နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ...

By Azure5549

54.5K 4.7K 32

နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို... More

ရှင်းလင်းဖော်ပြချက်
မိတ်ဆက်
Ch 1 - 2
Ch 3 - 4
Ch 5 - 6
Ch 7 - 8
Ch 9 - 10
Ch 11 - 12
Ch 13 - 14
Ch 15 - 16
Ch 17 - 18
Ch 19 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666- 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
801 - 805
806 - 810
811 - 815
816- 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911- 915
916 - 920
921 - 925
926 - 930
931 - 935
936- 940
941 - 945
946 - 950
951 - 955
956 - 960

796 - 800

219 20 0
By Azure5549

Super God Gene (796)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၆)
-------- --------- -------- ------- --------
တော်ဝင်နတ်မိမယ်က အတောင်ပံတဖျပ်ဖျပ်ခတ်ပြီး သစ်ကုလားအုတ်ကြီးရဲ့ ဦးခေါင်းဆီပျံသန်းသွားတယ်။ ဟန်ဆန်းကတော့ သစ်ကုလားအုတ်အငယ်ဆီ ပြေးသွားခဲ့တယ်။

အခု ဟန်ဆန်းရဲ့ ကြံ့ခိုင်မှုအညွှန်းကိန်းဟာ စူပါသားရဲပေါက်စလေးလောက်ရှိနေပြီ။ ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို ကိုင်ပြီး ပြေးနေတယ်။

ဟန်ဆန်းဟာ ပြေးနေရင်း သစ်ကုလားအုတ်ကလေးကို လှမ်းကြည့်လိုက်တယ်။ သစ်ကုလားအုတ်ကလေးရဲ့ တကိုယ်လုံးကို အနက်ရောင်အကြေးခွံတွေက ကွက်တီကွက်ကျား ဖုံးအုပ်ထားတယ်။

သစ်ကုလားအုတ်ကလေးဟာ ဟန်ဆန်းပြေးလာတာကို မြင်တော့ အသံကုန် အော်လိုက်တယ်။ ပါးစပ်အဟမှာ နက်မှောင်ထက်မြတဲ့ အစွယ်တွေတောင် ထင်းခနဲ ပေါ်သွားတယ်။

ဟန်ဆန်းက သစ်ကုလားအုတ်ကလေးကို ဆူးတီရက်စ်ထီးနဲ့ ရိုက်ချလိုက်တယ်။ သစ်ကုလားအုတ်ကလေးဟာ ရှောင်လဲ မရှောင်၊ ပြန်လဲ မတိုက်ဘဲ လည်ပင်းကို ယိမ်းပြီး ဆူးတီရက်စ်ထီးကို ပါးစပ်နဲ့ လိုက်ဟပ်လိုက်တယ်။ သစ်ကုလားအုတ်ကလေးရဲ့ ခေါင်းနဲ့ ဆူးတီရက်စ်ထီးတို့ ထိပြီး သတ္တုသံတမျိုးထွက်လာတယ်။

ဟန်ဆန်းဟာ ပြန်ကန်အားကို ဆူးတီရက်စ်ထီးကတဆင့် ခံစားခဲ့ရတယ်။ ဆူးတီရက်စ်ထီးဟာ သစ်ကုလားအုတ်ကလေးခေါင်းကို မခွဲနိုင်ခဲ့ဘူး။ ဟန်ဆန်းဟာ မြောက်တက်သွားပြီး လေထဲမှာ မွေ့ကာ အတော်ဝေးဝေးကို ရောက်ရှိသွားတယ်။ အတော်ပြင်းတဲ့ ပြန်ကန်အားပါပဲ။

' ဝိုး... ပြင်းလိုက်တဲ့ အား ''

ဒါပေမဲ့ ဟန်ဆန်းက ပြန်ကန်အားကို ငှါးရမ်းအသုံးပြုပြီး သစ်ကုလားအုတ်ကလေးဆီကို ပြန်လည်ခုန်ဝင်လိုက်တယ်။
-------- --------- -------- ------- --------
လျူ ယွင်ယီနဲ့ သူ့သူငယ်ချင်းတွေဟာ အံ့ဩမှင်တက်မိသွားကြတယ်။ ဟန်ဆန်းနဲ့ တော်ဝင်နတ်မိမယ်ဟာ သားရဲနှစ်ကောင်နဲ့ သူတပြန် ကိုယ်တပြန် တိုက်ခိုက်နေတယ်။ တိုက်ပွဲက အလွန်ရှုပ်ထွေးနေပြီး ဘယ်သူနိုင်မလဲ၊ ပြောရခက်ပါတယ်။

'' ဘုရားရေ...၊ ဒီလူက ဘယ်က ရောက်လာတာလဲ၊ စူပါသားရဲတွေကိုတောင် တန်းတူတိုက်ခိုက်နိုင်တယ် ''

'' နတ်သမီးနဲ့တူတဲ့ မိန်းကလေးက အိမ်မွေးသားရဲဝိညာဉ်နဲ့ တူတယ်၊ အရမ်းသန်မာပြီး အရမ်းလှတာပဲ ''

'' ဟေ့ရောင်တွေ... စကားချည်း များမနေနဲ့၊ အခွင့်အရေးရတုန်း ပြန်ဆုတ်ကြမယ်၊ လာ... မြန်မြန် ''
-------- --------- -------- ------- --------
တော်ဝင်နတ်မိမယ်က သစ်ကုလားအုတ်ကြီးရဲ့ ခေါင်းကိုပဲ ဦးတည်တိုက်ခိုက်နေတယ်။ ဒါပေမဲ့ သစ်ကုလားအုတ်ကြီးရဲ့ အသားက အလွန်ထူပြီး အလွန်မာတာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်အောင် တိုက်ခိုက်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် သူမဟာ မျက်စိကိုပဲ ဦးစားပေးတိုက်ခိုက်နေတယ်။ ကြည့်ရတာ မျက်စိကို ကန်းအောင် အရင်လုပ်ဖို့ စိတ်ကူးထားပုံပေါ်တယ်။ ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်တဲ့အခါ သူမရဲ့ ရည်ရွယ်ချက်ဟာ အထမမြောက်ပါဘူး။ သူမဟာ သစ်ကုလားအုတ်ကြီးကို ပြန်တောင်မတိုက်နိုင်ဘဲ ရှောင်ပဲ ရှောင်နေခဲ့ရတယ်။ 

အလင်းဖောက်ဓားဟာ သစ်ကုလားအုတ်ကြီးရဲ့ ခေါင်းကို အကြိမ်ကြိမ် ခုတ်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဦးခေါင်းခွံကို အလွန်မာတဲ့ အကြေးတွေက ကာကွယ်ပေးထားတာကြောင့် ပြင်းထန်တဲ့ ဓားချက်တွေဟာ အကြေးခွံတွေကို အရာထင်ရုံလောက်ပဲ တတ်နိုင်ခဲ့တယ်။
-------- --------- -------- ------- --------
သစ်ကုလားအုတ်လေးဟာ ဒေါသထွက်နေပေမဲ့ ဟန်ဆန်းကို ပြန်လည်မတိုက်ခိုက်ဘဲ သူ့ကိုယ်သူပဲ လုံအောင် ကာကွယ်နေတယ်။ သူ့ရဲ့ အကြေးခွံတွေက သူ့အမေထက်တောင် ပိုမာပုံရတယ်။

သစ်ကုလားအုတ်ကြီးဟာ သစ်ကုလားအုတ်လေးကို လှမ်းကြည့်လိုက်တယ်။ အခြေအနေမဆိုးတာကို မြင်ရလို့ စိတ်အေးသွားပုံပေါ်တယ်။ သူဟာ တော်ဝင်နတ်မိမယ်ဘက်ကို ပြန်လှည့်ပြီး အေးအေးဆေးဆေး တိုက်ခိုက်လိုက်တယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ နောက်ကို မသိမသာ ဆုတ်ရင်း သစ်ကုလားအုတ်လေးကို သူ့အမေနဲ့ ဝေးရာကို မျှားခေါ်သွားခဲ့တယ်။ အစကတော့ သစ်အုလားအုတ်ကလေး လိုက်မလာမှာကို စိုးရိမ်ခဲ့မိသေးတယ်။ ဒါကြောင့် မိစ္ဆာမျက်လုံးပင့်ကူရဲ့ သားရဲဝိညာဉ်ကိုတောင် သုံးဖို့ စိတ်ကူးခဲ့တယ်။ ဒါပေမဲ့ သစ်ကုလားအုတ်ကလေးရဲ့ တက်ကြွမှုကြောင့် သုံးဖို့ မလိုအပ်ခဲ့ဘူး။

နောက်ဆုံးမှာ ဟန်ဆန်းဟာ သစ်ကုလားအုတ်လေးကို တောစပ်အနီးကို အောင်မြင်စွာ မျှားခေါ်နိုင်ခဲ့တယ်။ သစ်ကုလားအုတ်လေးဟာ ဟန်ဆန်းကို သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ထက်မြိနေတဲ့ သွားတွေကို ကြိတ်လိုက်တယ်။ 

သစ်ကုလားအုတ်ကလေးဟာ ငယ်သေးတာမို့ လောကကြီးအကြောင်းကို နည်းနည်းပဲ သိသေးတယ်။ အထူးသဖြင့် လောကရဲ့ မာယာပရိယာယ်ကို နားမလည်သေးဘူး။ အခု ဟန်ဆန်းရပ်တန့်သွားတာကို မြင်တော့ သူဟာ ပါးစပ်ကို အကျယ်ဆုံးဟပြီး ဟန်ဆန်းကို ခုန်အုပ်လိုက်တယ်။

သစ်ကုလားအုတ်ကလေးရဲ့ သွားတွေဟာ ဓားမြှောင်တွေလိုပဲ။ ဒါပေမဲ့ ဟန်ဆန်းကလဲ သွားတွေပေါ်ကို လဲပြိုကျမသွားပါဘူး။ သွားတွေက ဟန်ဆန်းမျက်နှာကို ဆုတ်ဖြဲတော့မလိုမျိုး ဝဲလာတယ်။ ဒါပေမဲ့ မျက်နှာနဲ့ သွားတွေမထိခင် ဟန်ဆန်းက ဆူးတီရက်စ်ထီးကို သစ်ကုလားအုတ်ကလေးရဲ့ ပါးစပ်ထဲကို အလျင်အမြန် ထိုးထည့်လိုက်တယ်။

ဆူးတီရက်စ်ထီးဟာ မီးတောက်တွေနဲ့အတူ လွန်တချောင်းလို မွေ့လည်ပြီး သစ်ကုလားအုတ်ကလေးရဲ့ လည်ချောင်းထဲကို အရှိန်နဲ့ တိုးဝင်သွားတယ်။ မကြာခင် လွန်စာတွေ ထွက်လာတယ်။ လွန်စာတွေဟာ ရွံ့ရည်တွေနဲ့တူတယ်။ မကြာခင် ရွံ့ရည်ကနေ သွေးရည်ဖြစ်သွားတယ်။

သစ်ကုလားအုတ်ကလေးဟာ နာနာကျင်ကျင် အော်လိုက်ပေမဲ့ လည်ချောင်းထဲမှာ မွေ့လည်နေတဲ့ ဆူးတီရက်စ်ထီးကြောင့် အသံသဲ့သဲ့သာ ထွက်နိုင်ခဲ့တယ်။

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးထဲမှာ အားတကုန် ထည့်ပြီး ဆူးတီရက်စ်ထီးကို နောက်ပြန်မလျှောအောင် တွန်းနေတယ်။ သစ်ကုလားအုတ်ကလေးရဲ့ အစာအိမ်ထဲအထိ ဆူးတီရက်စ်ထီးရောက်သွားဖို့ လိုတယ်လေ။

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို တချက် ကြည့်လိုက်တယ်။ ဆူးတီရက်စ်ထီးဟာ ခြောက်ပေကျော်ရှည်တယ်။ အခု သစ်ကုလားအုတ်ကလေးရဲ့ လည်ချောင်းထဲကို သုံးပေတိတိဝင်သွားပြီ။ ဟန်ဆန်းဟာ အားတက်လာပြီး ထပ်တွန်းလိုက်တယ်။

အဆက်မပြတ် စီးကျနေတဲ့ သွေးတွေ၊ တူးချစ်ပြီး မွစာကြဲနေတဲ့ အသားစတွေကြားမှာ ဆူးတီရက်စ်ထီးဟာ တရစပ် မွေ့လည်နေတယ်။ သစ်ကုလားအုတ်ကလေးဟာ ခေါင်းလှုပ်ရုံကလွဲလို့ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ဟန်ဆန်း ထင်ခဲ့တယ်။

ဒါပေမဲ့ သစ်ကုလားအုတ်ကလေးဟာ ခေါင်းကို ရုတ်တရက် ခါယမ်းလိုက်တယ်။ သက်စောင့်အားကို သုံးလိုက်ပုံပေါ်တယ်။ ဟန်ဆန်းနဲ့ ဆူးတီရက်စ်ထီးဟာ လေထဲကို မြောက်တက်သွားတယ်။

သစ်ကုလားအုတ်ကလေးဟာ ကြောက်အားလန့်အားနဲ့ ခါယမ်းလိုက်တာပါ။ ဒါပေမဲ့ အဲ့ဒီအားဟာ အလွန်ပြင်းတယ်။ ဟန်ဆန်းဟာ အားရဲ့ အလျင်ကို မခံနိုင်ခဲ့ဘူး။

အခုမှပဲ သစ်ကုလားအုတ်ကလေးဟာ နာကျင်မှုကို လွတ်လွတ်လပ်လပ် ထုတ်အော်နိုင်တော့တယ်။ သစ်ကုလားအုတ်ကလေးရဲ့ နာနာကျင်ကျင်အော်သံက သစ်ကုလားအုတ်ကြီးကို သူ အန္တရာယ်ကျရောက်နေပြီလို့ အချက်ပေးလိုက်သလိုပါပဲ။ သစ်ကုလားအုတ်ကြီးဟာ သစ်ကုလားအုတ်ကလေးရှိရာကို ချက်ချင်း ပြေးလိုက်သွားတယ်။ ပြေးလမ်းတလျှောက်က သစ်ပင်တွေကိုတောင် သားဇောနဲ့ တိုက်ချသွားခဲ့တယ်။

သစ်ကုလားအုတ်ကြီးရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးတယ်။ သူ ခြေတလှမ်း လှမ်းလိုက်တိုင်းမှာ မြေကြီးဟာ ငလျင်လှုပ်သလို သွက်သွက်ခါသွားတယ်။ ဒါ့အပြင် ကန်ရေပြင်ပေါ်မှာလဲ အလွန်တရာ မြင့်မားတဲ့ ဆူနာမီလှိုင်းတွေဖြစ်ကျန်ခဲ့တယ်။
-------- --------- -------- ------- --------
တော်ဝင်နတ်မိမယ်ဟာ ဟန်ဆန်းဆီသွားနေတဲ့ သစ်ကုလားအုတ်ကြီးကို နည်းမျိုးစုံသုံးပြီး တားဆီးနေတယ်။ ဒါပေမဲ့ သစ်ကုလားအုတ်ကြီးကတော့ သူမကို နည်းနည်းလေးတောင် စိတ်မဝင်စားတော့ဘူး။

တကယ်တော့ တော်ဝင်နတ်မိမယ်ဟာ သစ်ကုလားအုတ်ကြီးနဲ့ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ပြီးပြီ။ ဒါပေမဲ့ သူမဟာ သစ်ကုလားအုတ်ကြီးကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်ခဲ့သလို အားနည်းချက်ကိုလဲ တွေ့အောင် မရှာနိုင်ခဲ့ဘူး။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ သူ့ဆီကို သွေးရူးသွေးတန်း ပြေးလာနေတဲ့ သစ်ကုလားအုတ်ကြီးကို တချက် လှမ်းကြည့်ပြီး တွက်ချက်လိုက်တယ်။ သစ်ကုလားအုတ်ကြီးဟာ နောက်ခြေနှစ်လှမ်းလောက်ဆို သူ့ဆီကို ရောက်တော့မယ်။ သစ်ကုလားအုတ်ကြီးရောက်လာရင် သစ်ကုလားအုတ်ကလေးကို သတ်လို့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် သစ်ကုလားအုတ်လေးဆီ ပြေးသွားကာ သစ်ကုလားအုတ်ကလေးရဲ့ စအိုကို ဆူးတီရက်စ်ထီးနဲ့ အားတကုန် ထိုးလိုက်တယ်။ စအိုဖွင့်သူရဲကောင်း ပြန်လာပြီလေ။

ခြောက်ပေကျော်ရှည်တဲ့ ဆူးတီရက်စ်ထီးဟာ စအိုထဲကို တဆုံးဝင်သွားတယ်။ သွေးတွေဟာ ရေပိုက်ပွင့်သလို စီးကျလာတယ်။

သစ်ကုလားအုတ်ကလေးဟာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ အခု ခန္ဓာကိုယ်အောက်ပိုင်းမှာ ဒဏ်ရာထပ်ရပြန်ပြီ။ သစ်ကုလားအုတ်ကလေးဟာ သူ့ကိုယ်သူ ငြိမ်အောင် အနိုင်နိုင် ထိန်းပြီး ထရပ်လိုက်တယ်။ ဒါပေမဲ့ ထိန်းမရဘဲ ဗိုင်းခနဲ လဲကျသွားတယ်။ ပြန်ထဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ ပြန်မထနိုင်တော့ဘူး။

ဟန်ဆန်းဟာ ဒီလောက်နဲ့ မကျေနပ်ဘူး။ ဆူးတီရက်စ်ထီးကို ဖိတွန်းပြီး သစ်ကုလားအုတ်ကလေးကို အမြန်ဆုံး ဇာတ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သစ်ကုလားအုတ်ကြီးက သူ့ဆီကို အမြန်တကာ့ အမြန်ဆုံး ချဉ်းကပ်လာနေတယ်။ သူ့ခြေထောက်ကြီးဟာ သူ့ကိုယ်ပေါ်ကို ဧရာမတောင်ကြီးတလုံးလို ပိပြိုကျလာတယ်။ ဟန်ဆန်းဟာ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူးလို့ သိလိုက်တယ်။ ဒါကြောင့် ဆူးတီရက်စ်ထီးကို အလျင်စလို ရုပ်သိမ်းပြီး ခြေထောက်စာမမိအောင် အမြန် ခုန်ဆုတ်လိုက်ရတယ်။

'' ဘုံး ''

သစ်ကုလားအုတ်ကြီးရဲ့ ခြေထောက်ကြီးကျလာတယ်။ သစ်ပင်တွေဟာ ပြားချပ်ပြီး ပင်စည်ချင်း သစ်ကိုင်းချင်း ပွတ်တိုက်မိကာ မီးစွဲလောင်သွားတယ်။ သစ်ကုလားအုတ်ကြီးက ဟန်ဆန်းကို သူ့ခြေထောက်ကြီးနဲ့ လိုက်လိုက်ပြီး နင်းနေတယ်။ ခြေရာရဲ့ အချင်းဟာ ပေသုံးရာလောက်ရှိတယ်။ ဟန်ဆန်းနဲ့ ခြေဖဝါးဟာ ဆံခြည်တမျှင်စာလေး ကပ်လွဲသွားတယ်။

နောက်ဆုံးမှာတော့ သစ်ကုလားအုတ်ကလေးဟာ  ဟန်ချက်ညီအောင် ပြန်ထိန်းပြီး ထရပ်နိုင်ခဲ့တယ်။ ထရပ်ပြီးနောက် မိခင်ရှိရာကို ယိုင်တိယိုင်တိုင်နဲ့ တွားသွားခဲ့တယ်။ သစ်ကုလားအုတ်ကြီးဟာ သူ့သားရဲ့ ဒဏ်ရာတွေကို မြင်လိုက်ရတဲ့အခါ ဒေါသအမျက် ချောင်းချောင်းထွက်သွားတယ်။ သူ့ဒေါသတွေဟာ ဟန်ဆန်းအပေါ် ပုံကျသွားတယ်။ 

သစ်ကုလားအုတ်ကြီးဟာ ဟန်ဆန်းကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ခြေထောက်ကြီးနဲ့ နင်းချလိုက်ပြန်တယ်။ အသက်အားမြင့်တဲ့ စူပါသားရဲဟာ သူ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီတော့ ရှောင်တိမ်းဖို့မှတပါး အခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဟန်ဆန်းဟာ လေသိုင်းကို ပြောင်းသုံးလိုက်တယ်။

လေသိုင်းကို ပြောင်းသုံးလိုက်တဲ့ အခါမှာတော့ ဒေါသူပုန်ထနေတဲ့ သစ်ကုလားအုတ်ကြီးရဲ့ ခြေနင်းချက်တွေကို ရှောင်ရတိမ်းရ ပိုလွယ်သွားတာကို တွေ့ရတယ်။
‌-------- --------- -------- ------- --------
‌တော်ဝင်နတ်မိမယ်က တဟုန်ထိုး ပျံသန်းလာပြီး သစ်ကုလားအုတ်ကြီးရဲ့ မျက်လုံးတွေကို အလင်းဖောက်ဓားနဲ့ ခုတ်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့ တိုက်ခိုက်မှုဟာ ထိရောက်မှု မရှိခဲ့ပါဘူး။ သစ်ကုလားအုတ်ရဲ့ လည်ပင်းဟာ အလွန် ပျော့ပျောင်းတယ်။ တော်ဝင်နတ်မိမယ်ရဲ့ ဓားချက်ကို အလွယ်တကူ ရှောင်နိုင်ခဲ့တယ်။

တော်ဝင်နတ်မိမယ်က သစ်ကုလားအုတ်ကြီးကို တိုက်ခိုက်နေတုန်း ဟန်ဆန်းဟာ သစ်ကုလားအုတ်ကလေးကို သတ်ဖို့ အခွင့်အရေးကို ရှာနေခဲ့တယ်။ ကံဆိုးပါတယ်။ အခွင့်အရေးဟာ သူ့ဆီကို မျက်စိလည်လမ်းမှားပြီးတောင် ရောက်မလာပါဘူး။ ဒါပေမဲ့ အသံသစ်တသံကတော့ သူ့နားထဲကို ရုတ်တရက် ရောက်လာတယ်။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ကျားတကောင်ပါ။ အတောင်ပံတစုံပါတဲ့ အနက်ရောင်ကျားတကောင်ပါ။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (797)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၇)
-------- --------- -------- ------- --------
အနက်ရောင်ကျားပျံဟာ ကောင်းကင်ကနေ အမြန် ဆင်းလာပြီး သစ်ကုလားအုတ်ကြီးရဲ့ ဘေးက သစ်ကုလားအုတ်ကလေးကို ချီကာ အနောက်ဘက်ကို ပျံပြေးသွားတယ်။

'' ငိုးမကျား... ငါ့သစ်ကုလားအုတ်ကလေးကို လာခိုးတယ် ''

ဟန်ဆန်းက ကျားပျံကို လှမ်းဆဲပြီး အတောင်ပံကို ဆင့်ခေါ်ကာ သူ့နောက်ကို အမြန် လိုက်သွားခဲ့တယ်။

ဟန်ဆန်းဆိုတာ သူများဆီကပဲ အမြဲတမ်း ခိုးတယ်။ အခုတော့ ကျားပျံက သူ့လိုသူခိုးဆီက လာခိုးတယ်။ သူခိုး သိက္ခာကျတယ်။ ဒါကို သူ လက်မခံနိုင်ဘူး။

သစ်ကုလားအုတ်ကြီးဟာ သူ့သားကို ကျားပျံက ချီသွားတာကို မြင်တော့ ဟန်ဆန်းကို လျစ်လျူ ရှုပြီး ကျားပျံနောက်ကို အမြန် ပြေးလိုက်သွားတယ်။

သစ်ကုလားအုတ်ကလေးဟာ အတော်လေးပေမဲ့ ကျားပျံက သက်သောင့်သက်သာ ချီသွားခဲ့တယ်။

ဟန်ဆန်းနဲ့ သစ်ကုလားအုတ်ကြီးဟာ သစ်ကုလားအုတ်ကလေးကို ချီပြီး ပျံနေတဲ့ ကျားပျံကို မီအောင် မလိုက်နိုင်ခဲ့ဘူး။ ကျားပျံဟာ သူတို့လိုက်မမီလောက်အောင်ကို မြန်လွန်းတယ်။ 

ဟန်ဆန်းဟာ အလွန်ဒေါသထွက်နေတယ်။ သူက အခြားလူတွေဆီက နောက်ဆုံးသတ်ဖြတ်မှုကို ခိုးယူနေကျပါ။ အခု ကျားပျံက သူလုပ်သလို လာလုပ်နေတယ်။ ဒီတော့ သူ ဒေါသမထွက်ဘဲ နေမလား။

သစ်ကုလားအုတ်ကြီးက ဟန်ဆန်းထက်တောင် ဒေါသပိုကြီးသေးတယ်။ မြေကြီး၊ ကျောက်ဆောင်၊ သစ်ပင်တွေဟာ သူ့ဒေါသကို လက်ခံပေးနေရတယ်။ မြေကြီးပေါ်မှာ ချိုင့်ကြီးတွေဖြစ်ကျန်ခဲ့တယ်။ ကျောက်ဆောင်တွေဟာ ကွဲအက်ကျန်ခဲ့တယ်။ သစ်ပင်တွေဟာ လဲပြိုကျန်ခဲ့တယ်။

အနီးတဝိုက်မှာ လူနေရဲတိုက်တွေမရှိတာ ကံကောင်းတယ်။ ရှိခဲ့ရင် အဲ့ဒီရဲတိုက်ဟာ စက္ကန့်ပိုင်းအတွင်း ပြားကပ်သွားမှာ သေချာပါတယ်။

ကျားပျံနောက်ကို သူလိုက်နေသလို တော်ဝင်နတ်မိမယ်နဲ့ သစ်ကုလားအုတ်ကြီးလဲ လိုက်နေတယ်။ ဒါပေမဲ့ အားလုံးထဲမှာ သူ အနှေးဆုံးပါ။

ဟန်ဆန်းဟာ ပျံရင်း ပြေးရင်းနဲ့... နောက်မှာ အများကြီး ပြတ်ကျန်ခဲ့တယ်။ သူဟာ အံကြိတ်ပြီး အလင်းနတ်၏သားတော်ရဲ့ စွမ်းအင်စီးကြောင်းကို နှိုးဆွလိုက်တယ်။ အဲ့ဒီအခါမှ သူ့အမြန်နှုန်းဟာ သိသိသာသာ တိုးသွားပြီး တော်ဝင်နတ်မိမယ်နဲ့ သစ်ကုလားအုတ်ကြီးကို လိုက်မီသွားခဲ့တယ်။ ကျားပျံဟာ အလွန်လေးတဲ့ သားရဲတကောင်ကို ချီပြီး ပျံတာတောင် သူတို့ထက် ပိုမြန်ပါတယ်။
-------- --------- -------- ------- --------
ကျားပျံနောက်ကို သူတို့လိုက်လာတာ လေးရက်ရှိသွားပြီ။ ကျားပျံဟာ အခုအချိန်အထိ အမြန်နှုန်းကို လျှော့မဲ့ပုံ မပေါ်သေးဘူး။ ဟန်ဆန်းဟာ သူ့ကို ကတုံးပေါ်ထိပ်ကွက် လုပ်သွားတဲ့ ကျားပျံကို လုံးဝ မကျေနပ်ဘူး။ ဒါကြောင့် ကျားပျံကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲရင်း မမီမကမ်း ဆက်လိုက်နေတယ်။

သစ်ကုလားအုတ်ကြီးဟာ သူ့ကလေးအတွက် အလွန်စိတ်ပူနေတယ်။ သစ်ကုလားအုတ်ကလေးဟာ သူ့အမေကို အကြိမ်ကြိမ် အော်ဟစ်ပြီး အကူအညီတောင်းနေတယ်။ ဟန်ဆန်းဟာ သစ်ကုလားအုတ်ကလေးရဲ့ ခံနိုင်ရည်ကို ချီးကျူ းမိတယ်။ သစ်ကုလားအုတ်ကလေးနေရာမှာ အခြားသားရဲတကောင်ကောင်ဆို သေတာ ကြာပါပြီ။ ဒါကြောင့် သစ်ကုလားအုတ်ကလေးဟာ ဒုတိယမျိုးဆက်စူပါသားရဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
-------- --------- -------- ------- --------
ဒီလိုနဲ့ ရှစ်ရက်တိတိ ကြာသွားခဲ့တယ်။ အခုဆို သူတို့ဟာ စန်းတောင်းမြစ်ကို ကျော်လာခဲ့ပြီ။ တောင်စဉ်တောင်တန်းတွေကိုလဲ ကျော်လာခဲ့ပြီ။

ဟန်ဆန်းဟာ ရှေ့ကို ကျော်ကြည့်ပြီး ခဏရပ်လိုက်တယ်။ တောင်တွေဟာ တတောင်နဲ့တတောင် ဆက်နေတယ်။ တောင်တွေရဲ့ အလယ်မှာ လက်မတချောင်းလို ခရမ်းရောင်တောင်တလုံးကို တွေ့ရတယ်။ ကျားပျံဟာ တောင်စောင်းတခုမှာ ဆင်းသက်ပြီး ခဏနားလိုက်တယ်။ ပြီးနောက် သစ်ကုလားအုတ်ကလေးကို ပြန်ချီပြီး တောင်ထိပ်ကို ပျံတက်သွားတယ်။

ခရမ်းရောင်တောင်ဟာ အတော်ထူးခြားတယ်။ အလွန်မြင့်ပြီး တိမ်တွေနဲ့ ထိနေတယ်လို့ ထင်ရတယ်။ တော်ထိပ်ပေါ်မှာ နန်းတော်လိုလို အဆောက်အအုံတခုရှိတယ်။ အဲ့ဒီမှာ ကျားပျံဟာ ခြေချရပ်နားလိုက်တာကို မြင်ရတယ်။ သံသယဖြစ်ဖွယ်အနေအထားလို့ ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။ အဲ့ဒီနန်းတော်ဟာ စူပါဝိညာဉ်အုပ်ချုပ်တဲ့ တော်ဝင်ရဲတိုက်တခုလဲ ဖြစ်နေနိုင်ပါတယ်။

ဟန်ဆန်းဟာ တော်ဝင်နတ်မိမယ်ကို ပြန်ခေါ်လိုက်တယ်။ သစ်ကုလားအုတ်ကြီးကတော့ ဆက်ပြီး လိုက်သွားခဲ့တယ်။ သစ်ကုလားအုတ်ကလေးကို ကယ်ဖို့က အဓိကလို့ သဘောထားပုံပေါ်တယ်။

ခရမ်းရောင်နန်းတော်ကို တဝက်တပျက် လှမ်းမြင်ရတယ်။ တိမ်တွေရွေ့ရှားနေတာကြောင့် နန်းတော်ဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ ကျားပျံကတော့ တောင်ထိပ်ကို ရောက်သွားပြီ။

ကျားပျံရောက်တာနဲ့
ခရမ်းရောင်နန်းတော်ရဲ့ နှစ်ထပ်တံခါးဟာ အလိုလို ပွင့်သွားတယ်။ သစ်ကုလားအုတ်ကလေးက တွန့်လိမ်လူးလွန့်ပြီး အော်လိုက်တယ်။ ကျားပျံက သစ်ကုလားအုတ်ကလေးကို ချီပြီး နန်းတော်ထဲကို ဝင်ပြေးသွားတယ်။ နန်းတော်တံခါးဟာ ချက်ချင်း ပြန်ပိတ်သွားတယ်။ သစ်ကုလားအုတ်ကြီးဟာ အပြင်မှာ ကျန်ရစ်ခဲ့တယ်။

သစ်ကုလားအုတ်ကြီးဟာ ရုတ်တရက်မို့ ကြောင်သွားပုံပေါ်တယ်။ ခဏအကြာမှာ သတိပြန်ဝင်လာပြီး နန်းတော်တံခါးကို သူ့ခန္ဓာကိုယ်ကြီးနဲ့ ဝင်တိုက်လိုက်တယ်။ ဒါပေမဲ့ တံခါးက တုတ်တုတ်တောင် မလှုပ်ပါဘူး။

သစ်ကုလားအုတ်ကြီးဟာ ပေ ၃၀၀ ကျော်လောက် ကျယ်ပြီး ပေ ၁၅၀ လောက်မြင့်တယ်။ နန်းတော်တံခါးဟာ သစ်ကုလားအုတ်ကြီးကို လုံအောင် အရိပ်မပေးနိုင်ဘူး။ သစ်ကုလားအုတ်ကြီးနဲ့ နန်းတော်တံခါးဟာ အမြင့်ချင်း နှိုင်းယှဉ်နိုင်လောက်တယ်။

'' ဘုံး ''

သစ်ကုလားအုတ်ကြီးဟာ နန်းတော်တံခါးကို အားတကုန် သုံးပြီး တိုက်ချလိုက်တယ်။ သူ ဘယ်လောက်ပဲ တိုက်တိုက်၊ ကျောက်တံခါးက တလက်မတောင် လှုပ်မသွားပါဘူး။

သစ်ကုလားအုတ်ကြီးဟာ တခါတိုက်ပြီးတိုင်း ကိုယ့်အားနဲ့ကိုယ် နောက်ကို လွင့်လွင့်သွားတယ်။ ဒါပေမဲ့လဲ သစ်ကုလားအုတ်ကြီးဟာ ဇွဲမလျှော့ဘဲ အော်အော်ပြီး ထပ်ထပ်တိုက်နေတယ်။

ကျောက်တံခါးဟာ အလွန်ခိုင်တယ်။ ဘယ်လောက်တိုက်တိုက် ဘာမှ မဖြစ်ဘူး။ သစ်ကုလားအုတ်ကြီးဟာ အင်မတန် အားကြီးပေမဲ့ တံခါးကို ဖြိုမချနိုင်ခဲ့ဘူး။ အကြိမ်ရေများလာတော့ သစ်ကုလားအုတ်ကြီးဟာ မခံနိုင်တော့ဘဲ ခန္ဓာကိုယ်ကနေ သွေးတွေထွက်လာတယ်။ တံခါးကတော့ ပိတ်မြဲ ပိတ်လျက်ပါပဲ။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ သစ်ကုလားအုတ်ကြီးနဲ့ ကျောက်တံခါးကို ကြည့်ပြီး အတော်လေး လန့်သွားတယ်။ သစ်ကုလားအုတ်ကြီးဟာ အလွန်အားကြီးတဲ့ စူပါသားရဲဖြစ်တယ်။ သူမွေးထားတဲ့ သစ်ကုလားအုတ်ကလေးကလဲ ခံနိုင်ရည် အင်မတန် ရှိပြီး အသက်ပြင်းတယ်။

သစ်ကုလားအုတ်ကြီးဟာ အားတကုန် သုံးပြီး တိုက်ပေမဲ့ တံခါးဟာ ပွင့်မသွားခဲ့ဘူး။ အထဲက ရဲတိုက်သခင်ဟာ အင်မတန် သန်မာလိမ့်မယ်လို့ ဟန်ဆန်း တွေးမိတယ်။ 

ဟန်ဆန်းဟာ မျက်မှောင်ကြုတ်ပြီး ကောင်းကင်ပေါ်ကို ပျံတက်လိုက်တယ်။ ရဲတိုက်ထဲမှာ ဘာသားရဲတွေရှိလဲလို့ အပေါ်စီးကနေ ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ ဒါပေမဲ့ ပိတ်ဖုံးနေတဲ့ တိမ်တွေကြောင့် ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဟန်ဆန်းဟာ စိတ်ကူးထားသလို မမြင်ရတာမို့ အတော်စိတ်ညစ်သွားတယ်။ ဒါကြောင့် တုံရွမ်အော်ရာ သုံးပြီး ထပ်ကြည့်လိုက်တယ်။ ဒါလဲ ဘာမှ မမြင်ရပါဘူး။ အတော်ထူးခြားတဲ့ တိမ်တွေပါပဲ။

ဟန်ဆန်းဟာ မိစ္ဆာမျက်လုံးပင့်ကူမျက်နှာဖုံးကို ဆင့်ခေါ်ပြီး မိစ္ဆာမျက်လုံးပင့်ကူရဲ့ စွမ်းအင်စီးကြောင်းကို နှိုးဆွကာ ကြည့်လိုက်ပြန်တယ်။ ဒီတခါမှာတော့ အသက်အားလို့ ယူဆရတဲ့ မီးတောက်တချို့ကို အာရုံခံလို့ ရခဲ့တယ်။

'' တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ''

ဟန်ဆန်းဟာ မီးတောက်တွေကို ရေတွက်လိုက်တယ်။ စုစုပေါင်း ငါးခုရှိတယ်။ စူပါသားရဲငါးကောင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်တယ်။ သူမြင်တာ ဒါအကုန်ပါပဲ။ အထဲမှာ စူပါသားရဲတွေ နောက်ထပ်ရှိသေးလား၊ သူ မပြောနိုင်ပါဘူး။

'' အင်း နောက်ဆုတ်ရင် ကောင်းမလား ''

ဟန်ဆန်းဟာ အံကြိတ်ပြီး တွေးလိုက်တယ်။ အထဲမှာ ရှိတဲ့ စူပါသားရဲတွေကို သူတယောက်တည်း ရင်မဆိုင်နိုင်ဘူး။ လက်ဗလာနဲ့လဲ သူ မပြန်ချင်ဘူး။ ဒုတိယမျိုးဆက်စူပါသားရဲတကောင်ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ ဟန်ဆန်းဟာ စားရမှာလဲ သဲတရှပ်ရှပ်၊ ပစ်ရမှာလဲ အဆီတဝင်းဝင်း ဖြစ်နေတယ်။

'' အာ... သောက်ဂရုစိုက်စရာ မလိုပါဘူး၊ သေမြေကြီး ရှင်ရွှေထီးပေါ့၊ ဒီရဲတိုက်က စူပါဝိညာဉ် ဘယ်လောက်သန်မာလဲ၊ အရင်ကြည့်မယ်၊ ပြီးမှ လှုပ်ရှားမယ်၊ သူ ငါ့ကို မသတ်နိုင်ပါဘူး၊ ငါ့သစ်ကုလားအုတ်ကလေးကို ပြန်မရရင်တော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရမယ် ''

ဟန်ဆန်းဟာ အံအိတ်ပြီး ခရမ်းရောင်တံခါးဆီ ပြေးသွားလိုက်တယ်။

သစ်ကုလားအုတ်ကြီးဟာ ဟန်ဆန်းပြေးလာတာကို မြင်တော့ အားကိုးတကြီး လှမ်းကြည့်လိုက်တယ်။ သူက ဟန်ဆန်းကို တံခါးဖွင့်ပေးစေချင်တယ်။

သူနဲ့ သစ်ကုလားအုတ်ကြီး အထဲဝင်နိုင်ခဲ့ရင် သစ်ကုလားအုတ်ကြီးဟာ စူပါသားရဲနှစ်ကောင်လောက်တော့ ထိန်းနိုင်လိမ့်မယ်။ အခွင့်အရေးရခဲ့ရင် နောက်ဆုံးသတ်ဖြတ်ခြင်းဟာ သူ့အတွက် ဖြစ်လာလိမ့်မယ်။ ဖြစ်နိုင်ခြေနည်းပေမဲ့ ရဲတိုက်ထဲမှာ ငရဲအသေးစားလေး ဖန်တီးပေးနိုင်ရင် မဆိုးပါဘူး။

ဟန်ဆန်းမရောက်ခင် သစ်ကုလားအုတ်ကြီးဟာ တံခါးကို သူ တတ်နိုင်သလောက် ဖွင့်ကြည့်ခဲ့ပြီးပြီ။ တံခါးပေါ်မှာတောင် သစ်ကုလားအုတ်ကြီးရဲ့ သွေးတွေ စွန်းပေနေလေပြီ။

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို ဆင့်ခေါ်ပြီး ကျောက်တံခါးကို ဖွင့်လို့ ရမလား၊ စမ်းကြည့်လိုက်တယ်။ သူဟာ ဆူးတီရက်စ်ထီးကို တံခါးမျက်နှာပြင်မှာ ထောက်လိုက်တယ်။ ပြီးတော့ ဆူးတီရက်စ်ထီးကို လွန်တချောင်းလို မွှေ့လိုက်တယ်။ ထီးနဲ့ ကျောက်သား ထိပြီး မီးပွင့်သွားတယ်။ ဒါပေမဲ့ ကျောက်စလေးတစတောင် ပဲ့ထွက်မလာခဲ့ဘူး။ ဟန်ဆန်းဟာ ဒီလိုဖြစ်မယ်လို့ ကြိုတွေးပြီးသားမို့ ထူးပြီး စိတ်ပျက်မသွားပါဘူး။

'' ဘုံး ''

သစ်ကုလားအုတ်ကြီးဟာ ဟန်ဆန်းတံခါးဖွင့်မရတာကို မြင်တော့ တံခါးကို သူ့ကိုယ်လုံးကြီးနဲ့ ဝင်ဆောင့်လိုက်ပြန်တယ်။ ဒါပေမဲ့ သွေးတလုတ်အန်ပြီး နာနာကျင်ကျင် အော်လိုက်ရတာကလွဲလို့ ဘာမှ ဖြစ်မလာပါဘူး။

'' အလုပ်မဖြစ်ဘူး၊ ဒီအတိုင်း ဆက်လုပ်နေရင် ကိုယ့်ဘက်က တဝက်ရှုံးနေပြီ ''

ဟန်ဆန်းဟာ အံကြိတ်ပြီး ရဲတိုက်အပေါ်ကို ပျံသွားခဲ့တယ်။ ရဲတိုက်ကို တိမ်တွေက ဖုံးထားတာမို့ ဘာမှ မမြင်ရဘူး။ ဟန်ဆန်းဟာ တံခါးကို အတွင်းကနေ ဖွင့်ပြီး သစ်ကုလားအုတ်ကြီးကို ဝင်ခိုင်းဖို့ တွေးရင်း သတိနဲ့ ပျံသန်းနေပါတယ်။ 
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (798)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၈)
-------- --------- -------- ------- --------
တိမ်ထုဟာ အလွန်ထူတယ်။ ဟန်ဆန်းဟာ တိမ်ထုထဲမဝင်ခင် သုံးနေကျသားရဲဝိညာဉ် တွေကို ကြိုတင်ဆင့်ခေါ်ထားခဲ့တယ်။ ပြီးနောက် တိမ်ထုထဲကို လှစ်ခနဲ ဝင်ရောက်သွားတယ်။ အဟန့်အတား အနှောင့်အယှက် ဘာမှ မရှိဘဲ တိမ်ထုထဲကို ရောက်သွားတယ်။ ရောက်ရောက်ချင်း ကြောက်စရာခံစားချက်တခုကို ခံစားလိုက်ရတယ်။ သူ ကျောချမ်းသွားပါတယ်။

ဟန်ဆန်းဟာ သူ့ဆီကို မီးတောက်တခုချဉ်းကပ်လာတာကို မြင်လိုက်တယ်။ မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးကို တပ်ထားလို့သာ မြင်ရတာပါ။ မဟုတ်ရင် မြင်ရမှာ မဟုတ်ပါဘူး။ တော်ဝင်နတ်မိမယ်က ဟန်ဆန်းဘေးမှာ အသင့်အနေအထားနဲ့ ပျံသန်းနေတယ်။

'' ဒေါင် ''

တိမ်ထုထဲမှာ အလင်းဖောက်ဓားနဲ့ တစုံတရာ တိုက်မိသွားတယ်။ သူမဟာ နောက်ကို အနည်းငယ် ဆုတ်လိုက်ရတယ်။ မီးတောက်ဟာ တိမ်ထုထဲကို တစ္ဆေဆန်ဆန် ပြန်ဝင်သွားတယ်။

သိပ်မကြာလိုက်ဘူး။ မီးတောက်လိုလိုအရိပ်ဟာ အခြားတဖက်ကနေ ပြန်ဝင်လာတယ်။ ဟန်ဆန်းရဲ့ လမ်းညွှန်မှုနဲ့ တော်ဝင်နတ်မိမယ်က အဲ့ဒီအရိပ်ကို တားဆီးလိုက်တယ်။ 

တော်ဝင်နတ်မိမယ်နဲ့ မီးတောက်အရိပ်တို့ တိုက်ခိုက်နေတုန်း ဟန်ဆန်းက အခွင့်အလမ်းကို အမိအရ ဖမ်းပြီး နန်းတော်ဆီ လှစ်ခနဲ ပျံဆင်းလိုက်တယ်။ ရဲတိုက်နံရံဟာ ပေသုံးရာကျော်လောက် မြင့်တယ်။ သူဟာ ပေတရာကျော်လောက် ပျံဆင်းပြီးပြီ။ ဒါပေမဲ့ မြေပြင်ကို မမြင်ရသေးဘူး။

'' အိုး... နိုး... ''

ဟန်ဆန်းက ''တိမ်ထုဟာ သာမန်မဟုတ်ဘူး၊ သိပ်သည်းတဲ့ တိမ်ထုထဲက အမြန် ပြန်ထွက်သင့်တယ်''လို့ တွေးလိုက်တယ်။ ဒါပေမဲ့ သူ့အတွေးဟာ နောက်ကျသွားခဲ့တယ်။ သူဟာ ပေတရာကျော်လောက် ပြန်လည်ပျံတက်ခဲ့တာတောင် တိမ်ထုထဲက ပြန်ထွက်လို့ မရခဲ့ဘူး။

ဟန်ဆန်းဟာ မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးရှိလို့ တော်သေးတယ်လို့ တွေးမိတယ်။ မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးကြောင့် သူ့ဆီကို ချဉ်းကပ်လာတဲ့ ဘယ်သားရဲကိုမဆို မြင်ရတယ်။ ဒါကြောင့် အန္တရာယ်ကို ကြည့်ရှောင်နိုင်တယ်။

'' ဒီတိမ်ထုထဲမှာ ရှိတာ စူပါသားရဲတစ်ကောင်ပဲ ထင်တယ်၊ သူက ပုန်းပြီး ငါ့ဆီကို ချဉ်းကပ်နေတာပဲ ဖြစ်မယ်၊ အခြားအကောင်တွေ ရှိပုံမပေါ်ဘူး၊ တကောင်တည်းဆို ငါ သတ်နိုင်လောက်တယ် ''

ဟန်ဆန်းက တယောက်တည်း တွေးလိုက်တယ်။

သူ့ကို ချောင်းနေတဲ့ စူပါသားရဲဟာ ကြောက်စရာ သိပ်မကောင်းဘူးလို့ ဟန်ဆန်း ထင်တယ်။ မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးမပါဘဲနဲ့တောင် သူရှိနေတာကို တုံရွမ်အော်ရာနဲ့ အာရုံခံလို့ ရတယ်။ သူလာနေတာကို မြင်နိုင်တယ်။ ပြဿ     နာက အဲ့ဒီသားရဲကို အမြန်ဆုံး ရှင်းပစ်နိုင်ဖို့ လိုတယ်။ အချိန်မီ မရှင်းနိုင်ရင် တံခါးကို ဆောင့်နေတဲ့ အောက်က သစ်ကုလားအုတ်ကြီးဟာ သူ့ကိုယ်သူ သတ်သေသလို ဖြစ်သွားလိမ့်မယ်။ သစ်ကုလားအုတ်ကြီးသေသွားရင် သားရဲတွေကို သူတယောက်တည်း ရင်ဆိုင်တိုက်ရလိမ့်မယ်။

မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးကြောင့် ဟန်ဆန်းဟာ သားရဲရဲ့ အရိပ် သို့မဟုတ် မီးတောက်တွေဖုံးနေတဲ့ အသက်အားတခုကို အာရုံခံလို့ ရနေတယ်။ ဒီသားရဲဟာ ဘယ်လိုသားရဲအမျိုးအစားလဲတော့ သူ မသိပါဘူး။

တော်ဝင်နတ်မိမယ်ဟာ တိမ်ထုထဲမှာ ဘာမှ မမြင်ရလို့ ဟန်ဆန်းရဲ့ ညွှန်ကြားချက်အတိုင်းပဲ လိုက်လုပ်နေရတယ်။  

ဟန်ဆန်းဟာ လက်ဖြောင့်ဒေါင်းဒူးလေးကို တိတ်တဆိတ် ဆင့်ခေါ်ပြီး သားရဲပေါ်လာရင် ပစ်ဖို့ ဇက်စတီးမြားတွေကို အဆင်သင့်တပ်ထားလိုက်တယ်။

'' ဒေါင် ''

တော်ဝင်နတ်မိမယ်ဟာ သူတို့ဆီဝင်လာတဲ့ အရိပ်ကို အလင်းဖောက်ဓားနဲ့ ခုတ်လိုက်တယ်။ ဟန်ဆန်းက ဘာမှ မလုပ်ဘဲ အခြေအနေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေတယ်။

မီးတောက်အရိပ်ဟာ အကြိမ်ကြိမ် တိုက်ခိုက်ပေမဲ့ မအောင်မြင်ခဲ့လို့ မချင့်မရဲ ဖြစ်သွားပုံရတယ်။ သူဟာ ဟန်ဆန်းကို တချက်ကြည့်ပြီး တိမ်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ လက်လျှော့သွားပုံပေါ်ပါတယ်။

ဟန်ဆန်းဟာ သူ့ဆီကို ချဉ်းကပ်လာနေတဲ့ မီးတောက်အရိပ်ကို မြင်ပေမဲ့ ခေါင်းကို ဟိုလှည့်ဒီလှည့် လုပ်ပြီး မမြင်သလို ဟန်ဆောင်နေလိုက်တယ်။ တကယ်တော့ သူဟာ သားရဲက လွဲလို့ အခြား ဘာကိုမှ မမြင်ရပါဘူး။

တိမ်ထုအပြင်မှာတုန်းက သူဟာ အသက်အားတွေကတဆင့် စူပါသားရဲတွေကို အာရုံခံနိုင်ခဲ့တယ်။ ဒါပေမဲ့ တိမ်ထုအတွင်းမှာတော့ မီးတောက်အရိပ်ရဲ့ အသက်အားကိုပဲ အာရုံခံလို့ ရခဲ့တယ်။

မီးတောက်အရိပ်ကလဲ ဟန်ဆန်းတို့ကို စောင့်ကြည့်နေပုံရတယ်။ အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် ဟန်ဆန်းနဲ့ တော်ဝင်နတ်မိမယ်က သူ့ကို မမြင်ဘူးလို့ ယုံသွားပုံပေါ်တယ်။ အခု သူဟာ ဟန်ဆန်းရဲ့ နောက်ဘက်ကို တိတ်တဆိတ် ချဉ်းကပ်လာပြန်တယ်။

ဟန်ဆန်းဟာ သူ့နောက်ဘက်ကနေ မီးတောက်အရိပ် လာနေတာကို မသိဟန်ဆောင်ပြီး ခေါင်းကို ဘယ်ဘက်လှည့်လိုက်၊ ညာဘက်လှည့်လိုက် လုပ်နေတယ်။ ဒါပေမဲ့ တုံရွမ်အော်ရာကို ကြိုတင်နှိုးဆွထားတာကြောင့် မီးတောက်အရိပ်ရဲ့ လှုပ်ရှားမှုတိုင်းကို တခုမကျန် သိနေပါတယ်။

မီးတောက်အရိပ်ဟာ ဟန်ဆန်းနဲ့ ပေသုံးဆယ်အကွာကို တဖြည်းဖြည်း ရောက်လာတယ်။ သူဟာ ဟန်ဆန်းကို ကြည့်ရင်း ဒေါသကို ထိန်းမနိုင် သိမ်းမရ ဖြစ်လာပုံပေါ်တယ်။ သူဟာ ဟန်ဆန်းကို ရုတ်တရက် ခုန်အုပ်လိုက်တယ်။

မီးတောက်အရိပ်အနီးကို ရောက်တဲ့အခါ ဟန်ဆန်းဟာ ခန္ဓာကိုယ်ကို လျှပ်တပြက် လှည့်ပြီး မီးတောက်အရိပ်ကို ဆူးတီရက်စ်ထီးနဲ့ ရိုက်ချလိုက်တယ်။ တချိန်တည်းမှာပဲ ဘယ်လက်မှာ ကိုင်ထားတဲ့ လက်ဖြောင့်ဒေါင်းဒူးလေးနဲ့လဲ ပစ်လိုက်တယ်။ မြားရှစ်ချောင်းတိတိဟာ မီးတောက်အရိပ်ဆီ ပျံသန်းသွားပါတယ်။ 

'' ဖန်း ''

မီးတောက်အရိပ်နဲ့ ဆူးတီရက်စ်ထီး တိုက်မိသွားတယ်။ တိမ်ထုထဲက အသံသုံးကြိမ် ထွက်လာတယ်။ ဇက်စတီး မြားသုံးချောင်းဟာ ပစ်မှတ်ကို ရှာတွေ့သွားပုံပေါ်ပါတယ်။

တချိန်တည်းမှာပဲ တော်ဝင်နတ်မိမယ်ဟာ မီးတောက်အရိပ်ရဲ့ ခေါင်းဆီကို ပျံသန်းသွားပြီး ခေါင်းကို အလင်းဖောက်ဓားနဲ့ အားတကုန် ခုန်ချလိုက်တယ်။

'' ဂါး ''

မီးတောက်အရိပ်ဟာ မချိမဆံ့ နာကျင်သွားပုံပေါ်တယ်။ သူဟာ အသံကုန် အော်ပြီး တိမ်ထုထဲကို ကသုတ်ကရက် ဝင်ပြေးကာ ကိုယ်ရောင်ဖျောက်ဖို့ ကြိုးစားလိုက်တယ်။

မီးတောက်အရိပ်ဟာ ဟန်ဆန်းကို အရူးလုပ်လို့ ရပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တော်ဝင်နတ်မိမယ်က သူ့ကို လိုက်မီသွားတယ်။ သူမက အလင်းဖောက်ဓားကို လွှဲပြီး မီးတောက်အရိပ်ရဲ့ ပြေးလမ်းကို ပိတ်လိုက်တယ်။

ဟန်ဆန်းက လက်ဖြောင့်ဒေါင်းဒူးလေးနဲ့ ထပ်ပစ်လိုက်တယ်။ မြားခြောက်ချောင်းဟာ မီးတောက်အရိပ်ဆီ ပျံသန်းသွားတယ်။

မီးတောက်အရိပ်ဟာ တော်ဝင်နတ်မိမယ်ရဲ့ ရက်စက်တဲ့ ဓားချက်တွေကို ရှောင်တိမ်းရင်း အားကုန်လုနီးပါးဖြစ်နေပြီမို့ ဟန်ချက်ပျက်လာပါတယ်။

တိမ်ထုထဲက ညည်းတွားသံတွေ ထွက်ပေါ်လာတယ်။ မြားလေးချောင်းဟာ ပစ်မှတ်ကို ရှာတွေ့သွားပုံပေါ်တယ်။ မီးတောက်အရိပ်ဟာ တဆတ်ဆတ် တုန်နေတယ်။

တော်ဝင်နတ်မိမယ်ဟာ မီးတောက်အရိပ်သားရဲဆီကို လျှပ်စီးလက်သလို ရောက်သွားတယ်။ ခေါင်းတလုံးဟာ လေထဲကို မြောက်တက်သွားတယ်။ တိမ်ထုဟာ အနီရောင် ပြောင်းသွားပြီး မကြာခင် ပျောက်ကွယ်သွားတယ်။

'' အငွေ့တံလှပ်စူပါသားရဲ သေဆုံး၊ သားရဲဝိညာဉ် မရရှိ၊ အသားကို မစားအပ်၊ အမတေရရှိ၊ အမတေကို စားပြီး သုညလား၊ တဆယ်လား၊ ဘယ်နှမှတ်ရမလဲ၊ ကံစမ်းပါ ''

အငွေ့တံလှပ်စူပါသားရဲ  သေဆုံးပြီးနောက် မြူ လိုလို တိမ်ထုဟာ တဖြည်းဖြည်း ပြယ်သွားတယ်။ အခုမှ ရဲတိုက်နံရံနဲ့ ဂိတ်တံခါးကို မူလအတိုင်း ပြန်မြင်ရတယ်။ အခု သူနဲ့ ဂိတ်တံခါးဟာ ပေသုံးဆယ်ပဲ ကွာတော့တယ်။

တော်ဝင်နတ်မိမယ်သတ်လိုက်တဲ့ အငွေ့တံလှပ်စူပါသားရဲဟာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ်။ သားရဲဟာ ကြောင်တကောင်နဲ့ တူတယ်။ ခေါင်းမရှိတော့တဲ့ သားရဲဟာ မကြာခင် အရည်ပျော်ကျပြီး ပျောက်ကွယ်သွားပါတယ်။

'' ဒေါင် ''

မကြာခင် အမတေဟာ မြေပေါ်ကို ပြုတ်ကျလာတယ်။ ကြည့်လိုက်တော့ နှင်းခဲလုံးတခုနဲ့ တူတာကို တွေ့ရတယ်။ ဟန်ဆန်းဟာ အမတေကို ကောက်ယူပြီး သိမ်းဆည်းလိုက်တယ်။ ပြီးနောက် ဂိတ်တံခါးဆီ ပျံသန်းသွားပြီး တံခါးမင်းတုံးကို မပြီး ဖွင့်ပေးလိုက်တယ်။ ပြီးနောက် နောက်ကို အသာခုန်ဆုတ်လိုက်တယ်။

'' ဘုံး ''

ခရမ်းရောင်တံခါးဟာ သစ်ကုလားအုတ်ကြီးကြောင့် ပျက်စီးသွားတယ်။ သစ်ကုလားအုတ်ကြီးဟာ တံခါးပွင့်သွားတာနဲ့ နန်းတော်ဆီကို မဆိုင်းမတွ ချီတက်သွားတယ်။

ရဲတိုက်အတွင်းပိုင်းဟာ အတော်ကျယ်ပြီး အတော်လှတယ်။ ထူးဆန်းတာက အထဲမှာ သားရဲတွေ၊ ဝိညာဉ်တွေကို မတွေ့ရပါဘူး။ ဘယ်နေရာကြည့်ကြည့် ဟာလာဟင်းလင်း ဖြစ်နေတာကိုပဲ တွေ့ရပါတယ်။

အငွေ့တံလှပ်သားရဲဖန်တီးထားတဲ့ တိမ်ထုတွေပျောက်ကွယ်သွားတဲ့အခါ မြင်ကွင်းအားလုံးဟာ ရှင်းရှင်းလင်းလင်း ပြန်ဖြစ်သွားတယ်။ ဟန်ဆန်းဟာ ဟိုဟိုဒီဒီ လိုက်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘာသားရဲမှ မတွေ့ရဘူး။ မတွေ့ဆို အနက်ရောင်ကျားပျံ ဖမ်းခေါ်သွားတဲ့ သစ်ကုလားအုတ်ကလေးကိုတောင် မတွေ့ရပါဘူး။ နောက်ဆုံး သစ်ကုလားအုတ်ကလေးရဲ့ အော်ဟစ်အကူအညီတောင်းသံကိုတောင် မကြားရပါဘူး။

'' ဘုံး ''

သစ်ကုလားအုတ်ကြီးဟာ တော်ဝင်နန်းတော်ရှေ့ကို အလျင်အမြန် ရောက်ရှိသွားပြီး နန်းတော်တံခါးကို သူ့ကိုယ်လုံးကြီးနဲ့ တိုက်လိုက်ပြန်တယ်။ သူဟာ သစ်ကုလားအုတ်ကလေး အထဲမှာ ရှိမရှိ သိချင်နေပုံပေါ်တယ်။

သစ်ကုလားအုတ်ကြီးရဲ့ တိုက်ချက်ဟာ နန်းတော်တံခါးကို မဖြိုနိုင်ခဲ့ဘူး။

ဟန်ဆန်းဟာ ဓားရောင်တချက် လက်သွားတာကို မြင်လိုက်ရတယ်။

သစ်ကုလားအုတ်ကြီးရဲ့ အလွန်မာတဲ့ အကြေးခွံဟာ ဟက်တက်ကွဲပြီး သွေးတွေပန်းထွက်သွားတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (799)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၉)
-------- --------- -------- ------- --------
သစ်ကုလားအုတ်ကြီးဟာ နာနာကျင်ကျင် အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကြီးဟာ တုန်ယင်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ သွေးတွေဟာ ဒဏ်ရာကနေ ရေတံခွန်က ရေစီးကျသလို ကျလာပြီး အကြေးခွံတွေကို အနီရောင်ဆိုးပေးလိုက်တယ်။ နန်းတော်ထဲကနေ စတီးချပ်ဝတ်တန်ဆာဝတ်ထားပြီး စတီး ဓားရှည်ကိုင်ထားတဲ့ အရိပ်တရိပ်ထွက်လာတယ်။

အနီးကပ်ကြည့်လိုက်တော့ အဲ့ဒီအရိပ်ဟာ လူလဲမဖြစ်နိုင်သလို သားရဲလဲမဖြစ်နိုင်တာကို တွေ့ရတယ်။ အဲ့ဒီအရိပ်ဟာ လူပုံစံနဲ့တူပေမဲ့ စတီးပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့ချပ်ဝတ်တန်ဆာဟာ သားရဲဝိညာဉ်ချပ်ဝတ်တန်ဆာနဲ့ မတူသလို လူလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာနဲ့လဲ မတူဘူး။ နောက်ပြီး စတီးပြားတွေကြားထဲကနေ စိမ်းဖန့်ဖန့်အလင်းရောင်တွေ ထွက်နေတယ်။

'' သူက သားရဲလား၊ ဝိညာဉ်လား ''

ဟန်ဆန်းက ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ မွန်းစတားကို ကြည့်လိုက်တယ်။

စတီးချပ်ဝတ်တန်ဆာနဲ့ မွန်းစတားက လျှပ်တပြက် လှုပ်ရှားလိုက်တယ်။ သူ့ရဲ့ အမြန်နဲ့ ခွန်အားဟာ အထင်ကြီးစရာကောင်းတယ်။ မကြာခင် သစ်ကုလားအုတ်ကြီးရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာအသစ်တခုပေါ်လာတယ်။

စိမ်းဖန့်ဖန့်အလင်းက စတီးဓားရှည်ကို ဖောက်ပြီး ထွက်ပေါ်လာတယ်။ ဓားရှည်တောင် ပိုရှည်သွားသလိုပဲ။ စိမ်းဖန့်ဖန့်အလင်းဟာ အတော်ထက်မြပုံရတယ်။ အင်မတန် မာကျောတဲ့ အကြေးခွံကိုတောင် လှီးဖြတ်နိုင်တယ်။ သူကိုင်ထားတဲ့ စတီးဓားရှည်ဟာ တော်ဝင်နတ်မိမယ် ရဲ့ အလင်းဖောက်ဓားထက်တောင် ထက်ပုံရတယ်။

သစ်ကုလားအုတ်ကြီးက နောက်ဆုတ်ဖို့ ကြိုးစားပေမဲ့ ခန္ဓာကိုယ်ကြီးက လေးလံတာမို့ အချိန်မီ ဆုတ်လို့ မရခဲ့ဘူး။ စတီးချပ်ဝတ်နဲ့ ရန်သူက သစ်ကုလားအုတ်ကြီးရဲ့ ခြေထောက်တွေကို ဦးတည်တိုက်ခိုက်လိုက်တယ်။ သစ်ကုလားအုတ်ကြီးရဲ့ ခြေထောက်တွေမှာ ဓားခုတ်ရာတွေ အသီးသီးပေါ်လာပြီး သွေးတွေစီးကျလာတယ်။ ဒါ့အပြင် သစ်ကုလားအုတ်ကြီးရဲ့ နာနာကျင်ကျင် အော်သံတွေကိုလဲ မကြာမကြာ ကြားလာရတယ်။

ဟန်ဆန်းက သစ်ကုလားအုတ်ကြီးကို ဝင်ကူရင် ကောင်းမလားလို့ စဉ်းစားနေတုန်း ပလာဇာတခုအနီးက အခြားမွန်းစတားသုံးကောင် ပြေးထွက်လာပြီး သူတို့ကို ဝိုင်းထားလိုက်တယ်။

ကြည့်လိုက်တော့ ပေကိုးဆယ်မြင့်တဲ့ လူဝံတကောင်ရယ်၊ ခြေထောက်လေးချောင်းနဲ့ မြွေတကောင်ရယ်၊ သူတို့နဲ့ ရင်းနှီးပြီးသာ အနက်ရောင်ကျားပျံရယ်ကို တွေ့လိုက်ရတယ်။ ကျားပျံက မာန်ဖီပြီး သူတို့ဆီကို အရင်ဆုံး ချဉ်းကပ်လာတယ်။ ဟန်ဆန်းက ကျားပျံကို ရင်ဆိုင်ဖို့ တော်ဝင်နတ်မိမယ်ကို လွှတ်လိုက်တယ်။

မြွေနဲ့ လူဝံက ဟန်ဆန်းဆီကို ချဉ်းကပ်လာတယ်။ လူဝံက ဟန်ဆန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ဟန်ဆန်းက သက်သောင့်သက်သာ ရှောင်တိမ်းလိုက်တယ်။ လူဝံရဲ့ လက်သီးအားက အလွန်ပြင်းတယ်။ မြေကြီးကိုတောင် လှုပ်ခါသွားစေတယ်။

ခြေထောက်လေးချောင်းနဲ့ မြွေက ဟန်ဆန်းကို အစွယ်နဲ့ လှမ်းပေါက်လိုက်တယ်။ ကြာပွတ်နဲ့ ရိုက်လိုက်တာနဲ့တောင် တူသေးတယ်။ ပေါက်ချက်က အလွန်မြန်တယ်။ ဟန်ဆန်းက လေသိုင်းနဲ့ အမြန် ရှောင်လိုက်ရတယ်။ ဟန်ဆန်းရဲ့ အနီးတဝိုက်မှာတော့ အခြေအနေတွေ ရှုပ်ထွေးနေတယ်။

ဟန်ဆန်းရဲ့ ဆူးတီရက်စ်ထီးက လူဝံရဲ့ လက်မောင်းဆီကို ဝင်ရောက်သွားတယ်။ ထီးနဲ့လက်မောင်း ထိသွားတယ်။ ဒါပေမဲ့ လူဝံရဲ့ လက်မောင်းပေါ်မှာ ခြစ်ရာသေးသေးလေးတခုပဲ ထင်ကျန်ခဲ့တယ်။ ခြေထောက်လေးချောင်းနဲ့ မြွေဟာ အလွန်မြန်တယ်။ ဟန်ဆန်းဟာ လွတ်အောင် မနည်း ရှောင်လိုက်ရတယ်။

ဟန်ဆန်းဟာ တကောင်တည်းဆို အေးအေးဆေးဆေး ရင်ဆိုင်နိုင်တယ်။ အခု နှစ်ကောင်ဆိုတော့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်။ ဒီလိုနဲ့ သူဟာ အန္တရာယ်ကြားကို ရောက်မှန်းမသိ ရောက်ရှိသွားတယ်။

'' ဝုန်း ''

ဟန်ဆန်းဟာ မြွေပေါက်တာကို ရှောင်နိုင်ခဲ့ပေမဲ့ လူဝံရဲ့ လက်သီးကိုတော့ မရှောင်နိုင်ခဲ့ဘူး။ သူဟာ အမြောက်နဲ့ အပစ်ခံလိုက်ရသလိုမျိုး အဝေးကြီးကို လွင့်ထွက်သွားတယ်။ ပေလေးဆယ်ကျော်လောက်ရောက်မှ နံရံနဲ့တိုက်မိပြီး ရပ်တန့်သွားတယ်။ ခန္ဓာကိုယ်ဟာ အပုံလိုက် ပြုတ်ကျသွားပြီး သွေးတလုတ်အန်လိုက်ရတယ်။

မြွေနဲ့ လူဝံဟာ သူ့ဆီက ချက်ချင်း ပြေးဝင်လာပြန်တယ်။ ဟန်ဆန်းဟာ ရင်ဘတ်အောင့်နေတဲ့ ကြားက လေသိုင်းနဲ့ အမြန်ခုန်လိုက်ရတယ်။ သူဟာ သစ်ကုလားအုတ်ကြီးအနီးကို ရိပ်ခနဲ ရောက်သွားပြီး စတီးချပ်ဝတ်တန်ဆာနဲ့ မွန်းစတားကို ဆူးတီရက်စ်ထီးနဲ့ ဝင်ရိုက်လိုက်တယ်။

စတီးချပ်ဝတ်တန်ဆာနဲ့ မွန်းစတားကလဲ လျင်တယ်။ ဆူးတီရက်စ်ထီးကို စတီးဓားရှည်နဲ့ ခံလိုက်တယ်။ ထီးနဲ့ဓား ထိသွားတယ်။

'' ဒေါင် ''

ဟန်ဆန်းဟာ နောက်ကို ခြေလှမ်းအတော်များများ ဆုတ်လိုက်ရတယ်။ မြွေနဲ့ လူဝံဟာ ဟန်ဆန်းကို မီသွားတယ်။ သစ်ကုလားအုတ်ကြီးက ဟန်ဆန်းကို တလှည့် ပြန်ကူဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ မာန်ဖီပြီး လူဝံဆီကို ပြေးဝင်သွားတယ်။ သားရဲနှစ်ကောင်ဟာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ကြတယ်။ သူတို့ရဲ့ အသံက နားပင်းလုနီးပါး ကျယ်လောင်တယ်။

ဟန်ဆန်းဟာ စတီးချပ်ဝတ်တန်ဆာနဲ့ မွန်းစတားကို တိုက်ခိုက်ဖို့ တုံရွမ်အော်ရာကို နှိုးဆွလိုက်တယ်။ စတီးချပ်ဝတ်နဲ့ တိုက်ခိုက်ရတာက လူဝံနဲ့ တိုက်ခိုက်ရတာထက် ပိုကောင်းတယ်။ ပြိုင်ဘက်ချင်းလဲလိုက်မှ တိုက်ပွဲဟာ ဘက်ညီသွားခဲ့တယ်။ ဒါပေမဲ့ မြွေက သူ့နောက်က ဝင်ရောက်လာတာမို့ ဟန်ဆန်းဟာ မျက်မှောင်ကြုတ်သွားတယ်။

'' ရေနတ်သမီး... ငါ မင်းကို စောင့်ရှောက်ထားတာ အချိန်အတော်ကြာပြီ၊ အခု မင်း ပြန်ကူညီရမဲ့ အချိန်ပဲ ''

ဟန်ဆန်းက မြွေပေါက်တာကို ခုန်ရှောင်ရင်း ကမာခွံကို ထုတ်ယူပြီး မြွေကို ကမာခွံနဲ့ ပစ်ပေါက်လိုက်တယ်။ 

မြွေက ကမာခွံကို ရှောင်လိုက်တယ်။ ကမာခွံဟာ မြေကြီးပေါ်ကျသွားတယ်။ နောက်ဆုံးမှာ ကမာခွံပွင့်သွားပြီး ရေနတ်သမီးက ကမာခွံထဲကနေ ဒေါနဲ့မောနဲ့ ထွက်လာတယ်။ 

ရေနတ်သမီးဟာ မြွေကို စိုက်ကြည့်ပြီး ရေခဲအော်ရာကို ဆင့်ခေါ်ကာ မြွေဆီကို ပျံသွားခဲ့တယ်။

ဟန်ဆန်းဟာ အခုမှ အလုံးကြီးကျသွားတယ်။ ရေနတ်သမီးဟာ အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ကူညီဖို့ ဆန္ဒရှိတာကိုပဲ ကျေးဇူးတင်ရပါမယ်။ သူမ မကူညီရင်လဲ သူ ဘာမှ မတတ်နိုင်ပါဘူး။ အခု ပြိုင်ဘက်ကိုယ်စီရသွားပြီမို့ ဟန်ဆန်းဟာ သူ့ပြိုင်ဘက်,စတီးချပ်ဝတ်ဆီကို အာရုံပြန်စိုက်လိုက်တယ်။ သူ့အတွက်တော့ စတီးချပ်ဝတ်ဟာ အင်အားကြီးပြိုင်ဘက်ပါပဲ။ စတီးချပ်ဝတ်ရဲ့ ပေါ့ပါးသွက်လက်မှု၊ ဓားရေးကျွမ်းကျင်မှုတို့က သူ့လောက်နီးနီးကောင်းတယ်။ ဒါပေမဲ့ ခွန်အားကတော့ သူ့ထက် သာတယ်။ ဒါကြောင့် ဟန်ဆန်းဟာ အမြန်နှုန်းကိုပဲ အားကိုးပြီး တိုက်နေရတယ်။

စတီးချပ်ဝတ်ဟာ စိမ်းဖန့်ဖန့်အလင်းတွေထွက်နေတဲ့ စတီးဓားရှည်ကို အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်တယ်။ ဟန်ဆန်းကလဲ ဆူးတီရက်စ်ထီးကို အားကျမခံ ပြန်လည်ဝှေ့ယမ်းလိုက်တယ်။ လက်နက်နှစ်ခု လေထဲမှာ တိုက်မိသွားတယ်။ ဆူးတီရက်စ်ထီးပေါ်မှာ အချိုင့်ရာတွေကျန်ရစ်ခဲ့တယ်။

အဲ့ဒီနောက်မှာတော့ ဟန်ဆန်းဟာ လက်နက်ချင်း ယှဉ်မတိုက်ရဲတော့ဘူး။ သူဟာ တုံရွမ်အော်ရာသုံးပြီး ပြိုင်ဘက်ကို လေ့လာလိုက်တယ်။ 

ဟန်ဆန်းဟာ စတီးချပ်ဝတ် သတိထားကာကွယ်နေတဲ့ နေရာလွတ်တခုကို သတိပြုမိလိုက်တယ်။ ဟန်ဆန်းက အဲ့ဒီနေရာကို ဆူးတီရက်စ်ထီးနဲ့ အပိုင်ထိုးဖို့ စိတ်ကူးလိုက်တယ်။ ချပ်ဝတ်တန်ဆာရဲ့ လွတ်နေတဲ့ အဟနေရာတခုကို အမိအရ တိုက်ခိုက်နိုင်ရင် စတီးချပ်ဝတ်ကို ဒဏ်ရာရစေမှာ သေချာတယ်။ ဒါပေမဲ့ ဆူးတီရက်စ်ထီးက ကြီးလွန်းတယ်။ စတီးပြားတွေကြားက အဟသေးသေးလေးတွေကို ထိအောင် မထိုးနိုင်လောက်ဘူး။ ဒါကြောင့် ဟန်ဆန်းဟာ သူ့အတွေးကို ချက်ချင်း ရုပ်သိမ်းလိုက်ပါတယ်။

ဟန်ဆန်းဟာ စိမ်းဖန့်ဖန့်အလင်းတန်းတွေကို ရှောင်တိမ်းရင်း စဉ်းစားမိခဲ့တယ်။

'' ဝမ်မိသားစုကို ဇက်စတီး ဓားရှည်တလက် လုပ်မခိုင်းမိတာ ငါ့အမှားပဲ၊ ငါ့မှာ ဇက်စတီးဓားရှည်တလက်ရှိရင် ပွဲသိမ်းပြီ ''

ဒါပေမဲ့လဲ ရွေးချယ်စရာမရှိတာကြောင့် ဟန်ဆန်းဟာ ဇက်စတီးမြားတချောင်းကို ထုတ်ကိုင်လိုက်တယ်။ အချိန်ကျရင် ဇက်စတီးမြားကို စတီးပြားတွေကြားထဲထိုးသွင်းဖို့ အသင့်ပြင်ထားလိုက်တယ်။

တော်ဝင်နတ်မိမယ်နဲ့ ကျားပျံဟာ လေထဲမှာ အပြင်းအထန် တိုက်ခိုက်နေတယ်။ ကျားပျံရဲ့ ခန္ဓာကိုယ်ဟာ သတ္တုနဲ့တည်ဆောက်ထားသလားလို့ ထင်မှတ်မှားရတယ်။ သူ့လက်သည်းတွေကလဲ သေစေနိုင်တဲ့ လက်နက်တွေပါပဲ။ ဒါပေမဲ့လဲ ကျားပျံဟာ တော်ဝင်နတ်မိမယ်ကို အနိုင်မယူနိုင်ပါဘူး။ သူတပြန် ကိုယ်တပြန် တိုက်ခိုက်နေကြဆဲပါ။

သစ်ကုလားအုတ်ကြီးနဲ့ လူဝံတို့ရဲ့ တိုက်ပွဲကတော့ အားလုံးထဲမှာ သွေးထွက်အများဆုံးပါပဲ။ သူတို့နှစ်ကောင်စလုံးဟာ အသက်အားကို အခြေခံတဲ့ စူပါသားရဲတွေပါ။ သူတို့ရဲ့ တိုက်ခိုက်မှုတခုစီက ရဲတိုက်ကို နေရာစုံတုန်ခါစေတယ်။ သူတို့ဟာ ဒဏ်ရာကိုယ်စီ ရထားကြပြီ။ သစ်ကုလားအုတ်ကြီးက နဂိုကတည်းက ဒဏ်ရာရထားတာမို့ သူ့ဒဏ်ရာက ပိုဆိုးတယ်။ ဒါကြောင့် လူဝံက အသာစီးရလာပြီး သစ်ကုလားအုတ်ကြီးက အခြေအနေဆိုးလာပါတယ်။

အားလုံးထဲမှာ ရေနတ်သမီးဟာ သက်သောင့်သက်သာ အရှိဆုံးပါ။ ခြေထောက်လေးချောင်းနဲ့ မြွေက ရေနတ်သမီးထက် အနည်းငယ် ပိုနှေးပါတယ်။ ဒါကြောင့် မြွေဟာ ရေနတ်သမီးကို ထိအောင် မပေါက်နိုင်ဘူး။ နောက်ပြီး ရေနတ်သမီးဆင့်ခေါ်ထားတဲ့ ရေခဲအော်ရာကလဲ မြွေရဲ့ အမြန်ကို ပိုနှေးအောင် လုပ်ပေးနေတယ်။

'' ဘုတ် ''

ရေနတ်သမီးက မြွေရဲ့ မျက်နှာကို လက်သီးသေးသေးလေးနဲ့ ထိုးလိုက်တယ်။ အကြည့်ရဆိုးတဲ့ မြွေပါးစပ်ထဲက သွေးတွေထွက်ကျသွားတယ်။ မြွေဟာ အများကြီးသန်မာပုံမပေါ်သလို အလွယ်တကူ ရှုံးသွားမဲ့ပုံလဲ မပေါ်ပါဘူး။

ဟန်ဆန်းရဲ့ အကြည့်က သစ်ကုလားအုတ်ကြီးဆီ ရောက်သွားတယ်။ သစ်ကုလားအုတ်ကြီးခံနေရတာကို မြင်လိုက်ရလို့ အရမ်းစိုးရိမ်သွားတယ်။ သစ်ကုလားအုတ်ကြီးရှုံးသွားရင် တိုက်ပွဲဟာ အခြေအနေပြောင်းသွားမယ်။

ဟန်ဆန်းဟာ အံကြိတ်ပြီး တုံရွမ်အော်ရာကို အမြင့်ဆုံးအထိ နှိုးဆွပြီး ကြံ့ဖြူ ကြီးရဲ့ စွမ်းအင်စီးကြောင်းအတိုင်း စီးဆင်းလိုက်တယ်။ မကြာခင် အလင်းရောင်တွေ ထွက်ပေါ်လာတယ်။ အလင်းရောင်တွေ လုံလုံလောက်လောက် ထွက်ပေါ်လာတဲ့အခါ ဟန်ဆန်းဟာ သစ်ကုလားအုတ်ကြီးဆီ ခုန်ဝင်သွားပြီး အလင်းရောင်တွေကို သစ်ကုလားအုတ်ကြီးရဲ့ ဒဏ်ရာတွေဆီ ပို့လွှတ်ပေးလိုက်တယ်။ ကြံ့ဖြူ ကြီးရဲ့ အလင်းစွမ်းအင်ဟာ ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိတယ်။ ဒဏ်ရာပေါ်ကို အလင်းရောင်တွေကျရောက်သွားတဲ့အခါ ဒဏ်ရာတွေဟာ တဖြည်းဖြည်း ကျက်သွားပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (800)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၀၀)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကြံ့ဖြူ ကြီးရဲ့ အလင်းစွမ်းအင်ကို သုံးပြီး သစ်ကုလားအုတ်ကြီးကို အစွမ်းကုန် ကုသပေးခဲ့တယ်။ သိပ်မကြာခင် သစ်ကုလားအုတ်ကြီးဟာ ဒဏ်ရာတွေသက်သာလာပြီး ပြန်လည်တိုက်ခိုက်နိုင်မဲ့ အနေအထားကို ရောက်ရှိလာတယ်။ ဟန်ဆန်းဟာ အခုမှပဲ စိတ်သက်သာရာရသွားတယ်။

'' အနည်းဆုံးတော့ လက်ရှိအခြေအနေကို ငါ ထိန်းချုပ်နိုင်ပြီ ''

ဟန်ဆန်းဟာ စတီးချပ်ဝတ်ကို အာရုံပြန်စိုက်လိုက်တယ်။

ဟန်ဆန်းဟာ စတီးချပ်ဝတ်ရဲ့ တိုက်ခိုက်မှုတွေကို တုံရွမ်အော်ရာနဲ့ အာရုံခံပြီး အလွယ်တကူ ရှောင်တိမ်းနေခဲ့တယ်။ လက်ရှိအနေအထားမှာ အနိုင်ရဖို့ သူ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အချိန်ဆွဲလို့ ရမယ်လို့တော့ သူ မျှော်လင့်တယ်။ အထူးသဖြင့် သူ့ရဲဘော်တွေအတွက် အချိန်လိုပါတယ်။

တကယ်တော့ ဟန်ဆန်းဟာ စတီးချပ်ဝတ်ရဲ့ ဓားချက်တွေကို ရှောင်တိမ်းရင်း သစ်ကုလားအုတ်ကြီးကို ကုသပေးခဲ့တာပါ။ ဒါကြောင့် သစ်ကုလားအုတ်ကြီးဟာ ကြောက်စရာကောင်းတဲ့ လူဝံကို ပြန်လည်တိုက်ခိုက်နိုင်တယ်။ 

ဟန်ဆန်းဟာ ရေနတ်သမီးက မြွေကို သတ်ပြီးမဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။ မြွေသေသွားရင် ရေနတ်သမီးရဲ့ ရေခဲအော်ရာကြောင့် ပွဲအဖြေပြောင်းသွားနိုင်တယ်။ စတီးချပ်ဝတ်ကို သူတယောက်တည်း တိုက်ရတာ သိပ်အဆင်မပြေဘူး။

'' ငွေမြေခွေးလေး အဆင့်တက်လို့ မပြီးသေးတာ နာတယ်၊ သူ အဆင့်တက်ပြီးသွားရင် ဒီပွဲကို သိမ်းဖို့က အလွယ်လေးပဲ ''

ဟန်ဆန်းက တယောက်တည်း တွေးလိုက်တယ်။

ဟန်ဆန်းဟာ စတီးချပ်ဝတ် ကို တိုက်ခိုက်ရင်း တုံရွမ်အော်ရာနဲ့ စကမ်ဖတ်ကာ လေ့လာခဲ့တယ်။ နောက်ဆုံးမှာ စတီးချပ်ဝတ်ဟာ ဒုတိယမျိုးဆက်စူပါသားရဲဖြစ်ကြောင်း သိခဲ့ရတယ်။ နောက်ပြီး သူ့ရဲ့ စွမ်းအင်စီးကြောင်းက အတော် ထူးဆန်းကြောင်းကိုလဲ တွေ့ရတယ်။ 

'' သူ့ရဲ့ စွမ်းအင်စီးကြောင်းက စိမ်းဖန့်ဖန့်အလင်းကို ထုတ်ပေးပြီး ဓားကို ပံ့ပိုးပေးတာလား၊ ဒါဆို အတော်မိုက်တာပဲ ''

ဟန်ဆန်းဟာ နောက်ဆုတ်ရင်း စတီးချပ်ဝတ်ရဲ့ စွမ်းအင်စီးကြောင်းကို မှတ်သားနေတယ်။

ရေနတ်သမီးဟာ အတော်လေး ထိထိရောက်ရောက် တိုက်ခိုက်နိုင်တယ်။ သူမဟာ မြွေခေါင်းကို လက်သီးသေးသေးလေးနဲ့ အကြိမ်ကြိမ် ထိုးခဲ့တယ်။ လက်သီးတလုံးထိုးလိုက်တိုင်း သွေးတွေဟာ ဖြာဖြာကျသွားတယ်။ သွေးတွေမြေပေါ်ကျသွားတဲ့အခါ အေးခဲသွားတယ်။

ဟန်ဆန်းဟာ မြွေကို စကမ်ဖတ်လိုက်တယ်။ စွမ်းအင်စီးကြောင်းကို ဝါးတားတား မြင်ရတယ်။ ဒါကြောင့် မြွေဟာ ပထမမျိုးဆက်စူပါသားရဲဖြစ်ကြောင်း ပြောနိုင်ပါတယ်။

လူဝံကြီးကလဲ ပထမမျိုးဆက်စူပါသားရဲပါ။ ကျားပျံကတော့ အတော်ဝေးဝေးမှာ ရောက်နေတာမို့ ပထမမျိုးဆက်လား၊ ဒုတိယမျိုးဆက်လား၊ သူ မပြောနိုင်ပါဘူး။

ရေနတ်သမီးဟာ မြွေကို သတ်နိုင်တော့မယ်လို့ ဟန်ဆန်း သတိပြုမိတယ်။ ဒါပေမဲ့ ဟန်ဆန်းရဲ့ ပျော်ရွှင်မှုဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကြောက်စရာခံစားချက်ကြောင့် ချက်ချင်း ကွယ်ပျောက်သွားတယ်။

ထိုစဉ် အသက်အားတခုဟာ သူတို့ဆီကို ချဉ်းကပ်လာတယ်။ အဲ့ဒီအသက်အားဟာ ရဲတိုက်အတွင်းပိုင်းထဲကနေ ထွက်လာတာပါ။ အဲ့ဒီအသက်အားရဲ့ ချဉ်းကပ်နှုန်းဟာ မမြန်ပေမဲ့ မကောင်းတဲ့ အတိတ်နမိတ်တွေကို သယ်ဆောင်လာသလိုပါပဲ။

ဟန်ဆန်းဟာ အဲ့ဒီအသက်အားကို မိစ္ဆာမျက်လုံးပင့်ကူရဲ့ မျက်နှာဖုံးနဲ့ လှမ်းကြည့်လိုက်တယ်။ အနီရောင်မီးတောက်တခုကို မြင်လိုက်ရတယ်။ အဲ့ဒီမီးတောက်ဟာ သူတို့နဲ့ တဖြည်းဖြည်း နီးလာတယ်။

'' စူပါသားရဲနောက်တကောင်! ''

ဟန်ဆန်းဟာ စိတ်ဓာတ်ကျသွားတယ်။ သူဟာ ဒီအခြေအနေရောက်အောင် မနည်းကြိုးစားထားခဲ့ရတယ်။ အခုတော့ ဆုမရဘဲ တုတ်ရတော့မှာလား။

အဲ့ဒီကြောက်စရာသားရဲသာ တိုက်ပွဲမှာ ဝင်ပါခဲ့ရင် တိုက်ပွဲရဲ့ ချိန်ခွင်လျှာဟာ တိမ်းစောင်းသွားလိမ့်မယ်။ အဲ့ဒီလိုဖြစ်ခဲ့ရင် ဘယ်လိုမှ အဖတ်ဆယ်လို့ ရမှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ တိုက်ပွဲက စထားပြီမို့ အခုအချိန်မှာ ရပ်တန့်လို့ မရတော့ဘူး။ ခြေထောက်လေးချောင်းနဲ့ မြွေကို ရေနတ်သမီးက သတ်တော့မယ်။ ဟန်ဆန်းဟာ အံကြိတ်ပြီး သူတို့ဆီကို ချဉ်းကပ်လာတဲ့ ကြောက်စရာ အသက်အားဆီကို ပြေးသွားလိုက်တယ်။

သူ အချိန်ဆွဲနိုင်ရင် ရေနတ်သမီးက မြွေကို လက်စသတ်နိုင်လိမ့်မယ်။ မြွေသေသွားရင် အခွင့်အရေးက သူ့ဘက်ကို ရောက်လာလိမ့်မယ်။

ဒါပေမဲ့ စတီးချပ်ဝတ်က ဟန်ဆန်းကို သွားခွင့်မပေးဘဲ နောက်က ကပ်လိုက်လာတယ်။ ဒါပေမဲ့လဲ စတီးချပ်ဝတ်ဟာ ဟန်ဆန်းကို မတားနိုင်ပါဘူး။

ဟန်ဆန်းဟာ အဆောက်အအုံ ၁၅ ခုကို ဖြတ်သန်းပြီးနောက် မိုးထိအောင်မြင့်တဲ့ လှေကားတခုကို တွေ့လိုက်ရတယ်။ လှေကားထိပ်မှာ ကြီးမားတဲ့ နန်းတော်ကြီးတခုရှိပါတယ်။

လှေကားပေါ်ကနေ လှပကြော့ရှင်းတဲ့ အမျိုးသမီးတယောက်ဆင်းလာတယ်။ သူမဟာ ဟန်ဆန်းထက် အရပ်တပေလောက် ပိုမြင့်တယ်။ အသားအရေ အတော်လှတယ်။ ခါးသေးရင်ချီ အချိုးညီပြီး အတော်ကြည့်လို့ကောင်းတယ်။ အနက်ရောင်ချပ်ဝတ်တန်ဆာတခုကို ဝတ်ထားတယ်။ ခြုံ ပြီးပြောရရင် သူမဟာ လှပပြီး ရက်စက်မဲ့ပုံပါပဲ။

'' သူက ဒီရဲတိုက်က ဝိညာဉ်လား ''

ဟန်ဆန်းဟာ အစက စတီးချပ်ဝတ်ကို ဒီရဲတိုက်ပိုင်ရှင် ဝိညာဉ်လို့ ထင်ခဲ့တယ်။

ဝိညာဉ်က ဟန်ဆန်းကို အေးစက်စက် ကြည့်လိုက်တယ်။ သူမမျက်လုံးတွေဟာ အလွန် အေးစက်တင်းမာနေတယ်။ သူမရဲ့ အနက်ရောင်ဆံပင်ရှည်ကြီးက မြေကြီးကိုတောင် ထိနေတယ်။ သူမဟာ ဟန်ဆန်းကို သတ်ချင်ဖြတ်ချင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ဝိညာဉ်ဟာ ချပ်ဝတ်တန်ဆာဝတ်ထားတယ်။ ပြီးတော့ ခေါင်းစွပ်မစွပ်ဘဲ သရဖူဆောင်းထားတယ်။ နောက်ပြီး လက်နက်လဲ ကိုင်မထားဘူး။ ဒါပေမဲ့ သူမရဲ့ လက်တွေကနေ သေမင်းအငွေ့အသက်တွေထွက်နေတယ်။

'' ရေနတ်သမီးက ခြေထောက်လေးချောင်းမြွေကို သတ်လို့ ပြီးသွားတဲ့အထိ ဒီဝိညာဉ်ကို ငါ ထိန်းထားရမယ် ''

ဟန်ဆန်းဟာ အံကြိတ်ပြီး လှေကားပေါ်ပြေးတက်သွားတယ်။

ဟန်ဆန်းဟာ တုံရွမ်အော်ရာကို အဆင့်မြှင့်တင်ပြီးစမို့ သူ့ရဲ့ အာရုံခံနိုင်စွမ်းဟာ အရင်ကထက် ပိုကောင်းပါတယ်။ ဒါကြောင့် စူပါသားရဲနဲ့ စူပါဝိညာဉ်ကို အချိန်အတိုင်းအတာတခုအထိ အချိန်ဆွဲထားနိုင်မယ်လို့ သူ ယုံကြည်တယ်။

စတီးချပ်ဝတ်သားရဲက ဟန်ဆန်းနောက်ကနေ ဒေါသတကြီး ကပ်လိုက်လာပြီး ဟန်ဆန်းကို စတီးဓားရှည်နဲ့ လှမ်းခုတ်လိုက်တယ်။ 

ဟန်ဆန်းက လေသိုင်းနဲ့ ရှောင်လိုက်တယ်။ စတီးချပ်ဝတ်ရဲ့ ဓားချက်ဟာ လေကိုပဲ ထိခဲ့တယ်။

စူပါဝိညာဉ်ဟာ ခြေလှမ်းတရာလောက် လမ်းလျှောက်ပြီးနောက် ဟန်ဆန်းကို မနှစ်မြို့စွာ လှမ်းကြည့်လိုက်ပြီး နှေးနှေးလေး ဆင်းနေရာမှ အမြန် ပြေးဆင်းသွားပြီး ဟန်ဆန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ သူမဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရုတ်တရက် ပြန်ပေါ်လာတယ်။ ဟန်ဆန်းကတော့ ဗိုက်ကို လက်သီးနဲ့ အထိုးခံလိုက်ရတယ်။

'' ဝုန်း ''

ဟန်ဆန်းဟာ ဥက္ကာပျံတစင်းလို လွင့်ထွက်ပြီး အဆောက်အအုံတခုရဲ့ အမိုးစွန်းနဲ့ တိုက်မိသွားတယ်။ အုပ်ကြွပ်ပြားတွေပဲ့ကျသွားတယ်။

ဟန်ဆန်းရဲ့ ခရမ်းရောင်ချပ်ဝတ်တန်ဆာလဲ အက်ကွဲသွားပြီး အပေါက်အပြဲတွေပေါ်လာတယ်။ ဟန်ဆန်းဟာ သွေးတလုတ်အန်ပြီး သူ့ကို ပိနေတဲ့ အုပ်ကြွပ်ပြားအပဲ့တွေကို ဖယ်ရှားလိုက်တယ်။

ဝိညာဉ်ဟာ ပျောက်နေရာမှ ရုတ်တရက် ပြန်ပေါ်လာပြီး ထိုးလိုက်တာမို့ ဟန်ဆန်းဟာ ရှောင်နိုင်ခြင်းမရှိခဲ့ပါ။

ဟန်ဆန်းကလဲ သူမနီးနီးမြန်တာရယ်၊ သူမသုံးလိုက်တဲ့ အားကလဲ သိပ်မပြင်းတာရယ်ကြောင့် ဟန်ဆန်းဟာ ကံကောင်းသွားပါတယ်။ သူမသာ အားကို ဒီထက်ပြင်းပြင်းသုံးခဲ့ရင် ခရမ်းရောင်ချပ်ဝတ်တန်ဆာဟာ ပျက်စီးသွားနိုင်တယ်။

စတီးချပ်ဝတ်သားရဲဟာ လှေကားထစ်ပေါ်က ခုန်ချပြီး ဟန်ဆန်းကို စတီးဓားရှည်နဲ့ ခုတ်လိုက်တယ်။

ဟန်ဆန်းက လေသိုင်းနဲ့ အလျင်အမြန် ရှောင်တိမ်းလိုက်တယ်။ သူဟာ စတီးချပ်ဝတ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းရင်း ဝိညာဉ်ကိုလဲ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တယ်။ သူမဟာ ကိုယ်ပျောက်သလိုမျိုး တည်နေရာ ရွှေ့ပြောင်းနိုင်တယ်။ ဒါကြောင့် သူမကို စောင့်ကြည့်မထားရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားလိမ့်မယ်။

အခု ဟန်ဆန်းရဲ့ အာရုံခံနိုင်စွမ်းဟာ အလွန် မြင့်တယ်။ သူဟာ သူမ ဘယ်ကို ရွှေ့မယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။ ဟန်ဆန်းအတွက်တော့ အခုအချိန်ဟာ မကြာသေးမီက လေ့ကျင့်ထားတာတွေကို လက်တွေ့စမ်းသပ်ရမဲ့ အချိန်ပါပဲ။

ဝိညာဉ်ဟာ ဟန်ဆန်းကို တချက် ကြည့်ပြီး လက်သီးကို ရွယ်လိုက်တယ်။ ပြီးနောက် ဟန်ဆန်းကို အဝေးက လှမ်းထိုးလိုက်တယ်။

သူမက သူ့ကို လက်သီးကို ရွယ်လိုက်တာနဲ့၊ ဟန်ဆန်းဟာ လက်သီးက ထွက်လာတဲ့ အားအရှိန်ကို ခံစားလို့ ရခဲ့တယ်။ ဟန်ဆန်းဟာ သူမကို ရိုးရိုးမျက်လုံးနဲ့ မမြင်ရပေမဲ့ စိတ်မျက်လုံးနဲ့တော့ မြင်ရတယ်။

ဟန်ဆန်းဟာ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းပြီး အောင်အောင်မြင်မြင် ရှောင်တိမ်းလိုက်တယ်။ 

ဝိညာဉ်ဟာ သူမလက်သီးလွဲချော်သွားတာကို မြင်လိုက်ရလို့ အံ့အားသင့်သွားတယ်။

ဟန်ဆန်းဟာ ဝိညာဉ်အံ့အားသင့်နေတုန်း အခွင့်အရေးယူပြီး ဝိညာဉ်ရဲ့ ဗိုက်ကို လက်သီးနဲ့ ထိုးလိုက်တယ်။

ဝိညာဉ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ဟန်ဆန်းရဲ့ လက်သီးဟာ ဝိညာဉ်ရဲ့ ဗိုက်ကို ထိခါနီးမှ လွဲချော်သွားခဲ့တယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Continue Reading

You'll Also Like

19.2K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
56.9K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
203K 13.8K 55
Jeon Jungkook x Kim Taehyung
17.9K 1.6K 82
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...