Unicode
လူကြီးလူကောင်းဖြစ်နည်း သင်ခန်းစာ၂
"စည်းမျဉ်းနံပါတ်၃ လူကြီးလူကောင်းဆိုတာ
စကားကိုတည်တည်တံ့တံ့ပြောရတယ်
ပြောင်စပ်စပ်မလုပ်ရဘူး"
"ပြောတဲ့အခါမှာလေသံကတည်ငြိမ်မှုရှိရမယ်
တစ်ဖက်လူကကိုယ့်ရဲ့အပြောကိုတစ်ခေါက်တည်းနဲ့နာခံလာအောင်ပြောနိုင်ရမယ်"
"ဒါဆိုရင်တော့ဝိန်းလည်းလူကြီးလူကောင်းမဟုတ်ဘူးပဲ"
ဝိန်းကသူ့ကိုမျက်ခုံးပင့်လျက်စိတ်ရှုပ်ထွေးသွားဟန်ဖြင့်စိုက်ကြည့်လာသည်။
ဂျီမင်းကတော့ဘာမှမဟုတ်သလိုပင်ပုခုံးလေးတွန့်ပြလိုက်ပြီး...
"တစ်ဖက်လူကနာခံအောင်ပြောနိုင်ရမယ်ဆိုတော့ဝိန်းပြောတာကိုကျွန်တော်နားထောင်တာမြင်ဖူးလို့လား"
ဝိန်းသည်ယခုအချိန်တွင်ဖီးလစ်အမည်ခံဂျီမင်းအားနဘမ်တီးချင်နေပြီဖြစ်သည်။
သို့သော်လူကြီးလူကောင်းများ၏အလုပ်မျိုးမဟုတ်၍စိတ်ကိုပြန်လည်ထိန်းချုပ်ကာငြိမ်နေလိုက်ရသည်။
"စကားကိုလိုတာထက်ပိုမပြောရဘူး"
"ဝှားး ပျင်းလာပြီ"
"ဒီ..!"
"ဆဲမလို့လား"
"ဟင်း"
ထောင်းခနဲထွက်သွားသောဒေါသကိုအကြိမ်ကြိမ်မျိုချလိုက်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။
သက်ပြင်းချတိုင်းသာအသက်တိုမည်ဆိုလျှင်သောမတ်စ်ဝိန်းသည်ဤနေရာတွင်ခေါက်ခနဲလဲသေနိုင်သည်။
ဖီးလစ်အနေနဲ့မဟုတ်ဘဲဂျီမင်းအနေဖြင့်တွေ့ရတာတစ်ရက်ခန့်သာရှိသေးသော်လည်းထိုကောင်လေးကိုကဒုက္ခပေးနိုင်လွန်းသည်။
အခုဆိုရင်ဘာတွန်မြို့ကြီးရဲ့မြို့တော်ဝန်ကိုမလေးမစားဆက်ဆံနေတာ။
"ကိုယ်ပြောနေတာနားထောင်စမ်း ဂျီမင်း"
လေသံကမဆိုမလောက်မာလာသည်ကိုဂျီမင်းသတိထားမိသည်။ဝိန်းလေသံမာလာလျှင်ဘာဖြစ်တတ်မှန်းသိတာမို့လို့ဂျီမင်းလက်အမူအရာဖြင့်ပါးစပ်ကိုဇစ်ဆွဲကာပိတ်သလိုပုံစံလုပ်လိုက်သည်။
ဝိန်းကိုကြည့်မရပေမယ့်စိတ်တိုအောင်လုပ်ရတာနှစ်သက်သည်။မျက်မှောင်ကြီးကြုတ်သွားတိုင်းခိုးခိုးရယ်ရတာလည်းမကြာခဏ...။
"ဝိန်းကိုကြည့်ရတာမသက်သာလိုက်တာ"
"ဘာပြောတာလဲ"
"ဝိန်းတစ်ယောက်တည်းမဟုတ်ပါဘူး
၂၀ရာစုကလူတွေအကုန်လုံးပဲ"
"သူတို့ကဘာဖြစ်နေလို့လဲ"
"မလိုအပ်တဲ့အပိုအလုပ်တွေကိုလုပ်ရင်းအချိန်ကုန်ခံနေတာလေ ကြီးကျယ်မှုတွေ မြင့်မြတ်မှုတွေ ဒါတွေအကုန်လုံးကဘာမှလည်းအဲ့လောက်အရေးမပါပါဘူး နောက်ဆုံးလူတိုင်းကသေရမှာချည်းပဲ
သေရမှာခြင်းအတူတူရခဲတဲ့လူ့ဘဝမှာပျော်ပျော်ရွှင်ရွှင်လေးနေသွားကြပေါ့"
ဂျီမင်းပြောတာကလည်းမှန်သည်မို့ဝိန်းစဉ်းစားမိလိုက်သည်။ ဝိန်းကအရင်တုန်းကအဲ့လိုလူမျိုးတစ်ယောက်မဟုတ်ခဲ့ပေ။ အစ်ကိုထွက်သွားပြီးနောက်ပိုင်းတွင်သူ့ဘဝကိုပုံစံခွက်ထဲချပြီးထိုအတိုင်းတစ်သတ်မတ်တည်းဖြစ်အောင်ပုံသွင်းခဲ့ခြင်းပင်။ဝိန်း၏စစ်မှန်သောပျော်ရွှင်မှုသည်ပျောက်ဆုံးသွားခဲ့တာအတော်ကြာခဲ့ပြီဖြစ်သည်။
"ဒါပေမယ့်မင်းအနည်းဆုံးဖီးလစ်နဲ့တော့တူမှဖြစ်မယ်
ဒီအိမ်ကနေအပြင်ထွက်ရင်ဂျီမင်းမဟုတ်ဘဲဖီးလီးယက်စ်ဖြစ်သွားမှာ အဲ့ဒီတော့ဖီးလစ်နဲ့တူမနေရင်အကုန်လုံးကသံသယရှိကြလိမ့်မယ်"
"ကျွန်တော်၂၄ရက်နေ့ရောက်လို့မကယ်နိုင်ခဲ့ရင်ဘယ်လိုလုပ်မလဲ"
"ကယ်နိုင်မှာပါ ကိုယ်မင်းကိုယုံတယ်"
ကိုယ်မင်းကိုယုံတယ်ဆိုတဲ့စကားအဆုံးမှာဂျီမင်းရဲ့ရင်ဘတ်ထဲကနှလုံးသားလေးကတစ်ချက်တုန်လှုပ်သွားသည်။ဝိန်းကအကြောင်းအရင်းမရှိဘဲတစ်ချက်ပြုံးလိုက်သည်။
ဒီတစ်ခေါက်တွင်တော့အရင်ကလိုဖျော့တော့နေသောအပြုံးမဟုတ်၊ဟန်ဆောင်ထားသောအပြုံးမဟုတ်ဘဲစစ်မှန်သောအပြုံးသာဖြစ်သည်။
"အရင်တုန်းကဖီးလစ်ကဝိန်းလိုပုံစံမျိုးပဲလား
အမြဲတမ်းရုပ်တည်ကြီးနဲ့"
"ဖီးလစ်ကိုတွေ့ခဲ့သမျှကာလပတ်တစ်လျှောက်လုံးမှာသူရယ်တာကိုယ်မတွေ့ဖူးဘူး"
"တစ်သက်လုံးမပြုံးမရယ်ဘဲနေနိုင်တဲ့လူရှိတယ်လား
အံ့သြဘ လူ့ဘဝကိုအသုံးမချတတ်လိုက်ပုံများ"
"ဒါနဲ့စကားမစပ်ဝိန်းမှာချစ်စရာကောင်းတဲ့သွားလေးတွေရှိတာကိုဘာလို့အမြဲရုပ်တည်ကြီးနဲ့နေတာလဲ"
"ကိုယ်ကမြို့တော်ဝန်လေ
အမြဲတမ်းရယ်နေရင်ကိုယ့်ကိုဘယ်သူမှလေးစားမှာမဟုတ်ဘူး"
"ကျွန်တော်ကတော့အစကတည်းကမလေးစားတာမို့လို့အခုကျွန်တော့်ကိုရယ်ပြ"
"မရယ်ပြဘူး"
"ရယ်ပြပါဆိုနေ"
"မရယ်ဘူး"
"မရယ်ဘူးနော်"
"အင်း"
"တကယ်နောင်တမရဘူးပေါ့"
"အင်း"
စကားအဆုံးဂျိုင်းကြားထဲကိုတိုးဝင်လာတဲ့လက်တွေ။
တစ်ကိုယ်လုံးကသွေးကြောတွေပြောင်းပြန်စီးဆင်းသွားသလိုယားယံမှုကပျံ့နှံ့လာတာကြောင့်နောက်ကိုခြေတစ်လှမ်းဆုတ်မိလိုက်သည်။
ဒီကလေး ဘာလဲ!
"အဟ ဝိန်းကယားးတတ်တာပဲ"
ရှေ့ဆက်တိုးလာတဲ့ဂျီမင်းကြောင့်ဝိန်းနောက်ဘက်ကိုဆုတ်သွားရသည်။အခွင့်သာရင်ဝင်ဝင်တိုးတတ်တဲ့အဲ့ဒီလက်ကလေးတွေကြောင့်ဘာတွန်မြို့ရဲ့မြို့တော်ဝန်ကြီးမှာလည်းသိက္ခာမဆယ်နိုင်ဘဲပြေးနေရပြီဖြစ်သည်။
"ဟေ့ကောင် တော်တော့လို့!!
ယားတယ်"
"ဝိန်းကျွန်တော့်ကိုလိုလိုလားလားမရယ်မပြမချင်းကလိလိုက်ထိုးနေမှာပဲ ဒါကလည်းရယ်အောင်လုပ်တာပဲလေ"
ဂျီမင်းကမပြီးနိုင်မဆုံးနိုင်လိုက်နေတာကြောင့်ဝိန်းသည်အခန်းအတွင်းစက်ဝိုင်းပုံပတ်ပြေးနေရသည်။
ဘယ်လောက်ပဲပြေးပြေး ၂၁ရာစုရဲ့အပြေးချန်ပီယံလေးဟာမြို့တော်ဝန်ကြီးကိုကလိလိုက်ထိုးနိုင်ခဲ့တာပဲဖြစ်သည်။
ပြေးရင်းပြေးရင်းဖြင့်ဝိန်းကလဲကျသွားသောအခါဝိန်းရဲ့ခန္ဓာကိုယ်ပေါ်ကိုဂျီမင်းကခုန်အုပ်လိုက်ကာကလိဆက်ထိုးနေသည်။မြို့တော်ဝန်ကြီးမှာဘယ်ကိုမှပြေးမလွတ်တော့ပဲ၂၁ရာစုကကောင်လေး၏လက်ခုပ်ထဲကရေဖြစ်သွားရတော့သည်။ယားယံမှုကြောင့်တစ်ချက်တစ်ချက်လစ်ဟာသွားတဲ့ဝိန်းရဲ့ယုန်သွားလေးများကသေလောက်အောင်ချစ်စရာကောင်းလွန်းလှသည်။အခွင့်သာရမည်ဆိုလျှင်ထိုယုန်သွားလေးများကဂျီမင်းတစ်ခါလောက်ထိဖူးကြည့်ချင်သည်။
"တော်လောက်ပြီ!"
ဂျီမင်း၏လက်နှစ်ဖက်ကိုဝိန်းကဖမ်းချုပ်လိုက်ကာသူ၏ရင်ဘတ်ဖြင့်ကပ်ထားလိုက်သည်။
ယုန်သွားလေးများတွင်နစ်မြောနေသောဂျီမင်းသည်လည်းထိုအချိန်မှပင်သတိဝင်လာကာဝိန်းကိုပြူးတူးကြောင်တောင်ဖြင့်စိုက်ကြည့်နေသည်။
ယခုဆိုလျှင်ဂျီမင်းကဝိန်း၏ဗိုက်ပေါ်တွင်ခွထိုင်လျက်ရှိပြီးဝိန်း၏လက်များကဂျီမင်းရဲ့လက်တွေကိုချုပ်ကာရင်ဘတ်ပေါ်တွင်တင်ထားသည်။
ဘယ်လိုတောင်ကသိကအောက်နိုင်လိုက်တဲ့အခြေအနေကြီးလဲ။
"နောက်တစ်ခါထပ်လုပ်ရင်ရိုက်မှာနော်"
ဝိန်းကချုပ်ကိုင်ထားသောလက်များကိုပိုမိုတင်းကြပ်လိုက်ကာသူ့အားမျက်ဝန်းဝိုင်းကြီးတွေဖြင့်ပြူးကြည့်ကာပြောလာသည်။
ထိုအချိန်တွင်ဂျီမင်းသည်မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာဘာမှမသိနားမလည်သောကောင်လေးအဖြစ်ချက်ချင်းပြောင်းလဲသွားသည်။
"ကျွန်တော်ကစတာပါ ဟီးဟီး"
"မလုပ်တော့ဘူးလေနော်
အခုတော့လက်ကိုလွှတ်..."
"စာကောင်းကောင်းလိုက်သင်မယ်ကတိပေးရင်လွှတ်ပေးမယ်"
"ဘာလို့ပေးရမှာလဲ"
"မပေးနိုင်ရင်ဒီအတိုင်းနေ"
ဒီအတိုင်းနေ၍တော့မဖြစ်ပါ။
ဝိန်း၏ဗိုက်ပေါ်ရောက်နေသည်ဟူသောအသိကရှက်စရာကောင်းလွန်းလှ၍ဤနေရာမှာတင်ပြာကျသွားနိုင်သည်။ထို့ပြင်သူ၏၂၁ရာစုအဖြောင့်သိက္ခာကိုလည်းထိခိုက်စေနိုင်သည်မို့လုံးဝမဖြစ်ပါ။
ဝိန်း၏ယုန်သွားလေးများကိုသဘောကျသည်ဟူကတည်းကဂျီမင်း၏အဖြောင့်သိက္ခာသည်မြူမှုန်မွှားလေးလိုပျောက်ကွယ်သွားပြီးဖြစ်သော်လည်းကာယကံရှင်ကလက်မခံသည့်အပြင်ငြင်းပါငြင်းလိုက်သေးသည်။
ယခုတွင်လည်းဗိုက်ပေါ်တက်ထိုင်နေသေးသည့်တိုင်အောင်သူ၏အဖြောင့်ဂုဏ်သိက္ခာကျဆင်းမည်ကိုအလွန်အမင်းစိုးရွံ့နေလေသည်။
"ပေးမယ် ပေးမယ်
လွှတ်ပေး"
မျက်နှာနီရဲလာ၍မနေနိုင်သည့်အဆုံးတွင်ဂျီမင်းအော်လိုက်မိသည်။ဝိန်း၏လက်များကတဖြည်းဖြည်းပြေလျော့သွားကာနောက်ဆုံးတွင်လွှတ်ပေးလိုက်သည်။
ဂျီမင်းလည်းထရန်အတွက်ဝိန်း၏ရင်ဘတ်ကိုတွန်းလိုက်ခြင်းဖြင့်အားပြုလိုက်သည်။
သို့သော်လည်းပရိသတ်ကြီးတို့သိသည့်အတိုင်းပင်ရှပ်ပြာစိန်သည်ရင်ဘတ်ပေါ်မှချော်ကျကာဝိန်း၏မျက်နှာပေါ်ကိုထပ်မံကျသွားသည်။
ဂျီမင်း၏နှုတ်ခမ်းတို့မှာဝိန်း၏ပါးပြင်ပေါ်တွင်ရောက်ရှိနေပြီးသားဖြစ်သွားတော့သည်။
"ဆောရီး ဆောရီး
ပြုတ်ကျသွားတာ"
ကပြာကယာပြန်ထလိုက်သည့်အချိန်တွင်ဝိန်းရဲ့မျက်မှောင်ကုတ်နေသောမျက်နှာနှင့်ဆုံတွေ့ရလေသည်။
ရင်ထဲမှာလှိုက်ခနဲဖြစ်သွားသော်လည်းသွားဖြီးပြကာဝိန်း၏ကိုယ်ပေါ်မှဖယ်ပေးလိုက်သည်။
"မင်းတကယ်ကိုရှပ်ပြာနိုင်တာပဲ"
မကျေနပ်သလိုပွစိပွစိထွက်လာတဲ့ဝိန်းကြောင့်ဂျီမင်းနှာခေါင်းရှုံ့လိုက်မိသည်။
အစောကြီးကတည်းကဝေဘင်ခံရတော့မှာသိသား။
"ကလေးအကွက်တွေထုတ်သုံးမနေနဲ့တော့
သင်ခန်းစာဆီပြန်သွားမယ်"
"ဝိန်းကလည်း မသင်ချင်ပါဘူးဆိုနေ"
သကြားပေါင်းတစ်ထောင်ရောသမမွှေထားသလိုအသံဖြင့်လေသံရှည်ဆွဲကာပြောလိုက်သော်လည်းမြို့တော်ဝန်ကြီးကဂရုပင်မစိုက်ချေ။
"မရဘူး သင်ရမယ်"
"ဟွန်းးးး"
ဂျီမင်းမှာနှာမှုတ်ရုံသာတတ်နိုင်တော့သည်။
ကိုယ့်ခန္ဓာကိုယ်မဟုတ်ဘဲအိနြေ္ဒကြီးတဲ့ခန္ဓာကိုယ်ဆီမှရောက်သွားတော့လည်းခံပေဦးပေါ့ ဂျီမင်းရယ်။
____
"မင်းကတတ်သလား"
"အင်း နည်းနည်းပါးပါး"
ဝိန်းကဂီတခန်းထဲတွင်ဓာတ်ပြားတစ်ခုကိုစမ်းသပ်ကြည့်ကာအလုပ်ရှုပ်နေသည်။
ခဏအကြာတွင်သူကရွှေရောင်သန်းနေသောဓာတ်ပြားတစ်ချပ်ကိုထုတ်ယူလိုက်ပြီးMusic boxကအတံလေးကိုထိုဓာတ်ပြားလေးပေါ်သို့တင်လိုက်သည်။
သာယာလှသောဂီတသံစဉ်ကဓာတ်ပြားလေးဆီမှထွက်ပေါ်လာခဲ့ပြီးဘေးပတ်ဝန်းကျင်တစ်ဝိုက်ကိုပျံ့နှံ့သွားသည်။
"စည်းမျဉ်းနံပါတ်၄ လူကြီးလူကောင်းတစ်ယောက်ဆိုတာ
ဘယ်လိုကရမယ်ဆိုတာကိုလည်းကောင်းကောင်းသိသင့်တယ်"
"ဥပမာဆိုရင်ဂန္တဝင်ဆန်တဲ့အကမျိုးတွေ
ငြိမ့်ညောင်းတဲ့သံစဉ်အောက်ကစည်းချက်တွေဟာမှန်နေရမယ်"
"ဒါဆိုရင်ကိုယ်တို့စပြီးကကြည့်ကြမလား"
ဝိန်းကခြေထောက်ကိုကွေးညွှတ်လိုက်ကာသူ့ထံကိုနူးညံ့ညင်သာစွာဖြင့်လက်တစ်ဖက်ကိုကမ်းလို့လာသည်။
ဤအချိန်တွင်ဝဲဘက်ရင်အုံမှတစ်စုံတစ်ခုသည်သိသိသာသာလှုပ်ရှားသွားသည်ကိုဂျီမင်းခံစားမိသည်။
ကမ်းလာသည့်လက်ထဲသူ့ရဲ့လက်ကိုထည့်ပေးလိုက်တော့ဝိန်းကဆွဲယူကာလက်ဖမိုးကိုခပ်ဖွဖွနမ်းလိုက်သည်။
အကြောင်သားရပ်နေတဲ့ဂျီမင်းမှာတော့မိန်းမပျိုလေးတစ်ဦးသဖွယ်ရှက်နေမိပြီဖြစ်သည်။
ရင်ထဲမှာဘတ်တာဖလိုင်းတွေ ဖလူး ဖလူး!
"ကိုယ့်ရဲ့ပုခုံးပေါ်မှာမင်းလက်ကိုတင်လိုက်"
ဝိန်းပြောသည့်အတိုင်းလုပ်လိုက်ပြီးတစ်ပြိုင်နက်တည်းမှာပင်သူ့ရဲ့ခါးဆီကိုရစ်နွယ်လာသောလက်တွေကြောင့်ရင်ထဲသိမ့်ခနဲတုန်သွားသည်။
ရင်ခုန်နေတာလား နိုး နိုး နိုးနော်
သေချာပေါက်မဟုတ်ဘူး
ငါကလုံးဝအဖြောင့်!
"ခြေလှမ်းကိုစပြီးရွှေ့လိုက်"
ဂီတသံနှင့်အညီတစ်လှမ်းနှစ်လှမ်းစရွှေ့သောအခါအဆင်မပြေပေ။ဝိန်း၏ရှူးဖိနပ်ကိုခဏခဏတက်နင်းနေမိ၍ရှုံ့မဲ့သွားသောဝိန်းမျက်နှာကိုလည်းမြင်လိုက်ရသေးသည်။
"မင်းကိုကခိုင်းနေတာ
ဖိနပ်တက်နင်းခိုင်းနေတာမဟုတ်ဘူး"
ဝိန်း၏စိတ်မရှည်သောလေသံကအိမ်မက်ထဲကနှင့်လားလားမျှမဆိုင်။အိမ်မက်ထဲမှာအကသင်နေတုန်းကချိုသာသလောက်ဂျီမင်းနှင့်သင်သည့်အခါတွင်တော့ကျစ် တောက်ခ်စသည်ဖြင့်မျိုးစုံအသံထွက်နေလေသည်။
စောနကရင်နည်းနည်းတုန်တာကိုပြန်ရုပ်သိမ်းတယ်
အဘိုးကြီးသောမတ်စ်ဝိန်း...
ဂျီမင်းသည်အစောပိုင်းတွင်ကရတာကိုသိပ်စိတ်မပါသော်လည်းနောက်ပိုင်းတွင်ပျော်လာသည်။
အကဆိုတာမျိုးကခဏလေးနှင့်တတ်မှာမဟုတ်သော်ငြားလည်းဂျီမင်းကထူးခြားသည်ဟုဆိုရမည်။
အချိန်နည်းနည်းလောက်ကရုံဖြင့်ကကွက်များကိုတိကျစွာလိုက်၍ကနိုင်သည်။
လည်နေသောဓာတ်ပြားလေးဆီမှအသံရပ်တန့်သွားချိန်မှာတော့ကနေသည်မှခေတ္တနားလိုက်ကြသည်။
"ဒီလောက်ဆိုမင်းကောင်းကောင်းကတတ်ပြီထင်ပါတယ်"
"ဒီသင်ခန်းစာကိုပျင်းစရာကောင်းမယ်ထင်ထားတာ
တကယ်တမ်းကျပျော်စရာကြီးပဲ ဟီး"
ဂျီမင်းကမျက်လုံးလေးများမှိတ်သွားတဲ့အထိရယ်ပြသည်။
ယင်းအပြုအမူကြောင့်ဝိန်း၏ရင်ထဲဝယ်လေအေးတစ်ချက်ကဝေ့တိုက်ခတ်သွားသည်။
ဘယ်တော့မှမပြုံးမရယ်တတ်တဲ့ဖီးလစ်ကိုဒီလိုမျိုးလေးမြင်ရတော့လည်းတစ်မျိုးပဲ။
"နောက်ဆုံးသင်ခန်းစာတစ်ခုပဲကျန်တော့တယ်"
"အဲ့တာပြီးရင်ပြီးပြီလား"
"အင်း"
"ဒါပေမယ့်မနက်ဖြန်ကျမှသင်ပေးမယ်
ညနေလည်းရောက်နေပြီဆိုတော့မင်းနားတော့"
"ဟုတ် ဟီးဟီး"
ချက်ချင်းမျက်စိအောက်ကလှစ်ခနဲပျောက်သွားသောဂျီမင်းကိုကြည့်ကာဝိန်းပြုံးမိလိုက်သည်။
ဘာရယ်တော့မဟုတ်ပါ။
ဒီအတိုင်းပြုံးမိတဲ့အပြုံးလေးသာသာပါပဲ။
_____
အိပ်ရာထဲတွင်လှိမ့်နေသောဂျီမင်း၏လက်များတွင်ချွေးစေးများကပြန်လာသည်။
ခန္ဓာကိုယ်ကလှုပ်ရှားနေသော်လည်းသူူသည်နိုးထနေခြင်းမဟုတ်ပေ။
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်လက်တွင်သာမကနဖူးတွင်ပါချွေးတွေထွက်လာသည်။
"အစ်ကို!!သတိထား"
ဒိုင်းခနဲမြည်သံကြားအပြီးတွင်သူသည်နွေးထွေးလှသောရင်ခွင်တွင်ရောက်ရှိသွားသည်။
ဒါပေမယ့်တစ်နေရာကနေအနီရောင်အရည်တွေစီးကျလာသလိုပဲ။
မရဲတရဲအပေါ်ကိုမော့ကြည့်လိုက်တော့ဝိန်းကသူ့ကိုစိုးရိမ်နေသည့်မျက်ဝန်းများဖြင့်ကြည့်နေသည်။
ဝိန်းရဲ့မျက်ဝန်းမှာလည်းမျက်ရည်စအချို့နဲ့ပြည့်နှက်လို့။
ဒါတွေကဘာတွေလဲ။
၂၄ရက်နေ့ကိုအိမ်မက်မက်နေတာလား။
သူမော့ကြည့်လိုက်သည့်အချိန်တွင်ဝိန်း၏လေသံခပ်အက်အက်ကိုကြားလိုက်ရသည်။
"ချစ်လို့ ချစ်လို့ပါဗျာ"
"အစ်ကို့ကိုချစ်လို့ပါ
ဒီတစ်ခေါက်ကျွန်တော့်ရဲ့နှလုံးသားလေးကိုပစ်ပစ်ခါခါမထားပါနဲ့တော့နော်"
"ကျွန်တော့်ရဲ့နောက်ဆုံးအချိန်မှာအစ်ကို့ကိုကာကွယ်ခွင့်ရခဲ့လို့ကျွန်တော်သိပ်ပျော်တာပဲ အစ်ကိုရာ
ကျွန်တော်အားတွေနည်းလာပြီ
ကျွန်တော် ကျွန်တော့်မှာအချိန်သိပ်မကျန်တော့ဘူး"
"ပြောရမယ် ဒီမျက်နှာလေးကိုစက္ကန့်အနည်းငယ်အတွင်းမှာကျွန်တော်လက်လွှတ်ရတော့မှာ
ချစ်တယ် အခုထိလည်းချစ်နေတုန်းပါ
အစ်ကို့ရဲ့အငွေ့အသက်လေးတွေသိမ်းထားချင်တယ်"
သူသည်ဝိန်း၏ရင်ခွင်ထဲတွင်ငြိမ်နေရင်းနဲ့မှပြောစကားတွေကိုတိတ်တဆိတ်နားထောင်နေမိသည်။
ခဏလေး ဝိန်းကမျက်ရည်တွေကျနေတာလား
ဒီလိုတောင်တည်ငြိမ်လှတဲ့မြို့တော်ဝန်ကြီးဝိန်းကအခုငိုနေတာလား။
"မငိုနဲ့ မငိုပါနဲ့အစ်ကိုရယ်
ငိုရင်မျက်လုံးတွေနာနေလိမ့်မယ်
မငိုပါနဲ့ဗျာ"
သူ့ရဲ့မျက်ခမ်းစပ်နားကိုဝိန်းရဲ့တုန်ရီနေတဲ့လက်ကလာရောက်ကာဖိပွတ်သည်။
သွေးစက်အနီရဲရဲတွေဟာသူ့ရဲ့မျက်နှာပေါ်မှာစွန်းထင်းသွားသည်။
ကိုယ်တိုင်ကငိုနေတာတောင်အခုသူ့ကိုမငိုဖို့ပြောနေတာလား။
မကြာခင်မှာဝိန်းကလဲကျသွားသည်။
အခုမှသူသေချာမြင်လိုက်ရတာကဝိန်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကျည်ဆန်အပေါက်ရာတွေကနေတစိမ့်စိမ့်စီးကျနေတဲ့သွေးတွေကိုပဲ။
စိတ်တစ်ခုလုံးဗြောင်းဆန်သွားသည်။
ဝိန်းကအသက်မဲ့သွားသော်လည်းပြုံးနေသည်။
ချစ်ရသူကိုနောက်ဆုံးအချိန်မှာကာကွယ်ခွင့်ရခဲ့လို့ပျော်ခဲ့ပုံပဲ။
သေချာသိလိုက်ရတာကဒါ ဒါဟာ၂၄ရက်နေ့ကအဖြစ်အပျက်။
"ဝိန်း..."
လေသံထွက်ရုံမျှတိုးတိုးလေးခေါ်လိုက်သော်လည်းဝိန်းကငြိမ်သက်နေပြီ။
အလိုလိုဝိုင်းလာသောမျက်ရည်တွေကဝမ်းနည်းလာစေသည်။
ခံစားချက်ကနှလုံးသားတစ်ခုလုံးကိုအစိမ်းလိုက်အပိုင်းပိုင်းဆုတ်ဖြဲလိုက်သလိုပဲ။
တဟားဟားဖြင့်အော်ရယ်လာသောအသံကိုကြားပေမယ့်လည်းဦးနှောက်ကဝိန်းဆီပဲရောက်နေသည်။
မကြာခင်သေနတ်သံတစ်ချက်ကြားလိုက်ရအပြီးတွင်သူ့ရဲ့ဦးနှောက်ပါတစ်စစီပွင့်ထွက်သွားသလိုခံစားလိုက်ရသည်။
မြေပြင်ပေါ်လဲကျသွားကာသူ့ရဲ့အသိစိတ်သည်လည်းမှောင်မိုက်သွားလေတော့သည်။
အိမ်မက်ဆိုးသည်ပြီးလောက်ပြီထင်ပေမယ့်လည်းမပြီးသေးပါ။
ရယ်သံများအတော်ကြာပျောက်ဆုံးအပြီးတွင်သူ့အမြင်အာရုံကပြန်လည်အလုပ်လုပ်လာသည်။
မဟုတ်သေးဘူး သူ့ရဲ့သေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုပြန်မြင်နေရတာ။
သူ့ခန္ဓာကိုယ်ကအညိုရောင်ဆံနွယ်တွေမဟုတ်...
နက်မှောင်နေတဲ့ဆံနွယ်တွေဖြစ်သည်။
မဟုတ်မှလွဲရော အစ်ကိုကဝီလီယမ်လား
ဝိန်းတကယ်ချစ်တဲ့လူကဝီလီယမ်ပေါ့။
ပြေးလွှားနေသောခြေသံများကြားလိုက်ရအပြီးတွင်မြင်ကွင်းထဲဝင်ရောက်လာသောအညိုရောင်ပုံရိပ်ကိုတွေ့လိုက်ရသည်။
ဖီးလီးယက်စ်ရောက်လာခဲ့တာလား။
ဖီးလီးယက်စ်ကပြဇာတ်ကတဲ့ဇာတ်စင်ပေါ်ကအလောင်းနှစ်လောင်းကိုခေတ္တမျှရပ်ကြည့်နေပြီးနောက်တွင်ကြမ်းပြင်ပေါ်ကိုအရုပ်ကြိုးပြတ်လဲကျသွားတော့သည်။
"ဝိန်း ဝီလီယမ်"
ဖီးလီးယက်စ်ဆီမှရှိုက်သံမထွက်လာဘဲမျက်ရည်များသာစီးကျလာသည်ကိုတွေ့လိုက်ရသည်။
၎င်းပုံရိပ်ကဘာမှမဆိုင်သောသူ့ကိုနာကျင်စေသည်။
ဖီးလီးယက်စ်ကထိုင်နေရာမှကုန်းထကာပြေးသွားသည်။
ဝိန်းဆီကိုပြေးသွားမယ်လို့ထင်လိုက်ပေမယ့်လည်းဖီးလီးယက်စ်ကဝိန်းကိုတစ်ချက်သာကြည့်ကာဝီလီယမ်ဆီသို့ပြေးသွားသည်။
ဝီလီယမ်ရဲ့အေးစက်နေတဲ့ခန္ဓာကိုယ်ကိုပွေ့ကာ....
"မင်း မင်း ငါ့ကိုလာနောက်နေတာလား ဝီလီယမ်"
"ထစမ်းပါ ဝိန်းကိုကူညီရမယ်လေ"
"ငါ့ကိုမင်းဒုက္ခတွေပေးရဦးမယ် ဝီလီယမ်ရဲ့"
"အစ်ကိုဝီလီယမ် မနောက်ပါနဲ့"
နောက်ဆုံးအသံတိုးတိုးလေးထွက်လာအပြီးတွင်ဖီးလီးယက်စ်ရဲ့ခေါင်းကငိုက်ကျသွားတော့သည်။
ထို့နောက်တွင်သူကဝီလီယမ်ရဲ့ပွင့်နေတဲ့မျက်လုံးကိုလက်ဖြင့်အသာပိတ်လိုက်ကာထပ်ငိုပြန်သည်။
"အစ်ကို ငါခေါ်နေတယ်လေ
မင်းအမြဲတမ်းရှောင်ပြေးချင်တဲ့မင်းညီဖီးလစ်ကခေါ်နေတယ်"
"မင်းကြားချင်တဲ့အစ်ကိုဆိုတာကိုငါခေါ်နေတယ်လို့
ဝီလီယမ် မင်းမြန်မြန်နိုးလာလို့မရဘူးလား"
"အစ်ကို..."
ဖီးလီးယက်စ်ရဲ့လေသံကမျော့မျော့သာကျန်တော့သည်။
အိုင်ထွန်းနေတဲ့သွေးတွေထဲမှာသူဒီတိုင်းငုတ်တုတ်ထိုင်နေတာ။သွေးညှီနံ့တွေကသူ့ရဲ့အညိုရောင်ကုတ်ပေါ်မှာစွဲကုန်ပြီ။
"အစ်ကို မင်းထမလာရင်ငါတကယ်စိတ်ဆိုးမှာနော်"
"ဖီးလီးယက်စ်"
ထပ်ပြီးမြင်ကွင်းထဲကိုချဉ်းနင်းဝင်ရောက်လာခဲ့တဲ့အသံသြသြ။
သူသည်လည်းသွေးအိုင်ထဲကဖီးလီးယက်စ်ကိုမြင်သွားပြီးကြက်သေသေသွားသည်။
ဖီးလီးယက်စ်ကတော့ဝီလီယမ်ရဲ့အလောင်းကိုပွေ့ပိုက်ထားရင်းငိုကြွေးနေဆဲပင်။
"ဖီးလီးယက်စ် ငါတို့သွားမှရမယ်
ဒီနားမှာညှော်နံ့တွေရနေပြီ"
"ငါ့အစ်ကိုထားပြီးဘယ်ကိုသွားရမှာလဲ ကင်မ်ရဲ့"
"ဝီလီယမ်ကသေသွားပြီ"
"မင်းဘာတွေလာပြောနေတာလဲ ငါ့အစ်ကိုကမသေဘူး
သူဘယ်တော့မှသေမှာမဟုတ်ဘူး!!"
ရိုင်ယန်ကဖီးလီးယက်စ်ထိုင်နေရာဆီသို့လျှောက်လာပြီးဖက်ထားပေးသည်။
"စိတ်အေးအေးထားနော်
အရင်ဆုံးငါတို့ထွက်သွားမှရမယ်
လာပါ ဖီးလီးယက်စ်ရယ်"
"အစ်ကိုဝီလီယမ်ကိုမထားသွားဘူး"
စိတ်တွေယောက်ယက်ခတ်နေတဲ့ဖီးလီးယက်စ်ကတစ်ကိုယ်လုံးတုန်ရီနေသည်။
ရိုင်ယန်ကဖီးလီးယက်စ်ကိုခပ်ဖွဖွဆွဲကာထပ်ခေါ်ပြန်သည်။
"ငါတို့သွားရအောင်"
"မသွားဘူး ဟင့်အင်း မသွားဘူး"
ရိုင်ယန်ကအတင်းချုပ်ကိုင်ကာဖီးလီးယက်စ်အားဆွဲခေါ်ရတော့သည်။စိုရွှဲနေသောဝိန်းနဲ့ဝီလီယမ်ရဲ့သွေးတွေကဖီးလီးယက်စ်၏ကုတ်အကျႌမှတစ်ဆင့်ကြမ်းပြင်ပေါ်ကိုပေကျံသွားသည်။
"ငါမသွားဘူး ကင်မ်
မသွားဘူးလို့!!"
မြင်ကွင်းကတဖြည်းဖြည်းအရောင်မှိန်လာသည်။
ရိုင်ယန်ဆွဲခေါ်ရာနောက်သို့ရုန်းကန်ရင်းပါသွားသောဖီးလီးယက်စ်အားမြင်လိုက်အပြီးတွင်သူ၏အာရုံအားလုံးကပျောက်ကွယ်သွားတော့သည်။
မျက်လုံးဆတ်ခနဲပွင့်သွားသည်။
ရင်တွေလည်းအဆမတန်တုန်နေပြီးဒီအိမ်မက်ဆိုးကြီးကတကယ့်အဖြစ်အပျက်လိုခံစားနေရသည်။
ကယောင်ခြောက်ခြားဖြစ်နေသောစိတ်တွေကလည်းဆောက်တည်ရာမရဖြစ်နေလေသည်။
သူတကယ်ကိုရူးတော့မလိုကိုဖြစ်နေတာ။
"ဝိန်း!!ဝိန်း!!"
အခန်းတံခါးကိုတဘုန်းဘုန်းထုနေသောဂျီမင်းကြောင့်ဝိန်းလည်းအိပ်နေရာမှနိုးသွားသည်။
အိပ်ချင်မူးတူးဖြင့်တံခါးကိုဆွဲဖွင့်ကာ
"ည၁နာရီကြီးလေ ဂျီမင်း
မင်း.."
တံခါးပွင့်သွားချင်းချင်းဂျီမင်းကသူ့ရင်ခွင်ထဲကိုပြေးဝင်လာသည်။အနည်းငယ်ကြောင်သွားပေမယ့်လည်းဂျီမင်းရဲ့ခန္ဓာကိုယ်ကတဆတ်ဆတ်တုန်နေသည်ကိုခံစားလိုက်ရသည်။
"အရမ်းကြောက်စရာကောင်းတယ်
ဝိန်း ကကျွန်တော့်ရှေ့မှာတင်သေ သေသွားတာ
သွေးတွေလည်းအများကြီး..."
"ဘာမှမဖြစ်ဘူးနော်
ဂျီမင်း ကိုယ့်ကိုကြည့်စမ်း"
ဝိန်းကဂျီမင်းကိုရင်ခွင်ထဲကဆွဲထုတ်မည်ကြံသော်လည်းခေါင်းခါကာအတင်းရင်ခွင်ထဲတိုးဝင်နေသောဂျီမင်းကြောင့်လက်တွေကိုကျောပြင်သို့သာပို့လျက်ပြန်လည်ပွေ့ဖက်ထားလိုက်သည်။
"ကိုယ်ရှိတယ်နော် ဘာမှကြောက်စရာမလိုဘူး"
_____
ကဲ အခုတော့ဂျီမင်းကအတိတ်ကိုသိသွားပါပြီ
Ch0ကအခန်းနောက်ပိုင်းမှာဖီးလီးယက်စ်ကရောက်လာခဲ့တာပါ။
သူတကယ်ကိုရူးမတတ်ဖြစ်သွားခဲ့တာ
ချစ်ရသူရော အစ်ကိုရောတစ်ပြိုင်နက်တည်းဆုံးသွားတာမြင်လိုက်တော့အသိစိတ်တွေကလွတ်ထွက်ကုန်တာပါ။
အတိတ်ကအရမ်းကိုနာကျင်စရာကောင်းပါတယ်
.
.
.
.
Zawgyi
လူႀကီးလူေကာင္းျဖစ္နည္း သင္ခန္းစာ၂
"စည္းမ်ဥ္းနံပါတ္၃ လူႀကီးလူေကာင္းဆိုတာ
စကားကိုတည္တည္တံ့တံ့ေျပာရတယ္
ေျပာင္စပ္စပ္မလုပ္ရဘူး"
"ေျပာတဲ့အခါမွာေလသံကတည္ၿငိမ္မႈရွိရမယ္
တစ္ဖက္လူကကိုယ့္ရဲ႕အေျပာကိုတစ္ေခါက္တည္းနဲ႔နာခံလာေအာင္ေျပာနိုင္ရမယ္"
"ဒါဆိုရင္ေတာ့ဝိန္းလည္းလူႀကီးလူေကာင္းမဟုတ္ဘူးပဲ"
ဝိန္းကသူ႔ကိုမ်က္ခံုးပင့္လ်က္စိတ္ရႈပ္ေထြးသြားဟန္ျဖင့္စိုက္ၾကည့္လာသည္။
ဂ်ီမင္းကေတာ့ဘာမွမဟုတ္သလိုပင္ပုခံုးေလးတြန္႔ျပလိုက္ၿပီး...
"တစ္ဖက္လူကနာခံေအာင္ေျပာနိုင္ရမယ္ဆိုေတာ့ဝိန္းေျပာတာကိုကြၽန္ေတာ္နားေထာင္တာျမင္ဖူးလို႔လား"
ဝိန္းသည္ယခုအခ်ိန္တြင္ဖီးလစ္အမည္ခံဂ်ီမင္းအားနဘမ္တီးခ်င္ေနၿပီျဖစ္သည္။
သို႔ေသာ္လူႀကီးလူေကာင္းမ်ား၏အလုပ္မ်ိဳးမဟုတ္၍စိတ္ကိုျပန္လည္ထိန္းခ်ဳပ္ကာၿငိမ္ေနလိုက္ရသည္။
"စကားကိုလိုတာထက္ပိုမေျပာရဘူး"
"ဝွားး ပ်င္းလာၿပီ"
"ဒီ..!"
"ဆဲမလို႔လား"
"ဟင္း"
ေထာင္းခနဲထြက္သြားေသာေဒါသကိုအႀကိမ္ႀကိမ္မ်ိဳခ်လိုက္ၿပီးသက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
သက္ျပင္းခ်တိုင္းသာအသက္တိုမည္ဆိုလ်ွင္ေသာမတ္စ္ဝိန္းသည္ဤေနရာတြင္ေခါက္ခနဲလဲေသနိုင္သည္။
ဖီးလစ္အေနနဲ႔မဟုတ္ဘဲဂ်ီမင္းအေနျဖင့္ေတြ႕ရတာတစ္ရက္ခန္႔သာရွိေသးေသာ္လည္းထိုေကာင္ေလးကိုကဒုကၡေပးနိုင္လြန္းသည္။
အခုဆိုရင္ဘာတြန္ၿမိဳ႕ႀကီးရဲ႕ၿမိဳ႕ေတာ္ဝန္ကိုမေလးမစားဆက္ဆံေနတာ။
"ကိုယ္ေျပာေနတာနားေထာင္စမ္း ဂ်ီမင္း"
ေလသံကမဆိုမေလာက္မာလာသည္ကိုဂ်ီမင္းသတိထားမိသည္။ဝိန္းေလသံမာလာလ်ွင္ဘာျဖစ္တတ္မွန္းသိတာမို႔လို႔ဂ်ီမင္းလက္အမူအရာျဖင့္ပါးစပ္ကိုဇစ္ဆြဲကာပိတ္သလိုပံုစံလုပ္လိုက္သည္။
ဝိန္းကိုၾကည့္မရေပမယ့္စိတ္တိုေအာင္လုပ္ရတာနွစ္သက္သည္။မ်က္ေမွာင္ႀကီးၾကဳတ္သြားတိုင္းခိုးခိုးရယ္ရတာလည္းမၾကာခဏ...။
"ဝိန္းကိုၾကည့္ရတာမသက္သာလိုက္တာ"
"ဘာေျပာတာလဲ"
"ဝိန္းတစ္ေယာက္တည္းမဟုတ္ပါဘူး
၂၀ရာစုကလူေတြအကုန္လံုးပဲ"
"သူတို႔ကဘာျဖစ္ေနလို႔လဲ"
"မလိုအပ္တဲ့အပိုအလုပ္ေတြကိုလုပ္ရင္းအခ်ိန္ကုန္ခံေနတာေလ ႀကီးက်ယ္မႈေတြ ျမင့္ျမတ္မႈေတြ ဒါေတြအကုန္လံုးကဘာမွလည္းအဲ့ေလာက္အေရးမပါပါဘူး ေနာက္ဆံုးလူတိုင္းကေသရမွာခ်ည္းပဲ
ေသရမွာျခင္းအတူတူရခဲတဲ့လူ႔ဘဝမွာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးေနသြားၾကေပါ့"
ဂ်ီမင္းေျပာတာကလည္းမွန္သည္မို႔ဝိန္းစဥ္းစားမိလိုက္သည္။ ဝိန္းကအရင္တုန္းကအဲ့လိုလူမ်ိဳးတစ္ေယာက္မဟုတ္ခဲ့ေပ။ အစ္ကိုထြက္သြားၿပီးေနာက္ပိုင္းတြင္သူ႔ဘဝကိုပံုစံခြက္ထဲခ်ၿပီးထိုအတိုင္းတစ္သတ္မတ္တည္းျဖစ္ေအာင္ပံုသြင္းခဲ့ျခင္းပင္။ဝိန္း၏စစ္မွန္ေသာေပ်ာ္ရႊင္မႈသည္ေပ်ာက္ဆံုးသြားခဲ့တာအေတာ္ၾကာခဲ့ၿပီျဖစ္သည္။
"ဒါေပမယ့္မင္းအနည္းဆံုးဖီးလစ္နဲ႔ေတာ့တူမွျဖစ္မယ္
ဒီအိမ္ကေနအျပင္ထြက္ရင္ဂ်ီမင္းမဟုတ္ဘဲဖီးလီးယက္စ္ျဖစ္သြားမွာ အဲ့ဒီေတာ့ဖီးလစ္နဲ႔တူမေနရင္အကုန္လံုးကသံသယရွိၾကလိမ့္မယ္"
"ကြၽန္ေတာ္၂၄ရက္ေန႔ေရာက္လို႔မကယ္နိုင္ခဲ့ရင္ဘယ္လိုလုပ္မလဲ"
"ကယ္နိုင္မွာပါ ကိုယ္မင္းကိုယံုတယ္"
ကိုယ္မင္းကိုယံုတယ္ဆိုတဲ့စကားအဆံုးမွာဂ်ီမင္းရဲ႕ရင္ဘတ္ထဲကနွလံုးသားေလးကတစ္ခ်က္တုန္လႈပ္သြားသည္။ဝိန္းကအေၾကာင္းအရင္းမရွိဘဲတစ္ခ်က္ၿပံဳးလိုက္သည္။
ဒီတစ္ေခါက္တြင္ေတာ့အရင္ကလိုေဖ်ာ့ေတာ့ေနေသာအၿပံဳးမဟုတ္၊ဟန္ေဆာင္ထားေသာအၿပံဳးမဟုတ္ဘဲစစ္မွန္ေသာအၿပံဳးသာျဖစ္သည္။
"အရင္တုန္းကဖီးလစ္ကဝိန္းလိုပံုစံမ်ိဳးပဲလား
အၿမဲတမ္းရုပ္တည္ႀကီးနဲ႔"
"ဖီးလစ္ကိုေတြ႕ခဲ့သမ်ွကာလပတ္တစ္ေလ်ွာက္လံုးမွာသူရယ္တာကိုယ္မေတြ႕ဖူးဘူး"
"တစ္သက္လံုးမၿပံဳးမရယ္ဘဲေနနိုင္တဲ့လူရွိတယ္လား
အံ့ၾသဘ လူ႔ဘဝကိုအသံုးမခ်တတ္လိုက္ပံုမ်ား"
"ဒါနဲ႔စကားမစပ္ဝိန္းမွာခ်စ္စရာေကာင္းတဲ့သြားေလးေတြရွိတာကုိဘာလို႔အၿမဲရုပ္တည္ႀကီးနဲ႔ေနတာလဲ"
"ကိုယ္ကၿမိဳ႕ေတာ္ဝန္ေလ
အၿမဲတမ္းရယ္ေနရင္ကိုယ့္ကိုဘယ္သူမွေလးစားမွာမဟုတ္ဘူး"
"ကြၽန္ေတာ္ကေတာ့အစကတည္းကမေလးစားတာမို႔လို႔အခုကြၽန္ေတာ့္ကိုရယ္ျပ"
"မရယ္ျပဘူး"
"ရယ္ျပပါဆိုေန"
"မရယ္ဘူး"
"မရယ္ဘူးေနာ္"
"အင္း"
"တကယ္ေနာင္တမရဘူးေပါ့"
"အင္း"
စကားအဆံုးဂ်ိဳင္းၾကားထဲကိုတိုးဝင္လာတဲ့လက္ေတြ။
တစ္ကိုယ္လံုးကေသြးေၾကာေတြေျပာင္းျပန္စီးဆင္းသြားသလိုယားယံမႈကပ်ံ႕နွံ႔လာတာေၾကာင့္ေနာက္ကိုေျခတစ္လွမ္းဆုတ္မိလိုက္သည္။
ဒီကေလး ဘာလဲ!
"အဟ ဝိန္းကယားးတတ္တာပဲ"
ေရွ႕ဆက္တိုးလာတဲ့ဂ်ီမင္းေၾကာင့္ဝိန္းေနာက္ဘက္ကိုဆုတ္သြားရသည္။အခြင့္သာရင္ဝင္ဝင္တိုးတတ္တဲ့အဲ့ဒီလက္ကေလးေတြေၾကာင့္ဘာတြန္ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္ႀကီးမွာလည္းသိကၡာမဆယ္နိုင္ဘဲေျပးေနရၿပီျဖစ္သည္။
"ေဟ့ေကာင္ ေတာ္ေတာ့လို႔!!
ယားတယ္"
"ဝိန္းကြၽန္ေတာ့္ကိုလိုလိုလားလားမရယ္မျပမခ်င္းကလိလိုက္ထိုးေနမွာပဲ ဒါကလည္းရယ္ေအာင္လုပ္တာပဲေလ"
ဂ်ီမင္းကမၿပီးနိုင္မဆံုးနိုင္လိုက္ေနတာေၾကာင့္ဝိန္းသည္အခန္းအတြင္းစက္ဝိုင္းပံုပတ္ေျပးေနရသည္။
ဘယ္ေလာက္ပဲေျပးေျပး ၂၁ရာစုရဲ႕အေျပးခ်န္ပီယံေလးဟာၿမိဳ႕ေတာ္ဝန္ႀကီးကိုကလိလိုက္ထိုးနိုင္ခဲ့တာပဲျဖစ္သည္။
ေျပးရင္းေျပးရင္းျဖင့္ဝိန္းကလဲက်သြားေသာအခါဝိန္းရဲ႕ခနၶာကိုယ္ေပၚကိုဂ်ီမင္းကခုန္အုပ္လိုက္ကာကလိဆက္ထိုးေနသည္။ၿမိဳ႕ေတာ္ဝန္ႀကီးမွာဘယ္ကိုမွေျပးမလြတ္ေတာ့ပဲ၂၁ရာစုကေကာင္ေလး၏လက္ခုပ္ထဲကေရျဖစ္သြားရေတာ့သည္။ယားယံမႈေၾကာင့္တစ္ခ်က္တစ္ခ်က္လစ္ဟာသြားတဲ့ဝိန္းရဲ႕ယုန္သြားေလးမ်ားကေသေလာက္ေအာင္ခ်စ္စရာေကာင္းလြန္းလွသည္။အခြင့္သာရမည္ဆိုလ်ွင္ထိုယုန္သြားေလးမ်ားကဂ်ီမင္းတစ္ခါေလာက္ထိဖူးၾကည့္ခ်င္သည္။
"ေတာ္ေလာက္ၿပီ!"
ဂ်ီမင္း၏လက္နွစ္ဖက္ကိုဝိန္းကဖမ္းခ်ဳပ္လိုက္ကာသူ၏ရင္ဘတ္ျဖင့္ကပ္ထားလိုက္သည္။
ယုန္သြားေလးမ်ားတြင္နစ္ေျမာေနေသာဂ်ီမင္းသည္လည္းထိုအခ်ိန္မွပင္သတိဝင္လာကာဝိန္းကိုျပဴးတူးေၾကာင္ေတာင္ျဖင့္စိုက္ၾကည့္ေနသည္။
ယခုဆိုလ်ွင္ဂ်ီမင္းကဝိန္း၏ဗုိက္ေပၚတြင္ခြထိုင္လ်က္ရွိၿပီးဝိန္း၏လက္မ်ားကဂ်ီမင္းရဲ႕လက္ေတြကိုခ်ဳပ္ကာရင္ဘတ္ေပၚတြင္တင္ထားသည္။
ဘယ္လိုေတာင္ကသိကေအာက္နိုင္လိုက္တဲ့အေျခအေနႀကီးလဲ။
"ေနာက္တစ္ခါထပ္လုပ္ရင္ရိုက္မွာေနာ္"
ဝိန္းကခ်ဳပ္ကိုင္ထားေသာလက္မ်ားကိုပိုမိုတင္းၾကပ္လိုက္ကာသူ႔အားမ်က္ဝန္းဝိုင္းႀကီးေတြျဖင့္ျပဴးၾကည့္ကာေျပာလာသည္။
ထိုအခ်ိန္တြင္ဂ်ီမင္းသည္မ်က္ေတာင္မ်ားကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာဘာမွမသိနားမလည္ေသာေကာင္ေလးအျဖစ္ခ်က္ခ်င္းေျပာင္းလဲသြားသည္။
"ကြၽန္ေတာ္ကစတာပါ ဟီးဟီး"
"မလုပ္ေတာ့ဘူးေလေနာ္
အခုေတာ့လက္ကုိလႊတ္..."
"စာေကာင္းေကာင္းလိုက္သင္မယ္ကတိေပးရင္လႊတ္ေပးမယ္"
"ဘာလို႔ေပးရမွာလဲ"
"မေပးနိုင္ရင္ဒီအတိုင္းေန"
ဒီအတိုင္းေန၍ေတာ့မျဖစ္ပါ။
ဝိန္း၏ဗိုက္ေပၚေရာက္ေနသည္ဟူေသာအသိကရွက္စရာေကာင္းလြန္းလွ၍ဤေနရာမွာတင္ျပာက်သြားနိုင္သည္။ထို႔ျပင္သူ၏၂၁ရာစုအေျဖာင့္သိကၡာကိုလည္းထိခိုက္ေစနိုင္သည္မို႔လံုးဝမျဖစ္ပါ။
ဝိန္း၏ယုန္သြားေလးမ်ားကိုသေဘာက်သည္ဟူကတည္းကဂ်ီမင္း၏အေျဖာင့္သိကၡာသည္ျမဴမႈန္မႊားေလးလိုေပ်ာက္ကြယ္သြားၿပီးျဖစ္ေသာ္လည္းကာယကံရွင္ကလက္မခံသည့္အျပင္ျငင္းပါျငင္းလိုက္ေသးသည္။
ယခုတြင္လည္းဗိုက္ေပၚတက္ထိုင္ေနေသးသည့္တိုင္ေအာင္သူ၏အေျဖာင့္ဂုဏ္သိကၡာက်ဆင္းမည္ကိုအလြန္အမင္းစိုး႐ြံ႕ေနေလသည္။
"ေပးမယ္ ေပးမယ္
လႊတ္ေပး"
မ်က္နွာနီရဲလာ၍မေနနိုင္သည့္အဆံုးတြင္ဂ်ီမင္းေအာ္လိုက္မိသည္။ဝိန္း၏လက္မ်ားကတျဖည္းျဖည္းေျပေလ်ာ့သြားကာေနာက္ဆံုးတြင္လႊတ္ေပးလိုက္သည္။
ဂ်ီမင္းလည္းထရန္အတြက္ဝိန္း၏ရင္ဘတ္ကိုတြန္းလိုက္ျခင္းျဖင့္အားျပဳလိုက္သည္။
သို႔ေသာ္လည္းပရိသတ္ႀကီးတို႔သိသည့္အတိုင္းပင္ရွပ္ျပာစိန္သည္ရင္ဘတ္ေပၚမွေခ်ာ္က်ကာဝိန္း၏မ်က္နွာေပၚကိုထပ္မံက်သြားသည္။
ဂ်ီမင္း၏နႈတ္ခမ္းတို႔မွာဝိန္း၏ပါးျပင္ေပၚတြင္ေရာက္ရွိေနၿပီးသားျဖစ္သြားေတာ့သည္။
"ေဆာရီး ေဆာရီး
ျပဳတ္က်သြားတာ"
ကျပာကယာျပန္ထလိုက္သည့္အခ်ိန္တြင္ဝိန္းရဲ႕မ်က္ေမွာင္ကုတ္ေနေသာမ်က္နွာနွင့္ဆံုေတြ႕ရေလသည္။
ရင္ထဲမွာလႈိက္ခနဲျဖစ္သြားေသာ္လည္းသြားၿဖီးျပကာဝိန္း၏ကိုယ္ေပၚမွဖယ္ေပးလိုက္သည္။
"မင္းတကယ္ကိုရွပ္ျပာနိုင္တာပဲ"
မေက်နပ္သလိုပြစိပြစိထြက္လာတဲ့ဝိန္းေၾကာင့္ဂ်ီမင္းနွာေခါင္းရႈံ႕လိုက္မိသည္။
အေစာႀကီးကတည္းကေဝဘင္ခံရေတာ့မွာသိသား။
"ကေလးအကြက္ေတြထုတ္သံုးမေနနဲ႔ေတာ့
သင္ခန္းစာဆီျပန္သြားမယ္"
"ဝိန္းကလည္း မသင္ခ်င္ပါဘူးဆိုေန"
သၾကားေပါင္းတစ္ေထာင္ေရာသမေမႊထားသလိုအသံျဖင့္ေလသံရွည္ဆြဲကာေျပာလိုက္ေသာ္လည္းၿမိဳ႕ေတာ္ဝန္ႀကီးကဂရုပင္မစိုက္ေခ်။
"မရဘူး သင္ရမယ္"
"ဟြန္းးးး"
ဂ်ီမင္းမွာနွာမႈတ္ရံုသာတတ္နိုင္ေတာ့သည္။
ကိုယ့္ခနၶာကိုယ္မဟုတ္ဘဲအိေျႏၵႀကီးတဲ့ခနၶာကိုယ္ဆီမွေရာက္သြားေတာ့လည္းခံေပဦးေပါ့ ဂ်ီမင္းရယ္။
____
"မင္းကတတ္သလား"
"အင္း နည္းနည္းပါးပါး"
ဝိန္းကဂီတခန္းထဲတြင္ဓာတ္ျပားတစ္ခုကိုစမ္းသပ္ၾကည့္ကာအလုပ္ရႈပ္ေနသည္။
ခဏအၾကာတြင္သူကေရႊေရာင္သန္းေနေသာဓာတ္ျပားတစ္ခ်ပ္ကိုထုတ္ယူလိုက္ၿပီးMusic boxကအတံေလးကိုထိုဓာတ္ျပားေလးေပၚသို႔တင္လိုက္သည္။
သာယာလွေသာဂီတသံစဥ္ကဓာတ္ျပားေလးဆီမွထြက္ေပၚလာခဲ့ၿပီးေဘးပတ္ဝန္းက်င္တစ္ဝိုက္ကိုပ်ံ႕နွံ႔သြားသည္။
"စည္းမ်ဥ္းနံပါတ္၄ လူႀကီးလူေကာင္းတစ္ေယာက္ဆိုတာ
ဘယ္လိုကရမယ္ဆိုတာကိုလည္းေကာင္းေကာင္းသိသင့္တယ္"
"ဥပမာဆိုရင္ဂႏၲဝင္ဆန္တဲ့အကမ်ိဳးေတြ
ၿငိမ့္ေညာင္းတဲ့သံစဥ္ေအာက္ကစည္းခ်က္ေတြဟာမွန္ေနရမယ္"
"ဒါဆိုရင္ကိုယ္တို႔စၿပီးကၾကည့္ၾကမလား"
ဝိန္းကေျခေထာက္ကိုေကြးညႊတ္လိုက္ကာသူ႔ထံကိုႏူးညံ့ညင္သာစြာျဖင့္လက္တစ္ဖက္ကိုကမ္းလို႔လာသည္။
ဤအခ်ိန္တြင္ဝဲဘက္ရင္အံုမွတစ္စံုတစ္ခုသည္သိသိသာသာလႈပ္ရွားသြားသည္ကိုဂ်ီမင္းခံစားမိသည္။
ကမ္းလာသည့္လက္ထဲသူ႔ရဲ႕လက္ကိုထည့္ေပးလိုက္ေတာ့ဝိန္းကဆြဲယူကာလက္ဖမိုးကိုခပ္ဖြဖြနမ္းလိုက္သည္။
အေၾကာင္သားရပ္ေနတဲ့ဂ်ီမင္းမွာေတာ့မိန္းမပ်ိဳေလးတစ္ဦးသဖြယ္ရွက္ေနမိၿပီျဖစ္သည္။
ရင္ထဲမွာဘတ္တာဖလိုင္းေတြ ဖလူး ဖလူး!
"ကိုယ့္ရဲ႕ပုခံုးေပၚမွာမင္းလက္ကိုတင္လိုက္"
ဝိန္းေျပာသည့္အတိုင္းလုပ္လိုက္ၿပီးတစ္ၿပိဳင္နက္တည္းမွာပင္သူ႔ရဲ႕ခါးဆီကိုရစ္ႏြယ္လာေသာလက္ေတြေၾကာင့္ရင္ထဲသိမ့္ခနဲတုန္သြားသည္။
ရင္ခုန္ေနတာလား နိုး နိုး နိုးေနာ္
ေသခ်ာေပါက္မဟုတ္ဘူး
ငါကလံုးဝအေျဖာင့္!
"ေျခလွမ္းကိုစၿပီးေရႊ႕လိုက္"
ဂီတသံနွင့္အညီတစ္လွမ္းနွစ္လွမ္းစေရႊ႕ေသာအခါအဆင္မေျပေပ။ဝိန္း၏ရွဴးဖိနပ္ကိုခဏခဏတက္နင္းေနမိ၍ရႈံ႕မဲ့သြားေသာဝိန္းမ်က္နွာကိုလည္းျမင္လိုက္ရေသးသည္။
"မင္းကိုကခိုင္းေနတာ
ဖိနပ္တက္နင္းခိုင္းေနတာမဟုတ္ဘူး"
ဝိန္း၏စိတ္မရွည္ေသာေလသံကအိမ္မက္ထဲကနွင့္လားလားမ်ွမဆိုင္။အိမ္မက္ထဲမွာအကသင္ေနတုန္းကခ်ိဳသာသေလာက္ဂ်ီမင္းနွင့္သင္သည့္အခါတြင္ေတာ့က်စ္ ေတာက္ခ္စသည္ျဖင့္မ်ိဳးစံုအသံထြက္ေနေလသည္။
ေစာနကရင္နည္းနည္းတုန္တာကိုျပန္ရုပ္သိမ္းတယ္
အဘိုးႀကီးေသာမတ္စ္ဝိန္း...
ဂ်ီမင္းသည္အေစာပိုင္းတြင္ကရတာကိုသိပ္စိတ္မပါေသာ္လည္းေနာက္ပိုင္းတြင္ေပ်ာ္လာသည္။
အကဆိုတာမ်ိဳးကခဏေလးနွင့္တတ္မွာမဟုတ္ေသာ္ျငားလည္းဂ်ီမင္းကထူးျခားသည္ဟုဆိုရမည္။
အခ်ိန္နည္းနည္းေလာက္ကရံုျဖင့္ကကြက္မ်ားကိုတိက်စြာလိုက္၍ကနိုင္သည္။
လည္ေနေသာဓာတ္ျပားေလးဆီမွအသံရပ္တန္႔သြားခ်ိန္မွာေတာ့ကေနသည္မွေခတၱနားလိုက္ၾကသည္။
"ဒီေလာက္ဆိုမင္းေကာင္းေကာင္းကတတ္ၿပီထင္ပါတယ္"
"ဒီသင္ခန္းစာကိုပ်င္းစရာေကာင္းမယ္ထင္ထားတာ
တကယ္တမ္းက်ေပ်ာ္စရာႀကီးပဲ ဟီး"
ဂ်ီမင္းကမ်က္လံုးေလးမ်ားမွိတ္သြားတဲ့အထိရယ္ျပသည္။
ယင္းအျပဳအမူေၾကာင့္ဝိန္း၏ရင္ထဲဝယ္ေလေအးတစ္ခ်က္ကေဝ့တိုက္ခတ္သြားသည္။
ဘယ္ေတာ့မွမၿပံဳးမရယ္တတ္တဲ့ဖီးလစ္ကိုဒီလိုမ်ိဳးေလးျမင္ရေတာ့လည္းတစ္မ်ိဳးပဲ။
"ေနာက္ဆံုးသင္ခန္းစာတစ္ခုပဲက်န္ေတာ့တယ္"
"အဲ့တာၿပီးရင္ၿပီးၿပီလား"
"အင္း"
"ဒါေပမယ့္မနက္ျဖန္က်မွသင္ေပးမယ္
ညေနလည္းေရာက္ေနၿပီဆိုေတာ့မင္းနားေတာ့"
"ဟုတ္ ဟီးဟီး"
ခ်က္ခ်င္းမ်က္စိေအာက္ကလွစ္ခနဲေပ်ာက္သြားေသာဂ်ီမင္းကိုၾကည့္ကာဝိန္းၿပံဳးမိလိုက္သည္။
ဘာရယ္ေတာ့မဟုတ္ပါ။
ဒီအတိုင္းၿပံဳးမိတဲ့အၿပံဳးေလးသာသာပါပဲ။
_____
အိပ္ရာထဲတြင္လွိမ့္ေနေသာဂ်ီမင္း၏လက္မ်ားတြင္ေခြၽးေစးမ်ားကျပန္လာသည္။
ခနၶာကိုယ္ကလႈပ္ရွားေနေသာ္လည္းသူူသည္နိုးထေနျခင္းမဟုတ္ေပ။
အိပ္တစ္ဝက္နိုးတစ္ဝက္ျဖင့္လက္တြင္သာမကနဖူးတြင္ပါေခြၽးေတြထြက္လာသည္။
"အစ္ကို!!သတိထား"
ဒိုင္းခနဲျမည္သံၾကားအၿပီးတြင္သူသည္ေႏြးေထြးလွေသာရင္ခြင္တြင္ေရာက္ရွိသြားသည္။
ဒါေပမယ့္တစ္ေနရာကေနအနီေရာင္အရည္ေတြစီးက်လာသလိုပဲ။
မရဲတရဲအေပၚကိုေမာ့ၾကည့္လိုက္ေတာ့ဝိန္းကသူ႔ကိုစိုးရိမ္ေနသည့္မ်က္ဝန္းမ်ားျဖင့္ၾကည့္ေနသည္။
ဝိန္းရဲ႕မ်က္ဝန္းမွာလည္းမ်က္ရည္စအခ်ိဳ႕နဲ႔ျပည့္နွက္လို႔။
ဒါေတြကဘာေတြလဲ။
၂၄ရက္ေန႔ကိုအိမ္မက္မက္ေနတာလား။
သူေမာ့ၾကည့္လိုက္သည့္အခ်ိန္တြင္ဝိန္း၏ေလသံခပ္အက္အက္ကိုၾကားလိုက္ရသည္။
"ခ်စ္လို႔ ခ်စ္လို႔ပါဗ်ာ"
"အစ္ကို႔ကိုခ်စ္လို႔ပါ
ဒီတစ္ေခါက္ကြၽန္ေတာ့္ရဲ႕နွလံုးသားေလးကိုပစ္ပစ္ခါခါမထားပါနဲ႔ေတာ့ေနာ္"
"ကြၽန္ေတာ့္ရဲ႕ေနာက္ဆံုးအခ်ိန္မွာအစ္ကို႔ကိုကာကြယ္ခြင့္ရခဲ့လို႔ကြၽန္ေတာ္သိပ္ေပ်ာ္တာပဲ အစ္ကိုရာ
ကြၽန္ေတာ္အားေတြနည္းလာၿပီ
ကြၽန္ေတာ္ ကြၽန္ေတာ့္မွာအခ်ိန္သိပ္မက်န္ေတာ့ဘူး"
"ေျပာရမယ္ ဒီမ်က္နွာေလးကိုစကၠန္႔အနည္းငယ္အတြင္းမွာကြၽန္ေတာ္လက္လႊတ္ရေတာ့မွာ
ခ်စ္တယ္ အခုထိလည္းခ်စ္ေနတုန္းပါ
အစ္ကို႔ရဲ႕အေငြ႕အသက္ေလးေတြသိမ္းထားခ်င္တယ္"
သူသည္ဝိန္း၏ရင္ခြင္ထဲတြင္ၿငိမ္ေနရင္းနဲ႔မွေျပာစကားေတြကိုတိတ္တဆိတ္နားေထာင္ေနမိသည္။
ခဏေလး ဝိန္းကမ်က္ရည္ေတြက်ေနတာလား
ဒီလိုေတာင္တည္ၿငိမ္လွတဲ့ၿမိဳ႕ေတာ္ဝန္ႀကီးဝိန္းကအခုငိုေနတာလား။
"မငိုနဲ႔ မငိုပါနဲ႔အစ္ကိုရယ္
ငိုရင္မ်က္လံုးေတြနာေနလိမ့္မယ္
မငိုပါနဲ႔ဗ်ာ"
သူ႔ရဲ႕မ်က္ခမ္းစပ္နားကိုဝိန္းရဲ႕တုန္ရီေနတဲ့လက္ကလာေရာက္ကာဖိပြတ္သည္။
ေသြးစက္အနီရဲရဲေတြဟာသူ႔ရဲ႕မ်က္နွာေပၚမွာစြန္းထင္းသြားသည္။
ကိုယ္တိုင္ကငိုေနတာေတာင္အခုသူ႔ကိုမငိုဖို႔ေျပာေနတာလား။
မၾကာခင္မွာဝိန္းကလဲက်သြားသည္။
အခုမွသူေသခ်ာျမင္လိုက္ရတာကဝိန္းရဲ႕ခနၶာကိုယ္မွာရွိတဲ့က်ည္ဆန္အေပါက္ရာေတြကေနတစိမ့္စိမ့္စီးက်ေနတဲ့ေသြးေတြကိုပဲ။
စိတ္တစ္ခုလံုးေျဗာင္းဆန္သြားသည္။
ဝိန္းကအသက္မဲ့သြားေသာ္လည္းၿပံဳးေနသည္။
ခ်စ္ရသူကိုေနာက္ဆံုးအခ်ိန္မွာကာကြယ္ခြင့္ရခဲ့လို႔ေပ်ာ္ခဲ့ပံုပဲ။
ေသခ်ာသိလိုက္ရတာကဒါ ဒါဟာ၂၄ရက္ေန႔ကအျဖစ္အပ်က္။
"ဝိန္း..."
ေလသံထြက္ရံုမ်ွတိုးတိုးေလးေခၚလိုက္ေသာ္လည္းဝိန္းကၿငိမ္သက္ေနၿပီ။
အလိုလိုဝိုင္းလာေသာမ်က္ရည္ေတြကဝမ္းနည္းလာေစသည္။
ခံစားခ်က္ကနွလံုးသားတစ္ခုလံုးကိုအစိမ္းလိုက္အပိုင္းပိုင္းဆုတ္ၿဖဲလိုက္သလိုပဲ။
တဟားဟားျဖင့္ေအာ္ရယ္လာေသာအသံကိုၾကားေပမယ့္လည္းဦးေနွာက္ကဝိန္းဆီပဲေရာက္ေနသည္။
မၾကာခင္ေသနတ္သံတစ္ခ်က္ၾကားလိုက္ရအၿပီးတြင္သူ႔ရဲ႕ဦးေနွာက္ပါတစ္စစီပြင့္ထြက္သြားသလိုခံစားလိုက္ရသည္။
ေျမျပင္ေပၚလဲက်သြားကာသူ႔ရဲ႕အသိစိတ္သည္လည္းေမွာင္မိုက္သြားေလေတာ့သည္။
အိမ္မက္ဆိုးသည္ၿပီးေလာက္ၿပီထင္ေပမယ့္လည္းမၿပီးေသးပါ။
ရယ္သံမ်ားအေတာ္ၾကာေပ်ာက္ဆံုးအၿပီးတြင္သူ႔အျမင္အာရံုကျပန္လည္အလုပ္လုပ္လာသည္။
မဟုတ္ေသးဘူး သူ႔ရဲ႕ေသဆံုးသြားတဲ့ခနၶာကိုယ္ကိုျပန္ျမင္ေနရတာ။
သူ႔ခနၶာကိုယ္ကအညိဳေရာင္ဆံႏြယ္ေတြမဟုတ္...
နက္ေမွာင္ေနတဲ့ဆံႏြယ္ေတြျဖစ္သည္။
မဟုတ္မွလြဲေရာ အစ္ကိုကဝီလီယမ္လား
ဝိန္းတကယ္ခ်စ္တဲ့လူကဝီလီယမ္ေပါ့။
ေျပးလႊားေနေသာေျခသံမ်ားၾကားလိုက္ရအၿပီးတြင္ျမင္ကြင္းထဲဝင္ေရာက္လာေသာအညိဳေရာင္ပံုရိပ္ကိုေတြ႕လိုက္ရသည္။
ဖီးလီးယက္စ္ေရာက္လာခဲ့တာလား။
ဖီးလီးယက္စ္ကျပဇာတ္ကတဲ့ဇာတ္စင္ေပၚကအေလာင္းနွစ္ေလာင္းကိုေခတၱမ်ွရပ္ၾကည့္ေနၿပီးေနာက္တြင္ၾကမ္းျပင္ေပၚကိုအရုပ္ႀကိဳးျပတ္လဲက်သြားေတာ့သည္။
"ဝိန္း ဝီလီယမ္"
ဖီးလီးယက္စ္ဆီမွရႈိက္သံမထြက္လာဘဲမ်က္ရည္မ်ားသာစီးက်လာသည္ကိုေတြ႕လိုက္ရသည္။
၄င္းပံုရိပ္ကဘာမွမဆိုင္ေသာသူ႔ကိုနာက်င္ေစသည္။
ဖီးလီးယက္စ္ကထိုင္ေနရာမွကုန္းထကာေျပးသြားသည္။
ဝိန္းဆီကိုေျပးသြားမယ္လို႔ထင္လိုက္ေပမယ့္လည္းဖီးလီးယက္စ္ကဝိန္းကိုတစ္ခ်က္သာၾကည့္ကာဝီလီယမ္ဆီသို႔ေျပးသြားသည္။
ဝီလီယမ္ရဲ႕ေအးစက္ေနတဲ့ခနၶာကိုယ္ကိုေပြ႕ကာ....
"မင္း မင္း ငါ့ကိုလာေနာက္ေနတာလား ဝီလီယမ္"
"ထစမ္းပါ ဝိန္းကိုကူညီရမယ္ေလ"
"ငါ့ကိုမင္းဒုကၡေတြေပးရဦးမယ္ ဝီလီယမ္ရဲ႕"
"အစ္ကိုဝီလီယမ္ မေနာက္ပါနဲ႔"
ေနာက္ဆံုးအသံတိုးတိုးေလးထြက္လာအၿပီးတြင္ဖီးလီးယက္စ္ရဲ႕ေခါင္းကငိုက္က်သြားေတာ့သည္။
ထို႔ေနာက္တြင္သူကဝီလီယမ္ရဲ႕ပြင့္ေနတဲ့မ်က္လံုးကိုလက္ျဖင့္အသာပိတ္လိုက္ကာထပ္ငိုျပန္သည္။
"အစ္ကို ငါေခၚေနတယ္ေလ
မင္းအၿမဲတမ္းေရွာင္ေျပးခ်င္တဲ့မင္းညီဖီးလစ္ကေခၚေနတယ္"
"မင္းၾကားခ်င္တဲ့အစ္ကိုဆိုတာကိုငါေခၚေနတယ္လို႔
ဝီလီယမ္ မင္းျမန္ျမန္နိုးလာလို႔မရဘူးလား"
"အစ္ကို..."
ဖီးလီးယက္စ္ရဲ႕ေလသံကေမ်ာ့ေမ်ာ့သာက်န္ေတာ့သည္။
အိုင္ထြန္းေနတဲ့ေသြးေတြထဲမွာသူဒီတိုင္းငုတ္တုတ္ထိုင္ေနတာ။ေသြးညႇီနံ႔ေတြကသူ႔ရဲ႕အညိဳေရာင္ကုတ္ေပၚမွာစြဲကုန္ၿပီ။
"အစ္ကို မင္းထမလာရင္ငါတကယ္စိတ္ဆိုးမွာေနာ္"
"ဖီးလီးယက္စ္"
ထပ္ၿပီးျမင္ကြင္းထဲကိုခ်ဥ္းနင္းဝင္ေရာက္လာခဲ့တဲ့အသံၾသၾသ။
သူသည္လည္းေသြးအိုင္ထဲကဖီးလီးယက္စ္ကိုျမင္သြားၿပီးၾကက္ေသေသသြားသည္။
ဖီးလီးယက္စ္ကေတာ့ဝီလီယမ္ရဲ႕အေလာင္းကိုေပြ႕ပိုက္ထားရင္းငိုေႂကြးေနဆဲပင္။
"ဖီးလီးယက္စ္ ငါတို႔သြားမွရမယ္
ဒီနားမွာေညႇာ္နံ႔ေတြရေနၿပီ"
"ငါ့အစ္ကိုထားၿပီးဘယ္ကိုသြားရမွာလဲ ကင္မ္ရဲ႕"
"ဝီလီယမ္ကေသသြားၿပီ"
"မင္းဘာေတြလာေျပာေနတာလဲ ငါ့အစ္ကိုကမေသဘူး
သူဘယ္ေတာ့မွေသမွာမဟုတ္ဘူး!!"
ရိုင္ယန္ကဖီးလီးယက္စ္ထိုင္ေနရာဆီသို႔ေလ်ွာက္လာၿပီးဖက္ထားေပးသည္။
"စိတ္ေအးေအးထားေနာ္
အရင္ဆံုးငါတို႔ထြက္သြားမွရမယ္
လာပါ ဖီးလီးယက္စ္ရယ္"
"အစ္ကိုဝီလီယမ္ကိုမထားသြားဘူး"
စိတ္ေတြေယာက္ယက္ခတ္ေနတဲ့ဖီးလီးယက္စ္ကတစ္ကိုယ္လံုးတုန္ရီေနသည္။
ရိုင္ယန္ကဖီးလီးယက္စ္ကိုခပ္ဖြဖြဆြဲကာထပ္ေခၚျပန္သည္။
"ငါတို႔သြားရေအာင္"
"မသြားဘူး ဟင့္အင္း မသြားဘူး"
ရိုင္ယန္ကအတင္းခ်ဳပ္ကိုင္ကာဖီးလီးယက္စ္အားဆြဲေခၚရေတာ့သည္။စိုရႊဲေနေသာဝိန္းနဲ႔ဝီလီယမ္ရဲ႕ေသြးေတြကဖီးလီးယက္စ္၏ကုတ္အက်ႌမွတစ္ဆင့္ၾကမ္းျပင္ေပၚကိုေပက်ံသြားသည္။
"ငါမသြားဘူး ကင္မ္
မသြားဘူးလို႔!!"
ျမင္ကြင္းကတျဖည္းျဖည္းအေရာင္မွိန္လာသည္။
ရိုင္ယန္ဆြဲေခၚရာေနာက္သို႔ရုန္းကန္ရင္းပါသြားေသာဖီးလီးယက္စ္အားျမင္လိုက္အၿပီးတြင္သူ၏အာရံုအားလံုးကေပ်ာက္ကြယ္သြားေတာ့သည္။
မ်က္လံုးဆတ္ခနဲပြင့္သြားသည္။
ရင္ေတြလည္းအဆမတန္တုန္ေနၿပီးဒီအိမ္မက္ဆိုးႀကီးကတကယ့္အျဖစ္အပ်က္လိုခံစားေနရသည္။
ကေယာင္ေျခာက္ျခားျဖစ္ေနေသာစိတ္ေတြကလည္းေဆာက္တည္ရာမရျဖစ္ေနေလသည္။
သူတကယ္ကိုရူးေတာ့မလိုကိုျဖစ္ေနတာ။
"ဝိန္း!!ဝိန္း!!"
အခန္းတံခါးကိုတဘုန္းဘုန္းထုေနေသာဂ်ီမင္းေၾကာင့္ဝိိန္းလည္းအိပ္ေနရာမွနိုးသြားသည္။
အိပ္ခ်င္မူးတူးျဖင့္တံခါးကိုဆြဲဖြင့္ကာ
"ည၁နာရီႀကီးေလ ဂ်ီမင္း
မင္း.."
တံခါးပြင့္သြားခ်င္းခ်င္းဂ်ီမင္းကသူ႔ရင္ခြင္ထဲကိုေျပးဝင္လာသည္။အနည္းငယ္ေၾကာင္သြားေပမယ့္လည္းဂ်ီမင္းရဲ႕ခနၶာကိုယ္ကတဆတ္ဆတ္တုန္ေနသည္ကိုခံစားလိုက္ရသည္။
"အရမ္းေၾကာက္စရာေကာင္းတယ္
ဝိန္း ကကြၽန္ေတာ့္ေရွ႕မွာတင္ေသ ေသသြားတာ
ေသြးေတြလည္းအမ်ားႀကီး..."
"ဘာမွမျဖစ္ဘူးေနာ္
ဂ်ီမင္း ကိုယ့္ကိုၾကည့္စမ္း"
ဝိန္းကဂ်ီမင္းကိုရင္ခြင္ထဲကဆြဲထုတ္မည္ႀကံေသာ္လည္းေခါင္းခါကာအတင္းရင္ခြင္ထဲတိုးဝင္ေနေသာဂ်ီမင္းေၾကာင့္လက္ေတြကိုေက်ာျပင္သို႔သာပို႔လ်က္ျပန္လည္ေပြ႕ဖက္ထားလိုက္သည္။
"ကိုယ္ရွိတယ္ေနာ္ ဘာမွေၾကာက္စရာမလိုဘူး"
_____
ကဲ အခုေတာ့ဂ်ီမင္းကအတိတ္ကိုသိသြားပါၿပီ
Ch0ကအခန္းေနာက္ပိုင္းမွာဖီးလီးယက္စ္ကေရာက္လာခဲ့တာပါ။
သူတကယ္ကိုရူးမတတ္ျဖစ္သြားခဲ့တာ
ခ်စ္ရသူေရာ အစ္ကိုေရာတစ္ၿပိဳင္နက္တည္းဆံုးသြားတာျမင္လိုက္ေတာ့အသိစိတ္ေတြကလြတ္ထြက္ကုန္တာပါ။
အတိတ္ကအရမ္းကိုနာက်င္စရာေကာင္းပါတယ္