Restore The 90s

By Choco__JN

3.3K 423 78

A person changed for two reasons 1. Someone special come into their life. 2. Someone special left their life. More

📖
• 1 •
• 2 •
• 3 •
• 4 •
• 6 •
• 7 •

• 5 •

241 38 4
By Choco__JN

Unicode Version

ဟွာယောင်းအဆောင်ရဲ့ ကျောင်းပိတ်ရက်မနက်ခင်းကို ပုံဖော်ရမယ်ဆိုရင် စိတ်လက်ပေါ့ပါးစရာအတိ။ အနားယူရခြင်းက စိတ်ကျေနပ်စရာပဲ။ ကျောင်းပိတ်ရက်မလို့ အိမ်ပြန်တဲ့လူတွေကပြန်ကြသလို အဆောင်မှာပဲကျန်ခဲ့ကြတဲ့လူတွေကလည်း အေးအေးလူလူနဲ့ အားလပ်ရက်ကိုဖြတ်သန်းကြတယ်။

ဂျယ်မင်းတောင်မှ ဟယ်ချန်းဖွင့်ထားတဲ့ ရေဒီယိုကထုတ်လွှင့်တဲ့ ခေတ်ဟောင်းသီချင်းတွေကို စိတ်လိုလက်ရနဲ့ ခပ်တိုးတိုးလိုက်ဆိုနေခဲ့သေးတယ်။ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားမှုတွေက ပေါ့ပေါ့ပါးပါးနဲ့။ ပြတင်းပေါက်ရဲ့ တံစက်မြိတ်မှာချိတ်ထားတဲ့ ဒေစီကိုရေလောင်းနေတဲ့ ဟယ်ချန်းက ထိုသွက်လက်ပေါ့ပါးမှုကိုတွေကို ခပ်ပြုံးပြုံးနဲ့ လိုက်ကြည့်နေတော့တာပဲ။

" ပြန်လာပြီလား "

တံခါးဖွင့်သံနဲ့အတူ ဂျယ်မင်းရဲ့ သွက်လက်နေတဲ့အသံကိုကြားလိုက်ရတယ်။ ဂျယ်နိုပြန်လာပြီထင်တယ်။ ရေပန်းကရားကိုအောက်ပြန်ချလိုက်ပြီး လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဂျယ်နိုဖြစ်နေတယ်။ အထုပ်အပိုးတွေနဲ့ ဂျယ်နိုကို ဂျယ်မင်းက ဘေးကကူပေးတယ်။

" ငါမရှိတဲ့အချိန် နှစ်ယောက်လုံး ကောင်းကောင်းမွန်မွန်နေကြရဲ့လား "

" ဘာတွေပြောနေတာလဲ မနေ့ညက သူအဆောင်မှာ ပြန်မအိပ်ဘူးလေ "

ဂျယ်မင်းရဲ့ ခပ်ပြတ်ပြတ်စကားအဆုံးမှာ ဟယ်ချန်းက လန့်ဖြန့်သွားရတော့တာပဲ။ မပြောလောက်ဘူးလို့ ထင်ထားခဲ့တာ။

" အယ် ဟုတ်လား ဟယ်ချန်း? မင်းပြောတော့ ပိတ်ရက်ကို ဘယ်မှမသွားဘူးဆို "

" အာ အဲ့တာက... "

ဖြစ်နိုင်ချေရှိမယ့် ဆင်ခြေတစ်ခုကို ခေါင်းထဲမှာ အသည်းအသန်တွေးတောရတယ်။ ဘာမှတော့ မဖြစ်လောက်ပေမယ့် အမှန်တိုင်းပြောလိုက်ဖို့တော့ စိတ်ကူးမရှိဘူး။

" ကိစ္စတစ်ခုရှိလို့ ဒေါ်လေးတို့အိမ်မှာ ဝင်အိပ်ဖြစ်သွားတာ "

ခေါင်းတညိတ်ညိတ်နဲ့ ဂျယ်နိုက မေးခွန်းတွေတော့ ထပ်မမေးတော့။

" ဪ ဒါနဲ့ ဟယ်ချန်း "

အထုပ်တွေကို နေရာတကျပြန်ထားနေတဲ့ ဂျယ်နိုက တစ်ခုခုကိုပြောဖို့ သတိရသွားဟန်နဲ့ ဟယ်ချန်းကိုခေါ်လိုက်တယ်။

" မင်းကို အဆောင်အောက်မှာ စီနီယာမင်ဟျောင်း စောင့်နေတယ် "

" စီနီယာမင်ဟျောင်း? ဘာဖြစ်လို့ စောင့်နေတာလဲ? "

" အဲ့တာတော့ ငါဘယ်သိမလဲဟ သွားမေးကြည့်လေ "

ပြောပြောဆိုဆိုနဲ့ ဂျယ်နိုက စီနီယာစောင့်နေတဲ့နေရာကို မေးငေါ့ပြတယ်။ ဒေစီတွေစိုက်ထားတဲ့ ပြတင်းပေါက်ဘောင်အနားကို နောက်တစ်ခေါက်ထပ်သွားပြီး အဆောင်အောက်ကို ငုံ့ကြည့်လိုက်တော့ ဂျယ်နိုပြောတဲ့အတိုင်း ခြံအပြင်ဘက်မှာ ခပ်ကုပ်ကုပ်လေးရပ်နေတဲ့ စီနီယာ့ကိုတွေ့ရတယ်။

အရင်ရက်တွေက အဆောင်မှူးကိုယ်တိုင် ကြိုးစားပမ်းစား ပြန်ပြီးပြင်ဆင်ထားခဲ့တဲ့ အဆောင်ခြံစည်းရိုးတွေက ဆေးအရောင်အသစ်နဲ့ နေရောင်အောက်မှာ သန့်သန့်ပြန့်ပြန့်ရှိနေတယ်။ ခပ်သွက်သွက်ပြေးဆင်းလာတဲ့ ဟယ်ချန်းကိုမြင်တော့ မင်ဟျောင်းရဲ့မျက်လုံးတွေက အရောင်လက်ခနဲဖြစ်သွားတယ်။ မဖိတ်ခေါ်ထားတဲ့အပြုံးတွေက နှုတ်ခမ်းဒေါင့်မှာ လာခိုနားတယ်။

" စီနီယာ "

သူ့ဆီကိုပြေးလာတဲ့ ဟယ်ချန်းရဲ့ လည်ပင်းက ဒေစီပုံစံဆွဲကြိုးလေးက လှုပ်ရှားမှုတိုင်းမှာ ဝဲခနဲ။ ကာကီရောင်ဆွယ်တာပါးလေးနဲ့ ဟယ်ချန်းရဲ့ တည်ရှိမှုက မင်ဟျောင်းအတွက် စိတ်ကြည်နူးစရာပါပဲ။

" စီနီယာ ဘာပြောစရာရှိလို့လဲဗျ "

သူ့ကိုမြင်မြင်ချင်း ပြေးဆင်းလာခဲ့ပုံပဲ။ အတန်ငယ်မောနေပုံရတဲ့ ပါးပြင်တွေက ခပ်ဖျော့ဖျော့အနီရောင်သမ်းတယ်။

" ဘာမှတော့ပြောစရာမရှိပါဘူး။ ဒီအတိုင်း ဟယ်ချန်းရဲ့ စာအုပ်ကျန်ခဲ့လို့ လာပေးတာ "

ခပ်ဟောင်းဟောင်း စာအုပ်လေးတစ်အုပ်ကို သူ့လက်ထဲထည့်ပေးလာတယ်။ မနေ့ကလေးတင် စာအုပ်အဟောင်းတန်းက ဝယ်လာခဲ့တဲ့စာအုပ်ပဲ။ ပြန်ခါနီး ပစ္စည်းတွေသေချာစစ်ထားတဲ့ကြားကနေ ဒီစာအုပ်တစ်အုပ်က စီနီယာရဲ့ ပန်းချီဆိုင်ခန်းလေးမှာ ကျန်ခဲ့ပုံပေါ်တယ်။

" ကျောင်းဖွင့်တော့မှ ပြန်ပေးလည်းရပါတယ်ဗျ။ အခုလို တကူးတကလာပေးတော့ စီနီယာပင်ပန်းတာပေါ့ "

" ကိုယ်ကတော့ ပင်ပန်းတယ်လို့မထင်ပါဘူး "

" ဗျာ "

သေချာမစဉ်းစားမိဘဲ လွှတ်ခနဲပြောထွက်သွားမိတဲ့စကားနောက်မှာ မင်ဟျောင်းက အရှက်ပြေရယ်ရတော့တာပဲ။ ရှိုးတို့ရှန့်တန့်ဆန်တဲ့လေထုက ဟယ်ချန်းသူ့အနားမှာရှိတိုင်း ဖြစ်နေကြ။

" ဒိုယောင်းဆီကို လာရင်းလမ်းကြုံလို့ တစ်ခါတည်းဝင်ပေးလိုက်တာလေ။ တကူးတကမဟုတ်လို့ မပင်ပန်းပါဘူးလို့ပြောတာ "

အခုအချိန်ဆို ဆိုင်တံခါးကြီးဖွင့်ပြီး ကောင်တာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေမယ့် ဒိုယောင်းကို စိတ်ထဲက တောင်းပန်လိုက်ရတယ်။ ချောင်းတစ်ချက်ဟန့်ရင်း အကြောင်းပြချက်မရှိ ခြေစုံရပ်နေတဲ့ ခြေထောက်နှစ်ချောင်းကိုလှုပ်ရမ်းမိတော့ မြေကြီးမှာကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေက တဂျွတ်ဂျွတ်နဲ့အသံထမြည်တယ်။

" ဘာပဲဖြစ်ဖြစ် အခုလိုလာပေးတာ ကျေးဇူးပါဗျ "

မင်ဟျောင်းရဲ့ ဖြူစွတ်နေတဲ့ ဖိနပ်ထိပ်လေးတွေကို ငုံ့ကြည့်ရင်း နေရခက်စပြုလာတဲ့ လေထုကိုဟယ်ချန်းက အသာထိန်းလိုက်တယ်။

" ရပါတယ် မလိုပါဘူး။ မဟုတ်တောင် မနေ့ညက ဧည့်ဝတ်မကျေသလိုဖြစ်သွားလို့ ကိုယ်ကအားနာနေတာ "

" မနေ့ညက ဧည့်ဝတ်မကျေသွားစရာကိစ္စ တစ်ခုမှမရှိပါဘူးဗျ "

ဟယ်ချန်းရဲ့ ခပ်ဆတ်ဆတ်စကားနောက်မှာ မင်ဟျောင်း မျက်ခုံးပင့်မိတော့တာပဲ။ အရင်ကနဲ့ယှဉ်ရင်တော့ ဟယ်ချန်းက သူ့အပေါ်မှာ ပိုရင်းနှီးလာသလိုမျိုး။ သူအသာပြုံးမိတော့တယ်။

" ကိုယ်တို့ လမ်းလျှောက်ထွက်ကြမလား? "

" ဗျာ? "

သူ့စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားပုံရတဲ့ ဟယ်ချန်းက သူ့ဘက်ကိုခေါင်းလေးစောင်းကြည့်ရင်းပြောတယ်။ သူ အောက်နှုတ်ခမ်းကိုကိုက်လိုက်မိသလားပဲ။ ချစ်စရာကောင်းတယ်။

" အချိန်ပိုင်းအလုပ် သွားစရာရှိမလား? ကိုယ် လိုက်ပို့ပေးမယ်လေ "

ဟယ်ချန်းက သူထင်သလို သူ့စကားကို တုံ့ပြန်မလာဘူး။ သူတိတ်ဆိတ်နေသလိုမျိုး ပြန်တိတ်ဆိတ်နေရင်း သူ့ကိုငေးကြည့်လာတယ်။ သူ အတွက်မှားသွားခဲ့တာပဲ။ ဟယ်ချန်းကို သူနဲ့ရင်းနှီးနေပြီလို့ထင်ခဲ့မိတာ။ တကယ်တန်း ဟယ်ချန်းက အရင်လိုခန့်မှန်းရခက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပဲ။

" ရပါတယ်ဗျ ကျွန်တော့်ဘာသာ သွားလို့အဆင်ပြေပါတယ် "

မိနစ်အကြာကြီးနေမှ ဟယ်ချန်းရေရွတ်မိတဲ့စကားက ဒါပါပဲ။ ဟယ်ချန်းက သူ့အတွက် ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကြုံလာရင် အဲ့ဒီဖြစ်ရပ်ကို ဦးနှောက်နဲ့ဆက်စပ်မိဖို့အတွက် အချိန်အနည်းငယ်ယူရတဲ့ ပြဿနာရှိတယ်။ ဒါပေမယ့် အဲ့ဒီပြဿနာကို မင်ဟျောင်းက ခေါင်းထဲရှိပုံမပေါ်ဘူး။

" ကိုယ်လိုက်ပို့ပေးချင်လို့ပါ...ကိုယ့်ဆန္ဒပါ ဟယ်ချန်း ခွင့်ပြုပေးမယ်မလား? "

" ဗျာ "

" ဟေး ကိုယ်က မင်းရဲ့ စီနီယာနော်...စီနီယာရဲ့စကားကို ဂျူနီယာက နားထောင်သင့်တယ်မလား "

" အဲ့လိုကြီးကျ..."

ရှုံ့တက်သွားတဲ့နှာခေါင်းနဲ့အတူ ပြောလက်စ စကားကိုဆက်မပြောတော့ဘဲ ရပ်လိုက်တဲ့ဟယ်ချန်းကို မင်ဟျောင်း ရယ်စစပဲကြည့်နေလိုက်တယ်။ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ ဟယ်ချန်းရဲ့မျက်နှာအမူအယာက ဟယ်ချန်းကို သဘောတကျငေးကြည့်နေတဲ့ မင်ဟျောင်းအတွက်တော့ အသည်းယားစရာကောင်းနေတဲ့ပုံပါပဲ။

" အဲ့တာဆိုလည်း ဒီမှာခဏစောင့်ဦးဗျ။ ကျွန်တော်ပြန်လာခဲ့မယ် "

ပြောပြီးတာနဲ့ သူပြန်ပြောမယ့်စကားကိုတောင် မစောင့်ဘဲ အဆောင်ထဲကို ခပ်သုတ်သုတ်ပြန်ဝင်သွားတယ်။  သူအသာပြုံးလိုက်ရင်း ဘေးဘီဝဲယာကို မျက်လုံးကစားမိတယ်။ ကောင်းကင်ပြာဟာ တိမ်ဖြူလွှာတွေနဲ့ အလှဆင်လျက်သားပဲ။ မနေ့ကတင် မိုးအကြီးအကျယ်ရွာခဲ့တယ်လို့ မထင်ရလောက်အောင်ကို နေ့လည်ခင်းက စိမ်းလဲ့လဲ့အရောင်ခြယ်တယ်။ ရပ်ကွက်ထဲကလမ်းကျဉ်းလေးက ကလေးငယ်တချို့ရဲ့ ရယ်သံဟာခပ်လွင်လွင်ပါပဲ။ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်က ပေါ့ပေါ့ပါးပါးလေထုတွေလွှမ်းခြုံထားတယ်။

" စီနီယာ "

ဟယ်ချန်းရဲ့ ခေါ်သံဟာ သူ့ရဲ့အာရုံကို ခလုတ်တိုက်တယ်။ တစ်ခုခုထည့်ထားတဲ့ ပလတ်စတစ်အိတ်ကိုဆွဲထားတဲ့ဟယ်ချန်းက ကာကီရောင်ဆွယ်တာပါးလေးနဲ့ပဲ။ ခုနကတုန်းက အနည်းငယ်ရှုပ်ပွချင်သယောင်ဖြစ်နေတဲ့ဆံပင်တွေကိုတော့ ခပ်အုပ်အုပ်လေးဖြစ်အောင်ပြန်လုပ်ထားတယ်။

" သွားကြမယ်လေ "

" ဟုတ်ကဲ့ဗျ "

ရပ်ကွက်ရဲ့ ပတ်ဝန်းကျင်ဟာ နေရောင်ခြည်အောက်မှာတောင် ပျားပန်းခပ်လှုပ်ရှားနေကြဆဲပင်။ စိမ်းအုပ်အုပ်သစ်ပင်ကြီးတွေရှိတဲ့ လမ်းကြားထဲမှာ ဟယ်ချန်းနဲ့အတူဘေးချင်းယှဉ်ပြီး လမ်းလျှောက်ရတာက ပျော်စရာကောင်းတယ်လို့ မင်ဟျောင်းရဲ့ ဦးနှောက်က အလိုလိုစွဲမှတ်ပြီးသား။ ဘေးကိုလှည့်ကြည့်လိုက်တော့ ခပ်ပြုံးပြုံးဖြစ်နေတဲ့ ဟယ်ချန်းကိုတွေ့ရတယ်။ ဟယ်ချန်းက များသောအားဖြင့် အမြဲတမ်းပြုံးနေတတ်ပြီး မျက်နှာချိုတဲ့လူစားမျိုး။ ဒါပေမယ့် စကားမရှိစကားရှာချင်နေတဲ့ မင်ဟျောင်းအတွက်တော့ အဲ့ဒီအကြောင်းအရာကို အစဆွဲထုတ်လိုက်တော့တာပဲ။

" ဘာတွေအဲ့လောက်ပြုံးဖြီးနေတာလဲ "

သူ့အတွေးနဲ့သူဖြစ်နေတဲ့ ဟယ်ချန်းက အခုမှနိုးထလာဟန်။ မင်ဟျောင်းရဲ့နှုတ်ခမ်းတွေက ပိုပြီးကွေးညွှတ်သွားတယ်။

" ဒီအတိုင်းပါပဲဗျ "

" ဒီအတိုင်း? ကိုယ်နဲ့အတူ လမ်းလျှောက်ထွက်နေရတာက မင်းရဲ့ပျော်ရွှင်မှုအကြောင်းပြချက်လို့ တွေးလိုက်မိတာ...မဟုတ်ဘူးပဲ "

" အယ် "

ဟယ်ချန်းမှာ ရုတ်တရက်အငိုက်မိသွားရတယ်။ စီနီယာမင်ဟျောင်းက အဲ့လိုလည်း လူကို ပြောစရာစကားလုံးပျောက်အောင်လုပ်တတ်သေးတာ။

ဘာပြန်ဖြေလို့ ဖြေရမယ်မှန်းမသိတဲ့ ဟယ်ချန်းက နေရခက်စွာနဲ့ပဲ မျက်နှာလွှဲတယ်။ သူ့လည်ပင်းက ဒေစီပုံစံဆွဲကြိုးလေးက ယိမ်းလို့ဝဲလို့။

" ကိုယ်က ဒီအတိုင်းစလိုက်တာပါ "

နေရခက်သွားတဲ့ ဟယ်ချန်းရဲ့ပုံစံကို သတိထားမိတဲ့ မင်ဟျောင်းက သူကိုယ်တိုင်လည်း လွှတ်ခနဲပြောလိုက်မိတဲ့ သူ့ရဲ့စကားအပေါ် မယုံကြည်နိုင်ဟန်နဲ့ အကြောင်းပြချက်ပေးလာတယ်။ နေရခက်လာရင် အောက်နှုတ်ခမ်းကိုကိုက်လေ့ရှိတဲ့ မင်ဟျောင်းက ဟယ်ချန်းနဲ့အတူရှိချိန်တိုင်း အောက်နှုတ်ခမ်းတွေ နီရဲနေတတ်တယ်။

" ဟုတ် ရပါတယ်ဗျ "

ဒီလိုနဲ့ အချိန်အတော်အတန်ကြာ တိတ်ဆိတ်သွားတဲ့ စကားဝိုင်းမှာ ဘယ်သူမှထပ်ပြီး စကားမစမိကြတော့။ တိတ်တဆိတ်နဲ့ဖြည်းဖြည်းချင်း လမ်းလျှောက်လာရင်း မိနစ်အနည်းငယ်ကြာတော့ ဟယ်ချန်းရဲ့ စာကြည့်တိုက်ရှေ့ကိုရောက်လာခဲ့တယ်။

" အဲ့တာဆို ကျွန်တော်သွားတော့မယ်နော်...လိုက်ပို့ပေးလို့ ကျေးဇူးပါဗျ "

" ပြန်ရင်ရော ကိုယ်လာကြိုရဦးမလား? "

" အဲ...ရပါတယ်ဗျ မလိုပါဘူး! "

အသည်းအသန်ထငြင်းတဲ့ ဟယ်ချန်းကိုကြည့်ရင်း မင်ဟျောင်းက စိတ်လိုလက်ရရယ်တယ်။

" အဲ့တာဆို ကျောင်းပြန်တက်မှ တွေ့ကြမယ်နော် "

" ဟုတ်ကဲ့ဗျ "

သူ့ကိုနှုတ်ဆက်ပြီး လှည့်ထွက်သွားတဲ့ စီနီယာမင်ဟျောင်းရဲ့ ကျောပြင်ကို တစ်ချက်ငေးရင်း စာကြည့်တိုက်ထဲကို ဝင်လိုက်တော့တယ်။

-Restore The 90s-

" ကင်မ်ချီနဲ့ ထမင်းလိပ်တစ်ထုပ် "

ထရပ်ကားလေးထဲမှာ ထိုင်နေတဲ့ဆိုင်ရှင်အန်တီကြီးဆီ လက်ထဲက ကျသင့်ပမာဏပိုက်ဆံကို လှမ်းပေးနေတုန်း သူ့ဘေးမှာ လှစ်ခနဲလာရပ်တဲ့လူကို ဘေးတစောင်းမြင်လိုက်ရုံနဲ့ ဘယ်သူလဲဆိုတာ ဟယ်ချန်းက သိနှင့်နေပြီ။

" ဂျယ်နို "

ဟီးခနဲရယ်ပြလာတဲ့ ဂျယ်နိုက လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ရင်း ဆယ်လ်မွန်နဲ့ ထမင်းလိပ်တစ်ထုပ်မှာလိုက်တယ်။

" ဂျယ်မင်းအတွက်လေ "

ကျသင့်ငွေပမာဏကို ဆိုင်ရှင်အန်တီကြီးဆီပေးနေရင်း သူ့ကိုလှမ်းပြောတယ်။ စကားဝိုင်းထဲမှာ ဂျယ်မင်းရဲ့နာမည်ပါလာတာနဲ့ ဂျယ်နိုရဲ့မျက်လုံးတွေက ပြောင်းလဲသွားတတ်တယ်။ မြတ်နိုးမှုတွေပျော်ဝင်နေတဲ့ ဂျယ်နိုရဲ့ မေတ္တာအရိပ်အယောင်တွေကို အပြင်လူဖြစ်တဲ့ ဟယ်ချန်းတောင်မှ သေသေချာချာမြင်ရနိုင်တယ်။

အချိန်မဟုတ် အခါမဟုတ်တဲ့ မိုးစက်တွေက တက္ကသိုလ်ဝန်းကျင်မှာ ဟိုဟိုဒီဒီအပြေးအလွှားခုန်ဆင်းလာကြတယ်။ အဲ့ဒီနေ့ ညနေခင်းကလိုပဲ။ စီးကရက်ငွေ့ဝေတဲ့ ညနေခင်းအကြောင်း ပြန်စဉ်းစားမိပြန်တော့ သူသဘောတကျပဲပြုံးလိုက်မိတယ်။ ဒီတစ်ပတ်ပိတ်ရက်ရောက်ရင် အဟောင်းဆိုင်တန်းတွေရှိတဲ့ လမ်းကြားလေးထဲက ခပ်နွမ်းနွမ်းပန်းချီဆိုင်ကို သေချာပေါက် ရောက်အောင်သွားမယ်လို့ သူဆုံးဖြတ်ပြီးသား။

" ဟယ်ချန်း မင်း မျက်ကွင်းတွေညိုနေတယ် အခုတလော အိပ်မပျော်ဘူးလား "

ဝတ်ထားတဲ့ မျက်မှန်လေးထောင့်ကိုင်းကို လက်ညှိုးနဲ့ပင့်တင်ရင်း ဂျယ်နိုက ဟယ်ချန်းကိုမေးလာတယ်။ ပုံမှန်ဆို ဂျယ်နိုက မျက်မှန်တပ်လေ့ရှိတာမဟုတ်ဘူး။ ဒီနေ့က ကျောင်းမှာအရေးကြီးတဲ့အတန်းချိန်ရှိတာမလို့ ဘာစာမှမလွတ်သွားရအောင် မျက်မှန်တပ်လာခဲ့တာ။

" ဟုတ်တယ် ပရောဂျက်ကြောင့်လေ စဉ်းစားစရာတွေများနေလို့ "

ဟယ်ချန်းရဲ့ အသံက ခပ်တိုးတိုးပဲ။ တကယ်လည်း ဒီရက်ပိုင်းအတွင်း ပရောဂျက်ကြောင့် စိတ်ဖိစီးနေရတာနဲ့ ကောင်းကောင်းမအိပ်နိုင်ခဲ့ဘူး။ အခုများတော့ ဟယ်ချန်းရဲ့ မျက်နှာပေါက်က စာခြောက်ရုပ်ဆန်တယ်။ ညိုတိုတိုမျက်ကွင်းတွေက သူ့မျက်လုံးအောက်မှာ နေရာယူခဲ့ပြီးပြီဖြစ်တယ်။ တနင်္လာနေ့ဟာ ပျင်းပျင်းရိရိကို စတင်ခဲ့တော့တာပဲ။

" ဟယ်ချန်း... "

ဂျယ်နိုရဲ့ ခြေလှမ်းတွေက တုံ့ခနဲရပ်သွားတယ်။ ပြီးတော့ ဘေးမှာရှိနေတဲ့ဟယ်ချန်းရဲ့ နာမည်ကို ခပ်အုပ်အုပ်လှမ်းခေါ်လိုက်တယ်။ နာမည်အခေါ်ခံလိုက်ရတဲ့ ဟယ်ချန်းက ယောင်တောင်တောင်နဲ့ ဂျယ်နိုကို လှမ်းကြည့်တော့ တစ်နေရာရာကို မေးငေါ့ပြနေတာကိုတွေ့ရတယ်။

" ငါတို့ရဲ့ ပါချုပ်လေ "

ဂျယ်နိုပြနေတဲ့နေရာကို သေချာကြည့်လိုက်တော့ အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဝတ်ပုံစားပုံနဲ့ မျက်နှာကိုကြည့်လိုက်တာနဲ့ ပေါ့သေးသေးအရှိန်အဝါမဟုတ်တာကို ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဟယ်ချန်းတောင် ခံစားမိတယ်။ စည်းကမ်းတင်းကြပ်မယ့်ပုံပဲ။

" ဒီနှစ်မှ ဒီကိုပြောင်းလာတာလေ။ စည်းကမ်း တအားတင်းကြပ်တာတဲ့ "

ဟယ်ချန်းရဲ့ အတွေးတွေကို ဂျယ်နိုဟာ လိုလိုလားလားပဲ ထောက်ခံပေးတယ်။ ထမင်းလိပ်အထုပ်ကိုဖောက်ရင်း ဟယ်ချန်းမျက်နှာ ရှုံ့မဲ့လိုက်မိတယ်။ သူတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကတော့ သာယာတော့မှာပဲ။

" ပြီးတော့ ပါချုပ်က ဘွဲ့တွေအများကြီးရထားတာလေ။ သူ့မှာ အားသာချက်တွေအများကြီးပဲ ပြောလို့တောင် ကုန်မှာမဟုတ်ဘူး "

ဂျယ်နိုက သိထားသမျှအကြောင်းအရာတွေအကုန်လုံးကို ဟယ်ချန်းကိုဖောက်သည်ချချင်နေပုံပေါ်တယ်။ ထမင်းလိပ်တစ်ခုကို တူနဲ့ညှပ်ပြီး ပါးစပ်ထဲထည့်လိုက်ရင်း ဟယ်ချန်းခေါင်းညိတ်ပြလိုက်တယ်။

" သူ့အားသာချက်တွေထဲက နာမည်ကြီးတာတစ်ခုက လက်ရေးကို ပုံတူကူးနိုင်တာလေ။ ဘယ်သူ့လက်ရေးဖြစ်ဖြစ် အဲ့ဒီလူရဲ့လက်ရေးအတိုင်း တစ်ပုံစံတည်းဖြစ်အောင် ရေးနိုင်တယ်တဲ့ "

" ဟုတ်လား? "

မကြားစဖူးအကြောင်းအရာကို ကြားလိုက်ရတာမို့လို့ ထမင်းလိပ်ကိုဝါးနေရင်းတန်းလန်းနဲ့ ဟယ်ချန်းမေးလိုက်တော့ ဂျယ်နိုက ခေါင်းတဆတ်ဆတ်ညိတ်ပြတယ်။ ဟယ်ချန်း နောက်ထပ်ထမင်းလိပ်တစ်ခုကို ပါးစပ်ထဲထည့်လိုက်ရင်း ပါချုပ်ဆိုတဲ့လူကို သေချာပြန်ကြည့်လိုက်တယ်။

လက်ရေးပုံတူကူးနိုင်တာများ ဘာထူးဆန်းလို့လဲ?

-Restore The 90s-

ဂျယ်မင်းကိုကြည့်လိုက်ရင် အမြဲမျက်နှာရှစ်ခေါက်ချိုးနဲ့။ ဂျယ်မင်းရဲ့ အလိုမကျတဲ့မျက်နှာကို မြင်ရတာများလာတဲ့ ဟယ်ချန်းက ဂျယ်မင်း မူရင်းမျက်နှာပုံစံကိုပါ မေ့ပျောက်ချင်သလိုလိုဖြစ်လာတယ်။  ဒါမှမဟုတ် ဂျယ်မင်းရဲ့ မွေးရာပါရုပ်ရည်ကိုက အဲ့ဒီအတိုင်းပဲဖြစ်ချင်ဖြစ်နေနိုင်တာပဲလို့ ဟယ်ချန်းတွေးလိုက်တယ်။

" ဂျယ်မင်းက ခါတိုင်းဒီလိုမျိုးမဟုတ်ပါဘူး။ သူက သဘောကောင်းတယ်။ အခုက သူစိတ်မကြည်လို့နေမှာ " ဆိုတဲ့ အဆောင်ကို ပထမဆုံးစရောက်တဲ့ရက်က ဂျယ်နိုပြောခဲ့တဲ့စကားကို ဟယ်ချန်းပြန်ကြားယောင်လာတယ်။

ကြည့်ရတာ ဂျယ်မင်းက သူ့ကိုမြင်တိုင်း စိတ်မကြည်နေတဲ့ပုံပဲ။ စာကြည့်စားပွဲပေါ်မှာထိုင်နေရင်း ဟယ်ချန်း ခပ်ရွဲ့ရွဲ့တွေးလိုက်တယ်။

အခုလည်း ကြည့်လေ။ တစ်ခန်းတည်းမှာ နှစ်ယောက်အတူရှိနေတာတောင် သူ့ကိုတစ်စက်ကလေးမှ အဖတ်မလုပ်ဘူး။

ဂျယ်နိုက မနေ့ညကတည်းက မိသားစုပြဿနာရှိလို့ဆိုပြီး အိမ်ကိုပြန်သွားတာ။ ဒီနေ့အတန်းလည်း လာမတက်သလို အခုထိလည်း အဆောင်ကိုပြန်မလာသေးဘူး။ ဟယ်ချန်း မှောင်ရီပျိုးစဖြစ်လာပြီဖြစ်တဲ့ ကောင်းကင်ကို ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်။ ဆိုးလ်မြို့ရဲ့ အားနည်းချက်က ထူထပ်နေတဲ့ တိုက်တွေကြောင့် ကြယ်တွေကို သေချာမမြင်ရတာပဲ။ ပြတင်းပေါက် တံစက်မြိတ်မှာတော့ သူချိတ်ထားတဲ့ ဒေစီတွေက ရေမလောင်းတာကြာလို့ ခပ်ခြောက်ခြောက်ဖြစ်နေကြပြီ။ လန်းလန်းဆန်းဆန်းမရှိတော့တဲ့ ဒေစီတွေကိုကြည့်ပြီး ဟယ်ချန်းစိတ်မကောင်းဖြစ်သွားရတယ်။ တစ်လက်စထဲ မနက်ဖြန်ကစပြီး ဒေစီတွေကို ရေပြန်လောင်းရမယ်လို့ တွေးထားလိုက်တယ်။

သုံးပတ်လောက်နီးပါး ဟယ်ချန်း စိတ်ဒုက္ခရောက်ခဲ့ရတဲ့ ပရောဂျက်ကလည်း မနေ့ကပဲ အောင်အောင်မြင်မြင်နဲ့ပြီးသွားတယ်။ အဲ့ဒီပရောဂျက်ကြောင့် ဟယ်ချန်း ဒေစီတွေကို ရေလောင်းဖို့မေ့ခဲ့ရသလို ပန်းချီဆိုင်ဆီကိုလည်း မသွားဖြစ်ခဲ့ရတာ။ ပိတ်ရက်ရောက်ရင် ပြန်လာခဲ့မယ်လို့ပြောခဲ့ပေမယ့် သူအခုထိမရောက်ဖြစ်သေးတာမို့လို့ စိတ်များဆိုးနေလောက်မလားလို့ တွေးမိပေမယ့် မနက်ကလေးတင် သူ့ကိုနှုတ်ဆက်နေတဲ့ စီနီယာမင်ဟျောင်းရဲ့ မျက်နှာက ကြည်ကြည်လင်လင်မို့လို့ စိတ်အေးရတယ်။

" ဂျယ်နိုက ဘယ်နေ့ပြန်လာမှာလဲ သိလား? "

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ မနေတတ်လွန်းတော့တာမို့လို့ ဟယ်ချန်းဘက်ကပဲ စပြီးစကားပြောလိုက်တယ်။ မဟုတ်ရင် ဂျယ်မင်းဘက်ကတော့ ဒီတစ်သက် သူ့ကိုစကားစပြောလာမှာ မဟုတ်ဘူးဆိုတာ ဟယ်ချန်း သိသင့်သလောက်တော့ သိပြီးနေပြီ။

" မသိဘူး "

ဂျယ်မင်းက ဖတ်လက်စ စာအုပ်ပေါ်ကနေ မျက်နှာမလွှဲဘဲ ခပ်ပေါ့ပေါ့ပြန်ဖြေတယ်။ ဟယ်ချန်းကို ဖုန်တစ်မှုန့်စာလောက်တောင် ဦးနှောက်ထဲမထည့်သလိုမျိုး။ အဲ့လိုမျိုးနဲ့ နာဂျယ်မင်းက သူ့အတွက် စိတ်ရှုပ်ဖို့သိပ်ကောင်းတယ်။

" မင်း ဘာစာအုပ်ဖတ်နေတာလဲ? "

ဒါပေမယ့် ဟယ်ချန်းက ဂျယ်မင်းနဲ့ရင်းနှီးချင်တဲ့ စိတ်ကူးလေးကိုတော့ မစွန့်လွှတ်သေးဘူး။ ရှိတာမှ အခန်းဖော်နှစ်ယောက်တည်း။ အခန်းဖော်နှစ်ယောက်မှာ တစ်ယောက်က သူ့ကို တစ်စက်ကလေးမှ အဖတ်မလုပ်ဘူးဆိုတာကို သိရတာ သူ့အတွက် လွန်စွာမှ စိတ်ကိုကသိကအောက်ဖြစ်စေတယ်။

" ..... "

ဂျယ်မင်းက သူ့မေးခွန်းကို ပါးစပ်နဲ့ပြန်မဖြေဘဲ ဖတ်နေတဲ့ စာအုပ်ကိုအဖုံးကိုသာ ငါးစက္ကန့်လောက်ထောင်ပြတယ်။ ပြီးတော့ ခုနကအတိုင်း ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ စာအုပ်ပြန်ဖတ်နေတော့တာပဲ။

ဂျယ်မင်း ထောင်ပြလိုက်တဲ့ စာအုပ်အဖုံးကို သေချာမမြင်လိုက်ရတဲ့ ဟယ်ချန်းက ခေါင်းကိုစောင်းပြီး စာအုပ်နာမည်ကို မရမကလှမ်းကြည့်လိုက်သေးတယ်။

ငရဲလမ်းသို့ အသွား

ဒီလိုနဲ့ပဲ ဟယ်ချန်းက ဂျယ်မင်းနဲ့ ရင်းနှီးချင်နေတဲ့ စိတ်ကူးလေးကို ရေမျှောပစ်လိုက်တော့တယ်။

-To Be Continue

Zawgyi Version

ဟြာေယာင္းအေဆာင္ရဲ႕ ေက်ာင္းပိတ္ရက္မနက္ခင္းကို ပုံေဖာ္ရမယ္ဆိုရင္ စိတ္လက္ေပါ့ပါးစရာအတိ။ အနားယူရျခင္းက စိတ္ေက်နပ္စရာပဲ။ ေက်ာင္းပိတ္ရက္မလို႔ အိမ္ျပန္တဲ့လူေတြကျပန္ၾကသလို အေဆာင္မွာပဲက်န္ခဲ့ၾကတဲ့လူေတြကလည္း ေအးေအးလူလူနဲ႔ အားလပ္ရက္ကိုျဖတ္သန္းၾကတယ္။

ဂ်ယ္မင္းေတာင္မွ ဟယ္ခ်န္းဖြင့္ထားတဲ့ ေရဒီယိုကထုတ္လႊင့္တဲ့ ေခတ္ေဟာင္းသီခ်င္းေတြကို စိတ္လိုလက္ရနဲ႔ ခပ္တိုးတိုးလိုက္ဆိုေနခဲ့ေသးတယ္။ ေႏြးေထြးတဲ့ ေနေရာင္ျခည္ေအာက္မွာ သြားလာလႈပ္ရွားမႈေတြက ေပါ့ေပါ့ပါးပါးနဲ႔။ ျပတင္းေပါက္ရဲ႕ တံစက္ၿမိတ္မွာခ်ိတ္ထားတဲ့ ေဒစီကိုေရေလာင္းေနတဲ့ ဟယ္ခ်န္းက ထိုသြက္လက္ေပါ့ပါးမႈကိုေတြကို ခပ္ၿပဳံးၿပဳံးနဲ႔ လိုက္ၾကည့္ေနေတာ့တာပဲ။

" ျပန္လာၿပီလား "

တံခါးဖြင့္သံနဲ႔အတူ ဂ်ယ္မင္းရဲ႕ သြက္လက္ေနတဲ့အသံကိုၾကားလိုက္ရတယ္။ ဂ်ယ္ႏိုျပန္လာၿပီထင္တယ္။ ေရပန္းကရားကိုေအာက္ျပန္ခ်လိုက္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ထင္တဲ့အတိုင္း ဂ်ယ္ႏိုျဖစ္ေနတယ္။ အထုပ္အပိုးေတြနဲ႔ ဂ်ယ္ႏိုကို ဂ်ယ္မင္းက ေဘးကကူေပးတယ္။

" ငါမရွိတဲ့အခ်ိန္ ႏွစ္ေယာက္လုံး ေကာင္းေကာင္းမြန္မြန္ေနၾကရဲ႕လား "

" ဘာေတြေျပာေနတာလဲ မေန႔ညက သူအေဆာင္မွာ ျပန္မအိပ္ဘူးေလ "

ဂ်ယ္မင္းရဲ႕ ခပ္ျပတ္ျပတ္စကားအဆုံးမွာ ဟယ္ခ်န္းက လန္႔ျဖန္႔သြားရေတာ့တာပဲ။ မေျပာေလာက္ဘူးလို႔ ထင္ထားခဲ့တာ။

" အယ္ ဟုတ္လား ဟယ္ခ်န္း? မင္းေျပာေတာ့ ပိတ္ရက္ကို ဘယ္မွမသြားဘူးဆို "

" အာ အဲ့တာက... "

ျဖစ္ႏိုင္ေခ်ရွိမယ့္ ဆင္ေျခတစ္ခုကို ေခါင္းထဲမွာ အသည္းအသန္ေတြးေတာရတယ္။ ဘာမွေတာ့ မျဖစ္ေလာက္ေပမယ့္ အမွန္တိုင္းေျပာလိုက္ဖို႔ေတာ့ စိတ္ကူးမရွိဘူး။

" ကိစၥတစ္ခုရွိလို႔ ေဒၚေလးတို႔အိမ္မွာ ဝင္အိပ္ျဖစ္သြားတာ "

ေခါင္းတညိတ္ညိတ္နဲ႔ ဂ်ယ္ႏိုက ေမးခြန္းေတြေတာ့ ထပ္မေမးေတာ့။

" ဪ ဒါနဲ႔ ဟယ္ခ်န္း "

အထုပ္ေတြကို ေနရာတက်ျပန္ထားေနတဲ့ ဂ်ယ္ႏိုက တစ္ခုခုကိုေျပာဖို႔ သတိရသြားဟန္နဲ႔ ဟယ္ခ်န္းကိုေခၚလိုက္တယ္။

" မင္းကို အေဆာင္ေအာက္မွာ စီနီယာမင္ေဟ်ာင္း ေစာင့္ေနတယ္ "

" စီနီယာမင္ေဟ်ာင္း? ဘာျဖစ္လို႔ ေစာင့္ေနတာလဲ? "

" အဲ့တာေတာ့ ငါဘယ္သိမလဲဟ သြားေမးၾကည့္ေလ "

ေျပာေျပာဆိုဆိုနဲ႔ ဂ်ယ္ႏိုက စီနီယာေစာင့္ေနတဲ့ေနရာကို ေမးေငါ့ျပတယ္။ ေဒစီေတြစိုက္ထားတဲ့ ျပတင္းေပါက္ေဘာင္အနားကို ေနာက္တစ္ေခါက္ထပ္သြားၿပီး အေဆာင္ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ ဂ်ယ္ႏိုေျပာတဲ့အတိုင္း ၿခံအျပင္ဘက္မွာ ခပ္ကုပ္ကုပ္ေလးရပ္ေနတဲ့ စီနီယာ့ကိုေတြ႕ရတယ္။

အရင္ရက္ေတြက အေဆာင္မႉးကိုယ္တိုင္ ႀကိဳးစားပမ္းစား ျပန္ၿပီးျပင္ဆင္ထားခဲ့တဲ့ အေဆာင္ၿခံစည္း႐ိုးေတြက ေဆးအေရာင္အသစ္နဲ႔ ေနေရာင္ေအာက္မွာ သန္႔သန္႔ျပန္႔ျပန္႔ရွိေနတယ္။ ခပ္သြက္သြက္ေျပးဆင္းလာတဲ့ ဟယ္ခ်န္းကိုျမင္ေတာ့ မင္ေဟ်ာင္းရဲ႕မ်က္လုံးေတြက အေရာင္လက္ခနဲျဖစ္သြားတယ္။ မဖိတ္ေခၚထားတဲ့အၿပဳံးေတြက ႏႈတ္ခမ္းေဒါင့္မွာ လာခိုနားတယ္။

" စီနီယာ "

သူ႔ဆီကိုေျပးလာတဲ့ ဟယ္ခ်န္းရဲ႕ လည္ပင္းက ေဒစီပုံစံဆြဲႀကိဳးေလးက လႈပ္ရွားမႈတိုင္းမွာ ဝဲခနဲ။ ကာကီေရာင္ဆြယ္တာပါးေလးနဲ႔ ဟယ္ခ်န္းရဲ႕ တည္ရွိမႈက မင္ေဟ်ာင္းအတြက္ စိတ္ၾကည္ႏူးစရာပါပဲ။

" စီနီယာ ဘာေျပာစရာရွိလို႔လဲဗ် "

သူ႔ကိုျမင္ျမင္ခ်င္း ေျပးဆင္းလာခဲ့ပုံပဲ။ အတန္ငယ္ေမာေနပုံရတဲ့ ပါးျပင္ေတြက ခပ္ေဖ်ာ့ေဖ်ာ့အနီေရာင္သမ္းတယ္။

" ဘာမွေတာ့ေျပာစရာမရွိပါဘူး။ ဒီအတိုင္း ဟယ္ခ်န္းရဲ႕ စာအုပ္က်န္ခဲ့လို႔ လာေပးတာ "

ခပ္ေဟာင္းေဟာင္း စာအုပ္ေလးတစ္အုပ္ကို သူ႔လက္ထဲထည့္ေပးလာတယ္။ မေန႔ကေလးတင္ စာအုပ္အေဟာင္းတန္းက ဝယ္လာခဲ့တဲ့စာအုပ္ပဲ။ ျပန္ခါနီး ပစၥည္းေတြေသခ်ာစစ္ထားတဲ့ၾကားကေန ဒီစာအုပ္တစ္အုပ္က စီနီယာရဲ႕ ပန္းခ်ီဆိုင္ခန္းေလးမွာ က်န္ခဲ့ပုံေပၚတယ္။

" ေက်ာင္းဖြင့္ေတာ့မွ ျပန္ေပးလည္းရပါတယ္ဗ်။ အခုလို တကူးတကလာေပးေတာ့ စီနီယာပင္ပန္းတာေပါ့ "

" ကိုယ္ကေတာ့ ပင္ပန္းတယ္လို႔မထင္ပါဘူး "

" ဗ်ာ "

ေသခ်ာမစဥ္းစားမိဘဲ လႊတ္ခနဲေျပာထြက္သြားမိတဲ့စကားေနာက္မွာ မင္ေဟ်ာင္းက အရွက္ေျပရယ္ရေတာ့တာပဲ။ ရႈိးတို႔ရွန္႔တန္႔ဆန္တဲ့ေလထုက ဟယ္ခ်န္းသူ႔အနားမွာရွိတိုင္း ျဖစ္ေနၾက။

" ဒိုေယာင္းဆီကို လာရင္းလမ္းႀကဳံလို႔ တစ္ခါတည္းဝင္ေပးလိုက္တာေလ။ တကူးတကမဟုတ္လို႔ မပင္ပန္းပါဘူးလို႔ေျပာတာ "

အခုအခ်ိန္ဆို ဆိုင္တံခါးႀကီးဖြင့္ၿပီး ေကာင္တာေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနမယ့္ ဒိုေယာင္းကို စိတ္ထဲက ေတာင္းပန္လိုက္ရတယ္။ ေခ်ာင္းတစ္ခ်က္ဟန္႔ရင္း အေၾကာင္းျပခ်က္မရွိ ေျခစုံရပ္ေနတဲ့ ေျခေထာက္ႏွစ္ေခ်ာင္းကိုလႈပ္ရမ္းမိေတာ့ ေျမႀကီးမွာေႂကြက်ေနတဲ့ သစ္႐ြက္ေျခာက္ေတြက တဂြၽတ္ဂြၽတ္နဲ႔အသံထျမည္တယ္။

" ဘာပဲျဖစ္ျဖစ္ အခုလိုလာေပးတာ ေက်းဇူးပါဗ် "

မင္ေဟ်ာင္းရဲ႕ ျဖဴစြတ္ေနတဲ့ ဖိနပ္ထိပ္ေလးေတြကို ငုံ႔ၾကည့္ရင္း ေနရခက္စျပဳလာတဲ့ ေလထုကိုဟယ္ခ်န္းက အသာထိန္းလိုက္တယ္။

" ရပါတယ္ မလိုပါဘူး။ မဟုတ္ေတာင္ မေန႔ညက ဧည့္ဝတ္မေက်သလိုျဖစ္သြားလို႔ ကိုယ္ကအားနာေနတာ "

" မေန႔ညက ဧည့္ဝတ္မေက်သြားစရာကိစၥ တစ္ခုမွမရွိပါဘူးဗ် "

ဟယ္ခ်န္းရဲ႕ ခပ္ဆတ္ဆတ္စကားေနာက္မွာ မင္ေဟ်ာင္း မ်က္ခုံးပင့္မိေတာ့တာပဲ။ အရင္ကနဲ႔ယွဥ္ရင္ေတာ့ ဟယ္ခ်န္းက သူ႔အေပၚမွာ ပိုရင္းႏွီးလာသလိုမ်ိဳး။ သူအသာၿပဳံးမိေတာ့တယ္။

" ကိုယ္တို႔ လမ္းေလွ်ာက္ထြက္ၾကမလား? "

" ဗ်ာ? "

သူ႔စကားေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားပုံရတဲ့ ဟယ္ခ်န္းက သူ႔ဘက္ကိုေခါင္းေလးေစာင္းၾကည့္ရင္းေျပာတယ္။ သူ ေအာက္ႏႈတ္ခမ္းကိုကိုက္လိုက္မိသလားပဲ။ ခ်စ္စရာေကာင္းတယ္။

" အခ်ိန္ပိုင္းအလုပ္ သြားစရာရွိမလား? ကိုယ္ လိုက္ပို႔ေပးမယ္ေလ "

ဟယ္ခ်န္းက သူထင္သလို သူ႔စကားကို တုံ႔ျပန္မလာဘူး။ သူတိတ္ဆိတ္ေနသလိုမ်ိဳး ျပန္တိတ္ဆိတ္ေနရင္း သူ႔ကိုေငးၾကည့္လာတယ္။ သူ အတြက္မွားသြားခဲ့တာပဲ။ ဟယ္ခ်န္းကို သူနဲ႔ရင္းႏွီးေနၿပီလို႔ထင္ခဲ့မိတာ။ တကယ္တန္း ဟယ္ခ်န္းက အရင္လိုခန္႔မွန္းရခက္တဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္ေနတုန္းပဲ။

" ရပါတယ္ဗ် ကြၽန္ေတာ့္ဘာသာ သြားလို႔အဆင္ေျပပါတယ္ "

မိနစ္အၾကာႀကီးေနမွ ဟယ္ခ်န္းေရ႐ြတ္မိတဲ့စကားက ဒါပါပဲ။ ဟယ္ခ်န္းက သူ႔အတြက္ ထူးထူးဆန္းဆန္းျဖစ္ရပ္တစ္ခုႀကဳံလာရင္ အဲ့ဒီျဖစ္ရပ္ကို ဦးေႏွာက္နဲ႔ဆက္စပ္မိဖို႔အတြက္ အခ်ိန္အနည္းငယ္ယူရတဲ့ ျပႆနာရွိတယ္။ ဒါေပမယ့္ အဲ့ဒီျပႆနာကို မင္ေဟ်ာင္းက ေခါင္းထဲရွိပုံမေပၚဘူး။

" ကိုယ္လိုက္ပို႔ေပးခ်င္လို႔ပါ...ကိုယ့္ဆႏၵပါ ဟယ္ခ်န္း ခြင့္ျပဳေပးမယ္မလား? "

" ဗ်ာ "

" ေဟး ကိုယ္က မင္းရဲ႕ စီနီယာေနာ္...စီနီယာရဲ႕စကားကို ဂ်ဴနီယာက နားေထာင္သင့္တယ္မလား "

" အဲ့လိုႀကီးက်..."

ရႈံ႕တက္သြားတဲ့ႏွာေခါင္းနဲ႔အတူ ေျပာလက္စ စကားကိုဆက္မေျပာေတာ့ဘဲ ရပ္လိုက္တဲ့ဟယ္ခ်န္းကို မင္ေဟ်ာင္း ရယ္စစပဲၾကည့္ေနလိုက္တယ္။ ေဘးၾကပ္နံၾကပ္ျဖစ္ေနတဲ့ ဟယ္ခ်န္းရဲ႕မ်က္ႏွာအမူအယာက ဟယ္ခ်န္းကို သေဘာတက်ေငးၾကည့္ေနတဲ့ မင္ေဟ်ာင္းအတြက္ေတာ့ အသည္းယားစရာေကာင္းေနတဲ့ပုံပါပဲ။

" အဲ့တာဆိုလည္း ဒီမွာခဏေစာင့္ဦးဗ်။ ကြၽန္ေတာ္ျပန္လာခဲ့မယ္ "

ေျပာၿပီးတာနဲ႔ သူျပန္ေျပာမယ့္စကားကိုေတာင္ မေစာင့္ဘဲ အေဆာင္ထဲကို ခပ္သုတ္သုတ္ျပန္ဝင္သြားတယ္။  သူအသာၿပဳံးလိုက္ရင္း ေဘးဘီဝဲယာကို မ်က္လုံးကစားမိတယ္။ ေကာင္းကင္ျပာဟာ တိမ္ျဖဴလႊာေတြနဲ႔ အလွဆင္လ်က္သားပဲ။ မေန႔ကတင္ မိုးအႀကီးအက်ယ္႐ြာခဲ့တယ္လို႔ မထင္ရေလာက္ေအာင္ကို ေန႔လည္ခင္းက စိမ္းလဲ့လဲ့အေရာင္ျခယ္တယ္။ ရပ္ကြက္ထဲကလမ္းက်ဥ္းေလးက ကေလးငယ္တခ်ိဳ႕ရဲ႕ ရယ္သံဟာခပ္လြင္လြင္ပါပဲ။ အသက္ဝင္ေနတဲ့ ပတ္ဝန္းက်င္က ေပါ့ေပါ့ပါးပါးေလထုေတြလႊမ္းၿခဳံထားတယ္။

" စီနီယာ "

ဟယ္ခ်န္းရဲ႕ ေခၚသံဟာ သူ႔ရဲ႕အာ႐ုံကို ခလုတ္တိုက္တယ္။ တစ္ခုခုထည့္ထားတဲ့ ပလတ္စတစ္အိတ္ကိုဆြဲထားတဲ့ဟယ္ခ်န္းက ကာကီေရာင္ဆြယ္တာပါးေလးနဲ႔ပဲ။ ခုနကတုန္းက အနည္းငယ္ရႈပ္ပြခ်င္သေယာင္ျဖစ္ေနတဲ့ဆံပင္ေတြကိုေတာ့ ခပ္အုပ္အုပ္ေလးျဖစ္ေအာင္ျပန္လုပ္ထားတယ္။

" သြားၾကမယ္ေလ "

" ဟုတ္ကဲ့ဗ် "

ရပ္ကြက္ရဲ႕ ပတ္ဝန္းက်င္ဟာ ေနေရာင္ျခည္ေအာက္မွာေတာင္ ပ်ားပန္းခပ္လႈပ္ရွားေနၾကဆဲပင္။ စိမ္းအုပ္အုပ္သစ္ပင္ႀကီးေတြရွိတဲ့ လမ္းၾကားထဲမွာ ဟယ္ခ်န္းနဲ႔အတူေဘးခ်င္းယွဥ္ၿပီး လမ္းေလွ်ာက္ရတာက ေပ်ာ္စရာေကာင္းတယ္လို႔ မင္ေဟ်ာင္းရဲ႕ ဦးေႏွာက္က အလိုလိုစြဲမွတ္ၿပီးသား။ ေဘးကိုလွည့္ၾကည့္လိုက္ေတာ့ ခပ္ၿပဳံးၿပဳံးျဖစ္ေနတဲ့ ဟယ္ခ်န္းကိုေတြ႕ရတယ္။ ဟယ္ခ်န္းက မ်ားေသာအားျဖင့္ အၿမဲတမ္းၿပဳံးေနတတ္ၿပီး မ်က္ႏွာခ်ိဳတဲ့လူစားမ်ိဳး။ ဒါေပမယ့္ စကားမရွိစကားရွာခ်င္ေနတဲ့ မင္ေဟ်ာင္းအတြက္ေတာ့ အဲ့ဒီအေၾကာင္းအရာကို အစဆြဲထုတ္လိုက္ေတာ့တာပဲ။

" ဘာေတြအဲ့ေလာက္ၿပဳံးၿဖီးေနတာလဲ "

သူ႔အေတြးနဲ႔သူျဖစ္ေနတဲ့ ဟယ္ခ်န္းက အခုမွႏိုးထလာဟန္။ မင္ေဟ်ာင္းရဲ႕ႏႈတ္ခမ္းေတြက ပိုၿပီးေကြးၫႊတ္သြားတယ္။

" ဒီအတိုင္းပါပဲဗ် "

" ဒီအတိုင္း? ကိုယ္နဲ႔အတူ လမ္းေလွ်ာက္ထြက္ေနရတာက မင္းရဲ႕ေပ်ာ္႐ႊင္မႈအေၾကာင္းျပခ်က္လို႔ ေတြးလိုက္မိတာ...မဟုတ္ဘူးပဲ "

" အယ္ "

ဟယ္ခ်န္းမွာ ႐ုတ္တရက္အငိုက္မိသြားရတယ္။ စီနီယာမင္ေဟ်ာင္းက အဲ့လိုလည္း လူကို ေျပာစရာစကားလုံးေပ်ာက္ေအာင္လုပ္တတ္ေသးတာ။

ဘာျပန္ေျဖလို႔ ေျဖရမယ္မွန္းမသိတဲ့ ဟယ္ခ်န္းက ေနရခက္စြာနဲ႔ပဲ မ်က္ႏွာလႊဲတယ္။ သူ႔လည္ပင္းက ေဒစီပုံစံဆြဲႀကိဳးေလးက ယိမ္းလို႔ဝဲလို႔။

" ကိုယ္က ဒီအတိုင္းစလိုက္တာပါ "

ေနရခက္သြားတဲ့ ဟယ္ခ်န္းရဲ႕ပုံစံကို သတိထားမိတဲ့ မင္ေဟ်ာင္းက သူကိုယ္တိုင္လည္း လႊတ္ခနဲေျပာလိုက္မိတဲ့ သူ႔ရဲ႕စကားအေပၚ မယုံၾကည္ႏိုင္ဟန္နဲ႔ အေၾကာင္းျပခ်က္ေပးလာတယ္။ ေနရခက္လာရင္ ေအာက္ႏႈတ္ခမ္းကိုကိုက္ေလ့ရွိတဲ့ မင္ေဟ်ာင္းက ဟယ္ခ်န္းနဲ႔အတူရွိခ်ိန္တိုင္း ေအာက္ႏႈတ္ခမ္းေတြ နီရဲေနတတ္တယ္။

" ဟုတ္ ရပါတယ္ဗ် "

ဒီလိုနဲ႔ အခ်ိန္အေတာ္အတန္ၾကာ တိတ္ဆိတ္သြားတဲ့ စကားဝိုင္းမွာ ဘယ္သူမွထပ္ၿပီး စကားမစမိၾကေတာ့။ တိတ္တဆိတ္နဲ႔ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္လာရင္း မိနစ္အနည္းငယ္ၾကာေတာ့ ဟယ္ခ်န္းရဲ႕ စာၾကည့္တိုက္ေရွ႕ကိုေရာက္လာခဲ့တယ္။

" အဲ့တာဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္...လိုက္ပို႔ေပးလို႔ ေက်းဇူးပါဗ် "

" ျပန္ရင္ေရာ ကိုယ္လာႀကိဳရဦးမလား? "

" အဲ...ရပါတယ္ဗ် မလိုပါဘူး! "

အသည္းအသန္ထျငင္းတဲ့ ဟယ္ခ်န္းကိုၾကည့္ရင္း မင္ေဟ်ာင္းက စိတ္လိုလက္ရရယ္တယ္။

" အဲ့တာဆို ေက်ာင္းျပန္တက္မွ ေတြ႕ၾကမယ္ေနာ္ "

" ဟုတ္ကဲ့ဗ် "

သူ႔ကိုႏႈတ္ဆက္ၿပီး လွည့္ထြက္သြားတဲ့ စီနီယာမင္ေဟ်ာင္းရဲ႕ ေက်ာျပင္ကို တစ္ခ်က္ေငးရင္း စာၾကည့္တိုက္ထဲကို ဝင္လိုက္ေတာ့တယ္။

-Restore The 90s-

" ကင္မ္ခ်ီနဲ႔ ထမင္းလိပ္တစ္ထုပ္ "

ထရပ္ကားေလးထဲမွာ ထိုင္ေနတဲ့ဆိုင္ရွင္အန္တီႀကီးဆီ လက္ထဲက က်သင့္ပမာဏပိုက္ဆံကို လွမ္းေပးေနတုန္း သူ႔ေဘးမွာ လွစ္ခနဲလာရပ္တဲ့လူကို ေဘးတေစာင္းျမင္လိုက္႐ုံနဲ႔ ဘယ္သူလဲဆိုတာ ဟယ္ခ်န္းက သိႏွင့္ေနၿပီ။

" ဂ်ယ္ႏို "

ဟီးခနဲရယ္ျပလာတဲ့ ဂ်ယ္ႏိုက လြယ္အိတ္ထဲက ပိုက္ဆံအိတ္ကိုထုတ္ရင္း ဆယ္လ္မြန္နဲ႔ ထမင္းလိပ္တစ္ထုပ္မွာလိုက္တယ္။

" ဂ်ယ္မင္းအတြက္ေလ "

က်သင့္ေငြပမာဏကို ဆိုင္ရွင္အန္တီႀကီးဆီေပးေနရင္း သူ႔ကိုလွမ္းေျပာတယ္။ စကားဝိုင္းထဲမွာ ဂ်ယ္မင္းရဲ႕နာမည္ပါလာတာနဲ႔ ဂ်ယ္ႏိုရဲ႕မ်က္လုံးေတြက ေျပာင္းလဲသြားတတ္တယ္။ ျမတ္ႏိုးမႈေတြေပ်ာ္ဝင္ေနတဲ့ ဂ်ယ္ႏိုရဲ႕ ေမတၱာအရိပ္အေယာင္ေတြကို အျပင္လူျဖစ္တဲ့ ဟယ္ခ်န္းေတာင္မွ ေသေသခ်ာခ်ာျမင္ရႏိုင္တယ္။

အခ်ိန္မဟုတ္ အခါမဟုတ္တဲ့ မိုးစက္ေတြက တကၠသိုလ္ဝန္းက်င္မွာ ဟိုဟိုဒီဒီအေျပးအလႊားခုန္ဆင္းလာၾကတယ္။ အဲ့ဒီေန႔ ညေနခင္းကလိုပဲ။ စီးကရက္ေငြ႕ေဝတဲ့ ညေနခင္းအေၾကာင္း ျပန္စဥ္းစားမိျပန္ေတာ့ သူသေဘာတက်ပဲၿပဳံးလိုက္မိတယ္။ ဒီတစ္ပတ္ပိတ္ရက္ေရာက္ရင္ အေဟာင္းဆိုင္တန္းေတြရွိတဲ့ လမ္းၾကားေလးထဲက ခပ္ႏြမ္းႏြမ္းပန္းခ်ီဆိုင္ကို ေသခ်ာေပါက္ ေရာက္ေအာင္သြားမယ္လို႔ သူဆုံးျဖတ္ၿပီးသား။

" ဟယ္ခ်န္း မင္း မ်က္ကြင္းေတြညိဳေနတယ္ အခုတေလာ အိပ္မေပ်ာ္ဘူးလား "

ဝတ္ထားတဲ့ မ်က္မွန္ေလးေထာင့္ကိုင္းကို လက္ညႇိဳးနဲ႔ပင့္တင္ရင္း ဂ်ယ္ႏိုက ဟယ္ခ်န္းကိုေမးလာတယ္။ ပုံမွန္ဆို ဂ်ယ္ႏိုက မ်က္မွန္တပ္ေလ့ရွိတာမဟုတ္ဘူး။ ဒီေန႔က ေက်ာင္းမွာအေရးႀကီးတဲ့အတန္းခ်ိန္ရွိတာမလို႔ ဘာစာမွမလြတ္သြားရေအာင္ မ်က္မွန္တပ္လာခဲ့တာ။

" ဟုတ္တယ္ ပေရာဂ်က္ေၾကာင့္ေလ စဥ္းစားစရာေတြမ်ားေနလို႔ "

ဟယ္ခ်န္းရဲ႕ အသံက ခပ္တိုးတိုးပဲ။ တကယ္လည္း ဒီရက္ပိုင္းအတြင္း ပေရာဂ်က္ေၾကာင့္ စိတ္ဖိစီးေနရတာနဲ႔ ေကာင္းေကာင္းမအိပ္ႏိုင္ခဲ့ဘူး။ အခုမ်ားေတာ့ ဟယ္ခ်န္းရဲ႕ မ်က္ႏွာေပါက္က စာေျခာက္႐ုပ္ဆန္တယ္။ ညိဳတိုတိုမ်က္ကြင္းေတြက သူ႔မ်က္လုံးေအာက္မွာ ေနရာယူခဲ့ၿပီးၿပီျဖစ္တယ္။ တနလၤာေန႔ဟာ ပ်င္းပ်င္းရိရိကို စတင္ခဲ့ေတာ့တာပဲ။

" ဟယ္ခ်န္း... "

ဂ်ယ္ႏိုရဲ႕ ေျခလွမ္းေတြက တုံ႔ခနဲရပ္သြားတယ္။ ၿပီးေတာ့ ေဘးမွာရွိေနတဲ့ဟယ္ခ်န္းရဲ႕ နာမည္ကို ခပ္အုပ္အုပ္လွမ္းေခၚလိုက္တယ္။ နာမည္အေခၚခံလိုက္ရတဲ့ ဟယ္ခ်န္းက ေယာင္ေတာင္ေတာင္နဲ႔ ဂ်ယ္ႏိုကို လွမ္းၾကည့္ေတာ့ တစ္ေနရာရာကို ေမးေငါ့ျပေနတာကိုေတြ႕ရတယ္။

" ငါတို႔ရဲ႕ ပါခ်ဳပ္ေလ "

ဂ်ယ္ႏိုျပေနတဲ့ေနရာကို ေသခ်ာၾကည့္လိုက္ေတာ့ အသက္ခပ္ႀကီးႀကီးလူႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ ဝတ္ပုံစားပုံနဲ႔ မ်က္ႏွာကိုၾကည့္လိုက္တာနဲ႔ ေပါ့ေသးေသးအရွိန္အဝါမဟုတ္တာကို ခပ္လွမ္းလွမ္းမွာရွိေနတဲ့ ဟယ္ခ်န္းေတာင္ ခံစားမိတယ္။ စည္းကမ္းတင္းၾကပ္မယ့္ပုံပဲ။

" ဒီႏွစ္မွ ဒီကိုေျပာင္းလာတာေလ။ စည္းကမ္း တအားတင္းၾကပ္တာတဲ့ "

ဟယ္ခ်န္းရဲ႕ အေတြးေတြကို ဂ်ယ္ႏိုဟာ လိုလိုလားလားပဲ ေထာက္ခံေပးတယ္။ ထမင္းလိပ္အထုပ္ကိုေဖာက္ရင္း ဟယ္ခ်န္းမ်က္ႏွာ ရႈံ႕မဲ့လိုက္မိတယ္။ သူတို႔ရဲ႕ တကၠသိုလ္ေက်ာင္းသားဘဝကေတာ့ သာယာေတာ့မွာပဲ။

" ၿပီးေတာ့ ပါခ်ဳပ္က ဘြဲ႕ေတြအမ်ားႀကီးရထားတာေလ။ သူ႔မွာ အားသာခ်က္ေတြအမ်ားႀကီးပဲ ေျပာလို႔ေတာင္ ကုန္မွာမဟုတ္ဘူး "

ဂ်ယ္ႏိုက သိထားသမွ်အေၾကာင္းအရာေတြအကုန္လုံးကို ဟယ္ခ်န္းကိုေဖာက္သည္ခ်ခ်င္ေနပုံေပၚတယ္။ ထမင္းလိပ္တစ္ခုကို တူနဲ႔ညႇပ္ၿပီး ပါးစပ္ထဲထည့္လိုက္ရင္း ဟယ္ခ်န္းေခါင္းညိတ္ျပလိုက္တယ္။

" သူ႔အားသာခ်က္ေတြထဲက နာမည္ႀကီးတာတစ္ခုက လက္ေရးကို ပုံတူကူးႏိုင္တာေလ။ ဘယ္သူ႔လက္ေရးျဖစ္ျဖစ္ အဲ့ဒီလူရဲ႕လက္ေရးအတိုင္း တစ္ပုံစံတည္းျဖစ္ေအာင္ ေရးႏိုင္တယ္တဲ့ "

" ဟုတ္လား? "

မၾကားစဖူးအေၾကာင္းအရာကို ၾကားလိုက္ရတာမို႔လို႔ ထမင္းလိပ္ကိုဝါးေနရင္းတန္းလန္းနဲ႔ ဟယ္ခ်န္းေမးလိုက္ေတာ့ ဂ်ယ္ႏိုက ေခါင္းတဆတ္ဆတ္ညိတ္ျပတယ္။ ဟယ္ခ်န္း ေနာက္ထပ္ထမင္းလိပ္တစ္ခုကို ပါးစပ္ထဲထည့္လိုက္ရင္း ပါခ်ဳပ္ဆိုတဲ့လူကို ေသခ်ာျပန္ၾကည့္လိုက္တယ္။

လက္ေရးပုံတူကူးႏိုင္တာမ်ား ဘာထူးဆန္းလို႔လဲ?

-Restore The 90s-

ဂ်ယ္မင္းကိုၾကည့္လိုက္ရင္ အၿမဲမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႔။ ဂ်ယ္မင္းရဲ႕ အလိုမက်တဲ့မ်က္ႏွာကို ျမင္ရတာမ်ားလာတဲ့ ဟယ္ခ်န္းက ဂ်ယ္မင္း မူရင္းမ်က္ႏွာပုံစံကိုပါ ေမ့ေပ်ာက္ခ်င္သလိုလိုျဖစ္လာတယ္။  ဒါမွမဟုတ္ ဂ်ယ္မင္းရဲ႕ ေမြးရာပါ႐ုပ္ရည္ကိုက အဲ့ဒီအတိုင္းပဲျဖစ္ခ်င္ျဖစ္ေနႏိုင္တာပဲလို႔ ဟယ္ခ်န္းေတြးလိုက္တယ္။

" ဂ်ယ္မင္းက ခါတိုင္းဒီလိုမ်ိဳးမဟုတ္ပါဘူး။ သူက သေဘာေကာင္းတယ္။ အခုက သူစိတ္မၾကည္လို႔ေနမွာ " ဆိုတဲ့ အေဆာင္ကို ပထမဆုံးစေရာက္တဲ့ရက္က ဂ်ယ္ႏိုေျပာခဲ့တဲ့စကားကို ဟယ္ခ်န္းျပန္ၾကားေယာင္လာတယ္။

ၾကည့္ရတာ ဂ်ယ္မင္းက သူ႔ကိုျမင္တိုင္း စိတ္မၾကည္ေနတဲ့ပုံပဲ။ စာၾကည့္စားပြဲေပၚမွာထိုင္ေနရင္း ဟယ္ခ်န္း ခပ္႐ြဲ႕႐ြဲ႕ေတြးလိုက္တယ္။

အခုလည္း ၾကည့္ေလ။ တစ္ခန္းတည္းမွာ ႏွစ္ေယာက္အတူရွိေနတာေတာင္ သူ႔ကိုတစ္စက္ကေလးမွ အဖတ္မလုပ္ဘူး။

ဂ်ယ္ႏိုက မေန႔ညကတည္းက မိသားစုျပႆနာရွိလို႔ဆိုၿပီး အိမ္ကိုျပန္သြားတာ။ ဒီေန႔အတန္းလည္း လာမတက္သလို အခုထိလည္း အေဆာင္ကိုျပန္မလာေသးဘူး။ ဟယ္ခ်န္း ေမွာင္ရီပ်ိဳးစျဖစ္လာၿပီျဖစ္တဲ့ ေကာင္းကင္ကို ျပတင္းေပါက္ကေနလွမ္းၾကည့္လိုက္တယ္။ ဆိုးလ္ၿမိဳ႕ရဲ႕ အားနည္းခ်က္က ထူထပ္ေနတဲ့ တိုက္ေတြေၾကာင့္ ၾကယ္ေတြကို ေသခ်ာမျမင္ရတာပဲ။ ျပတင္းေပါက္ တံစက္ၿမိတ္မွာေတာ့ သူခ်ိတ္ထားတဲ့ ေဒစီေတြက ေရမေလာင္းတာၾကာလို႔ ခပ္ေျခာက္ေျခာက္ျဖစ္ေနၾကၿပီ။ လန္းလန္းဆန္းဆန္းမရွိေတာ့တဲ့ ေဒစီေတြကိုၾကည့္ၿပီး ဟယ္ခ်န္းစိတ္မေကာင္းျဖစ္သြားရတယ္။ တစ္လက္စထဲ မနက္ျဖန္ကစၿပီး ေဒစီေတြကို ေရျပန္ေလာင္းရမယ္လို႔ ေတြးထားလိုက္တယ္။

သုံးပတ္ေလာက္နီးပါး ဟယ္ခ်န္း စိတ္ဒုကၡေရာက္ခဲ့ရတဲ့ ပေရာဂ်က္ကလည္း မေန႔ကပဲ ေအာင္ေအာင္ျမင္ျမင္နဲ႔ၿပီးသြားတယ္။ အဲ့ဒီပေရာဂ်က္ေၾကာင့္ ဟယ္ခ်န္း ေဒစီေတြကို ေရေလာင္းဖို႔ေမ့ခဲ့ရသလို ပန္းခ်ီဆိုင္ဆီကိုလည္း မသြားျဖစ္ခဲ့ရတာ။ ပိတ္ရက္ေရာက္ရင္ ျပန္လာခဲ့မယ္လို႔ေျပာခဲ့ေပမယ့္ သူအခုထိမေရာက္ျဖစ္ေသးတာမို႔လို႔ စိတ္မ်ားဆိုးေနေလာက္မလားလို႔ ေတြးမိေပမယ့္ မနက္ကေလးတင္ သူ႔ကိုႏႈတ္ဆက္ေနတဲ့ စီနီယာမင္ေဟ်ာင္းရဲ႕ မ်က္ႏွာက ၾကည္ၾကည္လင္လင္မို႔လို႔ စိတ္ေအးရတယ္။

" ဂ်ယ္ႏိုက ဘယ္ေန႔ျပန္လာမွာလဲ သိလား? "

တိတ္ဆိတ္ေနတဲ့အခန္းထဲမွာ မေနတတ္လြန္းေတာ့တာမို႔လို႔ ဟယ္ခ်န္းဘက္ကပဲ စၿပီးစကားေျပာလိုက္တယ္။ မဟုတ္ရင္ ဂ်ယ္မင္းဘက္ကေတာ့ ဒီတစ္သက္ သူ႔ကိုစကားစေျပာလာမွာ မဟုတ္ဘူးဆိုတာ ဟယ္ခ်န္း သိသင့္သေလာက္ေတာ့ သိၿပီးေနၿပီ။

" မသိဘူး "

ဂ်ယ္မင္းက ဖတ္လက္စ စာအုပ္ေပၚကေန မ်က္ႏွာမလႊဲဘဲ ခပ္ေပါ့ေပါ့ျပန္ေျဖတယ္။ ဟယ္ခ်န္းကို ဖုန္တစ္မႈန္႔စာေလာက္ေတာင္ ဦးေႏွာက္ထဲမထည့္သလိုမ်ိဳး။ အဲ့လိုမ်ိဳးနဲ႔ နာဂ်ယ္မင္းက သူ႔အတြက္ စိတ္ရႈပ္ဖို႔သိပ္ေကာင္းတယ္။

" မင္း ဘာစာအုပ္ဖတ္ေနတာလဲ? "

ဒါေပမယ့္ ဟယ္ခ်န္းက ဂ်ယ္မင္းနဲ႔ရင္းႏွီးခ်င္တဲ့ စိတ္ကူးေလးကိုေတာ့ မစြန္႔လႊတ္ေသးဘူး။ ရွိတာမွ အခန္းေဖာ္ႏွစ္ေယာက္တည္း။ အခန္းေဖာ္ႏွစ္ေယာက္မွာ တစ္ေယာက္က သူ႔ကို တစ္စက္ကေလးမွ အဖတ္မလုပ္ဘူးဆိုတာကို သိရတာ သူ႔အတြက္ လြန္စြာမွ စိတ္ကိုကသိကေအာက္ျဖစ္ေစတယ္။

" ..... "

ဂ်ယ္မင္းက သူ႔ေမးခြန္းကို ပါးစပ္နဲ႔ျပန္မေျဖဘဲ ဖတ္ေနတဲ့ စာအုပ္ကိုအဖုံးကိုသာ ငါးစကၠန္႔ေလာက္ေထာင္ျပတယ္။ ၿပီးေတာ့ ခုနကအတိုင္း ၿငိမ္ၿငိမ္ဆိမ္ဆိမ္နဲ႔ စာအုပ္ျပန္ဖတ္ေနေတာ့တာပဲ။

ဂ်ယ္မင္း ေထာင္ျပလိုက္တဲ့ စာအုပ္အဖုံးကို ေသခ်ာမျမင္လိုက္ရတဲ့ ဟယ္ခ်န္းက ေခါင္းကိုေစာင္းၿပီး စာအုပ္နာမည္ကို မရမကလွမ္းၾကည့္လိုက္ေသးတယ္။

ငရဲလမ္းသို႔ အသြား

ဒီလိုနဲ႔ပဲ ဟယ္ခ်န္းက ဂ်ယ္မင္းနဲ႔ ရင္းႏွီးခ်င္ေနတဲ့ စိတ္ကူးေလးကို ေရေမွ်ာပစ္လိုက္ေတာ့တယ္။

-To Be Continue

Continue Reading

You'll Also Like

441K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
254K 16.6K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...
167K 4.8K 65
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC