Let me Love you

Od hhi_hein

7.4K 1K 147

You can run away from me as much as you like, But in the end you have to come back to me , love ♡ Viac

LMLY (1)
LMLY (3)
LMLY (4)
LMLY (5)
LMLY (6)
LMLY (7)
LMLY (8)
LMLY ( 9 )

LMLY (2)

646 132 16
Od hhi_hein


Unicode

စာပြပေးရမယ့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူရဲ့အိမ်ကို သွားဖို့
Jennie ထွက်လာခဲ့သည် ။
College ရဲ့professor ကအထက်တန်း‌
နောက်ဆုံးနှစ် ကျောင်းသူကို
Guide လုပ်ပေးနေရတာက
နှစ်ယောက်မရှိသောသူငယ်ချင်းမ
Joohyun ရဲ့ ကျေးဇူးကြောင့်ပါပဲ ။

Personal အရမို့ မဖြစ်မနေ
လက်ခံပေးပါဆိုပြီး သူမကို
Joohyun က နားပူကပ်ထားသည်မှာ
Korea ကို မပြန်လာခင်တည်းက
ဖြစ်သည် ။ Joohyun ပေးတယ့်
ကျောင်းသူရဲ့ အဆင့်တွေကတော့
ကြည့်ရသလောက်
အတော်လေးကောင်းပါသည် ။

ပေးထားတယ့် အိမ်လိပ်စာရှေ့
ရောက်တော့ သူမကို Joohyun
ပေးထားတယ့် လိပ်စာကပ်ကို တစ်ချက်
ပြန်စစ်လိုက်မိတယ် ။ ပြီးတော့ မျက်စိ
ရှေ့က ခြံဝန်းနဲ့ အိမ်ကြီးကို
ပြန်ကြည့်မိသည် ။

ခေတ်ဆန်ဆန် ဆောက်ထားတယ့် အိမ်ကြီးက တကယ့်ကို မိုက်လွန်းတယ် ။ ပြီးတော့
ခြံဝန်းကလည်း အတော်ကျယ်မယ့်ပုံစံ ။

ဒီလိုချမ်းသာတယ့် မိသားစုကမွေးလာတော့
ကံကောင်းလိုက်တာလို့ တွေးမိသွား
သည် ။ Jennie ကလည်း ဆင်းရဲတယ့်
မိသားစုက မွေးဖွားလာတာ
မဟုတ်ပေမယ့် ကြီးကြီးတက်ချမ်းသာတယ့် မိသားစုက မွေးလာခဲ့လူလည်း
မဟုတ်ဘူး ။ မိဘတွေကတော့ Jejuမှာ
သစ်သီးခြံလုပ်ငန်း လုပ်ကြသည် ။

ခြံတံခါးက ဘဲလ်ကို နှိပ်ပြီး‌
စာလာသင်တယ့် Guide ဖြစ်တယ့်
အကြောင်းပြောပြတော့ ခြံတံခါးက
ပွင့်လာသည် ။ အဲ့ဒီအခါမှ Jennie
ခြံထဲဝင်လာတော့ အိမ်ရှေ့မှာ
ရပ်နေတယ့် ကောင်မလေးတစ်ယောက်ကို မြင်လိုက်သာ် ။

သူမ အမြင်မှားတာပဲဖြစ်ပါစေလို့
ဆုတောင်းကာလျှောက်လာရင်း အိမ်ရှေ့ရောက်လာ
တယ့်အခါ ထိုကောင်မလေးရဲ့
မျက်နှာကို ရှင်းရှင်းလင်းလင်း
မြင်လိုက်ရသည် ။

ဒါ မနေ့က သူမ မြင်လိုက်တယ့်
Joohyun ရည်းစားနဲ့တွေ့ခဲ့တယ့်
ကောင်မလေးမဟုတ်လား ။
သူ့ရည်းစားနဲ့ ‌ခြေရှုပ်နေတယ့်
ကောင်မလေးကိုမှစာသင်ပေးဖို့
တောင်းဆိုပေးမိတယ့်
Joohyun အဖြစ်ပါလား ။

မနေ့က ‌တွေ့ခဲ့တယ့် ကိစ္စကို
သူမ Joohyun ကို မပြောပြရသေးဘူး ။
Joohyun က ကိစ္စတစ်ခုရှိလို့ဆိုပြီး
မနေ့ညက တိုက်ခန်းကို ပြန်မလာဘူး ၊
မနက်ကလည်း ပြန်မလာဘူး ၊ အခုထိ
လည်း သူမနဲ့ မတွေ့ဖြစ်သေးဘူး ။
ဖုန်းထဲက ပြောလို့ကောင်းတယ့်
ကိစ္စလည်း မဟုတ်တော့
သူမ မပြောဖြစ်သေးပါဘူး ။

အရှေ့က ကောင်မလေးကို
ကြည့်တော့လည်း တကယ့်‌
အလှပဂေးလေး ။ ဖော်ရွေမယ့်
ပုံလည်းပေါ်တယ် ။
အိမ်ကလည်း ချမ်းသာတယ် ။
အစစအရာရာပြည့်စုံနေတယ့် ပုံပေါ်နေရဲ့
သားနဲ့ ဘာလို့ သူများရည်းစားနဲ့
ခြေရှုပ်နေရတာလဲ ။ သိပဲမသိတာလား ။

ပြီးတော့ Kim Jisooက
အထက်တန်းနောက်ဆုံးနှစ်
ကျောင်းသူနဲ့ ခြေရှုပ်နေတာလား ။
တကယ့်ကို စိတ်ပျက်စရာကောင်းတယ့်
လူပဲ ။

ကောင်မလေးက သူမကို
အပြုံးတွေ ဖောဖောသီသီပေးနေတာမို့
ခေါင်းထဲက အတွေးတွေကို
တွန်းထုတ်ပြီး ပြန်ပြုံးပြလိုက်ရတယ် ။

" Kim Yujin ပါရှင့် "

" Kim Jennie ပါ...။ ဒီက
ကျောင်းသူကို Guide လုပ်ပေးမယ့်
သူပါ..."

သူမ အတွေးတွေကို
ရှင်းထုတ်ပစ်လိုက်တယ် ။ သူမ
ဒီလို ရောက်လာတာ စာသင်ပေးဖို့လေ ။
တခြားကိစ္စတွေ အတွေးများမနေသင့်ဘူး ။ ကျန်တယ့်ကိစ္စတွေက နောင်ခါလာမှ
နောင်ခါရှင်းပေါ့ ။

ရောက်လာပြီးကာခါမှ
တော့ စာတော့သင်ရမှာပေါ့ ။
သူမ သင်ရမယ့် ‌ကျောင်းသူက
သူမသူငယ်ချင်းရဲ့
ရည်းစားနဲ့ ခြေရှုပ်‌ နေတယ်ဆိုတယ့်
အသိကလည်း နည်းနည်းတော့
နေရခက်တယ် ။

ဒါပေမယ့် သူမရှေ့က ကျောင်းသူကို
စာသင်ပေးဖို့ပဲ အာရုံစိုက်လိုက်တယ် ။

ကျောင်းသူကတော်တော်လေး
ဖော်ရွေတယ် ။ ဒါကြောင့် Jennie ပိုစိတ်ညစ်ရသည် ။ ဇာတ်ကားတွေကလို
အကြောတင်းတင်း မောက်မောက်မာမာ သူဌေးသမီး ဖြစ်နေတာမှ
ပိုကောင်းအုံးမယ်လို့ Jennie
တွေးမိတယ် ။

အခုလို‌ဆိုတော့ ဘယ်သူ့ကို အပြစ်တင်လို့အပြစ်တင်ရမှန်း
မသိတော့လေ ။ အကုန်လုံးက
ဟို Kim Jisoo ရဲ့ အမှားပဲ ။
Jennie စိတ်ထဲကနေ သူ့ကိုပဲ
အကြိမ်ကြိမ်ခါခါ
ကြိမ်ဆဲနေမိတော့သည် ။

စာသင်ပြီးလို့ စာကြည့်ခန်းထဲက
ထွက်လာတော့ ဘေးနားက ကျောင်းသူ
Yujin က သူမရဲ့ လက်ဆွဲအိတ်ကို
ဆွဲပေး၍ လိုက်‌ပို့ပေးသည် ။
အဲ့လောက်ထိလုပ်ဖို့ မလိုပေမယ့်လည်း
အဲ့လောက်ထိ ယဉ်ကျေးပြီး
သဘောကောင်း နေတယ့်
ကျောင်းသူကြောင့် စိတ်ထဲက
Joohyun ကိုပဲ တမိတော့တယ် ။

Bae Joohyun ကယ်ပါ!
နင့်ရည်းစားရဲ့ကောင်မလေးက အရမ်းကို
သဘောကောင်းနေတယ်

အိမ်အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ
‌ပက်လက်လန်၍ ဂိမ်းဆော့နေသော
လူကြောင့် Jennie
မျက်မှောင်ကြုံ့သွားသည် ။

သူက Jennie ကို မြင်မှာမဟုတ်
လောက်ဘူး ။

ဒီKim Jisoo က ဘယ်လိုဖြစ်ပြီး
ဒီအိမ်မှာ ရှိနေရတာလဲ ။ ‌အိမ်အထိ
လာနေတယ့်အဆင့်ဆို တော်တော်လေး
အ‌ခြေအနေဆိုးနေပြီ ။ သူငယ်ချင်း
Joohyun ကိုပဲ သနားမိသွားတယ် ။
ပြီးတော့ အေးအေးလူလူ ရှိနေတယ့်
Kim Jisoo ကိုလည်း
ဒေါသထွက်သည် ။

" မှာထားတယ့် Cake ဝယ်လာလားဟင် "

သူမဘေးက Yujin က Kim Jisoo
အားလှမ်းမေးသည် ။ စကားပြောပုံ
ကြည့်ရတာ အတော်လေးကို
ပေါ့ပေါ့ပါးပါး ရှိနေကြသည့် ပုံစံ ။

" အင်း...ရေခဲသေတ္တာထဲမှာ
ထည့်ထားတယ် "

Kim Jisoo ကတစ်ချက်တောင် လှည့်
မကြည့်ပဲ ပြောသည် ။ အဲ့နောက်
သူမတို့အိမ်ထဲက ထွက်လာခဲ့သည် ။
Yujin တို့ခြံထဲက ထွက်လာပြီး
သူမရဲ့ကားပေါ်ရောက်ကာမှ
Kim Jisooကို ပါးစပ်ကနေ
တရစပ် ကျိန်ဆဲပစ်လိုက်မိတော့သည် ။

_

Yujin ရေခဲသေတ္တာထဲက
Cake ကို ယူပြီး Jisoo ရှိရာ ဧည့်ခန်းထဲ
ယူလာပြီး စားဖို့ပြင်သည် ။

" စားအုံးမလား..."

" ဟင့်အင်း...အပြင်မှာ စားခဲ့ပြီးပြီ "

Jisoo စကားကြောင့် Yujin
မျက်မှောင်ကြုံ့သွားပြီး

" တစ်ယောက်တည်း ရှိတယ့်
ညီမလေးကိုကျတော့
အမြဲပစ်ထားတယ်နော် ။ ညစာလေးတော့ အတူတူစားပေးမယ် မရှိဘူး "

" ဘယ်သူက Cake နဲ့ ညစာစားမှာလဲ "

"Kim Jisoo ရဲ့ ညီမ Kim Yujin လေ "

သူမပြောတာကို တစ်ချက်ရယ်ပြီး
ဂိမ်းဆော့မပျက်တယ့် အစ်မဖြစ်သူကို
ဘေးနားက ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်
သည် ။ Jisoo ကြည့်ရတာ အလုပ်မရှိ
အကိုင်မရှိပုံစံနဲ့တူပေမယ့်
အမြဲတမ်း အလုပ်ရှုပ်နေတယ့်
လူလေ ။

အမြဲတမ်း Hoodiesတွေဝတ်လိုက် ၊
ဂျာကင်တွေဝတ်လိုက် ၊ ဂျင်းအကျီ
တွေဝတ်လိုက်နဲ့ ပေါ့ပေါ့ပါးပါး
နေတတ်တယ့် Jisoo ပုံစံက
မိဘပိုက်ဆံကို ထိုင်ဖြုန်းနေတယ့်
လူနဲ့ပဲတူတယ်လေ ။ သူ့ပိုက်ဆံကိုယ်
သူဖြုန်းနေတာ ‌ဆိုပေမယ့်လည်းပေါ့ ။

တစ်ခါတစ်လေသာ မတည့်ပေမယ့်
Jisoo ကို သူမ အရမ်းချစ်ပါတယ် ။
လောကမှာတစ်ဦးတည်းသော ရှိတယ့်
မိသားစုဝင်ပဲလေ ။
ပြီးတော့ သူမ‌အပေါ် Jisoo က
အရမ်းကောင်းသည် ။

အာရုံစိုက်တယ့်ပုံ မပေါက်ပေမယ့်
အမြဲ လိုအပ်တာမရှိရအောင်
အမြဖြည့်ဆည်းပေးတတ်တယ့် သူမရဲ့
အစ်မက ဒီလောကမှာ
အကောင်းဆုံးပဲ...။

_

Jennie အခု Joohyun ရဲ့
တိုက်ခန်းကိုရောက်နေတာ ဖြစ်သည် ။
အ‌ခြေအနေတွေ ဒီထက်ပိုပြီး
မဆိုးခင် သူမ ပြောပြသင့်တာတော့
ပြောပြရမည် ။
Joohyun နာကျင်ရမယ်ဆိုတာ
သိပေမယ့်လည်း Move on
လုပ်ဖို့ အချိန်ပိုရသွားတာပေါ့ ။

သူမ သူငယ်ချင်းကို
ဒီလိုဖောက်ပြန်နေတယ့်လူနဲ့
ဆက် date စေချင်တော့ဘူး ။
မဟုတ်ရင် Joohyun ပိုနာကျင်ရမှာ ။

ဘာမှမသိသေးတယ့် Joohyun ကတော့
အေးအေးလူလူ ပြုံးပြုံးရယ်ရယ်ပဲ
သူမကို ကော်ဖီခွက်လာချပေးသည် ။
Jennie အချိန်ဖြုန်းဖို့
ထပ်မစဉ်းစားတော့ဘဲ

" Joohyun...နင် Kim Yujin ကို
သိလား..."

သူမပြောတော့ Joohyun က
‌ပြုံးစစနဲ့ကြည့်ရင်း

" အော် မသိဘဲနေမလား ။ နင် Guide
လုပ်နေတယ့် ကျောင်းသူလေ ။ သူ့ကို
Guide လုပ်ပေးဖို့ နင့်ကို ပြောပေးတာ
ငါဆိုတာ မေ့နေတာလား "

အင်း...ဟုတ်သား ။
Jennie စကားခေါ်တာ များသွားသည် ။

"ပြီးတော့ Kim Jisoo ကိုကော
သိလား! "

" နင်ဆေးသောက်ဖို့ လိုနေပြီ Kim Jennie ရေ ။ ငါ့ကိုဘာတွေ အူကြောင်ကြောင်နဲ့ လာမေးနေတာလဲ "

ကိုယ့်ပါးကိုယ်ပဲ ချလိုက်ချင်ပြီ ။
ဘယ်ကစပြီး စကားဖော်ရမလဲ မသိတာ
နဲ့ သူမတော့ တိုင်ပတ်နေမိပြီ ။

ဒါပေမယ့် ထပ်ပြီး
အချိန်မဆွဲချင်တော့တာကြောင့်
သက်ပြင်းတစ်ချက်ချလိုက်ရင်း

" ငါထင်တာတော့ Kim Jisoo နဲ့
အဲ့ကောင်မလေးက တစ်ခုခုပဲ...။ သူတို့
ဆက်ဆံရေးက တစ်မျိုးပဲ ငါပြောတာ
နင်နားလည်မှာပါ "

သူမပြော‌တော့ Joohyun က
မျက်မှောင်ကြီးကြုံ့သွားပြီး

" သူတို့ ရန်ဖြစ်နေကြလို့လား "

" ဟင်..."

" တစ်ခါတစ်လေတော့ Jisooက
စိတ်မရှည်တယ့်အချိန် ၊ Yujin က
ရစ်ချင်တယ့်အချိန်နဲ့ တိုက်ရင်တော့
ရန်ဖြစ်ကြတယ် ။ ဒါပေမယ့်
ခဏလေးပြန်တည့်သွားတာပါပဲ...။ သူတို့
နင့်ရှေ့မှာ ရန်ဖြစ်နေကြတာလား "

" သူတို့ ဘယ်လောက် အတိုင်းအတာ
အထိ ရင်းနှီးတယ်လို့ နင်သိထားတာလဲ
Joohyun..."

Joohyun က ရုတ်တရက်ကြီး
သူမကို အူကြောင်ကြောင်ကြည့်လာတယ် ။

" အတိုင်းအတာရှိမလားဟဲ့ ။ သူတို့ဟာ
သူတို့ရင်းနှီးချင်သလောက် ရင်းနှီးမှာ
ပေါ့ ။ ညီအစ်မတွေပဲကို...."

Jennie ရုတ်တရက် သူမခေါင်းကို
မိုးကြိုးပစ်ချသွားသလို ခံစားလိုက်ရသည် ။ သူမ ဘာတွေတွေးနေခဲ့မိတာပါ
လိမ့် ။ ညီအစ်မ နှစ်ယောက်ကို
သူမ သူငယ်ချင်းရဲ့ နောက်ကွယ်မှာ
ဖောက်ပြန်နေတယ် ဆိုပြီး
ထင်နေခဲ့တာ ။

" အမ်...ဒါနဲ့ Kim Jisoo က
မိဘပိုက်ဆံထိုင်ဖြုန်းနေတယ့် ပုံစံမျိုးပဲ
နေမယ်...။ ဘဝလက်တွဲဖော်ဖြစ်ဖို့ အဲ့လိုပုံစံနဲ့အဆင်မပြေဘူးဆိုတာ နင်သိမှာပါ "

သူမ ပြောတော့ Joohyun က
မျက်မှောင်ကျုံ့သွားရင်း

" Jisoo တို့က မိဘတွေ‌တောင် မရှိတော့ဘူး ။ ပြီးတော့ သူက မထင်ရပေမယ့် Next Game Company ရဲ့ ပိုင်ရှင်လေ "

Jennie သူမရဲ့နားပင် သူမ မယုံနိုင် ။
Next ဆိုတာ အခုတလော ခေတ်စား
နေတယ့် Games တွေ ရဲ့ Company
လေ ။ Kim Jisoo လိုပုံစံနဲ့လူက အဲ့ Company ရဲ့ ပိုင်ရှင်တယ့်လား ။

" မိဘလုပ်ငန်းဆက်ခံထားတာလား "

" ဟင့်အင်း ။ သူ့ဟာသူ ကြိုးစားပြီး
တည်ထောင်ထားတာ ။ ငါနဲ့က
သိတာ အရမ်းမကြာသေးတော့ သူ့အကြောင်း အစအဆုံးတော့
မသိဘူး ။ သူက ဘာမှမလုပ်ဘူးလို့ ထင်ရပေမယ့် အရမ်းကိုကြိုးစားတာ ။ ပြီးတော့
အဲ့ နည်းပညာတွေမှာ သူကပါရမီပါတယ်ထင်တယ်။ အရမ်းတော်တာ...။ နင်သူ့အိမ်ရောက်ပြီးပြီပဲကို သူ့ပိုင်ဆိုင်မှုအ‌ခြေ‌အနေကိုတော့
သိလောက်မှာပေါ့ "

စိတ်ထဲကနေ Kim Jisooကို
အားနာမိသွားသည် ။ သူ့ကို Jennie
အများကြီး ကျိန်ဆဲမိထားတာလေ ။
ပြီးတော့ ဒီအချိန်အထိ မိဘပိုက်ဆံ
ထိုင်ဖြုန်းနေတာပဲဆိုပြီးကော
အထင်သေးမိထားတာ ။

တကယ်ပဲ လူတစ်ယောက်ကို
အပေါ်ယံနဲ့ ဆုံးဖြတ်လို့ မရဘူးပဲ ။

" သူက သူ့ညီမနဲ့ ခွဲနေတာလား..."

" မဟုတ်ပါဘူး ။ အတူတူနေတာ..."

" ဒါဆို ဟိုတစ်ခေါက်တိုက်ခန်းက
ဘာလို့လဲ ။ နင်တို့အတူ‌တူနေဖို့ သက်သက်..."

သူမ စကားမဆုံးသေးခင်
Joohyun ရဲ့ မျက်စောင်းက ဒိုင်းခနဲ
ရောက်လာတာမို့ စကားနင်သွားသည် ။
ဘာလဲဆိုပြီးမှေးငေါ့ပြတော့
Joohyun က သူမကို ဆိုဖာပေါ်က
ခေါင်းနဲ့ ပစ်ပေါက်ပြီး

" နင် ငါနဲ့ Jisoo ကို သောက်တလွဲ
ထင်နေတာမှတ်လား Kim Jennie! "

" ဟမ်...Kim Jisoo က နင့်ရည်းစား
မဟုတ်ဘူးလား "

" ချီးပဲ! Kim Jisoo ရဲ့ သူငယ်ချင်း
Kang Seulgi က ငါ့ရည်းစားဟဲ့ ။ ဘယ်နှယ့် ငါ့ကိုအလကားနေရင်း ရည်းစားရဲ့
သူငယ်ချင်းနဲ့ ပေးစားနေပြန်ပြီ ! ။ အဲ့တာမို့ စကားတွေက ထူးဆန်းနေတယ်
မှတ်တာ ။ နင်ကတကယ် ချီးထုပ်မပဲ! "

Joohyun က သူမကို
တကယ် အိမ်ပေါ်က ကန်ချတော့မယ့်
ပုံစံ ။ တကယ်ပဲ Kim Jisoo က
Joohyun ရည်းစားမဟုတ်ဘူးပေါ့ ။

အခုအချိန်ထိ သူမဘာတွေ
တွေးပြီး ဘာတွေဒေါသထွက်လာခဲ့တာ
ပါလိမ့် ။

" တွေး‌ချင်တာတွေးပြီး ထင်ချင်တာ
ထင်တယ့် အကျင့်လေးကို ပြင်ပါအုံး
Kim Jennie ရယ် ။ ငါ့သူငယ်ချင်းလို့
ပြောရမှာရှက်တယ်...အမလေး ခေါင်းတောင် ကိုက်လာပြီ ။ သွား...သွား...သွား
နင်ပြန်တော့ "

Joohyun က သူမကို အိမ်ထဲက
အတင်းဆွဲထုတ်နေတာမို့ Jennie
မျက်စောင်းကြီးကြီးတစ်ချက်ထိုးရင်း
သူမတိုက်ခန်းသူမ ပြန်လာခဲ့လိုက်သည် ။

Joohyun သွေးတက်ရင်လည်း
တက်ချင်စရာပါ ။ ထင်ချင်တာထင်ပြီး
Kim Jisoo ကို ပြသာနာ
သွားမရှာခဲ့မိတာပဲ တော်သေးတယ်
ပြောရတော့မည် ။

အိပ်ခန်းထဲက ကုတင်ပေါ်
ပစ်လှဲပြီး ဖုန်းကို ယူကာ Next
Company အကြောင်းရှာကြည့်လိုက်မိ
တယ် ။ တခြားအကြောင်းအရာတွေ
တွေးပေမယ့် CEO နဲ့ ပတ်သတ်တာ
တစ်ခုမှ မတွေ့ ။ Kim Jisoo က
တော်တော်လေး Privacy ကို
အလေးအနက်ထားတာပဲ ။

ဒီအသက်အရွယ်နဲ့ Company
တစ်ခု ထောင်နိုင်တာ လေးစားစရာ
ကောင်းသည် ။ ဒါကို သူမက
စိတ်ထင်ရာ လျှောက်ထင်ပြီး အထင်
သေးခဲ့မိတာပဲ ။

မဖြစ်ဘူး ။ စိတ်ထဲ ထင်ချင်တာထင်ပြီး
တွေးချင်တာ တွေးတယ့်
အကျင့်ကို ပြင်ရတော့မည်....။

To be continued

ဒီPart အတွက် အားဆေး Comments
လေးတွေ လိုချင်လို့ပါ 🖤🤕

Zawgi

စာျပေပးရမယ့္ အထက္တန္းေနာက္ဆုံးႏွစ္ေက်ာင္းသူရဲ႕အိမ္ကို သြားဖို႔
Jennie ထြက္လာခဲ့သည္ ။
College ရဲ႕professor ကအထက္တန္း‌
ေနာက္ဆုံးႏွစ္ ေက်ာင္းသူကို
Guide လုပ္ေပးေနရတာက
ႏွစ္ေယာက္မရွိေသာသူငယ္ခ်င္းမ
Joohyun ရဲ႕ ေက်းဇူးေၾကာင့္ပါပဲ ။

Personal အရမို႔ မျဖစ္မေန
လက္ခံေပးပါဆိုၿပီး သူမကို
Joohyun က နားပူကပ္ထားသည္မွာ
Korea ကို မျပန္လာခင္တည္းက
ျဖစ္သည္ ။ Joohyun ေပးတယ့္
ေက်ာင္းသူရဲ႕ အဆင့္ေတြကေတာ့
ၾကည့္ရသေလာက္
အေတာ္ေလးေကာင္းပါသည္ ။

ေပးထားတယ့္ အိမ္လိပ္စာေရွ႕
ေရာက္ေတာ့ သူမကို Joohyun
ေပးထားတယ့္ လိပ္စာကပ္ကို တစ္ခ်က္
ျပန္စစ္လိုက္မိတယ္ ။ ၿပီးေတာ့ မ်က္စိ
ေရွ႕က ၿခံဝန္းနဲ႔ အိမ္ႀကီးကို
ျပန္ၾကည့္မိသည္ ။

ေခတ္ဆန္ဆန္ ေဆာက္ထားတယ့္ အိမ္ႀကီးက တကယ့္ကို မိုက္လြန္းတယ္ ။ ၿပီးေတာ့
ၿခံဝန္းကလည္း အေတာ္က်ယ္မယ့္ပုံစံ ။

ဒီလိုခ်မ္းသာတယ့္ မိသားစုကေမြးလာေတာ့
ကံေကာင္းလိုက္တာလို႔ ေတြးမိသြား
သည္ ။ Jennie ကလည္း ဆင္းရဲတယ့္
မိသားစုက ေမြးဖြားလာတာ
မဟုတ္ေပမယ့္ ႀကီးႀကီးတက္ခ်မ္းသာတယ့္ မိသားစုက ေမြးလာခဲ့လူလည္း
မဟုတ္ဘူး ။ မိဘေတြကေတာ့ Jejuမွာ
သစ္သီးၿခံလုပ္ငန္း လုပ္ၾကသည္ ။

ၿခံတံခါးက ဘဲလ္ကို ႏွိပ္ၿပီး‌
စာလာသင္တယ့္ Guide ျဖစ္တယ့္
အေၾကာင္းေျပာျပေတာ့ ၿခံတံခါးက
ပြင့္လာသည္ ။ အဲ့ဒီအခါမွ Jennie
ၿခံထဲဝင္လာေတာ့ အိမ္ေရွ႕မွာ
ရပ္ေနတယ့္ ေကာင္မေလးတစ္ေယာက္ကို ျမင္လိုက္သာ္ ။

သူမ အျမင္မွားတာပဲျဖစ္ပါေစလို႔
ဆုေတာင္းကာေလွ်ာက္လာရင္း အိမ္ေရွ႕ေရာက္လာ
တယ့္အခါ ထိုေကာင္မေလးရဲ႕
မ်က္ႏွာကို ရွင္းရွင္းလင္းလင္း
ျမင္လိုက္ရသည္ ။

ဒါ မေန႔က သူမ ျမင္လိုက္တယ့္
Joohyun ရည္းစားနဲ႔ေတြ႕ခဲ့တယ့္
ေကာင္မေလးမဟုတ္လား ။
သူ႔ရည္းစားနဲ႔ ‌ေျခရႈပ္ေနတယ့္
ေကာင္မေလးကိုမွစာသင္ေပးဖို႔
ေတာင္းဆိုေပးမိတယ့္
Joohyun အျဖစ္ပါလား ။

မေန႔က ‌ေတြ႕ခဲ့တယ့္ ကိစၥကို
သူမ Joohyun ကို မေျပာျပရေသးဘူး ။
Joohyun က ကိစၥတစ္ခုရွိလို႔ဆိုၿပီး
မေန႔ညက တိုက္ခန္းကို ျပန္မလာဘူး ၊
မနက္ကလည္း ျပန္မလာဘူး ၊ အခုထိ
လည္း သူမနဲ႔ မေတြ႕ျဖစ္ေသးဘူး ။
ဖုန္းထဲက ေျပာလို႔ေကာင္းတယ့္
ကိစၥလည္း မဟုတ္ေတာ့
သူမ မေျပာျဖစ္ေသးပါဘူး ။

အေရွ႕က ေကာင္မေလးကို
ၾကည့္ေတာ့လည္း တကယ့္‌
အလွပေဂးေလး ။ ေဖာ္ေ႐ြမယ့္
ပုံလည္းေပၚတယ္ ။
အိမ္ကလည္း ခ်မ္းသာတယ္ ။
အစစအရာရာျပည့္စုံေနတယ့္ ပုံေပၚေနရဲ႕
သားနဲ႔ ဘာလို႔ သူမ်ားရည္းစားနဲ႔
ေျခရႈပ္ေနရတာလဲ ။ သိပဲမသိတာလား ။

ၿပီးေတာ့ Kim Jisooက
အထက္တန္းေနာက္ဆုံးႏွစ္
ေက်ာင္းသူနဲ႔ ေျခရႈပ္ေနတာလား ။
တကယ့္ကို စိတ္ပ်က္စရာေကာင္းတယ့္
လူပဲ ။

ေကာင္မေလးက သူမကို
အၿပဳံးေတြ ေဖာေဖာသီသီေပးေနတာမို႔
ေခါင္းထဲက အေတြးေတြကို
တြန္းထုတ္ၿပီး ျပန္ၿပဳံးျပလိုက္ရတယ္ ။

" Kim Yujin ပါရွင့္ "

" Kim Jennie ပါ...။ ဒီက
ေက်ာင္းသူကို Guide လုပ္ေပးမယ့္
သူပါ..."

သူမ အေတြးေတြကို
ရွင္းထုတ္ပစ္လိုက္တယ္ ။ သူမ
ဒီလို ေရာက္လာတာ စာသင္ေပးဖို႔ေလ ။
တျခားကိစၥေတြ အေတြးမ်ားမေနသင့္ဘူး ။ က်န္တယ့္ကိစၥေတြက ေနာင္ခါလာမွ
ေနာင္ခါရွင္းေပါ့ ။

ေရာက္လာၿပီးကာခါမွ
ေတာ့ စာေတာ့သင္ရမွာေပါ့ ။
သူမ သင္ရမယ့္ ‌ေက်ာင္းသူက
သူမသူငယ္ခ်င္းရဲ႕
ရည္းစားနဲ႔ ေျခရႈပ္‌ ေနတယ္ဆိုတယ့္
အသိကလည္း နည္းနည္းေတာ့
ေနရခက္တယ္ ။

ဒါေပမယ့္ သူမေရွ႕က ေက်ာင္းသူကို
စာသင္ေပးဖို႔ပဲ အာ႐ုံစိုက္လိုက္တယ္ ။

ေက်ာင္းသူကေတာ္ေတာ္ေလး
ေဖာ္ေ႐ြတယ္ ။ ဒါေၾကာင့္ Jennie ပိုစိတ္ညစ္ရသည္ ။ ဇာတ္ကားေတြကလို
အေၾကာတင္းတင္း ေမာက္ေမာက္မာမာ သူေဌးသမီး ျဖစ္ေနတာမွ
ပိုေကာင္းအုံးမယ္လို႔ Jennie
ေတြးမိတယ္ ။

အခုလို‌ဆိုေတာ့ ဘယ္သူ႔ကို အျပစ္တင္လို႔အျပစ္တင္ရမွန္း
မသိေတာ့ေလ ။ အကုန္လုံးက
ဟို Kim Jisoo ရဲ႕ အမွားပဲ ။
Jennie စိတ္ထဲကေန သူ႔ကိုပဲ
အႀကိမ္ႀကိမ္ခါခါ
ႀကိမ္ဆဲေနမိေတာ့သည္ ။

စာသင္ၿပီးလို႔ စာၾကည့္ခန္းထဲက
ထြက္လာေတာ့ ေဘးနားက ေက်ာင္းသူ
Yujin က သူမရဲ႕ လက္ဆြဲအိတ္ကို
ဆြဲေပး၍ လိုက္‌ပို႔ေပးသည္ ။
အဲ့ေလာက္ထိလုပ္ဖို႔ မလိုေပမယ့္လည္း
အဲ့ေလာက္ထိ ယဥ္ေက်းၿပီး
သေဘာေကာင္း ေနတယ့္
ေက်ာင္းသူေၾကာင့္ စိတ္ထဲက
Joohyun ကိုပဲ တမိေတာ့တယ္ ။

Bae Joohyun ကယ္ပါ!
င့္ည္းစားရဲ႕ေကာင္မေလးက အရမ္းကို
သေဘာေကာင္းေနတယ္

အိမ္ေအာက္ထပ္ဆင္းလာေတာ့
ဧည့္ခန္းထဲက ဆိုဖာေပၚမွာ
‌ပက္လက္လန္၍ ဂိမ္းေဆာ့ေနေသာ
လူေၾကာင့္ Jennie
မ်က္ေမွာင္ႀကဳံ႕သြားသည္ ။

သူက Jennie ကို ျမင္မွာမဟုတ္
ေလာက္ဘူး ။

ဒီKim Jisoo က ဘယ္လိုျဖစ္ၿပီး
ဒီအိမ္မွာ ရွိေနရတာလဲ ။ ‌အိမ္အထိ
လာေနတယ့္အဆင့္ဆို ေတာ္ေတာ္ေလး
အ‌ေျခအေနဆိုးေနၿပီ ။ သူငယ္ခ်င္း
Joohyun ကိုပဲ သနားမိသြားတယ္ ။
ၿပီးေတာ့ ေအးေအးလူလူ ရွိေနတယ့္
Kim Jisoo ကိုလည္း
ေဒါသထြက္သည္ ။

" မွာထားတယ့္ Cake ဝယ္လာလားဟင္ "

သူမေဘးက Yujin က Kim Jisoo
အားလွမ္းေမးသည္ ။ စကားေျပာပုံ
ၾကည့္ရတာ အေတာ္ေလးကို
ေပါ့ေပါ့ပါးပါး ရွိေနၾကသည့္ ပုံစံ ။

" အင္း...ေရခဲေသတၱာထဲမွာ
ထည့္ထားတယ္ "

Kim Jisoo ကတစ္ခ်က္ေတာင္ လွည့္
မၾကည့္ပဲ ေျပာသည္ ။ အဲ့ေနာက္
သူမတို႔အိမ္ထဲက ထြက္လာခဲ့သည္ ။
Yujin တို႔ၿခံထဲက ထြက္လာၿပီး
သူမရဲ႕ကားေပၚေရာက္ကာမွ
Kim Jisooကို ပါးစပ္ကေန
တရစပ္ က်ိန္ဆဲပစ္လိုက္မိေတာ့သည္ ။

_

Yujin ေရခဲေသတၱာထဲက
Cake ကို ယူၿပီး Jisoo ရွိရာ ဧည့္ခန္းထဲ
ယူလာၿပီး စားဖို႔ျပင္သည္ ။

" စားအုံးမလား..."

" ဟင့္အင္း...အျပင္မွာ စားခဲ့ၿပီးၿပီ "

Jisoo စကားေၾကာင့္ Yujin
မ်က္ေမွာင္ႀကဳံ႕သြားၿပီး

" တစ္ေယာက္တည္း ရွိတယ့္
ညီမေလးကိုက်ေတာ့
အၿမဲပစ္ထားတယ္ေနာ္ ။ ညစာေလးေတာ့ အတူတူစားေပးမယ္ မရွိဘူး "

" ဘယ္သူက Cake နဲ႔ ညစာစားမွာလဲ "

"Kim Jisoo ရဲ႕ ညီမ Kim Yujin ေလ "

သူမေျပာတာကို တစ္ခ်က္ရယ္ၿပီး
ဂိမ္းေဆာ့မပ်က္တယ့္ အစ္မျဖစ္သူကို
ေဘးနားက ေခါင္းအုံးနဲ႔ ပစ္ေပါက္လိုက္
သည္ ။ Jisoo ၾကည့္ရတာ အလုပ္မရွိ
အကိုင္မရွိပုံစံနဲ႔တူေပမယ့္
အၿမဲတမ္း အလုပ္ရႈပ္ေနတယ့္
လူေလ ။

အၿမဲတမ္း Hoodiesေတြဝတ္လိုက္ ၊
ဂ်ာကင္ေတြဝတ္လိုက္ ၊ ဂ်င္းအက်ီ
ေတြဝတ္လိုက္နဲ႔ ေပါ့ေပါ့ပါးပါး
ေနတတ္တယ့္ Jisoo ပုံစံက
မိဘပိုက္ဆံကို ထိုင္ျဖဳန္းေနတယ့္
လူနဲ႔ပဲတူတယ္ေလ ။ သူ႔ပိုက္ဆံကိုယ္
သူျဖဳန္းေနတာ ‌ဆိုေပမယ့္လည္းေပါ့ ။

တစ္ခါတစ္ေလသာ မတည့္ေပမယ့္
Jisoo ကို သူမ အရမ္းခ်စ္ပါတယ္ ။
ေလာကမွာတစ္ဦးတည္းေသာ ရွိတယ့္
မိသားစုဝင္ပဲေလ ။
ၿပီးေတာ့ သူမ‌အေပၚ Jisoo က
အရမ္းေကာင္းသည္ ။

အာ႐ုံစိုက္တယ့္ပုံ မေပါက္ေပမယ့္
အၿမဲ လိုအပ္တာမရွိရေအာင္
အျမျဖည့္ဆည္းေပးတတ္တယ့္ သူမရဲ႕
အစ္မက ဒီေလာကမွာ
အေကာင္းဆုံးပဲ...။

_

Jennie အခု Joohyun ရဲ႕
တိုက္ခန္းကိုေရာက္ေနတာ ျဖစ္သည္ ။
အ‌ေျခအေနေတြ ဒီထက္ပိုၿပီး
မဆိုးခင္ သူမ ေျပာျပသင့္တာေတာ့
ေျပာျပရမည္ ။
Joohyun နာက်င္ရမယ္ဆိုတာ
သိေပမယ့္လည္း Move on
လုပ္ဖို႔ အခ်ိန္ပိုရသြားတာေပါ့ ။

သူမ သူငယ္ခ်င္းကို
ဒီလိုေဖာက္ျပန္ေနတယ့္လူနဲ႔
ဆက္ date ေစခ်င္ေတာ့ဘူး ။
မဟုတ္ရင္ Joohyun ပိုနာက်င္ရမွာ ။

ဘာမွမသိေသးတယ့္ Joohyun ကေတာ့
ေအးေအးလူလူ ၿပဳံးၿပဳံးရယ္ရယ္ပဲ
သူမကို ေကာ္ဖီခြက္လာခ်ေပးသည္ ။
Jennie အခ်ိန္ျဖဳန္းဖို႔
ထပ္မစဥ္းစားေတာ့ဘဲ

" Joohyun...နင္ Kim Yujin ကို
သိလား..."

သူမေျပာေတာ့ Joohyun က
‌ၿပဳံးစစနဲ႔ၾကည့္ရင္း

" ေအာ္ မသိဘဲေနမလား ။ နင္ Guide
လုပ္ေနတယ့္ ေက်ာင္းသူေလ ။ သူ႔ကို
Guide လုပ္ေပးဖို႔ နင့္ကို ေျပာေပးတာ
ငါဆိုတာ ေမ့ေနတာလား "

အင္း...ဟုတ္သား ။
Jennie စကားေခၚတာ မ်ားသြားသည္ ။

"ၿပီးေတာ့ Kim Jisoo ကိုေကာ
သိလား! "

" နင္ေဆးေသာက္ဖို႔ လိုေနၿပီ Kim Jennie ေရ ။ ငါ့ကိုဘာေတြ အူေၾကာင္ေၾကာင္နဲ႔ လာေမးေနတာလဲ "

ကိုယ့္ပါးကိုယ္ပဲ ခ်လိုက္ခ်င္ၿပီ ။
ဘယ္ကစၿပီး စကားေဖာ္ရမလဲ မသိတာ
နဲ႔ သူမေတာ့ တိုင္ပတ္ေနမိၿပီ ။

ဒါေပမယ့္ ထပ္ၿပီး
အခ်ိန္မဆြဲခ်င္ေတာ့တာေၾကာင့္
သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း

" ငါထင္တာေတာ့ Kim Jisoo နဲ႔
အဲ့ေကာင္မေလးက တစ္ခုခုပဲ...။ သူတို႔
ဆက္ဆံေရးက တစ္မ်ိဳးပဲ ငါေျပာတာ
နင္နားလည္မွာပါ "

သူမေျပာ‌ေတာ့ Joohyun က
မ်က္ေမွာင္ႀကီးႀကဳံ႕သြားၿပီး

" သူတို႔ ရန္ျဖစ္ေနၾကလို႔လား "

" ဟင္..."

" တစ္ခါတစ္ေလေတာ့ Jisooက
စိတ္မရွည္တယ့္အခ်ိန္ ၊ Yujin က
ရစ္ခ်င္တယ့္အခ်ိန္နဲ႔ တိုက္ရင္ေတာ့
ရန္ျဖစ္ၾကတယ္ ။ ဒါေပမယ့္
ခဏေလးျပန္တည့္သြားတာပါပဲ...။ သူတို႔
နင့္ေရွ႕မွာ ရန္ျဖစ္ေနၾကတာလား "

" သူတို႔ ဘယ္ေလာက္ အတိုင္းအတာ
အထိ ရင္းႏွီးတယ္လို႔ နင္သိထားတာလဲ
Joohyun..."

Joohyun က ႐ုတ္တရက္ႀကီး
သူမကို အူေၾကာင္ေၾကာင္ၾကည့္လာတယ္ ။

" အတိုင္းအတာရွိမလားဟဲ့ ။ သူတို႔ဟာ
သူတို႔ရင္းႏွီးခ်င္သေလာက္ ရင္းႏွီးမွာ
ေပါ့ ။ ညီအစ္မေတြပဲကို...."

Jennie ႐ုတ္တရက္ သူမေခါင္းကို
မိုးႀကိဳးပစ္ခ်သြားသလို ခံစားလိုက္ရသည္ ။ သူမ ဘာေတြေတြးေနခဲ့မိတာပါ
လိမ့္ ။ ညီအစ္မ ႏွစ္ေယာက္ကို
သူမ သူငယ္ခ်င္းရဲ႕ ေနာက္ကြယ္မွာ
ေဖာက္ျပန္ေနတယ္ ဆိုၿပီး
ထင္ေနခဲ့တာ ။

" အမ္...ဒါနဲ႔ Kim Jisoo က
မိဘပိုက္ဆံထိုင္ျဖဳန္းေနတယ့္ ပုံစံမ်ိဳးပဲ
ေနမယ္...။ ဘဝလက္တြဲေဖာ္ျဖစ္ဖို႔ အဲ့လိုပုံစံနဲ႔အဆင္မေျပဘူးဆိုတာ နင္သိမွာပါ "

သူမ ေျပာေတာ့ Joohyun က
မ်က္ေမွာင္က်ဳံ႕သြားရင္း

" Jisoo တို႔က မိဘေတြ‌ေတာင္ မရွိေတာ့ဘူး ။ ၿပီးေတာ့ သူက မထင္ရေပမယ့္ Next Game Company ရဲ႕ ပိုင္ရွင္ေလ "

Jennie သူမရဲ႕နားပင္ သူမ မယုံႏိုင္ ။
Next ဆိုတာ အခုတေလာ ေခတ္စား
ေနတယ့္ Games ေတြ ရဲ႕ Company
ေလ ။ Kim Jisoo လိုပုံစံနဲ႔လူက အဲ့ Company ရဲ႕ ပိုင္ရွင္တယ့္လား ။

" မိဘလုပ္ငန္းဆက္ခံထားတာလား "

" ဟင့္အင္း ။ သူ႔ဟာသူ ႀကိဳးစားၿပီး
တည္ေထာင္ထားတာ ။ ငါနဲ႔က
သိတာ အရမ္းမၾကာေသးေတာ့ သူ႔အေၾကာင္း အစအဆုံးေတာ့
မသိဘူး ။ သူက ဘာမွမလုပ္ဘူးလို႔ ထင္ရေပမယ့္ အရမ္းကိုႀကိဳးစားတာ ။ ၿပီးေတာ့
အဲ့ နည္းပညာေတြမွာ သူကပါရမီပါတယ္ထင္တယ္။ အရမ္းေတာ္တာ...။ နင္သူ႔အိမ္ေရာက္ၿပီးၿပီပဲကို သူ႔ပိုင္ဆိုင္မႈအ‌ေျခ‌အေနကိုေတာ့
သိေလာက္မွာေပါ့ "

စိတ္ထဲကေန Kim Jisooကို
အားနာမိသြားသည္ ။ သူ႔ကို Jennie
အမ်ားႀကီး က်ိန္ဆဲမိထားတာေလ ။
ၿပီးေတာ့ ဒီအခ်ိန္အထိ မိဘပိုက္ဆံ
ထိုင္ျဖဳန္းေနတာပဲဆိုၿပီးေကာ
အထင္ေသးမိထားတာ ။

တကယ္ပဲ လူတစ္ေယာက္ကို
အေပၚယံနဲ႔ ဆုံးျဖတ္လို႔ မရဘူးပဲ ။

" သူက သူ႔ညီမနဲ႔ ခြဲေနတာလား..."

" မဟုတ္ပါဘူး ။ အတူတူေနတာ..."

" ဒါဆို ဟိုတစ္ေခါက္တိုက္ခန္းက
ဘာလို႔လဲ ။ နင္တို႔အတူ‌တူေနဖို႔ သက္သက္..."

သူမ စကားမဆုံးေသးခင္
Joohyun ရဲ႕ မ်က္ေစာင္းက ဒိုင္းခနဲ
ေရာက္လာတာမို႔ စကားနင္သြားသည္ ။
ဘာလဲဆိုၿပီးေမွးေငါ့ျပေတာ့
Joohyun က သူမကို ဆိုဖာေပၚက
ေခါင္းနဲ႔ ပစ္ေပါက္ၿပီး

" နင္ ငါနဲ႔ Jisoo ကို ေသာက္တလြဲ
ထင္ေနတာမွတ္လား Kim Jennie! "

" ဟမ္...Kim Jisoo က နင့္ရည္းစား
မဟုတ္ဘူးလား "

" ခ်ီးပဲ! Kim Jisoo ရဲ႕ သူငယ္ခ်င္း
Kang Seulgi က ငါ့ရည္းစားဟဲ့ ။ ဘယ္ႏွယ့္ ငါ့ကိုအလကားေနရင္း ရည္းစားရဲ႕
သူငယ္ခ်င္းနဲ႔ ေပးစားေနျပန္ၿပီ ! ။ အဲ့တာမို႔ စကားေတြက ထူးဆန္းေနတယ္
မွတ္တာ ။ နင္ကတကယ္ ခ်ီးထုပ္မပဲ! "

Joohyun က သူမကို
တကယ္ အိမ္ေပၚက ကန္ခ်ေတာ့မယ့္
ပုံစံ ။ တကယ္ပဲ Kim Jisoo က
Joohyun ရည္းစားမဟုတ္ဘူးေပါ့ ။

အခုအခ်ိန္ထိ သူမဘာေတြ
ေတြးၿပီး ဘာေတြေဒါသထြက္လာခဲ့တာ
ပါလိမ့္ ။

" ေတြး‌ခ်င္တာေတြးၿပီး ထင္ခ်င္တာ
ထင္တယ့္ အက်င့္ေလးကို ျပင္ပါအုံး
Kim Jennie ရယ္ ။ ငါ့သူငယ္ခ်င္းလို႔
ေျပာရမွာရွက္တယ္...အမေလး ေခါင္းေတာင္ ကိုက္လာၿပီ ။ သြား...သြား...သြား
နင္ျပန္ေတာ့ "

Joohyun က သူမကို အိမ္ထဲက
အတင္းဆြဲထုတ္ေနတာမို႔ Jennie
မ်က္ေစာင္းႀကီးႀကီးတစ္ခ်က္ထိုးရင္း
သူမတိုက္ခန္းသူမ ျပန္လာခဲ့လိုက္သည္ ။

Joohyun ေသြးတက္ရင္လည္း
တက္ခ်င္စရာပါ ။ ထင္ခ်င္တာထင္ၿပီး
Kim Jisoo ကို ျပသာနာ
သြားမရွာခဲ့မိတာပဲ ေတာ္ေသးတယ္
ေျပာရေတာ့မည္ ။

အိပ္ခန္းထဲက ကုတင္ေပၚ
ပစ္လွဲၿပီး ဖုန္းကို ယူကာ Next
Company အေၾကာင္းရွာၾကည့္လိုက္မိ
တယ္ ။ တျခားအေၾကာင္းအရာေတြ
ေတြးေပမယ့္ CEO နဲ႔ ပတ္သတ္တာ
တစ္ခုမွ မေတြ႕ ။ Kim Jisoo က
ေတာ္ေတာ္ေလး Privacy ကို
အေလးအနက္ထားတာပဲ ။

ဒီအသက္အ႐ြယ္နဲ႔ Company
တစ္ခု ေထာင္ႏိုင္တာ ေလးစားစရာ
ေကာင္းသည္ ။ ဒါကို သူမက
စိတ္ထင္ရာ ေလွ်ာက္ထင္ၿပီး အထင္
ေသးခဲ့မိတာပဲ ။

မျဖစ္ဘူး ။ စိတ္ထဲ ထင္ခ်င္တာထင္ၿပီး
ေတြးခ်င္တာ ေတြးတယ့္
အက်င့္ကို ျပင္ရေတာ့မည္....။

To be continued

ဒီPart အတြက္ အားေဆး Comments
လးေတြ လိုခ်င္လို႔ပါ 🖤🤕

Pokračovať v čítaní

You'll Also Like

222K 10.6K 49
"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလ...
3.9M 115K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
207K 14.7K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
422K 40.1K 32
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...