မောင့်နွယ်သာကီ
အပိုင်း(၁၅)
နာရီခြားတစ်ခါ လူယုံတွေကိုဖုန်းဆက်မေးသော်လည်း ဒီလှိုင်းစိတ်မချနိုင်။ ကျန်တာကိုစိတ်မချနိုင်တာမဟုတ်ဘဲ တစ်ယောက်ထဲဆို အတွေးလွန်တတ်တဲ့ နွယ်သာကီကြောင့် စိတ်မချရတာဖြစ်သည်။
အဲ့လူက သိပ်ကို အားငယ်တတ်တာ..။
အလုပ်တွေကလဲ အပြီးဖြတ်နေမှ ကိုယ်တိုင်လုပ်စရာတွေများလာလေလေဖြစ်သောကြောင့် နေ့မနား၊ညမနားလုပ်တာတောင် အနည်းငယ်ကြာမြင့်နေရသည်။
ယခုလဲ အလုပ်လုပ်နေရင်း ဟိုလူကိုသတိရမိတာကြောင့် ကြာမြင့်ရပြန်သည်။
တီ~~တီ~~
“ ကိုနှောင်းအိမ်က လာတာ နှစ်ခါရှိပါပြီ BBrown”
“ဘာ..အဲ့ကိစ္စကိုခြံဝမှာတင်အပြီးဖြတ်ခဲ့..နွယ်သာကီမသိစေနဲ့ ငါညတွင်းချင်းပြန်ခဲ့မယ်”
“ ဟုတ်ကဲ့”
ဒီလှိုင်းအနေနဲ့ဖြစ်နိုင်ရင် နွယ်သာကီကို သူ့မိသားစုနဲ့မပတ်သက်ပဲ ဒီအတိုင်း ကိုယ့်ရင်ငွေ့မှာ အေးအေးချမ်းချမ်းလေးထားချင်တာဖြစ်၏။ ကိုယ်ကပဲ နွယ်နှောင်းသာကီကို ပြဿနာရှာမယ် တခြားသူကိုတော့ သူလုပ်သလိုလုပ်ဖို့ခွင့်မပြုနိုင်ချေ။
သူကတော့ အရေးတကြီးနဲ့ အလုပ်တွေအကုန်ဖျက်ပြီး ညတွင်းချင်းပြန်လာရတာ အေးချမ်းနေသည့်လူက စောင်ပုံထဲမှာ နွေးနွေးထွေးထွေးအိပ်နေတာများ ကလေးတစ်ဦးသဖွယ်။ ဒီရက်ပိုင်း ဘာကြောင့်မှန်းမသိလုံးလုံးကစ်ကစ်လေးဖြစ်လာသည့် ပါးနှစ်ဖက်က ခေါင်းအုန်းနဲ့ဖိခံထားရပြီး နှုတ်ခမ်းက ဆူထွက်နေ၏။
ဒီလှိုင်းရေမိုးချိုးကာ ပြန်ထွက်လာသည်အထိ ဒီလူက မနိုးသေးတာကြောင့် စောင်ပုံထဲလိုက်ဝင်ကာ အိပ်နေသည့်သူကို ရင်ခွင်ထဲဆွဲထည့်ပြီး မြတ်နိုးချင်းအလီလီ ဖိတ်စင်သည့်အကြည့်ရွှန်းရွှန်းတွေနှင့် တစိမ့်စိမ့်ကြည့်နေမိသည်။
စစချင်းမို့ တအီအီတအဲအဲလုပ်လာပြီး ဒီလှိုင်းရင်ခွင်ထဲသို့ အံဝင်ခွင်ကျလှည့်လာသည်။ ပြီးနောက် ထပ်အီနေသေးသည်မို့ ဆံပင်ကိုသပ်ကာ ကျောလေးကိုဖွဖွလေးပွတ်ပေးပြီး တကျွတ်ကျွတ်နဲ့ အိပ်ပျော်သွားသည်အထိ ကလေးတစ်ဦးသဖွယ်သိပ်နေမိပြန်သည်။
“ ဟွန်း..ခင်ဗျားကတော့ အေးချမ်းနေလိုက်တာများ “
ပြီးနောက် နှဖူးကိုဖွဖွလေး အကြင်နာအနမ်းခြွေပြီး အိပ်ရေးပျက်ညများကို အစားထိုးကာ ရင်အေးစေသည့်လူကို ထပ်တိုးဖက်လျက် အိပ်စက်ခြင်းဆီသို့လှမ်းရသည်။
“ အင်း..မောင့်ကိုယ်သင်းနံ့လေး”
မျက်လုံးမဖွင့်ဘဲနဲ့ ရင်ဘတ်အပေါ် ကိုယ်တစ်ခြမ်းတက်လာပြီး ပါးအိအိနှင့် ရင်ဘတ်အပေါ်ပွတ်နေသည်။ အင်းအဲနှင့် တခဏလောက်ပဲလုပ်အပြီးမှာ ပြန်အိပ်သွားလေသည်။
“ ဟွန်း..ခင်ဗျားက တစ်နေ့တစ်ခြား အိပ်ပုတ်လာလိုက်တာ”
တရော်ကင်မွန်းနံ့သင်းသင်းလေးရသည့် ဆံနွယ်တွေကို ခက်ဖွဖွလုပ်ကာ ရှူရှိုက်လိုက်ပြီး ဒီလှိုင်းပြန်အိပ်လိုက်သည်။
“ အမလေး ဗုဒ္ဓေါ..”
နွယ် လန့်သွားသည်။ နွယ်အိပ်တုန်းက နွယ့်အခန်းထဲက နွယ့်အိစက်စက်ခေါင်းအုံးပေါ်မှာပါ။ သို့ပေမယ့် ခေါင်းအုံးထားသည့် ခပ်မာမာအထိအတွေကြောင့် နွယ်နိုးလာကာ ကြည့်လိုက်တော့ ယောင်္ကျားတစ်ယောက်ရဲ့ရင်ခွင်ထဲ နွယ်ရောက်နေလေသည်။
နွယ်လည်း ခပ်တင်းတင်းဖျစ်ညှစ်ထားမှုကနေ ရုန်းကာ အပေါ်မော့ကြည့်တော့ လည်စိခပ်ထင်းထင်းနှင့် နွယ့်နှာဖျား အမှတ်မထင်ရိုက်ခတ်မိသွားသည်။ နွယ် အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ သေချာကြည့်တော့မှ ထိုလူသည် မောင် ဖြစ်နေလေသည်။
” မောင့် “
နွယ် မောင့်ကိုပြန်ဖက်လိုက်ကာ မောင့်ရင်ဘတ်ထဲတိုးဝှေ့ပြီး နွယ်ကိုလုံခြုံစေသည့် မောင့်ကိုယ်သင်းနံ့ကို တဝကြီးရှူရှိုက်ကာ ငိုနေမိသည်။
“ ဘာလို့ငိုနေရတာလဲ နွယ်သာကီ..။ ကျုပ်အသုဘကျလို့ ခင်ဗျားရယ် “
လှုပ်စိ လှုပ်စိအထိအတွေ့ကြောင့် အိပ်ရေးဆက်သည့် ဒီလှိုင်းနိုးလာကာ ငိုနေသည့်လူကို ချော့ရလေသည်။
“ အင့် မောင့်..အဲ့လိုမပြောပါနဲ့..။ နွယ်ကလေ မောင့်ကိုမတွေ့ရရင် မျက်ရည်မကျနိုင်တဲ့အထိ လွမ်းပြီး..မောင့်ကိုတွေ့လိုက်ရရင် မျက်ရည်ကျတဲ့အထိ ပျော်ပါတယ် မောင်ရယ်”
“ ခင်ဗျားဟာလေ စကားကိုတတ်တယ် ..”
“ဒါနဲ့ မောင်ဘယ်တုန်းက ပြန်ရောက်တာလဲဟင်..”
“ ညက..”
“ ဟင့် နွယ်လဲမသိရဘူး..”
“ဒါတော့ ခင်ဗျားက အိပ်ပုတ်တာကို..စကားမများနဲ့တော့ခင်ဗျားရာ ကျုပ်မအိပ်ရသေးဘူး..”
“ အင်း..အင်း နွယ်ထတော့မယ် မောင်ဆက်အိပ်..”
နွယ် ကုန်းထကာ မောင့်လက်တွေကိုဖယ်ရှားပြီး ဆံပင်တွေကို ဘယ်ဘက်သပ်လိုက်သည်။
“ အာ့ မောင့် “
မောင်က နွယ့်ကို သူ့ရင်ခွင်ထဲ ပြန်ဆွဲချပြီး ခပ်တင်းတင်းဖက်ထားလေသည်။
“ ရှူး..ကျုပ်မအိပ်ရသေးဘူးလို့ပြောနေတယ် ခင်ဗျားလည်းပြန်အိပ် “
သူထိုသို့ပြောကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့ သူ့ရင်ခွင်ထဲမှာ အံ့ဝင်ခွင်ကျပြန်အိပ်စက်သွားပါသော နွယ်သာကီ..။ ထို့နောက် သူလဲ နွယ်သာကီကိုဖက်၍ တစ်ဖန်ပြန်အိပ်ပျော်သွားလေသည်။
“ နွယ်သာကီ ကျုပ်ရဲ့ဟိုအင်္ကျီကို တွေ့မိသေးလား “
“ ဟင့်အင်း”
သူရေချိုးနေကထဲက နွယ်သာကီက ဟိုအကောင်ကြောင်စုတ်ကို အိပ်ခန်းထဲခေါ်ချလာပြီး သူ့ကိုတောင်အရေးမစိုက်ဘဲ ဆိုဖာပေါ်မှာ ကြောင်စုတ်ကိုဟိုစမ်း ဒီစမ်းလုပ်နေသည်။
အခုလည်းကြည့် ဘယ်အင်္ကျီလဲ မမေးဘဲ ဟင့်အင်းတဲ့လေ..။
“ နွယ်သာကီ ကျုပ်ရဲ့ နာရီတွေ့မိသေးလား”
“ ဟင့်အင်း “
“ နွယ်သာကီ ကျုပ်ရဲ့ဘီးရော “
“ အဲ့မှာပဲနေမှာပေါ့ “
“ နွယ်သာကီ ကျုပ်ရဲ့ ခြေအိတ်နောက်တစ်ဖက်ရော “
“ မောင်ရယ် အဲ့မှာပဲနေမှာပေါ့ “
ဒီလှိုင်းမေးနေတဲ့ဟာတွေသည် ဒီလှိုင်း ရှာစရာမလိုအောင် သူ့နေရာမှာသူရှိပါလျက်နဲ့ ဒီလှိုင်းမေးနေမိသည်။ အရင်ကဆို ဘာလုပ်နေနေ ဒီလှိုင်းမေးတာနဲ့ ထရှာပေးတဲ့ လူက အခုကျ လျစ်လျူရှုထားတယ်..။
ကျုပ်ကိုဒီလိုလုပ်လို့ရမယ်တဲ့လား နွယ်သာကီ..။
“ နွယ်သာကီ အပြင်သွားမလို့ ကျုပ်နဲ့လိုက်ခဲ့”
“ နွယ်မလိုက်ပါရစေနဲ့ မောင်ရယ်..”
“ ခင်ဗျား ဘာဖြစ်နေတာလဲ ဟမ်..။ ကျုပ်ကို စောက်ဂရုမစိုက်တာ ဘာလို့လဲ နွယ်သာကီ ဟမ် “
သူစိတ်တိုအားကြီးစွာ နွယ်သာကီ့ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး အော်နေသည်။ သူ တကယ်ကိုစိတ်တွေတိုနေပြီ..။
“ မောင့် နွယ့်ကိုမလှုပ်ပါနဲ့ နွယ်ညီးစီစီဖြစ်နေလို့ ပြီးတော့ ဝက်ဝံပေါက်ကလည်း နေမကောင်းလို့ နွယ် စိတ်ညစ်နေတာပါ မောင်ရယ် “
“ ဘာ..ခင်ဗျား အဲ့ကောင်ကို ဘယ်လိုခေါ်လိုက်တယ် “
နွယ် မောင်မသိအောင် ပေးထားတဲ့ ကြောင်လေးရဲ့ နာမည်က ဝက်ဝံပေါက်တဲ့လေ..။ မောင့်ရှေ့မှာ မခေါ်ပေမယ့် မောင့်ကွယ်ရာမှာတော့ ဒီလိုပဲခေါ်သည်။ အခုတော့ မောင့်ရှေ့မှာခေါ်မိသွား၍ နွယ်သေပြီ ထင်ပါ့။
မောင်တို့နှစ်ယောက်က မတည့်သာမတည့်တာ နွယ့်ကို နိုင်စားတဲ့ နေရာဆို သိပ်တူတာ..။
“ အဲ..ဝက်ပေါက်လို့ပြောလိုက်တာရယ် ဟီး “
သွားဖြီးပြကာ ပခုံးလေးကျုံ့ပြီး တဟီးဟီးလုပ်ပြနေလေသည်။
ဘယ်လိုများ ချစ်ဖို့ကောင်းရတာလဲ..ဒါပေမဲ့ နွယ်သာကီ ခင်ဗျားကိုကျုပ်စိတ်ဆိုးတယ်.."
“ ကျုပ်ကြားလိုက်တာ တစ်မျိုးပါ “
“ အဲအဲ့တာ မောင်နားကြားမှားတာပါ ဟီး “
“ ထားတော့ အဲ့အကောင်ကိုချပြီး ကျုပ်ကိုကြယ်သီးလာတပ်ပေး..”
လုပ်ကို လုပ်ရမယ်ဆိုသည့် သဘောမျိုးဖြင့် နွယ့်ကို မောင်ကကြည့်နေတော့ နွယ်လည်း ဝက်ဝံပေါက်ကို အောက်ချလိုက်ကာ မောင့်ရှပ်အင်္ကျီကြယ်သီးကို တစ်လုံးချင်းစီ ဂရုတစိုက်တပ်ပေးလိုက်သည်။
မောင့်ရင်ဘတ် ဗလာကို တွေ့နေရသည်မို့ မောင့်အသက်ရှူသံခပ်ပြင်းပြင်းရိုက်ခတ်သည့် နွယ့် ပါးပြင်နုနုဟာ ပန်းရောင်ထနေလေသည်။
“ ခင်ဗျား တကယ်မလိုက်ဘူးလား “
“ အင်း မောင် နွယ်ပြောပြီးပြီပဲ “
“ကျုပ်က clubသွားမှာ ခင်ဗျားမလိုက်ဘူးလား”
“ အများကြီးမသောက်လာပါနဲ့နော် မောင် “
နွယ်သာကီက အရင်နဲ့မတူတော့..။ အရင်ကဆိုအပြင်ခေါ်ရင် လိုက်နေကျ..။ အခုမှ ဘာတွေပြောင်းလဲနေရတာလဲ နွယ်သာကီ.."
“ ခင်ဗျားကပဲ ပြောရသေးတယ်..။ သောက်လာမှာ “
မောင်က ထိုသို့ပြောကာ ပိုက်ဆံအိတ်နှင့် ဆိုင်ကယ်သော့ကိုယူပြီး ဖိနပ်ပါတစ်ခါထဲဝတ်ကာ အခန်းထဲက ထွက်သွားလေသည်။
စိတ်တိုတိုနဲ့ ဒီလှိုင်း အိမ်ရှေ့အိမ်ကိုထွက်လာလိုက်သည်။ ခြံတံခါးကိုကိုယ်တိုင်ဖွင့်ကာ ဝင်သွားပြီး ဧည့်ခန်းထဲမှာစိတ်ပျက်လက်ပျက်နှင့် ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထိုင်နေလိုက်သည်။
“ ဟာ ဟေ့ကောင်ဘာဖြစ်လာတာလဲ..”
“ငါကကွာ.. shoppingထွက်ဖို့ခေါ်တာကို အဲ့လူကမလိုက်ဘူး..”
“ ဪ..ညဘက်ကြီး shoppingမင်းပဲထွက်လေ..”
ဧရာ ဒီလှိုင်းဘေးကိုတင်ထိုင်ပြီး ထေ့ငေါ့ပြောလိုက်သည်။ ဘယ်လိုကောင်လဲမသိဘူး။ လင်ကိုချစ်တာက သူ့အပြင်နှစ်ယောက်မရှိဘူး ချစ်ကြောင်းမပြချင်တာလဲ သူ့အပြင်နှစ်ယောက်မရှိဘူး။ ဟိုနေ့တွေကထဲက ကိုနှောင်းထမင်းစားပျက်နေတာကို ဘယ်လိုလုပ်ပေးရင်ကောင်းမလဲလာတိုင်ပင်နေခဲ့တာ။ အခု ညဘက်ကြီးshoppingထွက်မယ့်အကြံက ကိုဘုန်းရဲ့ပေါက်ကရပေါင်းသောင်းခြောက်ဆယ်ဖြစ်၏။
“လာကွာ clubသွားမယ်...”
“ဟာဟေ့ကောင် ဦးက clubသွားပြီး ကနေတာမကြိုက်ဘူးကွ”
“အဲ့တာဆို barသွားမယ် လိုက်ခဲ့...”
“ဦးက…”
“ ကိုလွမ် ခင်ဗျားရဲ့ဘေဘီကိုကျုပ်ခဏခေါ်သွားမယ် ပြီးရင်ပြန်လာပို့မယ်နော်..”
ဧရာဇင်အကြောင်းပြချက်မပေးနိုင်ခင်မှာပဲ အပေါ်ထက်မှာအလုပ်လုပ်နေသည့် လွမ်စေးကို ခွင့်တောင်းကာ တရွတ်တိုက်ဆွဲခေါ်လာခဲ့သည်။ member cardရှိတာမို့ တန်းဝင်သွားလို့ရသည်။ ပြီးနောက် ဈေးကြီးပေ့၊ကောင်းပေ့ဆိုသည့်အရက်ကို နှစ်ခွက်၊သုံးခွက်လောက် တစ်စက်ထဲမော့ချနေပေသည်။
“ မင်းဆိုင်ကယ် အမြင့်ကြီးကို ငါမမောင်းနိုင်ဘူးနော် ဟေ့ကောင် “
“ မင်းပထွေးက မမူးသေးဘူး “
ဒီလှိုင်း သုံးခွက်ပဲသောက်ရသေး၍ ရီဝေဝေဖြစ်နေရုံမှလွဲ ဘာမှမဖြစ်..။ ဆိုဖာနောက်မှီအပေါ်ခေါင်းလှန်ချကာ စီးကရက်ကိုရှိုက်သွင်းလိုက်ကာ အငွေ့အလုံးအရင်းကို မှုတ်ထုတ်လိုက်လေသည်။
“ ဘာဖြစ်လာလို့ ဒီလိုဖြစ်နေရတာလဲ.. shoppingကိစ္စတစ်ခုထဲတော့မဟုတ်ဘူးမလား..”
ဧရာ vodkaခွက်ကိုကိုင်ကာ ဆေးလိပ်ကို ဖွာလျက် ဒီလှိုင်းကိုမေးလိုက်သည်။
“ အိမ်ကလူလေ ငါ့ကိုမချစ်တော့ဘူး..သူ့အကောင်လောက် ငါကစောက်ရေးမပါဘူး..သူက သူ့အကောင်ကိုပဲချစ်တာ “
“wait wait..မင်းရဲ့ နွယ်နှောင်းသာကီလေးက ဖောက်ပြန်နေတာလား..ဘယ်ကကောင်က သံကွန်ချာဆယ်ထပ်လောက်အုပ်ထားတဲ့ မင်းဟာကိုလာထိတာလဲ..”
ဧရာတကယ်အံ့ဩနေသည်။ ဒီလှိုင်းထားရာနေ စေရာသွားတဲ့ နွယ်နှောင်းသာကီက ဘယ့်နှယ့်ကြောင့် ဘယ်သူနဲ့ ဖောက်ပြန်နေတာလဲ..။
“ မဟုတ်ပါဘူးကွာ..။ မင်းပါးစပ်ကလဲလေ နွယ်သာကီက ဖောက်ပြန်နေတာမဟုတ်ပါဘူး"
“ အဲ့တာဆို သူ့အကောင်ဆိုတာ ဘယ်ကကောင်လဲ “
“ ဟိုတစ်ခါတုန်းက ငါပြောဖူးတဲ့ ကြောင်လေ..အဲ့သေနာကိုပဲ သူ့လင်မှတ်ပြီး ဂရုစိုက်နေတာ ငါ့ကိုကျ မရှိတဲ့လူသေလို ပြစ်ထားတာ “
“ ဖွီ..ဟား ဟား”
ဧရာ သောက်ထားသမျှအကုန်ပြန်ထွက်ကာ သိမ့်ကနဲ သိမ့်ကနဲတုန်သွားအောင် အော်ရယ်မိလေတော့သည်။
လုပ်ငန်းအရာမှာပြတ်သားတဲ့ကောင်က ဒီလို ရုပ်တည်ကြီးနဲ့dramaဆန်တတ်သေးတယ်ပေါ့…။
ဧရာအရယ်မရပ်နိုင်တော့ ဒီလှိုင်းက လူမိုက်ကြည့်လာကြည့်လာပြီး လက်မောင်းကို ခပ်ဖွဖွထိုးလိုက်သည်။
“ အာ့..နာတယ်ဟ “
ဧရာ့လက်မောင်းလေး အောင့်သွားရသည်။
“ ငါက ဖြေးဖြေးပဲ ထိုးလိုက်တာပါဟ..ငါ့ကောင်က နုလိုက်တာ “
“ဆင်ကြည့်စားက ဆိတ်မခံနိုင်တဲ့ကွ “
“ ကျီစားတာပါဟ..ကိုလွမ်ပဲ မင်းကိုကြည့်စားမှာ ဟား ဟား”
ဒီလှိုင်း ဧရာ့ကို စကာရယ်မိသည်။
ဒီကောင်က အောက်ပုဂ္ဂိုလ်ဆိုတာ သူသိပ်သိတာပေါ့..။ အထပ်ကိုဘာလို့မတက်လဲ တစ်ခါမေးမိရင် ဒီကောင့်ရဲ့
‘ဦးကို ယူထားတာ ဒါကြောင့်မဟုတ်ကြောင်း..။
ချစ်မိသွားရင် အရာရာဖြည့်စီးပေးနိုင်ကြောင်း..’
စသည့် စကားအရှည်ကြီးကို ကြားရပေလိမ့်မည်။
“ အကောင်းပြောမလို့..နွယ်နှောင်းသာကီက မင်းကို မချစ်တော့ဘူး မင်းထင်တယ်ပေါ့..”
“ အေး “
“ အဲ့တာဆိုလေ ဒီလိုလုပ်…..”
ဒီလှိုင်းရဲ့ နားအနားကိုကပ်ကာ တိုးတိုး တိုးတိုးနှင့် ဧရာကပြောနေသလို ဒီလှိုင်းကလည်း မျက်တောင်ပုတ်ကလပ် ပုတ်ပလက်ခတ်ကာ နားထောင်နေလေသည်။
သူတို့နှစ်ယောက် အရက်နှင့်ဆေးလိပ်ကို သောက်သုံးဖို့မေ့လျော့နေကြဟန်..။
“ အဲ့တာတော့ မဖြစ်လောက်ဘူးထင်တယ် “
“ မလုပ်ကြည့်ရင် မသိနိုင်ဘူး..။ ငါ့က စီနီယာ ငါ့စကားကိုယုံစမ်းပါ…”
“ အေး အေး အဲ့တာဆိုလဲ ငါသွားပြီ “
ကျေးဇူးတောင်မတင်ဘဲ အခန်းထဲကထထွက်သွားတဲ့ကောင်ကို ကြည့်ရင်း ကိုယ်တိုင်ကျန်ရစ်ခဲ့တာကိုသတိရတော့ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာ ဦးကိုသာ လာကြိုခိုင်းလိုက်ရပါတော့သည်။
တော်တော် ကျေးဇူးသိတဲ့ကောင်..။
ဒီလှိုင်း အိမ်ကိုအမြန်ပြန်လာပြီး အိပ်ခန်းကို မပြေးရုံတမယ် ခြေလှမ်းများဖြင့်တက်လာခဲ့သည်။ အိပ်ခန်းရှေ့ကျမှ အရှိန်သက်ပြီး အိပ်ခန်းတံခါးကို အသာဟကာ ဝင်သွားလိုက်သည်။
“ဟွန်း ခင်ဗျားက အိပ်နေနိုင်လိုက်တာ..”
ထို့နောက် အိပ်နေသည့်နွယ်သာကီ့အပေါ်ကိုအုပ်မိုးပြီး အကြင်နာတို့ဝေငှမိပြန်သည်။ ထိုစဉ်မှာပဲ နွယ်သာကီ နိုးလာပြီး ရင်ဘတ်ကိုထုရိုက်လာတာကြောင့် အသည်းနုသည့် ဒီလှိုင်းမှာ လွှတ်ပေးလိုက်တော့သည်။
“ ခင်ဗျား ကျုပ်ကိုသိပ်ငြိုငြင်နေတယ် နွယ်သာကီ..”
စိတ်ဆိုးကာ ကုတင်ပေါ်တွင်တစ်ဖက်လှည့်ထိုင်နေသောမောင့်ကို ချော့ဖို့ ဖရိုဖရဲဆံပင်ကို ဘေးတစ်ဖက်သပ်လိုက်ကာ ထရတော့သည်။
“ နွယ်က အသက်ရှူကြပ်လို့ လွှတ်ခိုင်းတာပါမောင်ရယ်..လူတွေက သူတို့နှလုံးသာကို မလိုချင်လို့ခွဲထုတ်တဲ့အခါမှ မောင့်ကိုနွယ်ငြိုငြင်မိမှာပါ မောင်ရယ် “
နွယ်သာကီဟာလေ ဆရာဝန်မလုပ်ဘဲနဲ့ စာရေးဆရာလုပ်ဖို့ကောင်းတာ..။
“ အင်း..နွယ်သာကီ ခင်ဗျား..”
လူဘက်ကို ယိုင်ကျလာသည့် ခန္ဓာကိုယ်ကို အလျဉ်အမြန်ပွေ့ကာဖမ်းလိုက်ရသည်။ ရင်ခွင်ထဲက နွယ်သာကီက မေ့မျောနေသည့်ပုံမျိုးမဟုတ်ပေမယ့် အားပျက်နေသကဲ့သို့ ဖြူဖက်ဖြူလျော့ဖြစ်နေသည်။ ရုတ်တရက်ကြီးနေမကောင်းဖြစ်လာသည့် နွယ်သာကီကြောင့် ဒီလှိုင်းရီဝေဝေဖြစ်တာလေးပင်ပျောက်သွားပြီး ဧရာဇင်ပြောတဲ့အရာကိုလဲ မလုပ်ဖြစ်တော့ပေ။
ဒီလှိုင်းနွယ်သာကီကို ပွေ့ချီကာ မွေ့ရာပေါ်တွင် နေရာချပေးပြီးနောက် စောင်ကိုရင်ဘတ်အထိခြုံပေးလိုက်သည်။
“ နွယ်ရရဲ့လား မောင်ဘာလုပ်ပေးရမလဲ..မောင်..အာ ဆရာဝန်ခေါ်လိုက်မယ်..ခဏလေး”
တစ်ယောက်ထဲပြာယာခပ်နေသည့် ဒီလှိုင်းခက်ထန်က မချစ်ချင်တာဟုတ်ပါလေစ။
ဝရုန်းသုန်းကားနဲ့ ဘေးအိမ်ကလူတွေကိုဖုန်းဆက်ကာ ဆရာဝန်ခေါ်ခိုင်းရသည်။ ဖုန်းဆက်လိုက်သည်နှင့် အပြေးအလွှားရောက်လာကြသည့်လူတွေသည် ဒီလှိုင်းအပေါ် သွေးသားထက်ပိုသော မေတ္တာကိုပေးနေမှန်းသိသာလှသည်။
“ဟေ့ကောင် ငြိမ်ငြိမ်နေစမ်းပါကွာ မင်းကြည့်ရတာ ငါပါမူးလဲချင်လာပြီ..”
ဆရာဝန်မလာသေးခင် ဟိုလျှောက် ဒီလျှောက်လုပ်နေသည့် ဒီလှိုင်းကို ဆိုဖာပေါ်မှာ အခန့်သားထိုင်နေသည့် ဧရာက မျက်စိနောက်နောက်နဲ့ပြောပါတော့သည်။ ပြီးနောက် လွမ်စေးသည် ဧရာ့ကိုဖက်ပြီး ဟန့်တားလိုက်သည်။
“သူလဲစိတ်ပူနေမှာပေါ့ အဲ့လိုမပြောရဘူး ဘေဘီ..”
“ ဟွန်း..ညီချစ်အစ်ကိုကြီး..”
တစ်ကိုယ်တည်းဖြစ်နေသည့် ဘုန်းပြည့်စုံသည် အတွဲနှစ်တွဲကိုကြည့်ပြီး တခွီခွီနဲ့ကျိတ်ရယ်နေတော့သည်။ ဧရာဇင်ပေးလိုက်သည့် ပေါက်ကရအကြံကိုသိနေ၍ ပို၍ရယ်တောမသတ်နိုင်ဖြစ်နေရသည်။
တစ်ခဏအကြာဆရာဝန်ရောက်လာပြီး နွယ်သာကီကို အမျိုးမျိုးစမ်းသပ်ကာ သူ့ဘာသာသူ ကောက်ချက်ချနေဟန် ခေါင်းတညိတ်ညိတ်နှင့်။ ဆရာဝန်ကောက်ချက်ချနေစဉ်အတောအတွင်း စပ်စုစိန် ဧရာဇင်သည် အခုမှရောက်ဖူးသည့် ဒီလှိုင်းတို့၏အိပ်ခန်းကို ဟိုကြည့် ဒီကြည့်လျှောက်ကြည့်နေသည်။
အိပ်ခန်း၊ရေချိုးခန်း၊အဝတ်ခန်း အခန်းအားလုံးသည် သန့်ရှင်းသပ်ရပ်နေကာ ဧရာတို့နှစ်ယောက်လို မလျှော်ရသေးသည့်အဝတ်များစုပုံနေခြင်းမရှိ၊ပစ္စည်းများ ပွနေခြင်းမရှိ၊ ချည်လုံးတွေထားသည့်နေရာဆိုလဲ မွှေးပွထိုင်ခုံ၊မွှေးပွအခင်းနှင့် သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ရှိသည်။
ဧရာတို့လို အိမ်အကူခေါ်ထားခြင်းမရှိပါဘဲ ဒီလောက်အထိ သန့်ရှင်းနိုင်သည့် နှစ်ယောက်ကို ချီးကျူးမိတာတော့အမှန်။
ဒီလှိုင်းခက်ထန်က လူပျိုဘဝထဲက ကိုယ့်အဝတ်ကိုယ်လျှော်ပြီး ကိုယ်စားမယ့်ဟင်း ကိုယ့်ဘာသာချက်သည့်လူဖြစ်သည်။ ဟင်းမချက်ချင်သည့်နေတွင် အပြင်မှာ အဆာပြေလောက်သာစားပြီး နေတတ်သည့်လူ။
ဒါကြောင့်လဲ အဝတ်အစားတွေကိုပေါပေါသီသီမဝတ်ပြစ်တာ။ ဧရာဆိုလဲ ကိုယ်တိုင်လျှော်ရရင် သူ့လိုပဲ ကပ်စေးကုပ်မိမှာ။
“ မဖြစ်နိုင်တာ “
ရုတ်တရက်ကြားရသော ဒီလှိုင်း၏ အံ့ဩတကြီးအသံတွင် မယုံကြည်နိုင်ခြင်း၊အံ့ဩခြင်း၊ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း စသည့် ခံစားချက်ပေါင်းစုံကြီးစိုးနေသည်။
“ ဘာဖြစ်လို့လဲ ဒီလှိုင်း”
ဧရာ ဒီလှိုင်းအနားသွားကာ သတိမကပ်တော့သည့် ကောင်ရဲ့ ပခုံးကို မမှီတမှီလှမ်းရိုက်လိုက်သည်။
ထိုအခါမှ သတိဝင်ဟန် သူ့(ဧရာ)ကို အတင်းဆွဲဖက်ကာ ပခုံးအပေါ်ခေါင်းကြီးမှောက်ချပြီး ကျောပြင်တွေသိမ့်ကနဲ သိမ့်ခနဲတုန်သွားအောင် တဟီးဟီးရှိုက်ငိုလေသည်။
“ ဟာ ဟေ့ကောင်”
ဧရာ ဒီလှိုင်းခက်ထန်ဆိုတဲ့ သံမဏိခဲကြီးငိုတာ အခုမှ ကြုံဖူးသဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ဘာလုပ်ရမှန်းမသိ တောင့်တောင့်လေးဖြစ်နေ၏။ နောက်ဆုံး ကျောပြင်ကို ခပ်ဖွဖွသပ်ပေးကာ နှစ်သိမ့်ပေးလိုက်မိတော့သည်။
“ ဘာဖြစ်တာတုန်းကွာ ရုတ်တရက်ကြီး..”
ဆရာဝန်ကလဲ ပြူးကြောင်ကြောင်လေးကြည့်နေ၏။
အမြဲတမ်းရုပ်တည်နဲ့ ခက်ခက်ထန်ထန်နေတတ်သူက ရှိုက်ငင်ပြီးငိုနေတယ်ဆိုတာ မဆန်းကျယ်ပေဘူးလား..။
“ မငိုနဲ့တော့..ဘာဖြစ်တာလဲ ပြောပြပြီးမှ ဆက်ငို။ ငါတအားသိချင်နေလို့ပါကွာ”
ဧရာထိုသို့ပြောမှ ဒီလှိုင်းခေါင်းထောင်လာပြီး မျက်ရည်တွေကို လက်ပခုံနှင့်သုတ်ကာ ဧရာ့ ပခုံးနှစ်ဖက်ကိုဖျစ်ညှစ်လျက်…
“ ငါ ငါ့မှာနွယ့်ကလေး..အာမဟုတ်..နွယ့်မှာ ငါ့ကလေးရှိနေပြီတဲ့ “
“ဘယ်လို…”
ဒီလှိုင်းက ဧရာ့ပခုံးနှစ်ဖက်ကို ညှစ်ကာဆွဲလှုပ်နေသည့်ကြားမှာ အာမေဍိတ်အသံထွက်ဖြစ်အောင် ထွက်သွားသည့် ဧရာ..။ ဆရာဝန်ကို ချက်ချင်းကြည့်လိုက်တော့ ခေါင်းညိတ်ပြကာ အသေးစိတ်ကိုပြောပြသည်။
“ ဒီက လူနာကိုစမ်းသပ်လိုက်တော့ နောက်ထပ်သွေးခုန်နှုန်းတစ်ခုကို တွေ့မိတယ်..။ အဲ့တာ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာလို့ ကောက်ချက်ချထားတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ ယောင်္ကျားလေးဆိုတာ လူတစ်ရာမှာ တစ်ယောက်ပဲရှိလိမ့်မယ်။ ဒီလူနာက မွေးရာပါ သားအိမ်ပါတာမျိုး..ဒါမှမဟုတ်ရင် ထည့်ထားတာမျိုး ဖြစ်လိမ့်မယ်။ ဒီ့ထက်သေချာချင်ရင် ဒီလူနာနိုးလာတဲ့အခါ ဆီးစစ်ကြည့်ပါ။ ပိုပြီးသေချာချင်ရင် ဆေးရုံမှာ သေသေချာချာလေး စစ်ကြည့်လိုက်ပါ”
ဧရာ အံ့ဩသွားရသည်။
ယောင်္ကျားတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တာ သူဖြင့်မယုံနိုင်သေး..။
သို့သော်လည်း သူအရမ်းဝမ်းသာ၏။
မျိုးစပ်မရှိ၊ တွယ်တာစရာမရှိတော့သည့် သူတို့ချစ်သူနှစ်ဦးရဲ့ ဘဝတွေ..။ လောကဓံကြောင့် မိသားစုမကျန်တော့သည့် ဒီလှိုင်း၏ ဘဝ..။ ထိုဂန္တာရသဖွယ် ဘဝတွေကို အေးမြစေမယ့် ရေကြည်တစ်ပေါက်က ဒီနေ့ဒီအချိန်မှာ ထွက်ပေါ်လာခဲ့ပြီ..။
သူကိုယ်တိုင်က ဒီလှိုင်းကို ညီအစ်ကိုအရင်းအချာလို သတ်မှတ်ထားသည်မို့ နောက်ထပ်မိသားစုဝင်တိုးလာမှာ သူ့အတွက်ပျော်မဆုံးနိုင်..။
“ ငါ..ငါ ဦးကို သွားပြောလိုက်အုံးမယ်..မဟုတ် ဆရာ့ကိုပြန်လိုက်ပို့လိုက်အုံးမယ်”
နဂိုထဲက အခန်းထဲမှာရှိနေသည့် လွမ်စေးကို မေ့ကာ အယောင်ယောင်အမှားမှားနဲ့ဖြစ်ပြီးမှ ဆရာဝန်ကိုမခေါ်ပါဘဲ ခုန်ဆွ ခုန်ဆွနှင့်ထွက်သွားပြီး တံခါးအဝရောက်မှ ပြန်လှည့်လာပြီး ဒီလှိုင်းကို လာဖက်သည်။
“Congratulations bro”
ဆိုပြီး သူကပါ ဒီလှိုင်းကိုဖက်၍ တရှုံ့ရှုံ့ငိုနေသေး၏။ ငိုလို့ဝတော့မှ ဖယ်ခွာသွားကာ ဆရာဝန်ကိုမခေါ်ဘဲ ထွက်သွားပြန်၏။
“ဒါဆို ကျွန်တော်ပြန်ပါတော့မယ် BBrown လိုတဲ့အချိန် အချိန်မရွေးခေါ်လိုက်ပါ”
ဆရာဝန်သည် ကိုလွမ်စေး၏ မိသားစုဆရာဝန်မို့ ဒီလှိုင်းခက်ထန်ရော ဘုန်းပြည့်စုံကိုရောပါသိနေသည်။ ရံဖန်ရံခါတော်တော်လေးနေမကောင်းဖြစ်မှပြဖူးပေမယ့် ဒီဆရာဝန်မှတ်မိနေတာ အတော်လေးဉာဏ်ကောင်းလို့ဖြစ်ပါလိမ့်မည်။
ဆရာဝန်ပြန်သွားသည်နှင့်တစ်ပြိုင်နက် ကိုလွမ်စေးတို့ကပါ အလိုက်တသိနဲ့ အခန်းထဲကထွက်သွားလေသည်။ ထိုမှကုတင်ဘေးတွင်ထိုင်ကာ သတိမရသေးသည့်လူ၏ လက်ဖမိုးဖြူဖြူကို ပါးတွင်ကပ်လျက် ကိုယ့်ကိုကိုယ်အပြစ်မြင်ခြင်း၊နွယ်သာကီကို အားနာခြင်းကဲ့သို့သော ဝေခွဲမရခြင်း အတွေးနယ်နိမိတ်ကိုကျော်လွန်နေလေသည်။
ကလေးဆိုတာကို သူ(၁၉)နှစ်သား နွယ်သာကီကို စွဲလမ်းမိထဲက မမျှော်လင့်တော့တာ..။ သူ့အနာဂတ်မိသားစုထဲ နွယ်သာကီတစ်ဦးထဲသာ အရာရာဖြစ်စေခဲ့တာ..။
သူကလေးမလိုချင်ခဲ့ဘူး။ သူ့ညီမလေးမွေးတာကိုပဲ သူချစ်ပေးနိုင်တယ်။ ညီမလေးဆုံးတော့ သူ့မှာ ဘာမျှော်လင့်ချက်မှကိုမရှိတော့ဘူး။ မိသားစုဆိုတာကိုလည်း မတောင်းတမိတော့ဘူး။
သူ့ဘဝထဲကို နွယ်သာကီက တစ်ဖန်တိုးဝင်လာခဲ့ပြီး နောက်နွယ်မျှင်တစ်မျှင်နှင့် နွယ်သာကီက သူ့ဘဝကို ချည်ပြီးတုတ်ပြီး အပိုင်ချည်နှောင်လိုက်ပြန်သည်။
ခင်ဗျား သိပ်တော်ပါတယ် နွယ်သာကီ..ခင်ဗျားကြောင့် ဘဝသေသွားခဲ့တဲ့ကောင်ကို ဘဝအသစ်ပြန်ပေးပြန်တယ်.. ခင်ဗျားသိပ်တော်တယ်..။
အချစ်ဆိုတာ ဘယ်လောက် နာကျည်းကျည်းအပြစ်မမြင်နိုင်ခြင်းတဲ့..။ သူနွယ်သာကီကို အပြစ်မမြင်တော့တဲ့အပြင် ဘယ်တော့မှမုန်းမရတဲ့ လူတစ်ယောက်မို့ ထပ်တိုးချစ်မိပြန်သည်။
“ မောင် မင်းကိုချစ်တယ် နွယ်..မင်းကိုပဲ..မင်းကိုပါပဲ နွယ်..။ မောင် မင်းကိုစွန့်လွှတ်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကနေ့စွဲတွေက ဒုနဲ့ဒေးပါပဲ နွယ်ရယ်။ ဘယ်လိုလုပ်မလဲ မောင့်အချစ်က မင်းကိုအပြစ်မမြင်နိုင်ခြင်းကနေ အစပြုပြီး မစွန့်လွှတ်နိုင်ခြင်းမှာအဆုံးသတ်ပါတယ် မောင့်နွယ်ရယ်”
ဒီလှိုင်း တဖွဖွပြောကာ မျက်ရည်သွင်သွင်ကျဆင်းနေသည်ကိုမသုတ်မိပဲ ဆက်တိုက်ငိုကြွေးနေခဲ့သည်။
မရည်ရွယ်ပဲ သတ်ခဲ့မိတဲ့ သူတစ်ပါးအသက်ကြောင့် နာကျင်မှုဝဋ်ကျွေးလိုက်လာခဲ့လျှင် ဒီဘဝ၊ဒီမျှနဲ့သာ ကျေပါစေတော့…။
ခဏကြာတော့ နွယ်သာကီကို ရင်ဘတ်ပေါ်အထိ စောင်ခြုံပေးခဲ့ပြီး တိုင်ပင်ဆွေးနွေးစရာများအတွက် အခန်းပြင်ကိုထွက်လာခဲ့သည်။ ညဉ့်နက်နေသော်ငြားလည်း သူ၏အစ်ကိုတွေကတော့ စီစဉ်စရာမပြီးသေးပဲ ပြန်မည်မဟုတ်ချေ။
“Congratulations ဒီလှိုင်း”
“Thanks bro”
“ငါတို့ထဲမှာအငယ်ဆုံးက ကလေးအဖေအရင်ဖြစ်ရတယ်လို့ကွာ..ကတောက်စ်..”
ဘုန်းပြည့်စုံ(ကိုပိန်)၏ စနောက်မှုကြောင့် စိတ်ညစ်နေသည့်ကြားမှ ညစ်ကျယ်ကျယ်ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်။
“ ကောင်ဆိုးလေး တော်တော်ပျော်နေတယ်ပေါ့..”
“ အများကြီးမပျော်ရဲပါဘူး အဲ့ဆရာဝန်မှားတာဆိုဘယ်လိုလုပ်မလဲ..အဲ့တာကြောင့် နွယ်သာကီနိုးလာရင် ဘာမှမပြောကြနဲ့အုံးနော် သေချာမှပြောမယ်..”
“ အေး..”
“ ဒီလှိုင်း မင်း ဘယ်ဆေးရုံမှာပြချင်လဲ..”
စနောက်နေကြသည့် သူတို့နှစ်ဦး၏ စကားစကို ကိုလွမ်စေးကဖျက်ပြီး လိုရာကိုပြော၏။
“ မသိဘူး..မြန်မာပြည်မှာပဲပြရင်ကောင်းမလားလို့..ဒါပေမဲ့ ဒီနိုင်ငံမှာ ဒီကိစ္စက သိပ်မထွန်းကားသေးတော့ ပတ်ဝန်းကျင်ကြောင့် ကျုပ်ပန်းလေးမျက်နှာညှိုးမှာကြောက်ရတယ်..”
“ဪ..မချစ်ပေလို့ပဲ နုယွနေလိုက်တာနော်..”
“ မင်း အပေါက်ပိတ်..”
အကောင်းပြောလိုက် ဘုန်းပြည့်စုံမဟုတ်ရင် ဧရာဇင်ကဝင်နှောက်လိုက်ဖြင့် သူတို့စကားဝိုင်းသည် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လိုရင်းမရောက်ဖြစ်နေကြသည်။
“ အဲ့တာဆို ဘယ်နိုင်ငံမှာသွားမွေးချင်လဲ..လမရင့်ခင် ရွေ့ပြောင်းဖို့တို့ ဆေးခန်းပြဖို့တို့ လုပ်ရမယ်လေ..”
“ စဉ်းစားမိသလောက် ဘန်ကောက်ဆိုရင် မဆိုးလောက်ဘူး..”
“ အင်း..အဲ့မှာ ငါ့ညီရှိတယ် သူ့ကိုဖုန်းဆက်လိုက်အုံးမယ် ခဏ..”
နဂိုထဲက လွမ်စေးသဘောနဲ့ ညီဖြစ်သူကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကာ ဘယ်လိုဆိုကောင်းတယ်ဆိုပြီး ဦးဆောင်လုပ်လိုက်လျှင် ဒီလှိုင်းက ငြင်းမည်မဟုတ်။ သို့သော် လွမ်စေးသည်လည်း သူ၏ကလေးမဟုတ်ဘဲ ဒီလှိုင်း၏ကလေးမို့ သူဖြစ်စေချင်တဲ့ဆန္ဒကိုနောက်ထားကာ ဒီလှိုင်း၏ဆန္ဒကို ဦးစားပေးသည်မှာသိသာလှသည်။
“အင်း အဲ့တာဆို ငါတို့ မနက်မိုးလင်းရင်ရောက်မယ်..”
လွမ်စေးဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး ညီဖြစ်သူနှင့် တိုင်ပင်ခဲ့သမျှပြန်ကာပြောပြရန်ပြင်သည်။
“လွမ်နောင်ကပြောတယ် အဲ့ဘက်ပိုင်းကျွမ်းတဲ့ သူ့ဆရာ နောက်တစ်လနေရင် ကနေဒါကနေ ဘန်ကောက်ကိုလာမယ်တဲ့။ သူတို့ဘက်မှာ မွေးရာပါ သားအိမ်ပါတာကရှားပါးဆိုပေမယ့် သားအိမ်ထည့်တာတွေ၊ အငှားကိုယ်ဝန်ဆောင်တွေပေါလို့ ထွေထွေထူးထူးကိစ္စမရှိဘူးလို့ပြောတယ်။ ဖြစ်နိုင်ရင် မနက်ဖြန်ပဲလာခဲ့လို့ပြောလို့ ငါတို့သွားကြရအောင်..”
“အင်း ကျုပ်တို့ မိုးမလင်းခင် flightနဲ့သွားကြမယ် Ticketက ရပါ့မလားတော့မသိဘူး...”
“အဲ့ကိစ္စကရတယ် ငါ့သူငယ်ချင်း လေလိုင်းကကောင်ကိုဖုန်းကြိုဆက်ထားလိုက်မယ်..”
“ အင်း..ဒါဆို ဒီညဒီမှာပဲအိပ်ကြမလား..”
“ မနက်အတွက်အဝတ်အစားယူပြီးရင် ဒီမှာပဲအိပ်လိုက်ကြမယ်..”
“ဟာ..ညဉ့်နက်နေပြီ ဟိုမှာပဲဝယ်ဝတ်လိုက်တော့မယ်..အခုတော့ အိပ်မယ် ဘယ်မှမသွားတော့ဘူး..”
ဧရာ ဂျစ်ကန်ကန်နဲ့ ချက်ချင်းအိပ်နေကျအခန်းကို ဘယ်သူ့မှကိုမစောင့်ဘဲ ဦးစွာဝင်သွားခဲ့သည်။ သူတကယ်ကို အိပ်ချင်နေပါပြီ။
ထို့နောက် ကိုယ်စီအခန်းတွေဆီဝင်သွားပြီး အိပ်စက်ခြင်းဆီသို့…။
__________________________________
ေမာင့္ႏြယ္သာကီ
အပိုင္း(၁၅)
နာရီျခားတစ္ခါ လူယုံေတြကိုဖုန္းဆက္ေမးေသာ္လည္း ဒီလိႈင္းစိတ္မခ်ႏိုင္။ က်န္တာကိုစိတ္မခ်ႏိုင္တာမဟုတ္ဘဲ တစ္ေယာက္ထဲဆို အေတြးလြန္တတ္တဲ့ ႏြယ္သာကီေၾကာင့္ စိတ္မခ်ရတာျဖစ္သည္။
အဲ့လူက သိပ္ကို အားငယ္တတ္တာ..။
အလုပ္ေတြကလဲ အၿပီးျဖတ္ေနမွ ကိုယ္တိုင္လုပ္စရာေတြမ်ားလာေလေလျဖစ္ေသာေၾကာင့္ ေန႔မနား၊ညမနားလုပ္တာေတာင္ အနည္းငယ္ၾကာျမင့္ေနရသည္။
ယခုလဲ အလုပ္လုပ္ေနရင္း ဟိုလူကိုသတိရမိတာေၾကာင့္ ၾကာျမင့္ရျပန္သည္။
တီ~~တီ~~
“ ကိုေႏွာင္းအိမ္က လာတာ ႏွစ္ခါ႐ွိပါၿပီ BBrown”
“ဘာ..အဲ့ကိစၥကိုျခံဝမွာတင္အၿပီးျဖတ္ခဲ့..ႏြယ္သာကီမသိေစနဲ႔ ငါညတြင္းခ်င္းျပန္ခဲ့မယ္”
“ ဟုတ္ကဲ့”
ဒီလိႈင္းအေနနဲ႔ျဖစ္ႏိုင္ရင္ ႏြယ္သာကီကို သူ႕မိသားစုနဲ႔မပတ္သက္ပဲ ဒီအတိုင္း ကိုယ့္ရင္ေငြ႕မွာ ေအးေအးခ်မ္းခ်မ္းေလးထားခ်င္တာျဖစ္၏။ ကိုယ္ကပဲ ႏြယ္ေႏွာင္းသာကီကို ျပႆနာ႐ွာမယ္ တျခားသူကိုေတာ့ သူလုပ္သလိုလုပ္ဖို႔ခြင့္မျပဳႏိုင္ေခ်။
သူကေတာ့ အေရးတႀကီးနဲ႔ အလုပ္ေတြအကုန္ဖ်က္ၿပီး ညတြင္းခ်င္းျပန္လာရတာ ေအးခ်မ္းေနသည့္လူက ေစာင္ပုံထဲမွာ ေႏြးေႏြးေထြးေထြးအိပ္ေနတာမ်ား ကေလးတစ္ဦးသဖြယ္။ ဒီရက္ပိုင္း ဘာေၾကာင့္မွန္းမသိလုံးလုံးကစ္ကစ္ေလးျဖစ္လာသည့္ ပါးႏွစ္ဖက္က ေခါင္းအုန္းနဲ႔ဖိခံထားရၿပီး ႏႈတ္ခမ္းက ဆူထြက္ေန၏။
ဒီလိႈင္းေရမိုးခ်ိဳးကာ ျပန္ထြက္လာသည္အထိ ဒီလူက မႏိုးေသးတာေၾကာင့္ ေစာင္ပုံထဲလိုက္ဝင္ကာ အိပ္ေနသည့္သူကို ရင္ခြင္ထဲဆြဲထည့္ၿပီး ျမတ္ႏိုးခ်င္းအလီလီ ဖိတ္စင္သည့္အၾကည့္႐ႊန္း႐ႊန္းေတြႏွင့္ တစိမ့္စိမ့္ၾကည့္ေနမိသည္။
စစခ်င္းမို႔ တအီအီတအဲအဲလုပ္လာၿပီး ဒီလိႈင္းရင္ခြင္ထဲသို႔ အံဝင္ခြင္က်လွည့္လာသည္။ ၿပီးေနာက္ ထပ္အီေနေသးသည္မို႔ ဆံပင္ကိုသပ္ကာ ေက်ာေလးကိုဖြဖြေလးပြတ္ေပးၿပီး တကြၽတ္ကြၽတ္နဲ႔ အိပ္ေပ်ာ္သြားသည္အထိ ကေလးတစ္ဦးသဖြယ္သိပ္ေနမိျပန္သည္။
“ ဟြန္း..ခင္ဗ်ားကေတာ့ ေအးခ်မ္းေနလိုက္တာမ်ား “
ၿပီးေနာက္ ႏွဖူးကိုဖြဖြေလး အၾကင္နာအနမ္းေႁခြၿပီး အိပ္ေရးပ်က္ညမ်ားကို အစားထိုးကာ ရင္ေအးေစသည့္လူကို ထပ္တိုးဖက္လ်က္ အိပ္စက္ျခင္းဆီသို႔လွမ္းရသည္။
“ အင္း..ေမာင့္ကိုယ္သင္းနံ႔ေလး”
မ်က္လုံးမဖြင့္ဘဲနဲ႔ ရင္ဘတ္အေပၚ ကိုယ္တစ္ျခမ္းတက္လာၿပီး ပါးအိအိႏွင့္ ရင္ဘတ္အေပၚပြတ္ေနသည္။ အင္းအဲႏွင့္ တခဏေလာက္ပဲလုပ္အၿပီးမွာ ျပန္အိပ္သြားေလသည္။
“ ဟြန္း..ခင္ဗ်ားက တစ္ေန႔တစ္ျခား အိပ္ပုတ္လာလိုက္တာ”
တေရာ္ကင္မြန္းနံ႔သင္းသင္းေလးရသည့္ ဆံႏြယ္ေတြကို ခက္ဖြဖြလုပ္ကာ ႐ွဴ႐ိႈက္လိုက္ၿပီး ဒီလိႈင္းျပန္အိပ္လိုက္သည္။
“ အမေလး ဗုေဒၶါ..”
ႏြယ္ လန္႔သြားသည္။ ႏြယ္အိပ္တုန္းက ႏြယ့္အခန္းထဲက ႏြယ့္အိစက္စက္ေခါင္းအုံးေပၚမွာပါ။ သို႔ေပမယ့္ ေခါင္းအုံးထားသည့္ ခပ္မာမာအထိအေတြေၾကာင့္ ႏြယ္ႏိုးလာကာ ၾကည့္လိုက္ေတာ့ ေယာက်ၤားတစ္ေယာက္ရဲ႕ရင္ခြင္ထဲ ႏြယ္ေရာက္ေနေလသည္။
ႏြယ္လည္း ခပ္တင္းတင္းဖ်စ္ညႇစ္ထားမႈကေန ႐ုန္းကာ အေပၚေမာ့ၾကည့္ေတာ့ လည္စိခပ္ထင္းထင္းႏွင့္ ႏြယ့္ႏွာဖ်ား အမွတ္မထင္႐ိုက္ခတ္မိသြားသည္။ ႏြယ္ အေျခအေနအရပ္ရပ္ကိုသုံးသပ္ကာ ေသခ်ာၾကည့္ေတာ့မွ ထိုလူသည္ ေမာင္ ျဖစ္ေနေလသည္။
” ေမာင့္ “
ႏြယ္ ေမာင့္ကိုျပန္ဖက္လိုက္ကာ ေမာင့္ရင္ဘတ္ထဲတိုးေဝွ႔ၿပီး ႏြယ္ကိုလုံျခဳံေစသည့္ ေမာင့္ကိုယ္သင္းနံ႔ကို တဝႀကီး႐ွဴ႐ိႈက္ကာ ငိုေနမိသည္။
“ ဘာလို႔ငိုေနရတာလဲ ႏြယ္သာကီ..။ က်ဳပ္အသုဘက်လို႔ ခင္ဗ်ားရယ္ “
လႈပ္စိ လႈပ္စိအထိအေတြ႕ေၾကာင့္ အိပ္ေရးဆက္သည့္ ဒီလိႈင္းႏိုးလာကာ ငိုေနသည့္လူကို ေခ်ာ့ရေလသည္။
“ အင့္ ေမာင့္..အဲ့လိုမေျပာပါနဲ႔..။ ႏြယ္ကေလ ေမာင့္ကိုမေတြ႕ရရင္ မ်က္ရည္မက်ႏိုင္တဲ့အထိ လြမ္းၿပီး..ေမာင့္ကိုေတြ႕လိုက္ရရင္ မ်က္ရည္က်တဲ့အထိ ေပ်ာ္ပါတယ္ ေမာင္ရယ္”
“ ခင္ဗ်ားဟာေလ စကားကိုတတ္တယ္ ..”
“ဒါနဲ႔ ေမာင္ဘယ္တုန္းက ျပန္ေရာက္တာလဲဟင္..”
“ ညက..”
“ ဟင့္ ႏြယ္လဲမသိရဘူး..”
“ဒါေတာ့ ခင္ဗ်ားက အိပ္ပုတ္တာကို..စကားမမ်ားနဲ႔ေတာ့ခင္ဗ်ားရာ က်ဳပ္မအိပ္ရေသးဘူး..”
“ အင္း..အင္း ႏြယ္ထေတာ့မယ္ ေမာင္ဆက္အိပ္..”
ႏြယ္ ကုန္းထကာ ေမာင့္လက္ေတြကိုဖယ္႐ွားၿပီး ဆံပင္ေတြကို ဘယ္ဘက္သပ္လိုက္သည္။
“ အာ့ ေမာင့္ “
ေမာင္က ႏြယ့္ကို သူ႕ရင္ခြင္ထဲ ျပန္ဆြဲခ်ၿပီး ခပ္တင္းတင္းဖက္ထားေလသည္။
“ ႐ွဴး..က်ဳပ္မအိပ္ရေသးဘူးလို႔ေျပာေနတယ္ ခင္ဗ်ားလည္းျပန္အိပ္ “
သူထိုသို႔ေျပာကာ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့ သူ႕ရင္ခြင္ထဲမွာ အံ့ဝင္ခြင္က်ျပန္အိပ္စက္သြားပါေသာ ႏြယ္သာကီ..။ ထို႔ေနာက္ သူလဲ ႏြယ္သာကီကိုဖက္၍ တစ္ဖန္ျပန္အိပ္ေပ်ာ္သြားေလသည္။
“ ႏြယ္သာကီ က်ဳပ္ရဲ႕ဟိုအက်ႌကို ေတြ႕မိေသးလား “
“ ဟင့္အင္း”
သူေရခ်ိဳးေနကထဲက ႏြယ္သာကီက ဟိုအေကာင္ေၾကာင္စုတ္ကို အိပ္ခန္းထဲေခၚခ်လာၿပီး သူ႕ကိုေတာင္အေရးမစိုက္ဘဲ ဆိုဖာေပၚမွာ ေၾကာင္စုတ္ကိုဟိုစမ္း ဒီစမ္းလုပ္ေနသည္။
အခုလည္းၾကည့္ ဘယ္အက်ႌလဲ မေမးဘဲ ဟင့္အင္းတဲ့ေလ..။
“ ႏြယ္သာကီ က်ဳပ္ရဲ႕ နာရီေတြ႕မိေသးလား”
“ ဟင့္အင္း “
“ ႏြယ္သာကီ က်ဳပ္ရဲ႕ဘီးေရာ “
“ အဲ့မွာပဲေနမွာေပါ့ “
“ ႏြယ္သာကီ က်ဳပ္ရဲ႕ ေျခအိတ္ေနာက္တစ္ဖက္ေရာ “
“ ေမာင္ရယ္ အဲ့မွာပဲေနမွာေပါ့ “
ဒီလိႈင္းေမးေနတဲ့ဟာေတြသည္ ဒီလိႈင္း ႐ွာစရာမလိုေအာင္ သူ႕ေနရာမွာသူ႐ွိပါလ်က္နဲ႔ ဒီလိႈင္းေမးေနမိသည္။ အရင္ကဆို ဘာလုပ္ေနေန ဒီလိႈင္းေမးတာနဲ႔ ထ႐ွာေပးတဲ့ လူက အခုက် လ်စ္လ်ဴ႐ႈထားတယ္..။
က်ဳပ္ကိုဒီလိုလုပ္လို႔ရမယ္တဲ့လား ႏြယ္သာကီ..။
“ ႏြယ္သာကီ အျပင္သြားမလို႔ က်ဳပ္နဲ႔လိုက္ခဲ့”
“ ႏြယ္မလိုက္ပါရေစနဲ႔ ေမာင္ရယ္..”
“ ခင္ဗ်ား ဘာျဖစ္ေနတာလဲ ဟမ္..။ က်ဳပ္ကို ေစာက္ဂ႐ုမစိုက္တာ ဘာလို႔လဲ ႏြယ္သာကီ ဟမ္ “
သူစိတ္တိုအားႀကီးစြာ ႏြယ္သာကီ့ပခုံးႏွစ္ဖက္ကို ကိုင္လႈပ္ၿပီး ေအာ္ေနသည္။ သူ တကယ္ကိုစိတ္ေတြတိုေနၿပီ..။
“ ေမာင့္ ႏြယ့္ကိုမလႈပ္ပါနဲ႔ ႏြယ္ညီးစီစီျဖစ္ေနလို႔ ၿပီးေတာ့ ဝက္ဝံေပါက္ကလည္း ေနမေကာင္းလို႔ ႏြယ္ စိတ္ညစ္ေနတာပါ ေမာင္ရယ္ “
“ ဘာ..ခင္ဗ်ား အဲ့ေကာင္ကို ဘယ္လိုေခၚလိုက္တယ္ “
ႏြယ္ ေမာင္မသိေအာင္ ေပးထားတဲ့ ေၾကာင္ေလးရဲ႕ နာမည္က ဝက္ဝံေပါက္တဲ့ေလ..။ ေမာင့္ေ႐ွ႕မွာ မေခၚေပမယ့္ ေမာင့္ကြယ္ရာမွာေတာ့ ဒီလိုပဲေခၚသည္။ အခုေတာ့ ေမာင့္ေ႐ွ႕မွာေခၚမိသြား၍ ႏြယ္ေသၿပီ ထင္ပါ့။
ေမာင္တို႔ႏွစ္ေယာက္က မတည့္သာမတည့္တာ ႏြယ့္ကို ႏိုင္စားတဲ့ ေနရာဆို သိပ္တူတာ..။
“ အဲ..ဝက္ေပါက္လို႔ေျပာလိုက္တာရယ္ ဟီး “
သြားၿဖီးျပကာ ပခုံးေလးက်ံဳ႕ၿပီး တဟီးဟီးလုပ္ျပေနေလသည္။
ဘယ္လိုမ်ား ခ်စ္ဖို႔ေကာင္းရတာလဲ..ဒါေပမဲ့ ႏြယ္သာကီ ခင္ဗ်ားကိုက်ဳပ္စိတ္ဆိုးတယ္.."
“ က်ဳပ္ၾကားလိုက္တာ တစ္မ်ိဳးပါ “
“ အဲအဲ့တာ ေမာင္နားၾကားမွားတာပါ ဟီး “
“ ထားေတာ့ အဲ့အေကာင္ကိုခ်ၿပီး က်ဳပ္ကိုၾကယ္သီးလာတပ္ေပး..”
လုပ္ကို လုပ္ရမယ္ဆိုသည့္ သေဘာမ်ိဳးျဖင့္ ႏြယ့္ကို ေမာင္ကၾကည့္ေနေတာ့ ႏြယ္လည္း ဝက္ဝံေပါက္ကို ေအာက္ခ်လိုက္ကာ ေမာင့္႐ွပ္အက်ႌၾကယ္သီးကို တစ္လုံးခ်င္းစီ ဂ႐ုတစိုက္တပ္ေပးလိုက္သည္။
ေမာင့္ရင္ဘတ္ ဗလာကို ေတြ႕ေနရသည္မို႔ ေမာင့္အသက္႐ွဴသံခပ္ျပင္းျပင္း႐ိုက္ခတ္သည့္ ႏြယ့္ ပါးျပင္ႏုႏုဟာ ပန္းေရာင္ထေနေလသည္။
“ ခင္ဗ်ား တကယ္မလိုက္ဘူးလား “
“ အင္း ေမာင္ ႏြယ္ေျပာၿပီးၿပီပဲ “
“က်ဳပ္က clubသြားမွာ ခင္ဗ်ားမလိုက္ဘူးလား”
“ အမ်ားႀကီးမေသာက္လာပါနဲ႔ေနာ္ ေမာင္ “
ႏြယ္သာကီက အရင္နဲ႔မတူေတာ့..။ အရင္ကဆိုအျပင္ေခၚရင္ လိုက္ေနက်..။ အခုမွ ဘာေတြေျပာင္းလဲေနရတာလဲ ႏြယ္သာကီ.."
“ ခင္ဗ်ားကပဲ ေျပာရေသးတယ္..။ ေသာက္လာမွာ “
ေမာင္က ထိုသို႔ေျပာကာ ပိုက္ဆံအိတ္ႏွင့္ ဆိုင္ကယ္ေသာ့ကိုယူၿပီး ဖိနပ္ပါတစ္ခါထဲဝတ္ကာ အခန္းထဲက ထြက္သြားေလသည္။
စိတ္တိုတိုနဲ႔ ဒီလိႈင္း အိမ္ေ႐ွ႕အိမ္ကိုထြက္လာလိုက္သည္။ ျခံတံခါးကိုကိုယ္တိုင္ဖြင့္ကာ ဝင္သြားၿပီး ဧည့္ခန္းထဲမွာစိတ္ပ်က္လက္ပ်က္ႏွင့္ ကိုယ့္အိမ္ကိုယ့္ယာလို ဝင္ထိုင္ေနလိုက္သည္။
“ ဟာ ေဟ့ေကာင္ဘာျဖစ္လာတာလဲ..”
“ငါကကြာ.. shoppingထြက္ဖို႔ေခၚတာကို အဲ့လူကမလိုက္ဘူး..”
“ ဪ..ညဘက္ႀကီး shoppingမင္းပဲထြက္ေလ..”
ဧရာ ဒီလိႈင္းေဘးကိုတင္ထိုင္ၿပီး ေထ့ေငါ့ေျပာလိုက္သည္။ ဘယ္လိုေကာင္လဲမသိဘူး။ လင္ကိုခ်စ္တာက သူ႕အျပင္ႏွစ္ေယာက္မ႐ွိဘူး ခ်စ္ေၾကာင္းမျပခ်င္တာလဲ သူ႕အျပင္ႏွစ္ေယာက္မ႐ွိဘူး။ ဟိုေန႔ေတြကထဲက ကိုေႏွာင္းထမင္းစားပ်က္ေနတာကို ဘယ္လိုလုပ္ေပးရင္ေကာင္းမလဲလာတိုင္ပင္ေနခဲ့တာ။ အခု ညဘက္ႀကီးshoppingထြက္မယ့္အၾကံက ကိုဘုန္းရဲ႕ေပါက္ကရေပါင္းေသာင္းေျခာက္ဆယ္ျဖစ္၏။
“လာကြာ clubသြားမယ္...”
“ဟာေဟ့ေကာင္ ဦးက clubသြားၿပီး ကေနတာမႀကိဳက္ဘူးကြ”
“အဲ့တာဆို barသြားမယ္ လိုက္ခဲ့...”
“ဦးက…”
“ ကိုလြမ္ ခင္ဗ်ားရဲ႕ေဘဘီကိုက်ဳပ္ခဏေခၚသြားမယ္ ၿပီးရင္ျပန္လာပို႔မယ္ေနာ္..”
ဧရာဇင္အေၾကာင္းျပခ်က္မေပးႏိုင္ခင္မွာပဲ အေပၚထက္မွာအလုပ္လုပ္ေနသည့္ လြမ္ေစးကို ခြင့္ေတာင္းကာ တ႐ြတ္တိုက္ဆြဲေခၚလာခဲ့သည္။ member card႐ွိတာမို႔ တန္းဝင္သြားလို႔ရသည္။ ၿပီးေနာက္ ေဈးႀကီးေပ့၊ေကာင္းေပ့ဆိုသည့္အရက္ကို ႏွစ္ခြက္၊သုံးခြက္ေလာက္ တစ္စက္ထဲေမာ့ခ်ေနေပသည္။
“ မင္းဆိုင္ကယ္ အျမင့္ႀကီးကို ငါမေမာင္းႏိုင္ဘူးေနာ္ ေဟ့ေကာင္ “
“ မင္းပေထြးက မမူးေသးဘူး “
ဒီလိႈင္း သုံးခြက္ပဲေသာက္ရေသး၍ ရီေဝေဝျဖစ္ေန႐ုံမွလြဲ ဘာမွမျဖစ္..။ ဆိုဖာေနာက္မွီအေပၚေခါင္းလွန္ခ်ကာ စီးကရက္ကို႐ိႈက္သြင္းလိုက္ကာ အေငြ႕အလုံးအရင္းကို မႈတ္ထုတ္လိုက္ေလသည္။
“ ဘာျဖစ္လာလို႔ ဒီလိုျဖစ္ေနရတာလဲ.. shoppingကိစၥတစ္ခုထဲေတာ့မဟုတ္ဘူးမလား..”
ဧရာ vodkaခြက္ကိုကိုင္ကာ ေဆးလိပ္ကို ဖြာလ်က္ ဒီလိႈင္းကိုေမးလိုက္သည္။
“ အိမ္ကလူေလ ငါ့ကိုမခ်စ္ေတာ့ဘူး..သူ႕အေကာင္ေလာက္ ငါကေစာက္ေရးမပါဘူး..သူက သူ႕အေကာင္ကိုပဲခ်စ္တာ “
“wait wait..မင္းရဲ႕ ႏြယ္ေႏွာင္းသာကီေလးက ေဖာက္ျပန္ေနတာလား..ဘယ္ကေကာင္က သံကြန္ခ်ာဆယ္ထပ္ေလာက္အုပ္ထားတဲ့ မင္းဟာကိုလာထိတာလဲ..”
ဧရာတကယ္အံ့ဩေနသည္။ ဒီလိႈင္းထားရာေန ေစရာသြားတဲ့ ႏြယ္ေႏွာင္းသာကီက ဘယ့္ႏွယ့္ေၾကာင့္ ဘယ္သူနဲ႔ ေဖာက္ျပန္ေနတာလဲ..။
“ မဟုတ္ပါဘူးကြာ..။ မင္းပါးစပ္ကလဲေလ ႏြယ္သာကီက ေဖာက္ျပန္ေနတာမဟုတ္ပါဘူး"
“ အဲ့တာဆို သူ႕အေကာင္ဆိုတာ ဘယ္ကေကာင္လဲ “
“ ဟိုတစ္ခါတုန္းက ငါေျပာဖူးတဲ့ ေၾကာင္ေလ..အဲ့ေသနာကိုပဲ သူ႕လင္မွတ္ၿပီး ဂ႐ုစိုက္ေနတာ ငါ့ကိုက် မ႐ွိတဲ့လူေသလို ျပစ္ထားတာ “
“ ဖြီ..ဟား ဟား”
ဧရာ ေသာက္ထားသမွ်အကုန္ျပန္ထြက္ကာ သိမ့္ကနဲ သိမ့္ကနဲတုန္သြားေအာင္ ေအာ္ရယ္မိေလေတာ့သည္။
လုပ္ငန္းအရာမွာျပတ္သားတဲ့ေကာင္က ဒီလို ႐ုပ္တည္ႀကီးနဲ႔dramaဆန္တတ္ေသးတယ္ေပါ့…။
ဧရာအရယ္မရပ္ႏိုင္ေတာ့ ဒီလိႈင္းက လူမိုက္ၾကည့္လာၾကည့္လာၿပီး လက္ေမာင္းကို ခပ္ဖြဖြထိုးလိုက္သည္။
“ အာ့..နာတယ္ဟ “
ဧရာ့လက္ေမာင္းေလး ေအာင့္သြားရသည္။
“ ငါက ေျဖးေျဖးပဲ ထိုးလိုက္တာပါဟ..ငါ့ေကာင္က ႏုလိုက္တာ “
“ဆင္ၾကည့္စားက ဆိတ္မခံႏိုင္တဲ့ကြ “
“ က်ီစားတာပါဟ..ကိုလြမ္ပဲ မင္းကိုၾကည့္စားမွာ ဟား ဟား”
ဒီလိႈင္း ဧရာ့ကို စကာရယ္မိသည္။
ဒီေကာင္က ေအာက္ပုဂၢိဳလ္ဆိုတာ သူသိပ္သိတာေပါ့..။ အထပ္ကိုဘာလို႔မတက္လဲ တစ္ခါေမးမိရင္ ဒီေကာင့္ရဲ႕
‘ဦးကို ယူထားတာ ဒါေၾကာင့္မဟုတ္ေၾကာင္း..။
ခ်စ္မိသြားရင္ အရာရာျဖည့္စီးေပးႏိုင္ေၾကာင္း..’
စသည့္ စကားအ႐ွည္ႀကီးကို ၾကားရေပလိမ့္မည္။
“ အေကာင္းေျပာမလို႔..ႏြယ္ေႏွာင္းသာကီက မင္းကို မခ်စ္ေတာ့ဘူး မင္းထင္တယ္ေပါ့..”
“ ေအး “
“ အဲ့တာဆိုေလ ဒီလိုလုပ္…..”
ဒီလိႈင္းရဲ႕ နားအနားကိုကပ္ကာ တိုးတိုး တိုးတိုးႏွင့္ ဧရာကေျပာေနသလို ဒီလိႈင္းကလည္း မ်က္ေတာင္ပုတ္ကလပ္ ပုတ္ပလက္ခတ္ကာ နားေထာင္ေနေလသည္။
သူတို႔ႏွစ္ေယာက္ အရက္ႏွင့္ေဆးလိပ္ကို ေသာက္သုံးဖို႔ေမ့ေလ်ာ့ေနၾကဟန္..။
“ အဲ့တာေတာ့ မျဖစ္ေလာက္ဘူးထင္တယ္ “
“ မလုပ္ၾကည့္ရင္ မသိႏိုင္ဘူး..။ ငါ့က စီနီယာ ငါ့စကားကိုယုံစမ္းပါ…”
“ ေအး ေအး အဲ့တာဆိုလဲ ငါသြားၿပီ “
ေက်းဇူးေတာင္မတင္ဘဲ အခန္းထဲကထထြက္သြားတဲ့ေကာင္ကို ၾကည့္ရင္း ကိုယ္တိုင္က်န္ရစ္ခဲ့တာကိုသတိရေတာ့ ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ကာ ဦးကိုသာ လာႀကိဳခိုင္းလိုက္ရပါေတာ့သည္။
ေတာ္ေတာ္ ေက်းဇူးသိတဲ့ေကာင္..။
ဒီလိႈင္း အိမ္ကိုအျမန္ျပန္လာၿပီး အိပ္ခန္းကို မေျပး႐ုံတမယ္ ေျခလွမ္းမ်ားျဖင့္တက္လာခဲ့သည္။ အိပ္ခန္းေ႐ွ႕က်မွ အ႐ွိန္သက္ၿပီး အိပ္ခန္းတံခါးကို အသာဟကာ ဝင္သြားလိုက္သည္။
“ဟြန္း ခင္ဗ်ားက အိပ္ေနႏိုင္လိုက္တာ..”
ထို႔ေနာက္ အိပ္ေနသည့္ႏြယ္သာကီ့အေပၚကိုအုပ္မိုးၿပီး အၾကင္နာတို႔ေဝငွမိျပန္သည္။ ထိုစဥ္မွာပဲ ႏြယ္သာကီ ႏိုးလာၿပီး ရင္ဘတ္ကိုထု႐ိုက္လာတာေၾကာင့္ အသည္းႏုသည့္ ဒီလိႈင္းမွာ လႊတ္ေပးလိုက္ေတာ့သည္။
“ ခင္ဗ်ား က်ဳပ္ကိုသိပ္ၿငိဳျငင္ေနတယ္ ႏြယ္သာကီ..”
စိတ္ဆိုးကာ ကုတင္ေပၚတြင္တစ္ဖက္လွည့္ထိုင္ေနေသာေမာင့္ကို ေခ်ာ့ဖို႔ ဖ႐ိုဖရဲဆံပင္ကို ေဘးတစ္ဖက္သပ္လိုက္ကာ ထရေတာ့သည္။
“ ႏြယ္က အသက္႐ွဴၾကပ္လို႔ လႊတ္ခိုင္းတာပါေမာင္ရယ္..လူေတြက သူတို႔ႏွလုံးသာကို မလိုခ်င္လို႔ခြဲထုတ္တဲ့အခါမွ ေမာင့္ကိုႏြယ္ၿငိဳျငင္မိမွာပါ ေမာင္ရယ္ “
ႏြယ္သာကီဟာေလ ဆရာဝန္မလုပ္ဘဲနဲ႔ စာေရးဆရာလုပ္ဖို႔ေကာင္းတာ..။
“ အင္း..ႏြယ္သာကီ ခင္ဗ်ား..”
လူဘက္ကို ယိုင္က်လာသည့္ ခႏၶာကိုယ္ကို အလ်ဥ္အျမန္ေပြ႕ကာဖမ္းလိုက္ရသည္။ ရင္ခြင္ထဲက ႏြယ္သာကီက ေမ့ေမ်ာေနသည့္ပုံမ်ိဳးမဟုတ္ေပမယ့္ အားပ်က္ေနသကဲ့သို႔ ျဖဴဖက္ျဖဴေလ်ာ့ျဖစ္ေနသည္။ ႐ုတ္တရက္ႀကီးေနမေကာင္းျဖစ္လာသည့္ ႏြယ္သာကီေၾကာင့္ ဒီလိႈင္းရီေဝေဝျဖစ္တာေလးပင္ေပ်ာက္သြားၿပီး ဧရာဇင္ေျပာတဲ့အရာကိုလဲ မလုပ္ျဖစ္ေတာ့ေပ။
ဒီလိႈင္းႏြယ္သာကီကို ေပြ႕ခ်ီကာ ေမြ႕ရာေပၚတြင္ ေနရာခ်ေပးၿပီးေနာက္ ေစာင္ကိုရင္ဘတ္အထိျခဳံေပးလိုက္သည္။
“ ႏြယ္ရရဲ႕လား ေမာင္ဘာလုပ္ေပးရမလဲ..ေမာင္..အာ ဆရာဝန္ေခၚလိုက္မယ္..ခဏေလး”
တစ္ေယာက္ထဲျပာယာခပ္ေနသည့္ ဒီလိႈင္းခက္ထန္က မခ်စ္ခ်င္တာဟုတ္ပါေလစ။
ဝ႐ုန္းသုန္းကားနဲ႔ ေဘးအိမ္ကလူေတြကိုဖုန္းဆက္ကာ ဆရာဝန္ေခၚခိုင္းရသည္။ ဖုန္းဆက္လိုက္သည္ႏွင့္ အေျပးအလႊားေရာက္လာၾကသည့္လူေတြသည္ ဒီလိႈင္းအေပၚ ေသြးသားထက္ပိုေသာ ေမတၱာကိုေပးေနမွန္းသိသာလွသည္။
“ေဟ့ေကာင္ ၿငိမ္ၿငိမ္ေနစမ္းပါကြာ မင္းၾကည့္ရတာ ငါပါမူးလဲခ်င္လာၿပီ..”
ဆရာဝန္မလာေသးခင္ ဟိုေလွ်ာက္ ဒီေလွ်ာက္လုပ္ေနသည့္ ဒီလိႈင္းကို ဆိုဖာေပၚမွာ အခန္႔သားထိုင္ေနသည့္ ဧရာက မ်က္စိေနာက္ေနာက္နဲ႔ေျပာပါေတာ့သည္။ ၿပီးေနာက္ လြမ္ေစးသည္ ဧရာ့ကိုဖက္ၿပီး ဟန္႔တားလိုက္သည္။
“သူလဲစိတ္ပူေနမွာေပါ့ အဲ့လိုမေျပာရဘူး ေဘဘီ..”
“ ဟြန္း..ညီခ်စ္အစ္ကိုႀကီး..”
တစ္ကိုယ္တည္းျဖစ္ေနသည့္ ဘုန္းျပည့္စုံသည္ အတြဲႏွစ္တြဲကိုၾကည့္ၿပီး တခြီခြီနဲ႔က်ိတ္ရယ္ေနေတာ့သည္။ ဧရာဇင္ေပးလိုက္သည့္ ေပါက္ကရအၾကံကိုသိေန၍ ပို၍ရယ္ေတာမသတ္ႏိုင္ျဖစ္ေနရသည္။
တစ္ခဏအၾကာဆရာဝန္ေရာက္လာၿပီး ႏြယ္သာကီကို အမ်ိဳးမ်ိဳးစမ္းသပ္ကာ သူ႕ဘာသာသူ ေကာက္ခ်က္ခ်ေနဟန္ ေခါင္းတညိတ္ညိတ္ႏွင့္။ ဆရာဝန္ေကာက္ခ်က္ခ်ေနစဥ္အေတာအတြင္း စပ္စုစိန္ ဧရာဇင္သည္ အခုမွေရာက္ဖူးသည့္ ဒီလိႈင္းတို႔၏အိပ္ခန္းကို ဟိုၾကည့္ ဒီၾကည့္ေလွ်ာက္ၾကည့္ေနသည္။
အိပ္ခန္း၊ေရခ်ိဳးခန္း၊အဝတ္ခန္း အခန္းအားလုံးသည္ သန္႔႐ွင္းသပ္ရပ္ေနကာ ဧရာတို႔ႏွစ္ေယာက္လို မေလွ်ာ္ရေသးသည့္အဝတ္မ်ားစုပုံေနျခင္းမ႐ွိ၊ပစၥည္းမ်ား ပြေနျခင္းမ႐ွိ၊ ခ်ည္လုံးေတြထားသည့္ေနရာဆိုလဲ ေမႊးပြထိုင္ခုံ၊ေမႊးပြအခင္းႏွင့္ သူ႕ေနရာႏွင့္သူ သပ္သပ္ရပ္ရပ္႐ွိသည္။
ဧရာတို႔လို အိမ္အကူေခၚထားျခင္းမ႐ွိပါဘဲ ဒီေလာက္အထိ သန္႔႐ွင္းႏိုင္သည့္ ႏွစ္ေယာက္ကို ခ်ီးက်ဴးမိတာေတာ့အမွန္။
ဒီလိႈင္းခက္ထန္က လူပ်ိဳဘဝထဲက ကိုယ့္အဝတ္ကိုယ္ေလွ်ာ္ၿပီး ကိုယ္စားမယ့္ဟင္း ကိုယ့္ဘာသာခ်က္သည့္လူျဖစ္သည္။ ဟင္းမခ်က္ခ်င္သည့္ေနတြင္ အျပင္မွာ အဆာေျပေလာက္သာစားၿပီး ေနတတ္သည့္လူ။
ဒါေၾကာင့္လဲ အဝတ္အစားေတြကိုေပါေပါသီသီမဝတ္ျပစ္တာ။ ဧရာဆိုလဲ ကိုယ္တိုင္ေလွ်ာ္ရရင္ သူ႕လိုပဲ ကပ္ေစးကုပ္မိမွာ။
“ မျဖစ္ႏိုင္တာ “
႐ုတ္တရက္ၾကားရေသာ ဒီလိႈင္း၏ အံ့ဩတႀကီးအသံတြင္ မယုံၾကည္ႏိုင္ျခင္း၊အံ့ဩျခင္း၊ဝမ္းသာျခင္း၊ဝမ္းနည္းျခင္း၊ လက္မခံႏိုင္ျခင္း စသည့္ ခံစားခ်က္ေပါင္းစုံႀကီးစိုးေနသည္။
“ ဘာျဖစ္လို႔လဲ ဒီလိႈင္း”
ဧရာ ဒီလိႈင္းအနားသြားကာ သတိမကပ္ေတာ့သည့္ ေကာင္ရဲ႕ ပခုံးကို မမွီတမွီလွမ္း႐ိုက္လိုက္သည္။
ထိုအခါမွ သတိဝင္ဟန္ သူ႕(ဧရာ)ကို အတင္းဆြဲဖက္ကာ ပခုံးအေပၚေခါင္းႀကီးေမွာက္ခ်ၿပီး ေက်ာျပင္ေတြသိမ့္ကနဲ သိမ့္ခနဲတုန္သြားေအာင္ တဟီးဟီး႐ိႈက္ငိုေလသည္။
“ ဟာ ေဟ့ေကာင္”
ဧရာ ဒီလိႈင္းခက္ထန္ဆိုတဲ့ သံမဏိခဲႀကီးငိုတာ အခုမွ ၾကဳံဖူးသျဖင့္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ကာ ဘာလုပ္ရမွန္းမသိ ေတာင့္ေတာင့္ေလးျဖစ္ေန၏။ ေနာက္ဆုံး ေက်ာျပင္ကို ခပ္ဖြဖြသပ္ေပးကာ ႏွစ္သိမ့္ေပးလိုက္မိေတာ့သည္။
“ ဘာျဖစ္တာတုန္းကြာ ႐ုတ္တရက္ႀကီး..”
ဆရာဝန္ကလဲ ျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေန၏။
အၿမဲတမ္း႐ုပ္တည္နဲ႔ ခက္ခက္ထန္ထန္ေနတတ္သူက ႐ိႈက္ငင္ၿပီးငိုေနတယ္ဆိုတာ မဆန္းက်ယ္ေပဘူးလား..။
“ မငိုနဲ႔ေတာ့..ဘာျဖစ္တာလဲ ေျပာျပၿပီးမွ ဆက္ငို။ ငါတအားသိခ်င္ေနလို႔ပါကြာ”
ဧရာထိုသို႔ေျပာမွ ဒီလိႈင္းေခါင္းေထာင္လာၿပီး မ်က္ရည္ေတြကို လက္ပခုံႏွင့္သုတ္ကာ ဧရာ့ ပခုံးႏွစ္ဖက္ကိုဖ်စ္ညႇစ္လ်က္…
“ ငါ ငါ့မွာႏြယ့္ကေလး..အာမဟုတ္..ႏြယ့္မွာ ငါ့ကေလး႐ွိေနၿပီတဲ့ “
“ဘယ္လို…”
ဒီလိႈင္းက ဧရာ့ပခုံးႏွစ္ဖက္ကို ညႇစ္ကာဆြဲလႈပ္ေနသည့္ၾကားမွာ အာေမဍိတ္အသံထြက္ျဖစ္ေအာင္ ထြက္သြားသည့္ ဧရာ..။ ဆရာဝန္ကို ခ်က္ခ်င္းၾကည့္လိုက္ေတာ့ ေခါင္းညိတ္ျပကာ အေသးစိတ္ကိုေျပာျပသည္။
“ ဒီက လူနာကိုစမ္းသပ္လိုက္ေတာ့ ေနာက္ထပ္ေသြးခုန္ႏႈန္းတစ္ခုကို ေတြ႕မိတယ္..။ အဲ့တာ ကိုယ္ဝန္႐ွိေနတဲ့ လကၡဏာလို႔ ေကာက္ခ်က္ခ်ထားတယ္။ ကိုယ္ဝန္ေဆာင္ႏိုင္တဲ့ ေယာက်ၤားေလးဆိုတာ လူတစ္ရာမွာ တစ္ေယာက္ပဲ႐ွိလိမ့္မယ္။ ဒီလူနာက ေမြးရာပါ သားအိမ္ပါတာမ်ိဳး..ဒါမွမဟုတ္ရင္ ထည့္ထားတာမ်ိဳး ျဖစ္လိမ့္မယ္။ ဒီ့ထက္ေသခ်ာခ်င္ရင္ ဒီလူနာႏိုးလာတဲ့အခါ ဆီးစစ္ၾကည့္ပါ။ ပိုၿပီးေသခ်ာခ်င္ရင္ ေဆး႐ုံမွာ ေသေသခ်ာခ်ာေလး စစ္ၾကည့္လိုက္ပါ”
ဧရာ အံ့ဩသြားရသည္။
ေယာက်ၤားတစ္ေယာက္က ကိုယ္ဝန္ေဆာင္ႏိုင္တာ သူျဖင့္မယုံႏိုင္ေသး..။
သို႔ေသာ္လည္း သူအရမ္းဝမ္းသာ၏။
မ်ိဳးစပ္မ႐ွိ၊ တြယ္တာစရာမ႐ွိေတာ့သည့္ သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ ဘဝေတြ..။ ေလာကဓံေၾကာင့္ မိသားစုမက်န္ေတာ့သည့္ ဒီလိႈင္း၏ ဘဝ..။ ထိုဂႏၲာရသဖြယ္ ဘဝေတြကို ေအးျမေစမယ့္ ေရၾကည္တစ္ေပါက္က ဒီေန႔ဒီအခ်ိန္မွာ ထြက္ေပၚလာခဲ့ၿပီ..။
သူကိုယ္တိုင္က ဒီလိႈင္းကို ညီအစ္ကိုအရင္းအခ်ာလို သတ္မွတ္ထားသည္မို႔ ေနာက္ထပ္မိသားစုဝင္တိုးလာမွာ သူ႕အတြက္ေပ်ာ္မဆုံးႏိုင္..။
“ ငါ..ငါ ဦးကို သြားေျပာလိုက္အုံးမယ္..မဟုတ္ ဆရာ့ကိုျပန္လိုက္ပို႔လိုက္အုံးမယ္”
နဂိုထဲက အခန္းထဲမွာ႐ွိေနသည့္ လြမ္ေစးကို ေမ့ကာ အေယာင္ေယာင္အမွားမွားနဲ႔ျဖစ္ၿပီးမွ ဆရာဝန္ကိုမေခၚပါဘဲ ခုန္ဆြ ခုန္ဆြႏွင့္ထြက္သြားၿပီး တံခါးအဝေရာက္မွ ျပန္လွည့္လာၿပီး ဒီလိႈင္းကို လာဖက္သည္။
“Congratulations bro”
ဆိုၿပီး သူကပါ ဒီလိႈင္းကိုဖက္၍ တ႐ႈံ႕႐ႈံ႕ငိုေနေသး၏။ ငိုလို႔ဝေတာ့မွ ဖယ္ခြာသြားကာ ဆရာဝန္ကိုမေခၚဘဲ ထြက္သြားျပန္၏။
“ဒါဆို ကြၽန္ေတာ္ျပန္ပါေတာ့မယ္ BBrown လိုတဲ့အခ်ိန္ အခ်ိန္မေ႐ြးေခၚလိုက္ပါ”
ဆရာဝန္သည္ ကိုလြမ္ေစး၏ မိသားစုဆရာဝန္မို႔ ဒီလိႈင္းခက္ထန္ေရာ ဘုန္းျပည့္စုံကိုေရာပါသိေနသည္။ ရံဖန္ရံခါေတာ္ေတာ္ေလးေနမေကာင္းျဖစ္မွျပဖူးေပမယ့္ ဒီဆရာဝန္မွတ္မိေနတာ အေတာ္ေလးဉာဏ္ေကာင္းလို႔ျဖစ္ပါလိမ့္မည္။
ဆရာဝန္ျပန္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ကိုလြမ္ေစးတို႔ကပါ အလိုက္တသိနဲ႔ အခန္းထဲကထြက္သြားေလသည္။ ထိုမွကုတင္ေဘးတြင္ထိုင္ကာ သတိမရေသးသည့္လူ၏ လက္ဖမိုးျဖဴျဖဴကို ပါးတြင္ကပ္လ်က္ ကိုယ့္ကိုကိုယ္အျပစ္ျမင္ျခင္း၊ႏြယ္သာကီကို အားနာျခင္းကဲ့သို႔ေသာ ေဝခြဲမရျခင္း အေတြးနယ္နိမိတ္ကိုေက်ာ္လြန္ေနေလသည္။
ကေလးဆိုတာကို သူ(၁၉)ႏွစ္သား ႏြယ္သာကီကို စြဲလမ္းမိထဲက မေမွ်ာ္လင့္ေတာ့တာ..။ သူ႕အနာဂတ္မိသားစုထဲ ႏြယ္သာကီတစ္ဦးထဲသာ အရာရာျဖစ္ေစခဲ့တာ..။
သူကေလးမလိုခ်င္ခဲ့ဘူး။ သူ႕ညီမေလးေမြးတာကိုပဲ သူခ်စ္ေပးႏိုင္တယ္။ ညီမေလးဆုံးေတာ့ သူ႕မွာ ဘာေမွ်ာ္လင့္ခ်က္မွကိုမ႐ွိေတာ့ဘူး။ မိသားစုဆိုတာကိုလည္း မေတာင္းတမိေတာ့ဘူး။
သူ႕ဘဝထဲကို ႏြယ္သာကီက တစ္ဖန္တိုးဝင္လာခဲ့ၿပီး ေနာက္ႏြယ္မွ်င္တစ္မွ်င္ႏွင့္ ႏြယ္သာကီက သူ႕ဘဝကို ခ်ည္ၿပီးတုတ္ၿပီး အပိုင္ခ်ည္ေႏွာင္လိုက္ျပန္သည္။
ခင္ဗ်ား သိပ္ေတာ္ပါတယ္ ႏြယ္သာကီ..ခင္ဗ်ားေၾကာင့္ ဘဝေသသြားခဲ့တဲ့ေကာင္ကို ဘဝအသစ္ျပန္ေပးျပန္တယ္.. ခင္ဗ်ားသိပ္ေတာ္တယ္..။
အခ်စ္ဆိုတာ ဘယ္ေလာက္ နာက်ည္းက်ည္းအျပစ္မျမင္ႏိုင္ျခင္းတဲ့..။ သူႏြယ္သာကီကို အျပစ္မျမင္ေတာ့တဲ့အျပင္ ဘယ္ေတာ့မွမုန္းမရတဲ့ လူတစ္ေယာက္မို႔ ထပ္တိုးခ်စ္မိျပန္သည္။
“ ေမာင္ မင္းကိုခ်စ္တယ္ ႏြယ္..မင္းကိုပဲ..မင္းကိုပါပဲ ႏြယ္..။ ေမာင္ မင္းကိုစြန္႔လႊတ္ဖို႔ႀကိဳးစားခဲ့တဲ့ အတိတ္ကေန႔စြဲေတြက ဒုနဲ႔ေဒးပါပဲ ႏြယ္ရယ္။ ဘယ္လိုလုပ္မလဲ ေမာင့္အခ်စ္က မင္းကိုအျပစ္မျမင္ႏိုင္ျခင္းကေန အစျပဳၿပီး မစြန္႔လႊတ္ႏိုင္ျခင္းမွာအဆုံးသတ္ပါတယ္ ေမာင့္ႏြယ္ရယ္”
ဒီလိႈင္း တဖြဖြေျပာကာ မ်က္ရည္သြင္သြင္က်ဆင္းေနသည္ကိုမသုတ္မိပဲ ဆက္တိုက္ငိုေႂကြးေနခဲ့သည္။
မရည္႐ြယ္ပဲ သတ္ခဲ့မိတဲ့ သူတစ္ပါးအသက္ေၾကာင့္ နာက်င္မႈဝဋ္ေကြၽးလိုက္လာခဲ့လွ်င္ ဒီဘဝ၊ဒီမွ်နဲ႔သာ ေက်ပါေစေတာ့…။
ခဏၾကာေတာ့ ႏြယ္သာကီကို ရင္ဘတ္ေပၚအထိ ေစာင္ျခဳံေပးခဲ့ၿပီး တိုင္ပင္ေဆြးေႏြးစရာမ်ားအတြက္ အခန္းျပင္ကိုထြက္လာခဲ့သည္။ ညဥ့္နက္ေနေသာ္ျငားလည္း သူ၏အစ္ကိုေတြကေတာ့ စီစဥ္စရာမၿပီးေသးပဲ ျပန္မည္မဟုတ္ေခ်။
“Congratulations ဒီလိႈင္း”
“Thanks bro”
“ငါတို႔ထဲမွာအငယ္ဆုံးက ကေလးအေဖအရင္ျဖစ္ရတယ္လို႔ကြာ..ကေတာက္စ္..”
ဘုန္းျပည့္စုံ(ကိုပိန္)၏ စေနာက္မႈေၾကာင့္ စိတ္ညစ္ေနသည့္ၾကားမွ ညစ္က်ယ္က်ယ္ျပဳံးကာ မ်က္ခုံးပင့္ျပလိုက္သည္။
“ ေကာင္ဆိုးေလး ေတာ္ေတာ္ေပ်ာ္ေနတယ္ေပါ့..”
“ အမ်ားႀကီးမေပ်ာ္ရဲပါဘူး အဲ့ဆရာဝန္မွားတာဆိုဘယ္လိုလုပ္မလဲ..အဲ့တာေၾကာင့္ ႏြယ္သာကီႏိုးလာရင္ ဘာမွမေျပာၾကနဲ႔အုံးေနာ္ ေသခ်ာမွေျပာမယ္..”
“ ေအး..”
“ ဒီလိႈင္း မင္း ဘယ္ေဆး႐ုံမွာျပခ်င္လဲ..”
စေနာက္ေနၾကသည့္ သူတို႔ႏွစ္ဦး၏ စကားစကို ကိုလြမ္ေစးကဖ်က္ၿပီး လိုရာကိုေျပာ၏။
“ မသိဘူး..ျမန္မာျပည္မွာပဲျပရင္ေကာင္းမလားလို႔..ဒါေပမဲ့ ဒီႏိုင္ငံမွာ ဒီကိစၥက သိပ္မထြန္းကားေသးေတာ့ ပတ္ဝန္းက်င္ေၾကာင့္ က်ဳပ္ပန္းေလးမ်က္ႏွာညိႇဳးမွာေၾကာက္ရတယ္..”
“ဪ..မခ်စ္ေပလို႔ပဲ ႏုယြေနလိုက္တာေနာ္..”
“ မင္း အေပါက္ပိတ္..”
အေကာင္းေျပာလိုက္ ဘုန္းျပည့္စုံမဟုတ္ရင္ ဧရာဇင္ကဝင္ေႏွာက္လိုက္ျဖင့္ သူတို႔စကားဝိုင္းသည္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ႏွင့္ လိုရင္းမေရာက္ျဖစ္ေနၾကသည္။
“ အဲ့တာဆို ဘယ္ႏိုင္ငံမွာသြားေမြးခ်င္လဲ..လမရင့္ခင္ ေ႐ြ႕ေျပာင္းဖို႔တို႔ ေဆးခန္းျပဖို႔တို႔ လုပ္ရမယ္ေလ..”
“ စဥ္းစားမိသေလာက္ ဘန္ေကာက္ဆိုရင္ မဆိုးေလာက္ဘူး..”
“ အင္း..အဲ့မွာ ငါ့ညီ႐ွိတယ္ သူ႕ကိုဖုန္းဆက္လိုက္အုံးမယ္ ခဏ..”
နဂိုထဲက လြမ္ေစးသေဘာနဲ႔ ညီျဖစ္သူကိုဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္းေမးကာ ဘယ္လိုဆိုေကာင္းတယ္ဆိုၿပီး ဦးေဆာင္လုပ္လိုက္လွ်င္ ဒီလိႈင္းက ျငင္းမည္မဟုတ္။ သို႔ေသာ္ လြမ္ေစးသည္လည္း သူ၏ကေလးမဟုတ္ဘဲ ဒီလိႈင္း၏ကေလးမို႔ သူျဖစ္ေစခ်င္တဲ့ဆႏၵကိုေနာက္ထားကာ ဒီလိႈင္း၏ဆႏၵကို ဦးစားေပးသည္မွာသိသာလွသည္။
“အင္း အဲ့တာဆို ငါတို႔ မနက္မိုးလင္းရင္ေရာက္မယ္..”
လြမ္ေစးဖုန္းကိုစားပြဲေပၚတင္လိုက္ၿပီး ညီျဖစ္သူႏွင့္ တိုင္ပင္ခဲ့သမွ်ျပန္ကာေျပာျပရန္ျပင္သည္။
“လြမ္ေနာင္ကေျပာတယ္ အဲ့ဘက္ပိုင္းကြၽမ္းတဲ့ သူ႕ဆရာ ေနာက္တစ္လေနရင္ ကေနဒါကေန ဘန္ေကာက္ကိုလာမယ္တဲ့။ သူတို႔ဘက္မွာ ေမြးရာပါ သားအိမ္ပါတာက႐ွားပါးဆိုေပမယ့္ သားအိမ္ထည့္တာေတြ၊ အငွားကိုယ္ဝန္ေဆာင္ေတြေပါလို႔ ေထြေထြထူးထူးကိစၥမ႐ွိဘူးလို႔ေျပာတယ္။ ျဖစ္ႏိုင္ရင္ မနက္ျဖန္ပဲလာခဲ့လို႔ေျပာလို႔ ငါတို႔သြားၾကရေအာင္..”
“အင္း က်ဳပ္တို႔ မိုးမလင္းခင္ flightနဲ႔သြားၾကမယ္ Ticketက ရပါ့မလားေတာ့မသိဘူး...”
“အဲ့ကိစၥကရတယ္ ငါ့သူငယ္ခ်င္း ေလလိုင္းကေကာင္ကိုဖုန္းႀကိဳဆက္ထားလိုက္မယ္..”
“ အင္း..ဒါဆို ဒီညဒီမွာပဲအိပ္ၾကမလား..”
“ မနက္အတြက္အဝတ္အစားယူၿပီးရင္ ဒီမွာပဲအိပ္လိုက္ၾကမယ္..”
“ဟာ..ညဥ့္နက္ေနၿပီ ဟိုမွာပဲဝယ္ဝတ္လိုက္ေတာ့မယ္..အခုေတာ့ အိပ္မယ္ ဘယ္မွမသြားေတာ့ဘူး..”
ဧရာ ဂ်စ္ကန္ကန္နဲ႔ ခ်က္ခ်င္းအိပ္ေနက်အခန္းကို ဘယ္သူ႕မွကိုမေစာင့္ဘဲ ဦးစြာဝင္သြားခဲ့သည္။ သူတကယ္ကို အိပ္ခ်င္ေနပါၿပီ။
ထို႔ေနာက္ ကိုယ္စီအခန္းေတြဆီဝင္သြားၿပီး အိပ္စက္ျခင္းဆီသို႔…။
__________________________________