'LOTUS KILLER' {Ongoing}

By Mary_koe552005

146K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

28

2.4K 292 36
By Mary_koe552005

"ဆန်ပြုတ်သောက်"

ကုတင်ပေါ်မှာ ခေါင်းမြီးခြုံပြီး ဖက်ထုပ်လို ကွေးနေတဲ့ ကလေးပေါက်စ က တုတ်တုတ်မှ မလှုပ်။

"ကိုးနွယ် . . . စောင်ကို ခေါင်းမြီး မခြုံနဲ့  မွှမ်းမယ်"

သူ ဘာပြောပြော အရေးမစိုက်သော ကိုးနွယ်ကို ကိုးနောင် စိတ်မရှည်တော့ပေ။ကိုးနောင်က စိတ်လျှော့လိုက်ဟန် လေပူတွေကို မှုတ်ထုတ်လိုက်သည်။ဤတောင်မှ ခုံပေါ်ကို ပစ်ချလိုက်သော ဆန်ပြုတ်ပန်းကန်သံက ခွမ်း ကနဲ။

"ကိုးနွယ်!"

ကိုးနွယ်က ‌မကြားချင်ယောင်ဆောင်သည်။

ကိုးနောင်က ခေါင်းမြီးကို ဆတ်ကနဲ ဆွဲဖြုတ်လိုက်ပြီး ကိုးနွယ်ကို ဆတ်ကနဲ ဆွဲထူလိုက်သည်။

"သောက်ချင်ဘူး"

"မရဘူး သောက်ရမယ် . . ."

ကိုးနောင် က ဆန်ပြုတ် ပန်းကန်ကို ကိုးနွယ်ရှေ့ ချပေးသည်။

ကိုးနွယ် မျက်နှာက တည်တည်လေးဖြစ်ပြီး မထီတရီ။ဘူးဆို ဖရုံ မသီး တဲ့ သဘော။

ကိုးနောင်က မာ မိသွားသော လေသံကို ပျော့သွားအောင် လျှော့လိုက်ကာ

"ဖေကြီး ခွံ့ပေးရမလား"

ကိုးနောင်က ညင်သာစွာ ဇွန်းကို ခတ်ကာ ကိုးနွယ် နှုတ်ခမ်းလေးဆီ တိုးပေးသည်။

ကိုးနွယ်က လက်နဲ့ ကြမ်းတမ်းစွာ ပုတ်ထုတ်ပစ်လိုက်သည်။

"မသောက်ချင်ပါဘူးဆို!"

ဇွန်းက ကြမ်းပေါ် ချွင်ကနဲ ပစ်ကျသွားပြီး ဆန်ပြုတ်က ကိုးနောင် မျက်နှာကို ပေရေသွားသည်။ဆန်ပြုတ်ပန်းကန်ကလည်း ကြမ်းပေါ် ဖရိုဖရဲ မှောက်ကျသွားသည်။

ကိုးနောင် မျက်လုံးတွေက စူးရဲသွားသည်။လျှော့ထားသော ဒေါသ က ထောင်းခနဲ။

ဒီ စောက်ကလေးကို မွေးကတည်းက သတ်ပစ်သင့်. . . စိတ်လျှော့ စိတ်လျှော့ ဝင်လေ ထွက်လေ။

ကိုးနောင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကိုးနွယ်ကို အေးစက်စက် စိုက်ကြည့်သည်။

ပြီး ကိုးနောင်သည် ထွက်နေသော ဒေါသကို ထိန်း၍ နှုတ်ခမ်းပေါ်က ပေရေနေသော ဆန်ပြုတ်များကို လက်ဖမိုးနဲ့ ဖိဆွဲ သုတ်လိုက်သည်။တစ်ဆက်တည်း ကြမ်းပေါ်က ဆန်ပြုတ်ပန်းကန်ကို ကောက်လိုက်ပြီး သန့်ရှင်းရေး လုပ်သည်။

"ဘာဖြစ်ကြတာလဲ . . . ကိုးနောင် ဆန်ပြုတ်တွေ မှောက်ကျကုန်တာလား"

‌ခွမ်း ကလုံ ဆိုတဲ့ အသံများကြောင့် ခမ်းနော့ဝ်က အပြေးလာမိတော့ ကိုးနွယ် အခန်းထဲမှာ စစ်ပွဲ ဖြစ်နေသည်။

ကိုးနွယ်က ခမ်းနော့ဝ်ကို တစ်ချက်ကြည့်လိုက်သည်။

"ဖေဖေ ဆန်ပြုတ်ခွံ့မှ သောက်မယ်"

ကိုးနောင် မျက်လုံးစိမ်းစိမ်းများကြား ဝမ်းနည်းမှုလှိုင်းကြီး ဖြတ်သွားကြောင်း ခမ်းနော့ဝ် မြင်လိုက်သည်။သို့သော် ခဏတွင်းပင် မျက်တောင် မြန်မြန်ခတ်လိုက်ပြီး ထို ဝမ်းနည်းမှုကို ဖုံးကွယ်ပစ်လိုက်၏။

"ကိုးနွယ် မဆိုးရဘူးလေ သား ဖေကြီးက သားကို စားစေချင်လွန်းလို့ သူကိုယ်တိုင် ဆန်ပြုတ် ပြုတ် ထားခဲ့တာ . . ."

ကိုးနွယ်က အေးတိအေးစက်ပင်

"သူ တိုက်ရင် မသောက်ချင်ဘူး"

အဖေ ဖြစ်သူကိုတောင် သူ ဟု ရင့်သီးသီး နာမ်စားသုံးလိုက်သည်။ဖေကြီးပင် သူ့ကို သားလို့ ခေါ်ခဲ့တာ ကျလို့။

"မသောက်နဲ့ ဘယ်တော့မှ မတိုက်ဘူး"

ကိုးနောင်က အံကြိတ်ပြီး ဆန်ပြုတ်ပန်းကန်ကို ကောက်ယူကာ အခန်းထဲမှ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားသည်။

"ကိုးနွယ် အဲ့လို မပြောရဘူးလေ. . . ကိုးနောင် မင်းကလည်း ကလေးနဲ့ အပြိုင် မဆိုးနဲ့လေ. . ."

ခမ်းနော့ဝ်မှာ စိတ်ပင်လေသွား၏။ကိုးနွယ်ကို လည်းကောင်း ထွက်သွားသော သူကို လည်းကောင်း နှစ်ယောက် ဆူရသည်။

ကိုးနွယ်က ဆူလိုက်တော့ ပြန်လဲလိုက်ပြီး စောင်ကို ခေါင်းမြီး ခြုံလိုက်သည်။သူ့ မျက်ဝန်းထဲ အရည်လေးတစ်ချို့ အိုင်ဖွဲ့လာ၏။နှာထိပ်လေးက ခပ်ရဲရဲ ဖြစ်လာသည်။

စောင်ပုံထဲက နှာရှုံ့သံ သေးသေးလေးကြားသောအခါ ခမ်းနော့ဝ်က ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်လိုက်ရင်း  စောင်ပုံထဲက ကလေးလေး နဖူးကို စောင်ပေါ်ကနေ နမ်းလိုက်သည်။

"လုပ်ချင်ရာ လုပ်ပြီးရင် အကိုကြီးက ငိုပြီ"

"ငိုပါဝူး ရှူး. . ."

"ဟုတ်ကဲ့ပါ . . .ဟုတ်ကဲ့ပါ"

ခမ်းနော့ဝ်က ကိုးနွယ် တင်ပါးကို ခပ်ဖွဖွလေး မနာအောင် ရိုက်လိုက်သည်။

"သားကို တစ်ယောက်တည်း လွှတ်ထားလိုက်ပါ"

ခမ်းနော့ဝ် မှာ စိတ်မကောင်းသည့်ကြားမှပင်  ပြုံးမိသွားသည်။တစ်ခါတစ်လေ ကိုးနွယ် ပြောသောစကားသည် သူ့ အသက်နဲ့ မလိုက်။လေကြီးမိုးကြီး ပြောတာ ဉာဏ်ကိုးနွယ်မှ ဉာဏ်ကိုးနွယ် အစစ်။

"သားလေး . . . သားဖေကြီး ကို စိတ်ကောက်နေတာလား. . ."

စောင်ပုံထဲက နှာရှုံ့သံလေး ထွက်လာ ပြန်သည်။

"သား ‌လေး . . . သား မသိလို့ သားငယ်ငယ်ကဆို သားက မင်းဖေကြီး လက်ပေါ်က မဆင်းဘူး. . . တကယ်ဆို မင်းမကြီး နန်းနွယ်က ဖေဖေ့ လက်ပေါ်ကြီးလာတာ . . . ကိုးနောင် သိပ် မထိန်းလိုက်ရဘူး. . . မင်းကျမှ မင်းဖေကြီး မှ မင်းဖေကြီး သူ့ခြေထောက်ကို ကုပ်ကပ်ဖက်. . . သူ့ နောက်ပဲ တောက် တောက် နဲ့ လိုက်တာ လုံးလုံး လုံးလုံးနဲ့ ဘယ်လိုလေးမှန်းမသိဘူး. . . "

"ခု မလိုက်ပါဘူး"

"ငယ်ငယ်လေးကဆို ဖေဖေ ချီရင်တောင် မျက်ရည်ဗူးသီး လုံးလောက် ကျအောင် ငိုတာ. . .ကိုးနောင်ဆီ ရောက်သွားရင် မြူးထူးသွားပြီ. . . တကယ် ကောင်ဆိုးလေး. . . ပြီး ကိုးနောင် ဆီ ရောက်ရင်လည်း မင်းက အငြိမ်မနေဘူး မတရား နှိပ်စက်တာ မင်းဖေကြီး ပါးကို ရိုက်တယ် ခြေထောက်နဲ့ ဆောင့်ကန်တယ် ဆံပင်ကို ဆွဲဆောင့်တယ်. . . မျက်တောင်တွေကိုတောင် ဆွဲနှုတ်သေးတာ . . . နောက်ဆုံး ကိုးနောင် အိပ်နေရင်တောင် မျက်နှာတည့်တည့်ပေါ် ကုပ်ကွ တက်ပြီး ဘာလုပ်တယ် မှတ်လဲ . . . ခင်ဗျားလေးက. . . သိလား ဘာလုပ်လဲ သိလား"

"သိဝူး"

"အီးပါချတာ "

ကိုးနွယ် က စောင်ပုံထဲက ခေါင်းလုံးလုံးလေး ပြူလာသည်။

"ဖေ ညာနေတာ သား အဲ့လုပ် မလုပ်ဘူး"

"အမယ်. . . videoနဲ့တကွ သက်သေရှိတယ်ဗျ အဲ့လို ငြင်းမှာစိုးလို့ ကို မှတ်တမ်း ယူထားတာ . . နောက် အဲ့လို မဟုတ်က ဟုတ်က တွေ လုပ်ချင်ရာ လုပ်ပြီးရင် ဖေကြီး အာဝါးဆိုပြီး ပြောတာ . . ."

ကိုးနွယ်က ခေါင်းရမ်းပြသည်။

"နိုး သား က အဲ့လို မလုပ်"

"မင်းက စိတ်က ကြီးသေးတယ် . . . လိုချင်တာ မရရင် မျက်နှာကြီးကို စူပုတ်နေတာ ပစ္စည်းတွေလည်း လွှတ်ပစ်တာ မင်းဒဏ်ကို အများဆုံး ခံရတာ မင်းဖေကြီးပဲ သူ့မှာ မင်းကြောင့် စားကောင်းခြင်း မစားရ အိပ်ကောင်းခြင်းလည်း မအိပ်ခဲ့ရ . . .မင်းက ည ဆို မအိပ်၊ နေ့ဆို ခူးခလောနဲ့ အိပ် . . . ခင်ဗျားလေးရဲ့ အဆိုးဆုံး အကျင့် ရှိတယ်"

ကိုးနွယ်က မျက်လုံးလေး ဝိုင်းစက်သွားသည်။

"အိပ်ရင်လေ အိပ်ရာပေါ် ကုတင်ပေါ် ချသိပ်မရဘူး လက်ပေါ်က ချလိုက်တာနဲ့ တန်း ပြဲကွဲအောင် ငိုတာ မင်း စ အိပ်တဲ့ချိန်ကစ နိုးလာတဲ့ချိန်ထိ ငါ့သနားစရာယောက်ျားလေးက  မင်း ပုဂ္ဂိုလ်ကြီးကို ပွေ့ပိုက်ထားရတာ အမြဲတမ်းနော် . . . အမြဲတမ်း"

ကိုးနောင် ကိုးနွယ်ပေါက်စကို ချီထားသည့်ပုံမှာ ခမ်းနော့ဝ် မျက်လုံးထဲ စွဲထင်လာ၏။

ထိုစဉ် က ကိုးနောင်ကို ဘယ်ချိန်ကြည့်ကြည့် မျက်နှာမှာ မလန်း။အမြဲ အိပ်ချင်မူးတူးရုပ်။

ကိုးနွယ်များ အာဗြဲ ကြီးနဲ့ စ ပြီး အချက်ပြလိုက်ရင်း ရောက်ရာနေရာကနေ လေလို အလျင်နဲ့ ဝှီးကနဲ ပြေးကာ ကိုးနွယ်ရဲ့ ပုခက်ဆီ သွားသည်။ပါးစပ်က လည်း "‌လာပြီ!" ဆိုပြီး အော်သွားသေးသည်။

ကိုးနွယ်နဲ့ နန်းနွယ်က တစ်နှစ်ပဲ ကွာ၏။

လက်ထပ်ပြီး ပြီးချင်း လ အနည်းငယ်အကြာ ကလေးတန်းယူခဲ့တာ ဖြစ်သည်။အမှန်တိုင်းဆိုလျှင် ခမ်းနော့ဝ် သည် ယောက်ျား‌လေးတစ်ယောက်အနေနှင့် ကိုယ်ဝန်ဆောင်ရမည်ကို ကြောက်သည်။ရှက်လည်း ရှက်ခဲ့သည်။

သို့သော် ထိုအရာများသည် အန်ထရာဆောင်းဓာတ်မှန်ပုံကို ကိုင်ပြီး ကလေးတစ်ယောက်လို ပါးလေးများ မို့တက်အောင် ရယ်နေသော ကိုးနောင်ရယ်သံအောက် ကြက်ပျောက် ငှက်ပျောက်သာ။

အရှက် ၊သိက္ခာ ၊မာန တွေ သည် သူနှင့်ယှဉ် ရင် မြင်းမိုရ်တောင်အောက်က မြက်ပင်လို။
ဒီ မွေးဖွားမှုသည် အောင်မြင်ချင်မှလည်း အောင်မြင်မည်။အသက်ရှင်ချင်မှလည်း ရှင်မည်။သူ သေချင်လည်း သေသွားနိုင်သည်။ကိစ္စမရှိ။

အရေးကြီးတာ ကိုးနောင် ပျော်ဖို့။

ခမ်းနော့ဝ် မှာ နန်းနွယ် တစ်နှစ်သမီးအရွယ်၊ ကိုးနွယ် မွေးပြီး ပြီး ချင်း 3လ လောက်သာ အနားယူခဲ့သည်။ပြီး လစ်ဟထားခဲ့သော သူရဲ့ တာဝန်များကို အမြန် ပြန်လည် ဖြည့်ဆည်းနေရ၏။သူ့ ရဲ့ များမြောင်လှတဲ့ ဂျူတီတွေ အကြားဝယ် ကိုးနွယ်နှင့် နန်းနွယ်သည် ကိုးနောင် လက်ပေါ်မှာသာ အနေများခဲ့သည်။

နန်းနွယ်ကို ခမ်းနော့ဝ်ထိန်းလိုက်သည်မှာ တကယ်ကျ တစ်နှစ် လောက်သာ။‌နောက်ပိုင်း ကိုးနောင်ပဲ အကုန် ကြည့်သွားတာ ဖြစ်သည်။

နေ့တိုင်း သူ ဆေးရုံက ပြန်လာစဉ် ကိုးနောင်သည် နန်းနွယ်ကို ကျောမှာ သိုင်းချီပိုးကာ ကိုးနွယ်ကို ရင်ခွင်ထဲ ပိုက်ပွေ့ရင်း နို့ဘူးကို လှုပ်ခတ်ပြီး နို့တိုက်နေသည်။

နောက်က နန်းနွယ်က အီး အဲ ညည်းညူကာ လှုပ်သွားရင် 'ကျွတ် ကျွတ်' ဟု အသံပေးကာ ချော့မြူတတ်သည်။

ဒီ‌မြင်ကွင်းသည် လောကဝယ် အနွေးထွေးဆုံးနဲ့ တန်ဖိုးအရှိဆုံး ဟု ခမ်းနော့ဝ် တင်စားလိုက်ချင်သည်။

ထိုစဉ် အိမ်ပေါက်ဝမှာ မတ်တပ်ရပ်နေတဲ့ ခမ်းနော့ဝ်ကို ကိုးနောင် မြင်လျှင် ချိုသာစွာ ပြုံးပြီး "ကိုယ် မင်းတွက် သံပုရာရည် ဖျော်ထားတယ် သောက်လိုက်"ဟု ပြောတတ်သည်။

ကလေးနှစ်ယောက်နှင့် ဗျာများလှသော ကိုးနောင်ကိုကြည့်ရင်း ပင်ပန်းလွန်းလို့ အိမ်ကူခေါ်ရန် အကြံပြုသော်လည်း ကိုးနောင်က စိတ်မချဘူးဟု ဆိုခဲ့သည်။

ကိုးနောင် ဆိုသည်မှာ ထမင်းစားနေရင်း ကိုးနွယ် ချီးပါချရင်တောင် စားလတ်စကို ချက်ချင်း ရပ်ပြီး  ‌အညစ်အကြေးများကို မရွံ့မရှာ ထပြီး ဆေးကြောသန့်စင်ပေးတတ်သော ဖခင်မျိုး ဖြစ်သည်။

ထို့ပြင် မှတ်မှတ်ရရ ကိုးနွယ်သည် မွေးကာမှစ သုံးနှစ်ဝန်းကျင်ထိ အလွန်လည်း ချူချာခဲ့သေးသည်။

ကိုးနွယ်က ရုတ်တရက်ကြီး ရှော့ခ် ရပြီး မေ့လဲသွားဖူးသည်။ခမ်းနော့ဝ်က ဆေးရုံမှာ ဖြစ်ပြီး ကိုးနောင်သာ အိမ်မှာ ရှိသည်။

ကိုးနောင်မှာ ကမန်းကတန်း ဆေးရုံပြေးရန် ကြံပါသော်လည်း အရေးထဲ ဆိုင်ကယ်က ဆီကုန်၊ထိုစဉ်က ကားလည်း မရှိသေး။နန်းနွယ်ကို စက်ဘီး ရှေ့ခြင်းထဲထည့် ကိုးနွယ်ကို ရင်ခွင်တွင် သိုင်းကာ ပိုက်ချီထွေးပြီး ဆေးရုံကို ပြေးလာသည်။အသည်းခိုက်အောင် ပူသော နွေဝယ် ချွေးဒီးဒီးကျသည်ထိ စက်ဘီးကို အသားကုန် နင်းပြီး သကာလ ခမ်းနော့ဝ် ရှေ့ ဆိုက်မြိုက်စွာ ရောက်ချလာသည်။ကိုးနောင်မှာ ဟောဟဲ ဆိုက်နေ၍ စကားပင် မပြောနိုင်တော့ပေ။

ကိုးနောင် နှင့် ကလေးနှစ်ယောက် ဖြစ်အင်ကို ကြည့်၍ ခမ်းနော့ဝ်မှာ တောင်ကြီးက တစ်နှစ်နေလို့ စကားဆယ်ခွန်းပြည့်အောင်တောင် ထိုင်မပြောဖူးသော ဖအေ ဖြစ်သူကိုပင် သတိရသွားမိကာ မျက်ရည်ပင် လည်ခဲ့ရ၏။

ဪ . . . ဖခင်မေတ္တာ။ဖခင်မေတ္တာ။

"ဖေဖေ ဘာလို့ သားကို အာ့တာတွေ လာပြောပြနေတာလဲ. . . သား သိချင်ပါဘူး. . ."

"သားက သား ဖေကြီး ကို စိတ်ကောက်နေတာလေ . . .သား စိတ်ပြေသွားအောင် သား ငယ်ငယ်က အကြောင်းတွေ ပြောပြပေးနေတာ. . "

"စိတ်ကောက်တာ မဟုတ်ဘူး"

"ဒါဆို ဘာလဲ"

ကိုးနွယ်က အသံတိမ်တိမ်လေးနှင့်

"စိတ်နာတာ"

"ဟောဗျာ"

"သူက သားကို ချစ်ဝူး. . ."

ခမ်းနော့ဝ်က ကိုးနွယ် ခေါင်းလေးကို ကြင်နာစွာ ပုတ်လိုက်ပြီး

"မဟုတ်တာကွာ. . . အဲ့ဒီနေ့က သားဖေကြီးက သားပျောက်တယ် မှတ်ပြီး စိတ်ပူပူနဲ့ လိုက်ရှာနေရှာတာ . . . နောက်ပြီး ဖေဖေပြမယ် ဒီမယ်ကြည့်"

ခမ်းနော့ဝ်က ဖုန်းကင်မရာကို ဖွင့် လိုက်ပြီး ကိုးနွယ်မျက်နှာရှေ့ ထိုးပေးလိုက်သည်။

"သားရဲ့ မျက်ဝန်းလေးတွေ မျက်တောင်လေးတွေ နှာခေါင်းလေး နှုတ်ခမ်းလေး မျက်နှာကျလေး . . . ဘယ်သူနဲ့ တူနေသလဲ. . ."

ကင်မရာပေါ် ထင်နေသည့် သိမ်မွေ့ကျော့ရှင်းသော အသွင်သဏ္ဍာန်သည် ဘယ်သူနှင့် တူနေကြောင်း ထင်ရှားလှပါသည်။

ခမ်းနော့ဝ် က ကိုးနွယ် အနားကို တိုးကပ်လာသည်။ပတ်ဝန်းကျင်ကို မျက်စိတစ်ချက်ဝေ့ ကြည့်ကာ လေသံတိုးတိုးနှင့်

"ဖေ လျှို့ဝှက်ချက် တစ်ခု ပြောပြရမလား"

ကိုးနွယ်က ချက်ချင်းပင် အားတက်သရော ခေါင်းကို ထပ်ခါခါ  ငြိမ့်သည်။

အလွန်စူးစမ်း ယကာ စပ်စပ်စုစု နိုင်သည်မှာ ကိုးနွယ်၏ မဟာ အားနည်းချက် ဖြစ်ကြောင်း ခမ်းနော့ဝ် သိသည်။

"မင်း မကြီးကို ပြန်မပြောနဲ့နော် . . .ရှူး. .  မိဘတွေ ပိုချစ်တဲ့ သားသမီးကပဲ မိဘတွေနဲ့ တစ်ထေရာတည်း တူကြတာ. . ."

ကိုးနွယ် မျက်လုံးများပြူးကျယ်သွားပြီး ပါးစပ်လေးက အို ပုံစံ ဝိုင်းစက်သွား၏။

"တကယ်လား"

"တကယ်"

"ဟေ့ . . ဘာ‌တွေ တကယ်နေကြတာလဲ!"

ထိုစဉ် အခန်းဝကနေ နန်းနွယ်က ပြူးပြူးကြီး ရောက်ချလာသည်။

"ဟ့ လန့်လိုက်တာ အနွယ်ရာ. . . ဒါမျိုးဆို ရှေ့ဆုံးက ရောက်ရောက် ချလာတာ"

ခမ်းနော့ဝ်က ရင်ဘတ်ကို လက်နဲ့ဖိကာ ဆိုစဉ် ကိုးနွယ်ကမူ ခုထိ အံဩလို့ မဆုံးနိုင်သေး။
မသိရင်
ကမ္ဘာ့လျှို့ဝှက်ဆုံး ကိစ္စကြီးကို သူ သိသွားသလို။

"အနွယ် ဘာလို့ အစောကြီး ပြန်လာတာလဲ"

"အငယ်ပေါ့ . . . သူများ ကျောင်းမှာ နေချင်သေးတာကို စောကြီး လာကြိုတယ်. . ."

နန်းနွယ်က ကိုးနွယ်ဆီ ပြေးလာကာ ကိုးနွယ် နဖူးကို လက်တိုတိုလေးနဲ့ စမ်းလိုက်ပြီး

"ဖေဖေ ဖေဖေ!! ကိုးကိုးက ပူကျစ်နေတာပဲ"

ကိုးနွယ်က နန်းနွယ်လက်ကို ဖတ်ကနဲ ရိုက်လိုက်သည်။

"နင့်လက်ကြီးက အေးစက်နေတာကို"

"ဪ ဟီး ဟီး. . . ကိုးကိုး သိလား ကိုးကိုး နေမကောင်းဆိုတာ သိလို့ မုန့်တွေ ဝယ်ပေးလိုက်တယ်. . .အောက်မှာ အများကြီးပဲ . . လာ စားရအောင်. . ."

"ဟုတ်လား. . ယောက်ဖလေးကလည်း အားနာစရာကြီး"

"ဖေဖေက လည်း . . . အငယ် များဝယ်ပေးနေပါဦးမယ် ကပ်စီးကုပ်. . အငယ့် ရည်းစားက ဝယ်ပေးလိုက်တာ"

"ဟမ် ! ဆတ်နွယ်က ဘယ်တုံးက ရည်းစားရသွားတာလဲ. . . မဖြစ်နိုင်တာ. . .ငါ update သတင်းတွေ များ လွတ်သွားသေးလား . . .အနွယ် ပြောစမ်း နင့် ဦးလေး ရည်းစားက ဘယ်သူလဲ"

နန်းနွယ်က လွှတ်ကနဲ ထွက်သွားမိသော စကားကြောင့် ကိုယ့် လျှာကို ကိုက်နေသည်။
သေပြီ။မှားပြောမိသွားပြီ။

"ပြော ပြော မြန်မြန် သိချင်လွန်းလို့ သေတော့မယ်"

"ဟီး ဟီး သမီးလည်း တိဝူး တိဝူး"

"ဖေဖေ ဘယ်သူမှ ပြန်မပြောဘူး ကတိ ကတိ"

"သမီး သိပါဘူး အလကား စနေတာ"

"သမီး လိုချင်နေတဲ့လေ ဟို album ဆိုလား PCဆိုလား"

"ရှိုင်းမိုဟန် ရှိုင်းမိုဟန်!! . . .သမီးပြောတာ ဘယ်သူ့မှ ပြန်မပြောနဲ့နော်"

++++

"ကိုးနောင် ဆတ်နွယ် ရည်းစားက ရှိုင်းမိုဟန်တဲ့"

ကိုးနောင်က ကွန်ပျူတာကို အာရုံစိုက်နေရာမှ ခမ်းနော့ဝ်ဆီ အကြည့်ရွှေ့လာသည်။

"အင်း အာ့တော့"

"ဘာ အင်း အဲ့တော့ တုံး . . . မင်းလည်း ငါ ပြောမှ သိတာမလား"

"ဖြစ်မှ မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ"

ခမ်းနော့ဝ်ကမူ ခုန်ဆွ ခုန်ဆွနဲ့ လက်သီး လက်မောင်းတန်းကာ

"အာ့တာကြောင့် ငါထင်ပါတယ် ငါ့ဆီ ချောင်းပေါက်မတတ် လာနေကတည်းကိုက ငါ့ဆီက တစ်ခုခု လိုချင်နေတာမှန်း လတ်စသတ်တော့ ငါ့ယောက်ဖကို ချိန်နေတာပဲ. . .ကျွတ်!! စိုင်ဆိုင်ခမ်းနော့ဝ်တော့ အသုံးချခံလိုက်ရပြီ"

ကိုးနောင်က မခို့တရို့ ပြုံးပြီး

"တုံးတာကိုး"

"ဘာ ! ငါ မင်းကို ‌မကျေသေးဘူးနော် မင်း သားငယ်ကို ဂရုစိုက်စမ်း . . . ကလေး‌ကို စိတ်ဒဏ်ရာ ရအောင် မလုပ်နဲ့. . . သူ့ စိတ်ထဲ ခွဲခြား ခွဲခြား ဆက်ဆံတယ် ခံစားရအောင် မလုပ်စမ်းနဲ့. . ."

"ကိုယ် သူ့ကို ဘယ်မှာ ခွဲခြားလို့လဲ သူ လိုချင်တယ်ပြောရင် အကုန် ဖြည့်ဆည်းပေးနေတာပဲ"

"ငါ မောတာဟာ. . .ကိုးနောင် ရာ ခေါင်းခေါက်ချင်လာပြီ ကလေးလည်း မဟုတ်ဘဲ ကလေးနဲ့ အပြိုင် ဂျစ်တိုက်မနေနဲ့ . . .သွား ကလေးကို ပြန်ချော့ ချက်ချင်း ပြန်ချော့"

"မချော့ချင်ပါဘူး သူတောင် ကိုယ့်ကို ချစ်ဘဲနဲ့"

"ငါမှာ မင်းဘက်က‌နေ ရှေ့နေလိုက်ပြီး မင်း ကောင်းကြောင်း အာပေါက်မတတ်ပြောထားရတာ ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့"

"လုပ်မှာပဲ"

"ကိုးနောင် !"

"အင်းလို့"

"ပြောပြီး ပြီးနော် ပြောတဲ့တိုင်း မလုပ်ရင် မင်းနဲ့ ငါနဲ့ တွေ့မယ်"

ခမ်းနော့ဝ်က 'I'm watching you' ဆိုတဲ့ သဘောနဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို မျက်လုံးနဲ့ ထိုးကာတစ်လှည့် ကိုးနောင်ကို ထိုးကာ တစ်လှည့် လုပ်ပြသွားသည်။

ခမ်းနော့ဝ် ထွက်သွားစဉ် ထွက်သွားချင်း ကိုးနောင်သည် ပိတ်ထားသော ကွန်ပြူတာကို ပြန်ဖွင့်လိုက်လေသည်။

Head phoneကို နားမှာ တပ်၊volumeကို အကျယ်ဆုံး ဖွင့်ချလိုက်သည်။

ဆိုးရွားဆုံး နာကျင်ညည်းညူသံတွေ။

Pron video တွေက မုဒိန်းမှုတွေ မဖြစ်အောင် တစ်ဝက်လျှော့ချပေးနိုင်တယ်ဆို ဒီ လူသတ်videoတွေက သူ့ရဲ့ သွေးဆာနေသော စိတ်ကို တစ်ဝက် အာသာ ပြေစေသည်။

လူတစ်ယောက်ကို ပိုးဆိုးပက်စက် သတ်ပစ်ချင်ပေမယ့်လည်း သူ မသတ်ခဲ့။

သူ့ ယောက်ျား မျက်နှာကို ကြည့်ရမည်။သူ့ သားမျက်နှာကို ကြည့်ရမည်။သူ့ သမီးမျက်နှာကို ကြည့်ရမည်။

9 နှစ် လုံးလုံး ဆန္ဒကို သိက္ခာနဲ့ ထိန်းခဲ့သည်။

ကိုးနောင် သူ့ စိတ်ကို ပြုပြင်ဖို့ ကြိုးစားသည်။ထိန်းသည်။တရားချ တရားပြသည်။

တရားစခန်းတွေ ဝင်သည်။မိုးကုတ် ဝိပဿနာကျောင်းတွေမှာ တရားကျင့်သည်။အုံလိုက်ကျင်းလိုက် သောင်းကျန်းနေသော စိတ်သည် ဓမ္မရိပ်အောက်ဝယ် ငြိမ်သက်သွားခဲ့သည်။

တရားသည် တကယ် တန်ခိုးထက်လှပါ၏။

သို့သော် သူသည် ရဟန္တာ၊အနာဂါမ် မဟုတ်ပေ။

တစ်ခါတစ်လေတော့ မထိန်းနိုင်၊မသိမ်းနိုင် ပွင့်အံလာ၏။

နာကျင်စွာ အော်ဟစ် ရုန်းကန်သံ၊ရုန့်ရင်းကြမ်းတမ်းစွာ လှီးသံ ဖြတ်သံတွေကို တောင့်တသည်။

ဒီ webထဲက လူသတ် video ပေါင်း သောင်းခြောက်ထောင်သည် သူ့ကို အာသာပြေစေသည်။ထိုထက် သူ စိတ်မထိန်းနိုင်ရင်တော့ လျှို့ဝှက်ခန်းထဲက အလောင်းတွေသည် အဖြေပဲ ဖြစ်၏။

ကိုးနောင်သည် channel တွေ တစ်ခုပြီး တစ်ခု ထဲသို့ ဝင်ကြည့်လိုက်သည်။တစ်ခုမှ မကြိုက်။

သူ့လို ဝါရင့်နေတဲ့ ပရိုကြီး တစ်ယောက်တွက် ထို channel များရဲ့ တင်ဆက် လူသတ်ပုံမှာ ကလေးကလား နိုင်လွန်းလှသည်။

သို့သော် ကြည့်စရာ မရှိတဲ့ အဆုံးတော့ ပြာ၊နီ၊ဝါ ရဲ့ channel ထဲ ဝင်လိုက်သည်။
တင်ဆက်သူ သုံးယောက်တွင် တစ်ယောက်က အနီmaskကို လည်းကောင်း၊တစ်ယောက်က အပြာ maskကို လည်းကောင်း၊နောက်ဆုံးတစ်ယောက်က အဝါmaskကို လည်းကောင်း တပ်ဆင်ထားသောကြောင့် ကိုးနောင်သည် ဒီchannelကို ပြာ၊နီ၊ဝါ ဟု အလွယ်နာမည်ပေးထားခြင်း ဖြစ်သည်။

ပျင်းစရာကောင်းသည်။

ကိုးနောင်က မျက်လုံးကို မှိတ်လိုက်ပြီး အသံကိုသာ နားထောင်နေလိုက်သည်။

"ဟိုင်း Baby Coe XXXX ဆိုတဲ့ လူကြီးမင်း ပြန်ရောက်လာပြန်ပြီပဲ. . . အရင်တစ်ခါတုံးက coins အများဆုံး ပေးသွားသလို ခုလဲ ပေးဖို့ ဆန္ဒရှိရင် ပေးသွားနိုင်ပါတယ်ခင်ဗျ"

ကိုးနောင် မျက်လုံးကို ဆတ်ကနဲ ဖွင့်လိုက်သည်။

သူက coinပေးတယ်၊ဘယ်တုံးက ပေးလိုက်တာလဲ။errorများ တက်နေသလား လို့ စဉ်းစားလိုက်သော်လည်း မဖြစ်နိုင်။

ဒီ ‌အိမ်မှာ လေးယောက်ပဲ ရှိသည်။

နောက်ဆုံးသော ဖြစ်နိုင်ချေက တစ်ယောက်တည်းသာ ရှိသည်။

ဉာဏ်ကိုးနွယ်။

ရုတ်တရက် အက်ဒန်ဝင်သီယာ ပြောခဲ့သော စကားများကို သတိရလာသည်။

"မင်း သားက မင်းထက် ပို ပြီး မကောင်းဆိုဝါးဆန်တယ်. . .အခက်မသင့်ရင် မင်းကိုပါ သတ်ချင် သတ်နေမှာ. . .ဟင်း ဟင်း "

ကိုးနောင် အံကြိတ်လိုက်သည်။

သူတောင် အသက် 7နှစ်တုံးကတောင် စိန်ပြေးလိုက်တမ်းဆော့လိုက်၊‌ရေခဲချောင်း၊ အုန်းမွှေးလုံး ဝယ်စားလိုက်၊ဂျင် ပေါက်လိုက်၊သရေကွင်း ပစ်လိုက်ပဲ ရှိသေးသည်။

သူ့ သားက သူ့ ထက် ဆိုးနေသည်။

7 နှစ် နဲ့ ရက်ရက်စက်စက် သတ်ပြသည့် လူသတ် streamကို ကြည့်သည်။ကြည့်ရုံတင် မက ရှိသမျှ coins တွေကိုပါ ဝေသန္တရာ အလှူလုပ်သလိုပါ  ပေးလိုက်သည်။

ဖအေ ထက် သား တစ်လ ကြီးနေသည်။

"ဟ့ ငါ့နှယ့်. . ."

++++

ကိုးနွယ် ဝါးခနဲ သန်းလိုက်ပြီး အိမ်အောက်ထပ်ကို ဆင်းလာသည်။

ဆောင်းရာသီ ဝင်ခါစ ဖြစ်သော်လည်း မန္တလေးသည် မန္တလေးမို့ နေ့လယ်တွင်မူ ပူလှသည်။

ထို့ကြောင့် ကိုးနွယ်သည် စွပ်ကျယ်ဖြူ လက်ပြတ်နဲ့ ဘောင်းလီတိုကို လဲ ဝတ်ထားသည်။

ပတ်ဝန်းကျင်သည် အလွန်မင်း တိတ်ဆိတ်လွန်းလှသည်မို့ မျောက်ဝံမကြီး ကျောင်းသွား ပြီး ဖြစ်ကြောင်း သဘောပေါက်သွားရ၏။

ကိုးနွယ် မီးဖိုချောင်ထဲ ဝင်သွားသောအခါ အမည်မဖော်လိုသော သူ့၏ ရန်သူတော်ကြီးသည် ခြေတစ်ဖတ်ချိတ်ကာ ထိုင်ရင်း black coffee ကို ‌မွှေနေသည်။

သူသည် အနက်ရောင်ရှပ်လက်ပြတ်နဲ့ အနက်ရောင် ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ဖြူသော အသားအရည်သည် အနက်ရောင်ကြားဝယ် ဆွဲဆောင်မှု ရှိသော်လည်း ကိုးနွယ် မျက်လုံးထဲတွင်မူ ယင်ကောင်ကြီး နှင့် တူ၏။

ကိုးနောင် လှည့်မကြည့်ဘဲ " နိုးပြီလား " ဟု မေးသည်။

'နိုး လို့ ထ လာတာပေါ့' ဟု ဖြေချင်သော ပါးစပ်ကို ကိုးနွယ် ချုပ်ထိန်းလိုက်သည်။

ကိုးနွယ် ဘာမှ မပြောဘဲ ကိုယ့်နေရာ ကိုသာ ဝင်ထိုင်လိုက်သည်။

ကိုးနောင်က မျက်တောင်ရှည်ကြီးတွေကို ပင့်မော့လိုက်သည့်အခါ မျက်ဝန်းစိမ်းစိမ်းများက ကိုးနွယ်ဆီ ရောက်ရှိလာ၏။

"ဘာစား မလဲ"

"မစားချင်ဘူး"

"မင်း အဖေ အလုပ်သွားပြီ ငါပဲ ရှိတာ . . .စားချင်တာပြော လုပ်ကျွေးမယ်"

ကိုးနွယ်က စဉ်းစားပြီးနောက်

"ယံယံ"

"မတည့်ဘူး"

ကိုးနွယ်က မျက်မှောင်ကုတ်ပြီး ကိုးနောင် ကို စိုက်ကြည့်သည်။

"မင်းဖေက မင်းကို ရွှေအိုးပဲ တိုက်လို့ မှာလိုက်ပေမယ့် ဒီလို ထလာနိုင်ပြီး
စကားခံငြင်းနိုင်ပုံထောက်ရင် နေကောင်းပျောက်လုနီးပြီလို့ ယူဆလိုက်ပါ့မယ်"

ကိုးနောင်က မက်တပ်ရပ်လိုက်ပြီး ရေနွေးအိုးတည်သည်။

"မျက်လုံးစားမလား မားမားစားမလား ချဉ်စပ်စားမလား စပိုက်စီစားမလား . . ."

"ချဉ်စပ်"

"အရည်ဖျော်သောက်မလား သုတ်ပေးရမလား"

"အရည်ဖျော်"

"ကြက်ဉ စားမလား"

"အင်း"

"ပြုတ်ပြီးစားမလား ဟက်ဘွိုင်စားမလား အရည်ထဲ မွှေပေးရလား ကြော်ပေးရမလား"

"ဟက်ဘွိုင်"

"ငါ မင်းကို မချစ်ဘူးလို့ ဘယ်သူ ပြောတာလဲ"

". . ."

"ငါ မင်းကို မချစ်ရင် ဒီလိုတောင် ပြုတ်ကျွေးမနေဘူး ပစ်ထားမှာ"

ကိုးနောင် ပြောပုံက အနည်းငယ် ကလေးဆန်သည်။

ကိုးနွယ် ခေါင်းငြိမ့်ပြသည်။ရော့ . . . ဖေကြီး 1မှတ်။

မကြာခင် အနံ့မွှေးပျံ့လှသော ခေါက်ဆွဲ တစ် ပန်းကန်သည် ကိုးနွယ် ရှေ့ ရောက်ရှိလာသည်။ထိပ်တည့်တည့်က ကြက်ဉဟက်ဘွိုင်လေးက စားချင်စရာ ကောင်းသည်။

ကိုးနောင်သည် ကိုးနွယ် အနားကို လျှောက်လာပြီး ကိုးနွယ်ဘေးဝယ် ရပ်လိုက်ရင်း လက်ပိုက်ပြီး စားပွဲခုံကို မှီလိုက်သည်။

"ပြုတ်ခ coinပေးဦး"

ကိုးနွယ်သည် ကိုးနောင် ဘာပြောမှန်းမသိလို့  ကြောင်သွားသော်လည်း 2စက္ကန့်တွင်း သူ သဘောပေါက်သွား၍ ဆံပင်မွှေးတွေ ထောင်တဲ့ထိ လန့်သွားသည်။

"တတိယ ထပ်က အခန်းကို မဝင်နဲ့လို့ ပြောထားတယ်မလား"

"ဟုတ်"

"ဝင်တဲ့ အပြင် ဘာတွေ လျှောက်ကြည့်ထားလဲ ကိုယ့် အကြောင်းကို သိမှာပေါ့"

"ဟုတ်"

ကိုးနွယ်က ပန်းကန်ထဲ မျက်နှာစိုက်ထားပြီး ခေါင်းကို မော့မလာ။

ကိုးနောင်က ဟက်ကနဲ တစ်ချက်ရယ်လိုက်သည်။

တိတ်ဆိတ်နေသော ဝန်းကျင်တွင် အေးတိအေးစက် ဟက်ခနဲ ရယ်သံကြီးက ကျယ်လောင်လွန်းလှ၏။

"နောက်ခါ ကြည့်ချင်ပြော ခိုးမကြည့်နဲ့. . ."

ကိုးနွယ်က မယုံနိုင်သလို ကိုးနောင်ကို ဆတ်ကနဲ မော့ကြည့်သည်။

"ဟို အာ့တာက မကောင်းဘူးမလား"

"သေချာပေါက် မကောင်းဘူးပေါ့ . . .ဒါပေမဲ့"

ကိုးနောင်က ကိုးနွယ် နဖူးသေးသေးလေးကို တောက်ခနဲ ခေါက်လိုက်ပြီး

"ကမ္ဘာပေါ်မှာ ကောင်းတဲ့ သူ ဆိုတာ မရှိဘူး. . .ဘုရားတောင် အမှားမကင်းဘူး. . ."

ကိုးနွယ် က မျက်လုံးလေး ကလယ် ကလယ် ဖြစ်သွားသည်။

"ဖေကြီးကော အမှား လုပ်ဖူးလား"

"အမှား "

ကိုးနောင်က ပြုံးသည်။ထိုအပြုံးသည် စိတ္တဇဆန်ကာ ခြောက်ခြားစရာကြီး ဖြစ်သည်။သို့သော် ကိုးနွယ် မျက်လုံးထဲတွင် ထိုအပြုံးကျမှ လာ ပြီး လှနေ၏။

"လုပ်ဖူးတာပေါ့. . .တစ်ခါ နှစ်ခါ သုံး လေးခါ ငါးခါ ခြောက်ခါ အထပ်ထပ်ခါခါ . . .အများကြီး လုပ်ဖူးတယ်. . .ကဲ ပြောပြပါဦး ခိုးကြည့်ခဲ့ရတဲ့ ဗရုတ်သုတ်ခ videoလေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေး. . ."

ကိုးနွယ်က ခေါက်ဆွဲကို ပလုတ်ပလောင်း ငုံ့စားသည်။

"အာ့"

"ပူသွားပြီမလား အစားဆိုတာ ဖြည်းဖြည်းစားရတယ်"

ကိုးနောင်က ခုံတစ်ခုံဆွဲယူလိုက်ပြီး ထိုင်လိုက်သည်။ပြီး ကိုးနွယ် ခေါက်ဆွဲပန်းကန်ကို ဆွဲယူလိုက်ကာ ဖူးခနဲ မှုတ်ပေးကာ ကိုးနွယ်ကို ခေါက်ဆွဲ ခွံ့လိုက်သည်။

"ပြောပါ. . မဆူဘူး "

"ပထမ တစ်ခါက"

"ပထမတစ်ခါက ဆိုတော့ ဘယ်နှကြိမ်တောင် ခိုးကြည့်ထားတာလဲ"

"ခုမှ သုံးခါတည်းပါ"

"ဆိုတော့ ပထမတစ်ခါ က ဘယ်လိုကြီးလဲ"

"အဲ့ လူကြီးက မွေးကင်းစကလေးလေးကို အပိုင်း ပိုင်း ခုတ်နေတာ ဒုတိယ အခါကကျတော့ လူတစ်ယောက်ကို ကျားကြီးက ကိုက်စားနေတာ နောက်တစ်ခုက လူသုံးယောက်က ‌လူတစ်ယောက်ကို နှိပ်စက်တာ သူ့မျက်လုံးကြီးကို ဖောက်ပြီး သူ့လက်ချောင်းတွေကို ဆွဲနှုတ်တာ ဒီလိုကြီး"

ကိုးနွယ်က ပြောရင်းပင် မျောသွားကာ အားပါလာသည်။

"တော်တော်အသေးစိတ် လိုက်ကြည့်ထားတာပဲ"

"နိုး သား ကြည့်ပါဘူးနော် မျက်လုံးက သူ့ဘာသာသူ ကြည့်တာ"

"ဪ . . . ကြည့်ရင်း ဘယ်လို ခံစားရလဲ"

"ကြောက်စရာကြီး"

"မညာနဲ့ တကယ် မဆူဘူး"

ကိုးနွယ်၏ ဦးနှောက်သည် သေးသေးလေးဖြစ်သော်လည်း သူ ခံစားနေရသမျှ တွေးတောသမျှ လုပ်သမျှတွေဟာ မကောင်းကြောင်း သူ့ဘာသာ သူ သိပါ၏။အခြားကလေးတွေနှင့် အတွေးအမြင် မတူကြောင်း ကိုယ့်ကို ကို သတိထားမိသည်။ဘာက လွဲနေမှန်းတော့ သူ သေချာမသိ။

ကိုးနွယ်တွင် အချစ်ဆုံးသူငယ်ချင်း ရှိခဲ့ဖူးပါ၏။

သူ့မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် ဖားသေတွေ အိမ်မြှောင်သေတွေကို ပေးလိုက်ကတည်းက သူငယ်ချင်းသံယောဇဉ် ပြတ်သွားတာ ခုထိပင်။

"ဘီလူးကောင် ရွံ့စရာကြီး ဘာတွေ လာပေးနေတာလဲ" ဆိုသော စကားသည် ကိုးနွယ်ကို အံ့အားသင့်စေသည်။သူ အကြိုက်ဆုံးအရာကို လက်ဆောင်ပေးတာလေ။ဘယ်လိုလုပ် ဘီလူး ဖြစ်သွားတာလဲ။

သူငယ်ချင်းတွေကလည်း ကိုးနွယ်ကို ဖယ်ခွာသွားကြ၏။ "အဲ့ကောင်က အရူး" "မကောင်းဆိုးဝါး" "ဂေါက်နေတာ" ဆိုသော ကလေးအချင်းချင်းကြား တီးတိုးပြောသံသည် ကိုးနွယ်ကို နာကျင်စေခဲ့သည်။

ကိုးနွယ် ကြိုက်နှစ်သက်သော အရာများသည် အများမုန်းသော အရာများ ဖြစ်သည်။ကိုးနွယ် ကိုယ့်ကို ကို အပြစ်ရှိသလို၊အပြစ် ပြုလုပ်နေသလို အမြဲ ခံစားရ၏။

မကောင်းမှန်း သိပါ၏။ကြိုက်နေတာတော့ သူ လည်း မတတ်နိုင်။

ထို့ကြောင့် လူအများနှင့် ခပ်ခွာခွာနေခဲ့၏။စကားနည်းခဲ့သည်။ကျောင်းမှာ နေနေ ၊အိမ်မှာ နေနေ တိတ်တိတ် ငြိမ်ငြိမ်လေးသာ နေခဲ့၏။

သူ တစ်ခုခု များ လှုပ်ရှားလိုက်ရင် သူ့အကြောင်းကို လူတွေ သိသွားပြီး . . . အထူးသဖြင့် သူ့မိသားစုက သိသွားပြီး သူ့ကို ကြောက်သွားရင် မကောင်းဆိုးဝါးလို့ ထင်မြင်သွားရင် ထို့ထက် သူ့ကို မချစ်တော့ရင်. . .။ကိုးနွယ် ဆက်မတွေးရဲပေ။

သူ့ကို မချစ်တော့မှာ သူ အကြောက်ဆုံး ဖြစ်သည်။

"ပြော တကယ် ဘယ်လို ခံစားရလဲ"

ကိုးနွယ်က အောက်နှုတ်ခမ်းသေးသေးလေးကို ဖိကိုက်လိုက်သည်။

"အရမ်း ရမ်း မိုက်တယ်"

ကိုးနွယ် မျက်နှာရှုံ့မဲ့လာသည်။မငိုဘူး မငိုဘူး လုံးဝ မငိုဘူး။သို့သော် မျက်ရည်တွေ က သူ့ စကား နားမထောင်ပေ။

"အီး ဟီး ဟီး ဟင့် အင့်"

ကိုးနွယ်က ကြူကြူပါအောင် ငိုတော့သည်။‌

အမြဲ အေးစက် တည်တံ့နေကာ ခံစားချက်မဲ့သလို ဗလာမျက်ဝန်းစိမ်းတွေနှင့် ကိုးနွယ် ရုတ်တရက် ထ ငိုသော အခါ ကိုးနောင် အမှန်ပင် အနည်းငယ် အံ့ဩသွားသည်။ကိုးနွယ်သည် အမြဲပင် လူကြီး လို ဟန်ဆောင်နေခဲ့တာမို့ ဒီ ကောင်လေး က ခုမှ ကလေး လေး ဆိုတာ ကိုးနောင် သတိမထားမိခဲ့ပေ။

"သား ကို ကျောင်းမှာ ဘယ်သူမှ မခေါ်ကြဘူး. . .ဟင့် . . .သူငယ်ချင်း‌တွေကတောင် သား ကိုလည်း မကောင်းဆိုးဝါးကြီး လို့ ပြော. . ပြောတာ. . .သား အပြစ်ရှိသလို ခံစားရတယ်"

ကိုးနောင်က ကိုးနွယ် မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

"ဖေကြီး ကို ကြည့် . . . "

အစိမ်းရောင် မျက်လုံးစိမ်းကြီးများနှင့် မျက်ဝန်းစိမ်းလေးတို့ ဆုံစည်းမိသည့် တစ်ခဏ မမြင်နိုင်သော အားကောင်းသည့် ချိတ်ဆက်မှု တစ်ခု ဖြစ်လာသည်။အရာရာကို ထွင်းဖောက် မြင်ရသလို၊တစ်ဖက်လူရဲ့စိတ်ကို နားလည်နေသလိုလို။

"ရှူး ဟင့် "

"လူတိုင်းက အရူးတွေ မကောင်းဆိုးဝါးပဲ . . . တစ်ခုမဟုတ် တစ်ခုကို တော့ ရူးသွပ်ကြတာချည်းပဲ. . .လမ်းထိပ်က ဦးဖိုးသာကြီး အရက်သောက်ရတာ ကြိုက်သလို နံနက်တိုင်း အိမ်ရှေ့မှာ လာရောင်းတဲ့ ပဲပြုတ်သည်ကြီးလည်း အတင်းပြောရတာ ကြိုက်တာပဲ. . .လူတိုင်းမှာ အကြိုက်ကိုယ်စီ ရှိတယ်. . .အဲ့ဒီ အကြိုက်က သူ့တို့ရဲ့ ရူးသွပ်မှုပဲ. . .ဒီဟာကြီးကို ကြိုက်ပါလို့ မင်းစိတ်ကို မင်း ပြောမရသလို မကြိုက်နဲ့လို့လဲ စိတ်ကို ထိန်းချုပ်ထားလို့ မရဘူး. . .လူကို စိတ်က ဖန်ဆင်းတာ မဟုတ်ဘူး စိတ်ကသာ လူကို ဖန်တီးတာ. . .အဲ့တာကြောင့် မင်းစိတ်က အလိုလျောက် ဖြစ်တည်လာတဲ့ ခံစားချက်တစ်ခုအတွက် မင်းကို မင်း အပြစ်တင်စရာ မလိုပါဘူး. . .ဖေကြီး ပြောတာ နားလည်လား"

ကိုးနောင်က ကိုးနွယ် ဆံပင်လေးကို သပ်လိုက်သည်။

"နောက်ပြီး ကိုယ် ကြိုက်တိုင်းလည်း လောကမှာ အမှားနဲ့ အမှန်၊လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဆိုတာ ရှိတယ် . . ."

ကိုးနွယ် က ‌နားရှုပ်သွားဟန် မျက်နှာလေး တွန့်သွားသည်။

"အဲ့ဒီ လူသတ် videoတွေကို သား ကြည့်တာ ကိစ္စမရှိဘူး. . .ဒါမဲ့ ကြိုက်လို့ ဆိုပြီး အပြင်မှာ အဲ့လို သွားလုပ်ရင်တော့ အပြစ်ဖြစ်သွားပြီ. . ."

"ဘာလို့လဲ"

"ဘာလို့လဲ ဆိုတော့ မင်း ရဲ့ အကြိုက်က သူများကို ထိခိုက် နာကျင်စေလို့ပေါ့. . .အဲ့တာ မကောင်းဘူး သား. . . သူများ အသတ်ကို သတ်တာ မကောင်းဘူး. . ."

"သတ်ရင်ကော"

"နှစ်ခု မင်း ကြုံရမယ် ပထမ ဉပဒေအရ အရေးယူခံရမယ် မင်း က လူသတ်သမားကြီး ဖြစ်သွားမယ်. . . ဒုတိယ အရေးမယူခံရပါစေဦး မင်းက လူသတ်သမားဆိုတဲ့ အမည်းစက်ကြီးကို တစ်သက်လုံး ဖျောက်မရတော့ဘူး"

"ဖေကြီး "

"ပြော"

"ဖေကြီး . . . လူသတ်ဖူးလား"

ကိုးနောင်က လက်ညှိုးကို နှုတ်ခမ်းပေါ်မှာ ကန့်လန့်ဖြတ်တင်လိုက်ပြီး ရှူးဆိုသော အမူအရာ လုပ်ပြသည်။

"သတ်ဖူးတယ် . . . အများကြီးကို သတ်ပစ်ခဲ့တာ မရေမတွက်နိုင်အောင်"

"မကောင်းဘူးဆို"

"အင်း ငါ လုပ်ခဲ့ဖူးလို့ မင်းကို မကောင်းဘူးလို့ ပြန်ပြောပြနိုင်တာပေါ့. . .ရှူး ဘယ်သူ့မှ ပြောမပြနဲ့ . . . မင်းနဲ့ ငါနဲ့ ကြားက လျှို့ဝှက်ချက်ပေါ့. . ."

ကိုးနွယ် က ထပ်ခါခါ ခေါင်းငြိမ့်ပြသည်။သူ ဒီလိုလျှို့ဝှက်ချက်တွေဆို အရမ်း စိတ်ဝင်စားသည်။

"ဖေကြီးက မင်း တစ်ယောက်တည်းကိုပဲ ဖြောင့်ချက်ပေးပြီး ဝန်ခံခဲ့တာနော်. . . မင်းလည်း မင်းရဲ့ လျှို့ဝှက်ချက် မှန်သမျှ ဖေကြီးကို အကုန်ပြောပြရမယ်. . .ကမ္ဘာပေါ်မှာ မင်းကို နားလည်ပေးနိုင်ဆုံး လူက ငါပဲ. . . နောက်ခါကြည့်ချင်ရင် ဖေကြီးကို ပြော. . . ဖေကြီး ရှေ့မှာပဲ ကြည့် . . .ကွယ်ရာမှာ တစ်ယောက်တည်း မလုပ်နဲ့ . . .မင်းနောက်မှာ ဖေကြီး ရှိတယ်. .  "

ကိုးနွယ် စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။သူ ဒီ အကြောင်းအရာကိုသာ စိတ်ထဲ ထင့်နေသည်မှာ ကြာပြီ။

တစ်စုံတစ်ယောက်ကို သူ့ အကြောက်ဆုံးအရာကို ပြောပြခဲ့ပြီး ထိုသူက သူ့ကို အပြစ်မဆိုပါဘဲ သူ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံပေးသည့်အခါ. . .ဒီထက် ထို တစ်စုံတစ်ယောက်က သူ့ အားထားရဆုံး မိဘ ဖြစ်နေသောအခါ. . .ကိုးနွယ်သည် အားရှိသွားသည်။

ထို အရာ ကြိုက်နေတာ အပြစ်မဟုတ်ပေ။ထိုအရာတွေကိုသာ ကျူးလွန်မှာသာ အပြစ် ဖြစ်လေသည်။

ကိုးနွယ် ဦးနှောက်သေးသေးလေးထဲ မှတ်သားသွားသည်။

"တောင်းပန်ပါတယ် ဖေကြီး မင်းကို မရိုက်ခဲ့သင့်ဘူး. . ."

ကိုးနောင်က ကိုးနွယ်ကို လက်ကမ်းပေးသည်။

"ငြိမ်းချမ်းရေး ယူရအောင်. . ."

ကိုးနွယ်က လက်ပြန်ကမ်းပေးသောအခါ ကိုးနောင်က ကိုးနွယ် လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ဖျစ်ညှစ်လိုက်သည်။

ကိုးနောင် ပြုံးသည်။ထို အပြုံးသည် အလွန်မင်း အေးချမ်းကာ ကြင်လင်ပါ၏။ကိုးနွယ် မျက်လုံးတွင် ထို အပြုံးသည်လည်း သိပ်လှနေခဲ့သည်။

______________________________________

11.8p.m
22.3.2023(Wed)
Mary_Koe
5344

Please give me votes & comments🥺

Review ရေးပေးတဲ့ သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်
Review လေးတွေ တွေ့တော့ အား အရမ်း ရှိတာပဲ ကိုယ် ဖန်တီးတာ ကို သဘောကျတယ်ဆိုတဲ့ ခံစားချက်က အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလိုပါပဲ. . .🤭


Zawgyi

"ဆန္ျပဳတ္ေသာက္"

ကုတင္ေပၚမွာ ေခါင္းၿမီးၿခဳံၿပီး ဖက္ထုပ္လို ေကြးေနတဲ့ ကေလးေပါက္စ က တုတ္တုတ္မွ မလႈပ္။

"ကိုးႏြယ္ . . . ေစာင္ကို ေခါင္းၿမီး မၿခဳံနဲ႕  မႊမ္းမယ္"

သူ ဘာေျပာေျပာ အေရးမစိုက္ေသာ ကိုးႏြယ္ကို ကိုးေနာင္ စိတ္မရွည္ေတာ့ေပ။ကိုးေနာင္က စိတ္ေလွ်ာ့လိုက္ဟန္ ေလပူေတြကို မႈတ္ထုတ္လိုက္သည္။ဤေတာင္မွ ခုံေပၚကို ပစ္ခ်လိဳက္ေသာ ဆန္ျပဳတ္ပန္းကန္သံက ခြမ္း ကနဲ။

"ကိုးႏြယ္!"

ကိုးႏြယ္က ‌မၾကားခ်င္ေယာင္ေဆာင္သည္။

ကိုးေနာင္က ေခါင္းၿမီးကို ဆတ္ကနဲ ဆြဲျဖဳတ္လိုက္ၿပီး ကိုးႏြယ္ကို ဆတ္ကနဲ ဆြဲထူလိုက္သည္။

"ေသာက္ခ်င္ဘူး"

"မရဘူး ေသာက္ရမယ္ . . ."

ကိုးေနာင္ က ဆန္ျပဳတ္ ပန္းကန္ကို ကိုးႏြယ္ေရွ႕ ခ်ေပးသည္။

ကိုးႏြယ္ မ်က္ႏွာက တည္တည္ေလးျဖစ္ၿပီး မထီတရီ။ဘူးဆို ဖ႐ုံ မသီး တဲ့ သေဘာ။

ကိုးေနာင္က မာ မိသြားေသာ ေလသံကို ေပ်ာ့သြားေအာင္ ေလွ်ာ့လိုက္ကာ

"ေဖႀကီး ခြံ႕ေပးရမလား"

ကိုးေနာင္က ညင္သာစြာ ဇြန္းကို ခတ္ကာ ကိုးႏြယ္ ႏႈတ္ခမ္းေလးဆီ တိုးေပးသည္။

ကိုးႏြယ္က လက္နဲ႕ ၾကမ္းတမ္းစြာ ပုတ္ထုတ္ပစ္လိုက္သည္။

"မေသာက္ခ်င္ပါဘူးဆို!"

ဇြန္းက ၾကမ္းေပၚ ခြၽင္ကနဲ ပစ္က်သြားၿပီး ဆန္ျပဳတ္က ကိုးေနာင္ မ်က္ႏွာကို ေပေရသြားသည္။ဆန္ျပဳတ္ပန္းကန္ကလည္း ၾကမ္းေပၚ ဖရိုဖရဲ ေမွာက္က်သြားသည္။

ကိုးေနာင္ မ်က္လုံးေတြက စူးရဲသြားသည္။ေလွ်ာ့ထားေသာ ေဒါသ က ေထာင္းခနဲ။

ဒီ ေစာက္ကေလးကို ေမြးကတည္းက သတ္ပစ္သင့္. . . စိတ္ေလွ်ာ့ စိတ္ေလွ်ာ့ ဝင္ေလ ထြက္ေလ။

ကိုးေနာင္က ႏႈတ္ခမ္းကို တင္းတင္းေစ့ကာ ကိုးႏြယ္ကို ေအးစက္စက္ စိုက္ၾကည့္သည္။

ၿပီး ကိုးေနာင္သည္ ထြက္ေနေသာ ေဒါသကို ထိန္း၍ ႏႈတ္ခမ္းေပၚက ေပေရေနေသာ ဆန္ျပဳတ္မ်ားကို လက္ဖမိုးနဲ႕ ဖိဆြဲ သုတ္လိုက္သည္။တစ္ဆက္တည္း ၾကမ္းေပၚက ဆန္ျပဳတ္ပန္းကန္ကို ေကာက္လိုက္ၿပီး သန႔္ရွင္းေရး လုပ္သည္။

"ဘာျဖစ္ၾကတာလဲ . . . ကိုးေနာင္ ဆန္ျပဳတ္ေတြ ေမွာက္က်ကဳန္တာလား"

‌ခြမ္း ကလုံ ဆိုတဲ့ အသံမ်ားေၾကာင့္ ခမ္းေနာ့ဝ္က အေျပးလာမိေတာ့ ကိုးႏြယ္ အခန္းထဲမွာ စစ္ပြဲ ျဖစ္ေနသည္။

ကိုးႏြယ္က ခမ္းေနာ့ဝ္ကို တစ္ခ်က္ၾကည့္လိုက္သည္။

"ေဖေဖ ဆန္ျပဳတ္ခြံ႕မွ ေသာက္မယ္"

ကိုးေနာင္ မ်က္လုံးစိမ္းစိမ္းမ်ားၾကား ဝမ္းနည္းမႈလွိုင္းႀကီး ျဖတ္သြားေၾကာင္း ခမ္းေနာ့ဝ္ ျမင္လိုက္သည္။သို႔ေသာ္ ခဏတြင္းပင္ မ်က္ေတာင္ ျမန္ျမန္ခတ္လိုက္ၿပီး ထို ဝမ္းနည္းမႈကို ဖုံးကြယ္ပစ္လိုက္၏။

"ကိုးႏြယ္ မဆိုးရဘူးေလ သား ေဖႀကီးက သားကို စားေစခ်င္လြန္းလို႔ သူကိုယ္တိုင္ ဆန္ျပဳတ္ ျပဳတ္ ထားခဲ့တာ . . ."

ကိုးႏြယ္က ေအးတိေအးစက္ပင္

"သူ တိုက္ရင္ မေသာက္ခ်င္ဘူး"

အေဖ ျဖစ္သူကိုေတာင္ သူ ဟု ရင့္သီးသီး နာမ္စားသုံးလိုက္သည္။ေဖႀကီးပင္ သူ႕ကို သားလို႔ ေခၚခဲ့တာ က်လိဳ႕။

"မေသာက္နဲ႕ ဘယ္ေတာ့မွ မတိုက္ဘူး"

ကိုးေနာင္က အံႀကိတ္ၿပီး ဆန္ျပဳတ္ပန္းကန္ကို ေကာက္ယူကာ အခန္းထဲမွ ေျခလွမ္းက်ဲႀကီးေတြနဲ႕ ထြက္သြားသည္။

"ကိုးႏြယ္ အဲ့လို မေျပာရဘူးေလ. . . ကိုးေနာင္ မင္းကလည္း ကေလးနဲ႕ အၿပိဳင္ မဆိုးနဲ႕ေလ. . ."

ခမ္းေနာ့ဝ္မွာ စိတ္ပင္ေလသြား၏။ကိုးႏြယ္ကို လည္းေကာင္း ထြက္သြားေသာ သူကို လည္းေကာင္း ႏွစ္ေယာက္ ဆူရသည္။

ကိုးႏြယ္က ဆူလိုက္ေတာ့ ျပန္လဲလိုက္ၿပီး ေစာင္ကို ေခါင္းၿမီး ၿခဳံလိုက္သည္။သူ႕ မ်က္ဝန္းထဲ အရည္ေလးတစ္ခ်ိဳ႕ အိုင္ဖြဲ႕လာ၏။ႏွာထိပ္ေလးက ခပ္ရဲရဲ ျဖစ္လာသည္။

ေစာင္ပုံထဲက ႏွာရႈံ႕သံ ေသးေသးေလးၾကားေသာအခါ ခမ္းေနာ့ဝ္က ကုတင္ေပၚကို တင္ပါးလႊဲထိုင္လိုက္ရင္း  ေစာင္ပုံထဲက ကေလးေလး နဖူးကို ေစာင္ေပၚကေန နမ္းလိုက္သည္။

"လုပ္ခ်င္ရာ လုပ္ၿပီးရင္ အကိုႀကီးက ငိုၿပီ"

"ငိုပါဝူး ရႉး. . ."

"ဟုတ္ကဲ့ပါ . . .ဟုတ္ကဲ့ပါ"

ခမ္းေနာ့ဝ္က ကိုးႏြယ္ တင္ပါးကို ခပ္ဖြဖြေလး မနာေအာင္ ရိုက္လိုက္သည္။

"သားကို တစ္ေယာက္တည္း လႊတ္ထားလိုက္ပါ"

ခမ္းေနာ့ဝ္ မွာ စိတ္မေကာင္းသည့္ၾကားမွပင္  ၿပဳံးမိသြားသည္။တစ္ခါတစ္ေလ ကိုးႏြယ္ ေျပာေသာစကားသည္ သူ႕ အသက္နဲ႕ မလိုက္။ေလႀကီးမိုးႀကီး ေျပာတာ ဉာဏ္ကိုးႏြယ္မွ ဉာဏ္ကိုးႏြယ္ အစစ္။

"သားေလး . . . သားေဖႀကီး ကို စိတ္ေကာက္ေနတာလား. . ."

ေစာင္ပုံထဲက ႏွာရႈံ႕သံေလး ထြက္လာ ျပန္သည္။

"သား ‌ေလး . . . သား မသိလို႔ သားငယ္ငယ္ကဆို သားက မင္းေဖႀကီး လက္ေပၚက မဆင္းဘူး. . . တကယ္ဆို မင္းမႀကီး နန္းႏြယ္က ေဖေဖ့ လက္ေပၚႀကီးလာတာ . . . ကိုးေနာင္ သိပ္ မထိန္းလိုက္ရဘူး. . . မင္းက်မွ မင္းေဖႀကီး မွ မင္းေဖႀကီး သူ႕ေျခေထာက္ကို ကုပ္ကပ္ဖက္. . . သူ႕ ေနာက္ပဲ ေတာက္ ေတာက္ နဲ႕ လိုက္တာ လုံးလုံး လုံးလုံးနဲ႕ ဘယ္လိုေလးမွန္းမသိဘူး. . . "

"ခု မလိုက္ပါဘူး"

"ငယ္ငယ္ေလးကဆို ေဖေဖ ခ်ီရင္ေတာင္ မ်က္ရည္ဗူးသီး လုံးေလာက္ က်ေအာင္ ငိုတာ. . .ကိုးေနာင္ဆီ ေရာက္သြားရင္ ျမဴးထူးသြားၿပီ. . . တကယ္ ေကာင္ဆိုးေလး. . . ၿပီး ကိုးေနာင္ ဆီ ေရာက္ရင္လည္း မင္းက အၿငိမ္မေနဘူး မတရား ႏွိပ္စက္တာ မင္းေဖႀကီး ပါးကို ရိုက္တယ္ ေျခေထာက္နဲ႕ ေဆာင့္ကန္တယ္ ဆံပင္ကို ဆြဲေဆာင့္တယ္. . . မ်က္ေတာင္ေတြကိုေတာင္ ဆြဲႏႈတ္ေသးတာ . . . ေနာက္ဆုံး ကိုးေနာင္ အိပ္ေနရင္ေတာင္ မ်က္ႏွာတည့္တည့္ေပၚ ကုပ္ကြ တက္ၿပီး ဘာလုပ္တယ္ မွတ္လဲ . . . ခင္ဗ်ားေလးက. . . သိလား ဘာလုပ္လဲ သိလား"

"သိဝူး"

"အီးပါခ်တာ "

ကိုးႏြယ္ က ေစာင္ပုံထဲက ေခါင္းလုံးလုံးေလး ျပဴလာသည္။

"ေဖ ညာေနတာ သား အဲ့လုပ္ မလုပ္ဘူး"

"အမယ္. . . videoနဲ႕တကြ သက္ေသရွိတယ္ဗ် အဲ့လို ျငင္းမွာစိုးလို႔ ကို မွတ္တမ္း ယူထားတာ . . ေနာက္ အဲ့လို မဟုတ္က ဟုတ္က ေတြ လုပ္ခ်င္ရာ လုပ္ၿပီးရင္ ေဖႀကီး အာဝါးဆိုၿပီး ေျပာတာ . . ."

ကိုးႏြယ္က ေခါင္းရမ္းျပသည္။

"နိုး သား က အဲ့လို မလုပ္"

"မင္းက စိတ္က ႀကီးေသးတယ္ . . . လိုခ်င္တာ မရရင္ မ်က္ႏွာႀကီးကို စူပုတ္ေနတာ ပစၥည္းေတြလည္း လႊတ္ပစ္တာ မင္းဒဏ္ကို အမ်ားဆုံး ခံရတာ မင္းေဖႀကီးပဲ သူ႕မွာ မင္းေၾကာင့္ စားေကာင္းျခင္း မစားရ အိပ္ေကာင္းျခင္းလည္း မအိပ္ခဲ့ရ . . .မင္းက ည ဆို မအိပ္၊ ေန႕ဆို ခူးခေလာနဲ႕ အိပ္ . . . ခင္ဗ်ားေလးရဲ႕ အဆိုးဆုံး အက်င့္ ရွိတယ္"

ကိုးႏြယ္က မ်က္လုံးေလး ဝိုင္းစက္သြားသည္။

"အိပ္ရင္ေလ အိပ္ရာေပၚ ကုတင္ေပၚ ခ်သိပ္မရဘူး လက္ေပၚက ခ်လိဳက္တာနဲ႕ တန္း ၿပဲကြဲေအာင္ ငိုတာ မင္း စ အိပ္တဲ့ခ်ိန္ကစ နိုးလာတဲ့ခ်ိန္ထိ ငါ့သနားစရာေယာက္်ားေလးက  မင္း ပုဂၢိုလ္ႀကီးကို ေပြ႕ပိုက္ထားရတာ အၿမဲတမ္းေနာ္ . . . အၿမဲတမ္း"

ကိုးေနာင္ ကိုးႏြယ္ေပါက္စကို ခ်ီထားသည့္ပုံမွာ ခမ္းေနာ့ဝ္ မ်က္လုံးထဲ စြဲထင္လာ၏။

ထိုစဥ္ က ကိုးေနာင္ကို ဘယ္ခ်ိန္ၾကည့္ၾကည့္ မ်က္ႏွာမွာ မလန္း။အၿမဲ အိပ္ခ်င္မူးတူး႐ုပ္။

ကိုးႏြယ္မ်ား အာၿဗဲ ႀကီးနဲ႕ စ ၿပီး အခ်က္ျပလိုက္ရင္း ေရာက္ရာေနရာကေန ေလလို အလ်င္နဲ႕ ဝွီးကနဲ ေျပးကာ ကိုးႏြယ္ရဲ႕ ပုခက္ဆီ သြားသည္။ပါးစပ္က လည္း "‌လာၿပီ!" ဆိုၿပီး ေအာ္သြားေသးသည္။

ကိုးႏြယ္နဲ႕ နန္းႏြယ္က တစ္ႏွစ္ပဲ ကြာ၏။

လက္ထပ္ၿပီး ၿပီးခ်င္း လ အနည္းငယ္အၾကာ ကေလးတန္းယူခဲ့တာ ျဖစ္သည္။အမွန္တိုင္းဆိုလွ်င္ ခမ္းေနာ့ဝ္ သည္ ေယာက္်ား‌ေလးတစ္ေယာက္အေနႏွင့္ ကိုယ္ဝန္ေဆာင္ရမည္ကို ေၾကာက္သည္။ရွက္လည္း ရွက္ခဲ့သည္။

သို႔ေသာ္ ထိုအရာမ်ားသည္ အန္ထရာေဆာင္းဓာတ္မွန္ပုံကို ကိုင္ၿပီး ကေလးတစ္ေယာက္လို ပါးေလးမ်ား မို႔တက္ေအာင္ ရယ္ေနေသာ ကိုးေနာင္ရယ္သံေအာက္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္သာ။

အရွက္ ၊သိကၡာ ၊မာန ေတြ သည္ သူႏွင့္ယွဥ္ ရင္ ျမင္းမိုရ္ေတာင္ေအာက္က ျမက္ပင္လို။
ဒီ ေမြးဖြားမႈသည္ ေအာင္ျမင္ခ်င္မွလည္း ေအာင္ျမင္မည္။အသက္ရွင္ခ်င္မွလည္း ရွင္မည္။သူ ေသခ်င္လည္း ေသသြားနိုင္သည္။ကိစၥမရွိ။

အေရးႀကီးတာ ကိုးေနာင္ ေပ်ာ္ဖို႔။

ခမ္းေနာ့ဝ္ မွာ နန္းႏြယ္ တစ္ႏွစ္သမီးအ႐ြယ္၊ ကိုးႏြယ္ ေမြးၿပီး ၿပီး ခ်င္း 3လ ေလာက္သာ အနားယူခဲ့သည္။ၿပီး လစ္ဟထားခဲ့ေသာ သူရဲ႕ တာဝန္မ်ားကို အျမန္ ျပန္လည္ ျဖည့္ဆည္းေနရ၏။သူ႕ ရဲ႕ မ်ားေျမာင္လွတဲ့ ဂ်ဴတီေတြ အၾကားဝယ္ ကိုးႏြယ္ႏွင့္ နန္းႏြယ္သည္ ကိုးေနာင္ လက္ေပၚမွာသာ အေနမ်ားခဲ့သည္။

နန္းႏြယ္ကို ခမ္းေနာ့ဝ္ထိန္းလိုက္သည္မွာ တကယ္က် တစ္ႏွစ္ ေလာက္သာ။‌ေနာက္ပိုင္း ကိုးေနာင္ပဲ အကုန္ ၾကည့္သြားတာ ျဖစ္သည္။

ေန႕တိုင္း သူ ေဆး႐ုံက ျပန္လာစဥ္ ကိုးေနာင္သည္ နန္းႏြယ္ကို ေက်ာမွာ သိုင္းခ်ီပိုးကာ ကိုးႏြယ္ကို ရင္ခြင္ထဲ ပိုက္ေပြ႕ရင္း နို႔ဘူးကို လႈပ္ခတ္ၿပီး နို႔တိုက္ေနသည္။

ေနာက္က နန္းႏြယ္က အီး အဲ ညည္းၫူကာ လႈပ္သြားရင္ 'ကြၽတ္ ကြၽတ္' ဟု အသံေပးကာ ေခ်ာ့ျမဴတတ္သည္။

ဒီ‌ျမင္ကြင္းသည္ ေလာကဝယ္ အႏြေးေထြးဆုံးနဲ႕ တန္ဖိုးအရွိဆုံး ဟု ခမ္းေနာ့ဝ္ တင္စားလိုက္ခ်င္သည္။

ထိုစဥ္ အိမ္ေပါက္ဝမွာ မတ္တပ္ရပ္ေနတဲ့ ခမ္းေနာ့ဝ္ကို ကိုးေနာင္ ျမင္လွ်င္ ခ်ိဳသာစြာ ၿပဳံးၿပီး "ကိုယ္ မင္းတြက္ သံပုရာရည္ ေဖ်ာ္ထားတယ္ ေသာက္လိုက္"ဟု ေျပာတတ္သည္။

ကေလးႏွစ္ေယာက္ႏွင့္ ဗ်ာမ်ားလွေသာ ကိုးေနာင္ကိုၾကည့္ရင္း ပင္ပန္းလြန္းလို႔ အိမ္ကူေခၚရန္ အႀကံျပဳေသာ္လည္း ကိုးေနာင္က စိတ္မခ်ဘဴးဟု ဆိုခဲ့သည္။

ကိုးေနာင္ ဆိုသည္မွာ ထမင္းစားေနရင္း ကိုးႏြယ္ ခ်ီးပါခ်ရင္ေတာင္ စားလတ္စကို ခ်က္ခ်င္း ရပ္ၿပီး  ‌အညစ္အေၾကးမ်ားကို မ႐ြံ႕မရွာ ထၿပီး ေဆးေၾကာသန႔္စင္ေပးတတ္ေသာ ဖခင္မ်ိဳး ျဖစ္သည္။

ထို႔ျပင္ မွတ္မွတ္ရရ ကိုးႏြယ္သည္ ေမြးကာမွစ သုံးႏွစ္ဝန္းက်င္ထိ အလြန္လည္း ခ်ဴခ်ာခဲ့ေသးသည္။

ကိုးႏြယ္က ႐ုတ္တရက္ႀကီး ေရွာ့ခ္ ရၿပီး ေမ့လဲသြားဖူးသည္။ခမ္းေနာ့ဝ္က ေဆး႐ုံမွာ ျဖစ္ၿပီး ကိုးေနာင္သာ အိမ္မွာ ရွိသည္။

ကိုးေနာင္မွာ ကမန္းကတန္း ေဆး႐ုံေျပးရန္ ႀကံပါေသာ္လည္း အေရးထဲ ဆိုင္ကယ္က ဆီကုန္၊ထိုစဥ္က ကားလည္း မရွိေသး။နန္းႏြယ္ကို စက္ဘီး ေရွ႕ျခင္းထဲထည့္ ကိုးႏြယ္ကို ရင္ခြင္တြင္ သိုင္းကာ ပိုက္ခ်ီေထြးၿပီး ေဆး႐ုံကို ေျပးလာသည္။အသည္းခိုက္ေအာင္ ပူေသာ ႏြေဝယ္ ေခြၽးဒီးဒီးက်သည္ထိ စက္ဘီးကို အသားကုန္ နင္းၿပီး သကာလ ခမ္းေနာ့ဝ္ ေရွ႕ ဆိုက္ၿမိဳက္စြာ ေရာက္ခ်လာသည္။ကိုးေနာင္မွာ ေဟာဟဲ ဆိုက္ေန၍ စကားပင္ မေျပာနိုင္ေတာ့ေပ။

ကိုးေနာင္ ႏွင့္ ကေလးႏွစ္ေယာက္ ျဖစ္အင္ကို ၾကည့္၍ ခမ္းေနာ့ဝ္မွာ ေတာင္ႀကီးက တစ္ႏွစ္ေနလို႔ စကားဆယ္ခြန္းျပည့္ေအာင္ေတာင္ ထိုင္မေျပာဖူးေသာ ဖေအ ျဖစ္သူကိုပင္ သတိရသြားမိကာ မ်က္ရည္ပင္ လည္ခဲ့ရ၏။

ဪ . . . ဖခင္ေမတၱာ။ဖခင္ေမတၱာ။

"ေဖေဖ ဘာလို႔ သားကို အာ့တာေတြ လာေျပာျပေနတာလဲ. . . သား သိခ်င္ပါဘူး. . ."

"သားက သား ေဖႀကီး ကို စိတ္ေကာက္ေနတာေလ . . .သား စိတ္ေျပသြားေအာင္ သား ငယ္ငယ္က အေၾကာင္းေတြ ေျပာျပေပးေနတာ. . "

"စိတ္ေကာက္တာ မဟုတ္ဘူး"

"ဒါဆို ဘာလဲ"

ကိုးႏြယ္က အသံတိမ္တိမ္ေလးႏွင့္

"စိတ္နာတာ"

"ေဟာဗ်ာ"

"သူက သားကို ခ်စ္ဝူး. . ."

ခမ္းေနာ့ဝ္က ကိုးႏြယ္ ေခါင္းေလးကို ၾကင္နာစြာ ပုတ္လိုက္ၿပီး

"မဟုတ္တာကြာ. . . အဲ့ဒီေန႕က သားေဖႀကီးက သားေပ်ာက္တယ္ မွတ္ၿပီး စိတ္ပူပူနဲ႕ လိုက္ရွာေနရွာတာ . . . ေနာက္ၿပီး ေဖေဖျပမယ္ ဒီမယ္ၾကည့္"

ခမ္းေနာ့ဝ္က ဖုန္းကင္မရာကို ဖြင့္ လိုက္ၿပီး ကိုးႏြယ္မ်က္ႏွာေရွ႕ ထိုးေပးလိုက္သည္။

"သားရဲ႕ မ်က္ဝန္းေလးေတြ မ်က္ေတာင္ေလးေတြ ႏွာေခါင္းေလး ႏႈတ္ခမ္းေလး မ်က္ႏွာက်ေလး . . . ဘယ္သူနဲ႕ တူေနသလဲ. . ."

ကင္မရာေပၚ ထင္ေနသည့္ သိမ္ေမြ႕ေက်ာ့ရွင္းေသာ အသြင္သ႑ာန္သည္ ဘယ္သူႏွင့္ တူေနေၾကာင္း ထင္ရွားလွပါသည္။

ခမ္းေနာ့ဝ္ က ကိုးႏြယ္ အနားကို တိုးကပ္လာသည္။ပတ္ဝန္းက်င္ကို မ်က္စိတစ္ခ်က္ေဝ့ ၾကည့္ကာ ေလသံတိုးတိုးႏွင့္

"ေဖ လွ်ို႔ဝွက္ခ်က္ တစ္ခု ေျပာျပရမလား"

ကိုးႏြယ္က ခ်က္ခ်င္းပင္ အားတက္သေရာ ေခါင္းကို ထပ္ခါခါ  ၿငိမ့္သည္။

အလြန္စူးစမ္း ယကာ စပ္စပ္စုစု နိုင္သည္မွာ ကိုးႏြယ္၏ မဟာ အားနည္းခ်က္ ျဖစ္ေၾကာင္း ခမ္းေနာ့ဝ္ သိသည္။

"မင္း မႀကီးကို ျပန္မေျပာနဲ႕ေနာ္ . . .ရႉး. .  မိဘေတြ ပိုခ်စ္တဲ့ သားသမီးကပဲ မိဘေတြနဲ႕ တစ္ေထရာတည္း တူၾကတာ. . ."

ကိုးႏြယ္ မ်က္လုံးမ်ားျပဴးက်ယ္သြားၿပီး ပါးစပ္ေလးက အို ပုံစံ ဝိုင္းစက္သြား၏။

"တကယ္လား"

"တကယ္"

"ေဟ့ . . ဘာ‌ေတြ တကယ္ေနၾကတာလဲ!"

ထိုစဥ္ အခန္းဝကေန နန္းႏြယ္က ျပဴးျပဴးႀကီး ေရာက္ခ်လာသည္။

"ဟ့ လန႔္လိုက္တာ အႏြယ္ရာ. . . ဒါမ်ိဳးဆို ေရွ႕ဆုံးက ေရာက္ေရာက္ ခ်လာတာ"

ခမ္းေနာ့ဝ္က ရင္ဘတ္ကို လက္နဲ႕ဖိကာ ဆိုစဥ္ ကိုးႏြယ္ကမူ ခုထိ အံဩလို႔ မဆုံးနိုင္ေသး။
မသိရင္
ကမၻာ့လွ်ို႔ဝွက္ဆုံး ကိစၥႀကီးကို သူ သိသြားသလို။

"အႏြယ္ ဘာလို႔ အေစာႀကီး ျပန္လာတာလဲ"

"အငယ္ေပါ့ . . . သူမ်ား ေက်ာင္းမွာ ေနခ်င္ေသးတာကို ေစာႀကီး လာႀကိဳတယ္. . ."

နန္းႏြယ္က ကိုးႏြယ္ဆီ ေျပးလာကာ ကိုးႏြယ္ နဖူးကို လက္တိုတိုေလးနဲ႕ စမ္းလိုက္ၿပီး

"ေဖေဖ ေဖေဖ!! ကိုးကိုးက ပူက်စ္ေနတာပဲ"

ကိုးႏြယ္က နန္းႏြယ္လက္ကို ဖတ္ကနဲ ရိုက္လိုက္သည္။

"နင့္လက္ႀကီးက ေအးစက္ေနတာကို"

"ဪ ဟီး ဟီး. . . ကိုးကိုး သိလား ကိုးကိုး ေနမေကာင္းဆိုတာ သိလို႔ မုန႔္ေတြ ဝယ္ေပးလိုက္တယ္. . .ေအာက္မွာ အမ်ားႀကီးပဲ . . လာ စားရေအာင္. . ."

"ဟုတ္လား. . ေယာက္ဖေလးကလည္း အားနာစရာႀကီး"

"ေဖေဖက လည္း . . . အငယ္ မ်ားဝယ္ေပးေနပါဦးမယ္ ကပ္စီးကုပ္. . အငယ့္ ရည္းစားက ဝယ္ေပးလိုက္တာ"

"ဟမ္ ! ဆတ္ႏြယ္က ဘယ္တုံးက ရည္းစားရသြားတာလဲ. . . မျဖစ္နိုင္တာ. . .ငါ update သတင္းေတြ မ်ား လြတ္သြားေသးလား . . .အႏြယ္ ေျပာစမ္း နင့္ ဦးေလး ရည္းစားက ဘယ္သူလဲ"

နန္းႏြယ္က လႊတ္ကနဲ ထြက္သြားမိေသာ စကားေၾကာင့္ ကိုယ့္ လွ်ာကို ကိုက္ေနသည္။
ေသၿပီ။မွားေျပာမိသြားၿပီ။

"ေျပာ ေျပာ ျမန္ျမန္ သိခ်င္လြန္းလို႔ ေသေတာ့မယ္"

"ဟီး ဟီး သမီးလည္း တိဝူး တိဝူး"

"ေဖေဖ ဘယ္သူမွ ျပန္မေျပာဘူး ကတိ ကတိ"

"သမီး သိပါဘူး အလကား စေနတာ"

"သမီး လိုခ်င္ေနတဲ့ေလ ဟို album ဆိုလား PCဆိုလား"

"ရွိုင္းမိုဟန္ ရွိုင္းမိုဟန္!! . . .သမီးေျပာတာ ဘယ္သူ႕မွ ျပန္မေျပာနဲ႕ေနာ္"

++++

"ကိုးေနာင္ ဆတ္ႏြယ္ ရည္းစားက ရွိုင္းမိုဟန္တဲ့"

ကိုးေနာင္က ကြန္ပ်ဴတာကို အာ႐ုံစိုက္ေနရာမွ ခမ္းေနာ့ဝ္ဆီ အၾကည့္ေ႐ႊ႕လာသည္။

"အင္း အာ့ေတာ့"

"ဘာ အင္း အဲ့ေတာ့ တုံး . . . မင္းလည္း ငါ ေျပာမွ သိတာမလား"

"ျဖစ္မွ မျဖစ္နိုင္တဲ့ ကိစၥႀကီးပဲ"

ခမ္းေနာ့ဝ္ကမူ ခုန္ဆြ ခုန္ဆြနဲ႕ လက္သီး လက္ေမာင္းတန္းကာ

"အာ့တာေၾကာင့္ ငါထင္ပါတယ္ ငါ့ဆီ ေခ်ာင္းေပါက္မတတ္ လာေနကတည္းကိုက ငါ့ဆီက တစ္ခုခု လိုခ်င္ေနတာမွန္း လတ္စသတ္ေတာ့ ငါ့ေယာက္ဖကို ခ်ိန္ေနတာပဲ. . .ကြၽတ္!! စိုင္ဆိုင္ခမ္းေနာ့ဝ္ေတာ့ အသုံးခ်ခံလိုက္ရၿပီ"

ကိုးေနာင္က မခို႔တရို႔ ၿပဳံးၿပီး

"တုံးတာကိုး"

"ဘာ ! ငါ မင္းကို ‌မေက်ေသးဘူးေနာ္ မင္း သားငယ္ကို ဂ႐ုစိုက္စမ္း . . . ကေလး‌ကို စိတ္ဒဏ္ရာ ရေအာင္ မလုပ္နဲ႕. . . သူ႕ စိတ္ထဲ ခြဲျခား ခြဲျခား ဆက္ဆံတယ္ ခံစားရေအာင္ မလုပ္စမ္းနဲ႕. . ."

"ကိုယ္ သူ႕ကို ဘယ္မွာ ခြဲျခားလို႔လဲ သူ လိုခ်င္တယ္ေျပာရင္ အကုန္ ျဖည့္ဆည္းေပးေနတာပဲ"

"ငါ ေမာတာဟာ. . .ကိုးေနာင္ ရာ ေခါင္းေခါက္ခ်င္လာၿပီ ကေလးလည္း မဟုတ္ဘဲ ကေလးနဲ႕ အၿပိဳင္ ဂ်စ္တိုက္မေနနဲ႕ . . .သြား ကေလးကို ျပန္ေခ်ာ့ ခ်က္ခ်င္း ျပန္ေခ်ာ့"

"မေခ်ာ့ခ်င္ပါဘူး သူေတာင္ ကိုယ့္ကို ခ်စ္ဘဲနဲ႕"

"ငါမွာ မင္းဘက္က‌ေန ေရွ႕ေနလိုက္ၿပီး မင္း ေကာင္းေၾကာင္း အာေပါက္မတတ္ေျပာထားရတာ ငါ့ကို မ်က္ႏွာပ်က္ေအာင္ မလုပ္နဲ႕"

"လုပ္မွာပဲ"

"ကိုးေနာင္ !"

"အင္းလို႔"

"ေျပာၿပီး ၿပီးေနာ္ ေျပာတဲ့တိုင္း မလုပ္ရင္ မင္းနဲ႕ ငါနဲ႕ ေတြ႕မယ္"

ခမ္းေနာ့ဝ္က 'I'm watching you' ဆိုတဲ့ သေဘာနဲ႕ လက္ညွိုးနဲ႕ လက္ခလယ္ကို မ်က္လုံးနဲ႕ ထိုးကာတစ္လွည့္ ကိုးေနာင္ကို ထိုးကာ တစ္လွည့္ လုပ္ျပသြားသည္။

ခမ္းေနာ့ဝ္ ထြက္သြားစဥ္ ထြက္သြားခ်င္း ကိုးေနာင္သည္ ပိတ္ထားေသာ ကြန္ျပဴတာကို ျပန္ဖြင့္လိုက္ေလသည္။

Head phoneကို နားမွာ တပ္၊volumeကို အက်ယ္ဆုံး ဖြင့္ခ်လိဳက္သည္။

ဆိုး႐ြားဆုံး နာက်င္ညည္းၫူသံေတြ။

Pron video ေတြက မုဒိန္းမႈေတြ မျဖစ္ေအာင္ တစ္ဝက္ေလွ်ာ့ခ်ေပးနိုင္တယ္ဆို ဒီ လူသတ္videoေတြက သူ႕ရဲ႕ ေသြးဆာေနေသာ စိတ္ကို တစ္ဝက္ အာသာ ေျပေစသည္။

လူတစ္ေယာက္ကို ပိုးဆိုးပက္စက္ သတ္ပစ္ခ်င္ေပမယ့္လည္း သူ မသတ္ခဲ့။

သူ႕ ေယာက္်ား မ်က္ႏွာကို ၾကည့္ရမည္။သူ႕ သားမ်က္ႏွာကို ၾကည့္ရမည္။သူ႕ သမီးမ်က္ႏွာကို ၾကည့္ရမည္။

9 ႏွစ္ လုံးလုံး ဆႏၵကို သိကၡာနဲ႕ ထိန္းခဲ့သည္။

ကိုးေနာင္ သူ႕ စိတ္ကို ျပဳျပင္ဖို႔ ႀကိဳးစားသည္။ထိန္းသည္။တရားခ် တရားျပသည္။

တရားစခန္းေတြ ဝင္သည္။မိုးကုတ္ ဝိပႆနာေက်ာင္းေတြမွာ တရားက်င့္သည္။အုံလိုက္က်င္းလိုက္ ေသာင္းက်န္းေနေသာ စိတ္သည္ ဓမၼရိပ္ေအာက္ဝယ္ ၿငိမ္သက္သြားခဲ့သည္။

တရားသည္ တကယ္ တန္ခိုးထက္လွပါ၏။

သို႔ေသာ္ သူသည္ ရဟႏၱာ၊အနာဂါမ္ မဟုတ္ေပ။

တစ္ခါတစ္ေလေတာ့ မထိန္းနိုင္၊မသိမ္းနိုင္ ပြင့္အံလာ၏။

နာက်င္စြာ ေအာ္ဟစ္ ႐ုန္းကန္သံ၊႐ုန႔္ရင္းၾကမ္းတမ္းစြာ လွီးသံ ျဖတ္သံေတြကို ေတာင့္တသည္။

ဒီ webထဲက လူသတ္ video ေပါင္း ေသာင္းေျခာက္ေထာင္သည္ သူ႕ကို အာသာေျပေစသည္။ထိုထက္ သူ စိတ္မထိန္းနိုင္ရင္ေတာ့ လွ်ို႔ဝွက္ခန္းထဲက အေလာင္းေတြသည္ အေျဖပဲ ျဖစ္၏။

ကိုးေနာင္သည္ channel ေတြ တစ္ခုၿပီး တစ္ခု ထဲသို႔ ဝင္ၾကည့္လိုက္သည္။တစ္ခုမွ မႀကိဳက္။

သူ႕လို ဝါရင့္ေနတဲ့ ပရိုႀကီး တစ္ေယာက္တြက္ ထို channel မ်ားရဲ႕ တင္ဆက္ လူသတ္ပုံမွာ ကေလးကလား နိုင္လြန္းလွသည္။

သို႔ေသာ္ ၾကည့္စရာ မရွိတဲ့ အဆုံးေတာ့ ျပာ၊နီ၊ဝါ ရဲ႕ channel ထဲ ဝင္လိုက္သည္။
တင္ဆက္သူ သုံးေယာက္တြင္ တစ္ေယာက္က အနီmaskကို လည္းေကာင္း၊တစ္ေယာက္က အျပာ maskကို လည္းေကာင္း၊ေနာက္ဆုံးတစ္ေယာက္က အဝါmaskကို လည္းေကာင္း တပ္ဆင္ထားေသာေၾကာင့္ ကိုးေနာင္သည္ ဒီchannelကို ျပာ၊နီ၊ဝါ ဟု အလြယ္နာမည္ေပးထားျခင္း ျဖစ္သည္။

ပ်င္းစရာေကာင္းသည္။

ကိုးေနာင္က မ်က္လုံးကို မွိတ္လိုက္ၿပီး အသံကိုသာ နားေထာင္ေနလိုက္သည္။

"ဟိုင္း Baby Coe XXXX ဆိုတဲ့ လူႀကီးမင္း ျပန္ေရာက္လာျပန္ၿပီပဲ. . . အရင္တစ္ခါတုံးက coins အမ်ားဆုံး ေပးသြားသလို ခုလဲ ေပးဖို႔ ဆႏၵရွိရင္ ေပးသြားနိုင္ပါတယ္ခင္ဗ်"

ကိုးေနာင္ မ်က္လုံးကို ဆတ္ကနဲ ဖြင့္လိုက္သည္။

သူက coinေပးတယ္၊ဘယ္တုံးက ေပးလိုက္တာလဲ။errorမ်ား တက္ေနသလား လို႔ စဥ္းစားလိုက္ေသာ္လည္း မျဖစ္နိုင္။

ဒီ ‌အိမ္မွာ ေလးေယာက္ပဲ ရွိသည္။

ေနာက္ဆုံးေသာ ျဖစ္နိုင္ေခ်က တစ္ေယာက္တည္းသာ ရွိသည္။

ဉာဏ္ကိုးႏြယ္။

႐ုတ္တရက္ အက္ဒန္ဝင္သီယာ ေျပာခဲ့ေသာ စကားမ်ားကို သတိရလာသည္။

"မင္း သားက မင္းထက္ ပို ၿပီး မေကာင္းဆိုဝါးဆန္တယ္. . .အခက္မသင့္ရင္ မင္းကိုပါ သတ္ခ်င္ သတ္ေနမွာ. . .ဟင္း ဟင္း "

ကိုးေနာင္ အံႀကိတ္လိုက္သည္။

သူေတာင္ အသက္ 7ႏွစ္တုံးကေတာင္ စိန္ေျပးလိုက္တမ္းေဆာ့လိုက္၊‌ေရခဲေခ်ာင္း၊ အုန္းေမႊးလုံး ဝယ္စားလိုက္၊ဂ်င္ ေပါက္လိုက္၊သေရကြင္း ပစ္လိုက္ပဲ ရွိေသးသည္။

သူ႕ သားက သူ႕ ထက္ ဆိုးေနသည္။

7 ႏွစ္ နဲ႕ ရက္ရက္စက္စက္ သတ္ျပသည့္ လူသတ္ streamကို ၾကည့္သည္။ၾကည့္႐ုံတင္ မက ရွိသမွ် coins ေတြကိုပါ ေဝသႏၱရာ အလႉလုပ္သလိုပါ  ေပးလိုက္သည္။

ဖေအ ထက္ သား တစ္လ ႀကီးေနသည္။

"ဟ့ ငါ့ႏွယ့္. . ."

++++

ကိုးႏြယ္ ဝါးခနဲ သန္းလိုက္ၿပီး အိမ္ေအာက္ထပ္ကို ဆင္းလာသည္။

ေဆာင္းရာသီ ဝင္ခါစ ျဖစ္ေသာ္လည္း မႏၱေလးသည္ မႏၱေလးမို႔ ေန႕လယ္တြင္မူ ပူလွသည္။

ထို႔ေၾကာင့္ ကိုးႏြယ္သည္ စြပ္က်ယ္ျဖဴ လက္ျပတ္နဲ႕ ေဘာင္းလီတိုကို လဲ ဝတ္ထားသည္။

ပတ္ဝန္းက်င္သည္ အလြန္မင္း တိတ္ဆိတ္လြန္းလွသည္မို႔ ေမ်ာက္ဝံမႀကီး ေက်ာင္းသြား ၿပီး ျဖစ္ေၾကာင္း သေဘာေပါက္သြားရ၏။

ကိုးႏြယ္ မီးဖိုေခ်ာင္ထဲ ဝင္သြားေသာအခါ အမည္မေဖာ္လိုေသာ သူ႕၏ ရန္သူေတာ္ႀကီးသည္ ေျခတစ္ဖတ္ခ်ိတ္ကာ ထိုင္ရင္း black coffee ကို ‌ေမႊေနသည္။

သူသည္ အနက္ေရာင္ရွပ္လက္ျပတ္နဲ႕ အနက္ေရာင္ ဂ်င္းေဘာင္းဘီရွည္ကို ဝတ္ဆင္ထားသည္။ျဖဴေသာ အသားအရည္သည္ အနက္ေရာင္ၾကားဝယ္ ဆြဲေဆာင္မႈ ရွိေသာ္လည္း ကိုးႏြယ္ မ်က္လုံးထဲတြင္မူ ယင္ေကာင္ႀကီး ႏွင့္ တူ၏။

ကိုးေနာင္ လွည့္မၾကည့္ဘဲ " နိုးၿပီလား " ဟု ေမးသည္။

'နိုး လို႔ ထ လာတာေပါ့' ဟု ေျဖခ်င္ေသာ ပါးစပ္ကို ကိုးႏြယ္ ခ်ဳပ္ထိန္းလိုက္သည္။

ကိုးႏြယ္ ဘာမွ မေျပာဘဲ ကိုယ့္ေနရာ ကိုသာ ဝင္ထိုင္လိုက္သည္။

ကိုးေနာင္က မ်က္ေတာင္ရွည္ႀကီးေတြကို ပင့္ေမာ့လိုက္သည့္အခါ မ်က္ဝန္းစိမ္းစိမ္းမ်ားက ကိုးႏြယ္ဆီ ေရာက္ရွိလာ၏။

"ဘာစား မလဲ"

"မစားခ်င္ဘူး"

"မင္း အေဖ အလုပ္သြားၿပီ ငါပဲ ရွိတာ . . .စားခ်င္တာေျပာ လုပ္ေကြၽးမယ္"

ကိုးႏြယ္က စဥ္းစားၿပီးေနာက္

"ယံယံ"

"မတည့္ဘူး"

ကိုးႏြယ္က မ်က္ေမွာင္ကုတ္ၿပီး ကိုးေနာင္ ကို စိုက္ၾကည့္သည္။

"မင္းေဖက မင္းကို ေ႐ႊအိုးပဲ တိုက္လို႔ မွာလိုက္ေပမယ့္ ဒီလို ထလာနိုင္ၿပီး
စကားခံျငင္းနိုင္ပုံေထာက္ရင္ ေနေကာင္းေပ်ာက္လုနီးၿပီလို႔ ယူဆလိုက္ပါ့မယ္"

ကိုးေနာင္က မက္တပ္ရပ္လိုက္ၿပီး ေရႏြေးအိုးတည္သည္။

"မ်က္လုံးစားမလား မားမားစားမလား ခ်ဥ္စပ္စားမလား စပိုက္စီစားမလား . . ."

"ခ်ဥ္စပ္"

"အရည္ေဖ်ာ္ေသာက္မလား သုတ္ေပးရမလား"

"အရည္ေဖ်ာ္"

"ၾကက္ဉ စားမလား"

"အင္း"

"ျပဳတ္ၿပီးစားမလား ဟက္ဘြိုင္စားမလား အရည္ထဲ ေမႊေပးရလား ေၾကာ္ေပးရမလား"

"ဟက္ဘြိုင္"

"ငါ မင္းကို မခ်စ္ဘူးလို႔ ဘယ္သူ ေျပာတာလဲ"

". . ."

"ငါ မင္းကို မခ်စ္ရင္ ဒီလိုေတာင္ ျပဳတ္ေကြၽးမေနဘူး ပစ္ထားမွာ"

ကိုးေနာင္ ေျပာပုံက အနည္းငယ္ ကေလးဆန္သည္။

ကိုးႏြယ္ ေခါင္းၿငိမ့္ျပသည္။ေရာ့ . . . ေဖႀကီး 1မွတ္။

မၾကာခင္ အနံ႕ေမႊးပ်ံ့လွေသာ ေခါက္ဆြဲ တစ္ ပန္းကန္သည္ ကိုးႏြယ္ ေရွ႕ ေရာက္ရွိလာသည္။ထိပ္တည့္တည့္က ၾကက္ဉဟက္ဘြိုင္ေလးက စားခ်င္စရာ ေကာင္းသည္။

ကိုးေနာင္သည္ ကိုးႏြယ္ အနားကို ေလွ်ာက္လာၿပီး ကိုးႏြယ္ေဘးဝယ္ ရပ္လိုက္ရင္း လက္ပိုက္ၿပီး စားပြဲခုံကို မွီလိုက္သည္။

"ျပဳတ္ခ coinေပးဦး"

ကိုးႏြယ္သည္ ကိုးေနာင္ ဘာေျပာမွန္းမသိလို႔  ေၾကာင္သြားေသာ္လည္း 2စကၠန႔္တြင္း သူ သေဘာေပါက္သြား၍ ဆံပင္ေမႊးေတြ ေထာင္တဲ့ထိ လန႔္သြားသည္။

"တတိယ ထပ္က အခန္းကို မဝင္နဲ႕လို႔ ေျပာထားတယ္မလား"

"ဟုတ္"

"ဝင္တဲ့ အျပင္ ဘာေတြ ေလွ်ာက္ၾကည့္ထားလဲ ကိုယ့္ အေၾကာင္းကို သိမွာေပါ့"

"ဟုတ္"

ကိုးႏြယ္က ပန္းကန္ထဲ မ်က္ႏွာစိုက္ထားၿပီး ေခါင္းကို ေမာ့မလာ။

ကိုးေနာင္က ဟက္ကနဲ တစ္ခ်က္ရယ္လိုက္သည္။

တိတ္ဆိတ္ေနေသာ ဝန္းက်င္တြင္ ေအးတိေအးစက္ ဟက္ခနဲ ရယ္သံႀကီးက က်ယ္ေလာင္လြန္းလွ၏။

"ေနာက္ခါ ၾကည့္ခ်င္ေျပာ ခိုးမၾကည့္နဲ႕. . ."

ကိုးႏြယ္က မယုံနိုင္သလို ကိုးေနာင္ကို ဆတ္ကနဲ ေမာ့ၾကည့္သည္။

"ဟို အာ့တာက မေကာင္းဘူးမလား"

"ေသခ်ာေပါက္ မေကာင္းဘူးေပါ့ . . .ဒါေပမဲ့"

ကိုးေနာင္က ကိုးႏြယ္ နဖူးေသးေသးေလးကို ေတာက္ခနဲ ေခါက္လိုက္ၿပီး

"ကမၻာေပၚမွာ ေကာင္းတဲ့ သူ ဆိုတာ မရွိဘူး. . .ဘုရားေတာင္ အမွားမကင္းဘူး. . ."

ကိုးႏြယ္ က မ်က္လုံးေလး ကလယ္ ကလယ္ ျဖစ္သြားသည္။

"ေဖႀကီးေကာ အမွား လုပ္ဖူးလား"

"အမွား "

ကိုးေနာင္က ၿပဳံးသည္။ထိုအၿပဳံးသည္ စိတၱဇဆန္ကာ ေျခာက္ျခားစရာႀကီး ျဖစ္သည္။သို႔ေသာ္ ကိုးႏြယ္ မ်က္လုံးထဲတြင္ ထိုအၿပဳံးက်မွ လာ ၿပီး လွေန၏။

"လုပ္ဖူးတာေပါ့. . .တစ္ခါ ႏွစ္ခါ သုံး ေလးခါ ငါးခါ ေျခာက္ခါ အထပ္ထပ္ခါခါ . . .အမ်ားႀကီး လုပ္ဖူးတယ္. . .ကဲ ေျပာျပပါဦး ခိုးၾကည့္ခဲ့ရတဲ့ ဗ႐ုတ္သုတ္ခ videoေလးနဲ႕ ပတ္သက္ၿပီး အေတြ႕အႀကဳံေလး. . ."

ကိုးႏြယ္က ေခါက္ဆြဲကို ပလုတ္ပေလာင္း ငုံ႕စားသည္။

"အာ့"

"ပူသြားၿပီမလား အစားဆိုတာ ျဖည္းျဖည္းစားရတယ္"

ကိုးေနာင္က ခုံတစ္ခုံဆြဲယူလိုက္ၿပီး ထိုင္လိုက္သည္။ၿပီး ကိုးႏြယ္ ေခါက္ဆြဲပန္းကန္ကို ဆြဲယူလိုက္ကာ ဖူးခနဲ မႈတ္ေပးကာ ကိုးႏြယ္ကို ေခါက္ဆြဲ ခြံ႕လိုက္သည္။

"ေျပာပါ. . မဆူဘူး "

"ပထမ တစ္ခါက"

"ပထမတစ္ခါက ဆိုေတာ့ ဘယ္ႏွႀကိမ္ေတာင္ ခိုးၾကည့္ထားတာလဲ"

"ခုမွ သုံးခါတည္းပါ"

"ဆိုေတာ့ ပထမတစ္ခါ က ဘယ္လိုႀကီးလဲ"

"အဲ့ လူႀကီးက ေမြးကင္းစကေလးေလးကို အပိုင္း ပိုင္း ခုတ္ေနတာ ဒုတိယ အခါကက်ေတာ့ လူတစ္ေယာက္ကို က်ားႀကီးက ကိုက္စားေနတာ ေနာက္တစ္ခုက လူသုံးေယာက္က ‌လူတစ္ေယာက္ကို ႏွိပ္စက္တာ သူ႕မ်က္လုံးႀကီးကို ေဖာက္ၿပီး သူ႕လက္ေခ်ာင္းေတြကို ဆြဲႏႈတ္တာ ဒီလိုႀကီး"

ကိုးႏြယ္က ေျပာရင္းပင္ ေမ်ာသြားကာ အားပါလာသည္။

"ေတာ္ေတာ္အေသးစိတ္ လိုက္ၾကည့္ထားတာပဲ"

"နိုး သား ၾကည့္ပါဘူးေနာ္ မ်က္လုံးက သူ႕ဘာသာသူ ၾကည့္တာ"

"ဪ . . . ၾကည့္ရင္း ဘယ္လို ခံစားရလဲ"

"ေၾကာက္စရာႀကီး"

"မညာနဲ႕ တကယ္ မဆူဘူး"

ကိုးႏြယ္၏ ဦးႏွောက္သည္ ေသးေသးေလးျဖစ္ေသာ္လည္း သူ ခံစားေနရသမွ် ေတြးေတာသမွ် လုပ္သမွ်ေတြဟာ မေကာင္းေၾကာင္း သူ႕ဘာသာ သူ သိပါ၏။အျခားကေလးေတြႏွင့္ အေတြးအျမင္ မတူေၾကာင္း ကိုယ့္ကို ကို သတိထားမိသည္။ဘာက လြဲေနမွန္းေတာ့ သူ ေသခ်ာမသိ။

ကိုးႏြယ္တြင္ အခ်စ္ဆုံးသူငယ္ခ်င္း ရွိခဲ့ဖူးပါ၏။

သူ႕ေမြးေန႕တြင္ ေမြးေန႕လက္ေဆာင္အျဖစ္ ဖားေသေတြ အိမ္ျမႇောင္ေသေတြကို ေပးလိုက္ကတည္းက သူငယ္ခ်င္းသံေယာဇဥ္ ျပတ္သြားတာ ခုထိပင္။

"ဘီလူးေကာင္ ႐ြံ႕စရာႀကီး ဘာေတြ လာေပးေနတာလဲ" ဆိုေသာ စကားသည္ ကိုးႏြယ္ကို အံ့အားသင့္ေစသည္။သူ အႀကိဳက္ဆုံးအရာကို လက္ေဆာင္ေပးတာေလ။ဘယ္လိုလုပ္ ဘီလူး ျဖစ္သြားတာလဲ။

သူငယ္ခ်င္းေတြကလည္း ကိုးႏြယ္ကို ဖယ္ခြာသြားၾက၏။ "အဲ့ေကာင္က အ႐ူး" "မေကာင္းဆိုးဝါး" "ေဂါက္ေနတာ" ဆိုေသာ ကေလးအခ်င္းခ်င္းၾကား တီးတိုးေျပာသံသည္ ကိုးႏြယ္ကို နာက်င္ေစခဲ့သည္။

ကိုးႏြယ္ ႀကိဳက္ႏွစ္သက္ေသာ အရာမ်ားသည္ အမ်ားမုန္းေသာ အရာမ်ား ျဖစ္သည္။ကိုးႏြယ္ ကိုယ့္ကို ကို အျပစ္ရွိသလို၊အျပစ္ ျပဳလုပ္ေနသလို အၿမဲ ခံစားရ၏။

မေကာင္းမွန္း သိပါ၏။ႀကိဳက္ေနတာေတာ့ သူ လည္း မတတ္နိုင္။

ထို႔ေၾကာင့္ လူအမ်ားႏွင့္ ခပ္ခြာခြာေနခဲ့၏။စကားနည္းခဲ့သည္။ေက်ာင္းမွာ ေနေန ၊အိမ္မွာ ေနေန တိတ္တိတ္ ၿငိမ္ၿငိမ္ေလးသာ ေနခဲ့၏။

သူ တစ္ခုခု မ်ား လႈပ္ရွားလိုက္ရင္ သူ႕အေၾကာင္းကို လူေတြ သိသြားၿပီး . . . အထူးသျဖင့္ သူ႕မိသားစုက သိသြားၿပီး သူ႕ကို ေၾကာက္သြားရင္ မေကာင္းဆိုးဝါးလို႔ ထင္ျမင္သြားရင္ ထို႔ထက္ သူ႕ကို မခ်စ္ေတာ့ရင္. . .။ကိုးႏြယ္ ဆက္မေတြးရဲေပ။

သူ႕ကို မခ်စ္ေတာ့မွာ သူ အေၾကာက္ဆုံး ျဖစ္သည္။

"ေျပာ တကယ္ ဘယ္လို ခံစားရလဲ"

ကိုးႏြယ္က ေအာက္ႏႈတ္ခမ္းေသးေသးေလးကို ဖိကိုက္လိုက္သည္။

"အရမ္း ရမ္း မိုက္တယ္"

ကိုးႏြယ္ မ်က္ႏွာရႈံ႕မဲ့လာသည္။မငိုဘူး မငိုဘူး လုံးဝ မငိုဘူး။သို႔ေသာ္ မ်က္ရည္ေတြ က သူ႕ စကား နားမေထာင္ေပ။

"အီး ဟီး ဟီး ဟင့္ အင့္"

ကိုးႏြယ္က ၾကဴၾကဴပါေအာင္ ငိုေတာ့သည္။‌

အၿမဲ ေအးစက္ တည္တံ့ေနကာ ခံစားခ်က္မဲ့သလို ဗလာမ်က္ဝန္းစိမ္းေတြႏွင့္ ကိုးႏြယ္ ႐ုတ္တရက္ ထ ငိုေသာ အခါ ကိုးေနာင္ အမွန္ပင္ အနည္းငယ္ အံ့ဩသြားသည္။ကိုးႏြယ္သည္ အၿမဲပင္ လူႀကီး လို ဟန္ေဆာင္ေနခဲ့တာမို႔ ဒီ ေကာင္ေလး က ခုမွ ကေလး ေလး ဆိုတာ ကိုးေနာင္ သတိမထားမိခဲ့ေပ။

"သား ကို ေက်ာင္းမွာ ဘယ္သူမွ မေခၚၾကဘူး. . .ဟင့္ . . .သူငယ္ခ်င္း‌ေတြကေတာင္ သား ကိုလည္း မေကာင္းဆိုးဝါးႀကီး လို႔ ေျပာ. . ေျပာတာ. . .သား အျပစ္ရွိသလို ခံစားရတယ္"

ကိုးေနာင္က ကိုးႏြယ္ မ်က္ႏွာေလးကို အုပ္ကိုင္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"ေဖႀကီး ကို ၾကည့္ . . . "

အစိမ္းေရာင္ မ်က္လုံးစိမ္းႀကီးမ်ားႏွင့္ မ်က္ဝန္းစိမ္းေလးတို႔ ဆုံစည္းမိသည့္ တစ္ခဏ မျမင္နိုင္ေသာ အားေကာင္းသည့္ ခ်ိတ္ဆက္မႈ တစ္ခု ျဖစ္လာသည္။အရာရာကို ထြင္းေဖာက္ ျမင္ရသလို၊တစ္ဖက္လူရဲ႕စိတ္ကို နားလည္ေနသလိုလို။

"ရႉး ဟင့္ "

"လူတိုင္းက အ႐ူးေတြ မေကာင္းဆိုးဝါးပဲ . . . တစ္ခုမဟုတ္ တစ္ခုကို ေတာ့ ႐ူးသြပ္ၾကတာခ်ည္းပဲ. . .လမ္းထိပ္က ဦးဖိုးသာႀကီး အရက္ေသာက္ရတာ ႀကိဳက္သလို နံနက္တိုင္း အိမ္ေရွ႕မွာ လာေရာင္းတဲ့ ပဲျပဳတ္သည္ႀကီးလည္း အတင္းေျပာရတာ ႀကိဳက္တာပဲ. . .လူတိုင္းမွာ အႀကိဳက္ကိုယ္စီ ရွိတယ္. . .အဲ့ဒီ အႀကိဳက္က သူ႕တို႔ရဲ႕ ႐ူးသြပ္မႈပဲ. . .ဒီဟာႀကီးကို ႀကိဳက္ပါလို႔ မင္းစိတ္ကို မင္း ေျပာမရသလို မႀကိဳက္နဲ႕လို႔လဲ စိတ္ကို ထိန္းခ်ဳပ္ထားလို႔ မရဘူး. . .လူကို စိတ္က ဖန္ဆင္းတာ မဟုတ္ဘူး စိတ္ကသာ လူကို ဖန္တီးတာ. . .အဲ့တာေၾကာင့္ မင္းစိတ္က အလိုေလ်ာက္ ျဖစ္တည္လာတဲ့ ခံစားခ်က္တစ္ခုအတြက္ မင္းကို မင္း အျပစ္တင္စရာ မလိုပါဘူး. . .ေဖႀကီး ေျပာတာ နားလည္လား"

ကိုးေနာင္က ကိုးႏြယ္ ဆံပင္ေလးကို သပ္လိုက္သည္။

"ေနာက္ၿပီး ကိုယ္ ႀကိဳက္တိုင္းလည္း ေလာကမွာ အမွားနဲ႕ အမွန္၊လုပ္သင့္တာနဲ႕ မလုပ္သင့္တာ ဆိုတာ ရွိတယ္ . . ."

ကိုးႏြယ္ က ‌နားရႈပ္သြားဟန္ မ်က္ႏွာေလး တြန႔္သြားသည္။

"အဲ့ဒီ လူသတ္ videoေတြကို သား ၾကည့္တာ ကိစၥမရွိဘူး. . .ဒါမဲ့ ႀကိဳက္လို႔ ဆိုၿပီး အျပင္မွာ အဲ့လို သြားလုပ္ရင္ေတာ့ အျပစ္ျဖစ္သြားၿပီ. . ."

"ဘာလို႔လဲ"

"ဘာလို႔လဲ ဆိုေတာ့ မင္း ရဲ႕ အႀကိဳက္က သူမ်ားကို ထိခိုက္ နာက်င္ေစလို႔ေပါ့. . .အဲ့တာ မေကာင္းဘူး သား. . . သူမ်ား အသတ္ကို သတ္တာ မေကာင္းဘူး. . ."

"သတ္ရင္ေကာ"

"ႏွစ္ခု မင္း ႀကဳံရမယ္ ပထမ ဉပေဒအရ အေရးယူခံရမယ္ မင္း က လူသတ္သမားႀကီး ျဖစ္သြားမယ္. . . ဒုတိယ အေရးမယူခံရပါေစဦး မင္းက လူသတ္သမားဆိုတဲ့ အမည္းစက္ႀကီးကို တစ္သက္လုံး ေဖ်ာက္မရေတာ့ဘူး"

"ေဖႀကီး "

"ေျပာ"

"ေဖႀကီး . . . လူသတ္ဖူးလား"

ကိုးေနာင္က လက္ညွိုးကို ႏႈတ္ခမ္းေပၚမွာ ကန႔္လန႔္ျဖတ္တင္လိုက္ၿပီး ရႉးဆိုေသာ အမူအရာ လုပ္ျပသည္။

"သတ္ဖူးတယ္ . . . အမ်ားႀကီးကို သတ္ပစ္ခဲ့တာ မေရမတြက္နိုင္ေအာင္"

"မေကာင္းဘူးဆို"

"အင္း ငါ လုပ္ခဲ့ဖူးလို႔ မင္းကို မေကာင္းဘူးလို႔ ျပန္ေျပာျပနိုင္တာေပါ့. . .ရႉး ဘယ္သူ႕မွ ေျပာမျပနဲ႕ . . . မင္းနဲ႕ ငါနဲ႕ ၾကားက လွ်ို႔ဝွက္ခ်က္ေပါ့. . ."

ကိုးႏြယ္ က ထပ္ခါခါ ေခါင္းၿငိမ့္ျပသည္။သူ ဒီလိုလွ်ို႔ဝွက္ခ်က္ေတြဆို အရမ္း စိတ္ဝင္စားသည္။

"ေဖႀကီးက မင္း တစ္ေယာက္တည္းကိုပဲ ေျဖာင့္ခ်က္ေပးၿပီး ဝန္ခံခဲ့တာေနာ္. . . မင္းလည္း မင္းရဲ႕ လွ်ို႔ဝွက္ခ်က္ မွန္သမွ် ေဖႀကီးကို အကုန္ေျပာျပရမယ္. . .ကမၻာေပၚမွာ မင္းကို နားလည္ေပးနိုင္ဆုံး လူက ငါပဲ. . . ေနာက္ခါၾကည့္ခ်င္ရင္ ေဖႀကီးကို ေျပာ. . . ေဖႀကီး ေရွ႕မွာပဲ ၾကည့္ . . .ကြယ္ရာမွာ တစ္ေယာက္တည္း မလုပ္နဲ႕ . . .မင္းေနာက္မွာ ေဖႀကီး ရွိတယ္. .  "

ကိုးႏြယ္ စိတ္ေပါ့ပါးသြားသလို ခံစားလိုက္ရသည္။သူ ဒီ အေၾကာင္းအရာကိုသာ စိတ္ထဲ ထင့္ေနသည္မွာ ၾကာၿပီ။

တစ္စုံတစ္ေယာက္ကို သူ႕ အေၾကာက္ဆုံးအရာကို ေျပာျပခဲ့ၿပီး ထိုသူက သူ႕ကို အျပစ္မဆိုပါဘဲ သူ႕ ျဖစ္တည္မႈကို အရွိအတိုင္း လက္ခံေပးသည့္အခါ. . .ဒီထက္ ထို တစ္စုံတစ္ေယာက္က သူ႕ အားထားရဆုံး မိဘ ျဖစ္ေနေသာအခါ. . .ကိုးႏြယ္သည္ အားရွိသြားသည္။

ထို အရာ ႀကိဳက္ေနတာ အျပစ္မဟုတ္ေပ။ထိုအရာေတြကိုသာ က်ဴးလြန္မွာသာ အျပစ္ ျဖစ္ေလသည္။

ကိုးႏြယ္ ဦးႏွောက္ေသးေသးေလးထဲ မွတ္သားသြားသည္။

"ေတာင္းပန္ပါတယ္ ေဖႀကီး မင္းကို မရိုက္ခဲ့သင့္ဘူး. . ."

ကိုးေနာင္က ကိုးႏြယ္ကို လက္ကမ္းေပးသည္။

"ၿငိမ္းခ်မ္းေရး ယူရေအာင္. . ."

ကိုးႏြယ္က လက္ျပန္ကမ္းေပးေသာအခါ ကိုးေနာင္က ကိုးႏြယ္ လက္ေသးေသးေလးကို ဆုပ္ကိုင္လိုက္ၿပီး ဖ်စ္ညွစ္လိုက္သည္။

ကိုးေနာင္ ၿပဳံးသည္။ထို အၿပဳံးသည္ အလြန္မင္း ေအးခ်မ္းကာ ၾကင္လင္ပါ၏။ကိုးႏြယ္ မ်က္လုံးတြင္ ထို အၿပဳံးသည္လည္း သိပ္လွေနခဲ့သည္။

______________________________________

11.8p.m
22.3.2023(Wed)
Mary_Koe
5344

Please give me votes & comments🥺

Review ေရးေပးတဲ့ သူတစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးတင္ပါတယ္
Review ေလးေတြ ေတြ႕ေတာ့ အား အရမ္း ရွိတာပဲ ကိုယ္ ဖန္တီးတာ ကို သေဘာက်တယ္ဆိုတဲ့ ခံစားခ်က္က အရွင္လတ္လတ္ နတ္ျပည္ေရာက္သြားသလိုပါပဲ. . .🤭

Continue Reading

You'll Also Like

184K 13.8K 58
#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatT...
68.6K 8.7K 44
Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။
29.7K 2.4K 55
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
94.9K 2.5K 22
age gap အရမ္​းႀကိဳက္​တဲ့ ကြၽန္​​ေတာ္​့အတြက္​ တစ္​ခါမွ မ​ေရးဖူးတဲ့ age gapမ်ိဳးပါ😁😁😁 အသက္​၂၀​ေလာက္​ကြာျခားမႈၾကားက ႐ိုဆန္​ဆန္​ခ်စ္​ျခင္​းႏွင္​့ angs...