[ Unicode ]
မင်ယွန်ဂီဟာ မြင်းကို ခပ်ဖြေးဖြေးသာ
မောင်းနှင်ခဲ့သည်။ တစ်လမ်းလုံးလည်း
စကားတစ်ခွန်းပင်ထုတ်မပြောခဲ့။ အရင်
သူ့ရဲ့ ကိုယ်ရံတော် ဖြစ်စဥ်ကတည်းက
စကားနည်းတတ်တာကို သိပေမယ့် အခု
လိုမျိုး ခက်ထန်တဲ့ မျက်နှာမျိုးတော့ မရှိ
ခဲ့ပေ။ အခု ယွန်းဂီရဲ့ မျက်နှာက ကြောက်
စရာကောင်းလောက်အောင် ခက်ထန်နေ
သည်။
" သေချာကိုင်ထား ... အခုကစပြီး မြင်း
ကို အမြန်မောင်းတော့မှာမို့လို့ "
ယွန်းဂီလက်တွေက သူ့ခါးကို ခပ်ဖွဖွပွေ့
ထားရာကခပ်တင်းတင်းဆွဲလိုက်ပြီး သူ
နှင့် ပိုနီးကပ်စေရန်ထားလိုက်သည်။ထို့
နောက် မြင်းကို အရှိန်တင်နိုင်သလောက်
တင်ရင်း မိုးမသောက်မီ နန်းတော်ဆီ ပြန်
ရောက်စေခဲ့သည်။
မြင်းပေါ်က ဆင်းတော့လည်း တောက်
လျှောက်သူ့ခန္ဓာကိုယ်ကို ပွေ့ထားဆဲ။ ထို့
နောက်တော့ သူ့ကို ခေါ်သွားသည်ကား သူ
နေသည့် အိမ်ရှေ့စံ အဆောင်တော်ဆီ။
" သမားတော် ခေါ်လိုက်မှာမို့လို့ အနားယူ
တော်မူပါ .... အရှင့်သား "
သူ့မျက်လုံးတွေ ပြူးသွားရလောက်အောင်
အံ့အားသင့်မိသည်။ အခုချိန်ထိ သူ့ကို ထို
အခေါ်အဝေါ်မျိုး ဘယ်လိုစိတ်နဲ့များ ခေါ်
နိုင်ရတာလဲ။ သူက နန်းကျအိမ်ရှေ့စံ ဖြစ်
နေပြီ။ တနည်းအားဖြင့် ဆိုရလျှင် ရာဇဝတ်
သားပင်။ သတ်မခံရလျှင်တောင် နယ်နှင်ခံ
ရမည့် ရာဇဝတ်သား။
" အဲ့လို မခေါ်နဲ့ .... ငါက အခု မင်းလက်ခုပ်
ထဲက ရေပဲလေ ... မင်းကြိုက်သလိုလုပ်စမ်း
ပါ "
" အရှင့်သား အခု တိုင်းပြည်ရဲ့ အရှင်သခင်
ကို... ဘယ်လို အသုံးအနှုန်းမျိုးနဲ့ ခေါ်ဝေါ်
လိုက်တာလဲ ? အရင်လို အရှင့်သားရဲ့ ကိုယ်
ရံတော်လို့ ထင်နေတုန်းလား "
" ဒါဆို ငါ့ကိုရော ဘာလို့ ဒီလို ဆက်ဆံနေ
တာလဲ ? ... သတ်ပစ်ရမယ့် လူကိုအခုလို
ဆက်ဆံတာကရော ? "
သူ့ကို ကြည့်ရင်း သက်ပြင်းတချက် ချ
လာသည့် အရှင်မင်ယွန်ဂီဟာ မျက်နှာမှာ
ဒေါသရိပ်တွေရှိမနေခဲ့ပေမယ့် မျက်ခုံးနှစ်
ခုကိုတော့ တွန့်ချိုးထားတုန်း။
" ကယ်တင်ပေးပါလို့ အရှင့်သားပဲ ပြော
ခဲ့တယ်လေ ... "
" ဒါပေမယ့် ... "
ဆက်ပြောချင်ပေမယ့် ဘာပြောလို့ ပြောရ
မှန်း တောင် မသိနိုင်ဖြစ်သွားရတော့သည်။
" ပြီးတော့ ကယ်ပေးလို့ ကျေးဇူးလည်းတင်
ခဲ့တယ်မဟုတ်ဘူးလား .... အခု တကယ်
သေချင်နေတာလား အရှင့်သား "
" မဟုတ်လည်း ငါ့ကို ဒီအတိုင်းမထားဘူး
ဆိုတာ ကိုသိတယ် "
" ဒါ ကျွန်တော်မျိုးရဲ့ကိစ္စပါ။ အရှင့်သား
ရဲ့ ခန္ဓာကိုယ်ကိုသာ သေချာလေးထိန်းသိမ်း
ထား ။ တစ်ကြိမ်ပဲ ကယ်တင်ပေးမှာမို့လို့ "
" မင်ယွန်ဂီ !!! "
ရုတ်တရက်မို့ အော်လိုက်ပြီးကာမှ ကြမ်း
တမ်းသည့်အပြုအမူမျိုးကို လုပ်မိမှန်း သ
တိရတော့သည်။
" တိုင်းပြည်ရဲ့ အရှင်သခင်ကိုတောင် အော်
ရဲလောက်တဲ့ အထိ... အရှင့်သားက သတ္တိ
ကောင်းနေတယ်ပေါ့လေ "
နှုတ်ခမ်းထောင့်စွန်းက မဲ့ပြုံးကို မြင်လိုက်
ရသည့် အိမ်ရှေ့စံဟာ ရင်ထဲ ထိတ်ခနဲ ဖြစ်
သွားရလောက်အောင် လန့်ဖျန့်သွားသည်။
ပိုလန့်စရာကောင်းနေသည်ကား ဒေါသသံ
မဟုတ်ပဲ အေးတိအေးစက် ဖြစ်နေသည့်
လေသံပင်။
" ကျွန်တော်မျိုး အရှင့်သားကို ပြစ်ဒဏ်
သတ်မှတ်မှာပါ .... အရှင့်သားရဲ့ကျန်ရှိတဲ့
ဘဝကို ကျွန်တော်မျိုးပေးတဲ့ ဒုက္ခလှလှ
တွေနဲ့ ဖြတ်သန်းကြည့်ပေါ့ "
နှုတ်ခမ်းထောင့်စွန်းက အပြုံးတွေကို သူ
ကြောက်မိပါသည်။ ကိုယ်ရံတော် မင်ယွန်
ဂီကတော့ သူ့ကို ဒဏ်ရာကလေးတစ်ချက်
ပင် မရအောင် ကာကွယ်ပေမယ့်အခု ဘုရင်
မင်ယွန်ဂီကတော့ မတူညီတော့သည့် ပုံစံ
မျိုးကို သူခံစားရသည်။
ထို့နောက်မှာတော့ ဘုရင်မင်းမြတ် ဖြစ်လာ
သည့် မင်ယွန်ဂီဟာ သူ့အဆောင်ဆီကနေ
ပြန်သွားတော့သည်။ဆက်ဖြစ်လာမည့် အ
ကြောင်းအရာတွေကို သူမတွေးနိုင်တော့။
သူ့ကို ကံကြမ္မာက အဆိုးရွားဆုံး အပြစ်ကို
ပေးပြီးနေပြီပဲ။ ထို့ထက်ပိုတဲ့ ပြစ်ဒဏ်မျိုး
ရှိမလာနိုင်တော့ပြီ။
¤¤¤¤¤¤¤¤¤¤¤¤¤¤
မနက်လင်းတော့ သူ့အဆောင်ဆီကို ဘုရင်
မင်းမြတ်က အခေါ်တော်ပါးလိုက်ကြောင်း
ပြောလာသည့် အခြွေအရံတွေ ရောက်လာ
ခဲ့သည်။
ပြင်ဆင်စရာ ဘာမှပင်ထွေထွေထူးထူးမရှိ
တော့သလို အိမ်ရှေ့စံဖြစ်တုန်းကလို တယု
တယနှင့် ဆက်ဆံမည့် သူများလည်း မရှိ
တော့။
ထုတ်ပေးလာသည့် ဝတ်စုံကလည်း ရာဇ
ဝတ်သားတွေ ဝတ်သည့် အဝတ်အစား။
သူစိတ်မပျက်နိုင်တော့ပါ။ နောက်တော့
လက်မှာ ထိပ်တုံးခတ်လျှက်နှင့် ညီလာခံ
ကျင်းပရာ ခန်းမဆီ ရောက်လာရတော့
သည်။
ဘုရင်မင်းမြတ်က အသိစိတ်တော့ လွတ်
မနေပါစေနဲ့လို့ သူမျှော်လင့်မိသည်။ ဘယ်
လိုရာဇဝတ်သားကိုများ ညီလာခံခန်းမလို
နေရာမျိုးမှာ အမိန့်ချခဲ့ဖူးတာမျိုး ရှိလို့ပါ
လဲ။ ထူးထူးဆန်းဆန်းတွေ။
သူရောက်လျှင် ရောက်ခြင်း မူးကြီးမတ်
ရာတွေ နှင့် မောကြည့်ခွင့်မရှိသည့် ဘုရင်
မင်းမြတ်၏ ရှေ့တော်ဒူးထောက်ခစားရ
တော့သည်။
" နန်းကျအိမ်ရှေ့စံကို အထိန်းတော် ရာ
ထူးချမှတ်တာဟာ မသင့်လျှော်ကြောင်း
ပါ ... အရှင် "
" ပြန်လည် သုံးသပ်ပေးတော်မူပါ "
" နန်းကျအိမ်ရှေ့စံ ဖြစ်တာကြောင့် တချိန်
အရှင့်ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ
အနှောင့်အယှက်တွေ ဖြစ်လာနိုင်ပါတယ် ။
အထိန်းတော် ရာထူးပေးဖို့ဟာ ဘယ်လိုမှ မ
သင့်လျော်ကြောင်းပါ "
မူးမတ်များ၏ အထိုထိုသော စကားများကို
ဘုရင်မင်းမြတ်က အလေးအနက်စဥ်းစား
ဟန်ဖြင့် နား ထောင်သည်။ သူတွေးသလိုမျိုး
တကယ်ပဲ ဘုရင်အသစ်က အသိစိတ်လွတ်
နေပြီပဲ။
အထိန်းတော်တဲ့လေ။ ရူးလိုက်တဲ့ ဖြစ်ခြင်း
ပါပဲ။ နန်းကျအိမ်ရှေ့စံကို အထိန်းတော် အ
ဖြစ်ထားမယ်တဲ့လေ။
ပတ်ခ်ဂျီမင်တစ်ယောက် သွေးတွေပါတိုး
ချင်သွားတော့သည်။ အထိန်းတော်ဖြစ်လာ
ရင် ကျိမ်းသေပေါက် သင်းကွပ်ရမည်ဖြစ်
သည်။ သူထိုသို့ မလုပ်ချင်ပါ။ လုပ်လည်း
မလုပ်နိုင်ပါ။
ဘာစကားမှ ပြောခွင့်မရှိ၍သာ ပါးစပ်ပိတ်
နေရတာဒီရူးနှမ်းနေတဲ့ ဘုရင်အသစ်ကြောင့်
သူငိုမတတ်ဖြစ်နေရပြီ။
" အမတ်ကြီးတို့ ပြောတာကို ကိုယ်တော်နား
လည်ပါတယ်။ ပူပန်ပေးကြတဲ့ စေတနာကို
လည်း အသိအမှတ် ပြုပါတယ်။ ဒါပေမယ့်
ဒီလိုတွေးကြည့်ရင်ရော .... "
စကားစကိုဖြတ်ကာ စဥ်းစားဟန်ဖြင့် လက်
ပေါ် မေးထောက်ပြီး အတန်ကြာသည်အထိ
ပတ်ခ်ဂျီမင်ကို စေ့စေ့ စိုက်ကြည့်နေသည်။
" အကြီးမားဆုံး ရန်သူကိုအနီးဆုံးမှာ ထား
တာက ပိုပြီး မသင့်လျော်ပေဘူးလား ။ စာ
ပေနဲ့ သစ်ပင်တွေပဲ စိတ်ဝင်စားခဲ့တယ်ဆို
တော့ နိုင်ငံရေးအကြောင်းတွေလည်း သိပ်
စိတ်ဝင်စားပုံမရဘူးလေ ... ပြီးတော့ ငယ်
ငယ်ရွယ်ရွယ်လေးနဲ့ ပေးသေရမှာ နှမြောဖို့
သိပ်ကောင်းတယ် "
" အမတ်ကြီးတို့မှာရော ငါကိုယ်တော့်လို
အတွေးမျိုးမရှိကြဘူးလား ... နန်းကျအိမ်
ရှေ့စံကို ကိုယ်တော့်ရဲ့ အထိန်းတော်အနေ
နဲ့ ထားဖို့ ... ကိုယ်တော်ဆုံးဖြတ်ထားတယ် "
ဘုရင်က ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဘယ်အ
မတ်ကများ စောဒကတက်ရဲပါတော့မလဲ။
ပေးချင်တဲ့ဒုက္ခလှလှက သူ့ကိုသင်းကွပ်ချင်
နေတာဖြစ်လိမ့်မယ်လို့ပတ်ခ်ဂျီမင် တကယ်
ကို မတွေးမိခဲ့ပေ။
" အရှင့်ရဲ့ ဆုံးဖြတ်ချက်ဟာ သင့်လျော်
ကြောင်းပါ "
နောက်ဆုံးတော့လည်း အရှင့်ရဲ့ဆုံးဖြတ်
ချက်သာသင့်လျော်ရတော့မှာပေါ့။
ညီလာခံသိမ်းပြီး အမတ်တွေ ပြန်သွားချိန်
ထိ ဒူးထောက်နေရဆဲ ဖြစ်သည့် အပြစ်သား
ပတ်ခ်ဂျီမင်၏ ရှေ့သို့ ပုလ္လင်ဆီကနေ ဆင်း
လာသည့် ဘုရင်မင်းမြတ်ရဲ့ ဝတ်ရုံတော်ကို
တစွန်းတစ မြင်နေရသည်။
" အရှင့်သား ! အပြစ်ဒဏ်ကို ကျေနပ်တော်
မူပါရဲ့လား ? "
" ကျွန်တော်မျိုးကို ရွဲ့ပြီးများမေးနေတော်
မူသလား အရှင် ... သင်းကွပ်ခံရပြီး အထိန်း
တော် လုပ်ရမယ့်လူက အဆင်မပြေလည်း
သေဖို့အကြောင်းပဲ ရှိပါတော့တယ် .. ကျေး
ဇူးကြီးမားလှပါတယ် အရှင် "
ရွဲ့ပြီးမေးတဲ့ ဘုရင်ကို ခနဲ့ပြီး ပြန်ဖြေခဲ့တဲ့
အထိန်းတော်ကြောင့် ဘုရင်မှာ တဟားဟား
နှင့် အော်ရယ်ရတော့သည်။
" ဂျိုဆောင်းဒန်းကနေ ကြိုဆိုပါတယ် ....
အရှင့်သား "
" အရှင့်သားလို့ ထပ်မခေါ်ပါနဲ့ ... မသင့်
လျော်ပါဘူး "
" ကျွန်တော်မျိုး စိတ်ရှိသလို ခေါ်တာပဲ ...
ဘယ်သူကမသင့်လျော်ကြောင်း လာပြော
ရဲမှာလဲ ..... သူတို့ရဲ့ အရှင်သခင်ဖြစ်နေတဲ့
ကျွန်တော်မျိုးကိုလေ ပြီးတော့ အရှင့် သား
ရဲ့ အမိန့်ပေးတတ်တဲ့ လေသံလေးတွေကို
လည်းလျှော့ပါ ခဏနေရင် ဂျိုဆောင်းဒန်
မှာ တွေ့ကြတာပေါ့ "
ကိုယ်ရံတော် မင်ယွန်ဂီရဲ့ ပုံစံနဲ့ လားလားမျှ
ပင် မသက်ဆိုင်တော့တဲ့ ဘုရင်မင်းမြတ် မင်
ယွန်ဂီဟာသိပ်ကြောင်းဖို့ ကောင်းလှသည်။
သုံးရက်အတွင်းအပြောင်းလဲကြီး ပြောင်းလဲ
သွားတဲ့ သူ့ကံကြမ္မာထက် သူ့ကို ဘယ်လိုပုံစံ
မျိုးတွေ ဆက်ဆံလာဦးမလဲ မသိနိုင်သည့်
ဘုရင့်ရဲ့ ပုံရိပ်တွေကို တွေးမိပြီး စိတ်ပိုမော
မိသည်။
¤¤¤¤¤¤¤¤¤¤¤¤
ဘုရင်ရဲ့ အထိန်းတော် ဖြစ်ရသည်ကိုသူမ
ကြောက်ပေမယ့် သင်းကွပ်ခံရမည်ကိုတော့
တွေးလေ ပိုကြောက်လေ ဖြစ်နေရသည်။
" အရှင် .... နေ့လည်ခင်း ဥယျာဥ်တော်ကို
သွားရမယ့် အချိန်ပါ "
ထိုနေ့ရဲ့ ပထမဆုံး အလုပ်ပင်။ မလိုက်ဖက်
လှသည့်ထိုဝတ်စုံစိမ်းစိမ်းကို ဝတ်ဆင်ရတာ
ကိုလည်း သိပ်မုန်းသည်။
အခုလည်း သူပျိုးထားတဲ့ ပန်းဥယျာဥ်ဆီ
မှာ နေ့လည်ခင်း အနားယူမလို့တဲ့။ ပတ်ခ်
ဂျီမင်း တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်ပြီး မေ့လဲ
ပစ်ချင်လိုက်သည်။ ကိုယ်ရံတော် မင်ယွန်ဂီ
သာဆို အနားယူချိန်ကို ကျိမ်းသေပေါက်
မြှားပစ်ကွင်းမှာပဲ ရှိနေမှာ။
အနက်ရောင်ဝတ်စုံနှင့် ကိုယ်ရံတော်ဘဝ
တည်းက ကိုင်ခဲ့သည့် ဓါးကို ခါးမှာချိတ်
ထားသည်။
" အရှင် ... အခု ဥယျာဥ်တော်ကို သွားမှာ မ
ဟုတ်လား "
ယောင်ရမ်းပြီးမေးမိသည်ကား ဝတ်ထား
သည့် ဝတ်ရုံတော်ကြောင့်ဖြစ်သည်။ အနား
ယူမှာကို ဘာလို့များ ဓါးရေးလေ့ကျင့်သည့်
အခါမှာ ဝတ်သည့် ဝတ်ရုံမျိုးကို ဝတ်လာရ
တာလဲ။
" အင်းလေ ... ဘာဖြစ်လို့လဲ "
" ပေါ့ပေါ့ပါးပါးဝတ်စုံမျိုးကို ရွေးချယ်တာ
က ပိုပြီးများ သင့်တော်မလားလို့ တွေးမိလို့
ပါ ... "
" အထိန်းတော်က အဲ့လို ထင်တာလား။ ဒါ
ဆို နောက်ကို ကိုယ်တော့်ရဲ့ ဝတ်စုံတွေကို
ဘယ်လိုနေရာမှာ ဘာဝတ်သင့်တယ်ဆိုတာ
အထိန်းတော်ကပဲ စီစဥ်ပေးတာက ပိုပြီးများ
သင့်တော်မလားလို့ ကိုယ်တော် တွေးမိတယ် "
" ကျွန် .... ကျွန်တော်မျိုး ပြောချင်တာက "
" ဒါဆို သွားကြရအောင် "
မေ့လို့မဖြစ်သည့် စကားတစ်ခွန်းကို မေ့သွား
ခဲ့သည်အရှင်ပေးမည့် ဒုက္ခလှလှတွေဆိုတာ
အခုမှ အစပဲရှိသေးတယ်ဆိုတာလည်း သူ
ကောင်းကောင်း သဘောပေါက်သည်။ သူ
ခေါင်းသူ တစ်ချက်ရိုက်ရင်း မေ့သွားသည့်
သူ့ကိုယ်သူ အပြစ်ပေးလိုက်တော့သည်။
ဥယျာဥ်ဆီရောက်တော့ သူအသက်ရှုရန်ပင်
မေ့သွားရသည်။ ပုန်ကန်မှု့ဖြစ်စဥ်တုန်းက
မီးလောင်ဒဏ်တွေကြောင့် တချို့အပင်တွေ
ဆို မရှင်နိုင်တော့။ တချို့အပင်တွေကတော့
မီးကျွမ်းသွားပြီး နှင်းဆီပန်းခင်းကြီးလည်း
ပျက်ဆီး လုလုဖြစ်နေခဲ့သည်။ ပန်းခင်းလယ်
က ရေကန်ငယ်ဟာလည်း ရေတွေ ညစ်ညမ်း
နေပြီး မရှူ့မလှပင် ဖြစ်နေတော့သည်။
" ငါကိုယ်တော်က ဒီလိုနေရာမှာ အနားယူရ
မယ်တဲ့လား "
" အထိန်းတော်ကလွဲပြီး ကျန်တဲ့လူ ဥယျာဥ်
အပြင်ဘက်မှာ နေခဲ့ "
သူတစ်ယောက်တည်း ဘုရင်မင်းမြတ်အ
နောက်ကကုပ်ကုပ်လေး လိုက်သွားရတော့
သည်။
" အရှင့်သား .... ကျွန်တော်မျိုး အနားယူ
မယ့်နေရာကို အရှင့်သား ပြုပြင်ပေးသင့်
တယ် မထင်ဘူးလား"
ထိုစကားကို သူ့မေးဖျားကို ဆွဲမပြီး မျက်
လုံးချင်းဆုံစေလျက်ပြောခြင်းဖြစ်သည်။
နှုတ်ခမ်းထောင့်စွန်းက ခပ်ရေးရေးအပြုံး
ကိုလည်း ဖော်ပြရင်း ခါးမှာ ချိတ်ထားသည့်
ဓါးကို ဆွဲထုတ်ကာ လက်ကျန်ပန်းခင်းနဲ့ အ
ကောင်းအတိုင်းကျန်ရှိနေသေးသည့် အပင်
ငယ်တွေအကုန်လုံးကို ရစရာမရှိလောက်
အောင်ခုတ်ပစ်လိုက်သည်။
သူတသက်လုံး တမြတ်တနိုးနှင့် တယုတ
ယပျိုးခဲ့ရပြီး စိတ်ညစ်စရာတွေ ရှိလာတိုင်း
သူ့အတွက် စိတ်အပန်းဖြေရာ ဖြစ်ခဲ့ရသည့်
ဥယျာဥ်ငယ်ကလေးကိုတစစီ တစစီ ဖြစ်
အောင် ဘုရင်မင်းမြတ်ဖြစ်သည့် မင်ယွန်ဂီ
က ဖျက်ဆီးပစ်ခဲ့သည်။
အဲ့တာကြောင့်မို့လို့ပဲ နှုတ်ခမ်းထောင့်စွန်း
က ခပ်ရေးရေး အပြုံးကို မုန်းပြီး ကြောက်
မိတာပေါ့။
ထိုအပြုံးတွေက သိပ်ကို အန္တရာယ်များမှန်း
ပုန်ကန်မှု့မဖြစ်ခင်ညတည်းက သူသိခဲ့သင့်
တာ။
" ဘာလို့ အဲ့လိုလုပ်ရတာပါပဲ ... ကျွန် ....
ကျွန်တော်မျိုး တသက်လုံး တယုတယ ပျိုး
လာခဲ့ရတဲ့ ဥယျာဥ်တော်ကို ..... အရှင်လည်း
သိပါတယ် ....ကျွန်တော်မျိုး ဒီဥယျာဥ်ငယ်
လေးကို ဘယ်လောက်တန်ဖိုးထားသလဲ ဆို
တာ ... ဘာလို့များ လုပ်ရက်ရတာလဲ အရှင် "
ခပ်အေးအေးလေသံနှင့် မေးခဲ့ပေမယ့် မျက်
ဝန်းမှာ တော့ အရည်လဲ့လဲ့တွေက ပြိုနှင့်နေ
ပြီ။
" အရှင့်သားဆီမှာ အခုလက်ရှိ ကျွန်တော်
မျိုးထက်ပိုပြီး တန်ဖိုးထားရတဲ့ အရာမျိုး
တွေကို မလိုချင်လို့ပဲ ..... ပြန်ပြုပြင်လိုက်
လေ.... ကျွန်တော်မျိုး အရှင့်သားအတွက်
နေ့လည်ခင်းအနားယူချိန်ကို ဥယျာဥ်ပျိုး
တဲ့အချိန်အဖြစ် သတ်မှတ်ပေးမယ် "
" ပြီးတော့ အရှင့်သားက တကယ်တုံးအ
တာပဲ ... ကျွန်တော်မျိုးက ဒီဝတ်စုံကို ဘာ
လို့ဝတ်ခဲ့တယ်ထင်သလဲ.... ဒီနေရာမှာ ဒီလို
ဓါးရေး လေ့ကျင့်ဖို့ပေါ့ ..... အရှင့်သားရဲ့ "
" အာ .... ပြီးတော့လေ ကျွန်တော်မျိုးနဲ့ နှစ်
ယောက်တည်းရှိတဲ့အချိန်ဆို အရှင့်သားက
ကျွန်တော်မျိုးကိုအရင်က ခေါ်သလိုမျိုး မင်
လို့ပဲခေါ်ပါ .... အရှင့်သားက ကျွန်တော်မျိုး
ထက် ငယ်ပေမယ့်လည်းပေါ့ "
" မခေါ်ချင်ပါဘူး .... အရင်က မင်ယွန်ဂီမှ မ
ဟုတ်တော့တာကို "
" တောင်းဆိုနေတာမဟုတ်ဘူး ... အရှင့်သား
ကို အမိန့်ပေးနေတာ... ငြင်းဆန်ရဲလို့လား "
ခပ်အေးအေးလေသံ ခပ်ရေးရေးအပြုံးတွေ
ကို မုန်းလွန်းလို့ပါ။ အရင်က ကိုယ်ရံတော်မင်
ယွန်ဂီသာဆို သူ့ကို ဒီလိုတွေ ဆက်ဆံမှာမှ မ
ဟုတ်တာ။သူမြတ်နိုးတဲ့ အရာတွေလည်း ဖျက်
ဆီးမှာ မဟုတ်သလို သူ့ကိုလည်းအမိန့်ပေးမှာ
မဟုတ်ဘူး။
အခု မင်ယွန်ဂီကိုတော့ သူသိပ်မုန်းလှပါသည်။
T W I L I G H T ▪︎▪︎▪︎▪︎▪︎
.
.
.
[ Zawgyi ]
မင္ယြန္ဂီဟာ ျမင္းကို ခပ္ေျဖးေျဖးသာ
ေမာင္းႏွင္ခဲ့သည္။ တစ္လမ္းလုံးလည္း
စကားတစ္ခြန္းပင္ထုတ္မေျပာခဲ့။ အရင္
သူ႔ရဲ့ ကိုယ္ရံေတာ္ ျဖစ္စဥ္ကတည္းက
စကားနည္းတတ္တာကို သိေပမယ့္ အခု
လိုမ်ိဳး ခက္ထန္တဲ့ မ်က္ႏွာမ်ိဳးေတာ့ မရွိ
ခဲ့ေပ။ အခု ယြန္းဂီရဲ့ မ်က္ႏွာက ေၾကာက္
စရာေကာင္းေလာက္ေအာင္ ခက္ထန္ေန
သည္။
" ေသခ်ာကိုင္ထား ... အခုကစၿပီး ျမင္း
ကို အျမန္ေမာင္းေတာ့မွာမို႔လို႔ "
ယြန္းဂီလက္ေတြက သူ႔ခါးကို ခပ္ဖြဖြေပြ႕
ထားရာကခပ္တင္းတင္းဆြဲလိုက္ၿပီး သူ
ႏွင့္ ပိုနီးကပ္ေစရန္ထားလိုက္သည္။ထို႔
ေနာက္ ျမင္းကို အရွိန္တင္နိုင္သေလာက္
တင္ရင္း မိုးမေသာက္မီ နန္းေတာ္ဆီ ျပန္
ေရာက္ေစခဲ့သည္။
ျမင္းေပၚက ဆင္းေတာ့လည္း ေတာက္
ေလၽွာက္သူ႔ခႏၶာကိုယ္ကို ေပြ႕ထားဆဲ။ ထို႔
ေနာက္ေတာ့ သူ႔ကို ေခၚသြားသည္ကား သူ
ေနသည့္ အိမ္ေရွ႕စံ အေဆာင္ေတာ္ဆီ။
" သမားေတာ္ ေခၚလိုက္မွာမို႔လို႔ အနားယူ
ေတာ္မူပါ .... အရွင့္သား "
သူ႔မ်က္လုံးေတြ ျပဴးသြားရေလာက္ေအာင္
အံ့အားသင့္မိသည္။ အခုခ်ိန္ထိ သူ႔ကို ထို
အေခၚအေဝၚမ်ိဳး ဘယ္လိုစိတ္နဲ႔မ်ား ေခၚ
နိုင္ရတာလဲ။ သူက နန္းက်အိမ္ေရွ႕စံ ျဖစ္
ေနၿပီ။ တနည္းအားျဖင့္ ဆိုရလၽွင္ ရာဇဝတ္
သားပင္။ သတ္မခံရလၽွင္ေတာင္ နယ္ႏွင္ခံ
ရမည့္ ရာဇဝတ္သား။
" အဲ့လို မေခၚနဲ႔ .... ငါက အခု မင္းလက္ခုပ္
ထဲက ေရပဲေလ ... မင္းႀကိဳက္သလိုလုပ္စမ္း
ပါ "
" အရွင့္သား အခု တိုင္းျပည္ရဲ့ အရွင္သခင္
ကို... ဘယ္လို အသုံးအႏႈန္းမ်ိဳးနဲ႔ ေခၚေဝၚ
လိုက္တာလဲ ? အရင္လို အရွင့္သားရဲ့ ကိုယ္
ရံေတာ္လို႔ ထင္ေနတုန္းလား "
" ဒါဆို ငါ့ကိုေရာ ဘာလို႔ ဒီလို ဆက္ဆံေန
တာလဲ ? ... သတ္ပစ္ရမယ့္ လူကိုအခုလို
ဆက္ဆံတာကေရာ ? "
သူ႔ကို ၾကည့္ရင္း သက္ျပင္းတခ်က္ ခ်
လာသည့္ အရွင္မင္ယြန္ဂီဟာ မ်က္ႏွာမွာ
ေဒါသရိပ္ေတြရွိမေနခဲ့ေပမယ့္ မ်က္ခုံးႏွစ္
ခုကိုေတာ့ တြန္႔ခ်ိဳးထားတုန္း။
" ကယ္တင္ေပးပါလို႔ အရွင့္သားပဲ ေျပာ
ခဲ့တယ္ေလ ... "
" ဒါေပမယ့္ ... "
ဆက္ေျပာခ်င္ေပမယ့္ ဘာေျပာလို႔ ေျပာရ
မွန္း ေတာင္ မသိနိုင္ျဖစ္သြားရေတာ့သည္။
" ၿပီးေတာ့ ကယ္ေပးလို႔ ေက်းဇူးလည္းတင္
ခဲ့တယ္မဟုတ္ဘူးလား .... အခု တကယ္
ေသခ်င္ေနတာလား အရွင့္သား "
" မဟုတ္လည္း ငါ့ကို ဒီအတိုင္းမထားဘူး
ဆိုတာ ကိုသိတယ္ "
" ဒါ ကၽြန္ေတာ္မ်ိဳးရဲ့ကိစၥပါ။ အရွင့္သား
ရဲ့ ခႏၶာကိုယ္ကိုသာ ေသခ်ာေလးထိန္းသိမ္း
ထား ။ တစ္ႀကိမ္ပဲ ကယ္တင္ေပးမွာမို႔လို႔ "
" မင္ယြန္ဂီ !!! "
႐ုတ္တရက္မို႔ ေအာ္လိုက္ၿပီးကာမွ ၾကမ္း
တမ္းသည့္အျပဳအမူမ်ိဳးကို လုပ္မိမွန္း သ
တိရေတာ့သည္။
" တိုင္းျပည္ရဲ့ အရွင္သခင္ကိုေတာင္ ေအာ္
ရဲေလာက္တဲ့ အထိ... အရွင့္သားက သတၱိ
ေကာင္းေနတယ္ေပါ့ေလ "
ႏႈတ္ခမ္းေထာင့္စြန္းက မဲ့ျပဳံးကို ျမင္လိုက္
ရသည့္ အိမ္ေရွ႕စံဟာ ရင္ထဲ ထိတ္ခနဲ ျဖစ္
သြားရေလာက္ေအာင္ လန္႔ဖ်န္႔သြားသည္။
ပိုလန္႔စရာေကာင္းေနသည္ကား ေဒါသသံ
မဟုတ္ပဲ ေအးတိေအးစက္ ျဖစ္ေနသည့္
ေလသံပင္။
" ကၽြန္ေတာ္မ်ိဳး အရွင့္သားကို ျပစ္ဒဏ္
သတ္မွတ္မွာပါ .... အရွင့္သားရဲ့က်န္ရွိတဲ့
ဘဝကို ကၽြန္ေတာ္မ်ိဳးေပးတဲ့ ဒုကၡလွလွ
ေတြနဲ႔ ျဖတ္သန္းၾကည့္ေပါ့ "
ႏႈတ္ခမ္းေထာင့္စြန္းက အျပဳံးေတြကို သူ
ေၾကာက္မိပါသည္။ ကိုယ္ရံေတာ္ မင္ယြန္
ဂီကေတာ့ သူ႔ကို ဒဏ္ရာကေလးတစ္ခ်က္
ပင္ မရေအာင္ ကာကြယ္ေပမယ့္အခု ဘုရင္
မင္ယြန္ဂီကေတာ့ မတူညီေတာ့သည့္ ပုံစံ
မ်ိဳးကို သူခံစားရသည္။
ထို႔ေနာက္မွာေတာ့ ဘုရင္မင္းျမတ္ ျဖစ္လာ
သည့္ မင္ယြန္ဂီဟာ သူ႔အေဆာင္ဆီကေန
ျပန္သြားေတာ့သည္။ဆက္ျဖစ္လာမည့္ အ
ေၾကာင္းအရာေတြကို သူမေတြးနိုင္ေတာ့။
သူ႔ကို ကံၾကမၼာက အဆိုးရြားဆုံး အျပစ္ကို
ေပးၿပီးေနၿပီပဲ။ ထို႔ထက္ပိုတဲ့ ျပစ္ဒဏ္မ်ိဳး
ရွိမလာနိုင္ေတာ့ၿပီ။
¤¤¤¤¤¤¤¤¤¤¤¤¤¤
မနက္လင္းေတာ့ သူ႔အေဆာင္ဆီကို ဘုရင္
မင္းျမတ္က အေခၚေတာ္ပါးလိုက္ေၾကာင္း
ေျပာလာသည့္ အေႁခြအရံေတြ ေရာက္လာ
ခဲ့သည္။
ျပင္ဆင္စရာ ဘာမွပင္ေထြေထြထူးထူးမရွိ
ေတာ့သလို အိမ္ေရွ႕စံျဖစ္တုန္းကလို တယု
တယႏွင့္ ဆက္ဆံမည့္ သူမ်ားလည္း မရွိ
ေတာ့။
ထုတ္ေပးလာသည့္ ဝတ္စုံကလည္း ရာဇ
ဝတ္သားေတြ ဝတ္သည့္ အဝတ္အစား။
သူစိတ္မပ်က္နိုင္ေတာ့ပါ။ ေနာက္ေတာ့
လက္မွာ ထိပ္တုံးခတ္လၽွက္ႏွင့္ ညီလာခံ
က်င္းပရာ ခန္းမဆီ ေရာက္လာရေတာ့
သည္။
ဘုရင္မင္းျမတ္က အသိစိတ္ေတာ့ လြတ္
မေနပါေစနဲ႔လို႔ သူေမၽွာ္လင့္မိသည္။ ဘယ္
လိုရာဇဝတ္သားကိုမ်ား ညီလာခံခန္းမလို
ေနရာမ်ိဳးမွာ အမိန္႔ခ်ခဲ့ဖူးတာမ်ိဳး ရွိလို႔ပါ
လဲ။ ထူးထူးဆန္းဆန္းေတြ။
သူေရာက္လၽွင္ ေရာက္ျခင္း မူးႀကီးမတ္
ရာေတြ ႏွင့္ ေမာၾကည့္ခြင့္မရွိသည့္ ဘုရင္
မင္းျမတ္၏ ေရွ႕ေတာ္ဒူးေထာက္ခစားရ
ေတာ့သည္။
" နန္းက်အိမ္ေရွ႕စံကို အထိန္းေတာ္ ရာ
ထူးခ်မွတ္တာဟာ မသင့္ေလၽွာ္ေၾကာင္း
ပါ ... အရွင္ "
" ျပန္လည္ သုံးသပ္ေပးေတာ္မူပါ "
" နန္းက်အိမ္ေရွ႕စံ ျဖစ္တာေၾကာင့္ တခ်ိန္
အရွင့္ရဲ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာေတြမွာ
အေႏွာင့္အယွက္ေတြ ျဖစ္လာနိုင္ပါတယ္ ။
အထိန္းေတာ္ ရာထူးေပးဖို႔ဟာ ဘယ္လိုမွ မ
သင့္ေလ်ာ္ေၾကာင္းပါ "
မူးမတ္မ်ား၏ အထိုထိုေသာ စကားမ်ားကို
ဘုရင္မင္းျမတ္က အေလးအနက္စဥ္းစား
ဟန္ျဖင့္ နား ေထာင္သည္။ သူေတြးသလိုမ်ိဳး
တကယ္ပဲ ဘုရင္အသစ္က အသိစိတ္လြတ္
ေနၿပီပဲ။
အထိန္းေတာ္တဲ့ေလ။ ႐ူးလိုက္တဲ့ ျဖစ္ျခင္း
ပါပဲ။ နန္းက်အိမ္ေရွ႕စံကို အထိန္းေတာ္ အ
ျဖစ္ထားမယ္တဲ့ေလ။
ပတ္ခ္ဂ်ီမင္တစ္ေယာက္ ေသြးေတြပါတိုး
ခ်င္သြားေတာ့သည္။ အထိန္းေတာ္ျဖစ္လာ
ရင္ က်ိမ္းေသေပါက္ သင္းကြပ္ရမည္ျဖစ္
သည္။ သူထိုသို႔ မလုပ္ခ်င္ပါ။ လုပ္လည္း
မလုပ္နိုင္ပါ။
ဘာစကားမွ ေျပာခြင့္မရွိ၍သာ ပါးစပ္ပိတ္
ေနရတာဒီ႐ူးႏွမ္းေနတဲ့ ဘုရင္အသစ္ေၾကာင့္
သူငိုမတတ္ျဖစ္ေနရၿပီ။
" အမတ္ႀကီးတို႔ ေျပာတာကို ကိုယ္ေတာ္နား
လည္ပါတယ္။ ပူပန္ေပးၾကတဲ့ ေစတနာကို
လည္း အသိအမွတ္ ျပဳပါတယ္။ ဒါေပမယ့္
ဒီလိုေတြးၾကည့္ရင္ေရာ .... "
စကားစကိုျဖတ္ကာ စဥ္းစားဟန္ျဖင့္ လက္
ေပၚ ေမးေထာက္ၿပီး အတန္ၾကာသည္အထိ
ပတ္ခ္ဂ်ီမင္ကို ေစ့ေစ့ စိုက္ၾကည့္ေနသည္။
" အႀကီးမားဆုံး ရန္သူကိုအနီးဆုံးမွာ ထား
တာက ပိုၿပီး မသင့္ေလ်ာ္ေပဘူးလား ။ စာ
ေပနဲ႔ သစ္ပင္ေတြပဲ စိတ္ဝင္စားခဲ့တယ္ဆို
ေတာ့ နိုင္ငံေရးအေၾကာင္းေတြလည္း သိပ္
စိတ္ဝင္စားပုံမရဘူးေလ ... ၿပီးေတာ့ ငယ္
ငယ္ရြယ္ရြယ္ေလးနဲ႔ ေပးေသရမွာ ႏွေျမာဖို႔
သိပ္ေကာင္းတယ္ "
" အမတ္ႀကီးတို႔မွာေရာ ငါကိုယ္ေတာ့္လို
အေတြးမ်ိဳးမရွိၾကဘူးလား ... နန္းက်အိမ္
ေရွ႕စံကို ကိုယ္ေတာ့္ရဲ့ အထိန္းေတာ္အေန
နဲ႔ ထားဖို႔ ... ကိုယ္ေတာ္ဆုံးျဖတ္ထားတယ္ "
ဘုရင္က ဆုံးျဖတ္ၿပီးၿပီဆိုမွေတာ့ ဘယ္အ
မတ္ကမ်ား ေစာဒကတက္ရဲပါေတာ့မလဲ။
ေပးခ်င္တဲ့ဒုကၡလွလွက သူ႔ကိုသင္းကြပ္ခ်င္
ေနတာျဖစ္လိမ့္မယ္လို႔ပတ္ခ္ဂ်ီမင္ တကယ္
ကို မေတြးမိခဲ့ေပ။
" အရွင့္ရဲ့ ဆုံးျဖတ္ခ်က္ဟာ သင့္ေလ်ာ္
ေၾကာင္းပါ "
ေနာက္ဆုံးေတာ့လည္း အရွင့္ရဲ့ဆုံးျဖတ္
ခ်က္သာသင့္ေလ်ာ္ရေတာ့မွာေပါ့။
ညီလာခံသိမ္းၿပီး အမတ္ေတြ ျပန္သြားခ်ိန္
ထိ ဒူးေထာက္ေနရဆဲ ျဖစ္သည့္ အျပစ္သား
ပတ္ခ္ဂ်ီမင္၏ ေရွ႕သို႔ ပုလႅင္ဆီကေန ဆင္း
လာသည့္ ဘုရင္မင္းျမတ္ရဲ့ ဝတ္႐ုံေတာ္ကို
တစြန္းတစ ျမင္ေနရသည္။
" အရွင့္သား ! အျပစ္ဒဏ္ကို ေက်နပ္ေတာ္
မူပါရဲ့လား ? "
" ကၽြန္ေတာ္မ်ိဳးကို ရြဲ႕ၿပီးမ်ားေမးေနေတာ္
မူသလား အရွင္ ... သင္းကြပ္ခံရၿပီး အထိန္း
ေတာ္ လုပ္ရမယ့္လူက အဆင္မေျပလည္း
ေသဖို႔အေၾကာင္းပဲ ရွိပါေတာ့တယ္ .. ေက်း
ဇူးႀကီးမားလွပါတယ္ အရွင္ "
ရြဲ႕ၿပီးေမးတဲ့ ဘုရင္ကို ခနဲ႔ၿပီး ျပန္ေျဖခဲ့တဲ့
အထိန္းေတာ္ေၾကာင့္ ဘုရင္မွာ တဟားဟား
ႏွင့္ ေအာ္ရယ္ရေတာ့သည္။
" ဂ်ိဳေဆာင္းဒန္းကေန ႀကိဳဆိုပါတယ္ ....
အရွင့္သား "
" အရွင့္သားလို႔ ထပ္မေခၚပါနဲ႔ ... မသင့္
ေလ်ာ္ပါဘူး "
" ကၽြန္ေတာ္မ်ိဳး စိတ္ရွိသလို ေခၚတာပဲ ...
ဘယ္သူကမသင့္ေလ်ာ္ေၾကာင္း လာေျပာ
ရဲမွာလဲ ..... သူတို႔ရဲ့ အရွင္သခင္ျဖစ္ေနတဲ့
ကၽြန္ေတာ္မ်ိဳးကိုေလ ၿပီးေတာ့ အရွင့္ သား
ရဲ့ အမိန္႔ေပးတတ္တဲ့ ေလသံေလးေတြကို
လည္းေလၽွာ့ပါ ခဏေနရင္ ဂ်ိဳေဆာင္းဒန္
မွာ ေတြ႕ၾကတာေပါ့ "
ကိုယ္ရံေတာ္ မင္ယြန္ဂီရဲ့ ပုံစံနဲ႔ လားလားမၽွ
ပင္ မသက္ဆိုင္ေတာ့တဲ့ ဘုရင္မင္းျမတ္ မင္
ယြန္ဂီဟာသိပ္ေၾကာင္းဖို႔ ေကာင္းလွသည္။
သုံးရက္အတြင္းအေျပာင္းလဲႀကီး ေျပာင္းလဲ
သြားတဲ့ သူ႔ကံၾကမၼာထက္ သူ႔ကို ဘယ္လိုပုံစံ
မ်ိဳးေတြ ဆက္ဆံလာဦးမလဲ မသိနိုင္သည့္
ဘုရင့္ရဲ့ ပုံရိပ္ေတြကို ေတြးမိၿပီး စိတ္ပိုေမာ
မိသည္။
¤¤¤¤¤¤¤¤¤¤¤¤
ဘုရင္ရဲ့ အထိန္းေတာ္ ျဖစ္ရသည္ကိုသူမ
ေၾကာက္ေပမယ့္ သင္းကြပ္ခံရမည္ကိုေတာ့
ေတြးေလ ပိုေၾကာက္ေလ ျဖစ္ေနရသည္။
" အရွင္ .... ေန႔လည္ခင္း ဥယ်ာဥ္ေတာ္ကို
သြားရမယ့္ အခ်ိန္ပါ "
ထိုေန႔ရဲ့ ပထမဆုံး အလုပ္ပင္။ မလိုက္ဖက္
လွသည့္ထိုဝတ္စုံစိမ္းစိမ္းကို ဝတ္ဆင္ရတာ
ကိုလည္း သိပ္မုန္းသည္။
အခုလည္း သူပ်ိဳးထားတဲ့ ပန္းဥယ်ာဥ္ဆီ
မွာ ေန႔လည္ခင္း အနားယူမလို႔တဲ့။ ပတ္ခ္
ဂ်ီမင္း တိုင္နဲ႔ေခါင္းနဲ႔သာ ေဆာင့္ၿပီး ေမ့လဲ
ပစ္ခ်င္လိုက္သည္။ ကိုယ္ရံေတာ္ မင္ယြန္ဂီ
သာဆို အနားယူခ်ိန္ကို က်ိမ္းေသေပါက္
ျမႇားပစ္ကြင္းမွာပဲ ရွိေနမွာ။
အနက္ေရာင္ဝတ္စုံႏွင့္ ကိုယ္ရံေတာ္ဘဝ
တည္းက ကိုင္ခဲ့သည့္ ဓါးကို ခါးမွာခ်ိတ္
ထားသည္။
" အရွင္ ... အခု ဥယ်ာဥ္ေတာ္ကို သြားမွာ မ
ဟုတ္လား "
ေယာင္ရမ္းၿပီးေမးမိသည္ကား ဝတ္ထား
သည့္ ဝတ္႐ုံေတာ္ေၾကာင့္ျဖစ္သည္။ အနား
ယူမွာကို ဘာလို႔မ်ား ဓါးေရးေလ့က်င့္သည့္
အခါမွာ ဝတ္သည့္ ဝတ္႐ုံမ်ိဳးကို ဝတ္လာရ
တာလဲ။
" အင္းေလ ... ဘာျဖစ္လို႔လဲ "
" ေပါ့ေပါ့ပါးပါးဝတ္စုံမ်ိဳးကို ေရြးခ်ယ္တာ
က ပိုၿပီးမ်ား သင့္ေတာ္မလားလို႔ ေတြးမိလို႔
ပါ ... "
" အထိန္းေတာ္က အဲ့လို ထင္တာလား။ ဒါ
ဆို ေနာက္ကို ကိုယ္ေတာ့္ရဲ့ ဝတ္စုံေတြကို
ဘယ္လိုေနရာမွာ ဘာဝတ္သင့္တယ္ဆိုတာ
အထိန္းေတာ္ကပဲ စီစဥ္ေပးတာက ပိုၿပီးမ်ား
သင့္ေတာ္မလားလို႔ ကိုယ္ေတာ္ ေတြးမိတယ္ "
" ကၽြန္ .... ကၽြန္ေတာ္မ်ိဳး ေျပာခ်င္တာက "
" ဒါဆို သြားၾကရေအာင္ "
ေမ့လို႔မျဖစ္သည့္ စကားတစ္ခြန္းကို ေမ့သြား
ခဲ့သည္အရွင္ေပးမည့္ ဒုကၡလွလွေတြဆိုတာ
အခုမွ အစပဲရွိေသးတယ္ဆိုတာလည္း သူ
ေကာင္းေကာင္း သေဘာေပါက္သည္။ သူ
ေခါင္းသူ တစ္ခ်က္ရိုက္ရင္း ေမ့သြားသည့္
သူ႔ကိုယ္သူ အျပစ္ေပးလိုက္ေတာ့သည္။
ဥယ်ာဥ္ဆီေရာက္ေတာ့ သူအသက္ရႈရန္ပင္
ေမ့သြားရသည္။ ပုန္ကန္မႈ႔ျဖစ္စဥ္တုန္းက
မီးေလာင္ဒဏ္ေတြေၾကာင့္ တခ်ိဳ႕အပင္ေတြ
ဆို မရွင္နိုင္ေတာ့။ တခ်ိဳ႕အပင္ေတြကေတာ့
မီးကၽြမ္းသြားၿပီး ႏွင္းဆီပန္းခင္းႀကီးလည္း
ပ်က္ဆီး လုလုျဖစ္ေနခဲ့သည္။ ပန္းခင္းလယ္
က ေရကန္ငယ္ဟာလည္း ေရေတြ ညစ္ညမ္း
ေနၿပီး မရႉ႔မလွပင္ ျဖစ္ေနေတာ့သည္။
" ငါကိုယ္ေတာ္က ဒီလိုေနရာမွာ အနားယူရ
မယ္တဲ့လား "
" အထိန္းေတာ္ကလြဲၿပီး က်န္တဲ့လူ ဥယ်ာဥ္
အျပင္ဘက္မွာ ေနခဲ့ "
သူတစ္ေယာက္တည္း ဘုရင္မင္းျမတ္အ
ေနာက္ကကုပ္ကုပ္ေလး လိုက္သြားရေတာ့
သည္။
" အရွင့္သား .... ကၽြန္ေတာ္မ်ိဳး အနားယူ
မယ့္ေနရာကို အရွင့္သား ျပဳျပင္ေပးသင့္
တယ္ မထင္ဘူးလား"
ထိုစကားကို သူ႔ေမးဖ်ားကို ဆြဲမၿပီး မ်က္
လုံးခ်င္းဆုံေစလ်က္ေျပာျခင္းျဖစ္သည္။
ႏႈတ္ခမ္းေထာင့္စြန္းက ခပ္ေရးေရးအျပဳံး
ကိုလည္း ေဖာ္ျပရင္း ခါးမွာ ခ်ိတ္ထားသည့္
ဓါးကို ဆြဲထုတ္ကာ လက္က်န္ပန္းခင္းနဲ႔ အ
ေကာင္းအတိုင္းက်န္ရွိေနေသးသည့္ အပင္
ငယ္ေတြအကုန္လုံးကို ရစရာမရွိေလာက္
ေအာင္ခုတ္ပစ္လိုက္သည္။
သူတသက္လုံး တျမတ္တနိုးႏွင့္ တယုတ
ယပ်ိဳးခဲ့ရၿပီး စိတ္ညစ္စရာေတြ ရွိလာတိုင္း
သူ႔အတြက္ စိတ္အပန္းေျဖရာ ျဖစ္ခဲ့ရသည့္
ဥယ်ာဥ္ငယ္ကေလးကိုတစစီ တစစီ ျဖစ္
ေအာင္ ဘုရင္မင္းျမတ္ျဖစ္သည့္ မင္ယြန္ဂီ
က ဖ်က္ဆီးပစ္ခဲ့သည္။
အဲ့တာေၾကာင့္မို႔လို႔ပဲ ႏႈတ္ခမ္းေထာင့္စြန္း
က ခပ္ေရးေရး အျပဳံးကို မုန္းၿပီး ေၾကာက္
မိတာေပါ့။
ထိုအျပဳံးေတြက သိပ္ကို အႏၲရာယ္မ်ားမွန္း
ပုန္ကန္မႈ႔မျဖစ္ခင္ညတည္းက သူသိခဲ့သင့္
တာ။
" ဘာလို႔ အဲ့လိုလုပ္ရတာပါပဲ ... ကၽြန္ ....
ကၽြန္ေတာ္မ်ိဳး တသက္လုံး တယုတယ ပ်ိဳး
လာခဲ့ရတဲ့ ဥယ်ာဥ္ေတာ္ကို ..... အရွင္လည္း
သိပါတယ္ ....ကၽြန္ေတာ္မ်ိဳး ဒီဥယ်ာဥ္ငယ္
ေလးကို ဘယ္ေလာက္တန္ဖိုးထားသလဲ ဆို
တာ ... ဘာလို႔မ်ား လုပ္ရက္ရတာလဲ အရွင္ "
ခပ္ေအးေအးေလသံႏွင့္ ေမးခဲ့ေပမယ့္ မ်က္
ဝန္းမွာ ေတာ့ အရည္လဲ့လဲ့ေတြက ၿပိဳႏွင့္ေန
ၿပီ။
" အရွင့္သားဆီမွာ အခုလက္ရွိ ကၽြန္ေတာ္
မ်ိဳးထက္ပိုၿပီး တန္ဖိုးထားရတဲ့ အရာမ်ိဳး
ေတြကို မလိုခ်င္လို႔ပဲ ..... ျပန္ျပဳျပင္လိုက္
ေလ.... ကၽြန္ေတာ္မ်ိဳး အရွင့္သားအတြက္
ေန႔လည္ခင္းအနားယူခ်ိန္ကို ဥယ်ာဥ္ပ်ိဳး
တဲ့အခ်ိန္အျဖစ္ သတ္မွတ္ေပးမယ္ "
" ၿပီးေတာ့ အရွင့္သားက တကယ္တုံးအ
တာပဲ ... ကၽြန္ေတာ္မ်ိဳးက ဒီဝတ္စုံကို ဘာ
လို႔ဝတ္ခဲ့တယ္ထင္သလဲ.... ဒီေနရာမွာ ဒီလို
ဓါးေရး ေလ့က်င့္ဖို႔ေပါ့ ..... အရွင့္သားရဲ့ "
" အာ .... ၿပီးေတာ့ေလ ကၽြန္ေတာ္မ်ိဳးနဲ႔ ႏွစ္
ေယာက္တည္းရွိတဲ့အခ်ိန္ဆို အရွင့္သားက
ကၽြန္ေတာ္မ်ိဳးကိုအရင္က ေခၚသလိုမ်ိဳး မင္
လို႔ပဲေခၚပါ .... အရွင့္သားက ကၽြန္ေတာ္မ်ိဳး
ထက္ ငယ္ေပမယ့္လည္းေပါ့ "
" မေခၚခ်င္ပါဘူး .... အရင္က မင္ယြန္ဂီမွ မ
ဟုတ္ေတာ့တာကို "
" ေတာင္းဆိုေနတာမဟုတ္ဘူး ... အရွင့္သား
ကို အမိန္႔ေပးေနတာ... ျငင္းဆန္ရဲလို႔လား "
ခပ္ေအးေအးေလသံ ခပ္ေရးေရးအျပဳံးေတြ
ကို မုန္းလြန္းလို႔ပါ။ အရင္က ကိုယ္ရံေတာ္မင္
ယြန္ဂီသာဆို သူ႔ကို ဒီလိုေတြ ဆက္ဆံမွာမွ မ
ဟုတ္တာ။သူျမတ္နိုးတဲ့ အရာေတြလည္း ဖ်က္
ဆီးမွာ မဟုတ္သလို သူ႔ကိုလည္းအမိန္႔ေပးမွာ
မဟုတ္ဘူး။
အခု မင္ယြန္ဂီကိုေတာ့ သူသိပ္မုန္းလွပါသည္။
T W I L I G H T ▪︎▪︎▪︎▪︎▪︎
.