမြန်ချက်။ ခဏကရှစ်ခေါက်ချိုးရုပ်ကို မှတ်တမ်းတင်ထားရမှာ။
"ကဲ ငါဟိုဘက်သွားပြီ...နှစ်ယောက်ရဲ့ခွေးစာတွေကိုတော့ ထိုင်မကြည့်နိုင်ဘူးကွ"
"ထင်ရှားကလည်း..."
အနှစ်ကရှက်ပြီး ဘာမှမပြောထွက်နိုင်တော့။ ဒါပေမဲ့လည်း ထင်ရှားရှိနေရင် ကိုကိုပြောတဲ့စကားတွေကြောင့်ပိုပြီးရှက်နေရမှာ။ ဒါကြောင့်မတားဖြစ်တော့။
"ခွင့်တင်ခဲ့တာလား"
"အင်း...နှစ်ရက် တော်သေးတယ် ရုံးကအစ်မကြီးက သဘောကောင်းလို့ သုံးရက်တောင်ပေးခဲ့တယ်"
အနှစ် သူ့ရင်ခွင်ထဲကထွက်ပြီး ဘေးက ထိုင်ခုံမှာထိုင်ရင်းဖြေသည်။ သူရဲ့လက်ကတော့ သူမရဲ့ခါးတစ်ဝိုက်မှာ အခုထိမဖယ်သေး။
"ဟုတ်လား ဒါဆို အဝအလွမ်းဖြေရမှာပေါ့"
သူမမျက်စောင်းသာထိုးမိသည်။ တစ်ကယ်ဆို သူမလည်း လွမ်းတာပဲ။ ထုတ်မပြောတာပဲရှိမည်။ သူက အရာရာပွင့်လင်းပေမဲ့ သူမကတော့ ထိုသို့မလုပ်ရဲသေး။ ချစ်တယ်ပြောတာတောင် မနည်းသတ္တိမွေးပြီး မနေနိုင်တော့လို့ပြောခဲ့တာ။
"ကိုကို့မွေးနေ့ မနက်ပိုင်းဘုရားရောသွားရဲ့လား"
"ဟင့်အင်း တစ်ယောက်တည်းမသွားချင်လို့မသွားဘူး"
"ကုသိုလ်တွေရတော့မှာပဲ"
ကိုကိုကသဘောကျစွာရယ်သည်။ သူရယ်တိုင်း အနှစ်ငေးခနဲဖြစ်သွားရ၏။ သူမပိုင်ဆိုင်တဲ့သူက ရယ်လိုက်ရင် အရမ်းကိုချောလွန်းသည်။ ပုံမှန်အတိုင်းနေရင်တောင်ချောတာ။ ရယ်ရင် ငေးယူရသည်အထိ သွားတန်းဖြူဖြူလေးတွေကဆွဲဆောင်နိုင်လွန်းသည်။
ရယ်လိုက်ရင် မှေးစင်းသွားတဲ့မျက်လုံး။ ထွက်ပေါ်လာတဲ့ သွားတန်းဖြူဖြူလေး။ ကကြီးပုံနှုတ်ခမ်း။ အကုန်လုံးက ရင်ခုန်စရာကြီးတွေ။ သူမနဲ့မလိုက်ဖက်ဘူးလို့ တွေးမိသည်အထိ။
"ပြန်မယ်...အိမ်ရောက်မှအဝကြည့်"
"အင်း ခဏ! ကိုကြီးကိုနှုတ်ဆက်ဦးမယ် ကိုကိုကားထဲမှာစောင့်"
"မဟုတ်ဘူး ဒီမှာပဲစောင့်မယ်"
"ပြီးရော ခဏလေး"
အနှစ်ပြောပြီးတာနဲ့စားဖိုဆောင်အနောက်ဘက်ကို ဝင်လာခဲ့သည်။ ကိုကြီးကိုနှုတ်ဆက်ကာ မနက်ဖြန်မနက်မှအိမ်လာလည်မည်ဆိုတဲ့အကြောင်းပြောပြီး သူမကိုယ်တိုင်လုပ်ထားသည့် မွေးနေ့ကိတ်ဘူးကိုယူကာ အရှေ့ပြန်ထွက်ခဲ့တော့၏။
အမှန်က အနှစ်ပြန်ရောက်တာ မနက်ကတည်းက ညဘက်ကားကိုစီးပြီး မနက်စောစောအရောက်လာခဲ့တာက ကိုကို့အတွက် မွေးနေ့ကိတ်ကို ကိုယ်တိုင်လုပ်ချင်၍။ ငါးနာရီလောက်ကြိုးစားအားထုတ်အပြီးမှာ မလှမပကိတ်လေးရလာခဲ့သည်။
"ကိုကို့အတွက်လက်ဆောင်"
အိမ်ရောက်တော့ ထမင်းစားခန်းထဲအတင်းဆွဲခေါ်လာကာ မွေးနေ့ကိတ်အကြောင်းပြောပြတော့ အနှစ်ကိုအတင်းဆွဲဖက်သည့်ကိုကို။
"ကိုယ့်ကို အဲ့လောက်ထိချစ်လား..."
"အင်း ဒါကြောင့် ကိုကိုက အနှစ်ကိုသည်းခံပေးပါ...ကိုကို့ကိုမယုံမကြည်ဖြစ်နေရင်တောင်၊ ကိုကို့ကိုမချစ်တော့ဘူးလို့ပြောရင်တောင် အနှစ်လိမ်နေတာဆိုပြီး ဆွဲထားပေးပါ"
သူမကိုဖက်ထားရင်း သူက ခေါင်းငြိမ့်ပြသည်။
"မင်းမချစ်တော့ရင်တောင် ကိုကိုကဆက်ချစ်နေမှာ အဆုံးထိ"
"အင်း..."
"မွေးနေ့ကိတ်စားမယ်ကိုကို!.."
နှစ်ယောက်သာ ချစ်ကြောင်းပြောလို့ပြီးမှ မွေးနေ့ကိတ်ကိုစားဖို့ပြင်ရသည်။ သို့သော်...
"ဟင့်အင်း အဲ့တာကို မနက်မှစားရအောင်...ကိုယ်အကုန်စားမှာ ဒါပေမဲ့ မနက်မှ"
"ဘာလို့လဲ အနှစ်ကိုယ်တိုင်လုပ်ထားတာ...မစားချင်လို့လမ်းကြောင်းလွှဲတာလား"
"မဟုတ်ဘူး အခုကိုကို့ရှေ့က ပိုပြီးစားချင်စရာကောင်းလို့..."
ဟင်!
သူကပြောပြီးတာနဲ့သူမကိုယ်ကို ခါးကနေဆွဲမကာ စားပွဲပေါ်တင်သည်။ ထို့ကြောင့် သူမဝတ်ထားတဲ့ ဒူးဖုံးဂါဝန်လေးက ပေါင်လည်ထိရောက်သွား၏။
စက်ဝန်းမျက်ခုံးတွေသိသိသာသာတွ့န့်ချိုးသွားပြန်သည်။ စကပ်ကို ဒီလောက်တိုတာဝတ်ရလား။ ကိုမင်းထက်ဆိုင်မှာတုန်းက ဒီလိုမတိုပါဘူး။
"နောက်ခါ ဒီလိုအတိုတွေမဝတ်နဲ့"
"ကိုကိုက ဆွဲမတာကို အပေါ်တက်သွားတာ ပုံမှန်ဒီလောက်မတိုပါဘူး "
"ဘာပဲဖြစ်ဖြစ်မဝတ်နဲ့..."
အနှစ်က မဖြေဘဲ အင်တင်တင်လုပ်သည်။ စက်ဝန်းအသည်းယားလာရကာ နှုတ်ခမ်းကို ဖိကပ်နမ်းပြီး အောက်နှုတ်ခမ်းကို ဖွဖွကိုက်သည်။
"အာ့...ဘာလုပ်တာလဲ..."
"အသည်းယားလို့..."
"ဟွန့် လူကိုမချုပ်ချယ်နဲ့နော် အနှစ်ဝတ်ထားတာ မတိုဘူး ဝတ်မှာပဲ..."
"ကိုကို့ရှေ့မှာပဲဝတ်..."
"တစ်ခါတစ်လေ သူငယ်ချင်းနဲ့shoppingထွက်ရင်ဝတ်မှာ..."
"ကျစ်!.. မဝတ်လို့မရဘူးလား ကိုကိုစိတ်မချဘူး"
"တစ်ကယ်ဆို အနှစ်ကစိတ်မချရမှာ...အနှစ်ထက်ကိုကိုက ပိုချောတယ်..."
"ဒါဆို ပိုင်ဆိုင်ကြောင်း တံဆိပ်တပ်ထားသင့်တာပေါ့..."
အာ့!..
သူပြောတဲ့တံဆိပ်က တခြားမဟုတ်။ လည်ပင်းတစ်ဝိုက်ကို အမှတ်တွေပေးတာဖြစ်သည်။ အခုအပြင်သွားမှာလည်းမဟုတ်ဘဲနဲ့ သူနမ်းချင်တိုင်း။
"ကိုကို!.."
"အင်း!.."
သူမလေးက စောင့်အောင်ခေါ်တဲ့အသံမဟုတ်ပေမဲ့ အနည်းငယ်တော့ စိတ်ဆိုးသည့်အသံလေးနဲ့ခေါ်လာတာကို သူကအေးစက်စက်တုန့်ပြန်တော့ မျက်စောင်းလေးက သူ့ထံကျရောက်လာကာ...
"တော်တော့ တစ်ကယ်အရာတွေထင်ကုန်မယ်"
"ထင်အောင်လုပ်တာပဲ"
"ကိုကို!..အင့်"
အနှစ်အတင်းတွန်းလွှတ်တော့ မလွှတ်ပေးဘဲနှုတ်ခမ်းကို ဖိကပ်နမ်းလာသည်က အသက်တောင်ရှူလို့မဝတော့။ အသက်ရှူကြပ်လာ၍ နမ်းလို့မရအောင်ခေါင်းကို အနောက်ဆုတ်တော့ လည်ဂုတ်ကို ထိန်းကိုင်ထားသည့်သူ။ သူ့လက်နောက်တစ်ဖက်က သူမရဲ့ကျောပြင်ကို သိမ်းပိုက်ထားတာ သူ့အပိုင်လို့မှတ်ထားသည့်အတိုင်း။ သူမဘယ်လိုရုန်းရုန်း ရုန်းမရတော့သည့်အဆုံး ငြိမ်ငြိမ်လေးနေပေးတော့ အဆင့်တက်ချင်လာသည့်ကိုကို။
အစကနမ်းယုံပဲထင်ထားတာ။ ကိုကို့လက်တွေက ဂါဝန်ဇစ်ကို ဆွဲချသည့်အခါမှာတော့ အနှစ်မနေတတ်စွာ ငြင်းပယ်ပြစ်သည်။ သူနမ်းမရအောင် သွားစိပြစ်လိုက်၏။
"ပါးစပ်ဟ!.."
သူမလေးက စကားပြန်မပြောလာဘဲ ဂါဝန်ဇစ်ကိုပြန်ဆွဲတင်ဖို့ပြင်သည်။ စက်ဝန်း သူမလက်တွေကို ထိန်းချုပ်လိုက်ပြီး မျက်လုံးချင်းအကြည့်စုံစေသည်။
အရှက်လွန်နေသည့်သူမလေးက သူ့ကိုကြာကြာမကြည့်နိုင်။ ချက်ချင်းအကြည့်လွှဲသွားသည်။ ဘာစကားမှလည်းပြောမလာတော့။
"ကိုကို့ကိုမသနားဘူးလား...ကိုကိုကလွမ်းနေတာကို..."
"ဟင်!.."
"သဲလေး...တစ်ကယ်ပဲ ဒီလိုလုပ်နေတော့မှာလား"
"သဲလေး ကိုယ့်ကိုကြည့်"
"ကိုကို့ကိုတစ်ခုခုပြန်ပြောဦး.."
စက်ဝန်း ထပ်ခါထပ်ခါမေးမှ သူမလေးပြန်ပြောလာသည့်စကားကြောင့် သူ့နှုတ်ခမ်းတွေပြုံးသွားရကာ သူမလေးအလိုကျ ထမင်းစားခန်းမှသည် အိပ်ခန်းဆီသို့...
သူမလေးပြောလာသည့်စကားက!..
"အနှစ်ရှက်တယ် အခန်းထဲမှ..."တဲ့။
သူ့ကျေးဇူးကြောင့် မနက်ပိုင်း မေမေ့အိမ်သွားမယ်ဆိုပြီးပြောထားတာလည်းမသွားဖြစ်။ ဘုရားသွားမယ်လို့စိတ်ကူးထားတာကလည်း မဖြစ်လိုက်။ အကြောင်းက (၁၁)နာရီမှ နှစ်ယောက်လုံးနိုးသည့်အတွက်ကြောင့်ပင်။
ထိုအခါအနှစ်သိလိုက်ရတာ...
ကိုကို့ကို လုံးဝအလိုလိုက်လို့မရဘူး။
✿............✿...........✿
"မနက်ဖြန် မပြန်လို့မရဘူးလား..."
ကိုကိုက အနှစ်ကိုမပြန်စေချင်၍ လိုအပ်တာတွေဖြည့်နေတဲ့သူမရဲ့နားမှာ တတွတ်တွတ်လာပြောနေသည်။
"မရဘူး ခဏခဏပျက်နေရင် အနှစ်ဘွဲ့မရဘဲနေမယ်"
"အဲ့က သဘောကောင်းတယ်ဆို"
"သူတို့သဘောကောင်းတိုင်း အခွင့်အရေးအများကြီးယူလို့မရဘူးလေကိုကို...ပြီးတော့ အနှစ်တို့တွေ့သင့်သလောက်တွေ့ပြီးပြီလေ..."
"ကိုကိုမခွဲနိုင်တော့ဘူး..."
ပြောပြီး သူမကိုယ်လုံးလေးကို ဆွဲဖက်သည်။ တစ်ခါတစ်လေ...မဟုတ်ဘူး ကိုကိုနဲ့ချစ်လာပြီးနောက်မှာ သူက အရမ်းကလေးဆန်တတ်တယ်ဆိုတာ သိလိုက်ရသည်။ လူကိုမသွားစေချင်လို့ချွဲနေတာ။
"နှစ်လခွဲလေးသည်းခံပါကိုကို!..."
"သဲလေးသာ လိပ်ပြာလေးသာဆို ကိုကိုလှောင်အိမ်ထဲထည့်ခတ်ထားမှာ ဘယ်သွားသွားကိုကိုယူသွားလို့ရအောင်...နှစ်လခွဲဆိုတဲ့အချိန်ကို ကျော်လို့ရရင်ကောင်းမယ်...ဒါဆို အတူရှိနေပြီ"
သူက စကားတွေတအားတတ်နေတာပဲ။
"အနှစ်လည်း ကိုကို့နားနေချင်ပါတယ်..."
အနှစ်ဘက်ကအရင်ဆုံး သူ့ရင်ခွင်ထဲ တိုးဝင်မိသည်။ သူမလည်းလွမ်းနေရတာ။ နယ်ဝေးမှာ သူနဲ့ခွဲနေရတာ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ။ တစ်ခါတစ်လေဆို ဒီနေရာကိုလျှောက်ခဲ့ရလားဆိုပြီး ကိုယ့်ကိုကိုယ်တောင်အပြစ်တင်မိသေးသည်။ ပတ်ဝန်းကျင်အသစ်က အေးချမ်းပေမဲ့ မရှိတော့ တစ်ခုခုလိုနေသလို၊ ဟာတာတာနဲ့။
ဒီလိုတွေးမိမှ သူမက သူ့ကိုတော်တော်လေးချစ်မိနေခဲ့တာပဲ။ အရင်က စက်ဝန်းအလွန်လိုလူကိုမယူပါဘူးလို့ပြောခဲ့တဲ့အနှစ်သာရက ဘယ်ရောက်သွားတာပါလဲ။
သူက အလွမ်းသယ်လို့ဝပြီဆိုမှ မှာတမ်းတွေခြွေသည်။ ဆောင်ရန်၊ရှောင်ရန်တွေ အိပ်ယာထတာကနေစ အိပ်တဲ့အဆုံးထိ မှာ၏။
"နောက်တစ်ပတ်ကျ ကိုကိုလိုက်လာမယ်...ကျန်းမာရေးဂရုစိုက်၊ ဘယ်သွားသွားဂရုစိုက်သွား အိတ်ထဲမှာ ကိုယ့်ကိုကိုယ်ကာကွယ်ရမဲ့ပစ္စည်းတွေ အမြဲထည့်ထား...အပြင်ကို တစ်ယောက်တည်းမသွားနဲ့ အဖော်ပါမှသွား...သေချာပေါက် အဖော်က မိန်းကလေးပဲနော်...အိပ်ရင်လည်း သော့သေချာခတ်ပြီးမှအိပ်...တစ်ယောက်တည်းကြောက်ရင် ကိုကို့ကိုဖုန်းဆက် ဘယ်အချိန်ဖြစ်ဖြစ်မမေ့နဲ့"
"အင်းပါ ကိုကိုပြောတာတွေအကုန်လုပ်မယ်"
"ဒါမှကိုကို့သဲလေး...မွ..."
ထိုနူးညံ့သောအနမ်းလေးမှတစ်ဆင့် ပြင်းရှသောအနမ်းသို့ကူးပြောင်းသွားရပြီး အခန်းတွင်းဝယ် ချိုမြိန်သောအချစ်ညလေးကို ဖန်တီးကြလေသည်။
✿............✿...........✿
ဆက်ရန်
စက်ဝန်းအလွန်က 1999.7.15ရက်နေ့မှာ မွေးတာပါ❤️အင်္ဂါသားဖြစ်ပါတယ်။
Edit 1999.6.15(Tue)ပါရှင့်။ရက်တွက်မှားသွားလို့ပါ။
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(20)
"တြီ!.."
*ဒီေန႔ဖုန္းမေျပာႏိုင္လို႔ခြင့္လႊတ္ေနာ္ကိုကို သဲေလးအလုပ္အရမ္းရႈပ္ေနလို႔*
မနက္ေစာေစာ မက္ေဆ့ခ္်ပို႔လာသည့္ သူမေလးေၾကာင့္ စက္ဝန္းမ်က္ခုံးတို႔သည္ သိသိသာသာတြန႔္ခ်ိဳးသြား၏။ မနက္(၆)နာရီတိုင္းမွာ ဖုန္းထဲက သူမေလးအသံနဲ႔အတူ သူ႔ရဲ႕တစ္ေန႔တာကိုစတင္ခဲ့တာ တစ္လေက်ာ္ခဲ့ၿပီ။ ဒါေပမဲ့ ဒီေန႔မွာေတာ့ မက္ေဆ့ခ္်တစ္ေစာင္သာရလာသည္။
အသက္(၂၃)ႏွစ္ျပည့္တဲ့ ေမြးေန႔အစက ေပ်ာ္စရာမေကာင္းေတာ့ေပ။ ခါတိုင္းေမြးေန႔မွာလည္းေပ်ာ္စရာမေကာင္းေပမဲ့ အခုက ခ်စ္ရသူနဲ႔အတူႀကဳံတဲ့ပထမဆုံးေမြးေန႔မဟုတ္လား။ အတူရွိခ်င္တာေပါ့။ ဒါေပမဲ့ အေဝးကသူမေလးကေတာ့ ဒီေန႔က သူ႔ေမြးေန႔ဆိုတာေတာင္သိမည့္မေပၚ။
တစ္ကယ္ အရင္တြဲခဲ့တဲ့သူေတြကို ေခ်ခဲ့သမွ် အႏွစ္သာရနဲ႔မွ သူဝဋ္လည္တာ။
က်စ္!...
အႏွစ္သာရကို ဖုန္းဆက္လို႔မရသည့္ေန႔က ဒီေန႔မွျဖစ္ရသလား။ ထူးထူးဆန္းဆန္းသူ႔ေမြးေန႔မွေလ။ ပုံမွန္အဆက္အသြယ္မရရင္ ဒီလိုတစ္ေနကုန္မဟုတ္။ အခုက ႐ုံးဆင္းတဲ့အထိကို ဆက္မရတာ။
အလုပ္ကအျပန္၊ ခ်စ္ရသူကဖုန္းမဆက္လာေတာ့ သူ ကိုမင္းထက္ဆိုင္ရွိရာဘက္ကို ေျခဦးလွည့္ျဖစ္သည္။ လက္ထပ္ၿပီးကတည္းက ဆိုင္ကိုမေရာက္ျဖစ္တာ။ အႏွစ္ကိုေခၚလာရင္ ဟိုလူၾကည့္၊ဒီလူၾကည့္မႀကိဳက္၍ အခုမွသာေျခဦးလွည့္ရေတာ့သည္။
"ေဟာ ငါ့ညီ! အႏွစ္အနားမွာမရွိမွဘဲ လာေတာ့တယ္"
"အစ္ကို႔ညီမက ျပစ္ထားလို႔ေလဗ်ာ..."
"ဟား ဟား..."
ကိုမင္းထက္က အားပါးတရရယ္ကာ သူေသာက္ေနက်မ်ိဳးမွာေပးသြားသည္။ ဆိုင္မွာလူက်ေန၍ အထူးတလည္ ဧည့္မခံခိုင္းေတာ့ေပ။ အခ်င္းခ်င္းေတြကို လိုအပ္တာမွတ္လို႔။
"Happy birthdayကင္းေကာင္!..."
ကိုမင္းထက္ဆိုင္မွာေအးခ်မ္းမလားမွတ္ပါတယ္။ ဆယ့္ငါးမိနစ္ေတာင္မထိုင္ရေသးပါဘဲႏွင့္ ထင္ရွားကေရာက္လာသည္။
"ေအး အဲ့ကင္းေကာင္က စိတ္မၾကည္ေနဘူးေနာ္! ႐ုပ္က ေျပာင္စပ္စပ္နဲ႔"
"ဟ! ဘာလဲ ေမြးေန႔ႀကီးမွာ မ်က္ႏွာရွစ္ေခါက္ခ်ိဳး႐ုပ္က"
"ေပ်ာ္လို႔ေလ..."
စက္ဝန္း႐ြဲ႕ေျပာတာကို ထင္ရွားကသေဘာက်ၿပီးရယ္ျပန္သည္။ ဒီေကာင္ကဘာလဲ။ ေဆးမရွိေတာ့တာလား။ က်ပ္မျပည့္လိုက္တာ။
"တစ္မိုးေအာက္စက္ဝန္းအလြန္က မိန္းမရမွ ေကာင္းေနေရာ...ဘယ္လိုလဲ အခုေတာ့ မင္းျပစ္သြားခဲ့တဲ့မိန္းကေလးေတြရဲ႕ခံစားခ်က္ကို နားလည္ၿပီလား"
"ေပါက္ကရေတြ!.."
"ဟား ဟား..."
ထင္ရွား စက္ဝန္းရဲ႕လြမ္းနာက်ေနသည့္ပုံစံကို ဗီဒီယိုပင္႐ိုက္ထားခ်င္သည္။ အဲ့ေလာက္ထိကို စက္ဝန္းပုံစံကျဖစ္ပ်က္ေနတာျဖစ္သည္။
စက္ဝန္းဘက္က သဲေလး၊သဲေလးနဲ႔ ေခၚေနသေလာက္ အႏွစ္က ဖုန္းcontactမွာေတာင္ စက္ဝန္းနာမည္ကို ""ကင္းေကာင္""ဆိုၿပီးမွတ္ထားတာ မေျပာင္းေသး။ ေနာက္ စက္ဝန္းသိသြားၿပီးစိတ္ဆိုးမွေျပာင္းေပးခဲ့ရတာ။ ထိုေန႔ကဆို အႏွစ္ အေတာ္ေခ်ာ့ယူလိုက္ရသည္။
စိတ္ေကာက္တာ၊စိတ္ဆိုးတာက အလကားသက္သက္အခ်ိန္ျဖဳန္းတာပဲလို႔ ေျပာခဲ့တဲ့သူက အႏွစ္နဲ႔က် စိတ္ေကာက္ျပသည္။ ဘယ္ေလာက္ေတာင္ တရားက်လိုက္သည့္စက္ဝန္းလဲ။
ထင္ရွား စက္ဝန္းကို သေဘာက်စြာၾကည့္ေနရင္းမွ မ်က္လုံးေထာင့္မွာ ျမင္လိုက္ရသည့္ အရိပ္တစ္ခုေၾကာင့္ မ်က္ႏွာကၿပဳံးသြားရသည္။ လာပါၿပီ လြမ္းနာက်ေနတဲ့ေကာင္ေလးကိုေတြ႕ဖို႔ အေဝးကလာရတဲ့ေကာင္မေလး။
"အဟမ္း!.."
"မင္းအေတာ္ေပ်ာ္ေနပုံပဲ...ငါ့ေရွ႕မွာ!..."
"Happy birthday KoKo..."
ထင္ရွားကို ဆဲဆိုဖို႔လုပ္ေနစဥ္မွာ ေက်ာဘက္ကေန ခႏၶာကိုယ္ေသးေသးတစ္ခုက ထိကပ္လာၿပီး အသံေဖ်ာ့ေဖ်ာ့ေလးက သူ႔နားစပ္ဆီကို တိုက္႐ိုက္ဦးတည္လာသည္။
"သဲေလး!.."
စက္ဝန္း သူမေလးကို လြမ္းရိပ္ေဆြးရိပ္မ်ားျဖင့္ အဝႀကီးၾကည့္မိသည္။ အျပင္မွာမျမင္ရတဲ့ရက္ေတြၾကာေတာ့ သူ႔မွာ ၾကည့္လို႔မဝႏိုင္။
"စပ႐ိုက္ေနာ္ကိုကို...ကိုကိုေမြးေန႔မွာေပ်ာ္႐ႊင္ပါေစ..."
"ကိုကို႔ကို စပ႐ိုက္တိုက္ခ်င္လို႔ဖုန္းမကိုင္ႏိုင္တာလား..."
"အင္း ဒီက အေဝးကေနလာရတာ ဘယ္ေလာက္ေတာင္ေဝးတယ္မွတ္လဲ မ်က္ခုံးတြန႔္ထားတာႀကီးက ေျဖပါဦး...အႏွစ္ျပန္သြားမွာေနာ္"
"ကိုကိုကလႊတ္မယ္ထင္လို႔လား..."
စက္ဝန္းက အႏွစ္ေျပာတာကို လက္မခံတဲ့အျပင္ သူမကိုယ္ေလးကိုပါ သူ႔ရင္ခြင္ထဲထိေရာက္ေအာင္ဆြဲသြင္းလိုက္တာေၾကာင့္ သူမမ်က္ႏွာပန္းဆီေရာင္သန္းသြား၏။
ထင္ရွားေရွ႕မွာကို သူမို႔လို႔ လုပ္ရဲတယ္။
"ငါရွိတယ္ေနာ္ "
"မၾကည့္နဲ႔ေလ!.."
"ဟ ငါ့ေရွ႕တည့္တည့္မွာ လြမ္းနာက်ေနတာကို မျမင္ခ်င္ရင္ေတာင္ ျမင္ေနရတယ္"
"မင္းမနာလိုေနတာမလား"
"ဘာက္!.."
"ဟုတ္တယ္ေလ ငါတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး မနာလိုေနတာမလား...အင္းေလ မင္းက ၾကည့္ယုံပဲတတ္ႏိုင္မွာ ၾကည့္! မင္းမွာ ခ်စ္သူမွမရွိတာ"
"ဘာကြ!..မင္းက မင္းမိန္းမေရာက္လာေတာ့ ငါ့ကိုဖဲ့ၿပီေပါ့...အႏွစ္မလာခင္အထိ အတူရွိေနေပးတာ ငါေနာ္ ေဟ့ေကာင္"
စက္ဝန္းက ပုခုံးတြန႔္ျပသည္။
"ေအး ငါရည္းစားရတဲ့ေန႔ မင္းေသၿပီမွတ္..."
"အဲ့ေန႔ကို ေစာင့္ေနမယ္...ဟားဟား"
အႏွစ္ေရာက္လာတာနဲ႔ စက္ဝန္းတို႔က ဒီလိုပါဆို။ အေျပာင္းအလဲျမန္ခ်က္။ ခဏကရွစ္ေခါက္ခ်ိဳး႐ုပ္ကို မွတ္တမ္းတင္ထားရမွာ။
"ကဲ ငါဟိုဘက္သြားၿပီ...ႏွစ္ေယာက္ရဲ႕ေခြးစာေတြကိုေတာ့ ထိုင္မၾကည့္ႏိုင္ဘူးကြ"
"ထင္ရွားကလည္း..."
အႏွစ္ကရွက္ၿပီး ဘာမွမေျပာထြက္ႏိုင္ေတာ့။ ဒါေပမဲ့လည္း ထင္ရွားရွိေနရင္ ကိုကိုေျပာတဲ့စကားေတြေၾကာင့္ပိုၿပီးရွက္ေနရမွာ။ ဒါေၾကာင့္မတားျဖစ္ေတာ့။
"ခြင့္တင္ခဲ့တာလား"
"အင္း...ႏွစ္ရက္ ေတာ္ေသးတယ္ ႐ုံးကအစ္မႀကီးက သေဘာေကာင္းလို႔ သုံးရက္ေတာင္ေပးခဲ့တယ္"
အႏွစ္ သူ႔ရင္ခြင္ထဲကထြက္ၿပီး ေဘးက ထိုင္ခုံမွာထိုင္ရင္းေျဖသည္။ သူရဲ႕လက္ကေတာ့ သူမရဲ႕ခါးတစ္ဝိုက္မွာ အခုထိမဖယ္ေသး။
"ဟုတ္လား ဒါဆို အဝအလြမ္းေျဖရမွာေပါ့"
သူမမ်က္ေစာင္းသာထိုးမိသည္။ တစ္ကယ္ဆို သူမလည္း လြမ္းတာပဲ။ ထုတ္မေျပာတာပဲရွိမည္။ သူက အရာရာပြင့္လင္းေပမဲ့ သူမကေတာ့ ထိုသို႔မလုပ္ရဲေသး။ ခ်စ္တယ္ေျပာတာေတာင္ မနည္းသတၱိေမြးၿပီး မေနႏိုင္ေတာ့လို႔ေျပာခဲ့တာ။
"ကိုကို႔ေမြးေန႔ မနက္ပိုင္းဘုရားေရာသြားရဲ႕လား"
"ဟင့္အင္း တစ္ေယာက္တည္းမသြားခ်င္လို႔မသြားဘူး"
"ကုသိုလ္ေတြရေတာ့မွာပဲ"
ကိုကိုကသေဘာက်စြာရယ္သည္။ သူရယ္တိုင္း အႏွစ္ေငးခနဲျဖစ္သြားရ၏။ သူမပိုင္ဆိုင္တဲ့သူက ရယ္လိုက္ရင္ အရမ္းကိုေခ်ာလြန္းသည္။ ပုံမွန္အတိုင္းေနရင္ေတာင္ေခ်ာတာ။ ရယ္ရင္ ေငးယူရသည္အထိ သြားတန္းျဖဴျဖဴေလးေတြကဆြဲေဆာင္ႏိုင္လြန္းသည္။
ရယ္လိုက္ရင္ ေမွးစင္းသြားတဲ့မ်က္လုံး။ ထြက္ေပၚလာတဲ့ သြားတန္းျဖဴျဖဴေလး။ ကႀကီးပုံႏႈတ္ခမ္း။ အကုန္လုံးက ရင္ခုန္စရာႀကီးေတြ။ သူမနဲ႔မလိုက္ဖက္ဘူးလို႔ ေတြးမိသည္အထိ။
"ျပန္မယ္...အိမ္ေရာက္မွအဝၾကည့္"
"အင္း ခဏ! ကိုႀကီးကိုႏႈတ္ဆက္ဦးမယ္ ကိုကိုကားထဲမွာေစာင့္"
"မဟုတ္ဘူး ဒီမွာပဲေစာင့္မယ္"
"ၿပီးေရာ ခဏေလး"
အႏွစ္ေျပာၿပီးတာနဲ႔စားဖိုေဆာင္အေနာက္ဘက္ကို ဝင္လာခဲ့သည္။ ကိုႀကီးကိုႏႈတ္ဆက္ကာ မနက္ျဖန္မနက္မွအိမ္လာလည္မည္ဆိုတဲ့အေၾကာင္းေျပာၿပီး သူမကိုယ္တိုင္လုပ္ထားသည့္ ေမြးေန႔ကိတ္ဘူးကိုယူကာ အေရွ႕ျပန္ထြက္ခဲ့ေတာ့၏။
အမွန္က အႏွစ္ျပန္ေရာက္တာ မနက္ကတည္းက ညဘက္ကားကိုစီးၿပီး မနက္ေစာေစာအေရာက္လာခဲ့တာက ကိုကို႔အတြက္ ေမြးေန႔ကိတ္ကို ကိုယ္တိုင္လုပ္ခ်င္၍။ ငါးနာရီေလာက္ႀကိဳးစားအားထုတ္အၿပီးမွာ မလွမပကိတ္ေလးရလာခဲ့သည္။
"ကိုကို႔အတြက္လက္ေဆာင္"
အိမ္ေရာက္ေတာ့ ထမင္းစားခန္းထဲအတင္းဆြဲေခၚလာကာ ေမြးေန႔ကိတ္အေၾကာင္းေျပာျပေတာ့ အႏွစ္ကိုအတင္းဆြဲဖက္သည့္ကိုကို။
"ကိုယ့္ကို အဲ့ေလာက္ထိခ်စ္လား..."
"အင္း ဒါေၾကာင့္ ကိုကိုက အႏွစ္ကိုသည္းခံေပးပါ...ကိုကို႔ကိုမယုံမၾကည္ျဖစ္ေနရင္ေတာင္၊ ကိုကို႔ကိုမခ်စ္ေတာ့ဘူးလို႔ေျပာရင္ေတာင္ အႏွစ္လိမ္ေနတာဆိုၿပီး ဆြဲထားေပးပါ"
သူမကိုဖက္ထားရင္း သူက ေခါင္းၿငိမ့္ျပသည္။
"မင္းမခ်စ္ေတာ့ရင္ေတာင္ ကိုကိုကဆက္ခ်စ္ေနမွာ အဆုံးထိ"
"အင္း..."
"ေမြးေန႔ကိတ္စားမယ္ကိုကို!.."
ႏွစ္ေယာက္သာ ခ်စ္ေၾကာင္းေျပာလို႔ၿပီးမွ ေမြးေန႔ကိတ္ကိုစားဖို႔ျပင္ရသည္။ သို႔ေသာ္...
"ဟင့္အင္း အဲ့တာကို မနက္မွစားရေအာင္...ကိုယ္အကုန္စားမွာ ဒါေပမဲ့ မနက္မွ"
"ဘာလို႔လဲ အႏွစ္ကိုယ္တိုင္လုပ္ထားတာ...မစားခ်င္လို႔လမ္းေၾကာင္းလႊဲတာလား"
"မဟုတ္ဘူး အခုကိုကို႔ေရွ႕က ပိုၿပီးစားခ်င္စရာေကာင္းလို႔..."
ဟင္!
သူကေျပာၿပီးတာနဲ႔သူမကိုယ္ကို ခါးကေနဆြဲမကာ စားပြဲေပၚတင္သည္။ ထို႔ေၾကာင့္ သူမဝတ္ထားတဲ့ ဒူးဖုံးဂါဝန္ေလးက ေပါင္လည္ထိေရာက္သြား၏။
စက္ဝန္းမ်က္ခုံးေတြသိသိသာသာတြ႕န႔္ခ်ိဳးသြားျပန္သည္။ စကပ္ကို ဒီေလာက္တိုတာဝတ္ရလား။ ကိုမင္းထက္ဆိုင္မွာတုန္းက ဒီလိုမတိုပါဘူး။
"ေနာက္ခါ ဒီလိုအတိုေတြမဝတ္နဲ႔"
"ကိုကိုက ဆြဲမတာကို အေပၚတက္သြားတာ ပုံမွန္ဒီေလာက္မတိုပါဘူး "
"ဘာပဲျဖစ္ျဖစ္မဝတ္နဲ႔..."
အႏွစ္က မေျဖဘဲ အင္တင္တင္လုပ္သည္။ စက္ဝန္းအသည္းယားလာရကာ ႏႈတ္ခမ္းကို ဖိကပ္နမ္းၿပီး ေအာက္ႏႈတ္ခမ္းကို ဖြဖြကိုက္သည္။
"အာ့...ဘာလုပ္တာလဲ..."
"အသည္းယားလို႔..."
"ဟြန႔္ လူကိုမခ်ဳပ္ခ်ယ္နဲ႔ေနာ္ အႏွစ္ဝတ္ထားတာ မတိုဘူး ဝတ္မွာပဲ..."
"ကိုကို႔ေရွ႕မွာပဲဝတ္..."
"တစ္ခါတစ္ေလ သူငယ္ခ်င္းနဲ႔shoppingထြက္ရင္ဝတ္မွာ..."
"က်စ္!.. မဝတ္လို႔မရဘူးလား ကိုကိုစိတ္မခ်ဘူး"
"တစ္ကယ္ဆို အႏွစ္ကစိတ္မခ်ရမွာ...အႏွစ္ထက္ကိုကိုက ပိုေခ်ာတယ္..."
"ဒါဆို ပိုင္ဆိုင္ေၾကာင္း တံဆိပ္တပ္ထားသင့္တာေပါ့..."
အာ့!..
သူေျပာတဲ့တံဆိပ္က တျခားမဟုတ္။ လည္ပင္းတစ္ဝိုက္ကို အမွတ္ေတြေပးတာျဖစ္သည္။ အခုအျပင္သြားမွာလည္းမဟုတ္ဘဲနဲ႔ သူနမ္းခ်င္တိုင္း။
"ကိုကို!.."
"အင္း!.."
သူမေလးက ေစာင့္ေအာင္ေခၚတဲ့အသံမဟုတ္ေပမဲ့ အနည္းငယ္ေတာ့ စိတ္ဆိုးသည့္အသံေလးနဲ႔ေခၚလာတာကို သူကေအးစက္စက္တုန႔္ျပန္ေတာ့ မ်က္ေစာင္းေလးက သူ႔ထံက်ေရာက္လာကာ...
"ေတာ္ေတာ့ တစ္ကယ္အရာေတြထင္ကုန္မယ္"
"ထင္ေအာင္လုပ္တာပဲ"
"ကိုကို!..အင့္"
အႏွစ္အတင္းတြန္းလႊတ္ေတာ့ မလႊတ္ေပးဘဲႏႈတ္ခမ္းကို ဖိကပ္နမ္းလာသည္က အသက္ေတာင္ရႉလို႔မဝေတာ့။ အသက္ရႉၾကပ္လာ၍ နမ္းလို႔မရေအာင္ေခါင္းကို အေနာက္ဆုတ္ေတာ့ လည္ဂုတ္ကို ထိန္းကိုင္ထားသည့္သူ။ သူ႔လက္ေနာက္တစ္ဖက္က သူမရဲ႕ေက်ာျပင္ကို သိမ္းပိုက္ထားတာ သူ႔အပိုင္လို႔မွတ္ထားသည့္အတိုင္း။ သူမဘယ္လို႐ုန္း႐ုန္း ႐ုန္းမရေတာ့သည့္အဆုံး ၿငိမ္ၿငိမ္ေလးေနေပးေတာ့ အဆင့္တက္ခ်င္လာသည့္ကိုကို။
အစကနမ္းယုံပဲထင္ထားတာ။ ကိုကို႔လက္ေတြက ဂါဝန္ဇစ္ကို ဆြဲခ်သည့္အခါမွာေတာ့ အႏွစ္မေနတတ္စြာ ျငင္းပယ္ျပစ္သည္။ သူနမ္းမရေအာင္ သြားစိျပစ္လိုက္၏။
"ပါးစပ္ဟ!.."
သူမေလးက စကားျပန္မေျပာလာဘဲ ဂါဝန္ဇစ္ကိုျပန္ဆြဲတင္ဖို႔ျပင္သည္။ စက္ဝန္း သူမလက္ေတြကို ထိန္းခ်ဳပ္လိုက္ၿပီး မ်က္လုံးခ်င္းအၾကည့္စုံေစသည္။
အရွက္လြန္ေနသည့္သူမေလးက သူ႔ကိုၾကာၾကာမၾကည့္ႏိုင္။ ခ်က္ခ်င္းအၾကည့္လႊဲသြားသည္။ ဘာစကားမွလည္းေျပာမလာေတာ့။
"ကိုကို႔ကိုမသနားဘူးလား...ကိုကိုကလြမ္းေနတာကို..."
"ဟင္!.."
"သဲေလး...တစ္ကယ္ပဲ ဒီလိုလုပ္ေနေတာ့မွာလား"
"သဲေလး ကိုယ့္ကိုၾကည့္"
"ကိုကို႔ကိုတစ္ခုခုျပန္ေျပာဦး.."
စက္ဝန္း ထပ္ခါထပ္ခါေမးမွ သူမေလးျပန္ေျပာလာသည့္စကားေၾကာင့္ သူ႔ႏႈတ္ခမ္းေတြၿပဳံးသြားရကာ သူမေလးအလိုက် ထမင္းစားခန္းမွသည္ အိပ္ခန္းဆီသို႔...
သူမေလးေျပာလာသည့္စကားက!..
"အႏွစ္ရွက္တယ္ အခန္းထဲမွ..."တဲ့။
သူ႔ေက်းဇူးေၾကာင့္ မနက္ပိုင္း ေမေမ့အိမ္သြားမယ္ဆိုၿပီးေျပာထားတာလည္းမသြားျဖစ္။ ဘုရားသြားမယ္လို႔စိတ္ကူးထားတာကလည္း မျဖစ္လိုက္။ အေၾကာင္းက (၁၁)နာရီမွ ႏွစ္ေယာက္လုံးႏိုးသည့္အတြက္ေၾကာင့္ပင္။
ထိုအခါအႏွစ္သိလိုက္ရတာ...
ကိုကို႔ကို လုံးဝအလိုလိုက္လို႔မရဘူး။
✿............✿...........✿
"မနက္ျဖန္ မျပန္လို႔မရဘူးလား..."
ကိုကိုက အႏွစ္ကိုမျပန္ေစခ်င္၍ လိုအပ္တာေတြျဖည့္ေနတဲ့သူမရဲ႕နားမွာ တတြတ္တြတ္လာေျပာေနသည္။
"မရဘူး ခဏခဏပ်က္ေနရင္ အႏွစ္ဘြဲ႕မရဘဲေနမယ္"
"အဲ့က သေဘာေကာင္းတယ္ဆို"
"သူတို႔သေဘာေကာင္းတိုင္း အခြင့္အေရးအမ်ားႀကီးယူလို႔မရဘူးေလကိုကို...ၿပီးေတာ့ အႏွစ္တို႔ေတြ႕သင့္သေလာက္ေတြ႕ၿပီးၿပီေလ..."
"ကိုကိုမခြဲႏိုင္ေတာ့ဘူး..."
ေျပာၿပီး သူမကိုယ္လုံးေလးကို ဆြဲဖက္သည္။ တစ္ခါတစ္ေလ...မဟုတ္ဘူး ကိုကိုနဲ႔ခ်စ္လာၿပီးေနာက္မွာ သူက အရမ္းကေလးဆန္တတ္တယ္ဆိုတာ သိလိုက္ရသည္။ လူကိုမသြားေစခ်င္လို႔ခြၽဲေနတာ။
"ႏွစ္လခြဲေလးသည္းခံပါကိုကို!..."
"သဲေလးသာ လိပ္ျပာေလးသာဆို ကိုကိုေလွာင္အိမ္ထဲထည့္ခတ္ထားမွာ ဘယ္သြားသြားကိုကိုယူသြားလို႔ရေအာင္...ႏွစ္လခြဲဆိုတဲ့အခ်ိန္ကို ေက်ာ္လို႔ရရင္ေကာင္းမယ္...ဒါဆို အတူရွိေနၿပီ"
သူက စကားေတြတအားတတ္ေနတာပဲ။
"အႏွစ္လည္း ကိုကို႔နားေနခ်င္ပါတယ္..."
အႏွစ္ဘက္ကအရင္ဆုံး သူ႔ရင္ခြင္ထဲ တိုးဝင္မိသည္။ သူမလည္းလြမ္းေနရတာ။ နယ္ေဝးမွာ သူနဲ႔ခြဲေနရတာ ဘယ္ေလာက္ပင္ပန္းတယ္မွတ္လဲ။ တစ္ခါတစ္ေလဆို ဒီေနရာကိုေလွ်ာက္ခဲ့ရလားဆိုၿပီး ကိုယ့္ကိုကိုယ္ေတာင္အျပစ္တင္မိေသးသည္။ ပတ္ဝန္းက်င္အသစ္က ေအးခ်မ္းေပမဲ့ မရွိေတာ့ တစ္ခုခုလိုေနသလို၊ ဟာတာတာနဲ႔။
ဒီလိုေတြးမိမွ သူမက သူ႔ကိုေတာ္ေတာ္ေလးခ်စ္မိေနခဲ့တာပဲ။ အရင္က စက္ဝန္းအလြန္လိုလူကိုမယူပါဘူးလို႔ေျပာခဲ့တဲ့အႏွစ္သာရက ဘယ္ေရာက္သြားတာပါလဲ။
သူက အလြမ္းသယ္လို႔ဝၿပီဆိုမွ မွာတမ္းေတြေႁခြသည္။ ေဆာင္ရန္၊ေရွာင္ရန္ေတြ အိပ္ယာထတာကေနစ အိပ္တဲ့အဆုံးထိ မွာ၏။
"ေနာက္တစ္ပတ္က် ကိုကိုလိုက္လာမယ္...က်န္းမာေရးဂ႐ုစိုက္၊ ဘယ္သြားသြားဂ႐ုစိုက္သြား အိတ္ထဲမွာ ကိုယ့္ကိုကိုယ္ကာကြယ္ရမဲ့ပစၥည္းေတြ အၿမဲထည့္ထား...အျပင္ကို တစ္ေယာက္တည္းမသြားနဲ႔ အေဖာ္ပါမွသြား...ေသခ်ာေပါက္ အေဖာ္က မိန္းကေလးပဲေနာ္...အိပ္ရင္လည္း ေသာ့ေသခ်ာခတ္ၿပီးမွအိပ္...တစ္ေယာက္တည္းေၾကာက္ရင္ ကိုကို႔ကိုဖုန္းဆက္ ဘယ္အခ်ိန္ျဖစ္ျဖစ္မေမ့နဲ႔"
"အင္းပါ ကိုကိုေျပာတာေတြအကုန္လုပ္မယ္"
"ဒါမွကိုကို႔သဲေလး...မြ..."
ထိုႏူးညံ့ေသာအနမ္းေလးမွတစ္ဆင့္ ျပင္းရွေသာအနမ္းသို႔ကူးေျပာင္းသြားရၿပီး အခန္းတြင္းဝယ္ ခ်ိဳၿမိန္ေသာအခ်စ္ညေလးကို ဖန္တီးၾကေလသည္။
✿............✿...........✿
ဆက္ရန္
စက္ဝန္းအလြန္က 1999.7.15ရက္ေန႔မွာ ေမြးတာပါ❤️အဂၤါသားျဖစ္ပါတယ္