နှလုံးသားနီးနီး...စည်းပါးပါး(...

By ThetThentYaungChel

98.3K 2.6K 35

စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2... More

ဇာတ်လမ်းမိတ်ဆက်
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(29)
Part(30)
Part(31)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Part (39)
Part(40)
Part(41)
Part(42)
Part(43)
Part(44)
Part(45)
Part(46)-end

Part(18)

1.7K 61 0
By ThetThentYaungChel

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(18)

စင်ကာပူရောက်ပြီး နှစ်ရက်အကြာ!..

"အန်တီ စက်ဝန်းနဲ့သူ့မိန်းမကို ခဏခေါ်သွားမယ်နော် အခုမှပြန်ရောက်တာဆိုတော့ relaxဖြစ်အောင်ပေါ့...စက်ဝန်းမိန်းမက အခုမှပထမဆုံးအလည်လာတာဆိုတော့ ဧည့်ဝတ်ကျေအောင်"

"အန်တီကတော့ ခွင့်ပြုပါတယ်ကွယ် အနှစ်သာလိုက်ခွင့်ပြုရင် ခေါ်သွားလို့ရတယ်"

"ယူတို့နှစ်ယောက်လိုက်ခဲ့မယ်မလား...မရဘူး လိုက်ကိုလိုက်ခဲ့ရမယ်"

Candyက လိုက်ခဲ့ဖို့အတင်းခေါ်သဖြင့် ငြင်းမကောင်းတာကြောင့် လိုက်ခဲ့ကြသည်။ ဒါကိုအနှစ်ငြင်းရင် သူနဲ့ရန်ဖြစ်ရဖို့ပဲရှိမှာ။

ခေါ်လာတဲ့နေရာက ဘား။

"ဟိုင်း!.."

"ဟဲလို!.."

မြန်မာလိုပဲ နှုတ်ဆက်လိုက်၍ အနှစ်အံ့ဩသွားသည်။ ရုပ်တွေက မြန်မာရုပ်မပေါက်သလိုပဲ။

"အာ! သူတို့က မြန်မာလူမျိုးတွေပဲ...ကပြားတွေပေါ့"

"ဪ!.."

"ဘယ်သူလဲ!..."

အနှစ်ကိုအားလုံးက စိုက်ကြည့်ပြီးမေးလာသည်။ စက်ဝန်းက အနှစ်ပုခုံးကို သူ့လက်တင်လိုက်သည့်အခါမှာတော့ အားလုံးနားလည်သွားကြသည်။

"အိုး ဟိုး! နောက်ဆုံးတော့ စက်ဝန်းက wifeကိုခေါ်လာခဲ့ပြီ"

"ပြောတော့ တစ်ယောက်တည်းလာမယ်ဆို"

"ဒီလိုပဲဖြစ်သွားတယ် သူမနာမည်က အနှစ်သာရ ငါ့ရဲ့ဇနီး"

သူတို့စကားကို ဖြေရင်းမှ မိတ်ဆက်တော့ အားလုံးက ပြုံးပြကြ၏။

"အနှစ် စက်ဝန်းဆီက အများကြီးကြားဖူးပါတယ်"

"ဟင် အော..."

သူက သူမအကြောင်း သူတို့ကို ပြောပြတယ်တဲ့။ ဘာပါလိမ့်။

"အာ မိတ်ဆက်ပေးရမယ်!..
သူက ‌စိုင်းသူ လုံးဝမြန်မာစစ်စစ် ရှမ်းပေါ့ ဒီမှာနေတာကြာသွားလို့ ဒီမှာ နေတာ (၁၅)နှစ်ရှိပြီ"

စိုင်းသူကတော့ မြန်မာရုပ်ပေါက်ပါသည်။ အနှစ်ကိုပြုံးပြနှုတ်ဆက်လာတော့ ပြန်ပြုံးပြဖြစ်သည်။

"သူကကျ P'ဒေး!...သူက P'နိုင် နှစ်ယောက်ကကျ ထိုင်းမြန်မာကပြား...သူက လီနာ...သူကကျ ဖိလစ်ပိုင်က မြန်မာစကားကို သဘောကျလို့ သင်ထားတာ..."

"ဪ ဟုတ်ကဲ့ အနှစ်သာရပါ...အနှစ်လို့ခေါ်လို့ရပါတယ်"

"ခေါ်မှာ အနှစ်လာထိုင် လီနာနားလာ..."

မြန်မာစကားပြောတာမပီတပီနဲ့အနားလာဖို့ခေါ်သည့် လှပသည့်ကောင်မလေး။ အနှစ်ခေါင်းငြိမ့်လိုက်ပြီး လီနာဘေးမှာ ထိုင်လိုက်ပါသည်။

"ငါတို့က ကျောင်းမှာအရင်းနှီးဆုံးပဲ အခုလည်း မကြာမကြာတွေ့ဖြစ်ကြပါတယ် စက်ဝန်းနဲ့ကလွဲလို့ပေါ့ မြန်မာအလှလေးက ဆွဲခေါ်သွားတယ်လေ..."

"ဟင်း ဟင်း..."

အနှစ်ရယ်သာရယ်ဖြစ်သည်။ ဘာမှမပြောနိုင်။ ဘာပြောရမှန်းလည်းမသိ။ သူကလည်း ဘာမှမပြောဘဲ ဒီတိုင်းလွှတ်ထားသည်။

နောက်ဆုံးတော့ သူ့သူငယ်ချင်းတွေ သူမကိုလက်လျှော့သွားပါသည်။ ကဖို့ထွက်သွားကြသည်။ သေချာပေါက် သူမကိုပါခေါ်ပေမဲ့ မလိုက်တာကြောင့် သူမတစ်ယောက်တည်းခုံမှထိုင်ကျန်နေခဲ့သည်။

သူ့သူငယ်ချင်းတွေက အရမ်းဟော့လွန်းသည်။ မိန်းကလေးတင်မဟုတ်။ ယောက်ျားလေးတွေကစ ဟော့လွန်းတာဖြစ်သည်။ တစ်ကယ်ဆို သူတို့တစ်ဖွဲ့လုံးဟော့တာ။ သူအပါအဝင်ပေါ့။ အခုလည်း ဘား‌လာတာကို ပြင်လာသေးသည်။ ဆံပင်ကိုမညှပ်ပဲ မျက်ခုံးဖုံးသည်အထိ အရှည်ထားသည်။ ဆံပင်မွှေးတွေက မဆူးဘူးလားမသိ။ သူမကတော့ အူယားသည်။

အင်္ကျီကိုလည်း လက်မောင်းတွေပြချင်ရင် အတိုဝတ်လာလေ။ ဘာလို့လက်ရှည်ကိုမှ ခေါက်တင်ထားတာလဲ။ ဒါပေမဲ့လည်း ဘာဝတ်ဝတ်စတိုင်ကျနေတတ်တာက သူ့ရဲ့မွေးရာပါကျွမ်းကျင်မှု။ အင်းလေ သူက လူချောပဲဟာ။

သူ့ကိုပဲ ကြည့်နေရင်းမှ ကောင်မလေးတစ်ယောက်က သူ့ကိုဖက်လိုက်တာပါမြင်လိုက်ရသည်။ သူလည်း အံ့ဩသွားပုံပင်။ ပြန်ဖက်ထားသည်။

အနှစ်ရင်ထဲ လှိုင်းခတ်သွားခဲ့သည်။ သူနဲ့ပတ်သတ်ရင် ရင်ခုန်တာပဲရှိခဲ့တာ။ ရွှေရည်သွန်းနဲ့တုန်းကထက်ဆိုးတဲ့ခံစားချက်မျိုး။ ဒါပေမဲ့ အနှစ်သာရက တည်ငြိမ်ပါသည်။ ပုံစံပျက်သွားတာမျိုးမဖြစ်။

ဒါကြောင့် မလိုက်ချင်ခဲ့တာ။ သူနေတဲ့နေရာရောက်လာရင် သူမစိတ်တွေမခိုင်မှာဆိုးလို့ မလိုက်ချင်ခဲ့တာ။ သူ့အကြောင်းသိရလေ သူက သူမနဲ့အလှမ်းဝေးတဲ့သူဆိုတာ ပိုသိလာရလေဖြစ်သည်။ နီးကပ်လာပြီလို့ထင်ခဲ့ပေမဲ့ အလှမ်းဝေးနေဆဲသူမို့ သူမအပိုင်လို့ မသတ်မှတ်ရဲတဲ့သူ။

"လိုက်ဖက်တယ်မလား"

ကန်ဒီက အနားရောက်လာကာပြောသည်။

"အင်း "

"သူ့နာမည်က လွန်းမြတ်တဲ့...စက်ဝန်းရဲ့ပထမဆုံးရည်းစားပဲ ဒီမှာနေတဲ့တစ်လျှောက် ပထမဆုံးနဲ့အကြာဆုံးတွဲခဲ့တဲ့မိန်းကလေးပဲ ကျောင်းတက်နေတုန်းကလည်း သူတို့အတွဲက တက္ကသိုလ်ရဲ့ရေပန်းအစားဆုံးအတွဲထဲမှာပါတယ် ဘယ်သူခွဲခွဲမခွဲဘူးလို့ထင်လောက်တဲ့အထိချစ်ကြတဲ့အတွဲ"

"ဝမ်းနည်းစရာပဲ သူတို့က အခု လမ်းခွဲပြီးသွားပြီ"

"ဟုတ်တယ် မြန်မာပြည်မှာ ရှာစရာရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲခဲ့ကြတာ...ဒါပေမဲ့ ဘယ်နှနှစ်မှမကြာဘူး မင်းနဲ့လက်ထပ်လိုက်တဲ့သတင်းကြားရတယ် အဲ့တာက ငါတို့အတွက် စပရိုက်အကြီးစားပေါ့...ငါတို့မြင်ရတဲ့စက်ဝန်းပုံစံက ဒီလိုအလောတကြီးကောက်ယူမဲ့ပုံစံမျိုးမှမဟုတ်တာ"

"ဘာလို့ကျွန်မကို ဒါတွေလာ‌ပြောပြနေတာလဲ"

"သတိပေးတာ! အဲ့ဒီလွန်းမြတ်က စက်ဝန်းကိုအရမ်းချစ်တာ အခုလို အနားကပ်လာတာ ပြန်လိုချင်လို့ဖြစ်နိုင်တယ် မဟုတ်ဘူး သေချာတယ်... ဒါကြောင့် မင်းကို စက်ဝန်းကိုဆွဲထားဖို့ပြောတာ...တစ်ကယ်ချစ်တယ်ဆိုရင် မချစ်ရင်တော့ မပြောလိုပါဘူး"

"ကန်ဒီက လွန်းမြတ်သူငယ်ချင်းမဟုတ်ဘူးလား ဘာလို့ကျွန်မဘက်ပါနေတာလဲ"

"မင်းဘက်ကမဟုတ်ဘူး စက်ဝန်းဘက်က...စက်ဝန်းကိုတော့ သူတစ်ကယ်ချစ်တဲ့သူတဲ့ထပ်မကွဲစေချင်ဘူး သူက မင်းကို တစ်ကယ်ချစ်ပုံပဲ အရင်တုန်းက ရှာစရာရှိပါတယ်ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ချစ်သူကိုတောင်ပြတ်သားခဲ့တဲ့စက်ဝန်းက မင်းကိုလက်ထပ်ခဲ့တာကြည့်လေ"

အနှစ်ဘာမှမပြောဘဲ အဝေးက သူ့ကိုသာ ကြည့်နေမိသည်။

ဒီတစ်ခါတော့ သူကလည်း အနှစ်ကိုစိုက်ကြည့်နေသည်။

"ကန်ဒီ...ရှင့်သူငယ်ချင်းက ကျွန်မကိုချစ်တာဟုတ်ရဲ့လား...ကျွန်မ သူချစ်တယ်ဆိုတာ မယုံဘူး သူက ကျွန်မကို နားလည်ဖို့မကြိုးစားဘူး"

.....

✿⁠............✿⁠...........✿⁠

"လွန်းမြတ် "

ရင်ခွင်ထဲ ပြိုကျလာသူကို ပြန်ဆွဲထုတ်လိုက်ရင်း နာမည်ကို ခေါ်လိုက်တော့ လွန်းပြုံးသွားသည်။ ဒါက သဘောကျလို့ပြုံးတာမဟုတ်။

"မတွေ့တာကြာပြီပဲ "

သူရိုးရိုးတန်းတန်းသာ နှုတ်ဆက်လိုက်၏။

လွန်းမြတ်က သူ့ရဲ့ရည်းစားဦးလို့ပြောရမလား။ မဟုတ်ရင် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ တွဲခဲ့တဲ့သူလို့ပြောရမလား။ တွဲခဲ့တဲ့သူထဲမှာလည်း လွန်းက အကြာဆုံးဖြစ်သည်။

"စက် ငါ့ကိုမလွမ်းဘူးလား..."

လွန်းမြတ်နဲ့သူက စင်ကာပူမှာ ကျောင်းအတူတူတက်ခဲ့ကြသည့်သူငယ်ချင်းတွေဖြစ်သည်။ ရေခြားမြေခြားမှာ လူမျိုးတူချင်းတွေ့ကြတာမို့ အရမ်းခင်ခဲ့ကြပါသည်။ နောက်မှတွဲခဲ့ကြတာဖြစ်သည်။ သူမြန်မာကို မလာခင်အထိပေါ့။ အဲ့နောက်မှာမှ ယံကိစ္စကြောင့် သူတို့ပြတ်သွားကြတာ။ မြန်မာကိုပြောင်းမည့်သူနဲ့ ဦးတည်ချက်ရှိသည့် လွန်းမြတ်တို့ဘယ်လိုမှညှိမရသည့်အဆုံးမှာ လမ်းခွဲခဲ့ကြတာဖြစ်သည်။ လမ်းခွဲခဲ့သည်ဆိုပေမဲ့ စက်ဝန်းအတွက်ကတော့ သူငယ်ချင်းကိုနှုတ်ဆက်ရသလိုပဲပေါ့။ လွန်းမြတ်ကို သူချစ်တယ်ထင်ခဲ့ပေမဲ့ အနှစ်နဲ့တွေ့တော့ ချစ်တာမဟုတ်ဘဲ သံယောဇဉ်သာရှိမှန်းသိခဲ့ရသည်။

"သူငယ်ချင်းတွေကို သတိရပါတယ်! ဒါကြောင့်အခုပြန်လာတာ"

သူငယ်ချင်း! သူငယ်ချင်းတဲ့။

ငါတို့နှစ်နှစ်တွဲခဲ့တာတောင် သူငယ်ချင်းပဲတဲ့လား။

"စက်! လက်ထပ်လိုက်ပြီဆို!.."

စက်ဝန်းအံ့ဩသွားသည်။ လွန်းမြတ်က သူလက်ထပ်တာဘယ်လိုသိသွားတာလဲ။ ဘေးကကောင်တွေတောင် သူပြောမှသိတာ။ ကန်ဒီလည်းမဟုတ်နိုင်။ လွန်းမြတ်နဲ့ကန်ဒီက တည့်ကြတဲ့သူတွေမှမဟုတ်တာ။ ဒီကောင်တွေဆိုပိုဆိုး။ သူငယ်ချင်းအကြောင်းကို နောက်ကွယ်မှာပြောတတ်တဲ့သူတွေမဟုတ်။ အဲ့ဒါထက် လွန်းမြတ်နဲ့ သူ့သူငယ်ချင်းတွေက သိပ်မှမခင်ဘဲ။

"မင်း ဘယ်လိုသိတာလဲ..."

"အာ ငါ စက်ကိုဖုန်းဆက်ခဲ့တယ်လေ...စက် စင်ကာပူလာမယ်ဆိုလို့ဖုန်းဆက်လိုက်တာ စက်မိန်းမဖုန်းကိုင်တယ်လေ"

သူအံ့ဩသွားရကာ ထိုင်ခုံမှာ ထိုင်နေသူကိုလှည့်ကြည့်တော့ ကန်ဒီနဲ့စကားပြောနေကြသည်။

သူမလေးစင်ကာပူကိုလိုက်မလာချင်တဲ့အကြောင်းကိုသိရတာ ဝမ်းသာပေမဲ့ ပုံစံက ဘာလို့ အရမ်းသွေးအေးရတာလဲ။

"စက်အရမ်းရက်စက်တာပဲ!..."

"မင်းမူးနေပြီ အိမ်ပြန်လိုက်တာပိုကောင်းမယ်"

လွန်းမြတ်ကို အတင်းဆွဲခွါကာ ထိုင်နေသူဆီလာခဲ့တော့သည်။ သူကတော့ သွေးမအေးနိုင်ဘူး။

"ထ အိမ်ပြန်မယ် "

ပိုက်ဆံအိတ်တွေရော ဖုန်းတွေပါယူကာ သူမလက်ကိုဆွဲတော့ အလိုက်သင့်ပါလာတာက အပြင်ရောက်သည်အထိ။

"ဘာလို့ ဘာမှမမေးတာလဲ "

"ဘာကိုလဲ"

"လွန်းမြတ်"

"လွန်းမြတ်ကဘယ်သူလဲလို့မေးရင် ဖြေပေးမှာလား..."

"မင်း ငါ့ကိစ္စတွေကို စိတ်မဝင်စားဘူးလား..."

"ဒီကိစ္စတွေအထိ ကျွန်မက စိတ်ဝင်စားရမှာလား...အတိတ်ကအကြောင်းတွေအထိ လိုက်ပြီးစိတ်ဝင်စားရမှာလား...ပြီးတော့ လွန်းမြတ်ကဘယ်သူနေနေ ရှင်းပြစရာမလိုဘူး ကျွန်မလည်း အဲ့လောက်ထိသူများဘဝကို ဝင်မပါချင်ဘူး "

ဝင်ပါမိရင် ကျွန်မပဲ နာကျင်ရမှာမို့လို့။ ဝင်ပါမိရာက ရှင့်ကို သဝန်တိုမိသွားမှာဆိုးလို့။ ချစ်တယ်လို့တော့ အရင်ဆုံးထုတ်မပြောချင်ဘူးကိုကို။

"သူများဘဝ...မင်းအတွက် အခုထိ ငါကသူစိမ်းလား...ငါတို့က အဲ့လောက်ထိဝေးသေးတာလား"

"မှန်တာပဲ သူစိမ်း! ကျွန်မတို့တစ်ယောက်အကြောင်းတစ်ယောက်မသိဘူး‌...မဟုတ်ဘူးလား"

သူဘာမှမပြောတော့ဘဲ ရှေ့ကထွက်သွားသည်။
အနှစ် သူထားခဲ့တဲ့နေရာမှာပဲ ရပ်နေခဲ့သည်။

လက်ထပ်စာချုပ်ပဲရှိပြီး ဘာပတ်သတ်မှုရယ်လို့ နာမည်တတ်လို့မရတဲ့ ဆက်ဆံရေးက အကြောင်းပြချက်မရှိဘဲ ဝေးကွာသွားနိုင်ခဲ့သည်။

အချစ်က လူကိုနာကျင်စေတယ်ဆိုရင် ချစ်မိဖို့ကြိုးစားမှာမဟုတ်ဘူး။ ဘာလို့ဆို အနှစ်နာကျင်ရတာကို မုန်းတယ်။

✿⁠............✿⁠...........✿⁠

တစ်လခွဲကြာပြီးနောက်!...

"အနှစ် မေ‌မေ့အစား အိမ်စောင့်နေ! မေမေတို့ မွန်လေးအိမ်သွားဦးမယ်..."

"ဟုတ်ကဲ့မေမေ...စိတ်ချလက်ချသွားပါ"

ကိုကြီးနဲ့မေမေက မွန်လေးတို့အိမ်မှာ ဆွမ်းကပ်ရှိတာကြောင့် သွားကြမှာဖြစ်သည်။ အနှစ်ကိုပါခေါ်ပေမဲ့ လူတောမတိုးချင်တဲ့စိတ်ကြောင့် နေခဲ့ပြီး အိမ်စောင့်ဖို့ပဲဆုံးဖြတ်လိုက်သည်။

တစ်ယောက်တည်းရှိတာကြောင့် ခြံတံခါးကိုသေချာခတ်၊ လုပ်စရာရှိတာလုပ်ပြီး အခန်းထဲဝင်လာဖြစ်သည်။

အနှစ်အိမ်ပြန်ရောက်တာ တစ်လခွဲရှိပြီ။

ဟုတ်တယ်။ အနှစ် သူ့ကို စင်ကာပူမှာပြစ်ထားခဲ့တာ။ သူမပါဘဲပြန်လာခဲ့တာ။ သူလည်းလိုက်မတားသလို သူမကလည်းနောက်ပြန်လှည့်မကြည့်ခဲ့ပါ။ အနှစ်ထင်တာ သူ့ကိုမမြင်ရရင် ချစ်ဖို့ဝေးသွားမယ်။ ဒါဆို အရင်ကအနှစ်သာရအဖြစ်ပြန်နေနိုင်မည်ပေါ့။ လက်တွေ့ပြန်လာတဲ့အခါမှာတော့ ထိုအတွေးသည် ပြောင်းပြန်ဖြစ်နေ၏။

သူမရှိဘဲ နေရတာ အရမ်းနေရခက်သည်။

သူ့အိမ်မှာနေရင် တစ်ယောက်တည်းဖြစ်နေ၍ မေမေ့အိမ်မှာလာနေခြင်းဖြစ်သည်။ သူ့အငွေ့အသက်တွေရှိတဲ့နေရာမှာမနေချင်။ သူမရှိတော့ အိပ်လို့မပျော်၊စားလို့မကောင်း။ ဒါကြောင့် မိဘအိမ်မှာ‌ လာသောင်တင်နေတာ။

မေမေနဲ့ကိုကြီးက သူနဲ့ရန်ဖြစ်တာရိပ်မိပေမဲ့ ဝင်မပါပေ။ ဘာဆိုဘာမှမမေး။ ဒါကလည်း သူမအတွက်ကောင်းသွားပါသည်။ ‌မေးလာခဲ့ရင် ဘယ်လိုဖြေရမလဲ မသိဘူး။

သူမစိတ်ထဲဘယ်လိုဖြစ်နေတယ်ဆိုတာကို မွန်လေးကိုပြောကြတော့ မွန်လေးက သူမ စက်ဝန်းကိုချစ်နေတယ်တဲ့။

‌အဖြေက ဒါဆိုတာကို ထင်မှတ်ထားပေမဲ့ တစ်ကယ်တမ်းကျ လက်မခံချင်ခဲ့ဘူး။

အနှစ် သူ့ကိုမချစ်ချင်ဘူး။ အရာရာပြည့်စုံနေတဲ့သူက အနှစ်လို လိုအပ်ချက်ရှိတဲ့သူကိုအဆုံးထိချစ်ပါ့မလား။ တစ်‌ချိန်က သူ့ရဲ့စိတ်ဝင်စားပါတယ်ဆိုတဲ့စကားက တစ်နေ့ကျရင်ပျောက်ကွယ်သွားမလားဆိုတာ တွေး‌ပူနေမိသည်။

ဘာလို့ဆို သူတွဲခဲ့တဲ့မိန်းကလေးတိုင်းက သူမထက် ရုပ်ရည်ရော၊ငွေကြေးပါသာလွန်ခဲ့တာချည်းပဲလေ။

အနှစ် သက်ပြင်းချကာ စာကြည့်ဖို့ စာအုပ်သာရှာနေမိတော့သည်။ ဒါမှ ဒါတွေမတွေးနိုင်တော့မှာ။

"ဒုန်း!..."

ဟင်!

ဒီအိမ်မှာ အနှစ်တစ်ယောက်တည်းရှိတာ။ အသံက အိမ်ရှေ့က ထွက်လာသည့်အသံ။

"ကြောင်များလား!..."

ဘေးအိမ်က ကြောင်က တစ်ခါတစ်လေ အိမ်ဘက်ကူးလာတတ်သည်။

အနှစ် ထကြည့်ဖို့ဆုံးဖြတ်လိုက်ကာ တံခါးကိုဖွင့်တော့ သူ!...

သူက အနှစ်အခန်းရှေ့မှာ ရပ်နေသည်။ မှုန်ကုတ်ကုတ်မျက်နှာထား၊ ပိုရှည်လာသည့် မှုတ်ဆိတ်မွှေး၊ မျက်တွင်းချိုင့်နေပြီး မအိပ်ရသေးသည့်မျက်လုံး။ သူ့ပုံစံက တစ်လလောက်ဖြစ်သလိုနေထားသည့်ပုံစံမျိုး။

နှစ်ယောက်သား ဘယ်လောက်တောင် လွမ်းနေကြသည်မသိ။ ကြည့်နေကြတာ မျက်တောင်တောင်မခတ်။

အရင်ဆုံး အကြည့်လွှဲမိသူက အနှစ်ပါပဲ။ ဒါပေမဲ့ စကားအရင်စလာတာက သူ။

"အထဲဝင်ခွင့်ပေးမလား "

"အင်း!...ဝင်လာလေ "

အနှစ်အခန်းထဲကို သူပထမဆုံးရောက်ဖူးတာပဲ။ သပ်သပ်ရပ်ရပ်နဲ့သန့်ရှင်းပါသည်။ ဒါပေမဲ့ သူ့ရှေ့က မိန်းကလေးကတော့ သူ့လိုပဲ အိပ်ရေးပျက်ထားပုံပင်။

"ဘယ်ဘက်ကနေဝင်လာတာလဲ ကျွန်မသော့ခတ်ထား အင့်!.."

လွမ်းလွန်းလို့ ရင်ခွင်ထဲ ဆွဲသွင်းမိသည်။ တစ်ကယ်အရမ်းလွမ်းနေတာ။

အရင်ပြန်သွားသူက ဘယ်လိုနေလဲမသိပေမဲ့ သူမနဲ့ဝေးရာမှနေရတာက ဘာကိုမှအဆင်မပြေ။  ပြန်ချင်ပေမဲ့ မာနကြောင့်မပြန်ဘဲ တင်းခံနေတာ။ ဒါပေမဲ့ သူမစိတ်ကို သိပြီးနောက်မှာ ဘယ်လိုမှနေလို့မရ၍ ပြန်လာခဲ့ခြင်းဖြစ်သည်။

ကန်ဒီက ပြောပြသည်။

"သူသာ ကျွန်မကိုချစ်တာသေချာရင် ကျွန်မစိတ်ကိုသိရမှာပေါ့ အခုက သူ ကျွန်မဘာဖြစ်နေလဲဆိုတာတောင်သေချာမသိဘူး...ကျွန်မဘာလို့ စင်ကာပူကိုမလာချင်လဲဆိုတာလည်းသူမသိဘူး...ကျွန်မ သူ့အချစ်ဦးကို မတွေ့နိုင်ဘူး သူချစ်တဲ့သူနဲ့တွေ့ဖို့ ယုံကြည်ချက်မရှိဘူး ပြီးတော့ သူ့အချစ်ကိုကျွန်မမယုံသေးဘူး"တဲ့။ ကန်ဒီက အနှစ်ပြောတဲ့အတိုင်းပြန်ပြောပြလာသည်။

သူ သူမကို သဝန်တိုနေတာ။ ချစ်တယ်ဆိုတာမပြောလို့မယုံကြည်တာ။ ဒါကြောင့် စင်ကာပူကိုမလိုက်ချင်တာ။ ဒါကိုသူက မသိဘဲ စိတ်ထင်ရာ တွေးခဲ့မိတာ။

"လွမ်းနေခဲ့တာ..."

"ကျွန်မ.အသက်ရှူကြပ်တယ်"

ရင်ခွင်ထဲက သူမက အတင်းတွန်းလွှတ်သည်။

"မေမေတို့မရှိဘူး ပြန်‌!..ပြီးမှလာခဲ့"

"ကိုယ်က မေမေ့ကိုတွေ့ချင်တာမဟုတ်ဘူး...မင်းကိုတွေ့ချင်တာ မင်းကိုလွမ်းတာ...မင်းကိုသတိရတာ မင်းရော ကိုယ့်ကိုသတိမရဘူးလား"

ကိုယ်တဲ့။ လွမ်းတယ်တဲ့။

ဟင့်အင်း လိမ်နေတာ။ လွမ်းရင် စောစောပြန်လာရမှာပေါ့။ အခုက ကျောင်းဖွင့်ခါနီးမို့ပြန်လာတာ။

"ဒီတိုင်းရပ်နေတော့မှာလား ဘာမှမပြောတော့ဘူးလား..."

"လွှတ်!..."

"ကိုယ် မင်းကိုချစ်တယ်! ကိုယ်က တွဲခဲ့တဲ့သူများပေမဲ့ ချစ်တယ်ဆိုတဲ့စကားကို ဘယ်သူ့ကိုမှမပြောဖူးဘူး ဒါပေမဲ့ မင်းကိုတော့ ချစ်တယ်...ကိုယ်အကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီးပြီ"

အနှစ်ခေါင်းငုံ့နေရာမှ သူ့ကိုမော့ကြည့်မိသည်။
သူအခု ချစ်စကားပြောနေတာတဲ့။ ချစ်တယ်တဲ့။

လိမ်နေပြန်ပြီ။ သူရည်းစားထားတာ သူမက ပထမဆုံးမှမဟုတ်တာ။ ချစ်တယ်ဆိုတဲ့စကားက ပထမဆုံးတဲ့။ ပေါက်ကရတွေ။

"ကိုယ်တစ်ကယ်ပြောနေတာ"

"ကျွန်မကို ချစ်တာ သေချာလို့လား..."

"အင်း သေချာတယ်...အစက မင်းကိုစိတ်တိုအောင်လုပ်ရတာ ပျော်လို့၊ စိတ်ဝင်စားယုံလေးပဲ ဒါကြောင့်ဖွင့်ပြောခဲ့တာ ဒါပေမဲ့ နောက်ပိုင်းကျ မင်းနဲ့စကားမပြောရရင်၊ မင်းကိုယ့်ကို ဥပေက္ခာပြုထားရင်ဆို ကိုယ်အရမ်း‌ခံစားရတယ်...ကိုယ်မင်းကို ချစ်နေပြီလို့စိတ်က သေချာသွားတဲ့အချိန် မင်းနဲ့ကိုယ်က လက်ထပ်ရတော့မယ်ဆိုတာ သိလိုက်ရတယ် ဘယ်လိုပြောရမလဲ ‌လမ်းပျောက်နေတဲ့အချိန်မှာ ရွေးရမဲ့လမ်းပေါ်လာတယ်ပေါ့ မိဘကိုအားကိုးတာပဲဆိုဆို ဖြတ်လမ်းနည်းလို့ပဲဆိုဆို ကိုယ်ကတော့ ကျေနပ်နေဆဲပဲ"

"ဒါဆိုဘာလို့အခုမှပြောလဲ ကျွန်မတို့လက်ထပ်တာ တစ်ရက်နှစ်ရက်မှမဟုတ်တာ"

"စောင့်နေတာ! မင်းပြောခဲ့တယ်မလား ချစ်ဖို့ကိုအချိန်ယူရတယ်ဆို စောင့်နေတာ မင်းအဆင်သင့်ဖြစ်လာမဲ့အချိန်ကိုစောင့်နေတာ...အခု မင်း ကိုယ်ပြောတာကို မယုံသေးဘူးမလား..."

အနှစ်ဘာမှမပြောဘဲ မျက်လွှာချလိုက်သည်။ သူမ အခု အရမ်းရှက်နေတာကြောင့် ဘာမှမပြောနိုင်ပါ။

"ကိုယ်ပြောရင်တောင် မင်းက မယုံဘူးဆိုတာသိလို့ မပြောခဲ့တာ ဒါပေမဲ့ ကိုယ် မင်းကိုတော့ တစ်ကယ်ချစ်တယ် အခုသေချာသွားပြီ...အခုမှ ကိုယ်မပြောရင် မင်းက ကိုယ့်ကို ကျောခိုင်းဖို့ပဲရွေးချယ်မှာမဟုတ်လား "

သူ့စကားကမှန်နေ၍ ဘာမှမပြောနိုင်။

"ယုံပေးပါ ကိုယ်မင်းကိုချစ်တယ်"

မယုံပေမဲ့ အနှစ်ရင်တွေခုန်နေခဲ့သည်။
မယုံပေမဲ့ အနှစ် သူ့ရင်ခွင်ထဲတိုးဝင်မိသည်။
မယုံပေမဲ့ စိတ်က သူ့ဆီမှာကျရှုံးသွားခဲ့သည်။
မယုံချင်ပေမဲ့ အနှစ်ကိုယ်တိုင်က ယုံကြည်ဖို့လက်ခံလိုက်သည်။

"အနှစ် ရှင့်ရင်ခွင်မှာပဲနေချင်တယ်...အနှစ်ကို ပြစ်မသွားပါနဲ့"

"အရူးမလေး ကိုယ်က ဘာလို့ပြစ်သွားရမှာလဲ မင်းကိုဘယ်တော့မှမပြစ်သွားဘူး အဲ့လိုမျိုးစိတ်ကူးရှိနေရင် လက်ထပ်ဖို့ကို လက်ခံခဲ့ပါ့မလား...မာနကို လက်ကိုင်ထားတဲ့ယောကျာ်းက မချစ်တဲ့မိန်းကလေးတစ်ယောက်ကို မိဘပေးစားတယ်ဆိုတဲ့ခေါင်းစဉ်ကြောင့်နဲ့ သားလိမ္မာမလုပ်နိုင်ဘူး...ကိုယ်လက်ထပ်မဲ့သူက မင်းမှန်းသိမှ လက်ခံခဲ့တာ"

ဒီလောက်ဆိုရပါပြီ။ အရာရာပြည့်စုံနေတဲ့သူက အနှစ်ကိုချစ်ပေးတယ်ဆိုယုံနဲ့တင်‌ရပြီ။

နောက်ဆုံးတော့ သူမတို့ကြားက စည်းပါးပါးလေးကို ကျော်လွန်ခဲ့ကြပြီ။

ဝန်ခံပါသည်။ ကိုကို့ကို အနှစ်ချစ်သည်။

✿⁠............✿⁠...........✿⁠

ဆက်ရန်

🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺

Part(18)

စင္ကာပူေရာက္ၿပီး ႏွစ္ရက္အၾကာ!..

"အန္တီ စက္ဝန္းနဲ႔သူ႔မိန္းမကို ခဏေခၚသြားမယ္ေနာ္ အခုမွျပန္ေရာက္တာဆိုေတာ့ relaxျဖစ္ေအာင္ေပါ့...စက္ဝန္းမိန္းမက အခုမွပထမဆုံးအလည္လာတာဆိုေတာ့ ဧည့္ဝတ္ေက်ေအာင္"

"အန္တီကေတာ့ ခြင့္ျပဳပါတယ္ကြယ္ အႏွစ္သာလိုက္ခြင့္ျပဳရင္ ေခၚသြားလို႔ရတယ္"

"ယူတို႔ႏွစ္ေယာက္လိုက္ခဲ့မယ္မလား...မရဘူး လိုက္ကိုလိုက္ခဲ့ရမယ္"

Candyက လိုက္ခဲ့ဖို႔အတင္းေခၚသျဖင့္ ျငင္းမေကာင္းတာေၾကာင့္ လိုက္ခဲ့ၾကသည္။ ဒါကိုအႏွစ္ျငင္းရင္ သူနဲ႔ရန္ျဖစ္ရဖို႔ပဲရွိမွာ။

ေခၚလာတဲ့ေနရာက ဘား။

"ဟိုင္း!.."

"ဟဲလို!.."

ျမန္မာလိုပဲ ႏႈတ္ဆက္လိုက္၍ အႏွစ္အံ့ဩသြားသည္။ ႐ုပ္ေတြက ျမန္မာ႐ုပ္မေပါက္သလိုပဲ။

"အာ! သူတို႔က ျမန္မာလူမ်ိဳးေတြပဲ...ကျပားေတြေပါ့"

"ဪ!.."

"ဘယ္သူလဲ!..."

အႏွစ္ကိုအားလုံးက စိုက္ၾကည့္ၿပီးေမးလာသည္။ စက္ဝန္းက အႏွစ္ပုခုံးကို သူ႔လက္တင္လိုက္သည့္အခါမွာေတာ့ အားလုံးနားလည္သြားၾကသည္။

"အိုး ဟိုး! ေနာက္ဆုံးေတာ့ စက္ဝန္းက wifeကိုေခၚလာခဲ့ၿပီ"

"ေျပာေတာ့ တစ္ေယာက္တည္းလာမယ္ဆို"

"ဒီလိုပဲျဖစ္သြားတယ္ သူမနာမည္က အႏွစ္သာရ ငါ့ရဲ႕ဇနီး"

သူတို႔စကားကို ေျဖရင္းမွ မိတ္ဆက္ေတာ့ အားလုံးက ၿပဳံးျပၾက၏။

"အႏွစ္ စက္ဝန္းဆီက အမ်ားႀကီးၾကားဖူးပါတယ္"

"ဟင္ ေအာ..."

သူက သူမအေၾကာင္း သူတို႔ကို ေျပာျပတယ္တဲ့။ ဘာပါလိမ့္။

"အာ မိတ္ဆက္ေပးရမယ္!..
သူက ‌စိုင္းသူ လုံးဝျမန္မာစစ္စစ္ ရွမ္းေပါ့ ဒီမွာေနတာၾကာသြားလို႔ ဒီမွာ ေနတာ (၁၅)ႏွစ္ရွိၿပီ"

စိုင္းသူကေတာ့ ျမန္မာ႐ုပ္ေပါက္ပါသည္။ အႏွစ္ကိုၿပဳံးျပႏႈတ္ဆက္လာေတာ့ ျပန္ၿပဳံးျပျဖစ္သည္။

"သူကက် P'ေဒး!...သူက P'ႏိုင္ ႏွစ္ေယာက္ကက် ထိုင္းျမန္မာကျပား...သူက လီနာ...သူကက် ဖိလစ္ပိုင္က ျမန္မာစကားကို သေဘာက်လို႔ သင္ထားတာ..."

"ဪ ဟုတ္ကဲ့ အႏွစ္သာရပါ...အႏွစ္လို႔ေခၚလို႔ရပါတယ္"

"ေခၚမွာ အႏွစ္လာထိုင္ လီနာနားလာ..."

ျမန္မာစကားေျပာတာမပီတပီနဲ႔အနားလာဖို႔ေခၚသည့္ လွပသည့္ေကာင္မေလး။ အႏွစ္ေခါင္းၿငိမ့္လိုက္ၿပီး လီနာေဘးမွာ ထိုင္လိုက္ပါသည္။

"ငါတို႔က ေက်ာင္းမွာအရင္းႏွီးဆုံးပဲ အခုလည္း မၾကာမၾကာေတြ႕ျဖစ္ၾကပါတယ္ စက္ဝန္းနဲ႔ကလြဲလို႔ေပါ့ ျမန္မာအလွေလးက ဆြဲေခၚသြားတယ္ေလ..."

"ဟင္း ဟင္း..."

အႏွစ္ရယ္သာရယ္ျဖစ္သည္။ ဘာမွမေျပာႏိုင္။ ဘာေျပာရမွန္းလည္းမသိ။ သူကလည္း ဘာမွမေျပာဘဲ ဒီတိုင္းလႊတ္ထားသည္။

ေနာက္ဆုံးေတာ့ သူ႔သူငယ္ခ်င္းေတြ သူမကိုလက္ေလွ်ာ့သြားပါသည္။ ကဖို႔ထြက္သြားၾကသည္။ ေသခ်ာေပါက္ သူမကိုပါေခၚေပမဲ့ မလိုက္တာေၾကာင့္ သူမတစ္ေယာက္တည္းခုံမွထိုင္က်န္ေနခဲ့သည္။

သူ႔သူငယ္ခ်င္းေတြက အရမ္းေဟာ့လြန္းသည္။ မိန္းကေလးတင္မဟုတ္။ ေယာက္်ားေလးေတြကစ ေဟာ့လြန္းတာျဖစ္သည္။ တစ္ကယ္ဆို သူတို႔တစ္ဖြဲ႕လုံးေဟာ့တာ။ သူအပါအဝင္ေပါ့။ အခုလည္း ဘား‌လာတာကို ျပင္လာေသးသည္။ ဆံပင္ကိုမညႇပ္ပဲ မ်က္ခုံးဖုံးသည္အထိ အရွည္ထားသည္။ ဆံပင္ေမႊးေတြက မဆူးဘူးလားမသိ။ သူမကေတာ့ အူယားသည္။

အက်ႌကိုလည္း လက္ေမာင္းေတြျပခ်င္ရင္ အတိုဝတ္လာေလ။ ဘာလို႔လက္ရွည္ကိုမွ ေခါက္တင္ထားတာလဲ။ ဒါေပမဲ့လည္း ဘာဝတ္ဝတ္စတိုင္က်ေနတတ္တာက သူ႔ရဲ႕ေမြးရာပါကြၽမ္းက်င္မႈ။ အင္းေလ သူက လူေခ်ာပဲဟာ။

သူ႔ကိုပဲ ၾကည့္ေနရင္းမွ ေကာင္မေလးတစ္ေယာက္က သူ႔ကိုဖက္လိုက္တာပါျမင္လိုက္ရသည္။ သူလည္း အံ့ဩသြားပုံပင္။ ျပန္ဖက္ထားသည္။

အႏွစ္ရင္ထဲ လႈိင္းခတ္သြားခဲ့သည္။ သူနဲ႔ပတ္သတ္ရင္ ရင္ခုန္တာပဲရွိခဲ့တာ။ ေ႐ႊရည္သြန္းနဲ႔တုန္းကထက္ဆိုးတဲ့ခံစားခ်က္မ်ိဳး။ ဒါေပမဲ့ အႏွစ္သာရက တည္ၿငိမ္ပါသည္။ ပုံစံပ်က္သြားတာမ်ိဳးမျဖစ္။

ဒါေၾကာင့္ မလိုက္ခ်င္ခဲ့တာ။ သူေနတဲ့ေနရာေရာက္လာရင္ သူမစိတ္ေတြမခိုင္မွာဆိုးလို႔ မလိုက္ခ်င္ခဲ့တာ။ သူ႔အေၾကာင္းသိရေလ သူက သူမနဲ႔အလွမ္းေဝးတဲ့သူဆိုတာ ပိုသိလာရေလျဖစ္သည္။ နီးကပ္လာၿပီလို႔ထင္ခဲ့ေပမဲ့ အလွမ္းေဝးေနဆဲသူမို႔ သူမအပိုင္လို႔ မသတ္မွတ္ရဲတဲ့သူ။

"လိုက္ဖက္တယ္မလား"

ကန္ဒီက အနားေရာက္လာကာေျပာသည္။

"အင္း "

"သူ႔နာမည္က လြန္းျမတ္တဲ့...စက္ဝန္းရဲ႕ပထမဆုံးရည္းစားပဲ ဒီမွာေနတဲ့တစ္ေလွ်ာက္ ပထမဆုံးနဲ႔အၾကာဆုံးတြဲခဲ့တဲ့မိန္းကေလးပဲ ေက်ာင္းတက္ေနတုန္းကလည္း သူတို႔အတြဲက တကၠသိုလ္ရဲ႕ေရပန္းအစားဆုံးအတြဲထဲမွာပါတယ္ ဘယ္သူခြဲခြဲမခြဲဘူးလို႔ထင္ေလာက္တဲ့အထိခ်စ္ၾကတဲ့အတြဲ"

"ဝမ္းနည္းစရာပဲ သူတို႔က အခု လမ္းခြဲၿပီးသြားၿပီ"

"ဟုတ္တယ္ ျမန္မာျပည္မွာ ရွာစရာရွိတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ လမ္းခြဲခဲ့ၾကတာ...ဒါေပမဲ့ ဘယ္ႏွႏွစ္မွမၾကာဘူး မင္းနဲ႔လက္ထပ္လိုက္တဲ့သတင္းၾကားရတယ္ အဲ့တာက ငါတို႔အတြက္ စပ႐ိုက္အႀကီးစားေပါ့...ငါတို႔ျမင္ရတဲ့စက္ဝန္းပုံစံက ဒီလိုအေလာတႀကီးေကာက္ယူမဲ့ပုံစံမ်ိဳးမွမဟုတ္တာ"

"ဘာလို႔ကြၽန္မကို ဒါေတြလာ‌ေျပာျပေနတာလဲ"

"သတိေပးတာ! အဲ့ဒီလြန္းျမတ္က စက္ဝန္းကိုအရမ္းခ်စ္တာ အခုလို အနားကပ္လာတာ ျပန္လိုခ်င္လို႔ျဖစ္ႏိုင္တယ္ မဟုတ္ဘူး ေသခ်ာတယ္... ဒါေၾကာင့္ မင္းကို စက္ဝန္းကိုဆြဲထားဖို႔ေျပာတာ...တစ္ကယ္ခ်စ္တယ္ဆိုရင္ မခ်စ္ရင္ေတာ့ မေျပာလိုပါဘူး"

"ကန္ဒီက လြန္းျမတ္သူငယ္ခ်င္းမဟုတ္ဘူးလား ဘာလို႔ကြၽန္မဘက္ပါေနတာလဲ"

"မင္းဘက္ကမဟုတ္ဘူး စက္ဝန္းဘက္က...စက္ဝန္းကိုေတာ့ သူတစ္ကယ္ခ်စ္တဲ့သူတဲ့ထပ္မကြဲေစခ်င္ဘူး သူက မင္းကို တစ္ကယ္ခ်စ္ပုံပဲ အရင္တုန္းက ရွာစရာရွိပါတယ္ဆိုတဲ့အေၾကာင္းျပခ်က္ေလးနဲ႔ ခ်စ္သူကိုေတာင္ျပတ္သားခဲ့တဲ့စက္ဝန္းက မင္းကိုလက္ထပ္ခဲ့တာၾကည့္ေလ"

အႏွစ္ဘာမွမေျပာဘဲ အေဝးက သူ႔ကိုသာ ၾကည့္ေနမိသည္။

ဒီတစ္ခါေတာ့ သူကလည္း အႏွစ္ကိုစိုက္ၾကည့္ေနသည္။

"ကန္ဒီ...ရွင့္သူငယ္ခ်င္းက ကြၽန္မကိုခ်စ္တာဟုတ္ရဲ႕လား...ကြၽန္မ သူခ်စ္တယ္ဆိုတာ မယုံဘူး သူက ကြၽန္မကို နားလည္ဖို႔မႀကိဳးစားဘူး"

.....

✿⁠............✿⁠...........✿⁠

"လြန္းျမတ္ "

ရင္ခြင္ထဲ ၿပိဳက်လာသူကို ျပန္ဆြဲထုတ္လိုက္ရင္း နာမည္ကို ေခၚလိုက္ေတာ့ လြန္းၿပဳံးသြားသည္။ ဒါက သေဘာက်လို႔ၿပဳံးတာမဟုတ္။

"မေတြ႕တာၾကာၿပီပဲ "

သူ႐ိုး႐ိုးတန္းတန္းသာ ႏႈတ္ဆက္လိုက္၏။

လြန္းျမတ္က သူ႔ရဲ႕ရည္းစားဦးလို႔ေျပာရမလား။ မဟုတ္ရင္ ဘယ္သူ႔ေၾကာင့္မွမဟုတ္ဘဲ တြဲခဲ့တဲ့သူလို႔ေျပာရမလား။ တြဲခဲ့တဲ့သူထဲမွာလည္း လြန္းက အၾကာဆုံးျဖစ္သည္။

"စက္ ငါ့ကိုမလြမ္းဘူးလား..."

လြန္းျမတ္နဲ႔သူက စင္ကာပူမွာ ေက်ာင္းအတူတူတက္ခဲ့ၾကသည့္သူငယ္ခ်င္းေတြျဖစ္သည္။ ေရျခားေျမျခားမွာ လူမ်ိဳးတူခ်င္းေတြ႕ၾကတာမို႔ အရမ္းခင္ခဲ့ၾကပါသည္။ ေနာက္မွတြဲခဲ့ၾကတာျဖစ္သည္။ သူျမန္မာကို မလာခင္အထိေပါ့။ အဲ့ေနာက္မွာမွ ယံကိစၥေၾကာင့္ သူတို႔ျပတ္သြားၾကတာ။ ျမန္မာကိုေျပာင္းမည့္သူနဲ႔ ဦးတည္ခ်က္ရွိသည့္ လြန္းျမတ္တို႔ဘယ္လိုမွညႇိမရသည့္အဆုံးမွာ လမ္းခြဲခဲ့ၾကတာျဖစ္သည္။ လမ္းခြဲခဲ့သည္ဆိုေပမဲ့ စက္ဝန္းအတြက္ကေတာ့ သူငယ္ခ်င္းကိုႏႈတ္ဆက္ရသလိုပဲေပါ့။ လြန္းျမတ္ကို သူခ်စ္တယ္ထင္ခဲ့ေပမဲ့ အႏွစ္နဲ႔ေတြ႕ေတာ့ ခ်စ္တာမဟုတ္ဘဲ သံေယာဇဥ္သာရွိမွန္းသိခဲ့ရသည္။

"သူငယ္ခ်င္းေတြကို သတိရပါတယ္! ဒါေၾကာင့္အခုျပန္လာတာ"

သူငယ္ခ်င္း! သူငယ္ခ်င္းတဲ့။

ငါတို႔ႏွစ္ႏွစ္တြဲခဲ့တာေတာင္ သူငယ္ခ်င္းပဲတဲ့လား။

"စက္! လက္ထပ္လိုက္ၿပီဆို!.."

စက္ဝန္းအံ့ဩသြားသည္။ လြန္းျမတ္က သူလက္ထပ္တာဘယ္လိုသိသြားတာလဲ။ ေဘးကေကာင္ေတြေတာင္ သူေျပာမွသိတာ။ ကန္ဒီလည္းမဟုတ္ႏိုင္။ လြန္းျမတ္နဲ႔ကန္ဒီက တည့္ၾကတဲ့သူေတြမွမဟုတ္တာ။ ဒီေကာင္ေတြဆိုပိုဆိုး။ သူငယ္ခ်င္းအေၾကာင္းကို ေနာက္ကြယ္မွာေျပာတတ္တဲ့သူေတြမဟုတ္။ အဲ့ဒါထက္ လြန္းျမတ္နဲ႔ သူ႔သူငယ္ခ်င္းေတြက သိပ္မွမခင္ဘဲ။

"မင္း ဘယ္လိုသိတာလဲ..."

"အာ ငါ စက္ကိုဖုန္းဆက္ခဲ့တယ္ေလ...စက္ စင္ကာပူလာမယ္ဆိုလို႔ဖုန္းဆက္လိုက္တာ စက္မိန္းမဖုန္းကိုင္တယ္ေလ"

သူအံ့ဩသြားရကာ ထိုင္ခုံမွာ ထိုင္ေနသူကိုလွည့္ၾကည့္ေတာ့ ကန္ဒီနဲ႔စကားေျပာေနၾကသည္။

သူမေလးစင္ကာပူကိုလိုက္မလာခ်င္တဲ့အေၾကာင္းကိုသိရတာ ဝမ္းသာေပမဲ့ ပုံစံက ဘာလို႔ အရမ္းေသြးေအးရတာလဲ။

"စက္အရမ္းရက္စက္တာပဲ!..."

"မင္းမူးေနၿပီ အိမ္ျပန္လိုက္တာပိုေကာင္းမယ္"

လြန္းျမတ္ကို အတင္းဆြဲခြါကာ ထိုင္ေနသူဆီလာခဲ့ေတာ့သည္။ သူကေတာ့ ေသြးမေအးႏိုင္ဘူး။

"ထ အိမ္ျပန္မယ္ "

ပိုက္ဆံအိတ္ေတြေရာ ဖုန္းေတြပါယူကာ သူမလက္ကိုဆြဲေတာ့ အလိုက္သင့္ပါလာတာက အျပင္ေရာက္သည္အထိ။

"ဘာလို႔ ဘာမွမေမးတာလဲ "

"ဘာကိုလဲ"

"လြန္းျမတ္"

"လြန္းျမတ္ကဘယ္သူလဲလို႔ေမးရင္ ေျဖေပးမွာလား..."

"မင္း ငါ့ကိစၥေတြကို စိတ္မဝင္စားဘူးလား..."

"ဒီကိစၥေတြအထိ ကြၽန္မက စိတ္ဝင္စားရမွာလား...အတိတ္ကအေၾကာင္းေတြအထိ လိုက္ၿပီးစိတ္ဝင္စားရမွာလား...ၿပီးေတာ့ လြန္းျမတ္ကဘယ္သူေနေန ရွင္းျပစရာမလိုဘူး ကြၽန္မလည္း အဲ့ေလာက္ထိသူမ်ားဘဝကို ဝင္မပါခ်င္ဘူး "

ဝင္ပါမိရင္ ကြၽန္မပဲ နာက်င္ရမွာမို႔လို႔။ ဝင္ပါမိရာက ရွင့္ကို သဝန္တိုမိသြားမွာဆိုးလို႔။ ခ်စ္တယ္လို႔ေတာ့ အရင္ဆုံးထုတ္မေျပာခ်င္ဘူးကိုကို။

"သူမ်ားဘဝ...မင္းအတြက္ အခုထိ ငါကသူစိမ္းလား...ငါတို႔က အဲ့ေလာက္ထိေဝးေသးတာလား"

"မွန္တာပဲ သူစိမ္း! ကြၽန္မတို႔တစ္ေယာက္အေၾကာင္းတစ္ေယာက္မသိဘူး‌...မဟုတ္ဘူးလား"

သူဘာမွမေျပာေတာ့ဘဲ ေရွ႕ကထြက္သြားသည္။
အႏွစ္ သူထားခဲ့တဲ့ေနရာမွာပဲ ရပ္ေနခဲ့သည္။

လက္ထပ္စာခ်ဳပ္ပဲရွိၿပီး ဘာပတ္သတ္မႈရယ္လို႔ နာမည္တတ္လို႔မရတဲ့ ဆက္ဆံေရးက အေၾကာင္းျပခ်က္မရွိဘဲ ေဝးကြာသြားႏိုင္ခဲ့သည္။

အခ်စ္က လူကိုနာက်င္ေစတယ္ဆိုရင္ ခ်စ္မိဖို႔ႀကိဳးစားမွာမဟုတ္ဘူး။ ဘာလို႔ဆို အႏွစ္နာက်င္ရတာကို မုန္းတယ္။

✿⁠............✿⁠...........✿⁠

တစ္လခြဲၾကာၿပီးေနာက္!...

"အႏွစ္ ေမ‌ေမ့အစား အိမ္ေစာင့္ေန! ေမေမတို႔ မြန္ေလးအိမ္သြားဦးမယ္..."

"ဟုတ္ကဲ့ေမေမ...စိတ္ခ်လက္ခ်သြားပါ"

ကိုႀကီးနဲ႔ေမေမက မြန္ေလးတို႔အိမ္မွာ ဆြမ္းကပ္ရွိတာေၾကာင့္ သြားၾကမွာျဖစ္သည္။ အႏွစ္ကိုပါေခၚေပမဲ့ လူေတာမတိုးခ်င္တဲ့စိတ္ေၾကာင့္ ေနခဲ့ၿပီး အိမ္ေစာင့္ဖို႔ပဲဆုံးျဖတ္လိုက္သည္။

တစ္ေယာက္တည္းရွိတာေၾကာင့္ ၿခံတံခါးကိုေသခ်ာခတ္၊ လုပ္စရာရွိတာလုပ္ၿပီး အခန္းထဲဝင္လာျဖစ္သည္။

အႏွစ္အိမ္ျပန္ေရာက္တာ တစ္လခြဲရွိၿပီ။

ဟုတ္တယ္။ အႏွစ္ သူ႔ကို စင္ကာပူမွာျပစ္ထားခဲ့တာ။ သူမပါဘဲျပန္လာခဲ့တာ။ သူလည္းလိုက္မတားသလို သူမကလည္းေနာက္ျပန္လွည့္မၾကည့္ခဲ့ပါ။ အႏွစ္ထင္တာ သူ႔ကိုမျမင္ရရင္ ခ်စ္ဖို႔ေဝးသြားမယ္။ ဒါဆို အရင္ကအႏွစ္သာရအျဖစ္ျပန္ေနႏိုင္မည္ေပါ့။ လက္ေတြ႕ျပန္လာတဲ့အခါမွာေတာ့ ထိုအေတြးသည္ ေျပာင္းျပန္ျဖစ္ေန၏။

သူမရွိဘဲ ေနရတာ အရမ္းေနရခက္သည္။

သူ႔အိမ္မွာေနရင္ တစ္ေယာက္တည္းျဖစ္ေန၍ ေမေမ့အိမ္မွာလာေနျခင္းျဖစ္သည္။ သူ႔အေငြ႕အသက္ေတြရွိတဲ့ေနရာမွာမေနခ်င္။ သူမရွိေတာ့ အိပ္လို႔မေပ်ာ္၊စားလို႔မေကာင္း။ ဒါေၾကာင့္ မိဘအိမ္မွာ‌ လာေသာင္တင္ေနတာ။

ေမေမနဲ႔ကိုႀကီးက သူနဲ႔ရန္ျဖစ္တာရိပ္မိေပမဲ့ ဝင္မပါေပ။ ဘာဆိုဘာမွမေမး။ ဒါကလည္း သူမအတြက္ေကာင္းသြားပါသည္။ ‌ေမးလာခဲ့ရင္ ဘယ္လိုေျဖရမလဲ မသိဘူး။

သူမစိတ္ထဲဘယ္လိုျဖစ္ေနတယ္ဆိုတာကို မြန္ေလးကိုေျပာၾကေတာ့ မြန္ေလးက သူမ စက္ဝန္းကိုခ်စ္ေနတယ္တဲ့။

‌အေျဖက ဒါဆိုတာကို ထင္မွတ္ထားေပမဲ့ တစ္ကယ္တမ္းက် လက္မခံခ်င္ခဲ့ဘူး။

အႏွစ္ သူ႔ကိုမခ်စ္ခ်င္ဘူး။ အရာရာျပည့္စုံေနတဲ့သူက အႏွစ္လို လိုအပ္ခ်က္ရွိတဲ့သူကိုအဆုံးထိခ်စ္ပါ့မလား။ တစ္‌ခ်ိန္က သူ႔ရဲ႕စိတ္ဝင္စားပါတယ္ဆိုတဲ့စကားက တစ္ေန႔က်ရင္ေပ်ာက္ကြယ္သြားမလားဆိုတာ ေတြး‌ပူေနမိသည္။

ဘာလို႔ဆို သူတြဲခဲ့တဲ့မိန္းကေလးတိုင္းက သူမထက္ ႐ုပ္ရည္ေရာ၊ေငြေၾကးပါသာလြန္ခဲ့တာခ်ည္းပဲေလ။

အႏွစ္ သက္ျပင္းခ်ကာ စာၾကည့္ဖို႔ စာအုပ္သာရွာေနမိေတာ့သည္။ ဒါမွ ဒါေတြမေတြးႏိုင္ေတာ့မွာ။

"ဒုန္း!..."

ဟင္!

ဒီအိမ္မွာ အႏွစ္တစ္ေယာက္တည္းရွိတာ။ အသံက အိမ္ေရွ႕က ထြက္လာသည့္အသံ။

"ေၾကာင္မ်ားလား!..."

ေဘးအိမ္က ေၾကာင္က တစ္ခါတစ္ေလ အိမ္ဘက္ကူးလာတတ္သည္။

အႏွစ္ ထၾကည့္ဖို႔ဆုံးျဖတ္လိုက္ကာ တံခါးကိုဖြင့္ေတာ့ သူ!...

သူက အႏွစ္အခန္းေရွ႕မွာ ရပ္ေနသည္။ မႈန္ကုတ္ကုတ္မ်က္ႏွာထား၊ ပိုရွည္လာသည့္ မႈတ္ဆိတ္ေမႊး၊ မ်က္တြင္းခ်ိဳင့္ေနၿပီး မအိပ္ရေသးသည့္မ်က္လုံး။ သူ႔ပုံစံက တစ္လေလာက္ျဖစ္သလိုေနထားသည့္ပုံစံမ်ိဳး။

ႏွစ္ေယာက္သား ဘယ္ေလာက္ေတာင္ လြမ္းေနၾကသည္မသိ။ ၾကည့္ေနၾကတာ မ်က္ေတာင္ေတာင္မခတ္။

အရင္ဆုံး အၾကည့္လႊဲမိသူက အႏွစ္ပါပဲ။ ဒါေပမဲ့ စကားအရင္စလာတာက သူ။

"အထဲဝင္ခြင့္ေပးမလား "

"အင္း!...ဝင္လာေလ "

အႏွစ္အခန္းထဲကို သူပထမဆုံးေရာက္ဖူးတာပဲ။ သပ္သပ္ရပ္ရပ္နဲ႔သန႔္ရွင္းပါသည္။ ဒါေပမဲ့ သူ႔ေရွ႕က မိန္းကေလးကေတာ့ သူ႔လိုပဲ အိပ္ေရးပ်က္ထားပုံပင္။

"ဘယ္ဘက္ကေနဝင္လာတာလဲ ကြၽန္မေသာ့ခတ္ထား အင့္!.."

လြမ္းလြန္းလို႔ ရင္ခြင္ထဲ ဆြဲသြင္းမိသည္။ တစ္ကယ္အရမ္းလြမ္းေနတာ။

အရင္ျပန္သြားသူက ဘယ္လိုေနလဲမသိေပမဲ့ သူမနဲ႔ေဝးရာမွေနရတာက ဘာကိုမွအဆင္မေျပ။  ျပန္ခ်င္ေပမဲ့ မာနေၾကာင့္မျပန္ဘဲ တင္းခံေနတာ။ ဒါေပမဲ့ သူမစိတ္ကို သိၿပီးေနာက္မွာ ဘယ္လိုမွေနလို႔မရ၍ ျပန္လာခဲ့ျခင္းျဖစ္သည္။

ကန္ဒီက ေျပာျပသည္။

"သူသာ ကြၽန္မကိုခ်စ္တာေသခ်ာရင္ ကြၽန္မစိတ္ကိုသိရမွာေပါ့ အခုက သူ ကြၽန္မဘာျဖစ္ေနလဲဆိုတာေတာင္ေသခ်ာမသိဘူး...ကြၽန္မဘာလို႔ စင္ကာပူကိုမလာခ်င္လဲဆိုတာလည္းသူမသိဘူး...ကြၽန္မ သူ႔အခ်စ္ဦးကို မေတြ႕ႏိုင္ဘူး သူခ်စ္တဲ့သူနဲ႔ေတြ႕ဖို႔ ယုံၾကည္ခ်က္မရွိဘူး ၿပီးေတာ့ သူ႔အခ်စ္ကိုကြၽန္မမယုံေသးဘူး"တဲ့။ ကန္ဒီက အႏွစ္ေျပာတဲ့အတိုင္းျပန္ေျပာျပလာသည္။

သူ သူမကို သဝန္တိုေနတာ။ ခ်စ္တယ္ဆိုတာမေျပာလို႔မယုံၾကည္တာ။ ဒါေၾကာင့္ စင္ကာပူကိုမလိုက္ခ်င္တာ။ ဒါကိုသူက မသိဘဲ စိတ္ထင္ရာ ေတြးခဲ့မိတာ။

"လြမ္းေနခဲ့တာ..."

"ကြၽန္မ.အသက္ရႉၾကပ္တယ္"

ရင္ခြင္ထဲက သူမက အတင္းတြန္းလႊတ္သည္။

"ေမေမတို႔မရွိဘူး ျပန္‌!..ၿပီးမွလာခဲ့"

"ကိုယ္က ေမေမ့ကိုေတြ႕ခ်င္တာမဟုတ္ဘူး...မင္းကိုေတြ႕ခ်င္တာ မင္းကိုလြမ္းတာ...မင္းကိုသတိရတာ မင္းေရာ ကိုယ့္ကိုသတိမရဘူးလား"

ကိုယ္တဲ့။ လြမ္းတယ္တဲ့။

ဟင့္အင္း လိမ္ေနတာ။ လြမ္းရင္ ေစာေစာျပန္လာရမွာေပါ့။ အခုက ေက်ာင္းဖြင့္ခါနီးမို႔ျပန္လာတာ။

"ဒီတိုင္းရပ္ေနေတာ့မွာလား ဘာမွမေျပာေတာ့ဘူးလား..."

"လႊတ္!..."

"ကိုယ္ မင္းကိုခ်စ္တယ္! ကိုယ္က တြဲခဲ့တဲ့သူမ်ားေပမဲ့ ခ်စ္တယ္ဆိုတဲ့စကားကို ဘယ္သူ႔ကိုမွမေျပာဖူးဘူး ဒါေပမဲ့ မင္းကိုေတာ့ ခ်စ္တယ္...ကိုယ္အႀကိမ္ႀကိမ္စမ္းသပ္ၾကည့္ၿပီးၿပီ"

အႏွစ္ေခါင္းငုံ႔ေနရာမွ သူ႔ကိုေမာ့ၾကည့္မိသည္။
သူအခု ခ်စ္စကားေျပာေနတာတဲ့။ ခ်စ္တယ္တဲ့။

လိမ္ေနျပန္ၿပီ။ သူရည္းစားထားတာ သူမက ပထမဆုံးမွမဟုတ္တာ။ ခ်စ္တယ္ဆိုတဲ့စကားက ပထမဆုံးတဲ့။ ေပါက္ကရေတြ။

"ကိုယ္တစ္ကယ္ေျပာေနတာ"

"ကြၽန္မကို ခ်စ္တာ ေသခ်ာလို႔လား..."

"အင္း ေသခ်ာတယ္...အစက မင္းကိုစိတ္တိုေအာင္လုပ္ရတာ ေပ်ာ္လို႔၊ စိတ္ဝင္စားယုံေလးပဲ ဒါေၾကာင့္ဖြင့္ေျပာခဲ့တာ ဒါေပမဲ့ ေနာက္ပိုင္းက် မင္းနဲ႔စကားမေျပာရရင္၊ မင္းကိုယ့္ကို ဥေပကၡာျပဳထားရင္ဆို ကိုယ္အရမ္း‌ခံစားရတယ္...ကိုယ္မင္းကို ခ်စ္ေနၿပီလို႔စိတ္က ေသခ်ာသြားတဲ့အခ်ိန္ မင္းနဲ႔ကိုယ္က လက္ထပ္ရေတာ့မယ္ဆိုတာ သိလိုက္ရတယ္ ဘယ္လိုေျပာရမလဲ ‌လမ္းေပ်ာက္ေနတဲ့အခ်ိန္မွာ ေ႐ြးရမဲ့လမ္းေပၚလာတယ္ေပါ့ မိဘကိုအားကိုးတာပဲဆိုဆို ျဖတ္လမ္းနည္းလို႔ပဲဆိုဆို ကိုယ္ကေတာ့ ေက်နပ္ေနဆဲပဲ"

"ဒါဆိုဘာလို႔အခုမွေျပာလဲ ကြၽန္မတို႔လက္ထပ္တာ တစ္ရက္ႏွစ္ရက္မွမဟုတ္တာ"

"ေစာင့္ေနတာ! မင္းေျပာခဲ့တယ္မလား ခ်စ္ဖို႔ကိုအခ်ိန္ယူရတယ္ဆို ေစာင့္ေနတာ မင္းအဆင္သင့္ျဖစ္လာမဲ့အခ်ိန္ကိုေစာင့္ေနတာ...အခု မင္း ကိုယ္ေျပာတာကို မယုံေသးဘူးမလား..."

အႏွစ္ဘာမွမေျပာဘဲ မ်က္လႊာခ်လိုက္သည္။ သူမ အခု အရမ္းရွက္ေနတာေၾကာင့္ ဘာမွမေျပာႏိုင္ပါ။

"ကိုယ္ေျပာရင္ေတာင္ မင္းက မယုံဘူးဆိုတာသိလို႔ မေျပာခဲ့တာ ဒါေပမဲ့ ကိုယ္ မင္းကိုေတာ့ တစ္ကယ္ခ်စ္တယ္ အခုေသခ်ာသြားၿပီ...အခုမွ ကိုယ္မေျပာရင္ မင္းက ကိုယ့္ကို ေက်ာခိုင္းဖို႔ပဲေ႐ြးခ်ယ္မွာမဟုတ္လား "

သူ႔စကားကမွန္ေန၍ ဘာမွမေျပာႏိုင္။

"ယုံေပးပါ ကိုယ္မင္းကိုခ်စ္တယ္"

မယုံေပမဲ့ အႏွစ္ရင္ေတြခုန္ေနခဲ့သည္။
မယုံေပမဲ့ အႏွစ္ သူ႔ရင္ခြင္ထဲတိုးဝင္မိသည္။
မယုံေပမဲ့ စိတ္က သူ႔ဆီမွာက်ရႈံးသြားခဲ့သည္။
မယုံခ်င္ေပမဲ့ အႏွစ္ကိုယ္တိုင္က ယုံၾကည္ဖို႔လက္ခံလိုက္သည္။

"အႏွစ္ ရွင့္ရင္ခြင္မွာပဲေနခ်င္တယ္...အႏွစ္ကို ျပစ္မသြားပါနဲ႔"

"အ႐ူးမေလး ကိုယ္က ဘာလို႔ျပစ္သြားရမွာလဲ မင္းကိုဘယ္ေတာ့မွမျပစ္သြားဘူး အဲ့လိုမ်ိဳးစိတ္ကူးရွိေနရင္ လက္ထပ္ဖို႔ကို လက္ခံခဲ့ပါ့မလား...မာနကို လက္ကိုင္ထားတဲ့ေယာက်ာ္းက မခ်စ္တဲ့မိန္းကေလးတစ္ေယာက္ကို မိဘေပးစားတယ္ဆိုတဲ့ေခါင္းစဥ္ေၾကာင့္နဲ႔ သားလိမၼာမလုပ္ႏိုင္ဘူး...ကိုယ္လက္ထပ္မဲ့သူက မင္းမွန္းသိမွ လက္ခံခဲ့တာ"

ဒီေလာက္ဆိုရပါၿပီ။ အရာရာျပည့္စုံေနတဲ့သူက အႏွစ္ကိုခ်စ္ေပးတယ္ဆိုယုံနဲ႔တင္‌ရၿပီ။

ေနာက္ဆုံးေတာ့ သူမတို႔ၾကားက စည္းပါးပါးေလးကို ေက်ာ္လြန္ခဲ့ၾကၿပီ။

ဝန္ခံပါသည္။ ကိုကို႔ကို အႏွစ္ခ်စ္သည္။

✿⁠............✿⁠...........✿⁠

ဆက္ရန္

Continue Reading

You'll Also Like

60.8K 1.2K 25
အချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွား​ေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမ...
257K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
17.4K 574 21
မိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေးလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြားက ပဟေဠ...
154K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ