အပိုင်း ၁၇
"ဟာ"
ဘေးကနာရီနှိုးစက်သံကြောင့် နေခန့်နိုးလာလေသည်။
"ဒီအသံကလဲကွာ"
လက်တစ်ဖက်ကစားပွဲပေါ်ကနာရီကိုလှမ်းပိတ်လ်ုက်ပြီး ဘေးကိုကြည့်လိုက်တော့ သူ့ဘယ်ဘက်လက်မောင်းပေါ်မှာခေါင်းအုံးအိပ်ပျော်နေသောသူမကိုတွေ့ရလေသည်။
"ချစ်ဖို့ကောင်းလိုက်တာ"
နဖူးပေါ်ကျနေတဲ့ဆံပင်လေးကို နောက်သို့ပို့ပေးမယ်လုပ်လိုက်စဥ်
"ဟာ နဖူးပြင်ကဘာလို့ဒီလောက်တောင်ပူခြစ်နေ
ရတာလဲ"
နဖူးပြင်တွေ ပါးပြင်တွေ စမ်းကြည့်တာ အကုန်ပူခြစ်နေလေသည်။ သေချာတာကတော့ သူ့ကြောင့် ခြူးစစ်ဖျားသွားပါပြီ။
"ဒုက္ခပဲ "
မိန်းမကို လက်မောင်းခေါင်းအုံးကနေတစ်ဆင့် စီလီကွန် ခေါင်းအုံးဆီရွေ့ကာ ကုတင်ပေါ်ကနေကုန်းရုန်းထလာလေသည်။
ရေချိုးခန်းထဲ ဝင်ကာ ရေဇလုံထဲရေထည့်ပြီး အိပ်ရာဆီသယ်လာလေသည်။ ပြီးတာနဲ့ တဘက်သေးတစ်ထည်နဲ့ ရေပတ်တိုက်ပေးလေသည်။
ခေါင်းအုံးစွပ်အဖြူနဲ့အညီဖြူဖျော့နေတဲ့မျက်နှာလေးက သူဘယ်လောက်ထိကြမ်းထားတယ်ဆိုတာကို အသိပေးနေလေသည်။
"မဖြစ်သေးပါဘူး "
ချက်ချင်းဘဲထလိုက်ပြီး အဝတ်ဘီဒိုထဲကရှပ်အကျီတစ်ထည်နဲ့ဘောင်းဘီတစ်ထည်ကိုယူကာ ခြူးစစ်ကိုဝတ်ပေးလိုက်လေသည်။
%%%%%%%%%
"အား ခေါင်းမူးလိုက်တာ"
ခြူးစစ် အိပ်ရာကနေထမလို့ ကြံလိုက်ပေမယ့် ရိပ်ကနဲမူးလာတဲ့ခေါင်းကြောင့် ငြိမ်ငြိမ်လေးဘဲပြန်လှဲနေလိုက်သည်။
"မ နိုးပြီလား "
လင်ဗန်းကြီးသယ်ရင်းအနားရောက်လာသူကြောင့် ခြူးစစ် အံသြတကြီးကြည့်နေမိသည်။
"ထမလို့လား ကျတော်ထူပေးမယ်"
"အင်း"
နေခန့်အကူညီဖြင့် ခြူးစစ် ထကာ ကုတင်မှာဘဲ
ခေါင်းအုံးကိုမှီရင်း ထိုင်လိုက်လေသည်။
"ဆန်ပြုတ်စားလိုက်အုန်း မ ဆေးသောက်ရအောင်"
"ရပါတယ် ငါ့ဟာငါစားလို့ရပါတယ်"
ခွံကျွေးမလို့လုပ်နေတဲ့သူက သူ့စကားကြောင့် တန့်သွားလေသည်။
"ကျတော်ကျွေးပါ့မယ် မ,ပင်ပန်းမှာစိုးလို့"
"မင်းကြောင့် ဖျားတောင်နေပြီဘဲ ဒါလေးပင်ပန်းမှာကိုစိုးရိမ်နေသေးတယ်လား "
ခြူးစစ် သူ့လက်ထဲကဆန်ပြုတ်ပန်းကန်ကိုဆွဲယူရင်းပြောချလိုက်တော့ သူမစကားက သု့အတွက်ရယ်ရခက်ငိုရခက်ဖြစ်နေလေသည်။
"ကျတော်တောင်းပန်ပါတယ် မ,ကလဲ အဲ့လိုတော့မပြောပါနဲ့ ကျတော်က ညင်ညင်သာသာလေးဘဲလုပ်တာပါ "
"အဟွတ်.."
ခြူးစစ်တစ်ယောက် အပြောနဲ့တင်သီးနေလေပြီ။
"တော်ပြီ အဲ့ကိစ္စကို တော်လိုက်တော့ ညောင်းတယ် ခွံ့"
"ဗျာ"
ရုတ်တရက်အံသြသွားသဖြင့် ကိုယ့်နားကိုယ်တောင်မယုံနိုင်အောင်ဖြစ်ရလေသည်။
"ခွံ့ကျွေးလို့"
"အာ ဟုတ်ကဲ့"
ဆန်ပြုတ်ပန်းကန်ကို ပြန်ယူလိုက်ရင်း တဇွန်းချင်းခွံ့ကျွေးလေသည်။
"ဆေးသောက်လိုက်အုန်း မ"
လလက်ထဲကိုပါရစီတမောတစ်ပြားထည့်ပေးရင်း ရေခွက်ပါအဆင့်သင့်ပေးလိုက်လေသည်။
"ရော့ ရေခွက်"
"ပြန်အိပ်မလား မ"
"ဆိုဖာပေါ်ဘဲသွားအိပ်တော့မယ် မသန္တာရောက်ပြီလား"
ခြူးစစ်မိဘတွေက သမီးဖြစ်သူအဆင်ပြေအောင် အိမ်ကအကူတစ်ယောက်ကိုမနက်သွားညနေပြန်ပို့ထားလေသည်။
"ရောက်နေပြီ ဘာဖြစ်လို့လဲ "
"အိပ်ရာခင်းလဲခိုင်းလိုက် အသစ်နဲ့"
"ဟုတ် ကျတော်ပြောလိုက်မယွ်"
နေခန့် ဆန်ပြုတ်ပန်းကန်တွေပြန်သယ်ကာ အောက်ဆင်းသွားလေသည်။
%%%%%%%%
"ကျတော်အလုပ်ပြန်တက်မယ် မ"
"ဘာ "
နေခန့်စကားကြောင့် သူမသောက်လက်စကော်ဖီခွက်ကိုချပြီး သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်လေသည်။
နောက်နေတဲ့ပုံမပေါ်ဘဲ တကယ်အတည်ကြီးပြောနေတဲ့ပုံစံပင်။
"မလုပ်ပါနဲ့တော့ တော်ကြာ ဒီတစ်ခေါက်ခြေထောက်ပါကျိုးနေမယ် "
"မဖြစ်ပါဘူး မရဲ့ ကျတော်ရုံးဘဲထိုင်တော့မယ် အဖေ့ကိုလဲ ပြောပြီးပြီ မရဲ့PAလုပ်မယ်လို့ အဖေကခွင့်ပြုတယ်"
"နေစမ်းပါအုံး အဖေ့ကို ဘယ်ချိန်သွားပြောလိုက်တာလဲ ငါတောင်ဘာမှမသိလိုက်ရပါလား"
သူ့ကိုပြောရင်ခွင့်မပြုဘူးဆိုတာသိလို့ ခေါင်ကိုတက်ကိုင်ပစ်တာကိုခြူးစစ်ရိပ်မိလေသည်။ တကယ့်လူလည်ပါကော။
"မနေ့ကပြောလိုက်တာ မနေမကောင်းတာနဲ့ကျတော်မပြောဖြစ်တာ "
"စီမံရေးဋ္ဌာနမှာဘဲလုပ်လေ ငါကPAမလိုပါဘူး ဂျွန်ကိုရှိနေတာဘဲ"
"ကိုဂျွန်ကိုက ကုမ္ပဏီကိစ္စတွေလုပ်ပေးလိမ့်မယ်လေ ကျတော်က မရဲ့ကိစ္စအဝဝကိုတာဝန်ယူပေးမယ့် ကိုယ်ရံတော်လုပ်မှာ"
"အမလေး ကိုယ်ရံတော်တဲ့ ငါကသမ္မတကျနေတာဘဲ"
"အဖေကအဲ့လိုလုပ်လို့ပြောထားပြီးသား မလဲဘာမှဆက်ပြောမနေနဲ့တော့ နော် ဟုတ်ပြီလား "
"တကယ့်ဂျလည် မင်းနော် မင်း "
သူ့ကိုမျက်စောင်းထိုးနေတဲ့မိန်းမကို ကြည့်ရင်း နေခန့်ပြုံးနေမိလေသည်။
%%%%%%%%%
"ညက နေခန့်ဖုန်းဆက်တာလား "
ဒေါ်ခင်မမ ယောက်ျားဖြစ်သူအားကော်ဖီငှဲ့ပေးရင်း မေးလိုက်လေသည်။
"အင်း ဟုတ်တယ် "
"ဘာကိစ္စရှိလို့လဲ သမီးနဲ့တခုခုဖြစ်လို့လား "
"မဟုတ်ပါဘူးကွာ ကုမ္ပဏီမှာသူအလုပ်ပြန်ဝင်မယ်တဲ့ အဲ့တာအဖေခွင့်ပြုပေးပါတဲ့"
"ဟယ် ဘယ်လိုလုပ်ဖြစ်မလဲ ခိုက်မိထားတာမကြာသေးတဲ့ဟာကို ရှင်ကခွင့်ပြုပေးလိုက်ကောလား"
"အေးပေါ့ ခွင့်ပြုရတာပေါ့ သူက မင်းသမီးကိုစိတ်မချလို့တဲ့"
"အမလေး နေခန့်မင်းသစ်တို့ကတော့ပိုပြန်ပြီ"
သူ့ဟာသူမုန့်စားနေတဲ့ခန့်နောင်ကကြားဝင်နှာခေါင်းရှုံ့လိုက်လေသည်။
"သူတို့ကချစ်သာချစ်နေကြတာ အခုထိဘာသံမှကိုမကြားရဘူး"
"ခင့်စကားကဘာကြီးလဲ"
"အော် ကလေးမရသေးတာကိုပြောတာပါ အကိုရယ်"
"သူတို့ကနှစ်ယောက်သားတူတူတောင်မအိပ်တာဘယ်လိုကလေးရမလဲ"
"ဘာ"
ရုတ်တရက်ထွက်လာတဲ့စကားကြောင့် မိဘတွေရဲ့အကြည့်က ခန့်နောင်ဆီသို့သာ
"သားဘာပြောလိုက်တာလဲ"
"ဟို... ဘာမှမဟုတ်ပါဘူး "
"ပြောစမ်းပါ ခုနကစကားကဘာလဲ"
ခန့်နောင် မျက်စိပျက်မျက်နှာပျက်ကာ ခေါင်းလေးငုံ့ရင်း
"တကယ်ကြီးပြောရမှာလား"
"အော် ပြောပါဆိုနေမှဘဲ ဒီကောင်လေးကတော့"
" သူတို့က ဒုကူလနဲ့ သာလိကာလိုဘဲ မောင်နှမလိုဘဲနေနေကြတာလေ"
"အမလေး ငါ့သားရယ် ပါရိကာပါ မင်းလုပ်မှရသေ့ကနေ ငှက်ဖြစ်နေပြီ"
"လျှာခလုတ်တိုက်သွားလို့ပါ အမေရယ်"
"ထားပါ မောင်နှမလိုနေနေတယ်ဆိုတာဘာအဓိပ္ပါယ်လဲ"
နောက်ဆုံးတော့ ခန့်နောင် မိဘတွေကို အမလင်မယားအကြောင်းဖောက်သည်ချလိုက်လေသည်။
"အဲ့ဆို သူတို့ကအဲ့လိုဘဲနေနေကြတာလား"
"ဟုတ်ပါတယ်ဆို ဟိုတခါဆေးရုံတက်တုန်းက နေခန့်က ဘောင်းဘီချွတ်ဖို့အကူညီတောင်းတော့ ကျတော်က အမကိုကူခိုင်းလို့ပြောတာ အဲ့တာနဲ့ဆက်စပ်ပြီး ပြောပြတာ နေခန့်က"
"ဒုက္ခဘဲ "
သားဖြစ်သူရဲ့စကားကြောင့် ဦးမင်းထင် သက်ပြင်းသာချလိုက်မိသည်။
"ဘယ်လိုလုပ်ကြမလဲ အကို"
"မသိဘူးကွာ ငါလဲမပြောတတ်တော့ဘူး"
ဦးမင်းထင် စိတ်ပျက်လက်ပျက်နဲ့ထသွားလေသည်။
"မဖြစ်သေးပါဘူး ဒီတိုင်းကတော့ "
ဒေါ်ခင်မမ သမီးဖြစ်သူလင်မယားအဆင်ပြေအောင်နည်းလမ်းတွေစဥ်းစားနေလေသည်။
"ဟာ ဟုတ်ပြီ သား အမေပြောတာနားထောင်"
"ဟုတ် ပြောလေ"
ဒေါ်ခင်မမ သားဖြစ်သူနားနားသို့ကပ်ရင်း
"#**+-#@&&"
အမေရဲ့စကားကို ခန့်နောင်တအံတသြနားထောင်နေရလေသည်။
"အောင်မြင်ရင်သားလိုချင်တာအကုန်ပေးမယ်"
"တကယ်လား. အမေ တကယ်ပြောတာနော်"
"တကယ်"
"ရတယ် လုံးဝအောင်မြင်စေရမယ်"
%%%%%%%%%%
"မ အအေးသောက်မလား"
စားပွဲရှေ့မှာရုတ်တရက်လာရပ်ရင်းပြောလာတဲ့ယောက်ျားလုပ်သူစကားကြောင့် ခြူးစစ်
Keyboradရိုက်နေတာကိုရပ်တန့်လိုက်ရင်း မော်ကြည့်လိုက်လေသည်။
"မင်းကိုစာရင်းတွေစစ်ခိုင်းထားတာမဟုတ်ဘူးလား"
"ပြီးသွားပြီ အချုပ်ပါလုပ်ထားတယ်"
"ယူခဲ့ ငါစစ်ကြည့်မယ်"
နေခန့် ဧည့်ခုံမှာရှိတဲ့စာရင်းစာအုပ်ကြီးကိုယူလာကာ
သူမရှေ့ချပေးလိုက်လေသည်။
"ဒီနားကဘယ်လိုဲလဲ လာအုန်း စာရင်းက မှားနေတယ်"
နေခန့် မိန်းမဘေးနားသို့ကပ်လိုက်ရင်း
"ဘယ်နားလဲ မ"
"ဒီမှာလေ Augustလတွက်လချုပ်ကိုပြောနေတာ"
"အော် "
အော်လို့သာပြောနေပေမယ့် သူ့အကြည့်တွေကစာရင်းစာအုပ်ဆီမှာမရှိပေ။ မိန်းမကိုသာတစိမ့်စိမ့်ကြည့်နေလေသည်။
"အဲ့နေရာ.. !!!!"
ခြူးစစ် သူ့ဘက်သို့လှည့်လိုက်စဥ် အသင့်စောင့်နေတဲ့နေခန့်နှုတ်ခမ်းနဲ့သူမနှုတ်ခမ်းကထိကပ်သွားလေသည်။ကိုလူလည်က မေးစေ့ကိုကိုင်ရင်း အားရပါးရနမ်းလေတော့သည်။
"MD ဟို...."
"ဖယ်!!"
ရုတ်တရက်ဝင်လာမိတဲ့ဂျွန်ကိုကတော့ တံခါးဝမှာတင်ရပ်တန့်သွားရလေသည်။နှစ်ယောက်သားမှာလဲ သူ့ကြောင့်လန့်ကာ ခပ်ခွာခွာဖြစ်သွားလေသည်။
"တောင်းပန်ပါတယ်ဗျ ဆက်ကြပါဗျ"
တောင်းပန်စကားပြောကာ ပြုံးပြုံးကြီးနဲ့ တံခါးပြန်ပိတ်သွားတဲ့သူကြောင့် နေခန့်ပြုံးလိုက်ရင်း
"မ ဆက်ကြမယ်လေ"
"စောက်ကောင်လေး သွားတော့ "
ခြူးစစ် သူ့ကိုမျက်စောင်းထိုးရင်း စိတ်တိုတိုနဲ့ တွန်းလိုက်လေသည်။
"အိမ်ကြမှဆက်ကြမယ်နော် မ"
"နေခန့်မင်းသစ်! !"
ပြောင်စပ်စပ်နဲ့ မျက်စိတစ်ဖက်မှတ်ပြလိုက်သူကို
ခြူးစစ်အနားမှာရှိတဲ့ စာအုပ်ကြီးကိုင်ကာရွယ်လိုက်တော့
"See you in the bed"
နေခန့် အဲ့လိုပြောပြီး တချိုးထဲပြေးသွားလေသည်။
"ခွေးကောင်လေး"
Zawgyi
အပိုင္း ၁၇
"ဟာ"
ေဘးကနာရီႏွိုးစက္သံေၾကာင့္ ေနခန့္နိုးလာေလသည္။
"ဒီအသံကလဲကြာ"
လက္တစ္ဖက္ကစားပြဲေပၚကနာရီကိုလွမ္းပိတ္လ္ုက္ၿပီး ေဘးကိုၾကည့္လိုက္ေတာ့ သူ႕ဘယ္ဘက္လက္ေမာင္းေပၚမွာေခါင္းအုံးအိပ္ေပ်ာ္ေနေသာသူမကိုေတြ႕ရေလသည္။
"ခ်စ္ဖို႔ေကာင္းလိုက္တာ"
နဖူးေပၚက်ေနတဲ့ဆံပင္ေလးကို ေနာက္သို႔ပို႔ေပးမယ္လုပ္လိုက္စဥ္
"ဟာ နဖူးျပင္ကဘာလို႔ဒီေလာက္ေတာင္ပူျခစ္ေန
ရတာလဲ"
နဖူးျပင္ေတြ ပါးျပင္ေတြ စမ္းၾကည့္တာ အကုန္ပူျခစ္ေနေလသည္။ ေသခ်ာတာကေတာ့ သူ႕ေၾကာင့္ ျခဴးစစ္ဖ်ားသြားပါၿပီ။
"ဒုကၡပဲ "
မိန္းမကို လက္ေမာင္းေခါင္းအုံးကေနတစ္ဆင့္ စီလီကြန္ ေခါင္းအုံးဆီေ႐ြ႕ကာ ကုတင္ေပၚကေနကုန္း႐ုန္းထလာေလသည္။
ေရခ်ိဳးခန္းထဲ ဝင္ကာ ေရဇလုံထဲေရထည့္ၿပီး အိပ္ရာဆီသယ္လာေလသည္။ ၿပီးတာနဲ႕ တဘက္ေသးတစ္ထည္နဲ႕ ေရပတ္တိုက္ေပးေလသည္။
ေခါင္းအုံးစြပ္အျဖဴနဲ႕အညီျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာေလးက သူဘယ္ေလာက္ထိၾကမ္းထားတယ္ဆိုတာကို အသိေပးေနေလသည္။
"မျဖစ္ေသးပါဘူး "
ခ်က္ခ်င္းဘဲထလိုက္ၿပီး အဝတ္ဘီဒိုထဲကရွပ္အက်ီတစ္ထည္နဲ႕ေဘာင္းဘီတစ္ထည္ကိုယူကာ ျခဴးစစ္ကိုဝတ္ေပးလိုက္ေလသည္။
%%%%%%%%%
"အား ေခါင္းမူးလိုက္တာ"
ျခဴးစစ္ အိပ္ရာကေနထမလို႔ ႀကံလိုက္ေပမယ့္ ရိပ္ကနဲမူးလာတဲ့ေခါင္းေၾကာင့္ ၿငိမ္ၿငိမ္ေလးဘဲျပန္လွဲေနလိုက္သည္။
"မ နိုးၿပီလား "
လင္ဗန္းႀကီးသယ္ရင္းအနားေရာက္လာသူေၾကာင့္ ျခဴးစစ္ အံၾသတႀကီးၾကည့္ေနမိသည္။
"ထမလို႔လား က်ေတာ္ထူေပးမယ္"
"အင္း"
ေနခန့္အကူညီျဖင့္ ျခဴးစစ္ ထကာ ကုတင္မွာဘဲ
ေခါင္းအုံးကိုမွီရင္း ထိုင္လိုက္ေလသည္။
"ဆန္ျပဳတ္စားလိုက္အုန္း မ ေဆးေသာက္ရေအာင္"
"ရပါတယ္ ငါ့ဟာငါစားလို႔ရပါတယ္"
ခြံေကြၽးမလို႔လုပ္ေနတဲ့သူက သူ႕စကားေၾကာင့္ တန့္သြားေလသည္။
"က်ေတာ္ေကြၽးပါ့မယ္ မ,ပင္ပန္းမွာစိုးလို႔"
"မင္းေၾကာင့္ ဖ်ားေတာင္ေနၿပီဘဲ ဒါေလးပင္ပန္းမွာကိုစိုးရိမ္ေနေသးတယ္လား "
ျခဴးစစ္ သူ႕လက္ထဲကဆန္ျပဳတ္ပန္းကန္ကိုဆြဲယူရင္းေျပာခ်လိဳက္ေတာ့ သူမစကားက သု႔အတြက္ရယ္ရခက္ငိုရခက္ျဖစ္ေနေလသည္။
"က်ေတာ္ေတာင္းပန္ပါတယ္ မ,ကလဲ အဲ့လိုေတာ့မေျပာပါနဲ႕ က်ေတာ္က ညင္ညင္သာသာေလးဘဲလုပ္တာပါ "
"အဟြတ္.."
ျခဴးစစ္တစ္ေယာက္ အေျပာနဲ႕တင္သီးေနေလၿပီ။
"ေတာ္ၿပီ အဲ့ကိစၥကို ေတာ္လိုက္ေတာ့ ေညာင္းတယ္ ခြံ႕"
"ဗ်ာ"
႐ုတ္တရက္အံၾသသြားသျဖင့္ ကိုယ့္နားကိုယ္ေတာင္မယုံနိုင္ေအာင္ျဖစ္ရေလသည္။
"ခြံ႕ေကြၽးလို႔"
"အာ ဟုတ္ကဲ့"
ဆန္ျပဳတ္ပန္းကန္ကို ျပန္ယူလိုက္ရင္း တဇြန္းခ်င္းခြံ႕ေကြၽးေလသည္။
"ေဆးေသာက္လိုက္အုန္း မ"
လလက္ထဲကိုပါရစီတေမာတစ္ျပားထည့္ေပးရင္း ေရခြက္ပါအဆင့္သင့္ေပးလိုက္ေလသည္။
"ေရာ့ ေရခြက္"
"ျပန္အိပ္မလား မ"
"ဆိုဖာေပၚဘဲသြားအိပ္ေတာ့မယ္ မသႏၱာေရာက္ၿပီလား"
ျခဴးစစ္မိဘေတြက သမီးျဖစ္သူအဆင္ေျပေအာင္ အိမ္ကအကူတစ္ေယာက္ကိုမနက္သြားညေနျပန္ပို႔ထားေလသည္။
"ေရာက္ေနၿပီ ဘာျဖစ္လို႔လဲ "
"အိပ္ရာခင္းလဲခိုင္းလိုက္ အသစ္နဲ႕"
"ဟုတ္ က်ေတာ္ေျပာလိုက္မယြ္"
ေနခန့္ ဆန္ျပဳတ္ပန္းကန္ေတြျပန္သယ္ကာ ေအာက္ဆင္းသြားေလသည္။
%%%%%%%%
"က်ေတာ္အလုပ္ျပန္တက္မယ္ မ"
"ဘာ "
ေနခန့္စကားေၾကာင့္ သူမေသာက္လက္စေကာ္ဖီခြက္ကိုခ်ၿပီး သူ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္လိုက္ေလသည္။
ေနာက္ေနတဲ့ပုံမေပၚဘဲ တကယ္အတည္ႀကီးေျပာေနတဲ့ပုံစံပင္။
"မလုပ္ပါနဲ႕ေတာ့ ေတာ္ၾကာ ဒီတစ္ေခါက္ေျခေထာက္ပါက်ိဳးေနမယ္ "
"မျဖစ္ပါဘူး မရဲ႕ က်ေတာ္႐ုံးဘဲထိုင္ေတာ့မယ္ အေဖ့ကိုလဲ ေျပာၿပီးၿပီ မရဲ႕PAလုပ္မယ္လို႔ အေဖကခြင့္ျပဳတယ္"
"ေနစမ္းပါအုံး အေဖ့ကို ဘယ္ခ်ိန္သြားေျပာလိုက္တာလဲ ငါေတာင္ဘာမွမသိလိုက္ရပါလား"
သူ႕ကိုေျပာရင္ခြင့္မျပဳဘူးဆိုတာသိလို႔ ေခါင္ကိုတက္ကိုင္ပစ္တာကိုျခဴးစစ္ရိပ္မိေလသည္။ တကယ့္လူလည္ပါေကာ။
"မေန႕ကေျပာလိုက္တာ မေနမေကာင္းတာနဲ႕က်ေတာ္မေျပာျဖစ္တာ "
"စီမံေရး႒ာနမွာဘဲလုပ္ေလ ငါကPAမလိုပါဘူး ဂြၽန္ကိုရွိေနတာဘဲ"
"ကိုဂြၽန္ကိုက ကုမၸဏီကိစၥေတြလုပ္ေပးလိမ့္မယ္ေလ က်ေတာ္က မရဲ႕ကိစၥအဝဝကိုတာဝန္ယူေပးမယ့္ ကိုယ္ရံေတာ္လုပ္မွာ"
"အမေလး ကိုယ္ရံေတာ္တဲ့ ငါကသမၼတက်ေနတာဘဲ"
"အေဖကအဲ့လိုလုပ္လို႔ေျပာထားၿပီးသား မလဲဘာမွဆက္ေျပာမေနနဲ႕ေတာ့ ေနာ္ ဟုတ္ၿပီလား "
"တကယ့္ဂ်လည္ မင္းေနာ္ မင္း "
သူ႕ကိုမ်က္ေစာင္းထိုးေနတဲ့မိန္းမကို ၾကည့္ရင္း ေနခန့္ၿပဳံးေနမိေလသည္။
%%%%%%%%%
"ညက ေနခန့္ဖုန္းဆက္တာလား "
ေဒၚခင္မမ ေယာက္်ားျဖစ္သူအားေကာ္ဖီငွဲ႕ေပးရင္း ေမးလိုက္ေလသည္။
"အင္း ဟုတ္တယ္ "
"ဘာကိစၥရွိလို႔လဲ သမီးနဲ႕တခုခုျဖစ္လို႔လား "
"မဟုတ္ပါဘူးကြာ ကုမၸဏီမွာသူအလုပ္ျပန္ဝင္မယ္တဲ့ အဲ့တာအေဖခြင့္ျပဳေပးပါတဲ့"
"ဟယ္ ဘယ္လိုလုပ္ျဖစ္မလဲ ခိုက္မိထားတာမၾကာေသးတဲ့ဟာကို ရွင္ကခြင့္ျပဳေပးလိုက္ေကာလား"
"ေအးေပါ့ ခြင့္ျပဳရတာေပါ့ သူက မင္းသမီးကိုစိတ္မခ်လိဳ႕တဲ့"
"အမေလး ေနခန့္မင္းသစ္တို႔ကေတာ့ပိုျပန္ၿပီ"
သူ႕ဟာသူမုန့္စားေနတဲ့ခန့္ေနာင္ကၾကားဝင္ႏွာေခါင္းရႈံ႕လိုက္ေလသည္။
"သူတို႔ကခ်စ္သာခ်စ္ေနၾကတာ အခုထိဘာသံမွကိုမၾကားရဘူး"
"ခင့္စကားကဘာႀကီးလဲ"
"ေအာ္ ကေလးမရေသးတာကိုေျပာတာပါ အကိုရယ္"
"သူတို႔ကႏွစ္ေယာက္သားတူတူေတာင္မအိပ္တာဘယ္လိုကေလးရမလဲ"
"ဘာ"
႐ုတ္တရက္ထြက္လာတဲ့စကားေၾကာင့္ မိဘေတြရဲ႕အၾကည့္က ခန့္ေနာင္ဆီသို႔သာ
"သားဘာေျပာလိုက္တာလဲ"
"ဟို... ဘာမွမဟုတ္ပါဘူး "
"ေျပာစမ္းပါ ခုနကစကားကဘာလဲ"
ခန့္ေနာင္ မ်က္စိပ်က္မ်က္ႏွာပ်က္ကာ ေခါင္းေလးငုံ႕ရင္း
"တကယ္ႀကီးေျပာရမွာလား"
"ေအာ္ ေျပာပါဆိုေနမွဘဲ ဒီေကာင္ေလးကေတာ့"
" သူတို႔က ဒုကူလနဲ႕ သာလိကာလိုဘဲ ေမာင္ႏွမလိုဘဲေနေနၾကတာေလ"
"အမေလး ငါ့သားရယ္ ပါရိကာပါ မင္းလုပ္မွရေသ့ကေန ငွက္ျဖစ္ေနၿပီ"
"လွ်ာခလုတ္တိုက္သြားလို႔ပါ အေမရယ္"
"ထားပါ ေမာင္ႏွမလိုေနေနတယ္ဆိုတာဘာအဓိပၸါယ္လဲ"
ေနာက္ဆုံးေတာ့ ခန့္ေနာင္ မိဘေတြကို အမလင္မယားအေၾကာင္းေဖာက္သည္ခ်လိဳက္ေလသည္။
"အဲ့ဆို သူတို႔ကအဲ့လိုဘဲေနေနၾကတာလား"
"ဟုတ္ပါတယ္ဆို ဟိုတခါေဆး႐ုံတက္တုန္းက ေနခန့္က ေဘာင္းဘီခြၽတ္ဖို႔အကူညီေတာင္းေတာ့ က်ေတာ္က အမကိုကူခိုင္းလို႔ေျပာတာ အဲ့တာနဲ႕ဆက္စပ္ၿပီး ေျပာျပတာ ေနခန့္က"
"ဒုကၡဘဲ "
သားျဖစ္သူရဲ႕စကားေၾကာင့္ ဦးမင္းထင္ သက္ျပင္းသာခ်လိဳက္မိသည္။
"ဘယ္လိုလုပ္ၾကမလဲ အကို"
"မသိဘူးကြာ ငါလဲမေျပာတတ္ေတာ့ဘူး"
ဦးမင္းထင္ စိတ္ပ်က္လက္ပ်က္နဲ႕ထသြားေလသည္။
"မျဖစ္ေသးပါဘူး ဒီတိုင္းကေတာ့ "
ေဒၚခင္မမ သမီးျဖစ္သူလင္မယားအဆင္ေျပေအာင္နည္းလမ္းေတြစဥ္းစားေနေလသည္။
"ဟာ ဟုတ္ၿပီ သား အေမေျပာတာနားေထာင္"
"ဟုတ္ ေျပာေလ"
ေဒၚခင္မမ သားျဖစ္သူနားနားသို႔ကပ္ရင္း
"#**+-#@&&"
အေမရဲ႕စကားကို ခန့္ေနာင္တအံတၾသနားေထာင္ေနရေလသည္။
"ေအာင္ျမင္ရင္သားလိုခ်င္တာအကုန္ေပးမယ္"
"တကယ္လား. အေမ တကယ္ေျပာတာေနာ္"
"တကယ္"
"ရတယ္ လုံးဝေအာင္ျမင္ေစရမယ္"
%%%%%%%%%%
"မ အေအးေသာက္မလား"
စားပြဲေရွ႕မွာ႐ုတ္တရက္လာရပ္ရင္းေျပာလာတဲ့ေယာက္်ားလုပ္သူစကားေၾကာင့္ ျခဴးစစ္
Keyboradရိုက္ေနတာကိုရပ္တန့္လိုက္ရင္း ေမာ္ၾကည့္လိုက္ေလသည္။
"မင္းကိုစာရင္းေတြစစ္ခိုင္းထားတာမဟုတ္ဘူးလား"
"ၿပီးသြားၿပီ အခ်ဳပ္ပါလုပ္ထားတယ္"
"ယူခဲ့ ငါစစ္ၾကည့္မယ္"
ေနခန့္ ဧည့္ခုံမွာရွိတဲ့စာရင္းစာအုပ္ႀကီးကိုယူလာကာ
သူမေရွ႕ခ်ေပးလိုက္ေလသည္။
"ဒီနားကဘယ္လိုဲလဲ လာအုန္း စာရင္းက မွားေနတယ္"
ေနခန့္ မိန္းမေဘးနားသို႔ကပ္လိုက္ရင္း
"ဘယ္နားလဲ မ"
"ဒီမွာေလ Augustလတြက္လခ်ဳပ္ကိုေျပာေနတာ"
"ေအာ္ "
ေအာ္လို႔သာေျပာေနေပမယ့္ သူ႕အၾကည့္ေတြကစာရင္းစာအုပ္ဆီမွာမရွိေပ။ မိန္းမကိုသာတစိမ့္စိမ့္ၾကည့္ေနေလသည္။
"အဲ့ေနရာ.. !!!!"
ျခဴးစစ္ သူ႕ဘက္သို႔လွည့္လိုက္စဥ္ အသင့္ေစာင့္ေနတဲ့ေနခန့္ႏႈတ္ခမ္းနဲ႕သူမႏႈတ္ခမ္းကထိကပ္သြားေလသည္။ကိုလူလည္က ေမးေစ့ကိုကိုင္ရင္း အားရပါးရနမ္းေလေတာ့သည္။
"MD ဟို...."
"ဖယ္!!"
႐ုတ္တရက္ဝင္လာမိတဲ့ဂြၽန္ကိုကေတာ့ တံခါးဝမွာတင္ရပ္တန့္သြားရေလသည္။ႏွစ္ေယာက္သားမွာလဲ သူ႕ေၾကာင့္လန့္ကာ ခပ္ခြာခြာျဖစ္သြားေလသည္။
"ေတာင္းပန္ပါတယ္ဗ် ဆက္ၾကပါဗ်"
ေတာင္းပန္စကားေျပာကာ ၿပဳံးၿပဳံးႀကီးနဲ႕ တံခါးျပန္ပိတ္သြားတဲ့သူေၾကာင့္ ေနခန့္ၿပဳံးလိုက္ရင္း
"မ ဆက္ၾကမယ္ေလ"
"ေစာက္ေကာင္ေလး သြားေတာ့ "
ျခဴးစစ္ သူ႕ကိုမ်က္ေစာင္းထိုးရင္း စိတ္တိုတိုနဲ႕ တြန္းလိုက္ေလသည္။
"အိမ္ၾကမွဆက္ၾကမယ္ေနာ္ မ"
"ေနခန့္မင္းသစ္! !"
ေျပာင္စပ္စပ္နဲ႕ မ်က္စိတစ္ဖက္မွတ္ျပလိုက္သူကို
ျခဴးစစ္အနားမွာရွိတဲ့ စာအုပ္ႀကီးကိုင္ကာ႐ြယ္လိုက္ေတာ့
"See you in the bed"
ေနခန့္ အဲ့လိုေျပာၿပီး တခ်ိဳးထဲေျပးသြားေလသည္။
"ေခွးကောင်လေး"