*5

328 19 4
                                    

Unicode

​ပြတ်တောင်းပြတ်တောင်း
ပုံရိပ်တွေကြောင့်
နားထင်စပ်နားက ဆစ်ခနဲ ဖြစ်သွားခဲ့သည်။

ဝိုးတဝါးပုံရိပ်ယောင်တွေကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း အမြင်အာရုံတွေဝေဝါးလာတာ ဘာလို့များလဲ။

ပါးပြင်ပေါ်ကို အရည်နွေးနွေးတွေစီးကျနေတာကို သတိထားမိခြင်းနဲ့အတူ
အိပ်ယာထက်ကနေ
ဆတ်ခနဲထထိုင်မိတဲ့တခဏ။

"ဟူးးးးး"

လေကိုတဝရှူသွင်းလိုက်ရင်း
စာကြည့်စားပွဲပေါ်က ရေဘူးကိုယူလို့
မော့သောက်လိုက်မှ မွန်းကြပ်နေတာတွေက သက်သာသွားသလိုလို။

သည်တစ်ခါမက်တဲ့အိမ်မက်ထဲမှာ
သူ့အသက်ရှူသံတွေ
ရပ်သွားခဲ့သည်တဲ့။

ငိုရှိုက်သံသဲ့သဲ့ကြား သူရုန်းထလာဖို့ကြိုးစားခဲ့ပေမယ့် ထလို့မရခဲ့ဘူး။

အဲဒီယောကျာ်းရဲ့မျက်ရည်တွေ...

သူ့ရင်ကို အစိမ်းလိုက်ခွဲနေသလိုပဲ
နာကျင်စေတယ်။

"Ting Ting"

"သား ပါးသားကို
အရေးတကြီးပြောစရာရှိတယ်သား
မနက်မိုးလင်းအားချင်းပဲ
အမြန်ပြန်လာခဲ့ပါ သား"

ပါးဆီမှ messageက တိုတိုတုတ်တုတ်။
အင်း..ကြည့်ရတာ
သူပုန်း​ရှောင်နေတာတွေကို
ထိပ်တိုက်ရင်ဆိုင်ဖို့
အချိန်ကျလာခဲ့ပြီထင်ပါရဲ့။

**********************

"အဟင်း မပူပါနဲ့ အကိုရဲ့
အကို့ရဲ့ စည်းစိမ်တွေအားလုံးကို
လီလီကကောင်းကောင်းကြီး
ထိန်းသိမ်းပေးထားမှာပေါ့
တမလွန်ကို စိတ်ချလက်ချသွားနော် အကို"

ကုတင်ပေါ်မှာ စန့်စန့်ကြီးလှဲလျောင်းနေတဲ့ အကို့ကိုကြည့်ရင်း လီလီကခြောက်ကပ်ကပ်ရယ်လိုက်တယ်။

အကိုရဲ့ စည်းစိမ်တွေကိုမက်မောတဲ့အတွက် အကို့ကိုဆေးခတ်ပြီး
အရယူခဲ့မိပေမယ့် အဲဒီနောက်ပိုင်း
အကို့ဆီမှာ ဘယ်လောက်တောင်နစ်ဝင်သွားခဲ့တယ်ဆိုတာ
ကိုယ့်ကိုကိုယ်အသိဆုံး။

သားဖြစ်သူကို ပိုင်ဆိုင်သမျှရဲ့ လေးပုံထဲက သုံးပုံလွှဲပေးမယ်ဆိုလို့သာ သူမ မဖြစ်မနေအခုလိုလုပ်ခဲ့ရတာ။

You've reached the end of published parts.

⏰ Last updated: Sep 04, 2023 ⏰

Add this story to your Library to get notified about new parts!

EnchantedWhere stories live. Discover now