Devil Venerable Also Wants To...

By m_velvetblue

63.3K 7.7K 644

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ

1K 147 9
By m_velvetblue

"အရှင်"ဟုခေါ်၍ရှူယန့်ယန့်ဟာ
ကျုန်းလီခွမ်၏အခြေတည်စဝိဉာဉ်အား
ဝမ်ရန်အယ်ထံသို့ လက်နှစ်ဖက်ဖြင့်
ဆက်သလိုက်၏။

"မင်းယူလိုက်"ဟု ရှူယန့်ယန့်ဘက်သို့
တစ်ချက်သော်မျှစောင်းငဲ့မကြည့်ဘဲ
ဝမ်ရန်အယ်ပြောလိုက်သည်။
"ပြီးရင် အဝတ်အစားဝတ်လိုက်ဦး။"

ရှူယန့်ယန့်၏ ရက်စက်မှုကို
သူ လျော့တွက်မိခဲ့သည်။
အနည်းဆုံးတော့အဝတ်အစားဝတ်ပြီးမှ
ကျုန်းလီခွမ်ကိုတိုက်ခိုက်မည်ဟု
ထင်ထားခဲ့သော်ငြား စောင်အပါး
တစ်ထည်သာ ပတ်ပြီးချက်ချင်း
တိုက်ခိုက်ခဲ့သည်။ကျုန်းလီခွမ်မပြောနှင့်။
အမိန့်ပေးသူ ဝမ်ရန်အယ်တောင်မှ
အံ့ဩသွားခဲ့ရသည်။

ကျုန်းလီခွမ်ဟာလည်း ဆုံးဖြတ်ချက်ပြတ်သားသူပင်။ရှူယန့်ယန့်၏ မတုံ့မဆိုင်း တိုက်ခိုက်ခြင်းကိုခံရသည်နှင့် ချက်ချင်း
ခန္ဓာကိုယ်နှင့်အခြေတည်စဝိဉာဉ်ကို
စွန့်ပစ်ခဲ့ပြီး စိတ်ဝိဉာဉ်ဖြင့်ထွက်ပြေးရန်
ကြိုးစားတော့သည်။သို့သော်ငြား
သူ့အနားရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ဟာ ဖြစ်နိုင်ခြေအားလုံးကို
ကြိုတင်တွက်ဆပြီးသားပင်။
ချက်ချင်းဓားဆွဲခုတ်ပြီး ထွက်ပြေးဖို့
ကြိုးစားနေသည့် စိတ်ဝိဉာဉ်ကို
တားဆီးလိုက်လေ၏။
(အခြေတည်စဝိဉာဉ်က ကျင့်ကြံမှရလာတာ။
စိတ်ဝိဉာဉ်ကျတော့ လူတိုင်းမှာရှိတာ။
ကိုယ်တွေမှာလည်းရှိတယ်လေ။)

"မင်းတို့က ဘယ်သူတွေလဲ။ငါ့ကိုသတ်ရင်
ကျုန်းလီကလန်ကငြိမ်နေမှာမဟုတ်ဘူး။"
ဟုကျုန်းလီခွမ်၏ဝိဉာဉ်ဟာ
အထစ်ထစ်အငေါ့ငေါ့ဖြင့်
ခြိမ်းခြောက်လာ၏။

"တကယ်ကြီးလား။ကျုန်းလီကလန်က
ကျုန်းလီချန်းအကျိုးအတွက်ဆို
ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းကိုဂရုမစိုက်ဘဲ စွန့်လွှတ်ပစ်လိုက်မှာမျိုးကို
စိုးရိမ်နေတာမဟုတ်ဘူးလား။"
ဟုဝမ်ရန်အယ်ပြောလိုက်၏။

သူ၏အကြောက်ရဆုံးအတွေးကို
အခြားသူတစ်ယောက်က
ပြောဆိုလိုက်သောအခါ ကျုန်းလီခွမ်၏
စိတ်ဝိဉာဉ်တုန်လှုပ်သွား၏။လူတွေသာ
လိမ်ညာနိုင်သော်ငြား စိတ်ဝိဉာဉ်တွေကတော့မလိမ်ညာနိုင်ပေ။ထို့ကြောင့်
သူ့ခန့်မှန်းမှုမှန်‌ကြောင်း ဝမ်ရန်အယ်
သိသွား၏။

သူတို့စကားပြောနေချိန်၌ ရှုယန့်ယန့်
အဝတ်အစားဝတ်ပြီးသွားသောအခါ
ကျက်သရေအပြည့်ဖြင့် အိပ်ယာပေါ်မှ
ဆင်းလာ၏။စိတ်ဝိဉာဥ်ကင်းမဲ့‌နေသည့်
ကျုန်းလီခွမ်ခန္ဓာကိုယ်ကိုသာ
မကိုင်ထားပါကပန်းချီကားချပ်တစ်ချပ်ကဲ့သို့ လှပတင့်တယ်နေမှာပင်။

စွန်ရဲခြေချောင်းများဖြင့်သား‌ကောင်ကို
သုတ်ထားသကဲ့သို့ကျုန်းလီခွမ်၏
ဦးခေါင်းကို လက်ချောင်းများဖြင့်
ကုတ်ဆွဲထားပြီးကြမ်းပြင်ပေါ်သို့
ဆွဲချလာ၏။နွေးထွေးနူးညံ့လှသည့်
အပြုံးတစ်စုံဖြင့် သူဟာ
အဆိပ်ပြင်းပြင်း မိန်းမလှတစ်ဦး၏ပုံရိပ်ကို
အပြည့်အဝဖော်ဆောင်နေ၏။

"အရှင် ဒီရက်ပိုင်းတွေမှာ ကျွန်မ
ကျုန်းလီခွမ်ဆီကသတင်းအချို့
ရထားပါတယ်။ကျွန်မ ကျုန်းလီချန်း
ကောင်းကြောင်းပြောတိုင်း
ကျုန်းလီချန်းက လူကောင်းယောင်ဆောင်ထားသူဖြစ်ကြောင်း၊အင်အားတောင့်ဖို့ပဲဦးစားပေးပြီး မိသားစုအခွဲကသူတွေနဲ့
သူ့လိုမျိုး တရားမဝင်သား၊သမီးတွေကို
အရေးမစိုက်ကြောင်းပြောပါတယ်။
အရှင်ထင်ထားသလိုပဲ သူက
ကျုန်းလီချန်းကိုအရမ်းမုန်းနေတာပါ။"

"မင်း မကောင်းတဲ့မိန်းမ"
ကျုန်းလီခွမ်၏စိတ်ဝိဉာဉ်ဟာ
အမုန်းတရားဖြင့်ပြည့်နှက်လာ၏။
အမုန်းတရားများဟာ
အနက်ရောင်အခိုးအ‌ငွေ့များအဖြစ်
ပြောင်းလဲလာသည်။

ရှူယန့်ယန့်ပြုံးလိုက်သည်။
"ငါကဖြားယောင်းတတ်တဲ့
မကောင်းတဲ့မိန်းမဖြစ်တော့ကော ဘာဖြစ်လဲ။
ငါ့လိုဖြားယောင်းတတ်တဲ့မိန်းမမှာ
စံနှုန်းမရှိဘူးလို့နင်ထင်နေတာလား။
ငါ့မျက်လုံးက ကျုန်းလီချန်းဆီမှာပဲရှိတာ
နင့်ဆီမှာမရှိဘူး။နင်က ကိုယ့်ကိုကိုယ်
တော်တော့်ကိုအထင်ကြီးနေတဲ့အရှုံးသမားပဲ။
နင့်ရဲ့အခြေတည်စဝိဉာဉ်ကိုတောင်
ငါစုပ်ယူချင်စိတ်မရှိဘူး။ဒါကို
နတ်ဆေးအဖြစ်သန့်စင်ပြီး
ငါ့ငယ်သားတွေကိုဆုပေးရင်တောင်မှ
ငါစကားချိုချိုလေးတွေ ကြားရ‌ဦးမှာ။"

"ကာကွယ်သူရှူမှာ ငယ်သားတွေ
မရှိတော့ဘူးတာကို ဒီအရှင်
သတိရသွားသလိုပဲ။"ဟု
ဝမ်ရန်အယ်ပြောလိုက်ပြီး ရှူယန့်ယန့်ကို
တစ်ချက်စောင်းကြည့်လိုက်သည်။

ရှူယန့်ယန့်မျက်နှာပျက်သွားပြီး
ဘာကိုမှ ဂရုမစိုက်သည့်သူ့အမူအယာလည်းပျက်ယွင်းသွား၏။နာခံမှုအပြည့်ဖြင့်
"ချွမ်းယွမ်ဂိုဏ်းတစ်ခုလုံးက အရှင့်အပိုင်ပါ။
ဒီငယ်သားက အရှင့်ရဲ့ရှေ့ပြေးပါပဲ။ကျွန်မ
အို့ နင်ဘာလို့ငါ့ကိုကန်တာလဲ။"

"ရှေ့ပြေးဆိုသည့်စကားကြားရသည့်အခါ
ယင်ဟန်ကျန်းမနေနိုင်တော့ဘဲ
ရှူယန့်ယန့်ဒူးခေါင်းကိုကန်လိုက်မိသည်။

"မင်းကဒီအရှင့်ရဲ့ ရှေ့ပြေးမဟုတ်ဘူး။
လက်ယာကာကွယ်စောင့်ရှောက်သူပဲ။ "

ယင်ဟန်ကျန်းခြေထောက်ကို
ပြန်ဆုတ်လိုက်ပြီး ရှူယန့်ယန့်အား
ခေါင်းငြိမ့်ပြ၏။

ရှူယန့်ယန့် : ...

အမှန်တရားဂိုဏ်းများမှကျွမ်းကျင်သူ ၂၁ယောက်နှင့်ယှဉ်တိုက်သည့်တိုက်ပွဲ၌
ဝမ်ရန်အယ်အသက်ရှင်မယ်မှန်းသိခဲ့ပါက
ချိုးဟုန်ရွှယ်ကို စိတ်မပူဘဲ
ဒဏ်ရာအပြင်းအထန်ရနေသော
ဝမ်ရန်အယ်နောက်သို့ လိုက်သွားခဲ့မှာပင်။

ယခုမှတော့ ဘာမှမတတ်နိုင်တော့ချေ။
မှားယွင်းတွက်ဆမိခဲ့တာပင်။
ယခုတော့ သူဟာဝမ်ရန်အယ်
ကြိုက်သလိုလုပ်နိုင်သည့် စဉ်းနီတုံးပေါ်မှ
ငါးတစ်ကောင်ဖြစ်နေချေပြီ။

အမြဲအဆင်‌ပြေအောင်နေတတ်သော
လက်ယာကာကွယ်သူဟာ
"အရှင် ကျွန်မအခုချက်ချင်းပဲ
ကျူန်းလီခွမ်ခန္ဓာကိုယ်ကိုရုပ်သေးရုပ်အဖြစ်
ပြောင်းလိုက်ပါ့မယ်။"ဟုပြောလိုက်၏။

"မလုပ်နဲ့။"ကျုန်းလီခွမ်၏စိတ်ဝိဉာဉ်
အော်တားလိုက်သည်။"မင်း မင်းတို့
ကျုန်းလီချန်းကိုလိုချင်တာမလား။
ငါသူ့ကိုအရမ်းမုန်းတာ။သူသေသွားတာကို ငါမြင်ချင်တယ်။ငါ့ခန္ဓာကိုယ်ကို
ပြန်ပေးမယ်ဆိုရင်ငါသူ့ကိုညာခေါ်ပေးမယ်။သူ့ကိုဘာလုပ်လုပ်ငါဂရုမစိုက်ဘူး။"

အခြေတည်စဝိဉာဉ်မရှိတော့လျှင်တောင်မှ
ပြန်ကောင်းသွားအောင် သောက်ရမည့်
နတ်ဆေးအမျိုးအစားရှိသည်။
ခန္ဓာကိုယ်ကိုသာ ရုပ်သေးရုပ်
ပြောင်းခံလိုက်ရပါက တစ္ဆေကျင့်ကြံသူ
ဖြစ်သွားပေလိမ့်မည်။

"မင်းက အတူတူပဲ။"
ဟုဝမ်ရမ်အယ်ပြောလိုက်သည်။

ပျက်သုဉ်းခြင်းနတ်ဘုရားစာစဉ်ထဲမှာလည်း
ကျုန်းလီခွမ်ဟာ ထိုကဲ့သို့လူစားမျိုးပင်။
ဟယ့်ဝမ်းချောင်ရှေ့၌ ကျုန်းလီချန်းအပေါ်
ရှိသည့် အမုန်းကို မဖုံးကွယ်ပေ။
ကျုန်းလီချန်းကို အသေသတ်၍
ကျူန်းလီကလန်ကို သူဦးဆောင်မည်ဖြစ်‌ကြောင်းကိုလည်း ပြောကြားလေ့ရှိသည်။
အစကဟယ့်ဝမ်းချောင်ဟာ
သူ့ဂိုဏ်းတူညီမလေးကိုခိုးယူသွားတာကြောင့်
ကျုန်းလီချန်းကို မုန်းတီးတာပင်။
ကျုန်းလီခွမ်နှင့်ပူးပေါင်းပြီးချိန်မှာတော့
ကျုန်းလီချန်းကဲ့သို့ အလိုလိုက်ခံရသော
ချမ်းသာသောသခင်လေးအားလုံးဟာ
အမှိုက်ကောင်များနှင့် မိန်းမလိုက်စားသူများသာဖြစ်သည်ဟု ယုံကြည်သွား၏။
ဤသို့ဖြင့်ငယ်ငယ်က သူ့ကို
အနိုင်ကျင့်ခဲ့သောသခင်လေးများအပေါ်
ရှိခဲ့သည့် အမုန်းတရားများဟာ
ကျုန်းလီချန်းအပေါ်ရောက်ရှိသွားခဲ့၏။

ကျုန်းလီခွမ် ကျုန်းလီချန်းကို
အကောက်ကြံရာတွင် ဟယ့်ဝမ်းချောင်နှင့် သူ၏လျှို့ဝှက်‌သောဆရာသခင်တို့ပါ
ကူညီပေးကြခြင်း‌ကြောင့် ကျုန်းလီချန်း၏
ဂုဏ်သရေနှင့် အင်အားတို့
ပျက်စီးသွားခဲ့ရသည်။နာမည်ကောင်းကို
ခိုးယူရရှိသွားသောကျုန်းလီခွမ်ဟာ နောက်ဆုံးမှာတော့ ကျုန်းလီချန်းကို
သတ်ပစ်ခဲ့သည်။

ထိုကိစ္စရပ်များဟာ နာကျင်ရသောအချစ်
ဝတ္ထုမှာမပါဝင်ပေ။ပိုင်လီချင်းမြောင်
သူ၏ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီး
ဂိုဏ်းတူအစ်ကိုနှင့်ပဲ ဆက်နေမည်ဟု
ပြောပြီးကတည်းက ကျုန်းလီချန်း
မပေါ်လာတော့ပေ။ကျုန်းလီချန်းဟာ
တကယ့်ဂုဏ်သရေရှိလူကြီးလူကောင်းပင်။မိုးမခငါးစံအိမ်တော်သို့ ဒုက္ခကြုံလျှင်
အချိန်မရွေးလာနိုင်ပါကြောင်းပြောကြားပြီး
တိတ်တဆိတ်ထွက်သွားခဲ့သည်။
ပိုင်လီချင်းမြောင်ကိုစွန့်လွှတ်လိုက်သော်ငြား
ဟယ့်ဝမ်းချောင်နှင့် ကျုန်းလီခွမ်တို့၏
ပူးပေါင်းသတ်ဖြတ်ခြင်းကို
ခံရအုန်းမည်ဟု ‌တော့ မည်သူမှ
မထင်ထားခဲ့ပေ။

စိတ်ဝင်စားစရာကောင်းသည်က
နာကျင်ရသောဝတ္ထု၏မှတ်ချက်များတွင်
ကျုန်းလီချန်းအကြောင်းပြောထားသည့်မှတ်ချက်အများစု၌

[ငိုနေမိပြီ။ကျုန်းလီချန်းက
ကောင်းလိုက်တာ။တကယ့်ကို
လူကြီးလူကောင်းပဲ။ဇာတ်လိုက်ကို
လေးစားသလို ကာကွယ်လည်းပေးတယ်။
ဘဝတစ်ခုလုံးကိုလည်း
နှစ်ယောက်အတူတူကုန်ဆုံးချင်တာ။
ပိုင်လီချင်းမြောင် ဟယ့်ဝမ်းချောင်ကို
ရွေးလိုက်တော့လည်း
ထွက်သွားခွင့်ပေးလိုက်ပြီး
အချိန်မရွေးပြန်လာနိုင်ပါကြောင်းလည်း
ပြောသေးတယ်။
'ငါကျုန်းလီချန်းကို အရမ်းချစ်တာပဲ။']

[ပိုင်လီချင်းမြောင်က မျက်လုံးကို
သုံးဖို့ စိတ်ကူးမရှိရင်လည်း
လိုတဲ့သူကိုလှူလိုက်လေနော်။
အဲ့မျက်လုံးတောက်တောက်တွေကို
အလကားမဖြစ်စေနဲ့။ဝမ်ရန်အယ်၊
ကျုန်းလီချန်း၊ယင်ဟန်ကျန်းတို့ကို
သူ့ရဲ့တောက်ပ‌နေတဲ့ မျက်လုံးနဲ့
ကြည့်တာဆို။တောက်ပနေတယ်
ဆိုတဲ့စကားလုံးမြင်တိုင်း
ငါဒေါသထွက်ထွက်လာတယ်။]

[ယင်ဟန်ကျန်းကိုမထည့်ပါနဲ့။
သူ့ကိုမလိုချင်ဘူး။]

[ဘယ်သူမှ ယင်ဟန်ကျန်းကိုမလိုချင်ဘူးလား။ငါကတော့ အဲ့လိုဆိုက်ကိုဆန်ဆန် ကောင်လေးမျိုးကို မိုက်တယ်လို့ထင်တာပဲ။]

[ဒီလို ပုံစံမတူဘဲအားသာချက်ကိုယ်စီရှိတဲ့အမိုက်စား ကျုန်းလီချန်းနဲ့ဝမ်ရန်အယ်တို့
မျက်စိရှေ့ ရှိနေတာတောင်မှ
ဟယ့်ဝမ်းချောင်လိုကောင်မျိုးကိုရွေးတယ်။
ပိုင်လီချင်းမြောင်ဆိုတဲ့ဟာမ
တကယ်ကန်းနေတာပဲ။သူ့ခန္ဓာကိုယ်
တစ်ခုလုံးကို လှူဒါန်းလိုက်သင့်တယ်။
အနည်းဆုံးတော့ ဟယ့်ဝမ်းချောင်
နှိပ်စက်ခံရပြီးသေသွားရင်
သူ့အင်္ဂါအစိတ်အပိုင်းတွေ
လိုအပ်တဲ့သူတွေဆီရောက်သွားတာပေါ့။]

ပျက်သုဉ်းခြင်းနတ်ဘုရားဝတ္ထုထဲတွင်
ကျုန်းလီချန်းအကြောင်းရေးထားသည့်
မှတ်ချက်များကတော့ တခြားစီပင်။

[ဇာတ်လိုက်ရဲ့ကောင်မလေးကို
ခိုးတဲ့အတွက် သူသေသင့်တယ်။]

[ကျုန်းလီချန်းကရွံဖို့ကောင်းလိုက်တာ။
'ငါကမင်းကို ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုရင်
မင်းကိုစွန့်လွှတ်လိုက်မယ်။'
အခြားလူရဲ့ကောင်မလေးကိုခိုးပြီး
ဘာလို့သူတော်ကောင်းယောင်ဆောင်
နေတာလဲ။ကမ္ဘာပေါ်က မိန်းမအားလုံးက
အစ်ကိုချောင့်မိန်းမတွေပဲဆိုတာ
မင်းနားမလည်ဘူးလား။"]

[ဟုတ်ပြီကွ။ အစ်ကိုချောင်နောက်ဆုံးတော့
ကျုန်းလီချန်းကိုသတ်ပစ်လိုက်ပြီ။]

[ဂိုဏ်းတူညီမလေးက ဆိုးလွန်းတယ်။
သူ့မိန်းမတွေအားလုံးထဲမှာ အစ်ကိုချောင်က
သူ့ဂိုဏ်းတူညီမလေးကိုအချစ်ဆုံးပဲ။
သူအန္တရာယ်တွေကြုံရတာကလည်း
ဂိုဏ်းတူညီမလေးကြောင့်ချည်းပဲ။
အဲ့တာတောင်မှ ဂိုဏ်းတူညီမလေးက
သစ္စာမရှိဘူး။အခွင့်အရေးရတိုင်း
အခြားယောကျာ်း‌တွေနောက်
လိုက်သွားတာချည်းပဲ။လုချင်းယဲ့ကိုတောင်မှ
တိုက်ခိုက်လိုက်သေးတယ်။လုချင်းယဲ့က
ချစ်ဖို့ကောင်းလွန်းတယ်။အစ်ကိုချောင်တစ်ယောက်တည်းကိုပဲကြည့်တာ။
အစ်ကိုချောင်ကိုကယ်ဖို့အတွက်
ခန္ဓာကိုယ်ကော၊ရွှေအမြူတေကိုကော
ပေးအပ်ခဲ့တာ။သူကမှ တကယ့်
မိန်းမကောင်းလေး။အစ်ကိုချောင်က
လုချင်းယဲ့ကိုကျ ဘေးထိုးထားပြီး
အခြားယောကျာ်းတွေနောက်
လိုက်သွားတတ်တဲ့ အဲ့ဂိုဏ်းတူညီမလေးကိုပဲကယ်ဖို့ လုပ်နေတယ်။အဲ့ဂိုဏ်းတူညီမလေးလိုမိန်းမမျိုးက မုန်းစရာပဲ။]

[ပိုင်လီချင်းမြောင်က အစ်ကိုချောင်
'ကျုန်းလီချန်းကကျွန်မအပေါ်ကောင်းတယ်။'
'ဝမ်ရန်အယ်ကလည်း နတ်ဆိုးအရှင်
ဖြစ်နေပေမဲ့ စကား‌တွေ၊လုပ်ရပ်တွေက
ဖြောင့်မတ်ပါတယ်။လေးစားစရာယောကျာ်း
တစ်‌ယောက်ပါပဲ။'ဆိုပြီး‌ဘယ်လိုကြောင့်
ပြောရဲရတာလဲ။အန်တောင်အန်ချင်လာပြီ။]

[စာရေးဆရာ ဒါကိုဖတ်မိလား။ဖတ်မိရင်
အဲ့လိုပြောင်းလဲလွယ်တဲ့မိန်းမမျိုးကို
အစ်ကိုချောင့်ကိုမပေးပါနဲ့။သူ့လိုမိန်းမမျိုးက
ခရမ်းရင့်ရောင်စံအိမ်တော်သခင်မအတွက်
ဖယောင်းတိုင်ကိုင်ပေးရတဲ့အဆင့်မျိုး
ဖြစ်ဖို့တောင်မထိုက်တန်ဘူး။]

ပျက်သုဉ်းခြင်းနတ်ဘုရားစာအုပ်ကို
ဖွက်ထားရန် လုပ်နိုင်သမျှအကုန်လုပ်ဖို့
ဝမ်ရန်အယ်ဆုံးဖြတ်လိုက်သည်။
ယင်ဟန်ကျန်းသာဖတ်မိပါက
ဒေါသကြောင့် ချီဖောက်ပြန်သွားနိုင်သည်။

ကျုန်းလီခွမ်စိတ်ဝိဉာဉ်ဟာလေထဲတွင်
ဒူးထောက်ပြီး ချမ်းသာပေးပါရန်
တောင်းဆိုနေသည်။

ဝမ်ရန်အယ်ပြုံးလိုက်ပြီး
"ရုပ်သေးရုပ်ပြောင်းလိုက်။"
ဟုရှူယန့်ယန့်အားအမိန့်ပေးလိုက်သည်။

"ကျွန်မလုပ်နေပါပြီ။"ဟုစိတ်ဝိဉာဉ်ကို
ငဲ့ကြည့်လိုက်ပြီးရှူယန့်ယန့်
ဖြေကြားလိုက်သည်။ခန္ဓာကိုယ်ကို
ရုပ်သေးအဖြစ်ပြောင်းရန် မန္တန်
ရွတ်ဆိုလိုက်၏။"သူ့စိတ်ဝိဉာဉ်ကိုကော
ဘာလုပ်သင့်လဲ။အာ ချိုးဟုန်ရွှယ်သာ
ရှိလို့ကတော့ နှလုံးစားတစ္ဆေမိခင်
နည်းစဉ်အတွက်ပေးရမှာပဲ။"

ချိုးဟုန်ရွှယ် ရှန့်ချင်းဂိုဏ်းသို့
သူလျှိုအဖြစ်ရောက်နေကြောင်း
ဝမ်ရန်အယ်မဖော်ထုတ်ရသေးပေ။
ထို့ကြောင့် ရှူယန့်ယန့်ဟာ ချိုးဟုန်ရွှယ်
ပညာရှိဥဒေါင်းဘုရင်အောက်
သေဆုံးသွားပြီဟုထင်နေသည်။
ချိုးဟုန်ရွှယ်အကြောင်းပြောချိန်
မျက်နှာနည်းနည်းပျက်သွား၏။

"သူ့ရဲ့earthlyဝိဉာဉ်တစ်ခုကို
အဆောင်အဖြစ်ပြောင်းပြီး
ကျုန်းလီချန်းဆီပို့လိုက်။တောင်ကနေ
ဘယ်သူ့ကိုမှမခေါ်လာဘဲ
တစ်ယောက်တည်းထွက်လာခဲ့။
အဲ့လိုမှမဟုတ်ရင် ကျုန်းလီခွမ်
စိတ်ဝိဉာဉ်ကိုဆာလောင်တစ္ဆေတွေကြားထဲ ပစ်လိုက်ပြီး ဘယ်တော့မှ
ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲ
ဝင်လို့မရတော့အောင်လုပ်လိုက်မယ်လို့
ပြောလိုက်။"ဟုဝမ်ရန်အယ်
အမိန့်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး မ မလုပ်ပါနဲ့။"
ဟုကျုန်းလီခွမ်မြည်တမ်းငိုကြွေးရင်း
ပြောလိုက်သည်။"ကျွန်တော်
ကျုန်းလီကလန်ရဲ့ လျှို့ဝှက်နံပတ်ကို
အသုံးချပြီး ကျုန်းလီချန်းတောင်အောက်
ဆင်းလာအောင်ခေါ်လို့ရပါတယ်။
ကျွန်တော့်ရဲ့ ဝိဉာဉ်တွေကိုမယူပါနဲ့။
တောင်းပန်ပါတယ်။"

လူသားတစ်ယောက်၌
divineဝိဉာဉ်သုံးခုနှင့်
earthlyဝိဉာဉ်ခုနစ်ခုပါဝင်သည်။
earthlyဝိဉာဉ်တစ်ခုခုသာချို့ယွင်းပါက
နောက်ဘဝ၌ စိတ်ပိုင်းဆိုင်ရာ
ချို့ယွင်းမှာဖြစ်သည်။Divineဝိဉာဉ်
တစ်ခုခုသာချို့ယွင်းပါက လူသား
မဖြစ်တော့ဘဲ တိရိစ္ဆာန်အဖြစ်သာ
မွေးဖွားခွင့်ရတော့မှာပင်။ဝိဉာဥ်တစ်ခုခု
ဆုံးရှုံးရမည့်အစား ယခုချက်ချင်းသာ
ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့
ကျုန်းလီခွမ်ဝင်ရောက်ချင်မိ၏။

ကံဆိုးစွာ နှလုံးသားမဲ့သော
နတ်ဆိုးကျင့်ကြံသူသုံးယောက်ဟာ
သူ၏သနားစရာငိုကြွေးမြည်တမ်းသံကို
ဂရုမစိုက်ကြပေ။သူ၏ earthly
ဝိဉာဉ်တစ်ခုကိုရှူယန့်ယန့်ဆွဲထုတ်လိုက်ပြီး
အဆောင်တစ်ခုအဖြစ်ပြောင်းလိုက်သည်။
ကျုန်းလီခွမ်ဟာ ချက်ချင်းနွမ်းနွယ်သွားပြီး ငိုကြွေးသံလည်း တိုးလာ၏။

Earthlyဝိဉာဉ်တွေဟာ အချစ်၊အမုန်း၊
လိုအင်ဆန္ဒ၊ဝမ်းနည်းမှု၊မချိတင်ကဲဖြစ်မှု၊
ဒေါသ၊ပျော်ရွှင်မှု စသည့်ခံစားချက်များကို
ကိုယ်စားပြုသည်။အမုန်းကို
ကိုယ်စားပြုသည့်ဝိဉာဉ်ကို
ရှူယန့်ယန့်ဆွဲထုတ်လိုက်သည်။
ထိုဝိဉာဉ်၌ တိကျသည့်ပစ်မှတ်ရှိ‌သောကြောင့် အခြားသူတွေဆီမရောက်ဘဲ
အမုန်းဆုံး ကျုန်းလီချန်းဆီ
တည့်တည့်မတ်မတ်‌ရောက်ရှိသွားမှာပင်။

"ဘာလို့ငိုနေတာလဲ။"အဆောင်ကို
ပို့‌ပြီးနောက် ကျုန်းလီခွမ်စိတ်ဝိဉာဉ်ကို
အသာအယာပုတ်လိုက်ပြီး
ရှူယန့်ယန့်မေးလိုက်သည်။
"အရှင်ကကျုန်းလီချန်းက
တကယ့်လူကြီးလူကောင်းဟုတ်လား
မဟုတ်ဘူးလား မင်းမျက်မြင်
တွေ့အောင်လုပ်ပေးနေတာလေ။"

ညင်သာသည့်နည်းလမ်းသုံးပြီး
earthyဝိဉာဉ်ကိုဆွဲထုတ်ထားတာပင်။
အဆောင်အဖြစ်ပြောင်းလိုက်ရင်တောင်မှ
စိတ်ဝိဉာဉ်နှင့်ပြန်ပေါင်းပေး၍ရသေးသည်။
ကျုန်းလီချန်းဟာ အဆောင်ကိုတွေ့ပါက
ကျုန်းလီခွမ်ကိုကယ်လို့ရသေးကြောင်း
သိမှာပင်။သူ့အသက်ကိုစွန့်ပြီး
ကျုန်းလီခွမ်ကို လာကယ်ပါက
သူ့ထက်ငယ်သည့်ဂျူနီယာများကို
ဂရုစိုက်ပေးသည့် အစ်ကိုကောင်း
တစ်ယောက်ဖြစ်ကြောင်း
သက်သေပြနိုင်မှာပင်။

နတ်ဆိုးကျင့်ကြံသူသုံးယောက်ဟာ
ကျုန်းလီချန်းပေါ်လာမည့်အချိန်ကို
စောင့်နေကြသည်။ကျုန်းလီခွမ်၏
စိတ်ဝိဉာဉ်ကတော့ တစ်ချိန်လုံး
ငိုကြွေးနေ၏။
"သူလာမှာမဟုတ်ဘူး။ငါ့လို
တရားမဝင်သားသေသွားရင် သူဝမ်းသာမှာ။သူက သူတော်ကောင်းယောင်ဆောင်နေတာ။
ငါ့ကိုဖယ်ရှားပစ်ဖို့ ဘယ်အခွင့်အရေးရရ
သူယူမှာ။"

သန်းခေါင်ယံရောက်ချိန်မှာတော့
ထိန်ထိန်သာနေသော လရောင်အောက်၌
အဖြူရောင်ဝတ်စုံဝတ်လူတစ်ဦး
ချိန်းဆိုထားရာနေရာသို့ရောက်ရှိလာ၏။
ဝမ်ရန်အယ်၏ အစီအရင်ရှေ့ရပ်ပြီး
"ကျွန်တော်ချိန်းဆိုထားတဲ့အတိုင်း
ရောက်ရှိလာပါပြီ။လေးစားရပါသော
လူကြီးမင်းတို့ ကျွန်တော့်ညီရဲ့
စိတ်ဝိဉာဉ်ကို ပြန်လည်မွေးဖွားခြင်း
စက်ဝန်းထဲ ဝင်ခွင့်ပေးဖို့မျှော်လင့်ပါတယ်။"

သူ့ရှေ့မှောက်သို့ ကျုန်းလီခွမ်စိတ်ဝိဉာဉ်ကိုကိုင်ဆောင်ရင်း ရှူယန့်ယန့်ပေါ်လာ၏။
"ကျုန်းလီချန်း ငါတို့ရဲ့ပစ်မှတ်ကမင်းဆိုတာ
သိသာနေတာပဲ။ကျုန်းလီကလန်ရဲ့
ဆက်ခံသူအနေနဲ့ မင်းရဲ့အရေးပါမှုက
ကျုန်းလီခွမ်လိုတရားမဝင်သားထက်
အများကြီးသာလွန်မှာပဲ။မင်းဘာလို့
သူ့အတွက် အသက်စွန့်ရတာလဲ။"

"ကျွန်တော်က အရေးမပါပါဘူး။
ကျုန်းလီကလန်ကသာအရေးပါတာပါ။"
ဟုကျုန်းလီချန်းတည်တည်ငြိမ်ငြိမ်
ဖြေလိုက်သည်။"ကျွန်တော်သူများတွေထက် အရေးပါရခြင်းက ကျင့်ကြံဆင့်
မြင့်လို့မဟုတ်ပါဘူး။နှစ်ပေါင်းများစွာ
တည်ဆောက်ခဲ့ရတဲ့ ကျုန်းလီကလန်ရဲ့
ဂုဏ်သရေက ကျွန်တော့်ပခုံးထက်
ရောက်နေလို့ပါ။ကျုန်းလီကလန်သာမရှိရင်
ကျွန်တော်က သာမန်ကျင့်ကြံသူ
တစ်ယောက်ပါပဲ။ကျုန်းလီချန်း
သေသွားတာကိစ္စမရှိပါဘူး။
ဒါပေမဲ့ ကျုန်းလီကလန်က
မိသားစုဝင်တစ်ယောက်ကိုဘယ်တော့မှ
စွန့်ပစ်လို့မရပါဘူး။တစ်ယောက်ချင်းစီ
တိုင်းက ကျုန်းလီကလန်ရဲ့
အုတ်မြစ်တွေမို့လို့ပါ။"

ကျုန်းလီချန်းကတော်သားပဲဟု
ရှူယန့်ယန့်စိတ်တွင်းလက်ခံမိသည်။
သို့သော်မျက်နှာအမူအယာက
ပြောင်းလဲမသွားပေ။
"ငါကျုန်းလီခွမ်ရဲ့အမုန်းဝိဉာဉ်ကို
ခွဲထုတ်လိုက်တာ။သူ့ရဲ့မင်းအပေါ်ရှိတဲ့
အမုန်းတရားတွေကို မင်းခံစားမိမှာပေါ့။
သူကမင်းရဲ့ ဂုဏ်သတင်းကို
ပျက်စီးစေချင်တယ်၊မင်းကိုသတ်လည်း
သတ်ချင်တယ်။မင်းအလောင်းကိုလည်း ဖျက်စီးချင်သေးတာ။အဲ့တာတွေ
သိတာတောင်မှ မင်းသူ့ကိုဘာလို့
ကယ်ချင်သေးတာလဲ။သူတော်စင်တွေမှာတောင်မှ သည်းခံနိုင်တဲ့အတိုင်းအတာ
ရှိသေးတာပဲ။ဒီကာကွယ်သူက
မင်းကိုစိတ်ဝင်စားတယ်ဆိုပေမဲ့
ငါကြိုက်တာက ရည်ရွယ်ချက်ရှိသူ‌တွေ
အရူးတွေကိုမဟုတ်ဘူး။"

"သိပါတယ်။"ကျုန်းလီချန်း
ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင်
ကျွန်တော့်ရဲ့ ဒီညီလေးကို ကျွန်တော်လည်း
မကြိုက်ပါဘူး။သူက မာနကြီး၊အတွေးအခေါ်မဲ့ပြီး အသုံးလည်း
မကျပါဘူး။"

"အဲ့တာတောင် မင်းသူ့ကို
ကယ်ချင်နေတုန်းပဲလား။"
ဝမ်ရန်အယ်ပါ ထွက်ပေါ်လာပြီး
ကျုန်းလီချန်းကိုကြည့်လိုက်သည်။
ကျုန်းလီချန်းအတွေးကို
သူနားမလည်နိုင်ပေ။

ဝမ်ရန်အယ်မဟာယနာကျင့်ကြံသူ၏
ဖိအားကိုထုတ်လွှတ်လိုက်သဖြင့်
ကျုန်းလီချန်းမျက်နှာ ဖြူဖျော့သွားသည်။
သူတကယ့်ပြဿနာနှင့်ကြုံနေရကြောင်း
ကျုန်းလီချန်းသဘောပေါက်သွား၏။
သက်ပြင်းရှည်ကြီးချလိုက်ပြီး
"သူ့ကိုကယ်ချင်နေတုန်းပါပဲ။
ကျွန်တော် ကျုန်းလီချန်းသေသွားလို့ရတယ်။
ဒါပေမဲ့ကျုန်းလီကလန်ရဲ့တာအို
ပျက်စီးသွားလို့မဖြစ်ပါဘူး။"

ကျုန်းလီကလန်၏အမွေအနှစ်ဟာ
ဂုဏ်သရေရှိလူကြီးလူကောင်းလမ်းစဉ်ပင်။
ကျုန်းလီချန်းဟာ ကလန်တစ်ခုလုံး၏
လမ်းစဉ်ကိုထိန်းသိမ်းထားရသည်။
သူသာ မလိုက်နာပါကကျုန်းလီကလန်
တစ်ခုလုံးကျဆုံးသွားမှာပင်။
ကျုန်းလီခွမ်ကိုကယ်တင်ရန်
ထွက်လာကတည်းက အဆိုးဆုံး
ဖြစ်နိုင်ချေမှာ ဘာတစ်ခုမှ
အောင်မြင်အောင်မလုပ်ရသေးခင်
သေဆုံးသွားမှာပင်။သို့ပေမဲ့
ကျုန်းလီကလန်၏တာအိုကတော့
ဘယ်လိုပဲဖြစ်ဖြစ် တည်တံ့နေရမှာပင်။
ကလန်၌ ကလန်ခွဲများစွာရှိသည်။
ထိုအထဲမှ တာအိုကိုဆက်လက်ထိန်းသိမ်းရန်အထူးချွန်ဆုံး သူတစ်ယောက်ကို
လွယ်လွယ်ပင်ရွေးချယ်နိုင်၏။

ကျုန်းလီချန်းသာ ကျုန်းလီခွမ်ကို
လာမကယ်ပါက ကျုန်းလီကလန်
တစ်ခုလုံးနှင့် ကျုန်းလီကလန်၏တာအို
ပျက်စီးသွားမှာဖြစ်သည်။

ကောင်းကင်ဘုံကို လှည့်စားနေလျှင်
သော်တောင်မှ သင့်တင့်လျောက်ပတ်စွာ
လှည့်စားရန်လိုအပ်သည်။လိမ်လည်လှည့်စားထားသည့်အတိုင်း
တဝသေမတိမ်းမချိုးဖျက်ပဲ
လိုက်နာကျင့်သုံးပါက တဖြည်းဖြည်း
အမှန်ကဲ့သို့ဖြစ်လာမှာပင်။

နာကျင်ရသောအချစ်စာအုပ်ထဲ၌
ကျုန်းလီချန်းဟာ အမြဲတမ်း
ပင်ပန်းနေပုံပေါ်ကြောင်း
နည်းနည်းလောက်ပဲဖြစ်ဖြစ်
သက်တောင့်သက်သာနေစေလိုကြောင်း၊
ခဏလောက်ပဲဖြစ်ဖြစ်
စိတ်အေးလက်အေးဖြင့်ပြုံးစေလိုကြောင်း
ပိုင်လီချင်းမြောင် မကြာခဏ
ပြောလေ့ရှိသည်။ကျုန်းလီချန်းဟာ
သူ့မှာတာဝန်တစ်ခုရှိကြောင်း၊ထိုတာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်ရခြင်းဟာ ပင်ပန်းသော်ငြား ထိုက်တန်ကြောင်း
ပြန်ပြောလေ့ရှိသည်။

သူ့ဘဝ၌ တာဝန်နှင့်လမ်းစဥ်ကို
စွန့်လွှတ်ခဲ့သည့် တစ်ခုတည်းသောအချိန်ဟာ
သူနှင့်တူတူလိုက်ခဲ့ပြီး တစ်ကမ္ဘာလုံးကိုလှည့်လည်သွားလာမလားဟု
ပိုင်လီချင်းမြောင်အားမေးချိန်
တစ်ချိန်တည်းသာရှိသည်။
သူ့နေရာကိုဆက်ခံရန်ကလန်ထဲမှ
သင့်တော်သူတစ်ယောက်ကို
ရွေးချယ်လိုက်မည်။ထို့နောက်
အစစ်အမှန်ကျင့်ကြံဖော်‌တွေလို
တစ်ယောက်နှင့်တစ်ယောက်
အဖော်ပြုပြီး ကမ္ဘာပတ်မည်။

ဝမ်းနည်းစရာက ပိုင်လီချင်းမြောင်
သူ့ကိုငြင်းပယ်လိုက်ခြင်းပင်။

ကျုန်းလီချန်းကိုကြည့်လိုက်ရင်း
ရှူယန့်ယန့်သက်ပြင်းကျိတ်ချလိုက်ကာ
အသံပေးပို့ဆက်သွယ်လိုက်သည်။
"အရှင် ကျွန်မဒီယောကျာ်းကို
ဘာမှမလုပ်နိုင်ပါဘူး။"

ဝမ်ရန်အယ် ဘာမှမပြောချေ။
ရှူယန့်ယန့်ဆက်ပြောလိုက်သည်။
"သူ့ကိုလိုချင်ရင် တောအုပ်တစ်အုပ်လုံးကို
လက်လျော့ရမှာ။ဆိုးတာက ကျွန်မက
နဂိုတည်းကလောဘကြီးတတ်တာပဲ။
လူတစ်‌ယောက်တည်း‌အပေါ်
တစ်ဘဝလုံးမမြှုပ်နှံချင်ဘူး။"

ကျုန်းလီခွမ်ခန္ဓာကိုယ်မှ ပြုလုပ်ထားသော
ရုပ်သေးရုပ်အား စိတ်ဝိဉာဉ်ကို
ယူလိုက်ရန်အမိန့်ပေးလိုက်သည်။
ထို့နောက် ကျုန်းလီချန်း
ရှေ့ပြန်ရောက်သွားပြီး "ငြိမ်ငြိမ်နေပြီး
မျက်လုံးကိုမှတ်ထား။မလှုပ်လိုက်နဲ့။"
ဟုညင်ညင်သာသာလေးပြောလိုက်သည်။
"ဒီအမှိုက်ကို မင်းကိုပြန်ပေးမယ်။"

ကျုန်းလီချန်းဟာ နာခံပြီး
မျက်လုံးမှိတ်လိုက်သည်။ရှူယန့်ယန့်ဟာ
သူ့မျက်နှာကို တယုတယပွတ်သပ်ရင်း
ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ခပ်မြန်မြန်ပေးလိုက်သည်။

ထို့နောက် ပြန်ဆုတ်လိုက်ပြီး
ဝမ်ရန်အယ်ဘက်သို့လှည့်လိုက်ကာအေးစက်စက်ဖြင့်
"အရှင် ကျွန်မသူ့ကိုကော
ရုပ်သေးရုပ်ပြောင်းလိုက်ရမလား။"
ဟုမေးလိုက်သည်။

ဝမ်ရန်အယ်နှင့်ယင်ဟန်ကျန်းတို့တောင်မှ
ရှူယန့်ယန့်၏အပြောင်းအလဲမြန်မှုကို
ဩောချရသည်။

အာရုံပြန်စိုက်လိုက်ပြီး "မလိုဘူး။
သူ့ကိုချွမ်းယွမ်ဂိုဏ်းကိုပြန်ခေါ်သွား။
ကျုန်းလီခွမ်ကိုတော့ ခန္ဓာကိုယ်ကော၊
စိတ်ဝိဉာဉ်ကိုပါ ကျုန်းလီကလန်ပြန်ပို့လိုက်။
အဲ့ကိုရောက်သွားရင် သူ့စိတ်ထဲက
အတွေးတွေကို ဖိအားပေးပြီး
ဖော်ထုတ်ခိုင်းလိုက်။သူ့ကလန်က
သူ့ကိုအပြစ်ပေးပါစေ။"

၂၉။အဆိပ္ျပင္းေသာ မိန္းမလွ

"အ႐ွင္"ဟုေခၚ၍႐ွဴယန္႔ယန္႔ဟာ
က်ဳန္းလီခြမ္၏အေျခတည္စဝိဉာဥ္အား
ဝမ္ရန္အယ္ထံသို႔ လက္ႏွစ္ဖက္ျဖင့္
ဆက္သလိုက္၏။

"မင္းယူလိုက္"ဟု ႐ွဴယန္႔ယန္႔ဘက္သို႔
တစ္ခ်က္ေသာ္မွ်ေစာင္းငဲ့မၾကည့္ဘဲ
ဝမ္ရန္အယ္ေျပာလိုက္သည္။
"ၿပီးရင္ အဝတ္အစားဝတ္လိုက္ဦး။"

႐ွဴယန္႔ယန္႔၏ ရက္စက္မႈကို
သူ ေလ်ာ့တြက္မိခဲ့သည္။
အနည္းဆုံးေတာ့အဝတ္အစားဝတ္ၿပီးမွ
က်ဳန္းလီခြမ္ကိုတိုက္ခိုက္မည္ဟု
ထင္ထားခဲ့ေသာ္ျငား ေစာင္အပါး
တစ္ထည္သာ ပတ္ၿပီးခ်က္ခ်င္း
တိုက္ခိုက္ခဲ့သည္။က်ဳန္းလီခြမ္မေျပာႏွင့္။
အမိန္႔ေပးသူ ဝမ္ရန္အယ္ေတာင္မွ
အံ့ဩသြားခဲ့ရသည္။

က်ဳန္းလီခြမ္ဟာလည္း ဆုံးျဖတ္ခ်က္ျပတ္သားသူပင္။႐ွဴယန္႔ယန္႔၏ မတုံ႔မဆိုင္း တိုက္ခိုက္ျခင္းကိုခံရသည္ႏွင့္ ခ်က္ခ်င္း
ခႏၶာကိုယ္ႏွင့္အေျခတည္စဝိဉာဥ္ကို
စြန္႔ပစ္ခဲ့ၿပီး စိတ္ဝိဉာဥ္ျဖင့္ထြက္ေျပးရန္
ႀကိဳးစားေတာ့သည္။သို႔ေသာ္ျငား
သူ႕အနားရပ္ေနသည့္ အနက္ေရာင္ဝတ္စုံဝတ္လူငယ္ဟာ ျဖစ္ႏိုင္ေျခအားလုံးကို
ႀကိဳတင္တြက္ဆၿပီးသားပင္။
ခ်က္ခ်င္းဓားဆြဲခုတ္ၿပီး ထြက္ေျပးဖို႔
ႀကိဳးစားေနသည့္ စိတ္ဝိဉာဥ္ကို
တားဆီးလိုက္ေလ၏။
(အေျခတည္စဝိဉာဥ္က က်င့္ၾကံမွရလာတာ။
စိတ္ဝိဉာဥ္က်ေတာ့ လူတိုင္းမွာ႐ွိတာ။
ကိုယ္ေတြမွာလည္း႐ွိတယ္ေလ။)

"မင္းတို႔က ဘယ္သူေတြလဲ။ငါ့ကိုသတ္ရင္
က်ဳန္းလီကလန္ကၿငိမ္ေနမွာမဟုတ္ဘူး။"
ဟုက်ဳန္းလီခြမ္၏ဝိဉာဥ္ဟာ
အထစ္ထစ္အေငါ့ေငါ့ျဖင့္
ၿခိမ္းေျခာက္လာ၏။

"တကယ္ႀကီးလား။က်ဳန္းလီကလန္က
က်ဳန္းလီခ်န္းအက်ိဳးအတြက္ဆို
ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ မင္းကိုဂ႐ုမစိုက္ဘဲ စြန္႔လႊတ္ပစ္လိုက္မွာမ်ိဳးကို
စိုးရိမ္ေနတာမဟုတ္ဘူးလား။"
ဟုဝမ္ရန္အယ္ေျပာလိုက္၏။

သူ၏အေၾကာက္ရဆုံးအေတြးကို
အျခားသူတစ္ေယာက္က
ေျပာဆိုလိုက္ေသာအခါ က်ဳန္းလီခြမ္၏
စိတ္ဝိဉာဥ္တုန္လႈပ္သြား၏။လူေတြသာ
လိမ္ညာႏိုင္ေသာ္ျငား စိတ္ဝိဉာဥ္ေတြကေတာ့မလိမ္ညာႏိုင္ေပ။ထို႔ေၾကာင့္
သူ႕ခန္႔မွန္းမႈမွန္‌ေၾကာင္း ဝမ္ရန္အယ္
သိသြား၏။

သူတို႔စကားေျပာေနခ်ိန္၌ ႐ႈယန္႔ယန္႔
အဝတ္အစားဝတ္ၿပီးသြားေသာအခါ
က်က္သေရအျပည့္ျဖင့္ အိပ္ယာေပၚမွ
ဆင္းလာ၏။စိတ္ဝိဉာဥ္ကင္းမဲ့‌ေနသည့္
က်ဳန္းလီခြမ္ခႏၶာကိုယ္ကိုသာ
မကိုင္ထားပါကပန္းခ်ီကားခ်ပ္တစ္ခ်ပ္ကဲ့သို႔ လွပတင့္တယ္ေနမွာပင္။

စြန္ရဲေျခေခ်ာင္းမ်ားျဖင့္သား‌ေကာင္ကို
သုတ္ထားသကဲ့သို႔က်ဳန္းလီခြမ္၏
ဦးေခါင္းကို လက္ေခ်ာင္းမ်ားျဖင့္
ကုတ္ဆြဲထားၿပီးၾကမ္းျပင္ေပၚသို႔
ဆြဲခ်လာ၏။ေႏြးေထြးႏူးညံ့လွသည့္
အျပဳံးတစ္စုံျဖင့္ သူဟာ
အဆိပ္ျပင္းျပင္း မိန္းမလွတစ္ဦး၏ပုံရိပ္ကို
အျပည့္အဝေဖာ္ေဆာင္ေန၏။

"အ႐ွင္ ဒီရက္ပိုင္းေတြမွာ ကြၽန္မ
က်ဳန္းလီခြမ္ဆီကသတင္းအခ်ိဳ႕
ရထားပါတယ္။ကြၽန္မ က်ဳန္းလီခ်န္း
ေကာင္းေၾကာင္းေျပာတိုင္း
က်ဳန္းလီခ်န္းက လူေကာင္းေယာင္ေဆာင္ထားသူျဖစ္ေၾကာင္း၊အင္အားေတာင့္ဖို႔ပဲဦးစားေပးၿပီး မိသားစုအခြဲကသူေတြနဲ႔
သူ႕လိုမ်ိဳး တရားမဝင္သား၊သမီးေတြကို
အေရးမစိုက္ေၾကာင္းေျပာပါတယ္။
အ႐ွင္ထင္ထားသလိုပဲ သူက
က်ဳန္းလီခ်န္းကိုအရမ္းမုန္းေနတာပါ။"

"မင္း မေကာင္းတဲ့မိန္းမ"
က်ဳန္းလီခြမ္၏စိတ္ဝိဉာဥ္ဟာ
အမုန္းတရားျဖင့္ျပည့္ႏွက္လာ၏။
အမုန္းတရားမ်ားဟာ
အနက္ေရာင္အခိုးအ‌ေငြ႕မ်ားအျဖစ္
ေျပာင္းလဲလာသည္။

႐ွဴယန္႔ယန္႔ျပဳံးလိုက္သည္။
"ငါကျဖားေယာင္းတတ္တဲ့
မေကာင္းတဲ့မိန္းမျဖစ္ေတာ့ေကာ ဘာျဖစ္လဲ။
ငါ့လိုျဖားေယာင္းတတ္တဲ့မိန္းမမွာ
စံႏႈန္းမ႐ွိဘူးလို႔နင္ထင္ေနတာလား။
ငါ့မ်က္လုံးက က်ဳန္းလီခ်န္းဆီမွာပဲ႐ွိတာ
နင့္ဆီမွာမ႐ွိဘူး။နင္က ကိုယ့္ကိုကိုယ္
ေတာ္ေတာ္႕ကိုအထင္ႀကီးေနတဲ့အ႐ႈံးသမားပဲ။
နင့္ရဲ႕အေျခတည္စဝိဉာဥ္ကိုေတာင္
ငါစုပ္ယူခ်င္စိတ္မ႐ွိဘူး။ဒါကို
နတ္ေဆးအျဖစ္သန္႔စင္ၿပီး
ငါ့ငယ္သားေတြကိုဆုေပးရင္ေတာင္မွ
ငါစကားခ်ိဳခ်ိဳေလးေတြ ၾကားရ‌ဦးမွာ။"

"ကာကြယ္သူ႐ွဴမွာ ငယ္သားေတြ
မ႐ွိေတာ့ဘူးတာကို ဒီအ႐ွင္
သတိရသြားသလိုပဲ။"ဟု
ဝမ္ရန္အယ္ေျပာလိုက္ၿပီး ႐ွဴယန္႔ယန္႔ကို
တစ္ခ်က္ေစာင္းၾကည့္လိုက္သည္။

႐ွဴယန္႔ယန္႔မ်က္ႏွာပ်က္သြားၿပီး
ဘာကိုမွ ဂ႐ုမစိုက္သည့္သူ႕အမူအယာလည္းပ်က္ယြင္းသြား၏။နာခံမႈအျပည့္ျဖင့္
"ခြၽမ္းယြမ္ဂိုဏ္းတစ္ခုလုံးက အ႐ွင့္အပိုင္ပါ။
ဒီငယ္သားက အ႐ွင့္ရဲ႕ေ႐ွ႕ေျပးပါပဲ။ကြၽန္မ
အို႔ နင္ဘာလို႔ငါ့ကိုကန္တာလဲ။"

"ေ႐ွ႕ေျပးဆိုသည့္စကားၾကားရသည့္အခါ
ယင္ဟန္က်န္းမေနႏိုင္ေတာ့ဘဲ
႐ွဴယန္႔ယန္႔ဒူးေခါင္းကိုကန္လိုက္မိသည္။

"မင္းကဒီအ႐ွင့္ရဲ႕ ေ႐ွ႕ေျပးမဟုတ္ဘူး။
လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူပဲ။ "

ယင္ဟန္က်န္းေျခေထာက္ကို
ျပန္ဆုတ္လိုက္ၿပီး ႐ွဴယန္႔ယန္႔အား
ေခါင္းၿငိမ့္ျပ၏။

႐ွဴယန္႔ယန္႔ : ...

အမွန္တရားဂိုဏ္းမ်ားမွကြၽမ္းက်င္သူ ၂၁ေယာက္ႏွင့္ယွဥ္တိုက္သည့္တိုက္ပြဲ၌
ဝမ္ရန္အယ္အသက္႐ွင္မယ္မွန္းသိခဲ့ပါက
ခ်ိဳးဟုန္႐ႊယ္ကို စိတ္မပူဘဲ
ဒဏ္ရာအျပင္းအထန္ရေနေသာ
ဝမ္ရန္အယ္ေနာက္သို႔ လိုက္သြားခဲ့မွာပင္။

ယခုမွေတာ့ ဘာမွမတတ္ႏိုင္ေတာ့ေခ်။
မွားယြင္းတြက္ဆမိခဲ့တာပင္။
ယခုေတာ့ သူဟာဝမ္ရန္အယ္
ႀကိဳက္သလိုလုပ္ႏိုင္သည့္ စဥ္းနီတုံးေပၚမွ
ငါးတစ္ေကာင္ျဖစ္ေနေခ်ၿပီ။

အၿမဲအဆင္‌ေျပေအာင္ေနတတ္ေသာ
လက္ယာကာကြယ္သူဟာ
"အ႐ွင္ ကြၽန္မအခုခ်က္ခ်င္းပဲ
က်ဴန္းလီခြမ္ခႏၶာကိုယ္ကို႐ုပ္ေသး႐ုပ္အျဖစ္
ေျပာင္းလိုက္ပါ့မယ္။"ဟုေျပာလိုက္၏။

"မလုပ္နဲ႔။"က်ဳန္းလီခြမ္၏စိတ္ဝိဉာဥ္
ေအာ္တားလိုက္သည္။"မင္း မင္းတို႔
က်ဳန္းလီခ်န္းကိုလိုခ်င္တာမလား။
ငါသူ႕ကိုအရမ္းမုန္းတာ။သူေသသြားတာကို ငါျမင္ခ်င္တယ္။ငါ့ခႏၶာကိုယ္ကို
ျပန္ေပးမယ္ဆိုရင္ငါသူ႕ကိုညာေခၚေပးမယ္။သူ႕ကိုဘာလုပ္လုပ္ငါဂ႐ုမစိုက္ဘူး။"

အေျခတည္စဝိဉာဥ္မ႐ွိေတာ့လွ်င္ေတာင္မွ
ျပန္ေကာင္းသြားေအာင္ ေသာက္ရမည့္
နတ္ေဆးအမ်ိဳးအစား႐ွိသည္။
ခႏၶာကိုယ္ကိုသာ ႐ုပ္ေသး႐ုပ္
ေျပာင္းခံလိုက္ရပါက တေစၧက်င့္ၾကံသူ
ျဖစ္သြားေပလိမ့္မည္။

"မင္းက အတူတူပဲ။"
ဟုဝမ္ရမ္အယ္ေျပာလိုက္သည္။

ပ်က္သုဥ္းျခင္းနတ္ဘုရားစာစဥ္ထဲမွာလည္း
က်ဳန္းလီခြမ္ဟာ ထိုကဲ့သို႔လူစားမ်ိဳးပင္။
ဟယ့္ဝမ္းေခ်ာင္ေ႐ွ႕၌ က်ဳန္းလီခ်န္းအေပၚ
႐ွိသည့္ အမုန္းကို မဖုံးကြယ္ေပ။
က်ဳန္းလီခ်န္းကို အေသသတ္၍
က်ဴန္းလီကလန္ကို သူဦးေဆာင္မည္ျဖစ္‌ေၾကာင္းကိုလည္း ေျပာၾကားေလ့႐ွိသည္။
အစကဟယ့္ဝမ္းေခ်ာင္ဟာ
သူ႕ဂိုဏ္းတူညီမေလးကိုခိုးယူသြားတာေၾကာင့္
က်ဳန္းလီခ်န္းကို မုန္းတီးတာပင္။
က်ဳန္းလီခြမ္ႏွင့္ပူးေပါင္းၿပီးခ်ိန္မွာေတာ့
က်ဳန္းလီခ်န္းကဲ့သို႔ အလိုလိုက္ခံရေသာ
ခ်မ္းသာေသာသခင္ေလးအားလုံးဟာ
အမိႈက္ေကာင္မ်ားႏွင့္ မိန္းမလိုက္စားသူမ်ားသာျဖစ္သည္ဟု ယုံၾကည္သြား၏။
ဤသို႔ျဖင့္ငယ္ငယ္က သူ႕ကို
အႏိုင္က်င့္ခဲ့ေသာသခင္ေလးမ်ားအေပၚ
႐ွိခဲ့သည့္ အမုန္းတရားမ်ားဟာ
က်ဳန္းလီခ်န္းအေပၚေရာက္႐ွိသြားခဲ့၏။

က်ဳန္းလီခြမ္ က်ဳန္းလီခ်န္းကို
အေကာက္ၾကံရာတြင္ ဟယ့္ဝမ္းေခ်ာင္ႏွင့္ သူ၏လွ်ိဳ႕ဝွက္‌ေသာဆရာသခင္တို႔ပါ
ကူညီေပးၾကျခင္း‌ေၾကာင့္ က်ဳန္းလီခ်န္း၏
ဂုဏ္သေရႏွင့္ အင္အားတို႔
ပ်က္စီးသြားခဲ့ရသည္။နာမည္ေကာင္းကို
ခိုးယူရ႐ွိသြားေသာက်ဳန္းလီခြမ္ဟာ ေနာက္ဆုံးမွာေတာ့ က်ဳန္းလီခ်န္းကို
သတ္ပစ္ခဲ့သည္။

ထိုကိစၥရပ္မ်ားဟာ နာက်င္ရေသာအခ်စ္
ဝတၳဳမွာမပါဝင္ေပ။ပိုင္လီခ်င္းေျမာင္
သူ၏ကမ္းလွမ္းခ်က္ကိုျငင္းပယ္ၿပီး
ဂိုဏ္းတူအစ္ကိုႏွင့္ပဲ ဆက္ေနမည္ဟု
ေျပာၿပီးကတည္းက က်ဳန္းလီခ်န္း
မေပၚလာေတာ့ေပ။က်ဳန္းလီခ်န္းဟာ
တကယ့္ဂုဏ္သေရ႐ွိလူႀကီးလူေကာင္းပင္။မိုးမခငါးစံအိမ္ေတာ္သို႔ ဒုကၡၾကဳံလွ်င္
အခ်ိန္မေ႐ြးလာႏိုင္ပါေၾကာင္းေျပာၾကားၿပီး
တိတ္တဆိတ္ထြက္သြားခဲ့သည္။
ပိုင္လီခ်င္းေျမာင္ကိုစြန္႔လႊတ္လိုက္ေသာ္ျငား
ဟယ့္ဝမ္းေခ်ာင္ႏွင့္ က်ဳန္းလီခြမ္တို႔၏
ပူးေပါင္းသတ္ျဖတ္ျခင္းကို
ခံရအုန္းမည္ဟု ‌ေတာ့ မည္သူမွ
မထင္ထားခဲ့ေပ။

စိတ္ဝင္စားစရာေကာင္းသည္က
နာက်င္ရေသာဝတၳဳ၏မွတ္ခ်က္မ်ားတြင္
က်ဳန္းလီခ်န္းအေၾကာင္းေျပာထားသည့္မွတ္ခ်က္အမ်ားစု၌

[ငိုေနမိၿပီ။က်ဳန္းလီခ်န္းက
ေကာင္းလိုက္တာ။တကယ့္ကို
လူႀကီးလူေကာင္းပဲ။ဇာတ္လိုက္ကို
ေလးစားသလို ကာကြယ္လည္းေပးတယ္။
ဘဝတစ္ခုလုံးကိုလည္း
ႏွစ္ေယာက္အတူတူကုန္ဆုံးခ်င္တာ။
ပိုင္လီခ်င္းေျမာင္ ဟယ့္ဝမ္းေခ်ာင္ကို
ေ႐ြးလိုက္ေတာ့လည္း
ထြက္သြားခြင့္ေပးလိုက္ၿပီး
အခ်ိန္မေ႐ြးျပန္လာႏိုင္ပါေၾကာင္းလည္း
ေျပာေသးတယ္။
'ငါက်ဳန္းလီခ်န္းကို အရမ္းခ်စ္တာပဲ။']

[ပိုင္လီခ်င္းေျမာင္က မ်က္လုံးကို
သုံးဖို႔ စိတ္ကူးမ႐ွိရင္လည္း
လိုတဲ့သူကိုလႉလိုက္ေလေနာ္။
အဲ့မ်က္လုံးေတာက္ေတာက္ေတြကို
အလကားမျဖစ္ေစနဲ႔။ဝမ္ရန္အယ္၊
က်ဳန္းလီခ်န္း၊ယင္ဟန္က်န္းတို႔ကို
သူ႕ရဲ႕ေတာက္ပ‌ေနတဲ့ မ်က္လုံးနဲ႔
ၾကည့္တာဆို။ေတာက္ပေနတယ္
ဆိုတဲ့စကားလုံးျမင္တိုင္း
ငါေဒါသထြက္ထြက္လာတယ္။]

[ယင္ဟန္က်န္းကိုမထည့္ပါနဲ႔။
သူ႕ကိုမလိုခ်င္ဘူး။]

[ဘယ္သူမွ ယင္ဟန္က်န္းကိုမလိုခ်င္ဘူးလား။ငါကေတာ့ အဲ့လိုဆိုက္ကိုဆန္ဆန္ ေကာင္ေလးမ်ိဳးကို မိုက္တယ္လို႔ထင္တာပဲ။]

[ဒီလို ပုံစံမတူဘဲအားသာခ်က္ကိုယ္စီ႐ွိတဲ့အမိုက္စား က်ဳန္းလီခ်န္းနဲ႔ဝမ္ရန္အယ္တို႔
မ်က္စိေ႐ွ႕ ႐ွိေနတာေတာင္မွ
ဟယ့္ဝမ္းေခ်ာင္လိုေကာင္မ်ိဳးကိုေ႐ြးတယ္။
ပိုင္လီခ်င္းေျမာင္ဆိုတဲ့ဟာမ
တကယ္ကန္းေနတာပဲ။သူ႕ခႏၶာကိုယ္
တစ္ခုလုံးကို လႉဒါန္းလိုက္သင့္တယ္။
အနည္းဆုံးေတာ့ ဟယ့္ဝမ္းေခ်ာင္
ႏွိပ္စက္ခံရၿပီးေသသြားရင္
သူ႕အဂၤါအစိတ္အပိုင္းေတြ
လိုအပ္တဲ့သူေတြဆီေရာက္သြားတာေပါ့။]

ပ်က္သုဥ္းျခင္းနတ္ဘုရားဝတၳဳထဲတြင္
က်ဳန္းလီခ်န္းအေၾကာင္းေရးထားသည့္
မွတ္ခ်က္မ်ားကေတာ့ တျခားစီပင္။

[ဇာတ္လိုက္ရဲ႕ေကာင္မေလးကို
ခိုးတဲ့အတြက္ သူေသသင့္တယ္။]

[က်ဳန္းလီခ်န္းက႐ြံဖို႔ေကာင္းလိုက္တာ။
'ငါကမင္းကို ေပ်ာ္႐ႊင္မႈမေပးႏိုင္ဘူးဆိုရင္
မင္းကိုစြန္႔လႊတ္လိုက္မယ္။'
အျခားလူရဲ႕ေကာင္မေလးကိုခိုးၿပီး
ဘာလို႔သူေတာ္ေကာင္းေယာင္ေဆာင္
ေနတာလဲ။ကမ႓ာေပၚက မိန္းမအားလုံးက
အစ္ကိုေခ်ာင့္မိန္းမေတြပဲဆိုတာ
မင္းနားမလည္ဘူးလား။"]

[ဟုတ္ၿပီကြ။ အစ္ကိုေခ်ာင္ေနာက္ဆုံးေတာ့
က်ဳန္းလီခ်န္းကိုသတ္ပစ္လိုက္ၿပီ။]

[ဂိုဏ္းတူညီမေလးက ဆိုးလြန္းတယ္။
သူ႕မိန္းမေတြအားလုံးထဲမွာ အစ္ကိုေခ်ာင္က
သူ႕ဂိုဏ္းတူညီမေလးကိုအခ်စ္ဆုံးပဲ။
သူအႏၲရာယ္ေတြၾကဳံရတာကလည္း
ဂိုဏ္းတူညီမေလးေၾကာင့္ခ်ည္းပဲ။
အဲ့တာေတာင္မွ ဂိုဏ္းတူညီမေလးက
သစၥာမ႐ွိဘူး။အခြင့္အေရးရတိုင္း
အျခားေယာက်ာ္း‌ေတြေနာက္
လိုက္သြားတာခ်ည္းပဲ။လုခ်င္းယဲ့ကိုေတာင္မွ
တိုက္ခိုက္လိုက္ေသးတယ္။လုခ်င္းယဲ့က
ခ်စ္ဖို႔ေကာင္းလြန္းတယ္။အစ္ကိုေခ်ာင္တစ္ေယာက္တည္းကိုပဲၾကည့္တာ။
အစ္ကိုေခ်ာင္ကိုကယ္ဖို႔အတြက္
ခႏၶာကိုယ္ေကာ၊ေ႐ႊအျမဴေတကိုေကာ
ေပးအပ္ခဲ့တာ။သူကမွ တကယ့္
မိန္းမေကာင္းေလး။အစ္ကိုေခ်ာင္က
လုခ်င္းယဲ့ကိုက် ေဘးထိုးထားၿပီး
အျခားေယာက်ာ္းေတြေနာက္
လိုက္သြားတတ္တဲ့ အဲ့ဂိုဏ္းတူညီမေလးကိုပဲကယ္ဖို႔ လုပ္ေနတယ္။အဲ့ဂိုဏ္းတူညီမေလးလိုမိန္းမမ်ိဳးက မုန္းစရာပဲ။]

[ပိုင္လီခ်င္းေျမာင္က အစ္ကိုေခ်ာင္
'က်ဳန္းလီခ်န္းကကြၽန္မအေပၚေကာင္းတယ္။'
'ဝမ္ရန္အယ္ကလည္း နတ္ဆိုးအ႐ွင္
ျဖစ္ေနေပမဲ့ စကား‌ေတြ၊လုပ္ရပ္ေတြက
ေျဖာင့္မတ္ပါတယ္။ေလးစားစရာေယာက်ာ္း
တစ္‌ေယာက္ပါပဲ။'ဆိုၿပီး‌ဘယ္လိုေၾကာင့္
ေျပာရဲရတာလဲ။အန္ေတာင္အန္ခ်င္လာၿပီ။]

[စာေရးဆရာ ဒါကိုဖတ္မိလား။ဖတ္မိရင္
အဲ့လိုေျပာင္းလဲလြယ္တဲ့မိန္းမမ်ိဳးကို
အစ္ကိုေခ်ာင့္ကိုမေပးပါနဲ႔။သူ႕လိုမိန္းမမ်ိဳးက
ခရမ္းရင့္ေရာင္စံအိမ္ေတာ္သခင္မအတြက္
ဖေယာင္းတိုင္ကိုင္ေပးရတဲ့အဆင့္မ်ိဳး
ျဖစ္ဖို႔ေတာင္မထိုက္တန္ဘူး။]

ပ်က္သုဥ္းျခင္းနတ္ဘုရားစာအုပ္ကို
ဖြက္ထားရန္ လုပ္ႏိုင္သမွ်အကုန္လုပ္ဖို႔
ဝမ္ရန္အယ္ဆုံးျဖတ္လိုက္သည္။
ယင္ဟန္က်န္းသာဖတ္မိပါက
ေဒါသေၾကာင့္ ခ်ီေဖာက္ျပန္သြားႏိုင္သည္။

က်ဳန္းလီခြမ္စိတ္ဝိဉာဥ္ဟာေလထဲတြင္
ဒူးေထာက္ၿပီး ခ်မ္းသာေပးပါရန္
ေတာင္းဆိုေနသည္။

ဝမ္ရန္အယ္ျပဳံးလိုက္ၿပီး
"႐ုပ္ေသး႐ုပ္ေျပာင္းလိုက္။"
ဟု႐ွဴယန္႔ယန္႔အားအမိန္႔ေပးလိုက္သည္။

"ကြၽန္မလုပ္ေနပါၿပီ။"ဟုစိတ္ဝိဉာဥ္ကို
ငဲ့ၾကည့္လိုက္ၿပီး႐ွဴယန္႔ယန္႔
ေျဖၾကားလိုက္သည္။ခႏၶာကိုယ္ကို
႐ုပ္ေသးအျဖစ္ေျပာင္းရန္ မႏၲန္
႐ြတ္ဆိုလိုက္၏။"သူ႕စိတ္ဝိဉာဥ္ကိုေကာ
ဘာလုပ္သင့္လဲ။အာ ခ်ိဳးဟုန္႐ႊယ္သာ
႐ွိလို႔ကေတာ့ ႏွလုံးစားတေစၧမိခင္
နည္းစဥ္အတြက္ေပးရမွာပဲ။"

ခ်ိဳးဟုန္႐ႊယ္ ႐ွန္႔ခ်င္းဂိုဏ္းသို႔
သူလွ်ိဳအျဖစ္ေရာက္ေနေၾကာင္း
ဝမ္ရန္အယ္မေဖာ္ထုတ္ရေသးေပ။
ထို႔ေၾကာင့္ ႐ွဴယန္႔ယန္႔ဟာ ခ်ိဳးဟုန္႐ႊယ္
ပညာ႐ွိဥေဒါင္းဘုရင္ေအာက္
ေသဆုံးသြားၿပီဟုထင္ေနသည္။
ခ်ိဳးဟုန္႐ႊယ္အေၾကာင္းေျပာခ်ိန္
မ်က္ႏွာနည္းနည္းပ်က္သြား၏။

"သူ႕ရဲ႕earthlyဝိဉာဥ္တစ္ခုကို
အေဆာင္အျဖစ္ေျပာင္းၿပီး
က်ဳန္းလီခ်န္းဆီပို႔လိုက္။ေတာင္ကေန
ဘယ္သူ႕ကိုမွမေခၚလာဘဲ
တစ္ေယာက္တည္းထြက္လာခဲ့။
အဲ့လိုမွမဟုတ္ရင္ က်ဳန္းလီခြမ္
စိတ္ဝိဉာဥ္ကိုဆာေလာင္တေစၧေတြၾကားထဲ ပစ္လိုက္ၿပီး ဘယ္ေတာ့မွ
ျပန္လည္ဝင္စားျခင္းစက္ဝန္းထဲ
ဝင္လို႔မရေတာ့ေအာင္လုပ္လိုက္မယ္လို႔
ေျပာလိုက္။"ဟုဝမ္ရန္အယ္
အမိန္႔ေပးလိုက္သည္။

"ေက်းဇူးျပဳၿပီး မ မလုပ္ပါနဲ႔။"
ဟုက်ဳန္းလီခြမ္ျမည္တမ္းငိုေႂကြးရင္း
ေျပာလိုက္သည္။"ကြၽန္ေတာ္
က်ဳန္းလီကလန္ရဲ႕ လွ်ိဳ႕ဝွက္နံပတ္ကို
အသုံးခ်ၿပီး က်ဳန္းလီခ်န္းေတာင္ေအာက္
ဆင္းလာေအာင္ေခၚလို႔ရပါတယ္။
ကြၽန္ေတာ့္ရဲ႕ ဝိဉာဥ္ေတြကိုမယူပါနဲ႔။
ေတာင္းပန္ပါတယ္။"

လူသားတစ္ေယာက္၌
divineဝိဉာဥ္သုံးခုႏွင့္
earthlyဝိဉာဥ္ခုနစ္ခုပါဝင္သည္။
earthlyဝိဉာဥ္တစ္ခုခုသာခ်ိဳ႕ယြင္းပါက
ေနာက္ဘဝ၌ စိတ္ပိုင္းဆိုင္ရာ
ခ်ိဳ႕ယြင္းမွာျဖစ္သည္။Divineဝိဉာဥ္
တစ္ခုခုသာခ်ိဳ႕ယြင္းပါက လူသား
မျဖစ္ေတာ့ဘဲ တိရိစၧာန္အျဖစ္သာ
ေမြးဖြားခြင့္ရေတာ့မွာပင္။ဝိဉာဥ္တစ္ခုခု
ဆုံး႐ႈံးရမည့္အစား ယခုခ်က္ခ်င္းသာ
ျပန္လည္ေမြးဖြားျခင္းစက္ဝန္းသို႔
က်ဳန္းလီခြမ္ဝင္ေရာက္ခ်င္မိ၏။

ကံဆိုးစြာ ႏွလုံးသားမဲ့ေသာ
နတ္ဆိုးက်င့္ၾကံသူသုံးေယာက္ဟာ
သူ၏သနားစရာငိုေႂကြးျမည္တမ္းသံကို
ဂ႐ုမစိုက္ၾကေပ။သူ၏ earthly
ဝိဉာဥ္တစ္ခုကို႐ွဴယန္႔ယန္႔ဆြဲထုတ္လိုက္ၿပီး
အေဆာင္တစ္ခုအျဖစ္ေျပာင္းလိုက္သည္။
က်ဳန္းလီခြမ္ဟာ ခ်က္ခ်င္းႏြမ္းႏြယ္သြားၿပီး ငိုေႂကြးသံလည္း တိုးလာ၏။

Earthlyဝိဉာဥ္ေတြဟာ အခ်စ္၊အမုန္း၊
လိုအင္ဆႏၵ၊ဝမ္းနည္းမႈ၊မခ်ိတင္ကဲျဖစ္မႈ၊
ေဒါသ၊ေပ်ာ္႐ႊင္မႈ စသည့္ခံစားခ်က္မ်ားကို
ကိုယ္စားျပဳသည္။အမုန္းကို
ကိုယ္စားျပဳသည့္ဝိဉာဥ္ကို
႐ွဴယန္႔ယန္႔ဆြဲထုတ္လိုက္သည္။
ထိုဝိဉာဥ္၌ တိက်သည့္ပစ္မွတ္႐ွိ‌ေသာေၾကာင့္ အျခားသူေတြဆီမေရာက္ဘဲ
အမုန္းဆုံး က်ဳန္းလီခ်န္းဆီ
တည့္တည့္မတ္မတ္‌ေရာက္႐ွိသြားမွာပင္။

"ဘာလို႔ငိုေနတာလဲ။"အေဆာင္ကို
ပို႔‌ၿပီးေနာက္ က်ဳန္းလီခြမ္စိတ္ဝိဉာဥ္ကို
အသာအယာပုတ္လိုက္ၿပီး
႐ွဴယန္႔ယန္႔ေမးလိုက္သည္။
"အ႐ွင္ကက်ဳန္းလီခ်န္းက
တကယ့္လူႀကီးလူေကာင္းဟုတ္လား
မဟုတ္ဘူးလား မင္းမ်က္ျမင္
ေတြ႕ေအာင္လုပ္ေပးေနတာေလ။"

ညင္သာသည့္နည္းလမ္းသုံးၿပီး
earthyဝိဉာဥ္ကိုဆြဲထုတ္ထားတာပင္။
အေဆာင္အျဖစ္ေျပာင္းလိုက္ရင္ေတာင္မွ
စိတ္ဝိဉာဥ္ႏွင့္ျပန္ေပါင္းေပး၍ရေသးသည္။
က်ဳန္းလီခ်န္းဟာ အေဆာင္ကိုေတြ႕ပါက
က်ဳန္းလီခြမ္ကိုကယ္လို႔ရေသးေၾကာင္း
သိမွာပင္။သူ႕အသက္ကိုစြန္႔ၿပီး
က်ဳန္းလီခြမ္ကို လာကယ္ပါက
သူ႕ထက္ငယ္သည့္ဂ်ဴနီယာမ်ားကို
ဂ႐ုစိုက္ေပးသည့္ အစ္ကိုေကာင္း
တစ္ေယာက္ျဖစ္ေၾကာင္း
သက္ေသျပႏိုင္မွာပင္။

နတ္ဆိုးက်င့္ၾကံသူသုံးေယာက္ဟာ
က်ဳန္းလီခ်န္းေပၚလာမည့္အခ်ိန္ကို
ေစာင့္ေနၾကသည္။က်ဳန္းလီခြမ္၏
စိတ္ဝိဉာဥ္ကေတာ့ တစ္ခ်ိန္လုံး
ငိုေႂကြးေန၏။
"သူလာမွာမဟုတ္ဘူး။ငါ့လို
တရားမဝင္သားေသသြားရင္ သူဝမ္းသာမွာ။သူက သူေတာ္ေကာင္းေယာင္ေဆာင္ေနတာ။
ငါ့ကိုဖယ္႐ွားပစ္ဖို႔ ဘယ္အခြင့္အေရးရရ
သူယူမွာ။"

သန္းေခါင္ယံေရာက္ခ်ိန္မွာေတာ့
ထိန္ထိန္သာေနေသာ လေရာင္ေအာက္၌
အျဖဴေရာင္ဝတ္စုံဝတ္လူတစ္ဦး
ခ်ိန္းဆိုထားရာေနရာသို႔ေရာက္႐ွိလာ၏။
ဝမ္ရန္အယ္၏ အစီအရင္ေ႐ွ႕ရပ္ၿပီး
"ကြၽန္ေတာ္ခ်ိန္းဆိုထားတဲ့အတိုင္း
ေရာက္႐ွိလာပါၿပီ။ေလးစားရပါေသာ
လူႀကီးမင္းတို႔ ကြၽန္ေတာ့္ညီရဲ႕
စိတ္ဝိဉာဥ္ကို ျပန္လည္ေမြးဖြားျခင္း
စက္ဝန္းထဲ ဝင္ခြင့္ေပးဖို႔ေမွ်ာ္လင့္ပါတယ္။"

သူ႕ေ႐ွ႕ေမွာက္သို႔ က်ဳန္းလီခြမ္စိတ္ဝိဉာဥ္ကိုကိုင္ေဆာင္ရင္း ႐ွဴယန္႔ယန္႔ေပၚလာ၏။
"က်ဳန္းလီခ်န္း ငါတို႔ရဲ႕ပစ္မွတ္ကမင္းဆိုတာ
သိသာေနတာပဲ။က်ဳန္းလီကလန္ရဲ႕
ဆက္ခံသူအေနနဲ႔ မင္းရဲ႕အေရးပါမႈက
က်ဳန္းလီခြမ္လိုတရားမဝင္သားထက္
အမ်ားႀကီးသာလြန္မွာပဲ။မင္းဘာလို႔
သူ႕အတြက္ အသက္စြန္႔ရတာလဲ။"

"ကြၽန္ေတာ္က အေရးမပါပါဘူး။
က်ဳန္းလီကလန္ကသာအေရးပါတာပါ။"
ဟုက်ဳန္းလီခ်န္းတည္တည္ၿငိမ္ၿငိမ္
ေျဖလိုက္သည္။"ကြၽန္ေတာ္သူမ်ားေတြထက္ အေရးပါရျခင္းက က်င့္ၾကံဆင့္
ျမင့္လို႔မဟုတ္ပါဘူး။ႏွစ္ေပါင္းမ်ားစြာ
တည္ေဆာက္ခဲ့ရတဲ့ က်ဳန္းလီကလန္ရဲ႕
ဂုဏ္သေရက ကြၽန္ေတာ့္ပခုံးထက္
ေရာက္ေနလို႔ပါ။က်ဳန္းလီကလန္သာမ႐ွိရင္
ကြၽန္ေတာ္က သာမန္က်င့္ၾကံသူ
တစ္ေယာက္ပါပဲ။က်ဳန္းလီခ်န္း
ေသသြားတာကိစၥမ႐ွိပါဘူး။
ဒါေပမဲ့ က်ဳန္းလီကလန္က
မိသားစုဝင္တစ္ေယာက္ကိုဘယ္ေတာ့မွ
စြန္႔ပစ္လို႔မရပါဘူး။တစ္ေယာက္ခ်င္းစီ
တိုင္းက က်ဳန္းလီကလန္ရဲ႕
အုတ္ျမစ္ေတြမို႔လို႔ပါ။"

က်ဳန္းလီခ်န္းကေတာ္သားပဲဟု
႐ွဴယန္႔ယန္႔စိတ္တြင္းလက္ခံမိသည္။
သို႔ေသာ္မ်က္ႏွာအမူအယာက
ေျပာင္းလဲမသြားေပ။
"ငါက်ဳန္းလီခြမ္ရဲ႕အမုန္းဝိဉာဥ္ကို
ခြဲထုတ္လိုက္တာ။သူ႕ရဲ႕မင္းအေပၚ႐ွိတဲ့
အမုန္းတရားေတြကို မင္းခံစားမိမွာေပါ့။
သူကမင္းရဲ႕ ဂုဏ္သတင္းကို
ပ်က္စီးေစခ်င္တယ္၊မင္းကိုသတ္လည္း
သတ္ခ်င္တယ္။မင္းအေလာင္းကိုလည္း ဖ်က္စီးခ်င္ေသးတာ။အဲ့တာေတြ
သိတာေတာင္မွ မင္းသူ႕ကိုဘာလို႔
ကယ္ခ်င္ေသးတာလဲ။သူေတာ္စင္ေတြမွာေတာင္မွ သည္းခံႏိုင္တဲ့အတိုင္းအတာ
႐ွိေသးတာပဲ။ဒီကာကြယ္သူက
မင္းကိုစိတ္ဝင္စားတယ္ဆိုေပမဲ့
ငါႀကိဳက္တာက ရည္႐ြယ္ခ်က္႐ွိသူ‌ေတြ
အ႐ူးေတြကိုမဟုတ္ဘူး။"

"သိပါတယ္။"က်ဳန္းလီခ်န္း
ေျပာလိုက္သည္။
"အမွန္အတိုင္းေျပာရရင္
ကြၽန္ေတာ့္ရဲ႕ ဒီညီေလးကို ကြၽန္ေတာ္လည္း
မႀကိဳက္ပါဘူး။သူက မာနႀကီး၊အေတြးအေခၚမဲ့ၿပီး အသုံးလည္း
မက်ပါဘူး။"

"အဲ့တာေတာင္ မင္းသူ႕ကို
ကယ္ခ်င္ေနတုန္းပဲလား။"
ဝမ္ရန္အယ္ပါ ထြက္ေပၚလာၿပီး
က်ဳန္းလီခ်န္းကိုၾကည့္လိုက္သည္။
က်ဳန္းလီခ်န္းအေတြးကို
သူနားမလည္ႏိုင္ေပ။

ဝမ္ရန္အယ္မဟာယနာက်င့္ၾကံသူ၏
ဖိအားကိုထုတ္လႊတ္လိုက္သျဖင့္
က်ဳန္းလီခ်န္းမ်က္ႏွာ ျဖဴေဖ်ာ့သြားသည္။
သူတကယ့္ျပႆနာႏွင့္ၾကဳံေနရေၾကာင္း
က်ဳန္းလီခ်န္းသေဘာေပါက္သြား၏။
သက္ျပင္း႐ွည္ႀကီးခ်လိုက္ၿပီး
"သူ႕ကိုကယ္ခ်င္ေနတုန္းပါပဲ။
ကြၽန္ေတာ္ က်ဳန္းလီခ်န္းေသသြားလို႔ရတယ္။
ဒါေပမဲ့က်ဳန္းလီကလန္ရဲ႕တာအို
ပ်က္စီးသြားလို႔မျဖစ္ပါဘူး။"

က်ဳန္းလီကလန္၏အေမြအႏွစ္ဟာ
ဂုဏ္သေရ႐ွိလူႀကီးလူေကာင္းလမ္းစဥ္ပင္။
က်ဳန္းလီခ်န္းဟာ ကလန္တစ္ခုလုံး၏
လမ္းစဥ္ကိုထိန္းသိမ္းထားရသည္။
သူသာ မလိုက္နာပါကက်ဳန္းလီကလန္
တစ္ခုလုံးက်ဆုံးသြားမွာပင္။
က်ဳန္းလီခြမ္ကိုကယ္တင္ရန္
ထြက္လာကတည္းက အဆိုးဆုံး
ျဖစ္ႏိုင္ေခ်မွာ ဘာတစ္ခုမွ
ေအာင္ျမင္ေအာင္မလုပ္ရေသးခင္
ေသဆုံးသြားမွာပင္။သို႔ေပမဲ့
က်ဳန္းလီကလန္၏တာအိုကေတာ့
ဘယ္လိုပဲျဖစ္ျဖစ္ တည္တံ့ေနရမွာပင္။
ကလန္၌ ကလန္ခြဲမ်ားစြာ႐ွိသည္။
ထိုအထဲမွ တာအိုကိုဆက္လက္ထိန္းသိမ္းရန္အထူးခြၽန္ဆုံး သူတစ္ေယာက္ကို
လြယ္လြယ္ပင္ေ႐ြးခ်ယ္ႏိုင္၏။

က်ဳန္းလီခ်န္းသာ က်ဳန္းလီခြမ္ကို
လာမကယ္ပါက က်ဳန္းလီကလန္
တစ္ခုလုံးႏွင့္ က်ဳန္းလီကလန္၏တာအို
ပ်က္စီးသြားမွာျဖစ္သည္။

ေကာင္းကင္ဘုံကို လွည့္စားေနလွ်င္
ေသာ္ေတာင္မွ သင့္တင့္ေလ်ာက္ပတ္စြာ
လွည့္စားရန္လိုအပ္သည္။လိမ္လည္လွည့္စားထားသည့္အတိုင္း
တဝေသမတိမ္းမခ်ိဳးဖ်က္ပဲ
လိုက္နာက်င့္သုံးပါက တျဖည္းျဖည္း
အမွန္ကဲ့သို႔ျဖစ္လာမွာပင္။

နာက်င္ရေသာအခ်စ္စာအုပ္ထဲ၌
က်ဳန္းလီခ်န္းဟာ အၿမဲတမ္း
ပင္ပန္းေနပုံေပၚေၾကာင္း
နည္းနည္းေလာက္ပဲျဖစ္ျဖစ္
သက္ေတာင့္သက္သာေနေစလိုေၾကာင္း၊
ခဏေလာက္ပဲျဖစ္ျဖစ္
စိတ္ေအးလက္ေအးျဖင့္ျပဳံးေစလိုေၾကာင္း
ပိုင္လီခ်င္းေျမာင္ မၾကာခဏ
ေျပာေလ့႐ွိသည္။က်ဳန္းလီခ်န္းဟာ
သူ႕မွာတာဝန္တစ္ခု႐ွိေၾကာင္း၊ထိုတာဝန္ကို
ေက်ပြန္ေအာင္ထမ္းေဆာင္ရျခင္းဟာ ပင္ပန္းေသာ္ျငား ထိုက္တန္ေၾကာင္း
ျပန္ေျပာေလ့႐ွိသည္။

သူ႕ဘဝ၌ တာဝန္ႏွင့္လမ္းစဥ္ကို
စြန္႔လႊတ္ခဲ့သည့္ တစ္ခုတည္းေသာအခ်ိန္ဟာ
သူႏွင့္တူတူလိုက္ခဲ့ၿပီး တစ္ကမ႓ာလုံးကိုလွည့္လည္သြားလာမလားဟု
ပိုင္လီခ်င္းေျမာင္အားေမးခ်ိန္
တစ္ခ်ိန္တည္းသာ႐ွိသည္။
သူ႕ေနရာကိုဆက္ခံရန္ကလန္ထဲမွ
သင့္ေတာ္သူတစ္ေယာက္ကို
ေ႐ြးခ်ယ္လိုက္မည္။ထို႔ေနာက္
အစစ္အမွန္က်င့္ၾကံေဖာ္‌ေတြလို
တစ္ေယာက္ႏွင့္တစ္ေယာက္
အေဖာ္ျပဳၿပီး ကမ႓ာပတ္မည္။

ဝမ္းနည္းစရာက ပိုင္လီခ်င္းေျမာင္
သူ႕ကိုျငင္းပယ္လိုက္ျခင္းပင္။

က်ဳန္းလီခ်န္းကိုၾကည့္လိုက္ရင္း
႐ွဴယန္႔ယန္႔သက္ျပင္းက်ိတ္ခ်လိုက္ကာ
အသံေပးပို႔ဆက္သြယ္လိုက္သည္။
"အ႐ွင္ ကြၽန္မဒီေယာက်ာ္းကို
ဘာမွမလုပ္ႏိုင္ပါဘူး။"

ဝမ္ရန္အယ္ ဘာမွမေျပာေခ်။
႐ွဴယန္႔ယန္႔ဆက္ေျပာလိုက္သည္။
"သူ႕ကိုလိုခ်င္ရင္ ေတာအုပ္တစ္အုပ္လုံးကို
လက္ေလ်ာ့ရမွာ။ဆိုးတာက ကြၽန္မက
နဂိုတည္းကေလာဘႀကီးတတ္တာပဲ။
လူတစ္‌ေယာက္တည္း‌အေပၚ
တစ္ဘဝလုံးမျမႇဳပ္ႏွံခ်င္ဘူး။"

က်ဳန္းလီခြမ္ခႏၶာကိုယ္မွ ျပဳလုပ္ထားေသာ
႐ုပ္ေသး႐ုပ္အား စိတ္ဝိဉာဥ္ကို
ယူလိုက္ရန္အမိန္႔ေပးလိုက္သည္။
ထို႔ေနာက္ က်ဳန္းလီခ်န္း
ေ႐ွ႕ျပန္ေရာက္သြားၿပီး "ၿငိမ္ၿငိမ္ေနၿပီး
မ်က္လုံးကိုမွတ္ထား။မလႈပ္လိုက္နဲ႔။"
ဟုညင္ညင္သာသာေလးေျပာလိုက္သည္။
"ဒီအမိႈက္ကို မင္းကိုျပန္ေပးမယ္။"

က်ဳန္းလီခ်န္းဟာ နာခံၿပီး
မ်က္လုံးမွိတ္လိုက္သည္။႐ွဴယန္႔ယန္႔ဟာ
သူ႕မ်က္ႏွာကို တယုတယပြတ္သပ္ရင္း
ပါးျပင္ေပၚသို႔ အနမ္းတစ္ပြင့္ခပ္ျမန္ျမန္ေပးလိုက္သည္။

ထို႔ေနာက္ ျပန္ဆုတ္လိုက္ၿပီး
ဝမ္ရန္အယ္ဘက္သို႔လွည့္လိုက္ကာေအးစက္စက္ျဖင့္
"အ႐ွင္ ကြၽန္မသူ႕ကိုေကာ
႐ုပ္ေသး႐ုပ္ေျပာင္းလိုက္ရမလား။"
ဟုေမးလိုက္သည္။

ဝမ္ရန္အယ္ႏွင့္ယင္ဟန္က်န္းတို႔ေတာင္မွ
႐ွဴယန္႔ယန္႔၏အေျပာင္းအလဲျမန္မႈကို
ေဩာခ်ရသည္။

အာ႐ုံျပန္စိုက္လိုက္ၿပီး "မလိုဘူး။
သူ႕ကိုခြၽမ္းယြမ္ဂိုဏ္းကိုျပန္ေခၚသြား။
က်ဳန္းလီခြမ္ကိုေတာ့ ခႏၶာကိုယ္ေကာ၊
စိတ္ဝိဉာဥ္ကိုပါ က်ဳန္းလီကလန္ျပန္ပို႔လိုက္။
အဲ့ကိုေရာက္သြားရင္ သူ႕စိတ္ထဲက
အေတြးေတြကို ဖိအားေပးၿပီး
ေဖာ္ထုတ္ခိုင္းလိုက္။သူ႕ကလန္က
သူ႕ကိုအျပစ္ေပးပါေစ။"

Continue Reading

You'll Also Like

430K 87.4K 121
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...
3.9K 328 16
Suddenly discovering himself to be a wanted man, Caleb Waite flees a posse, barely escaping with his life. Taking refuge on a slightly-rundown ranch...
1.9M 96.7K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
9.9K 992 15
#Gyuvin #Yujin #Gyujin