Enchanted

By YaungChi0703

2.1K 181 31

A normal guy falling in love with an enchanted guy More

*1
*3
*4
*5

*2

318 43 0
By YaungChi0703

Unicode ver

နေထိုင်လာခဲ့သည့် သက်တမ်း
၂၂နှစ်တစ်လျှောက်လုံး
အခုလိုနောက်ကျောမလုံတာမျိုး
သူတစ်ခါမှမခံစားရဖူးခဲ့

အခုဟာက ခြံထဲကရေကပြင်မှာ
သူရေချိုးနေတာ။
ဘောင်းဘီတိုလေးဝတ်လို့
ရေကို တဗွမ်းဗွမ်းနဲ့ခပ်ချိုးနေပေမယ့်
သူ့ကို တစ်စုံတစ်ယောက်က
စိုက်ကြည့်နေသလိုခံစားနေရတာမို့
ရေချိုးတာကို
မြန်မြန်လတ်စသတ်လိုက်ရသည်။

နောက်ရက်များမှာလည်း
နောက်ကျောမလုံသည့်ခံစားချက်မျိုး
သူအမြဲလိုလိုခံစားနေရသည်။
တစ်ယောက်တည်းရှိနေပေမယ့်
သူ့ကိုတစ်ယောက်ယောက်က
စောင့်ကြည့်နေသလိုမျိုး
သူခံစားမိနေသည်။

တစ်ပတ်ဆိုသည့်အချိန်ဟာ
အကုန်မြန်လွန်းခဲ့သည်။
အခုလည်း တစ်ပတ်စာ
အသားနဲ့အသီးအရွက်တွေဝယ်ဖို့
သူတစ်ဦးတည်းသာ
ထွက်လာခဲ့လိုက်သည်။

ပန်းချီပစ္စည်းတွေကိုတော့
ပါးကလှမ်းပို့ပေးလိမ့်မည်။

ခြံထဲက ကားဆီရောက်တော့
ပထမတစ်ခါကလိုအနေအထားနှင့်ပင်
မိန့်မိန့်ကြီးထိုင်နေတဲ့ဟိုတစ်ယောက်။

"ဘယ်လိုဟာလဲ
မေတ္တာကိုမရှိဘူး
ငါက သူ့ဒရိုင်ဘာကျလို့"

ရိပေါ်က
ခပ်တိုးတိုးလေးပြောလိုက်ပေမယ့်
ကားနောက်ခန်းမှာထိုင်နေတဲ့
ထိုအရာဟာ ပျောက်သွားပြီး
သူ့ဘေးနားမှာ ပြန်ပေါ်လာသည်။

ပြီးတော့ သူ့နားရွက်နားကပ်ကာ
မတိုးမကျယ်ပြောလာတာက

"ကိုယ့်ကိုမြင်နေရတာလား"တဲ့

သူဘာမှပြန်မပြောနိုင်။
ဘာပြောရမယ်လည်းမသိ။

"ကိုယ်မင်းကို
တမင်နှောက်ယှက်နေတာ
မဟုတ်ရပါဘူး
ဒီအိမ်ဒီခြံကြီးထဲပဲ
နေရတာကြာလာတော့
ငြီးငွေ့လာလို့ အပြင်သွားတဲ့
မင်းနဲ့ ကပ်လိုက်မိတာပါ
မင်းကိုလည်း
ခြောက်လှန့်ချင်စိတ်
ကိုယ့်မှာလုံးဝမရှိရိုးအမှန်ပါကွာ"

မျက်နှာငယ်လေးဖြင့်ပြောလာသည့်
စကားအဆုံး
ရိပေါ် နည်းနည်းလေးတော့
သနားသွားမိသည်။

နေပါဦး အခုသူက
သရဲကိုသနားမိနေတာလား

"ခင်ဗျားက ဘာလဲ
သရဲလား လူလား တန်ခိုးရှင်လား
ကျွန်တော်ကရော ဘာလို့
ခင်ဗျားကို မြင်နေရတာလဲ
ကျန်တဲ့သူတွေကရော
ခင်ဗျားကိုဘာလို့မမြင်ရတာလဲ
ခင်ဗျားကရော
ဘာလိုချင်လို့ ကျွန်တော့်အနားမှာ
ရှိနေတာလဲ"

"ဟိုး ဟိုး နေပါဦး
မေးခွန်းတွေကလည်းများလိုက်တာကွာ
ကိုယ်ဘယ်ကစဖြေရမယ်မှန်းတောင်
မသိတော့ဘူး"

ထိုသူက ရယ်သွမ်းသွေးလျက်
ပြောသည့် စကားအဆုံးမှာ
ရိပေါ် နှုတ်ခမ်းကိုဆူ
မျက်မှောင်ကိုကုတ်လိုက်မိသည်။
အခုသူက သရဲကိုပါ
စိတ်ကောက်နေမိတာလား။

"ကဲပါ မင်းသွားမယ့်နေရာကို
အရင်သွားကြတာပေါ့
သွားရင်းနဲ့ ကိုယ်ဖြေးဖြေးချင်း
ပြောပြမယ်"

ရိပေါ်လည်း ဘာမှအထွန့်မတက်ဘဲ
မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။

သူ့ဘေးက seat မှာ
ထိုလူက မပြောမဆိုနဲ့
ဖျတ်ခနဲပေါ်လာပြန်သည်။

ရိပေါ်ကိုယ်လေးတုန်တက်သွားပြီး

"ခင်ဗျားအကြောင်းတွေ
ကျွန်တော့်ကိုမပြောပြခင်
အဲ့လိုကြီး ဖျတ်ခနဲပေါ်ပေါ်လာတတ်တာကြီးကို အရင်ပြင်သင့်တယ်ထင်တယ်
ကျွန်တော်လန့်လို့သေတော့မယ်ဗျ"

သူရင်ဘတ်လေးကို အသာဖိလျက်
ငြူငြူဆူဆူပြောတော့
ထိုသူက ရယ်ကျဲကျဲနှင့်

"ဒါတော့ကိုယ်က
တန်ခိုးသုံးနေကျဆိုတော့
အကျင့်ပါနေတာလေ
နောက်ဆိုလမ်းပဲလျှောက်ပါ့မယ်"

ကားလေးမှာ ခြံဝင်းထဲမှ
တရှိန်ထိုးထွက်လို့လာသည်။

'ပြောပြတော့လေ ခင်ဗျားအကြောင်း'

"မလောပါနဲ့ ကိုယ်ပြောပြမှာပါ"

ရိပေါ်စိတ်ထဲက ပြောတာကို
သူကကြားနေရပြန်တာလား။

ဒါဆို ရိပေါ်အရင်က
သူ့ကိုမြင်နေရတာလည်း
သူသိနေမှာပေါ့။
အရင်တစ်ခါစျေးဝယ်ထွက်တုန်းကလည်း
ရိပေါ်အကျပ်ရိုက်နေတာကိုကြည့်ပြီး
ကြိတ်ရယ်နေမှာပေါ့။
မကောင်းတဲ့လူ အဲလေ သရဲ။

"ဟေ့ ဟေ့ ကိုယ့်ကိုကြိတ်ပြီး
ကျိန်ဆဲမနေနဲ့နော်
ကိုယ်အကုန်ကြားနေရတယ်"

ရိပေါ် ဘာမှပြန်မပြောမိတော့။
ထိုအမြင်ကပ်စရာကောင်းလှသော
သရဲကသာ စကားတွေကို
ကရားရေလွှတ် တတွတ်တွတ်ပြောနေသည်။ သရဲလို့သာ ပြောရတာ
ချောတာတော့ တော်တော်ချောသား။

ရှောင်းကျန့်မျက်နှာကြီးက
ပြုံးဖြီးလာသည်။
အခုကလေးငယ်က သူ့ကို
အရမ်းကြီးကြောက်မနေတဲ့အပြင်
ထင်မြင်ချက်ကောင်းတွေပါပေးနေတယ်လေ။

'အင်း ချောပေမယ့်
မျက်နှာကလည်းတော်တော်ရူးတာ
ဘယ်လိုမျက်နှာရူးသရဲလဲမသိ'

ရှောင်းကျန့်မျက်နှာက
အစွန့်ပစ်ခံခွေးပေါက်လေးလို
ညှိုးငယ်သွားရသည်။
မျက်နှာရူးတဲ့လားကွာ။

"ကိုယ့်အကြောင်းကိုပြောရရင်
မင်းတော့ နှပ်ညှစ်ဖို့ပုဝါကြိုရှာထားရမယ်ထင်တယ်
အရမ်းငိုရလို့လေ"

ရိပေါ်နားရွက်ကလေးကထောင်လို့သွားသည်။ ကလေးငယ်စိတ်ဝင်စားလာတာမြင်တော့ ရှောင်းကျန့်ကြိတ်ပြုံးလိုက်ပြီး စကားစကိုဆက်သည်။

"ကိုယ်က လွန်ခဲ့တဲ့နှစ်သုံးရာ
၁၉၇၀ ဝန်းကျင်လောက်က
ဒီမြို့ရဲ့ မြို့အုပ်မင်းဖြစ်ခဲ့ဖူးတယ်။
ရှောင်းကျန့်ဆိုတဲ့အမည်နဲ့ပေါ့။
ငယ်ငယ်ရွယ်ရွယ်နဲ့
မြို့အုပ်ရာထူးရခဲ့တာက ကိုယ့်အရည်အချင်းကြောင့်လည်းပါတယ်
ကိုယ့်အဖေကြောင့်လည်းပါတယ်
အဲ့တုန်းက ကိုယ့်အဖေက
မြို့တော်ဝန်လေ
တစ်နေ့မှာ ကိုယ်ရွာတစ်ရွာကို
အလုပ်ကိစ္စနဲ့ရောက်ခဲ့တယ်
ပြီးတော့ ရွာသူကြီးရဲ့သားငယ်လေးနဲ့
ချစ်ကျွမ်းဝင်ခဲ့မိတယ်"

ရွာသူကြီးရဲ့သားဆိုတဲ့နေရာမှာ
ရှောင်းကျန့်က စကားကိုခဏရပ်လို့
ကလေးငယ်ကို အကဲခတ်သည်။
မနှစ်မြို့ဟန်၊ အလိုမကျဟန်မရှိမှ
သူကစကားကိုဆက်သည်။

"အစက ကိုယ်အဲ့ဒီ့ရွာလေးမှာ
ကြာနေတာကို အဖေကဘာမှမပြောခဲ့ဘူး နောက်ပိုင်းကျမှ ဘယ်ကဘယ်လိုသိသွားခဲ့တယ်မသိ၊ ကိုယ့်ကိုမြို့ကိုပြန်ခေါ်ပြီး တခြားမြို့စားမင်းရဲ့သမီးနဲ့
အတင်းအကျပ်လတ်ဆတ်ခိုင်းခဲ့တယ်"

Martကိုရောက်ပြီမို့
စကားစကပြတ်သွားသည်။

ရိပေါ်ကဆက်ပြောပါလည်း မပြော
မပြောပါနဲ့လို့လည်း မပြော
အသားတွေ လတ်၊မလတ်၊
အရွက်တွေ လန်း၊မလန်းကိုသာ
အာရုံရောက်နေတာမို့
ရှောင်းကျန့်ဘာမှဆက်မပြောဖြစ်တော့။

အရင်တုန်းက အကြောင်းတွေများ
ပြန်မှတ်မိသွားခဲ့ရင် မင်းကိုယ့်ကို
တူးတူးခါးခါး မုန်းလေမလား
အချစ်ရယ်။
မတတ်သာလို့ လုပ်ခဲ့ရတာတွေပါ။
အချစ်ကိုထိခိုက်စေဖို့ရာ
ကိုယ်မရည်ရွယ်ခဲ့ရိုးအမှန်ပါကွာ။

ချစ်သည်းရဲ့ အဲ့ဒီ့ပုံစံလေးကို
မြင်လိုက်ရတဲ့အချိန်မှာ
ကိုယ်လည်းလေ
ရင်ထဲမှာနာကျင်ရလွန်းလို့
ကိုယ့်ကိုကိုယ်...။

Martကနေပြန်လာတဲ့
လမ်းတစ်လျှောက်လုံး
ဘာစကားမှမဆိုဘဲ
ငြိမ်သက်စွာပါလာသူကို
ရိပေါ် ဘယ်ကစကားစရမယ်မသိ။

ကြည့်ရတာ အတိတ်ရဲ့
နာကျင်စရာအပိုင်းအစတွေကိုများ
ပြန်ပြောင်းအောက်မေ့သွားလို့လား။

"ရှောင်းကျန့်"

"အင်း"

"ခင်ဗျားကို အဲ့လိုပဲခေါ်တော့မယ်"

အပြန်လမ်းက တိတ်ဆိတ်လို့နေသည်။
အတိတ်တွင်ပိတ်မိသွားသော
ရှောင်းကျန့်၏ နှလုံးသားဟာ
အစိတ်စိတ်အမြွှာမြွှာကွဲကြေလျက်။

အစကသာ သူကြိုသိခဲ့ရင်
ချစ်သည်းအပေါ်တွင်
အချစ်နှောင်ကြိုးများ
သွယ်တန်းရက်ခဲ့မည်မဟုတ်ပါချေ။

  ********************

အတိတ်ကာလ

"အားမောင်း နွားတွေကို
သေချာ အစာကျွေးထား
ငါတို့ ညနေစောင်းကျရင်
မြို့အုပ်မင်းကို သွားကြိုရမှာ
လှည်းကိုလည်း သေချာလေး
တိုက်ချွတ်ဆေးကြောထားဦး"

"အကုန် လုပ်ပြီးပါဗျာ
အကိုလေးသာ ရေမိုးချိုးထား"

ရိပေါ်တို့ရွာကလေးကို
မြို့အုပ်မင်းလာမယ်ဆိုတာကြောင့်
သွားကြိုဖို့ရာပြင်ဆင်နေကြခြင်း။

လုံမပျိုတို့ရေခပ်ဆင်းကြသော
ချိန်ညနေစောင်းကလေးတွင်
ရိပေါ်နှင့်အားမောင်းတို့
လှည်းတွင် နွားတစ်ရှဥ်းတပ်ကာ
ချုံချင်းမြို့အုပ်မင်းကိုကြိုရန်
ထွက်လာခဲ့ကြသည်။

သတင်းတွေကြားရသလောက်ကတော့
ချုံချင်းမြို့အုပ်မင်းက
ငယ်ငယ်လေးတဲ့။
အဲ အသက်ငယ်ပေမယ့်
အသက်ကလေးနဲ့မလိုက်အောင်
တည်ကြည်ပြီး ခန့်ညားသတဲ့။
စကားကိုလိုမှပြောတတ်ပြီး
အ နေသည်ထင်ရလောက်အောင်ပင်
စကားနည်းလွန်းလှသည်တဲ့။
ဒါဆို ရိပေါ်နှင့်ဘယ်လိုစခန်းသွားရပါ့။
ရိပေါ်က အဲ့လိုမတုန်မလှုပ်
တုံဏှိဘာဝေနေတာမျိုးကို မကြိုက်။
ကိုယ်တိုင်ကလည်း သွက်သွက်လက်လက်နှင့် သာလိကာလေးလို
စကားများလှသည်မို့ အိမ်ကလူများက
ဝမ်သာလိကာလေးလို့ပင် စနောက်တတ်ကြသည်။

အင်း ပါးအမိန့်နဲ့ မြို့အုပ်မင်းကို
ရွာအနှံ့လိုက်ပြ ရွာအခြေအနေကို
အစီအရင်ခံရမယ့်တာဝန်ကို
သူကယူထားရပြီ ဆိုတော့
ကျောက်ရုပ်ကြီးကို
စကားပြောနေရသလိုသာ
ဖြစ်ဦးတော့မည်။

ရွာအဝင်ဝတွင်
သန့်သန်ံ့ပြန့်ပြန့်ရုပ်ရည်နှင့်
suitcaseကို လက်တစ်ဖက်ကကိုင်ကာ
ရပ်နေသူတစ်ဦးရှိသည်။
ဘေးတွင် ခရီးဆောင်အိတ်တစ်လုံးလည်း ရှိသည်။
ရပ်နေရင်း လက်ကနာရီကိုလည်း
တကြည့်ကြည့်။

မြို့အုပ်မင်းဆိုသူပဲ ဖြစ်ရပေမည်။
ရိပေါ်လှည်းပေါ်မှ လက်လှမ်းကာ
ဝှေ့ရမ်းပြလိုက်သည်။ ထိုလူက
သူ့ကိုတစ်ချက်ကြည့်လို့
အသိအမှတ်ပြုရုံ ခေါင်းလေးတစ်ချက်သာငြိမ့်ပြ၏။ ရိပေါ်စိတ်ထဲမျက်ခနဲ
ဖြစ်သွား၏။
အလကား ဘဝင်ရူးမြို့အုပ်မင်း။

ခရီးဆောင်အိတ်ကို အားမောင်းက
လှည်းပေါ်တင်လိုက်သည်။
သူကတော့ ခပ်ခွာခွာပဲနေလိုက်တယ်။
အင်းလေ သူ့တာဝန်ကလာကြိုဖို့ပဲဟာကို ပစ္စည်းသယ်ဖို့မှမဟုတ်တာ။

"အလုံးလေး"

"ဘာ"

"ကိုယ့်ခြေထောက်နာနေလို့
လာတွဲပေးပါလား
ခြေခေါက်လဲထားတာ
အရမ်းနာနေတာရယ်"

ဘယ်လိုလူလဲ။
အခုမှစတွေ့တာကို
လူကိုများအလုံးလေးတဲ့။
သူ့ရဲ့ဘယ်နေရာကများလုံးနေလို့လဲ။

ရိပေါ် ပက်ခနဲ ပြန်ပြောလိုက်ချင်သော်လည်း ကိုယ့်ထက်ရာထူးကြီးနေတာမို့ စကားလုံးတို့ကိုပြန်မြိုချရင်း
ထိုလူကို ကူတွဲလိုက်ရသည်။

သူ့အရပ်အရှည်ကြီးကိုမှ အားမနာ
လူကိုအတင်းမှီနွဲ့နေတာမို့
ကိုယ်ကသူ့ရင်ခွင်ထဲရောက်လုနီးပါး။

မတော်မလျော်မြင်ကွင်းကိုကြည့်ရင်း
အားမောင်းက ကြိတ်ရယ်နေသည်။

ခိုးရယ်ပါတယ်ဆိုမှ ခွိခနဲ
အသံကထွက်သွားသေးတာမို့
အကိုလေး ရိပေါ်က
မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်လာတာမို့
မျက်နှာပိုးအမြန်သတ်လိုက်ရသည်။
သို့သော် ရယ်ချင်စိတ်ကမပျောက်သေး။
ပါးစပ်ကိုလက်ဝါးနှင့်အုပ်လို့
ကြိတ်ရယ်မိပြန်သည်။

မြို့အုပ်မင်းငယ်ငယ်လေးကတော့
ဒေါသနဲ့နီရဲနေတဲ့ အလုံးလေးကို
ချစ်စနိုးဖြင့် ကြည့်မဝ၊ငေးမဝ။
ဒီကောင်လေးကို
စိတ်တိုအောင်စရတာကို
သူပျော်သည်။

လှည်းပေါ်မှာ မြို့အုပ်မင်းကိုတင်လို့
ရိပေါ်တို့ရဲ့လှည်းလေးဟာ
ရွာလယ်လမ်းတစ်လျှောက်
ချူသံတစ်ချွင်ချွင်နှင့်။

ရိပေါ်ကတော့ ပုံမှန်လျော့နေကျ
မျက်နှာကြောကို သိသိသာသာကို
တင်းထားလိုက်သည်။
သူဒီမြို့အုပ်မင်းကို သဘောမကျဘူး။

"အလုံးလေး"

"မြို့အုပ်မင်းခင်ဗျ
ကျုပ်နာမည် ဝမ်ရိပေါ်ပါခင်ဗျ
မြို့အုပ်မင်းခေါ်သလို
ဘယ်နေရာကမှလည်း
လုံးမနေပါဘူးခင်ဗျ"

ရှောင်းကျန့်စိတ်ထဲမှာကြိတ်ရယ်မိသည်။ စတာကိုစမှန်းမသိ။
အတည်ကြီးစိတ်ဆိုးနေလိုက်တာ။
ပက်ခနဲပြန်ပြောတာလေးကလည်း
စိတ်ဆိုးနေတာနဲ့မတူဘဲ
ချစ်သူကိုစိတ်ကောက်နေတာနဲ့တောင်
တူနေသေး။ တကယ်ဘာလေးလဲကွာ။

"ကျွန်တော်က စလိုက်တာပါ
ခင်ဗျ ခင်ဗျနဲ့လည်း
တရိုတသေကြီးပြောစရာမလိုပါဘူး
ကျွန်တော့်အသက်က အခုမှ ၁၉နှစ်ရှိသေးတာ ဒီက ဝမ်ရိပေါ်နဲ့ကျွန်တော်က
ရွယ်တူလောက်ပဲ ဖြစ်မယ်ထင်တယ်
ပေါ့ပေါ့ပါးပါး
ရှောင်းကျန့်လို့ပဲခေါ်ပေါ့"

"ဒါဆိုရင်တော့ မြို့အုပ်မင်းထင်တာ
မှားသွားပြီခင်ဗျ ကျွန်တော်က
ပြီးခဲ့တဲ့လကတင်
၂၅နှစ်ပြည့်ထားတာပါ"

ရှောင်းကျန့် မျက်ခုံးပင့်မိသည်။
ဒီအလုံးလေးကို သူ့ထက်ကြီးမယ်လို့
သူလုံးဝထင်မထား။
ဖြူဖြူလုံးလုံးလေးနဲ့
ချစ်စရာလေးမို့
သူ့ထက်တောင်ငယ်မယ်ထင်နေတာ။
အခုတော့ ၆နှစ်တောင်ကွာနေတာပဲ။

"မြို့အုပ်မင်းဆိုတာကြီးက
နားထဲမှာတောင့်တောင့်ကြီး
ဖြစ်နေတယ်ဗျ
အရမ်းကြီး ရိုသေနေရသလိုပဲ
မြို့အုပ်မင်းမဟုတ်ဘဲ
တခြားဟာ တစ်ခုခုခေါ်ကြည့်ပါလား
ကျွန်တော့်နာမည်ဖြစ်ဖြစ်"

သူ့ထက် ၆နှစ်ငယ်တဲ့ ကောင်လေးကို
သူလည်းတရိုတသေမဆက်ဆံချင်ပါဘူး။ ဒါပေမယ့်
အရွဲ့ကလည်းတိုက်ချင်သေးတော့ကာ။

"ဒါဆို မြို့အုပ်မင်းရှောင်းကျန့်လို့ပဲ
ခေါ်ပါ့မယ်ခင်ဗျ"

ရိပေါ်က နည်းနည်းလေးရွဲ့လိုက်ပေမယ့်
ရှောင်းကျန့်ပြန်ပြောလိုက်တဲ့စကားကြောင့်
အားမောင်းမှာ အောက်မေးရိုးပြုတ်ကျသွားရသလို ရိပေါ်မှာလည်း
နေရာမှာတင် ကြက်သေသေနေတော့သည်။

ရှောင်းကျန့်ပြောလိုက်တဲ့စကားက

"မြို့အုပ်မင်းရှောင်းကျန့်ဆိုတာက
၅လုံးကြီးများတောင် ရှည်လွန်းတယ်
တစ်လုံးတည်း မောင်လို့ခေါ်ပါလား
ကိုယ့်ရဲ့ချစ်သည်း" တဲ့။

2319words
2032023
1:30pm

မီလည်းအကုန်မသိဘူး
ဝက်ကလေးကလည်းမသိဘူး
ယူတို့သိချင်
ရှောင်းကျန့်ကိုကို့ကိုသွားမေးကြချေ

Zawgyi ver

ေနထိုင္လာခဲ့သည့္ သက္တမ္း
၂၂ႏွစ္တစ္ေလွ်ာက္လုံး
အခုလိုေနာက္ေက်ာမလုံတာမ်ိဳး
သူတစ္ခါမွမခံစားရဖူးခဲ့

အခုဟာက ၿခံထဲကေရကျပင္မွာ
သူေရခ်ိဳးေနတာ။
ေဘာင္းဘီတိုေလးဝတ္လို႔
ေရကို တဗြမ္းဗြမ္းနဲ႕ခပ္ခ်ိဳးေနေပမယ့္
သူ႕ကို တစ္စုံတစ္ေယာက္က
စိုက္ၾကည့္ေနသလိုခံစားေနရတာမို႔
ေရခ်ိဳးတာကို
ျမန္ျမန္လတ္စသတ္လိုက္ရသည္။

ေနာက္ရက္မ်ားမွာလည္း
ေနာက္ေက်ာမလုံသည့္ခံစားခ်က္မ်ိဳး
သူအၿမဲလိုလိုခံစားေနရသည္။
တစ္ေယာက္တည္းရွိေနေပမယ့္
သူ႕ကိုတစ္ေယာက္ေယာက္က
ေစာင့္ၾကည့္ေနသလိုမ်ိဳး
သူခံစားမိေနသည္။

တစ္ပတ္ဆိုသည့္အခ်ိန္ဟာ
အကုန္ျမန္လြန္းခဲ့သည္။
အခုလည္း တစ္ပတ္စာ
အသားနဲ႕အသီးအ႐ြက္ေတြဝယ္ဖို႔
သူတစ္ဦးတည္းသာ
ထြက္လာခဲ့လိုက္သည္။

ပန္းခ်ီပစၥည္းေတြကိုေတာ့
ပါးကလွမ္းပို႔ေပးလိမ့္မည္။

ၿခံထဲက ကားဆီေရာက္ေတာ့
ပထမတစ္ခါကလိုအေနအထားႏွင့္ပင္
မိန့္မိန့္ႀကီးထိုင္ေနတဲ့ဟိုတစ္ေယာက္။

"ဘယ္လိုဟာလဲ
ေမတၱာကိုမရွိဘူး
ငါက သူ႕ဒရိုင္ဘာက်လိဳ႕"

ရိေပၚက
ခပ္တိုးတိုးေလးေျပာလိုက္ေပမယ့္
ကားေနာက္ခန္းမွာထိုင္ေနတဲ့
ထိုအရာဟာ ေပ်ာက္သြားၿပီး
သူ႕ေဘးနားမွာ ျပန္ေပၚလာသည္။

ၿပီးေတာ့ သူ႕နား႐ြက္နားကပ္ကာ
မတိုးမက်ယ္ေျပာလာတာက

"ကိုယ့္ကိုျမင္ေနရတာလား"တဲ့

သူဘာမွျပန္မေျပာနိုင္။
ဘာေျပာရမယ္လည္းမသိ။

"ကိုယ္မင္းကို
တမင္ႏွောက္ယွက္ေနတာ
မဟုတ္ရပါဘူး
ဒီအိမ္ဒီၿခံႀကီးထဲပဲ
ေနရတာၾကာလာေတာ့
ၿငီးေငြ႕လာလို႔ အျပင္သြားတဲ့
မင္းနဲ႕ ကပ္လိုက္မိတာပါ
မင္းကိုလည္း
ေျခာက္လွန့္ခ်င္စိတ္
ကိုယ့္မွာလုံးဝမရွိရိုးအမွန္ပါကြာ"

မ်က္ႏွာငယ္ေလးျဖင့္ေျပာလာသည့္
စကားအဆုံး
ရိေပၚ နည္းနည္းေလးေတာ့
သနားသြားမိသည္။

ေနပါဦး အခုသူက
သရဲကိုသနားမိေနတာလား

"ခင္ဗ်ားက ဘာလဲ
သရဲလား လူလား တန္ခိုးရွင္လား
ကြၽန္ေတာ္ကေရာ ဘာလို႔
ခင္ဗ်ားကို ျမင္ေနရတာလဲ
က်န္တဲ့သူေတြကေရာ
ခင္ဗ်ားကိုဘာလို႔မျမင္ရတာလဲ
ခင္ဗ်ားကေရာ
ဘာလိုခ်င္လို႔ ကြၽန္ေတာ့္အနားမွာ
ရွိေနတာလဲ"

"ဟိုး ဟိုး ေနပါဦး
ေမးခြန္းေတြကလည္းမ်ားလိုက္တာကြာ
ကိုယ္ဘယ္ကစေျဖရမယ္မွန္းေတာင္
မသိေတာ့ဘူး"

ထိုသူက ရယ္သြမ္းေသြးလ်က္
ေျပာသည့္ စကားအဆုံးမွာ
ရိေပၚ ႏႈတ္ခမ္းကိုဆူ
မ်က္ေမွာင္ကိုကုတ္လိုက္မိသည္။
အခုသူက သရဲကိုပါ
စိတ္ေကာက္ေနမိတာလား။

"ကဲပါ မင္းသြားမယ့္ေနရာကို
အရင္သြားၾကတာေပါ့
သြားရင္းနဲ႕ ကိုယ္ေျဖးေျဖးခ်င္း
ေျပာျပမယ္"

ရိေပၚလည္း ဘာမွအထြန့္မတက္ဘဲ
ေမာင္းသူေနရာမွာ ဝင္ထိုင္လိုက္သည္။

သူ႕ေဘးက seat မွာ
ထိုလူက မေျပာမဆိုနဲ႕
ဖ်တ္ခနဲေပၚလာျပန္သည္။

ရိေပၚကိုယ္ေလးတုန္တက္သြားၿပီး

"ခင္ဗ်ားအေၾကာင္းေတြ
ကြၽန္ေတာ့္ကိုမေျပာျပခင္
အဲ့လိုႀကီး ဖ်တ္ခနဲေပၚေပၚလာတတ္တာႀကီးကို အရင္ျပင္သင့္တယ္ထင္တယ္
ကြၽန္ေတာ္လန့္လို႔ေသေတာ့မယ္ဗ်"

သူရင္ဘတ္ေလးကို အသာဖိလ်က္
ျငဴျငဴဆူဆူေျပာေတာ့
ထိုသူက ရယ္က်ဲက်ဲႏွင့္

"ဒါေတာ့ကိုယ္က
တန္ခိုးသုံးေနက်ဆိဳေတာ့
အက်င့္ပါေနတာေလ
ေနာက္ဆိုလမ္းပဲေလွ်ာက္ပါ့မယ္"

ကားေလးမွာ ၿခံဝင္းထဲမွ
တရွိန္ထိုးထြက္လို႔လာသည္။

'ေျပာျပေတာ့ေလ ခင္ဗ်ားအေၾကာင္း'

"မေလာပါနဲ႕ ကိုယ္ေျပာျပမွာပါ"

ရိေပၚစိတ္ထဲက ေျပာတာကို
သူကၾကားေနရျပန္တာလား။

ဒါဆို ရိေပၚအရင္က
သူ႕ကိုျမင္ေနရတာလည္း
သူသိေနမွာေပါ့။
အရင္တစ္ခါေစ်းဝယ္ထြက္တုန္းကလည္း
ရိေပၚအက်ပ္ရိုက္ေနတာကိုၾကည့္ၿပီး
ႀကိတ္ရယ္ေနမွာေပါ့။
မေကာင္းတဲ့လူ အဲေလ သရဲ။

"ေဟ့ ေဟ့ ကိုယ့္ကိုႀကိတ္ၿပီး
က်ိန္ဆဲမေနနဲ႕ေနာ္
ကိုယ္အကုန္ၾကားေနရတယ္"

ရိေပၚ ဘာမွျပန္မေျပာမိေတာ့။
ထိုအျမင္ကပ္စရာေကာင္းလွေသာ
သရဲကသာ စကားေတြကို
ကရားေရလႊတ္ တတြတ္တြတ္ေျပာေနသည္။ သရဲလို႔သာ ေျပာရတာ
ေခ်ာတာေတာ့ ေတာ္ေတာ္ေခ်ာသား။

ေရွာင္းက်န့္မ်က္ႏွာႀကီးက
ၿပဳံးၿဖီးလာသည္။
အခုကေလးငယ္က သူ႕ကို
အရမ္းႀကီးေၾကာက္မေနတဲ့အျပင္
ထင္ျမင္ခ်က္ေကာင္းေတြပါေပးေနတယ္ေလ။

'အင္း ေခ်ာေပမယ့္
မ်က္ႏွာကလည္းေတာ္ေတာ္႐ူးတာ
ဘယ္လိုမ်က္ႏွာ႐ူးသရဲလဲမသိ'

ေရွာင္းက်န့္မ်က္ႏွာက
အစြန့္ပစ္ခံေခြးေပါက္ေလးလို
ညွိုးငယ္သြားရသည္။
မ်က္ႏွာ႐ူးတဲ့လားကြာ။

"ကိုယ့္အေၾကာင္းကိုေျပာရရင္
မင္းေတာ့ ႏွပ္ညွစ္ဖို႔ပုဝါႀကိဳရွာထားရမယ္ထင္တယ္
အရမ္းငိုရလို႔ေလ"

ရိေပၚနား႐ြက္ကေလးကေထာင္လို႔သြားသည္။ ကေလးငယ္စိတ္ဝင္စားလာတာျမင္ေတာ့ ေရွာင္းက်န့္ႀကိတ္ၿပဳံးလိုက္ၿပီး စကားစကိုဆက္သည္။

"ကိုယ္က လြန္ခဲ့တဲ့ႏွစ္သုံးရာ
၁၉၇၀ ဝန္းက်င္ေလာက္က
ဒီၿမိဳ႕ရဲ႕ ၿမိဳ႕အုပ္မင္းျဖစ္ခဲ့ဖူးတယ္။
ေရွာင္းက်န့္ဆိုတဲ့အမည္နဲ႕ေပါ့။
ငယ္ငယ္႐ြယ္႐ြယ္နဲ႕
ၿမိဳ႕အုပ္ရာထူးရခဲ့တာက ကိုယ့္အရည္အခ်င္းေၾကာင့္လည္းပါတယ္
ကိုယ့္အေဖေၾကာင့္လည္းပါတယ္
အဲ့တုန္းက ကိုယ့္အေဖက
ၿမိဳ႕ေတာ္ဝန္ေလ
တစ္ေန႕မွာ ကိုယ္႐ြာတစ္႐ြာကို
အလုပ္ကိစၥနဲ႕ေရာက္ခဲ့တယ္
ၿပီးေတာ့ ႐ြာသူႀကီးရဲ႕သားငယ္ေလးနဲ႕
ခ်စ္ကြၽမ္းဝင္ခဲ့မိတယ္"

႐ြာသူႀကီးရဲ႕သားဆိုတဲ့ေနရာမွာ
ေရွာင္းက်န့္က စကားကိုခဏရပ္လို႔
ကေလးငယ္ကို အကဲခတ္သည္။
မႏွစ္ၿမိဳ႕ဟန္၊ အလိုမက်ဟန္မရွိမွ
သူကစကားကိုဆက္သည္။

"အစက ကိုယ္အဲ့ဒီ့႐ြာေလးမွာ
ၾကာေနတာကို အေဖကဘာမွမေျပာခဲ့ဘူး ေနာက္ပိုင္းက်မွ ဘယ္ကဘယ္လိုသိသြားခဲ့တယ္မသိ၊ ကိုယ့္ကိုၿမိဳ႕ကိုျပန္ေခၚၿပီး တျခားၿမိဳ႕စားမင္းရဲ႕သမီးနဲ႕
အတင္းအက်ပ္လတ္ဆတ္ခိုင္းခဲ့တယ္"

Martကိုေရာက္ၿပီမို႔
စကားစကျပတ္သြားသည္။

ရိေပၚကဆက္ေျပာပါလည္း မေျပာ
မေျပာပါနဲ႕လို႔လည္း မေျပာ
အသားေတြ လတ္၊မလတ္၊
အ႐ြက္ေတြ လန္း၊မလန္းကိုသာ
အာ႐ုံေရာက္ေနတာမို႔
ေရွာင္းက်န့္ဘာမွဆက္မေျပာျဖစ္ေတာ့။

အရင္တုန္းက အေၾကာင္းေတြမ်ား
ျပန္မွတ္မိသြားခဲ့ရင္ မင္းကိုယ့္ကို
တူးတူးခါးခါး မုန္းေလမလား
အခ်စ္ရယ္။
မတတ္သာလို႔ လုပ္ခဲ့ရတာေတြပါ။
အခ်စ္ကိုထိခိုက္ေစဖို႔ရာ
ကိုယ္မရည္႐ြယ္ခဲ့ရိုးအမွန္ပါကြာ။

ခ်စ္သည္းရဲ႕ အဲ့ဒီ့ပုံစံေလးကို
ျမင္လိုက္ရတဲ့အခ်ိန္မွာ
ကိုယ္လည္းေလ
ရင္ထဲမွာနာက်င္ရလြန္းလို႔
ကိုယ့္ကိုကိုယ္...။

Martကေနျပန္လာတဲ့
လမ္းတစ္ေလွ်ာက္လုံး
ဘာစကားမွမဆိုဘဲ
ၿငိမ္သက္စြာပါလာသူကို
ရိေပၚ ဘယ္ကစကားစရမယ္မသိ။

ၾကည့္ရတာ အတိတ္ရဲ႕
နာက်င္စရာအပိုင္းအစေတြကိုမ်ား
ျပန္ေျပာင္းေအာက္ေမ့သြားလို႔လား။

"ေရွာင္းက်န့္"

"အင္း"

"ခင္ဗ်ားကို အဲ့လိုပဲေခၚေတာ့မယ္"

အျပန္လမ္းက တိတ္ဆိတ္လို႔ေနသည္။
အတိတ္တြင္ပိတ္မိသြားေသာ
ေရွာင္းက်န့္၏ ႏွလုံးသားဟာ
အစိတ္စိတ္အႁမႊာႁမႊာကြဲေၾကလ်က္။

အစကသာ သူႀကိဳသိခဲ့ရင္
ခ်စ္သည္းအေပၚတြင္
အခ်စ္ႏွောင္ႀကိဳးမ်ား
သြယ္တန္းရက္ခဲ့မည္မဟုတ္ပါေခ်။

  ********************

အတိတ္ကာလ

"အားေမာင္း ႏြားေတြကို
ေသခ်ာ အစာေကြၽးထား
ငါတို႔ ညေနေစာင္းက်ရင္
ၿမိဳ႕အုပ္မင္းကို သြားႀကိဳရမွာ
လွည္းကိုလည္း ေသခ်ာေလး
တိုက္ခြၽတ္ေဆးေၾကာထားဦး"

"အကုန္ လုပ္ၿပီးပါဗ်ာ
အကိုေလးသာ ေရမိုးခ်ိဳးထား"

ရိေပၚတို႔႐ြာကေလးကို
ၿမိဳ႕အုပ္မင္းလာမယ္ဆိုတာေၾကာင့္
သြားႀကိဳဖို႔ရာျပင္ဆင္ေနၾကျခင္း။

လုံမပ်ိဳတို႔ေရခပ္ဆင္းၾကေသာ
ခ်ိန္ညေနေစာင္းကေလးတြင္
ရိေပၚႏွင့္အားေမာင္းတို႔
လွည္းတြင္ ႏြားတစ္ရွဥ္းတပ္ကာ
ခ်ဳံခ်င္းၿမိဳ႕အုပ္မင္းကိုႀကိဳရန္
ထြက္လာခဲ့ၾကသည္။

သတင္းေတြၾကားရသေလာက္ကေတာ့
ခ်ဳံခ်င္းၿမိဳ႕အုပ္မင္းက
ငယ္ငယ္ေလးတဲ့။
အဲ အသက္ငယ္ေပမယ့္
အသက္ကေလးနဲ႕မလိုက္ေအာင္
တည္ၾကည္ၿပီး ခန့္ညားသတဲ့။
စကားကိုလိုမွေျပာတတ္ၿပီး
အ ေနသည္ထင္ရေလာက္ေအာင္ပင္
စကားနည္းလြန္းလွသည္တဲ့။
ဒါဆို ရိေပၚႏွင့္ဘယ္လိုစခန္းသြားရပါ့။
ရိေပၚက အဲ့လိုမတုန္မလႈပ္
တုံဏွိဘာေဝေနတာမ်ိဳးကို မႀကိဳက္။
ကိုယ္တိုင္ကလည္း သြက္သြက္လက္လက္ႏွင့္ သာလိကာေလးလို
စကားမ်ားလွသည္မို႔ အိမ္ကလူမ်ားက
ဝမ္သာလိကာေလးလို႔ပင္ စေနာက္တတ္ၾကသည္။

အင္း ပါးအမိန့္နဲ႕ ၿမိဳ႕အုပ္မင္းကို
႐ြာအႏွံ႕လိုက္ျပ ႐ြာအေျခအေနကို
အစီအရင္ခံရမယ့္တာဝန္ကို
သူကယူထားရၿပီ ဆိုေတာ့
ေက်ာက္႐ုပ္ႀကီးကို
စကားေျပာေနရသလိုသာ
ျဖစ္ဦးေတာ့မည္။

႐ြာအဝင္ဝတြင္
သန့္သန္ံ့ျပန့္ျပန့္႐ုပ္ရည္ႏွင့္
suitcaseကို လက္တစ္ဖက္ကကိုင္ကာ
ရပ္ေနသူတစ္ဦးရွိသည္။
ေဘးတြင္ ခရီးေဆာင္အိတ္တစ္လုံးလည္း ရွိသည္။
ရပ္ေနရင္း လက္ကနာရီကိုလည္း
တၾကည့္ၾကည့္။

ၿမိဳ႕အုပ္မင္းဆိုသူပဲ ျဖစ္ရေပမည္။
ရိေပၚလွည္းေပၚမွ လက္လွမ္းကာ
ေဝွ႕ရမ္းျပလိုက္သည္။ ထိုလူက
သူ႕ကိုတစ္ခ်က္ၾကည့္လို႔
အသိအမွတ္ျပဳ႐ုံ ေခါင္းေလးတစ္ခ်က္သာၿငိမ့္ျပ၏။ ရိေပၚစိတ္ထဲမ်က္ခနဲ
ျဖစ္သြား၏။
အလကား ဘဝင္႐ူးၿမိဳ႕အုပ္မင္း။

ခရီးေဆာင္အိတ္ကို အားေမာင္းက
လွည္းေပၚတင္လိုက္သည္။
သူကေတာ့ ခပ္ခြာခြာပဲေနလိုက္တယ္။
အင္းေလ သူ႕တာဝန္ကလာႀကိဳဖို႔ပဲဟာကို ပစၥည္းသယ္ဖို႔မွမဟုတ္တာ။

"အလုံးေလး"

"ဘာ"

"ကိုယ့္ေျခေထာက္နာေနလို႔
လာတြဲေပးပါလား
ေျခေခါက္လဲထားတာ
အရမ္းနာေနတာရယ္"

ဘယ္လိုလူလဲ။
အခုမွစေတြ႕တာကို
လူကိုမ်ားအလုံးေလးတဲ့။
သူ႕ရဲ႕ဘယ္ေနရာကမ်ားလုံးေနလို႔လဲ။

ရိေပၚ ပက္ခနဲ ျပန္ေျပာလိုက္ခ်င္ေသာ္လည္း ကိုယ့္ထက္ရာထူးႀကီးေနတာမို႔ စကားလုံးတို႔ကိုျပန္ၿမိဳခ်ရင္း
ထိုလူကို ကူတြဲလိုက္ရသည္။

သူ႕အရပ္အရွည္ႀကီးကိုမွ အားမနာ
လူကိုအတင္းမွီႏြဲ႕ေနတာမို႔
ကိုယ္ကသူ႕ရင္ခြင္ထဲေရာက္လုနီးပါး။

မေတာ္မေလ်ာ္ျမင္ကြင္းကိုၾကည့္ရင္း
အားေမာင္းက ႀကိတ္ရယ္ေနသည္။

ခိုးရယ္ပါတယ္ဆိုမွ ခြိခနဲ
အသံကထြက္သြားေသးတာမို႔
အကိုေလး ရိေပၚက
မ်က္လုံးစိမ္းႀကီးေတြနဲ႕ၾကည့္လာတာမို႔
မ်က္ႏွာပိုးအျမန္သတ္လိုက္ရသည္။
သို႔ေသာ္ ရယ္ခ်င္စိတ္ကမေပ်ာက္ေသး။
ပါးစပ္ကိုလက္ဝါးႏွင့္အုပ္လို႔
ႀကိတ္ရယ္မိျပန္သည္။

ၿမိဳ႕အုပ္မင္းငယ္ငယ္ေလးကေတာ့
ေဒါသနဲ႕နီရဲေနတဲ့ အလုံးေလးကို
ခ်စ္စနိုးျဖင့္ ၾကည့္မဝ၊ေငးမဝ။
ဒီေကာင္ေလးကို
စိတ္တိုေအာင္စရတာကို
သူေပ်ာ္သည္။

လွည္းေပၚမွာ ၿမိဳ႕အုပ္မင္းကိုတင္လို႔
ရိေပၚတို႔ရဲ႕လွည္းေလးဟာ
႐ြာလယ္လမ္းတစ္ေလွ်ာက္
ခ်ဴသံတစ္ခြၽင္ခြၽင္ႏွင့္။

ရိေပၚကေတာ့ ပုံမွန္ေလ်ာ့ေနက်
မ်က္ႏွာေၾကာကို သိသိသာသာကို
တင္းထားလိုက္သည္။
သူဒီၿမိဳ႕အုပ္မင္းကို သေဘာမက်ဘဴး။

"အလုံးေလး"

"ၿမိဳ႕အုပ္မင္းခင္ဗ်
က်ဳပ္နာမည္ ဝမ္ရိေပၚပါခင္ဗ်
ၿမိဳ႕အုပ္မင္းေခၚသလို
ဘယ္ေနရာကမွလည္း
လုံးမေနပါဘူးခင္ဗ်"

ေရွာင္းက်န့္စိတ္ထဲမွာႀကိတ္ရယ္မိသည္။ စတာကိုစမွန္းမသိ။
အတည္ႀကီးစိတ္ဆိုးေနလိုက္တာ။
ပက္ခနဲျပန္ေျပာတာေလးကလည္း
စိတ္ဆိုးေနတာနဲ႕မတူဘဲ
ခ်စ္သူကိုစိတ္ေကာက္ေနတာနဲ႕ေတာင္
တူေနေသး။ တကယ္ဘာေလးလဲကြာ။

"ကြၽန္ေတာ္က စလိုက္တာပါ
ခင္ဗ် ခင္ဗ်နဲ႕လည္း
တရိုတေသႀကီးေျပာစရာမလိုပါဘူး
ကြၽန္ေတာ့္အသက္က အခုမွ ၁၉ႏွစ္ရွိေသးတာ ဒီက ဝမ္ရိေပၚနဲ႕ကြၽန္ေတာ္က
႐ြယ္တူေလာက္ပဲ ျဖစ္မယ္ထင္တယ္
ေပါ့ေပါ့ပါးပါး
ေရွာင္းက်န့္လို႔ပဲေခၚေပါ့"

"ဒါဆိုရင္ေတာ့ ၿမိဳ႕အုပ္မင္းထင္တာ
မွားသြားၿပီခင္ဗ် ကြၽန္ေတာ္က
ၿပီးခဲ့တဲ့လကတင္
၂၅ႏွစ္ျပည့္ထားတာပါ"

ေရွာင္းက်န့္ မ်က္ခုံးပင့္မိသည္။
ဒီအလုံးေလးကို သူ႕ထက္ႀကီးမယ္လို႔
သူလုံးဝထင္မထား။
ျဖဴျဖဴလုံးလုံးေလးနဲ႕
ခ်စ္စရာေလးမို႔
သူ႕ထက္ေတာင္ငယ္မယ္ထင္ေနတာ။
အခုေတာ့ ၆ႏွစ္ေတာင္ကြာေနတာပဲ။

"ၿမိဳ႕အုပ္မင္းဆိုတာႀကီးက
နားထဲမွာေတာင့္ေတာင့္ႀကီး
ျဖစ္ေနတယ္ဗ်
အရမ္းႀကီး ရိုေသေနရသလိုပဲ
ၿမိဳ႕အုပ္မင္းမဟုတ္ဘဲ
တျခားဟာ တစ္ခုခုေခၚၾကည့္ပါလား
ကြၽန္ေတာ့္နာမည္ျဖစ္ျဖစ္"

သူ႕ထက္ ၆ႏွစ္ငယ္တဲ့ ေကာင္ေလးကို
သူလည္းတရိုတေသမဆက္ဆံခ်င္ပါဘူး။ ဒါေပမယ့္
အ႐ြဲ႕ကလည္းတိုက္ခ်င္ေသးေတာ့ကာ။

"ဒါဆို ၿမိဳ႕အုပ္မင္းေရွာင္းက်န့္လို႔ပဲ
ေခၚပါ့မယ္ခင္ဗ်"

ရိေပၚက နည္းနည္းေလး႐ြဲ႕လိုက္ေပမယ့္
ေရွာင္းက်န့္ျပန္ေျပာလိုက္တဲ့စကားေၾကာင့္
အားေမာင္းမွာ ေအာက္ေမးရိုးျပဳတ္က်သြားရသလို ရိေပၚမွာလည္း
ေနရာမွာတင္ ၾကက္ေသေသေနေတာ့သည္။

ေရွာင္းက်န့္ေျပာလိုက္တဲ့စကားက

"ၿမိဳ႕အုပ္မင္းေရွာင္းက်န့္ဆိုတာက
၅လုံးႀကီးမ်ားေတာင္ ရွည္လြန္းတယ္
တစ္လုံးတည္း ေမာင္လို႔ေခၚပါလား
ကိုယ့္ရဲ႕ခ်စ္သည္း" တဲ့။

2319words
2032023
1:30pm

မီလည္းအကုန္မသိဘူး
ဝက္ကေလးကလည္းမသိဘူး
ယူတို႔သိခ်င္
ေရွာင္းက်န့္ကိုကို႔ကိုသြားေမးၾကေခ်

Continue Reading

You'll Also Like

109K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 20K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...