စုန်းမ မင်းမျက်လုံးတွေဖွင့်ထာ...

By hayden_lawrence

3.5K 237 12

" မင်းသာငါ့ဘဝရဲ့အလင်းရောင်၊ ငါ့လိုချင်တပ်မက်မှုတွေရဲ့ မီးတောက်၊ ငါ့ဝိညာဉ်ရဲ့မကုန်ခမ်းနိုင်သော၊ ငါ့ပြစ်မှုတွေသ... More

Author's Note
Description
Chapter 1:The first day 01
Chapter 2: Day 1.02
Disclaimer
အသိပေးတောင်းပန်ခြင်း

Chapter 3: Day One < Part 1 >

98 12 0
By hayden_lawrence

ကားထဲပြန်ရောက်သောအခါ သူ့အနေနှင့်စကားတွေပြောပြီး Screen-timeရသင့်တာကို ဖုန်းသိုက်ချွမ်းသိသော်လည်း သူ့အနေနှင့် တကယ်ပင်အိပ်ငိုက်နေလေပြီ။
တစ်ညလုံးရိုက်ကူးရေးလုပ်ခဲ့ရာ တစ်ကိုယ်လုံးနာကျင်နေသည်၊ မြင်းပေါ်ကပြုတ်ကျသောအခန်းကိုရိုက်ခဲ့တုန်းက ပေါင်တွင်ဒဏ်ရာတောင်ရရင်ရသွားအုံးမည်၊ သူကိုယ်တစ်ခုလုံး အပိုင်းလိုက်ပိုင်းခံနေရသလိုပင်။

ငါ့ကိုစိတ်မဆိုးပါနဲ့ရှောင်ကျို့ရေ၊ အခုတော့အိပ်ပြီ၊ သွားတဲ့နေရာရောက်ရင်တော့ ကောင်းကောင်းမွန်မွန်လေးနေမှာပါ ဟုဖုန်းသိုက်ချွမ်းတွေးကာ အိပ်ပျော်သွားသည်။

သူနိုးလာသော်အခါ ကားကရပ်သွားလေ၏။

ဖုန်းသိုက်ချွမ်း သူ့ဖုန်းကိုပေးထားသောကြောင့် သူ့အနေနှင့် အချိန်အတိအကျမသိပေ။ ကောင်းကင်၏အရောင်ကို ကြည့်ခြင်းအားဖြင့် ညနေ၆နာရီရှိလောက်ပြီ။ သူတို့ကားစီးနေသည်မှာ ငါးနာရီကျော်လောက်ရှိကာ ရှန်းတုံကိုအခုရောက်လေပြီ။

ဖုန်းသိုက်ချွမ်းတံခါးဖွင့်သော်အခါ လေအေးကကားထဲ ချက်ချင်းဝင်လာသည်က တစ်နေ့ခင်းလုံးရှိနေသည့် ကားထဲကလေကို ဖြိုခွင်းသွားသည်။ လေနှင့်အတူပါလာသည်က ပင်လယ်ကဆားရနံ့။ ဖုန်းသိုက်ချွမ်းကားမှ စိတ်အားထက်သန်စွာ ထွက်လာပြီး လန်းဆန်းသောပင်လယ်လေညင်းကို ရှုရှိုက်လိုက်သည်။ မူးယစ်စရာ။

" ပင်လယ်! ဒါတကယ့်ပင်လယ်ပဲ! ငါညပင်လယ်ကိုမမြင်ရတာ ငယ်ငယ်ကတည်းကပဲ! အရမ်းလှတာပဲ! "
ဖုန်းသိုက်ချွမ်း အလိမ်တစ်ဝက်၊အမှန်တစ်ဝက်အော်လိုက်သည်၊ သူ့ရှေ့ကပင်လယ်မှာ နေ့ဘက်တုန်းကလို ငြိမ်မသက်နေပေ။ နက်မှောင်သောပင်လယ်ရေက ဖုန်းသိုက်ချွမ်း၏ခြေထောက်ကိုလာရိုက်ခက်ကာ အမြုံ့တွေထွက်နေသည်။

သူနောက်လှည့်ကြည့်သော် ကင်မရာကဆက်ရိုက်နေသည်ကိုမြင်လိုက်သည်၊ ကပြားစပ်လေးက ကင်မရာကိုသယ်ထားကာ ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် မှတ်တမ်းတင်နေသည်။

ဖုန်းသိုက်ချွမ်းက သရုပ်ဆောင်ရန် သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။

" ပင်လယ်ကြီးကိုမြင်လိုက်ရတော့ ငါတို့က လူသားတွေဆိုတာကို သတိရသွားစေတယ်! ကျယ်ပြန့်လှတဲ့ပင်လယ်ကြီးက အဆုံးတောင် မမြင်ရတဲ့ထိပဲ! အချိန်နဲ့နေရာဆိုတာ ကန့်သတ်ချက်မရှိဘူး! ဒီပင်လယ်ဆို တည်ရှိတာ ဘီလီယံများစွာချီပြီ! ငါတို့မမွေးဖွားခင်ကတည်းပဲ "

သူ့နားရှိ ချန်လူကြီးက ဆေးလိပ်မီးဖွှာကာ ဝင်ပြောသည်။
" ဘီလီယံ? ကမ္ဘာကြီးတောင်မှ ၄.၆ ဘီလီယံပဲရှိသေးတာ၊ လွန်ခဲ့တဲ့ ဘီလီယံများစွာက ဒီနေရာတည်ရှိမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ? ပြီးတော့ သဲသောင်ကြီးပဲရှိနေခဲ့မယ် မထင်ဘူး...မင်း ကမ္ဘာကြီးရဲ့မြေအောက်လွှာလှုပ်ရှားမှုရှိတယ်ဆိုတဲ့သီအိုရီကိုကြားဖူးလား? လောကကြီးမှာ အရှိတရား အပျက်တရားတွေရှိတယ်ဆိုတာရောသိလား? ဘယ်အရာကမှတည်မြဲမှုမရှိဘူး "

OTZ* လိုဟန်ဆောင်ဖို့ မအောင်မြင်ခဲ့ချေ။

သို့သော် ဖုန်းသိုက်ချွမ်းက သူ့နည်းသူ့ဟန်ဖြင့် screen time ကိုယူနိုင်ရာ အမှားကိုအမြန်ပြန်ပြင်နိုင်ပြဖိူ အောက်ကျနောက်ကျ နေနိုင်တဲ့သူက ဒီရက်ပိုင်းအောင်မြင်ကြတယ်လေ။ သူ့နည်းဗျူဟာကိုပြုပြင်လိုက်ကာ သူ့မျက်နှာ တစ်ခုလုံးကို ကင်မရာရှေ့ပေါ်အောင်နေလိုက်သည်၊ ကိုးရိုးကားရားတော့နိုင်သည်၊ သူ့အနေနှင့် ဒီဟာကနောက်ပိုင်းတွင် ဟာသခန်းများအဖြစ်ထည့်ရန် အဖြတ်ခံရခေါြ်သည်၊ သူ့ခေါင်းပေါ်ကနေ အမည်းရောင်လိုင်းများနဲ့ပေါ့။

" ငါတို့ပြီးရင် ဘယ်သွားကြမှာလဲ? သူများတွေရော? "

ဖုန်းသိုက်ချွမ်းက စကားလမ်းကြောင်းလွဲရန်ကြိုးစားလိုက်သည်။ ကပြားစပ်အကိုလေးက သူ့ကိုမော့ကြည့်လာ၏။

" ငါတို့ကိုရဟတ်ယာဉ်နဲ့လာခေါ်ပြီး ကန္တာရကျွန်းကိုတန်းသွားမှာ "

ကန္တာရကျွန်းကိုတောင်အသုံးပြုတယ်တဲ့လား ဟု ဖုန်းသိုက်ချွမ်းတွေးမိသည်၊ ဟော်လောင်ကုန်းက တကယ်ချမ်းသာတာပဲ၊ ကျွန်းတစ်ခုလုံးကိုတောင်သုံးနိုင်တယ်ဆိုတော့။ ရဟတ်ယာဉ်များက အသုံးမများသည်တော့ မဟုတ်။ ယခုနှစ်ခေတ်များတွင် reality show စျေးကွက်မှာ ပြိုင်ဆိုင်ခြင်းက ဖိအားပေးလာကြပြီဖြစ်သည်၊ သို့ဖြစ်ရာ ရဟတ်ယာဉ်သာမက လေထီးနှင့်တူသည့်ဂလိုက်ရသည့်မျိုးလည်း အသုံးပြုလာကြပြီ။ ထို့အပြင် ကျူးကျော်သူများထံမှ သရုပ်ဆောင်များအလုခံရသောအခန်းများလည်း ရှိုးများတွင်ပါလာကြသည်၊ ထို့ကြောင့် သူတို့နှင့်ယှဉ်လျှင် ကိုယ်တို့ပြသခဲ့သည်များက ဘာမှမဟုတ်ပေ။

ရဟတ်ယာဉ်က အမြန်ဆုံးရောက်လာလေသည်။ လေယာဉ်ကိုယ်မှာ အနက်ရောင်ဖြစ်ပြီး အလယ်မှ အနီရောင် Logoကြီးကတောက်ပနေ၏။ သူရဲကောင်းအသွင်ဖြင့် ပင်လယ်ပြင်ကြီးကို ဖြတ်သန်းလာသည့်မြင်ကွင်းက အလွန်ပင်မိုက်လှသည်။

ဖုန်းသိုက်ချွမ်းက ချက်ချင်းပင် Variety ရှိုးမုဒ်သွင်းကာ ကောင်းကင်ပေါ်မော့ကြည့်ပြီး ငတုံးတစ်ယောက်လို သရုပ်ဆောင်တော့သည်။

" Wow! အရမ်းကို ဆက်ဆီကျပြီး ချမ်းသာတဲ့vibeပဲ! ဒီလိုဝင်လာတဲ့မြင်ကွင်းက တကယ်ကို ကြီးစိုးလှတာဗျား...သေချာတယ် နောက်ပိုင်းကြရင် ဒီအပိုင်းကို speacial Effect တွေရလိမ့်မယ် "

သူကပြောရင်းနှင့် ကပြားညီလေးရဲ့ ပုခုံးကိုလှမ်းရိုက်လိုက်ရာ ကင်မရာကြီး တုန်လှုပ်သွားရှာသည်။ ထိုညီလေးက ဘာတစ်ခွန်းမှမပြောပဲ ကင်မရာကိုထိန်းရင်နှင့်ဖြင့် သူ့ကို တစ်ချက်ဝေ့ကြည့်ကာ ဘာမှမပြောပေ။

ဘာလို့အေးစက်တာလဲကွ ဖုန်းသိုက်ချွမ်းတွေးရင်းဖြင့် ဦးနှောက်ခြောက်လှ၏။

ပထမဆုံးတစ်ချက်ကြည့်ရုံဖြင့် သူ့ဘေးနားမှာ ချန်ဦးလေးက variety show တွေနှင့်ပတ်သက်လျှင် အတွေ့ကြုံမရှိကြောင်း သူပြောနိုင်သည်၊ ပြီးတော့ အမှန်အတိုင်းပြောရလျှင် သူသည်းမခံနိုင်တော့ချေ။ သူနဲ့ အတူတွဲလုပ်ဖို့ ငြင်းရုံသာမက သူ့ကို ' မင်းရူးသွားပြီးလား' ဆိုသည့်အကြည့် ဖြင့်သာ ခဏခဏကြည့်လာ၏။ ဖုန်းသိုက်ချွမ်းက နှလုံးသားထဲကနေ ညည်းညူသည်။

ဘာလို့ ငါ့ကိုအဲ့လိုကြည့်နေတာတုန်း? ကိုယ့်ကိုကိုယ် ဒရမ်မာမထည့်ဘူးလား? ဒရိုက်တာကထည့်ပေးမှာကိုပဲ စောင့်နေတာလား

သို့သော် ဖုန်းသိုက်ချွမ်း ဘာမှမပြောပေ။ သူ့အနေနှင့် မျိုးဆက်ဟောင်းတွေအတွက် ဆူးခနှောင့်ဖြစ်ခဲ့သည့် Artistတစ်ယောက်အနေဖြင့် တစ်ဖက်လူကိုစာနာ၍သာ။

ရဟတ်ယာဉ်က ပင်လယ်ပေါ်တွင် ရီသီနေသည်။

ကန့်သတ်မဲ့ပင်လယ်ကျယ်တွင် ရေလှိုင်းများတိုက်ခက်နေသော ကြီးမားသောကျောက်ဆောင်ရှိရာ အနက်ရောင် ရဟတ်ယာဉ်က ထိုပေါ်တွင်ပျံသန်းနေတာဖြစ်သည်။ လူသားတွေကပြုလုပ်ထားသော နောက်ဆုံးပေါ် နည်းပညာကို ပြသသည့် အေးစက်သော steelနှင့် သဘာဝအရ အရိုင်းဆန်လှသော ပင်လယ်ပြင်ကြီးနှင့် ယှဉ်ပါလျှင် လူသားသုံးဦးက အလွန်ပင်သေးငယ်လှ၏။

ဟော်လောင်ကုန်းက ထူးခြားသောရှုထောင့်များမှ ရိုက်ရကြိုက်သည်၊ အတိတ်မှာတုန်းကပင် ဒီလိုရိုက်ကွက်များကိုကြုံရသော် ရဟတ်ယဉ်နောက်က ကောင်းကင်ကင်မရာ က ရဟတ်ယာဉ်မှအောက်ကိုမြင်ရသည့်ရိုက်ကွက်ကို ရိုက်ရသည်ဖြစ်ရာ ဒရမ်မာဆန်ဆန် သူမတူ၍ ခြားနားအောင် ရိုက်လေသည်။ ဖုန်းသိုက်ချွမ်းက ရဟတ်ယာဉ်အမြီးကို မျက်မှောင်ကြုံ့ကြည့်လိုက်ရာ ကင်မရာတစ်လုံးမှမတွေ့ပေ။

ဒီတစ်ခေါက် producer ကဘယ်သူလဲမသိဘူး? ဟော်လောင်ကုန်းရဲ့ ဒရိုက်တာက ရုပ်ရှင်ရိုက်ကူးရေးပညာရှင်မဟုတ်ဘူးလား? ဘာလို့လုပ်နေကြတိုင်း မလုပ်ကြတာလဲ? ဖုန်းသိုက်ချွမ်း တိတ်ဆိတ်စွာ မေးခွန်းထုတ်မိ၏။

ရဟတ်ယာဉ်က ကမ်းကပ်မည့်ပုံနှင့် ဆင်းသက်လာသော်လည်း မြေပြင်မှ ၁၀မီတာတွင်ရပ်သွား၏။ ရဟတ်ယဉ်မှလာသော လေကမြေပြင်ကနေတောင်ခံစားမိနိုင်သည်။ အဲ့ချိန်မှာတင် ကြိုးလှေကားက လုံခြုံရေးကြိုးနှင့်တကွ အပေါ်ကနေပြုတ်ကျလာသည်။

ချန်ဦိးလေးက reality ရှိုးတွေမကြည့်ဖူးတာသေချာသည်၊ သူကချက်ချင်းပင် တုန်လှုပ်သွားကာ ဖုန်းသိုက်ချွမ်းနောက် ပြေးဝင်ပုန်းလေ၏။ သို့သော် သူတွေးကြည့်လျှင် သူ့အသက်အရွယ်ကြီးနှင့် ရဟတ်ယာဉ်ပေါ်တက်ဖို့က ခက်ခဲနိုင်သည်၊ ဖုန်းသိုက်ချွမ်းကပြောလိုက်၏။

" မစ္စတာချန်း...ခင်ဗျားအရင်သွားလိုက်ပါလား...အဆင်ပြေမှာပါ လုံခြုံရေးကြိုးတောင်ရှိသေးတာပဲ "

ဖုန်းသိုက်ချွမ်းကလက်ခါပြကာ နောက်သို့ခြေလှမ်းပြီး သူတို့လာတုန်းက ကားကိုလိုက်ရှာရင်း ပြန်ပြောလာသည်။

" မဖြစ်နိုင်ဘူး...ငါဒါမလုပ်နိုင်တော့ဘူး..မလုပ်နိုင်ဘူး...ငါထွက်လို့ရလား? မကစားချင်တော့ဘူး..ဒီ-ဒီအသက်အရွယ်ကျမှ မလုပ်ချင်တော့ဘူး "

ကပြားညီလေးက ဘာတစ်ခွန်းမှဝင်မပြောပဲ ကင်မရာကို သူ့ပုခုံးပေါ်သို့ လက်တစ်ဖက်ဖြင့် ရွေ့လိုက်သည်။ ထို့နောက် သေနတ်ကို အိတ်ကပ်မှ လက်နောက်တစ်ဖက်ဖြင့် ဦိးလေးချန်ကို ချိန်လိုက်သည်။

ဟေး ဖုန်းသိုက်ချွမ်းကိုယ့်ကိုကိုယ်တွေးလိုက်သည်။ လူအိုကြီးနဲ့ပတ်သက်ပြီး ငါမှားခဲ့တာပဲ၊ သူတစ်ကယ်ကို သရုပ်ဆောင်နိုင်တာဟ! ဘာလို့ငါလည်း screen time ရဖို့ ဒီလိုနည်းကိုမတွေးမိတာလဲ? ပရိသတ်တွေ အရမ်းကြိုက်ကြမှာ!

ချန်ဦးလေးက တကယ်ကို သရုပ်ဆောင်ဟောင်းသာဆိုတယ် သူ့သရုပ်ဆောင်စကေး ကောင်းနေတုန်းပဲ၊ သူ့မျက်နှာက ဖြူစုပ်နေတာ၊ တကယ်ကို သရုပ်ဆောင်ကောင်းတာ။

" မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်သွားမယ် "

လုံခြုံရေးကြိုးကိုခါးတွင်သေချာချည်ရင်းကို တုန်နေမိသည်၊ ထို့နောက် တစ်ဖြည်းဖြည်း တစ်ထစ်ချင်းတက်သွားကာ ရဟတ်ယာဉ်ပေါ်တက်လိုက်သည်။ ဒီတက်နေတဲ့အချိန်အတွင်း ပင်လယ်အောက်ကိုခဏခဏ ငုံ့ကြည့်မိသည်။ ငုံ့ကြည့်မိသောတစ်ခါတိုင်း မျက်စိမှိတ်ကာ လှေကားပေါ်မှာတင် တုန်နေတာက ခြေသလုံးတွေတောင် ကတုန်ကယင်ဖြစ်စေသည်။

ဖုန်းသိုက်ချွမ်းအနေနဲ့ ဒီလို screen timeကိုလုယူရတာကိုမုန်းသည်။ သူအဘိုးကြီး၏ သရုပ်ဆောင်မှုကိုကြည့်ရင်း ရေတွက်မိသည်။ ဒီလူကြီး လှေကားပေါ်တက်ဖို့အရေး အနည်းဆုံးတော့ နာရီဝက်ကြာသည်။ တံခါးဝနားရောက်တာတောင်မှ လက်ချော်ပြီးပြုတ်ကျမလိုဖြစ်သွားသေးသည်။ တော်သေးတာက သူ့ခါးကို လုံခြုံရေးကြိုးချည်ထားလို့သာ၊ ယာဉ်ပေါ်မှ လူများကချက်ချင်းပင် သူ့ကို ဝိုင်းဆွဲကြသည်။

ဒီဖြစ်ပျက်နေတာက ၁၀မိနစ်စာလောက်ရှိသည်၊ သို့သော် နောက်ဆုံးခန်းက သဲထိတ်ရင်ဖိုမဟုတ်ပေ...ရဟတ်ယာဉ်တောင်တုန်လှုပ်သွားသည်လေ..ဖြစ်နိုင်တာက အဲ့အခန်းက သုံးခါလောက်တောင် လွှင့်နိုင်သည်..Trailerမှာတင် မေးခွန်းထုတ်စရာဖြစ်လာနိုင်သည်မဟုတ်လား

>>>>>>>>>>>>><<<<<<<<<<
အကြာကြီးနေမှ ပြန်လာရတော့ရှက်မိပါတယ် ><
သင်္ကြန်ရော burn out ကာလရောဆက်မိလို့ပါ အဟင့်
မေတ္တာရပ်ခံတာပါ၊ တစ်ပိုင်းကို ၂ခါခွဲတင်မယ်နော်၊ဖြစ်နိုင်ရင် တစ်ခါတည်းရေးပေးချင်ပေးမယ့် တစ်ပိုင်းတစ်ပိုင်း ရှည်တာကိုကြည့်ရင်း ရေးဖို့ မိုတီပျောက်လို့ပါ။ နှစ်ခါခွဲတင်ခဲ့ရင် တစ်ပတ်အတွင်းနှစ်ပိုင်းလုံးတင်ပါ့မယ်။ မဟုတ်ရင် တော်ရုံဒီဟာက ၁၀ပိုင်းမကျော်လောက်ဘူး T^T

#hayden_lawrence

Continue Reading

You'll Also Like

45.8K 1.2K 6
فَتاه قوية و لكِن القدر أقوى مِنها غدرت مِن اقرب الناس ، تعذبت و ضلمت مِن اشباه الرِجال كانت تحب لكن طعنت فدخل رجال آخر رغما عِنها هل ستقع في الحُب...
440K 88.3K 123
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...
147K 30.6K 98
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...
544K 22.1K 92
Join the ride full of possessiveness, love,hate,pain,happiness,joy,rudeness.