Unicode
အားလုံးစီစဉ်ပြီးတဲ့အခါ ဘန်ဆွန်က လက်ဆောင်တစ်ခုနဲ့အတူ ကေစီကိုသွားတွေ့တယ်။ အိမ်ပြန်ရောက်ပြီးနောက် ဒီချစ်စရာကောင်းတဲ့ မိန်းမပျိုငယ်လေးအကြောင်းကို သူဆက်တွေးနေမိတယ်။ ဒီတစ်ကြိမ် သူပြန်ရောက်လာပြီးနောက် သူ့အတွက် အဝတ်အစားလုပ်ဖို့ လှပတဲ့တိရိစ္ဆာန်သားရေအချို့ကို ယူလာခဲ့တယ်။ တိရိစ္ဆာန်သားရေနဲ့ပြုလုပ်ထားတဲ့ ဒီအဝတ်အစားတွေက ကေစီ၀တ်ရင် ပိုကြည့်ကောင်းနေမှာပဲလို့ ဘန်ဆွန် ထင်တယ်။
ဘန်ဆွန် သူ့ကိုလာတွေ့တာကိုမြင်တော့ ကေစီက အရမ်းပျော်သွားတယ်။ ကေစီက ဘန်ဆွန်အပေါ် ကောင်းမွန်တဲ့အမြင်တစ်ခုရှိနေဆဲဖြစ်တယ် ။ ဒါကြောင့် သူယူလာပေးတဲ့ သားရေတွေကိုမြင်တော့ ဝမ်းသာအားရလက်ခံလိုက်တယ်။ ကေစီက သူပေးတဲ့လက်ဆောင်ကို သဘောကျတာမြင်တော့ ဘန်ဆွန်လည်း အရမ်းပျော်သွားတယ်။
"မင်း ဒီကို ခဏလောက်ကြာမှ လာမယ်လို့ ငါထင်ထားတာ"
"ဆောင်းဝင်တော့မယ်လေ အခု အသားတွေကို ထိန်းသိမ်းဖို့ ကိုယ်တို့အချိန်အများကြီးလိုတယ်"ဘန်ဆွန်က ရှက်ရွံ့စွာ ပြုံးလိုက်တယ်။
"မင်း ဒီကို အခုမှ ရောက်တာ ဒီအချိန်အတောအတွင်း အဆင်ပြေလား အဆင်ပြေရင် အစားအသောက် စုဆောင်းဖို့ ငါနဲ့ လိုက်ခဲ့လေ ငါ မင်းကို အသစ်အဆန်းလေးတွေ သင်ပေးမယ်" ဘန်ဆွန်ကိုတွေ့ရလို့ ကေစီက အရမ်းပျော်နေပေမယ့်လည်း သူက အလုပ်ကြိုးစားဖို့ မမေ့ခဲ့ပါဘူး။
ဘန်ဆွန်က ခဏလောက်စဉ်းစားလိုက်တယ်။ သူက သူ့မျိုးနွယ်စု သင်ယူတဲ့နေရာမှာ ကူညီပေးချင်ပေမယ့်လည်း ကေစီက သူ့ကို မတူညီတဲ့အရာတစ်ခုကို သင်ပေးချင်တယ်တဲ့။ပြီးတော့ သူကလည်း ကေစီနဲ့အတူရှိရတာကို ကြိုက်တယ်။ဒါကြောင့် ဘန်ဆွန်က ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။
ကျားတောင်ပံမျိုးနွယ်စုဝင်တွေက စိတ်အားထက်သန်စွာ လေ့လာခဲ့ကြပြီး ကျိုးကျိုးနွံနွံမေးမြန်းကြကာ မျိုးနွယ်စုခေါင်းဆောင်ပေးတဲ့တာဝန်ကို အလျင်အမြန်ပြီးမြောက်စေခဲ့တယ်။ ဒီတစ်ခါ သူတို့ရဲ့ပထမဆုံးတာဝန်က အစားအစာဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို လေ့လာဖို့ဖြစ်ပြီး တခြားပစ္စည်းတွေကိုတော့ နောက်ပိုင်းမှာ လေ့လာနိုင်ပါတယ်။
ဒါကြောင့် သူတို့သုံးရက်နေခဲ့ကြပြီးနောက် ပြန်သွားခဲ့ကြတယ်။ ဒီတစ်ခါတော့ ဘန်ဆွန်က သူတို့နဲ့အတူမပြန်ဘဲ နောက်လူတစ်စု ရောက်လာတာကို စောင့်နေတယ်။ ဒီတစ်ခါလာတဲ့လူတွေက ပိုနည်းသွားနိုင်ပေမယ့် သူတို့က အချိန်ကြာကြာနေနိုင်တယ်။ ဒုတိယမြောက်လူအုပ်စုရဲ့ရည်ရွယ်ချက်က အခြားအရာတွေကို လေ့လာဖို့ဖြစ်ပြီး ပြန်လာပြီးနောက် လူတိုင်းကို အသိပညာမျှဝေပေးဖို့ပါပဲ။ ဘန်ဆွန်မှာ အခု ကေစီကို သွားတွေ့ဖို့အတွက် အချိန်ရှိနေပြီဖြစ်တယ်။
ထို့နောက် ရိက္ခာတွေစုဆောင်းဖို့ သူ့နောက်ကိုလိုက်ပြီး အသစ်တွေ့ရှိထားတဲ့ စားသုံးနိုင်တဲ့အစားအစာအချို့ကို ရွေးထုတ်ဖို့နည်းလမ်းကို သူ့(ကေစီ)ဆီကနေ သင်ယူရမယ်။
ပိုင်မုနဲ့ခဲယ်လ်တစ်တို့က ဆောင်းရာသီအတွက် ရိက္ခာတွေကို တက်ကြွစွာ ပြင်ဆင်နေကြတယ်။ ပိုင်မုနေတဲ့ ဂူငယ်လေးကို စုဆောင်းထားတဲ့ အစားအစာတွေ စုပုံထားဖို့ ဖယ်ထားပြီးပြီ။ ပိုင်မု၊ခဲယ်လ်တစ်နဲ့ တပေါတို့က အန်းချီလော့နေတဲ့ ဂူငယ်လေးမှာ နေထိုင်ခဲ့ကြတယ်။
အဲ့ဒါက အခန်းငယ်လေးဖြစ်ပေမယ့်လည်း အခန်းအကျယ်အဝန်းက 20 စတုရန်းမီတာကျော်ရှိတယ်။
သို့သော်ငြားလည်း သူရဲ့ကိုယ်ပိုင်သီးသန့်နေရာလေးကို ထိန်းသိမ်းဖို့အတွက် ပိုင်မုက ရိုးရှင်းတဲ့အပြာရောင်သစ်သားစင်တွေ ပြုလုပ်ပေးဖို့ ခဲယ်လ်တစ်ကို တောင်းဆိုခဲ့ပြီး ထို့နောက် ချည်ထည်တွေကို အခန်းကန့်ဖို့နဲ့ လိုက်ကာအဖြစ် အသုံးပြုဖို့ ချိတ်ဆွဲလိုက်တယ်။ အန်းချီလော့က ဒါကို သဘောတူပေမယ့် တပေါကတော့ ဂရုမစိုက်ပါဘူး။
အပြင်က ဂူကလည်းလွတ်နေမှာ မဟုတ်ဘူး။စုဆောင်းထားတဲ့ ထင်းတွေကို ဂူထဲမှာ စုထားကြမှာ။လိန်းကျယ်စုဆောင်းထားတဲ့ ပစ္စည်းတွေကိုလည်း ခဲယ်လ်တစ်ရဲ့အိမ်မှာ ထား,ထားတယ်။ လိန်းကျယ်က သူ့မိသားစုမှာ တစ်ဦးတည်းသောသားဖြစ်တယ်။ သူက ဆောင်းရာသီကို ခဲယ်လ်တစ်နဲ့သူတို့နဲ့အတူ ဖြတ်သန်းလိမ့်မယ်။
လတ်တလောမှာ ပိုင်မုက နေရာလွတ်ထဲက အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ မျောက်ဥစတာတွေကို နည်းနည်းချင်း ပြန်ယူလာဖို့ လိုအပ်နေသေးတယ်လို့ သူ့စိတ်ထဲမှာ တွေးနေတယ်။ ဒါ့အပြင် ထမင်းနဲ့ဆန်ပြုတ်တို့နဲ့ တွဲစားလို့ကောင်းတဲ့ ဆားရည်စိမ်တချို့လည်း ဆားရည်စိမ်ရမယ်။
ဆန်နဲ့ ဂျုံကိုအလုံအလောက် ပြင်ဆင်ထားပြီဖြစ်ပြီး သူတို့ပြန်သယ်သွားဖို့ မလိုတော့ဘူး။ ဟင်းသီးဟင်းရွက်အချို့ ပြန်ယူသွားဖို့ပဲ လိုတော့တယ်။ဒါကြောင့် ပိုင်မုနဲ့ခဲယ်လ်တစ်တို့က တစ်ခါတစ်ရံ နှစ်ယောက်တည်း အပြင်ထွက်လေ့ရှိပြီး စားစရာတွေအများကြီးနဲ့ ပြန်လာတတ်ကြတယ်။ တစ်ချိန်တည်းမှာပဲ သူက ခါးတဲ့ဟင်းသီးဟင်းရွက်အများအပြားကို ပြန်ယူလာပြီး ပိုင်မုက ဂေါ်ဖီထုပ်ချဉ်ကို ပြင်ဆင်တယ်။အရင်က အဖွား ဆားရည်စိမ်တာကို မြင်ရုံလေးသာမြင်ဖူးတယ်။ဒါပေမယ့် အခု သူက အရင်ကသူမြင်ဖူးတဲ့ ယောင်ဝါးဝါးမှတ်ဉာဏ်ကို အခြေခံပြီး ဖြည်းဖြည်းချင်းသာ ကြိုးစားနိုင်တယ်။
သူပြန်သယ်လာတဲ့ ခါးတဲ့ဟင်းသီးဟင်းရွက်တွေကို ဆေးကြောပြီး တစ်ရက်လောက် အခြောက်ခံပြီးမှ ညှိုးနွမ်းစေတယ်။လတ်ဆတ်တဲ့အနီရောင်ငရုတ်သီးကိုလည်း အခြောက်လှန်းပြီး လှီးလိုက်တယ်။ ထို့နောက် ဆားနဲ့နိုင်နိုင်ဆုပ်နယ်ပြီး ရေဆေးတယ်။ထို့နောက် ရေလောင်းထည့်ပြီး ငရုတ်ကောင်းနဲ့ငရုတ်သီးခြောက်တွေလိုမျိုး ဟင်းခတ်အမွှေးအကြိုင်များ ထည့်တယ်။ ထို့နောက်ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ခါးတဲ့ဟင်းသီးဟင်းရွက်တွေကို ဆုပ်နယ်ပြီး သူ့ရဲ့အထူးစိတ်ကြိုက်ပြုလုပ်ထားတဲ့ ဆားရည်စိမ်ဘူးထဲ ထည့်ကာ တစ်လကြာအလုံပိတ်ထားမှာဖြစ်တယ်။ ဂေါ်ဖီထုပ်ချဉ်ရဲ့အရောင်က အဝါရောင်ပြောင်းသွားတဲ့အထိ စောင့်ရမယ်။
ရာသီဥတုက အေးသထက်ပိုအေးလာပြီး လူတိုင်းက တိရိစ္ဆာန်သားရေတွေကို ခြုံထားကြတယ်။ ပိုင်မုက သူတို့ကို ပျော့ပျောင်းတဲ့ချည်ထည်ကို ကိုယ်တိအ၀တ်အစားချုပ်တတ်အောင် သင်ပေးပြီး တိရိစ္ဆာန်သားရေကိုလည်း ကိုယ်တိဖြစ်အောင် ချုပ်လုပ်ကာ ချည်ထည်အပေါ် ၀တ်ဆင်ထားကြတာမို့ အရမ်းနွေးထွေးပါတယ်။ ဆောင်းရာသီရောက်လာရင် တိရိစ္ဆာန်သားရေတွေကို အလွှာနှစ်ထပ်နဲ့ ချုပ်ပေးလိုက်။ဒါဆို အ၀တ်အစားက အထဲရော အပြင်ရော နွေးထွေးနေတဲ့အတွက် အအေးဒဏ်ကို ကောင်းကောင်းကာကွယ်နိုင်လိမ့်မယ်။ ဒီနည်းက ပိုကောင်းတယ်။
ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်မှုအားလုံးကို စနစ်တကျလုပ်ဆောင်နေကြတယ်။ တစ်ခုတည်းသော ဝမ်းနည်းစရာက ကျောက်မီးသွေးကို မတွေ့ရတာဖြစ်တယ်။ပိုင်မုက ဒီဆောင်းရာသီမှာထင်းကို မီးရှို့တာက ပိုကောင်းမလား ဒါမှမဟုတ် မီးသွေးကို မီးရှို့တဲ့နည်းက ပိုကောင်းမလားလို့ တွေးနေတယ်။
ပိုင်မုလက်လျှော့ခါနီးမှာ မျိုးနွယ်စုမှာ လာလေ့လာတဲ့ ကျားတောင်ပံမျိုးနွယ်စုဝင် orcတစ်ယောက်က အဲ့လိုကျောက်တုံးနက်တွေကို သူမြင်ခဲ့ပြီး ခြင်္သေ့တောင်ပံမျိုးနွယ်စုနဲ့ မနီးမဝေးမှာရှိတယ်လို့ ပြောခဲ့တယ်။
ဒါကြောင့် လူတိုင်းက အရမ်းပျော်ရွှင်ခဲ့ကြပြီး အဲ့ဒါကအမှန်လားဆိုတာဆုံးဖြတ်ဖို့ ပိုင်မုအတွက် တချို့သွားပြန်ယူဖို့ရာ လမ်းကိုဦးဆောင်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ ကျားတောင်ပံမျိုးနွယ်စု၀င် orc က သဘောတူခဲ့ပြီး တချို့သွားပြန်ယူဖို့ မျိုးနွယ်စုထဲက စစ်သည်နှစ်ယောက်ကို ခေါ်သွားတယ်။
ပိုင်မုက အဲ့ဒါကို ခွဲခြားပြီးနောက် ဒီအရာက သူရှာဖွေနေတဲ့ ကျောက်မီးသွေးဖြစ်ကြောင်း အတည်ပြုလိုက်ပြီး ပိုင်မုက အရမ်းကျေနပ်သွားတယ်။ ဒါကြောင့် orcs တွေက ကျောက်မီးသွေးတွင်းရဲ့တည်နေရာကို ကြည့်ဖို့ သူတို့ရဲ့ ခြင်းတောင်းတွေကို ယူခဲ့ကြတယ်။ နောက်ရက်တွေမှာ သူတို့က ကျောက်မီးသွေးတွင်းနားမှာ အမဲလိုက်ကြပြီး သားကောင်ကို ဖမ်းမိပြီးနောက် သူတို့က ကြီးမားတဲ့ကျောက်မီးသွေးခြင်းတောင်းနဲ့ ပြန်လာခဲ့ကြတယ်။ဒီနည်းလမ်းနဲ့ ဆောင်းရာသီရောက်တဲ့အခါ နွေးထွေးစေဖို့အတွက် ကျောက်မီးသွေးလုံလုံလောက်လောက် သူတို့စုဆောင်းနိုင်တယ်။
Zawgyi
အားလုံးစီစဥ္ၿပီးတဲ့အခါ ဘန္ဆြန္က လက္ေဆာင္တစ္ခုနဲ႕အတူ ေကစီကိုသြားေတြ႕တယ္။ အိမ္ျပန္ေရာက္ၿပီးေနာက္ ဒီခ်စ္စရာေကာင္းတဲ့ မိန္းမပ်ိဳငယ္ေလးအေၾကာင္းကို သူဆက္ေတြးေနမိတယ္။ ဒီတစ္ႀကိမ္ သူျပန္ေရာက္လာၿပီးေနာက္ သူ႕အတြက္ အဝတ္အစားလုပ္ဖို႔ လွပတဲ့တိရိစ္ဆာန္သားေရအခ်ိဳ႕ကို ယူလာခဲ့တယ္။ တိရိစ္ဆာန္သားေရနဲ႕ျပဳလုပ္ထားတဲ့ ဒီအဝတ္အစားေတြက ေကစီ၀တ္ရင္ ပိုၾကည့္ေကာင္းေနမွာပဲလို႔ ဘန္ဆြန္ ထင္တယ္။
ဘန္ဆြန္ သူ႕ကိုလာေတြ႕တာကိုျမင္ေတာ့ ေကစီက အရမ္းေပ်ာ္သြားတယ္။ ေကစီက ဘန္ဆြန္အေပၚ ေကာင္းမြန္တဲ့အျမင္တစ္ခုရွိေနဆဲျဖစ္တယ္ ။ ဒါေၾကာင့္ သူယူလာေပးတဲ့ သားေရေတြကိုျမင္ေတာ့ ဝမ္းသာအားရလက္ခံလိုက္တယ္။ ေကစီက သူေပးတဲ့လက္ေဆာင္ကို သေဘာက်တာျမင္ေတာ့ ဘန္ဆြန္လည္း အရမ္းေပ်ာ္သြားတယ္။
"မင္း ဒီကို ခဏေလာက္ၾကာမွ လာမယ္လို႔ ငါထင္ထားတာ"
"ေဆာင္းဝင္ေတာ့မယ္ေလ အခု အသားေတြကို ထိန္းသိမ္းဖို႔ ကိုယ္တို႔အခ်ိန္အမ်ားႀကီးလိုတယ္"ဘန္ဆြန္က ရွက္႐ြံ႕စြာ ၿပဳံးလိုက္တယ္။
"မင္း ဒီကို အခုမွ ေရာက္တာ ဒီအခ်ိန္အေတာအတြင္း အဆင္ေျပလား အဆင္ေျပရင္ အစားအေသာက္ စုေဆာင္းဖို႔ ငါနဲ႕ လိုက္ခဲ့ေလ ငါ မင္းကို အသစ္အဆန္းေလးေတြ သင္ေပးမယ္" ဘန္ဆြန္ကိုေတြ႕ရလို႔ ေကစီက အရမ္းေပ်ာ္ေနေပမယ့္လည္း သူက အလုပ္ႀကိဳးစားဖို႔ မေမ့ခဲ့ပါဘူး။
ဘန္ဆြန္က ခဏေလာက္စဥ္းစားလိုက္တယ္။ သူက သူ႕မ်ိဳးႏြယ္စု သင္ယူတဲ့ေနရာမွာ ကူညီေပးခ်င္ေပမယ့္လည္း ေကစီက သူ႕ကို မတူညီတဲ့အရာတစ္ခုကို သင္ေပးခ်င္တယ္တဲ့။ၿပီးေတာ့ သူကလည္း ေကစီနဲ႕အတူရွိရတာကို ႀကိဳက္တယ္။ဒါေၾကာင့္ ဘန္ဆြန္က ေခါင္းညိတ္ၿပီး သေဘာတူလိုက္တယ္။
က်ားေတာင္ပံမ်ိဳးႏြယ္စုဝင္ေတြက စိတ္အားထက္သန္စြာ ေလ့လာခဲ့ၾကၿပီး က်ိဳးက်ိဳးႏြံႏြံေမးျမန္းၾကကာ မ်ိဳးႏြယ္စုေခါင္းေဆာင္ေပးတဲ့တာဝန္ကို အလ်င္အျမန္ၿပီးေျမာက္ေစခဲ့တယ္။ ဒီတစ္ခါ သူတို႔ရဲ႕ပထမဆုံးတာဝန္က အစားအစာဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို ေလ့လာဖို႔ျဖစ္ၿပီး တျခားပစၥည္းေတြကိုေတာ့ ေနာက္ပိုင္းမွာ ေလ့လာနိုင္ပါတယ္။
ဒါေၾကာင့္ သူတို႔သုံးရက္ေနခဲ့ၾကၿပီးေနာက္ ျပန္သြားခဲ့ၾကတယ္။ ဒီတစ္ခါေတာ့ ဘန္ဆြန္က သူတို႔နဲ႕အတူမျပန္ဘဲ ေနာက္လူတစ္စု ေရာက္လာတာကို ေစာင့္ေနတယ္။ ဒီတစ္ခါလာတဲ့လူေတြက ပိုနည္းသြားနိုင္ေပမယ့္ သူတို႔က အခ်ိန္ၾကာၾကာေနနိုင္တယ္။ ဒုတိယေျမာက္လူအုပ္စုရဲ႕ရည္႐ြယ္ခ်က္က အျခားအရာေတြကို ေလ့လာဖို႔ျဖစ္ၿပီး ျပန္လာၿပီးေနာက္ လူတိုင္းကို အသိပညာမွ်ေဝေပးဖို႔ပါပဲ။ ဘန္ဆြန္မွာ အခု ေကစီကို သြားေတြ႕ဖို႔အတြက္ အခ်ိန္ရွိေနၿပီျဖစ္တယ္။
ထို႔ေနာက္ ရိကၡာေတြစုေဆာင္းဖို႔ သူ႕ေနာက္ကိုလိုက္ၿပီး အသစ္ေတြ႕ရွိထားတဲ့ စားသုံးနိုင္တဲ့အစားအစာအခ်ိဳ႕ကို ေ႐ြးထုတ္ဖို႔နည္းလမ္းကို သူ႕(ေကစီ)ဆီကေန သင္ယူရမယ္။
ပိုင္မုနဲ႕ခဲယ္လ္တစ္တို႔က ေဆာင္းရာသီအတြက္ ရိကၡာေတြကို တက္ႂကြစြာ ျပင္ဆင္ေနၾကတယ္။ ပိုင္မုေနတဲ့ ဂူငယ္ေလးကို စုေဆာင္းထားတဲ့ အစားအစာေတြ စုပုံထားဖို႔ ဖယ္ထားၿပီးၿပီ။ ပိုင္မု၊ခဲယ္လ္တစ္နဲ႕ တေပါတို႔က အန္းခ်ီေလာ့ေနတဲ့ ဂူငယ္ေလးမွာ ေနထိုင္ခဲ့ၾကတယ္။
အဲ့ဒါက အခန္းငယ္ေလးျဖစ္ေပမယ့္လည္း အခန္းအက်ယ္အဝန္းက 20 စတုရန္းမီတာေက်ာ္ရွိတယ္။
သို႔ေသာ္ျငားလည္း သူရဲ႕ကိုယ္ပိုင္သီးသန႔္ေနရာေလးကို ထိန္းသိမ္းဖို႔အတြက္ ပိုင္မုက ရိုးရွင္းတဲ့အျပာေရာင္သစ္သားစင္ေတြ ျပဳလုပ္ေပးဖို႔ ခဲယ္လ္တစ္ကို ေတာင္းဆိုခဲ့ၿပီး ထို႔ေနာက္ ခ်ည္ထည္ေတြကို အခန္းကန႔္ဖို႔နဲ႕ လိုက္ကာအျဖစ္ အသုံးျပဳဖို႔ ခ်ိတ္ဆြဲလိုက္တယ္။ အန္းခ်ီေလာ့က ဒါကို သေဘာတူေပမယ့္ တေပါကေတာ့ ဂ႐ုမစိုက္ပါဘူး။
အျပင္က ဂူကလည္းလြတ္ေနမွာ မဟုတ္ဘူး။စုေဆာင္းထားတဲ့ ထင္းေတြကို ဂူထဲမွာ စုထားၾကမွာ။လိန္းက်ယ္စုေဆာင္းထားတဲ့ ပစၥည္းေတြကိုလည္း ခဲယ္လ္တစ္ရဲ႕အိမ္မွာ ထား,ထားတယ္။ လိန္းက်ယ္က သူ႕မိသားစုမွာ တစ္ဦးတည္းေသာသားျဖစ္တယ္။ သူက ေဆာင္းရာသီကို ခဲယ္လ္တစ္နဲ႕သူတို႔နဲ႕အတူ ျဖတ္သန္းလိမ့္မယ္။
လတ္တေလာမွာ ပိုင္မုက ေနရာလြတ္ထဲက အာလူး၊ ပိန္းဥ၊ ကန္စြန္းဥ၊ ေမ်ာက္ဥစတာေတြကို နည္းနည္းခ်င္း ျပန္ယူလာဖို႔ လိုအပ္ေနေသးတယ္လို႔ သူ႕စိတ္ထဲမွာ ေတြးေနတယ္။ ဒါ့အျပင္ ထမင္းနဲ႕ဆန္ျပဳတ္တို႔နဲ႕ တြဲစားလို႔ေကာင္းတဲ့ ဆားရည္စိမ္တခ်ိဳ႕လည္း ဆားရည္စိမ္ရမယ္။
ဆန္နဲ႕ ဂ်ဳံကိုအလုံအေလာက္ ျပင္ဆင္ထားၿပီျဖစ္ၿပီး သူတို႔ျပန္သယ္သြားဖို႔ မလိုေတာ့ဘူး။ ဟင္းသီးဟင္း႐ြက္အခ်ိဳ႕ ျပန္ယူသြားဖို႔ပဲ လိုေတာ့တယ္။ဒါေၾကာင့္ ပိုင္မုနဲ႕ခဲယ္လ္တစ္တို႔က တစ္ခါတစ္ရံ ႏွစ္ေယာက္တည္း အျပင္ထြက္ေလ့ရွိၿပီး စားစရာေတြအမ်ားႀကီးနဲ႕ ျပန္လာတတ္ၾကတယ္။ တစ္ခ်ိန္တည္းမွာပဲ သူက ခါးတဲ့ဟင္းသီးဟင္း႐ြက္အမ်ားအျပားကို ျပန္ယူလာၿပီး ပိုင္မုက ေဂၚဖီထုပ္ခ်ဥ္ကို ျပင္ဆင္တယ္။အရင္က အဖြား ဆားရည္စိမ္တာကို ျမင္႐ုံေလးသာျမင္ဖူးတယ္။ဒါေပမယ့္ အခု သူက အရင္ကသူျမင္ဖူးတဲ့ ေယာင္ဝါးဝါးမွတ္ဉာဏ္ကို အေျခခံၿပီး ျဖည္းျဖည္းခ်င္းသာ ႀကိဳးစားနိုင္တယ္။
သူျပန္သယ္လာတဲ့ ခါးတဲ့ဟင္းသီးဟင္း႐ြက္ေတြကို ေဆးေၾကာၿပီး တစ္ရက္ေလာက္ အေျခာက္ခံၿပီးမွ ညွိုးႏြမ္းေစတယ္။လတ္ဆတ္တဲ့အနီေရာင္င႐ုတ္သီးကိုလည္း အေျခာက္လွန္းၿပီး လွီးလိုက္တယ္။ ထို႔ေနာက္ ဆားနဲ႕နိုင္နိုင္ဆုပ္နယ္ၿပီး ေရေဆးတယ္။ထို႔ေနာက္ ေရေလာင္းထည့္ၿပီး င႐ုတ္ေကာင္းနဲ႕င႐ုတ္သီးေျခာက္ေတြလိုမ်ိဳး ဟင္းခတ္အေမႊးအႀကိဳင္မ်ား ထည့္တယ္။ ထို႔ေနာက္ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႕ ခါးတဲ့ဟင္းသီးဟင္း႐ြက္ေတြကို ဆုပ္နယ္ၿပီး သူ႕ရဲ႕အထူးစိတ္ႀကိဳက္ျပဳလုပ္ထားတဲ့ ဆားရည္စိမ္ဘူးထဲ ထည့္ကာ တစ္လၾကာအလုံပိတ္ထားမွာျဖစ္တယ္။ ေဂၚဖီထုပ္ခ်ဥ္ရဲ႕အေရာင္က အဝါေရာင္ေျပာင္းသြားတဲ့အထိ ေစာင့္ရမယ္။
ရာသီဥတုက ေအးသထက္ပိုေအးလာၿပီး လူတိုင္းက တိရိစ္ဆာန္သားေရေတြကို ၿခဳံထားၾကတယ္။ ပိုင္မုက သူတို႔ကို ေပ်ာ့ေပ်ာင္းတဲ့ခ်ည္ထည္ကို ကိုယ္တိအ၀တ္အစားခ်ဳပ္တတ္ေအာင္ သင္ေပးၿပီး တိရိစ္ဆာန္သားေရကိုလည္း ကိုယ္တိျဖစ္ေအာင္ ခ်ဳပ္လုပ္ကာ ခ်ည္ထည္အေပၚ ၀တ္ဆင္ထားၾကတာမို႔ အရမ္းႏြေးေထြးပါတယ္။ ေဆာင္းရာသီေရာက္လာရင္ တိရိစ္ဆာန္သားေရေတြကို အလႊာႏွစ္ထပ္နဲ႕ ခ်ဳပ္ေပးလိုက္။ဒါဆို အ၀တ္အစားက အထဲေရာ အျပင္ေရာ ႏြေးေထြးေနတဲ့အတြက္ အေအးဒဏ္ကို ေကာင္းေကာင္းကာကြယ္နိုင္လိမ့္မယ္။ ဒီနည္းက ပိုေကာင္းတယ္။
ေဆာင္းရာသီအတြက္ ႀကိဳတင္ျပင္ဆင္မႈအားလုံးကို စနစ္တက်လဳပ္ေဆာင္ေနၾကတယ္။ တစ္ခုတည္းေသာ ဝမ္းနည္းစရာက ေက်ာက္မီးေသြးကို မေတြ႕ရတာျဖစ္တယ္။ပိုင္မုက ဒီေဆာင္းရာသီမွာထင္းကို မီးရွို႔တာက ပိုေကာင္းမလား ဒါမွမဟုတ္ မီးေသြးကို မီးရွို႔တဲ့နည္းက ပိုေကာင္းမလားလို႔ ေတြးေနတယ္။
ပိုင္မုလက္ေလွ်ာ့ခါနီးမွာ မ်ိဳးႏြယ္စုမွာ လာေလ့လာတဲ့ က်ားေတာင္ပံမ်ိဳးႏြယ္စုဝင္ orcတစ္ေယာက္က အဲ့လိုေက်ာက္တုံးနက္ေတြကို သူျမင္ခဲ့ၿပီး ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုနဲ႕ မနီးမေဝးမွာရွိတယ္လို႔ ေျပာခဲ့တယ္။
ဒါေၾကာင့္ လူတိုင္းက အရမ္းေပ်ာ္႐ႊင္ခဲ့ၾကၿပီး အဲ့ဒါကအမွန္လားဆိုတာဆုံးျဖတ္ဖို႔ ပိုင္မုအတြက္ တခ်ိဳ႕သြားျပန္ယူဖို႔ရာ လမ္းကိုဦးေဆာင္ေပးဖို႔ သူ႕ကို ေတာင္းဆိုခဲ့တယ္။ က်ားေတာင္ပံမ်ိဳးႏြယ္စု၀င္ orc က သေဘာတူခဲ့ၿပီး တခ်ိဳ႕သြားျပန္ယူဖို႔ မ်ိဳးႏြယ္စုထဲက စစ္သည္ႏွစ္ေယာက္ကို ေခၚသြားတယ္။
ပိုင္မုက အဲ့ဒါကို ခြဲျခားၿပီးေနာက္ ဒီအရာက သူရွာေဖြေနတဲ့ ေက်ာက္မီးေသြးျဖစ္ေၾကာင္း အတည္ျပဳလိုက္ၿပီး ပိုင္မုက အရမ္းေက်နပ္သြားတယ္။ ဒါေၾကာင့္ orcs ေတြက ေက်ာက္မီးေသြးတြင္းရဲ႕တည္ေနရာကို ၾကည့္ဖို႔ သူတို႔ရဲ႕ ျခင္းေတာင္းေတြကို ယူခဲ့ၾကတယ္။ ေနာက္ရက္ေတြမွာ သူတို႔က ေက်ာက္မီးေသြးတြင္းနားမွာ အမဲလိုက္ၾကၿပီး သားေကာင္ကို ဖမ္းမိၿပီးေနာက္ သူတို႔က ႀကီးမားတဲ့ေက်ာက္မီးေသြးျခင္းေတာင္းနဲ႕ ျပန္လာခဲ့ၾကတယ္။ဒီနည္းလမ္းနဲ႕ ေဆာင္းရာသီေရာက္တဲ့အခါ ႏြေးေထြးေစဖို႔အတြက္ ေက်ာက္မီးေသြးလုံလုံေလာက္ေလာက္ သူတို႔စုေဆာင္းနိုင္တယ္။