[ BL ] ကျေးလက်သို့ အပြန်

Door pthreez

99.8K 13.3K 326

Back To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归... Meer

အသိပေးခြင်း
အပိုင်း - ( ၁ ) ကျေးလက်သို့ အပြန်
အပိုင်း - ( ၂ ) တွေ့ဆုံခြင်း
အပိုင်း - ( ၃ ) နွား၀ယ်ခြင်း
အပိုင်း - ( ၄ ) ဟယ်လင်း
အပိုင်း - ( ၅ ) နားလည်သွားခြင်း
အပိုင်း - ( ၆ ) ချဥ်းကပ်ခြင်း
အပိုင်း - ( ၇ ) ကံကြမ္မာ
အပိုင်း - ( ၈ ) ကောလဟလ
အပိုင်း - ( ၉ ) ဆေးကုပေးခြင်း
အပိုင်း - ( ၁၀ ) သနားကြင်နာခြင်း
အပိုင်း - ( ၁၁ ) ဖွင့်ဟ၀န်ခံခြင်း
အပိုင်း - ( ၁၂ ) အောင်သွယ်ပေးခြင်း
အပိုင်း - ( ၁၃ ) ဖိတ်ခေါ်ခြင်း
အပိုင်း - ( ၁၄ ) သဘောတူခြင်း
အပိုင်း - ( ၁၅ ) နှလုံးသား စေညွှန်ရာ
အပိုင်း - ( ၁၆ ) အကြံအစည်
အပိုင်း - ( ၁၇ ) ကြံစည်ခြင်း
အပိုင်း - ( ၁၈ ) ကျရှုံးခြင်း
အပိုင်း - ( ၁၉ ) မင်္ဂလာပွဲ
အပိုင်း - ( ၂၀ ) အနမ်း
အပိုင်း - ( ၂၁ ) အတူနေထိုင်ခြင်း
အပိုင်း - ( ၂၂ ) ထူးဆန်းသော ရောဂါ
အပိုင်း - ( ၂၃ ) ဧည့်သည်များ ရောက်လာခြင်း
အပိုင်း - ( ၂၄ ) မရပ်မနား အနှောင့်အယှက်ပေးခြင်း
အပိုင်း - ( ၂၅ ) မိသားစုပိုင်ပစ္စည်း
အပိုင်း - ( ၂၆ ) မြို့တက်ခြင်း
အပိုင်း - ( ၂၇ ) ဆေးခန်း
အပိုင်း - ( ၂၈ ) မောင်နှမနှစ်ယောက်
အပိုင်း - ( ၃၀ ) လူသေခြင်း
အပိုင်း - ( ၃၁ ) ပြန်သက်သာလာခြင်
အပိုင်း - ( ၃၂ ) ရွှီဟွာ
အပိုင်း - ( ၃၃ ) ပိုက်ဆံချေးမလို့ပါ
အပိုင်း - ( ၃၄ ) ရောဂါကို စမ်းသပ်ကုသပေးခြင်း
အပိုင်း - ( ၃၅ ) အမှတ်မထင် တွေ့ဆုံခြင်း
အပိုင်း - ( ၃၆ ) ဧည့်သည်
အပိုင်း - ( ၃၇ ) နှလုံးခုန်သံ
အပိုင်း - ( ၃၈ ) 有喜
အပိုင်း - ( ၃၉ ) ကိုယ်၀န်ဆိပ်တက်ခြင်း
အပိုင်း - ( ၄၀ ) ကျူးကျော်၀င်ရောက်ခြင်း
အပိုင်း - ( ၄၁ ) သင်ခန်းစာ
အပိုင်း - ( ၄၂ ) အလျော်အစား
အပိုင်း - ( ၄၃ ) ဖြေရှင်းခြင်း
Paid group မရှိပါဘူး ☺️
အပိုင်း - ( ၄၄ ) ကြံစည်နေကြခြင်း
အပိုင်း - ( ၄၅ ) ဆွေမျိုးများ / ချစ်ရသူ
အပိုင်း - ( ၄၆ ) ချစ်ခြင်းမေတ္တာ
အပိုင်း - ( ၄၇ ) သိသွားပြိီ
အပိုင်း - ( ၄၈ ) ကျန်းမိသားစုအိမ်
အပိုင်း - ( ၄၉ ) ပြဿနာ
အပိုင်း - ( ၅၀ ) သိမ်မွေ့နူးညံ့သော
အပိုင်း - ( ၅၁ ) ရှင်းရှင်းလင်းလင်း သိသွားပြီ
အပိုင်း - ( ၅၂ ) စကား၀ိုင်း

အပိုင်း - ( ၂၉ ) တွေ့ကြပြန်ပြီ

1.8K 290 11
Door pthreez

ကျန်းယွဲ့ဖုန်းက မြို့ထဲရှိ 'လ၀န်းပွဲတော်(ယန်ယွဲ့လော့)´အမည်ရှိ စားသောက်ဆိုင်သို့ ခေါ်သွားပေးသည်။ မင်္ဂလာပွဲတုန်းက ချိီယွဲ့ ငှားခဲ့သောစာဖိုးမှုးက ထိုဆိုင်မှဖြစ်ပြီး ဤမြို့လေးတွင်တော့ လက်ရာအကောင်းဆုံးဟု ဆိုလို့ရပေသည်။

သူတို့၀င်သွားလိုက်သည့်အခါတွင် စားပွဲထိုးခေါင်းဆောင်က ကိုယ်တိုင်ရောက်လာကာ ကြိုဆိုပြီး ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးမှနေရာသို့ ခေါ်သွားပေးသည်။

ကျန်းယွဲ့ဖုန်း သုံးဆောင်ချင်တာမျိုးရှိလား မေးကြည့်သည့်အခါတွင် အားလုံးအဆင်ပြေသည်ကို သိလိုက်ရပြီးနောက် နာမည်ကြီးဟင်းပွဲအချို့ကိုသာ မှာပေးလိုက်သည်။ " ဒီဆိုင်ကလည်း ကျန်းမိသားစုပိုင်တာပဲ ၊ ဒါကြောင့်မို့ နောင် ဒီမှာလာစားဖြစ်ရင် ကျွန်တော့်နာမည်ကိုသာ ပြောလိုက်ပါ ၊ ကျွန်တော် ဒကာခံပါ့မယ် "

ချီယွဲ့ ခပ်ဖွဖွ ပြန်ပြုံးပြလိုက်သည်။ " ဒါဆိုလည်း ကျန်းသခင်လေးရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ်ဗျာ ! "

" ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ " တစ်ဖက်လူက ပွင့်လင်းသူဖြစ်သည်ကို ကျန်းယွဲ့ဖုန်း သဘောပေါက်လိုက်သည်။ အခြားသူများလို အဓိပ္ပာယ်မရှိ သူတော်ကောင်းယောင်ဆောင်နေခြင်းလည်း မရှိပေ ။

ယခုလိုစာသောက်ဆိုင်ကြီး၌ ပထမဆုံးစားဖူးခြင်းဖြစ်၍ ဟယ်လင်းမှာ စိုးရိမ်နေမိသည်။ ချီယွဲ့က စားပွဲအောက်မှနေ ပေါင်ကိုလာပုတ်ပေးနေသဖြင့် ဟယ်လင်း လှည့်ကြည့်လိုက်သည့်အခါတွင် စိတ်အေးအေးထားဟူသည့်အကြည့်များနှင့် ဆုံလိုက်ရ၍ စိုးရိမ်စိတ်များ လျော့သွားတော့သည်။ သို့ဖြစ်၍ ဟယ်လင်း ပြန်ပြုံးပြလိုက်ပြီး သူ အဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။

ကျန်းယွဲ့ယန် လက်ထောက်၍မေးတင်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသောသူနှစ်ယောက်ကိုကြည့်နေရင်း စိတ်ထဲမှကြိတ်၍ သက်ပြင်းချလိုက်မိသည်။ အရှေ့ကမြင်ကွင်းက တကယ် မျက်စိပသာဒဖြစ်စရာပဲ ! ချီယွဲ့ကလက်ထပ်ပြီးသားလူ ဖြစ်နေသဖြင့် အနည်းငယ် နှမြောမိသော်လည်း ယူထားတဲ့ယောက်ျား(ဟယ်လင်း)က သည်လိုအချောအလှလေးသာဆိုလို့ကတော့ သူမလည်း ပျော်ပျော်ကြီးကောက်ယူပစ်မိလောက်သည်။

" မေးကြည့်ပါရစေ ၊ မင်းတို့နှစ်ယောက်က ဒီမြို့ကလူတွေ မဟုတ်ဘူးလား " ဤမြို့အကြောင်းကို ကျန်းယွဲ့ဖုန်း ကောင်းကောင်းသိသည်။ သူတို့နှစ်ယောက်သာ ဒီမှာနေတာ သေချာပါက သူ မတွေ့ဖူးစရာအကြောင်း မရှိပေ ။

" ကျွန်တော်ကတော့ ဟုတ်ပါတယ် အားလင်းကတော့ မဟုတ်ပါဘူး " ချီယွဲ့ ဟယ်လင်းကိုကြည့်နေရာမှ လှည့်၍ပြန်ဖြေပေးလိုက်သည်။ " ကျွန်တော်တို့က အခု ကုရွှေ့ရွာမှာ နေကြတာပါ "

" ကုရွှေ့ရွာ ? " သူတို့နှစ်ယောက်က ရွာမှာနေကြတာလား ။ ကျန်းယွဲ့ဖုန်း အံ့သြသွားမိသည်။ " အဲ့နေရာက နည်းနည်းချောင်ကျသလားလို့ "

ဟယ်လင်းက ရွာမှကောတစ်ယောက်ဖြစ်နေမည်ဟု ကျန်းယွဲ့ယန်လည်း မထင်ထားမိပါ ။ လုံး၀ အဲ့လိုပုံပေါက်မနေဘဲ လူချမ်းသာမိသားစုက ကောလေးတစ်ယောက်ဟုသာ ထင်ထားခဲ့တာဖြစ်သည်။

" မြို့နဲ့အလှမ်းဝေးတာတော့ ဟုတ်ပါတယ် " မြင်းလှည်းမရှိပါက မြို့နှင့်ရွာကို အသွားအပြန်လုပ်ဖို့က အဆင်မပြေချေ ။

ဟင်းပွဲများလာချချိန်တွင် သူတို့မှာ စကားစမြည် အတော်ကြာအောင် ပြောပြီးကြပြီဖြစ်သဖြင့် မောင်နှမနှစ်ယောက်၏ စရိုက်သဘာ၀များကို ချီယွဲ့ အနည်းငယ်တော့သိနေပြီဖြစ်သည်။ လူချမ်းသာမိသားစုမှ လာကြသူများဖြစ်၍ အထက်စီးဆန်မှုများရှိနေသော်လည်း ရံဖန်ရံခါသာဖြစ်ပြီး စိတ်၀င်စားဖို့တော့ကောင်းပေသည်။ ကျန်းယွဲ့ဖုန်းက ဟယ်လင်းကို သဘောကျတာကလည်း အလှလေးတစ်ယောက် ဖြစ်နေ၍သာဖြစ်ပြီး အခြားသောရည်ရွယ်ချက်မပါသဖြင့် ချီယွဲ့ ခွင့်လွှတ်ပေးလိုက်သည်။

ကျန်းယွဲ့ယန်က သူ့အပေါ်ထားနေသည့် သဘောထားသည်ကား ... ချီယွဲ့မှာ ရယ်ရအခက် ငိုရအခက် ဖြစ်လို့နေသည်။ ယခုလောလောဆယ်တွင် ထိုမိန်းကလေးက သူ့ခင်ပွန်းလေးကို ပို၍စိတ်၀င်စားနေသည့်ပုံပင် !

ချီယွဲ့ ကြည်လင်နေသော ပုစွန်ဖက်ထုပ်တစ်လုံးကိုယူ၍  ဟယ်လင်း၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ " ကိုယ်တို့လက်ထပ်တဲ့နေ့တုန်းက မင်း နေမကောင်းလို့ ဒီဆိုင်ကစာဖိုမှုးရဲ့လက်ရာတွေကို မမြည်းကြည့်လိုက်ရဘူးမလား ၊ ဒီနေ့တော့ သေချာစားကြည့်ကြည့်လိုက် "

ပုစွန်ဖက်ထုပ်မှာ နူးညံ့လွန်းပြီး တစ်လုပ်စာသာရှိသည်။ အပြင်မှဖက်ထုပ်ခွံကို ကိုက်မိလိုက်သည်နှင့် အထဲမှအစာသွပ်ထားသည့်အရာများ၏ မွှေးပျံ့သောအနံ့က ထွက်လာလေသည်။ ဟယ်လင်း ဖြည်းဖြည်းချင်း ၀ါးစားကာ မျိုချလိုက်ပြီးနောက်တွင် " အရသာရှိတယ် " ဟုဆိုလိုက်မိသည်။

" မင်းကြိုက်ရင် ကောင်းတာပေါ့ " ချီယွဲ့က နောက်တစ်ခု ထပ်ထည့်ပေးပြန်သည်။ စားလို့ကောင်းမည့်အရာများကိုလည်း တစ်ခုပြီးတစ်ခု မပြတ်ရအောင် ထပ်ထည့်ပေးနေလေ၏။

ကျန်းမောင်နှမနှစ်ဦးမှာ ပိုလျှံနေသော ခွေးစာများကြောင့် ထိုနှစ်ယောက်အား နှောင့်ယှက်မိမည်စိုး၍ ခေါင်းမဖော်ဘဲ အစားပဲငုံ့စားနေလိုက်ကြတော့သည်။

ဟယ်လင်းက အတွင်းဘက်မှာထိုင်နေတာဖြစ်၍ ပြတင်းပေါက်၏ဘေးတွင်ဖြစ်ပြီး ခေါင်းလှည့်လိုက်သည်နှင့် အောက်မှလမ်းကိုမြင်နေရလေသည်။ ရင်းနှီးနေသောသူနှစ်ယောက်ကို တွေ့လိုက်ရ၍ " ရှန့်ကုံး " ဟုခေါ်လိုက်မိသည်။

" ဘာလို့လဲ " ဟင်းခပ်ထည့်ပေးခြင်းဖြင့် အလုပ်များနေခဲ့သော ချီယွဲ့လည်း ခေါင်းမော့ကာ ဟယ်လင်းညွှန်ပြနေသော ပြတင်းပေါက်အပြင်သို့ အနည်းငယ်တိုး၍ ကြည့်လိုက်သည်။

" မင်းတို့အသိလား " သူတို့နှစ်ယောက်က အောက်သို့ငုံ့ကြည့်နေကြသည်ကို တွေ့သည့်အခါ ကျန်းယွဲ့ဖုန်းလည်း လိုက်ကြည့်လိုက်မိသည်။ သို့သော်လည်း လမ်းသွားလမ်းလာများကိုသာ တွေ့လိုက်ရပြီး ဘယ်သူ့ကိုညွှန်ပြနေသည်ကိုမူ မသိပေ ။ " ရင်းနှီးတယ်ဆိုရင် လာထိုင်ဖို့ ဖိတ်လိုက်ပါလား "

ချီယွဲ့၏ အပေါ်နှုတ်ခမ်းများက ပင့်တက်သွားပြီး အေးစက်သောအပြုံးတစ်ခုက်ို ဖန်တီးလိုက်လေသည်။ " သူတို့ကို ဖိတ်ဖို့မလိုပါဘူးဗျာ "

ထိုသို့ပြောပုံအရ မိတ်ဆွေကောင်းများ ဖြစ်ပုံမရသဖြင့် ကျန်းယွဲ့ဖုန်းလည်း ထပ်မပြောမိတော့ပါ ။

" အဒေါ်ချန် ကျွန်တော့်ကို မြင်သွားပြီ " ပြတင်းပေါက်အပြင်ကို ကြည့်နေရင်း ဟယ်လင်း အဒေါ်ချန်နှင့် အကြည့်ချင်းဆုံသွားလေသည် ။ ထို့နောက် အဒေါ်ချန်က ဟယ်ကျန့်ကိုဆွဲခေါ်ပြီး သူတို့ရှိရာကို လက်ညှိုးထိုးပြပြီး တစ်ခုခုပြောနေပုံရသည်။

ထိုနှစ်ယောက်က သည်ဘက်သို့ဦးတည်လာနေသဖြင့် ချီယွဲ့ ဟယ်ကျန့်ကိုညွှန်ပြပြီး ကျန်းယွဲ့ဖုန်းကို ပြောလိုက်သည်။ " ကျန်းသခင်လေး အဲ့တစ်ယောက်က ထူးဆန်းတဲ့ရောဂါ ဖြစ်နေတာပါ ၊ သူ့ကိုအ၀င်ခံလိုက်ရင် စားသောက်ဆိုင်ထဲကလူတွေ ကူးစက်ခံရကုန်ပါလိမ့်မယ် "

ချီယွဲ့ ညွှန်ပြသည့်နေရာကို ကျန်းယွဲ့ဖုန်း လှမ်းကြည့်လိုက်သည် ။ အဟုတ်ကိုပင် မျက်နှာရောခေါင်းကိုပါ ဖုံးထားသဖြင့် ထူးဆန်းနေသည်။ ချီယွဲ့က ထိုနှစ်ယောက်ကို မတွေ့ချင်ခြင်းကြောင့်လည်း ဖြစ်သည်ကို သိသဖြင့် ကျန်းယွဲ့ဖုန်းလည်း အလိုက်သင့်ပူးပေါင်းပေးလိုက်သည်။ စားပွဲထိုးခေါင်းဆောင်ကို လှမ်းခေါ်လိုက်ပြီး ဆိုင်အောက်ကလူနှစ်ယောက်ကို ညွှန်ပြကာ " အဲ့တစ်ယောက်က ရောဂါဖြစ်နေတာတဲ့ ဆိုင်ထဲကိုဘအ၀င်မခံနဲ့ ! " ဟုခိုင်းလိုက်သည်။

ပိုင်ရှင်ဖြစ်သည့် သခင်လေး၏စကားများကို စားပွဲထိုးခေါင်းဆောင်က နာခံပြီး လူအချို့ကိုခေါ်ကာ ဆိုင်အောက်ထပ်သို့ ဆင်းသွားလေ၏။

" အဲ့ဒီ့နှစ်ယောက်က ... " ၀တ်စားထားပုံအရတော့ ထိုနှစ်ယောက်ကလည်း ရွာဘက်မှလာသူများ ဖြစ်သည့်ပုံပင် ။

ချီယွဲ့ ဟယ်လင်းအား ဆက်စားလေဟု အချက်ပြလိုက်ပြီးမှ ပြန်ဖြေပေးလိုက်သည်။ " သူတို့က ကျွန်တော့်အမျိုးသားရဲ့ ဆွေမျိုးတွေပါ "

'ဆွေမျိုးတွေ´ဟူ၍ ပြောလိုက်ရာတွင် ခံစားချက်များကင်းမဲ့နေသဖြင့် ကျန်းယွဲ့ဖုန်း ချက်ချင်းသဘောပေါက်လိုက်သည်။ မိသားစုတိုင်းတွင် 'သဘောကျချင်စရာမကောင်းသော´ ဆွေမျိုးများက ရှိတတ်လေသည်။ မိသားစုကိစ္စဖြစ်နေသဖြင့် သူလည်း ထဲထဲ၀င်၀င် လိုက်မေးနေမည့် စိတ်ကူးမရှိပါ ။

ဆေးခန်း၌ အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း ချီယွဲ့က တော်တော်နှင့် ပြန်မလာသဖြင့် သူမတို့ ထွက်လာခဲ့တာဖြစ်သည်။ နေ့လယ်ရောက်နေပြိိီဖြစ်၍ ဗိုက်ဆာလာကြသောကြောင့် တစ်ခုခုစားရန် ထွက်လာကြတာလည်းဖြစ်သည်။

အစားအသောက်တွေရောင်းသည့် လမ်းပေါ်က ဆိုင်တန်းသို့ရောက်သည့်အခါ မော့ကြည့်လိုက်ရုံဖြင့် မြေခွေးဖြူကောင်ကို တွေ့လိုက်ရမည်ဟု ဘယ်သူကသိထားမှာလဲ ။ ဟယ်လင်းက စားသောက်ဆိုင် ဒုတိယထပ်တွင် နေ့လယ်စာစားနေလေသည်။ သူမတ်ို့က အဆာခံပြီးစောင့်နေခဲ့သည်ကို ကျေးဇူးမသိတဲ့ကောင်က သည်လိုနေရာ၌ နေ့လယ်စာလာစားနေခဲ့တာတဲ့လား !

" ကျန့်အာ ဟယ်လင်းကဟိုမှာ " အဒေါ်ချန် ဟယ်ကျန့်ကိုလက်ဆွဲခေါ်ကာ ပြလိုက်သည်။

ဟယ်ကျန့်မော့ကြည့်လိုက်သည့်အခါတွင် ဟယ်လင်းနှင့် သူ့ဘေးတွင်ထိုင်ကာ သူတို့အား ညွှန်ပြနေသော ချီယွဲ့ကိုတွေ့လိုက်ရသည်။ ထို့နောက် ထိုနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လူကြိိီးလူကောင်းဆန်သည့် လူငယ်လေးတစ်ယောက်က လှည့်ကြည့်လာလေသည်။ ထိုလူငယ်လေးက ချောမောပြီး သေသပ်စွာ ၀တ်စားထားကာ လူချမ်းသာမိသားစုမှ သခင်လေးတစ်ယောက် ဖြစ်ပုံရသည်။

" အဲ့လူငယ်လေးက ချီယွဲ့ရဲ့ သူငယ်ချင်းများလား ? တော်တော် ချမ်းသာတဲ့ပုံပဲ ! " အဒေါ်ချန်ကလည်း တွေ့သဖြင့် ထိုလူငယ်လေးက သူမ၏သားနှင့် လက်ထပ်ဖြစ်ရင် ကောင်းမှာပဲဟု တွေးနေလေ၏။ ထိုတစ်ယောက်က ချီယွဲ့ထက်ပင် ချမ်းသာမည့်ပုံရှိနေသည်ကိုး ။

ဟယ်ကျန့် ဘာမှပြန်မပြောဘဲ ကြည့်နေမိသည်။ ထိုတစ်စုက သူတို့နှစ်ယောက်အား မမြင်ချင်ယောင်ဆောင်ကာ သူတို့ဘာသာပဲ စကားဆက်ပြောနေကြသည်။ ထိုလူငယ်လေးက ဟယ်လင်းအား ပြုံး၍စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် ဟယ်ကျန့် လက်ထဲမှဆေးထုပ်ကို တင်းတင်းဆုပ်လိုက်မိသည်။ အဲ့ခွေးကောင်ဟယ်လင်းက ချီယွဲ့တစ်ယောက်တည်းနဲ့တင် မလုံလောက်တဲ့ပုံပဲ ။ သူ့လို အရှက်မရှိတဲ့ကောင်က ဘာလို့ အဲ့လူလိုလူကြီးလူကောင်းနဲ့ တွေ့နေရတာလဲ ။

ဟယ်လင်းက သူမတို့အား မမြင်ချင်ယောင်ဆောင်သွားသည့်အခါ အဒေါ်ချန်က မကျေမနပ်ဖြစ်သွားသည်။ ဆေးခန်းတွင် ငွေထုတ်သုံးခဲ့ရ၍ ဒေါသထွက်နေခဲ့တာဖြစ်ပြီး ယခုတွင်မူ ပိုဆိုးသွားလေ၏။ " ကျန့်အာ အပေါ်တက်ပြီး သွားကြည့်ရအောင် ၊ ကောင်းတာတွေအကုန် သူတို့ဘာသာပဲ ယူထားခိုင်းလို့ မဖြစ်ဘူး ! "

ဟယ်ကျန့်လည်း မကန့်ကွက်ဘဲ အမေဖြစ်သူနောက်မှလိုက်ကာ စားသောက်ဆိုင်ရှေ့သို့ လျှောက်သွားလိုက်သည်။

" တောင်းပန်ပါတယ် လူကြီးမင်း ၊ လူပြည့်နေတာမို့လို့ နောက်တစ်ကြိမ်မှပဲ လာခဲ့ပေးပါ " ဆိုင်ထဲသို့ပင် ခြေမချရသေးခင်မှာပဲ အထဲမှထွက်လာသော ဆိုင်ရှင်၏တားမြစ်ခြင်းကို ခံလိုက်ရလေသည်။

" ငါတို့က လူလာရှာတာ ၊ အပေါ်ထပ်က ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့သူတွေက ငါတို့နဲ့အတူလာတာ ! " အဒေါ်ချန်က အပေါ်ထပ်ကိုညွှန်ပြပြီး ဆိုင်ထဲသို့၀င်ရန် ခြေလှမ်းပြင်ပြန်သည်။

" ဟိတ် ဟိတ် ဟိတ် ... ဒီကဧည့်သည်ခင်ဗျ ကျွန်တော့်ကို မဟုတ်တာမပြောပါနဲ့ ၊ အဲ့စားပွဲမှာထိုင်နေတာက ကျွန်တော်တို့သခင်လေးပါ ၊ သခင်လေးက သူ့ဧည့်သည်တွေကို ဧည့်ခံနေတာပါ " စားပွဲထိုးလေးက ၀င်မည်ကို ထပ်တားသည်။

" သခင်လေး ? " သည်လိုစားသောက်ဆိုင်ကြီးရဲ့ သခင်လေးဆိုမှတော့ ဘယ်လောက်တောင် ချမ်းသာလိုက်မလဲ ။ အဲ့လိုသာဆို သူမ ပိုပြီးတောင် သွားတွေ့သင့်တယ်မဟုတ်ဘူးလား ။ ချီယွဲ့ထက်တောင် ပိုကောင်းတဲ့ ရွှေလိပ်လို သားမက်ဖြစ်လာမှာလေ ။ " ငါတို့က သခင်လေးရဲ့ ဧည့်သည်ဆိုတဲ့သူတွေနဲ့သိတယ် ၊ သူတို့က ငါ့တူနဲ့ သူ့ယောက်ျားပဲ ! "

" ကျွန်တော် တကယ်စိတ်မကောင်းပါဘူး ၊ ၀င်ခွင့်မပြုနိုင်ပါဘူး ! " ဆိုင်ရှင်မှာ တစ်လှမ်းလေးတောင် ရှေ့တိုးမခံနိုင်ဘဲ ရပ်၍တားနေရသည်။ သူ့ထမင်းခွက်ကို အပျောက်မခံနိုင်သေးဘူး (အလုပ်မပြုတ်ချင်သေးဘူး) ။

" ဟဲ့ နင်တို့ ... "

အဒေါ်ချန်က ရန်တွေ့တော့မည်ကို ဟယ်ကျန့်က ဆွဲတားလိုက်သည်။ " အမေ ဟယ်လင်းက အဲ့တစ်ယောက်ကို ကျွန်တော်တို့ မကောင်းကြောင်းတွေ ပြောထားတာများလားမသိဘူး "

ဟယ်ကျန့်စကားက မှန်သည်ဟု အဒေါ်ချန်လည်း ထင်သည်။ လက်ထပ်ပွဲကြောင့် ဟယ်လင်းက သူမတို့ကို အငြှိုးထားကာ အပြင်လူများရှေ့တွင် သူမတို့အား အသရေဖျက်ထားတာ ဖြစ်လောက်ပေသည်။ တွေးလေ ဒေါသထွက်လေ ဖြစ်လာသဖြင့် အဒေါ်ချန် အတင်းတိုး၀င်နေရင်းဖြင့် အပေါ်ထပ်ကို လှမ်းအော်လိုက်သည်။ " ဟယ်လင်း အခုချက်ချင်း ဆင်းလာခဲ့စမ်း ! နင့်အဒေါ်နဲ့ ၀မ်းကွဲက အငတ်ခံနေရတာကို နင်ကနင့်ဗိုက်ပဲ နင်ဖြည့်နေရသလားဟဲ့ ! "

သူမ၏ အော်ဟစ်လိုက်မှုကြောင့် ချက်ချင်းလူအုံလာပြီး ပြဿနာတက်နေသည်ကို လာကြည့်ကြတော့သည်။

စစချင်းတွင် ဟယ်ကျန့်မတားခဲ့သော်လည်း ကျန်လူများ၏ ပြတ်လုံးကြည့်နေသလို အကြည့်များကြောင့် ရှက်လာမိသဖြင့် အဒေါ်ချန်အား ပြန်ဆွဲလိုက်သည်။ " အမေ ဒီမှာလူတွေအများကြီးပဲနော် ! "

အဒေါ်ချန်က ပြန်ရုန်းသည်။ " ငါကတော့ အဲ့ဒီ့မြေခွေးဖြူကောင်က ဘယ်လိုလူမျိုးလဲဆိုတာကို အားလုံးသိသွားအောင် ပြချင်သေးတယ် ! "

လူများက တဖြည်းဖြည်းများလာသဖြင့် အမေဖြစ်သူကိုလည်း တား၍မနိုင်သောကြောင့် ဟယ်ကျန့် ပုခုံးတစ်သိမ့်သိမ့်တုန်ကာ မျက်နှာငယ်လေးဖြင့် အားနွဲ့သော အသံကိုသုံးကာ စကားဆိုလိုက်သည်။ " အမေ ၀မ်းကွဲက ကျွန်တော်တို့ကို သဘောမကျဘူးလေ ၊ ဒါကြောင့် သူ ပိုပြိိးစိတ်ဆိုးသွားအောင် ကျွန်တော်တို့ မလုပ်သင့်ဘူးထင်တယ် "

ဟယ်ကျန့်က အပေါ်ထပ်မှ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားကြသူများနှင့် ယှဥ်ပါက သနားသမားမျက်နှာလေးဖြင့် ဖြစ်နေသဖြင့် ချက်ချင်းပင် လူအများက ဟယ်လင်းတို့ကို လက်ညှိုးထိုး၍အပြစ်တင်ကြတော့သည်။

ဟယ်လင်း စားချင်စိတ်မရှ်ိတော့သဖြင့် တူများကို ချလိုက်တော့သည်။

ချီယွဲ့က ဟယ်လင်းအား ပုခုံးမှဆွဲကာ ရင်ခွင်ထဲသို့ သွင်းလိုက်ပြီး အောက်ထပ်သို့  စိမ်းကားသောအကြည့်များဖြင့် ကြည့်နေသဖြင့် အတော်လေး ကြက်သီးထဖွယ် ဖြစ်လို့နေသည်။

ကျန်းယွဲ့ယန်က သူမရှေ့ရှိ ရေနွေးကြမ်းခွက်ကိုကိုင်ကာ ထရပ်လိုက်ပြီး အောက်ထပ်သို့ ပက်ချလိုက်သဖြင့် ချက်ချင်းပင် အော်သံထွက်လာတော့သည်။

ဟယ်လင်း ၀မ်းနည်းဖို့ကိုပင် မေ့သွားသည်အထိ ကျန်းယွဲ့ယန်အား အံ့သြတကြီး ကြည့်လိုက်မိသည် ။

ကျန်းယွဲ့ယန်က ပြတင်းပေါက်ဘောင်ပေါ်၌ လက်ထောက်ကာ စကားကို ဖြည်းဖြည်းချင်းဆွဲ၍ ပြောနေလေသည်။ " အဲ့ဒီ့ကအဒေါ်ကြီးကို တောင်းပန်ပါတယ်နော် ဒီသခင်မလေးက နေသိပ်မကောင်းတော့ လက်မခိုင်ဘူးဖြစ်သွားတာ ရေနွေးပူတွေ စင်သွားသေးလားဟင် "

ခေါင်းပေါ်မှနေ ရေနွေးဖြင့်အလောင်းခံလိုက်ရသော အဒေါ်ချန်မှာ အလွန်ဒေါသထွက်နေလေ၏။ ထို့နောက်  မျက်နှာပေါ်မှ ရေနွေးများကို ၀တ်ရုံလက်ဖြင့်သုတ်လိုက်ပြီး ကျန်းယွဲ့ယန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်တွေ့တော့သည်။ "'နင်က င့ါကို ရေနွေးနဲ့ ဘယ်လိုတောင်ပက်ရဲတာလဲ ကောင်မစုတ်လေးရဲ့ ! "

" ပက်တော့ရော ဘာဖြစ်လဲ ၊ ယုံချင်ယုံ မယုံချင်နေ ရိုက်လည်းရိုက်ရဲသေးတယ် ! " ဟုဆိုကာ ကျန်းယွဲ့ယန်က ရေနွေးခွက်အား လက်မှလွှတ်ချလိုက်သဖြင့် အဒေါ် ချန်၏ခြေထောက်နားတွင် ကျကွဲသွားသောကြောင့် အဒေါ်ချန်မှာ လန့်ကာထအော်ပြီး နောက်ဆုတ်သွားတော့သည်။

" နင် ... နင် ... " အဒေါ်ချန်မှာ လက်ညှိုးတစ်ထိုးထိုး ဖြစ်နေသော်လည်း ဘာမှပြန်မပြောနိုင် ဖြစ်လို့နေသည်။။

" ကျွန်မပြောနေတယ်နော် အဒေါ်ကြီး ၊ ဒီမြို့ထဲမှာ ကျွန်မလို ကျန်းမိသားစုက သခင်မလေးတစ်ယောက်ကို လက်ညှိုးထိုးပြီး ကျိန်ဆဲရဲတဲ့သူ ဘယ်သူမှမရှိဘူး ၊ ရှင်က ပထမဆုံးပဲဆိုတော့ ကျွန်မ သေချာပေါက် မှတ်ထားလိုက်ပြီနော် အဒေါ်ကြီး !  " ကျန်းယွဲ့ယန်က လက်ပိုက်ကာ မောက်မောက်မာမာပင်ရပ်နေလေ၏။

အပျော်ရပ်ကြည့်နေကြသူများမှာ ကျန်းယွဲ့ယန်၏နာမည်ကို ကြားသည်နှင့် အလျှိုလျှိုခေါင်းငုံ့ကာ ထွက်သွားကြတော့သည်။ သူတို့တွေက ဘယ်လိုလုပ်ပြီး ကျန်းမိသားစုက ပြဿနာထဲကို ၀င်ပါရဲမှာလဲ ။

ထိုအခါမှသာ သခင်လေးဆိုသူနှင့် တွဲထိုင်နေသော ထိုကောင်မလေးကလည်း သာမန်လူမဖြစ်နိုင်ဘူးဆိုသည်ကို အဒေါ်ချန် သဘောပေါက်သွားတော့သည် ။ ဘေးမှလူများ တုံ့ပြန်သည့်ပုံအရ ထိုအတွေးမှန်နေပြီဆိုသည်က အသေအချာပင် ။ ယခုတွင်မူ အဒေါ်ချန်မှာ ကြောက်လန့်သွားပြီး မျက်နှာကြီးဖြူလာတော့သည်။

ဟယ်ကျန့်မှာ ဒေါသထွက်လွန်းလို့ အူတွေနာနေပြီဖြစ်သည် ။ သူ့အမေကို စောစောမတားလိုက်မိလို့ နောက်တစ်ယောက်ကို သွားစော်ကားမိသွားပြန်ပြီ !

" ရှင်က ကျွန်မ နေ့လယ်စာစားနေတာကို လာနှောင့်ယှက်နေတာပဲ ၊ ထွက်သွားစမ်းပါ ! " ကျန်းယွဲ့ယန်က ယင်ကောင်တစ်ကောင်ကို နှင်ထုတ်နေသလို မတူမတန်ပြောနေလေသည်။

ဟယ်ကျန့်လည်း အမေဖြစ်သူကိုတွဲကာ ထွက်သွားဖို့ပြင်လိုက်ရတော့သည်။ ထွက်မသွားသေးခင်တွင်လည်း အပေါ်ထပ်မှ  ဟယ်လင်းအား နားကျည်းချက်များဖြင့် ကြည့်ခဲ့ဖို့ကို မေ့မသွားပေ ။ ဒီနေ့ သူကြုံခဲ့ရတဲ့ အရှက်ကွဲမှုကို ဟယ်လင်းအလှည့်ကြရင် နှစ်ဆခံရအောင် ပြန်လုပ်ပြမယ် !

ကျန်းယွဲ့ယန်က အားရပါးရ အာဏာပြပြီးသွားပြီဖြစ်၍ ဂုဏ်ယူစွာပြန်လှည့်လိုက်သော်လည်း ဟယ်လင်းကသူမအား မယုံနိုင်သလို ငေးကြည့်နေသဖြင့် ရှက်သွားမိသည် ။ ရှက်ဖို့ကောင်းလိုက်တာ !

ထိုသို့သောမြင်ကွင်းမျိုးကို ပထမဆုံးမြင်ဖူးတာဖြစ်၍  ဟယ်လင်းက တစ်အံ့တစ်သြဖြစ်နေလေသည်။

" မင်းရဲ့ အတင့်ရဲပြီးမောက်မာတာက ကောင်းတဲ့အချက်ဆိုတာကို ဒီအစ်ကိုကြီးကတော့ ဒီနေ့မှ ပထမဆုံး တွေးဖူးတာပဲ " ကျန်းယွဲ့ဖုန်းက ယပ်တောင်ကိုဖြန့်ကာ ယပ်ခတ်နေရင်း ကျန်းယွဲ့ယန်ကို ချီးကျူးသည်။

" ဟွန့် အဲ့လိုလူတွေနဲ့ ရင်ဆိုင်ဖို့ဆိုရင် ကြမ်းပေးမှရတာ ! " အသစ်ဖြည့်ပေးထားသော ရေနွေးခွက်ကိုယူကာ ကျန်းယွဲ့ယန် တစ်ငုံကြီးကြီး ငုံလိုက်မိသည် ။ အော်လိုက်ရသဖြင့် လည်ချောင်းနာနေသည်ကိုး ။

ကျန်းယွဲ့ဖုန်း ရှေ့မှနှစ်ယောက်အား လက်နှစ်ဖက်ကိုယှက်၍ တောင်းပန်လိုက်သည်။ " အခြားလူကိစ္စထဲ ၀င်ပါတယ်ဆိုပြီး ကျွန်တော့်ညီမလေးကို အပြစ်မတင်ပါနဲ့နော် "

" မဟုတ်ပါဘူး ကျွန်တော်တို့ကသာ ကျေးဇူးတင်သင့်တာပါ " ချီယွဲ့ ခပ်ဖွဖွပြုံးပြလိုက်ပြီး ခေါင်းငုံ့ကာ ညာလက်ကိုကြည့်လိုက်မိသည်။ သူ့အကြည့်မျာထဲ၌ အေးစက်ခြင်း အရှိန်အ၀ါများ အပြည့်ဖြစ်လို့နေသည်။ " ကံကောင်းသွားတယ်ပဲ မှတ်ထားလိုက်ကြဦးပေါ့ ! "

စားသောက်ပြီးနောက်တွင် ဟယ်လင်းအား ပစ္စည်းအချို့၀ယ်ပေးရန် ခေါ်သွားချင်သေးသဖြင့် ချီယွဲ့ ကျန်းမောင်နှမအား နှုတ်ဆက်လိုက်သည်။

" ဟယ်လင်းကောကော နောက်ကြရင် ကုရွှေ့ရွာမှာ ကောကောကို လာတွေ့လို့ရမလားဟင် " ထိုနှစ်ယောက်က ပြန်တော့မည်ကို သိသည့်အခါ ကျန်းယွဲ့ယန်က ဟယ်လင်း၏၀တ်ရုံလက်ကို လှမ်းဆွဲ၍မေးသည်။

သူ့ကိုလာဆွဲသဖြင့် ဟယ်လင်း အံ့သြသွားမိပြန်သည်။ မိန်းကလေးများနှင့် ကောယောက်ျားလေးများက သူ့အား တစ်ရင်းတစ်နှီး ဆက်ဆံလိုကြခြင်းကရှားသည် ။ ရှင်းမပြတတ်သော်လည်း အများစုက သူ့အား သဘောမကျကြပေ ။ သူနှင့် ရင်းနှီးလိုသူအား ပထမဆုံးတွေ့ဖူးတာဖြစ်၍ ဟယ်လင်း ချီယွဲ့ကို မော့ကြည့်လိုက်မိသည်။

ဟယ်လင်း၏အကြည့်ကို နားလည်နေသဖြင့် ချီယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ ဟယ်လင်းကိုလည်း သူငယ်ချင်းများထားပြီး ပို၍ပွင့်လင်းလာစေချင်သည်။ ကျန်းမိန်းကလေးက အလိုလိုက်ခံထားရပြီး တစ်ခါတစ်ရံ ရက်စက်တတ်သူဖြစ်သော်လည်း မကောင်းသူမဟုတ်သဖြင့် ဟယ်လင်းနှင့် အဆင်ပြေလောက်ပေသည်။

ချီယွဲ့ထံမှ အတည်ပြုချက်ကို ရသည့်အခါတွင် ဟယ်လင်း ကျန်းယွဲ့ယန်အား ပြုံးပြလိုက်သည်။ " ရွာကခေါင်တာကိုသာ စိတ်ထဲမထားဘူးဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် လာခဲ့ပါ "

ထိုအခါမှ ကျန်းယွဲ့ယန်က သူ့လက်ကိုလွှတ်ပေးကာ " ဒါဆိုရင် ကတိနော် " ဟုဆိုသည်။

*******

အပိုင္း - ( ၂၉ ) ေတြ့ၾကျပန္ၿပီ

က်န္းယြဲ႔ဖုန္းက ၿမိဳ႔ထဲရိွ 'လ၀န္းပြဲေတာ္(ယန္ယြဲ႔ေလာ့)´အမည္ရိွ စားေသာက္ဆိုင္သို႔ ေခၚသြားေပးသည္။ မဂၤလာပြဲတုန္းက ခ်ီယြဲ႔ ငွားခဲ့ေသာစာဖိုးမႈးက ထိုဆိုင္မျွဖစ္ၿပီး ဤၿမိဳ႔ေလးတြင္ေတာ့ လက္ရာအေကာင္းဆံုးဟု ဆိုလို႔ရေပသည္။

သူတို႔၀င္သြားလိုက္သည့္အခါတြင္ စားပြဲထိုးေခါင္းေဆာင္က ကိုယ္တိုင္ေရာက္လာကာ ႀကိဳဆိုၿပီး ဒုတိယထပ္ရိွ ျပတင္းေပါက္ေဘးမွေနရာသို႔ ေခၚသြားေပးသည္။

က်န္းယြဲ႔ဖုန္း သံုးေဆာင္ခ်င္တာမ်ိဳးရိွလား ေမးၾကည့္သည့္အခါတြင္ အားလံုးအဆင္ေျပသည္ကို သိလိုက္ရၿပီးေနာက္ နာမည္ႀကီးဟင္းပြဲအခ်ိဳ႕ကိုသာ မွာေပးလိုက္သည္။ " ဒီဆိုင္ကလည္း က်န္းမိသားစုပိုင္တာပဲ ၊ ဒါေၾကာင့္မို႔ ေနာင္ ဒီမွာလာစားျဖစ္ရင္ ကြၽန္ေတာ့္နာမည္ကိုသာ ေျပာလိုက္ပါ ၊ ကြၽန္ေတာ္ ဒကာခံပါ့မယ္ "

ခ်ီယြဲ႔ ခပ္ဖြဖြ ျပန္ၿပံဳးျပလိုက္သည္။ " ဒါဆိုလည္း က်န္းသခင္ေလးရဲ့ ရက္ေရာမႈကို ေက်းဇူးတင္ပါတယ္ဗ်ာ ! "

" ေက်းဇူးတင္ဖို႔ မလိုပါဘူးဗ်ာ " တစ္ဖက္လူက ပြင့္လင္းသူျဖစ္သည္ကို က်န္းယြဲ႔ဖုန္း သေဘာေပါက္လိုက္သည္။ အျခားသူမ်ားလို အဓိပၸာယ္မရိွ သူေတာ္ေကာင္းေယာင္ေဆာင္ေနျခင္းလည္း မရိွေပ ။

ယခုလိုစာေသာက္ဆိုင္ႀကီး၌ ပထမဆံုးစားဖူးျခင္းျဖစ္၍ ဟယ္လင္းမွာ စိုးရိမ္ေနမိသည္။ ခ်ီယြဲ႔က စားပြဲေအာက္မွေန ေပါင္ကိုလာပုတ္ေပးေနသျဖင့္ ဟယ္လင္း လွည့္ၾကည့္လိုက္သည့္အခါတြင္ စိတ္ေအးေအးထားဟူသည့္အၾကည့္မ်ားႏွင့္ ဆံုလိုက္ရ၍ စိုးရိမ္စိတ္မ်ား ေလ်ာ့သြားေတာ့သည္။ သို႔ျဖစ္၍ ဟယ္လင္း ျပန္ၿပံဳးျပလိုက္ၿပီး သူ အဆင္ေျပၾကောင္း ျပန္ေျပာလိုက္သည္။

က်န္းယြဲ႔ယန္ လက္ေထာက္၍ေမးတင္ကာ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာသူႏွစ္ေယာက္ကိုၾကည့္ေနရင္း စိတ္ထဲမွႀကိတ္၍ သက္ျပင္းခ်လိုက္မိသည္။ အေရ႔ွကျမင္ကြင္းက တကယ္ မ်က္စိပသာဒျဖစ္စရာပဲ ! ခ်ီယြဲ႔ကလက္ထပ္ၿပီးသားလူ ျဖစ္ေနသျဖင့္ အနည္းငယ္ ႏွေျမာမိေသာ္လည္း ယူထားတဲ့ေယာက္်ား(ဟယ္လင္း)က သည္လိုအေခ်ာအလွေလးသာဆိုလို႔ကေတာ့ သူမလည္း ေပ်ာ္ေပ်ာ္ႀကီးေကာက္ယူပစ္မိေလာက္သည္။

" ေမးၾကည့္ပါရေစ ၊ မင္းတို႔ႏွစ္ေယာက္က ဒီၿမိဳ႔ကလူေတြ မဟုတ္ဘူးလား " ဤၿမိဳ႔အေၾကာင္းကို က်န္းယြဲ႔ဖုန္း ေကာင္းေကာင္းသိသည္။ သူတို႔ႏွစ္ေယာက္သာ ဒီမွာေနတာ ေသခ်ာပါက သူ မေတြ့ဖူးစရာအေၾကာင္း မရိွေပ ။

" ကြၽန္ေတာ္ကေတာ့ ဟုတ္ပါတယ္ အားလင္းကေတာ့ မဟုတ္ပါဘူး " ခ်ီယြဲ႔ ဟယ္လင္းကိုၾကည့္ေနရာမွ လွည့္၍ျပန္ေျဖေပးလိုက္သည္။ " ကြၽန္ေတာ္တို႔က အခု ကုေရႊ့ရြာမွာ ေနၾကတာပါ "

" ကုေရႊ့ရြာ ? " သူတို႔ႏွစ္ေယာက္က ရြာမွာေနၾကတာလား ။ က်န္းယြဲ႔ဖုန္း အံ့ၾသသြားမိသည္။ " အဲ့ေနရာက နည္းနည္းေခ်ာင္က်သလားလို႔ "

ဟယ္လင္းက ရြာမွေကာတစ္ေယာက္ျဖစ္ေနမည္ဟု က်န္းယြဲ႔ယန္လည္း မထင္ထားမိပါ ။ လံုး၀ အဲ့လိုပံုေပါက္မေနဘဲ လူခ်မ္းသာမိသားစုက ေကာေလးတစ္ေယာက္ဟုသာ ထင္ထားခဲ့တာျဖစ္သည္။

" ၿမိဳ႔နဲ႔အလွမ္းေဝးတာေတာ့ ဟုတ္ပါတယ္ " ျမင္းလွည္းမရိွပါက ၿမိဳ႔ႏွင့္ရြာကို အသြားအျပန္လုပ္ဖို႔က အဆင္မေျပေခ် ။

ဟင္းပြဲမ်ားလာခ်ခ်ိန္တြင္ သူတို႔မွာ စကားစျမည္ အေတာ္ၾကာေအာင္ ေျပာၿပီးၾကၿပီျဖစ္သျဖင့္ ေမာင္ႏွမႏွစ္ေယာက္၏ စရိုက္သဘာ၀မ်ားကို ခ်ီယြဲ႔ အနည္းငယ္ေတာ့သိေနၿပီျဖစ္သည္။ လူခ်မ္းသာမိသားစုမွ လာၾကသူမ်ားျဖစ္၍ အထက္စီးဆန္မႈမ်ားရိွေနေသာ္လည္း ရံဖန္ရံခါသာျဖစ္ၿပီး စိတ္၀င္စားဖို႔ေတာ့ေကာင္းေပသည္။ က်န္းယြဲ႔ဖုန္းက ဟယ္လင္းကို သေဘာက်တာကလည္း အလွေလးတစ္ေယာက္ ျဖစ္ေန၍သာျဖစ္ၿပီး အျခားေသာရည္ရြယ္ခ်က္မပါသျဖင့္ ခ်ီယြဲ႔ ခြင့္လႊတ္ေပးလိုက္သည္။

က်န္းယြဲ႔ယန္က သူ႔အေပၚထားေနသည့္ သေဘာထားသည္ကား ... ခ်ီယြဲ႔မွာ ရယ္ရအခက္ ငိုရအခက္ ျဖစ္လို႔ေနသည္။ ယခုေလာေလာဆယ္တြင္ ထိုမိန္းကေလးက သူ႔ခင္ပြန္းေလးကို ပို၍စိတ္၀င္စားေနသည့္ပံုပင္ !

ခ်ီယြဲ႔ ၾကည္လင္ေနေသာ ပုစြန္ဖက္ထုပ္တစ္လံုးကိုယူ၍  ဟယ္လင္း၏ပန္းကန္လံုးထဲသို႔ ထည့္ေပးလိုက္သည္။ " ကိုယ္တို႔လက္ထပ္တဲ့ေန့တုန္းက မင္း ေနမေကာင္းလို႔ ဒီဆိုင္ကစာဖိုမႈးရဲ့လက္ရာေတြကို မျမည္းၾကည့္လိုက္ရဘူးမလား ၊ ဒီေန့ေတာ့ ေသခ်ာစားၾကည့္ၾကည့္လိုက္ "

ပုစြန္ဖက္ထုပ္မွာ ႏူးညံ့လြန္းၿပီး တစ္လုပ္စာသာရိွသည္။ အျပင္မွဖက္ထုပ္ခြံကို ကိုက္မိလိုက္သည္ႏွင့္ အထဲမွအစာသြပ္ထားသည့္အရာမ်ား၏ ေမႊးပ်ံ့ေသာအနံ႔က ထြက္လာေလသည္။ ဟယ္လင္း ျဖည္းျဖည္းခ်င္း ဝါးစားကာ မ်ိဳခ်လိုက္ၿပီးေနာက္တြင္ " အရသာရိွတယ္ " ဟုဆိုလိုက္မိသည္။

" မင္းႀကိဳက္ရင္ ေကာင္းတာေပါ့ " ခ်ီယြဲ႔က ေနာက္တစ္ခု ထပ္ထည့္ေပးျပန္သည္။ စားလို႔ေကာင္းမည့္အရာမ်ားကိုလည္း တစ္ခုၿပီးတစ္ခု မျပတ္ရေအာင္ ထပ္ထည့္ေပးေနေလ၏။

က်န္းေမာင္ႏွမႏွစ္ၪီးမွာ ပိုလ်ွံေနေသာ ေခြးစာမ်ားေၾကာင့္ ထိုႏွစ္ေယာက္အား ေနွာင့္ယွက္မိမည္စိုး၍ ေခါင္းမေဖာ္ဘဲ အစားပဲငံု႔စားေနလိုက္ၾကေတာ့သည္။

ဟယ္လင္းက အတြင္းဘက္မွာထိုင္ေနတာျဖစ္၍ ျပတင္းေပါက္၏ေဘးတြင္ျဖစ္ၿပီး ေခါင္းလွည့္လိုက္သည္ႏွင့္ ေအာက္မွလမ္းကိုျမင္ေနရေလသည္။ ရင္းႏွီးေနေသာသူႏွစ္ေယာက္ကို ေတြ့လိုက္ရ၍ " ရွန္႔ကံုး " ဟုေခၚလိုက္မိသည္။

" ဘာလို႔လဲ " ဟင္းခပ္ထည့္ေပးျခင္းျဖင့္ အလုပ္မ်ားေနခဲ့ေသာ ခ်ီယြဲ႔လည္း ေခါင္းေမာ့ကာ ဟယ္လင္းၫႊန္ျပေနေသာ ျပတင္းေပါက္အျပင္သို႔ အနည္းငယ္တိုး၍ ၾကည့္လိုက္သည္။

" မင္းတို႔အသိလား " သူတို႔ႏွစ္ေယာက္က ေအာက္သို႔ငံု႔ၾကည့္ေနၾကသည္ကို ေတြ့သည့္အခါ က်န္းယြဲ႔ဖုန္းလည္း လိုက္ၾကည့္လိုက္မိသည္။ သို႔ေသာ္လည္း လမ္းသြားလမ္းလာမ်ားကိုသာ ေတြ့လိုက္ရၿပီး ဘယ္သူ႔ကိုၫႊန္ျပေနသည္ကိုမူ မသိေပ ။ " ရင္းႏွီးတယ္ဆိုရင္ လာထိုင္ဖို႔ ဖိတ္လိုက္ပါလား "

ခ်ီယြဲ႔၏ အေပၚႏႈတ္ခမ္းမ်ားက ပင့္တက္သြားၿပီး ေအးစက္ေသာအၿပံဳးတစ္ခုက္ို ဖန္တီးလိုက္ေလသည္။ " သူတို႔ကို ဖိတ္ဖို႔မလိုပါဘူးဗ်ာ "

ထိုသို႔ေျပာပံုအရ မိတ္ေဆြေကာင္းမ်ား ျဖစ္ပံုမရသျဖင့္ က်န္းယြဲ႔ဖုန္းလည္း ထပ္မေျပာမိေတာ့ပါ ။

" အေဒၚခ်န္ ကြၽန္ေတာ့္ကို ျမင္သြားၿပီ " ျပတင္းေပါက္အျပင္ကို ၾကည့္ေနရင္း ဟယ္လင္း အေဒၚခ်န္ႏွင့္ အၾကည့္ခ်င္းဆံုသြားေလသည္ ။ ထို႔ေနာက္ အေဒၚခ်န္က ဟယ္က်န္႔ကိုဆြဲေခၚၿပီး သူတို႔ရိွရာကို လက္ၫွိုးထိုးျပၿပီး တစ္ခုခုေျပာေနပံုရသည္။

ထိုႏွစ္ေယာက္က သည္ဘက္သို႔ၪီးတည္လာေနသျဖင့္ ခ်ီယြဲ႔ ဟယ္က်န္႔ကိုၫႊန္ျပၿပီး က်န္းယြဲ႔ဖုန္းကို ေျပာလိုက္သည္။ " က်န္းသခင္ေလး အဲ့တစ္ေယာက္က ထူးဆန္းတဲ့ေရာဂါ ျဖစ္ေနတာပါ ၊ သူ႔ကိုအ၀င္ခံလိုက္ရင္ စားေသာက္ဆိုင္ထဲကလူေတြ ကူးစက္ခံရကုန္ပါလိမ့္မယ္ "

ခ်ီယြဲ႔ ၫႊန္ျပသည့္ေနရာကို က်န္းယြဲ႔ဖုန္း လွမ္းၾကည့္လိုက္သည္ ။ အဟုတ္ကိုပင္ မ်က္ႏွာေရာေခါင္းကိုပါ ဖံုးထားသျဖင့္ ထူးဆန္းေနသည္။ ခ်ီယြဲ႔က ထိုႏွစ္ေယာက္ကို မေတြ့ခ်င္ျခင္းေၾကာင့္လည္း ျဖစ္သည္ကို သိသျဖင့္ က်န္းယြဲ႔ဖုန္းလည္း အလိုက္သင့္ပူးေပါင္းေပးလိုက္သည္။ စားပြဲထိုးေခါင္းေဆာင္ကို လွမ္းေခၚလိုက္ၿပီး ဆိုင္ေအာက္ကလူႏွစ္ေယာက္ကို ၫႊန္ျပကာ " အဲ့တစ္ေယာက္က ေရာဂါျဖစ္ေနတာတဲ့ ဆိုင္ထဲကိုဘအ၀င္မခံနဲ႔ ! " ဟုခိုင္းလိုက္သည္။

ပိုင္ရွင္ျဖစ္သည့္ သခင္ေလး၏စကားမ်ားကို စားပြဲထိုးေခါင္းေဆာင္က နာခံၿပီး လူအခ်ိဳ႕ကိုေခၚကာ ဆိုင္ေအာက္ထပ္သို႔ ဆင္းသြားေလ၏။

" အဲ့ဒီ့ႏွစ္ေယာက္က ... " ၀တ္စားထားပံုအရေတာ့ ထိုႏွစ္ေယာက္ကလည္း ရြာဘက္မွလာသူမ်ား ျဖစ္သည့္ပံုပင္ ။

ခ်ီယြဲ႔ ဟယ္လင္းအား ဆက္စားေလဟု အခ်က္ျပလိုက္ၿပီးမွ ျပန္ေျဖေပးလိုက္သည္။ " သူတို႔က ကြၽန္ေတာ့္အမ်ိဳးသားရဲ့ ေဆြမ်ိဳးေတြပါ "

'ေဆြမ်ိဳးေတြ´ဟူ၍ ေျပာလိုက္ရာတြင္ ခံစားခ်က္မ်ားကင္းမဲ့ေနသျဖင့္ က်န္းယြဲ႔ဖုန္း ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။ မိသားစုတိုင္းတြင္ 'သေဘာက်ခ်င္စရာမေကာင္းေသာ´ ေဆြမ်ိဳးမ်ားက ရိွတတ္ေလသည္။ မိသားစုကိစၥျဖစ္ေနသျဖင့္ သူလည္း ထဲထဲ၀င္၀င္ လိုက္ေမးေနမည့္ စိတ္ကူးမရိွပါ ။

ေဆးခန္း၌ အခ်ိန္အေတာ္ၾကာ ေစာင့္ေနခဲ့ေသာ္လည္း ခ်ီယြဲ႔က ေတာ္ေတာ္ႏွင့္ ျပန္မလာသျဖင့္ သူမတို႔ ထြက္လာခဲ့တာျဖစ္သည္။ ေန့လယ္ေရာက္ေနၿပိီျဖစ္၍ ဗိုက္ဆာလာၾကေသာေၾကာင့္ တစ္ခုခုစားရန္ ထြက္လာၾကတာလည္းျဖစ္သည္။

အစားအေသာက္ေတြေရာင္းသည့္ လမ္းေပၚက ဆိုင္တန္းသို႔ေရာက္သည့္အခါ ေမာ့ၾကည့္လိုက္ရံုျဖင့္ ေျမေခြးျဖဴေကာင္ကို ေတြ့လိုက္ရမည္ဟု ဘယ္သူကသိထားမွာလဲ ။ ဟယ္လင္းက စားေသာက္ဆိုင္ ဒုတိယထပ္တြင္ ေန့လယ္စာစားေနေလသည္။ သူမတ္ို႔က အဆာခံၿပီးေစာင့္ေနခဲ့သည္ကို ေက်းဇူးမသိတဲ့ေကာင္က သည္လိုေနရာ၌ ေန့လယ္စာလာစားေနခဲ့တာတဲ့လား !

" က်န္႔အာ ဟယ္လင္းကဟိုမွာ " အေဒၚခ်န္ ဟယ္က်န္႔ကိုလက္ဆြဲေခၚကာ ျပလိုက္သည္။

ဟယ္က်န္႔ေမာ့ၾကည့္လိုက္သည့္အခါတြင္ ဟယ္လင္းႏွင့္ သူ႔ေဘးတြင္ထိုင္ကာ သူတို႔အား ၫႊန္ျပေနေသာ ခ်ီယြဲ႔ကိုေတြ့လိုက္ရသည္။ ထို႔ေနာက္ ထိုႏွစ္ေယာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ လူႀကိီးလူေကာင္းဆန္သည့္ လူငယ္ေလးတစ္ေယာက္က လွည့္ၾကည့္လာေလသည္။ ထိုလူငယ္ေလးက ေခ်ာေမာၿပီး ေသသပ္စြာ ၀တ္စားထားကာ လူခ်မ္းသာမိသားစုမွ သခင္ေလးတစ္ေယာက္ ျဖစ္ပံုရသည္။

" အဲ့လူငယ္ေလးက ခ်ီယြဲ႔ရဲ့ သူငယ္ခ်င္းမ်ားလား ? ေတာ္ေတာ္ ခ်မ္းသာတဲ့ပံုပဲ ! " အေဒၚခ်န္ကလည္း ေတြ့သျဖင့္ ထိုလူငယ္ေလးက သူမ၏သားႏွင့္ လက္ထပ္ျဖစ္ရင္ ေကာင္းမွာပဲဟု ေတြးေနေလ၏။ ထိုတစ္ေယာက္က ခ်ီယြဲ႔ထက္ပင္ ခ်မ္းသာမည့္ပံုရိွေနသည္ကိုး ။

ဟယ္က်န္႔ ဘာမျွပန္မေျပာဘဲ ၾကည့္ေနမိသည္။ ထိုတစ္စုက သူတို႔ႏွစ္ေယာက္အား မျမင္ခ်င္ေယာင္ေဆာင္ကာ သူတို႔ဘာသာပဲ စကားဆက္ေျပာေနၾကသည္။ ထိုလူငယ္ေလးက ဟယ္လင္းအား ၿပံဳး၍စကားေျပာေနသည္ကို ေတြ့လိုက္ရသျဖင့္ ဟယ္က်န္႔ လက္ထဲမွေဆးထုပ္ကို တင္းတင္းဆုပ္လိုက္မိသည္။ အဲ့ေခြးေကာင္ဟယ္လင္းက ခ်ီယြဲ႔တစ္ေယာက္တည္းနဲ႔တင္ မလံုေလာက္တဲ့ပံုပဲ ။ သူ႔လို အရွက္မရိွတဲ့ေကာင္က ဘာလို႔ အဲ့လူလိုလူႀကီးလူေကာင္းနဲ႔ ေတြ့ေနရတာလဲ ။

ဟယ္လင္းက သူမတို႔အား မျမင္ခ်င္ေယာင္ေဆာင္သြားသည့္အခါ အေဒၚခ်န္က မေက်မနပ္ျဖစ္သြားသည္။ ေဆးခန္းတြင္ ေငြထုတ္သံုးခဲ့ရ၍ ေဒါသထြက္ေနခဲ့တာျဖစ္ၿပီး ယခုတြင္မူ ပိုဆိုးသြားေလ၏။ " က်န္႔အာ အေပၚတက္ၿပီး သြားၾကည့္ရေအာင္ ၊ ေကာင္းတာေတြအကုန္ သူတို႔ဘာသာပဲ ယူထားခိုင္းလို႔ မျဖစ္ဘူး ! "

ဟယ္က်န္႔လည္း မကန္႔ကြက္ဘဲ အေမျဖစ္သူေနာက္မွလိုက္ကာ စားေသာက္ဆိုင္ေရ႔ွသို႔ ေလ်ွာက္သြားလိုက္သည္။

" ေတာင္းပန္ပါတယ္ လူႀကီးမင္း ၊ လူျပည့္ေနတာမို႔လို႔ ေနာက္တစ္ႀကိမ္မွပဲ လာခဲ့ေပးပါ " ဆိုင္ထဲသို႔ပင္ ေျခမခ်ရေသးခင္မွာပဲ အထဲမွထြက္လာေသာ ဆိုင္ရွင္၏တားျမစ္ျခင္းကို ခံလိုက္ရေလသည္။

" ငါတို႔က လူလာရွာတာ ၊ အေပၚထပ္က ျပတင္းေပါက္ေဘးမွာ ထိုင္ေနတဲ့သူေတြက ငါတို႔နဲ႔အတူလာတာ ! " အေဒၚခ်န္က အေပၚထပ္ကိုၫႊန္ျပၿပီး ဆိုင္ထဲသို႔၀င္ရန္ ေျခလွမ္းျပင္ျပန္သည္။

" ဟိတ္ ဟိတ္ ဟိတ္ ... ဒီကဧည့္သည္ခင္ဗ် ကြၽန္ေတာ့္ကို မဟုတ္တာမေျပာပါနဲ႔ ၊ အဲ့စားပြဲမွာထိုင္ေနတာက ကြၽန္ေတာ္တို႔သခင္ေလးပါ ၊ သခင္ေလးက သူ႔ဧည့္သည္ေတြကို ဧည့္ခံေနတာပါ " စားပြဲထိုးေလးက ၀င္မည္ကို ထပ္တားသည္။

" သခင္ေလး ? " သည္လိုစားေသာက္ဆိုင္ႀကီးရဲ့ သခင္ေလးဆိုမွေတာ့ ဘယ္ေလာက္ေတာင္ ခ်မ္းသာလိုက္မလဲ ။ အဲ့လိုသာဆို သူမ ပိုၿပီးေတာင္ သြားေတြ့သင့္တယ္မဟုတ္ဘူးလား ။ ခ်ီယြဲ႔ထက္ေတာင္ ပိုေကာင္းတဲ့ ေရႊလိပ္လို သားမက္ျဖစ္လာမွာေလ ။ " ငါတို႔က သခင္ေလးရဲ့ ဧည့္သည္ဆိုတဲ့သူေတြနဲ႔သိတယ္ ၊ သူတို႔က ငါ့တူနဲ႔ သူ႔ေယာက္်ားပဲ ! "

" ကြၽန္ေတာ္ တကယ္စိတ္မေကာင္းပါဘူး ၊ ၀င္ခြင့္မျပဳႏိုင္ပါဘူး ! " ဆိုင္ရွင္မွာ တစ္လွမ္းေလးေတာင္ ေရ႔ွတိုးမခံႏိုင္ဘဲ ရပ္၍တားေနရသည္။ သူ႔ထမင္းခြက္ကို အေပ်ာက္မခံႏိုင္ေသးဘူး (အလုပ္မျပဳတ္ခ်င္ေသးဘူး) ။

" ဟဲ့ နင္တို႔ ... "

အေဒၚခ်န္က ရန္ေတြ့ေတာ့မည္ကို ဟယ္က်န္႔က ဆြဲတားလိုက္သည္။ " အေမ ဟယ္လင္းက အဲ့တစ္ေယာက္ကို ကြၽန္ေတာ္တို႔ မေကာင္းေၾကာင္းေတြ ေျပာထားတာမ်ားလားမသိဘူး "

ဟယ္က်န္႔စကားက မွန္သည္ဟု အေဒၚခ်န္လည္း ထင္သည္။ လက္ထပ္ပြဲေၾကာင့္ ဟယ္လင္းက သူမတို႔ကို အၿငႇိဳးထားကာ အျပင္လူမ်ားေရ႔ွတြင္ သူမတို႔အား အသေရဖ်က္ထားတာ ျဖစ္ေလာက္ေပသည္။ ေတြးေလ ေဒါသထြက္ေလ ျဖစ္လာသျဖင့္ အေဒၚခ်န္ အတင္းတိုး၀င္ေနရင္းျဖင့္ အေပၚထပ္ကို လွမ္းေအာ္လိုက္သည္။ " ဟယ္လင္း အခုခ်က္ခ်င္း ဆင္းလာခဲ့စမ္း ! နင့္အေဒၚနဲ႔ ၀မ္းကြဲက အငတ္ခံေနရတာကို နင္ကနင့္ဗိုက္ပဲ နင္ျဖည့္ေနရသလားဟဲ့ ! "

သူမ၏ ေအာ္ဟစ္လိုက္မႈေၾကာင့္ ခ်က္ခ်င္းလူအံုလာၿပီး ျပႆနာတက္ေနသည္ကို လာၾကည့္ၾကေတာ့သည္။

စစခ်င္းတြင္ ဟယ္က်န္႔မတားခဲ့ေသာ္လည္း က်န္လူမ်ား၏ ျပတ္လံုးၾကည့္ေနသလို အၾကည့္မ်ားေၾကာင့္ ရွက္လာမိသျဖင့္ အေဒၚခ်န္အား ျပန္ဆြဲလိုက္သည္။ " အေမ ဒီမွာလူေတြအမ်ားႀကီးပဲေနာ္ ! "

အေဒၚခ်န္က ျပန္ရုန္းသည္။ " ငါကေတာ့ အဲ့ဒီ့ေျမေခြးျဖဴေကာင္က ဘယ္လိုလူမ်ိဳးလဲဆိုတာကို အားလံုးသိသြားေအာင္ ျပခ်င္ေသးတယ္ ! "

လူမ်ားက တျဖည္းျဖည္းမ်ားလာသျဖင့္ အေမျဖစ္သူကိုလည္း တား၍မႏိုင္ေသာေၾကာင့္ ဟယ္က်န္႔ ပုခံုးတစ္သိမ့္သိမ့္တုန္ကာ မ်က္ႏွာငယ္ေလးျဖင့္ အားႏြဲ႔ေသာ အသံကိုသံုးကာ စကားဆိုလိုက္သည္။ " အေမ ၀မ္းကြဲက ကြၽန္ေတာ္တို႔ကို သေဘာမက်ဘူးေလ ၊ ဒါေၾကာင့္ သူ ပိုၿပိးစိတ္ဆိုးသြားေအာင္ ကြၽန္ေတာ္တို႔ မလုပ္သင့္ဘူးထင္တယ္ "

ဟယ္က်န္႔က အေပၚထပ္မွ ၀တ္ေကာင္းစားလွ ၀တ္ဆင္ထားၾကသူမ်ားႏွင့္ ယွဥ္ပါက သနားသမားမ်က္ႏွာေလးျဖင့္ ျဖစ္ေနသျဖင့္ ခ်က္ခ်င္းပင္ လူအမ်ားက ဟယ္လင္းတို႔ကို လက္ၫွိုးထိုး၍အျပစ္တင္ၾကေတာ့သည္။

ဟယ္လင္း စားခ်င္စိတ္မရွ္ိေတာ့သျဖင့္ တူမ်ားကို ခ်လိုက္ေတာ့သည္။

ခ်ီယြဲ႔က ဟယ္လင္းအား ပုခံုးမွဆြဲကာ ရင္ခြင္ထဲသို႔ သြင္းလိုက္ၿပီး ေအာက္ထပ္သို႔  စိမ္းကားေသာအၾကည့္မ်ားျဖင့္ ၾကည့္ေနသျဖင့္ အေတာ္ေလး ၾကက္သီးထဖြယ္ ျဖစ္လို႔ေနသည္။

က်န္းယြဲ႔ယန္က သူမေရ႔ွရိွ ေရႏြေးၾကမ္းခြက္ကိုကိုင္ကာ ထရပ္လိုက္ၿပီး ေအာက္ထပ္သို႔ ပက္ခ်လိုက္သျဖင့္ ခ်က္ခ်င္းပင္ ေအာ္သံထြက္လာေတာ့သည္။

ဟယ္လင္း ၀မ္းနည္းဖို႔ကိုပင္ ေမ့သြားသည္အထိ က်န္းယြဲ႔ယန္အား အံ့ၾသတႀကီး ၾကည့္လိုက္မိသည္ ။

က်န္းယြဲ႔ယန္က ျပတင္းေပါက္ေဘာင္ေပၚ၌ လက္ေထာက္ကာ စကားကို ျဖည္းျဖည္းခ်င္းဆြဲ၍ ေျပာေနေလသည္။ " အဲ့ဒီ့ကအေဒၚႀကီးကို ေတာင္းပန္ပါတယ္ေနာ္ ဒီသခင္မေလးက ေနသိပ္မေကာင္းေတာ့ လက္မခိုင္ဘူးျဖစ္သြားတာ ေရႏြေးပူေတြ စင္သြားေသးလားဟင္ "

ေခါင္းေပၚမွေန ေရႏြေးျဖင့္အေလာင္းခံလိုက္ရေသာ အေဒၚခ်န္မွာ အလြန္ေဒါသထြက္ေနေလ၏။ ထို႔ေနာက္  မ်က္ႏွာေပၚမွ ေရႏြေးမ်ားကို ၀တ္ရံုလက္ျဖင့္သုတ္လိုက္ၿပီး က်န္းယြဲ႔ယန္အား လက္ၫွိုးေငါက္ေငါက္ထိုးကာ ရန္ေတြ့ေတာ့သည္။ "'နင္က င့ါကို ေရႏြေးနဲ႔ ဘယ္လိုေတာင္ပက္ရဲတာလဲ ေကာင္မစုတ္ေလးရဲ့ ! "

" ပက္ေတာ့ေရာ ဘာျဖစ္လဲ ၊ ယံုခ်င္ယံု မယံုခ်င္ေန ရိုက္လည္းရိုက္ရဲေသးတယ္ ! " ဟုဆိုကာ က်န္းယြဲ႔ယန္က ေရႏြေးခြက္အား လက္မွလႊတ္ခ်လိုက္သျဖင့္ အေဒၚ ခ်န္၏ေျခေထာက္နားတြင္ က်ကြဲသြားေသာေၾကာင့္ အေဒၚခ်န္မွာ လန္႔ကာထေအာ္ၿပီး ေနာက္ဆုတ္သြားေတာ့သည္။

" နင္ ... နင္ ... " အေဒၚခ်န္မွာ လက္ၫွိုးတစ္ထိုးထိုး ျဖစ္ေနေသာ္လည္း ဘာမျွပန္မေျပာႏိုင္ ျဖစ္လို႔ေနသည္။။

" ကြၽန္မေျပာေနတယ္ေနာ္ အေဒၚႀကီး ၊ ဒီၿမိဳ႔ထဲမွာ ကြၽန္မလို က်န္းမိသားစုက သခင္မေလးတစ္ေယာက္ကို လက္ၫွိုးထိုးၿပီး က်ိန္ဆဲရဲတဲ့သူ ဘယ္သူမွမရိွဘူး ၊ ရွင္က ပထမဆံုးပဲဆိုေတာ့ ကြၽန္မ ေသခ်ာေပါက္ မွတ္ထားလိုက္ၿပီေနာ္ အေဒၚႀကီး !  " က်န္းယြဲ႔ယန္က လက္ပိုက္ကာ ေမာက္ေမာက္မာမာပင္ရပ္ေနေလ၏။

အေပ်ာ္ရပ္ၾကည့္ေနၾကသူမ်ားမွာ က်န္းယြဲ႔ယန္၏နာမည္ကို ၾကားသည္ႏွင့္ အလ်ိႈလ်ိႈေခါင္းငံု႔ကာ ထြက္သြားၾကေတာ့သည္။ သူတို႔ေတြက ဘယ္လိုလုပ္ၿပီး က်န္းမိသားစုက ျပႆနာထဲကို ၀င္ပါရဲမွာလဲ ။

ထိုအခါမွသာ သခင္ေလးဆိုသူႏွင့္ တြဲထိုင္ေနေသာ ထိုေကာင္မေလးကလည္း သာမန္လူမျဖစ္ႏိုင္ဘူးဆိုသည္ကို အေဒၚခ်န္ သေဘာေပါက္သြားေတာ့သည္ ။ ေဘးမွလူမ်ား တံု႔ျပန္သည့္ပံုအရ ထိုအေတြးမွန္ေနၿပီဆိုသည္က အေသအခ်ာပင္ ။ ယခုတြင္မူ အေဒၚခ်န္မွာ ေၾကာက္လန္႔သြားၿပီး မ်က္ႏွာႀကီးျဖဴလာေတာ့သည္။

ဟယ္က်န္႔မွာ ေဒါသထြက္လြန္းလို႔ အူေတြနာေနၿပီျဖစ္သည္ ။ သူ႔အေမကို ေစာေစာမတားလိုက္မိလို႔ ေနာက္တစ္ေယာက္ကို သြားေစာ္ကားမိသြားျပန္ၿပီ !

" ရွင္က ကြၽန္မ ေန့လယ္စာစားေနတာကို လာေနွာင့္ယွက္ေနတာပဲ ၊ ထြက္သြားစမ္းပါ ! " က်န္းယြဲ႔ယန္က ယင္ေကာင္တစ္ေကာင္ကို ႏွင္ထုတ္ေနသလို မတူမတန္ေျပာေနေလသည္။

ဟယ္က်န္႔လည္း အေမျဖစ္သူကိုတြဲကာ ထြက္သြားဖို႔ျပင္လိုက္ရေတာ့သည္။ ထြက္မသြားေသးခင္တြင္လည္း အေပၚထပ္မွ  ဟယ္လင္းအား နားက်ည္းခ်က္မ်ားျဖင့္ ၾကည့္ခဲ့ဖို႔ကို ေမ့မသြားေပ ။ ဒီေန့ သူႀကံဳခဲ့ရတဲ့ အရွက္ကြဲမႈကို ဟယ္လင္းအလွည့္ၾကရင္ ႏွစ္ဆခံရေအာင္ ျပန္လုပ္ျပမယ္ !

က်န္းယြဲ႔ယန္က အားရပါးရ အာဏာျပၿပီးသြားၿပီျဖစ္၍ ဂုဏ္ယူစြာျပန္လွည့္လိုက္ေသာ္လည္း ဟယ္လင္းကသူမအား မယံုႏိုင္သလို ေငးၾကည့္ေနသျဖင့္ ရွက္သြားမိသည္ ။ ရွက္ဖို႔ေကာင္းလိုက္တာ !

ထိုသို႔ေသာျမင္ကြင္းမ်ိဳးကို ပထမဆံုးျမင္ဖူးတာျဖစ္၍  ဟယ္လင္းက တစ္အံ့တစ္ၾသျဖစ္ေနေလသည္။

" မင္းရဲ့ အတင့္ရဲၿပီးေမာက္မာတာက ေကာင္းတဲ့အခ်က္ဆိုတာကို ဒီအစ္ကိုႀကီးကေတာ့ ဒီေန့မွ ပထမဆံုး ေတြးဖူးတာပဲ " က်န္းယြဲ႔ဖုန္းက ယပ္ေတာင္ကိုျဖန္႔ကာ ယပ္ခတ္ေနရင္း က်န္းယြဲ႔ယန္ကို ခ်ီးက်ူးသည္။

" ဟြန္႔ အဲ့လိုလူေတြနဲ႔ ရင္ဆိုင္ဖို႔ဆိုရင္ ၾကမ္းေပးမွရတာ ! " အသစ္ျဖည့္ေပးထားေသာ ေရႏြေးခြက္ကိုယူကာ က်န္းယြဲ႔ယန္ တစ္ငံုႀကီးႀကီး ငံုလိုက္မိသည္ ။ ေအာ္လိုက္ရသျဖင့္ လည္ေခ်ာင္းနာေနသည္ကိုး ။

က်န္းယြဲ႔ဖုန္း ေရ႔ွမွႏွစ္ေယာက္အား လက္ႏွစ္ဖက္ကိုယွက္၍ ေတာင္းပန္လိုက္သည္။ " အျခားလူကိစၥထဲ ၀င္ပါတယ္ဆိုၿပီး ကြၽန္ေတာ့္ညီမေလးကို အျပစ္မတင္ပါနဲ႔ေနာ္ "

" မဟုတ္ပါဘူး ကြၽန္ေတာ္တို႔ကသာ ေက်းဇူးတင္သင့္တာပါ " ခ်ီယြဲ႔ ခပ္ဖြဖြၿပံဳးျပလိုက္ၿပီး ေခါင္းငံု႔ကာ ညာလက္ကိုၾကည့္လိုက္မိသည္။ သူ႔အၾကည့္မ်ာထဲ၌ ေအးစက္ျခင္း အရိွန္အဝါမ်ား အျပည့္ျဖစ္လို႔ေနသည္။ " ကံေကာင္းသြားတယ္ပဲ မွတ္ထားလိုက္ၾကၪီးေပါ့ ! "

စားေသာက္ၿပီးေနာက္တြင္ ဟယ္လင္းအား ပစၥည္းအခ်ိဳ႕၀ယ္ေပးရန္ ေခၚသြားခ်င္ေသးသျဖင့္ ခ်ီယြဲ႔ က်န္းေမာင္ႏွမအား ႏႈတ္ဆက္လိုက္သည္။

" ဟယ္လင္းေကာေကာ ေနာက္ၾကရင္ ကုေရႊ့ရြာမွာ ေကာေကာကို လာေတြ့လို႔ရမလားဟင္ " ထိုႏွစ္ေယာက္က ျပန္ေတာ့မည္ကို သိသည့္အခါ က်န္းယြဲ႔ယန္က ဟယ္လင္း၏၀တ္ရံုလက္ကို လွမ္းဆြဲ၍ေမးသည္။

သူ႔ကိုလာဆြဲသျဖင့္ ဟယ္လင္း အံ့ၾသသြားမိျပန္သည္။ မိန္းကေလးမ်ားႏွင့္ ေကာေယာက္်ားေလးမ်ားက သူ႔အား တစ္ရင္းတစ္ႏွီး ဆက္ဆံလိုၾကျခင္းကရွားသည္ ။ ရွင္းမျပတတ္ေသာ္လည္း အမ်ားစုက သူ႔အား သေဘာမက်ၾကေပ ။ သူႏွင့္ ရင္းႏွီးလိုသူအား ပထမဆံုးေတြ့ဖူးတာျဖစ္၍ ဟယ္လင္း ခ်ီယြဲ႔ကို ေမာ့ၾကည့္လိုက္မိသည္။

ဟယ္လင္း၏အၾကည့္ကို နားလည္ေနသျဖင့္ ခ်ီယြဲ႔ ေခါင္းညိတ္ျပလိုက္သည္။ ဟယ္လင္းကိုလည္း သူငယ္ခ်င္းမ်ားထားၿပီး ပို၍ပြင့္လင္းလာေစခ်င္သည္။ က်န္းမိန္းကေလးက အလိုလိုက္ခံထားရၿပီး တစ္ခါတစ္ရံ ရက္စက္တတ္သူျဖစ္ေသာ္လည္း မေကာင္းသူမဟုတ္သျဖင့္ ဟယ္လင္းႏွင့္ အဆင္ေျပေလာက္ေပသည္။

ခ်ီယြဲ႔ထံမွ အတည္ျပဳခ်က္ကို ရသည့္အခါတြင္ ဟယ္လင္း က်န္းယြဲ႔ယန္အား ၿပံဳးျပလိုက္သည္။ " ရြာကေခါင္တာကိုသာ စိတ္ထဲမထားဘူးဆိုရင္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ လာခဲ့ပါ "

ထိုအခါမွ က်န္းယြဲ႔ယန္က သူ႔လက္ကိုလႊတ္ေပးကာ " ဒါဆိုရင္ ကတိေနာ္ " ဟုဆိုသည္။

*******

Ga verder met lezen

Dit interesseert je vast

76.9K 5K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
119K 14.3K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
31.7K 4.2K 38
BL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်...
43.2K 6.3K 28
Original Title - 我不爱你了 Author - 决绝 (Juè Juè) Genres - Drama, Romance, Revenge, Yaoi Status in COO - 100 chapters I do not own any of this novel. This...