နတ်ရေးတဲ့ ရွှေဖူးစာ Complete...
By Koe-Amara-Mg
81.6K 3.1K 82
အားလုံးမျှော်နေတာလေး ပြန်ရေးပါပြီရှင့်😁 More
ရွှေမင်းသားရဲ့ ကြင်ရာတော် or နတ်ရေးတဲ့ ရွှေဖူးစာ
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83 ဇာတ်သိမ်း
Part 17
1.2K 62 0
By Koe-Amara-Mg
       နတ်ရေးတဲ့ ရွှေဖူးစာ
                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်
                           အခန်း   (၁၇)
.
ညနေခြောက်နာရီအချိန်ခန့်၌...
ဂါမဏီမြို့၏ မြို့ပြင် ကားလမ်းဘေးတစ်နေရာ
အနက်ရောင်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့
မျက်နှာချင်းဆိုင်၍ ရပ်ထားလေသည်။
ရပ်ထားတဲ့ ကားဘေးမှာ အနက်ရောင်ဘောင်ဘီနဲ့
ရှပ်တွေကို ဆင်တူသဖွယ် ဝတ်ထားသလို ဝတ်ထားတဲ့ လူနှစ်ယောက် ထိုင်ပြီး စကားပြောနေကြသည်။ထိုလူနှစ်ယောက်သည်ကာ....
" မင်းသား ခွန်းတေး ကို အနားမှာ ထပ်ခေါ်ထားတာ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လို့လဲ "
" မင်း UKကို ကျောင်းသွားတက်ကတည်းက ငါတို့ ဝေးသွားခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့တယ်။အခု ပြန်တွေ့တော့ ပြောတဲ့စကားက... ငါ့တို့ အကြောင်း မဟုတ်ဘဲ... တခြားသူရဲ့ အကြောင်းတဲ့လား။မင်းက အရင်က ငါ့ရဲ့ကစားဖော်၊ကစားဖက် သူငယ်ချင်းတစ်ယောက်မှ ဟုတ်သေးရဲ့လား စျာန် "
" စကားနာထိုးပြီး၊စကားလမ်းကြောင်း လွှဲမပစ်လိုက်ပါနဲ့ မင်းသား "
" အဟင်း မင်း က တော်တော်လေး သိချင်နေမှတော့ ပြောရမှာပေါ့။သူဆံချည်မျှင်တစ်ပင်ကိုတောင် အထိမခံတဲ့အထိ ကာကွယ်ပေးမှာ။နောက်ထပ်ရော ဘာသိချင်သေးလဲ "
" မင်းသား ကာကွယ်ပေးမယ်ဆိုရင် သေချာကာကွယ်ပေးပါ။ကျွန်တော့်အဖေနဲ့ အဒေါ်အကြောင်းကို မင်းသားလည်း သိိမှာပါ။ပြီးတော့ ခွန်းတေး ကို ဘယ်အချိန်ထိ ဟန်ဆောင်ကြင်ရာတော်လုပ်ခိုင်းမှာလဲ "
" ဘယ်သူက ပြောလဲ တေး က ဟန်ဆောင်ကြင်ရာတော် လို့! "
" ခွန်းတေး ကိုယ်တိုင် ပြောတဲ့ စကား...! မဟုတ်မှ မင်းသား! "
စျာန် စကားပြောနေရင်းက အကြောင်းအရာ တစ်ခုကို တွေးမိတာကြောင့်... မင်းသား ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်မိသည်။
" အဟင်း မင်း ထင်နေတာ ဟုတ်တယ်။ အစကတော့ ခွန်းတေးအလင်္ကာ က ငါ့အတွက် ဟန်ဆောင်ကြင်ရာတော်တစ်ယောက်ပဲ။ဒါမဲ့ အခုတော့ မဟုတ်တော့ဘူး "
" ဘာလို့လဲ... ဘာလို့ ဟန်ဆောင်ကြင်ရာတော် မဟုတ်တော့တာလဲ "
အထိတ်တလန့် မျက်လုံးတွေနဲ့ မေးလာတဲ့ စျာန်ကြောင့်... အိမ်ရှေ့စံ၏ မျက်ဝန်းတွေက သူငယ်ချင်း မဟော်စျာန်၏ မျက်ဝန်းတွေကို သေချာအကဲခတ်နေ၏။အဲ့နောက်မှာတော့ အိမ်ရှေ့စံသည် လေးနက်သော မျက်ဝန်းတွေဖြင့်
သူငယ်ချင်းကို ကြည့်ကာ...
" ခွန်းတေးအင်္လကာ ကို ငါ့ရဲ့ဘေးမှာ ဟန်ဆောင်သူတစ်ယောက်အဖြစ်နဲ့ ဆက်မထားနိုင်တော့လို့ "
" ဒါဆို ကျွန်တော့် ညီမနဲ့ မင်းသားကို ထိမ်းမြားပေးဖို့ လုပ်နေတာကိုရော ဘယ်လိုလုပ်မှာလဲ။ကြားထဲက မင်းသားကြောင့်နဲ့ ခွန်းတေး ကို ထိခိုက်လာနိုင်တယ်။အဲ့ဒါကိုရော ကြိုတွေးထားပါရဲ့လား မင်းသား "
" ခွန်းတေးအလင်္ကာကို ငါ့အနားမှာ ထားဖို့ ဆုံးဖြတ်ကတည်းက သူမအတွက် ဖြစ်လာနိုင်တဲ့
အကျိုးဆက် အားလုံးကို ကြိုတွေးထားပြီးသားပါ။ခွန်းတေးအလင်္ကာအတွက် မင်း စိတ်မပူလဲ
ရတယ် "
" မင်းသား ကြိုတွေးထားရင် ပြီးတာပါပဲ။ဒါပေမဲ့
တစ်ခုတော့ ကျွန်တော် မင်းသားကိုပြောရပါမယ်
။ခွန်းတေး ကို ကာကွယ်မယ်ဆိုရင်၊အဆုံးထိတိုင်
ကာကွယ်နိုင်အောင် ကာကွယ်ပါ။ခွန်းတေး ကို ထိခိုက်စေမဲ့ ဘယ်သူ့ကိုမှ ကျွန်တော် က အလွတ်ပေးမှာ မဟုတ်ပါဘူး။ခွန်းတေး ကို ထိခိုက်စေမဲ့ သူက မင်းသားဖြစ်နေရင်တောင်မှပေါ့ "
မဟော်စျာန်၏ သတိပေးစကားကြောင့် အိမ်ရှေ့စံသည် နူတ်ခမ်းတစ်ဖက်ကို တွန့်၍ ပြုံးသည်။
" ငါ ခွန်းတေးအလင်္ကာကို သူမရဲ့အုပ်ထိန်းသူဆီကနေပါ နူတ်နဲ့တောင်းလာခဲ့ပြီ၊နောက်ရက်မှာ
သူမအုပ်ထိန်းသူဆီသွားပြီး၊တရားဝင်တောင်းဆိုတော့မှာ "
" မဟုတ်မှ... ဦးဘောဂဆီမှာ ခွန်းတေး ကို တောင်းလာခဲ့တာလား "
" ဟုတ်တယ် "
" မင်းသား တောင်းဆိုတာကို ခွင့်ပြုတယ်လား "
" အင်း... နည်းနည်တော့ ခက်တယ်။ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ် "
ဒီပ,စျာန့်ကိုပြောနေရင်းက သူမအဖေနှင့် ပြောခဲ့တာတွေကို ပြန်တွေးမိသွားသည်။
" ခွန်းတေးအလင်္ကာကို ကျွန်တော့် ကြင်ရာတော်အဖြစ် ဖြစ်ခွင့်ပေးပါ "
" မပေးနိုင်ပါဘူး မင်းသား "
ပြတ်သားစွာဖြင့် အဖြေတန်းပေးသည့် သူမအဖေကြောင့် ဒီပ,လွန်စွာ အံ့ဩသွားရသည်။မိန်းကလေးတိုင်း၏ မိဘတွေက သူ့ကို သမက်တေယ်ချင်နေကြတာ မဟုတ်လား။ သူမအဖေကတော့ ဆန့်ကျင်ဘက် ဖြစ်လို့နေ၏။
" ဘာဖြစ်လို့ ငြင်းတာပါလဲ ဦးဘောဂ "
" သမီးကိုတောင်းတဲ့ လူက အိမ်ရှေ့စံမင်းသား ဖြစ်နေလို့ပါ "
" ကျွန်တော် ဖြစ်နေလို့တဲ့လား။အကြောင်းအရင်းက ဘာများလဲ "
" အိမ်ရှေ့စံကို အမတ်ချုပ်ကြီး က သမက်အဖြစ်ရွေးချယ်ထားတယ်လို့ ကြားသိထားပါတယ်။ဒီနိုင်ငံမှာ ဘုရင်ပြီးရင်၊အာဏာအရှိဆုံးက အမတ်ချုပ်ကြီးပါ။အဲ့လိုလူက ရည်ရွယ်ထားတဲ့ အရာကို ကျွန်တော့်လိုလူရဲ့ သမီးကကြားဝင်ရှုပ်လိုက်သလိုဖြစ်သွားရင်၊အကျိုးဆက်က ဘာဖြစ်သွားနိုင်လဲဆိုတာ မင်းသား သိမှာပါ။မိဖုရားကြီးကလည်း အမတ်ချုပ်ကြီးရဲ့ ညီမပါ မင်းသား။စည်းမျဥ်း၊စည်းကမ်းတွေ တင်းကျပ်တဲ့ နေရာက လွတ်လပ်မူ့ကို သဘောကျတဲ့ ကျွန်တော့်သမီးအတွက် အဆင်မပြေပါဘူး မင်းသား "
" ကျွန်တော် က တေးကို ပျော်ရွှင်အောင် ထားပါ့မယ်။တေးအပေါ်ကိုလည်း ဘာအန္တရာယ်မှ မကျရောက်အောင်လို့ ကာကွယ်ပါ့မယ် "
" မင်းသားစကားကို ကျွန်တော်က ဘယ်လိုယုံကြည်ရမှာပါလဲ။ ကျွန်တော့်သမီးကို ဘယ်အတိုင်းတာထိ ကာကွယ်၊စောင့်ရှောက်ပေးမှာပါလဲ "
" ကျွန်တော့်အသက် ရှင်နေသရွေ့၍ တေးအပေါ်ကို ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး။ကျွန်တော့်အသက်နဲ့တည်ပြီး၊ဦးဘောဂ ကို ကတိပေးပါတယ် "
" ကတိပေးတာတော့ ဟုတ်ပါတယ်။သမီးနဲ့တွေ့တာက ရက်ပိုင်းပဲ ရှိပါသေးတယ်။အဲ့ရက်ပိုင်းအတွင်းလေးနဲ့ သမီးကို တောင်းရလောက်အောင်
မင်းသားနဲ့သမီးက ရင်းနှီးမူ့မရှိလောက်သေးဘူးလို့ ထင်မိပါတယ်။ကျွန်တော့်သမီးကို မင်းသားက ချစ်မြတ်နိုးလို့ တောင်းရမ်းတာလား။ဒါမှမဟုတ် အစားထိုးဖို့အတွက် လူမရှိလို့... တောင်းနေတာပါလား... "
" တေးနဲ့ကျွန်တော့်ရဲ့ တွေ့ဆုံမူက၊အချိန်တိုလေးပေမဲ့ ကျွန်တော့်အတွက်တော့ အချိန်ခဏလေးအတွင်းမှာ တေးက အရင်းနှီးဆုံးသူဖြစ်လာခဲ့ပါတယ်။ကျွန်တော့်အတွက် တေးကို လက်လွှတ်မခံနိုင်လောက်တဲ့အထိ လိုအပ်နေတယ်ဆိုတာကို...
တေး,ထွက်သွားတယ်ဆိုတာကို သိရတဲ့ အချိန်မှာရော၊စောနက စျာန့်ကို သူ့ခင်ပွန်းလောင်းပါလို့
လိမ်ညာပြီး မိတ်ဆက်ပေးနေချိန်မှာရော သေချာ သိလိုက်ရပါတယ်။တေးကို တစ်ယောက်ယောက် က ယူသွားမှာ၊ပိုင်ဆိုင်သွားမှာကို ကြောက်မိတဲ့ စိတ်က ကျွန်တော့်ကို ကြီးမားစွာ တုန်လှုပ်စေခဲ့တယ်။ဒါကြောင့်မို့ တေးကို တောင်းရမ်းရချင်ပါ။အခုလို လမ်းမှာတောင်းရမ်းတာက၊မဖြစ်သင့်မှန်းလည်း သိပါတယ်။ဦးဘောဂ ခွင့်ပြုတာနဲ့
ကျွန်တော့်မိဘတွေကို သေချာပြောပြီး၊တေးကို
တရားဝင် လာတောင်းရမ်းမှာပါ။ပြီးတော့ တေးကို ဘယ်သူမှ မထိခိုက်စေရပါဘူးဆိုတာကိုပါ
ကတိထပ်ပေးပါတယ် "
" မင်းသား က ဒီလောက်အထိ ပြောနေမှတော့
ကျွန်တော် က ခွင့်ပြုပေးရမှာပေါ့။တစ်ခုပဲ တောင်းဆိုပါရစေ။ဘယ်လို အခြေအနေမျိုးကို
ရောက်ရောက်၊ကျွန်တော့်သမီးလေးကို ထားသွားတာမျိုး မလုပ်ပါနဲ့။အဲ့လိုသာ လုပ်ခဲ့ရင်၊ကျွန်တော်က နန်းတော်ကိုရော၊မင်းသားကိုရော
ကြောက်နေမှာ မဟုတ်ပါဘူး "
" စိတ်ချပါ။တေးကိုဘယ်တော့မှ ကျွန်တော် က
မထားခဲ့ပါဘူး။အထိအခိုက်လည်း မခံပါဘူး။သေချာ စောင့်ရှောက်မှာပါ "
" မင်းသားရဲ့ ကတိစကားကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါရစေ "
" ဟုတ်ကဲ့ "
" မင်းသား ဘာတွေတွေးနေတာလဲ "
ဒီပ,အတွေးများနေစဥ် စျာန်က မေးလာတာပဲဖြစ်သည်။
" ငါလား... သူမအဖေနဲ့ပြောခဲ့တာတွေကို ပြန်တွေးနေမိတာပါ။ဒါနဲ့ မင်း မေးသမျှကို ငါက အကုန် အမှန်တိုင်း ဖြေပေးပြီးပြီ၊အခုတော့ ငါမေးတာကို မင်းက အမှန်တိုင်း ဖြေပေးရမယ် စျာန် "
" မေးပါ။ကျွန်တော် မင်းသား ကို မလိမ်ညာတမ်း
ဖြေပေးမှာပါ "
" မင်း စိတ်က ခွန်းတေးအလင်္ကာအပေါ်မှာ စီနီယာတစ်ယောက်ရဲ့ အဆင့်ထက်ပိုတယ်မလား
စျာန် "
စျာန် မျက်ဝန်းတွေကို ကြည့်ပြီး မေးလာတဲ့ မင်းသား၏ မေးခွန်းကို ဖြေဖို့ရာ... ပင့်သက်ရှိုက်လိုက်သည်။အဲ့နောက်မှာတော့... မင်းသားမျက်နှာကို မဟုတ်ဘဲ... ကားလမ်းဘေး ခပ်ဝေးဝေးနေရာမှ ရေတွေဖွေးနေတဲ့ လယ်ကွင်းတွေဆီကို အကြည့်ပို့လိုက်ပြီး...
" မင်းသားနဲ့ ကျွန်တော်က ကလေးငယ်လေး အရွယ်မှာ ကစားဖော်၊ကစားဖက်ဖြစ်ခဲ့ကြတယ်။
ကျွန်တော် UKကို သွားရတော့... ခြောက်နှစ်ကျော်ပဲ ရှိသေးတယ်။အဲ့ကတည်းက မင်းသားနဲ့ တစ်နေမှ တစ်ခါလောက်ပဲ တွေ့ဖြစ်တော့တာ။ခွန်းတေးကတော့ ကျွန်တော် ငါးတန်းနှစ်မှာ၊UKက
ကျောင်းမှာ ကျောင်းစတက်တာ။အတန်းချင်းမတူပေမဲ့ ကျောင်းချင်းတူခဲ့တယ်။ကျွန်တော်အမေကျွန်တော်နေဖို့ ဝယ်ပေးခဲ့တဲ့ လုံးချင်းအိမ်ရာက အိမ်နဲ့ ခွန်းတေးနေတဲ့ အိမ်က မျက်နှာချင်းဆိုင်မှာ ရှိတယ်။ကျောင်းသွား၊ကျောင်းပြန်တူသလို
နိုင်ငံရပ်ခြားမှာ အပေါင်းအသင်း သိပ်မရှိတဲ့ ကျွန်တော့်အတွက် စစတွေ့ချင်မှာပဲ၊သွက်သွက်လက်လက်လေးရှိပြီး၊ချစ်စဖွယ်အပြုံးလေးတွေကို ပြုံးပြီး၊ကိုကိုလို့ ခေါ်ခဲ့တဲ့ ခွန်းတေး က အခင်မင်ရဆုံး လူသားလေးတစ်ယောက်ဖြစ်ခဲ့တယ်။
အတန်းကြီးလာတော့မှ စီနီယာလို့ ပြောင်းခေါ်ခဲ့တဲ့ ခွန်းတေး ကို ကျွန်တော့်ဆီလာတဲ့ အမေကလည်း အရမ်းချစ်တယ်။ခွန်းတေး ကျောင်းကပြန်လာတဲ့အခါ အမေက ကျွန်တော့်အနား မနေတော့ဘဲ ခွန်းတေးနဲ့ သွားနေတာများတယ်။အမေနဲ့ရော ကျွန်တော်နဲ့ပါ ခင်မင်တဲ့ ခွန်းတေးနဲ့ ကျွန်တော်ရဲ့ ခင်မင်မူ့က... ခင်မင်တာ ဆယ်စုနှစ်ချင်းတူပေမဲ့... မင်းသားနဲ့ ခင်မင်မူ့ထက် ပိုပြီးတော့ နက်ရှိုင်းပါတယ် "
အဟင်း သူမနဲ့ ခင်မင်မူ့က နက်ရှိူင်းတယ်တဲ့လား
မဟော်စျာန်!
" ခင်မင်မူ့က နက်ရှိူင်းတယ်ဆိုတာ ဘာကို ရည်ညွှန်းချင်တာလဲ စျာန် "
ဒီပ,စျာန် သူမအပေါ်မှာ ထားရှိတဲ့ စိတ်ခံစားချက်ကို သိချင်တာမို့... ထပ်းမေးလိုက်သည်။
" ကျွန်တော် မင်းသားမေးတာကို အမှန်တိုင်း ဖြေပေးပါတယ်။ဒါပေမဲ့ တချို့အရာတွေကတော့...
ဒီတိုင်းလေး ကျော်သွားတာ အကောင်းဆုံးပါပဲ
မင်းသား "
မင်းက မင်းစိတ်ခံစားချက်ကို ဖုံးကွယ်ထားချင်တယ်ပေါ့ မဟော်စျာန်။အဟင်း... မင်းသဘောတိုင်း လိုက်လျောပေးရမှာပေါ့။ငါက သူမ ကို ပိုင်နေပြီဖြစ်တဲ့ လူမဟုတ်လား။
" ဒီတိုင်းလေး ကျော်သွားပေးရမယ်တဲ့လား။ကောင်းပြီလေ၊မင်း က ကျော်သွားနေစေချင်မှတော့ ငါက ကျော်သွားပေးရမှာပေါ့။ဒါပေမဲ့ ငါကလည်း မင်းကိုတစ်ခုတော့ ပြောရအုံးမယ်။ခွန်းတေးအလင်္ကာက ငါ့ကြင်ရာတော်၊ငါ့အပိုင် မိန်းကလေးဆိုတာတော့... မင်း မှတ်ထားရလိမ့်မယ် စျာန် "
" မကျော်သင့်တဲ့ စည်း၊မစားကောင်းတဲ့ အစားတွေရှိရာ အနားကို ရှောင်ဖယ်သွားတာက ကျွန်တော့် မူပါ။ဒါပေမဲ့ ကျွန်တော် အထိအခိုက်မခံနိုင်အရာကို လာထိရင်တော့... ဒီတိုင်းနေမှာတော့ မဟုတ်ပါဘူး မင်းသား "
" မင်း အထိအခိုက် မခံနိုင်တဲ့ အရာကို ငါက သေချာ ကာကွယ်စောင့်ရှောက်မှာပါ စျာန် "
" ကျွန်တော် မင်းသား ကို ယုံကြည့်နေပါ့မယ် "
" အင်း "
......
" ဟင်း... "
" ကြင်ရာတော်လေး အပြင်က ပြန်လာကတည်း က ပြတင်းပေါက်နား ထိုင်ပြီး၊သက်ပြင်းတွေပဲ ချနေတာ... စိတ်ညစ်စရာတစ်ခုခုများ ရှိလို့လား... "
" ဟီး... မရှိပါဘူး။ဒီတိုင်း ပျင်းနေလို့ပါ အစ်မယုယုရဲ့... "
တကယ်တော့ တေး နန်းတော်ကို ပြန်လာရလို့
အသက်ရှူရကျပ်တဲ့အထိ စိတ်မပျော်ဖြစ်နေတာပါ။
ထွက်ပြေးတုန်းက နန်းတော်ကို ဘယ်တော့မှ ပြန်မလာဘူးလို့ ဆုံးဖြတ်ပြီး၊ထွက်ပြေးခဲ့တာ။လိုက်ခေါ်တဲ့ အိမ်ရှေ့စံမင်းသား က လူကို စကားလုံးကြွယ်ကြွယ်တွေနဲ့ ပြောတော့... သနားစိတ်ဖြစ်မိတဲ့ တေးမှာ နန်းတော် ကို ပြန်လိုက်လာခဲ့မိသည်။
အခုကျတော့လည်း ပြန်လိုက်လာမိတာကိုပင်
နောင်တရချင်မိလာသည်။ဒါပေမဲ့လည်း မင်းသား သာ လက်ထပ်မယ့်သူကို အမြန်တွေ့ရင်ဖြင့် တေး,နန်းတော်ကနေ မြန်မြန် ပြန်နိုင်မည်။အခုချိန်မှာ တေး,လုပ်နိုင်တာက တစ်ခုပဲ ရှိသည်။
အဲ့ဒါက မင်းသား လက်ထပ်ချင်တဲ့ မိန်းကလေး ကို အမြန်ရှာတွေ့နိုင်ဖို့ကို ဆုတောင်းပေးဖို့သာ ရှိတော့သည်။ 
📱..........📱
တေး,ပြတင်းပေါက်နား ထိုင်ရင်း အတွေးများနေစဥ် ဘေးနားက ခုံပေါ်က ဖုန်းက မြည်လာတာပဲ
ဖြစ်သည်။တေး, မြည်နေတဲ့ ဖုန်းကို လှမ်းယူလိုက်သည်။
" စီနီယာ ဖုန်းဆက်တာပါလား... "
လို့ ပြောရင်း... ဖုန်းကို ကိုင်လိုက်သည်။
" ဟယ်လို စီနီယာ "
" နန်းတော်မှာ အဆင်ပြေရဲ့လား ခွန်းတေး "
" အင်း... အဆင်ပြေပါတယ် "
" မင်း အဆင်မပြေတာ၊တစ်ခုခု စိတ်ညစ်စရာမျိုး
ရှိလာရင် ငါ့ကို ချက်ချင်း ပြောရမယ်နော် ခွန်းတေး "
" တေး ပြောပါ့မယ်။ စီနီယာရော အခု ဘယ်မှာလဲ
။အိမ်မှာလား... "
" အိမ်မှာ မဟုတ်ဘူး။ ဆေးရုံမှာ "
" ဆေးရုံမှာ... စီနီယာ တစ်ခုခုဖြစ်လို့လား... "
" ငါ မဟုတ်ဘူး။အမေ နေမကောင်းလို့ ဆေးရုံတင်ထားရတယ် "
" တီတီ နေမကောင်းဘူးလား။တေး ကို ဘာလို့
အခုမှ ပြောရတာလဲ။တီတီ ဘယ်ဆေးရုံမှာတက်နေတာလဲ "
" အဘွားတော်မိဖုရားကြီးဖွင့်ထားတဲ့ 'တော်ဝင်နန်း' ဆေးရုံမှာပဲ "
" တေး မနက်ဖြန်ကျရင် တီတိီ့ဆီလာမယ် "
" အမေ က သိပ်မစိုးရိမ်ရဘူး။မင်း လာဖို့ အဆင် ပြေမှ လာ။အဆင်မပြေရင် ထွက်မလာခဲ့နဲ့ "
" တေး အဆင်ပြေတယ်။ဒါနဲ့ စီနီယာ က UKကို ဘယ်တော့ ပြန်မှာလဲ။စီနီယာ အလုပ်ကနေ ခွင့်ယူလာတာလား... "
" အလုပ်ကနေ ထွက်လိုက်ပြီ၊အမေ့ကို တစ်ယောက်တည်း မထားနိုင်တော့လို့... ပြီးတော့
အမေ့ရဲ့ ကုမ္ပဏီကိုလည်း ဦးစီးမယ့်လူက ငါကလွဲပြီး တခြားလူ မရှိဘူး "
" ဟင် အလုပ်ထွက်လိုက်တာလား။ဒါဆို...
စီနီယာရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကရော... လက်လွှတ်လိုက်တော့မှာလား... "
တေး,မေးခွန်းကြောင့် စီနီယာဘက်က ခဏ တိတ်ဆိတ်သွားသည်။အဲ့ဒီနောက် သက်ပြင်းချသံနဲ့အတူ...
" ငါ့မှာ အမေပဲရှိတာ။အမေ့ထက် ငါ့အိပ်မက်က
အရေးမကြီးဘူး။အမေနဲ့ ငါ့အိပ်မက်ကြားမှာ ငါ့အမေကို ရွေးချယ်လိုက်လို့... ငါ့မှာ နောင်တဆိုတာ မရှိဘူး။အဲ့ဒါကြောင့် မင်းလည်း စိတ်မကောင်းဖြစ်မနေပါနဲ့ "
" စီနီယာ အဆင်ပြေရဲ့လား... "
" အင်း... ငါ အဆင်ပြေပါတယ် "
ငါ ပထမဆုံး သဘောကျမိတဲ့ မိန်းကလေး မင်းကို ချစ်ကြောင်း ဖွင့်ပြောခွင့် မရှိတော့တာကလွဲရင်ပေါ့။
" မင်းမနေချင်တဲ့ နေရာမှာ ဘာလို့ ထပ်နေနေတာလဲ ခွန်းတေး "
" တေး မင်းသားကို သူမချစ်တဲ့သူနဲ့ မယူရစေချင်လို့ပါ။မင်းသားက ကြင်နာပြီး၊သဘောထားပြည့်ဝတဲ့ သူတစ်ယောက်ပါ။အာ့ကြောင့် မင်းသား ကို
သူချစ်တဲ့ မိန်းကလေးနဲ့ပဲ ဖူးစာဆုံစေချင်တယ်။အဲ့ဒါကြောင့်ပဲ တေး က မင်းသား ကို ကူညီနေတာပါ "
" မင်း အိပ်မက်စိတ်ကူးထဲက သတို့သားလောင်းပုံရိပ်မျိုးလဲ ခွန်းတေး "
" အင်း... ဥပမာပေးရရင် အိမ်ရှေ့စံလိုမျိုး လူကို
တေး သဘောကျတယ် "
မင်း စိတ်ကူးထဲက လူကတောင် မင်းနေတဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ်မဟုတ်ဘဲ... အိမ်ရှေ့စံတဲ့လား။
" ဒါဆိုရင် တေး ဖုန်းချတော့မယ် "
" ခ ခဏ ခဏလေး... ခွန်းတေး "
" ဘာပြောစရာရှိလို့လဲ စိီနီယာ "
" ငါ့ကို မင်း ငယ်ငယ်က ခေါ်သလိုမျိုး တစ်ခါလောက် ခေါ်ပေးလို့ရမလား... "
" အင်း ရတာပေါ့ ကိုကိုရဲ့... ဟီး "
သူမ က ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကို ကိုကိုလို့ခေါ်ပြီး ရယ်သလို... စျာန်ကိုယ်တိုင်လည်း ​နှစ်ခြိုက်စွာနဲ့ ပြုံးမိပါ၏။မျက်ဝန်းတွေကတော့
ပြုံးမိတဲ့ နူတ်ခမ်းပါးတို့နဲ့ ကွဲပြားနေ၏။
" Happy birthday ပါ ကိုကို့ရဲ့ ခွန်းတေးလေး။မင်း မွေးနေ့က အမေဆေးရုံတက်ရတဲ့ နေ့ဖြစ်လို့
မပြောဖြစ်လိုက်တာ။အဲ့ဒါကြောင့် အခုမှ ပြောရတာ။စိတ်မဆိုးဘူးမလား... "
" ဟင့်အင်း.. မဆိုးပါဘူး "
" ဒါဆို ဒါပဲလေ "
" အင်း မနက်ဖြန်မှ တွေ့မယ်နော် ကိုကို "
သူမဆီက ကိုကို လို့ ထပ်ခေါ်သံလေးကြောင့်
စျာန့်နူတ်ခမ်းတွေက ထပ်ပြီးတော့... ပြုံးမိပြန်၏။ရင်ဘက်ထဲကတော့ နာကျင်လျက်ပေါ့။
သူမ ကိုယ့်လက်ကိုဆွဲပြီး၊အိမ်ရှေ့စံရှေ့မှာ...
" တေးရဲ့ ခင်ပွန်းလောင်း ပါ စီနီယာ က... "
ဟု ဟန်ဆောင်မိတ်ဆက်ပေးစဥ်က ကိုယ့်နှလုံးသားလေးက လှိုက်လို့ခုန်ပြီး ပျော်ခဲ့ရတဲ့
အခိုက်အတန့်လေးပေါ့။အခုတော့ သူမ၏ ဟန်ဆောင်မိတ်ဆက်စကားလေးက ကိုယ့်အတွက် နှစ်သိမ့်မူ့လေး ဖြစ်လို့နေ၏။
သူမ မွေးနေ့မှာ ပေးဖို့လုပ်ထားတဲ့ အရာလေးကို အခုတော့ မပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ထိုဆုံးဖြတ်ချက်ကြောင့်ပဲ သူမနဲ့တွေ့တဲ့အခါ ပေးဖို့ဆိုပြီး၊ဘောင်းဘီအိတ်ထဲမှာ ထည့်ယူလာမိတဲ့ အရာလေးကိုလည်း ပိုင်ရှင်လက်ထဲ ပြန်ပေးဖို့
ဆုံးဖြတ်လိုက်သည်။
စျာန် ဖုန်းရပ်ပြောနေတဲ့ ဝန်ရံတာဘက်ကနေ
အမေရှိနေတဲ့ အထဲကို ပြန်ဝင်လာခဲ့လိုက်သည်။
" အမေ "
" ဘာလဲ... သား "
" ဒါလေး အမေပဲ ပြန်ယူထားလိုက်ပါ "
" တေးလေးကို လက်ထပ်ခွင့်တောင်းဖို့ အမေ သားကို ပေးထားတာလေ။ဘာလို့ အမေ့ကို ပြန်ပေးနေရတာလဲ သား... "
ဒေါ်နန်းပန်းဆမ်းမှာ ချွေးမလောင်းလေးအတွက်
ဘိုးဘွားတွေလက်ထပ်ကတည်းက လက်တင့်ကမ်းအမွေပစ္စည်း ရတနာလေးဖြစ်တဲ့ မိုးရေစက်ပုံစံ ပတ္တပြားလေးကို ဘေးကနေ စိန်ကွပ်ထားတဲ့
လက်စွပ်လေးကို ပြန်ပေးလာတာမို့... အံ့ဩသွားရသည်။
" ကျွန်တော် အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်လို့ပါ အမေ "
" ဘာ... အိမ်ထောင်မပြုတော့ဘူး။သား မင်း ဘာဖြစ်နေတာလဲ။တေးလေးနဲ့ စကားများလို့လား "
" ကျွန်တော် ဘယ်တုန်းက ခွန်းတေးနဲ့စကားများဘူးလို့လဲ အမေ "
" ဒါဆို ဘာလို့လဲ... သား တေးလေးကို သဘောကျနေတာ အမေအသိပဲလေ။တေးလေးက အသက်ငယ်သေးလို့... အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် ဖွင့်ပြောမယ်။ကျောင်းပြီးရင် လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး၊သားကိုယ်တိုင်ပဲ အစီစဥ်တွေ ချထားခဲ့တာ မဟုတ်ဘူးလား။အခုကျမှ ဘာလို့လဲ သား... "
" ဘာလို့လဲ မမေးဘဲနဲ့... ကျွန်တော် ဖြစ်ချင်တဲ့ အတိုင်းလေးပဲ လိုက်လျောပေးပါ အမေ "
" သား... "
" ကျွန်တော် အနှောင်အဖွဲ့တွေ မလိုချင်တော့လို့ပါ
။ဒီတိုင်း အမေနဲ့ကျွန်တော် နှစ်ယောက်တည်းဘဝက ကျွန်တော့်အတွက် ပြည့်စုံနေပါပြီ အမေ "
သားရဲ့စကားတွေရဲ့ တစ်ဝက်က အလိမ်အညာတွေပါနေတယ်ဆိုတာကို သားမျက်ဝန်းတွေထဲကနေတွေ့ရသည်။
" သား... "
" တခြားမတွေးပါနဲ့။ဒီတိုင်းလေး ကျွန်တော်ပြောတာကိုပဲ ယုံပေးပါ။ အမေက ကျွန်တော် အချစ်ရဆုံးပါပဲ အမေ "
" သားရယ်... "
ဒေါ်နန်းပန်းဆမ်းမှာ သူ့ကိုပွေ့ဖက်၍ ပြောလာတဲ့ သားရဲ့အပြုံးတွေက ညိုးနွမ်းနေတာကို မြင်ရတော့ ရင်ထဲမချိဖြစ်ရ၏။
ပြေးကြည့်မှ ဒီသားနဲ့ ဒီအမေသာရှိတဲ့ ဘဝမို့...
သားကို အမြဲ ပျော်နေစေချင်တာက မိခင်တစ်ယောက်ရဲ့ ဆန္ဒပါ။အခုတော့ သားကို ပျော်စေမဲ့အရာလေးက သားကို မပျော်အောင် လုပ်နေသ ည်မို့... စိတ်မကောင်းဖြစ်နေရ၏။
ရင်ခွင်ထဲက သားရဲ့ ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးရင်း... သားအတွက် အဆင်ပြေစေဖို့...
ဆုတောင်းပေးနေမိသည်။
တစ်ဖက်က ပထမဦးစားပေးခင်မင်ရသူ၊တစ်ဖက်ကလည်း အချစ်ဆုံးရသူ ထိုနှစ်ဦးကြားကို ကိုယ်က ဝင်လိုက်ရင်ဖြင့်... မလှမပတဲ့ ချစ်ခြင်းတွေကို
ပုံဖော်လိုက်သလို ဖြစ်သွားမှာ အသေချာပင်။
အခုအချိန်မှာ နောက်ဆုတ်ပေးနေတယ်ဆိုတာကလည်း၊သူမသာ အိမ်ရှေ့စံကို မချစ်လို့... အိမ်ရှေ့စံအနားကနေ ထွက်လာဖြင့်... ကိုယ့်အတွက် မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်လား။
မျှော်လင့်ချက်ဆိုတာကြီးကို ထားနေတာမျိုးတော့ မဟုတ်ပေမဲ့... မျှော်လင့်နေတယ်ဆိုရုံလေးပါပဲ။
..................
" မင်းသား ရက်ပိုင်းလောက်တော့ ကျောက ဒဏ်ရာကို ရေမစိုအောင် နေပါ။ပြီးတော့ ဆေးကိုလည်း အချိန်မှန် ထည့်မှဖြစ်ပါမယ်။ဒီနေ့လို ဆေးကို ထည့်ရမယ့် အချိန်မှာ မထည့်ဖြစ်ရင် ဒဏ်ရာက အမြန်ပျောက်မှာ မဟုတ်ပါဘူး "
" အင်း "
" ဟင့် "
" ဟင်...  တေး ရောက်နေတာလား။ဘာလို့ ငိုနေတာလဲ။သမားတော် လတ်စသက်ပြီး လိုက်တော့ "
" ဟုတ်ကဲ့ မင်းသား "
ကျောကဒဏ်ရာကို သမားတော်နဲ့ အိပ်ဆောင်ထဲမှာ ဆေးထည့်နေစဥ် နောက်ဘက်မှ ရှိုက်သံသဲ့သဲ့လေးကြောင့်... ဆေးထည့်နေတာ မပြီးတတ်သေးပေမဲ့ သမားတော်အား ပြန်စေလိုက်သည်။
သမားတော်သွားတာနဲ့ အိပ်ဆောင်ခန်းဝမှာ ရပ်နေတဲ့ သူမအနားကို ဆေးထည့်လို့ ချွတ်ထားတဲ့ ရှပ်အင်္ကျီကို ကောက်စွပ်ရင်း လျှောက်သွားလိုက်သည်။စိတ်ကလည်း ငိုနေတဲ့ သူမကြောင့် ပူလောင်နေ၏။
အနားရောက်တာနဲ့ မျက်ရည်ကြည်လေးတွေနဲ့
ရှိုက်နေတဲ့ သူမ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ...
" ဘာဖြစ်လို့ ငိုလာတာလဲ။မင်းကို ဘယ်သူက ဘာပြောလိုက်လို့လဲ။ကိုယ့်ကို ပြော။ကိုယ် အခု
မင်း ကို ငိုစေတဲ့ သူကို သွားအပြစ်ပေးမယ် "
" ဟင့် တ တကယ် အပြစ်ပေး ပေးမှာလား... "
" တကယ်ပေါ့။ကိုယ်က မင်းကို ညာပါ့မလား။ပြောပါ။မင်းကို ဘယ်သူက ငိုစေခဲ့တာလဲ တေး "
လို့ မေးလိုက်တဲ့ အခါမှာ ပြန်ဖြေလာတဲ့ သူမစကားကြောင့်... ကိုယ့်မှာ မျက်လုံးအစုံက ပြူးကျယ်သွားရ၏။စိတ်ထဲကနေလည်း ဗုဒ္ဓေါလို့ပင်
တလိုက်မိသည့်အထိပင်။သူမပြောတာက...
" တေးကို ငိုစေတဲ့ သူက မင်းသား " ပါတဲ့လေ။
#ကိုးအမရာမောင်
ဂရုထဲ Share သွားပေးပါနော်။
       နတ်ရေးတဲ့ ရွှေဖူးစာ
                           အခန်း   (၁၇)
.
ဈာန် စကားပြောနေရင်းက အကြောင်းအရာ တစ်ခုကို တွေးမိတာကြောင့်... မင်းသား ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်မိသည်။
ရတယ် "
မဟော်ဈာန်၏ သတိပေးစကားကြောင့် အိမ်ရှေ့စံသည် နူတ်ခမ်းတစ်ဖက်ကို တွန့်၍ ပြုံးသည်။
" ဟုတ်တယ် "
ဒီပ,ဈာန့်ကိုပြောနေရင်းက သူမအဖေနှင့် ပြောခဲ့တာတွေကို ပြန်တွေးမိသွားသည်။
တေး,ထွက်သွားတယ်ဆိုတာကို သိရတဲ့ အချိန်မှာရော၊စောနက ဈာန့်ကို သူ့ခင်ပွန်းလောင်းပါလို့
ကတိထပ်ပေးပါတယ် "
" ဟုတ်ကဲ့ "
ဒီပ,အတွေးများနေစဉ် ဈာန်က မေးလာတာပဲဖြစ်သည်။
ဖြေပေးမှာပါ "
ဈာန် "
အဟင်း သူမနဲ့ ခင်မင်မူ့က နက်ရှိုင်းတယ်တဲ့လား
မဟော်ဈာန်!
" ခင်မင်မူ့က နက်ရှိုင်းတယ်ဆိုတာ ဘာကို ရည်ညွှန်းချင်တာလဲ ဈာန် "
ဒီပ,ဈာန် သူမအပေါ်မှာ ထားရှိတဲ့ စိတ်ခံစားချက်ကို သိချင်တာမို့... ထပ်းမေးလိုက်သည်။
မင်းသား "
" မင်း အထိအခိုက် မခံနိုင်တဲ့ အရာကို ငါက သေချာ ကာကွယ်စောင့်ရှောက်မှာပါ ဈာန် "
" အင်း "
......
" ဟင်း... "
📱..........📱
" ဟယ်လို စီနီယာ "
" အင်း... အဆင်ပြေပါတယ် "
။အိမ်မှာလား... "
" အိမ်မှာ မဟုတ်ဘူး။ ဆေးရုံမှာ "
" တီတီ နေမကောင်းဘူးလား။တေး ကို ဘာလို့
" တေး မနက်ဖြန်ကျရင် တီတီ့ဆီလာမယ် "
" ငါ့မှာ အမေပဲရှိတာ။အမေ့ထက် ငါ့အိပ်မက်က
" စီနီယာ အဆင်ပြေရဲ့လား... "
" အင်း... ငါ အဆင်ပြေပါတယ် "
တေး သဘောကျတယ် "
" ခ ခဏ ခဏလေး... ခွန်းတေး "
" ဘာပြောစရာရှိလို့လဲ စီနီယာ "
သူမ က ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကို ကိုကိုလို့ခေါ်ပြီး ရယ်သလို... ဈာန်ကိုယ်တိုင်လည်း ​နှစ်ခြိုက်စွာနဲ့ ပြုံးမိပါ၏။မျက်ဝန်းတွေကတော့
" ဟင့်အင်း.. မဆိုးပါဘူး "
" ဒါဆို ဒါပဲလေ "
ဆုံးဖြတ်လိုက်သည်။
ဈာန် ဖုန်းရပ်ပြောနေတဲ့ ဝန်ရံတာဘက်ကနေ
" အမေ "
" ဘာလဲ... သား "
" သား... "
" သား... "
" သားရယ်... "
ဆုတောင်းပေးနေမိသည်။
..................
" အင်း "
" ဟင့် "
" ဟုတ်ကဲ့ မင်းသား "
တလိုက်မိသည့်အထိပင်။သူမပြောတာက...
#ကိုးအမရာမောင်
Continue Reading
You'll Also Like
295K 12.5K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
218K 33.2K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...