Training with system to be a...

By AustinLeo2

12.2K 1.8K 95

ကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ... More

Ch 1
Ch 2 (In space)
Ch 3 (arc 1-1)
Ch 4 (arc 1-2)
Ch 5 (arc 1-3)
Ch 6 (arc 1-4)
Ch 7 (arc 1-5)
Ch 8 ( between lives)
Ch 9 ( arc 2-1)
Ch 10 (arc 2-2)
Ch 11 ( arc 2-3)
Ch 12 ( arc 2-4)
Ch 13 ( arc 2-5)
Ch 14 ( arc 2-6)
Ch 15( arc 2-7 )
Ch 16 ( arc 2-)
Ch 17 ( arc 2-9)
Ch 18 ( arc 2-10)
Ch 19 ( between lives)
Ch 20 ( arc 3-1 )
Ch 21 ( arc 3- 2 )
Ch 22 ( arc 3-3)
Ch 23 ( arc 3-4 )
Ch 24 ( arc 3-5)
Ch 25 ( arc 3-6 )
Ch 26 ( arc 3-7)
Ch 27 ( arc 3-8 )
Apologize
Ch 28 ( arc 3-9)
Ch 29 ( arc 3- 10)
Ch 30 ( arc 3-11)
Not update
Ch 31 ( arc 3-12)
Ch 32 ( arc 3- 13)
Ch 33 (between lives)
Ch 34 (arc 4-1 )

Ch-35 (arc 4-2)

131 22 4
By AustinLeo2

Unicode

Keki တို့ဟာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး နောက်နေ့မနက်မှာဘဲ အိမ်ကိုပြန်ခဲ့လိုက်တယ်။ ဆေးရုံအတွက်အကြောင်းပြချက်ကတော့ ပရိသတ်‌တွေနဲ့ ဆူညံနေမှာစိုးလို့ဆိုပြီးတော့ပေါ့။ အိမ်မှာ မိသားစုဆရာ၀န်နဲ့ ဆက်ကုမှာပါ့ဆိုပြီး ဆေးရုံဆင်းလာကြတာပေါ့။

အိမ်ကိုပြန်ရောက်လာတော့ အိမ်ပုံစံကိုတစ်ချက်ကြည့်လိုက်တယ်။ မှတ်ဉာဏ်တွေထဲမှာ မြင်နေကြဆိုပေမယ့် အပြင်မှာတွေ့နေရတာနဲ့တော့ ခံစားချက်ချင်း မတူဘူးပေါ့။ ပါးစပ်ကသာ အိမ်လို့ ပြောတာ မသိရင် နန်းတွင်းမျိုးဆက်တွေရဲ့ စံအိမ်လို့‌တောင် ပြောလို့ရတယ်။ အိမ်ထဲ၀င်၀င်ချင်း ဧည့်ခန်းက အကျယ်ကြီးကိုမှ နာမည်ကြီး ပန်းချီကားတွေ၊ ပန်းပုလက်ရာတွေ၊ အလှပန်းအိုးတွေနဲ့ ပြည့်နေတယ်။ အခန်းရဲ့ မြောက်ဘက်ထောင့်ကနေ အိမ်ပေါ်ကို တက်တဲ့ လှေကားကလည်း သစ်သားတွေနဲ့ လုပ်ထားတာကိုတွေ့ရတယ်။ ဂျပန်လို အိမ်ဆောက်သစ်သား ရှားပါးတဲ့ Tokyo မြို့ကြီးမှာ စပ်ထားတဲ့ စပ်သစ်သားတောင်မဟုတ်ဘဲ သစ်ချောသားအကြီးကြီးကိုတောင် ငွေကုန်ကြေးကျခံပြီး လှေကားမှာသုံးထားတာကတော့ ဒီမိသားစုရဲ့ အမွေကို အထင်သေးမိတဲ့ပုံဘဲ။

အပေါ်မတက်ဘဲ အနောက်ဘက်ကို ၀င်သွားပြန်တော့ ညာဘက်မှာ ရေပူစမ်းကန်ကို သဘာ၀နဲ့ တူအောင် ရေထွက်ပေါက် အသေးစားလေးတွေတောင် ထည့်ထားသေးတယ်။ ဘယ်ဘက်မှာ ထမင်းစားခန်းရယ် အဲ့အနောက်ဘက် ကပ်ရပ်ကတော့ မီးဖိုခန်းပေါ့။ မီးဖိုခန်းကလည်း လူ သုံးလေးယောက် တစ်ပြိုင်တည်း ချောင်ချောင်ချိချိ ဟင်းချက်လို့ရလောက်အောင်ကို ကျယ်တယ်။ ဟူး လူချမ်းသာတွေကတော့ တစ်ကယ်ကို အခွင့်ထူးခံတွေပါဘဲ။

အပေါ်တက်လိုက်တော့ ဒုတိယထပ်က သူ့မိဘတွေ အတွက် တတိယထပ်ကိုတော့ သူ့အပိုင်ပေါ့။ သူ့အကို Kosuke ကတော့ စတုတ္ထထပ်ပေါ့။သူလဲ တတိယထပ်ကို တက်လာလိုက်တော့ စတူဒီယိုခန်း၊ Gym ဆော့တဲ့အခန်း၊ အကကျင့်တဲ့အခန်း ၊ စာကြည့်တဲ့အခန်းတွေရယ်၊ သူ့အိပ်ခန်းတွေရယ် ရရှိနေတယ်။

"Orchid ရေ ငါတော့ ဒီဘ၀ကို တစ်ကယ် မနာလိုတယ်။ ဒီဘ၀မှာ ခပ်ကြာကြာနေသွားလို့ရမလား။ ဟီး "

" Orchid တို့ကမတားပါဘူး။ နေချင်တယ်ဆိုရင်တောင် Kekiကိုယ်ထဲ ၀င်ထားတဲ့ missions တွေက အချိန်နဲ့ လုပ်ရတဲ့ဟာတွေ ဆိုတာတော့ သတိပေးလိုက်မယ်။ Mission က အချိန်ကြာသွားလို့ မိဘတွေ တစ်ခုခုဖြစ်တာတို့ ၊ Kosuke အန္တရာယ် ကျသွားတာတို့ဆို mission fail သွားနိုင်တာသတိထားပါ။ "

" အွန် အွန် အခုတော့ လောလောဆယ် နေသာထိုင်သာရှိသွားအောင် ၀ရံတာမှာ အပင်လေးစိုက်လိုက်ဦးမယ်။ "

Keki သူ့အိပ်ခန်းဘေးက ၀ရံတာကိုထွက်ခဲ့လိုက်တယ်။ တခြားအိမ်တွေလို ၀ရံတာက အိမ်‌ရှေ့လမ်းမကို မျက်နှာမူထားတာမဟုတ်ဘဲနဲ့၊ အိမ်နောက်ဖေးကို လှည့်ထားတယ်။ ၀ရံတာကနေ ကြည့်လိုက်ရင် ရေကူးကန်အကျယ်ကြီးတစ်ခုကို မြင်ရတယ်။ အဲ့နောက်မှာတော့ နှင်းဆီပန်းခင်းလေးတစ်ခုနဲ့အတူ လိပ်ပြာလေးတွေနဲ့ လှပနေတာကို မြင်နေရတယ်။

နွေဦးရောက်ခါနီးနေပြီမို့ ဆာကူရာပန်းအဖူးလေးတွေကိုလဲ အနောက်ခပ်လှမ်းလှမ်းမှာ စိုက်ထားတာကို တွေ့နေရတယ်။ မှတ်ဉာဏ်ကို ရှာကြည့်လိုက်တော့ သူစိုက်ထားတာမဟုတ်ဘဲ၊ သူ့အကို Kosuke စိုက်ထားတာဆိုတာ သိလိုက်ရတယ်။ သူ့အကိုက ပန်းတွေကို အရမ်းချစ်တဲ့ပုံပါဘဲ။ Keki လည်း သစ်ပင်စွမ်းအင်တွေကို ခံစားလိုက်ရတာမို့ စွမ်းအင်တွေ ပြည့်၀သွားသလိုပါဘဲ။ သူ့စိတ်ကူးထဲက အတိုင်း ၀ရံတာမှာ ပန်းပင်စိုက်ဖို့ ပန်းအိုးကို သစ်ပင်အစွမ်းနဲ့ဘဲ ပြုလုပ်လိုက်တယ်။ သူ့လက်နှစ်ဖက်ကနေ အစိမ်းရောင်စွမ်းအင်တွေပေါ်လာပြီးတော့ သစ်သားတွေထွက်လာကာ ပန်းအိုးပုံသဏ္ဍာန် ပုံဖော်သွားကြတယ်။

ထူးခြားတာက ပန်းအိုးမှာ လူတစ်ယောက် တရားထိုင်နေတဲ့ပုံပေါ်လာပြီး သစ်ပင်တွေ ကြီးပြင်းလာပုံကို ကနုတ်ပန်းသဖွယ် ထွင်းထုထားတာကို အံ့ဩဖွယ် မြင်နေရတယ်။

" Orchid အဲ့တာ ဘာဖြစ်တာလဲ။ ငါအဲ့ပုံကိုမဆွဲမိတာကတော့ သေချာပါတယ်။ "

" သတိုးရဲ့ သစ်ပင်စွမ်းအားက အဆင့်မြှင့်လာတာမို့ ဒီလိုတွေ ပေါ်လာတာပါ။ အချိန်ကျလို့ စွမ်းအားတွေ ပိုပြီး အဆင့်မြှင့်လာရင် ထူးခြားမှုတွေက ဒီထက်ပိုပေါ်လာပါလိမ့်မယ်။ သာမန်လူတွေကတော့ ဒီပန်းအိုးကို မြင်ရုံနဲ့ ဘာမှသိမှာမဟုတ်ဘူး။ ဒါပေမယ့် တခြားနတ်ဘုရား‌နဲ့ နတ်ဘုရားတပည့်တွေ ၊ အထူးသဖြင့် သစ်ပင်နတ်ဘုရားရဲ့တပည့်တွေမြင်ရင် သတိုးရဲ့စွမ်းအားအဆင့်ကို စစ်ဆေးနိုင်ကြပါလိမ့်မယ်။"

" ဟား ငါမသိတာတွေ တော်တော်များသေးတာဘဲ Orchid။ ဪ ဒါနဲ့ ငါ့ရဲ့ သစ်ပင်စွမ်းအား အဆင့် ၄ က ဘာအစွမ်းလဲ။ "

"အဆင့် ၄က သတိုးက အစွမ်းသုံးပြီး အပင်တွေကို ကြည့်မယ်ဆိုရင် အဲ့အပင်တွေရဲ့ နာမည်၊ ဘာအသုံး၀င်လဲ၊ ဆိုးကျိုးပေးသလား၊ ကောင်းကျိုးပေးသလားဆိုတာ၊ သိလာလိမ့်မယ်။ သတိုးရောက်တဲ့ ကမ္ဘာတိုင်းက အပင်တွေမှာ လျှို့ဝှက်ချက်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ဒီစွမ်းအားက သိပ်ပြီး အသုံးမ၀င်သလို ထင်ရပေမယ့် အရေးကြုံလာတဲ့အခါ သိလာပါလိမ့်မယ်။"

သတိုးက ဘာမှထပ်မပြောတော့ဘဲ ခေါင်းကိုသာ ညိတ်ပြပြီး သူဖန်တီးထားတဲ့ ပန်းအိုးထဲမှာ စိုက်ဖို့ပန်းပင်ကို ရွေးချယ်‌နေတယ်။ ခဏကြာ စဉ်းစားပြီးတော့ စံပယ်ပန်းစိုက်ဖို့ရွေးချယ်လိုက်တယ်။ ဂျပန်က ရာသီဥတုက အေးစက်ပြီး နွေဆို ပူတာမို့ စံပယ်ပန်းရဲ့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ ရှင်သန်တဲ့ သဘာ၀နဲ့ဆိုရင် ရှင်ဖို့မဖြစ်နိုင်ပါဘူး။ သတိုးကလည်း အဲ့တာကို သိပေမယ့် မရှင်ဘူးဆိုရင် သူ့သွေးကို သုံးပြီးတော့ ရှင်အောင်စိုက်ဖို့ကို တွေးထားတယ်။ ဒါပေမယ့် ပန်းအိုးထဲကို လက်ထည့်ပြီး စံပယ်ပန်းပုံစံကိုတွေးကာ သစ်ပင်စွမ်းအားသုံးလိုက်ရုံနဲ့တင် စံပယ်ပန်းက ထွက်လာပြီး အကိုင်းတွေက ၀ရံတာကို ရစ်ပတ်ကာ ကြီးထွားလာကြတယ်။

သတိုးစိတ်ကူးထဲကအတိုင်း ၀ရံတာမှာတင် ကြီးထွားမှုကို ရပ်ပြီး တစ်အိမ်လုံး ဆက်လက်မပြန့်နှံ့တော့ဘဲ အဖူးတွေသာထွက်လာတော့တယ်။ တဖြည်းဖြည်းနဲ့ ညနေတောင် ရောက်လာပြီမို့ စံပယ်ပန်းထုံးစံအရ မနက်ပိုင်းမှသာ ပန်းတွေ ပွင့်လာပါတော့မယ်။ သတိုးလဲ ၀ရံတာမှာ ရပ်နေရင်း ရှေ့ဆက်ဘာလုပ်ရမလဲ တွေးတောနေလေရဲ့။

" Keki Chan, ညစာစားဖို့ အချိန်ရောက်ပြီနော်။ အောက်ကိုလာပြီး ထမင်းစားတော့မလား။ Yuki Kun လဲ စောင့်နေတယ်။ စကားပြောစရာတွေလဲ ရှိတယ်တဲ့။ "

"Hai, သိပါပြီ အထိန်းတော်ကြီး။ လာခဲ့ပြီလို့ပြောပေးပါ။ "

Keki ရေအမြန်ချိုးပြီး ထမင်းစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့တော့တယ်။ ထမင်းစားခန်းထဲ၀င်လိုက်တော့ Yuki က ထမင်းစားပွဲရှေ့မှာ စောင့်နေတာကို တွေ့လိုက်ရတယ်။

" Yuki Kun စောင့်နေတာ ကြာသွားပြီလား။ ရေချိုးနေလို့ နည်းနည်းကြာသွားတယ်။ ပြောစရာရှိတယ်ဆိုလို့ အရေးကြီးကိစ္စများရှိလို့လား။ "

" အရမ်းကြီး အရေးကြီးတာတော့ မဟုတ်ပါဘူး။ ထမင်းစားရင်းနဲ့ ပြောလို့ရပါတယ်။ " Keki လည်း ခေါင်းညိတ်ပြလိုက်ပြီး ထမင်းစစားတော့တယ်။ Yuki လည်း စားရင်းနဲ့ နည်းနည်းကြာတော့ စကားစပြောလာတော့တယ်။

" Keki လည်း သိတဲ့အတိုင်းဘဲ။ အခုစာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက စည်းကမ်းအရမ်းတင်းကြပ်တယ်။ Keki သာ တစ်ပတ်အတွင်း ပြန်မကောင်းသေးဘူးဆိုရင် Keki ရဲ့နေရာကို တခြားသူနဲ့ အစားထိုးလိုက်တော့မယ်တဲ့။ Keki ကော ဘယ်လိုထင်လဲ ဒဏ်ရာတော့မရှိတော့ဘူးဆိုပေမယ့် နားချင်သေးတယ်မလား။ Kekiရဲ့ အခြေအနေနဲ့ဆို ဒါကို လက်လွတ်ပြီး တခြားဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်မင်းသားတောင်လုပ်လို့ရတယ်လေ။ အခုရိုက်မယ့် "နွေရာသီကျောင်းပိတ်ရက်ဖူးစာ " ဇာတ်လမ်းကလည်း အရမ်းနာမည်ကြီးနေတာ မဟုတ်ဘူးလေ။ ဒုတိယ မင်းသားနေရာဘဲ ရထားတာဆိုတော့ ပွဲဦးထွက် ဇာတ်လမ်းက အခြေအနေမကောင်းရင် ‌နမိတ်မကောင်းလို့ ရှေ့ဆက်နာမည် မကြီးဘဲ နေလိမ့်မှာစိုးလို့ပါ။ "

" Yuki kun ပြောတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေကို ကျွန်တော် အရမ်းချမ်းသာတဲ့အကြောင်းလည်းမသိစေချင်သေးဘူး။ ပိုက်ဆံအားကိုးနဲ့ နာမည်ကြီးလာတယ်လို့လည်း အပြောမခံချင်ဘူးရယ်။ ကျနော့်ကို အထင်တသေးဆက်ဆံတဲ့ အဲ့ကုမ္ပဏီ ဥက္ကဌကိုလည်း ကျွန်တော် အရည်အချင်းဘယ်လောက်ရှိလည်း ဆိုတာ ပြချင်သေးတယ်။ ဒဏ်ရာကို မစိုးရိမ်ပါနဲ့၊ တစ်ကယ်လုံး၀ပျောက်သွားပါပြီဆို။ Yuki kunလည်း ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ စောင့်ကြည့်ပြီး ကူညီပေးပါ။ "

Keki ရဲ့ မျက်၀န်းက အစိမ်းရောင်တောက်ပနေပြီး ယုံကြည်ချက်အပြည့်ရှိတာကို Yuki မြင်နေရတယ်။ ဒီကောင်လေးဟာ မိဘတွေမရှိတော့ကတည်းက သူနဲ့ Kosuke နှစ်ယောက်ရဲ့ စောင့်ရှောက်မှုတွေအောက်ကနေ သတ္တိရှိရှိနဲ့ ကြီးပြင်းလာခဲ့ပြီ‌ဘဲ။ သူဘာလုပ်လုပ်မတားခဲ့တာကလည်း Keki ဆုံးဖြတ်သမျှတွေဟာ အမှားအယွင်းတော်တော်နည်းခဲ့လို့အပြင် သူဟာ သူ့အလုပ်ကို စိတ်၀င်စားပြီး မိဘအမွေကို စိတ်မ၀င်စားဘဲ သူ့ဝါသနာပါရာ သီချင်းဆိုတဲ့ Idol အလုပ်ကိုတောင် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့တာမို့ပါ။ Yuki အနေနဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်တာကတော့ Keki ဘာလုပ်လုပ် လမ်းမှားမရောက်သရွေ့ အား‌ပေးဖို့ရယ်၊ အကို‌တစ်ယောက်လို လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ရယ်ပါ။ အများအမြင်မှာသာ မန်နေဂျာဆိုပေမယ့် ညီအကို သံယောဇဉ်ကြောင့် ညီလေးတစ်ယောက်လို အစစအရာရာ ကြည့်‌ရှုစောင့်ရှောက်ပေးရမှာ သူ့တာ၀န်ဘဲ မဟုတ်ပါလား။

_________________________________________
3:04 P. M.
12.4.2023
Wednesday

https://www.facebook.com/aye.c.shain?mibextid=ZbWKwL

ဒါကတော့ ကျနော့် FB acc ပါဗျ။ update ကြာနေရင်ဖြစ်ဖြစ်၊ လာပြောလို့ လာဆူလို့ရပါတယ်။ မီလည်း ဆက်ရေးဖို့ moti လေးတွေလိုနေလို့ပါဗျာ။ wp accကို follow ထားတဲ့ screen shot လေးလာပြရင် acc လာအပ်လိုက်ပါ့မယ်။ ဒီ link ကေန တိုက်ရိုက်ဝင်လို့မရရင် wall ထဲက link ကနေ vpn ခံပြီး တိုက်ရိုက်၀င်လို့ရပါတယ်‌‌ဗျ။

Zawgyi

Keki တို႔ဟာ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ၿပီး ေနာက္ေန႕မနက္မွာဘဲ အိမ္ကိုျပန္ခဲ့လိုက္တယ္။ ေဆး႐ုံအတြက္အေၾကာင္းျပခ်က္ကေတာ့ ပရိသတ္ေတြနဲ႕ ဆူညံေနမွာစိုးလို႔ဆိုၿပီးေတာ့ေပါ့။ အိမ္မွာ မိသားစုဆရာ၀န္နဲ႕ ဆက္ကုမွာပါ့ဆိုၿပီး ေဆး႐ုံဆင္းလာၾကတာေပါ့။

အိမ္ကိုျပန္ေရာက္လာေတာ့ အိမ္ပုံစံကိုတစ္ခ်က္ၾကည့္လိုက္တယ္။ မွတ္ဉာဏ္ေတြထဲမွာ ျမင္ေနၾကဆိုေပမယ့္ အျပင္မွာေတြ႕ေနရတာနဲ႕ေတာ့ ခံစားခ်က္ခ်င္း မတူဘူးေပါ့။ ပါးစပ္ကသာ အိမ္လို႔ ေျပာတာ မသိရင္ နန္းတြင္းမ်ိဳးဆက္ေတြရဲ႕ စံအိမ္လို႔ေတာင္ ေျပာလို႔ရတယ္။ အိမ္ထဲ၀င္၀င္ခ်င္း ဧည့္ခန္းက အက်ယ္ႀကီးကိုမွ နာမည္ႀကီး ပန္းခ်ီကားေတြ၊ ပန္းပုလက္ရာေတြ၊ အလွပန္းအိုးေတြနဲ႕ ျပည့္ေနတယ္။ အခန္းရဲ႕ ေျမာက္ဘက္ေထာင့္ကေန အိမ္ေပၚကို တက္တဲ့ ေလွကားကလည္း သစ္သားေတြနဲ႕ လုပ္ထားတာကိုေတြ႕ရတယ္။ ဂ်ပန္လို အိမ္ေဆာက္သစ္သား ရွားပါးတဲ့ Tokyo ၿမိဳ႕ႀကီးမွာ စပ္ထားတဲ့ စပ္သစ္သားေတာင္မဟုတ္ဘဲ သစ္ေခ်ာသားအႀကီးႀကီးကိုေတာင္ ေငြကုန္ေၾကးက်ခံၿပီး ေလွကားမွာသုံးထားတာကေတာ့ ဒီမိသားစုရဲ႕ အေမြကို အထင္ေသးမိတဲ့ပုံဘဲ။

အေပၚမတက္ဘဲ အေနာက္ဘက္ကို ၀င်သွားပြန်တော့ ညာဘက္မွာ ေရပူစမ္းကန္ကို သဘာ၀နဲ႕ တူေအာင္ ေရထြက္ေပါက္ အေသးစားေလးေတြေတာင္ ထည့္ထားေသးတယ္။ ဘယ္ဘက္မွာ ထမင္းစားခန္းရယ္ အဲ့အေနာက္ဘက္ ကပ္ရပ္ကေတာ့ မီးဖိုခန္းေပါ့။ မီးဖိုခန္းကလည္း လူ သုံးေလးေယာက္ တစ္ၿပိဳင္တည္း ေခ်ာင္ေခ်ာင္ခ်ိခ်ိ ဟင္းခ်က္လို႔ရေလာက္ေအာင္ကို က်ယ္တယ္။ ဟူး လူခ်မ္းသာေတြကေတာ့ တစ္ကယ္ကို အခြင့္ထူးခံေတြပါဘဲ။

အေပၚတက္လိုက္ေတာ့ ဒုတိယထပ္က သူ႕မိဘေတြ အတြက္ တတိယထပ္ကိုေတာ့ သူ႕အပိုင္ေပါ့။ သူ႕အကို Kosuke ကေတာ့ စတုတၳထပ္ေပါ့။သူလဲ တတိယထပ္ကို တက္လာလိုက္ေတာ့ စတူဒီယိုခန္း၊ Gym ေဆာ့တဲ့အခန္း၊ အကက်င့္တဲ့အခန္း ၊ စာၾကည့္တဲ့အခန္းေတြရယ္၊ သူ႕အိပ္ခန္းေတြရယ္ ရရွိေနတယ္။

"Orchid ေရ ငါေတာ့ ဒီဘ၀ကို တစ္ကယ္ မနာလိုတယ္။ ဒီဘ၀မွာ ခပ္ၾကာၾကာေနသြားလို႔ရမလား။ ဟီး "

" Orchid တို႔ကမတားပါဘူး။ ေနခ်င္တယ္ဆိုရင္ေတာင္ Kekiကိုယ္ထဲ ၀င်ထားတဲ့ missions ေတြက အခ်ိန္နဲ႕ လုပ္ရတဲ့ဟာေတြ ဆိုတာေတာ့ သတိေပးလိုက္မယ္။ Mission က အခ်ိန္ၾကာသြားလို႔ မိဘေတြ တစ္ခုခုျဖစ္တာတို႔ ၊ Kosuke အႏၱရာယ္ က်သြားတာတို႔ဆို mission fail သြားနိုင္တာသတိထားပါ။ "

" အြန္ အြန္ အခုေတာ့ ေလာေလာဆယ္ ေနသာထိုင္သာရွိသြားေအာင္ ၀ရံတာမှာ အပင္ေလးစိုက္လိုက္ဦးမယ္။ "

Keki သူ႕အိပ္ခန္းေဘးက ၀ရံတာကိုထွက်ခဲ့လိုက်တယ်။ တျခားအိမ္ေတြလို ၀ရံတာက အိမ္ေရွ႕လမ္းမကို မ်က္ႏွာမူထားတာမဟုတ္ဘဲနဲ႕၊ အိမ္ေနာက္ေဖးကို လွည့္ထားတယ္။ ၀ရံတာကနေ ၾကည့္လိုက္ရင္ ေရကူးကန္အက်ယ္ႀကီးတစ္ခုကို ျမင္ရတယ္။ အဲ့ေနာက္မွာေတာ့ ႏွင္းဆီပန္းခင္းေလးတစ္ခုနဲ႕အတူ လိပ္ျပာေလးေတြနဲ႕ လွပေနတာကို ျမင္ေနရတယ္။

ႏြေဦးေရာက္ခါနီးေနၿပီမို႔ ဆာကူရာပန္းအဖူးေလးေတြကိုလဲ အေနာက္ခပ္လွမ္းလွမ္းမွာ စိုက္ထားတာကို ေတြ႕ေနရတယ္။ မွတ္ဉာဏ္ကို ရွာၾကည့္လိုက္ေတာ့ သူစိုက္ထားတာမဟုတ္ဘဲ၊ သူ႕အကို Kosuke စိုက္ထားတာဆိုတာ သိလိုက္ရတယ္။ သူ႕အကိုက ပန္းေတြကို အရမ္းခ်စ္တဲ့ပုံပါဘဲ။ Keki လည္း သစ္ပင္စြမ္းအင္ေတြကို ခံစားလိုက္ရတာမို႔ စြမ္းအင္ေတြ ျပည့္၀သြားသလိုပါဘဲ။ သူ႕စိတ္ကူးထဲက အတိုင္း ၀ရံတာမှာ ပန္းပင္စိုက္ဖို႔ ပန္းအိုးကို သစ္ပင္အစြမ္းနဲ႕ဘဲ ျပဳလုပ္လိုက္တယ္။ သူ႕လက္ႏွစ္ဖက္ကေန အစိမ္းေရာင္စြမ္းအင္ေတြေပၚလာၿပီးေတာ့ သစ္သားေတြထြက္လာကာ ပန္းအိုးပုံသ႑ာန္ ပုံေဖာ္သြားၾကတယ္။

ထူးျခားတာက ပန္းအိုးမွာ လူတစ္ေယာက္ တရားထိုင္ေနတဲ့ပုံေပၚလာၿပီး သစ္ပင္ေတြ ႀကီးျပင္းလာပုံကို ကႏုတ္ပန္းသဖြယ္ ထြင္းထုထားတာကို အံ့ဩဖြယ္ ျမင္ေနရတယ္။

" Orchid အဲ့တာ ဘာျဖစ္တာလဲ။ ငါအဲ့ပုံကိုမဆြဲမိတာကေတာ့ ေသခ်ာပါတယ္။ "

" သတိုးရဲ႕ သစ္ပင္စြမ္းအားက အဆင့္ျမႇင့္လာတာမို႔ ဒီလိုေတြ ေပၚလာတာပါ။ အခ်ိန္က်လိဳ႕ စြမ္းအားေတြ ပိုၿပီး အဆင့္ျမႇင့္လာရင္ ထူးျခားမႈေတြက ဒီထက္ပိုေပၚလာပါလိမ့္မယ္။ သာမန္လူေတြကေတာ့ ဒီပန္းအိုးကို ျမင္႐ုံနဲ႕ ဘာမွသိမွာမဟုတ္ဘူး။ ဒါေပမယ့္ တျခားနတ္ဘုရားနဲ႕ နတ္ဘုရားတပည့္ေတြ ၊ အထူးသျဖင့္ သစ္ပင္နတ္ဘုရားရဲ႕တပည့္ေတြျမင္ရင္ သတိုးရဲ႕စြမ္းအားအဆင့္ကို စစ္ေဆးနိုင္ၾကပါလိမ့္မယ္။"

" ဟား ငါမသိတာေတြ ေတာ္ေတာ္မ်ားေသးတာဘဲ Orchid။ ဪ ဒါနဲ႕ ငါ့ရဲ႕ သစ္ပင္စြမ္းအား အဆင့္ ၄ က ဘာအစြမ္းလဲ။ "

"အဆင့္ ၄က သတိုးက အစြမ္းသုံးၿပီး အပင္ေတြကို ၾကည့္မယ္ဆိုရင္ အဲ့အပင္ေတြရဲ႕ နာမည္၊ ဘာအသုံး၀င္လဲ၊ ဆိုးက်ိဳးေပးသလား၊ ေကာင္းက်ိဳးေပးသလားဆိုတာ၊ သိလာလိမ့္မယ္။ သတိုးေရာက္တဲ့ ကမၻာတိုင္းက အပင္ေတြမွာ လွ်ို႔ဝွက္ခ်က္ဆိုတာ ရွိေတာ့မွာမဟုတ္ဘူး။ ဒီစြမ္းအားက သိပ္ၿပီး အသုံးမ၀င္သလို ထင္ရေပမယ့္ အေရးႀကဳံလာတဲ့အခါ သိလာပါလိမ့္မယ္။"

သတိုးက ဘာမွထပ္မေျပာေတာ့ဘဲ ေခါင္းကိုသာ ညိတ္ျပၿပီး သူဖန္တီးထားတဲ့ ပန္းအိုးထဲမွာ စိုက္ဖို႔ပန္းပင္ကို ေ႐ြးခ်ယ္ေနတယ္။ ခဏၾကာ စဥ္းစားၿပီးေတာ့ စံပယ္ပန္းစိုက္ဖို႔ေ႐ြးခ်ယ္လိုက္တယ္။ ဂ်ပန္က ရာသီဥတုက ေအးစက္ၿပီး ႏြေဆို ပူတာမို႔ စံပယ္ပန္းရဲ႕ ပူအိုက္စိုစြတ္တဲ့ ရာသီဥတုမွာ ရွင္သန္တဲ့ သဘာ၀နဲ႕ဆိုရင္ ရွင္ဖို႔မျဖစ္နိုင္ပါဘူး။ သတိုးကလည္း အဲ့တာကို သိေပမယ့္ မရွင္ဘူးဆိုရင္ သူ႕ေသြးကို သုံးၿပီးေတာ့ ရွင္ေအာင္စိုက္ဖို႔ကို ေတြးထားတယ္။ ဒါေပမယ့္ ပန္းအိုးထဲကို လက္ထည့္ၿပီး စံပယ္ပန္းပုံစံကိုေတြးကာ သစ္ပင္စြမ္းအားသုံးလိုက္႐ုံနဲ႕တင္ စံပယ္ပန္းက ထြက္လာၿပီး အကိုင္းေတြက ၀ရံတာကို ရစ္ပတ္ကာ ႀကီးထြားလာၾကတယ္။

သတိုးစိတ္ကူးထဲကအတိုင္း ၀ရံတာမှာတင် ႀကီးထြားမႈကို ရပ္ၿပီး တစ္အိမ္လုံး ဆက္လက္မျပန့္ႏွံ႕ေတာ့ဘဲ အဖူးေတြသာထြက္လာေတာ့တယ္။ တျဖည္းျဖည္းနဲ႕ ညေနေတာင္ ေရာက္လာၿပီမို႔ စံပယ္ပန္းထုံးစံအရ မနက္ပိုင္းမွသာ ပန္းေတြ ပြင့္လာပါေတာ့မယ္။ သတိုးလဲ ၀ရံတာမှာ ရပ္ေနရင္း ေရွ႕ဆက္ဘာလုပ္ရမလဲ ေတြးေတာေနေလရဲ႕။

" Keki Chan, ညစာစားဖို႔ အခ်ိန္ေရာက္ၿပီေနာ္။ ေအာက္ကိုလာၿပီး ထမင္းစားေတာ့မလား။ Yuki Kun လဲ ေစာင့္ေနတယ္။ စကားေျပာစရာေတြလဲ ရွိတယ္တဲ့။ "

"Hai, သိပါၿပီ အထိန္းေတာ္ႀကီး။ လာခဲ့ၿပီလို႔ေျပာေပးပါ။ "

Keki ေရအျမန္ခ်ိဳးၿပီး ထမင္းစားဖို႔ ေအာက္ထပ္ကို ဆင္းလာခဲ့ေတာ့တယ္။ ထမင္းစားခန္းထဲ၀င္လိုက္ေတာ့ Yuki က ထမင္းစားပြဲေရွ႕မွာ ေစာင့္ေနတာကို ေတြ႕လိုက္ရတယ္။

" Yuki Kun ေစာင့္ေနတာ ၾကာသြားၿပီလား။ ေရခ်ိဳးေနလို႔ နည္းနည္းၾကာသြားတယ္။ ေျပာစရာရွိတယ္ဆိုလို႔ အေရးႀကီးကိစၥမ်ားရွိလို႔လား။ "

" အရမ္းႀကီး အေရးႀကီးတာေတာ့ မဟုတ္ပါဘူး။ ထမင္းစားရင္းနဲ႕ ေျပာလို႔ရပါတယ္။ " Keki လည္း ေခါင္းညိတ္ျပလိုက္ၿပီး ထမင္းစစားေတာ့တယ္။ Yuki လည္း စားရင္းနဲ႕ နည္းနည္းၾကာေတာ့ စကားစေျပာလာေတာ့တယ္။

" Keki လည္း သိတဲ့အတိုင္းဘဲ။ အခုစာခ်ဳပ္ခ်ဳပ္ထားတဲ့ ကုမၸဏီက စည္းကမ္းအရမ္းတင္းၾကပ္တယ္။ Keki သာ တစ္ပတ္အတြင္း ျပန္မေကာင္းေသးဘူးဆိုရင္ Keki ရဲ႕ေနရာကို တျခားသူနဲ႕ အစားထိုးလိုက္ေတာ့မယ္တဲ့။ Keki ေကာ ဘယ္လိုထင္လဲ ဒဏ္ရာေတာ့မရွိေတာ့ဘူးဆိုေပမယ့္ နားခ်င္ေသးတယ္မလား။ Kekiရဲ႕ အေျခအေနနဲ႕ဆို ဒါကို လက္လြတ္ၿပီး တျခားဇာတ္လမ္းမွာ အဓိက သ႐ုပ္ေဆာင္မင္းသားေတာင္လုပ္လို႔ရတယ္ေလ။ အခုရိုက္မယ့္ "ႏြေရာသီေက်ာင္းပိတ္ရက္ဖူးစာ " ဇာတ္လမ္းကလည္း အရမ္းနာမည္ႀကီးေနတာ မဟုတ္ဘူးေလ။ ဒုတိယ မင္းသားေနရာဘဲ ရထားတာဆိုေတာ့ ပြဲဦးထြက္ ဇာတ္လမ္းက အေျခအေနမေကာင္းရင္ နမိတ္မေကာင္းလို႔ ေရွ႕ဆက္နာမည္ မႀကီးဘဲ ေနလိမ့္မွာစိုးလို႔ပါ။ "

" Yuki kun ေျပာတာကို ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ ပရိတ္သတ္ေတြကို ကြၽန္ေတာ္ အရမ္းခ်မ္းသာတဲ့အေၾကာင္းလည္းမသိေစခ်င္ေသးဘူး။ ပိုက္ဆံအားကိုးနဲ႕ နာမည္ႀကီးလာတယ္လို႔လည္း အေျပာမခံခ်င္ဘူးရယ္။ က်ေနာ့္ကို အထင္တေသးဆက္ဆံတဲ့ အဲ့ကုမၸဏီ ဥကၠဌကိုလည္း ကြၽန္ေတာ္ အရည္အခ်င္းဘယ္ေလာက္ရွိလည္း ဆိုတာ ျပခ်င္ေသးတယ္။ ဒဏ္ရာကို မစိုးရိမ္ပါနဲ႕၊ တစ္ကယ္လုံး၀ေပ်ာက္သြားပါၿပီဆို။ Yuki kunလည္း ကြၽန္ေတာ့္ကို ယုံယုံၾကည္ၾကည္နဲ႕ ေစာင့္ၾကည့္ၿပီး ကူညီေပးပါ။ "

Keki ရဲ႕ မ်က္၀န္းက အစိမ္းေရာင္ေတာက္ပေနၿပီး ယုံၾကည္ခ်က္အျပည့္ရွိတာကို Yuki ျမင္ေနရတယ္။ ဒီေကာင္ေလးဟာ မိဘေတြမရွိေတာ့ကတည္းက သူနဲ႕ Kosuke ႏွစ္ေယာက္ရဲ႕ ေစာင့္ေရွာက္မႈေတြေအာက္ကေန သတၱိရွိရွိနဲ႕ ႀကီးျပင္းလာခဲ့ၿပီဘဲ။ သူဘာလုပ္လုပ္မတားခဲ့တာကလည္း Keki ဆုံးျဖတ္သမွ်ေတြဟာ အမွားအယြင္းေတာ္ေတာ္နည္းခဲ့လို႔အျပင္ သူဟာ သူ႕အလုပ္ကို စိတ္၀င္စားၿပီး မိဘအေမြကို စိတ္မ၀င္စားဘဲ သူ႕ဝါသနာပါရာ သီခ်င္းဆိုတဲ့ Idol အလုပ္ကိုေတာင္ ကိုယ့္အားကိုယ္ကိုးၿပီး ႀကိဳးစားခဲ့တာမို႔ပါ။ Yuki အေနနဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ခ်နိဳင္တာကေတာ့ Keki ဘာလုပ္လုပ္ လမ္းမွားမေရာက္သေ႐ြ႕ အားေပးဖို႔ရယ္၊ အကိုတစ္ေယာက္လို လိုအပ္တာေတြကို ျဖည့္ဆည္းေပးဖို႔ရယ္ပါ။ အမ်ားအျမင္မွာသာ မန္ေနဂ်ာဆိုေပမယ့္ ညီအကို သံေယာဇဥ္ေၾကာင့္ ညီေလးတစ္ေယာက္လို အစစအရာရာ ၾကည့္ရႈေစာင့္ေရွာက္ေပးရမွာ သူ႕တာ၀န္ဘဲ မဟုတ္ပါလား။

_________________________________________
3:04 P. M.
12.4.2023
Wednesday

https://www.facebook.com/aye.c.shain?mibextid=ZbWKwL

ဒါကေတာ့ က်ေနာ့္ FB acc ပါဗ်။ update ၾကာေနရင္ျဖစ္ျဖစ္၊ လာေျပာလို႔ လာဆူလို႔ရပါတယ္။ မီလည္း ဆက္ေရးဖို႔ moti ေလးေတြလိုေနလို႔ပါဗ်ာ။ wp accကို follow ထားတဲ့ screen shot ေလးလာျပရင္ acc လာအပ္လိုက္ပါ့မယ္။

Continue Reading

You'll Also Like

14K 303 19
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
Re:Cursed By

Adventure

53.5K 1.8K 22
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
599K 20.1K 84
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
19.3K 369 23
Idk first story so please be nice