မောင့် နွယ်သာကီ
အပိုင်း(၂၈)
သားက တအင့်အင့်နဲ့ငိုကာ နွယ့်လည်ပင်းကို ဖက်ပြီး နွယ့်ရင်ဘတ်အပေါ်မှာ အပြည့်အဝနေရာယူထားပါ၏။ သားကို ဘာတွေက ဒီလောက်ဝမ်းနည်းသွားစေမှန်း နွယ်မသိ။ သားရဲ့ ကျောပြင်ကို ခပ်ဖွဖွလေးပွတ်ပေးကာ အငိုတိတ်လေငြား ချော့မြူရသည်။
သား အငိုသည်းတော့ မောင့်မျက်နှာဟာလည်း ပြိုတော့မည့်မိုးလိုပဲ…အုံ့မှိုင်းဝေရီနေ၏။
“ ဖေဖေ ဘာမှမဖြစ်လို့ သားသားက မငိုနဲ့တော့နော် ဖေဖေ့ သားသားက လိမ္မာပါတယ်..”
သားရဲ့ ဆံပင်နုနုလေးကို ပွတ်သပ်လျက် သားရဲ့ပခုံးစွန်းလေးကို ခပ်ဖွဖွနမ်းလိုက်သည်။
ပြီးနောက် ပြန်မော့လိုက်ပြီး နွယ့်ကမ္ဘာမှာ မိုးမသည်းစေလိုငြား…။
“ မောင်ရယ် သားသားက ကလေးလေးမို့ အငိုသည်းနေတာပါကွာ..မောင်ကပါ ဒီလိုကြီးဖြစ်နေတော့ နွယ်က ဘယ်စိတ်ချမ်းသာပါ့မလဲကွာ “
မောင်က နွယ့်စကားကြောင့် လုပ်ပြုံးကြီးကို ပြုံးပြလေသည်။ မောင့်ရင်ထဲမှာတော့ ခံစားရခက်နေတာ နွယ်သိတာပေါ့။ မောင်က သမီးအပြင် သားကိုလည်း ဤမျှလောက်ထိချစ်ပါသေးသည်။
“ လာပါအုံး ဒယ်ဒီ့ကလေးရယ် “
ဒီလှိုင်း သားကို နွယ့်ဆီကနေ ပြောင်းပြီးချီတဲ့အထိ သားက ရှိုက်ငိုတုန်း..။ ဒီလှိုင်းလက်ပေါ်မှာ ပိုပြီးတောင် အငိုသည်းလာသည်။
“ ဒယ်ဒီ့သားသားလေးက ဘာတွေဝမ်းနည်းသွားရတာလဲ “
ဒီလှိုင်းအခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး သားအငိုတိတ်စေလိုငြားချော့မြူနေမိသည်။
သားသားက အားကိုးရသွားသည့်နှယ် ဒီလှိုင်းလည်ပင်းကိုပိုပိုတိုးဖက်ပြီးနောက် ရှိုက်သံများကြားမှ ပြောလာလေသည်။
“ အင့်..ဒယ်ဒယ်..အင့် ဖီဖီဘာမှမချစ်ရဝူးညော် ဟုတ်ယယ်မရား ဘာမှမချစ်ရဝူးညော် “
“ သားသားရဲ့ ဖေဖေက ဘာမှမဖြစ်ပါဘူးကွာ ဒယ်ဒီ့ကလေးကို ဘယ်သူက ဘာပြောလိုက်လို့လဲ “
“ ယေးငယ်တို့က အင့်..သားကို မွေးယုန်းက ဖီဖီက မေ့သွားပီး ချေးရုံအကြာရီးတက်ယိုက်ရယာတဲ့ “
“ အဲ့တာ သားသားငယ်ငယ်တုန်းကလေ အဲ့အချိန်တုန်းက ဖေဖေ့ဘေးနားမှာ ဒယ်ဒီရော သားသားရောရှိနေလို့ ဖေဖေက ပိုတောင်ပျော်သေးတယ် သားသားရဲ့..ကျန်ခဲ့တဲ့ အတိတ်တွေကြောင့် သားသားက မငိုပါနဲ့ ဖေဖေ့ကလေးရာ”
နွယ် သားနားမလည်လောက်သော်လည်း နွယ်ပြောနေမိသည်။ ဒီအခြေအနေကို သူများတွေကြောင့် သားသားသိသွားလို့ အဲ့လူတွေကို နွယ် အပြစ်လိုက်မတင်ပါဘူး။ အတိတ်ဆိုတာ နွယ်တို့ ဘယ်လောက်ချေဖျက် ချေဖျက် တစ်စွန်းတစ်စကတော့ ကျန်အုံးမှာပဲ..။
“ တဂယ်ညား ဖီဖီဝမ်းသာတာ တဂယ်ကျော်တာညား “
“ တကယ်ပြောတာပါကွာ ဖေဖေ့သားသားလေးနဲ့မီးမီးလေးရယ် သားသားလေးရဲ့ဒယ်ဒီရယ် ရှိနေသ၍ ဖေဖေက ပျော်ပါတယ်ကွာ “
“ တကယ်လား မောင့်နွယ်သာကီ “
“ တဂယ်ညား ဖီဖီ “
သားအဖနှစ်ယောက် ပြိုင်တူထွက်လာတာပါပဲ။ ရုပ်တွေကလည်း လိုတာရသွားသည့်နှယ် ပြုံးစိစိတွေချက်ချင်းဖြစ်သွား၏။
“ တကယ်ပြောတာပါကွာ သားအဖနှစ်ယောက်သား အတိုင်အဖောက်ညီချက်ကတော့ မပြောလိုက်ချင်ဘူး “
သားရဲ့ မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး သားကို ပြောင်းချီလိုက်သည်။ နွယ့်လက်ပေါ်ရောက်လာတဲ့သားက နွယ်မျက်နှာကို တရှုံ့ရှုံ့နမ်းနေ၏။ နွယ့်နှဖူးကိုတော့ သားသားက အလွတ်ပေး၏။
အကြောင်းက သူ့ဒယ်ဒီနမ်းဖို့ ချန်လှပ်ပေးသည်ပေါ့။
မောင်က နွယ့်နှဖူးကို သားနှင့်အပြိုင်နမ်းလာ၏။
ဆေးရုံပင်ဖြစ်လင့်ကစား မောင်နဲ့ မောင့်ကိုယ်ခွဲတွေရှိတဲ့အရပ်က နွယ့်အတွက် ပျော်ရွှင်စေတာပါပဲ..။
“ဖီဖီ ဒယ်ဒယ်က ဘာယို့အဲ့အခန်းထဲတို ဝင်တွားတာယဲ “
“ ဒယ်ဒယ်က သားသားအတွက် ကလေးလေးသွားခေါ်ပေးတာ သားသားရဲ့ “
“ ကယေးယေးရား တကယ်ရီးရား အိဟီး ကျော်စရာရီး ကျော်စရာရီး “
သားသားက လက်ခုပ်လက်ဝါးတီးကာ နွယ့်ကိုယ်ပေါ်မှာ ခုန်နေ၏။ နွယ်တို့ မောင်ဝင်သွားတဲ့ အခန်းရှေ့က ခုံတွေမှာထိုင်စောင့်နေတာဖြစ်သည်။
တစ်နာရီကျော်ကျော်ကြာတော့ သားသားက စကားပြောရတာမောသွားပြီး နွယ့်လက်ပေါ်မှာတင်အိပ်သွား၏။ နွယ် သားသားမျက်နှာကို ဆံပင်တွေအုပ်မှာဆိုး၍ ဆံပင်တွေကို အနောက်ကိုပို့လိုက်သည်။
သားကအိပ်နေရင်းတောင် အိပ်မက်ထဲမှာ နို့စို့နေသလားမသိ နှုတ်ခမ်းထူထူကို ချွန်လျက် လှုပ်စိ လှုပ်စိနှင့်..။
နှစ်နာရီနီးပါးကြာတော့ မောင်က ပြန်ထွက်လာသည်။ ဒီတစ်ခါတော့ ထွက်လာတာ ဝှီးချဲနှင့်ဖြစ်၏။ ပုံမှန်မိန်းမသားတွေတောင် နာကျင်မှုအနည်းအများရှိနိုင်တဲ့ ဒီခရီးက မောင့်လို ယောင်္ကျားသားအတွက်ဆို ပြောဖွယ်မရှိ။
သို့ပေမယ့် မောင်ဟာ သိပ်သတ္တိရှိခဲ့တယ်..။ နာကျင်တာတွေကို ဖုံးကွယ်ပြီး နွယ်တို့ သားအဖကို ပြုံးပြနိုင်ခဲ့တယ်..။
“ မောင် အဆင်ပြေရဲ့လား “
နွယ် သားကိုချီကာ မောင့်ဆီကိုသွားမိသည်။ မောင်က ကလေးတစ်ယောက်လိုတာရသွားသလို ခပ်ပြုံးပြုံးနှင့်..။
“ အဆင်ပြေခဲ့တယ် နွယ်ရဲ့ အေးဆေးပဲ။ သားကို မောင့်ကိုပေးလေ နွယ်က ဝှီးချဲတွန်း “
“ နေပါ မောင်ရယ်။ နွယ်ပဲချီလိုက်ပါမယ် “
“ ပေးပါ နွယ်ရယ် မောင်မနာပါဘူး “
နောက်ဆုံးကျ နွယ် သားကိုမောင်ထိုင်နေတဲ့ ဝှီးချဲအပေါ်တင်ပေးလိုက်သည်။ မ တင်ပေးလို့မရ နွယ်ဝှီးချဲတွန်းရအုံးမယ်လေ။
ဤသို့နှင့် ဆေးရုံ၏ corridorတွင် သိပ်ကိုကြည်နူးဖို့ကောင်းသည့် မိသားစုလေးကြောင့် လူအများပြုံးမိကြလေသည်။
အချစ်ဆိုတာ ဘာသက်မှတ်ချက်မှာမပါတဲ့ စိတ္တစနာမ်..စုတ်ကိုင်ထွေးပွေ့နိုင်သူရဲ့ အပေါ်မှာမူတည်ပြီး အေးချမ်း၏ လှိုင်းထန်၏သာ ကွဲလွဲသွားတတ်သည်။
“ မောင် ဘာလို့ကြာနေတာလဲ ဘာဖြစ်လို့လဲ မောင့်“
နွယ်နဲ့သားက ရေချိုးခန်းရှေ့မှာ ဟိုလျှောက်ဒီလျှောက်နှင့် မောင်ထွက်အလာကို မျှော်လင့်တကြီးစောင့်နေသည်။ ရေချိုးခန်းထဲဝင်သွားတာ (၁၅)မိနစ်လောက်ရှိပြီ မောင်က အခုထိကိုထွက်မလာသေး၍ နွယ်စိတ်ပူလာရသည်။
ဟော်မုန်းဆေးစားပြီး IUTPIကုထုံးကို ခံယူထားတာ ဒီနေ့က နှစ်ပတ်နဲ့တစ်ရက်ပြည့်တဲ့နေ့ဖြစ်သည်။ ဒီကြားထဲမှာလဲ မောင်က စိုးရိမ်ကြီးစွာ ဆီးခဏခဏစစ်ကြည့်၏။ သို့သော် လိုချင်သောအဖြေမရခဲ့..။သမီးကိုအိပ်မက်မ မက်တော့ခြင်းအပေါ် မောင်က စိတ်ဖိစီးနေပုံရသည်။
ဒီနေ့လဲ တစ်ခါဆီးစစ်ကြည့်ပြန်၏။ အခုထိကို ရေချိုးခန်းထဲက ထွက်မလာတော့တာဖြစ်သည်။ ဆီးစစ်တံမှာ မျဉ်းနှစ်ကြောင်းမပေါ်တိုင်း မောင်က ရေချိုးခန်းထဲမှာ ငိုနေတတ်တာမို့ နွယ်စိတ်ပူလာရသည်။
နွယ် သော့အပိုရှာနေစဉ်မှာပဲ တံခါးပွင့်လာကာ ဆီးစစ်တံကိုင်ပြီး တောင့်တောင့်ကြီးဖြစ်နေသည့် မောင့်အနား နွယ်အပြေးသွားကာ မောင့်ပါးပြင်အေးအေးကို ဂရုဏာသက်စွာကိုင်လျက် အပြုံးရေးရေးနှင့် နှစ်သိမ့်မိပါ၏။
“ ဘာမှမဖြစ်ပါဘူး မောင်ရယ်..နွယ်တို့နဲ့ ကံမဆက်သေးလို့ နေမှာပါ..”
အောက်ကနေ တတောက်တောက်လေးဘက်သွားနေသည့် သားက နွယ်တို့ခြေထောက်နားရောက်လာသည်။ သို့သော် နွယ်ရော၊ မောင်ရော ကောက်မချီမိဘဲ မောင်က နွယ့်မျက်နှာကိုကြည့်နေသလို နွယ်ကလည်း မောင့်မျက်နှာကိုကြည့်ကာ ပြုံးပြနေ၏။
“ မျဉ်း..မျဉ်း နှစ်ကြောင်း ထင်သွားပြီ နွယ်..ဟင့်ဟင်း…”
ဆီးစစ်တံကိုတစ်ဖက်ကကိုင်ပြီး တောင့်တောင့်လေးဖြစ်သွားသည့် နွယ့်ကို ဒီလှိုင်းဖက်ကာ ရှိုက်ကြီးတငင်ငိုမိ၏။
လိုချင်တောင်းတခဲ့ရပါသော ဆန္ဒတစ်ခုပြည့်သွားပြီ..။ အိမ်ထောင်ရေးအနှစ်သာရရဲ့ ဆုလာဘ်လေး တစ်ယောက်တိုးလာတော့မည်..။
ပျော်ရွှင်ရပါသော..။
ငယ်ငယ်တုန်းက ပထမဆုကို စင်မြင့်ထက် ဝံ့ဝံ့ကြွကြွားယူနေသကဲ့သို့ ဝမ်းသာရသော၊ဂုဏ်ယူရသော ပီတိတွေဟာ လှိုက်ခနဲ လှိုက်ခနဲ..။
“ ဟင့် မောင့်..”
“ အင်း..မောင်တို့ရဲ့ ရတနာတစ်သွယ်ရောက်လာတော့မယ် နွယ် “
“ မောင့်ကို ကျေးဇူးတင်ပါတယ် “
“ နွယ့်ကို သိပ်ချစ်ရပါတယ် “
နှစ်ယောက်သား ပွေ့ဖက်ပြီး အပြန်အလှန်စကားဆိုနေသည်မှာ ဘယ်လောက်ကြာသွားသည်လဲ မသိ။ အောက်က သားက အသံပြဲနဲ့ အော်ငိုလာတော့မှ သတိရကြသည်။
“ အီးဟီး..ဖီဖီနဲ့ ဒယ်ဒယ်က သားသားကို ကျစ်ထားကြယယ် အီးဟီး လူချိုးယွေ “
လက်ဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးတွေကို ပွတ်ကာဖြင့် အသံဆာဆာလေးနှင့် အော်ငိုနေသည့်သားကကျ ဘုရင်ငယ်လေးနှင့်တူသည်။
တချို့က သားဆိုတာ အင်အားတဲ့..။
တချို့ကကျ သားဆိုတာ ကျားတဲ့..။
နွယ်တို့အတွက်တော့ သားဆိုတာ ဘုရင်ငယ်လေး..။ နွယ်တို့က ဘုရင်ငယ်လေးကို အရိပ်တကြည့်ကြည့်နှင့်စောင့်ရှောက်ရတဲ့ မူးကြီးမတ်လျာတွေ..။
နောင်တစ်ချိန် သူတို့အမှားလုပ်မိခဲ့လျှင် ဘုရင်ငယ်လေးက ကျေးဇူးတရားတွေကို မငဲ့ကွက်ဘဲ ကြိုးစင်တင်နိုင်တဲ့လူဖြစ်အောင် ဆုံးဖြတ်ချက် ပြတ်သားတဲ့လူဖြစ်အောင် လမ်းညွှန်ပြပေးရမှာ သူတို့တာဝန်..။
ကိုယ်စိုက်ပျိုးတဲ့အပင်က အဆိပ်သီးသီးနေပါစေ သူတို့က ရိတ်သိမ်းစားသောက်ရမှာပဲ..။
သမီးကကျ ဤသို့မဟုတ်..။ သူတို့အမြတ်တနိုးထားရမယ့် ရတနာတစ်သွယ်..။ တန်ဖိုးသိပ်မရှိတဲ့ ရတနာဆိုလျှင်တောင် ရွှံ့နွံ့တွေကြားက ဆွဲထုတ် ရေဆေးပြီး သန့်စင်ရမှာမျိုး..။ အကျိုးအမြတ်နည်းမှာသိတယ်..ရွှံ့နွံ့ပေမှာ သိတယ်..ဒါပေမဲ့ သူတို့မျှော်လင့်တာက သန့်စင်တဲ့ရတနာတစ်သွယ်အဖြစ် မြင်ချင်ရုံပဲ..။
” နေနေ မောင်..နွယ်ပဲချီလိုက်မယ် လူဆိုးလေးကို “
မောင်က ကုန်းချီဖို့လုပ်သော်လည်း နွယ်အရင်ဦးစွာချီလိုက်သည်။ သားသားက ထွား၍ ကိုယ်ဝန်လနုသေးတဲ့ မောင်ကကုန်းကုန်းချီပြီး တစ်ခုခုဖြစ်သွားမှာ နွယ်မလိုလားချေ။
“ လူဆိုးလေး ဒယ်ဒီ့ဗိုက်ဗိုက်ထဲမှာ ကလေးလေးရောက်နေပြီဗျ..သားသား ကိုကိုဖြစ်တော့မှာလေ အာ..ညစ်ပတ်လေး နှပ်တွေကြီးပဲကွာ”
နွယ် သားသားရဲ့ တွဲလောင်းကျနေတဲ့ နှာရေတွေကိုသုတ်ပေးပြီး ပါးစုံဖောင်းဖောင်းကြီးကို မွှေးကြူလိုက်သည်။ ကလေးလေးဆိုတာနဲ့ မျက်လုံးတွေ တလက်လက်ဖြစ်လာတဲ့ သားသားက အသက်ငယ်သေးသော်လည်း အငယ်သိပ်လိုချင်နေပုံရသည်။
“ ဟီးဟီး..ဖီဖီ ကြောတာ တဂယ်ရား ဒယ်ဒယ် “
“ ဟုတ်ပါ့ဗျာ..ကိုကိုဖြစ်ချင်ရင်တော့ စကားပီအောင်ပြောနော် ဝက်ဝံပေါက် “
ဒီလှိုင်း သားပါးစုံကြီးကို နီရဲအောင်ဆွဲပြီး ခေါင်းချင်းဆိုင်ကာ စနောက်နေမိ၏။ ခါတိုင်းဆို ပြဲလန်နေအောင်အော်သည့်သားက အခုတော့ အပြုံးတောင်မပျက်…။
“ ငယ်တေးယို့ပါ ဒယ်ဒယ်ရာ ကြီးရင် ပီမှာပေါ့ဂျာ “
“ မရပါဘူး ကိုကိုဖြစ်ချင်ရင် စကားအရင်ပီအောင်လုပ် “
“ အီးဟီး..ဒယ်ဒယ်က သိပ်အနိုင်ကျင့်တာပဲ ဖီဖီ “
“ တော်တော် သားအဖနှစ်ယောက်သား ကလိမနေနဲ့ မောင် ဆေးရုံသွားမယ် အဝတ်အစားသွားလဲ “
“ ဟုတ်ကဲ့ “
“ ဝုတ်တဲ့ “
သားကပါ နွယ့်ကိုယ်ပေါ်က ကော့ထိုးဆင်းပြီး သူ့ဒယ်ဒီနောက်က လေးဘက်ထောက်သွားကာလိုက်သွားသည်။ သားက လမ်းစမ်းရုံပဲရှိသေးပြီး သူ့ကိုယ်သူသိပ်မယုံရဲသေးတာဖြစ်မည်။
အမှန်ဆို သားလမ်းလျှောက်တတ်တာသေချာမှ နွယ်တို့ကလေးယူသင့်တာ..ဟူး..နွယ့်လူဆိုးလေးလုပ်သမျှ အကောင်းပါပဲ..။
“ ဟေ့..ရောက်လာကြပြီဆိုတော့ သတင်းကောင်းလား ဟေ့”
လွမ်နောင်က သူ့အမျိုးသားကိုဖက်ကာ အပေါက်ဝမှာတွေ့တဲ့ ဒီလှိုင်းတို့ကို လှမ်းပြောလေသည်။
“ ကြည့်ရုံနဲ့ ခင်ဗျားမသိဘူးလား “
“ ငါနော် ဗိုက်ကြီးနဲ့မို့ ရန်မဖြစ်ရဲဘူးမထင်နဲ့ ဟေ့ကောင် “
“ လုပ်လိုက်လေ စိန်သလားလို့ “
အပေါက်ဝမှာတင် ရန်ထသတ်တော့မယ့် နှစ်ယောက်ကို အနားရှိသက်ဆိုင်သူတွေက အချင်းချင်းပြုံးပြကာ လူစုကွဲစေသည်။
သားသားကိုပါ နွယ်ချီထားရ၍ မောင့်ကိုဆွဲရတာ သိပ်အရာမတွင်သော်လည်း မောင်က ကိုယ်ရှိန်ကိုသတ်လိုက်ကာ နွယ့်လက်ကိုဆွဲပြီး ဆေးရုံထဲဝင်လာခဲ့သည်။
ဆရာကြီးက ဒီနေ့ဆေးရုံလာရက်မဟုတ်ပေမယ့် ဒီလှိုင်းဆီက သတင်းကြား၍ ဒီနေ့ ဆေးရုံလာပေးသည်။ မဟုတ်ရင်တောင် ဒီနေ့ultrasoundရိုက်ပေးမလို့ဖြစ်၏။ ဆရာကြီးအခန်းထဲကို ဒီလှိုင်းတို့တန်းဝင်လာခဲ့သည်။
“ ဟောဟော ဖိုးရဲ့ သားသားလေးက ပါလာတာလား “
“ ဟုတ်တဲ့ ဖိုးဖိုး “
ဆရာဝန်ကြီးရဲ့ သားက နိုင်ငံခြားမှာအိမ်ထောင်ကျပြီး ဆရာဝန်ကြီးတို့နဲ့ ခွဲနေတာမို့ မြေးတွေရော သားရောနှင့်ပါဝေးနေသည့် ဆရာဝန်ကြီးက မြေးငတ်သူဖြစ်ပြီး အက္ခရာက အဖိုးငတ်သူဖြစ်၍ သူတို့နှစ်ဦးတွေ့လျှင် ပေါင်းရသင်းရအရမ်းကောင်းသည်။
“ အာလ်ထွာဆောင်းရိုက်ကြည့်ရအောင် ကုတင်ပေါ်မှာ ပက်လက်လှန်လိုက် သားဒီလှိုင်း”
ဒီလှိုင်းကုတင်ပေါ်မှာ ပက်လက်လှန်လိုက်သည်နှင့် နွယ်က ဘေးတစ်ဖက်ခုံမှာထိုင်ကာ ဒီလှိုင်းရဲ့လက် အေးစက်စက်ကို ဆုတ်ကိုင်ပေးထား၏။ နွယ်တို့နှစ်ယောက်ရဲ့လက်အပေါ်ကို နွယ့်ပေါင်ပေါ်မှာထိုင်နေတဲ့ သားသားရဲ့ လက်ကလေးရောက်လာသည်။
“ ဟီးဟီး “
သားသားက သဘောကျနေသည့်ဟန် ပါးစုံကြီးမို့တက်သွားအောင် ပြုံးပြလာသည်။
“ ဒီမှာကြည့် သေးသေးလေး..”
TV screenပေါ်က သန္ဓေသားငယ်က သားအိမ်နံရံမှာ ကပ်တွယ်နေသည့် သွေးခဲလေးသဖွယ် တည်ရှိနေ၏။
အို..လှိုက်ဖိုလာသည့် ရင်အစုံတွေ..။
အို..တာကျိုးကျလာသည့် မျက်ရည်တွေ..။
ဝမ်းသာလွန်းလို့ ပြန်ထိန်းမရတော့တဲ့ မျက်ရည်တွေ..။ အရာရာဟာရပ်တန့်နေသလိုပါပဲ..။
သမီးရဲ့..ရောက်ရှိခြင်းပြ ကိရိယာတွေကြောင့် လှိုက်ဖိုအောင် ဝမ်းသာနေရပါတယ် သမီးရယ်..။
“ ဂုဏ်ယူပါတယ်ကွာ..သားသားလေးကို အန်ကယ် ခေါ်သွားမယ်နော် “
ဖခင်နှစ်ယောက် ငိုနေတာကိုကြည့်ပြီး မျက်ရည်တစမ်းစမ်းနှင့် ကလေးကို ဆရာဝန်ကြီးချီလိုက်ပြီး အခန်းပြင်ကိုထွက်လာခဲ့သည်။
အထဲကနှစ်ယောက် အကြင်နာတွေဝေပါစေတော့ ဟူ၍ ရှောင်ပေးခဲ့ခြင်းဖြစ်၏။
“ သားသားက ဘာလို့ငိုရတာတုန်းကွ “
“ ဖီဖီနဲ့ဒယ်ဒယ်ငိုနေယို့ယေ “
“ သားအဖေတွေက ပျော်လို့ငိုတာကွ သားသားကရော “
“ ကျော်ရင်ငိုယို့ရား ဖိုးဖိုးကြီး ယိမ်ပြန်ပီ..သားဆို ကျော်ရင် ရယ်တာကြီးတို…”
“မျက်ရည်ကျလောက်အောင်ဝမ်းသာတဲ့ အခိုက်အတန့်တွေကို သားသား ကြီးလာရင် ကြုံရမှာပါကွာ အဲ့ကျမှ ဖိုးဖိုးလိမ်တာလား မလိမ်ဘူးလား သိလိမ့်မယ်နော် “
“ ဟုတ်တဲ့..”
“ နွယ် ဒါမောင်တို့သမီးလေးကွ မောင်တို့သမီးလေးပြန်လာပြီ “
မောင်က အာလ်ထွာဆောင်းပုံကိုလှုပ်ကာ ဝမ်းသာအရပြောနေလေသည်။
“ မောင့်ကို နွယ်တစ်ခုလောက် တောင်းဆိုပါရစေ..သမီးက ဒီတစ်ခါပြန်လာတာ သားယောင်္ကျားလေးအဖြစ်နဲ့လည်းဖြစ်နိုင်တာမို့ သမီးဆိုပြီး တစ်သမတ်ထဲထားလို့မရဘူး မောင်..တကယ်လို့..တကယ်လို့ သမီးဖြစ်ချင်မှလဲ ဖြစ်လိမ့်မယ်..နွယ်တို့နဲ့ထိုက်လို့ ရောက်လာတဲ့ ကလေးကိုတော့ မောင်က မမုန်းလိုက်ပါနဲ့နော်”
နွယ် ဒီရက်ထဲ အခါခါစဉ်းစားနေခဲ့တာ ဤအကြောင်းဖြစ်၏။ လူဝင်စားတွေက ကိုယ့်မိသားစုထဲပဲ ပြန်ဝင်စားတတ်တာမှမဟုတ်ဘဲ..။ မောင့်အပျော်တွေကို ပျက်စေဖို့မရည်ရွယ်ခဲ့ပေမယ့် ဒီကိစ္စတော့ ကြိုတင်သတိပေးရမည်..။
“ ခင်ဗျား ရူးနေသလား နွယ်သာကီ.. မောင်တို့ကလေးပဲ မောင်ကချစ်မှာပေါ့ မရေရာတာတွေ တွေးမနေပါနဲ့ မောင့်နွယ် “
ဒီလှိုင်းသိတယ် နွယ်ဘယ်လောက်တောင် သမီးကိုပဲပြန်လာစေချင်နေမှန်း။ ဒီလှိုင်းကိုမျှော်လင့်ချက်မထား စေချင်တာကြောင့် ဒီလိုပြောနေမှန်း။
တချို့သော မျှော်လင့်ချက်တွေက အမြင့်ရောက်မှ ရိုက်ချခံရရင် ပိုနာကျင်ရတယ်..။
နွယ် သမီးဖို့ထိုးလက်စ အင်္ကျီလေးကို နွယ့်မျက်ရည်တွေနဲ့အပြီးထိုးထားတာ မောင်သိတယ် နွယ်..။ စိတ်ချပါနွယ်..မောင်ရော မောင့်ကလေးတွေရောက မင်းကို စိတ်မပျက်စေရဘူး။ မျက်ရည်မကျစေရတော့ဘူး..မောင့်နွယ်..။
သူတို့နှစ်ဦး တစ်ဦးကို တစ်ဦးဖေးမကာ ဆရာဝန်ကြီးနဲ့ သားသားရှိရာသို့လာလိုက်သည်။
“ အခုက Juneမို့ နောက်နှစ် Marchလနှောင်းပိုင်းလောက်မွေးမယ် ထင်တယ်။ အတိအကျက ကိုယ်ဝန် (၅)လလောက်မှ သိရမယ်..။ အန်ကယ်လည်း ထိုင်းမှာ သားဒီလှိုင်းမွေးပြီးတဲ့အထိနေဖြစ်အုံးမှာမို့ အမြဲတမ်း ကိုယ်ဝန်ကို စစ်ဆေးပေးမှာပါ “
“ သား ဒီလှိုင်းက သားနှောင်းလို မွေးရာပါ မဟုတ်တဲ့အတွက် ကလေးမွေးချင်ရင် ဗိုက်ရစ်နာတာမျိုး နာကျင်မှာမဟုတ်သလို မွေးချင်တာမသိရဘူး..။ Ultrasoundတွေရိုက်ပြီး အန်ကယ်တို့ မွေးရက်တွေညှိပြီး ခွဲမွေးရမှာ..။ ဒီကြားထဲ အန်ကယ်ပေးတဲ့ အားဆေးတွေသောက် အားရှိအောင်နေ အလုပ်အရမ်းမလုပ်နဲ့..ပြီးကျ ဟောဒီ့က သားသားလေးကို မချီနဲ့နော် “
“ ဟုတ်ကဲ့ပါ အန်ကယ်..”
သားအိမ်အစားထိုးထည့်တဲ့အခါ သားအိမ်ရဲ့သွေးကြောတွေနဲ့ လူနာရဲ့သွေးကြောတွေနဲ့လိုက်ဆက်ရတယ်။ ဆက်စပ်ထားတဲ့အခါ အာရုံကြောတွေမပါတာမို့ နာကျင်ကိုက်ခဲတာမျိုး သိရလိမ့်မှာမဟုတ်ဘူး..။
လအရမ်းနုရင် ကလေးအကြီးကို ချီပြီး ကိုယ်ဝန်ပျက်ကျနိုင်သည်မို့ သတိအမြဲပေးရလေသည်။
ဤသို့ဖြင့် (၆)လပိုင်းမှာ ရတနာတစ်သွယ်သည် ဒီလှိုင်းတို့ဘဝထဲကို ဝင်ရောက်လာပါတော့သည်။
____________
ေမာင့္ ႏြယ္သာကီ
အပိုင္း(၂၈)
သားက တအင့္အင့္နဲ႔ငိုကာ ႏြယ့္လည္ပင္းကို ဖက္ၿပီး ႏြယ့္ရင္ဘတ္အေပၚမွာ အျပည့္အဝေနရာယူထားပါ၏။ သားကို ဘာေတြက ဒီေလာက္ဝမ္းနည္းသြားေစမွန္း ႏြယ္မသိ။ သားရဲ႕ ေက်ာျပင္ကို ခပ္ဖြဖြေလးပြတ္ေပးကာ အငိုတိတ္ေလျငား ေခ်ာ့ျမဴရသည္။
သား အငိုသည္းေတာ့ ေမာင့္မ်က္ႏွာဟာလည္း ၿပိဳေတာ့မည့္မိုးလိုပဲ…အုံ႔မိႈင္းေဝရီေန၏။
“ ေဖေဖ ဘာမွမျဖစ္လို႔ သားသားက မငိုနဲ႔ေတာ့ေနာ္ ေဖေဖ့ သားသားက လိမၼာပါတယ္..”
သားရဲ႕ ဆံပင္ႏုႏုေလးကို ပြတ္သပ္လ်က္ သားရဲ႕ပခုံးစြန္းေလးကို ခပ္ဖြဖြနမ္းလိုက္သည္။
ၿပီးေနာက္ ျပန္ေမာ့လိုက္ၿပီး ႏြယ့္ကမ႓ာမွာ မိုးမသည္းေစလိုျငား…။
“ ေမာင္ရယ္ သားသားက ကေလးေလးမို႔ အငိုသည္းေနတာပါကြာ..ေမာင္ကပါ ဒီလိုႀကီးျဖစ္ေနေတာ့ ႏြယ္က ဘယ္စိတ္ခ်မ္းသာပါ့မလဲကြာ “
ေမာင္က ႏြယ့္စကားေၾကာင့္ လုပ္ျပဳံးႀကီးကို ျပဳံးျပေလသည္။ ေမာင့္ရင္ထဲမွာေတာ့ ခံစားရခက္ေနတာ ႏြယ္သိတာေပါ့။ ေမာင္က သမီးအျပင္ သားကိုလည္း ဤမွ်ေလာက္ထိခ်စ္ပါေသးသည္။
“ လာပါအုံး ဒယ္ဒီ့ကေလးရယ္ “
ဒီလိႈင္း သားကို ႏြယ့္ဆီကေန ေျပာင္းၿပီးခ်ီတဲ့အထိ သားက ႐ိႈက္ငိုတုန္း..။ ဒီလိႈင္းလက္ေပၚမွာ ပိုၿပီးေတာင္ အငိုသည္းလာသည္။
“ ဒယ္ဒီ့သားသားေလးက ဘာေတြဝမ္းနည္းသြားရတာလဲ “
ဒီလိႈင္းအခန္းထဲမွာ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ၿပီး သားအငိုတိတ္ေစလိုျငားေခ်ာ့ျမဴေနမိသည္။
သားသားက အားကိုးရသြားသည့္ႏွယ္ ဒီလိႈင္းလည္ပင္းကိုပိုပိုတိုးဖက္ၿပီးေနာက္ ႐ိႈက္သံမ်ားၾကားမွ ေျပာလာေလသည္။
“ အင့္..ဒယ္ဒယ္..အင့္ ဖီဖီဘာမွမခ်စ္ရဝူးေညာ္ ဟုတ္ယယ္မရား ဘာမွမခ်စ္ရဝူးေညာ္ “
“ သားသားရဲ႕ ေဖေဖက ဘာမွမျဖစ္ပါဘူးကြာ ဒယ္ဒီ့ကေလးကို ဘယ္သူက ဘာေျပာလိုက္လို႔လဲ “
“ ေယးငယ္တို႔က အင့္..သားကို ေမြးယုန္းက ဖီဖီက ေမ့သြားပီး ေခ်း႐ုံအၾကာရီးတက္ယိုက္ရယာတဲ့ “
“ အဲ့တာ သားသားငယ္ငယ္တုန္းကေလ အဲ့အခ်ိန္တုန္းက ေဖေဖ့ေဘးနားမွာ ဒယ္ဒီေရာ သားသားေရာ႐ွိေနလို႔ ေဖေဖက ပိုေတာင္ေပ်ာ္ေသးတယ္ သားသားရဲ႕..က်န္ခဲ့တဲ့ အတိတ္ေတြေၾကာင့္ သားသားက မငိုပါနဲ႔ ေဖေဖ့ကေလးရာ”
ႏြယ္ သားနားမလည္ေလာက္ေသာ္လည္း ႏြယ္ေျပာေနမိသည္။ ဒီအေျခအေနကို သူမ်ားေတြေၾကာင့္ သားသားသိသြားလို႔ အဲ့လူေတြကို ႏြယ္ အျပစ္လိုက္မတင္ပါဘူး။ အတိတ္ဆိုတာ ႏြယ္တို႔ ဘယ္ေလာက္ေခ်ဖ်က္ ေခ်ဖ်က္ တစ္စြန္းတစ္စကေတာ့ က်န္အုံးမွာပဲ..။
“ တဂယ္ညား ဖီဖီဝမ္းသာတာ တဂယ္ေက်ာ္တာညား “
“ တကယ္ေျပာတာပါကြာ ေဖေဖ့သားသားေလးနဲ႔မီးမီးေလးရယ္ သားသားေလးရဲ႕ဒယ္ဒီရယ္ ႐ွိေနသ၍ ေဖေဖက ေပ်ာ္ပါတယ္ကြာ “
“ တကယ္လား ေမာင့္ႏြယ္သာကီ “
“ တဂယ္ညား ဖီဖီ “
သားအဖႏွစ္ေယာက္ ၿပိဳင္တူထြက္လာတာပါပဲ။ ႐ုပ္ေတြကလည္း လိုတာရသြားသည့္ႏွယ္ ျပဳံးစိစိေတြခ်က္ခ်င္းျဖစ္သြား၏။
“ တကယ္ေျပာတာပါကြာ သားအဖႏွစ္ေယာက္သား အတိုင္အေဖာက္ညီခ်က္ကေတာ့ မေျပာလိုက္ခ်င္ဘူး “
သားရဲ႕ မ်က္ရည္ေတြကိုသုတ္ေပးလိုက္ၿပီး သားကို ေျပာင္းခ်ီလိုက္သည္။ ႏြယ့္လက္ေပၚေရာက္လာတဲ့သားက ႏြယ္မ်က္ႏွာကို တ႐ႈံ႕႐ႈံ႕နမ္းေန၏။ ႏြယ့္ႏွဖူးကိုေတာ့ သားသားက အလြတ္ေပး၏။
အေၾကာင္းက သူ႕ဒယ္ဒီနမ္းဖို႔ ခ်န္လွပ္ေပးသည္ေပါ့။
ေမာင္က ႏြယ့္ႏွဖူးကို သားႏွင့္အၿပိဳင္နမ္းလာ၏။
ေဆး႐ုံပင္ျဖစ္လင့္ကစား ေမာင္နဲ႔ ေမာင့္ကိုယ္ခြဲေတြ႐ွိတဲ့အရပ္က ႏြယ့္အတြက္ ေပ်ာ္႐ႊင္ေစတာပါပဲ..။
“ဖီဖီ ဒယ္ဒယ္က ဘာယို႔အဲ့အခန္းထဲတို ဝင္တြားတာယဲ “
“ ဒယ္ဒယ္က သားသားအတြက္ ကေလးေလးသြားေခၚေပးတာ သားသားရဲ႕ “
“ ကေယးေယးရား တကယ္ရီးရား အိဟီး ေက်ာ္စရာရီး ေက်ာ္စရာရီး “
သားသားက လက္ခုပ္လက္ဝါးတီးကာ ႏြယ့္ကိုယ္ေပၚမွာ ခုန္ေန၏။ ႏြယ္တို႔ ေမာင္ဝင္သြားတဲ့ အခန္းေ႐ွ႕က ခုံေတြမွာထိုင္ေစာင့္ေနတာျဖစ္သည္။
တစ္နာရီေက်ာ္ေက်ာ္ၾကာေတာ့ သားသားက စကားေျပာရတာေမာသြားၿပီး ႏြယ့္လက္ေပၚမွာတင္အိပ္သြား၏။ ႏြယ္ သားသားမ်က္ႏွာကို ဆံပင္ေတြအုပ္မွာဆိုး၍ ဆံပင္ေတြကို အေနာက္ကိုပို႔လိုက္သည္။
သားကအိပ္ေနရင္းေတာင္ အိပ္မက္ထဲမွာ ႏို႔စို႔ေနသလားမသိ ႏႈတ္ခမ္းထူထူကို ခြၽန္လ်က္ လႈပ္စိ လႈပ္စိႏွင့္..။
ႏွစ္နာရီနီးပါးၾကာေတာ့ ေမာင္က ျပန္ထြက္လာသည္။ ဒီတစ္ခါေတာ့ ထြက္လာတာ ဝွီးခ်ဲႏွင့္ျဖစ္၏။ ပုံမွန္မိန္းမသားေတြေတာင္ နာက်င္မႈအနည္းအမ်ား႐ွိႏိုင္တဲ့ ဒီခရီးက ေမာင့္လို ေယာက်ၤားသားအတြက္ဆို ေျပာဖြယ္မ႐ွိ။
သို႔ေပမယ့္ ေမာင္ဟာ သိပ္သတၱိ႐ွိခဲ့တယ္..။ နာက်င္တာေတြကို ဖုံးကြယ္ၿပီး ႏြယ္တို႔ သားအဖကို ျပဳံးျပႏိုင္ခဲ့တယ္..။
“ ေမာင္ အဆင္ေျပရဲ႕လား “
ႏြယ္ သားကိုခ်ီကာ ေမာင့္ဆီကိုသြားမိသည္။ ေမာင္က ကေလးတစ္ေယာက္လိုတာရသြားသလို ခပ္ျပဳံးျပဳံးႏွင့္..။
“ အဆင္ေျပခဲ့တယ္ ႏြယ္ရဲ႕ ေအးေဆးပဲ။ သားကို ေမာင့္ကိုေပးေလ ႏြယ္က ဝွီးခ်ဲတြန္း “
“ ေနပါ ေမာင္ရယ္။ ႏြယ္ပဲခ်ီလိုက္ပါမယ္ “
“ ေပးပါ ႏြယ္ရယ္ ေမာင္မနာပါဘူး “
ေနာက္ဆုံးက် ႏြယ္ သားကိုေမာင္ထိုင္ေနတဲ့ ဝွီးခ်ဲအေပၚတင္ေပးလိုက္သည္။ မ တင္ေပးလို႔မရ ႏြယ္ဝွီးခ်ဲတြန္းရအုံးမယ္ေလ။
ဤသို႔ႏွင့္ ေဆး႐ုံ၏ corridorတြင္ သိပ္ကိုၾကည္ႏူးဖို႔ေကာင္းသည့္ မိသားစုေလးေၾကာင့္ လူအမ်ားျပဳံးမိၾကေလသည္။
အခ်စ္ဆိုတာ ဘာသက္မွတ္ခ်က္မွာမပါတဲ့ စိတၱစနာမ္..စုတ္ကိုင္ေထြးေပြ႕ႏိုင္သူရဲ႕ အေပၚမွာမူတည္ၿပီး ေအးခ်မ္း၏ လိႈင္းထန္၏သာ ကြဲလြဲသြားတတ္သည္။
“ ေမာင္ ဘာလို႔ၾကာေနတာလဲ ဘာျဖစ္လို႔လဲ ေမာင့္“
ႏြယ္နဲ႔သားက ေရခ်ိဳးခန္းေ႐ွ႕မွာ ဟိုေလွ်ာက္ဒီေလွ်ာက္ႏွင့္ ေမာင္ထြက္အလာကို ေမွ်ာ္လင့္တႀကီးေစာင့္ေနသည္။ ေရခ်ိဳးခန္းထဲဝင္သြားတာ (၁၅)မိနစ္ေလာက္႐ွိၿပီ ေမာင္က အခုထိကိုထြက္မလာေသး၍ ႏြယ္စိတ္ပူလာရသည္။
ေဟာ္မုန္းေဆးစားၿပီး IUTPIကုထုံးကို ခံယူထားတာ ဒီေန႔က ႏွစ္ပတ္နဲ႔တစ္ရက္ျပည့္တဲ့ေန႔ျဖစ္သည္။ ဒီၾကားထဲမွာလဲ ေမာင္က စိုးရိမ္ႀကီးစြာ ဆီးခဏခဏစစ္ၾကည့္၏။ သို႔ေသာ္ လိုခ်င္ေသာအေျဖမရခဲ့..။သမီးကိုအိပ္မက္မ မက္ေတာ့ျခင္းအေပၚ ေမာင္က စိတ္ဖိစီးေနပုံရသည္။
ဒီေန႔လဲ တစ္ခါဆီးစစ္ၾကည့္ျပန္၏။ အခုထိကို ေရခ်ိဳးခန္းထဲက ထြက္မလာေတာ့တာျဖစ္သည္။ ဆီးစစ္တံမွာ မ်ဥ္းႏွစ္ေၾကာင္းမေပၚတိုင္း ေမာင္က ေရခ်ိဳးခန္းထဲမွာ ငိုေနတတ္တာမို႔ ႏြယ္စိတ္ပူလာရသည္။
ႏြယ္ ေသာ့အပို႐ွာေနစဥ္မွာပဲ တံခါးပြင့္လာကာ ဆီးစစ္တံကိုင္ၿပီး ေတာင့္ေတာင့္ႀကီးျဖစ္ေနသည့္ ေမာင့္အနား ႏြယ္အေျပးသြားကာ ေမာင့္ပါးျပင္ေအးေအးကို ဂ႐ုဏာသက္စြာကိုင္လ်က္ အျပဳံးေရးေရးႏွင့္ ႏွစ္သိမ့္မိပါ၏။
“ ဘာမွမျဖစ္ပါဘူး ေမာင္ရယ္..ႏြယ္တို႔နဲ႔ ကံမဆက္ေသးလို႔ ေနမွာပါ..”
ေအာက္ကေန တေတာက္ေတာက္ေလးဘက္သြားေနသည့္ သားက ႏြယ္တို႔ေျခေထာက္နားေရာက္လာသည္။ သို႔ေသာ္ ႏြယ္ေရာ၊ ေမာင္ေရာ ေကာက္မခ်ီမိဘဲ ေမာင္က ႏြယ့္မ်က္ႏွာကိုၾကည့္ေနသလို ႏြယ္ကလည္း ေမာင့္မ်က္ႏွာကိုၾကည့္ကာ ျပဳံးျပေန၏။
“ မ်ဥ္း..မ်ဥ္း ႏွစ္ေၾကာင္း ထင္သြားၿပီ ႏြယ္..ဟင့္ဟင္း…”
ဆီးစစ္တံကိုတစ္ဖက္ကကိုင္ၿပီး ေတာင့္ေတာင့္ေလးျဖစ္သြားသည့္ ႏြယ့္ကို ဒီလိႈင္းဖက္ကာ ႐ိႈက္ႀကီးတငင္ငိုမိ၏။
လိုခ်င္ေတာင္းတခဲ့ရပါေသာ ဆႏၵတစ္ခုျပည့္သြားၿပီ..။ အိမ္ေထာင္ေရးအႏွစ္သာရရဲ႕ ဆုလာဘ္ေလး တစ္ေယာက္တိုးလာေတာ့မည္..။
ေပ်ာ္႐ႊင္ရပါေသာ..။
ငယ္ငယ္တုန္းက ပထမဆုကို စင္ျမင့္ထက္ ဝံ့ဝံ့ႂကြႂကြားယူေနသကဲ့သို႔ ဝမ္းသာရေသာ၊ဂုဏ္ယူရေသာ ပီတိေတြဟာ လိႈက္ခနဲ လိႈက္ခနဲ..။
“ ဟင့္ ေမာင့္..”
“ အင္း..ေမာင္တို႔ရဲ႕ ရတနာတစ္သြယ္ေရာက္လာေတာ့မယ္ ႏြယ္ “
“ ေမာင့္ကို ေက်းဇူးတင္ပါတယ္ “
“ ႏြယ့္ကို သိပ္ခ်စ္ရပါတယ္ “
ႏွစ္ေယာက္သား ေပြ႕ဖက္ၿပီး အျပန္အလွန္စကားဆိုေနသည္မွာ ဘယ္ေလာက္ၾကာသြားသည္လဲ မသိ။ ေအာက္က သားက အသံၿပဲနဲ႔ ေအာ္ငိုလာေတာ့မွ သတိရၾကသည္။
“ အီးဟီး..ဖီဖီနဲ႔ ဒယ္ဒယ္က သားသားကို က်စ္ထားၾကယယ္ အီးဟီး လူခ်ိဳးေယြ “
လက္ေဖာင္းေဖာင္းေလးေတြနဲ႔ မ်က္လုံးေတြကို ပြတ္ကာျဖင့္ အသံဆာဆာေလးႏွင့္ ေအာ္ငိုေနသည့္သားကက် ဘုရင္ငယ္ေလးႏွင့္တူသည္။
တခ်ိဳ႕က သားဆိုတာ အင္အားတဲ့..။
တခ်ိဳ႕ကက် သားဆိုတာ က်ားတဲ့..။
ႏြယ္တို႔အတြက္ေတာ့ သားဆိုတာ ဘုရင္ငယ္ေလး..။ ႏြယ္တို႔က ဘုရင္ငယ္ေလးကို အရိပ္တၾကည့္ၾကည့္ႏွင့္ေစာင့္ေ႐ွာက္ရတဲ့ မူးႀကီးမတ္လ်ာေတြ..။
ေနာင္တစ္ခ်ိန္ သူတို႔အမွားလုပ္မိခဲ့လွ်င္ ဘုရင္ငယ္ေလးက ေက်းဇူးတရားေတြကို မငဲ့ကြက္ဘဲ ႀကိဳးစင္တင္ႏိုင္တဲ့လူျဖစ္ေအာင္ ဆုံးျဖတ္ခ်က္ ျပတ္သားတဲ့လူျဖစ္ေအာင္ လမ္းၫႊန္ျပေပးရမွာ သူတို႔တာဝန္..။
ကိုယ္စိုက္ပ်ိဳးတဲ့အပင္က အဆိပ္သီးသီးေနပါေစ သူတို႔က ရိတ္သိမ္းစားေသာက္ရမွာပဲ..။
သမီးကက် ဤသို႔မဟုတ္..။ သူတို႔အျမတ္တႏိုးထားရမယ့္ ရတနာတစ္သြယ္..။ တန္ဖိုးသိပ္မ႐ွိတဲ့ ရတနာဆိုလွ်င္ေတာင္ ႐ႊံ႕ႏြံ႕ေတြၾကားက ဆြဲထုတ္ ေရေဆးၿပီး သန္႔စင္ရမွာမ်ိဳး..။ အက်ိဳးအျမတ္နည္းမွာသိတယ္..႐ႊံ႕ႏြံ႕ေပမွာ သိတယ္..ဒါေပမဲ့ သူတို႔ေမွ်ာ္လင့္တာက သန္႔စင္တဲ့ရတနာတစ္သြယ္အျဖစ္ ျမင္ခ်င္႐ုံပဲ..။
” ေနေန ေမာင္..ႏြယ္ပဲခ်ီလိုက္မယ္ လူဆိုးေလးကို “
ေမာင္က ကုန္းခ်ီဖို႔လုပ္ေသာ္လည္း ႏြယ္အရင္ဦးစြာခ်ီလိုက္သည္။ သားသားက ထြား၍ ကိုယ္ဝန္လႏုေသးတဲ့ ေမာင္ကကုန္းကုန္းခ်ီၿပီး တစ္ခုခုျဖစ္သြားမွာ ႏြယ္မလိုလားေခ်။
“ လူဆိုးေလး ဒယ္ဒီ့ဗိုက္ဗိုက္ထဲမွာ ကေလးေလးေရာက္ေနၿပီဗ်..သားသား ကိုကိုျဖစ္ေတာ့မွာေလ အာ..ညစ္ပတ္ေလး ႏွပ္ေတြႀကီးပဲကြာ”
ႏြယ္ သားသားရဲ႕ တြဲေလာင္းက်ေနတဲ့ ႏွာေရေတြကိုသုတ္ေပးၿပီး ပါးစုံေဖာင္းေဖာင္းႀကီးကို ေမႊးၾကဴလိုက္သည္။ ကေလးေလးဆိုတာနဲ႔ မ်က္လုံးေတြ တလက္လက္ျဖစ္လာတဲ့ သားသားက အသက္ငယ္ေသးေသာ္လည္း အငယ္သိပ္လိုခ်င္ေနပုံရသည္။
“ ဟီးဟီး..ဖီဖီ ေၾကာတာ တဂယ္ရား ဒယ္ဒယ္ “
“ ဟုတ္ပါ့ဗ်ာ..ကိုကိုျဖစ္ခ်င္ရင္ေတာ့ စကားပီေအာင္ေျပာေနာ္ ဝက္ဝံေပါက္ “
ဒီလိႈင္း သားပါးစုံႀကီးကို နီရဲေအာင္ဆြဲၿပီး ေခါင္းခ်င္းဆိုင္ကာ စေနာက္ေနမိ၏။ ခါတိုင္းဆို ၿပဲလန္ေနေအာင္ေအာ္သည့္သားက အခုေတာ့ အျပဳံးေတာင္မပ်က္…။
“ ငယ္ေတးယို႔ပါ ဒယ္ဒယ္ရာ ႀကီးရင္ ပီမွာေပါ့ဂ်ာ “
“ မရပါဘူး ကိုကိုျဖစ္ခ်င္ရင္ စကားအရင္ပီေအာင္လုပ္ “
“ အီးဟီး..ဒယ္ဒယ္က သိပ္အႏိုင္က်င့္တာပဲ ဖီဖီ “
“ ေတာ္ေတာ္ သားအဖႏွစ္ေယာက္သား ကလိမေနနဲ႔ ေမာင္ ေဆး႐ုံသြားမယ္ အဝတ္အစားသြားလဲ “
“ ဟုတ္ကဲ့ “
“ ဝုတ္တဲ့ “
သားကပါ ႏြယ့္ကိုယ္ေပၚက ေကာ့ထိုးဆင္းၿပီး သူ႕ဒယ္ဒီေနာက္က ေလးဘက္ေထာက္သြားကာလိုက္သြားသည္။ သားက လမ္းစမ္း႐ုံပဲ႐ွိေသးၿပီး သူ႕ကိုယ္သူသိပ္မယုံရဲေသးတာျဖစ္မည္။
အမွန္ဆို သားလမ္းေလွ်ာက္တတ္တာေသခ်ာမွ ႏြယ္တို႔ကေလးယူသင့္တာ..ဟူး..ႏြယ့္လူဆိုးေလးလုပ္သမွ် အေကာင္းပါပဲ..။
“ ေဟ့..ေရာက္လာၾကၿပီဆိုေတာ့ သတင္းေကာင္းလား ေဟ့”
လြမ္ေနာင္က သူ႕အမ်ိဳးသားကိုဖက္ကာ အေပါက္ဝမွာေတြ႕တဲ့ ဒီလိႈင္းတို႔ကို လွမ္းေျပာေလသည္။
“ ၾကည့္႐ုံနဲ႔ ခင္ဗ်ားမသိဘူးလား “
“ ငါေနာ္ ဗိုက္ႀကီးနဲ႔မို႔ ရန္မျဖစ္ရဲဘူးမထင္နဲ႔ ေဟ့ေကာင္ “
“ လုပ္လိုက္ေလ စိန္သလားလို႔ “
အေပါက္ဝမွာတင္ ရန္ထသတ္ေတာ့မယ့္ ႏွစ္ေယာက္ကို အနား႐ွိသက္ဆိုင္သူေတြက အခ်င္းခ်င္းျပဳံးျပကာ လူစုကြဲေစသည္။
သားသားကိုပါ ႏြယ္ခ်ီထားရ၍ ေမာင့္ကိုဆြဲရတာ သိပ္အရာမတြင္ေသာ္လည္း ေမာင္က ကိုယ္႐ွိန္ကိုသတ္လိုက္ကာ ႏြယ့္လက္ကိုဆြဲၿပီး ေဆး႐ုံထဲဝင္လာခဲ့သည္။
ဆရာႀကီးက ဒီေန႔ေဆး႐ုံလာရက္မဟုတ္ေပမယ့္ ဒီလိႈင္းဆီက သတင္းၾကား၍ ဒီေန႔ ေဆး႐ုံလာေပးသည္။ မဟုတ္ရင္ေတာင္ ဒီေန႔ultrasound႐ိုက္ေပးမလို႔ျဖစ္၏။ ဆရာႀကီးအခန္းထဲကို ဒီလိႈင္းတို႔တန္းဝင္လာခဲ့သည္။
“ ေဟာေဟာ ဖိုးရဲ႕ သားသားေလးက ပါလာတာလား “
“ ဟုတ္တဲ့ ဖိုးဖိုး “
ဆရာဝန္ႀကီးရဲ႕ သားက ႏိုင္ငံျခားမွာအိမ္ေထာင္က်ၿပီး ဆရာဝန္ႀကီးတို႔နဲ႔ ခြဲေနတာမို႔ ေျမးေတြေရာ သားေရာႏွင့္ပါေဝးေနသည့္ ဆရာဝန္ႀကီးက ေျမးငတ္သူျဖစ္ၿပီး အကၡရာက အဖိုးငတ္သူျဖစ္၍ သူတို႔ႏွစ္ဦးေတြ႕လွ်င္ ေပါင္းရသင္းရအရမ္းေကာင္းသည္။
“ အာလ္ထြာေဆာင္း႐ိုက္ၾကည့္ရေအာင္ ကုတင္ေပၚမွာ ပက္လက္လွန္လိုက္ သားဒီလိႈင္း”
ဒီလိႈင္းကုတင္ေပၚမွာ ပက္လက္လွန္လိုက္သည္ႏွင့္ ႏြယ္က ေဘးတစ္ဖက္ခုံမွာထိုင္ကာ ဒီလိႈင္းရဲ႕လက္ ေအးစက္စက္ကို ဆုတ္ကိုင္ေပးထား၏။ ႏြယ္တို႔ႏွစ္ေယာက္ရဲ႕လက္အေပၚကို ႏြယ့္ေပါင္ေပၚမွာထိုင္ေနတဲ့ သားသားရဲ႕ လက္ကေလးေရာက္လာသည္။
“ ဟီးဟီး “
သားသားက သေဘာက်ေနသည့္ဟန္ ပါးစုံႀကီးမို႔တက္သြားေအာင္ ျပဳံးျပလာသည္။
“ ဒီမွာၾကည့္ ေသးေသးေလး..”
TV screenေပၚက သေႏၶသားငယ္က သားအိမ္နံရံမွာ ကပ္တြယ္ေနသည့္ ေသြးခဲေလးသဖြယ္ တည္႐ွိေန၏။
အို..လိႈက္ဖိုလာသည့္ ရင္အစုံေတြ..။
အို..တာက်ိဳးက်လာသည့္ မ်က္ရည္ေတြ..။
ဝမ္းသာလြန္းလို႔ ျပန္ထိန္းမရေတာ့တဲ့ မ်က္ရည္ေတြ..။ အရာရာဟာရပ္တန္႔ေနသလိုပါပဲ..။
သမီးရဲ႕..ေရာက္႐ွိျခင္းျပ ကိရိယာေတြေၾကာင့္ လိႈက္ဖိုေအာင္ ဝမ္းသာေနရပါတယ္ သမီးရယ္..။
“ ဂုဏ္ယူပါတယ္ကြာ..သားသားေလးကို အန္ကယ္ ေခၚသြားမယ္ေနာ္ “
ဖခင္ႏွစ္ေယာက္ ငိုေနတာကိုၾကည့္ၿပီး မ်က္ရည္တစမ္းစမ္းႏွင့္ ကေလးကို ဆရာဝန္ႀကီးခ်ီလိုက္ၿပီး အခန္းျပင္ကိုထြက္လာခဲ့သည္။
အထဲကႏွစ္ေယာက္ အၾကင္နာေတြေဝပါေစေတာ့ ဟူ၍ ေ႐ွာင္ေပးခဲ့ျခင္းျဖစ္၏။
“ သားသားက ဘာလို႔ငိုရတာတုန္းကြ “
“ ဖီဖီနဲ႔ဒယ္ဒယ္ငိုေနယို႔ေယ “
“ သားအေဖေတြက ေပ်ာ္လို႔ငိုတာကြ သားသားကေရာ “
“ ေက်ာ္ရင္ငိုယို႔ရား ဖိုးဖိုးႀကီး ယိမ္ျပန္ပီ..သားဆို ေက်ာ္ရင္ ရယ္တာႀကီးတို…”
“မ်က္ရည္က်ေလာက္ေအာင္ဝမ္းသာတဲ့ အခိုက္အတန္႔ေတြကို သားသား ႀကီးလာရင္ ၾကဳံရမွာပါကြာ အဲ့က်မွ ဖိုးဖိုးလိမ္တာလား မလိမ္ဘူးလား သိလိမ့္မယ္ေနာ္ “
“ ဟုတ္တဲ့..”
“ ႏြယ္ ဒါေမာင္တို႔သမီးေလးကြ ေမာင္တို႔သမီးေလးျပန္လာၿပီ “
ေမာင္က အာလ္ထြာေဆာင္းပုံကိုလႈပ္ကာ ဝမ္းသာအရေျပာေနေလသည္။
“ ေမာင့္ကို ႏြယ္တစ္ခုေလာက္ ေတာင္းဆိုပါရေစ..သမီးက ဒီတစ္ခါျပန္လာတာ သားေယာက်ၤားေလးအျဖစ္နဲ႔လည္းျဖစ္ႏိုင္တာမို႔ သမီးဆိုၿပီး တစ္သမတ္ထဲထားလို႔မရဘူး ေမာင္..တကယ္လို႔..တကယ္လို႔ သမီးျဖစ္ခ်င္မွလဲ ျဖစ္လိမ့္မယ္..ႏြယ္တို႔နဲ႔ထိုက္လို႔ ေရာက္လာတဲ့ ကေလးကိုေတာ့ ေမာင္က မမုန္းလိုက္ပါနဲ႔ေနာ္”
ႏြယ္ ဒီရက္ထဲ အခါခါစဥ္းစားေနခဲ့တာ ဤအေၾကာင္းျဖစ္၏။ လူဝင္စားေတြက ကိုယ့္မိသားစုထဲပဲ ျပန္ဝင္စားတတ္တာမွမဟုတ္ဘဲ..။ ေမာင့္အေပ်ာ္ေတြကို ပ်က္ေစဖို႔မရည္႐ြယ္ခဲ့ေပမယ့္ ဒီကိစၥေတာ့ ႀကိဳတင္သတိေပးရမည္..။
“ ခင္ဗ်ား ႐ူးေနသလား ႏြယ္သာကီ.. ေမာင္တို႔ကေလးပဲ ေမာင္ကခ်စ္မွာေပါ့ မေရရာတာေတြ ေတြးမေနပါနဲ႔ ေမာင့္ႏြယ္ “
ဒီလိႈင္းသိတယ္ ႏြယ္ဘယ္ေလာက္ေတာင္ သမီးကိုပဲျပန္လာေစခ်င္ေနမွန္း။ ဒီလိႈင္းကိုေမွ်ာ္လင့္ခ်က္မထား ေစခ်င္တာေၾကာင့္ ဒီလိုေျပာေနမွန္း။
တခ်ိဳ႕ေသာ ေမွ်ာ္လင့္ခ်က္ေတြက အျမင့္ေရာက္မွ ႐ိုက္ခ်ခံရရင္ ပိုနာက်င္ရတယ္..။
ႏြယ္ သမီးဖို႔ထိုးလက္စ အက်ႌေလးကို ႏြယ့္မ်က္ရည္ေတြနဲ႔အၿပီးထိုးထားတာ ေမာင္သိတယ္ ႏြယ္..။ စိတ္ခ်ပါႏြယ္..ေမာင္ေရာ ေမာင့္ကေလးေတြေရာက မင္းကို စိတ္မပ်က္ေစရဘူး။ မ်က္ရည္မက်ေစရေတာ့ဘူး..ေမာင့္ႏြယ္..။
သူတို႔ႏွစ္ဦး တစ္ဦးကို တစ္ဦးေဖးမကာ ဆရာဝန္ႀကီးနဲ႔ သားသား႐ွိရာသို႔လာလိုက္သည္။
“ အခုက Juneမို႔ ေနာက္ႏွစ္ Marchလေႏွာင္းပိုင္းေလာက္ေမြးမယ္ ထင္တယ္။ အတိအက်က ကိုယ္ဝန္ (၅)လေလာက္မွ သိရမယ္..။ အန္ကယ္လည္း ထိုင္းမွာ သားဒီလိႈင္းေမြးၿပီးတဲ့အထိေနျဖစ္အုံးမွာမို႔ အၿမဲတမ္း ကိုယ္ဝန္ကို စစ္ေဆးေပးမွာပါ “
“ သား ဒီလိႈင္းက သားေႏွာင္းလို ေမြးရာပါ မဟုတ္တဲ့အတြက္ ကေလးေမြးခ်င္ရင္ ဗိုက္ရစ္နာတာမ်ိဳး နာက်င္မွာမဟုတ္သလို ေမြးခ်င္တာမသိရဘူး..။ Ultrasoundေတြ႐ိုက္ၿပီး အန္ကယ္တို႔ ေမြးရက္ေတြညႇိၿပီး ခြဲေမြးရမွာ..။ ဒီၾကားထဲ အန္ကယ္ေပးတဲ့ အားေဆးေတြေသာက္ အား႐ွိေအာင္ေန အလုပ္အရမ္းမလုပ္နဲ႔..ၿပီးက် ေဟာဒီ့က သားသားေလးကို မခ်ီနဲ႔ေနာ္ “
“ ဟုတ္ကဲ့ပါ အန္ကယ္..”
သားအိမ္အစားထိုးထည့္တဲ့အခါ သားအိမ္ရဲ႕ေသြးေၾကာေတြနဲ႔ လူနာရဲ႕ေသြးေၾကာေတြနဲ႔လိုက္ဆက္ရတယ္။ ဆက္စပ္ထားတဲ့အခါ အာ႐ုံေၾကာေတြမပါတာမို႔ နာက်င္ကိုက္ခဲတာမ်ိဳး သိရလိမ့္မွာမဟုတ္ဘူး..။
လအရမ္းႏုရင္ ကေလးအႀကီးကို ခ်ီၿပီး ကိုယ္ဝန္ပ်က္က်ႏိုင္သည္မို႔ သတိအၿမဲေပးရေလသည္။
ဤသို႔ျဖင့္ (၆)လပိုင္းမွာ ရတနာတစ္သြယ္သည္ ဒီလိႈင္းတို႔ဘဝထဲကို ဝင္ေရာက္လာပါေတာ့သည္။