Part 37

630 26 0
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၇)
.

" ခွပ်! ဘောဂ မင်း က ငါ့ကို အာခံပြီး၊ သစ္စာဖောက်ဖို့ တွေးတယ်ပေါ့ "

" မင်းမှာ ငါနဲ့ ရင်ဆိုင်ဖို့ သတ္တိတော်တော်လေး ရှိနေတယ်ပေါ့ "

" ငါ မေးတာ ပြောစမ်းကွ ဟေ့ကောင်ရ "

အမတ်ချုပ်ကြီးသည် ဦးဘောဂ ကို ထိုးကြိတ်ပြီး စကားပြောနေရာမှ အားမလိုအားမရ ဖြစ်ကာ... ဦးဘောဂ၏ အင်္ကျီကော်လံစကိုဆွဲဆုပ်ကိုင်ပြီး မေးသည်က ဒေါသတကြီးဖြင့်။

မင်းသားမိခင်ကို သတ်ခဲ့တာကို ဝန်ခံပြီး အဖမ်းခံတော့မယ်ဆိုတဲ့ အကြောင်းကို စပြောကတည်းက
အမတ်ချုပ်ကြီးဆီကနေ အထိုးအကြိတ်ခံနေရတဲ့
ဦးဘောဂမှာ ဘာစကားက်ိုမှ ထပ်မပြောချင်တော့သည်။

" ကျွန်တော့်မှာ အမတ်ချုပ်ကြီး ကို ရင်ဆိုင်ဖို့ သတ္တိမရှိပါဘူး။ကျွန်တော့်အပြစ်ကို ဝန်ခံပြီး အပြစ်ကိုခံယူပြီးတော့ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ "

" မင်း လူသတ်ပြီး အေးအေးချမ်းချမ်း နေလာတာ...
မင်းရဲ့သမီးတစ်သက်ပဲရှိနေပြီ မဟုတ်ဘူးလား။အခုမှ ဘာစိတ်ရူးထဖောက်ရတာလဲ။မင်း အပြစ်ခံယူချင်တိုင်း ငါကပါ အဖမ်းခံပေးရမှာလား။မင်း အဖမ်းခံချင်တာနဲ့ ငါနဲ့ ငါ့မိသားစုကပါ လိုက်ဘဝပျက်ပေးရမှာလားကွ! "

" မင်းမိန်းမနဲ့သမီး ပြိုင်တူသေသွားတာမျိုး အဖြစ်မခံနိုင်ရင် သောက်အဓ်ိပ္ပါယ်မရှိတာတွေကို လုပ်ဖို့ မစဥ်းစားနဲ့ ဘောဂ "

" ငါ ပြောတာ ကြားလားကွ။ခွပ် ခွေးမသားရဲ့! "

ဘယ်နှစ်ချက်မှန်း မသိတော့တဲ့ လက်သီးချက်ကြောင့် ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်နဲ့ အမတ်ချုပ်ကြီးကို ခေါင်းငုံ့ပြီး ဖြေလိုက်ရတဲ့ ဦးဘောဂ။

" ဟုတ်ကဲ့ ကျွန်တော် ကြားပါတယ် "

" မင်း အဖမ်းခံရင် လူသတ်မှုတစ်ခုတည်း မဟုတ်ဘူး။တခြားကိစ္စတွေပါ တန်းစီပြီးတော့ ပေါ်လာတော့မှာ။အဲ့ကျရင် မင်းကို အိမ်ရှေ့စံက အလွတ်ပေးများ ထင်နေလား။မင်း ကို သူ့အမေအတွက်နဲ့
ချက်ချင်း ကြိုးစင်ကောက်တင်ပစ်လိမ့်မယ်။အဲ့ဒါကို မင်း နားလည်လား။မင်းရဲ့သမီးရှေ့မှာ အိမ်ရှေ့စံက မင်းကို ကြိုးစင်တင်တဲ့ အဖြစ်မျိုးနဲ့ မကြုံချင်ဘူးဆိုရင်၊မင်းခေါင်းထဲက မဟုတ်တဲ့ အတွေးတွေကို ထုတ်ပစ်လိုက် ဘောဂ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now