Enchanted

By YaungChi0703

2.1K 181 31

A normal guy falling in love with an enchanted guy More

*2
*3
*4
*5

*1

862 44 0
By YaungChi0703

Unicode ver

မြို့မျက်နှာဖုံးတွေ၏
ဓာတ်ပုံများနှင့်တကွ
ကိုယ်ရေးရာဇဝင်များပါ
ပူးတွဲပါရှိသော
အယ်လ်ဘမ်တစ်ခု။

လုလုသည်
စိတ်ဝင်တစား လှန်လှောဖတ်ရှူနေရင်း
တစ်နေရာအရောက် သူမ၏မျက်လုံးတို့က ခန့်ညားသောအမျိုးသားထံ
ကျောက်ချမိရက်သား။
နတ်သားရှုံးအောင် ချောရက်ပါသော
အမျိုးသား၏ အမည်နာမသည်
ဘယ်သူပါလဲ။ အသက်ကရော။
သူမ ဤအမျိုးသားနှင့်
ရင်းနှီးလိုပါသည်။

သူမသည် ပါးရှိရာစာဖတ်ခန်းထဲ
သွားလိုက်ရင်း
အယ်လ်ဘမ်ရဲ့တစ်နေရာကို
လက်ညှိုးညွှန်လို့

"ပါး သူကဘယ်သူလဲဟင်
သမီးသူနဲ့ ရင်းနှီးခွင့်ရချင်တယ်
ကူညီပေးပါနော် ပါး"

ရွှေကိုင်းမျက်မှန်နှင့်အမျိုးသားကြီးသည် သူမညွှန်ပြရာနေရာကို
မျက်မှောင်ကုတ်လို့ ကြည့်လိုက်သည်။
သို့သော် အယ်လ်ဘမ်အရွက်အလွတ်တစ်ခုမှလွဲ၍ သူဘာမှမတွေ့။

"သမီးမျက်စိမှောက်တာနေမှာပါ
ဒါကအလွတ်ကြီးပါကွဲ့"

"မဟုတ်ဘူး ပါးရဲ့
သမီးစောစောက သေချာတွေ့လိုက်ပါတယ် အခုမှဘယ်ကဘယ်လို
ပျောက်သွားရတာပါလိမ့်"

သူမ ဆံနွယ်တွေကြားထဲ
လက်ထည့်၍ ထိုးဖွလိုက်သော်လည်း
ရှုပ်ထွေးနေသော စိတ်နှလုံးဟာ
အကောင်းပကတိပြန်ဖြစ်မလာခဲ့။
**********************
ချုံချင်းမြို့အစွန်တစ်နေရာ၌

"ဟောက်ရွှမ်း မင်းပစ္စည်းတွေ စုံပြီလား"

"စုံတယ် ရိပေါ် မင်းသာမေ့တတ်လွန်းလို့"

Express ကားလေးတစ်စီးသည်
အိမ်အိုကြီးရှေ့ ထိုးရပ်လာပြီး
အထဲမှ ရိပေါ်၊ဟောက်ရွှမ်း၊ကျိရန်၊
ကျန်းချန် လူငယ်လေးဦးဆင်းလာကြသည်။
သူတို့လေးဦးစလုံးမှာ သူဌေးသားလေးများဖြစ်သော်လည်း ဝါသနာပါရာအလုပ်ကိုလုပ်ကိုင်ဖို့ရာ အေးချမ်းတိတ်ဆိတ်သောနေရာကို အလိုရှိတာမို့
ဒီခြံကြီးကို စပ်တူဝယ်ကာ ပြောင်းလာခဲ့ကြခြင်း။
ရိပေါ်က ပန်းချီ၊
ဟောက်ရွှမ်းက တေးရေးတေးဆို၊
ကျိရန်က ကဗျာအနုအယွ၊
ကျန်းချန်က စာပေအရေးအသားစသဖြင့်
ဝါသနာကိုယ်စီရှိကြသည်။

ခြံကြီးမှာ လူမနေတာကြာပြီမို့ထင်
ချုံနွယ်ပိတ်ပေါင်းတို့က ထူထူထဲထဲ။
သူတို့လေးဦး အတော်ပင်ခုတ်ထွင်ရှင်းလင်းယူလိုက်ရသည်။

အိမ်ကြီးမှာလည်း ဖုန်အလိမ်းလိမ်းနှင့်။
သူတို့ အချိန်အတော်ကြာသန့်ရှင်းရေး
လုပ်လိုက်ကြရသည်။

အားလုံးရှင်းလင်းပြီးစီးတော့
မိုးတောင်ချုပ်နေလေပြီ။
စားစရာဆိုလို့ ပါလာတဲ့
ခေါက်ဆွဲခြောက်သာရှိသည်။
လျှပ်စစ်မီးကမရှိ။

ခုတ်ထွင်ထားတဲ့
သစ်ကိုင်းတွေနဲ့
မီးပျိုးလိုက်ပြီး
ခေါက်ဆွဲပြုတ်နဲ့ဗိုက်ဖြည့်ပြီး
အိပ်ယာဝင်ဖို့ပြင်လိုက်ကြသည်။

ပထမဆုံးညမို့
စုအိပ်ဖို့ရာ သဘောတူလိုက်ကြပြီး
အပေါ်ထပ်အခန်းကျယ်ကြီးထဲ
လေးယောက်သားပြားအိပ်လိုက်ကြတော့တယ်။

ညသန်းခေါင်အချိန်မှာ
ရိပေါ်တစ်ယောက်ချွေးစေးတွေပြန်ပြီး
နိုးလာခဲ့တယ်။
ပါးစပ်ကလည်း ကယောင်ကတမ်းနဲ့
"မောင် ငါ့ကိုထားမသွားပါနဲ့"လို့
အော်ပြောနေမိတယ်။

အိမ်မက်ထဲမှာ သူ့ချစ်သူက
သူ့ကိုထားသွားတယ်။
သူငိုယိုပြီးတောင်းပန်တာတောင်
တစ်စက်ကလေးမှ လှည့်မကြည့်ခဲ့ဘူးတဲ့။
ထူးဆန်းတာက အိမ်မက်ကနေနိုးထလာတာတောင် သူ့ရင်ထဲမှာ နာကျင်ပြီး
ကျန်နေခဲ့တာပဲ။ ပြီးတော့ အိမ်မက်ထဲကသူ့ချစ်သူက ယောကျာ်းကြီးတဲ့။
ဘယ်လောက် ဂွကျတဲ့အိမ်မက်လဲ =_=

အရေးထဲ ဗိုက်ထဲကတရစ်ရစ်နဲ့။
အိမ်သာက သွားမှရတော့မယ့်အခြေအနေ။
ကျန်တဲ့သုံးကောင်ကိုကြည့်လိုက်တော့
အိပ်နေလိုက်တာများသိုးလို့။
မတတ်နိုင်။
တစ်ယောက်တည်းပဲသွားရတော့မှာပဲ။
သူတို့လည်း ပင်ပန်းထားကြတာပဲလေ။
အိပ်ပါစေ။

"ဖျပ်..ဖျပ်..ဖျပ်"

"ကျွီ..."

"ရှပ်..ရှပ်..ရှပ်"

သူတွေးနေတုန်း
ပြတင်းတံခါးတွေက
လေမတိုက်ဘဲ လှုပ်ခတ်​နေတာ
တဖျပ်ဖျပ်နှင့်။
အိမ်တံခါးမကြီးကလည်း
တကျွီကျွီမြည်သံပေးနေသေးသည်။
ကြားနေရတဲ့ ခြေသံပိုင်ရှင်ကရော
ဘယ်သူပါလဲ။

သူတံတွေးကို အသာမျိုချရင်း
အိမ်သာရှိရာလှမ်းကြည့်မိတော့
အိမ်မကြီးနဲ့
အနည်းငယ်လှမ်းနေသည်။
လျှပ်စစ်မီးကမရှိ။
ကိစ္စက ထိပ်ဝရောက်နေပြီ။
မှောင်ထဲမည်းထဲပဲ
အရဲစွန့် သွားရတော့မည်။

လက်တစ်ဖက်မှာ ဓာတ်မီး၊
နောက်တစ်ဖက်မှာ ကိုင်ထားရင်း
မျက်စိတို့က ကျီးကန်းတောင်းမှောက်ဖြင့်
အိမ်သာရှိရာ သူတရွေ့ရွေ့သွားနေသည်။

ကိစ္စပြီးလို့ အိမ်သာထဲကပြန်ထွက်တဲ့အထိ
ဘာမှထူးခြားတာမတွေ့ရ။
ရိပေါ် သက်ပြင်းတချက်ရှိုက်လိုက်ရင်း
အိမ်မကြီးဆီ ပြန်သွားသည်။

သွားနေရင်း ကျီးကြည့်ကြောင်ကြည့်ကြည့်​နေမိတဲ့ သူ့အမြင်အာရုံထဲ ခြံထောင့်က
အရိပ်တစ်ခုကို မြင်လိုက်ရတယ်။

ရှပ်အင်းကျီအပြာနုကို
တံတောင်ဆစ်အထိခေါက်တင်ထားပြီး
စတိုင်ပန်နှင့်ယှဥ်တွဲဝတ်ဆင်ထားသူဟာ
ဘယ်သူများပါလိမ့်။
အရပ်ကရိပေါ်ထက်
နည်းနည်းလေးရှည်မယ့်ပုံ။

ခြံတံခါးသော့ခတ်ထားတာကို
ဝင်လာနိုင်တယ်ဆိုတော့
ဒီလူက သူခိုးလား
ဒါမှမဟုတ် နာနာဘာဝလား။

အကျိုးအကြောင်းမေးစမ်းကြည့်ဖို့ရာ
တဖြေးဖြေးတိုးကပ်သွားလိုက်တော့
ထိုလူက သူ့မျက်စိရှေ့တင်
ဖျတ်ခနဲ ပျောက်လို့သွားတယ်။

ရိပေါ် တခဏတော့ ကြောင်အနေမိတယ်။
စိတ်ထဲမှာ အကြိမ်ကြိမ်အော်မိနေပေမယ့်
ပါးစပ်က အာစေးမိနေသလို
ဘာသံမှထွက်မလာ။

နေရာမှာတင် ငူငူကြီးရပ်နေမိတုန်း
သူ့ဆီကို ဟောက်ရွှမ်းနဲ့ကျိရန်က
အပြေးတပိုင်းရောက်လာပြီး
တစ်ဖက်တစ်ချက်စီကနေဆွဲထူလို့
အိမ်ထဲပြန်ခေါ်လာ​ကြတယ်။

ရိပေါ်မှာ အိမ်ထဲရောက်တဲ့အထိ
စိတ်နဲ့လူနဲ့မကပ်သေး။
ကျန်းချန်ယူလာပေးတဲ့
ဆေးနဲ့ရေကို သောက်လိုက်တော့မှ
နည်းနည်းသက်သာလာသလို။

ကျိရန်က ချွေးတွေရွှဲနေတဲ့ ရိပေါ်ကို
ယပ်ခတ်ပေးနေပြီး
ဟောက်ရွှမ်းက စကားတွေ
တတွတ်တွတ်ပြောနေသည်။

"ငါတရေးနိုးလာတော့
နေရာမှာ မင်းကမရှိဘူး ရိပေါ်
အပေါ့အပါးသွားတာနေမှာပါလေဆိုပြီး
ငါအေးအေးဆေးဆေးပဲနေလိုက်သေးတယ်
နည်းနည်းကြာတဲ့အထိမင်းပြန်မလာတော့
ကျန်တဲ့နှစ်ကောင်ကို နှိုးပြီး
မင်းကို လိုက်ရှာခဲ့တယ်ရိပေါ်
တောင်းပန်ပါတယ် ငါချက်ချင်းရှာခဲ့ရမှာ
မင်းအရမ်းကြောက်သွားခဲ့မှာပဲ ရိပေါ်ရယ်"

ဟောက်ရွှမ်းက မျက်နှာငယ်လေးနှင့်
သူ့ကိုတောင်းပန်လာသည်။
သူတို့လေးယောက်က
လပိုင်းကြီးလပိုင်းငယ်တွေမို့
အသက်ကွာဟချက်သိပ်မရှိပေမယ့်
အငယ်ဆုံးလည်းဖြစ်၊
တစ်ခါတစ်ခါရောဂါကသည်းတတ်သေးတဲ့ရိပေါ်ကို အားလုံးက ညီငယ်လေးတစ်ယောက်လို ဖူးဖူးမှုတ်ဂရုစိုက်ထားတတ်ကြသည်။ အခုလည်း ရိပေါ်တစ်ခုခုဖြစ်ဖို့ရာ
လက်မတင်ကလေးမို့ ဟောက်ရွှမ်းက
စိတ်မကောင်းဖြစ်နေဟန်။

"ရပါတယ် ဟောက်ရွှမ်းရယ်
ငါလည်းဘာမှအကြီးကြီးဖြစ်သွားတာမှ
မဟုတ်ဘဲ
မင်းတို့ကောင်တွေလည်း
ပင်ပန်းထားတာဆိုတော့
ငါလည်းမနှိုးဘဲ
ကိုယ့်ဘာသာသွားလိုက်တာ"

"အဲ့ဒါ အသာထား
ငါသိချင်တာက
ငါတွေ့လိုက်တာ
သူခိုးလား သရဲလားဆိုတာပဲ"

"မင်းစကားကအဆန်းပါလား ရိပေါ်ရ
ဘာကိုတွေ့ခဲ့လို့လဲ"

သူ့စကားကို ဟောက်ရွှမ်းကစိတ်ဝင်စားဟန်ဖြင့် မေးလာသည်။

"ရှပ်အင်းကျီအပြာနုနဲ့
စတိုင်ပန်အနက်ကိုတွဲဝတ်ထားတဲ့လူပဲ
ငါအနားကိုကပ်သွားတော့
တန်းပျောက်သွားတာကွာ
အရပ်ကလည်း ငါ့ထက်နည်းနည်းပဲရှည်မယ် အသားက ရွှေအိုရောင်ကွ၊
ညိုညိုစိုစိုနဲ့
ဆံပင်ကကေတို"

"ဒါဆို ၂၁ရာစုသရဲလားမသိဘူးနော်
ငါကဒီခြံကြီးက အဟောင်းကြီးဆိုတော့
ရှေးခေတ်ကသရဲနဲ့များ တွေ့လာတာလားလို့"

"သရဲဆိုလည်း
တစ်ကိုယ်လုံး အဖြူနဲ့လာမှာပေါ့
သူခိုးဆိုလည်း
အဲ့လောက်ဝတ်စားထားပါ့မလား
ရိပေါ်က နေရာစိမ်းမို့
စိတ်ချောက်ချားပြီး မြင်ချင်ရာမြင်နေတာ
နေမှာပါကွာ"

ကျိရန်က သူ့အမြင်ကိုဝင်ပြောတော့
ရိပေါ်က လက်မခံနိုင်။

"ငါတကယ်မြင်လိုက်တာပါဆိုမှကွာ
နောက်ရက်သူထပ်ပေါ်လာရင်
မင်းတို့ကိုပါခေါ်ပြမယ်

"ကဲ အားလုံးတော်ကြတော့
ရိပေါ်လည်း သရဲဋီကာဖွင့်နေတာရပ်တော့
ငါတို့အားလုံးပင်ပန်းထားကြတာ
အချိန်ရှိတုန်းပြန်အိပ်ကြစို့
မနက်ကျရင်လည်း
အိမ်သုံးပစ္စည်းတွေအလာစောင့်ဖို့
အစောထရဦးမှာကို"

ကျန်းချန်ကဆော်သြတော့မှ
သူတို့စကားဝိုင်းက
အဆုံးသတ်သွားတော့သည်။

ရိပေါ်ကတော့ မွေ့ယာအပါးလေးပေါ်
ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့
အိပ်မရ။ မနိုးခင်က မက်ခဲ့တဲ့အိမ်မက်ကို
စိတ်ထဲမှာ ပြန်ပြီး recall ခေါ်နေမိတယ်။

အိမ်မက်ထဲမှာ ရိပေါ်ကတောရွာသားလေးဖြစ်ဟန်တူသည်။
သစ်ပင်ပန်းမန်များနှင့်စိမ်းညှို့နေသော
ရပ်ဝန်းလေး၊ နှစ်လိုဖွယ်ကောင်းပြီး
ရင်ကိုအေးမြစေတယ်။
ဒါပေမယ့် အဲ့ဒီနေရာမှာပဲ
သူ့ချစ်သူက သူ့ကိုလမ်းခွဲစကားပြောပြီး
ထားခဲ့တယ်။ ကျောခိုင်းသွားသူကို
အနောက်ကနေ သိမ်းကြုံးဖက်လို့
သူအတွင်တွင်တောင်းပန်နေခဲ့တယ်။
ထိုသူကတော့ ဖက်တွယ်ထားတဲ့
သူ့လက်တွေကို ဖြုတ်ချလို့
အမှောင်ထုထဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ ရိပေါ်ရဲ့ဒူးတွေခွေယိုင်ကျသွားခဲ့တယ်။ အင်း အိမ်မက်ဆိုပေမယ့်
တကယ်ဖြစ်နေသလိုပဲ။
သူသာ အိမ်မက်ထဲကလို
တကယ်ကြုံတွေ့လာရရင်
ဘယ်လိုလုပ်ရပါ့မလဲလေ။

********************
မနက်ခင်းရောက်တော့
သူတို့ ရှိတာနဲ့ breakfastစားနေတုန်း
အိမ်သုံးပစ္စည်းအစုံအလင်ပါတဲ့
ကားတစ်စီးခြံရှေ့မှာရောက်နေသည်။
ခရီးမထွက်ခင်ကတည်းက
ဒီခြံလိပ်စာနဲ့ သူတို့မှာထားခဲ့တာလေ။
ဒါကြောင့် အချိန်ကိုက်ရောက်လာတာ။

ပြီးတော့ ရိပေါ်ရဲ့ပါးလှမ်းပို့လိုက်တဲ့
Ferrari ကားအစိမ်းရောင်လေးက
ခြံရှေ့မှာအခန့်သား။

အင်း တစ်ပတ်စာဟင်းချက်စရာတွေ
သွားဝယ်ဦးမှပါပဲ။
မသွားခင် တစ်ယောက်ယောက်ကို
ပြောသွားဦးမှ။
မဟုတ်ရင် ရိပေါ်ကိုလိုက်ရှာနေကြမှာ။

အိမ်ထဲမှာ ဟောက်ရွှမ်းက
လျှပ်စစ်မီးတပ်ဆင်ဖို့ရာ ငှားထားတဲ့
ကောင်လေးနှစ်ယောက်ကို ညွှန်ကြားရေးလုပ်နေသည်။

ကျိရန်က ပန်းကန်ခွက်ယောက်တွေ ဆေးကြောနေသည်။

ကျန်းချန်က အိမ်သုံးပစ္စည်းတွေသယ်မပြီး
နေရာချနေသည်။

"ငါ တစ်ပတ်စာ ဟင်းချက်စရာတွေ
သွားဝယ်လိုက်ဦးမယ် သိလား
နည်းနည်းကြာမှာမို့ လာပြောတာ
မင်းတို့ငါ့ကိုလိုက်ရှာနေကြမှာစိုးလို့"

ကျိရန်နှင့်ဟောက်ရွှမ်းက
ခေါင်းအသာညိတ်ပြသည်။
ကျန်းချန်ကတော့ အဖော်တစ်ယောက်ယောက် ထည့်ပေးလိုက်ချင်ပုံ။ အားတဲ့လူရယ်လို့လည်း မရှိ။
ခဏအကြာမှ ကျန်းချန်က
ခေါင်းညိတ်ပြရင်း

"အကြာကြီး လုပ်မနေနဲ့နော် ရိပေါ်
အများကြီးလည်းဝယ်မနေနဲ့
မင်းသယ်ရမှာ အရမ်းလေးနေမယ်"

"အင်း ဒါဆိုငါသွားပြီနော်"

ရိပေါ် လေလေးတချွန်ချွန်ဖြင့်
ကားလေးရှိရာ တရွေ့ရွေ့လှမ်းလာခဲ့သည်။
ကားနောက်ခန်းထဲမှာ
တွေ့လိုက်ရတဲ့အရာတစ်ခု၊
သူနားအုံနားရင်းတွေကြီးသွားသလို
ခံစားလိုက်ရသည်။
ဒီလူ၊ မနေ့ညက သူတွေ့လိုက်ရတဲ့လူ။

နောက်ခန်းမှာ ခြေချိတ်လို့
အခန့်သားထိုင်နေပုံက
ကိုယ်ကသူ့ဒရိုင်ဘာလိုလို။
စိတ်ထဲမှာ ပွစိပွစိပြောနေမိပေမယ့်
အပြင်မှာတော့ ထိုလူ့ကို 2sec ထက်ပိုလို့
မကြည့်ရဲ။ တော်ကြာ ကိုယ်မြင်နေရတာ
သိသွားလို့ နေ့နေ့ညညလိုက်ကပ်နေရင်
ဘယ်လိုလုပ်မလဲ။

သူဘာမှမဖြစ်သလို မှင်သေသေနှင့်
​အရှေ့ခန်းမောင်းသူနေရာမှ
ဝင်ထိုင်လိုက်သည်။
ဖျတ်ခနဲ ကားနောက်ခန်းကနေပျောက်ပြီး
သူ့ဘေးနားကပ်ရပ်မှာ ပေါ်လာပြန်တဲ့ထိုလူ။

"အားးးး"

စိတ်ထဲမှာ အကြိမ်ကြိမ်အော်ရင်း
ရင်ဘတ်ကိုလက်နဲ့အသာဖိလိုက်ရသည်။
ဘုရား..ဘုရား
ဒီလိုသာကြာကြာနေရင် သူတော့
လန့်လို့သေမှာပဲ။
သူ့ကျမှ ဘာလို့လာမြင်နေရတာလဲ။
ကိုယ်မြင်နေရတာ ဟိုလူကသိသွားရင်လည်း စမုံတုံးဦးမည်။

Martကိုသွားနေတဲ့ လမ်းတစ်လျှောက်လုံး
ဟိုလူက တစ်စက်လေးမှ အငြိမ်မနေ။
သူ မသိတဲ့ သီချင်းတွေကိုညည်းလိုက်
စည်းချက်နဲ့အတူ လှုပ်ယမ်းလိုက်နှင့်။

လက်ဖျောက်တစ်ချက်အတီးမှာ
ထိုလူ့လက်ထဲ မီးညှိပြီးသားစီးကရက်က
အခန့်သားပေါ်လာပြန်သည်။
တန်ခိုးလည်းရှိနေတာလား ဒီလူက။

ရိပေါ်အခုကြုံတွေ့နေရတာတွေကို
ဘယ်လိုခေါင်းစဥ်တပ်ရမလဲမသိတော့။
သရဲခြောက်ခံရတယ်ဆိုရအောင်လည်း
သရဲဆိုရင် ပုံဆိုးပန်းဆိုးဖြစ်နေရမှာ
မဟုတ်ဘူးလား။

မီးခွက်စောင့်တဲ့ genie ဖြစ်ရအောင်လည်း သူအခုထိဘယ်မီးခွက်ကိုမှမပွတ်ရသေး။

Martကိုရောက်လာတော့
သူ့အတွေးစတွေ တိကနဲ ပြတ်သွားသည်။
ကားပေါ်ကဆင်းလို့
Martထဲအဝင်မှာ ဟိုလူက
ဘေးမှာပေါ်လာပြန်သည်။
အင်း လန့်ရလွန်းလို့
နည်းနည်းတောင်အကျင့်ဖြစ်ချင်နေပါပြီလေ။

ရိပေါ်က အသားအစုံအလင်၊
အရွက်တစ်ချို့နဲ့ snack၊ juiceတွေပါ
ဝယ်လို့ ကောင်တာမှာ ပိုက်ဆံရှင်းလိုက်သည်။ သူအထုပ်သယ်တော့မယ့်အချိန်မှာပဲ ဘေးကကပ်ပါလာတဲ့ ဟိုလူက
လက်ဖျောက်တစ်ချက်တီးလိုက်ပြန်တော့
သူသယ်ရမယ့်ဝန်က ပေါ့ပါးလို့သွားသည်။
အင်း နည်းနည်းတော့လန့်ရပေမယ့်
မဆိုးပါဘူး အလိုက်သိသားပဲ။

ဒီလိုနဲ့ အိမ်ပြန်ရောက်လို့
အထုပ်တွေချမယ်ကြံတော့
ဟိုတစ်ယောက်က လှစ်ခနဲ
ပျောက်သွားပြန်သည်။

စောစောကလိုများ
ဝန်ပေါ့အောင်လုပ်ပေးဦးမလားလို့။
အလိုက်မသိတဲ့ လူ ဟမ့် သရဲ။

ရိပေါ်အိမ်ထဲဝင်သွားတော့
အားလုံးကနေရာတကျ။
တစ်အိမ်လုံးအနှံ့လျှပ်စစ်မီးသီးတွေ၊
မီးဘုတ်ခုံတွေတပ်ဆင်လို့ထားသည်။
ဟောက်ရွှမ်းက ထမင်းစားခန်းထဲက
တပ်ဆင်ရန်ကျန်နေသည့်မီးသီးနှစ်လုံးကို
လက်စသတ်နေသည်။

ကျန်းချန်က ရိပေါ်ဆီကအထုပ်တွေကို
ကူသယ်ပေးသည်။

ကျိရန်က အသားတွေကို
သေချာရေစင်အောင်ဆေး ဆား၊နနွင်းနယ်လို့ ဘူးလေးတွေထဲထည့်ကာ
refrigerator အပေါ်ထပ်အအေးခန်းထဲ
ထားလိုက်သည်။
အရွက်တွေကို သေချာသင်ကာ
ကြွပ်ကြွပ်အိတ်အသန့်တွေထဲထည့်လို့
လေလုံအောင်ထုပ်ပိုးကာ
refrigerator အောက်ထပ်အံထဲ
ထည့်ထားလိုက်သည်။

ကျိရန်က ဟင်းတွေချက်နေတုန်း
ရိပေါ်က ဝင်ကူပေးဖို့လုပ်သည်။
ဟောက်ရွှမ်းက
"ရိပေါ်ရယ် ငြိမ်ငြိမ်လေးသာ
ထိုင်နေစမ်းပါ"ဆိုကာ
သူ့ကိုခုံဆီဆွဲခေါ်လို့ ထိုင်နေစေသည်။

ထမင်းစားခန်းထဲမှာ
လေးယောက်သားအတူနေ့လည်စာစားနေကြရင်း
ကျိရန်ကစကားစသည်။

"ငါလေ ဒီအိမ်ကြီးနဲ့ပက်သက်တဲ့အကြောင်းရေးထားတဲ့စာအုပ်
တွေ့ထားတယ်သိလား
ဒီမလာခင်ကတည်းက ငါဖတ်ပြီးပြီ
ဇာတ်ကြောင်းက ဝမ်းနည်းစရာပါကွာ"

ကျန်းချန်က ထမင်းစားနေရင်း
စကားမပြောနဲ့ဆိုတဲ့ အကြည့်နဲ့
ရှူတည်တည်ကြည့်သည်။
ရိပေါ်နှင့်ဟောက်ရွှမ်းကမေးဆတ်ပြသည်။
ဆက်ပြောဆိုတဲ့သဘော..

"ဒီအိမ်မှာ
အချစ်ကြီးတဲ့သူတစ်ယောက်နေခဲ့ဖူးတယ်တဲ့
သူ့မှာအရမ်းချစ်ရတဲ့ချစ်သူရှိခဲ့ပေမယ့်
မိဘအသိုင်းအဝိုင်းက
သူ့ချစ်သူရဲ့အသက်နဲ့
ခြိမ်းခြောက်လာတော့
ရင်နာနာနဲ့လမ်းခွဲခဲ့ရတယ်တဲ့
သူ့ချစ်သူသေသွားတော့
ကိုယ့်ကိုကိုယ်အဆုံးစီရင်ပစ်လိုက်ရောတဲ့"

"သနားစရာပဲနော် ကျိရန်
ငါဆိုလည်း ချစ်တဲ့သူနဲ့ကွဲရရင်
ရင်ကွဲနာကျပြီးသေမှာပဲ"

ရိပေါ်က ထမင်းတွေပလုတ်ပလောင်းဝါးရင်း ပလုံးပထွေးအသံနဲ့စကားဝင်ထောက်သည်။

"အဟမ်း"

ကျန်းချန်က ချောင်းဟန့်လိုက်မှ
သူတို့စကားဝိုင်းကအဆက်ပြတ်သွားသည်။

ထမင်းစားခန်းရဲ့ထောင့်တစ်နေရာက
မှိန်ပျပျအရိပ်လေးကတော့
ရိပေါ်ကိုကြည့်ရင်း
မျက်ရည်ဝဲလို့နေရှာလေသည်။

2806words
2032023
1:30pm
Part 2 upဖို့လုပ်ရင်း
ပျက်သွားလို့ ပြန်ရေးလိုက်ရတယ်ရှင်
မီ့ဇာတ်လမ်းလေးကို
သဘောကျရင် ဖိဘတ်လေးပေးသွားနော် 🤗

Zawgyi ver

ၿမိဳ႕မ်က္ႏွာဖုံးေတြ၏
ဓာတ္ပုံမ်ားႏွင့္တကြ
ကိုယ္ေရးရာဇဝင္မ်ားပါ
ပူးတြဲပါရွိေသာ
အယ္လ္ဘမ္တစ္ခု။

လုလုသည္
စိတ္ဝင္တစား လွန္ေလွာဖတ္ရႉေနရင္း
တစ္ေနရာအေရာက္ သူမ၏မ်က္လုံးတို႔က ခန့္ညားေသာအမ်ိဳးသားထံ
ေက်ာက္ခ်မိရက္သား။
နတ္သားရႈံးေအာင္ ေခ်ာရက္ပါေသာ
အမ်ိဳးသား၏ အမည္နာမသည္
ဘယ္သူပါလဲ။ အသက္ကေရာ။
သူမ ဤအမ်ိဳးသားႏွင့္
ရင္းႏွီးလိုပါသည္။

သူမသည္ ပါးရွိရာစာဖတ္ခန္းထဲ
သြားလိုက္ရင္း
အယ္လ္ဘမ္ရဲ႕တစ္ေနရာကို
လက္ညွိုးၫႊန္လို႔

"ပါး သူကဘယ္သူလဲဟင္
သမီးသူနဲ႕ ရင္းႏွီးခြင့္ရခ်င္တယ္
ကူညီေပးပါေနာ္ ပါး"

ေ႐ႊကိုင္းမ်က္မွန္ႏွင့္အမ်ိဳးသားႀကီးသည္ သူမၫႊန္ျပရာေနရာကို
မ်က္ေမွာင္ကုတ္လို႔ ၾကည့္လိုက္သည္။
သို႔ေသာ္ အယ္လ္ဘမ္အ႐ြက္အလြတ္တစ္ခုမွလြဲ၍ သူဘာမွမေတြ႕။

"သမီးမ်က္စိေမွာက္တာေနမွာပါ
ဒါကအလြတ္ႀကီးပါကြဲ႕"

"မဟုတ္ဘူး ပါးရဲ႕
သမီးေစာေစာက ေသခ်ာေတြ႕လိုက္ပါတယ္ အခုမွဘယ္ကဘယ္လို
ေပ်ာက္သြားရတာပါလိမ့္"

သူမ ဆံႏြယ္ေတြၾကားထဲ
လက္ထည့္၍ ထိုးဖြလိုက္ေသာ္လည္း
ရႈပ္ေထြးေနေသာ စိတ္ႏွလုံးဟာ
အေကာင္းပကတိျပန္ျဖစ္မလာခဲ့။
**********************
ခ်ဳံခ်င္းၿမိဳ႕အစြန္တစ္ေနရာ၌

"ေဟာက္႐ႊမ္း မင္းပစၥည္းေတြ စုံၿပီလား"

"စုံတယ္ ရိေပၚ မင္းသာေမ့တတ္လြန္းလို႔"

Express ကားေလးတစ္စီးသည္
အိမ္အိုႀကီးေရွ႕ ထိုးရပ္လာၿပီး
အထဲမွ ရိေပၚ၊ေဟာက္႐ႊမ္း၊က်ိရန္၊
က်န္းခ်န္ လူငယ္ေလးဦးဆင္းလာၾကသည္။
သူတို႔ေလးဦးစလုံးမွာ သူေဌးသားေလးမ်ားျဖစ္ေသာ္လည္း ဝါသနာပါရာအလုပ္ကိုလုပ္ကိုင္ဖို႔ရာ ေအးခ်မ္းတိတ္ဆိတ္ေသာေနရာကို အလိုရွိတာမို႔
ဒီၿခံႀကီးကို စပ္တူဝယ္ကာ ေျပာင္းလာခဲ့ၾကျခင္း။
ရိေပၚက ပန္းခ်ီ၊
ေဟာက္႐ႊမ္းက ေတးေရးေတးဆို၊
က်ိရန္က ကဗ်ာအႏုအယြ၊
က်န္းခ်န္က စာေပအေရးအသားစသျဖင့္
ဝါသနာကိုယ္စီရွိၾကသည္။

ၿခံႀကီးမွာ လူမေနတာၾကာၿပီမို႔ထင္
ခ်ဳံႏြယ္ပိတ္ေပါင္းတို႔က ထူထူထဲထဲ။
သူတို႔ေလးဦး အေတာ္ပင္ခုတ္ထြင္ရွင္းလင္းယူလိုက္ရသည္။

အိမ္ႀကီးမွာလည္း ဖုန္အလိမ္းလိမ္းႏွင့္။
သူတို႔ အခ်ိန္အေတာ္ၾကာသန့္ရွင္းေရး
လုပ္လိုက္ၾကရသည္။

အားလုံးရွင္းလင္းၿပီးစီးေတာ့
မိုးေတာင္ခ်ဳပ္ေနေလၿပီ။
စားစရာဆိုလို႔ ပါလာတဲ့
ေခါက္ဆြဲေျခာက္သာရွိသည္။
လွ်ပ္စစ္မီးကမရွိ။

ခုတ္ထြင္ထားတဲ့
သစ္ကိုင္းေတြနဲ႕
မီးပ်ိဳးလိုက္ၿပီး
ေခါက္ဆြဲျပဳတ္နဲ႕ဗိုက္ျဖည့္ၿပီး
အိပ္ယာဝင္ဖို႔ျပင္လိုက္ၾကသည္။

ပထမဆုံးညမို႔
စုအိပ္ဖို႔ရာ သေဘာတူလိုက္ၾကၿပီး
အေပၚထပ္အခန္းက်ယ္ႀကီးထဲ
ေလးေယာက္သားျပားအိပ္လိုက္ၾကေတာ့တယ္။

ညသန္းေခါင္အခ်ိန္မွာ
ရိေပၚတစ္ေယာက္ေခြၽးေစးေတြျပန္ၿပီး
နိုးလာခဲ့တယ္။
ပါးစပ္ကလည္း ကေယာင္ကတမ္းနဲ႕
"ေမာင္ ငါ့ကိုထားမသြားပါနဲ႕"လို႔
ေအာ္ေျပာေနမိတယ္။

အိမ္မက္ထဲမွာ သူ႕ခ်စ္သူက
သူ႕ကိုထားသြားတယ္။
သူငိုယိုၿပီးေတာင္းပန္တာေတာင္
တစ္စက္ကေလးမွ လွည့္မၾကည့္ခဲ့ဘူးတဲ့။
ထူးဆန္းတာက အိမ္မက္ကေနနိုးထလာတာေတာင္ သူ႕ရင္ထဲမွာ နာက်င္ၿပီး
က်န္ေနခဲ့တာပဲ။ ၿပီးေတာ့ အိမ္မက္ထဲကသူ႕ခ်စ္သူက ေယာက်ာ္းႀကီးတဲ့။
ဘယ္ေလာက္ ဂြက်တဲ့အိမ္မက္လဲ =_=

အေရးထဲ ဗိုက္ထဲကတရစ္ရစ္နဲ႕။
အိမ္သာက သြားမွရေတာ့မယ့္အေျခအေန။
က်န္တဲ့သုံးေကာင္ကိုၾကည့္လိုက္ေတာ့
အိပ္ေနလိုက္တာမ်ားသိုးလို႔။
မတတ္နိုင္။
တစ္ေယာက္တည္းပဲသြားရေတာ့မွာပဲ။
သူတို႔လည္း ပင္ပန္းထားၾကတာပဲေလ။
အိပ္ပါေစ။

"ဖ်ပ္..ဖ်ပ္..ဖ်ပ္"

"ကြၽီ..."

"ရွပ္..ရွပ္..ရွပ္"

သူေတြးေနတုန္း
ျပတင္းတံခါးေတြက
ေလမတိုက္ဘဲ လႈပ္ခတ္​ေနတာ
တဖ်ပ္ဖ်ပ္ႏွင့္။
အိမ္တံခါးမႀကီးကလည္း
တကြၽီကြၽီျမည္သံေပးေနေသးသည္။
ၾကားေနရတဲ့ ေျခသံပိုင္ရွင္ကေရာ
ဘယ္သူပါလဲ။

သူတံေတြးကို အသာမ်ိဳခ်ရင္း
အိမ္သာရွိရာလွမ္းၾကည့္မိေတာ့
အိမ္မႀကီးနဲ႕
အနည္းငယ္လွမ္းေနသည္။
လွ်ပ္စစ္မီးကမရွိ။
ကိစၥက ထိပ္ဝေရာက္ေနၿပီ။
ေမွာင္ထဲမည္းထဲပဲ
အရဲစြန့္ သြားရေတာ့မည္။

လက္တစ္ဖက္မွာ ဓာတ္မီး၊
ေနာက္တစ္ဖက္မွာ ကိုင္ထားရင္း
မ်က္စိတို႔က က်ီးကန္းေတာင္းေမွာက္ျဖင့္
အိမ္သာရွိရာ သူတေ႐ြ႕ေ႐ြ႕သြားေနသည္။

ကိစၥၿပီးလို႔ အိမ္သာထဲကျပန္ထြက္တဲ့အထိ
ဘာမွထူးျခားတာမေတြ႕ရ။
ရိေပၚ သက္ျပင္းတခ်က္ရွိုက္လိုက္ရင္း
အိမ္မႀကီးဆီ ျပန္သြားသည္။

သြားေနရင္း က်ီးၾကည့္ေၾကာင္ၾကည့္ၾကည့္​ေနမိတဲ့ သူ႕အျမင္အာ႐ုံထဲ ၿခံေထာင့္က
အရိပ္တစ္ခုကို ျမင္လိုက္ရတယ္။

ရွပ္အင္းက်ီအျပာႏုကို
တံေတာင္ဆစ္အထိေခါက္တင္ထားၿပီး
စတိုင္ပန္ႏွင့္ယွဥ္တြဲဝတ္ဆင္ထားသူဟာ
ဘယ္သူမ်ားပါလိမ့္။
အရပ္ကရိေပၚထက္
နည္းနည္းေလးရွည္မယ့္ပုံ။

ၿခံတံခါးေသာ့ခတ္ထားတာကို
ဝင္လာနိုင္တယ္ဆိုေတာ့
ဒီလူက သူခိုးလား
ဒါမွမဟုတ္ နာနာဘာဝလား။

အက်ိဳးအေၾကာင္းေမးစမ္းၾကည့္ဖို႔ရာ
တေျဖးေျဖးတိုးကပ္သြားလိုက္ေတာ့
ထိုလူက သူ႕မ်က္စိေရွ႕တင္
ဖ်တ္ခနဲ ေပ်ာက္လို႔သြားတယ္။

ရိေပၚ တခဏေတာ့ ေၾကာင္အေနမိတယ္။
စိတ္ထဲမွာ အႀကိမ္ႀကိမ္ေအာ္မိေနေပမယ့္
ပါးစပ္က အာေစးမိေနသလို
ဘာသံမွထြက္မလာ။

ေနရာမွာတင္ ငူငူႀကီးရပ္ေနမိတုန္း
သူ႕ဆီကို ေဟာက္႐ႊမ္းနဲ႕က်ိရန္က
အေျပးတပိုင္းေရာက္လာၿပီး
တစ္ဖက္တစ္ခ်က္စီကေနဆြဲထူလို႔
အိမ္ထဲျပန္ေခၚလာ​ၾကတယ္။

ရိေပၚမွာ အိမ္ထဲေရာက္တဲ့အထိ
စိတ္နဲ႕လူနဲ႕မကပ္ေသး။
က်န္းခ်န္ယူလာေပးတဲ့
ေဆးနဲ႕ေရကို ေသာက္လိုက္ေတာ့မွ
နည္းနည္းသက္သာလာသလို။

က်ိရန္က ေခြၽးေတြ႐ႊဲေနတဲ့ ရိေပၚကို
ယပ္ခတ္ေပးေနၿပီး
ေဟာက္႐ႊမ္းက စကားေတြ
တတြတ္တြတ္ေျပာေနသည္။

"ငါတေရးနိုးလာေတာ့
ေနရာမွာ မင္းကမရွိဘူး ရိေပၚ
အေပါ့အပါးသြားတာေနမွာပါေလဆိုၿပီး
ငါေအးေအးေဆးေဆးပဲေနလိုက္ေသးတယ္
နည္းနည္းၾကာတဲ့အထိမင္းျပန္မလာေတာ့
က်န္တဲ့ႏွစ္ေကာင္ကို ႏွိုးၿပီး
မင္းကို လိုက္ရွာခဲ့တယ္ရိေပၚ
ေတာင္းပန္ပါတယ္ ငါခ်က္ခ်င္းရွာခဲ့ရမွာ
မင္းအရမ္းေၾကာက္သြားခဲ့မွာပဲ ရိေပၚရယ္"

ေဟာက္႐ႊမ္းက မ်က္ႏွာငယ္ေလးႏွင့္
သူ႕ကိုေတာင္းပန္လာသည္။
သူတို႔ေလးေယာက္က
လပိုင္းႀကီးလပိုင္းငယ္ေတြမို႔
အသက္ကြာဟခ်က္သိပ္မရွိေပမယ့္
အငယ္ဆုံးလည္းျဖစ္၊
တစ္ခါတစ္ခါေရာဂါကသည္းတတ္ေသးတဲ့ရိေပၚကို အားလုံးက ညီငယ္ေလးတစ္ေယာက္လို ဖူးဖူးမႈတ္ဂ႐ုစိုက္ထားတတ္ၾကသည္။ အခုလည္း ရိေပၚတစ္ခုခုျဖစ္ဖို႔ရာ
လက္မတင္ကေလးမို႔ ေဟာက္႐ႊမ္းက
စိတ္မေကာင္းျဖစ္ေနဟန္။

"ရပါတယ္ ေဟာက္႐ႊမ္းရယ္
ငါလည္းဘာမွအႀကီးႀကီးျဖစ္သြားတာမွ
မဟုတ္ဘဲ
မင္းတို႔ေကာင္ေတြလည္း
ပင္ပန္းထားတာဆိုေတာ့
ငါလည္းမႏွိုးဘဲ
ကိုယ့္ဘာသာသြားလိုက္တာ"

"အဲ့ဒါ အသာထား
ငါသိခ်င္တာက
ငါေတြ႕လိုက္တာ
သူခိုးလား သရဲလားဆိုတာပဲ"

"မင္းစကားကအဆန္းပါလား ရိေပၚရ
ဘာကိုေတြ႕ခဲ့လို႔လဲ"

သူ႕စကားကို ေဟာက္႐ႊမ္းကစိတ္ဝင္စားဟန္ျဖင့္ ေမးလာသည္။

"ရွပ္အင္းက်ီအျပာႏုနဲ႕
စတိုင္ပန္အနက္ကိုတြဲဝတ္ထားတဲ့လူပဲ
ငါအနားကိုကပ္သြားေတာ့
တန္းေပ်ာက္သြားတာကြာ
အရပ္ကလည္း ငါ့ထက္နည္းနည္းပဲရွည္မယ္ အသားက ေ႐ႊအိုေရာင္ကြ၊
ညိုညိုစိုစိုနဲ႕
ဆံပင္ကေကတို"

"ဒါဆို ၂၁ရာစုသရဲလားမသိဘူးေနာ္
ငါကဒီၿခံႀကီးက အေဟာင္းႀကီးဆိုေတာ့
ေရွးေခတ္ကသရဲနဲ႕မ်ား ေတြ႕လာတာလားလို႔"

"သရဲဆိုလည္း
တစ္ကိုယ္လုံး အျဖဴနဲ႕လာမွာေပါ့
သူခိုးဆိုလည္း
အဲ့ေလာက္ဝတ္စားထားပါ့မလား
ရိေပၚက ေနရာစိမ္းမို႔
စိတ္ေခ်ာက္ခ်ားၿပီး ျမင္ခ်င္ရာျမင္ေနတာ
ေနမွာပါကြာ"

က်ိရန္က သူ႕အျမင္ကိုဝင္ေျပာေတာ့
ရိေပၚက လက္မခံနိုင္။

"ငါတကယ္ျမင္လိုက္တာပါဆိုမွကြာ
ေနာက္ရက္သူထပ္ေပၚလာရင္
မင္းတို႔ကိုပါေခၚျပမယ္

"ကဲ အားလုံးေတာ္ၾကေတာ့
ရိေပၚလည္း သရဲဋီကာဖြင့္ေနတာရပ္ေတာ့
ငါတို႔အားလုံးပင္ပန္းထားၾကတာ
အခ်ိန္ရွိတုန္းျပန္အိပ္ၾကစို႔
မနက္က်ရင္လည္း
အိမ္သုံးပစၥည္းေတြအလာေစာင့္ဖို႔
အေစာထရဦးမွာကို"

က်န္းခ်န္ကေဆာ္ၾသေတာ့မွ
သူတို႔စကားဝိုင္းက
အဆုံးသတ္သြားေတာ့သည္။

ရိေပၚကေတာ့ ေမြ႕ယာအပါးေလးေပၚ
ဟိုဘက္လွည့္ ဒီဘက္လွည့္နဲ႕
အိပ္မရ။ မနိုးခင္က မက္ခဲ့တဲ့အိမ္မက္ကို
စိတ္ထဲမွာ ျပန္ၿပီး recall ေခၚေနမိတယ္။

အိမ္မက္ထဲမွာ ရိေပၚကေတာ႐ြာသားေလးျဖစ္ဟန္တူသည္။
သစ္ပင္ပန္းမန္မ်ားႏွင့္စိမ္းညွို႔ေနေသာ
ရပ္ဝန္းေလး၊ ႏွစ္လိုဖြယ္ေကာင္းၿပီး
ရင္ကိုေအးျမေစတယ္။
ဒါေပမယ့္ အဲ့ဒီေနရာမွာပဲ
သူ႕ခ်စ္သူက သူ႕ကိုလမ္းခြဲစကားေျပာၿပီး
ထားခဲ့တယ္။ ေက်ာခိုင္းသြားသူကို
အေနာက္ကေန သိမ္းႀကဳံးဖက္လို႔
သူအတြင္တြင္ေတာင္းပန္ေနခဲ့တယ္။
ထိုသူကေတာ့ ဖက္တြယ္ထားတဲ့
သူ႕လက္ေတြကို ျဖဳတ္ခ်လိဳ႕
အေမွာင္ထုထဲတိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။ ရိေပၚရဲ႕ဒူးေတြေခြယိုင္က်သြားခဲ့တယ္။ အင္း အိမ္မက္ဆိုေပမယ့္
တကယ္ျဖစ္ေနသလိုပဲ။
သူသာ အိမ္မက္ထဲကလို
တကယ္ႀကဳံေတြ႕လာရရင္
ဘယ္လိုလုပ္ရပါ့မလဲေလ။

********************
မနက္ခင္းေရာက္ေတာ့
သူတို႔ ရွိတာနဲ႕ breakfastစားေနတုန္း
အိမ္သုံးပစၥည္းအစုံအလင္ပါတဲ့
ကားတစ္စီးၿခံေရွ႕မွာေရာက္ေနသည္။
ခရီးမထြက္ခင္ကတည္းက
ဒီၿခံလိပ္စာနဲ႕ သူတို႔မွာထားခဲ့တာေလ။
ဒါေၾကာင့္ အခ်ိန္ကိုက္ေရာက္လာတာ။

ၿပီးေတာ့ ရိေပၚရဲ႕ပါးလွမ္းပို႔လိုက္တဲ့
Ferrari ကားအစိမ္းေရာင္ေလးက
ၿခံေရွ႕မွာအခန့္သား။

အင္း တစ္ပတ္စာဟင္းခ်က္စရာေတြ
သြားဝယ္ဦးမွပါပဲ။
မသြားခင္ တစ္ေယာက္ေယာက္ကို
ေျပာသြားဦးမွ။
မဟုတ္ရင္ ရိေပၚကိုလိုက္ရွာေနၾကမွာ။

အိမ္ထဲမွာ ေဟာက္႐ႊမ္းက
လွ်ပ္စစ္မီးတပ္ဆင္ဖို႔ရာ ငွားထားတဲ့
ေကာင္ေလးႏွစ္ေယာက္ကို ၫႊန္ၾကားေရးလုပ္ေနသည္။

က်ိရန္က ပန္းကန္ခြက္ေယာက္ေတြ ေဆးေၾကာေနသည္။

က်န္းခ်န္က အိမ္သုံးပစၥည္းေတြသယ္မၿပီး
ေနရာခ်ေနသည္။

"ငါ တစ္ပတ္စာ ဟင္းခ်က္စရာေတြ
သြားဝယ္လိုက္ဦးမယ္ သိလား
နည္းနည္းၾကာမွာမို႔ လာေျပာတာ
မင္းတို႔ငါ့ကိုလိုက္ရွာေနၾကမွာစိုးလို႔"

က်ိရန္ႏွင့္ေဟာက္႐ႊမ္းက
ေခါင္းအသာညိတ္ျပသည္။
က်န္းခ်န္ကေတာ့ အေဖာ္တစ္ေယာက္ေယာက္ ထည့္ေပးလိုက္ခ်င္ပုံ။ အားတဲ့လူရယ္လို႔လည္း မရွိ။
ခဏအၾကာမွ က်န္းခ်န္က
ေခါင္းညိတ္ျပရင္း

"အၾကာႀကီး လုပ္မေနနဲ႕ေနာ္ ရိေပၚ
အမ်ားႀကီးလည္းဝယ္မေနနဲ႕
မင္းသယ္ရမွာ အရမ္းေလးေနမယ္"

"အင္း ဒါဆိုငါသြားၿပီေနာ္"

ရိေပၚ ေလေလးတခြၽန္ခြၽန္ျဖင့္
ကားေလးရွိရာ တေ႐ြ႕ေ႐ြ႕လွမ္းလာခဲ့သည္။
ကားေနာက္ခန္းထဲမွာ
ေတြ႕လိုက္ရတဲ့အရာတစ္ခု၊
သူနားအုံနားရင္းေတြႀကီးသြားသလို
ခံစားလိုက္ရသည္။
ဒီလူ၊ မေန႕ညက သူေတြ႕လိုက္ရတဲ့လူ။

ေနာက္ခန္းမွာ ေျခခ်ိတ္လို႔
အခန့္သားထိုင္ေနပုံက
ကိုယ္ကသူ႕ဒရိုင္ဘာလိုလို။
စိတ္ထဲမွာ ပြစိပြစိေျပာေနမိေပမယ့္
အျပင္မွာေတာ့ ထိုလူ႕ကို 2sec ထက္ပိုလို႔
မၾကည့္ရဲ။ ေတာ္ၾကာ ကိုယ္ျမင္ေနရတာ
သိသြားလို႔ ေန႕ေန႕ညညလိုက္ကပ္ေနရင္
ဘယ္လိုလုပ္မလဲ။

သူဘာမွမျဖစ္သလို မွင္ေသေသႏွင့္
​အေရွ႕ခန္းေမာင္းသူေနရာမွ
ဝင္ထိုင္လိုက္သည္။
ဖ်တ္ခနဲ ကားေနာက္ခန္းကေနေပ်ာက္ၿပီး
သူ႕ေဘးနားကပ္ရပ္မွာ ေပၚလာျပန္တဲ့ထိုလူ။

"အားးးး"

စိတ္ထဲမွာ အႀကိမ္ႀကိမ္ေအာ္ရင္း
ရင္ဘတ္ကိုလက္နဲ႕အသာဖိလိုက္ရသည္။
ဘုရား..ဘုရား
ဒီလိုသာၾကာၾကာေနရင္ သူေတာ့
လန့္လို႔ေသမွာပဲ။
သူ႕က်မွ ဘာလို႔လာျမင္ေနရတာလဲ။
ကိုယ္ျမင္ေနရတာ ဟိုလူကသိသြားရင္လည္း စမုံတုံးဦးမည္။

Martကိုသြားေနတဲ့ လမ္းတစ္ေလွ်ာက္လုံး
ဟိုလူက တစ္စက္ေလးမွ အၿငိမ္မေန။
သူ မသိတဲ့ သီခ်င္းေတြကိုညည္းလိုက္
စည္းခ်က္နဲ႕အတူ လႈပ္ယမ္းလိုက္ႏွင့္။

လက္ေဖ်ာက္တစ္ခ်က္အတီးမွာ
ထိုလူ႕လက္ထဲ မီးညွိၿပီးသားစီးကရက္က
အခန့္သားေပၚလာျပန္သည္။
တန္ခိုးလည္းရွိေနတာလား ဒီလူက။

ရိေပၚအခုႀကဳံေတြ႕ေနရတာေတြကို
ဘယ္လိုေခါင္းစဥ္တပ္ရမလဲမသိေတာ့။
သရဲေျခာက္ခံရတယ္ဆိုရေအာင္လည္း
သရဲဆိုရင္ ပုံဆိုးပန္းဆိုးျဖစ္ေနရမွာ
မဟုတ္ဘူးလား။

မီးခြက္ေစာင့္တဲ့ genie ျဖစ္ရေအာင္လည္း သူအခုထိဘယ္မီးခြက္ကိုမွမပြတ္ရေသး။

Martကိုေရာက္လာေတာ့
သူ႕အေတြးစေတြ တိကနဲ ျပတ္သြားသည္။
ကားေပၚကဆင္းလို႔
Martထဲအဝင္မွာ ဟိုလူက
ေဘးမွာေပၚလာျပန္သည္။
အင္း လန့္ရလြန္းလို႔
နည္းနည္းေတာင္အက်င့္ျဖစ္ခ်င္ေနပါၿပီေလ။

ရိေပၚက အသားအစုံအလင္၊
အ႐ြက္တစ္ခ်ိဳ႕နဲ႕ snack၊ juiceေတြပါ
ဝယ္လို႔ ေကာင္တာမွာ ပိုက္ဆံရွင္းလိုက္သည္။ သူအထုပ္သယ္ေတာ့မယ့္အခ်ိန္မွာပဲ ေဘးကကပ္ပါလာတဲ့ ဟိုလူက
လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ျပန္ေတာ့
သူသယ္ရမယ့္ဝန္က ေပါ့ပါးလို႔သြားသည္။
အင္း နည္းနည္းေတာ့လန့္ရေပမယ့္
မဆိုးပါဘူး အလိုက္သိသားပဲ။

ဒီလိုနဲ႕ အိမ္ျပန္ေရာက္လို႔
အထုပ္ေတြခ်မယ္ႀကံေတာ့
ဟိုတစ္ေယာက္က လွစ္ခနဲ
ေပ်ာက္သြားျပန္သည္။

ေစာေစာကလိုမ်ား
ဝန္ေပါ့ေအာင္လုပ္ေပးဦးမလားလို႔။
အလိုက္မသိတဲ့ လူ ဟမ့္ သရဲ။

ရိေပၚအိမ္ထဲဝင္သြားေတာ့
အားလုံးကေနရာတက်။
တစ္အိမ္လုံးအႏွံ႕လွ်ပ္စစ္မီးသီးေတြ၊
မီးဘုတ္ခုံေတြတပ္ဆင္လို႔ထားသည္။
ေဟာက္႐ႊမ္းက ထမင္းစားခန္းထဲက
တပ္ဆင္ရန္က်န္ေနသည့္မီးသီးႏွစ္လုံးကို
လက္စသတ္ေနသည္။

က်န္းခ်န္က ရိေပၚဆီကအထုပ္ေတြကို
ကူသယ္ေပးသည္။

က်ိရန္က အသားေတြကို
ေသခ်ာေရစင္ေအာင္ေဆး ဆား၊နႏြင္းနယ္လို႔ ဘူးေလးေတြထဲထည့္ကာ
refrigerator အေပၚထပ္အေအးခန္းထဲ
ထားလိုက္သည္။
အ႐ြက္ေတြကို ေသခ်ာသင္ကာ
ႂကြပ္ႂကြပ္အိတ္အသန့္ေတြထဲထည့္လို႔
ေလလုံေအာင္ထုပ္ပိုးကာ
refrigerator ေအာက္ထပ္အံထဲ
ထည့္ထားလိုက္သည္။

က်ိရန္က ဟင္းေတြခ်က္ေနတုန္း
ရိေပၚက ဝင္ကူေပးဖို႔လုပ္သည္။
ေဟာက္႐ႊမ္းက
"ရိေပၚရယ္ ၿငိမ္ၿငိမ္ေလးသာ
ထိုင္ေနစမ္းပါ"ဆိုကာ
သူ႕ကိုခုံဆီဆြဲေခၚလို႔ ထိုင္ေနေစသည္။

ထမင္းစားခန္းထဲမွာ
ေလးေယာက္သားအတူေန႕လည္စာစားေနၾကရင္း
က်ိရန္ကစကားစသည္။

"ငါေလ ဒီအိမ္ႀကီးနဲ႕ပက္သက္တဲ့အေၾကာင္းေရးထားတဲ့စာအုပ္
ေတြ႕ထားတယ္သိလား
ဒီမလာခင္ကတည္းက ငါဖတ္ၿပီးၿပီ
ဇာတ္ေၾကာင္းက ဝမ္းနည္းစရာပါကြာ"

က်န္းခ်န္က ထမင္းစားေနရင္း
စကားမေျပာနဲ႕ဆိုတဲ့ အၾကည့္နဲ႕
ရႉတည္တည္ၾကည့္သည္။
ရိေပၚႏွင့္ေဟာက္႐ႊမ္းကေမးဆတ္ျပသည္။
ဆက္ေျပာဆိုတဲ့သေဘာ..

"ဒီအိမ္မွာ
အခ်စ္ႀကီးတဲ့သူတစ္ေယာက္ေနခဲ့ဖူးတယ္တဲ့
သူ႕မွာအရမ္းခ်စ္ရတဲ့ခ်စ္သူရွိခဲ့ေပမယ့္
မိဘအသိုင္းအဝိုင္းက
သူ႕ခ်စ္သူရဲ႕အသက္နဲ႕
ၿခိမ္းေျခာက္လာေတာ့
ရင္နာနာနဲ႕လမ္းခြဲခဲ့ရတယ္တဲ့
သူ႕ခ်စ္သူေသသြားေတာ့
ကိုယ့္ကိုကိုယ္အဆုံးစီရင္ပစ္လိုက္ေရာတဲ့"

"သနားစရာပဲေနာ္ က်ိရန္
ငါဆိုလည္း ခ်စ္တဲ့သူနဲ႕ကြဲရရင္
ရင္ကြဲနာက်ၿပီးေသမွာပဲ"

ရိေပၚက ထမင္းေတြပလုတ္ပေလာင္းဝါးရင္း ပလုံးပေထြးအသံနဲ႕စကားဝင္ေထာက္သည္။

"အဟမ္း"

က်န္းခ်န္က ေခ်ာင္းဟန့္လိုက္မွ
သူတို႔စကားဝိုင္းကအဆက္ျပတ္သြားသည္။

ထမင္းစားခန္းရဲ႕ေထာင့္တစ္ေနရာက
မွိန္ပ်ပ်အရိပ္ေလးကေတာ့
ရိေပၚကိုၾကည့္ရင္း
မ်က္ရည္ဝဲလို႔ေနရွာေလသည္။

2806words
2032023
1:30pm
Part 2 upဖို႔လုပ္ရင္း
ပ်က္သြားလို႔ ျပန္ေရးလိုက္ရတယ္ရွင္
မီ့ဇာတ္လမ္းေလးကို
သေဘာက်ရင္ ဖိဘတ္ေလးေပးသြားေနာ္ 🤗

Continue Reading

You'll Also Like

156K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
1.1M 20K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
6.1M 98.8K 104
>「𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘣𝘢𝘤𝘬 𝘵𝘰 𝘵𝘩𝘦 𝘛𝘢𝘪𝘴𝘩𝘰 𝘌𝘳𝘢 𝘺𝘰𝘶 𝘸𝘦𝘳𝘦 𝘮𝘪𝘴𝘴𝘦𝘥 」 𝐒𝐋𝐀𝐘𝐄𝐑 𝐕𝐄𝐑. Demon Slayer belongs to Koyoh...
939K 21.5K 49
In wich a one night stand turns out to be a lot more than that.