အပိုင်း(၁၆)
မနက်(၄)နာရီ လေယာဉ်လက်မှတ်ရ၍ (၃)နာရီလောက်ထဲက ထကာပြင်ဆင်ရသည်။ ဗိုက်ဗိုက်ကအိပ်ပျော်နေသေးသည်မို့ အတတ်နိုင်ဆုံးအသံမထွက်အောင် လိုအပ်သည့် အဝတ်အစားနှင့်အသုံးအဆောင်များကိုထည့်ရသည်။ ပြီးနောက် ဗိုက်ဗိုက်ကို ကိုလွမ်စေးတို့နှင့်ထည့်ပေးလိုက်မည်ဖြစ်ပြီး သူကိုယ်တိုင်ကတော့ လေယာဉ်ကွင်းပြင်ပအထိ ဆိုင်ကယ်နဲ့သွားမည်ဖြစ်သည်။ အိမ်စောင့်အနေနှင့် Bနှင့်Cကိုထားခဲ့မည်ဖြစ်၏။
“အွင်း..မောင်..”
နိုးလာသည်နှင့်အပျင်းကြောဆန့်ကာ ပထမဦးဆုံးတမိသည်က ‘မောင်’ဟူသော နာမ်စားပါပဲ။ တခြားသူတွေက သူတို့ချစ်သူကို ‘မောင်’ဟုဘာကြောင့်ခေါ်လဲတော့မသိ။ အမျိုးသားတစ်ဦးဖြစ်သည့် နွယ်သာကီက သူ့အသက်ထက်ဆုံးဖြစ်သည့်အမျိုးသားကို ရင်နှင့်ရင်းပြီး အမြတ်တနိုးချစ်ရတာကြောင့် ‘မောင်’ဟုခေါ်သည်တဲ့။
ထို့ကြောင့် နွယ်သာကီထွင်သောအဆိုအရ ရင်နှင့်ရင်းကာ အမြတ်တနိုးခေါ်ယူရသောနာမ်စားကို မောင်ဟုခေါ်သည်။
“ အင်း..ပြန်အိပ်အုံးနွယ်သာကီ..”
“ဟင့်အင်း..”
ရင်ခွင်ထဲမှ လူလဲထပြီး မျက်လုံးနှစ်ဖက်ကို လက်ချောင်းများနှင့်ဖွဖွပွတ်ပြီးနောက် ပါးနှစ်ဖက်ကိုခပ်စပ်စပ်လေးရိုက်နေပြန်သည်။ ကပို့ကရို့ကေသာနှင့် နုနယ်သောအမျိုးသားသည် ရင်ခွင်နန်းမှ အနုပညာမြောက်သောထုဆစ်မှုဖြစ်ပေ၏။
“ နွယ်တို့ ဘယ်ရောက်နေတာလဲ ဟင်..”
“လေယာဉ်ပေါ်မှာ..”
“ ဟမ်..ဘယ်သွားနေတာလဲ..”
“ ဘန်ကောက်..”
“ ဘာလုပ်ဖို့..”
“ ကိစ္စရှိလို့..”
“ ဘာကိစ္စ..”
“ ကျစ်..နွယ်သာကီ ခင်ဗျားကိုယ်ခင်ဗျား ရေသည်ပြဇာတ်သင်နေတယ်ထင်နေလား..”
“ဟီး..မောင်ကလဲ..ဟိုလေ နွယ် အပေါ့သွားချင်လို့..အဲ့တာ..”
“ အင်း ထ..လိုက်ပို့မယ်..”
နွယ်သာကီက အရစ်ရှည်ရင်လဲသူ့အပြင်နှစ်ယောက်မရှိ။ ဆူလိုက်ပြန်ရင်လဲ ဆူလိုက်တဲ့သူတောင် ကိုယ့်ကိုကိုယ်မှားပြီးထင်ရလောက်အောင် ချစ်စရာကောင်းပြသေးသည်။ ထိုအမူအရာတွေသည် နွယ်ရှင်တစ်ခုသဖွယ် ဒီလှိုင်းခက်ထန်ကို အထပ်ထပ်ရစ်နှောင်နေလေသည်။
လေယာဉ်ကွင်းသို့ရောက်သော် အဆင်သင့်လာကြိုသူတွေကြောင့် အခက်အခဲမရှိ ဆေးရုံသို့သွားလို့ရ၏။ သို့သော် နွယ်သာကီတို့က တကယ့်ကိုရစ်ပတ်နွယ်ပဲ။
“ မောင်နဲ့လိုက်မှာပါဆို..”
“ ကျစ်..မဆိုးစမ်းနဲ့နွယ်သာကီ..”
“ ဟင့်..မောင်ကလဲ..”
ဗိုက်ဗိုက်ကို ဆိုင်ကယ်နဲ့မခေါ်ချင်တာ ဒီလှိုင်းအမှားတော့မဟုတ်ချေ။ လနုသေးတော့ တစ်ခုခုမှားယွင်းတာမျိုးမဖြစ်စေချင်။
ဒီကလေးသည် ဒီလှိုင်းတို့မမျှော်မှန်းထားသည့် ဆုလာဘ်မို့ ဒီလှိုင်းမှာ ဆုပ်လည်းစူး စားလည်းရူးအခြေအနေသို့ရောက်နေရသည်။
ဖြစ်နိုင်ရင် နွယ်သာကီကို အနာတရကင်းကင်းနဲ့သာ ရင်ခွင်နန်းမှာစိုးစံခိုင်းချင်ပါသည်။
ဒီလှိုင်းကို မဆန့်ကျင်နိုင်သည့် နွယ်သာကီက လွမ်စေးတို့နှင့် တစ်ခါထဲလိုက်သွားရပြီး ဒီလှိုင်းက မောင်းသူပါသည့် ဆိုင်ကယ်နှင့်လိုက်ခဲ့သည်။ ကားကိုမြင်ရင်တောင် ချွေးစေးပျံချင်နေတာမို့ စီးဖို့က မဖြစ်နိုင်သေးသောအရာဖြစ်၏။
ဆေးရုံရှေ့သို့ရောက်တာချင်းတူနေသည်မို့ အားငယ်စိတ်ဝင်နေသည့် ဗိုက်ဗိုက်အနားသွားကာ ပခုံးပေါ်ကိုလက်တင်ပြီး မသိမသာနွေးထွေးမှုပေးလိုက်သည်။ နေရာစိမ်းဆို ဘယ်နောရာမဆို ကြောက်တတ်သည့် ဗိုက်ဗိုက်က အခုမှစိတ်ချဟန် သက်ပြင်းဖွဖွလေးချ၏။
“ မောင်..ဆေးရုံကို နွယ်တို့ ဘာလာလုပ်တာလဲ..”
“လာကစားတာ..”
“အကောင်းမေးတာကို..”
“တိုးတိုးလေးနေ ပြီးကျသိလိမ့်မယ်..”
သူတို့ receptionကိုတန်းသွားလိုက်ပြီး ထိုင်းစကားတတ်သည့် ကိုလွမ်စေးက ဦးဆောင်ကာ သူနာပြုတွေကိုမေးလိုက်၏။
“ဆေးရုံအုပ်ရောက်ပြီလား..”
“ မရောက်သေးပါဘူး..ဆရာက (၈)နာရီမှရောက်မှာပါ..”
လွမ်စေးနာရီကိုကြည့်လိုက်တော့ ငါးခွဲပဲရှိသေး၍ ကျန်တဲ့အချိန်တွေမှာထိုင်စောင့်နေရမည့်အဖြစ်။ လွမ်စေးအပါအဝင် ပါလာသည့်လူတိုင်းကသိပ်စိတ်ရှည်တတ်တာမဟုတ်၍ ကျစ်ခနဲစုတ်သပ်မိလိုက်ကြပြီး စိတ်အလိုမကျဖြစ်နေကြသည်။ လွမ်စေးလဲ ဖုန်းကိုထုတ်ကာ ဖအေမတူ အမေကွဲညီကို ဖုန်းလှမ်းဆက်ရသည်။
သုံး၊လေးခါခေါ်လို့ မကိုင်သည့်အဆုံး ယောက်ဖဖြစ်သူကို လှမ်းဆက်ရတော့သည်။
“အင်း..အဲ့ကောင်မထရင် ကုတင်ပေါ်ကကန်ချပြီး နှိုးလိုက်..”
ဆေးရုံအုပ်က တခြားသူမဟုတ်။ လွမ်စေးရဲ့မွေးစားမိဘတွေ၏ သားအရင်းဖြစ်၏။ ကလေးမရဘူးအထင်နဲ့လွမ်စေးကိုမွေးစားထားတာဖြစ်သော်လည်း လွမ်စေးကိုမွေးစားပြီးမှ ကလေးရ၍ ဤကဲ့သို့အံ့ဩလောက်တဲ့ ဆွေမျိုးတော်စပ်မှုကြီးဖြစ်သွား၏။ မွေးစားမိဘနှစ်ပါးစလုံးဆုံးပါးသွားပြီဖြစ်သော်လည်း အမွေတွေကို ညီအစ်ကိုနှစ်ယောက်ကိုဝေပုံကျပေး၏။ လွမ်နောင်ဆိုတဲ့ကောင်က ပစ္စည်းဥစ္စာအပေါ်တပ်မက်ခြင်းမရှိဘဲ ထိုင်းဘက်မှာပဲအခြေချကာ ဆေးရုံတစ်ခုလည်ပတ်ဖို့အရင်းအနှီးသာယူပြီး မြန်မာဘက်က လုပ်ငန်းတွေကို လွမ်စေးနှင့်ဖြစ်သလိုလွှတ်ထား၏။
သူတို့နှစ်ဦးက လုပ်ငန်းကိစ္စတွေပြောရင်သာတည့်ပေမယ့် ကျန်သည့်အချိန်တွေဆို အပေါက်အလမ်းမတည့်ကြသည့် သူနှစ်ယောက်ဖြစ်၏။ အခုလည်းပဲ ညကဖုန်းကြိုဆက်ထားတာကို မနက်ကျ ဖုန်းခေါ်တာပါမကိုင်ဘဲ မေ့ပြီးအိပ်နေသည်တဲ့။
များမကြာမီ အိပ်ချင်မူးတူးနှင့် တဟွားဟွားသမ်းကာရောက်လာသည့်သူသည် ဥပဓိရုပ်အရသာဆရာဝန် ဖြစ်ကောင်းဖြစ်မည်ဟုထင်ရသည်။ သူ၏အပြုအမူတွေသည် စိတ်မချရသောဆရာဝန်ဟုရည်ညွှန်းနေ၏။
“ မင်းကိုယုံကြည်ပြီးပြမယ့် လူနာတွေကိုတော့ ငါအံ့ဩတယ်..ငါတောင်ပြန်ရင်ကောင်းမလားလို့..”
“ လူတစ်ယောက်ရဲ့အပြုအမူကိုကြည့်ပြီး သူ့အရည်အချင်းကိုဆုံးဖြတ်ရင် မင်းဦးနှောက်မရှိမှန်း သိသာတာပေါ့..”
“ ဪ ဉာဏ်ကြီးရှင်က မနက်ကျရောက်မယ်လို့ပြောထားတာကိုကျ မေ့နေတယ်ပေါ့”
“ အေး..မင်းနဲ့စကားနိုင်မလုတော့ဘူး..ဒါနဲ့လူနာက ဘယ်သူလဲ..”
“ သူ..”
နွယ်သာကီ့ဘက်ကိုအားလုံးရဲ့အကြည့်တွေရောက်လာတော့ တအံ့တဩနှင့် ပြူးကြောင်ကြောင်လေးဖြစ်သွားရသည်။ နွယ်ဟာနေမကောင်းတာမှမဟုတ်ဘဲ ညကအစာမကြေလို့ခေါင်းမူးပြီး အိပ်ပျော်သွားတာလေးပဲရှိတာ။
“ မောင် နွယ်နေကောင်းတယ်လေ..”
“ အင်း ခင်ဗျားနေကောင်းတယ်..”
“ အဲ့ဆိုဘာလို့..”
နှစ်ယောက်ထဲတွတ်ထိုးနေစဉ် လွမ်နောင်၏ကြားဖြတ်အမေးစကားကို ဒီလှိုင်းပဲဖြေလိုက်၏။
“လူနာက ဆီးစစ်ပြီးပြီလား..”
“ မစစ်ရသေးဘူး..ညကမူးလဲလို့ ဆရာဝန်ပြတာ ဆရာဝန်ကအဲ့အတိုင်းပြောလို့..”
“ ဒါဆို အခန်းထဲက ဆီးစစ်ဖို့ဟာတွေလိုက်ယူပြီး စစ်ကြည့်လိုက်အုံး..”
အကုန်လုံးဆေးရုံအုပ်အခန်းကိုဦးတည်ကာလိုက်သွားကြတော့၏။ လမ်းတလျှောက်က ဆရာဝန်တွေ၊သူနာပြုတွေကတော့ သူတို့ဆေးရုံအုပ်တောင်အစောကြီးထလာရသည့် လူနာကိုစိတ်ဝင်စားနေဟန်ရှိကြသည်။
ပိုးသတ်ဆေးနံ့တွေရကထဲက နွယ်သာကီ ပျို့အန်ချင်သလိုဖြစ်လာကာ ခေါင်းထဲမူးနောက်နောက်ဖြစ်လာသည်မို့ မောင့်လက်ကို ပိုပိုသာသာဖက်တွယ်လိုက်သည်။
“ဘာဖြစ်လို့လဲ..”
“ခေါင်းနည်းနည်းမူးလို့..”
“ ရရဲ့လား..ကျွန်တော်ချီသွားမယ်လေ..”
“ ဟင့်အင်း ရတယ်..”
မောင်က ပြန်ဆုံပြီးနောက်ပိုင်းမှာ နွယ့်အပေါ် ပထမဆုံးယဉ်ကျေးစွာသုံးနှုန်းလာခဲ့သည်မို့ ခေါင်းမူးနေတဲ့ကြားကတောင် ပြုံးမိသည်။
ခုနက သေချာမကြားလိုက်သည့် ဆီးစစ်ဖို့အချင်းအရာသည် ကိရိယာအစုံအလင်လက်ထဲရောက်လာမှ မျက်လုံးပြူးမျက်စံပြူးဖြစ်ရသည်။
“ မဟုတ်မှ နွယ်..”
“အင်း အဲ့တာသေချာအောင် စစ်ခိုင်းတာ..”
“ဟင်..”
အိမ်သာထဲကိုဆီးစစ်တံပါတစ်ခါထဲယူပြီး ပြထားသည့်အညွှန်းအတိုင်း ဆီးစစ်ကြည့်လိုက်သည်။ ပေါ်လာသည့် အနီရောင်မျဉ်းနှစ်ကြောင်းသည် ယောင်္ကျားသားတို့နဲ့ မအပ်စပ်စွာပဲ..။
သာမာန်အမျိုးသားတစ်ဦးတွင် သားအိမ်ပါခဲ့လျှင် တကယ့်ကိုကံဆိုးမှုပါပဲ။
အမျိုးသားချင်းလက်ထပ်ထားသည့်သူတစ်ဦးသာ သားအိမ်ပါခဲ့လျှင် နတ်ကောင်းနတ်မြတ်တွေက သူတို့ချစ်ခြင်းကို သိမြင်လို့ပေးတဲ့ ဆုလာဘ်တစ်ခုဖြစ်ပေ၏။
ထို့ကြောင့် နွယ်အံ့ဩပေမယ့် ကြောက်ရွံ့ကာ သရဲဘောကြောင်မယ့်ကိစ္စရပ်တွေကိုမတွေးဖြစ်။ ချစ်ရသူကိုမိသားစုဘဝပေးနိုင်လို့ ပျော်ပါတယ်။ သို့ပေမယ့် သားအိမ်ကိစ္စက ခေါင်းခဲရတယ်။
အိမ်သာတံခါးကိုဖွင့်သည့်အချိန်၌ နွယ့်လက်တို့သိသိသာသာတုန်ရင်နေခဲ့သည်။ နွယ့်စိတ်သဘောထားတစ်ခုထဲမဟုတ် မောင်ကရော ဒီကလေးကိုလိုလိုလားလားနဲ့လက်ခံနိုင်ပါ့မလား။
“ ဘယ်လိုတဲ့လဲ နွယ်..”
“သူ..သူလေး ရှိ..ရှိနေတယ်ထင်ပါရဲ့ မောင်..ဟင့်..”
နဂိုထဲကအားနည်းကာ တစ်ခုခုဆို မျက်ရည်လွယ်တတ်သည်မို့ လနုသည့်ကိုယ်ဝန်သည်၏စရိုက်နှင့်ပေါင်းတော့ နှာဖျားတွေနီရဲကာ မျက်ရည်ဥတို့ကြွေလာသည်။
“ ဘာမှမဖြစ်ဘူး မငိုနဲ့..မင်းကလေးရော မင်းရောအန္တရာယ်ကင်းစေရမယ် မောင့်ကိုယုံ..”
“ ဟင့်..အင့်..”
ဖခင်လောင်းတွေက တစ်ဦးကိုယ်တစ်ဦးကျစ်လစ်စွာဖက်ပြီး ငိုယိုနေစဉ် ဧရာဇင်တစ်ယောက်လဲ သူ့ကြင်သူကိုဖက်ကာ တအီအီငိုနေပါ၏။ အားလုံးဝမ်းသာမျက်ရည်ကျနေသည်မို့ လွမ်နောင်မှာရှေ့ဆက်ရမလို၊နောက်ဆုတ်ရမလိုနဲ့ အခက်တွေ့လှသည်။
“အဟမ်း...Ultrasoundဒါဆို ရိုက်ကြည့်ကြမလား...”
“ အင်း..”
Ultrasound အခန်းထဲကို ဖခင်ဖြစ်သူနှစ်ဦးရယ် လွမ်နောင်ရယ်သာဝင်သွားပြီး ကျန်သည့်သူများက အခန်းရှေ့တွင်နေခဲ့သည်။
ဆရာဝန်က နွယ့်ဗိုက်သားဖြူဖြူလေးမှာ ဂျယ်လ်ကိုဦးစွာသုတ်လိမ်းလိုက်ပြီးမှ ultrasoundရိုက်ခြင်းကိုစတင်သည်။ ပြီးနောက် ကိရိယာဖြင့်ထိတွေ့လိုက်တော့ တီဗွီဖန်သားပြင်မှာ သွေးခဲလေးကိုမှုန်ရီဝေဝါးစွာ မြင်ရ၏။
“ကလေးက သုံးလတောင်ရှိနေပြီပဲ.. အဲ့တာကိုအခုမှလက္ခဏာပြတာပေါ့..”
“တကယ်ရှိနေတာလားဟင်..တကယ်ဟုတ်ရဲ့လား..ဖြစ်နိုင်ပါ့မလား နွယ်က ယောင်္ကျားလေးလေ..”
နွယ်အခုထက်ထိကိုမယုံနိုင်သေးတာပါ။ သားအိမ်ပါတာရော၊မောင့်ကိုမိသားစုဘဝပေးနိုင်တော့မှာရောကို တကယ်မယုံနိုင်သေးဘူး။
“လောကမှာ ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဒီကလေးက မင်းတို့နဲ့ထိုက်လို့ မင်းတို့ရတာ”
“ တကယ်ပေါ့နော်..မောင်..မောင်ကလိုချင်ရဲ့လား”
ဒီလှိုင်းက ချစ်သူဘဝထဲက မိသားစုတွေကိုတွေ့ရင်အားကျသလိုပြောတတ်တဲ့ နွယ်သာကီကို ကလေးမလိုချင်ဘူးဟုပြောဖူး၏။ ဒါကိုဒီလူအတွေးလွန်နေပြန်တာဖြစ်မည်။
“ ခင်ဗျားကတော့ အတွေးလွန်နေပြန်ပြီ..ဒါကျွန်တော်တို့နဲ့ထိုက်လို့ရတာ သိတယ်မလား..အဲ့တာကြောင့် ကျွန်တော်လိုချင်တယ်..”
“မောင့်..”
“ကလေးအဖေဖြစ်တော့မယ့်သူက..ကလေးလိုငိုမနေနဲ့တော့လေ..”
“အင့်..”
နှစ်ယောက်သား တစ်ဦးကိုတစ်ဦးဖေးမပြီးနောက် Ultrasoundဓာတ်ပုံကိုကိုင်ကာ အပြင်ထွက်လာခဲ့သည်။ ဒီကလေးက သူတို့နှစ်ဦးအတွက် တန်ဖိုးမဖျက်နိုင်တဲ့ ဆုလာဘ်လေးတစ်ခု၊ ပေါင်းစည်းမှုအမှတ်သားလေးတစ်ခုဖြစ်ပေသည်။
_____________________
အပိုင္း(၁၆)
မနက္(၄)နာရီ ေလယာဥ္လက္မွတ္ရ၍ (၃)နာရီေလာက္ထဲက ထကာျပင္ဆင္ရသည္။ ဗိုက္ဗိုက္ကအိပ္ေပ်ာ္ေနေသးသည္မို႔ အတတ္ႏိုင္ဆုံးအသံမထြက္ေအာင္ လိုအပ္သည့္ အဝတ္အစားႏွင့္အသုံးအေဆာင္မ်ားကိုထည့္ရသည္။ ၿပီးေနာက္ ဗိုက္ဗိုက္ကို ကိုလြမ္ေစးတို႔ႏွင့္ထည့္ေပးလိုက္မည္ျဖစ္ၿပီး သူကိုယ္တိုင္ကေတာ့ ေလယာဥ္ကြင္းျပင္ပအထိ ဆိုင္ကယ္နဲ႔သြားမည္ျဖစ္သည္။ အိမ္ေစာင့္အေနႏွင့္ Bႏွင့္Cကိုထားခဲ့မည္ျဖစ္၏။
“အြင္း..ေမာင္..”
ႏိုးလာသည္ႏွင့္အပ်င္းေၾကာဆန္႔ကာ ပထမဦးဆုံးတမိသည္က ‘ေမာင္’ဟူေသာ နာမ္စားပါပဲ။ တျခားသူေတြက သူတို႔ခ်စ္သူကို ‘ေမာင္’ဟုဘာေၾကာင့္ေခၚလဲေတာ့မသိ။ အမ်ိဳးသားတစ္ဦးျဖစ္သည့္ ႏြယ္သာကီက သူ႕အသက္ထက္ဆုံးျဖစ္သည့္အမ်ိဳးသားကို ရင္ႏွင့္ရင္းၿပီး အျမတ္တႏိုးခ်စ္ရတာေၾကာင့္ ‘ေမာင္’ဟုေခၚသည္တဲ့။
ထို႔ေၾကာင့္ ႏြယ္သာကီထြင္ေသာအဆိုအရ ရင္ႏွင့္ရင္းကာ အျမတ္တႏိုးေခၚယူရေသာနာမ္စားကို ေမာင္ဟုေခၚသည္။
“ အင္း..ျပန္အိပ္အုံးႏြယ္သာကီ..”
“ဟင့္အင္း..”
ရင္ခြင္ထဲမွ လူလဲထၿပီး မ်က္လုံးႏွစ္ဖက္ကို လက္ေခ်ာင္းမ်ားႏွင့္ဖြဖြပြတ္ၿပီးေနာက္ ပါးႏွစ္ဖက္ကိုခပ္စပ္စပ္ေလး႐ိုက္ေနျပန္သည္။ ကပို႔က႐ို႕ေကသာႏွင့္ ႏုနယ္ေသာအမ်ိဳးသားသည္ ရင္ခြင္နန္းမွ အႏုပညာေျမာက္ေသာထုဆစ္မႈျဖစ္ေပ၏။
“ ႏြယ္တို႔ ဘယ္ေရာက္ေနတာလဲ ဟင္..”
“ေလယာဥ္ေပၚမွာ..”
“ ဟမ္..ဘယ္သြားေနတာလဲ..”
“ ဘန္ေကာက္..”
“ ဘာလုပ္ဖို႔..”
“ ကိစၥ႐ွိလို႔..”
“ ဘာကိစၥ..”
“ က်စ္..ႏြယ္သာကီ ခင္ဗ်ားကိုယ္ခင္ဗ်ား ေရသည္ျပဇာတ္သင္ေနတယ္ထင္ေနလား..”
“ဟီး..ေမာင္ကလဲ..ဟိုေလ ႏြယ္ အေပါ့သြားခ်င္လို႔..အဲ့တာ..”
“ အင္း ထ..လိုက္ပို႔မယ္..”
ႏြယ္သာကီက အရစ္႐ွည္ရင္လဲသူ႕အျပင္ႏွစ္ေယာက္မ႐ွိ။ ဆူလိုက္ျပန္ရင္လဲ ဆူလိုက္တဲ့သူေတာင္ ကိုယ့္ကိုကိုယ္မွားၿပီးထင္ရေလာက္ေအာင္ ခ်စ္စရာေကာင္းျပေသးသည္။ ထိုအမူအရာေတြသည္ ႏြယ္႐ွင္တစ္ခုသဖြယ္ ဒီလိႈင္းခက္ထန္ကို အထပ္ထပ္ရစ္ေႏွာင္ေနေလသည္။
ေလယာဥ္ကြင္းသို႔ေရာက္ေသာ္ အဆင္သင့္လာႀကိဳသူေတြေၾကာင့္ အခက္အခဲမ႐ွိ ေဆး႐ုံသို႔သြားလို႔ရ၏။ သို႔ေသာ္ ႏြယ္သာကီတို႔က တကယ့္ကိုရစ္ပတ္ႏြယ္ပဲ။
“ ေမာင္နဲ႔လိုက္မွာပါဆို..”
“ က်စ္..မဆိုးစမ္းနဲ႔ႏြယ္သာကီ..”
“ ဟင့္..ေမာင္ကလဲ..”
ဗိုက္ဗိုက္ကို ဆိုင္ကယ္နဲ႔မေခၚခ်င္တာ ဒီလိႈင္းအမွားေတာ့မဟုတ္ေခ်။ လႏုေသးေတာ့ တစ္ခုခုမွားယြင္းတာမ်ိဳးမျဖစ္ေစခ်င္။
ဒီကေလးသည္ ဒီလိႈင္းတို႔မေမွ်ာ္မွန္းထားသည့္ ဆုလာဘ္မို႔ ဒီလိႈင္းမွာ ဆုပ္လည္းစူး စားလည္း႐ူးအေျခအေနသို႔ေရာက္ေနရသည္။
ျဖစ္ႏိုင္ရင္ ႏြယ္သာကီကို အနာတရကင္းကင္းနဲ႔သာ ရင္ခြင္နန္းမွာစိုးစံခိုင္းခ်င္ပါသည္။
ဒီလိႈင္းကို မဆန္႔က်င္ႏိုင္သည့္ ႏြယ္သာကီက လြမ္ေစးတို႔ႏွင့္ တစ္ခါထဲလိုက္သြားရၿပီး ဒီလိႈင္းက ေမာင္းသူပါသည့္ ဆိုင္ကယ္ႏွင့္လိုက္ခဲ့သည္။ ကားကိုျမင္ရင္ေတာင္ ေခြၽးေစးပ်ံခ်င္ေနတာမို႔ စီးဖို႔က မျဖစ္ႏိုင္ေသးေသာအရာျဖစ္၏။
ေဆး႐ုံေ႐ွ႕သို႔ေရာက္တာခ်င္းတူေနသည္မို႔ အားငယ္စိတ္ဝင္ေနသည့္ ဗိုက္ဗိုက္အနားသြားကာ ပခုံးေပၚကိုလက္တင္ၿပီး မသိမသာေႏြးေထြးမႈေပးလိုက္သည္။ ေနရာစိမ္းဆို ဘယ္ေနာရာမဆို ေၾကာက္တတ္သည့္ ဗိုက္ဗိုက္က အခုမွစိတ္ခ်ဟန္ သက္ျပင္းဖြဖြေလးခ်၏။
“ ေမာင္..ေဆး႐ုံကို ႏြယ္တို႔ ဘာလာလုပ္တာလဲ..”
“လာကစားတာ..”
“အေကာင္းေမးတာကို..”
“တိုးတိုးေလးေန ၿပီးက်သိလိမ့္မယ္..”
သူတို႔ receptionကိုတန္းသြားလိုက္ၿပီး ထိုင္းစကားတတ္သည့္ ကိုလြမ္ေစးက ဦးေဆာင္ကာ သူနာျပဳေတြကိုေမးလိုက္၏။
“ေဆး႐ုံအုပ္ေရာက္ၿပီလား..”
“ မေရာက္ေသးပါဘူး..ဆရာက (၈)နာရီမွေရာက္မွာပါ..”
လြမ္ေစးနာရီကိုၾကည့္လိုက္ေတာ့ ငါးခြဲပဲ႐ွိေသး၍ က်န္တဲ့အခ်ိန္ေတြမွာထိုင္ေစာင့္ေနရမည့္အျဖစ္။ လြမ္ေစးအပါအဝင္ ပါလာသည့္လူတိုင္းကသိပ္စိတ္႐ွည္တတ္တာမဟုတ္၍ က်စ္ခနဲစုတ္သပ္မိလိုက္ၾကၿပီး စိတ္အလိုမက်ျဖစ္ေနၾကသည္။ လြမ္ေစးလဲ ဖုန္းကိုထုတ္ကာ ဖေအမတူ အေမကြဲညီကို ဖုန္းလွမ္းဆက္ရသည္။
သုံး၊ေလးခါေခၚလို႔ မကိုင္သည့္အဆုံး ေယာက္ဖျဖစ္သူကို လွမ္းဆက္ရေတာ့သည္။
“အင္း..အဲ့ေကာင္မထရင္ ကုတင္ေပၚကကန္ခ်ၿပီး ႏိႈးလိုက္..”
ေဆး႐ုံအုပ္က တျခားသူမဟုတ္။ လြမ္ေစးရဲ႕ေမြးစားမိဘေတြ၏ သားအရင္းျဖစ္၏။ ကေလးမရဘူးအထင္နဲ႔လြမ္ေစးကိုေမြးစားထားတာျဖစ္ေသာ္လည္း လြမ္ေစးကိုေမြးစားၿပီးမွ ကေလးရ၍ ဤကဲ့သို႔အံ့ဩေလာက္တဲ့ ေဆြမ်ိဳးေတာ္စပ္မႈႀကီးျဖစ္သြား၏။ ေမြးစားမိဘႏွစ္ပါးစလုံးဆုံးပါးသြားၿပီျဖစ္ေသာ္လည္း အေမြေတြကို ညီအစ္ကိုႏွစ္ေယာက္ကိုေဝပုံက်ေပး၏။ လြမ္ေနာင္ဆိုတဲ့ေကာင္က ပစၥည္းဥစၥာအေပၚတပ္မက္ျခင္းမ႐ွိဘဲ ထိုင္းဘက္မွာပဲအေျခခ်ကာ ေဆး႐ုံတစ္ခုလည္ပတ္ဖို႔အရင္းအႏွီးသာယူၿပီး ျမန္မာဘက္က လုပ္ငန္းေတြကို လြမ္ေစးႏွင့္ျဖစ္သလိုလႊတ္ထား၏။
သူတို႔ႏွစ္ဦးက လုပ္ငန္းကိစၥေတြေျပာရင္သာတည့္ေပမယ့္ က်န္သည့္အခ်ိန္ေတြဆို အေပါက္အလမ္းမတည့္ၾကသည့္ သူႏွစ္ေယာက္ျဖစ္၏။ အခုလည္းပဲ ညကဖုန္းႀကိဳဆက္ထားတာကို မနက္က် ဖုန္းေခၚတာပါမကိုင္ဘဲ ေမ့ၿပီးအိပ္ေနသည္တဲ့။
မ်ားမၾကာမီ အိပ္ခ်င္မူးတူးႏွင့္ တဟြားဟြားသမ္းကာေရာက္လာသည့္သူသည္ ဥပဓိ႐ုပ္အရသာဆရာဝန္ ျဖစ္ေကာင္းျဖစ္မည္ဟုထင္ရသည္။ သူ၏အျပဳအမူေတြသည္ စိတ္မခ်ရေသာဆရာဝန္ဟုရည္ၫႊန္းေန၏။
“ မင္းကိုယုံၾကည္ၿပီးျပမယ့္ လူနာေတြကိုေတာ့ ငါအံ့ဩတယ္..ငါေတာင္ျပန္ရင္ေကာင္းမလားလို႔..”
“ လူတစ္ေယာက္ရဲ႕အျပဳအမူကိုၾကည့္ၿပီး သူ႕အရည္အခ်င္းကိုဆုံးျဖတ္ရင္ မင္းဦးေႏွာက္မ႐ွိမွန္း သိသာတာေပါ့..”
“ ဪ ဉာဏ္ႀကီး႐ွင္က မနက္က်ေရာက္မယ္လို႔ေျပာထားတာကိုက် ေမ့ေနတယ္ေပါ့”
“ ေအး..မင္းနဲ႔စကားႏိုင္မလုေတာ့ဘူး..ဒါနဲ႔လူနာက ဘယ္သူလဲ..”
“ သူ..”
ႏြယ္သာကီ့ဘက္ကိုအားလုံးရဲ႕အၾကည့္ေတြေရာက္လာေတာ့ တအံ့တဩႏွင့္ ျပဴးေၾကာင္ေၾကာင္ေလးျဖစ္သြားရသည္။ ႏြယ္ဟာေနမေကာင္းတာမွမဟုတ္ဘဲ ညကအစာမေၾကလို႔ေခါင္းမူးၿပီး အိပ္ေပ်ာ္သြားတာေလးပဲ႐ွိတာ။
“ ေမာင္ ႏြယ္ေနေကာင္းတယ္ေလ..”
“ အင္း ခင္ဗ်ားေနေကာင္းတယ္..”
“ အဲ့ဆိုဘာလို႔..”
ႏွစ္ေယာက္ထဲတြတ္ထိုးေနစဥ္ လြမ္ေနာင္၏ၾကားျဖတ္အေမးစကားကို ဒီလိႈင္းပဲေျဖလိုက္၏။
“လူနာက ဆီးစစ္ၿပီးၿပီလား..”
“ မစစ္ရေသးဘူး..ညကမူးလဲလို႔ ဆရာဝန္ျပတာ ဆရာဝန္ကအဲ့အတိုင္းေျပာလို႔..”
“ ဒါဆို အခန္းထဲက ဆီးစစ္ဖို႔ဟာေတြလိုက္ယူၿပီး စစ္ၾကည့္လိုက္အုံး..”
အကုန္လုံးေဆး႐ုံအုပ္အခန္းကိုဦးတည္ကာလိုက္သြားၾကေတာ့၏။ လမ္းတေလွ်ာက္က ဆရာဝန္ေတြ၊သူနာျပဳေတြကေတာ့ သူတို႔ေဆး႐ုံအုပ္ေတာင္အေစာႀကီးထလာရသည့္ လူနာကိုစိတ္ဝင္စားေနဟန္႐ွိၾကသည္။
ပိုးသတ္ေဆးနံ႔ေတြရကထဲက ႏြယ္သာကီ ပ်ိဳ႕အန္ခ်င္သလိုျဖစ္လာကာ ေခါင္းထဲမူးေနာက္ေနာက္ျဖစ္လာသည္မို႔ ေမာင့္လက္ကို ပိုပိုသာသာဖက္တြယ္လိုက္သည္။
“ဘာျဖစ္လို႔လဲ..”
“ေခါင္းနည္းနည္းမူးလို႔..”
“ ရရဲ႕လား..ကြၽန္ေတာ္ခ်ီသြားမယ္ေလ..”
“ ဟင့္အင္း ရတယ္..”
ေမာင္က ျပန္ဆုံၿပီးေနာက္ပိုင္းမွာ ႏြယ့္အေပၚ ပထမဆုံးယဥ္ေက်းစြာသုံးႏႈန္းလာခဲ့သည္မို႔ ေခါင္းမူးေနတဲ့ၾကားကေတာင္ ျပဳံးမိသည္။
ခုနက ေသခ်ာမၾကားလိုက္သည့္ ဆီးစစ္ဖို႔အခ်င္းအရာသည္ ကိရိယာအစုံအလင္လက္ထဲေရာက္လာမွ မ်က္လုံးျပဴးမ်က္စံျပဴးျဖစ္ရသည္။
“ မဟုတ္မွ ႏြယ္..”
“အင္း အဲ့တာေသခ်ာေအာင္ စစ္ခိုင္းတာ..”
“ဟင္..”
အိမ္သာထဲကိုဆီးစစ္တံပါတစ္ခါထဲယူၿပီး ျပထားသည့္အၫႊန္းအတိုင္း ဆီးစစ္ၾကည့္လိုက္သည္။ ေပၚလာသည့္ အနီေရာင္မ်ဥ္းႏွစ္ေၾကာင္းသည္ ေယာက်ၤားသားတို႔နဲ႔ မအပ္စပ္စြာပဲ..။
သာမာန္အမ်ိဳးသားတစ္ဦးတြင္ သားအိမ္ပါခဲ့လွ်င္ တကယ့္ကိုကံဆိုးမႈပါပဲ။
အမ်ိဳးသားခ်င္းလက္ထပ္ထားသည့္သူတစ္ဦးသာ သားအိမ္ပါခဲ့လွ်င္ နတ္ေကာင္းနတ္ျမတ္ေတြက သူတို႔ခ်စ္ျခင္းကို သိျမင္လို႔ေပးတဲ့ ဆုလာဘ္တစ္ခုျဖစ္ေပ၏။
ထို႔ေၾကာင့္ ႏြယ္အံ့ဩေပမယ့္ ေၾကာက္႐ြံ႕ကာ သရဲေဘာေၾကာင္မယ့္ကိစၥရပ္ေတြကိုမေတြးျဖစ္။ ခ်စ္ရသူကိုမိသားစုဘဝေပးႏိုင္လို႔ ေပ်ာ္ပါတယ္။ သို႔ေပမယ့္ သားအိမ္ကိစၥက ေခါင္းခဲရတယ္။
အိမ္သာတံခါးကိုဖြင့္သည့္အခ်ိန္၌ ႏြယ့္လက္တို႔သိသိသာသာတုန္ရင္ေနခဲ့သည္။ ႏြယ့္စိတ္သေဘာထားတစ္ခုထဲမဟုတ္ ေမာင္ကေရာ ဒီကေလးကိုလိုလိုလားလားနဲ႔လက္ခံႏိုင္ပါ့မလား။
“ ဘယ္လိုတဲ့လဲ ႏြယ္..”
“သူ..သူေလး ႐ွိ..႐ွိေနတယ္ထင္ပါရဲ႕ ေမာင္..ဟင့္..”
နဂိုထဲကအားနည္းကာ တစ္ခုခုဆို မ်က္ရည္လြယ္တတ္သည္မို႔ လႏုသည့္ကိုယ္ဝန္သည္၏စ႐ိုက္ႏွင့္ေပါင္းေတာ့ ႏွာဖ်ားေတြနီရဲကာ မ်က္ရည္ဥတို႔ေႂကြလာသည္။
“ ဘာမွမျဖစ္ဘူး မငိုနဲ႔..မင္းကေလးေရာ မင္းေရာအႏၲရာယ္ကင္းေစရမယ္ ေမာင့္ကိုယုံ..”
“ ဟင့္..အင့္..”
ဖခင္ေလာင္းေတြက တစ္ဦးကိုယ္တစ္ဦးက်စ္လစ္စြာဖက္ၿပီး ငိုယိုေနစဥ္ ဧရာဇင္တစ္ေယာက္လဲ သူ႕ၾကင္သူကိုဖက္ကာ တအီအီငိုေနပါ၏။ အားလုံးဝမ္းသာမ်က္ရည္က်ေနသည္မို႔ လြမ္ေနာင္မွာေ႐ွ႕ဆက္ရမလို၊ေနာက္ဆုတ္ရမလိုနဲ႔ အခက္ေတြ႕လွသည္။
“အဟမ္း...Ultrasoundဒါဆို ႐ိုက္ၾကည့္ၾကမလား...”
“ အင္း..”
Ultrasound အခန္းထဲကို ဖခင္ျဖစ္သူႏွစ္ဦးရယ္ လြမ္ေနာင္ရယ္သာဝင္သြားၿပီး က်န္သည့္သူမ်ားက အခန္းေ႐ွ႕တြင္ေနခဲ့သည္။
ဆရာဝန္က ႏြယ့္ဗိုက္သားျဖဴျဖဴေလးမွာ ဂ်ယ္လ္ကိုဦးစြာသုတ္လိမ္းလိုက္ၿပီးမွ ultrasound႐ိုက္ျခင္းကိုစတင္သည္။ ၿပီးေနာက္ ကိရိယာျဖင့္ထိေတြ႕လိုက္ေတာ့ တီဗြီဖန္သားျပင္မွာ ေသြးခဲေလးကိုမႈန္ရီေဝဝါးစြာ ျမင္ရ၏။
“ကေလးက သုံးလေတာင္႐ွိေနၿပီပဲ.. အဲ့တာကိုအခုမွလကၡဏာျပတာေပါ့..”
“တကယ္႐ွိေနတာလားဟင္..တကယ္ဟုတ္ရဲ႕လား..ျဖစ္ႏိုင္ပါ့မလား ႏြယ္က ေယာက်ၤားေလးေလ..”
ႏြယ္အခုထက္ထိကိုမယုံႏိုင္ေသးတာပါ။ သားအိမ္ပါတာေရာ၊ေမာင့္ကိုမိသားစုဘဝေပးႏိုင္ေတာ့မွာေရာကို တကယ္မယုံႏိုင္ေသးဘူး။
“ေလာကမွာ ဘယ္အရာမွမျဖစ္ႏိုင္ဘူးဆိုတာမ႐ွိပါဘူး။ ဒီကေလးက မင္းတို႔နဲ႔ထိုက္လို႔ မင္းတို႔ရတာ”
“ တကယ္ေပါ့ေနာ္..ေမာင္..ေမာင္ကလိုခ်င္ရဲ႕လား”
ဒီလိႈင္းက ခ်စ္သူဘဝထဲက မိသားစုေတြကိုေတြ႕ရင္အားက်သလိုေျပာတတ္တဲ့ ႏြယ္သာကီကို ကေလးမလိုခ်င္ဘူးဟုေျပာဖူး၏။ ဒါကိုဒီလူအေတြးလြန္ေနျပန္တာျဖစ္မည္။
“ ခင္ဗ်ားကေတာ့ အေတြးလြန္ေနျပန္ၿပီ..ဒါကြၽန္ေတာ္တို႔နဲ႔ထိုက္လို႔ရတာ သိတယ္မလား..အဲ့တာေၾကာင့္ ကြၽန္ေတာ္လိုခ်င္တယ္..”
“ေမာင့္..”
“ကေလးအေဖျဖစ္ေတာ့မယ့္သူက..ကေလးလိုငိုမေနနဲ႔ေတာ့ေလ..”
“အင့္..”
ႏွစ္ေယာက္သား တစ္ဦးကိုတစ္ဦးေဖးမၿပီးေနာက္ Ultrasoundဓာတ္ပုံကိုကိုင္ကာ အျပင္ထြက္လာခဲ့သည္။ ဒီကေလးက သူတို႔ႏွစ္ဦးအတြက္ တန္ဖိုးမဖ်က္ႏိုင္တဲ့ ဆုလာဘ္ေလးတစ္ခု၊ ေပါင္းစည္းမႈအမွတ္သားေလးတစ္ခုျဖစ္ေပသည္။
_____________________