ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်

By ngwesinthetwai

103K 10.9K 512

လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်... More

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း
ဘာကိုရွေးချယ်သင့်လဲ
ဘာကိုရွေးချယ်သင့်လဲ(၂)
ကောင်းကင်ဘုံကုန်းမြေ
သဏ္ဌာန်မဲ့စိတ်ဝိဉာဥ်ကျင့်စဉ်
ကျင့်ကြံဆင့်များ
လေးနှစ်အရွယ် လီစု၀မ်
စေ့စပ်ကြောင်းလမ်းခံရခြင်း
ဖုန်းလန်နှင့်ပထမဆုံးတွေ့ဆုံခြင်း
သားရဲကုန်သည်အဖွဲ့
ဇာတ်လိုက်၏ဇာတ်ကြောင်းတွင် ပက်သက်မိခြင်း
ကျားဖြူလေး ရှောင်ချို
လင်းဟောက်၏ဘ၀ဇာတ်ကြောင်း(သို့မဟုတ်)ခြေနင်းတုံးတစ်ခု၏ ဘ၀
ဖုန်းကလန်၏ ဖုံးကွယ်ရခြင်းရည်ရွယ်ချက်
ကောင်းကင်ကြမ္မာသားတော် ၀မ်ရန်
လေလံအိမ်သို့တစ်ခေါက်
အမဲလိုက်တောင်ကုန်းမြို့
နတ်ဆိုးတောင်တန်း
ရေခဲကြမ္မာတာအိုခန္ဓာ
လေလံပွဲ
လင်းဒေါင်ရှန့်
ဖုန်းကလန်၏စေ့စပ်ပွဲဖျက်သိမ်းမှု
ဖုန်းကလန်၏စေ့စပ်ပွဲဖျက်သိမ်းမှု ၂
ဖုန်းလန်၏ဆုံးဖြတ်ချက်
လီကလန်၏အေးဆက်သောကြင်နာမှု
လေလံရုံသို့ နောက်တစ်ခေါက်
တောင်းပန်ပါတယ်ညီမလေး
မီးသစ်ခက်ဂိုဏ်း
မီးတောက်ငယ်ကျေးရွာ
ကျင်းမိသားစု
ကတိစကား
စု၀မ်၏တာအိုခန္ဓာ
ဗဟိုပေါင်းစည်းခြင်းအကယ်ဒမီ
နတ်မိစ္ဆာလက်သည်းကျားဖြူ
တာအိုစည်းချက်မြို့တော်သို့
မသန့်စင်သောကျောက်စက်နို့ရည်
ကျောင်းသားသစ်ရွေးချယ်ပွဲ
ပါရမီကြယ်စင်ကိုးလုံး
ဆေးဌာနသို့၀င်ရောက်ခြင်း
တာ၀န်အမှတ်များ
လုကလန်
လုကလန်(၂)
တုန်လှုပ်သွားရခြင်း
ရှေးဟောင်းအကြွင်းအကျန်နယ်မြေ
လင်းရှန်း၏ဇာစ်မြစ်
ဌာနပေါင်းစုံပြိုင်ပွဲစတင်ခြင်း
ဖရဲသီးကအရေးကြီးဆုံးပဲ
ဆေးလုံးနှလုံသား
အလဲအလှယ်
ဆေးဘုရင်တစ်ပိုင်းဆေးလုံး
အကယ်ဒမီလေလံပွဲ
အကယ်ဒမီလေလံပွဲ ၂
ကပ်ဘေးအရှင်
အကြီးအကဲအိုးရန်ရောက်ရှိလာခြင်း
အိုးရန်ချုံး
လျှိုဝှက်ကမ္ဘာငယ်
ဖရိုဖရဲကုန်းမြေ
လွင့်မြောနန်းတော်
တံခါးကြီးခုနှစ်ခု
မှော်ဆေးမိစ္ဆာ ကျိုးကျစ်ဖုန်း
‌ပေးဆပ်သူနှင့်စောင့်ဆိုင်းသူ
လုယက်ကြသူများ
ကျိုးပြတ်သွားသည့်ချိတ်တံဆိတ်
ဇာတ်လိုက်မ
အမွေအနှစ်နန်းတော်
ပြင်းထန်လာသည့်ပြိုင်ဆိုင်မှုများ
ဇာတ်လိုက်ရောင်ဝါ
အမည်မဲ့ဓား
ဗိုလ်လုပွဲစတင်ခြင်း
အဆင့်တစ်
အဆင့်တစ်
ရှင်းလင်းလာသည့်လမ်းကြောင်း
တိုက်ပွဲစတင်ခြင်း
ကျိယွမ်အာ
စင်မြင့်ထက်က လူ
အဆင့်လုပွဲ
ဘိုးဘေးကြီး

အကယ်ဒမီလေလံပွဲ

1.2K 133 2
By ngwesinthetwai

ယနေ့က လေလံပွဲစတင်မည့်နေဖြစ်သည်။
လေလံပွဲလုပ်ရသည့်အကြောင်းမှာ ကျောင်းတော်ရှိ ကျောင်းသားများအနေဖြင့် အပြင်ဘက်ကို
ရောင်းချလိုသည်ရှိပါက လေလံတင်ရန်ဖြစ်သည်။

အရေးကြီးဆုံးမှာဆေးဌာနနှင့် သားရဲထိန်းများက
ပြုလုပ် ထိန်းကျောင်းထားသော ဆေးလုံးများနှင့်
သားရဲများအားလေလံတင်လိုကြခြင်းဖြစ်သည်။
အကယ်ဒမီမှကျောင်းသားများ၏အရည်အသွေးမြင့် ထုတ်ကုန်များ ဥပမာ ဆေးလုံး၊အစီအရင်ပြား၊သားရဲများ၊လက်နက်များနှင့် အခြားသောအရာများဖြစ်သည်။

မိသားစုကြီးများကလည်း ပါရမီရှင်များနှင့် ရင်းနှီးရန် သို့မဟုတ် ထူးခြားသော‌ပစ္စည်းများအားလေလံဆွဲရန် ရောက်လာတတ်ကြသည်။
ပြောရလျှင် တာအိုစည်းချက်မြို့သို့ လွန်ခဲ့သောရက်များကပင် ဂိုဏ်းတစ်ဂိုဏ်းပြီးတစ်ဂိုဏ်း၊
ကလန်တစ်ခုပြီးတစ်ခုရောက်ရှိလာကြသည်။

အကယ်ဒမီတွင်လေလံတင်လိုက်သည်နှင့်
တောင်ပိုင်းနယ်မြေတစ်ခုလုံး ပွက်ပွက်ညံသွားတတ်မြဲသာဖြစ်သည်။

ဒီတစ်ခေါက်လေလံပွဲတွင် ဆေးဌာနမှ
ဆေးနတ်မိမယ်၏ဆေးလုံးလည်း ပါ၀င်မည်ဆိုသည့်သတင်းက လူများကိုပိုမိုရောက်ယက်ခတ်စေသည်။

ဌာနပေါင်းစုံပြိုင်ပွဲနေ့ကတည်းက စု၀မ်၏ဆေးနှလုံးသားအကြောင်းနှင့် ဆန်းကြယ်တာအိုကြိုမျှင်ဆေးလုံးက ပျံ့နှံပြီးသားဖြစ်သည်။
လွန်ခဲ့သောတစ်ရက်က သူတို့နှင့်နီးစပ်ရာလူများ
ကလန်များမှကျောင်းသားများ၊အကြီးအကဲများ၏ သတင်းပေးချက်အရ ဆေးနတ်မိမယ်သည် ဆေးမိုးကြိုးအားဆင့်ခေါ်နိုင်သည့် ဆေးတစ်လုံးဖော်စပ်ခဲ့ကြောင်း သိခဲ့ရသည်။

ဆေးဌာနမှအကြီးအကဲတစ်ယောက်ပေးသော
သတင်းအရ ဆေးလုံးဖြစ်တည်ချိန်ကမွှေးရနံကိုကြည့်ပါက အဆင့်လေးအသက်အားဖြည့်ဆေးဖြစ်မည်ဟုဆိုထားသည်။

အသက်အားဖြည့်ဆေးမှာ မိုးကြိုးများအား
မဆင့်ခေါ်နိုင်ရာ ဒဏ္ဌာရီလာဆေးဟု၍ပင်
ကောလဟာလများဖြစ်ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ မိုးကြိုးကပ်ဘေးအားဆင့်ခေါ်နိုင်သည့် ဆေးဘုရင်တစ်ပိုင်းဆေးလုံးဟူသည်ကပင် လူအုပ်ကြီးအား ရူးသွပ်သွားစေနိုင်သေးသည်။

အကယ်၍ အသက်အားဖြည့်ဆေးသာဖြစ်ပါက
တာအိုစည်းချက်မြို့၏အပြင်တွင် သတ်ပွဲကြီးတစ်ခုအား ရင်ဆိုင်ရပေတော့မည်။

ကလန်ကြီးတိုင်းတွင် လျှိုဝှက်အင်အားဖြစ်သော
သချိုင်းကုန်းတစ်ဖက်လှမ်းနေသည့် အဘိုးကြီးများရှိတတ်သည်။

ဒဏ္ဌာရီလာအသက်အားဖြည့်ဆေးမှာ နောက်ဆုံးထွက်သက်ရှုနေသူကိုပင် သူ၏အထွတ်အထိပ်
အခြေအနေထိ အသက်ဓာတ်ဖြည့်ပေးနိုင်သည်ဟုဆိုထားသည်။
ထို့ပြင်ဆေးဘုရင်တစ်ပိုင်းဆေးလုံးဖြစ်ရာ
ကိုယ်ပိုင်အသိစိတ်ရှိပြီး အသက်တာအိုနိယာမအချို့လည်း ပါ၀င်သည်။

ဤသည်ကိုနားလည်ပါက အဆုံးမရှိသောအသက်သည် သူတို့အတွက်ဖြစ်လိမ့်မည်။
သို့သော် ဖော်စပ်ခဲ့သော သူမတောင်အသက်
တာအိုကိုနည်းနည်းလေးတောင် နားမလည်တာ
သောက်တဲ့သူကကော ဘယ်လောက်များနားလည်နိုင်ပါ့မလဲ။

ဒါကတော့ လူတွေအပေါ်မူတည်တာမို့ စု၀မ်လည်း ပြောမနေတော့ချေ။
ဤမျှကောင်းမွန်သော‌ ဆေးလုံးကိုရှုယန်မရနိုင်မှန်းတော့ သူမသိသည်။
ထို့ကြောင့် ဘယ်ကံတရားသားတော်ကရသွားမလဲဆိုတာ စု၀မ်စိတ်၀င်စားသည်။
ထိုသူကော သူမရဲ့ငါးစာကိုလာဟပ်ပါ့မလား။

"အဲ့ဒီလူရဲ့ကျင့်ကြံဆင့်ကအရမ်းမြင့်မှာ သေချာတယ်။
ဆိုတော့ ဒီလူကလည်းသေခါနီးအဖိုးကြီးဖြစ်မှာပဲ။
သူလည်းဆေးလုံးကိုလိုမှာပဲလေ။
ဒီတော့ ကံတရားသားတော်နဲ့တွေ့ရင် သူအသတ်ခံရမလား။ ဒါကသူမရဲ့ပထမဦးစားပေးဖြစ်သည်။

ထိုသူနှင့် သူမကြားတွင် ထူးခြားသည့်ဆက်နွယ်မှုရှိသည်ဟု ခံစားနေရသည်။

အစက သူမအဖေပင်ဖြစ်သည်ဟုထင်ခဲ့သေးသည်။

သို့သော်သူမကဝိညာဉ်ကူးပြောင်းလာသူဖြစ်သည်။

ဒီခန္ဓာရဲ့အသွေးအသားက လီကလန်ရဲ့မျိုးရိုးဗီဇသာဖြစ်သည်။
ဖုန်းလန်အာသည်လည်း နောက်မီးလင်းမည်
မဟုတ်ပေ။

ထို့ကြောင့် ခန္ဓာထဲရှိသွေးများပွက်ပွက်ဆူလာစေသောခံစားချက်ကို စု၀မ်ကိုယ်တိုင်လည်း
နားမလည်ပါချေ။

လေလံပွဲကြီးကစတင်ခဲ့ပါပြီ။
လေလံရုံထဲတွင် မိသားစုကြီးများမှ ကိုယ်စားလှယ်အသီးသီးနှင့် ဖိတ်စာရရှိကြသော ကျင့်ကြံသူများကလည်း သက်ဆိုင်ရာနေရာတွေမှာရောက်ရှိနေပြီး ဖြစ်သည်။

အားလုံးကိုလှပချိုသာစွာ ပြုံးပြနေသော
မိန်းမပျိုလေးတစ်ယောက် စင်ပေါ်သို့တက်လာသည်။

ထိုမိန်းကလေး စင်မြင့်ပေါ်ရောက်သည်နှင့်
မျက်လုံးများက အလယ်ရှိပွဲကြည့်စင်ပေါ်သို့
ကျရောက်လာသည်။

ထိုမိန်းကလေးက အားလုံးကိုအရိုအသေပေးလိုက်သည်။
သူမက အနက်ရောင်အကျီလေးက သူမ၏ခန္ဓာကိုယ်နှင့် တစ်ထပ်တည်းကျလျှက်ရှိပြီး မိန်းကလေးတစ်ယောက်၏ပြီးပြည့်စုံသည်
အမို့အမောက်များကိုလည်း အထင်းသားတွေ့မြင်နိုင်သည်။

ထိုမိန်းကလေးသည်တော့ အစီအရင်ဌာနမှ
အကယ်ဒမီ၏အလှဆုံးဟု အကြိမ်ကြိမ်သတ်မှတ်ခြင်းခံရသည့် အစီအရင်နတ်မိမယ်
ပိုင်ရွှယ်ဖြစ်သည်။

သူမ၏ညို့ငင်မှုများက မြေခွေးမလေးကဲ့သို့
ပုရိသများအား ရူးသွပ်အောင်ဆွဲငင်နိုင်သည်။

စု၀မ်သည်ပင် ပိုင်ရွှယ်ကိုကြည့်ရင် သူမ၏မဖွံဖြိုးသေးသည့် ရင်ဘက်ကိုအကြည့်ရောက်သွားသည်။

ထိုနေရာ မိန်းကလေးများအထိမခံသောနေရာဖြစ်လေရာ  အခြားမိန်းကလေးများ၏ ပိုင်ရွှယ်အား မနာလိုအားကျစွာ အတင်းတုတ်သံအချို့
သူမနားထဲ၀င်ရောက်လာသည်။

သို့သော်ပိုင်ရွှယ်မှာ သတိမပြုမိသည့်အလား
နေကာ သူမ၏လေလံတင်ဆင်မှုကိုစတင်လုပ်ဆောင်သည်။

ပိုင်ရွှယ်အတွက် လေလံတင်ဆက်မှုကို သုံးနှစ်ဆက်တိုက်လုပ်ဆောင်ခဲ့ရကာ ယခုဆိုလျှင်
အကြည့်တစ်ချက်ဖြင့်ပင် ပုရိသများက
ရူးသွပ်နေပြီး  သူမကအမှိုက်တစ်စအား လေလံတင်လျှင်ပင် ကြေးကြီးပေး၍ လုယက် ၀ယ်ယူကြပေလိမ့်မည်။

ပါရမီလည်းရှိ အလွန်လှပသည့်အပြင် ညို့ငင်နိုင်စွမ်းရှိမှုများကြောင့် ပိုင်ရွှယ်မှာ အလွန်ဂုဏ်ယူနေသည်။

"အခုဆိုရင် အကယ်ဒမီရဲ့လေလံပွဲကြီးကို
ရွှယ်အာက ဖွင့်လှစ်ပေးပါတော့မယ်။
လူကြီးမင်းတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို
ဖြုံးမနေတော့ပါဘူး"

ပိုင်ရွှယ်က သူမရဲ့လက်ကလေးများကို အနည်းငယ်ယမ်းလိုက်သည်။
ထိုအချိန်တွင် ကျောက်စိမ်းဗန်းကလေးတစ်ခုနှင့်
မိန်းမလေးတစ်ယောက် စင်ပေါ်သို့တက်လာကာ
ပိုင်ရွှယ်၏ဘေးနားတွင် ရပ်လိုက်သည်။

ပိုင်ရွှယ်က ကျောက်စိမ်းဗန်းပေါ်ရှိပစ္စည်းအား
ကာထားသည့် အစီအရင်ငယ်ကိုဖယ်ရှားလိုက်ပြီး
ဧည်သည့်များမြင်ရရန်ပြလိုက်သည်။

"ဒါကတော့ မိုးကြိုးစီးဂျိုသမင်ရဲ့ သားပေါက်ကလေးဖြစ်ပါတယ်။
သားရဲထိန်းဌာနရဲ့ နတ်ဘုရားသားတော်
ကျောင်းရှူရဲ့ ထိန်းကျောင်းမှုအောင်မှာ မွေးဖွားလာပြီး သူ့ရဲ့သွေးမျိုးဆက်ကတော့ သူတို့သမင်သားရဲတွေရဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနိုင်ကြောင်း အာမခံပါတယ်။

အဖွင့်ဈေးနှုန်းကတော့ ချီကျောက်တုံးနှစ် သောင်းဖြစ်ပါတယ်။"

ပိုင်ရွှယ်၏ကြေငြာချက်ကိုကြားလိုက်ရသည်နှင့်
လူအုပ်ကြီးက အနည်းငယ်လှုပ်ရှားသွားသည်။
မိုးကြိုးတာအိုလေ့လာသူများက‌တော့
စိတ်လှုပ်ရှားသွားကြကာ ဈေးစတင်ပေးတော့သည်။

"ချီကျောက်တုံးနှစ်သောင်းခွဲ"

"လေးသောင်း"

နောက်ဆုံးခြောက်‌သောင်းဖြင့်အရောင်းထွက်သွားသည်။

အနိုင်ရရှိသွားသူထံ ဗန်းကိုင်မိန်းကလေးက သွားရောက်ပို့ဆောင်ပေးလိုက်သည်။

"ဒုတိယပစ္စည်းကတော့ ဓားနန်းတော်ရဲ့နတ်ဘုရားသားတော် ဖုန်းလန်ရဲ့ တာ၀န်ထမ်းဆောင်စဉ်မှာရရှိခဲ့တဲ့ ရတနာဖြစ်ပါတယ်။

မိုးပြာနဂါးပုလဲဖြစ်ပြီး နဂါးစွမ်းအင်အနည်းငယ်ပါရှိပါတယ်။
အဲ့ဒီအတွက် ‌ပင်လယ်သားရဲအများစုက ဒီပုလဲရှိသူနားကိုမကပ်ရဲကြပါဘူး။
လူရဲ့အသားအရည်နဲ့ထိတွေ့နေပါရင် ရေထဲမှာ တစ်နေ့ကိုခြောက်နာရီနီးပါး ရေထဲမှာနေထိုင်နိုင်ပြီး ပင်လယ်ရှာဖွေရေးတွေမှာအလွန်အသုံး၀င်ပါတယ်။"

"သူရဲ‌‌ဈေးကတော့ ချီကျောက်တုံးငါးသောင်းဖြစ်ပါတယ်။
ဈေးစပေးနိုင်ပါပြီ"

"ခြောက်သောင်း "

"ရှစ်သောင်း "

"တစ်သိန်း"

မိုးပြာနဂါးပုလဲကနောက်ဆုံးမှာ တစ်သိန်းတစ်သောင်းနှင့် ‌လေလံအောင်သွားသည်။

ဒါပေါ့ ဈေးပေးတဲ့သူက လင်းရှန်းဖြစ်ပြီး စု၀မ်က၀ယ်ရန်ပြောလိုက်ခြင်းဖြစ်သည်။

ဖုန်းလန်းက ၀ယ်သူသွားတဲ့လင်းရှန်းကို
တစ်ချက်ပြုံးပြကာ လက်ယှက်အရိုအသေပေးပြုလိုက်သည်။

"စု၀မ် နင်ဘာလို့ ငါ့ကိုဒါ၀ယ်ခိုင်းတာလဲ။ ငါတို့က ပင်လယ်ရှာဖွေရေးနဲ့မှမဆိုင်တာ"

"ငါအရောင်လေးကလှတယ်ထင်လို့ ၀ယ်လိုက်တာ"
စု၀မ်၏စကားကြောင့် လင်းရှန်းမျက်လုံးပင်
လှန်လိုက်မိသည်။

'လှတာလေးနဲ့ ၀ယ်လိုက်တာလား နင်ချမ်းသာလှချည်လားဟယ်'

ထိုအရာကတော့ သူမရဲ့အတွေးလေးသာဖြစ်သည်။

မိုးပြာနဂါးပုလဲကို စု၀မ်၀ယ်ယူရခြင်းမှာ ထိုမျှမရိုးရှင်းကြောင်းကို သူမခံစားနိုင်သေးသည်။
သို့သော် စု၀မ်မပြောချင်ရာ သူမလည်းအတင်း
မမေးတော့ပေ။

ထိုနောက် ပဉ္စမပစ္စည်းအထိလေ့လံတင်ပြီးသွားသည်။

ပိုင်ရွှယ်က စင်ပေါ်သို့ တက်လာသော ဗန်းလေးကိုမြင်လိုက်သည်နှင့် စု၀မ်ဘက်သို့တစ်ချက်လှမ်းပြုံးလိုက်သည်။

"ကဲ အခုဆိုရင် ကျောင်းတော်ရဲ့အလှပန်းလေးတစ်ယောက်ဖြစ်တဲ့ ဆေးနတ်မိမယ်လေးဖော်စပ်ထားတဲ့ ဆန်းကြယ်ကြိုးမျှင်ဆေးလုံးဖြစ်တဲ့
နှလုံးငြိမ်ဆေးရဲ့အလှည့်ပဲဖြစ်ပါတယ်

ဒီဆေးကိုဖော်စပ်နေရင်းနဲ့ ဆေးနှလုံးသားကို
နားလည်သွားတာကြောင့် အကျိုးသက်ရောက်မှုကတော့ နှစ်ဆဖြစ်ပါတယ်။
ဥပမာကိုတော့ ကျောင်းသားကောင်းလျန်ရဲ့
အကြောင်းကို ကြားသိပြီးဖြစ်လောက်ပါတယ်"

"ဈေးအဖွင့်ကတော့ ချီကျောက်တုံးရှစ်သိန်းဖြစ်ပါတယ်"
ပိုင်ရွှယ်က စကားဆုံးသည်နှင့် ဗန်းပေါ်မှ ဆေးလုံးလေးအား ပရိသတ်ဘက်သို့ဖွင့်ပြလိုက်သည်။

ဆေးလုံး၏အမွှေးရနံက လေလံရုံတစ်လျှောက် ပျံနှံ့သွားလေသည်။
သူ၏ရနံကိုရလိုက်သည်နှင့် ခန္ဓာတည်ဆောက်ခြင်းအဆင့်မှ သခင်လေးအချို့မှာ ချက်ခြင်းပင်
အဆင့်တက်သွားသည်။
နှလုံးငြိမ်ဆေးရနံ့၏အကျိုးသက်ရောက်မှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသော လူအုပ်ကြီးပင် အနည်းငယ်ငြိမ်သက်သွားပုံရသည်။

"တစ်သန်း"

"ဆယ့်နှစ်သန်း"

"ဆယ့်ရှစ်သန်း"
"သန်းနှစ်ဆယ်"

ဈေးမှာ ခနအတွင်းနှစ်ဆပင်ကျော်လွန်သွားတော့သည်။

နောက်ဆုံးလျှို၀ှက်ကောင်းကင်မြို့ ဖုန်းမိသားစု
မှ ‌ဆေးကို နှစ်ဆယ့်လေးသိန်းဖြင့်လေလံအောင်သွားသည်။

ဖုန်းကလန်က အစောကြီးကတည်း ဒီဆေးလုံးနဲ့ပက်သက်ပြီး ပြင်ဆင်ထားပုံရသည်။
သူတို့သခင်လေး၏ လေလံတင်သည့်ရတနာကိုပင် ဈေးမြင့်ပေးခြင်းမရှိဘဲ လုံး၀တိတ်ဆိတ်နေခဲ့သည်။

ဖုန်းလန်ကလည်း စု၀မ်လက်ထဲမှဆေးလုံးကို
ပြိုင်ပွဲနေ့ကတည်းက လိုချင်ခဲ့တာဖြစ်သည်။
ဆေးလုံးက သာမာန်ဆေးလုံးဖြစ်ခဲ့လျှင်ပင်
သူလိုချင်သေးသည်။

၀မ်ဆုချင်းနှင့် စု၀မ်ကြားမှ ကတောက်ကဆကိုလည်း သူကြားထားသည်။
ထို့ကြောင့် သူနှင့် သူ့အကြီးအကဲမှာ အတော်လေးမျက်နှာပျက်ကြရသည်။

ဖုန်းကလန်ကလည်း ထိုအကြောင်းကြားသောအခါ စေ့စပ်မှုအတွက် ‌အတော်လေးနောင်တရနေသည်။

၀မ်ကလန်နဲ့စေ့စပ်မှုကိုလျင်မြန်စွာမစီစဉ်ခဲ့ပါက
မိန်းကလေးစု၀မ်နှင့် ရင်းနှီးခွင့်ရရန်ပင် အခွင့်အရေးရှိလာနိုင်သည်။

၀မ်ဆုချင်းသည်လည်း ထိုကိစ္စနှင့်ပက်သက်၍
ကျောင်းတွင်အတော်လေးနေရခက်ခဲခဲ့ရသည်။

သူမအားဆေးဌာနမှ လူများက သူ့တို့၏ဆေးနတ်မိမယ်ကို စော်ကားခဲ့၍ ဆေးအော်ဒါတိုင်းကို
ငြင်းဆန်ခဲ့သည်။
ဖုန်းလန်သည်လည်း သူမအား စိတ်ပျက်သွားသဖြင့် ၀မ်မိသားစုအား ငိုယိုတိုင်တန်းတော့သည်။

၀မ်မိသားစုမှာ အင်အားကြီးလှသော်လည်း
အလယ်ပိုင်းရှိဂိုဏ်းကြီးများ၏အာဏာကို
မကျော်လွန်နိုင်ချေ။
ထို့ကြောင့် ဖုန်းလန်ကိုပင် ချော့မော့ကာ အရင်းအမြစ်များ အလျှံအပယ်ပေးကာ
ချောမော့ခဲ့ရသည်။

စု၀မ်ကိုတော့ သူတို့တွေ့ခွင့်ပင် မရခဲ့ပေ။
၀မ်ဆုချင်းလည်း ဒီနောက်ပိုင်းအတော်လေး
သိုသိုသိပ်သိပ်နေကာ ဖုန်းလန်အားကိုးနှင့်ပြဿနာများမရှာတော့ပေ။

ဖုန်းလန်နားတွင် လိမ္မာစွာနေထိုင်နေသည်။
ထို့ကြောင့် သူမအား ဖုန်းလန်လည်း ပြီးပြီးသား
ကိစ္စကို အစမဖော်တော့ပေ။

ထို့ကြောင့် မိန်းကလေးစု၀မ်ဆီသို့ သွားရောက်လည်ပတ်သည့်နေ့တွင်သေချာတောင်းပန်ခဲ့သော်လည်း သူ့အတွက်ဆေးလုံးဖော်စပ်ပေးရန်မူ
မတောင်းဆိုဝံ့ပေ။
အဘယ်ကြောင့်ဆိုသော် စု၀မ်၏မျက်လုံးများနှင့်ဆုံလိုက်ပါက သူမလုံမလဲဖြစ်လာသလိုခံစားရသည်။

သူမအပေါ် သူတစ်ခုခုမှားယွင်းထားသည်ဟု သူ၏မသိစိတ်ကပြောနေသည်။
သို့သော်လည်း ၀မ်ဆုချင်းနှင့် ကတောက်ကဆမှလွဲ၍ သူနှင့် သူမတစ်ကြိမ်သာဆုံဖူးခဲ့ပါ၏။

သို့သော်ဖုန်းကလန်နှင့် ဖုန်းလန်မှာ မိန်းကလေးစု၀မ်နှင့် ခင်မင်ရင်းနှီးမှုရရန် အခွင့်အရေးအား
စောင့်မျှော်နေလေသည်။
ဤဆေးလုံးအား၀ယ်ယူနိုင်ပါက စု၀မ်က အပြန်တွင် သူတို့အားလာရောက်နှုတ်ဆက်ရမည်ဖြစ်သည်။

ကောင်းကောင်းသာပြုမူနိုင်ပါက စု၀မ်နှင့်
အချိတ်အဆက်တစ်ခုရလာလိမ့်မည်။
အကယ်၍ ၀မ်ဆုချင်းက၀င်‌ရောက်နှောက်ယှက်မည်ဆိုပါက ဖုန်းကလန်က သူမနှင့်၀မ်ကလန်အပေါ် အားနာနေမည်မဟုတ်။

Zawgyi

ယေန႔က ေလလံပြဲစတင္မည့္ေနျဖစ္သည္။
ေလလံပြဲလုပ္ရသည့္အေၾကာင္းမွာ ေက်ာင္းေတာ္ရွိ ေက်ာင္းသားမ်ားအေနျဖင့္ အျပင္ဘက္ကို
ေရာင္းခ်လိုသည္ရွိပါက ေလလံတင္ရန္ျဖစ္သည္။

အေရးႀကီးဆုံးမွာေဆးဌာနႏွင့္ သားရဲထိန္းမ်ားက
ျပဳလုပ္ ထိန္းေက်ာင္းထားေသာ ေဆးလုံးမ်ားႏွင့္
သားရဲမ်ားအားေလလံတင္လိုၾကျခင္းျဖစ္သည္။
အကယ္ဒမီမွေက်ာင္းသားမ်ား၏အရည္အေသြးျမင့္ ထုတ္ကုန္မ်ား ဥပမာ ေဆးလုံး၊အစီအရင္ျပား၊သားရဲမ်ား၊လက္နက္မ်ားႏွင့္ အျခားေသာအရာမ်ားျဖစ္သည္။

မိသားစုႀကီးမ်ားကလည္း ပါရမီရွင္မ်ားႏွင့္ ရင္းႏွီးရန္ သို႔မဟုတ္ ထူးျခားေသာ‌ပစၥည္းမ်ားအားေလလံဆြဲရန္ ေရာက္လာတတ္ၾကသည္။
ေျပာရလွ်င္ တာအိုစည္းခ်က္ၿမိဳ႕သို႔ လြန္ခဲ့ေသာရက္မ်ားကပင္ ဂိုဏ္းတစ္ဂိုဏ္းၿပီးတစ္ဂိုဏ္း၊
ကလန္တစ္ခုၿပီးတစ္ခုေရာက္ရွိလာၾကသည္။

အကယ္ဒမီတြင္ေလလံတင္လိုက္သည္ႏွင့္
ေတာင္ပိုင္းနယ္ေျမတစ္ခုလုံး ပြက္ပြက္ညံသြားတတ္ၿမဲသာျဖစ္သည္။

ဒီတစ္ေခါက္ေလလံပြဲတြင္ ေဆးဌာနမွ
ေဆးနတ္မိမယ္၏ေဆးလုံးလည္း ပါ၀င္မည္ဆိုသည့္သတင္းက လူမ်ားကိုပိုမိုေရာက္ယက္ခတ္ေစသည္။

ဌာနေပါင္းစုံၿပိဳင္ပြဲေန႔ကတည္းက စု၀မ္၏ေဆးႏွလုံးသားအေၾကာင္းႏွင့္ ဆန္းၾကယ္တာအိုႀကိဳမွ်င္ေဆးလုံးက ပ်ံ႕ႏွံၿပီးသားျဖစ္သည္။
လြန္ခဲ့ေသာတစ္ရက္က သူတို႔ႏွင့္နီးစပ္ရာလူမ်ား
ကလန္မ်ားမွေက်ာင္းသားမ်ား၊အႀကီးအကဲမ်ား၏ သတင္းေပးခ်က္အရ ေဆးနတ္မိမယ္သည္ ေဆးမိုးႀကိဳးအားဆင့္ေခၚႏိုင္သည့္ ေဆးတစ္လုံးေဖာ္စပ္ခဲ့ေၾကာင္း သိခဲ့ရသည္။

ေဆးဌာနမွအႀကီးအကဲတစ္ေယာက္ေပးေသာ
သတင္းအရ ေဆးလုံးျဖစ္တည္ခ်ိန္ကေမႊးရနံကိုၾကည့္ပါက အဆင့္ေလးအသက္အားျဖည့္ေဆးျဖစ္မည္ဟုဆိုထားသည္။

အသက္အားျဖည့္ေဆးမွာ မိုးႀကိဳးမ်ားအား
မဆင့္ေခၚႏိုင္ရာ ဒဏၭာရီလာေဆးဟု၍ပင္
ေကာလဟာလမ်ားျဖစ္ေပၚလာသည္။
မည္သို႔ပင္ျဖစ္ေစ မိုးႀကိဳးကပ္ေဘးအားဆင့္ေခၚႏိုင္သည့္ ေဆးဘုရင္တစ္ပိုင္းေဆးလုံးဟူသည္ကပင္ လူအုပ္ႀကီးအား ႐ူးသြပ္သြားေစႏိုင္ေသးသည္။

အကယ္၍ အသက္အားျဖည့္ေဆးသာျဖစ္ပါက
တာအိုစည္းခ်က္ၿမိဳ႕၏အျပင္တြင္ သတ္ပြဲႀကီးတစ္ခုအား ရင္ဆိုင္ရေပေတာ့မည္။

ကလန္ႀကီးတိုင္းတြင္ လွ်ိဳဝွက္အင္အားျဖစ္ေသာ
သခ်ိဳင္းကုန္းတစ္ဖက္လွမ္းေနသည့္ အဘိုးႀကီးမ်ားရွိတတ္သည္။

ဒဏၭာရီလာအသက္အားျဖည့္ေဆးမွာ ေနာက္ဆုံးထြက္သက္ရႈေနသူကိုပင္ သူ၏အထြတ္အထိပ္
အေျခအေနထိ အသက္ဓာတ္ျဖည့္ေပးႏိုင္သည္ဟုဆိုထားသည္။
ထို႔ျပင္ေဆးဘုရင္တစ္ပိုင္းေဆးလုံးျဖစ္ရာ
ကိုယ္ပိုင္အသိစိတ္ရွိၿပီး အသက္တာအိုနိယာမအခ်ိဳ႕လည္း ပါ၀င္သည္။

ဤသည္ကိုနားလည္ပါက အဆုံးမရွိေသာအသက္သည္ သူတို႔အတြက္ျဖစ္လိမ့္မည္။
သို႔ေသာ္ ေဖာ္စပ္ခဲ့ေသာ သူမေတာင္အသက္
တာအိုကိုနည္းနည္းေလးေတာင္ နားမလည္တာ
ေသာက္တဲ့သူကေကာ ဘယ္ေလာက္မ်ားနားလည္ႏိုင္ပါ့မလဲ။

ဒါကေတာ့ လူေတြအေပၚမူတည္တာမို႔ စု၀မ္လည္း ေျပာမေနေတာ့ေခ်။
ဤမွ်ေကာင္းမြန္ေသာ‌ ေဆးလုံးကိုရႈယန္မရႏိုင္မွန္းေတာ့ သူမသိသည္။
ထို႔ေၾကာင့္ ဘယ္ကံတရားသားေတာ္ကရသြားမလဲဆိုတာ စု၀မ္စိတ္၀င္စားသည္။
ထိုသူေကာ သူမရဲ႕ငါးစာကိုလာဟပ္ပါ့မလား။

"အဲ့ဒီလူရဲ႕က်င့္ႀကံဆင့္ကအရမ္းျမင့္မွာ ေသခ်ာတယ္။
ဆိုေတာ့ ဒီလူကလည္းေသခါနီးအဖိုးႀကီးျဖစ္မွာပဲ။
သူလည္းေဆးလုံးကိုလိုမွာပဲေလ။
ဒီေတာ့ ကံတရားသားေတာ္နဲ႔ေတြ႕ရင္ သူအသတ္ခံရမလား။ ဒါကသူမရဲ႕ပထမဦးစားေပးျဖစ္သည္။

ထိုသူႏွင့္ သူမၾကားတြင္ ထူးျခားသည့္ဆက္ႏြယ္မႈရွိသည္ဟု ခံစားေနရသည္။

အစက သူမအေဖပင္ျဖစ္သည္ဟုထင္ခဲ့ေသးသည္။

သို႔ေသာ္သူမကဝိညာဥ္ကူးေျပာင္းလာသူျဖစ္သည္။

ဒီခႏၶာရဲ႕အေသြးအသားက လီကလန္ရဲ႕မ်ိဳး႐ိုးဗီဇသာျဖစ္သည္။
ဖုန္းလန္အာသည္လည္း ေနာက္မီးလင္းမည္
မဟုတ္ေပ။

ထို႔ေၾကာင့္ ခႏၶာထဲရွိေသြးမ်ားပြက္ပြက္ဆူလာေစေသာခံစားခ်က္ကို စု၀မ္ကိုယ္တိုင္လည္း
နားမလည္ပါေခ်။

ေလလံပြဲႀကီးကစတင္ခဲ့ပါၿပီ။
ေလလံ႐ုံထဲတြင္ မိသားစုႀကီးမ်ားမွ ကိုယ္စားလွယ္အသီးသီးႏွင့္ ဖိတ္စာရရွိၾကေသာ က်င့္ႀကံသူမ်ားကလည္း သက္ဆိုင္ရာေနရာေတြမွာေရာက္ရွိေနၿပီး ျဖစ္သည္။

အားလုံးကိုလွပခ်ိဳသာစြာ ၿပဳံးျပေနေသာ
မိန္းမပ်ိဳေလးတစ္ေယာက္ စင္ေပၚသို႔တက္လာသည္။

ထိုမိန္းကေလး စင္ျမင့္ေပၚေရာက္သည္ႏွင့္
မ်က္လုံးမ်ားက အလယ္ရွိပြဲၾကည့္စင္ေပၚသို႔
က်ေရာက္လာသည္။

ထိုမိန္းကေလးက အားလုံးကိုအ႐ိုအေသေပးလိုက္သည္။
သူမက အနက္ေရာင္အက်ီေလးက သူမ၏ခႏၶာကိုယ္ႏွင့္ တစ္ထပ္တည္းက်လွ်က္ရွိၿပီး မိန္းကေလးတစ္ေယာက္၏ၿပီးျပည့္စုံသည္
အမို႔အေမာက္မ်ားကိုလည္း အထင္းသားေတြ႕ျမင္ႏိုင္သည္။

ထိုမိန္းကေလးသည္ေတာ့ အစီအရင္ဌာနမွ
အကယ္ဒမီ၏အလွဆုံးဟု အႀကိမ္ႀကိမ္သတ္မွတ္ျခင္းခံရသည့္ အစီအရင္နတ္မိမယ္
ပိုင္႐ႊယ္ျဖစ္သည္။

သူမ၏ညိဳ႕ငင္မႈမ်ားက ေျမေခြးမေလးကဲ့သို႔
ပုရိသမ်ားအား ႐ူးသြပ္ေအာင္ဆြဲငင္ႏိုင္သည္။

စု၀မ္သည္ပင္ ပိုင္႐ႊယ္ကိုၾကည့္ရင္ သူမ၏မဖြံၿဖိဳးေသးသည့္ ရင္ဘက္ကိုအၾကည့္ေရာက္သြားသည္။

ထိုေနရာ မိန္းကေလးမ်ားအထိမခံေသာေနရာျဖစ္ေလရာ  အျခားမိန္းကေလးမ်ား၏ ပိုင္႐ႊယ္အား မနာလိုအားက်စြာ အတင္းတုတ္သံအခ်ိဳ႕
သူမနားထဲ၀င္ေရာက္လာသည္။

သို႔ေသာ္ပိုင္႐ႊယ္မွာ သတိမျပဳမိသည့္အလား
ေနကာ သူမ၏ေလလံတင္ဆင္မႈကိုစတင္လုပ္ေဆာင္သည္။

ပိုင္႐ႊယ္အတြက္ ေလလံတင္ဆက္မႈကို သုံးႏွစ္ဆက္တိုက္လုပ္ေဆာင္ခဲ့ရကာ ယခုဆိုလွ်င္
အၾကည့္တစ္ခ်က္ျဖင့္ပင္ ပုရိသမ်ားက
႐ူးသြပ္ေနၿပီး  သူမကအမႈိက္တစ္စအား ေလလံတင္လွ်င္ပင္ ေၾကးႀကီးေပး၍ လုယက္ ၀ယ္ယူၾကေပလိမ့္မည္။

ပါရမီလည္းရွိ အလြန္လွပသည့္အျပင္ ညိဳ႕ငင္ႏိုင္စြမ္းရွိမႈမ်ားေၾကာင့္ ပိုင္႐ႊယ္မွာ အလြန္ဂုဏ္ယူေနသည္။

"အခုဆိုရင္ အကယ္ဒမီရဲ႕ေလလံပြဲႀကီးကို
႐ႊယ္အာက ဖြင့္လွစ္ေပးပါေတာ့မယ္။
လူႀကီးမင္းတို႔ရဲ႕ အဖိုးတန္လွတဲ့ အခ်ိန္ေတြကို
ၿဖဳံးမေနေတာ့ပါဘူး"

ပိုင္႐ႊယ္က သူမရဲ႕လက္ကေလးမ်ားကို အနည္းငယ္ယမ္းလိုက္သည္။
ထိုအခ်ိန္တြင္ ေက်ာက္စိမ္းဗန္းကေလးတစ္ခုႏွင့္
မိန္းမေလးတစ္ေယာက္ စင္ေပၚသို႔တက္လာကာ
ပိုင္႐ႊယ္၏ေဘးနားတြင္ ရပ္လိုက္သည္။

ပိုင္႐ႊယ္က ေက်ာက္စိမ္းဗန္းေပၚရွိပစၥည္းအား
ကာထားသည့္ အစီအရင္ငယ္ကိုဖယ္ရွားလိုက္ၿပီး
ဧည္သည့္မ်ားျမင္ရရန္ျပလိုက္သည္။

"ဒါကေတာ့ မိုးႀကိဳးစီးဂ်ိဳသမင္ရဲ႕ သားေပါက္ကေလးျဖစ္ပါတယ္။
သားရဲထိန္းဌာနရဲ႕ နတ္ဘုရားသားေတာ္
ေက်ာင္းရႉရဲ႕ ထိန္းေက်ာင္းမႈေအာင္မွာ ေမြးဖြားလာၿပီး သူ႔ရဲ႕ေသြးမ်ိဳးဆက္ကေတာ့ သူတို႔သမင္သားရဲေတြရဲ႕အျမင့္ဆုံးအဆင့္ကိုေရာက္ရွိႏိုင္ေၾကာင္း အာမခံပါတယ္။

အဖြင့္ေဈးႏႈန္းကေတာ့ ခ်ီေက်ာက္တုံးႏွစ္ ေသာင္းျဖစ္ပါတယ္။"

ပိုင္႐ႊယ္၏ေၾကျငာခ်က္ကိုၾကားလိုက္ရသည္ႏွင့္
လူအုပ္ႀကီးက အနည္းငယ္လႈပ္ရွားသြားသည္။
မိုးႀကိဳးတာအိုေလ့လာသူမ်ားက‌ေတာ့
စိတ္လႈပ္ရွားသြားၾကကာ ေဈးစတင္ေပးေတာ့သည္။

"ခ်ီေက်ာက္တုံးႏွစ္ေသာင္းခြဲ"

"ေလးေသာင္း"

ေနာက္ဆုံးေျခာက္‌ေသာင္းျဖင့္အေရာင္းထြက္သြားသည္။

အႏိုင္ရရွိသြားသူထံ ဗန္းကိုင္မိန္းကေလးက သြားေရာက္ပို႔ေဆာင္ေပးလိုက္သည္။

"ဒုတိယပစၥည္းကေတာ့ ဓားနန္းေတာ္ရဲ႕နတ္ဘုရားသားေတာ္ ဖုန္းလန္ရဲ႕ တာ၀န္ထမ္းေဆာင္စဥ္မွာရရွိခဲ့တဲ့ ရတနာျဖစ္ပါတယ္။

မိုးျပာနဂါးပုလဲျဖစ္ၿပီး နဂါးစြမ္းအင္အနည္းငယ္ပါရွိပါတယ္။
အဲ့ဒီအတြက္ ‌ပင္လယ္သားရဲအမ်ားစုက ဒီပုလဲရွိသူနားကိုမကပ္ရဲၾကပါဘူး။
လူရဲ႕အသားအရည္နဲ႔ထိေတြ႕ေနပါရင္ ေရထဲမွာ တစ္ေန႔ကိုေျခာက္နာရီနီးပါး ေရထဲမွာေနထိုင္ႏိုင္ၿပီး ပင္လယ္ရွာေဖြေရးေတြမွာအလြန္အသုံး၀င္ပါတယ္။"

"သူရဲ‌‌ေဈးကေတာ့ ခ်ီေက်ာက္တုံးငါးေသာင္းျဖစ္ပါတယ္။
ေဈးစေပးႏိုင္ပါၿပီ"

"ေျခာက္ေသာင္း "

"ရွစ္ေသာင္း "

"တစ္သိန္း"

မိုးျပာနဂါးပုလဲကေနာက္ဆုံးမွာ တစ္သိန္းတစ္ေသာင္းႏွင့္ ‌ေလလံေအာင္သြားသည္။

ဒါေပါ့ ေဈးေပးတဲ့သူက လင္းရွန္းျဖစ္ၿပီး စု၀မ္က၀ယ္ရန္ေျပာလိုက္ျခင္းျဖစ္သည္။

ဖုန္းလန္းက ၀ယ္သူသြားတဲ့လင္းရွန္းကို
တစ္ခ်က္ၿပဳံးျပကာ လက္ယွက္အ႐ိုအေသေပးျပဳလိုက္သည္။

"စု၀မ္ နင္ဘာလို႔ ငါ့ကိုဒါ၀ယ္ခိုင္းတာလဲ။ ငါတို႔က ပင္လယ္ရွာေဖြေရးနဲ႔မွမဆိုင္တာ"

"ငါအေရာင္ေလးကလွတယ္ထင္လို႔ ၀ယ္လိုက္တာ"
စု၀မ္၏စကားေၾကာင့္ လင္းရွန္းမ်က္လုံးပင္
လွန္လိုက္မိသည္။

'လွတာေလးနဲ႔ ၀ယ္လိုက္တာလား နင္ခ်မ္းသာလွခ်ည္လားဟယ္'

ထိုအရာကေတာ့ သူမရဲ႕အေတြးေလးသာျဖစ္သည္။

မိုးျပာနဂါးပုလဲကို စု၀မ္၀ယ္ယူရျခင္းမွာ ထိုမွ်မ႐ိုးရွင္းေၾကာင္းကို သူမခံစားႏိုင္ေသးသည္။
သို႔ေသာ္ စု၀မ္မေျပာခ်င္ရာ သူမလည္းအတင္း
မေမးေတာ့ေပ။

ထိုေနာက္ ပၪၥမပစၥည္းအထိေလ့လံတင္ၿပီးသြားသည္။

ပိုင္႐ႊယ္က စင္ေပၚသို႔ တက္လာေသာ ဗန္းေလးကိုျမင္လိုက္သည္ႏွင့္ စု၀မ္ဘက္သို႔တစ္ခ်က္လွမ္းၿပဳံးလိုက္သည္။

"ကဲ အခုဆိုရင္ ေက်ာင္းေတာ္ရဲ႕အလွပန္းေလးတစ္ေယာက္ျဖစ္တဲ့ ေဆးနတ္မိမယ္ေလးေဖာ္စပ္ထားတဲ့ ဆန္းၾကယ္ႀကိဳးမွ်င္ေဆးလုံးျဖစ္တဲ့
ႏွလုံးၿငိမ္ေဆးရဲ႕အလွည့္ပဲျဖစ္ပါတယ္

ဒီေဆးကိုေဖာ္စပ္ေနရင္းနဲ႔ ေဆးႏွလုံးသားကို
နားလည္သြားတာေၾကာင့္ အက်ိဳးသက္ေရာက္မႈကေတာ့ ႏွစ္ဆျဖစ္ပါတယ္။
ဥပမာကိုေတာ့ ေက်ာင္းသားေကာင္းလ်န္ရဲ႕
အေၾကာင္းကို ၾကားသိၿပီးျဖစ္ေလာက္ပါတယ္"

"ေဈးအဖြင့္ကေတာ့ ခ်ီေက်ာက္တုံးရွစ္သိန္းျဖစ္ပါတယ္"
ပိုင္႐ႊယ္က စကားဆုံးသည္ႏွင့္ ဗန္းေပၚမွ ေဆးလုံးေလးအား ပရိသတ္ဘက္သို႔ဖြင့္ျပလိုက္သည္။

ေဆးလုံး၏အေမႊးရနံက ေလလံ႐ုံတစ္ေလွ်ာက္ ပ်ံႏွံ႔သြားေလသည္။
သူ၏ရနံကိုရလိုက္သည္ႏွင့္ ခႏၶာတည္ေဆာက္ျခင္းအဆင့္မွ သခင္ေလးအခ်ိဳ႕မွာ ခ်က္ျခင္းပင္
အဆင့္တက္သြားသည္။
ႏွလုံးၿငိမ္ေဆးရနံ႔၏အက်ိဳးသက္ေရာက္မႈေၾကာင့္ လႈပ္လႈပ္ရွားရွားျဖစ္ေနေသာ လူအုပ္ႀကီးပင္ အနည္းငယ္ၿငိမ္သက္သြားပုံရသည္။

"တစ္သန္း"

"ဆယ့္ႏွစ္သန္း"

"ဆယ့္ရွစ္သန္း"
"သန္းႏွစ္ဆယ္"

ေဈးမွာ ခနအတြင္းႏွစ္ဆပင္ေက်ာ္လြန္သြားေတာ့သည္။

ေနာက္ဆုံးလွ်ိဳ၀ွက္ေကာင္းကင္ၿမိဳ႕ ဖုန္းမိသားစု
မွ ‌ေဆးကို ႏွစ္ဆယ့္ေလးသိန္းျဖင့္ေလလံေအာင္သြားသည္။

ဖုန္းကလန္က အေစာႀကီးကတည္း ဒီေဆးလုံးနဲ႔ပက္သက္ၿပီး ျပင္ဆင္ထားပုံရသည္။
သူတို႔သခင္ေလး၏ ေလလံတင္သည့္ရတနာကိုပင္ ေဈးျမင့္ေပးျခင္းမရွိဘဲ လုံး၀တိတ္ဆိတ္ေနခဲ့သည္။

ဖုန္းလန္ကလည္း စု၀မ္လက္ထဲမွေဆးလုံးကို
ၿပိဳင္ပြဲေန႔ကတည္းက လိုခ်င္ခဲ့တာျဖစ္သည္။
ေဆးလုံးက သာမာန္ေဆးလုံးျဖစ္ခဲ့လွ်င္ပင္
သူလိုခ်င္ေသးသည္။

၀မ္ဆုခ်င္းႏွင့္ စု၀မ္ၾကားမွ ကေတာက္ကဆကိုလည္း သူၾကားထားသည္။
ထို႔ေၾကာင့္ သူႏွင့္ သူ႔အႀကီးအကဲမွာ အေတာ္ေလးမ်က္ႏွာပ်က္ၾကရသည္။

ဖုန္းကလန္ကလည္း ထိုအေၾကာင္းၾကားေသာအခါ ေစ့စပ္မႈအတြက္ ‌အေတာ္ေလးေနာင္တရေနသည္။

၀မ္ကလန္နဲ႔ေစ့စပ္မႈကိုလ်င္ျမန္စြာမစီစဥ္ခဲ့ပါက
မိန္းကေလးစု၀မ္ႏွင့္ ရင္းႏွီးခြင့္ရရန္ပင္ အခြင့္အေရးရွိလာႏိုင္သည္။

၀မ္ဆုခ်င္းသည္လည္း ထိုကိစၥႏွင့္ပက္သက္၍
ေက်ာင္းတြင္အေတာ္ေလးေနရခက္ခဲခဲ့ရသည္။

သူမအားေဆးဌာနမွ လူမ်ားက သူ႔တို႔၏ေဆးနတ္မိမယ္ကို ေစာ္ကားခဲ့၍ ေဆးေအာ္ဒါတိုင္းကို
ျငင္းဆန္ခဲ့သည္။
ဖုန္းလန္သည္လည္း သူမအား စိတ္ပ်က္သြားသျဖင့္ ၀မ္မိသားစုအား ငိုယိုတိုင္တန္းေတာ့သည္။

၀မ္မိသားစုမွာ အင္အားႀကီးလွေသာ္လည္း
အလယ္ပိုင္းရွိဂိုဏ္းႀကီးမ်ား၏အာဏာကို
မေက်ာ္လြန္ႏိုင္ေခ်။
ထို႔ေၾကာင့္ ဖုန္းလန္ကိုပင္ ေခ်ာ့ေမာ့ကာ အရင္းအျမစ္မ်ား အလွ်ံအပယ္ေပးကာ
ေခ်ာေမာ့ခဲ့ရသည္။

စု၀မ္ကိုေတာ့ သူတို႔ေတြ႕ခြင့္ပင္ မရခဲ့ေပ။
၀မ္ဆုခ်င္းလည္း ဒီေနာက္ပိုင္းအေတာ္ေလး
သိုသိုသိပ္သိပ္ေနကာ ဖုန္းလန္အားကိုးႏွင့္ျပႆနာမ်ားမရွာေတာ့ေပ။

ဖုန္းလန္နားတြင္ လိမၼာစြာေနထိုင္ေနသည္။
ထို႔ေၾကာင့္ သူမအား ဖုန္းလန္လည္း ၿပီးၿပီးသား
ကိစၥကို အစမေဖာ္ေတာ့ေပ။

ထို႔ေၾကာင့္ မိန္းကေလးစု၀မ္ဆီသို႔ သြားေရာက္လည္ပတ္သည့္ေန႔တြင္ေသခ်ာေတာင္းပန္ခဲ့ေသာ္လည္း သူ႔အတြက္ေဆးလုံးေဖာ္စပ္ေပးရန္မူ
မေတာင္းဆိုဝံ့ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ စု၀မ္၏မ်က္လုံးမ်ားႏွင့္ဆုံလိုက္ပါက သူမလုံမလဲျဖစ္လာသလိုခံစားရသည္။

သူမအေပၚ သူတစ္ခုခုမွားယြင္းထားသည္ဟု သူ၏မသိစိတ္ကေျပာေနသည္။
သို႔ေသာ္လည္း ၀မ္ဆုခ်င္းႏွင့္ ကေတာက္ကဆမွလြဲ၍ သူႏွင့္ သူမတစ္ႀကိမ္သာဆုံဖူးခဲ့ပါ၏။

သို႔ေသာ္ဖုန္းကလန္ႏွင့္ ဖုန္းလန္မွာ မိန္းကေလးစု၀မ္ႏွင့္ ခင္မင္ရင္းႏွီးမႈရရန္ အခြင့္အေရးအား
ေစာင့္ေမွ်ာ္ေနေလသည္။
ဤေဆးလုံးအား၀ယ္ယူႏိုင္ပါက စု၀မ္က အျပန္တြင္ သူတို႔အားလာေရာက္ႏႈတ္ဆက္ရမည္ျဖစ္သည္။

ေကာင္းေကာင္းသာျပဳမူႏိုင္ပါက စု၀မ္ႏွင့္
အခ်ိတ္အဆက္တစ္ခုရလာလိမ့္မည္။
အကယ္၍ ၀မ္ဆုခ်င္းက၀င္‌ေရာက္ေႏွာက္ယွက္မည္ဆိုပါက ဖုန္းကလန္က သူမႏွင့္၀မ္ကလန္အေပၚ အားနာေနမည္မဟုတ္။

















Continue Reading

You'll Also Like

481K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
123K 14.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...