Ch 1 - 2

1.3K 70 8
                                    


နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
------ ----- ----- ----- ---- ---- ---- -----
အခန်း (၁)
------ ----- ----- ----- ---- ---- ---- -----
ရွာလေးတရွာအနီးက...
ကျောက်ခဲထူတဲ့ ချောင်းကလေးအနီးမှာ အနက်ရောင်ဝတ်ရုံနဲ့ လူငယ်လေးတဦးဟာ သတ္တုရောင်တောက်နေတဲ့ ပိုးကောင်နက်တကောင်ကို ကိုင်ထားပါတယ်။ အဲဒီပိုးကောင်နက်ဟာ ဂဏန်းနဲ့ ဟာကြူလီ မျိုးစပ်ထားတာပါ။

လူငယ်ရဲ့နောက်လက်တဖက်မှာ ဓားမြှောင်တချောင်းကို မြှောက်လျက် ပိုးကောင်နက်ရဲ့ ရုန်းနေတဲ့လက်ချောင်းတွေကို အမြန်ခုတ်ချလိုက်ပါတယ်။ ထိုအခါ နူးညံ့တဲ့အသားဖြူတွေ ပေါ်ထွက်လာပါတယ်။

လူငယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ချောင်းများထဲက ထွက်လာတဲ့ အသားဖြူတွေကို ဂဏန်းလက်မကို ကိုက်စားဘိသကဲ့သို့ စုပ်စားပြီး မျိုချလိုက်ပါတယ်။

"ပိုးကောင်နက်ကို သတ်ပြီး။  သားရဲဝိဉာဉ် မရရှိ...။ ပိုးကောင်နက်အသားကိုစားပြီး  သုညလား...။ တစ်ဆယ်လား...။ ဘယ်နှမှတ် ရမလဲ...။ ကံစမ်းပါ...။''

"ပိုးကောင်နက်အသားစားပြီး...။ သုညမှတ်ရရှိ...။''

ထူးဆန်းတဲ့ အသံတခုကို ဟန်ဆန်းဟာ စိတ်ထဲမှာ ကြားလိုက်ရပါတယ်။ ထိုစဉ် မှတ်တမ်းတခု သူ့စိတ်ထဲမှာ ပေါ်လာပါတယ်။
------ ----- ----- ----- ---- ---- ---- -----
ဟန်ဆန်း : အဆင့် ပြောင်းလဲခြင်းမရှိ
လက်ရှိအဆင့် : သာမန်
ဘဝသက်တမ်း: အနှစ်၂၀၀
အဆင့်ပြောင်းရန်လိုအပ်သောအမှတ်: ၁၀၀
ရရှိပြီးအမှတ်: ၇၉ မှတ်
ရရှိပြီး သားရဲဝိဉာဉ်: မရှိ
------ ----- ----- ----- ---- ---- ---- -----
"ငါ... ပိုးကောင်နက်၃၀ကို တဆက်တည်းစားပြီးတာတောင် ငါ့အမှတ်က သုညက မတက်သေးဘူး။ အဆင့်တက်ဖို့ နောက်ထပ်ပိုးကောင်နက်တွေ အများကြီးစားရဦးမယ်။ အော်.. သုည... သုည...။ ဘယ်အချိန်မှ ပထမအဆင့်အောင်ပြီး နောက်တဆင့်ကို တက်ပါ့မယ်''

ဟန်ဆန်းတယောက် မချင့်မရဲ ဖြစ်နေပုံပေါ်ပါတယ်။
------ ----- ----- ----- ---- ---- ---- -----
လွန်ခဲ့သောနှစ်''၁၀၀''ကျော်ကတည်းက သိပ္ပံနှင့် နည်းပညာဟာ အလွန်မြင့်သောအဆင့်တခုသို့ ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် လူသားတေဟာ အာကာသခရီးသွားနည်းပညာကို အထူးကျွမ်းကျင်လာခဲ့ကြပါတယ်။ သူတို့ဟာ အာကာသ ခရီးသွားရန် ကြိုးပမ်းကြတဲ့အခါ အတိတ်ကို ပို့တာလည်းမဟုတ်။ အနာဂတ်ကို ပို့တာလည်းမဟုတ်။ ဂြိုလ်တခုက အခြားတခုကို ပို့တာလည်းမဟုတ်။ တကယ်တမ်း သူတို့ပို့တာက အာကာသရဲ့ အခြားအစွန်းတဖက်မှာ သီးခြားတည်ရှိနေတဲ့ နေရာကိုပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Tahanan ng mga kuwento. Tumuklas ngayon